🌼အချစ်ကိုသိချိန်🌼{Completed}

By Alinyoung911627

173K 14.4K 1.4K

စချစ်ကတည်းကပြန်ချစ်ပါစေဆိုပီးချစ်ခဲ့တာမဟုတ်ပါဘူး အစားထိုးဆိုတာ ပါးသိခဲ့ပေမယ့် သဲငယ်ကိုချစ်တဲ့စိတ်နဲ့မသိချင်ယေ... More

Intro
Part-1🌼
Part-2🌼
Part-3🌼
Part-4🌼
Part-5🌼
Part-6🌼
Part-7🌼
Part-8🌼
Part-9🌼
Part-10🌼
Part-11🌼
Part-12🌼
Part-13🌼
Part-14🌼
Part-15🌼
Part-16🌼
Part-17🌼
Part-18🌼
Part-19🌼
Part-20🌼
Part-21🌼
Discussion
Part-22🌼
Part-23🌼
Part-24🌼
Part-25🌼
Part-26🌼
Part-27🌼
Part-29🌼
Part-30🌼
Part-31🌼
Part-32🌼
Part-33🌼
Part-34🌼
Part-35🌼
Part-36🌼
Part-37🌼
Part-38🌼
Part-39🌼
Part-40🌼
Part-41🌼
Part-42🌼
Part-43🌼
Part-44🌼
Part-45🌼
Part-46🌼
Part-47🌼
Part-48🌼
Part-49🌼
Part-50🌼
Part-51🌼
Part-52🌼
💛ကျေးဇူး💛
True Plot

Part-28🌼

2.5K 273 14
By Alinyoung911627

Jenစာကြည့်နေတဲ့အချိန်ဖုန်းဝင်လာတာကြောင့်နံမည်ကိုကြည့်ပြီးပြုံးလိုက်ကာ Ireneကို...

"ပါးပါး ဖုန်းဆက်နေတယ်..."

"အင်း..အဲ့တာဆို.ကိုင်လိုက်လေ..."

"Hello..."

"သဲငယ် ..."

"ပြောလေ ပါးပါး။သဲငယ်အတန်းချိန်မရှိတော့ဘူး."

"ပါးပါးကအခု သဲငယ်တို့ကျောင်းကိုလာနေတာ ရောက်တော့မယ်"

"ဟုတ်လား။ဒါနဲ့ ပါးပါးကဘာလာလုပ်တာလဲ။ကျောင်းအတွက်လာတာလား"

"အာ့ညီး"

"ဟင် ကျောင်းအတွက်လာတာမဟုတ်ရင်."

"သဲငယ်ကိုတွေ့ချင်လို့။ပီးတော့သဲငယ်အတွက်ပါးပါး မုန့်တေဝယ်လာခဲ့တယ်..."

"တကယ်..."

"တကယ်ပေါ့ "

"ဟုတ်ပါပီ။အဲ့တာဆိုပါးပါးကျောင်းရောက်ရင် ဖုန်းဆက်လိုက်လေ။သဲငယ်လာခေါ်မယ် ..."

"ပါးပါး ပဲလာခဲ့မယ်လေ။သဲငယ်တို့ကျောင်းအုပ်ဆီဝင်အုန်းမှာမို့..."

"အင်းပါ။အာ့ဆိုလဲပီးရော..."

"အဲ့တာဆို ဒါပဲနော်။ပါးပါးရောက်မှ ဖုန်းဆက်မယ်..."

"Nae...ပါးပါး။သဲငယ်ဖုန်းချလိုက်ပီ..."

"ကောင်းပါပီ...."

Jenဖုန်းချလိုက်မှIreneကဖုန်းကိုကိုင်ပီးပြုံးနေတဲ့Jenကို...

"ဘာတဲ့လဲ။ နင့် ပါးပါးက..."

"ပါးပါးကအခုကျောင်းကိုလာနေတာတဲ့။ ငါ့အတွက် မုန့်တေဝယ်လာပေးတယ်"

"အမလေး..မိJenတို့ကသာယာပါတယ်နော်။ ကျောင်းထိတောင်မုန့်လာပို့​ပေးတာ။အလုပ်မအားတဲ့ CEOကြီးက"

"ဟီး ပါးပါးကငါ့ကို အရမ်းချစ်တာကိုး။သူ့အလုပ်ထပ်ငါ့ကို ဦးစားပေးတယ်လေ"

"ဟုတ်ပါပီနော်။နင်သာMs.Lalisaအပေါ်တအားဆိုးမနေနဲ့ "

"​အေးပါ။ငါသိပါတယ်"

နှစ်ယောက်သားပြောပီးစာပြန်ကြည့်နေလိုက်ကြတယ်။Lisaလဲကျောင်းပေါက်ဝရောက်တော့ ဂိတ်စောင့်ကLisaကားဖြစ်နေတာကြောင့်ဘာမှမမေးပဲ ကျောင်းတံခါးကိုဖွင့်ပေးကာတခါတည်းဝင်ခွင့်ပေးလိုက်တယ်။Lisaလဲကားပါကင်ရောက်တော့ Driverကြီးကိုထားခဲ့ပီးမုန့်ထုတ်တေဆွဲကာရုံးခန်းဖက်ကိုအရင်ထွက်လာလိုက်တယ်။ရုံးခန်းရောက်တော့စာမေးပွဲမေးခွန်းတေထုတ်နေတဲ့Daraကိုတွေ့ကာမဝင်ခင်Lisaကအခန်းတံခါးကိုခေါက်လိုက်ရင်း...

"Hello...ကျောင်းအုပ်ကြီး"

အသံကြားတော့Daraလဲခေါင်းထောင်ကြည့်ရင်း တပ်ထားတဲ့မျက်မှန်ကိုချွတ်ကာမုန့်ထုတ်တေကိုင်ပီးအခန်းဝမှာပြုံးပီးရပ်နေတဲ့ Lisaကိုတွေ့လိုက်တော့အံ့သြသွားကာ...

"Lisa..."

"အေး...ငါ့ကိုအထဲခေါ်ပါအုန်းဟ "

"အာ့ အေး အေး ဝင်။ငါကနင့်ကိုရုတ်တရက်ကြီးတွေ့တော့အံ့သြသွားလို့ပါ..."

"ဟုတ်ပါပီ"

Daraခေါ်တော့မှLisaလဲစားပွဲပေါ်မှာဝယ်လာတဲ့ မုန့်ထုတ်တေတင်ရင်းSofaမှာဝင်ထိုင်လိုက်တော့ DaraကLisaဘေးဝင်ထိုင်လိုက်ကာ...

"ပြောပါအုန်း။အခုဘာကိစ္စကျောင်းကို လူကိုယ်တိုင်ရောက်ချလာရတာလဲ။ငါပြောထားတယ်လေ၊ မလာခဲ့နဲ့လို့"

"နောက်ဆိုကျောင်းကိုအခေါက်ခေါက်အခါခါ ရောက်တော့မှာ။အခုကလဲ Youngတို့စာမေးပွဲနီးနေလို့ မုန့်လာပို့ရင်းလာကြည့်တာ."

ပြုံးပီးပြောနေတဲ့ Lisaကြောင့် Daraက

"Borrr..အခေါက်ခေါက်လာရတဲ့အထိနင်ကအားနေလား။ပီးတော့နင်ပြောတဲ့ Youngတို့ဆိုတာကဘာအဓိပ္ပာယ်လဲ..Lalisa Shi."

"အားတယ်။ငါကCEOလေ။ပီးတော့ငါကျောင်းကိုလာတာက သဲငယ်ကိုတွေ့ချင်လို့..."

"ဘာ ဘာကြီး။သဲငယ် ဘယ်ကသဲငယ်လဲ..."

"နင်ကြည့်မရဘူးပြောနေတဲ့ Kim Jennieနဲ့ငါက ချစ်သူတေဖြစ်သွားကြပီ။ငါကJennieကို သဲငယ်လို့ခေါ်တာလေ."

Lisaစကားကြောင့် Daraရှော့ရသွားကာ..

"Borrr.နင်ရူးနေတာလားLalisaရဲ့။ငါပြောနေတဲ့ကြားကကို။တိုင်မယ် နင့်ကိုYoungနဲ့"

"ဟား ဟား Youngသိပီးသွားပီ။နင်တိုင်လဲ အလကားပဲ ဟဟ..."

Lisaကပျော်နေတဲ့ပုံစံဖြစ်နေတဲ့အတွက်Daraက...

"နင် ငါ့ကိုလာနောက်နေတာလား Lisaရယ်..."

"အာ့ညီး မနောက်ဘူး။ငါအတည်ပြောနေတာ."

"Jennieအကြောင်းကိုနင်ဘာသိလို့လဲ။သူက..."

Daraစကားကိုအဆုံးသတ်ခွင့်မပေးပဲ Lisaကဝင်ပြောလိုက်တယ်။

"သူအကြောင်းတေငါအကုန်သိထားတယ်လေ။ ငါ့ လူယုံကိုစုံစမ်းခိုင်းထားတာ။အသေးစိတ်ကအစ ငါအကုန်သိထားပါပီ Daraရယ်...."

"အဲ့တာကို....ဟယ်။နင်ရူးနေတာလား။ အသက်ကြီးမှသောက်သဲကွဲနေမယ်နော်။ ပီးတော့ အချစ်ဆိုတဲ့အရာကိုနင်တခါမှမထိတွေ့ဘူးသလို ကြုံဖူးတဲ့သူလဲ မဟုတ်ပဲ..."

Daraက စိတ်ပူပီးပြောနေသော်လဲ Lisaကတော့ ပြုံးလိုက်ပီးDaraကို...

"ငါတခါမှမတွေ့ကြုံဘူးသေးတဲ့အချစ်ကJennieနဲ့မှ ကြုံဘူးသွားပီ။ချစ်မိသွားတာကိုတော့ငါလဲမတတ်နိူင်ဘူး။ငါ့ဦးနှောက်ကတားနေပေမယ့် ငါ့နှလုံးသားကတော့ဘယ်လိုမှတားလို့မရခဲ့ဘူး။ Youngကိုလဲငါပြောပြထားပီးသားပါ။ Youngလဲနင့်လိုပဲငါ့ကိုတားတယ်။ဒါပေမယ့် ငါကJennieကိုအရမ်းချစ်မိသွားတယ်ပြောတော့ Youngက ငါစိတ်ချမ်းသာဖို့အတွက်Jennieကိုသဘောမကျပေမယ့်ခွင့်ပြုပေးခဲ့တယ်."

LisaစကားတေကြားပီးDaraသက်ပြင်းချလိုက်ကာ..

"ဟူး နင်ဘယ်လိုလူစားလဲဆိုတာကိုငါသိထားတော့ Jennieနဲ့ကိစ္စကိုငါမတားတော့ပါဘူး။ဒါပေမယ့် ချစ်ပီးရင်လမ်းခွဲခြင်းဆိုတဲ့ပြသာနာကတနေ့မဟုတ်တနေ့ ကြုံလာနိူင်တယ်။လမ်းခွဲခြင်းကနေရလာတဲ့ နာကျင်လွမ်းဆွတ်မှု့ဒဏ်တေကိုရော နင်ခံနိူင်ရည်ရှိပ့မလားဆိုတာကို ငါစိုးရိမ်မိတယ်။ မချစ်နဲ့တော့လို့တော့ ငါ မပြောလိုတော့ပါဘူး။ နင့်ရောဂါအခြေနေကိုရော နင်သိတယ်မလား...."

Daraဆိုတာက ငယ်သူငယ်ချင်းဖြစ်နေသလို Lisaအကြောင်းတေကိုအကုန်သိထားတာကြောင့် စိတ်ပူစိုးရိမ်ပီးထပ်ပြောနေတာကိုLisaနားလည်ပေမယ့် ကိုယ်တိုင်ကလဲJenကိုအရမ်းချစ်မိသွားတာကြောင့် နောက်မဆုတ်ပဲရှေ့ဆက်ဖို့ကိုသာ တွေးထားမိသောLisaကDaraကိုကြည့်လိုက်ရင်း...

"နင်ပြောတာတေငါ နားလည်ပါတယ်။ဒါပေမယ့် လမ်းခွဲဖို့ဆိုတာကငါ့ဖက်ကတော့ဖြစ်လာမှာ မဟုတ်ဘူး။ဘာလိုဆို​တော့ငါ သဲငယ်ကိုအရမ်းချစ်တယ်။သူဘာကြောင့်အချစ်ကိုမယုံကြည်ရဲတော့တာလဲဆိုတာကို ငါနားလည်တယ်။ဘယ်သူမဆိုပထမဆုံးချစ်မိတဲ့အချစ်ကသစ္စာဖောက်ခြင်းဆိုတာကို ကြုံလာခဲ့တော့ကြောက်ပီး ဘယ်သူကိုမှ မချစ်ရဲတော့တာ။အဲ့တာတေကြောင့်ငါ့ဖက်ကနေလူတိုင်းကသူ့အချစ်ဦးမဟုတ်ဘူးဆိုတာလေးကို ငါသက်သေပြပေးချင်ရုံပဲ။သူ ငါ့ကို မချစ်သေးတာလဲ.ငါသိထားတယ်လေ"

"အေးပါ။ဘယ်လိုပြောပြော နင် နောက်ဆုတ်မှာမဟုတ်ဘူးဆိုတာကိုငါသိတယ်။တစ်ခုတော့ နင်မှတ်ထားပေးပါ.Lisa..."

"အင်း..ပြောလေ..."

"နင်နဲ့ငါကသူငယ်ချင်းဆိုပေမယ့် ညီအစ်မတေလိုဖြစ်နေတာကို နင်လဲသိတယ် ."

"သိတယ်လေ။နင် ငါ့အပေါ်မှာ Unnieတစ်ယောက်လိုအရမ်းဂရုစိုက်မှန်း..."

"ပြုံးမနေနဲ့။ငါတကယ်နင့်ကို တားမရလို့သာ။Jennieကို အရမ်းမချစ်မိပါစေနဲ့။နင်သာအရမ်းချစ်မိသွားတဲ့အချိန် Jennieကအရင်လူတေလို နင့်ကို ထားခဲ့ရင်နာကျင်မှု့ဒဏ်ကို ကြိတ်ပီးမခံစားပါနဲ့။ Youngနဲ့ငါ့ကိုနင်ဖွင့်ပြောရမယ်။ကြားလား...''

"အင်းပါ။ နင်ပြောသလို Youngလဲပြောလို့ ငါဂတိပေးထားတယ်။ပီးတော့ သဲငယ် ငါ့ကိုပြန်ချစ်လာစေရမယ်..."

"အေးပါဟယ်။နင့် သဲငယ်သာပြန်ချစ်လာပါစေ။ ငါဆုတောင်းပေးတယ်..."

"အွန်း..."

Lisaနဲ့Daraစကားပြောနေချိန် Lunch Timeရောက်တာကြောင့် ခေါင်းလောင်းထိုးသံကြားတော့ Lisaက...

"အာ့ ငါမေ့နေတာ။Youngနဲ့သဲငယ်ကိုဖုန်းဆက်ရအုန်းမယ်။နင်ရော Canteenလိုက်ပီးမုန့်စားလေ"

"အေး ဆက် ဆက်။ငါကမေးခွန်းထုတ်နေတာ မအားဘူး။Canteenကငါမလိုက်တော့ဘူး..."

"အေးပါ။အဲ့တာဆိုနင်လုပ်စရာရှိတာလုပ်ငါCanteenကိုပဲသွားတော့မယ်.''

"ကောင်းပါပီ ရှင်"

DaraလဲLisaဘေးကနေထကာမေးခွန်းထုတ်နေတဲ့ စားပွဲမှာပြန်ထိုင်ရင်းမေးခွန်းစာရွက်တေကို ပြန်ကြည့်နေတော့တယ်။LisaလဲYoungဆီကိုအရင်ဖုန်းဆက်လိုက်ပီး Canteenကိုလာခဲ့ဖို့ ပြောလိုက်တယ်။Youngဆီကိုဆက်ပီး Jenဆီကိုလဲဖုန်းဆက်ကာCanteenမှာပဲ စောင့်မယ့်အကြောင်းပြောပီးမုန့်ထုတ်တေဆွဲကာ Canteenဖက်ကို Lisaအရင်ထွက်လာလိုက်တယ်။

Canteenကိုလာတဲ့တစ်လျှောက်လုံး ကျောင်းသား ကျောင်းသူတေက Lisaကို နှုတ်ဆက်နေတာကြောင့် Lisaလည်းခေါင်းငြိမ်ကာပြုံးပြရင်း မုန့်ထုတ်တေဆွဲကာ Canteenကထောင့်စွန်းဝိုင်းမှာ ဝင်ထိုင်ပီး Youngနဲ့Jenကိုစောင့်နေလိုက်တယ်။Lisaထိုင်ပီးမကြာမှီYoungနဲ့Seulကအရင်ရောက်လာပီး Lisaကို...

"ရောက်နေတာကြာပီလား Unnie..."

"မကြာသေးပါဘူး Youngရဲ့"

"အာညော် Unnie..."

"ထိုင်လေ Seul။စာတေရော ပိုင်ကြပီလား..."

"အေးဆေးပါ Unnieရဲ့ ..."

"ဟုတ်ပါပီ..."

Youngနဲ့Seulလဲ Lisaဘေးကို ဝင်ထိုင်လိုက်ကာ Youngကစားပွဲပေါ်ကမုန့်ထုတ်တေကြည့်ပီး...

"Unnieဝယ်လာတာကအများကြီးပဲ။Youngတို့ဖို့တင်မဟုတ်ဘူးမလား..."

Youngကမျက်မှောင်ကြုတ်ကာ Lisaကိုမေးနေတာကြောင့် Lisaကရယ်လိုက်ရင်း...

"Ommလေ။သဲငယ်အတွက်ပါပါတယ်..."

Lisaပြောနေတဲ့အချိန်နောက်ကနေJenနဲ့Ireneကရောက်လာပီး LisaကိုJenက...

"ပါးပါး"

"သဲငယ်ရောက်ပီလား"

"Nae..."

"လာလေ ထိုင်။သဲငယ် သူငယ်ချင်းရော ခေါ်လေ မတ်တပ်ကြီးတေရပ်မနေနဲ့."

"Nae...ပါးပါး.."

Jenလည်းIreneနဲ့အတူ Lisaဘေးမှာကပ်ထိုင်လိုက်တာကြောင့်Lisaနဲ့IreneကြားကိုJenကရောက်သွားပီး မျက်နှာချင်းဆိုင်အနေအထားဖစ်နေသော Youngကို...

"အာညော် Young."

Jenကပြုံးပြပီးနှုတ်ဆက်နေပေမယ့် Youngကတော့ ခပ်တည်တည်နေနေတာကြောင့် Lisaကပြုံးလိုက်ရင်း Youngကို...

"Youngလေး"

"အာ့...အာညော်"

Lisaမျက်နှာရိပ်မျက်နှာကဲကြောင့် Jenကိုပြန်ပီးYoungကနှုတ်ဆက်လိုက်တယ်။Canteenမှာ မုန့်လာစားနေတဲ့ ကောင်မလေးတစ်ချို့ကတော့ Lisaကိုကြည့်ပီး...

"ချောလိုက်တာဟယ်.."

"ဟုတ်ပ့။Oppa Youngနဲ့ညီအစ်မတေလိုမပြောရဘူး။နှစ်ယောက်လုံးက Oppa Typeကြီး။အရပ်က​လဲအရှည်ကြီးတေ."

"ငါကတော့ မျက်မှန်နဲ့Oppaကိုပိုသဘောကျတယ်။သူ့အပြုံးလေးကချစ်စရာလေး."

တီးတိုးပြောနေတာကိုJenကကြားနေရပီးစိတ်ထဲသဝန်တိုစိတ်ဖြစ်လာတာကြောင့်ပြုံးနေတဲ့Lisaလက်မောင်းကိုကိုင်လိုက်ကာ...

"ပါးပါး..."

"သဲငယ် ပြောလေ..."

"သဲငယ် ဗိုက်ဆာပြီ။ပါးပါး ဘာတေဝယ်လာလဲဟင်..."

Puppy Eyeလေးတေနဲ့ကြည့်ပီးချွဲနေတဲ့အသံဖြင့်Lisaကိုပြောလိုက်တာကြောင့် Youngတို့ဝိုင်းပါမကဘေးကငမ်းနေကြတဲ့သူတေပါအံ့သြသွားကာ...

"What???ဒီဂျပုမ ဘာထဖြစ်"

"ဘာကြီးလဲ။Jennieနဲ့ Oppaက ဘာတေလဲ"

"အေး.. မျက်မှန်နဲ့OppaကိုJennieကပါးပါးလို့ခေါ်လိုက်တာမလား..."

Lisaကတော့မေးနေတဲ့Jenရဲ့ခေါင်းလေးကိုခပ်ဖွဖွပုတ်လိုက်ကာပတ်ဝန်းကျင်ကတီးတိုးစကားသံတေကိုလဲသတိမထားမိတော့ပဲ.Jenကိုသာကြည့်ပီးပြုံးလိုက်ကာ....

"သဲငယ်အကြိုက်တေ။ပါးပါး ဝယ်လာတာပေါ့..."

"Nae..ဘာတေလဲစားမယ်လေ..."

Lisaလဲစားပွဲပေါ်တင်ထားတဲ့အထုတ်ထဲကဘူးတေကိုထုတ်လိုက်ကာ...

"ဒါက ဆူရှီ၊ဒါက ပါစတာ၊ဒါက တော့ပုကီ၊ဒါက ဖက်ထုတ်၊အချိုတည်းဖို့ကစတော်ဘယ်ရီဖျော်ရည်လေ."

"အာ့ ပါးပါးကတော်လိုက်တာ။သဲငယ်အကြိုက်တေကြည့်ပဲဝယ်လာတာ။သဲငယ်လဲအခုဗိုက်ဆာပီဆိုတော့ ပါးပါး ခွံ့ကျွေးနော်..."

Jenစကားကြောင့်Lisaက ပြုံးလိုက်ရင်း...

"ဟုတ်ပါပီ။ပါးပါး ခွံ့ကျွေးမယ်နော် ..."

"Nae...ပါးပါး"

Lisaကဖက်ထုတ်ဘူးကိုအရင်ကိုင်ပီးမှ Youngတို့ကိုသတိရပီးကြည့်လိုက်တော့ လက်ပိုက်ကာ Jenကို မျက်မှောင်ကုတ်ပီးကြည့်နေတဲ့Youngရယ်။ခေါင်းကိုအောက်ငုံ့ထားတဲ့Seulရယ်။ခပ်တည်တည်ထိုင်နေတဲ့Ireneကိုတွေ့ပီးအားနာသွားကာLisa ပြုံးပြလိုက်ရင်း...

"Youngတို့လဲစားကြလေ။ဒီမှာ အများကြီးပဲ..."

ပြောပီးYoungရှေ့ကိုဆူရှီဘူးနဲ့တော့ပုကီဘူးကိုချပေးကာ Lisaက...

"စားလေ Young။Seulနဲ့ သဲငယ်သူငယ်ချင်းလဲစားကြနော်။Lisaအများကြီးဝယ်လာပေးတယ် အားမနာနဲ့."

Seulနဲ့Irene ကတော့Lisaကို...

"Nae...Unnie."

"Gomarwae Unnie..."

Youngကတော့Jenကိုတစ်ချက်ကြည့်လိုက်ပီး ဖက်ထုတ်ဘူးကိုဖွင့်ကာတူနဲ့ယူစားနေတော့ JenကLisaကို...

"ပါးပါး သဲငယ်ကို ဖက်ထုတ်အရင်ခွံ့..."

"ကောင်းပါပီဗျာ.."

Lisaလဲဖက်ထုတ်လေးတစ်ခုကိုတူနဲ့ညှပ်ပီး Jenပါးစပ်ထဲကိုခွံ့လိုက်တော့ Jenက စားရင်း လက်မလေးထောင်ပီး Lisaကို...

"Good...ကောင်းလိုက်တာ။ပါးပါး ခွံ့ကျွေးလို့ထင်တယ်"

"ကောင်းရင် အများကြီးစားနော်"

"Nae....ကုန်ပီ။ထပ်ခွံ့."

"အာ့...."

Youngကတော့စားနေရင်းတူကိုချလိုက်ကာ...

"Unnie.."

Jenကို ခွံ့ကျွေးနေရင်းLisaကYoungခေါ်သံကြောင့်...

"ပြောလေ Young."

"Jennieမှာလဲ လက်ပါပါတယ်။ပီးတော့Jennie.နင်လဲကိုယ့်ဘာသာစားပါလား။ဘာလို့ ငါ့Unnieကိုခွံ့ကျွေးခိုင်းနေရတာလဲ။လူတေ ကြည့်နေတယ်။နင်မရှက်ဘူးလား"

Youngစကားကြောင့် LisaကJenကိုအားနာကာ Youngကို...

"Youngလေး.ဘယ်လိုပြော.."

JenကLisaစကားစကိုတားလိုက်ကာလက်ကိုကိုင်လိုက်ရင်း...

"နေ ပါးပါး သဲငယ်ပြောမယ်။ငါကဘာလို့ရှက်ရမှာလဲYoungရဲ့။ပါးပါးကငါ့ချစ်သူမို့လို့ ခွံ့ကျွေးခိုင်းတာလေ။ဘာရှက်စရာလိုလို့လဲ၊ပီးတော့..."

Jenကစားပွဲကနေထရပ်လိုက်ရင်း နောက်ကိုလှည့်ကြည့်ကာLisaကိုငမ်းနေကြတဲ့ဝိုင်းကိုကြည့်လိုက်ပီး...

"ပြောထားမယ်။Lalisa ManobanကKim Jennieရဲ့ချစ်သူပဲ။ပါးစပ်အရသာခံပီး ငါ့ချစ်သူအကြောင်းကိုပြောမနေကြနဲ့။ငါမကြိုက်ဘူး...."

Part-29🔜
Words 2200🔝
26.2.2022(Saturday)
10:10PM
Sorry...ဒီနေ့ Upတာနောက်ကျသွားတယ်။ဟိုကျက်သတုံးPageကြောင့် စိတ်တိုပီး စာတေက စဥ်းစားမရလို့ ခုမှUpdateပေးမိတာ။ဖတ်ရတာတော့ပေါ့သွားမယ်ထင်ပါတယ်။ မနက်ဖန်မှ ပြန်တွေ့မယ်ဗျာ စာလုံးပေါင်းတေစစ်မထားမိဘူး။ အမှားပါရင် ဖြည့်ပီးဖတ်ပေးကြပါအုန်း။
Thank Guys💛
Alinyoung🐼

A/N_စာတေပြန်ပြင်ထားပါတယ်။

Continue Reading

You'll Also Like

50.9K 4K 33
"နောက်ဘ၀ဆိုတာ ရှိနေသရွေ့ မ ကိုပဲ ချစ်ပါရစေ " " ကျွန်မကို မုန်းလိုက်စမ်းပါ မ ရယ် " _ Park Chae Young _
25.7K 2.9K 30
Young သည်သာ အရာရာ... Young သည္သာ အရာရာ...
45.2K 3.2K 30
မောင်ကလေ အဓိပ္ပါယ်တွေနက်နဲနေတဲ့ကဗျာလေး တစ်ပုဒ် ။ အပေါ်ယံဖတ်ကြည့်လိုက်ရင်တော့ ဘာမွ နားမလည်လိုက်သလိုဘဲ ဒါပေမဲ့လေ အချိန်ယူပြီးဖတ် ကြည့်ရင်တော့ တွေးလေလေ...
59.4K 4.7K 46
အစ်မ က ချယ်အပိုင်.. ချယ်တစ်ယောက်ထဲ အတွက်ပဲ။ unicode x zawgyi အစ်မက ချယ်အပိုင်... ချယ်တစ်ယောက်ထဲ အတွက်ပဲ။