THE FIRST TIME WE MET🌊 [COMP...

By ARIA_K95

76.1K 6.8K 647

အချစ်ဦးလေးအားပင်လယ်ပြင်၏ကမ်းစပ်နားလေးတွင်စတင်တွေ့ရှိခဲ့သည် အခ်စ္ဦးေလးအားပင္လယ္ျပင္၏ကမ္းစပ္နားေလးတြင္စတင္ေတြ႕႐... More

Part.1🌊
Part.2 🌊
Part.3🌊
Part.4🌊
Part.5🌊
Part.6🌊
Part.7🌊
Part.8🌊
Part.9🌊
Part.10🌊
Part.11🌊
Part .12🌊
Part .13🌊
Part . 14🌊
Part . 15🌊
Part . 16 🌊
Part . 17🌊
Part . 18🌊
Part . 19🌊
Part . 20 🌊
Part . 21🌊
Part. 22 🌊
[ FINAL ]🌊
AT WEDDING DAY_[ Taehyung's POV]

Part . 23🌊

2.5K 240 4
By ARIA_K95

Unicode

ခေါင်းတစ်ခုလုံး, အုံကျင်စွာဖြင့်နိုးထလာခဲ့ရသည့်မနက်ခင်း။ ပင်လယ်ထက်မှ ပျံ့လွင့်လာတဲ့ လှိုင်းသံတဝုန်းဝုန်းနှင့် ဇင်ယော်ငှက်တို့၏ အုပ်စုလိုက်မြည်တမ်းနေကြသံ။
ပြန်တွေးမိရင် သောက်ခဲ့တဲ့အနေအထားက ဦးနှောက်သွေးကြောပေါက်မသေသွားပဲ ခုထက်ထိအသက်ရှုနေနိုင်တာဟာ အံ့ဩစရာလို့ဆိုရပေမည်။
ကိုက်ခဲနေသည့် ခေါင်းကြောင့် နားထင်ကြောကိုလက်ဖြင့်အသာဖိရင်း အိပ်ယာပေါ်တွင်ခပ်လျှောလျှောအနေအထားဖြင့်ထိုင်နေလိုက်သည်။ အိပ်ယာ_

"ဟမ်"

နောက်ဆုံးမှတ်မိခဲ့တာဟာ အိမ်ရှေ့က ကြမ်းပြင်ပေါ်မှာထိုင်ရင်း သောက်နေခဲ့သည်။ မူးရူးနေတုန်း လေးဘက်ကုန်းပြီးအိပ်ယာပေါ် ကိုယ့်အားကိုယ်ကိုး၍တတ်ခဲ့လေသလား။ ပြန်တွေးကြည့်လေ ခေါင်းထဲဘာမှပေါ်မလာလေဖြစ်နေတာမို့ ကျစ်ခနဲစုတ်သက်ရင်း ကုတင်ပေါ်မှထလိုက်သည်။
ဘဝက အမြဲတမ်းမူးနေကာမှ အဆင်ပြေတော့မယ်ထင်၏။ လူလိုသူလို သတိပြန်ကပ်တဲ့အချိန်တိုင်းမှာ အစ်ကို့ကိုသတိရသည်။ တွေ့ချင်သည်။ နမ်းရှုံ့ချင်သည်။ ထွေးပွေ့ထားချင်သည်။ သို့ပေမယ့် အခုချိန်လောက်ဆို အစ်ကိုဟာမိသားစုရဲ့အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်နေရော့မည်ထင်။

လွမ်းတယ်၊ ကျွန်တော် အရမ်းလွမ်းနေတယ် အချစ်။

မနေ့ညက အိပ်မက်ထဲလာခဲ့သည်။ နီတာရဲနှာခေါင်းထိပ်လေးဖြင့် အစ်ကိုကသူ့အား ကလေးတစ်ယောက်သဖွယ် ဆံပင်တွေကြားထဲလက်ထည့်၍ပွတ်သက်ပေးနေခဲ့သည်။
ပါးပြင်ပေါ် ၊ နဖူးပေါ်၊ နှုတ်ခမ်းပေါ်ခြွေခဲ့တဲ့ အစ်ကို့ရဲ့အနမ်းတစ်ချက်စီကိုခံယူမိသည့်အချိန်တိုင်းဟာ နိဗ္ဗာန်ဘုံ။
ကင်မ်ထယ်ယောင်းဆိုတဲ့နာမည်လေးကို ရေရွတ်မိတိုင်း ဘယ်ဘက်နှလုံးအိမ်ထဲ နွေးထွေးသွားခဲ့ရသည်မှာ နေ့စဉ်မပျက်။

အစ်ကိုပျော်ရွှင်ဖို့ပဲလိုတယ်။ ဒီကောင်ကြောင့်ထပ်ပြီးထိခိုက်နာကျင်စရာတွေဖြစ်မလာစေဖို့လိုတယ်။ မိသားစုနဲ့ယှဉ်လာရင် စိတ်ပင်ပန်းရအုန်းမည့်ပုံစံလေးကိုမကြည့်ချင်တော့ဘူး။

အစ်ကိုပင်ပန်းရင်...ကျွန်တော်က နှစ်ဆပိုတာပေါ့အချစ်ရဲ့။

ရေခဲသေတ္တာထဲမှာ လက်ကျန် rum လေးများရှိလေအုန်းမလားဆိုသည့်မျှော်လင့်ချက်ဖြင့် အိပ်ခန်းထဲမှထွက်လာခဲ့သည်။ အသည်းကွဲမှတော့ မထူးဇာတ်ခင်းပြီး မူးနေတာပဲကောင်းတယ်။ သတိကပ်နေတဲ့အခါ အစ်ကို့ကိုတွေ့ချင်လာသည့်စိတ်ဟာအရူးတစ်ပိုင်း၊ မူးသွားတဲ့အခါကျရင်တော့ အိပ်မက်ထဲမှာမြင်နိုင်တယ်လေ။

လှမ်းလာတဲ့ခြေတံရှည်တွေဟာ တုံ့ခနဲရပ်တန့်ကုန်သည်။
အိပ်ခန်းပေါက်ဝကြီးမှာ တောင့်တောင့်ကြီးအေးခဲနေမိတာ။

မနေ့ကတင် ကြွက်သိုက်ထက်တောင် ပို၍အခြေအနေ ဆိုးသွမ်းခဲ့သည့် ကျဉ်းမြောင်းတဲ့ဧည့်ခန်းရှေ့မျက်နှာစာလေးဟာ ပြောင်သလင်းခါနေလေ၏။ ဘီယာဘူးခွံ၊ အရက်ပုလင်း၊ တခြားတိုလီမုတ်စ အမှိုက်သေးသေးလေးတွေကအစ မှန်ဘီလူးယူပြီးရှာရမလို‌တောင်ဖြစ်နေသည်။
ဘာတစ်ခုမှ မရှိတော့သည့်ဧည့်ခန်းမှာ အမူးသမားတစ်ယောက် အရက်သောက်ခဲ့တယ်လို့ပြောရင်ဘယ်သူမှယုံမှာမဟုတ်ဘူး။

ထုံကျဉ်နေသည့် ဦးခေါင်းကို နည်းနည်းအလုပ်ပေးကြည့်တော့။

"မင်ဟီး?"

ဘယ်နားပစ်ချထားခဲ့မှန်းမသိတော့တဲ့ဖုန်းကိုတစ်အိမ်လုံးမွှေနှောက်ရှာနေသည်။ မူးမူးရူးရူးဖြင့် အမှိုက်တောင်း‌ထဲတွေရောက်ကုန်တာလား။ ဖြဲရှာကြည့်ဖို့ပြင်ပေမယ့် အမှိုက်ထုပ်လဲရှာမရ။ ဘာလဲ ဒါကြီးကထူးဆန်းလာပြီ။

နောက်တော့မှ လက်ခနဲထသွားသည့်အရာလေးက ကြိမ်ထိုင်ခုံအောက်မှာ။ တစ်ယောက်တည်းရှိနေလို့သာတော်တော့၏။ ကြမ်းပြင်ပေါ်မှာ ဖားပျံလိုကပ်ထားရင်း ဖုန်းကောက်နေသည့်မြင်ကွင်းဟာတွေးကြည့်တာနဲ့ရီချင်စရာ။

အတန်ငယ်ရှည်လာပြီဖြစ်တဲ့ ရွှေဝါရောင်ဆံပင်တွေကို သားရေကွင်းလေးဖြင့်အနောက်သို့ဖရိုဖရဲစုစည်းထားသည့်ဂျောင်ဂု။ လက်ပြတ်အင်္ကျီစွပ်ကျယ်အဖြူကိုဝတ်ထားတာကြောင့် ပေါ်လွင်နေတဲ့ လက်မောင်းကြွက်သားတွေဟာတော့ တအားအလုပ်များနေသည်။ ဘယ်လောက်တောင် ကန်ထုတ်လိုက်လို့ ချောင်ကြိုချောင်ကြား ထဲညပ်သွားရတာလဲမသိပါဘူး။

တစ်ယောက်တည်း အားကြိုးမာန်တတ်ဖုန်းနှိုက်နေစဉ်_
ခြေသံ သဲ့သဲ့ဟာ အိမ်ရှေ့မျက်နှာစာ၌ ရောက်ချလာခဲ့ပါလျှင်

.

.


.

"အိမ်ရှင်ကောင်လေး ဘာလုပ်နေတာလဲဗျ"

ဘယ်အချိန်ကြားကြား ရင်ခုန်သံတွေလှိုက်ဖိုရတဲ့ ဩရှရှအသံလေးဟာ ဒီအနီးတစ်ဝိုက်မှာထွက်ပေါ်လာသည်။
အတိအကျပြောရပါလျှင် ကျောပေးထားသည့် အနောက်ဘက်နားဆီမှ။

လွမ်းဆိပ်သင့်ပြီး မင်းတော့ရူးပါနေပြီထင်တယ် ဂျွန်ဂျောင်ဂု။ ကိုယ့်အဖြစ်ကိုယ် ရီချင်မိတော့တာ။ တော်သေးတာပေါ့ ရူးပေမယ့်လဲ အချစ်ရူးပေမို့ နာမည်တော့လှရှာပါတယ်။

အသိဝင်အောင်ခေါင်းကိုတစ်ချက်ယမ်းလိုက်တော့ ရွှေဝါရောင်ဆံနွယ်တွေဟာ လှုပ်လီလှုပ်လဲ့။ ထိုအခိုက် ပျက်ထွက်သွားသည့် ခေါင်းစီးသရေကွင်းလေး။ ဆံပင်ဟာထူပေသည်မို့ အကြာကြီးတောင့်ထားနိုင်ပုံမရ။ ကိုယ့်အာရုံနဲ့ကိုယ်, လုပ်လက်စကိုသာ,ဂရုစိုက်ထားမိသည်။

နီးကပ်လာသည့် ခြေသံနှင့်အညီ အနောက်ဘက်ကျောပြင်တည့်တည့်မှာထိုင်ချလိုက်သည့်လူအရိပ်။ ဂျောင်ဂု ကျောပြင်မတ်ခနဲဖြစ်သွားရ၏။ တစ်စုံတစ်ယောက်ဟာ အမှန်တကယ် ဒီအနားမှာရှိနေခဲ့သည်။ စိတ်ထင်တာလို့တွေးလိုက်မိပေမယ့်_

အာ့လိုတွေးခဲ့ပေမယ့်_

ဆံပင်တွေကို တယုတယဖြင့်သိမ်းဆည်းလာပေးသည့်လက်နှစ်ဖက်။ ထို့နောက် သရေကွင်းဖြင့် တစ်ရစ်ခြင်းစိတ်ရှည်လက်ရှည် ပတ်ပေးနေရင်း

"ဘယ်လို အိမ်ရှင်ငမူးလေးပါလိမ့်၊ ‌မေးတာလဲအဖတ်မလုပ်၊ ဆံပင်ပါအစစ်,စည်းပေးနေရသေးတယ်"

တသိမ့်သိမ့်အခုန်မြန်လာတဲ့ရင်ဘတ်ကြောင့် နောက်သို့လှည့်မကြည့်နိုင်။ အကယ်၍, တကယ်သာ အစ်ကိုမဟုတ်ခဲ့ရင် ကျိန်းသေပေါက် ဂျွန်ဂျောင်ဂုရူးသွားပြီဟုသတ်မှတ်လို့ရသည်။ မယုံကြည်နိုင်ခြင်းများစွာဖြင့်လှည့်ကြည့်တဲ့အခါ ကြမ်းပြင်ပေါ်မှာ ဒူးနှစ်ဖက်လေးကွေးပြီးထိုင်နေသည့်အစ်ကိုဟာ ပြုံးပြလာခဲ့၏။

ကတုန်ကယင်ဖြင့် လှမ်းနေသည့် ဂျောင်ဂုရဲ့လက်တွေဟာ ရှေ့ကိုမရောက်နိုင်။ အိပ်မက်ထဲကလိုမျိုး ထိတွေ့လို့မရရင်ဘယ်လိုလုပ်မလဲ။ အာ့လိုသာပျောက်ကွယ်သွားမယ်ဆိုရင် အမြဲတမ်းထိုင်ကြည့်နေမှာ။ ထိလိုက်ရင် အစ်ကိုကပျောက်သွားမှာမလား အာ့တော့ သူ့ဘက်ကမထိရင်ဖြစ်တာပဲ။
ပြန်ရုတ်ဖို့ပြင်နေသည့် ဂျောင်ဂု၏လက်ဖဝါးကို ဆတ်ခနဲဖမ်းဆုပ်ထားလိုက်သည့် လက်တစ်ဖက်။

ထို့နောက် ပါးပြင်နုနု၏အထိအတွေ့အားခံစားလိုက်ရသည်။ ဂျောင်ဂု၏လက်ဖဝါးကို သူ့ပါးပြင်ဆီကပ်ပေးထားသည့်ထယ်ယောင်း။

"ငါပါအချစ်ရယ်၊ အိပ်မက်မဟုတ်တဲ့ လူအစစ်ပါ"

ပြည့်လျှံလာသည့် မျက်ရည်စတို့ဖြင့် ချာတိတ်ရဲ့မျက်ဝန်းအိမ်လေးနှစ်ဖက်ဟာရွှဲရွှဲစို။
သူပျော်ရင် ကိုယ်ပျော်တယ်။ သူငိုရင် ကိုယ်ပါငိုတယ်တဲ့။ အချစ်ဆိုတဲ့ အဓိပ္ပါယ်ဟာရိုးရိုးလေးပါပဲ။ အများကြီးမသိရင်တောင်ဖြစ်ပါတယ်။ ဒီလူသားနဲ့ပတ်သက်ပြီးထိလွယ်,ရှလွယ်ဖြစ်တတ်လာတာတွေဟာ အချစ်ကြောင့်မဟုတ်လျှင် ဘယ်အရာများရှိပါအုန်းမလဲ။

"အစ်ကို...တကယ်ပဲ အစ်ကိုလားဟင်!"

"အင်း၊ မင်းကိုချစ်ပေးဖို့ မွေးဖွားလာတဲ့သူ"

ပခုံးစွန်းလေးနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ရင်း လွမ်းမောခဲ့ရသည့်မျက်နှာလေးကိုကြည့်နေမိသည်။ မျက်နှာချင်းဆိုင် အနေအထားမှာ နှစ်ဦးသားအပြိုင်အဆိုင်မျက်ရည်တွေကျနေတာ။ ကိုယ်လုံးလေးကို ရင်ခွင်ထက်ပြိုလဲစေတော့အသာတကြည်ပင်။ ခါးနားတစ်ဝိုက်မှာရစ်တွယ်လာသည့် အစ်ကို့ရဲ့လက်နှစ်ဖက်။ ရင်ဘတ်ပေါ်သို့ နှုတ်ခမ်းလေးဖြင့်မထိတထိလုပ်ရင်း ငြိမ်ခံနေသည်။ ဒီလောက်ဆိုရင် အိပ်မက်မဟုတ်သလို သူရူးနေခဲ့တာလဲမဟုတ်ဘူး။

"အစ်ကို..."

"ဟင်"

ရင်ခွင်ထဲမှ မဆိုင်းမတွပင်ပြန်ဖြေလာလေသည့်အသံခပ်ဩဩလေးဟာ ဂျောင်ဂုရင်ထဲကြည်နူးခြင်းတွေအတိုင်းအဆမရှိပေါ်ပေါက်လာစေသည်။

"ဘယ်လိုဖြစ်ရတာလဲ ဒါတွေက၊ ဘယ်လိုလုပ်ပြီး ဒီကို.."

မေးခွန်းတွေလာတော့မည့် ဂျောင်ဂု၏နှုတ်ခမ်းပါးပေါ်သို့ထိကပ်လိုက်သည့် လက်ညှိုးခပ်သွယ်သွယ်။

"ဒါတွေကနောက်မှ၊ ခုလောလောဆယ် အမူးပြေအချိုရည်ဝယ်လာတယ် သောက်လိုက်နော်"

ဘေးသို့ကြည့်တော့ ကြွပ်ကြွပ်အိတ်အမဲရောင်ထုပ်လေး။

အစ်ကိုပေးတဲ့ အမူးပြေအချိုရည်ကိုသောက်ပြီးစဉ် အနည်းငယ်တော့ နေရထိုင်ရပိုအဆင်ပြေသွားသည်။

"မျက်နှာသစ်လိုက် ပြီးရင် စွပ်ပြုတ်လာသောက်၊ ပြင်ပေးထားမယ်"

"စွပ်ပြုတ်ဆိုတာ?"

"ထွက်ဝယ်ရတာပေါ့၊ မနေ့ညက ပွစာကျဲနေတဲ့အမှိုက်တွေသိမ်းကျုံးပြီးသွားပစ်ရင်း လမ်းမှာတစ်ခါတည်းဝယ်လာတာ"

အသံစာစာလေးဟာ ရွှင်လန်းနေပေမယ့် ဂျောင်ဂုစိတ်ထဲ ကိုယ့်ဘာသာကိုယ်အပြစ်တင်နေမိသည်။ လူမှန်းသူမှန်းမသိလောက်အောင် သောက်ခဲ့မိလို့ အစ်ကို အလုပ်များရပြီ။

"တောင်းပန်တယ်နော်၊ တစ်ယောက်တည်းပင်ပန်းသွားတယ်မလား"

"ပင်ပန်းတယ်၊ နောက်ဆိုအာ့လိုမသောက်နဲ့"

"အင်း ကျွန်တော်မသောက်တော့ပါဘူး"

ချစ်သူနှုတ်ဖျားဆီမှ ထွက်ကျလာသည့်စကားလုံးတိုင်းကို အလိုအလျောက်နာခံရန်အတွက်အသင့်ရှိနေခဲ့၏။ စားပွဲခုံအပုလေးပေါ်မှာ အငွေ့တထောင်းထောင်းထနေတဲ့စွပ်ပြုတ်ပန်းကန်လေးအား တင်ထားရင်း ကြမ်းပြင်ပေါ်၌ ငုတ်တုပ်ထိုင်နေသည့်အစ်ကို။ ညီးစီစီဖြစ်နေတဲ့ ခန္ဓာကိုယ်ကြောင့် လန်းဆန်းသွားအောင် ခေါင်းမှရေလောင်းချ၍ထွက်လာခဲ့သည်။

ရွှေဝါရောင်ဆံနွယ်တွေဆီမှ ကြမ်းပြင်ပေါ်သို့တတောက်တောက်ကျနေသည့်ရေစက်တွေမြင်တဲ့အခါ ထယ်ယောင်း၏မျက်ခုံးတန်းလေးများ တွန့်ချိုးသွားရရင်း

"ခေါင်းကို ပြောင်အောင်မသုတ်ပြန်ဘူးလား၊ မင်းဟာလေ တကယ်ပါပဲ ကလေးကျ,နေရော ဒီမှာလာထိုင် သုတ်ပေးမယ်"

သူ့ရှေ့မှ နေရာလွတ်ဆီ လက်ဖြင့်ပုတ်ပြရင်း နှုတ်ခမ်းလေးက စကားတစ်ခွန်းဆိုလိုက်တိုင်း လုံးခနဲဖြစ်ဖြစ်သွားသည်။ သဘတ်အဖြူကို ခေါင်းပေါ်တင်လျက် အစ်ကို့ရဲ့ ရှေ့မှာဝင်ထိုင်လိုက်၏။

"အစ်ကို.."

"အင်း"

တဗျင်းဗျင်းသုတ်ပေးနေတဲ့ ထယ်ယောင်းရဲ့လက်လေးတွေမှာ တအားအလုပ်များနေသည်။ ‌ခေါင်းလျှော်တိုင်း ဘယ်တော့မှရေစင်အောင်မသုတ်တတ်သည့် ဒီကောင်လေးကိုဘယ်လိုလုပ်ရမှန်းတောင်မသိဘူး။ အာ့သလောက်ပျင်းနေရင် ကတုံးတုံးထားလို့ပြောချင်ပေမယ့် တကယ့်လက်တွေ့မှာ ကျွန်တော်ဟာစိတ်ရှည်လက်ရှည်နဲ့အမြဲသုတ်ပေးလေ့ရှိသည်။ ချာတိတ်ရဲ့ ဆံပင်တွေအား ကိုယ်တိုင်သုတ်ပေးရတာကိုနှစ်သက်သည်။

"အလည်လာတာလား"

ဂျောင်ဂု၏စကားကြောင့် လှုပ်ရှားနေသောထယ်ယောင်း၏ လက်လေးနှစ်ဖက်ဟာရပ်တန့်သွားရပါလျှင်

.

.

"အပြီးနေချင်တယ် ဆိုရင်ရော"


Ariak
To be continued_
A/N အမှန်ဆို ဒီအပိုင်းဟာ Final ဖြစ်သွားရမှာပါ။
ဒါပေမယ့် ကြားထဲရက်ကလှမ်းနေပြီမို့ ပြီးသလောက်လေးတင်ပေးတာပါနော်၊ ရေးလက်စကိုတစ်ဝက်ဖြတ်ထားတာမလို့ အချောသတ်ပြီးရင် ဇာတ်သိမ်းလာပါမယ်။








Zawgyi

ေခါင္းတစ္ခုလုံး, အုံက်င္စြာျဖင့္ႏိုးထလာခဲ့ရသည့္မနက္ခင္း။ ပင္လယ္ထက္မွ ပ်ံ႕လြင့္လာတဲ့ လိႈင္းသံတဝုန္းဝုန္းႏွင့္ ဇင္ေယာ္ငွက္တို႔၏ အုပ္စုလိုက္ျမည္တမ္းေနၾကသံ။
ျပန္ေတြးမိရင္ ေသာက္ခဲ့တဲ့အေနအထားက ဦးေႏွာက္ေသြးေၾကာေပါက္မေသသြားပဲ ခုထက္ထိအသက္႐ႈေနႏိုင္တာဟာ အံ့ဩစရာလို႔ဆိုရေပမည္။
ကိုက္ခဲေနသည့္ ေခါင္းေၾကာင့္ နားထင္ေၾကာကိုလက္ျဖင့္အသာဖိရင္း အိပ္ယာေပၚတြင္ခပ္ေလွ်ာေလွ်ာအေနအထားျဖင့္ထိုင္ေနလိုက္သည္။ အိပ္ယာ_

"ဟမ္"

ေနာက္ဆုံးမွတ္မိခဲ့တာဟာ အိမ္ေ႐ွ႕က ၾကမ္းျပင္ေပၚမွာထိုင္ရင္း ေသာက္ေနခဲ့သည္။ မူး႐ူးေနတုန္း ေလးဘက္ကုန္းၿပီးအိပ္ယာေပၚ ကိုယ့္အားကိုယ္ကိုး၍တတ္ခဲ့ေလသလား။ ျပန္ေတြးၾကည့္ေလ ေခါင္းထဲဘာမွေပၚမလာေလျဖစ္ေနတာမို႔ က်စ္ခနဲစုတ္သက္ရင္း ကုတင္ေပၚမွထလိုက္သည္။
ဘဝက အၿမဲတမ္းမူးေနကာမွ အဆင္ေျပေတာ့မယ္ထင္၏။ လူလိုသူလို သတိျပန္ကပ္တဲ့အခ်ိန္တိုင္းမွာ အစ္ကို႔ကိုသတိရသည္။ ေတြ႕ခ်င္သည္။ နမ္း႐ႈံ႕ခ်င္သည္။ ေထြးေပြ႕ထားခ်င္သည္။ သို႔ေပမယ့္ အခုခ်ိန္ေလာက္ဆို အစ္ကိုဟာမိသားစုရဲ႕အိမ္ေထာင္ဦးစီးတစ္ေယာက္ျဖစ္ေနေရာ့မည္ထင္။

လြမ္းတယ္၊ ကြၽန္ေတာ္ အရမ္းလြမ္းေနတယ္ အခ်စ္။

မေန႔ညက အိပ္မက္ထဲလာခဲ့သည္။ နီတာရဲႏွာေခါင္းထိပ္ေလးျဖင့္ အစ္ကိုကသူ႕အား ကေလးတစ္ေယာက္သဖြယ္ ဆံပင္ေတြၾကားထဲလက္ထည့္၍ပြတ္သက္ေပးေနခဲ့သည္။
ပါးျပင္ေပၚ ၊ နဖူးေပၚ၊ ႏႈတ္ခမ္းေပၚေႁခြခဲ့တဲ့ အစ္ကို႔ရဲ႕အနမ္းတစ္ခ်က္စီကိုခံယူမိသည့္အခ်ိန္တိုင္းဟာ နိဗၺာန္ဘုံ။
ကင္မ္ထယ္ေယာင္းဆိုတဲ့နာမည္ေလးကို ေရ႐ြတ္မိတိုင္း ဘယ္ဘက္ႏွလုံးအိမ္ထဲ ေႏြးေထြးသြားခဲ့ရသည္မွာ ေန႔စဥ္မပ်က္။

အစ္ကိုေပ်ာ္႐ႊင္ဖို႔ပဲလိုတယ္။ ဒီေကာင္ေၾကာင့္ထပ္ၿပီးထိခိုက္နာက်င္စရာေတြျဖစ္မလာေစဖို႔လိုတယ္။ မိသားစုနဲ႔ယွဥ္လာရင္ စိတ္ပင္ပန္းရအုန္းမည့္ပုံစံေလးကိုမၾကည့္ခ်င္ေတာ့ဘူး။

အစ္ကိုပင္ပန္းရင္...ကြၽန္ေတာ္က ႏွစ္ဆပိုတာေပါ့အခ်စ္ရဲ႕။

ေရခဲေသတၱာထဲမွာ လက္က်န္ rum ေလးမ်ား႐ွိေလအုန္းမလားဆိုသည့္ေမွ်ာ္လင့္ခ်က္ျဖင့္ အိပ္ခန္းထဲမွထြက္လာခဲ့သည္။ အသည္းကြဲမွေတာ့ မထူးဇာတ္ခင္းၿပီး မူးေနတာပဲေကာင္းတယ္။ သတိကပ္ေနတဲ့အခါ အစ္ကို႔ကိုေတြ႕ခ်င္လာသည့္စိတ္ဟာအ႐ူးတစ္ပိုင္း၊ မူးသြားတဲ့အခါက်ရင္ေတာ့ အိပ္မက္ထဲမွာျမင္ႏိုင္တယ္ေလ။

လွမ္းလာတဲ့ေျခတံ႐ွည္ေတြဟာ တုံ႔ခနဲရပ္တန္႔ကုန္သည္။
အိပ္ခန္းေပါက္ဝႀကီးမွာ ေတာင့္ေတာင့္ႀကီးေအးခဲေနမိတာ။

မေန႔ကတင္ ႂကြက္သိုက္ထက္ေတာင္ ပို၍အေျခအေန ဆိုးသြမ္းခဲ့သည့္ က်ဥ္းေျမာင္းတဲ့ဧည့္ခန္းေ႐ွ႕မ်က္ႏွာစာေလးဟာ ေျပာင္သလင္းခါေနေလ၏။ ဘီယာဘူးခြံ၊ အရက္ပုလင္း၊ တျခားတိုလီမုတ္စ အမိႈက္ေသးေသးေလးေတြကအစ မွန္ဘီလူးယူၿပီး႐ွာရမလို‌ေတာင္ျဖစ္ေနသည္။
ဘာတစ္ခုမွ မ႐ွိေတာ့သည့္ဧည့္ခန္းမွာ အမူးသမားတစ္ေယာက္ အရက္ေသာက္ခဲ့တယ္လို႔ေျပာရင္ဘယ္သူမွယုံမွာမဟုတ္ဘူး။

ထုံက်ဥ္ေနသည့္ ဦးေခါင္းကို နည္းနည္းအလုပ္ေပးၾကည့္ေတာ့။

"မင္ဟီး?"

ဘယ္နားပစ္ခ်ထားခဲ့မွန္းမသိေတာ့တဲ့ဖုန္းကိုတစ္အိမ္လုံးေမႊေႏွာက္႐ွာေနသည္။ မူးမူး႐ူး႐ူးျဖင့္ အမိႈက္ေတာင္း‌ထဲေတြေရာက္ကုန္တာလား။ ၿဖဲ႐ွာၾကည့္ဖို႔ျပင္ေပမယ့္ အမိႈက္ထုပ္လဲ႐ွာမရ။ ဘာလဲ ဒါႀကီးကထူးဆန္းလာၿပီ။

ေနာက္ေတာ့မွ လက္ခနဲထသြားသည့္အရာေလးက ႀကိမ္ထိုင္ခုံေအာက္မွာ။ တစ္ေယာက္တည္း႐ွိေနလို႔သာေတာ္ေတာ့၏။ ၾကမ္းျပင္ေပၚမွာ ဖားပ်ံလိုကပ္ထားရင္း ဖုန္းေကာက္ေနသည့္ျမင္ကြင္းဟာေတြးၾကည့္တာနဲ႔ရီခ်င္စရာ။

အတန္ငယ္႐ွည္လာၿပီျဖစ္တဲ့ ေ႐ႊဝါေရာင္ဆံပင္ေတြကို သားေရကြင္းေလးျဖင့္အေနာက္သို႔ဖ႐ိုဖရဲစုစည္းထားသည့္ေဂ်ာင္ဂု။ လက္ျပတ္အက်ႌစြပ္က်ယ္အျဖဴကိုဝတ္ထားတာေၾကာင့္ ေပၚလြင္ေနတဲ့ လက္ေမာင္းႂကြက္သားေတြဟာေတာ့ တအားအလုပ္မ်ားေနသည္။ ဘယ္ေလာက္ေတာင္ ကန္ထုတ္လိုက္လို႔ ေခ်ာင္ႀကိဳေခ်ာင္ၾကား ထဲညပ္သြားရတာလဲမသိပါဘူး။

တစ္ေယာက္တည္း အားႀကိဳးမာန္တတ္ဖုန္းႏိႈက္ေနစဥ္_
ေျခသံ သဲ့သဲ့ဟာ အိမ္ေ႐ွ႕မ်က္ႏွာစာ၌ ေရာက္ခ်လာခဲ့ပါလွ်င္

.

.


.

"အိမ္႐ွင္ေကာင္ေလး ဘာလုပ္ေနတာလဲဗ်"

ဘယ္အခ်ိန္ၾကားၾကား ရင္ခုန္သံေတြလိႈက္ဖိုရတဲ့ ဩ႐ွ႐ွအသံေလးဟာ ဒီအနီးတစ္ဝိုက္မွာထြက္ေပၚလာသည္။
အတိအက်ေျပာရပါလွ်င္ ေက်ာေပးထားသည့္ အေနာက္ဘက္နားဆီမွ။

လြမ္းဆိပ္သင့္ၿပီး မင္းေတာ့႐ူးပါေနၿပီထင္တယ္ ဂြၽန္ေဂ်ာင္ဂု။ ကိုယ့္အျဖစ္ကိုယ္ ရီခ်င္မိေတာ့တာ။ ေတာ္ေသးတာေပါ့ ႐ူးေပမယ့္လဲ အခ်စ္႐ူးေပမို႔ နာမည္ေတာ့လွ႐ွာပါတယ္။

အသိဝင္ေအာင္ေခါင္းကိုတစ္ခ်က္ယမ္းလိုက္ေတာ့ ေ႐ႊဝါေရာင္ဆံႏြယ္ေတြဟာ လႈပ္လီလႈပ္လဲ့။ ထိုအခိုက္ ပ်က္ထြက္သြားသည့္ ေခါင္းစီးသေရကြင္းေလး။ ဆံပင္ဟာထူေပသည္မို႔ အၾကာႀကီးေတာင့္ထားႏိုင္ပုံမရ။ ကိုယ့္အာ႐ုံနဲ႔ကိုယ္, လုပ္လက္စကိုသာ,ဂ႐ုစိုက္ထားမိသည္။

နီးကပ္လာသည့္ ေျခသံႏွင့္အညီ အေနာက္ဘက္ေက်ာျပင္တည့္တည့္မွာထိုင္ခ်လိုက္သည့္လူအရိပ္။ ေဂ်ာင္ဂု ေက်ာျပင္မတ္ခနဲျဖစ္သြားရ၏။ တစ္စုံတစ္ေယာက္ဟာ အမွန္တကယ္ ဒီအနားမွာ႐ွိေနခဲ့သည္။ စိတ္ထင္တာလို႔ေတြးလိုက္မိေပမယ့္_

အာ့လိုေတြးခဲ့ေပမယ့္_

ဆံပင္ေတြကို တယုတယျဖင့္သိမ္းဆည္းလာေပးသည့္လက္ႏွစ္ဖက္။ ထို႔ေနာက္ သေရကြင္းျဖင့္ တစ္ရစ္ျခင္းစိတ္႐ွည္လက္႐ွည္ ပတ္ေပးေနရင္း

"ဘယ္လို အိမ္႐ွင္ငမူးေလးပါလိမ့္၊ ‌ေမးတာလဲအဖတ္မလုပ္၊ ဆံပင္ပါအစစ္,စည္းေပးေနရေသးတယ္"

တသိမ့္သိမ့္အခုန္ျမန္လာတဲ့ရင္ဘတ္ေၾကာင့္ ေနာက္သို႔လွည့္မၾကည့္ႏိုင္။ အကယ္၍, တကယ္သာ အစ္ကိုမဟုတ္ခဲ့ရင္ က်ိန္းေသေပါက္ ဂြၽန္ေဂ်ာင္ဂု႐ူးသြားၿပီဟုသတ္မွတ္လို႔ရသည္။ မယုံၾကည္ႏိုင္ျခင္းမ်ားစြာျဖင့္လွည့္ၾကည့္တဲ့အခါ ၾကမ္းျပင္ေပၚမွာ ဒူးႏွစ္ဖက္ေလးေကြးၿပီးထိုင္ေနသည့္အစ္ကိုဟာ ျပဳံးျပလာခဲ့၏။

ကတုန္ကယင္ျဖင့္ လွမ္းေနသည့္ ေဂ်ာင္ဂုရဲ႕လက္ေတြဟာ ေ႐ွ႕ကိုမေရာက္ႏိုင္။ အိပ္မက္ထဲကလိုမ်ိဳး ထိေတြ႕လို႔မရရင္ဘယ္လိုလုပ္မလဲ။ အာ့လိုသာေပ်ာက္ကြယ္သြားမယ္ဆိုရင္ အၿမဲတမ္းထိုင္ၾကည့္ေနမွာ။ ထိလိုက္ရင္ အစ္ကိုကေပ်ာက္သြားမွာမလား အာ့ေတာ့ သူ႕ဘက္ကမထိရင္ျဖစ္တာပဲ။
ျပန္႐ုတ္ဖို႔ျပင္ေနသည့္ ေဂ်ာင္ဂု၏လက္ဖဝါးကို ဆတ္ခနဲဖမ္းဆုပ္ထားလိုက္သည့္ လက္တစ္ဖက္။

ထို႔ေနာက္ ပါးျပင္ႏုႏု၏အထိအေတြ႕အားခံစားလိုက္ရသည္။ ေဂ်ာင္ဂု၏လက္ဖဝါးကို သူ႕ပါးျပင္ဆီကပ္ေပးထားသည့္ထယ္ေယာင္း။

"ငါပါအခ်စ္ရယ္၊ အိပ္မက္မဟုတ္တဲ့ လူအစစ္ပါ"

ျပည့္လွ်ံလာသည့္ မ်က္ရည္စတို႔ျဖင့္ ခ်ာတိတ္ရဲ႕မ်က္ဝန္းအိမ္ေလးႏွစ္ဖက္ဟာ႐ႊဲ႐ႊဲစို။
သူေပ်ာ္ရင္ ကိုယ္ေပ်ာ္တယ္။ သူငိုရင္ ကိုယ္ပါငိုတယ္တဲ့။ အခ်စ္ဆိုတဲ့ အဓိပၸါယ္ဟာ႐ိုး႐ိုးေလးပါပဲ။ အမ်ားႀကီးမသိရင္ေတာင္ျဖစ္ပါတယ္။ ဒီလူသားနဲ႔ပတ္သက္ၿပီးထိလြယ္,႐ွလြယ္ျဖစ္တတ္လာတာေတြဟာ အခ်စ္ေၾကာင့္မဟုတ္လွ်င္ ဘယ္အရာမ်ား႐ွိပါအုန္းမလဲ။

"အစ္ကို...တကယ္ပဲ အစ္ကိုလားဟင္!"

"အင္း၊ မင္းကိုခ်စ္ေပးဖို႔ ေမြးဖြားလာတဲ့သူ"

ပခုံးစြန္းေလးႏွစ္ဖက္ကို တင္းတင္းဆုပ္ကိုင္ရင္း လြမ္းေမာခဲ့ရသည့္မ်က္ႏွာေလးကိုၾကည့္ေနမိသည္။ မ်က္ႏွာခ်င္းဆိုင္ အေနအထားမွာ ႏွစ္ဦးသားအၿပိဳင္အဆိုင္မ်က္ရည္ေတြက်ေနတာ။ ကိုယ္လုံးေလးကို ရင္ခြင္ထက္ၿပိဳလဲေစေတာ့အသာတၾကည္ပင္။ ခါးနားတစ္ဝိုက္မွာရစ္တြယ္လာသည့္ အစ္ကို႔ရဲ႕လက္ႏွစ္ဖက္။ ရင္ဘတ္ေပၚသို႔ ႏႈတ္ခမ္းေလးျဖင့္မထိတထိလုပ္ရင္း ၿငိမ္ခံေနသည္။ ဒီေလာက္ဆိုရင္ အိပ္မက္မဟုတ္သလို သူ႐ူးေနခဲ့တာလဲမဟုတ္ဘူး။

"အစ္ကို..."

"ဟင္"

ရင္ခြင္ထဲမွ မဆိုင္းမတြပင္ျပန္ေျဖလာေလသည့္အသံခပ္ဩဩေလးဟာ ေဂ်ာင္ဂုရင္ထဲၾကည္ႏူးျခင္းေတြအတိုင္းအဆမ႐ွိေပၚေပါက္လာေစသည္။

"ဘယ္လိုျဖစ္ရတာလဲ ဒါေတြက၊ ဘယ္လိုလုပ္ၿပီး ဒီကို.."

ေမးခြန္းေတြလာေတာ့မည့္ ေဂ်ာင္ဂု၏ႏႈတ္ခမ္းပါးေပၚသို႔ထိကပ္လိုက္သည့္ လက္ညိႇဳးခပ္သြယ္သြယ္။

"ဒါေတြကေနာက္မွ၊ ခုေလာေလာဆယ္ အမူးေျပအခ်ိဳရည္ဝယ္လာတယ္ ေသာက္လိုက္ေနာ္"

ေဘးသို႔ၾကည့္ေတာ့ ႂကြပ္ႂကြပ္အိတ္အမဲေရာင္ထုပ္ေလး။

အစ္ကိုေပးတဲ့ အမူးေျပအခ်ိဳရည္ကိုေသာက္ၿပီးစဥ္ အနည္းငယ္ေတာ့ ေနရထိုင္ရပိုအဆင္ေျပသြားသည္။

"မ်က္ႏွာသစ္လိုက္ ၿပီးရင္ စြပ္ျပဳတ္လာေသာက္၊ ျပင္ေပးထားမယ္"

"စြပ္ျပဳတ္ဆိုတာ?"

"ထြက္ဝယ္ရတာေပါ့၊ မေန႔ညက ပြစာက်ဲေနတဲ့အမိႈက္ေတြသိမ္းက်ံဳးၿပီးသြားပစ္ရင္း လမ္းမွာတစ္ခါတည္းဝယ္လာတာ"

အသံစာစာေလးဟာ ႐ႊင္လန္းေနေပမယ့္ ေဂ်ာင္ဂုစိတ္ထဲ ကိုယ့္ဘာသာကိုယ္အျပစ္တင္ေနမိသည္။ လူမွန္းသူမွန္းမသိေလာက္ေအာင္ ေသာက္ခဲ့မိလို႔ အစ္ကို အလုပ္မ်ားရၿပီ။

"ေတာင္းပန္တယ္ေနာ္၊ တစ္ေယာက္တည္းပင္ပန္းသြားတယ္မလား"

"ပင္ပန္းတယ္၊ ေနာက္ဆိုအာ့လိုမေသာက္နဲ႔"

"အင္း ကြၽန္ေတာ္မေသာက္ေတာ့ပါဘူး"

ခ်စ္သူႏႈတ္ဖ်ားဆီမွ ထြက္က်လာသည့္စကားလုံးတိုင္းကို အလိုအေလ်ာက္နာခံရန္အတြက္အသင့္႐ွိေနခဲ့၏။ စားပြဲခုံအပုေလးေပၚမွာ အေငြ႕တေထာင္းေထာင္းထေနတဲ့စြပ္ျပဳတ္ပန္းကန္ေလးအား တင္ထားရင္း ၾကမ္းျပင္ေပၚ၌ ငုတ္တုပ္ထိုင္ေနသည့္အစ္ကို။ ညီးစီစီျဖစ္ေနတဲ့ ခႏၶာကိုယ္ေၾကာင့္ လန္းဆန္းသြားေအာင္ ေခါင္းမွေရေလာင္းခ်၍ထြက္လာခဲ့သည္။

ေ႐ႊဝါေရာင္ဆံႏြယ္ေတြဆီမွ ၾကမ္းျပင္ေပၚသို႔တေတာက္ေတာက္က်ေနသည့္ေရစက္ေတြျမင္တဲ့အခါ ထယ္ေယာင္း၏မ်က္ခုံးတန္းေလးမ်ား တြန္႔ခ်ိဳးသြားရရင္း

"ေခါင္းကို ေျပာင္ေအာင္မသုတ္ျပန္ဘူးလား၊ မင္းဟာေလ တကယ္ပါပဲ ကေလးက်,ေနေရာ ဒီမွာလာထိုင္ သုတ္ေပးမယ္"

သူ႕ေ႐ွ႕မွ ေနရာလြတ္ဆီ လက္ျဖင့္ပုတ္ျပရင္း ႏႈတ္ခမ္းေလးက စကားတစ္ခြန္းဆိုလိုက္တိုင္း လုံးခနဲျဖစ္ျဖစ္သြားသည္။ သဘတ္အျဖဴကို ေခါင္းေပၚတင္လ်က္ အစ္ကို႔ရဲ႕ ေ႐ွ႕မွာဝင္ထိုင္လိုက္၏။

"အစ္ကို.."

"အင္း"

တဗ်င္းဗ်င္းသုတ္ေပးေနတဲ့ ထယ္ေယာင္းရဲ႕လက္ေလးေတြမွာ တအားအလုပ္မ်ားေနသည္။ ‌ေခါင္းေလွ်ာ္တိုင္း ဘယ္ေတာ့မွေရစင္ေအာင္မသုတ္တတ္သည့္ ဒီေကာင္ေလးကိုဘယ္လိုလုပ္ရမွန္းေတာင္မသိဘူး။ အာ့သေလာက္ပ်င္းေနရင္ ကတုံးတုံးထားလို႔ေျပာခ်င္ေပမယ့္ တကယ့္လက္ေတြ႕မွာ ကြၽန္ေတာ္ဟာစိတ္႐ွည္လက္႐ွည္နဲ႔အၿမဲသုတ္ေပးေလ့႐ွိသည္။ ခ်ာတိတ္ရဲ႕ ဆံပင္ေတြအား ကိုယ္တိုင္သုတ္ေပးရတာကိုႏွစ္သက္သည္။

"အလည္လာတာလား"

ေဂ်ာင္ဂု၏စကားေၾကာင့္ လႈပ္႐ွားေနေသာထယ္ေယာင္း၏ လက္ေလးႏွစ္ဖက္ဟာရပ္တန္႔သြားရပါလွ်င္

.

.

"အၿပီးေနခ်င္တယ္ ဆိုရင္ေရာ"


Ariak
To be continued_
A/N အမွန္ဆို ဒီအပိုင္းဟာ Final ျဖစ္သြားရမွာပါ။
ဒါေပမယ့္ ၾကားထဲရက္ကလွမ္းေနၿပီမို႔ ၿပီးသေလာက္ေလးတင္ေပးတာပါေနာ္၊ ေရးလက္စကိုတစ္ဝက္ျဖတ္ထားတာမလို႔ အေခ်ာသတ္ၿပီးရင္ ဇာတ္သိမ္းလာပါမယ္။

Continue Reading

You'll Also Like

Fake love By :)

Fanfiction

103K 2.4K 39
When your PR team tells you that we have to date a girl on the UCONN women basketball team and you can't say no to it... At first you don't think too...
901K 41.4K 175
𝒊𝒏 𝒘𝒉𝒊𝒄𝒉 the boy who lived falls for the girl who had no one
235K 5.8K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
131K 4.8K 87
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...