𝖲𝗍𝖺𝗋-π–’π—‹π—ˆπ—Œπ—Œπ–Ύπ–½ π–«π—ˆοΏ½...

By --Alcohol--

11.6K 1.6K 191

β€’GyuJin = Vega and Altair β€’ More

β€’1β€’
β€’2β€’
β€’3β€’
β€’4β€’
β€’5β€’
β€’6β€’
β€’7β€’
β€’9β€’
β€’10β€’
β€’11β€’
β€’12β€’
β€’13β€’
β€’14β€’
β€’15β€’
β€’16β€’
β€’17β€’
β€’18β€’
β€’19β€’
β€’20β€’

β€’8β€’

412 76 3
By --Alcohol--



*ဒေါက် ဒေါက် ဒေါက်*

စာကိုအာရုံစိုက်ပြီးတွက်နေတဲ့ ယူဂျင်းက နားကြပ်တပ်ထားတော့ အသိပေးရုံ စားပွဲကို သုံးချက်လောက်ဆင့်ခေါက်လောက်တော့ မျက်လုံးရွဲရွဲကြီးတွေနဲ့ မော့ကြည့်လာတော့ ဂယူဘင်းရင်ထဲ ဒိန်းကနဲ ဆောင့်တက်သွားရသည်။

ဒီနေ့အတွက် စာကိုကျောင်းနားက ကော်ဖီဆိုင်မှာ ချိန်းထားတာက ဂယူဘင်းဖြစ်ပေမဲ့ အရင်ဆုံးရောက်လာတဲ့သူက ဟန်ယူဂျင်းဖြစ်နေတော့ ဂယူဘင်းအားတော့နာသွားရတယ်။ ဂယူဘင်းမှာ နောက်ကျရတဲ့ အကြောင်းပြချက်ရှိပါ၏။ ဒီနေ့မှာလဲ အစ်ကိုဂျီအွန်းရဲ့ အခန်းထဲ တိတ်တိတ်လေးခိုးဝင်ပြီး အကောင်းစား ရေမွှေး လေး၊ငါးပုလင်းကို ပေါင်းစွတ်လာခဲ့ရတာ။

ဂယူဘင်းက ယူဂျင်းဘေးနားမှာ ဝင်တိုးထိုင်တော့ ယူဂျင်းက သူ့နားထဲမှာ ထည့်ထားတဲ့နားကြပ်ကိုဖြုတ်ရင်း မကျေနပ်တဲ့လေသံနဲ့ပြောလိုက်သည်။

"ရှေ့မှာထိုင်လေ ဒီမှာကျပ်တာကို"

"ဘေးမှာကပ်ထိုင်မှ မင်းစာပြတာ သေချာမြင်ရမှာပေါ့ကွ"

"ဘယ်မှာလဲ အိမ်စာ.."

ယူဂျင်းက လက်ဖြန့်ကာ အိမ်စာတောင်းတော့ ဂယူဘင်းက ဟက်ကနဲ အသံထွက်တဲ့အထိ ရယ်မိတယ်။

"မင်းဟာလေ..ဇွတ်..."

"မြန်မြန်..အချိန်မရှိဘူး..စာစစ်ပြီးရင် နောက်တစ်ခန်းသွားကြမယ်"

အနည်းငယ်လောနေတဲ့ပုံပေါက်တဲ့ ယူဂျင်းကြောင့် ဂယူဘင်းတောင် ကြောင်တောင်တောင်လေးဖြစ်သွားရသေးသည်။

တကယ်တော့ ယူဂျင်းမှာ ဒီနေ့မှာ သွားစရာရှိတာကြောင့် လောနေခြင်း။

"ဟာ..မအိပ်ငိုက်နဲ့လေ.."

ယူဂျင်းက စာကိုအာရုံစိုက်ကာရှင်းပြနေတုန်း မှာ ဂယူဘင်းရဲ့ခေါင်းက ဆန့်ကျင့်ဘက်ကိုယိုင်သွားတာကြောင့် ယူဂျင်းက ဂယူဘင်းရဲ့ ပုခုံးပေါ်က အင်္ကျီစကိုပြန်ဆွဲထားရတယ်။ အဲ့တော့မှ ဂယူဘင်းရဲ့မျက်လုံးက မပွင့်တစ်ပွင့်နဲ့ ယူဂျင်းကို ပြန်ကြည့်နေတာကြောင့် ယူဂျင်းစိတ်ညစ်သွားရတယ်။

ဒီအစ်ကိုကြီးကတော့လေ...ကော်ဖီသောက်ပြီးလာအိပ်ငိုက်နေတယ်!

"စိတ်ညစ်တယ်..အစ အဆုံးရှင်းပြရတော့မယ်.."

ဂယူဂျင်းက ခိုလေးလို တစ်အီအီ ညည်းမိတော့တာပဲ။

မျက်လုံးကမှေးပြီးအိပ်ငိုက်နေပေမဲ့ နားမငိုက်နေတဲ့ ဂယူဘင်းက ယူဂျင်းရဲ့ ညည်းညူသံကိုကြားတော့ နူတ်ခမ်းကတော့ ပြုံးမိပါရဲ့။

စားပွဲပေါ် မေးထောက်ပြီး ယူဂျင်းဘက်လှည့်ကာ မျက်လုံးမှေးစင်းကာ ထပ်အိပ်ဖို့ကြံနေတဲ့ ဂယူဘင်းကြောင့် ယူဂျင်း သက်ပြင်းအကြီးကြီးချမိတော့တာပဲ။

"သက်ပြင်းမချနဲ့ အသက်တိုလိမ့်မယ်"

မှေးနေရင်း သူ့ကိုဆရာပြန်လုပ်နေတဲ့ ယယူဘင်းကို ယူဂျင်း ပိတ်ရိုက်ချင်မိပါသည်။ ဒါပေမဲ့ ထိုအစား မျက်လုံးလေးကို သာလှန်တင်လိုက်ရပြီး ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်သည်။

"ကောင်းပြီလေ..ဆယ့်ငါးမိနစ် ပေးအိပ်မယ်..နိုးတာနဲ့ထရမှာနော်"

ယူဂျင်းက ဘောပင်ကို အသုံးပြုပြီး ဂယူဘင်းရဲ့ ပုခုံးကို ထိုးကာပြောပေမဲ့ ဂယူဘင်းဆီကာ စကားသံပြန်မထွက်လာတော့ပါ။ ထို့ကြောင့် ယူဂျင်းလဲ ဂယူဘင်းကို ခဏလျစ်လျူရှုပြီး ကိုယ့်စာကိုယ်သာ တွက်ဖို့ ကြံရွယ်စဉ်မှာပဲ ထူးထူးဆန်းဆန်း ဒီနေ့မှ ဂယူဘင်းက ယူဂျင်းရဲ့မျက်လုံးထဲမှာ အရင်နေ့တွေကထက် ပိုကြည့်ကောင်းနေသလားလို့။

လည်ထောင့်ကနေ သင်းပျံ့လာတဲ့ ရေမွှေးနံ့က မွှန်ထွန်နေပေမဲ့လို့ ဒီအစ်ကိုကြီး ဘယ်သူ့ကို မြူဖို့စွတ်လာရသလဲလို့ တွေးမိသေးတယ်။ဒါပေမဲ့ ဂယူဘင်းရဲ့ ဒီနေ့အချိန်ဇယားအရ ယူဂျင်းနဲ့တွေ့ဖို့အပြင် အခြားမရှိပါ။

မျက်နှာခပ်သေးသေးက တကယ့်ကလေးလေးမျက်နှာ။
အရပ်သာရှည်မနေရင် ဒီအစ်ကိုကြီးက သူ့ထက်ငယ်တဲ့ပုံပေါက်နေမလားတောင် မပြောတတ်တော့ပါ။

ယူဂျင်းစာရှင်းပြပြီဆိုရင် အလိုလိုစင်းကျလာတဲ့ မျက်ခွံလေးတွေကလဲ ယူဂျင်းစကားနားမထောင်။နှစ်ခေါက်လောက်ရှင်းပြတာတောင် နားမလည်လို့ ယူဂျင်းက ထအော်မိတဲ့အခါ ပြူးကြောင်ကြောင်လေးနဲ့ အပြစ်ကင်းစင်တဲ့ ကလေးတစ်ယောက်လိုမျက်ဝန်းမျိုးနဲ့ ကြည့်တတ်သေးတဲ့ ဒီအစ်ကိုကြီးက တကယ်ပါပဲနော်...ဘာဖြစ်ချင်လို့ဖြစ်နေမှန်းမသိ။

ဆေးလိပ်တစ်ခုကိုအကြောင်းပြပြီး အော်ငေါက်ပြီး စာလာသင်ခိုင်းရတယ်လို့။ ဒီတိုင်း စာလာသင်ခိုင်းလို့လဲ ရနေတာပဲကို..တော်တော် အတတ်ဆန်းတာပဲ။

ကျောင်းလာရင်ပဲကလဲများတတ်သေး။ အခန်းထဲဝင်လာလို့ ယူဂျင်းဘေးနားကိုဖြတ်သွားရင် ရေမွှေးနံ့က တစ်ထောင်းထောင်း။

မတော်တဆ ယူဂျင်းက နောက်လှည့်ကြည့်လို့ ဂယူဘင်းနဲ့ အကြည့်ချင်းဆုံမိလိုက်တိုင်းမှာ ဂယူဘင်းက ယူဂျင်းကို မေးထောက်ကြည့်နေတယ်လို့ခံစားရသည်။ တစ်ခါတစ်လေ ယူဂျင်းကျောတောင်မလုံချင်ပါ။

အခုလဲ အပြစ်ကင်းသလိုအိပ်နေတဲ့ ဂယူဘင်းက အခုလိုအိပ်ငိုက်နေရတဲ့အကြောင်းအရင်းက ညတုန်းက ဘောလုံးပွဲ ထကြည့်တာပဲဖြစ်ရမယ်လို့ ယူဂျင်းက ကောက်ချက်ချလိုက်မိတော့သည်။

မျက်ခွံပေါ်မှာ တစ်ဝေ့ဝေ့ကျနေတဲ့ ဂယူဘင်းရဲ့ ကော်ဖီရောင်ရှေ့ဆံပင်တွေကို ဖယ်ပေးဖို့ ယူဂျင်းရဲ့လက်ချောင်းတွေဟာ တစ်ရွေ့ရွေ့။

ရယ်လိုက်ရင် မှေးကျသွားတဲ့ မျက်လုံးတွေကို အလွတ်ရနေမိပြီ။ အချွဲသန်တဲ့ ပါပီတစ်ယောက်လိုပုံစံမျိုးက ဂယူဘင်းဆီမှာ ဖြာထွက်နေတာကို ယူဂျင်း ကောင်းစွာ ခံစားမိတယ်။

အနီးကပ်သေချာကြည့်မှ...ဒီအစ်ကိုကြီးက အရမ်းချောတာပဲ...

ဖြတ်ကနဲ ပွင့်လာတဲ့ မျက်လုံးကြောင့် ယူဂျင်းရဲ့လက်ဟာ တုန်ရီသွားရသလို နှလုံးခုန်နူန်းက သူခိုးလူမိသလို ခံစားသွားရတာကြောင့် အခုန်မြန်လာရသည်။

အိုးတိုးအန်းတန်းဖြစ်နေတဲ့ ဂယူဂျင်းဟာ ချွေးစို့ချင်သလိုဖြစ်လာရသလို ၊မျက်လုံးအကြည့်တွေက တောင်ပို့ မြောက်ပို့။

"ဆယ့်ငါးမိနစ်ပြည့်ပြီ..ထတော့.."

အသံကိုလဲ အတတ်နိုင်ဆုံး မတုန်မိသလို ထိန်းပြောရင်း ဂယူဘင်းကို မျက်ထောင့်ကနေ ခိုးကြည့်မိလိုက်သည်။

"အွန်း..ထပြီ.."

မလုံမလဲဖြစ်နေတဲ့ ယူဂျင်းရဲ့ ပါးနှစ်ဖက်ဟာလဲ ပန်းရောင်ဘက်ကို ကူးပြောင်းလာနေတာကြောင့် ဂယူဘင်းက မျက်လုံးပြူးသွားရသည်။

ကော်ဖီဆိုင်မှာ မှေးထောက်အိပ်ပျော်သွားရလို့ ဇက်ကြောနာဖို့တောင် မေ့သွားရတဲ့ ဂယူဘင်းက ယူဂျင်းရဲ့ ပါးနှစ်ဖက်ကို အုပ်ကိုင်လာတာကြောင့် ယူဂျင်းက အနောက်ကို ရွံ့ဆုတ် သွားမိတယ်။

"နေမကောင်းဘူးလား"

"ကောင်းပါတယ်..ဖယ်..ဖယ် ပူတယ်"

ယူဂျင်းက သူ့ပါးနှစ်ပေါ်က ဂယူဘင်းရဲ့ လက်ကြီးကြီးတွေကို အသာအယာ ဖယ်ထုတ်လိုက််တော့

"နေမကောင်းရင်ပြောနော် ဒီအစ်ကိုကြီးက စိတ်ပူလို့ပါ"

ထိုအခါယူဂျင်းက ဂယူဘင်းကိုပြန်လဲမဖြေ၊လှည့်လဲမကြည့်တော့ပဲ စာအုပ်ကိုသာအာရုံစိုက်နေဟန် ခေါင်းကိုသာ အသာငြိမ့်ပြလိုက်ပါတော့သည်။


•Star-Crossed Lovers•

[ယူဂျင်း ဒီပိတ်ရက်အားလား..အိုပါးတို့ မုန့်သွားစားကြရအောင်]

အိပ်ဖို့ပြင်ဆင်နေတုန်းမှာ တစ်တောင်တောင်မြည်နေတဲ့ဖုန်းကြောင့် ဘေးကုတင်က ယူဂျင်းရဲ့ အစ်ကို ထယ်ဆန်းကတောင် လှည့်ကြည့်နေပြီ။

စာဝင်ဖတ်လိုက်တော့ ဟိုအစ်ကိုကြီး!

မုန့်သွားစားဖို့ခေါ်တာဆိုတော့ အရေးမကြီးဘူးဆိုတာ
ကြောင့် ငြင်းဖို့ စာရိုက်ရုံပဲရှိသေးတယ် ထပ်ရောက်လာတဲ့စာက

[စာမေးပွဲဖြေပြီးပြီလေ ငြင်းဖို့ မကြံနဲ့နော် ယူဂျင်းလေး၊ဒီအိုပါးက မင့်ကို ကျေးဇူးတင်လို့ လိုက်ဝယ်ကျွေးမှာ]

လက်ခံလိုက်ရမလားလို့ တွေးနေတုန်းမှာပဲ လက်က မြန်ဆန်စွာ 'အင်း လိုက်မယ်' ဆိုတဲ့ စာက ရိုက်ပြီးလို့ ပို့တောင် ပို့နှင့်ပြီးနေပြီ။

ထိုအခါ ဂယူဘင်းဘက်က ယူဂျင်းရဲ့စာကို အသဲပေးပြီး အာဘွားပေးတဲ့ စတစ်ကာပြန်ပို့တာကြောင့် ယူဂျင်းလန့်သွားရသည်။

ဒီစတစ်ကာ အဓိပ္ပာယ်က ဘာကြီးလဲ..ကျောချမ်းစရာကောင်းမနေဘူးလား။

အဲ့ဒါကို ယူဂျင်းက ဘယ်လိုရီပလိုင်းပြန်ရမှာလဲ။
ဒီအတိုင်းထားလိုက်ရမလား..အကြီးတစ်ယောက်ပို့ထားတဲ့စာကို ရီပလိုင်းမပြန်လို့ ရိုင်းတာမျိုးစတဲ့ အဓိပ္ပာယ်တော့မဖြစ်ဘူးမလား။

အတွေးများသွားရတဲ့ ယူဂျင်းက ဆူပုတ်ပုတ်လေးဖြစ်သွားပြီး ခေါင်းကုတ်ရင်း ဖုန်းကိုသာပိတ်ချလိုက်တော့တယ်။

တစ်ဖက်မှာတော့ ဂယူဘင်းက စာရိုက်နေတဲ့ အစက်သုံးစက်က တော်တော်ကြာအောင်ခုန်ပေါက်နေတာမို့လို့ စိတ်တော်တော်လှုပ်ရှားနေတာ။ ဒါပေမဲ့ ထိုအစက်သုံးစက်ဟာ ထပ်မပေါ်လာတော့ပဲ ပျောက်သွားသည့်အပြင် ယူဂျင်းရဲ့active nowလေးဟာလဲ ပျောက်သွားပြီ။

ဂယူဘင်းက မကျေနပ်သလို နူတ်ခမ်းလေးက်ို ထော်မိသွား၏။

"ဒီကလေးကတော့လေ..."

မနက်ကဖြေခဲ့တဲ့ စာမေးပွဲက ဂယူဘင်း တစ်သက်မှာ အဖြေနိုင်ဆုံးစာမေးပွဲလို့ပြောလို့ရသည်။

မနက်ဖြန်ကျရင် ယူဂျင်းနဲ့ တစ်နေကုန်လျှောက်လည်ပစ်မည်ဟုကြုံးဝါးထားတာကြောင့် မေမေတ်ို့ဆီကနေတောင် မုန့်ဖိုးတောင်းထားပြီးသား။

မေမေတို့ကတောင်ပြောသေးတယ် 'အဲ့ကလေးကို အရသာရှိတာဝယ်ကျွေးလိုက်တဲ့'လေ။

ချိန်းထားတဲ့နေရာကို ထုံးစံအတိုင်း ယူဂျင်းက အရင်ရောက်နေတတ်တာဟာ အကျင့်တစ်ခုလိုတောင်ဖြစ်နေပြီ။ နောက်ကျမှရောက်လာတဲ့ ဂယူဘင်းက လက်လှမ်းပြပြီး ရပ်စောင့်နေတဲ့ ယူဂျင်းဆီ အပြေးရောက်လာတယ်။

"စောင့်နေရတာကြာပြီလား"

"ကြာပြီ"

"ဆောတီးပါ..မင့် အိုပါးက အိပ်ရာထနောက်ကျသွားလို့"

"ထင်သားပဲ ဘယ်တော့မှ အချိန်ကို မလေးစားဘူး"

ယူဂျင်းက နှာခေါင်းလေးရှုံ့ကာပြောလိုက်သည်။ ဒီယနေ့ရာသီဥတုက ချမ်းစိမ့်စိမ့်ဖြစ်နေတာကြောင့် နှစ်ယောက်လုံးဟာ ကုတ်အရှည်ကိုဝတ်ထားပြီး စကားတစ်ခွန်းပြောလိုက်တိုင်း ပါးစပ်ထဲကနေ အငွေ့ထွက်တဲ့အထိ ကို အေးရပါသည်။

အေးစိမ့်လွန်းတဲ့ ဒဏ်ကြောင့် ယူဂျင်းရဲ့ နားနှစ်ဖက်ဟာ နီရဲနေပြီး လက်နှစ်ဖက်လုံးဟာလဲ သေချာပေါက် အနွေးဓာတ်ကိုလိုအပ်နေလိမ့်မည်။

ဂယူဘင်းက သူ့လည်ပင်းမှာ ပတ်ထားတဲ့ ပန်းနုရောင် မာဖလာကို ဖြေချလိုက်ပြီး ယူဂျင်းဆီကို ခြေလှမ်းတစ်လှမ်းတ်ိုးသွားလိုက်တယ်။

အနားကပ်လာတဲ့ ဂယူဘင်းကြောင့် ယူဂျင်းရဲ့ ဘယ်ဘက်အတွင်းကလီစာတစ်စုံဟာ မူမမှန်ချင်ပါ။ ပြီးနောက် ထိုအစ်ကိုကြီးဟာ ယူဂျင်းရဲ့ လည်ပင်းကိုသိုင်းပြီး သူ့အပိုင် မာဖလာကို သေချာဝတ်ပေးနေတယ်။ အခုဟာဆိုရင် ယူဂျင်းက ဂယူဘင်းရဲ့ ရေမွှေးနံ့ကို ထိုမာဖလာကနေတစ်ဆင့် ရှိုက်ရှူမိသည်။

လေတစ်ချက်ဝေ့တိုင်း ဝေ့ဝဲသွားတဲ့ ယူဂျင်းရဲ့ အနည်းငယ်ရှည်နေပြီဖြစ်တဲ့ ယူဂျင်းရဲ့ဆံပင်တွေကို ဂယူဘင်းက သေချာသပ်တင်ပေးရှာတော့ ယူဂျင်းက မျက်လွှာကိုအသာချထားမိတယ်။

"အရမ်းအေးနေတော့ ဟော့ပေါ့သွားစားကြမလား"

ဂယူဘင်းရဲ့အမေးကို ယူဂျင်းက ခေါင်းအသာငြိမ့်ပြသည်။ ပြီးတော့ ဂယူဘင်းက ယူဂျင်းကို ရင်တုန်အောင်လိုက်သေးသည်။

ကုတ်အင်္ကျီအောက်မှာ နစ်မြှုပ်နေတဲ့ ယူဂျင်းရဲ့ လက်တွေကို ဂယူဘင်းရဲ့လက်ကြီးတွေတွေက လာအုပ်ကိုင်သောအခါ ယူဂျင်းရဲ့လက်ဟာ ထိုအစ်က်ိုကြီးလက်ထဲမှာ နစ်မြှုပ်သွားရတယ်။

အလန့်တစ်ကြား ပြူးကြောင်ကြောင်ကြည့်မိတဲ့အခါ ဂယူဘင်းက ဖြေရှင်းချက်ပေးလာသည်။

"ဒီအစ်ကိုကြီးက မင်းကို နွေးအောင် မာဖလာချွတ်ပေးထားရတာ၊ လက်လေးတော့ ပေးကိုင်မှာပေါ့" တဲ့။

ထိုဖြေရှင်းချက်ဟာ ယုတ္တိချက်ရှိတာကြောင့် ယူဂျင်းမငြင်းမိပါ။

ဟော့ပေါ့ဆိုင်ရဲ့ ထောင့်ကျနေရာကို ရွေးမိတဲ့ အကြောင်းအရင်းက နွေးချင်လို့။

မာလာဟင်းရည်ငွေ့တွေ တစ်လိမ့်လိမ့်တက်နေတာကို ယူဂျင်းက အဲ့အငွေ့ပေါ်မှာ လက်လေးခံရင်း နွေးအောင်လုပ်နေတာကြောင့် ဂယူဘင်းက သဘောတစ်ကျရယ်သည်။

"အရမ်းအေးနေတာလား"

"အွန်း..."

"ဟော့ပေါ့စားလိုက်ရင် ချွေးပျံသွားလိမ့်မယ်"

"သိတယ်..."

ပွက်ပွက်ဆူလာတဲ့ဟင်းရည်ထဲကို အသားတွေကို ထည့်နေတဲ့ ယူဂျင်းက အစိမ်းရောင်ပါတဲ့အရွက်တွေကိုမကြိုက်ပါ။

ဒါကိုသတိထားမိတဲ့ ဂယူဘင်းက စားပွဲထိုးကိုလှမ်းခေါ်ပြီး အသားပန်းကန်တွေထပ်ချပေးဖို့မှာလိုက်တယ်။

ဟင်းရည်က စပ်နေတာကြောင့် ယူဂျင်းရဲ့ နှာထိပ်ဟာ နီရဲလာရသည်။

ဂယူဘင်းထုတ်ပေးတဲ့ တစ်ရှူးကို ယူဂျင်းက အသာလှမ်းယူတယ်။ ဟော့ပေါ့စားနေတုန်းမို့လို့ ဟင်းရည်တွေ ဖိတ်စင်မှာစိုးတာကြောင့် ချွတ်ထားရတဲ့ ပန်းနုရောင် မာဖလာဟာလဲ တစ်ဖက်ဘေးခုံပေါ်မှာ။

"ဟို..ပြောစရာရှိတယ်.."

ယူဂျင်းက စားလက်စကနေ တူကိုခဏချထားတော့ ဂယူဘင်းသည်လည်း ယူဂျင်းပြောလာမှာကို နားထောင်ပေးဖို့ အသင့်ပြင်လိုက်တယ်။

"ကျောင်းမှာ...ဘောလုံးပြိုင်ပွဲမှာ ပါမယ်ဆိုတာလေ.."

"အင်း.."

"မပါလို့မရဘူးလား"

"ဘာလို့လဲ.."

"ဟာ ဘာလို့ရမှာလဲ..အစ်ကိုဘောလုံးပြိုင်လို့ စာကိုအာရုံမစိုက်နိုင်ရင် ဘယ်လိုလုပ်မလဲ၊ပြီးတော့ မတော်လို့ ထိခိုက်မိတာတွေရှိရင် စာကိုပိုလို့တောင် အာရုံမစိုက်နိုင်ဖြစ်ဦးမယ်..အစ်ကိုပြောတော့ ဒီနှစ်အောင်ချင်တယ်ဆို..."

"အော..."

ဆူပုတ်ပုတ်ဖြစ်သွားရတဲ့ ဂယူဘင်းကြောင့် ယူဂျင်းက သက်ပြင်းခိုးချမိသည်။

"ဝင်စွက်ဖက်တာမျိုးမဟုတ်ပေမဲ့ အစ်ကိုဘောလုံးကန်ရတာ ကြိုက်မှန်းသိပါတယ်၊ ဒါမဲ့ ဒီတစ်နှစ်တော့ အောင့်ထားလိုက်ပါ..ဘောလုံးက အချိန်မရွေးကစားလို့ရတာပဲကို"

"ပြန်စဉ်းစားလိုက်မယ်"

"အဲ့အစား....အဲ့..အစား ကျွန်တော်ဝင်ပြိုင်ပေးမယ်"

ဟင်!!! ဂယူဘင်းအခု နားကြားမှားလိုက်သလား။ ယူဂျင်းရဲ့ မျက်ဝန်းတွေကို စစ်ဆေးမိတော့ အခိုင်အမာပြောနေမှန်း ဂယူဘင်းသိလိုက်ရတယ်။

"အစ်ကိုပြိုင်ချင်တဲ့ ကျောင်းဘောလုံးပြိုင်ပွဲ ကျွန်တော်က အစားဝင်ပြိုင်ပေးပါ့မယ်..နိုင်စေရမယ်လို့လဲ ဂတိပေးတယ်၊ အဲ့အစား အစ်ကိုက စာပြန်လုပ်ပေး..."


•Star-Crossed Lovers•


ပိုက်ဆံရှင်းခါနီးမှာ ကဒ်ထိုးပေးဖို့လုပ်တဲ့ ဂယူဘင်းရဲ့လက်ကို ယူဂျင်းကတားလိုက်သည်။

"ကျွန်တော်လဲ တစ်ဝက်ပေးမယ်"

"ဟင်..မင်းပေးစရာမလိုဘူးလေ..အိုပါးဝယ်ကျွေးမယ်ပြောထားတာကို"

ဂယူဘင်း သူ့ကိုယ်သူ သုံးနူန်းလိုက်တဲ့ အသုံးအနူန်းကြောင့် ကောင်တာက စာရင်းကိုင် မိန်းကလေးက မျက်လုံးပြူးသွားပေမဲ့ ဂယူဘင်းဂရုမစိုက်ပါ။

"အော..အားနာလို့ပါ..အဲ့ဒါကြောင့် ကျွန်တော်လဲတစ်ဝက်ပေးမယ်လို့"

ဒါပေမဲ့ ဂယူဘင်းက ယူဂျင်းပြောတာကို နားမထောင်ပဲ ကောင်တာက မိန်းကလေးကိုသာကဒ်ထိုးပေးလိုက်သည်။

ယူဂျင်းက သူ့ရဲ့နူတ်ခမ်းတွေကို တစ်တိတိကိုက်လိုက်မိတယ်။

ဆိုင်ကအထွက် ဂယူဘင်းက ယူဂျင်းဘက်ကိုလှည့်ကာ

"မင်းက ဒီအစ်ကိုကြီးကို အားနာတယ်ပေါ့"

"အွန်းလေ..အကောင်းစားဆိုင်မှာလာစားပြီးတော့ ဝယ်ကျွေးတာမျိုးကျ မနေတတ်ဘူး..အာ့ကြောင့် တစ်ဝက်ပေးမယ်ပြောတာ"

"အောဟော်..ဒီအိုပါးက ညကတည်းကပြောထားတယ်လေ ဝယ်ကျွေးပါ့မယ်လို့လေ"

"....."

"ကဲ...ဒါဆို..ဒီလိုလုပ်"

"ဘယ်လိုလုပ်ရမှာလဲ"

သမင်မျက်လုံးထဲမှာ အမေး မေးခွန်းတွေ တန်းဆီနေတော့တာပဲ ဟမ့်!

"အိုပါးက မင်းကို အာဘွားပေးချင်လို့"

"ဟင်..."

လေလိုအရှိန်နဲ့ ယူဂျင်းရဲ့ ပါးနားကို ကပ်လာတဲ့ ဂယူဘင်းက ထပ်ပြောသည်။

"ချစ်ရင် အာဘွားပေးတာကိုလက်ခံပေး.."



#23.11.23
A:N/ ပျင်းဖို့တော့ ကောင်းမနေပါဘူးနော်? ^^

Continue Reading

You'll Also Like

50K 1K 20
Izuku midoriya was born and raised by the league of villains (l.o.v.) with his boyfriend and best friends. This is the story of how everything happen...
15.5K 535 19
-Juuzou Suzuya X Reader- (Y/n) (L/n), a young ghoul investigator who graduated at the top of her class is assigned to be partners with Shinohara unti...
1.1M 37.2K 63
π’π“π€π‘π†πˆπ‘π‹ ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 π–π‡πˆπ‚π‡ jude bellingham finally manages to shoot...
5.9K 705 5
Kim Gyuvin once said: "" I looked at Yujinnie 58000 times ""