//UNICODE//
အခန်း ၄၀ - Nightshade
ရှောင်းရွိ ကုလီဟန်ရဲ့ ဖုန်းခေါ်ဆိုမှု လက်ခံရတဲ့အခါ အလွန် ဇဝေဇဝါ ဖြစ်သွားရသည်။ ရှောင်းမိသားစုနှင့် ကု မိသားစုကြားတွင် စီးပွားရေးလုပ်ငန်းများစွာရှိသော်လည်း သူနှင့် ကုလီဟန်သည် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးလုံးဝမရှိပါချေ။ အဆုံးတွင်တော့ သူတို့ချင်း အသက်အရွယ်က တော်တော်ကွာခြားသည့်အပြင် ကုလီဟန်ကလည်း စကားနည်းကာ တုံဏှိဘာဝေ နေတတ်သူ ဖြစ်ပြန်သည်။ Belle မြို့တော်ရှိ နာမည်ကြီး မိသားစုများမှ ဒုတိယမျိုးဆက်များစုဝေးရာ ပွဲများလည်း ကုလီဟန် တစ်ခါမှ မတက်ရောက်ခဲ့ဖူးပေ။ ထို့ကြောင့် ကုလီဟန်က သူလုပ်တဲ့ စုဝေးပွဲကို တက်ဖို့ မိမိအား ဖိတ်ကြားလာမည်ဟုလည်း မမျှော်လင့်ထားတာကြောင့် အံအားသင့်ခဲ့ရခြင်းပင်ဖြစ်သည်။ သို့သော် သဘာဝကျစွာပင် သူ မငြင်းခဲ့ဘဲ အဖော်ခေါ်မလာဖို့လည်း သဘောတူလိုက်သည်။ သူတို့ Group chatက သူငယ်ချင်းတွေကို ထိုသတင်း ပြောပြပြီးနောက် စကားပြောခန်းက အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။ တစ်ယောက်ကဆိုလျှင် ကုလီဟန်ရဲ့ လက်ကောက် ဖောက်ထွင်းခံရတာဟုပင် သံသယဝင်သွားလေသည်။
ရှောင်းရွိ ပြောစရာစကားမဲ့သွားခဲ့ပြီး အလေးအနက်ထား ပြောလိုက်သည်။
"ဖုန်းခေါ်တာ။ အသံက ဥက္ကဋ္ဌ အသံ။ အဲ့တော့ မင်းတို့ကောင်တွေ လာကြမှာလား ပြော"
"သေချာပေါက် လာမှပေါ့ဟ"
ဒုတိယမျိုးဆက်အုပ်စုသည် စူးစမ်းလိုစိတ်များစွာဖြင့် ဝမ်းသာအားရ လာဖို့ သဘောတူလိုက်ကြသည်။
ဥက္ကဋ္ဌကုက ရုတ်တရက် မိတ်ဆွေ သူငယ်ချင်းဖွဲ့ဖို့ စိတ်ကူးပေါက်သွားတာဖြစ်နိုင်သည်။ ဒီလိုအခွင့်အရေးကောင်းကို ဘယ်သူမှ လက်မလွှတ်ချင်ကြပေ။ ရှောင်းရွိ၊ ချမ်းသာတဲ့ ဒုတိယမျိုးဆက် ၄ယောက်၊ စုစုပေါင်း ၅ယောက်ဟာ Nightshade ဘားကို အစောကြီး ကြိုရောက်နေကြသည်။ Nightshade ဘားပိုင်ရှင်ရဲ့ သားတစ်ဦးဖြစ်သူ ရဲ့ရှောက်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ သူ ထွက်မလာခင် တစ်လျှောက်လုံး ကုလီဟန်ကို ဆိုင်ရဲ့အကောင်းဆုံးဝန်ဆောင်မှုပေးဖို့ သူ့မိဘတွေက ထပ်တလဲလဲ သတိပေးခဲ့ကြသည်။ သူတို့ Nightshadeတွင် ဆုံကြချိန်၌ ရှောင်းရွိ မိမိ သူငယ်ချင်းများကို ကြည့်ပြီး မနေနိုင်ဘဲ အော်ရယ်မိလေတော့သည်။
"မင်းတို့တွေက ဘားလာတာလား အစည်းအဝေး လာတက်တာလား?"
လူတိုင်းက သူတို့ရဲ့ သာမာန် ပေါ့ပေါ့ပါးပါး အသွင်အပြင်နှင့် ဝေးကွာလှစွာသော ၀တ်စားဆင်ယင်မှုမျိုးဖြင့် သပ်ရပ်စွာ ၀တ်ဆင်ထားသည်။ ရဲ့ရှောက်က မျက်လုံးလှန်လိုက်ပြီး
"ငါတို့အခုပြောနေတာ ဥက္ကဋ္ဌကုနော်။ ငါ့အဖေတောင် သူနဲ့တွေ့ရင် ယဥ်ယဥ်ကျေးကျေး ဆက်ဆံရတာ ဘယ်လိုလုပ် ငါက ရိုင်းပြရဲပါ့မလဲ?"
ကျန်တဲ့လူအားလုံးကလည်း ထိုစကားကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုကြသည်။ ရှောင်းရွိ သူတို့ကို စိတ်သက်သာရာရအောင် ပြောပေးရတော့သည်။
"ဥက္ကဋ္ဌကုက လေးနက်တဲ့လူဆိုပေမယ့် ပေါင်းရသင်းရ အရမ်းလွယ်တဲ့သူပါကွ"
ရဲ့ရှောက်က သိသိသာသာကို မယုံကြည်ဟန်ဖြင့် သူပြောတာကို လက်မခံပေ။
"ငါတို့ဒီမှာပဲ စောင့်မှာလား? သီးသန့်ခန်းကို သွားမလား?"
ရှောင်းရွိ: "အပြင်မှပဲ စောင့်ရအောင်။ ဥက္ကဋ္ဌကုက သီးသန့်ခန်းငှားဖို့ မလိုဘူးတဲ့"
ရဲ့ရှောက်ရဲ့ အမူအရာက အနည်းငယ် ထူးဆန်းလျက်
"သူက သာမန်လူတွေရဲ့ နေထိုင်ပုံကို စစ်ကြည့်ချင်လို့လား။"
ရှောင်းရွိ ပခုံးတွန့်လိုက်ပြီး
"မသိဘူးလေ"
ထို့ကြောင့် သူတို့အဖွဲ့ဟာ ဘားရဲ့ ဘယ်ဘက်မျက်နှာစာရှိ n ပုံသဏ္ဍာန် ဆိုဖာတွင် နေရာယူလိုက်ကြသည်။ ရှောင်းရွိ ကုလီဟန်ကို တည်နေရာကို ပို့ပြီးနောက် သူငယ်ချင်းများနှင့် စကားစမြည် ပြောနေလိုက်သည်။ သူတို့စကားပြောနေစဉ်တွင် အရပ်ရှည်သောလူတစ်ယောက် ချဉ်းကပ်လာသဖြင့် ရဲ့ရှောက်က ထိုသူအား တားရန် လက်ကို မြှောက်ကာ
"ဒီက ညီလေး၊ စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ငါတို့က ဒီနေရာကို ကြိုမှာထားလိုက်ပြီ"
ထိုစကားကိုကြားသောအခါ ရှောင်းရွိလှမ်းကြည့်လိုက်ပြီး ချက်ချင်း ထရပ်လိုက်သည်။
"ဥက္ကဋ္ဌကု"
ရဲ့ရှောက် : "......?"
ထိုအမျိုးသားသည် နက်မှောင်သောဆံပင်များရှိပြီး နဖူးတစ်ဝက်ကို ဖုံးနေသည်။ သူသည် နက်ပြာရောင်ရင့်ရင့် ရှပ်အင်္ကျီကို ဂျင်းဘောင်းဘီနဲ့တွဲဖက် ဝတ်ဆင်ထားပြီး မာတင် ဘွတ်ဖိနပ်(Martin boots)ကို စီးထားသည်။ အရပ်မြင့်မြင့်နဲ့ ခြေတံရှည်တွေက သူ့ကို အရမ်းဖက်ရှင်ကျစေသည်။
[TN-မျက်လုံးထဲပါ မြင်သွားပြီး ပိုးစိုးပက်စက် နှာခေါင်းသွေးလျံသွားပြီ ဒယ်ဒီTypeကြီး ပါးပါးရေ ပါးပါး🤤]
ဒါက အနောက်တိုင်းဝတ်စုံ၊ သားရေရှူးဖိနပ်တွေနဲ့ အမြဲတမ်း လေးနက်တဲ့ ပုံစံနဲ့ ဥက္ကဋ္ဌကုပေါ့?
ကုလီဟန် ခေါင်းညိတ်ပြီး ကျန်လူများကို နှုတ်ဆက်လိုက်သည်။
"မင်းတို့ကို စောင့်ခိုင်းမိတာ စိတ်မကောင်းပါဘူး"
အံ့အားသင့်ခြင်းမှ ပြန်လည်သက်သာလာသော ရဲ့ရှောက်က အမြန်ထရပ်လိုက်ပြီး
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်တော်တို့ အခုလေးတင်ရောက်တာ"
"ဟုတ်တယ် ဟုတ်တယ် ကျွန်တော်တို့က စောနေတာပါ"
ကုလီဟန်: "စိတ်လှုပ်ရှားစရာ မလိုပါဘူး၊ မင်းတို့ ပုံမှန် သွားလာစားသောက်နေသလိုပဲ နေပါ"
သူ ဆိုဖာအစွန်းမှာ ထိုင်လိုက်ပြီး ခန်းမထဲကို ကြည့်လိုက်သည်။ ကလပ်ထဲတွင် ကျားမ မရွေး လူငယ်များ လျှောက်သွားနေကြပြီး လူအများက ပြုံးရွှင်နေသော မျက်နှာများနှင့် အကကြမ်းပြင်တွင် ကနေကြသည်။ တစ်ချို့လူတွေက ဘားမှာ အရက်သောက်ရင်း ဝမ်းနည်းနေပုံရသည်။ အတွဲတစ်တွဲက ပက်လက်ခုံလေးပေါ်မှာ ထိုင်ပြီး ချိုမြိန်စွာဖြင့် သောက်စရာများကို တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် တိုက်နေကြသည်။ လူတိုင်းက အလုပ်မှာတွေ့တဲ့ လူတွေနဲ့ လုံးဝကို ကွဲပြားနေပုံရပြီး သူတို့ရဲ့ ခံစားချက်တွေကို သူတို့မျက်နှာမှာ ဖော်ပြနေကြသည်။ ဤအခြင်းအရာက သူ့ရည်ရွယ်ချက်နဲ့လည်း ကိုက်ညီပေသည်မို့ ကုလီဟန်ကို အလွန် ကျေနပ်မိသည်။
ရှောင်းရွိက မေးသည်။
"သောက်စရာ တစ်ခုခုယူမလား?"
ကုလီဟန်က ခေါင်းညိတ်ပြီး သူ့အတွက် ဝိုင်နီကို မှာခိုင်းကာ
"ဒီည ငါ ငွေရှင်းမယ်။ မင်းတို့အားလုံး မင်းကြိုက်သလို မှာလို့ရတယ်။"
ထို့နောက် သဘာဝ မကျသောအမူအရာနှင့် ကျန် ၄ယောက်ကို ကြည့်ကာ
"မင်းတို့က ငါ့ဝန်ထမ်းတွေလည်း မဟုတ်ဘူး။ ဘာလို့ အရမ်း စိတ်လှုပ်ရှားနေကြတာလဲ?"
ကောင်လေးတွေက ရယ်မောလိုက်ကြသည်။ အဲဒါကို တွေးကြည့်တော့ ကုလီဟန် ပြောတာက မှန်ကန်ကြောင်း သူတို့ သဘောပေါက်ပြီး စိတ်လျှော့လိုက်ပါတော့သည်။ ရဲ့ရှောက်က ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်တာကြောင့်
"ဒါဆို ကျွန်တော်တို့ 'ဥက္ကဋ္ဌကု'လို့ မခေါ်တော့ဘူး။ အစ်ကိုကြီးကု လို့ခေါ်မယ်။ ဒါကို အစ်ကိုကြီးက မသိနိုင်ပေမယ့် ငယ်ငယ်ကတည်းက အစ်ကိုကြီးကို အရမ်းလေးစားခဲ့ရတာ။ ကျွန်တော့်မိဘတွေကလည်း နေတိုင်း အစ်ကိုကြီးဆီကနေ သင်ယူခိုင်းတာ"
ကုလီဟန်: "မင်းက အကုန်လုံး ကောင်းပြီးသားပါ။ ဘယ်သူ့ဆီကမှ သင်ယူစရာ မလိုပါဘူး။"
ကုလီဟန်ရဲ့အမူအရာက မပြောင်းလဲဘဲ အလွန်လေးနက်နေသေးသည်။ သို့သော် ထို့ကြောင့်ပင် သူ့စကားတွေကို ပိုအစစ်အမှန်ဖြစ်စေပြီး ကောင်လေးတွေက ပေါ့ပါးစွာ ရယ်မောကြတယ်။ ခေါင်းစဉ်က တခြားအရာတွေဆီ အမြန်ပြောင်းသွားသည်။ လုပ်ငန်းမျိုးစုံနဲ့ ထုတ်ကုန်သစ်တွေအကြောင်း ပြောနေတာပဲဖြစ်ဖြစ်၊ သူတို့ဟာ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောနေကြကာ အခြား ဘာမှ လေးနက်မှု မရှိပါချေ။ ဒုတိယမျိုးဆက်တိုင်းတွင် လုပ်ငန်းများစွာ ပါဝင်သည့်ကုမ္ပဏီများရှိသောကြောင့် သူတို့ အရာအားလုံးအကြောင်း အနည်းငယ် ပြောဆိုနိုင်ကြသည်။ သူတို့ရဲ့ဝိုင်များနှင့် အမွှေးရနံ့များ လျင်မြန်စွာ ရောက်လာခဲ့ပြီး သောက်ရင်း စကားပြောရင်းနှင့် သူတို့ လုံးလုံးလျားလျား သက်တောင့်သက်သာရှိနေကြသည်။
ကုလီဟန်ကတော သူလည်းပဲ စိတ်အေးလက်အေး ခံစားရသည်။ သူ့အတွက် ဒီလိုအတွေ့အကြုံမျိုး တစ်ခါမှ မကြုံဖူးပေ။ သူတို့ရဲ့ စကားများနှင့် လုပ်ရပ်များက လက်တွေ့ကျကျတော့ အဓိပ္ပါယ်မရှိသော်လည်း သက်တောင့်သက်သာ ခံစားရသည်။ ရဲ့ရှောက်က လူငယ်တစ်ဦး၏ အသက်ဝင်မှုနှင့်အတူ စကားပြောဆိုနေခဲ့ပြီး သူ့ရဲ့အချို့သောစကားလုံးများက ထူးခြားပြီး လူအများကို ရယ်မောစေသည်။ ကုလီဟန် သူတို့နှင့်အတူ ရံဖန်ရံခါ ရယ်နေတတ်သည်။ ထို့နောက် စိတ်မသက်မသာ တုံ့ပြန်မှု ကြုံလာသောအခါမှာလည်း စကားစမြည်ပြောသံကြောင့် သူ လျင်မြန်စွာ အာရုံ ပြောင်းသွားပြန်သည်။ အချိန်တစ်ခုမျှ ကြာပြီးနောက် ရဲ့ရှောက် အကြည့်တွေ ရွေ့သွားကာ ကျောင်းချင် ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ကျောင်းချင်ကို နှုတ်ဆက်ရန် သူ့ဆီ လျှောက်သွားသည်။ သူ ဝိုင်းကို ပြန်လာချိန်တွင် ကျောင်းချင်နဲ့အတူ ကျောင်းချီကိုပါ ခေါ်လာခဲ့သည်။
ရှောင်းရွိကို တွေ့လိုက်ချိန်တွင် ကျောင်းချီရဲ့ အမူအရာပြောင်းသွားပြီး သူ့အကြည့်တွေက ကုလီဟန်ဆီ ရွေ့သွားသည်။ သူတို့၃ယောက် ဆိုဖာနား လျှောက်လာစဥ် ကျောင်းချီက ယိမ်းယိုင်သွားပြီး ဆိုဖာ အစွန်းတွင် ထိုင်နေသော ကုလီဟန်ပေါ် လဲကျသွားသည်။
.......
စုလင်း Nightshade ဘားထဲ ဝင်လာချိန်တွင် သူ့ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံနေပြီး Pheromoneအနံ့များ၊ ဝိညာဥ်ပင်ထုတ်ကုန်နံ့များ၊ ယမကာနံ့များ ရောထွေးနေသည့် မျိုးစုံလှသော အနံ့များစွာ သူထံပြေးဝင်လာသည်။ အနံ့များရောနေသော်လည်း စုလင်း တစ်ခုချင်းကို ခွဲခြားနိုင်ပြီး သူ့ကို မသက်မသာ မခံစားရစေပေ။ သက်တန့်ကို ကြည့်နေရသလိုပင်။ အရောင်တွေအများကြီးရှိနေပေမယ့် တစ်ခုချင်း မြင်နိုင်သည်။
"အချစ်လေး တစ်ယောက်တည်းလာတာလား?"
နံရံနှင့် ကပ်လျက် ပက်လက်ခုံတွင် လူတစ်ယောက် ထိုင်နေသည်။ သူက တံခါးဝမှ ဖြတ်သွားသော လူများကို မျက်စောင်းထိုးကာ ယနေ့ညအတွက် အဖော်ရှာနေသည်။ ထို့ကြောင့် စုလင်း ကိုတွေ့သောအခါ သူ့မျက်လုံးများ တောက်ပလာသည်။
စုလင်း: "မဟုတ်ဘူး။ ငါ့ အဖော်နဲ့ လာတာ။"
Nightshade ရှိ မီးများသည် တောက်ပခြင်းမရှိ ဘဲ အရောင်များ ဆက်တိုက်ပြောင်းလဲနေသဖြင့် ပတ်ဝန်းကျင်ကို ရှုပ်ထွေးသွားစေသည်။ ထို့ကြောင့် ဘားထဲတွင် ရှင်းရှင်းလင်းလင်း မမြင်ရပေ။ စုလင်း ကုလီဟန်ကို တွေ့အောင် ကြိုးစားရင်း ပတ်ပတ်လည်ကို လှမ်းကြည့်သော်လည်း ထိုလူက အရှုံးမပေးချင်ပုံရပြီး
"အတူတူသောက်ရင်ကော ဘယ်လိုလဲ"
စုလင်း သူ့ကို တစ်ချက်ကြည့်လိုက်ပြီး
"မင်းရဲ့ပစ်မှတ်ကို ပြောင်းလိုက်၊ ငါ့ကို အချိန်မဖြုန်းပါနဲ့"
"လင်းလင်း"
လင်းမန်သည် အနက်ရောင်ဆွယ်တာအင်္ကျီနှင့် ဦးထုပ်ဆောင်းထားကာ ဘယ်ဘက်ထိုင်ခုံမှ ပြေးထွက်လာခဲ့သည်။ သူက စုလင်းရဲ့လက်မောင်းကိုကိုင်ပြီး ဘယ်ဘက်အရှေ့ခြမ်းကို ညွှန်ပြပြီး
"ဟိုဘက်မှာ"
ထိုလူက လင်းမန်ရဲ့လက်ချောင်းအနောက်သို့ လိုက်ကြည့်လိုက်ပြီး သူ့မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ ထိုနေရာကို ဒီညအတွက် ရဲ့ရှောက်က သီးသန့်ထား ထားတာဖြစ်သည်။ ထို့နောက် စုလင်း နှင့် လင်းမန်ကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုံးက အရမ်း ကြည့်ကောင်းကြသည်။ လင်းမန်ရဲ့အဝတ်အစားများသည် ရိုးရိုးရှင်းရှင်းဖြစ်သော်လည်း သာမန်အမှတ်တံဆိပ်များမဟုတ်ပေ။ တစ်ချက်ကြည့်လိုက်တော့ သူ့(LM)မိသားစုနောက်ခံက မရိုးရှင်းဘူးဆိုတာ သိသွားသည်။ ထိုလူက စုလင်းကို ထပ်မနှောက်ယှက်ဘဲ တိတ်ဆိတ်စွာ ပြန်ထိုင်လိုက်တော့သည်။
လင်းမန်က စုလင်းကို နဂိုက သူထိုင်နေခဲ့တဲ့ ဆိုဖာဆီ ဆွဲခေါ်သွားရင်း စုလင်းကို ငုံ့ပြီး ပုန်းနေဖို့ ဆက်တိုက် သတိပေးနေတော့သည်။
"ဂရုစိုက်ဦး၊ သူတို့ ရှာမတွေ့သွားစေနဲ့"
စုလင်း သဘောတကျရယ်လိုက်ပြီး
"ငါ သူရှာတွေ့သွားတာခံရဖို့ ဒီကို လာတာလေ"
လင်းမန်: "ငါမလိုက်လာဘူးလို့ အားရွိကို ကတိပေးထားတာ"
လင်းမန် ဆိုဖာဆီရောက်တဲ့အခါ သူ့လက်ကို စုလင်းရဲ့ပခုံးပေါ်တင်ပြီး ဆိုဖာနောက်ဘက်ကနေ ခေါင်းပေါ်မနေနိုင်အောင် ဖိချလိုက်သည်။ သူဖိလိုက်တာကြောင့် စုလင်း ပုခုံးတွေ အောက်ကို နိမ့်သွားပေမယ့် စုလင်းက
"မင်းဆက်ပြီး ပုန်းနေလိုက်လေ။ စိတ်မပူပါနဲ့ ငါမဖော်ပါဘူး"
"ခဏလေး"
စုလင်း မတ်မတ်မထိုင်ရသေးခင် လင်းမန်က ပြန်ဆွဲချသွားပြန်သည်။ လင်းမန်က အားရဝမ်းသာ ပြောလာသည်။
"ကျောင်းချီဆိုတဲ့အကောင် ဥက္ကဋ္ဌကုပေါ်လဲကျပြီး ဖြစ်ပျက်ကုန်တာ မင်းကို မပြောပြရသေးလို့လေ"
စုလင်း ထိုစကားကြားသော် မလှုပ်မရှားဖြင့်
"ဘာဖြစ်သွားလဲ?"
လင်းမန်က ရယ်ရင်း
"ဥက္ကဋ္ဌကုက မြန်မြန်ဆန်ဆန် တုံ့ပြန်ပြီး ဘေးဘက်ကို လှည့်လိုက်တယ်လေ။ ကျောင်းချီက ဆိုဖာပေါ် ပြုတ်ကျသွားတာနဲ့ အဆုံးသတ်ကော ဒင်း အရှက်ရပြီး သေမလိုပဲ"
သူက စုလင်းရဲ့အင်္ကျီလက်တွေကို ဆွဲလိုက်ပြီး မျက်လုံးတွေက တလက်လက်တောက်ကာ ပြောသည်။
"ဥက္ကဋ္ဌကုက မင်းကို ကြိုက်နေတာဖြစ်လောက်တယ်"
စုလင်း ရဲ့ နှုတ်ခမ်းထောင့်က
စွန်းလေး တွန့်ကွေးသွားပြီး
"တိုက်ဆိုင်လိုက်တာ၊ ငါလည်း အဲ့ဒီလိုပဲ ထင်တယ်၊ ဒါပေမယ့် သူက ငါ့ကို အကြိမ်ကြိမ် ငြင်းခဲ့တာ"
"ဟမ်?"
လင်းမန် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
"မင်းက အံ့သြစရာကောင်းတာ သေချာတယ်။ ငါကိုသာ တစ်ယောက်ယောက်က ငြင်းလိုက်ရင် အဲဒီလူကို ငါ ဆက်မလိုက်တော့ဘူး။"
စုလင်းက ဆက်မပြောဘဲ
"မင်းအရင်ထိုင်၊ ငါသွားနှုတ်ဆက်လိုက်ဦးမယ်"
လင်းမန်: "ကျောင်းချီ အဲ့ဒီမှာ ရှိနေတုန်းပဲ။ သူက သူ့အစ်ကိုနဲ့ လိုက်လာတာ။ သူ့အစ်ကိုနဲ့ ရဲ့ရှောက် က သူငယ်ချင်းကောင်းတွေ။ ဒါကြောင့် သူ့ကို (ZQ) က ထွက်သွားခိုင်းရင် ရှက်စရာကောင်းမယ်ထင်တယ်။"
"အဆင်ပြေပါတယ်၊ သူရှိနေသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကိစ္စမရှိပါဘူး"
စုလင်း မတ်တပ်ထရပ်ပြီး စားပွဲပေါ်ရှိ ဝိုင်ခွက်များကို မြင်လိုက်သည်။ အဲဒီထဲက တစ်ခွက်ကို ညွှန်ပြပြီး
"ငါ တစ်ခွက်ယူမယ်"
လင်းမန် : "အင်း၊ ငါ အဲဒါကို ဖော်ရှိုးပြဖို့ မှာထားတာပဲ၊ ငါလည်း မသောက်ဘူးရယ်"
စုလင်း ရွှေရောင်ဖျော့ဖျော့ယမကာနှင့် ဖန်ခွက်ကိုယူပြီး ထရပ်ကာ n ပုံသဏ္ဍာန် ဆိုဖာဆီသို့ လျှောက်သွားသည်။
ထို n ပုံသဏ္ဍာန် ဆိုဖာပေါ်တွင် ငယ်ရွယ်သည့် Alpha လေးဦးက ဘယ်ဘက်တွင် အတန်းလိုက်ထိုင်နေကြပြီး၊ အလယ်တွင် ရှောင်းရွိနဲ့ ကုလီဟန် ထိုင်နေကာ ညာဘက်တွင် ကျောင်းချီနဲ့ ကျောင်းချင်တို့ ဖြစ်သည်။ ကုလီဟန် အစပိုင်းက ညာဖက်မှာ ထိုင်နေခဲ့သော်လည်း ကျောင်းချီကို ရှောင်ဖို့ အလယ်ကို ပြောင်းထိုင်ခဲ့သည်။ စုလင်းက အလယ်တည့်တည့်နဲ့ မျက်နှာချင်းဆိုင် ဖြစ်နေတာကြောင့် သူအနားကို ကပ်လာတော့ ရှောင်းရွိနဲ့ ကုလီဟန်က သူ့ကို ချက်ချင်း တွေ့သွားသည်။
ကုလီဟန်ရဲ့ အမူအရာ အနည်းငယ် လှုပ်ရှားသွားပြီး စုလင်း လက်ထဲက ဝိုင်ခွက်ကို တွေ့သောအခါ သူ့မျက်ခုံးများ တွန့်ချိုးသွားသည်။
စုလင်းက သူ့ကို မျက်ခုံးပင့် ပြလာသည်။ ထို့နောက် ဆိုဖာဆီသို့ ဆက်လာကာ နှုတ်ဆက်သည့် အမူအရာဖြင့် ကုလီဟန်ဆီ သူ့ဖန်ခွက်ကို မြှောက်ပြလိုက်သည်။
ကျောင်းချီလည်း စုလင်းကို မြင်သွားပြီး သူ့မျက်နှာက ချက်ချင်း ရုပ်ဆိုးသွားသည်။ ကျောင်းချီကို လျစ်လျူရှုရင်း စုလင်း ကုလီဟန်ဆီသာ တိုက်ရိုက် လျှောက်သွားကာ 'တစ်ခွက်လောက် သောက်ချင်လား'ဟု သဘာဝကျကျ မေးရန် ရည်ရွယ်ထားသည်။ သို့သော်လည်း စီစဥ်ထားသလို ဖြစ်မလာပေ။ ကျောင်းချီဘေးက ဖြတ်သွားသောအခါ ကျောင်းချီက ရုတ်တရက် ခြေဆန့်လိုက်ရာ စုလင်းရဲ့ ခြေထောက်ကို တိုက်မိပြီး စုလင်း ရှေ့ကို လဲကျသွားသည်။
ခွမ်း!
ဝိုင်ခွက် မြေပြင်ပေါ်သို့ ပြုတ်ကျလာသော အသံသည် သူတို့နားရှိ တိတ်ဆိတ်သော နေရာထောင့်တွင် စူးစူးရှရှ ထွက်လာသည်။
ဒုတိယမျိုးဆက် Alpha အုပ်စုသည် လုံးဝ ကြက်သေသေနေခဲ့ပြီး အရက်နှင့်အပက်ခံလိုက်ရသော ကုလီဟန်ကို ကြောင်တောင်တောင်နဲ့ ကြည့်နေကြသည်။
ကျောင်းချီ အောင်ပွဲခံကာ မျက်ခုံးပင့်လိုက်သည်။ သူလဲကျသွားတုန်းက ကုလီဟန် ရဲ့ တုံ့ပြန်မှုကို ပြန်မြင်ယောင်မိရင်း စုလင်းလည်း ဒီရှက်စရာကောင်းတဲ့ အခြေအနေမှာ ဘယ်လိုအဆုံးသတ်သွားမလဲတွေးကာ သူ ဝမ်းသာပီတိဖြစ်နေသည်။ ကျောင်းချင်က သူ့အား စိုက်ကြည့်ကာ တောင်းပန်ဖို့ မတ်တပ်ထရပ်ခဲ့သော်လည်း နောက်ဆက်တွဲ အဖြစ်အပျက်ကြောင့် ကြက်သေသေသွားတော့သည်။
မျက်နှာ တစ်ပြင်လုံး ယမကာများ စိုရွဲနေသော ကုလီဟန်က ယားယံမှုကြောင့် မသိလိုက်ဘဲ မျက်လုံးများ ပိတ်ထားမိသော်လည်း စုလင်းကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
စုလင်း သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းပြီးနောက် ခေါင်းကို မော့ကာ ညာခြေကျင်းဝတ်ကို ရွှေ့လိုက်သည်။ ကုလီဟန်ရဲ့ မျက်နှာပေါ်က ယမကာများကို မြင်သောအခါ စုလင်း မျက်မှောင်ကြုတ်သွားသည်။ သူ့ရဲ့လက်ကို ကုလီဟန်ရဲ့ ပုခုံးပေါ်တင်လိုက်သည်။ ကုလီဟန်က မျက်လုံးများမှိတ်ထားဆဲ ဖြစ်ပြီး ခေါင်းကို အနည်းငယ် စောင်းငဲ့ထားသည်။ စုလင်း အားနည်းနည်းထည့် တွန်းလိုက်တော့ ကုလီဟန် နဂို သူထိုင်နေသလို ဆိုဖာပေါ် ပြန်ထိုင်မိသွားရပြီး စုလင်း ဆိုဖာပေါ် ဒူးတစ်ဖက်ထောက် လိုက်သည်။
ရှောင်းရွိ တစ်ရှူးတစ်ချိူ့ဆွဲထုတ်လိုက်ပြီး စုလင်းကို လှမ်းပေးသည်။ စုလင်း တစ်ချက်လှမ်းကြည့်ပြီး ညာလက်ကို ကုလီဟန်ပုခုံးပေါ်မှာပဲတင်ထားလျက် ဘယ်လက်နဲ့ လှမ်းယူသည်။ ထို့နောက် သူက ကျောင်းချီကို အေးစက်စွာ လှည့်ကြည့်လိုက်သည်။ ကျောင်းချီရဲ့ တုံ့ပြန်မှုကို လျစ်လျူရှုလျက် သူ တစ်ဖက်လှည့်ပြီး ကုလီဟန်ရဲ့ တောင့်တင်းနေသော မျက်နှာ အမူအရာကို ကြည့်လိုက်သည်။ တစ်ရှူးကို မသုံးတော့ဘဲ စုလင်း ခါးကိုင်း၍ ကုလီဟန်ရဲ့ နဖူးကို နမ်းလိုက်သည်။ ထို့နောက် လျှာဖျားလေး ထုတ်ကာ ယမယာများကို လျက်လိုက်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Translator has something to say
Ahhhh!!!!!!!!
ဒီနားက အကြိုက်ဆုံး အခန်းလေးပါလို့ ကိုယ်တို့ စုစုလေး ဘယ်လိုတောင် flirt တတ်သလဲ😼
ကုကုကကော ကြည့်ပါဦးကွယ် ဘယ်လောက်အနေတည်လိုက်သလဲ အညီအဟောက်တွေ အကပ်ကိုမခံဘဲ သူ့ကလေးလေးမှ ကလေးလေးပဲ💜
Jueမွေးနေ့နဲ့ Jueအကြိုက်ဆုံးအခန်းတိုက်နေလို့ အရမ်းပျော်နေတာ😁 မွေးနေ့အမှတ်တရ ၃ပိုင်းလောက်Upဖို့စိတ်ကူးထားပေမယ့် အခြေအနေအရ ဖုန်းအရမ်း မကြည့်နိုင်သေးတာမို့ ၁ပိုင်းပဲ ဖြစ်သွားတယ်။ ဒါပေမဲ့ နက်ဖြန် ထပ်တွေ့မယ်နော်💜
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia🌸
//ZAWGYI//
အခန္း ၄၀ - Nightshade
ေ႐ွာင္း႐ြိ ကုလီဟန္ရဲ႕ ဖုန္းေခၚဆိုမႈ လက္ခံရတဲ့အခါ အလြန္ ဇေဝဇဝါ ျဖစ္သြားရသည္။ ေ႐ွာင္းမိသားစုႏွင့္ ကု မိသားစုၾကားတြင္ စီးပြားေရးလုပ္ငန္းမ်ားစြာ႐ွိေသာ္လည္း သူႏွင့္ ကုလီဟန္သည္ ပုဂၢိဳလ္ေရးဆိုင္ရာ ဆက္ဆံေရးလုံးဝမ႐ွိပါေခ်။ အဆုံးတြင္ေတာ့ သူတို႔ခ်င္း အသက္အ႐ြယ္က ေတာ္ေတာ္ကြာျခားသည့္အျပင္ ကုလီဟန္ကလည္း စကားနည္းကာ တုံဏွိဘာေဝ ေနတတ္သူ ျဖစ္ျပန္သည္။ Belle ၿမိဳ႕ေတာ္႐ွိ နာမည္ႀကီး မိသားစုမ်ားမွ ဒုတိယမ်ိဳးဆက္မ်ားစုေဝးရာ ပြဲမ်ားလည္း ကုလီဟန္ တစ္ခါမွ မတက္ေရာက္ခဲ့ဖူးေပ။ ထို႔ေၾကာင့္ ကုလီဟန္က သူလုပ္တဲ့ စုေဝးပြဲကို တက္ဖို႔ မိမိအား ဖိတ္ၾကားလာမည္ဟုလည္း မေမွ်ာ္လင့္ထားတာေၾကာင့္ အံအားသင့္ခဲ့ရျခင္းပင္ျဖစ္သည္။ သို႔ေသာ္ သဘာဝက်စြာပင္ သူ မျငင္းခဲ့ဘဲ အေဖာ္ေခၚမလာဖို႔လည္း သေဘာတူလိုက္သည္။ သူတို႔ Group chatက သူငယ္ခ်င္းေတြကို ထိုသတင္း ေျပာျပၿပီးေနာက္ စကားေျပာခန္းက အခ်ိန္အေတာ္ၾကာ တိတ္ဆိတ္သြားခဲ့သည္။ တစ္ေယာက္ကဆိုလွ်င္ ကုလီဟန္ရဲ႕ လက္ေကာက္ ေဖာက္ထြင္းခံရတာဟုပင္ သံသယဝင္သြားေလသည္။
ေ႐ွာင္း႐ြိ ေျပာစရာစကားမဲ့သြားခဲ့ၿပီး အေလးအနက္ထား ေျပာလိုက္သည္။
"ဖုန္းေခၚတာ။ အသံက ဥကၠ႒ အသံ။ အဲ့ေတာ့ မင္းတို႔ေကာင္ေတြ လာၾကမွာလား ေျပာ"
"ေသခ်ာေပါက္ လာမွေပါ့ဟ"
ဒုတိယမ်ိဳးဆက္အုပ္စုသည္ စူးစမ္းလိုစိတ္မ်ားစြာျဖင့္ ဝမ္းသာအားရ လာဖို႔ သေဘာတူလိုက္ၾကသည္။
ဥကၠ႒ကုက ႐ုတ္တရက္ မိတ္ေဆြ သူငယ္ခ်င္းဖြဲ႕ဖို႔ စိတ္ကူးေပါက္သြားတာျဖစ္ႏိုင္သည္။ ဒီလိုအခြင့္အေရးေကာင္းကို ဘယ္သူမွ လက္မလႊတ္ခ်င္ၾကေပ။ ေ႐ွာင္း႐ြိ၊ ခ်မ္းသာတဲ့ ဒုတိယမ်ိဳးဆက္ ၄ေယာက္၊ စုစုေပါင္း ၅ေယာက္ဟာ Nightshade ဘားကို အေစာႀကီး ႀကိဳေရာက္ေနၾကသည္။ Nightshade ဘားပိုင္႐ွင္ရဲ႕ သားတစ္ဦးျဖစ္သူ ရဲ႕ေ႐ွာက္လည္း တစ္ဦးအပါအဝင္ျဖစ္သည္။ သူ ထြက္မလာခင္ တစ္ေလွ်ာက္လုံး ကုလီဟန္ကို ဆိုင္ရဲ႕အေကာင္းဆုံးဝန္ေဆာင္မႈေပးဖို႔ သူ႕မိဘေတြက ထပ္တလဲလဲ သတိေပးခဲ့ၾကသည္။ သူတို႔ Nightshadeတြင္ ဆုံၾကခ်ိန္၌ ေ႐ွာင္း႐ြိ မိမိ သူငယ္ခ်င္းမ်ားကို ၾကည့္ၿပီး မေနႏိုင္ဘဲ ေအာ္ရယ္မိေလေတာ့သည္။
"မင္းတို႔ေတြက ဘားလာတာလား အစည္းအေဝး လာတက္တာလား?"
လူတိုင္းက သူတို႔ရဲ႕ သာမာန္ ေပါ့ေပါ့ပါးပါး အသြင္အျပင္ႏွင့္ ေဝးကြာလွစြာေသာ ၀တ္စားဆင္ယင္မႈမ်ိဳးျဖင့္ သပ္ရပ္စြာ ၀တ္ဆင္ထားသည္။ ရဲ႕ေ႐ွာက္က မ်က္လုံးလွန္လိုက္ၿပီး
"ငါတို႔အခုေျပာေနတာ ဥကၠ႒ကုေနာ္။ ငါ့အေဖေတာင္ သူနဲ႔ေတြ႕ရင္ ယဥ္ယဥ္ေက်းေက်း ဆက္ဆံရတာ ဘယ္လိုလုပ္ ငါက ႐ိုင္းျပရဲပါ့မလဲ?"
က်န္တဲ့လူအားလုံးကလည္း ထိုစကားကို ေထာက္ခံေၾကာင္း ထုတ္ေဖာ္ေျပာဆိုၾကသည္။ ေ႐ွာင္း႐ြိ သူတို႔ကို စိတ္သက္သာရာရေအာင္ ေျပာေပးရေတာ့သည္။
"ဥကၠ႒ကုက ေလးနက္တဲ့လူဆိုေပမယ့္ ေပါင္းရသင္းရ အရမ္းလြယ္တဲ့သူပါကြ"
ရဲ႕ေ႐ွာက္က သိသိသာသာကို မယုံၾကည္ဟန္ျဖင့္ သူေျပာတာကို လက္မခံေပ။
"ငါတို႔ဒီမွာပဲ ေစာင့္မွာလား? သီးသန္႔ခန္းကို သြားမလား?"
ေ႐ွာင္း႐ြိ: "အျပင္မွပဲ ေစာင့္ရေအာင္။ ဥကၠ႒ကုက သီးသန္႔ခန္းငွားဖို႔ မလိုဘူးတဲ့"
ရဲ႕ေ႐ွာက္ရဲ႕ အမူအရာက အနည္းငယ္ ထူးဆန္းလ်က္
"သူက သာမန္လူေတြရဲ႕ ေနထိုင္ပုံကို စစ္ၾကည့္ခ်င္လို႔လား။"
ေ႐ွာင္း႐ြိ ပခုံးတြန္႔လိုက္ၿပီး
"မသိဘူးေလ"
ထို႔ေၾကာင့္ သူတို႔အဖြဲ႕ဟာ ဘားရဲ႕ ဘယ္ဘက္မ်က္ႏွာစာ႐ွိ N ပုံသ႑ာန္ ဆိုဖာတြင္ ေနရာယူလိုက္ၾကသည္။ ေ႐ွာင္း႐ြိ ကုလီဟန္ကို တည္ေနရာကို ပို႔ၿပီးေနာက္ သူငယ္ခ်င္းမ်ားႏွင့္ စကားစျမည္ ေျပာေနလိုက္သည္။ သူတို႔စကားေျပာေနစဥ္တြင္ အရပ္႐ွည္ေသာလူတစ္ေယာက္ ခ်ဥ္းကပ္လာသျဖင့္ ရဲ႕ေ႐ွာက္က ထိုသူအား တားရန္ လက္ကို ေျမႇာက္ကာ
"ဒီက ညီေလး၊ စိတ္မေကာင္းပါဘူး၊ ဒါေပမယ့္ ငါတို႔က ဒီေနရာကို ႀကိဳမွာထားလိုက္ၿပီ"
ထိုစကားကိုၾကားေသာအခါ ေ႐ွာင္း႐ြိလွမ္းၾကည့္လိုက္ၿပီး ခ်က္ခ်င္း ထရပ္လိုက္သည္။
"ဥကၠ႒ကု"
ရဲ႕ေ႐ွာက္ : "......?"
ထိုအမ်ိဳးသားသည္ နက္ေမွာင္ေသာဆံပင္မ်ား႐ွိၿပီး နဖူးတစ္ဝက္ကို ဖုံးေနသည္။ သူသည္ နက္ျပာေရာင္ရင့္ရင့္ ႐ွပ္အက်ႌကို ဂ်င္းေဘာင္းဘီနဲ႔တြဲဖက္ ဝတ္ဆင္ထားၿပီး မာတင္ ဘြတ္ဖိနပ္(Martin boots)ကို စီးထားသည္။ အရပ္ျမင့္ျမင့္နဲ႔ ေျခတံ႐ွည္ေတြက သူ႕ကို အရမ္းဖက္႐ွင္က်ေစသည္။
[TN-မ်က္လုံးထဲပါ ျမင္သြားၿပီး ပိုးစိုးပက္စက္ ႏွာေခါင္းေသြးလ်ံသြားၿပီ ဒယ္ဒီTypeႀကီး ပါးပါးေရ ပါးပါး🤤]
ဒါက အေနာက္တိုင္းဝတ္စုံ၊ သားေရ႐ွဴးဖိနပ္ေတြနဲ႔ အၿမဲတမ္း ေလးနက္တဲ့ ပုံစံနဲ႔ ဥကၠ႒ကုေပါ့?
ကုလီဟန္ ေခါင္းညိတ္ၿပီး က်န္လူမ်ားကို ႏႈတ္ဆက္လိုက္သည္။
"မင္းတို႔ကို ေစာင့္ခိုင္းမိတာ စိတ္မေကာင္းပါဘူး"
အံ့အားသင့္ျခင္းမွ ျပန္လည္သက္သာလာေသာ ရဲ႕ေ႐ွာက္က အျမန္ထရပ္လိုက္ၿပီး
"မဟုတ္ဘူး၊ မဟုတ္ဘူး၊ ကြၽန္ေတာ္တို႔ အခုေလးတင္ေရာက္တာ"
"ဟုတ္တယ္ ဟုတ္တယ္ ကြၽန္ေတာ္တို႔က ေစာေနတာပါ"
ကုလီဟန္: "စိတ္လႈပ္႐ွားစရာ မလိုပါဘူး၊ မင္းတို႔ ပုံမွန္ သြားလာစားေသာက္ေနသလိုပဲ ေနပါ"
သူ ဆိုဖာအစြန္းမွာ ထိုင္လိုက္ၿပီး ခန္းမထဲကို ၾကည့္လိုက္သည္။ ကလပ္ထဲတြင္ က်ားမ မေ႐ြး လူငယ္မ်ား ေလွ်ာက္သြားေနၾကၿပီး လူအမ်ားက ျပဳံး႐ႊင္ေနေသာ မ်က္ႏွာမ်ားႏွင့္ အကၾကမ္းျပင္တြင္ ကေနၾကသည္။ တစ္ခ်ိဳ႕လူေတြက ဘားမွာ အရက္ေသာက္ရင္း ဝမ္းနည္းေနပုံရသည္။ အတြဲတစ္တြဲက ပက္လက္ခုံေလးေပၚမွာ ထိုင္ၿပီး ခ်ိဳၿမိန္စြာျဖင့္ ေသာက္စရာမ်ားကို တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ တိုက္ေနၾကသည္။ လူတိုင္းက အလုပ္မွာေတြ႕တဲ့ လူေတြနဲ႔ လုံးဝကို ကြဲျပားေနပုံရၿပီး သူတို႔ရဲ႕ ခံစားခ်က္ေတြကို သူတို႔မ်က္ႏွာမွာ ေဖာ္ျပေနၾကသည္။ ဤအျခင္းအရာက သူ႕ရည္႐ြယ္ခ်က္နဲ႔လည္း ကိုက္ညီေပသည္မို႔ ကုလီဟန္ကို အလြန္ ေက်နပ္မိသည္။
ေ႐ွာင္း႐ြိက ေမးသည္။
"ေသာက္စရာ တစ္ခုခုယူမလား?"
ကုလီဟန္က ေခါင္းညိတ္ၿပီး သူ႕အတြက္ ဝိုင္နီကို မွာခိုင္းကာ
"ဒီည ငါ ေငြ႐ွင္းမယ္။ မင္းတို႔အားလုံး မင္းႀကိဳက္သလို မွာလို႔ရတယ္။"
ထို႔ေနာက္ သဘာဝ မက်ေသာအမူအရာႏွင့္ က်န္ ၄ေယာက္ကို ၾကည့္ကာ
"မင္းတို႔က ငါ့ဝန္ထမ္းေတြလည္း မဟုတ္ဘူး။ ဘာလို႔ အရမ္း စိတ္လႈပ္႐ွားေနၾကတာလဲ?"
ေကာင္ေလးေတြက ရယ္ေမာလိုက္ၾကသည္။ အဲဒါကို ေတြးၾကည့္ေတာ့ ကုလီဟန္ ေျပာတာက မွန္ကန္ေၾကာင္း သူတို႔ သေဘာေပါက္ၿပီး စိတ္ေလွ်ာ့လိုက္ပါေတာ့သည္။ ရဲ႕ေ႐ွာက္က ဉာဏ္ေကာင္းသူတစ္ေယာက္ျဖစ္တာေၾကာင့္
"ဒါဆို ကြၽန္ေတာ္တို႔ 'ဥကၠ႒ကု'လို႔ မေခၚေတာ့ဘူး။ အစ္ကိုႀကီးကု လို႔ေခၚမယ္။ ဒါကို အစ္ကိုႀကီးက မသိႏိုင္ေပမယ့္ ငယ္ငယ္ကတည္းက အစ္ကိုႀကီးကို အရမ္းေလးစားခဲ့ရတာ။ ကြၽန္ေတာ္႕မိဘေတြကလည္း ေနတိုင္း အစ္ကိုႀကီးဆီကေန သင္ယူခိုင္းတာ"
ကုလီဟန္: "မင္းက အကုန္လုံး ေကာင္းၿပီးသားပါ။ ဘယ္သူ႕ဆီကမွ သင္ယူစရာ မလိုပါဘူး။"
ကုလီဟန္ရဲ႕အမူအရာက မေျပာင္းလဲဘဲ အလြန္ေလးနက္ေနေသးသည္။ သို႔ေသာ္ ထို႔ေၾကာင့္ပင္ သူ႕စကားေတြကို ပိုအစစ္အမွန္ျဖစ္ေစၿပီး ေကာင္ေလးေတြက ေပါ့ပါးစြာ ရယ္ေမာၾကတယ္။ ေခါင္းစဥ္က တျခားအရာေတြဆီ အျမန္ေျပာင္းသြားသည္။ လုပ္ငန္းမ်ိဳးစုံနဲ႔ ထုတ္ကုန္သစ္ေတြအေၾကာင္း ေျပာေနတာပဲျဖစ္ျဖစ္၊ သူတို႔ဟာ ေပါ့ေပါ့ပါးပါး စကားစျမည္ေျပာေနၾကကာ အျခား ဘာမွ ေလးနက္မႈ မ႐ွိပါေခ်။ ဒုတိယမ်ိဳးဆက္တိုင္းတြင္ လုပ္ငန္းမ်ားစြာ ပါဝင္သည့္ကုမၸဏီမ်ား႐ွိေသာေၾကာင့္ သူတို႔ အရာအားလုံးအေၾကာင္း အနည္းငယ္ ေျပာဆိုႏိုင္ၾကသည္။ သူတို႔ရဲ႕ဝိုင္မ်ားႏွင့္ အေမႊးရနံ႔မ်ား လ်င္ျမန္စြာ ေရာက္လာခဲ့ၿပီး ေသာက္ရင္း စကားေျပာရင္းႏွင့္ သူတို႔ လုံးလုံးလ်ားလ်ား သက္ေတာင့္သက္သာ႐ွိေနၾကသည္။
ကုလီဟန္ကေတာ သူလည္းပဲ စိတ္ေအးလက္ေအး ခံစားရသည္။ သူ႕အတြက္ ဒီလိုအေတြ႕အၾကဳံမ်ိဳး တစ္ခါမွ မၾကဳံဖူးေပ။ သူတို႔ရဲ႕ စကားမ်ားႏွင့္ လုပ္ရပ္မ်ားက လက္ေတြ႕က်က်ေတာ့ အဓိပၸါယ္မ႐ွိေသာ္လည္း သက္ေတာင့္သက္သာ ခံစားရသည္။ ရဲ႕ေ႐ွာက္က လူငယ္တစ္ဦး၏ အသက္ဝင္မႈႏွင့္အတူ စကားေျပာဆိုေနခဲ့ၿပီး သူ႕ရဲ႕အခ်ိဳ႕ေသာစကားလုံးမ်ားက ထူးျခားၿပီး လူအမ်ားကို ရယ္ေမာေစသည္။ ကုလီဟန္ သူတို႔ႏွင့္အတူ ရံဖန္ရံခါ ရယ္ေနတတ္သည္။ ထို႔ေနာက္ စိတ္မသက္မသာ တုံ႔ျပန္မႈ ၾကဳံလာေသာအခါမွာလည္း စကားစျမည္ေျပာသံေၾကာင့္ သူ လ်င္ျမန္စြာ အာ႐ုံ ေျပာင္းသြားျပန္သည္။ အခ်ိန္တစ္ခုမွ် ၾကာၿပီးေနာက္ ရဲ႕ေ႐ွာက္ အၾကည့္ေတြ ေ႐ြ႕သြားကာ ေက်ာင္းခ်င္ ကို ေတြ႕လိုက္ရသည္။ ထို႔ေၾကာင့္ ေက်ာင္းခ်င္ကို ႏႈတ္ဆက္ရန္ သူ႕ဆီ ေလွ်ာက္သြားသည္။ သူ ဝိုင္းကို ျပန္လာခ်ိန္တြင္ ေက်ာင္းခ်င္နဲ႔အတူ ေက်ာင္းခ်ီကိုပါ ေခၚလာခဲ့သည္။
ေ႐ွာင္း႐ြိကို ေတြ႕လိုက္ခ်ိန္တြင္ ေက်ာင္းခ်ီရဲ႕ အမူအရာေျပာင္းသြားၿပီး သူ႕အၾကည့္ေတြက ကုလီဟန္ဆီ ေ႐ြ႕သြားသည္။ သူတို႔၃ေယာက္ ဆိုဖာနား ေလွ်ာက္လာစဥ္ ေက်ာင္းခ်ီက ယိမ္းယိုင္သြားၿပီး ဆိုဖာ အစြန္းတြင္ ထိုင္ေနေသာ ကုလီဟန္ေပၚ လဲက်သြားသည္။
.......
စုလင္း Nightshade ဘားထဲ ဝင္လာခ်ိန္တြင္ သူ႕ပတ္ဝန္းက်င္တစ္ခုလုံး ဆူညံေနၿပီး Pheromoneအနံ႔မ်ား၊ ဝိညာဥ္ပင္ထုတ္ကုန္နံ႔မ်ား၊ ယမကာနံ႔မ်ား ေရာေထြးေနသည့္ မ်ိဳးစုံလွေသာ အနံ႔မ်ားစြာ သူထံေျပးဝင္လာသည္။ အနံ႔မ်ားေရာေနေသာ္လည္း စုလင္း တစ္ခုခ်င္းကို ခြဲျခားႏိုင္ၿပီး သူ႕ကို မသက္မသာ မခံစားရေစေပ။ သက္တန္႔ကို ၾကည့္ေနရသလိုပင္။ အေရာင္ေတြအမ်ားႀကီး႐ွိေနေပမယ့္ တစ္ခုခ်င္း ျမင္ႏိုင္သည္။
"အခ်စ္ေလး တစ္ေယာက္တည္းလာတာလား?"
နံရံႏွင့္ ကပ္လ်က္ ပက္လက္ခုံတြင္ လူတစ္ေယာက္ ထိုင္ေနသည္။ သူက တံခါးဝမွ ျဖတ္သြားေသာ လူမ်ားကို မ်က္ေစာင္းထိုးကာ ယေန႔ညအတြက္ အေဖာ္႐ွာေနသည္။ ထို႔ေၾကာင့္ စုလင္း ကိုေတြ႕ေသာအခါ သူ႕မ်က္လုံးမ်ား ေတာက္ပလာသည္။
စုလင္း: "မဟုတ္ဘူး။ ငါ့ အေဖာ္နဲ႔ လာတာ။"
Nightshade ႐ွိ မီးမ်ားသည္ ေတာက္ပျခင္းမ႐ွိ ဘဲ အေရာင္မ်ား ဆက္တိုက္ေျပာင္းလဲေနသျဖင့္ ပတ္ဝန္းက်င္ကို ႐ႈပ္ေထြးသြားေစသည္။ ထို႔ေၾကာင့္ ဘားထဲတြင္ ႐ွင္း႐ွင္းလင္းလင္း မျမင္ရေပ။ စုလင္း ကုလီဟန္ကို ေတြ႕ေအာင္ ႀကိဳးစားရင္း ပတ္ပတ္လည္ကို လွမ္းၾကည့္ေသာ္လည္း ထိုလူက အ႐ႈံးမေပးခ်င္ပုံရၿပီး
"အတူတူေသာက္ရင္ေကာ ဘယ္လိုလဲ"
စုလင္း သူ႕ကို တစ္ခ်က္ၾကည့္လိုက္ၿပီး
"မင္းရဲ႕ပစ္မွတ္ကို ေျပာင္းလိုက္၊ ငါ့ကို အခ်ိန္မျဖဳန္းပါနဲ႔"
"လင္းလင္း"
လင္းမန္သည္ အနက္ေရာင္ဆြယ္တာအက်ႌႏွင့္ ဦးထုပ္ေဆာင္းထားကာ ဘယ္ဘက္ထိုင္ခုံမွ ေျပးထြက္လာခဲ့သည္။ သူက စုလင္းရဲ႕လက္ေမာင္းကိုကိုင္ၿပီး ဘယ္ဘက္အေ႐ွ႕ျခမ္းကို ၫႊန္ျပၿပီး
"ဟိုဘက္မွာ"
ထိုလူက လင္းမန္ရဲ႕လက္ေခ်ာင္းအေနာက္သို႔ လိုက္ၾကည့္လိုက္ၿပီး သူ႕မ်က္ႏွာ အနည္းငယ္ ေျပာင္းလဲသြားသည္။ ထိုေနရာကို ဒီညအတြက္ ရဲ႕ေ႐ွာက္က သီးသန္႔ထား ထားတာျဖစ္သည္။ ထို႔ေနာက္ စုလင္း ႏွင့္ လင္းမန္ကို ၾကည့္လိုက္သည္။ သူတို႔ႏွစ္ေယာက္လုံးက အရမ္း ၾကည့္ေကာင္းၾကသည္။ လင္းမန္ရဲ႕အဝတ္အစားမ်ားသည္ ႐ိုး႐ိုး႐ွင္း႐ွင္းျဖစ္ေသာ္လည္း သာမန္အမွတ္တံဆိပ္မ်ားမဟုတ္ေပ။ တစ္ခ်က္ၾကည့္လိုက္ေတာ့ သူ႕(LM)မိသားစုေနာက္ခံက မ႐ိုး႐ွင္းဘူးဆိုတာ သိသြားသည္။ ထိုလူက စုလင္းကို ထပ္မေႏွာက္ယွက္ဘဲ တိတ္ဆိတ္စြာ ျပန္ထိုင္လိုက္ေတာ့သည္။
လင္းမန္က စုလင္းကို နဂိုက သူထိုင္ေနခဲ့တဲ့ ဆိုဖာဆီ ဆြဲေခၚသြားရင္း စုလင္းကို ငုံ႔ၿပီး ပုန္းေနဖို႔ ဆက္တိုက္ သတိေပးေနေတာ့သည္။
"ဂ႐ုစိုက္ဦး၊ သူတို႔ ႐ွာမေတြ႕သြားေစနဲ႔"
စုလင္း သေဘာတက်ရယ္လိုက္ၿပီး
"ငါ သူ႐ွာေတြ႕သြားတာခံရဖို႔ ဒီကို လာတာေလ"
လင္းမန္: "ငါမလိုက္လာဘူးလို႔ အား႐ြိကို ကတိေပးထားတာ"
လင္းမန္ ဆိုဖာဆီေရာက္တဲ့အခါ သူ႕လက္ကို စုလင္းရဲ႕ပခုံးေပၚတင္ၿပီး ဆိုဖာေနာက္ဘက္ကေန ေခါင္းေပၚမေနႏိုင္ေအာင္ ဖိခ်လိုက္သည္။ သူဖိလိုက္တာေၾကာင့္ စုလင္း ပုခုံးေတြ ေအာက္ကို နိမ့္သြားေပမယ့္ စုလင္းက
"မင္းဆက္ၿပီး ပုန္းေနလိုက္ေလ။ စိတ္မပူပါနဲ႔ ငါမေဖာ္ပါဘူး"
"ခဏေလး"
စုလင္း မတ္မတ္မထိုင္ရေသးခင္ လင္းမန္က ျပန္ဆြဲခ်သြားျပန္သည္။ လင္းမန္က အားရဝမ္းသာ ေျပာလာသည္။
"ေက်ာင္းခ်ီဆိုတဲ့အေကာင္ ဥကၠ႒ကုေပၚလဲက်ၿပီး ျဖစ္ပ်က္ကုန္တာ မင္းကို မေျပာျပရေသးလို႔ေလ"
စုလင္း ထိုစကားၾကားေသာ္ မလႈပ္မ႐ွားျဖင့္
"ဘာျဖစ္သြားလဲ?"
လင္းမန္က ရယ္ရင္း
"ဥကၠ႒ကုက ျမန္ျမန္ဆန္ဆန္ တုံ႔ျပန္ၿပီး ေဘးဘက္ကို လွည့္လိုက္တယ္ေလ။ ေက်ာင္းခ်ီက ဆိုဖာေပၚ ျပဳတ္က်သြားတာနဲ႔ အဆုံးသတ္ေကာ ဒင္း အ႐ွက္ရၿပီး ေသမလိုပဲ"
သူက စုလင္းရဲ႕အက်ႌလက္ေတြကို ဆြဲလိုက္ၿပီး မ်က္လုံးေတြက တလက္လက္ေတာက္ကာ ေျပာသည္။
"ဥကၠ႒ကုက မင္းကို ႀကိဳက္ေနတာျဖစ္ေလာက္တယ္"
စုလင္း ရဲ႕ ႏႈတ္ခမ္းေထာင့္က
စြန္းေလး တြန္႔ေကြးသြားၿပီး
"တိုက္ဆိုင္လိုက္တာ၊ ငါလည္း အဲ့ဒီလိုပဲ ထင္တယ္၊ ဒါေပမယ့္ သူက ငါ့ကို အႀကိမ္ႀကိမ္ ျငင္းခဲ့တာ"
"ဟမ္?"
လင္းမန္ မ်က္ေတာင္ ပုတ္ခတ္ပုတ္ခတ္ လုပ္လိုက္သည္။
"မင္းက အံ့ၾသစရာေကာင္းတာ ေသခ်ာတယ္။ ငါကိုသာ တစ္ေယာက္ေယာက္က ျငင္းလိုက္ရင္ အဲဒီလူကို ငါ ဆက္မလိုက္ေတာ့ဘူး။"
စုလင္းက ဆက္မေျပာဘဲ
"မင္းအရင္ထိုင္၊ ငါသြားႏႈတ္ဆက္လိုက္ဦးမယ္"
လင္းမန္: "ေက်ာင္းခ်ီ အဲ့ဒီမွာ ႐ွိေနတုန္းပဲ။ သူက သူ႕အစ္ကိုနဲ႔ လိုက္လာတာ။ သူ႕အစ္ကိုနဲ႔ ရဲ႕ေ႐ွာက္ က သူငယ္ခ်င္းေကာင္းေတြ။ ဒါေၾကာင့္ သူ႕ကို (ZQ) က ထြက္သြားခိုင္းရင္ ႐ွက္စရာေကာင္းမယ္ထင္တယ္။"
"အဆင္ေျပပါတယ္၊ သူ႐ွိေနသည္ျဖစ္ေစ မ႐ွိသည္ျဖစ္ေစ ကိစၥမ႐ွိပါဘူး"
စုလင္း မတ္တပ္ထရပ္ၿပီး စားပြဲေပၚ႐ွိ ဝိုင္ခြက္မ်ားကို ျမင္လိုက္သည္။ အဲဒီထဲက တစ္ခြက္ကို ၫႊန္ျပၿပီး
"ငါ တစ္ခြက္ယူမယ္"
လင္းမန္ : "အင္း၊ ငါ အဲဒါကို ေဖာ္႐ိႈးျပဖို႔ မွာထားတာပဲ၊ ငါလည္း မေသာက္ဘူးရယ္"
စုလင္း ေ႐ႊေရာင္ေဖ်ာ့ေဖ်ာ့ယမကာႏွင့္ ဖန္ခြက္ကိုယူၿပီး ထရပ္ကာ N ပုံသ႑ာန္ ဆိုဖာဆီသို႔ ေလွ်ာက္သြားသည္။
ထို Nပုံသ႑ာန္ ဆိုဖာေပၚတြင္ ငယ္႐ြယ္သည့္ Alpha ေလးဦးက ဘယ္ဘက္တြင္ အတန္းလိုက္ထိုင္ေနၾကၿပီး၊ အလယ္တြင္ ေ႐ွာင္း႐ြိနဲ႔ ကုလီဟန္ ထိုင္ေနကာ ညာဘက္တြင္ ေက်ာင္းခ်ီနဲ႔ ေက်ာင္းခ်င္တို႔ ျဖစ္သည္။ ကုလီဟန္ အစပိုင္းက ညာဖက္မွာ ထိုင္ေနခဲ့ေသာ္လည္း ေက်ာင္းခ်ီကို ေ႐ွာင္ဖို႔ အလယ္ကို ေျပာင္းထိုင္ခဲ့သည္။ စုလင္းက အလယ္တည့္တည့္နဲ႔ မ်က္ႏွာခ်င္းဆိုင္ ျဖစ္ေနတာေၾကာင့္ သူအနားကို ကပ္လာေတာ့ ေ႐ွာင္း႐ြိနဲ႔ ကုလီဟန္က သူ႕ကို ခ်က္ခ်င္း ေတြ႕သြားသည္။
ကုလီဟန္ရဲ႕ အမူအရာ အနည္းငယ္ လႈပ္႐ွားသြားၿပီး စုလင္း လက္ထဲက ဝိုင္ခြက္ကို ေတြ႕ေသာအခါ သူ႕မ်က္ခုံးမ်ား တြန္႔ခ်ိဳးသြားသည္။
စုလင္းက သူ႕ကို မ်က္ခုံးပင့္ ျပလာသည္။ ထို႔ေနာက္ ဆိုဖာဆီသို႔ ဆက္လာကာ ႏႈတ္ဆက္သည့္ အမူအရာျဖင့္ ကုလီဟန္ဆီ သူ႕ဖန္ခြက္ကို ေျမႇာက္ျပလိုက္သည္။
ေက်ာင္းခ်ီလည္း စုလင္းကို ျမင္သြားၿပီး သူ႕မ်က္ႏွာက ခ်က္ခ်င္း ႐ုပ္ဆိုးသြားသည္။ ေက်ာင္းခ်ီကို လ်စ္လ်ဴ႐ႈရင္း စုလင္း ကုလီဟန္ဆီသာ တိုက္႐ိုက္ ေလွ်ာက္သြားကာ 'တစ္ခြက္ေလာက္ ေသာက္ခ်င္လား'ဟု သဘာဝက်က် ေမးရန္ ရည္႐ြယ္ထားသည္။ သို႔ေသာ္လည္း စီစဥ္ထားသလို ျဖစ္မလာေပ။ ေက်ာင္းခ်ီေဘးက ျဖတ္သြားေသာအခါ ေက်ာင္းခ်ီက ႐ုတ္တရက္ ေျခဆန္႔လိုက္သည္။ စုလင္း ေျခေထာက္ကို တိုက္မိၿပီး စုလင္း ေ႐ွ႕ကို လဲက်သြားသည္။
ခြမ္း!
ဝိုင္ခြက္ ေျမျပင္ေပၚသို႔ ျပဳတ္က်လာေသာ အသံသည္ သူတို႔နား႐ွိ တိတ္ဆိတ္ေသာ ေနရာေထာင့္တြင္ စူးစူး႐ွ႐ွ ထြက္လာသည္။
ဒုတိယမ်ိဳးဆက္ Alpha အုပ္စုသည္ လုံးဝ ၾကက္ေသေသေနခဲ့ၿပီး အရက္ႏွင့္အပက္ခံလိုက္ရေသာ ကုလီဟန္ကို ေၾကာင္ေတာင္ေတာင္နဲ႔ ၾကည့္ေနၾကသည္။
ေက်ာင္းခ်ီ ေအာင္ပြဲခံကာ မ်က္ခုံးပင့္လိုက္သည္။ သူလဲက်သြားတုန္းက ကုလီဟန္ ရဲ႕ တုံ႔ျပန္မႈကို ျပန္ျမင္ေယာင္မိရင္း စုလင္းလည္း ဒီ႐ွက္စရာေကာင္းတဲ့ အေျခအေနမွာ ဘယ္လိုအဆုံးသတ္သြားမလဲေတြးကာ သူ ဝမ္းသာပီတိျဖစ္ေနသည္။ ေက်ာင္းခ်င္က သူ႕အား စိုက္ၾကည့္ကာ ေတာင္းပန္ဖို႔ မတ္တပ္ထရပ္ခဲ့ေသာ္လည္း ေနာက္ဆက္တြဲ အျဖစ္အပ်က္ေၾကာင့္ ၾကက္ေသေသသြားေတာ့သည္။
မ်က္ႏွာ တစ္ျပင္လုံး ယမကာမ်ား စို႐ြဲေနေသာ ကုလီဟန္က ယားယံမႈေၾကာင့္ မသိလိုက္ဘဲ မ်က္လုံးမ်ား ပိတ္ထားမိေသာ္လည္း စုလင္းကို ဆုပ္ကိုင္ထားဆဲ ျဖစ္သည္။
စုလင္း သူ႕ကိုယ္သူ တည္ၿငိမ္ေအာင္ ထိန္းၿပီးေနာက္ ေခါင္းကို ေမာ့ကာ ညာေျခက်င္းဝတ္ကို ေ႐ႊ႕လိုက္သည္။ ကုလီဟန္ရဲ႕ မ်က္ႏွာေပၚက ယမကာမ်ားကို ျမင္ေသာအခါ စုလင္း မ်က္ေမွာင္ၾကဳတ္သြားသည္။ သူ႕ရဲ႕လက္ကို ကုလီဟန္ရဲ႕ ပုခုံးေပၚတင္လိုက္သည္။ ကုလီဟန္က မ်က္လုံးမ်ားမွိတ္ထားဆဲ ျဖစ္ၿပီး ေခါင္းကို အနည္းငယ္ ေစာင္းငဲ့ထားသည္။ စုလင္း အားနည္းနည္းထည့္ တြန္းလိုက္ေတာ့ ကုလီဟန္ နဂို သူထိုင္ေနသလို ဆိုဖာေပၚ ျပန္ထိုင္မိသြားရၿပီး စုလင္း ဆိုဖာေပၚ ဒူးတစ္ဖက္ေထာက္ လိုက္သည္။
ေ႐ွာင္း႐ြိ တစ္႐ွဴးတစ္ခ်ိဴ႕ဆြဲထုတ္လိုက္ၿပီး စုလင္းကို လွမ္းေပးသည္။ စုလင္း တစ္ခ်က္လွမ္းၾကည့္ၿပီး ညာလက္ကို ကုလီဟန္ပုခုံးေပၚမွာပဲတင္ထားလ်က္ ဘယ္လက္နဲ႔ လွမ္းယူသည္။ ထို႔ေနာက္ သူက ေက်ာင္းခ်ီကို ေအးစက္စြာ လွည့္ၾကည့္လိုက္သည္။ ေက်ာင္းခ်ီရဲ႕ တုံ႔ျပန္မႈကို လ်စ္လ်ဴ႐ႈလ်က္ သူ တစ္ဖက္လွည့္ၿပီး ကုလီဟန္ရဲ႕ ေတာင့္တင္းေနေသာ မ်က္ႏွာ အမူအရာကို ၾကည့္လိုက္သည္။ တစ္႐ွဴးကို မသုံးေတာ့ဘဲ စုလင္း ခါးကိုင္း၍ ကုလီဟန္ရဲ႕ နဖူးကို နမ္းလိုက္သည္။ ထို႔ေနာက္ လွ်ာဖ်ားေလး ထုတ္ကာ ယမယာမ်ားကို လ်က္လိုက္သည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Translator has something to say
Ahhhh!!!!!!!!
ဒီနားက အႀကိဳက္ဆုံး အခန္းေလးပါလို႔ ကိုယ္တို႔ စုစုေလး ဘယ္လိုေတာင္ flirt တတ္သလဲ😼
ကုကုကေကာ ၾကည့္ပါဦးကြယ္ ဘယ္ေလာက္အေနတည္လိုက္သလဲ အညီအေဟာက္ေတြ အကပ္ကိုမခံဘဲ သူ႕ကေလးေလးမွ ကေလးေလးပဲ💜
Jueေမြးေန႔နဲ႔ Jueအႀကိဳက္ဆုံးအခန္းတိုက္ေနလို႔ အရမ္းေပ်ာ္ေနတာ😁 ေမြးေန႔အမွတ္တရ ၃ပိုင္းေလာက္Upဖို႔စိတ္ကူးထားေပမယ့္ အေျခအေနအရ ဖုန္းအရမ္း မၾကည့္ႏိုင္ေသးတာမို႔ ၁ပိုင္းပဲ ျဖစ္သြားတယ္။ ဒါေပမဲ့ နက္ျဖန္ ထပ္ေတြ႕မယ္ေနာ္💜
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia🌸