ဒီအချစ်ကြောင့်ရူး(Completed)

By MelMoRii

300K 43.2K 2K

စာရေးသူ :西子绪 Genre : Rebirth,drama,Yaoi,Moderm မူပိုင်ခွင့်သည် စာရေးသူနှင့်သာသက်ဆိုင်ပါသည်။ အင်္ဂလိပ်ဘာသာပြန်... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
ကျေးဇူးတင်လွှာ ❤️

Chapter 65

2.6K 427 8
By MelMoRii

Unicode


အချိန်နာရီသည်ကား တရွေ့ရွေ့ကုန်ဆုံးနေလျက်။

လုကျန့်ဖေး နိုးလာချိန်ဝယ် သူ့ဘေးတစ်ဖက်က ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူက ရှုပ်ပွနေသည့် ဆံပင်များကို တစ်ချက်ထိုးဖွကာ ကုတင်ပေါ်မှ ထ၍ အပေါ်ဝတ်အင်္ကျီတစ်ထည် ဆွဲဝတ်ရင်း လသာဆောင်သို့ လှမ်းသွားလိုက်သည်။

ချန်ချန်းချင်းက လသာဆောင်မှာ အမှန်တကယ့်ကို ဆေးလိပ်သောက်နေခဲ့၏။ သူက အပေါ်ဝတ်အင်္ကျီမဝတ်ဘဲ အဖြူရောင်ညအိပ်ဝတ်စုံကိုသာ ဝတ်ထားသည်။ သူ့လက်ကောက်ဝတ်အပေါ်ယံလွှာက အလွန်ပါးလွှာကာ စိမ်းပြာရောင်သွေးကြောတို့ကိုတောင် ခပ်ရေးရေးမြင်နေရလေသည်။

ချန်ချန်းချင်းက တံခါးဖွင့်သံကိုကြားတော့ ခေါင်းလှည့်လာကာ လုကျန့်ဖေးကိုကြည့်သည်။ ထို့နောက် အဝေးသို့ အကြည့်ပြန်လွှဲလိုက်လေ၏။

လုကျန့်ဖေးက လှမ်းလာရင်း ချန်ချန်းချင်းဘေးမှာ ရပ်လိုက်သည်။ သူက သူ့အိတ်ကပ်ထဲက စီးကရက်တစ်လိပ်ကို ထုတ်၍ မီးညှိကာ တစ်ချက်ဖွာလိုက်၏။

ချန်ချန်းချင်း ဒီကိုရောက်တာ တစ်ပတ်ရှိပြီဖြစ်သည်။ ဤတစ်ပတ်အတွင်း ချန်ချန်းချင်းဟာ အလွန်တည်ငြိမ်စွာပြုမူပြီး အဆင်မပြေမှုတစ်စုံတစ်ရာပြမလာခဲ့။ လုကျန့်ဖေးက သူနှင့်အတူအိပ်ပေးဖို့ အဆိုပြုလာတာတောင် အနည်းငယ်ငြင်းဆိုကန့်ကွက်ပြီးနောက် အလျော့ပေးခဲ့သည်ပင်ဖြစ်သည်။

ဒါဟာ ချန်ချန်းချင်းဘက်က အနုနည်းဖြင့်တော်လှန်နေခြင်းဟု လုကျန့်ဖေးခံစားမိသည်။ သို့ပေမဲ့ ချန်ချန်းချင်းဘက်က ဤနည်းအတိုင်း ဆက်သွားမည်ဆိုလည်း သူ စိတ်မရှိပါပေ။ အချိန်က အရာရာကိုပြောင်းလဲစေနိုင်သည်ပင်။ ကျောက်တုံးတစ်တုံးတောင်မှ အပူဖြင့် ဖုံးလွှမ်းပစ်လို့ရရိုးရှိပေသည်။

နှစ်ဦးသားက တိတ်တိတ်ဆိတ်ဆိတ်ဖြင့်ပင် စီးကရက်တွေ လက်စသတ်လိုက်ကြသည်။ လုကျန့်ဖေးက ချန်ချန်းချင်းအား မနက်စာကောင်းကောင်းစားဖို့ပြောကာ ထွက်သွားဖို့ဟန်ပြင်လိုက်သည်။

သူအခု အလုပ်တွေရှုပ်နေတာဖြစ်၏။ ချန်ချန်းချင်းနှင့် နေ့တိုင်းအချိန်ဖြုန်းနေပေမဲ့လည်း   သူ့မှာ နားဖို့ အချိန်ပို မရှိပါချေ။

ချန်ချန်းချင်းက စီးကရက်ဖင်စီခံကိုအမှိုက်တောင်းထဲ လွှင့်ပစ်ကာ ထွက်သွားဖို့ ဟန်ပြင်နေသည့် လုကျန့်ဖေးထံ ကျောခိုင်းထားရင်း စကားဆိုလိုက်သည်။

"ဒီနေ့ ငါအပြင်သွားချင်တယ်"

လုကျန့်ဖေး၏ ခြေလှမ်းတွေ တန့်ခနဲဖြစ်သွား၏။

"ရတယ်လေ"

"ငါ့ဖုန်းပြန်ပေး"

လုကျန့်ဖေးက ထပ်မံခေါင်းညိတ်ပြလိုက်ရင်း

"မင်း ဘယ်သွားမှာလဲ။ ကိုယ် တစ်ယောက်ယောက်ကို လိုက်ပို့ခိုင်းလိုက်မယ်"

လိုက်ပို့ခိုင်းတာထက် လိုက်ကြီးကြပ်ခိုင်းတာနှင့် ပိုတူသေးသည်။ သို့ပေမဲ့ သူ့မှာ ငြင်းဖို့အခွင့်အရေးမရှိမှန်း ချန်ချန်းချင်း သိသည်။

လုကျန့်ဖေး ထွက်သွားသည့်နောက် ချန်ချန်းချင်းသည် ကိုယ်လက်သန့်စင်ကာ မနက်စာ စားလိုက်သည်။ နောက် လုကျန့်ဖေး လွှတ်ထားသော ကားပေါ်တက်၍ ဝမ်ဝူးလင်ထံ ထပ်မံဖုန်းခေါ်လိုက်လေသည်။

ဝမ်ဝူးလင်က ဖုန်းဖြေကာ မေးလာသည်။

"ချန်းချင်းလား"

"မင်းအားလား။ ထွက်လာပြီး လက်ဖက်ရည်သောက်ရအောင်"

ဝမ်ဝူးလင် သဘောတူပြီးသည့်နောက် နှစ်ယောက်သားက နေရာနှင့် အချိန်ကို သတ်မှတ်လိုက်ကြသည်။

ဆုံတွေ့ကြမည့် လိပ်စာက ချန်ချန်းချင်း မကြာခဏသွားလေ့ရှိသော လက်ဖက်ရည်ဆိုင်ဖြစ်သည်။ လုကျန့်ဖေးက သူ့နောက်လိုက်ဖို့ တစ်ယောက်ယောက်ကို သေချာပေါက်လွှတ်မည်ဆိုတာ သူသိသည်။သို့ပေမဲ့ သူ့မှာ ထွက်ပြေးဖို့ အစီအစဥ် လုံးဝမရှိပေ။ထို့ကြောင့်လည်း လုကျန့်ဖေး အဆိုပြုတာကို အေးအေးဆေးဆေး လက်ခံလိုက်တာဖြစ်သည်။

ဆောင်းရာသီ မနက်ခင်းစောစော၏ နေရောင်ခြည်က လူတွေအပေါ် သက်တောင့်သက်သာဖြစ်စွာ ဖြာကျနေသည်။ချန်ချန်းချင်းက ကားပြတင်းပေါက်ကို နှိမ့်ရင်း နေရောင်ခြည်ကို ခံစားနေလိုက်၏။

ဒရိုက်ဘာက သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုးဖွင့်လာသည်။ယင်းက လူကို ပိုလို့ အိပ်ငိုက်လာစေလေသည်။ ချန်ချန်းချင်း လုံးဝအိပ်မောကျမသွားခင်လေးမှာပင် သတ်မှတ်ထားသည့်နေရာသို့ ရောက်ရှိလာလေသည်။

ကားထဲက ထွက်လိုက်တော့ ဝမ်ဝူးလင်နှင့် သဘောတူထားသည့်အချိန်ထက် ဆယ်မိနစ်စောနေပေသေးသည်။ ချန်ချန်းချင်းက လက်ဖက်ရည်ဆိုင်ထဲဝင်ကာ နေရောင်ခြည်ရနိုင်သည့်နေရာတစ်ခုကိုရှာကာ ထိုင်လိုက်၏။

ဝမ်ဝူးလင် လက်ဖက်ရည်ဆိုင်ထဲဝင်လာတော့ တစ်ချက်ကြည့်ရုံဖြင့် ချန်ချန်းချင်းကိုမြင်သွားရသည်။

တချို့လူတွေ အတွက်တော့ မျက်နှာဘေးတစ်ခြမ်းလေးပဲ မြင်ရရုံဖြင့် ထောင့်နားလေးမှာ ထိုင်နေမည်ဆိုလျှင်တောင် သတိထားမိကြစေမည့် ကံကြမ္မာပါကြလေသည်။

ချန်ချန်းချင်း၏ ဖြူဖွေးသောအသားအရေသည် နေရောင်အောက်တွင် နုမွတ်နေသည့် ကျောက်စိမ်းပိုင်းလေးတစ်ပိုင်းအလား။ သူ၏ အတန်ငယ်ရှည်လျားနေသည့်ဆံပင်တို့ကတော့ ပခုံးပေါ်မှာ သေသပ်စွာဖြာစင်းလို့နေသည်။ထို့နောက်မှာတော့ သွယ်လျသည့်လက်လေးဖြင့် လက်ဖက်ရည်ခွက်ကိုယူကာ တစ်ငုံသောက်လိုက်ပုံက ဒဏ္ဍာရီလာ နတ်သားလေးတစ်ပါးအလား လှရက်လွန်းသည်။

ဝမ်ဝူးလင် စိတ်ခဏလွတ်သွားပေမဲ့ အမြန်အဆန် အသိပြန်ဝင်လာသည်။ ချန်ချန်းချင်းနှင့် လုကျန့်ဖေးကြားက ဆက်ဆံရေးကို သူသ်သည်။ သို့ပေမဲ့ ချန်ချန်းချင်းက အကူညီလိုနေသော လူတစ်ယောက်ကဲ့သို့ အပြုအမူမျိုးမရှိပေ။ဝမ်ဝူးလင်သာ ဇာတ်လမ်းအတွင်းရေးကို သိမထားလျှင် ချန်ချန်းချင်းက မြို့တော် D ကို လာအပန်းဖြေသည်ဟု ထင်မိသွားမှာတောင်စိုးရသည်။

ဝမ်ဝူးလင်က ချန်ချန်းချင်းထံ လျှောက်လာခဲ့၏။

ချန်ချန်းချင်းက ခေါင်းမော့လိုက်တော့ ဝမ်ဝူးလင်က သူနှင့် မျက်နှာချင်းဆိုင်ဘက်မှာ ထိုင်လိုက်တာကို မြင်လိုက်ရသည်။ သူက မီနူးကမ်းပေးလိုက်ရင်း

"ဘာသောက်မလဲ"

ဝမ်ဝူးလင်က မီနူးကို လှန်လှောရင်း မေးလေ၏။

"မင်း အဝေးရောက်နေတာ ဘယ်လောက်ကြာပြီလဲ"

ချန်ချန်းချင်းဟာ တစ်ခါတုန်းက ဒီမှာရှိခဲ့ဖူးတာ သူသိနေသည်။

"လေးနှစ်"

ဝမ်ဝူးလင်က ချန်ချန်းချင်းနှင့် မလှမ်းမကမ်းမှာ ထိုင်နေသော လူနှစ်ယောက်ထံ တစ်ချက်ကြည့်ကာ ချန်ချန်းချင်းထံ မျက်လုံးဖြင့် အချက်ပြလာသည်။

ချန်ချန်းချင်းက သူ့အနောက်မှာ တစ်ယောက်ယောက်ရှိတာသိကြောင်း အချက်ပြသည့်အနေဖြင့် ပြန်ခေါင်းညိတ်ပြလိုက်၏။

ဝမ်ဝူးလင်က ချန်ချန်းချင်း၏ အမူအရာကိုကြည့်လိုက်သည်။ ထိုသူက သန်မာချင်ယောင်ဆောင်နေတာမဟုတ်မှန်း သူခံစားမိသွားရ၏။ခဏလောက် စဥ်းစားနေပြီးမှ သူစကားဆိုလိုက်သည်။

"မင်း ခုတလော အလုပ်များနေတာလား"

"အဆင်ပြေပါတယ်"

ဝမ်ဝူးလင် သူ့ကိုမေးချင်နေတာကို သူသိသည်။

ဝမ်ဝူးလင်က မီနူးကိုချကာ တစ်စုံတစ်ရာကို ပြီးစလွယ်မှာလိုက်ရင်း

"တစ်ခုခုလိုတာရှိရင် ငါ မင်းကို ကူညီပေးပါမယ်။ လွတ်လွတ်လပ်လပ်သာ ပြောပါ"

ချန်ချန်းချင်း ပြုံးလိုက်ပေမဲ့ ပြန်မဖြေခဲ့။ ဝမ်ဝူးလင် သူ့ကို တကယ်ကူညီပေးနိုင်သည်။ သို့ပေမဲ့ သူ့ကိုကူညီလိုက်ခြင်း၏ တန်ကြေးက လုကျန့်ဖေး၏ ရန်သူ ဖြစ်သွားရမှာပင်။ ဝမ်ဝူးလင်က သာမန်လူဆိုပေမဲ့ လုကျန့်ဖေးကတော့ ချန်ချန်းချင်းမရှိလျှင် တစ်ဇောက်ကန်းအရူးတစ်ယောက်ပင်။

ထိုအရူးက ဘာမဆို လုပ်နိုင်သည်။

နှစ်ယောက်သားက အရေးမပါသည့်အကြောင်းအရာ နည်းနည်းပါးပါး ပြောကြရင်း လျှပ်တပြက်မှာပင် နေ့လည်ရောက်လာသည်။ ဝမ်ဝူးလင်က နေ့လည်စာအတူစားကြဖို့ အဆိုပြုသည်။ သို့ပေမဲ့ ချန်ချန်းချင်းက ငြင်းလိုက်၏။ သူက မတ်တပ်ထရပ်ကာ ဝမ်ဝူးလင်ထံ လက်ဆန့်တန်းလိုက်ရင်း

"တွေ့ရတာ ဝမ်းသာပါတယ်"

ဝမ်ဝူးလင်က ချန်ချန်းချင်းကို ခပ်နက်နက်တစ်ချက်ကြည့်ရင်း သူ့လက်ကို ပြန်ဆွဲနှုတ်ဆက်သည်။

ချန်ချန်းချင်းက ပေါ့ပေါ့ပါးပါးပြုံးလိုက်ရင်း

"အခွင့်ရရင် နောက်တစ်ခါစကားပြောကြတာပေါ့"

ပြောပြီးသည်နှင့် သူ လှည့်ထွက်လာခဲ့လိုက်သည်။

ဝမ်ဝူးလင်က ထိုနေရာမှာထိုင်နေရင်း ချန်ချန်းချင်းနှင့် ချန်ချန်းချင်း၏နောက်ကိုလိုက်နေသောလူများ ထွက်သွားတာကိုကြည့်နေလိုက်သည်။ သူတို့ထွက်သွားမှ သူဟာ လက်ထဲမှာကျန်ရှိနေခဲ့သည့် မှတ်စုစာရွက်လေးကို ဖြန့်ကြည့်လိုက်လေသည်။

စာထဲကအကြောင်းအရာကို ကြည့်ပြီးနောက် ဝမ်ဝူးလင်၏ မျက်နှာက အတော်ပြောင်းလဲသွားသည်။ ထို့နောက် သူက စာရွက်လေးကို သူ့အိပ်ကပ်ထဲ ထည့်ကာ ထထွက်သွားတော့သည်။

ချန်ချန်းချင်းသည် ထိုကိစ္စများပြီးစီး၍ ကားထဲထိုင်ကာ ပြင်ဖို့ပြင်ဆဲမှာပင် လုကျန့်ဖေးထံမှ ဖုန်းဝင်လာလေသည်။

ဖုန်းထဲကနေ လုကျန့်ဖေးက မေးလာ၏။

"မင်း ဘယ်မှာလဲ"

ချန်ချန်းချင်းက သူခုလေးတင် လက်ဖက်ရည်သောက်ပြီး၍ နေ့လည်စာစားဖို့ ပြန်လာနေကြောင်း ဖြေလိုက်သည်။

ချန်ချန်းချင်းထံမှ နေ့လည်စာစားဖို့ အိမ်ပြန်လာနေကြောင်း ကိုကြားလိုက်ရတော့ လုကျန့်ဖေး၏ စိတ်အခြေအနေက ပိုကောင်းသွားသည့်ပုံပေါ်၏။

"အိမ်မပြန်နဲ့တော့။ ဒရိုက်ဘာကို လန်ကျိုး ကိုသာ မောင်းခိုင်းလိုက်တော့"

ချန်ချန်းချင်းက အင်း သံပြုရင်း ဖုန်းချလိုက်တော့သည်။

ချန်ချန်းချင်းက လန်ကျိုး၏ သီးသန့်ခန်းထဲသို့ လှမ်းဝင်သွားလိုက်တော့ လုကျန့်ဖေးက အသိအကျွမ်းတချို့နှင့် စားသောက်နေတာကို တွေ့လိုက်ရသည်။ သူတို့ကလည်း ချန်ချန်းချင်း ဝင်လာတာကိုမြင်တော့ မျက်နှာပေါ်မှာ တမျိုးတမည်နိုင်သည့်အပြုံးတွေ ဖြစ်လာ၏။

ချန်ချန်းချင်းက မမြင်ချင်ယောင်ဆောင်ကာ လုကျန့်ဖေး၏ ဘေးနားရှိနေရာလွတ်ထံ တန်းသွားကာ ထိုင်ချလိုက်လေသည်။

လုကျန့်ဖေးက လူတိုင်းထံ စကားဆိုလာ၏။

"မိတ်ဆက်ပေးရဦးမယ်။ဒါက ကျွန်တော့် ဇနီးလေး( 爱人)ချန်ချန်းချင်းပါပဲ"

သည်တစ်ကြိမ်တော့ သူက ချန်ချန်းချင်းကို ချစ်သူ(情人)ဟူသောစကားလုံးကိုသုံး၍ မိတ်ဆက်မပေးတော့ချေ။

(T/N : အပေါ်က နှစ်ခုက Eလိုတော့ အဓိပ္ပါယ်တူပါတယ် ။ lover ပါပဲ။ ဒါပေမဲ့ အိုက်ရန်(爱人)ကတော့ ပိုလေးနက်တယ်။ ဇနီး/ခင်ပွန်း တွေကို ခေါ်တဲ့နေရာမှာ သုံးကြပါတယ်။ ချင်ရန်(情人)က သမီးရည်းစားချင်းမှာ သုံးပါတယ်)

ချန်ချန်းချင်းက အေးဆေးတည်ငြိမ်စွာပင် ဆိုလိုက်၏။

"အားလုံးပဲမင်္ဂလာပါ"

သူ ဝင်လာပြီးနောက် အခန်းထဲကို လှည့်ပတ်ကြည့်လိုက်ရာ သူတို့အားလုံးကို အခြေခံအားဖြင့် သူသိနေတာကို သိလိုက်ရသည်။ ကြည့်ရတာ လူမှုအသိုင်းအဝ်ိုင်းမှာတော့ လိပ်ပြာတောင်ပံ၏ အကျိုးသက်ရောက်မှုရှိပုံမပေါ်ပေ။

အတင်းအဖျင်းထဲမှာ ခြေထောက်ကျိုးလုနီးပါးဖြစ်သည်ဆိုသော စွင်းပိုင်ချီလည်း ဒီရောက်နေ၏။ ချန်ချန်းချင်း အံ့အားသင့်ရသည်ကတော့ ဒီလောက်နှစ်အများကြီးကြာပြီးတာတောင် စွင်းပိုင်ချီအနားမှာရှိနေသည့်လူက ထန်ယွီချောင်ဖြစ်နေခြင်းပင်။

တစ်ခုတည်းသော ခြားနားချက်ကတော့ လွန်ခဲ့သော နှစ်တွေက ထန်ယွီချောင်ဟာ လူငယ်တက်သစ်စလေးသာဖြစ်ပြီး ခုချိန်မှာတော့ အင်တာတိန်းမိန့်လောက၏ထိပ်ဆုံးမှာ ရပ်တည်နေပြီဖြစ်သည်။ ချန်ချန်းချင်းကိုမြင်တော့ သူ့မျက်ဝန်းတွေကလည်း အံ့ဩမှုဖြင့် ဖျတ်ခနဲ လက်သွား၏။သို့သော်လည်း သူက အမြန်အဆန် ဖုံးကွယ်လိုက်လေသည်။

စွင်းပိုင်ချီက သရော်လေသည်။

"အစ်ကိုလု...အစ်ကိုက တကယ်ရူးနှမ်းတာပဲ"

သူတို့အသိုင်းအဝိုင်းထဲမှာ လုကျန့်ဖေး၏ ကိစ္စကို ကြားရစဥ်က ပထမတော့ ဟာသတစ်ခုလိုဖြစ်ခဲ့ကြသည်။သို့သော် လုကျန့်ဖေး၏ မိဘများ ဆုံးပါးကာ လုကျန့်ဖေးက လုအိမ်တော်ကို ထိန်းချုပ်လိုက်ကတည်းက မြို့တော်ရှိ မည်သူကမျှ လုကျန့်ဖေးကို ဟာသဖွယ် မဆက်ဆံရဲကြတော့ချေ။

တကယ်တော့ ချန်ချန်းချင်းသည် လုကျန့်ဖေးက သူ့ကိုဘာကြောင့် နေ့လည်စာ လာစားခိုင်းတာလဲ ဟူသည်ကိုအနည်းငယ်ထူးဆန်းနေမိသည်။

သို့သော်လည်း လုကျန့်ဖေး၏ နောက်ဆက်စကားက ချန်ချန်းချင်း၏ ရှုပ်ထွေးနေမှုများကို ​ဖြေရှင်းပေးလိုက်၏။

"ချန်းချင်း ကိုယ်က ဒီနေ့ မင်းနဲ့အိပ်ဆောင်တူ အတန်းဖော်နဲ့ ဆုံအောင် လာခိုင်းလိုက်တာ"

ချန်ချန်းချင်း ခဏမျှကြက်သေသေသွားပြီးနောက် အသံတစ်သံကိုကြားလိုက်ရ၏

"ချန်းချင်း မတွေ့ရတာကြာပြီနော်"

ချန်ချန်းချင်းက အသံနောက်လိုက်ကြည့်လိုက်တော့ အသိအကျွမ်းဟောင်းကို တွေ့လိုက်ရလေသည်။

မှန်၏။ အိပ်ခန်းထဲမှာ နေ့တိုင်းရေမွှေးတွေဆွတ်တတ်သော မိန်းမလျှာလေး ကောင်းကျစ်ယွီပါပင်။ သို့သော်လည်း အခု လူအများသိကြသည့် သူ့နာမည်ကတော့ မာချိုး ဖြစ်ပေသည်။

မာချိုးက ဆံပင်တိုတိုဖြစ်ကာ တူကိုင်ထားသည့် လက်တွေက အနည်းငယ်မိန်းမဆန်သော်လည်း ဘာပဲဖြစ်ဖြစ် ယောက်ျားတစ်ယောက်ဟု သတ်မှတ်လို့တော့ ရပေသည်။

ချန်ချန်းချင်းက မာချိုးကို တစ်ချက်ကြည့်ရင်း

"မတွေ့ရတာကြာပြီ"

မာချိုးက ဆိုသည်။

"ဘွဲ့ရပြီးကတည်းက မင်းနဲ့သိပ်မတွေ့ရတော့ဘူးနော်။ ဒီနေ့တော့ အစ်ကိုလုနဲ့ တွေ့ရမယ်လို့ ထင်မထားမိလိုက်ဘူး"

သူ့စကားလုံးတွေက ချန်ချန်းချင်းနှင့်လွန်စွာ ရင်းနှီးသည့်ဟန်ပေါက်နေသည်။ ထို့ပြင် သူ့နံဘေးက အမျိုးသားကလည်း လက်ဆန့်ကာ မာချိုး၏ ခေါင်းကို အလိုလိုက်ဟန်ဖြင့် ပုတ်လာ၏။

ချန်ချန်းချင်းက မမြင်ချင်ယောင်သာ ဆောင်ထားသည်။ သူ မာချိုးကိုသဘောမကျ။ မာချိုးဘက်က သူ့ကိုရန်လာမစသရွေ့တော့ မာချိုး၏ လှည့်ကွက်သေးသေးလောက်ကို သူဂရုမစိုက်ပေ။

လုကျန့်ဖေးကလည်း ငတုံးမဟုတ်။ ချန်ချန်းချင်းမျက်ခုံးကြားထဲက လျစ်လျူရှုမှုကိုမြင်လိုက်ချိန်မှာ သူက တောက်တောက်ပပပြုံးနေသော မာချိုးထံ တစ်ချက်လှမ်းကြည့်ရင်း သုန်မှုန်မှုတစ်စုံတစ်ရာက သူ့မျက်ဝန်းထဲ ဖြတ်ပြေးသွားလေသည်။

ကံကောင်းစွာဖြင့် အနေရခက်နေမှုကို ချန်ချန်းချင်းက အချိန်ကိုက်ဖြေလျော့ပေးလိုက်၏။

"ငါ ဆန်ပြုတ်သောက်ချင်တယ်"

လုကျန့်ဖေးက ချန်ချန်းချင်းအတွက် ဆန်ပြုတ်တစ်ပန်းကန်မှာပေးကာ တခြားစားချင်တာရှိသေးလားဟု မေးလေသည်။

ချန်ချန်းချင်းက မစားချင်ကြောင်း ခေါင်းခါ၍ အမူအရာပြလိုက်၏။

မာချိုးက ချန်ချန်းချင်းနှင့် လုကျန့်ဖေးကြားက အပြန်အလှန်ဆက်ဆံရေးကိုကြည့်ရင်း ဘာကိုတွေးနေမှန်းမသိစွာ မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်လေသည်။ ခဏကြာမှ သူက ဆိုလိုက်၏။

"ချန်းချင်း မင်းခုတလော ဘာတွေလုပ်နေတာလဲ။အရင်လက အတန်းသားဟောင်းပြန်လည်တွေ့ဆုံပွဲမှာ မင်းနဲ့ အဆက်အသွယ်မရဘူး ဖြစ်သွားတယ်။ဒါပေမဲ့ ကျူ့မောက်ကတော့ မျှော်နေရှာတာ"

ကျောင်းသားဟောင်း တွေ့ဆုံပွဲ?

ချန်ချန်းချင်းက ပုန်းအောင်းချင်လို့ အပြင်မထွက်တာမဟုတ်ဘူးဆိုလျှင်တောင် သေချာပေါက် သွားမှာမဟုတ်။သို့သော်လည်း ကျူ့မောက်၏ နာမည်ကို ကြားရချိန်မှာ ချန်ချန်းချင်း၏ အမူအရာက အနည်းငယ် ပျော့ပျောင်းသွားသည်။

"ကိစ္စလေးရှိလို့"

မာချိုးက ပြုံးလိုက်ရင်း

"နောက်တစ်ခါ လာခဲ့နော်။ အတန်းထဲကလူတွေက မင်းကိုလွမ်းနေကြတယ် ထင်တယ်"

မူလက ချန်ချန်းချင်း၏မျက်နှာမှာ အပြုံးမရှိရုံသာဖြစ်သည်။ ခုတော့ သူ့မျက်လုံးတွေတောင် အေးစက်လာခဲ့ချေပြီ။ မှာထားသည့် ဆန်ပြုတ်က အချိန်ကိုက်ရောက်လာချိန်မှာတော့ သူဟာ မာချိုးကို စကားပြန်ပြောမနေတော့ဘဲ ဇွန်းကိုကောက်ကိုင်၍ စားသောက်တော့သည်။

ချန်ချန်းချင်း၏ အမူအရာက တချို့လူတွေကို မပျော်မရွှင်ဖြစ်စေသည်။ အထူးသဖြင့်ချစ်သူငယ်ငယ်လေးကို ခုမှတွဲခုတ်ထားရသည့် လူတွေပင်။

သူတို့မျက်လုံးထဲမှာတော့ ချန်ချန်းချင်းက ဘာကိစ္စမလို့ ဘဝင်မြင့်နေတာလဲ။ အကုန်လုံးက အသွေးအသားနဲ့ စီးပွားရေးလဲလှယ်ကြတာ မဟုတ်လား ဟူသကဲ့သို့ပင်။

မာချိုးက ပြုံးနေပေမဲ့လည်း သူ့မျက်လုံးထဲက အပြုံးတွေကတော့မှိန်ဖျော့ကုန်သည်။ သူက တူကိုကောက်ကိုင်ရင်း ဟင်းပွဲကို ဆက်နှိုက်နေလိုက်သည်။ သူ့ပုံစံက ချန်ချန်းချင်းနှင့် ရင်းနှီးချင်ယောင်ဆက်ဆောင်ဖို့ အစီအစဥ်မရှိတော့သည့်အလား။

တကယ်တော့ မာချိုးက ဤစပွန်ဆာနောက်ကို လိုက်ခဲ့တာ ၂လ ၃လလောက်ပင်ရှိသေးသည်။ချန်ချန်းချင်းက လုကျန့်ဖေး၏ချစ်သူ ဆိုတာ သိလိုက်ရချိန်မှာ သူလည်း အတော်အံ့အားသင့်ခဲ့ရသည်။အမှန်စင်စစ် သူ့မျက်လုံးထဲမှာ ချန်ချန်းချင်းလို ကောင်းကင်ဘုံ၏ သားတော်လေးက ဤလမ်းကြောင်း(စပွန်ဆာလမ်းကြောင်း)ကို အမှန်တကယ်လျှောက်လှမ်းလာသည်ဆိုတာ မယုံကြည်နိုင်စရာကောင်းလှသည်

သို့သော်လည်း ချန်ချန်းချင်းနှင့် တွေ့ပြီးနောက်မှာ မာချိုး အနည်းငယ်မမျှတသလို ခံစားလိုက်ရသည်။ ချန်ချန်းချင်းက လူအများကြီးကို ဘာကြောင့် လျစ်လျူရှုနေရသနည်းကို သူမသိချေ။

မဟုတ်မှလွဲ လုကျန့်ဖေးက ဒါမျိုးကြိုက်တာများလား။

မာချိုးက မျက်ခုံးပင့်လိုက်ရင်း ရုတ်တရက် မကောင်းသည့်အကြံတစ်ခု ရသွားလေသည်။

============================

Zawgyi



အခ်ိန္နာရီသည္ကား တေ႐ြ႕ေ႐ြ႕ကုန္ဆုံးေနလ်က္။

လုက်န္႔ေဖး ႏိုးလာခ်ိန္ဝယ္ သူ႔ေဘးတစ္ဖက္က ဗလာျဖစ္ေနသည္ကို ေတြ႕လိုက္ရသည္။ သူက ရႈပ္ပြေနသည့္ ဆံပင္မ်ားကို တစ္ခ်က္ထိုးဖြကာ ကုတင္ေပၚမွ ထ၍ အေပၚဝတ္အက်ႌတစ္ထည္ ဆြဲဝတ္ရင္း လသာေဆာင္သို႔ လွမ္းသြားလိုက္သည္။

ခ်န္ခ်န္းခ်င္းက လသာေဆာင္မွာ အမွန္တကယ့္ကို ေဆးလိပ္ေသာက္ေနခဲ့၏။ သူက အေပၚဝတ္အက်ႌမဝတ္ဘဲ အျဖဴေရာင္ညအိပ္ဝတ္စုံကိုသာ ဝတ္ထားသည္။ သူ႔လက္ေကာက္ဝတ္အေပၚယံလႊာက အလြန္ပါးလႊာကာ စိမ္းျပာေရာင္ေသြးေၾကာတို႔ကိုေတာင္ ခပ္ေရးေရးျမင္ေနရေလသည္။

ခ်န္ခ်န္းခ်င္းက တံခါးဖြင့္သံကိုၾကားေတာ့ ေခါင္းလွည့္လာကာ လုက်န္႔ေဖးကိုၾကည့္သည္။ ထို႔ေနာက္ အေဝးသို႔ အၾကည့္ျပန္လႊဲလိုက္ေလ၏။

လုက်န္႔ေဖးက လွမ္းလာရင္း ခ်န္ခ်န္းခ်င္းေဘးမွာ ရပ္လိုက္သည္။ သူက သူ႔အိတ္ကပ္ထဲက စီးကရက္တစ္လိပ္ကို ထုတ္၍ မီးညႇိကာ တစ္ခ်က္ဖြာလိုက္၏။

ခ်န္ခ်န္းခ်င္း ဒီကိုေရာက္တာ တစ္ပတ္ရွိၿပီျဖစ္သည္။ ဤတစ္ပတ္အတြင္း ခ်န္ခ်န္းခ်င္းဟာ အလြန္တည္ၿငိမ္စြာျပဳမူၿပီး အဆင္မေျပမႈတစ္စုံတစ္ရာျပမလာခဲ့။ လုက်န္႔ေဖးက သူႏွင့္အတူအိပ္ေပးဖို႔ အဆိုျပဳလာတာေတာင္ အနည္းငယ္ျငင္းဆိုကန္႔ကြက္ၿပီးေနာက္ အေလ်ာ့ေပးခဲ့သည္ပင္ျဖစ္သည္။

ဒါဟာ ခ်န္ခ်န္းခ်င္းဘက္က အႏုနည္းျဖင့္ေတာ္လွန္ေနျခင္းဟု လုက်န္႔ေဖးခံစားမိသည္။ သို႔ေပမဲ့ ခ်န္ခ်န္းခ်င္းဘက္က ဤနည္းအတိုင္း ဆက္သြားမည္ဆိုလည္း သူ စိတ္မရွိပါေပ။ အခ်ိန္က အရာရာကိုေျပာင္းလဲေစႏိုင္သည္ပင္။ ေက်ာက္တုံးတစ္တုံးေတာင္မွ အပူျဖင့္ ဖုံးလႊမ္းပစ္လို႔ရ႐ိုးရွိေပသည္။

ႏွစ္ဦးသားက တိတ္တိတ္ဆိတ္ဆိတ္ျဖင့္ပင္ စီးကရက္ေတြ လက္စသတ္လိုက္ၾကသည္။ လုက်န္႔ေဖးက ခ်န္ခ်န္းခ်င္းအား မနက္စာေကာင္းေကာင္းစားဖို႔ေျပာကာ ထြက္သြားဖို႔ဟန္ျပင္လိုက္သည္။

သူအခု အလုပ္ေတြရႈပ္ေနတာျဖစ္၏။ ခ်န္ခ်န္းခ်င္းႏွင့္ ေန႔တိုင္းအခ်ိန္ျဖဳန္းေနေပမဲ့လည္း   သူ႔မွာ နားဖို႔ အခ်ိန္ပို မရွိပါေခ်။

ခ်န္ခ်န္းခ်င္းက စီးကရက္ဖင္စီခံကိုအမႈိက္ေတာင္းထဲ လႊင့္ပစ္ကာ ထြက္သြားဖို႔ ဟန္ျပင္ေနသည့္ လုက်န္႔ေဖးထံ ေက်ာခိုင္းထားရင္း စကားဆိုလိုက္သည္။

"ဒီေန႔ ငါအျပင္သြားခ်င္တယ္"

လုက်န္႔ေဖး၏ ေျခလွမ္းေတြ တန္႔ခနဲျဖစ္သြား၏။

"ရတယ္ေလ"

"ငါ့ဖုန္းျပန္ေပး"

လုက်န္႔ေဖးက ထပ္မံေခါင္းညိတ္ျပလိုက္ရင္း

"မင္း ဘယ္သြားမွာလဲ။ ကိုယ္ တစ္ေယာက္ေယာက္ကို လိုက္ပို႔ခိုင္းလိုက္မယ္"

လိုက္ပို႔ခိုင္းတာထက္ လိုက္ႀကီးၾကပ္ခိုင္းတာႏွင့္ ပိုတူေသးသည္။ သို႔ေပမဲ့ သူ႔မွာ ျငင္းဖို႔အခြင့္အေရးမရွိမွန္း ခ်န္ခ်န္းခ်င္း သိသည္။

လုက်န္႔ေဖး ထြက္သြားသည့္ေနာက္ ခ်န္ခ်န္းခ်င္းသည္ ကိုယ္လက္သန္႔စင္ကာ မနက္စာ စားလိုက္သည္။ ေနာက္ လုက်န္႔ေဖး လႊတ္ထားေသာ ကားေပၚတက္၍ ဝမ္ဝူးလင္ထံ ထပ္မံဖုန္းေခၚလိုက္ေလသည္။

ဝမ္ဝူးလင္က ဖုန္းေျဖကာ ေမးလာသည္။

"ခ်န္းခ်င္းလား"

"မင္းအားလား။ ထြက္လာၿပီး လက္ဖက္ရည္ေသာက္ရေအာင္"

ဝမ္ဝူးလင္ သေဘာတူၿပီးသည့္ေနာက္ ႏွစ္ေယာက္သားက ေနရာႏွင့္ အခ်ိန္ကို သတ္မွတ္လိုက္ၾကသည္။

ဆုံေတြ႕ၾကမည့္ လိပ္စာက ခ်န္ခ်န္းခ်င္း မၾကာခဏသြားေလ့ရွိေသာ လက္ဖက္ရည္ဆိုင္ျဖစ္သည္။ လုက်န္႔ေဖးက သူ႔ေနာက္လိုက္ဖို႔ တစ္ေယာက္ေယာက္ကို ေသခ်ာေပါက္လႊတ္မည္ဆိုတာ သူသိသည္။သို႔ေပမဲ့ သူ႔မွာ ထြက္ေျပးဖို႔ အစီအစဥ္ လုံးဝမရွိေပ။ထို႔ေၾကာင့္လည္း လုက်န္႔ေဖး အဆိုျပဳတာကို ေအးေအးေဆးေဆး လက္ခံလိုက္တာျဖစ္သည္။

ေဆာင္းရာသီ မနက္ခင္းေစာေစာ၏ ေနေရာင္ျခည္က လူေတြအေပၚ သက္ေတာင့္သက္သာျဖစ္စြာ ျဖာက်ေနသည္။ခ်န္ခ်န္းခ်င္းက ကားျပတင္းေပါက္ကို ႏွိမ့္ရင္း ေနေရာင္ျခည္ကို ခံစားေနလိုက္၏။

ဒ႐ိုက္ဘာက သီခ်င္းတစ္ပုဒ္ကို ခပ္တိုးတိုးဖြင့္လာသည္။ယင္းက လူကို ပိုလို႔ အိပ္ငိုက္လာေစေလသည္။ ခ်န္ခ်န္းခ်င္း လုံးဝအိပ္ေမာက်မသြားခင္ေလးမွာပင္ သတ္မွတ္ထားသည့္ေနရာသို႔ ေရာက္ရွိလာေလသည္။

ကားထဲက ထြက္လိုက္ေတာ့ ဝမ္ဝူးလင္ႏွင့္ သေဘာတူထားသည့္အခ်ိန္ထက္ ဆယ္မိနစ္ေစာေနေပေသးသည္။ ခ်န္ခ်န္းခ်င္းက လက္ဖက္ရည္ဆိုင္ထဲဝင္ကာ ေနေရာင္ျခည္ရႏိုင္သည့္ေနရာတစ္ခုကိုရွာကာ ထိုင္လိုက္၏။

ဝမ္ဝူးလင္ လက္ဖက္ရည္ဆိုင္ထဲဝင္လာေတာ့ တစ္ခ်က္ၾကည့္႐ုံျဖင့္ ခ်န္ခ်န္းခ်င္းကိုျမင္သြားရသည္။

တခ်ိဳ႕လူေတြ အတြက္ေတာ့ မ်က္ႏွာေဘးတစ္ျခမ္းေလးပဲ ျမင္ရ႐ုံျဖင့္ ေထာင့္နားေလးမွာ ထိုင္ေနမည္ဆိုလွ်င္ေတာင္ သတိထားမိၾကေစမည့္ ကံၾကမၼာပါၾကေလသည္။

ခ်န္ခ်န္းခ်င္း၏ ျဖဴေဖြးေသာအသားအေရသည္ ေနေရာင္ေအာက္တြင္ ႏုမြတ္ေနသည့္ ေက်ာက္စိမ္းပိုင္းေလးတစ္ပိုင္းအလား။ သူ၏ အတန္ငယ္ရွည္လ်ားေနသည့္ဆံပင္တို႔ကေတာ့ ပခုံးေပၚမွာ ေသသပ္စြာျဖာစင္းလို႔ေနသည္။ထို႔ေနာက္မွာေတာ့ သြယ္လ်သည့္လက္ေလးျဖင့္ လက္ဖက္ရည္ခြက္ကိုယူကာ တစ္ငုံေသာက္လိုက္ပုံက ဒ႑ာရီလာ နတ္သားေလးတစ္ပါးအလား လွရက္လြန္းသည္။

ဝမ္ဝူးလင္ စိတ္ခဏလြတ္သြားေပမဲ့ အျမန္အဆန္ အသိျပန္ဝင္လာသည္။ ခ်န္ခ်န္းခ်င္းႏွင့္ လုက်န္႔ေဖးၾကားက ဆက္ဆံေရးကို သူသ္သည္။ သို႔ေပမဲ့ ခ်န္ခ်န္းခ်င္းက အကူညီလိုေနေသာ လူတစ္ေယာက္ကဲ့သို႔ အျပဳအမူမ်ိဳးမရွိေပ။ဝမ္ဝူးလင္သာ ဇာတ္လမ္းအတြင္းေရးကို သိမထားလွ်င္ ခ်န္ခ်န္းခ်င္းက ၿမိဳ႕ေတာ္ D ကို လာအပန္းေျဖသည္ဟု ထင္မိသြားမွာေတာင္စိုးရသည္။

ဝမ္ဝူးလင္က ခ်န္ခ်န္းခ်င္းထံ ေလွ်ာက္လာခဲ့၏။

ခ်န္ခ်န္းခ်င္းက ေခါင္းေမာ့လိုက္ေတာ့ ဝမ္ဝူးလင္က သူႏွင့္ မ်က္ႏွာခ်င္းဆိုင္ဘက္မွာ ထိုင္လိုက္တာကို ျမင္လိုက္ရသည္။ သူက မီႏူးကမ္းေပးလိုက္ရင္း

"ဘာေသာက္မလဲ"

ဝမ္ဝူးလင္က မီႏူးကို လွန္ေလွာရင္း ေမးေလ၏။

"မင္း အေဝးေရာက္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ"

ခ်န္ခ်န္းခ်င္းဟာ တစ္ခါတုန္းက ဒီမွာရွိခဲ့ဖူးတာ သူသိေနသည္။

"ေလးႏွစ္"

ဝမ္ဝူးလင္က ခ်န္ခ်န္းခ်င္းႏွင့္ မလွမ္းမကမ္းမွာ ထိုင္ေနေသာ လူႏွစ္ေယာက္ထံ တစ္ခ်က္ၾကည့္ကာ ခ်န္ခ်န္းခ်င္းထံ မ်က္လုံးျဖင့္ အခ်က္ျပလာသည္။

ခ်န္ခ်န္းခ်င္းက သူ႔အေနာက္မွာ တစ္ေယာက္ေယာက္ရွိတာသိေၾကာင္း အခ်က္ျပသည့္အေနျဖင့္ ျပန္ေခါင္းညိတ္ျပလိုက္၏။

ဝမ္ဝူးလင္က ခ်န္ခ်န္းခ်င္း၏ အမူအရာကိုၾကည့္လိုက္သည္။ ထိုသူက သန္မာခ်င္ေယာင္ေဆာင္ေနတာမဟုတ္မွန္း သူခံစားမိသြားရ၏။ခဏေလာက္ စဥ္းစားေနၿပီးမွ သူစကားဆိုလိုက္သည္။

"မင္း ခုတေလာ အလုပ္မ်ားေနတာလား"

"အဆင္ေျပပါတယ္"

ဝမ္ဝူးလင္ သူ႔ကိုေမးခ်င္ေနတာကို သူသိသည္။

ဝမ္ဝူးလင္က မီႏူးကိုခ်ကာ တစ္စုံတစ္ရာကို ၿပီးစလြယ္မွာလိုက္ရင္း

"တစ္ခုခုလိုတာရွိရင္ ငါ မင္းကို ကူညီေပးပါမယ္။ လြတ္လြတ္လပ္လပ္သာ ေျပာပါ"

ခ်န္ခ်န္းခ်င္း ၿပဳံးလိုက္ေပမဲ့ ျပန္မေျဖခဲ့။ ဝမ္ဝူးလင္ သူ႔ကို တကယ္ကူညီေပးႏိုင္သည္။ သို႔ေပမဲ့ သူ႔ကိုကူညီလိုက္ျခင္း၏ တန္ေၾကးက လုက်န္႔ေဖး၏ ရန္သူ ျဖစ္သြားရမွာပင္။ ဝမ္ဝူးလင္က သာမန္လူဆိုေပမဲ့ လုက်န္႔ေဖးကေတာ့ ခ်န္ခ်န္းခ်င္းမရွိလွ်င္ တစ္ေဇာက္ကန္းအ႐ူးတစ္ေယာက္ပင္။

ထိုအ႐ူးက ဘာမဆို လုပ္ႏိုင္သည္။

ႏွစ္ေယာက္သားက အေရးမပါသည့္အေၾကာင္းအရာ နည္းနည္းပါးပါး ေျပာၾကရင္း လွ်ပ္တျပက္မွာပင္ ေန႔လည္ေရာက္လာသည္။ ဝမ္ဝူးလင္က ေန႔လည္စာအတူစားၾကဖို႔ အဆိုျပဳသည္။ သို႔ေပမဲ့ ခ်န္ခ်န္းခ်င္းက ျငင္းလိုက္၏။ သူက မတ္တပ္ထရပ္ကာ ဝမ္ဝူးလင္ထံ လက္ဆန္႔တန္းလိုက္ရင္း

"ေတြ႕ရတာ ဝမ္းသာပါတယ္"

ဝမ္ဝူးလင္က ခ်န္ခ်န္းခ်င္းကို ခပ္နက္နက္တစ္ခ်က္ၾကည့္ရင္း သူ႔လက္ကို ျပန္ဆြဲႏႈတ္ဆက္သည္။

ခ်န္ခ်န္းခ်င္းက ေပါ့ေပါ့ပါးပါးၿပဳံးလိုက္ရင္း

"အခြင့္ရရင္ ေနာက္တစ္ခါစကားေျပာၾကတာေပါ့"

ေျပာၿပီးသည္ႏွင့္ သူ လွည့္ထြက္လာခဲ့လိုက္သည္။

ဝမ္ဝူးလင္က ထိုေနရာမွာထိုင္ေနရင္း ခ်န္ခ်န္းခ်င္းႏွင့္ ခ်န္ခ်န္းခ်င္း၏ေနာက္ကိုလိုက္ေနေသာလူမ်ား ထြက္သြားတာကိုၾကည့္ေနလိုက္သည္။ သူတို႔ထြက္သြားမွ သူဟာ လက္ထဲမွာက်န္ရွိေနခဲ့သည့္ မွတ္စုစာ႐ြက္ေလးကို ျဖန္႔ၾကည့္လိုက္ေလသည္။

စာထဲကအေၾကာင္းအရာကို ၾကည့္ၿပီးေနာက္ ဝမ္ဝူးလင္၏ မ်က္ႏွာက အေတာ္ေျပာင္းလဲသြားသည္။ ထို႔ေနာက္ သူက စာ႐ြက္ေလးကို သူ႔အိပ္ကပ္ထဲ ထည့္ကာ ထထြက္သြားေတာ့သည္။

ခ်န္ခ်န္းခ်င္းသည္ ထိုကိစၥမ်ားၿပီးစီး၍ ကားထဲထိုင္ကာ ျပင္ဖို႔ျပင္ဆဲမွာပင္ လုက်န္႔ေဖးထံမွ ဖုန္းဝင္လာေလသည္။

ဖုန္းထဲကေန လုက်န္႔ေဖးက ေမးလာ၏။

"မင္း ဘယ္မွာလဲ"

ခ်န္ခ်န္းခ်င္းက သူခုေလးတင္ လက္ဖက္ရည္ေသာက္ၿပီး၍ ေန႔လည္စာစားဖို႔ ျပန္လာေနေၾကာင္း ေျဖလိုက္သည္။

ခ်န္ခ်န္းခ်င္းထံမွ ေန႔လည္စာစားဖို႔ အိမ္ျပန္လာေနေၾကာင္း ကိုၾကားလိုက္ရေတာ့ လုက်န္႔ေဖး၏ စိတ္အေျခအေနက ပိုေကာင္းသြားသည့္ပုံေပၚ၏။

"အိမ္မျပန္နဲ႔ေတာ့။ ဒ႐ိုက္ဘာကို လန္က်ိဳး ကိုသာ ေမာင္းခိုင္းလိုက္ေတာ့"

ခ်န္ခ်န္းခ်င္းက အင္း သံျပဳရင္း ဖုန္းခ်လိုက္ေတာ့သည္။

ခ်န္ခ်န္းခ်င္းက လန္က်ိဳး၏ သီးသန္႔ခန္းထဲသို႔ လွမ္းဝင္သြားလိုက္ေတာ့ လုက်န္႔ေဖးက အသိအကြၽမ္းတခ်ိဳ႕ႏွင့္ စားေသာက္ေနတာကို ေတြ႕လိုက္ရသည္။ သူတို႔ကလည္း ခ်န္ခ်န္းခ်င္း ဝင္လာတာကိုျမင္ေတာ့ မ်က္ႏွာေပၚမွာ တမ်ိဳးတမည္ႏိုင္သည့္အၿပဳံးေတြ ျဖစ္လာ၏။

ခ်န္ခ်န္းခ်င္းက မျမင္ခ်င္ေယာင္ေဆာင္ကာ လုက်န္႔ေဖး၏ ေဘးနားရွိေနရာလြတ္ထံ တန္းသြားကာ ထိုင္ခ်လိုက္ေလသည္။

လုက်န္႔ေဖးက လူတိုင္းထံ စကားဆိုလာ၏။

"မိတ္ဆက္ေပးရဦးမယ္။ဒါက ကြၽန္ေတာ့္ ဇနီးေလး( 爱人)ခ်န္ခ်န္းခ်င္းပါပဲ"

သည္တစ္ႀကိမ္ေတာ့ သူက ခ်န္ခ်န္းခ်င္းကို ခ်စ္သူ(情人)ဟူေသာစကားလုံးကိုသုံး၍ မိတ္ဆက္မေပးေတာ့ေခ်။

(T/N : အေပၚက ႏွစ္ခုက Eလိုေတာ့ အဓိပၸါယ္တူပါတယ္ ။ lover ပါပဲ။ ဒါေပမဲ့ အိုက္ရန္(爱人)ကေတာ့ ပိုေလးနက္တယ္။ ဇနီး/ခင္ပြန္း ေတြကို ေခၚတဲ့ေနရာမွာ သုံးၾကပါတယ္။ ခ်င္ရန္(情人)က သမီးရည္းစားခ်င္းမွာ သုံးပါတယ္)

ခ်န္ခ်န္းခ်င္းက ေအးေဆးတည္ၿငိမ္စြာပင္ ဆိုလိုက္၏။

"အားလုံးပဲမဂၤလာပါ"

သူ ဝင္လာၿပီးေနာက္ အခန္းထဲကို လွည့္ပတ္ၾကည့္လိုက္ရာ သူတို႔အားလုံးကို အေျခခံအားျဖင့္ သူသိေနတာကို သိလိုက္ရသည္။ ၾကည့္ရတာ လူမႈအသိုင္းအဝ္ိုင္းမွာေတာ့ လိပ္ျပာေတာင္ပံ၏ အက်ိဳးသက္ေရာက္မႈရွိပုံမေပၚေပ။

အတင္းအဖ်င္းထဲမွာ ေျခေထာက္က်ိဳးလုနီးပါးျဖစ္သည္ဆိုေသာ စြင္းပိုင္ခ်ီလည္း ဒီေရာက္ေန၏။ ခ်န္ခ်န္းခ်င္း အံ့အားသင့္ရသည္ကေတာ့ ဒီေလာက္ႏွစ္အမ်ားႀကီးၾကာၿပီးတာေတာင္ စြင္းပိုင္ခ်ီအနားမွာရွိေနသည့္လူက ထန္ယြီေခ်ာင္ျဖစ္ေနျခင္းပင္။

တစ္ခုတည္းေသာ ျခားနားခ်က္ကေတာ့ လြန္ခဲ့ေသာ ႏွစ္ေတြက ထန္ယြီေခ်ာင္ဟာ လူငယ္တက္သစ္စေလးသာျဖစ္ၿပီး ခုခ်ိန္မွာေတာ့ အင္တာတိန္းမိန္႔ေလာက၏ထိပ္ဆုံးမွာ ရပ္တည္ေနၿပီျဖစ္သည္။ ခ်န္ခ်န္းခ်င္းကိုျမင္ေတာ့ သူ႔မ်က္ဝန္းေတြကလည္း အံ့ဩမႈျဖင့္ ဖ်တ္ခနဲ လက္သြား၏။သို႔ေသာ္လည္း သူက အျမန္အဆန္ ဖုံးကြယ္လိုက္ေလသည္။

စြင္းပိုင္ခ်ီက သေရာ္ေလသည္။

"အစ္ကိုလု...အစ္ကိုက တကယ္႐ူးႏွမ္းတာပဲ"

သူတို႔အသိုင္းအဝိုင္းထဲမွာ လုက်န္႔ေဖး၏ ကိစၥကို ၾကားရစဥ္က ပထမေတာ့ ဟာသတစ္ခုလိုျဖစ္ခဲ့ၾကသည္။သို႔ေသာ္ လုက်န္႔ေဖး၏ မိဘမ်ား ဆုံးပါးကာ လုက်န္႔ေဖးက လုအိမ္ေတာ္ကို ထိန္းခ်ဳပ္လိုက္ကတည္းက ၿမိဳ႕ေတာ္ရွိ မည္သူကမွ် လုက်န္႔ေဖးကို ဟာသဖြယ္ မဆက္ဆံရဲၾကေတာ့ေခ်။

တကယ္ေတာ့ ခ်န္ခ်န္းခ်င္းသည္ လုက်န္႔ေဖးက သူ႔ကိုဘာေၾကာင့္ ေန႔လည္စာ လာစားခိုင္းတာလဲ ဟူသည္ကိုအနည္းငယ္ထူးဆန္းေနမိသည္။

သို႔ေသာ္လည္း လုက်န္႔ေဖး၏ ေနာက္ဆက္စကားက ခ်န္ခ်န္းခ်င္း၏ ရႈပ္ေထြးေနမႈမ်ားကို ​ေျဖရွင္းေပးလိုက္၏။

"ခ်န္းခ်င္း ကိုယ္က ဒီေန႔ မင္းနဲ႔အိပ္ေဆာင္တူ အတန္းေဖာ္နဲ႔ ဆုံေအာင္ လာခိုင္းလိုက္တာ"

ခ်န္ခ်န္းခ်င္း ခဏမွ်ၾကက္ေသေသသြားၿပီးေနာက္ အသံတစ္သံကိုၾကားလိုက္ရ၏

"ခ်န္းခ်င္း မေတြ႕ရတာၾကာၿပီေနာ္"

ခ်န္ခ်န္းခ်င္းက အသံေနာက္လိုက္ၾကည့္လိုက္ေတာ့ အသိအကြၽမ္းေဟာင္းကို ေတြ႕လိုက္ရေလသည္။

မွန္၏။ အိပ္ခန္းထဲမွာ ေန႔တိုင္းေရေမႊးေတြဆြတ္တတ္ေသာ မိန္းမလွ်ာေလး ေကာင္းက်စ္ယြီပါပင္။ သို႔ေသာ္လည္း အခု လူအမ်ားသိၾကသည့္ သူ႔နာမည္ကေတာ့ မာခ်ိဳး ျဖစ္ေပသည္။

မာခ်ိဳးက ဆံပင္တိုတိုျဖစ္ကာ တူကိုင္ထားသည့္ လက္ေတြက အနည္းငယ္မိန္းမဆန္ေသာ္လည္း ဘာပဲျဖစ္ျဖစ္ ေယာက္်ားတစ္ေယာက္ဟု သတ္မွတ္လို႔ေတာ့ ရေပသည္။

ခ်န္ခ်န္းခ်င္းက မာခ်ိဳးကို တစ္ခ်က္ၾကည့္ရင္း

"မေတြ႕ရတာၾကာၿပီ"

မာခ်ိဳးက ဆိုသည္။

"ဘြဲ႕ရၿပီးကတည္းက မင္းနဲ႔သိပ္မေတြ႕ရေတာ့ဘူးေနာ္။ ဒီေန႔ေတာ့ အစ္ကိုလုနဲ႔ ေတြ႕ရမယ္လို႔ ထင္မထားမိလိုက္ဘူး"

သူ႔စကားလုံးေတြက ခ်န္ခ်န္းခ်င္းႏွင့္လြန္စြာ ရင္းႏွီးသည့္ဟန္ေပါက္ေနသည္။ ထို႔ျပင္ သူ႔နံေဘးက အမ်ိဳးသားကလည္း လက္ဆန္႔ကာ မာခ်ိဳး၏ ေခါင္းကို အလိုလိုက္ဟန္ျဖင့္ ပုတ္လာ၏။

ခ်န္ခ်န္းခ်င္းက မျမင္ခ်င္ေယာင္သာ ေဆာင္ထားသည္။ သူ မာခ်ိဳးကိုသေဘာမက်။ မာခ်ိဳးဘက္က သူ႔ကိုရန္လာမစသေ႐ြ႕ေတာ့ မာခ်ိဳး၏ လွည့္ကြက္ေသးေသးေလာက္ကို သူဂ႐ုမစိုက္ေပ။

လုက်န္႔ေဖးကလည္း ငတုံးမဟုတ္။ ခ်န္ခ်န္းခ်င္းမ်က္ခုံးၾကားထဲက လ်စ္လ်ဴရႈမႈကိုျမင္လိုက္ခ်ိန္မွာ သူက ေတာက္ေတာက္ပပၿပဳံးေနေသာ မာခ်ိဳးထံ တစ္ခ်က္လွမ္းၾကည့္ရင္း သုန္မႈန္မႈတစ္စုံတစ္ရာက သူ႔မ်က္ဝန္းထဲ ျဖတ္ေျပးသြားေလသည္။

ကံေကာင္းစြာျဖင့္ အေနရခက္ေနမႈကို ခ်န္ခ်န္းခ်င္းက အခ်ိန္ကိုက္ေျဖေလ်ာ့ေပးလိုက္၏။

"ငါ ဆန္ျပဳတ္ေသာက္ခ်င္တယ္"

လုက်န္႔ေဖးက ခ်န္ခ်န္းခ်င္းအတြက္ ဆန္ျပဳတ္တစ္ပန္းကန္မွာေပးကာ တျခားစားခ်င္တာရွိေသးလားဟု ေမးေလသည္။

ခ်န္ခ်န္းခ်င္းက မစားခ်င္ေၾကာင္း ေခါင္းခါ၍ အမူအရာျပလိုက္၏။

မာခ်ိဳးက ခ်န္ခ်န္းခ်င္းႏွင့္ လုက်န္႔ေဖးၾကားက အျပန္အလွန္ဆက္ဆံေရးကိုၾကည့္ရင္း ဘာကိုေတြးေနမွန္းမသိစြာ မ်က္လုံးကို အနည္းငယ္ေမွးက်ဥ္းလိုက္ေလသည္။ ခဏၾကာမွ သူက ဆိုလိုက္၏။

"ခ်န္းခ်င္း မင္းခုတေလာ ဘာေတြလုပ္ေနတာလဲ။အရင္လက အတန္းသားေဟာင္းျပန္လည္ေတြ႕ဆုံပြဲမွာ မင္းနဲ႔ အဆက္အသြယ္မရဘူး ျဖစ္သြားတယ္။ဒါေပမဲ့ က်ဴ႕ေမာက္ကေတာ့ ေမွ်ာ္ေနရွာတာ"

ေက်ာင္းသားေဟာင္း ေတြ႕ဆုံပြဲ?

ခ်န္ခ်န္းခ်င္းက ပုန္းေအာင္းခ်င္လို႔ အျပင္မထြက္တာမဟုတ္ဘူးဆိုလွ်င္ေတာင္ ေသခ်ာေပါက္ သြားမွာမဟုတ္။သို႔ေသာ္လည္း က်ဴ႕ေမာက္၏ နာမည္ကို ၾကားရခ်ိန္မွာ ခ်န္ခ်န္းခ်င္း၏ အမူအရာက အနည္းငယ္ ေပ်ာ့ေပ်ာင္းသြားသည္။

"ကိစၥေလးရွိလို႔"

မာခ်ိဳးက ၿပဳံးလိုက္ရင္း

"ေနာက္တစ္ခါ လာခဲ့ေနာ္။ အတန္းထဲကလူေတြက မင္းကိုလြမ္းေနၾကတယ္ ထင္တယ္"

မူလက ခ်န္ခ်န္းခ်င္း၏မ်က္ႏွာမွာ အၿပဳံးမရွိ႐ုံသာျဖစ္သည္။ ခုေတာ့ သူ႔မ်က္လုံးေတြေတာင္ ေအးစက္လာခဲ့ေခ်ၿပီ။ မွာထားသည့္ ဆန္ျပဳတ္က အခ်ိန္ကိုက္ေရာက္လာခ်ိန္မွာေတာ့ သူဟာ မာခ်ိဳးကို စကားျပန္ေျပာမေနေတာ့ဘဲ ဇြန္းကိုေကာက္ကိုင္၍ စားေသာက္ေတာ့သည္။

ခ်န္ခ်န္းခ်င္း၏ အမူအရာက တခ်ိဳ႕လူေတြကို မေပ်ာ္မ႐ႊင္ျဖစ္ေစသည္။ အထူးသျဖင့္ခ်စ္သူငယ္ငယ္ေလးကို ခုမွတြဲခုတ္ထားရသည့္ လူေတြပင္။

သူတို႔မ်က္လုံးထဲမွာေတာ့ ခ်န္ခ်န္းခ်င္းက ဘာကိစၥမလို႔ ဘဝင္ျမင့္ေနတာလဲ။ အကုန္လုံးက အေသြးအသားနဲ႔ စီးပြားေရးလဲလွယ္ၾကတာ မဟုတ္လား ဟူသကဲ့သို႔ပင္။

မာခ်ိဳးက ၿပဳံးေနေပမဲ့လည္း သူ႔မ်က္လုံးထဲက အၿပဳံးေတြကေတာ့မွိန္ေဖ်ာ့ကုန္သည္။ သူက တူကိုေကာက္ကိုင္ရင္း ဟင္းပြဲကို ဆက္ႏႈိက္ေနလိုက္သည္။ သူ႔ပုံစံက ခ်န္ခ်န္းခ်င္းႏွင့္ ရင္းႏွီးခ်င္ေယာင္ဆက္ေဆာင္ဖို႔ အစီအစဥ္မရွိေတာ့သည့္အလား။

တကယ္ေတာ့ မာခ်ိဳးက ဤစပြန္ဆာေနာက္ကို လိုက္ခဲ့တာ ၂လ ၃လေလာက္ပင္ရွိေသးသည္။ခ်န္ခ်န္းခ်င္းက လုက်န္႔ေဖး၏ခ်စ္သူ ဆိုတာ သိလိုက္ရခ်ိန္မွာ သူလည္း အေတာ္အံ့အားသင့္ခဲ့ရသည္။အမွန္စင္စစ္ သူ႔မ်က္လုံးထဲမွာ ခ်န္ခ်န္းခ်င္းလို ေကာင္းကင္ဘုံ၏ သားေတာ္ေလးက ဤလမ္းေၾကာင္း(စပြန္ဆာလမ္းေၾကာင္း)ကို အမွန္တကယ္ေလွ်ာက္လွမ္းလာသည္ဆိုတာ မယုံၾကည္ႏိုင္စရာေကာင္းလွသည္

သို႔ေသာ္လည္း ခ်န္ခ်န္းခ်င္းႏွင့္ ေတြ႕ၿပီးေနာက္မွာ မာခ်ိဳး အနည္းငယ္မမွ်တသလို ခံစားလိုက္ရသည္။ ခ်န္ခ်န္းခ်င္းက လူအမ်ားႀကီးကို ဘာေၾကာင့္ လ်စ္လ်ဴရႈေနရသနည္းကို သူမသိေခ်။

မဟုတ္မွလြဲ လုက်န္႔ေဖးက ဒါမ်ိဳးႀကိဳက္တာမ်ားလား။

မာခ်ိဳးက မ်က္ခုံးပင့္လိုက္ရင္း ႐ုတ္တရက္ မေကာင္းသည့္အႀကံတစ္ခု ရသြားေလသည္။

Continue Reading

You'll Also Like

339K 53.6K 71
Author-Die Zhiling Type-Web Novel(CN) Associated Name-意外标记 Total Chapter-95 Chapters Original Publisher-jjwxc >>This novel is not mine. All credits t...
1.1M 233K 168
MinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Mi...
33.6K 4K 105
Language Korean Author(s) 벼르치 Associated Names 메인수가 집착광공이 되면 Status in COO 103 chapters (Complete) Licensed No Original Publisher BLYNUE 블리뉴 Descript...
12.9K 1.1K 13
Author - 木瓜黄 (Mu Gua Huang). 湛无不盛 | Zhan Wu Bu Sheng Shao Zhan x Xu Sheng 邵湛 x 许盛 Original Title - 这题超纲了 Eng Title - Beyond the Outline ♦️|My...