ရည်းစားဟောင်းက ငါ့ကိုမျက်စိကျ...

By Kiyoiko__

2.1M 322K 20.9K

Title - 又被前男友盯上了(Be watched by my Ex again) Author - 橘猫哥哥(Ju Mao Gege) Status - 183 chapters + 36 extras I do... More

Please take a look!
Summary
All about Ju Mao Gege
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
💌
33
34
35
36
37
38
Special Episode I
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
🤍
57
58
59
60
61
62
63
64
65
66
67
68
69
70
Special Episode II
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
Hello

128

7.7K 1.2K 80
By Kiyoiko__

{Unicode}

"နာကျင်စွာအော်ဟစ်"

ယဲ့ထင်သည် တစ်ညလုံး အိပ်မက်ဆိုးများ မက်နေခဲ့သည်။

သူ့အိပ်မက်ထဲတွင် ရန်ကျားလိက မှောင်မိုက်မိုက် ခွေးလှောင်အိမ်ထဲ ပိတ်လှောင်ခံထားရသည်။

နံဘေးတွင် မက်စ်တပ်ထားသည့် လူတစ်အုပ်က မနှစ်မြို့စရာ ကောင်းလောက်အောင် ရယ်နေကြရင်း လှောင်အိမ်ထဲကို တုတ်နှင့် ထိုးနေကြသည်။ ရန်ကျားလိသည် ခွင့်လွှတ်ပေးဖို့ရန် အဖန်တလဲလဲ တောင်းပန်နေရသည်အထိ အနိုင်ကျင့်ခံနေရပြီး အသည်းခိုက်စရာ ကောင်းလှသော နာကျင်မှုကြောင့် အော်ဟစ် ငိုကြွေးနေခဲ့ရသည်။ တစ်ကိုယ်လုံးလည်း သွေးများပြည့်နေပြီး တိတ်တိတ်ကလေး ငိုနေရှာသည်။

ယဲ့ထင်သည် အိပ်မက်ထဲတွင် ရန်ကျားလိ၏ တိုးညှင်းလှသော ရှိုက်ငိုသံကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။

"ယဲ့ထင်၊ ငါ နာတယ်။ ငါ့ကို ကယ်ပါဦး....."

ယဲ့ထင်သည် လန့်နိုးလာပြီး တစ်ကိုယ်လုံး ချွေးအေးများ ထွက်နေသည်။

တုန်ရီနေသော လက်မောင်းကို အချိန်အကြာကြီး ဖိထားပြီးမှ မိမိဘာသာ အတင်းကာရော တည်ငြိမ်လာအောင် ပြုလုပ်နိုင်ခဲ့သည်။

သူ၏ရန်ရန်သည် ယခုအချိန်ထိ ယဲ့ဖန်၏ လက်ခုပ်ထဲတွင် ရှိနေဆဲဖြစ်ပြီး ယဲ့ဖန်က မုန်းတီး စက်ဆုပ်ဖွယ်ကောင်းစွာ ခွေးလှောင်အိမ်ထဲ ပိတ်လှောင်ပြီး အနိုင်ကျင့်နေသည်။ ဤအချိန်တွင် သူသည် ပိုလို့ပင် အေးဆေးတည်ငြိမ်ပြီး ဆင်ခြင်တုံတရား ရှိနေရမည်ဖြစ်သည်။

အကယ်၍ သူပါ ကမောက်ကမ ဖြစ်နေမည်ဆိုပါက ရန်ရန်ထံတွင် ပို၍ အန္တရာယ် ရှိသွားပေလိမ့်မည်။

ယဲ့ထင်သည် မျက်လုံးများကို ကြမ်းကြမ်းတမ်းတမ်း ပိတ်ပစ်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်ကာ တင်းကျပ်စွာ ဆုပ်ထားမိသော လက်သီးကို ဖြည်းဖြည်းချင်း ဖြေလျော့လိုက်ပြီးမှ ကုတင်ပေါ်မှ ဆင်းလာခဲ့သည်။

သူသည် အတွင်းရေးမှူးထံ ကမန်းကတန်း  ဖုန်းဆက်လိုက်ပြီး တစ်ခုခု ရှာတွေ့ခြင်း ရှိမရှိကို မေးသည်။ တစ်ဖက်မှ အတွင်းရေးမှူးသည် စိတ်လှုပ်ရှားစွာနှင့် တံတွေးတစ်ချက် မျိုချလိုက်ပြီး ပြောသည်။

"ခုလောလောဆယ်တော့ သတင်း မရသေးပါဘူး။ ဒါပေမဲ့ လူကြီးမင်းယဲ့၊ ဆရာ စိတ်ချပါ။ စစ်ဆေး ရှာဖွေဖို့အတွက် လူအင်အား အများကြီး လွှတ်ထားပြီးပါပြီ။ လူကြီးမင်းရန်ရဲ့ တည်နေရာကို မကြာခင် ရှာတွေ့နိုင်တော့မယ်လို့ ယုံကြည်ပါတယ်"

ဖုန်းချလိုက်ပြီးနောက် ယဲ့ထင်သည် ပြတင်းပေါက် ဘေးတွင် ရပ်ကာ ဆေးလိပ်သောက်သည်။ မျက်ခုံးတန်းကို သေမတတ် ကြုတ်ထားပြီး ​ဖြေလျော့လာခြင်း မရှိပေ။

ဆေးလိပ် သောက်ပြီးသောအခါ သူသည် ထိန်းမနိုင် သိမ်းမရ ဖုန်းကို ပြန်ထုတ်လာပြီး ယဲ့ဖန် ပို့လာသည့် ထိုဓာတ်ပုံကို ကြည့်သည်။ ဓာတ်ပုံထဲတွင် ရန်ကျားလိ၏ မျက်လုံးတစ်စုံက စေ့စေ့ပိတ်ထားပြီး မျက်နှာက ဖြူဖတ်နေသည်။ ခြေလက်များက ချည်နှောင်ခံထားရပြီး ခွေးတစ်ကောင်အတိုင်း ခွေးလှောင်အိမ်ထဲ ပိတ်လှောင်ထားခံရသည်။

ယဲ့ထင်၏ မျက်ခမ်းစပ်တွင် ထူထူထဲထဲ သွေးကြောနီများ ရှိလာပြီး ကြည့်ရင်းကြည့်ရင်းနှင့် မိမိကိုယ်ကိုယ် အသက်ရှူမဝတော့သလို ခံစားရသည်။

ချစ်ရသူသည် သူတစ်ပါး လက်ခုပ်ထဲတွင် တစ်ဇွတ်ထိုးဆန်သော အနိုင်ကျင့် နှိပ်စက်မှုတို့ကို ခံနေရပြီး ထိုကဲ့သို့ အရှက်ခွဲခြင်းနှင့် နာကျင်ခါးသီးစရာများသည် မိမိအား စက္ကန့်တိုင်းတွင် ဒယ်အိုးထဲ ညှဥ်းပန်း နှိပ်စက်ခံနေရသကဲ့သို့ ထင်မှတ်လာမိစေသည်။ ရန်ကျားလိသည် အစက မိမိအတွက် နှလုံးသား အောက်ခြေမှ စိတ်ဝိညာဥ်ကိုပင် အလုံးစုံ ဖွင့်ဟပေးလိုက်ဖို့ရန် ဆန္ဒရှိနေခဲ့ပြီဖြစ်ပြီး အစောကတည်းက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော အကျည်းတန် မှောင်မိုက်ခဲ့သည့် စိတ်ခံစားချက်များသည် ယခုအခါတွင်တော့ ပြန်လည် ထိုးဆွခံလိုက်ရပြီဖြစ်သည်။

သူသည် ဖုန်းကို လွှင့်ပစ်လိုက်ပြီး အသက်ပြင်းပြင်း ရှူရှိူက်လိုက်သည်။ အတန်ကြာသော် ထပ်မံ၍ သည်းခံနိုင်စွမ်း မရှိတော့ဘဲ နံရံကို လက်သီးဖြင့် အရူးတပိုင်း ထိုးလိုက်မိသည်။

လက်သီးချက်များသည် နံရံပေါ် တစ်ချက်ပြီး တစ်ချက် ကျရောက်နေခဲ့ပြီး တဒုန်းဒုန်းနှင့် မြည်နေကာ မကြာခင်မှာပဲ လက်သီးပေါ်တွင် နီပျစ်ပျစ် သွေးစများ ပေါ်လာတော့သည်။

ယဲ့ထင်သည် နံရံပေါ်မှ သွေးစွန်းကွက်ကို ကြည့်နေပြီး မျက်လုံးများက နီရဲကြမ်းကြုတ်နေကာ လူသတ်ချင်နေသည့် သားရိုင်းတစ်ကောင်နှင့် တူနေတော့သည်။

_________

ရန်ကျားလိ နိုးလာသည်။

အေးစက်နေသော ရေဖြင့် အပက်ခံလိုက်ရ၍ နိုးထလာခြင်းပင်။

သူ မျက်လုံး ဖွင့်ကြည့်လိုက်သောအခါ မိမိသည် ကျဥ်းမြောင်းသည့် ခွေးလှောင်အိမ်ထဲ အပိတ်ခံထားရပြီး ပတ်ပတ်လည်တွင် လူအုပ်ကြီးက အဝိုင်းလိုက် ရပ်နေသည်ကို တွေ့ရှိလိုက်ရသည်။

မေ့မြောမသွားခင်မှ ပုံရိပ်အားလုံးက သူ့ဦးနှောက်ထဲ ပေါ်လာသောအခါ ရန်ကျားလိ၏ စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားပြီး မြန်မြန်ဆန်ဆန် တုံ့ပြန်လာနိုင်သည်။

သူ ပြန်ပေးဆွဲ ခံလိုက်ရတာပင်။

သူ ခေါင်းမော့လိုက်သောအခါ မနီးမဝေးမှ ကြမ်းပြင်ပေါ်တွင် ဝပ်တုတ်နေသော၊ မျက်လုံးတစ်စုံက ဝိညာဥ်ကင်းမဲ့နေပြီး၊ အသံလည်း မပြုသည့် ဝမ်ယန်ကို အရင်ဆုံး တွေ့လိုက်ရသည်။

ရန်ကျားလိ၏ စိတ်ထဲတွင် ဒေါသပုန်ထသွားသော ခံစားချက်များ လှိုင်းထလာပြီး ပါးစပ်ဟကာ အမေးအမြန်းပြုဖို့ အချိန်မမီလိုက်သေးခင်မှာပဲ လှေကားထစ်ပေါ်မှ ပျံ့လွင့်လာသော ခပ်ငြိမ်ငြိမ် ခြေသံကို ကပ်လျက် ကြားလိုက်ရသည်။

သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ ယဲ့ဖန်သည် အပြုံးနှင့် လှေကားပေါ်မှ ဆင်းလာပြီး ဝမ်ယန်ဘေးတွင် ထိုင်လိုက်သည်ကို တွေ့လိုက်ရသည်။

ရန်ကျားလိသည် ယဲ့ဖန်ကို တွေ့သောအခါ မျက်လုံးက ချက်ချင်း ဝိုင်းစက်သွားပြီး အံကိုကြိတ်လျက်

"ယဲ့ဖန်!"

ယဲ့ဖန်က ပြုံးသည်။

"ကြည့်ရတာ၊ ငါ့ခယ်မက ငါ့ကို မှတ်မိနေသေးတာပဲ"

ရန်ကျားလိ တက္ကသိုလ် စတုတ္ထနှစ်တုန်းက ယဲ့ဖန်နှင့် တစ်ခါတွေ့ဖူးသည်။ သူ ယဲ့ဖန်ကို ပထမဆုံး စတွေ့ကတည်းက ထိုလူသည် သုန်သုန်မှုန်မှုန်နှင့် အကယ်၍ ရယ်လိုက်လျှင်ပင် ထိုအပြုံးက လူကို အကြောင်းပြချက်မရှိ ကြက်သီးမွေးညင်း ထသွားစေသည်ဟုသာ ခံစားရစေသည်။ ထိုအချိန်ထဲက ထိုလူမှာ သိပ်ပုံမှန် မဟုတ်ဘူးဟု ရန်ကျားလိတစ်ယောက် တွေးထင်မိခဲ့ပြီး မမျှော်လင့်ဘဲ နှစ်ပေါင်းများစွာ ကြာညောင်းသည့်နောက် ယဲ့ဖန်သည် ထိုကဲ့သို့ ပြန်ပေးဆွဲသည့် အန္တရာယ်ရှိသော ကိစ္စကို အမှတ်မထင် ပြုလုပ်လာခဲ့သည်။

ရန်ကျားလိသည် ခွေးလှောင်အိမ်၏ သံတိုင်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားရင်း စိတ်ထဲတွင် ရုတ်တရက် နားလည်မိလာသည်။

ဤတစ်ကြိမ် ပြန်ပေးဆွဲမှုမှာ အဓိကအားဖြင့် မိမိကို ပစ်မှတ်အဖြစ် အသုံးချကာ ယဲ့ထင်ကို ကိုင်တွယ်ခြင်းဖြစ်သည်။

ယဲ့ဖန်သည် နက်နဲသော အဓိပ္ပါယ်အပြည့်နှင့် ရန်ကျားလိကို ကြည့်နေပြီး နှုတ်ခမ်းမှ အပြုံးကလည်း ပိုမို ထင်ရှားလာသည်။

သူသည် ကြမ်းပြင်ပေါ်မှ ဝမ်ယန်ကို ဆွဲမ,ကာ ရင်ခွင်ထဲ ထည့်လိုက်ပြီး ဝမ်ယန်၏ မျက်နှာပေါ် အရင်နမ်းလိုက်ပြီးမှ ရန်ကျားလိကို ညွှန်ပြကာ ရင်းနှီးကျွမ်းဝင်စွာနှင့် အမေးပြုသည်။

"ယန်ယန်၊ မင်းကြည့်၊ သူ ကိုယ်တို့ကြောင့် လှောင်အိမ်ထဲ အပိတ်ခံထားလိုက်ရပြီ။ ခွေးတစ်ကောင်လိုမျိုးပဲနော်"

ဝမ်ယန်သည် မှုန်ကုပ်ကုပ်နှင့် ရန်ကျားလိကို မောကြည့်လိုက်သောအခါ လည်ပင်းရှိ အပူလောင်ဒဏ်ရာမှ အနာရွတ်များ ပေါ်ထွက်လာသည်။

ယဲ့ဖန်က ဆက်လက်၍ အားပေးအားမြှောက်ပြုသည်။

"မင်း သီချင်းမဆိုနိုင်တော့အောင်၊ အလုပ်မလုပ်နိုင်တော့အောင်၊ မင်းကို လူတွေအများကြီးဆီက ဝေဖန်ဆဲဆိုခံရအောင်၊ မင်းကို ရွံ့မုန်းစရာ အကောင်တစ်ကောင်လို နာနာကျင်ကျင်နဲ့ ခံရခက်အောင် လုပ်ခဲ့တာ ဘယ်သူလဲ"

ဝမ်ယန်က ရန်ကျားလိကို ကြည့်လိုက်ပြီး

"သူ"

"ဒါဆို အခုသူ ထွက်ပြေးလို့ မရတော့ဘူးလေ။ မင်း ဘာလုပ်ချင်လဲ"

ဝမ်ယန်က ဖြည်းဖြည်းချင်း မတ်တတ်ထလာသောအခါ ယဲ့ဖန်က သူ့အား ခွေးလှောင်အိမ်ဆီ ဖွဖွကလေး တွန်းပို့လိုက်သည်။ နံဘေးမှ ထိုသက်တော်စောင့်များကိုလည်း မေးပင့်၍ အချက်ပြလိုက်သည်။

သက်တော်စောင့်က သဘောပေါက်သွားပြီး  လှောင်အိမ်သော့ကို ဖွင့်လိုက်ကာ လက်နှင့်ခြေထောက်တို့ တုပ်နှောင်ခံထားရသော ရန်ကျားလိအား အတင်းအဓမ္မ ဆွဲထုတ်လာသည်။

ဝမ်ယန်သည် နှေးကွေးလေးပင်စွာနှင့် ရန်ကျားလိအနား လျှောက်သွားပြီး လက်သီးမြှောက်ကာ ထိုးတော့မည့် အချိန်တွင် ရန်ကျားလိသည် ယဲ့ဖန်က ပြုံးစစနှင့် ဖုန်းကို အသံသွင်းမုဒ်သို့ ပြောင်းလိုက်သည်ကို တွေ့လိုက်ရသည်။

ရန်ကျားလိ၏ စိတ်ထဲတွင် တုန်လှုပ်သွားပြီး စက္ကန့်ပိုင်းအတွင်း နားလည်သွားသည်။

ယဲ့ဖန်ဆိုသည့် တရားလွန် ရွံ့ရှာ စက်ဆုပ်ဖွယ်ကောင်းသော လူယုတ်မာသည် သူ၏ အော်ငိုသံကို အသံသွင်းပြီး ယဲ့ထင်ကို ထိုးဆွလိုခြင်းဖြစ်သည်။

မိုးရေစက်များကဲ့သို့ သိပ်သည်းသော လက်သီးချက်များက ပြိုကျလာသောအခါ ရန်ကျားလိသည် အတတ်နိုင်ဆုံး လက်မောင်းနှင့် ကာထားခဲ့သည်။ သို့သော်လည်း မနည်းလှသော လက်သီးချက်များက ရန်ကျားလိ၏ ကိုယ်ခန္ဓာနှင့် မျက်နှာပေါ်သို့ ကျရောက်လာကြပြီး ထုံထိုင်းလောက်အောင် နာကျင်ရသည်။

ဝမ်ယန်သည် လက်သီးကို အသုံးပြုကာ ရန်ကျားလိကို ထိုးနေပြီး ခြေထောက် ထပ်မြှောက်ကာ ရန်ကျားလိ၏ ဝမ်းဗိုက်ကို ကန်သည်။

သို့သော် ဝမ်ယန် မည်မျှပင် ထိုးနှက် ရိုက်ပုတ်နေပါစေ၊ ရန်ကျားလိသည် နှုတ်ခမ်းကို အသေကိုက်ထားပြီး ညည်းသံ တစ်စက်လေးမှ မထွက်လာခဲ့ပေ။

ယဲ့ဖန်သည် အစက ပြုံးတုံ့တုံ့ ဖြစ်နေသော်လည်း အချိန်ကြာသည်အထိ ရန်ကျားလိ၏ နာကျင်စွာ အော်ဟစ်သံကို မကြားသောအခါ အပြုံးက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

သူသည် မှေးမှိန်စွာနှင့် နှုတ်ခမ်း အသေကိိုက်ထားသော ရန်ကျားလိကို ကြည့်လိုက်ပြီး လက်ယမ်းပြလျက် သက်တော်စောင့်များကို အထိန်းကွပ်မဲ့နေသည့် ဝမ်ယန်အား တစ်ဖက်သို့ အရင် ဆွဲခေါ်သွားခိုင်းလိုက်သည်။

ယဲ့ဖန်သည် ကန်ကျောက်ခံရ၍ ခန္ဓာကိုယ်ပေါ်တွင် ခြေရာများ ဖြစ်နေသော ရန်ကျားလိရှေ့ လျှောက်သွားကာ ခြေထောက်ကို မြှောက်လိုက်ပြီး သားရေဖိနပ်ဖြင့် ရန်ကျားလိ လည်ပင်းပေါ် နင်းချလိုက်သည်။

ယဲ့ဖန်က တည်တည်ငြိမ်ငြိမ်နှင့် ဆိုသည်။

"မင်းကတော်တော် ခေါင်းမာတာပဲ။ အသံအကျယ်ကြီး အော်လိုက်ရင် ယဲ့ထင်ကြားပြီး ရူးသွားမှာ ကြောက်တယ်ပေါ့ ဟုတ်လား"

ရန်ကျားလိသည် အသက်ရှူရင်း သူ့ကိုကြည့်လိုက်ကာ မျက်နှာက အဖိခံထားရ၍ နီမြန်းနေသော်လည်း အမူအရာမှာတော့ တည်ငြိမ်နေသေးသည်ဟု မှတ်ယူ၍ရသည်။

ယဲ့ဖန်က ပြုံးသွားပြီး ဒူးကွေးလိုက်ကာ လက်ချောင်းက ရန်ကျားလိ၏ မျက်နှာကို ထိသပ်လိုက်ရင်း စကားဆိုသည်။

"တကယ်လို့ မင်းက ငါ့လူသာဆို မင်းဒီလို ခေါင်းမာတဲ့ ပုံစံမျိုးကို ငါအရမ်း သဘောကျမိမှာပဲ။ ဒါပေမဲ့ မင်းက ယဲ့ထင်ရဲ့ လူဆိုတော့ ငါက မင်းရဲ့ မာချင်နေတဲ့ အရိုးတွေကို သေချာလေး ချိုးပေးရတော့မှာပေါ့"

သူ မတ်တတ်ရပ်လိုက်ပြီး သက်တော်စောင့်ထံ လက်ညှိုး ကွေးပြလိုက်ကာ

"မင်းတို့ လာခဲ့"

သက်တော်စောင့် လေးငါးယောက်က အရှေ့တက်လာပြီး ရန်ကျားလိကို ဆွဲမ,လိုက်ကြသည်။

ရန်ကျားလိ အသိပြန်မကပ်သေးခင်မှာပဲ လူတစ်ကိုယ်လုံး ​ကြမ်းပြင်ပေါ် ပြန်အဖိချခံလိုက်ရပြီး ထိုအထဲမှ သက်တော်စောင့် တစ်ဦးက လည်ပင်းကို ညှစ်လိုက်ကာ ချည်နှောင်ခံထားရသော လက်မောင်းမှာတော့ အားသုံးပြီး အကွေးခံလိုက်ရသည်။အဆစ်နေရာ၌ စက္ကန့်ပိုင်းအတွင်း အသည်းခိုက်လောက်သော နာကျင်မှုတို့ ဖြစ်တည်လာသည်။ နာကျင်လွန်း၍ သူ့မျက်နှာက ခဏလေးနှင့် ဖြူဖတ်လာကာ မျက်ရည်များက မျက်လုံးအိမ်မှ အထိန်းကွပ်မဲ့စွာ စီးဆင်းလာကြသည်။
.
.
.
.
.
စာရေးသူတွင် ပြောစရာရှိသည်။

စိတ်ထဲကနေ ကိုယ့်ဘာသာ ရေရွတ်နေတယ်။ ငါက ရန်ရန်ရဲ့ အဖေအရင်း၊ ငါက ရန်ရန်ရဲ့ အဖေအရင်း.....

သူ့ကို ဒီလို အဆက်ဆံခံရဖို့ တကယ် မလုပ်ရက်ဘူး။ အရာအားလုံးက ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ။

1/3/2022(Tue)

                           ×××

{Zawgyi}

"နာက်င္စြာေအာ္ဟစ္"

ယဲ့ထင္သည္ တစ္ညလုံး အိပ္မက္ဆိုးမ်ား မက္ေနခဲ့သည္။

သူ႔အိပ္မက္ထဲတြင္ ရန္က်ားလိက ေမွာင္မိုက္မိုက္ ေခြးေလွာင္အိမ္ထဲ ပိတ္ေလွာင္ခံထားရသည္။

နံေဘးတြင္ မက္စ္တပ္ထားသည့္ လူတစ္အုပ္က မႏွစ္ၿမိဳ႕စရာ ေကာင္းေလာက္ေအာင္ ရယ္ေနၾကရင္း ေလွာင္အိမ္ထဲကို တုတ္ႏွင့္ ထိုးေနၾကသည္။ ရန္က်ားလိသည္ ခြင့္လႊတ္ေပးဖို႔ရန္ အဖန္တလဲလဲ ေတာင္းပန္ေနရသည္အထိ အႏိုင္က်င့္ခံေနရၿပီး အသည္းခိုက္စရာ ေကာင္းလွေသာ နာက်င္မႈေၾကာင့္ ေအာ္ဟစ္ ငိုေႂကြးေနခဲ့ရသည္။ တစ္ကိုယ္လုံးလည္း ေသြးမ်ားျပည့္ေနၿပီး တိတ္တိတ္ကေလး ငိုေနရွာသည္။

ယဲ့ထင္သည္ အိပ္မက္ထဲတြင္ ရန္က်ားလိ၏ တိုးညႇင္းလွေသာ ရႈိက္ငိုသံကို ရွင္းရွင္းလင္းလင္း ၾကားေနရသည္။

"ယဲ့ထင္၊ ငါ နာတယ္။ ငါ့ကို ကယ္ပါဦး....."

ယဲ့ထင္သည္ လန္႔ႏိုးလာၿပီး တစ္ကိုယ္လုံး ေခြၽးေအးမ်ား ထြက္ေနသည္။

တုန္ရီေနေသာ လက္ေမာင္းကို အခ်ိန္အၾကာႀကီး ဖိထားၿပီးမွ မိမိဘာသာ အတင္းကာေရာ တည္ၿငိမ္လာေအာင္ ျပဳလုပ္ႏိုင္ခဲ့သည္။

သူ၏ရန္ရန္သည္ ယခုအခ်ိန္ထိ ယဲ့ဖန္၏ လက္ခုပ္ထဲတြင္ ရွိေနဆဲျဖစ္ၿပီး ယဲ့ဖန္က မုန္းတီး စက္ဆုပ္ဖြယ္ေကာင္းစြာ ေခြးေလွာင္အိမ္ထဲ ပိတ္ေလွာင္ၿပီး အႏိုင္က်င့္ေနသည္။ ဤအခ်ိန္တြင္ သူသည္ ပိုလို႔ပင္ ေအးေဆးတည္ၿငိမ္ၿပီး ဆင္ျခင္တုံတရား ရွိေနရမည္ျဖစ္သည္။

အကယ္၍ သူပါ ကေမာက္ကမ ျဖစ္ေနမည္ဆိုပါက ရန္ရန္ထံတြင္ ပို၍ အႏၲရာယ္ ရွိသြားေပလိမ့္မည္။

ယဲ့ထင္သည္ မ်က္လုံးမ်ားကို ၾကမ္းၾကမ္းတမ္းတမ္း ပိတ္ပစ္လိုက္ၿပီး အသက္ျပင္းျပင္း ရႉလိုက္ကာ တင္းက်ပ္စြာ ဆုပ္ထားမိေသာ လက္သီးကို ျဖည္းျဖည္းခ်င္း ေျဖေလ်ာ့လိုက္ၿပီးမွ ကုတင္ေပၚမွ ဆင္းလာခဲ့သည္။

သူသည္ အတြင္းေရးမႉးထံ ကမန္းကတန္း  ဖုန္းဆက္လိုက္ၿပီး တစ္ခုခု ရွာေတြ႕ျခင္း ရွိမရွိကို ေမးသည္။ တစ္ဖက္မွ အတြင္းေရးမႉးသည္ စိတ္လႈပ္ရွားစြာႏွင့္ တံေတြးတစ္ခ်က္ မ်ိဳခ်လိုက္ၿပီး ေျပာသည္။

"ခုေလာေလာဆယ္ေတာ့ သတင္း မရေသးပါဘူး။ ဒါေပမဲ့ လူႀကီးမင္းယဲ့၊ ဆရာ စိတ္ခ်ပါ။ စစ္ေဆး ရွာေဖြဖို႔အတြက္ လူအင္အား အမ်ားႀကီး လႊတ္ထားၿပီးပါၿပီ။ လူႀကီးမင္းရန္ရဲ႕ တည္ေနရာကို မၾကာခင္ ရွာေတြ႕ႏိုင္ေတာ့မယ္လို႔ ယုံၾကည္ပါတယ္"

ဖုန္းခ်လိုက္ၿပီးေနာက္ ယဲ့ထင္သည္ ျပတင္းေပါက္ ေဘးတြင္ ရပ္ကာ ေဆးလိပ္ေသာက္သည္။ မ်က္ခုံးတန္းကို ေသမတတ္ ၾကဳတ္ထားၿပီး ​ေျဖေလ်ာ့လာျခင္း မရွိေပ။

ေဆးလိပ္ ေသာက္ၿပီးေသာအခါ သူသည္ ထိန္းမႏိုင္ သိမ္းမရ ဖုန္းကို ျပန္ထုတ္လာၿပီး ယဲ့ဖန္ ပို႔လာသည့္ ထိုဓာတ္ပုံကို ၾကည့္သည္။ ဓာတ္ပုံထဲတြင္ ရန္က်ားလိ၏ မ်က္လုံးတစ္စုံက ေစ့ေစ့ပိတ္ထားၿပီး မ်က္ႏွာက ျဖဴဖတ္ေနသည္။ ေျခလက္မ်ားက ခ်ည္ေႏွာင္ခံထားရၿပီး ေခြးတစ္ေကာင္အတိုင္း ေခြးေလွာင္အိမ္ထဲ ပိတ္ေလွာင္ထားခံရသည္။

ယဲ့ထင္၏ မ်က္ခမ္းစပ္တြင္ ထူထူထဲထဲ ေသြးေၾကာနီမ်ား ရွိလာၿပီး ၾကည့္ရင္းၾကည့္ရင္းႏွင့္ မိမိကိုယ္ကိုယ္ အသက္ရႉမဝေတာ့သလို ခံစားရသည္။

ခ်စ္ရသူသည္ သူတစ္ပါး လက္ခုပ္ထဲတြင္ တစ္ဇြတ္ထိုးဆန္ေသာ အႏိုင္က်င့္ ႏွိပ္စက္မႈတို႔ကို ခံေနရၿပီး ထိုကဲ့သို႔ အရွက္ခြဲျခင္းႏွင့္ နာက်င္ခါးသီးစရာမ်ားသည္ မိမိအား စကၠန္႔တိုင္းတြင္ ဒယ္အိုးထဲ ညႇဥ္းပန္း ႏွိပ္စက္ခံေနရသကဲ့သို႔ ထင္မွတ္လာမိေစသည္။ ရန္က်ားလိသည္ အစက မိမိအတြက္ ႏွလုံးသား ေအာက္ေျခမွ စိတ္ဝိညာဥ္ကိုပင္ အလုံးစုံ ဖြင့္ဟေပးလိုက္ဖို႔ရန္ ဆႏၵရွိေနခဲ့ၿပီျဖစ္ၿပီး အေစာကတည္းက ေပ်ာက္ကြယ္သြားခဲ့ၿပီျဖစ္ေသာ အက်ည္းတန္ ေမွာင္မိုက္ခဲ့သည့္ စိတ္ခံစားခ်က္မ်ားသည္ ယခုအခါတြင္ေတာ့ ျပန္လည္ ထိုးဆြခံလိုက္ရၿပီျဖစ္သည္။

သူသည္ ဖုန္းကို လႊင့္ပစ္လိုက္ၿပီး အသက္ျပင္းျပင္း ရႉရွိူက္လိုက္သည္။ အတန္ၾကာေသာ္ ထပ္မံ၍ သည္းခံႏိုင္စြမ္း မရွိေတာ့ဘဲ နံရံကို လက္သီးျဖင့္ အ႐ူးတပိုင္း ထိုးလိုက္မိသည္။

လက္သီးခ်က္မ်ားသည္ နံရံေပၚ တစ္ခ်က္ၿပီး တစ္ခ်က္ က်ေရာက္ေနခဲ့ၿပီး တဒုန္းဒုန္းႏွင့္ ျမည္ေနကာ မၾကာခင္မွာပဲ လက္သီးေပၚတြင္ နီပ်စ္ပ်စ္ ေသြးစမ်ား ေပၚလာေတာ့သည္။

ယဲ့ထင္သည္ နံရံေပၚမွ ေသြးစြန္းကြက္ကို ၾကည့္ေနၿပီး မ်က္လုံးမ်ားက နီရဲၾကမ္းၾကဳတ္ေနကာ လူသတ္ခ်င္ေနသည့္ သား႐ိုင္းတစ္ေကာင္ႏွင့္ တူေနေတာ့သည္။

_________

ရန္က်ားလိ ႏိုးလာသည္။

ေအးစက္ေနေသာ ေရျဖင့္ အပက္ခံလိုက္ရ၍ ႏိုးထလာျခင္းပင္။

သူ မ်က္လုံး ဖြင့္ၾကည့္လိုက္ေသာအခါ မိမိသည္ က်ဥ္းေျမာင္းသည့္ ေခြးေလွာင္အိမ္ထဲ အပိတ္ခံထားရၿပီး ပတ္ပတ္လည္တြင္ လူအုပ္ႀကီးက အဝိုင္းလိုက္ ရပ္ေနသည္ကို ေတြ႕ရွိလိုက္ရသည္။

ေမ့ေျမာမသြားခင္မွ ပုံရိပ္အားလုံးက သူ႔ဦးေႏွာက္ထဲ ေပၚလာေသာအခါ ရန္က်ားလိ၏ စိတ္ထဲတြင္ အနည္းငယ္ တုန္လႈပ္သြားၿပီး ျမန္ျမန္ဆန္ဆန္ တုံ႔ျပန္လာႏိုင္သည္။

သူ ျပန္ေပးဆြဲ ခံလိုက္ရတာပင္။

သူ ေခါင္းေမာ့လိုက္ေသာအခါ မနီးမေဝးမွ ၾကမ္းျပင္ေပၚတြင္ ဝပ္တုတ္ေနေသာ၊ မ်က္လုံးတစ္စုံက ဝိညာဥ္ကင္းမဲ့ေနၿပီး၊ အသံလည္း မျပဳသည့္ ဝမ္ယန္ကို အရင္ဆုံး ေတြ႕လိုက္ရသည္။

ရန္က်ားလိ၏ စိတ္ထဲတြင္ ေဒါသပုန္ထသြားေသာ ခံစားခ်က္မ်ား လႈိင္းထလာၿပီး ပါးစပ္ဟကာ အေမးအျမန္းျပဳဖို႔ အခ်ိန္မမီလိုက္ေသးခင္မွာပဲ ေလွကားထစ္ေပၚမွ ပ်ံ႕လြင့္လာေသာ ခပ္ၿငိမ္ၿငိမ္ ေျခသံကို ကပ္လ်က္ ၾကားလိုက္ရသည္။

သူ ေခါင္းလွည့္ၾကည့္လိုက္ေသာအခါ ယဲ့ဖန္သည္ အၿပဳံးႏွင့္ ေလွကားေပၚမွ ဆင္းလာၿပီး ဝမ္ယန္ေဘးတြင္ ထိုင္လိုက္သည္ကို ေတြ႕လိုက္ရသည္။

ရန္က်ားလိသည္ ယဲ့ဖန္ကို ေတြ႕ေသာအခါ မ်က္လုံးက ခ်က္ခ်င္း ဝိုင္းစက္သြားၿပီး အံကိုႀကိတ္လ်က္

"ယဲ့ဖန္!"

ယဲ့ဖန္က ၿပဳံးသည္။

"ၾကည့္ရတာ၊ ငါ့ခယ္မက ငါ့ကို မွတ္မိေနေသးတာပဲ"

ရန္က်ားလိ တကၠသိုလ္ စတုတၳႏွစ္တုန္းက ယဲ့ဖန္ႏွင့္ တစ္ခါေတြ႕ဖူးသည္။ သူ ယဲ့ဖန္ကို ပထမဆုံး စေတြ႕ကတည္းက ထိုလူသည္ သုန္သုန္မႈန္မႈန္ႏွင့္ အကယ္၍ ရယ္လိုက္လွ်င္ပင္ ထိုအၿပဳံးက လူကို အေၾကာင္းျပခ်က္မရွိ ၾကက္သီးေမြးညင္း ထသြားေစသည္ဟုသာ ခံစားရေစသည္။ ထိုအခ်ိန္ထဲက ထိုလူမွာ သိပ္ပုံမွန္ မဟုတ္ဘူးဟု ရန္က်ားလိတစ္ေယာက္ ေတြးထင္မိခဲ့ၿပီး မေမွ်ာ္လင့္ဘဲ ႏွစ္ေပါင္းမ်ားစြာ ၾကာေညာင္းသည့္ေနာက္ ယဲ့ဖန္သည္ ထိုကဲ့သို႔ ျပန္ေပးဆြဲသည့္ အႏၲရာယ္ရွိေသာ ကိစၥကို အမွတ္မထင္ ျပဳလုပ္လာခဲ့သည္။

ရန္က်ားလိသည္ ေခြးေလွာင္အိမ္၏ သံတိုင္ကို ခပ္တင္းတင္း ဆုပ္ကိုင္ထားရင္း စိတ္ထဲတြင္ ႐ုတ္တရက္ နားလည္မိလာသည္။

ဤတစ္ႀကိမ္ ျပန္ေပးဆြဲမႈမွာ အဓိကအားျဖင့္ မိမိကို ပစ္မွတ္အျဖစ္ အသုံးခ်ကာ ယဲ့ထင္ကို ကိုင္တြယ္ျခင္းျဖစ္သည္။

ယဲ့ဖန္သည္ နက္နဲေသာ အဓိပၸါယ္အျပည့္ႏွင့္ ရန္က်ားလိကို ၾကည့္ေနၿပီး ႏႈတ္ခမ္းမွ အၿပဳံးကလည္း ပိုမို ထင္ရွားလာသည္။

သူသည္ ၾကမ္းျပင္ေပၚမွ ဝမ္ယန္ကို ဆြဲမ,ကာ ရင္ခြင္ထဲ ထည့္လိုက္ၿပီး ဝမ္ယန္၏ မ်က္ႏွာေပၚ အရင္နမ္းလိုက္ၿပီးမွ ရန္က်ားလိကို ၫႊန္ျပကာ ရင္းႏွီးကြၽမ္းဝင္စြာႏွင့္ အေမးျပဳသည္။

"ယန္ယန္၊ မင္းၾကည့္၊ သူ ကိုယ္တို႔ေၾကာင့္ ေလွာင္အိမ္ထဲ အပိတ္ခံထားလိုက္ရၿပီ။ ေခြးတစ္ေကာင္လိုမ်ိဳးပဲေနာ္"

ဝမ္ယန္သည္ မႈန္ကုပ္ကုပ္ႏွင့္ ရန္က်ားလိကို ေမာၾကည့္လိုက္ေသာအခါ လည္ပင္းရွိ အပူေလာင္ဒဏ္ရာမွ အနာ႐ြတ္မ်ား ေပၚထြက္လာသည္။

ယဲ့ဖန္က ဆက္လက္၍ အားေပးအားေျမႇာက္ျပဳသည္။

"မင္း သီခ်င္းမဆိုႏိုင္ေတာ့ေအာင္၊ အလုပ္မလုပ္ႏိုင္ေတာ့ေအာင္၊ မင္းကို လူေတြအမ်ားႀကီးဆီက ေဝဖန္ဆဲဆိုခံရေအာင္၊ မင္းကို ႐ြံ႕မုန္းစရာ အေကာင္တစ္ေကာင္လို နာနာက်င္က်င္နဲ႔ ခံရခက္ေအာင္ လုပ္ခဲ့တာ ဘယ္သူလဲ"

ဝမ္ယန္က ရန္က်ားလိကို ၾကည့္လိုက္ၿပီး

"သူ"

"ဒါဆို အခုသူ ထြက္ေျပးလို႔ မရေတာ့ဘူးေလ။ မင္း ဘာလုပ္ခ်င္လဲ"

ဝမ္ယန္က ျဖည္းျဖည္းခ်င္း မတ္တတ္ထလာေသာအခါ ယဲ့ဖန္က သူ႔အား ေခြးေလွာင္အိမ္ဆီ ဖြဖြကေလး တြန္းပို႔လိုက္သည္။ နံေဘးမွ ထိုသက္ေတာ္ေစာင့္မ်ားကိုလည္း ေမးပင့္၍ အခ်က္ျပလိုက္သည္။

သက္ေတာ္ေစာင့္က သေဘာေပါက္သြားၿပီး  ေလွာင္အိမ္ေသာ့ကို ဖြင့္လိုက္ကာ လက္ႏွင့္ေျခေထာက္တို႔ တုပ္ေႏွာင္ခံထားရေသာ ရန္က်ားလိအား အတင္းအဓမၼ ဆြဲထုတ္လာသည္။

ဝမ္ယန္သည္ ေႏွးေကြးေလးပင္စြာႏွင့္ ရန္က်ားလိအနား ေလွ်ာက္သြားၿပီး လက္သီးေျမႇာက္ကာ ထိုးေတာ့မည့္ အခ်ိန္တြင္ ရန္က်ားလိသည္ ယဲ့ဖန္က ၿပဳံးစစႏွင့္ ဖုန္းကို အသံသြင္းမုဒ္သို႔ ေျပာင္းလိုက္သည္ကို ေတြ႕လိုက္ရသည္။

ရန္က်ားလိ၏ စိတ္ထဲတြင္ တုန္လႈပ္သြားၿပီး စကၠန္႔ပိုင္းအတြင္း နားလည္သြားသည္။

ယဲ့ဖန္ဆိုသည့္ တရားလြန္ ႐ြံ႕ရွာ စက္ဆုပ္ဖြယ္ေကာင္းေသာ လူယုတ္မာသည္ သူ၏ ေအာ္ငိုသံကို အသံသြင္းၿပီး ယဲ့ထင္ကို ထိုးဆြလိုျခင္းျဖစ္သည္။

မိုးေရစက္မ်ားကဲ့သို႔ သိပ္သည္းေသာ လက္သီးခ်က္မ်ားက ၿပိဳက်လာေသာအခါ ရန္က်ားလိသည္ အတတ္ႏိုင္ဆုံး လက္ေမာင္းႏွင့္ ကာထားခဲ့သည္။ သို႔ေသာ္လည္း မနည္းလွေသာ လက္သီးခ်က္မ်ားက ရန္က်ားလိ၏ ကိုယ္ခႏၶာႏွင့္ မ်က္ႏွာေပၚသို႔ က်ေရာက္လာၾကၿပီး ထုံထိုင္းေလာက္ေအာင္ နာက်င္ရသည္။

ဝမ္ယန္သည္ လက္သီးကို အသုံးျပဳကာ ရန္က်ားလိကို ထိုးေနၿပီး ေျခေထာက္ ထပ္ေျမႇာက္ကာ ရန္က်ားလိ၏ ဝမ္းဗိုက္ကို ကန္သည္။

သို႔ေသာ္ ဝမ္ယန္ မည္မွ်ပင္ ထိုးႏွက္ ႐ိုက္ပုတ္ေနပါေစ၊ ရန္က်ားလိသည္ ႏႈတ္ခမ္းကို အေသကိုက္ထားၿပီး ညည္းသံ တစ္စက္ေလးမွ မထြက္လာခဲ့ေပ။

ယဲ့ဖန္သည္ အစက ၿပဳံးတုံ႔တုံ႔ ျဖစ္ေနေသာ္လည္း အခ်ိန္ၾကာသည္အထိ ရန္က်ားလိ၏ နာက်င္စြာ ေအာ္ဟစ္သံကို မၾကားေသာအခါ အၿပဳံးက ျဖည္းျဖည္းခ်င္း ေပ်ာက္ကြယ္သြားသည္။

သူသည္ ေမွးမွိန္စြာႏွင့္ ႏႈတ္ခမ္း အေသကိိုက္ထားေသာ ရန္က်ားလိကို ၾကည့္လိုက္ၿပီး လက္ယမ္းျပလ်က္ သက္ေတာ္ေစာင့္မ်ားကို အထိန္းကြပ္မဲ့ေနသည့္ ဝမ္ယန္အား တစ္ဖက္သို႔ အရင္ ဆြဲေခၚသြားခိုင္းလိုက္သည္။

ယဲ့ဖန္သည္ ကန္ေက်ာက္ခံရ၍ ခႏၶာကိုယ္ေပၚတြင္ ေျခရာမ်ား ျဖစ္ေနေသာ ရန္က်ားလိေရွ႕ ေလွ်ာက္သြားကာ ေျခေထာက္ကို ေျမႇာက္လိုက္ၿပီး သားေရဖိနပ္ျဖင့္ ရန္က်ားလိ လည္ပင္းေပၚ နင္းခ်လိုက္သည္။

ယဲ့ဖန္က တည္တည္ၿငိမ္ၿငိမ္ႏွင့္ ဆိုသည္။

"မင္းကေတာ္ေတာ္ ေခါင္းမာတာပဲ။ အသံအက်ယ္ႀကီး ေအာ္လိုက္ရင္ ယဲ့ထင္ၾကားၿပီး ႐ူးသြားမွာ ေၾကာက္တယ္ေပါ့ ဟုတ္လား"

ရန္က်ားလိသည္ အသက္ရႉရင္း သူ႔ကိုၾကည့္လိုက္ကာ မ်က္ႏွာက အဖိခံထားရ၍ နီျမန္းေနေသာ္လည္း အမူအရာမွာေတာ့ တည္ၿငိမ္ေနေသးသည္ဟု မွတ္ယူ၍ရသည္။

ယဲ့ဖန္က ၿပဳံးသြားၿပီး ဒူးေကြးလိုက္ကာ လက္ေခ်ာင္းက ရန္က်ားလိ၏ မ်က္ႏွာကို ထိသပ္လိုက္ရင္း စကားဆိုသည္။

"တကယ္လို႔ မင္းက ငါ့လူသာဆို မင္းဒီလို ေခါင္းမာတဲ့ ပုံစံမ်ိဳးကို ငါအရမ္း သေဘာက်မိမွာပဲ။ ဒါေပမဲ့ မင္းက ယဲ့ထင္ရဲ႕ လူဆိုေတာ့ ငါက မင္းရဲ႕ မာခ်င္ေနတဲ့ အ႐ိုးေတြကို ေသခ်ာေလး ခ်ိဳးေပးရေတာ့မွာေပါ့"

သူ မတ္တတ္ရပ္လိုက္ၿပီး သက္ေတာ္ေစာင့္ထံ လက္ညႇိဳး ေကြးျပလိုက္ကာ

"မင္းတို႔ လာခဲ့"

သက္ေတာ္ေစာင့္ ေလးငါးေယာက္က အေရွ႕တက္လာၿပီး ရန္က်ားလိကို ဆြဲမ,လိုက္ၾကသည္။

ရန္က်ားလိ အသိျပန္မကပ္ေသးခင္မွာပဲ လူတစ္ကိုယ္လုံး ​ၾကမ္းျပင္ေပၚ ျပန္အဖိခ်ခံလိုက္ရၿပီး ထိုအထဲမွ သက္ေတာ္ေစာင့္ တစ္ဦးက လည္ပင္းကို ညႇစ္လိုက္ကာ ခ်ည္ေႏွာင္ခံထားရေသာ လက္ေမာင္းမွာေတာ့ အားသုံးၿပီး အေကြးခံလိုက္ရသည္။အဆစ္ေနရာ၌ စကၠန္႔ပိုင္းအတြင္း အသည္းခိုက္ေလာက္ေသာ နာက်င္မႈတို႔ ျဖစ္တည္လာသည္။ နာက်င္လြန္း၍ သူ႔မ်က္ႏွာက ခဏေလးႏွင့္ ျဖဴဖတ္လာကာ မ်က္ရည္မ်ားက မ်က္လုံးအိမ္မွ အထိန္းကြပ္မဲ့စြာ စီးဆင္းလာၾကသည္။
.
.
.
.
.
စာေရးသူတြင္ ေျပာစရာရွိသည္။

စိတ္ထဲကေန ကိုယ့္ဘာသာ ေရ႐ြတ္ေနတယ္။ ငါက ရန္ရန္ရဲ႕ အေဖအရင္း၊ ငါက ရန္ရန္ရဲ႕ အေဖအရင္း.....

သူ႔ကို ဒီလို အဆက္ဆံခံရဖို႔ တကယ္ မလုပ္ရက္ဘူး။ အရာအားလုံးက ငါ့ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာပဲ။

1/3/2022(Tue)

                           ×××

Continue Reading

You'll Also Like

339K 26.9K 29
Mini Story Uni Life Style Sweet Romance
11.3K 1.1K 8
Mini story. Novel Name: Scrooge's love! Author: YadanarMoe399 Category: BL / Romance / Psycho / Seke / Start&End Date: 22.9.21 ကပ်စေးနည်းယောကျာ်း...
1.2M 51.8K 63
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
40K 4.2K 22
Story Title_ Me and My Suspicious Partner ဧကရာဇ်ပိုင်ဝူရှန့်သည် လုပ်ကြံခံရကာ ချီရုန်တို့ဓားပြစခန်းအနီးရှိရေကန်တွင် သတိလစ်လျက် ချီရုန်၏တပည့်များမှ ကယ်...