{Unicode}
"ယဲ့ခွေးက နမ်းချင်နေတယ်"
ဝမ်ယန်သည် ကိုယ်လုံးတီးနှင့် ကုတင်ပေါ် ဒူးထောက်လျက် တုန်တုန်ယင်ယင် ရှိနေသည်။
သူ့မျက်နှာသည် ပြာနှမ်းလာလုနီးပါး ဖြစ်နေပြီး မျက်လုံးထဲတွင်တော့ ရှိုးတိုးရှန့်တန့်နှင့် ကြောက်ကြောက်လန့်လန့် ဖြစ်နေသည်။
ထိုအမျိုးသားသည် ယဲ့ထင်နှင့် ရန်ကျားလိ၏ ဓာတ်ပုံကို ဆုတ်ဖြဲပြီး အမှိုက်ပုံးထဲ လွှင့်ပစ်ပြီးနောက် မတ်တတ်ထလာကာ နှေးကွေးလေးဆေးသော ခြေလှမ်းများဖြင့် ဝမ်ယန်ရှေ့ လှမ်းလျှောက်လာသည်။ လက်ညှိုးဖြင့် ဝမ်ယန်၏ မေးစေ့ကို ပင့်မြှောက်လိုက်ပြီး ပြုံးကာမေးသည်။
"ယန်ယန်၊ ကြောက်လား မကြောက်ဘူးလား"
ဝမ်ယန်၏ ခန္ဓာကိုယ်သည် အေးစက်တုန်ရီနေပြီး ကတုန်ကယင်နှင့် ခေါင်းညိတ်ပြသည်။
"ကြောက်လည်း ဘယ်တတ်နိုင်မှာလဲ။ ဘယ်သူက မင်းကို အသုံးမကျအောင် လုပ်ခိုင်းထားလို့လဲ"
ထိုအမျိုးသား၏ မျက်လုံးထဲတွင် နှမြောတဿဖြစ်မှုနှင့် ခန့်မှန်းရန် မလွယ်ကူသော မှိုင်းထွေ ညှိုးဝေမှုတို့ ရှိနေပြီး
"မကြာခင်ပဲ အရေးကြီးတဲ့အချိန် ရောက်တော့မှာကို မင်းက တိုးတက်မှု နည်းနည်းလေးတောင် မရှိဘူး။ ကိုယ်မင်းကို အပြစ်ပေးတာကို အဆိုးမဆိုနဲ့လေ"
ဝမ်ယန်၏ လေသံက ကြမ်းရှနေပြီး သနားစဖွယ် လေသံနှင့်
"ကျွန်တော် နောက်တစ်ခါကျရင် သေချာပေါက် နည်းလမ်းရှာပါ့မယ်။ သေချာပေါက် နည်းလမ်းရှာ...."
ထိုအမျိုးသားက ခေါင်းခါလိုက်ပြီး ဖျော့ဖျော့ကလေး သက်ပြင်းချကာ
"မမီတော့ဘူး"
"အဲ့ဒီရက်က မကြာခင်ပဲ ရောက်လာတော့မှာ။ အဲ့အချိန်ကျရင် ကိုယ်ကယဲ့ထင်နဲ့ ထိပ်တိုက် ရင်ဆိုင်ရတော့မယ်။ မင်းက အခုထိ မတိုးတက်သေးဘူးဆိုရင် ကိုယ်လိုချင်တဲ့ chips တွေကိုရဖို့ တခြားနည်းလမ်းတွေကို သုံးမှပဲ ရတော့မယ်။ လှဲလိုက်တော့"
ဝမ်ယန်သည် ဖိမ့်ဖိမ့်တုန်နေရင်း လဲလျောင်းလိုက်သည်။ လည်ချောင်းထဲတွင် ပိတ်ဆို့နေသော ရှိုက်ငိုသံတို့ ရှိနေသလိုပင်။
ထိုအမျိုးသားက လက်ဆန့်ကာ ထိကိုင်လိုက်သည့် တစ်ခဏတွင် ဝမ်ယန်သည် ကြောက်လန့်နေသော ကြွက်တစ်ကောင်အလား ထိန်းချုပ်နိုင်စွမ်း မရှိဘဲ ကွေးကောက််မိသွားသည်။
ထိုအမျိုးသားက မျက်လုံးကျဥ်းမြောင်းလိုက်ပြီး လေသံမှာလည်း ကြောက်မက်ဖွယ် အေးစက်နေကာ
"ဆရာဝန်ပြောတာတော့ မင်းရဲ့စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာ ရှိနေနိုင်တယ်တဲ့။ ဒါပေမဲ့ ကိုယ်ကြည့်ရတာတော့ မင်းက အကောင်းကြီးပါ။ ဒီလောက် အချိန်အကြာကြီး လေ့ကျင့်ပေးထားတာတောင် အရင်အတိုင်း ပြောစကား နားမထောင်သေးဘူးပဲ"
သူသည် နီးကပ်လာပြီး လင်းယုန်တစ်ကောင်နှယ် စူးရှသည့် မျက်လုံးဖြင့် ဝမ်ယန်ကို စေ့စေ့ စိုက်ကြည့်သည်။
"မင်း မမေ့နဲ့နော်။ ယဲ့ထင်ကြောင့် မင်းကို လူတွေအားလုံး ရှောင်ဖယ်နေကြပြီး အသက်ဆက်ဖို့ အလုပ်လေးတစ်ခုတောင် မရှာနိုင်တဲ့ အချိန်မှာ ဘယ်သူက မင်းကို ထမင်းတစ်နပ် ကျွေးမွေးပေးခဲ့တာလဲ။ မင်းကရော ဘယ်သူ့အပေါ်မှာ သစ္စာရှိသင့်တာလဲ။ မင်းလည်း သေချာ စဥ်းစားကြည့်သင့်တယ်၊ ကိုယ့်ဘေးက ထွက်သွားရင်၊ မင်း ဘယ်ကို သွားနိုင်သေးလို့လဲ"
ဝမ်ယန်သည် ကြောက်ကြောက်ရွံ့ရွံ့နှင့် သူ့ကို ကြည့်နေပြီး အတော်ကြာမှ လိမ်ကောက်နေသည့် ခန္ဓာကိုယ်ကို ဆန့်တန်းလိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။
နှောင့်နှေးခြင်းမရှိ ဆက်တိုက် ရောက်လာသည်မှာ ယခင်က အကြိမ်ပေါင်း မရေတွက်နိုင်လောက်အောင် ကြုံတွေ့ခဲ့ဖူးသော ရက်ရက်စက်စက် နာကျင်မှုများပင်။ သံဆူးများပါသော ဘီးလုံးများနှင့် ထိုးဆွနေသကဲ့သို့ သူ၏ ပိန်လှီချို့တဲ့နေပြီးသား ခန္ဓာကိုယ်ထက် အဆက်မပြတ် နင်းခြေလေတော့သည်။
ဝမ်ယန်သည် အိပ်ရာခင်းစကို ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး အံကြိတ်နေသည့်ကြားမှ ငိုသံက ထွက်လာမိသေးသည်။
အပြစ်ပေးခြင်း ပြီးသောအခါ ဝမ်ယန်သည် ကုတင်ပေါ် ပျော့ခွေနေခဲ့သည်။
သူ့မျက်လုံးသည် ထုံထိုင်းစွာနှင့် အပြင်ဘက်မှ ပိန်းပိတ်အောင် မှောင်မိုက်နေသော ကောင်းကင်ထက် ချိတ်ဆွဲထားသော တောက်ပသည့် လမင်းကြီးကို ကြည့်နေသည်။ ပါးစပ်ဟထားသော်လည်း စကားတော့ မပြောလာပေ။
ထိုအမျိုးသားသည် ကိုယ်တိုင်၏ အင်္ကျီကို သပ်သပ်ရပ်ရပ် ဝတ်ဆင်လိုက်ပြီး ဝမ်ယန်ကို ဆွဲမ,ကာ ရင်ခွင်ထဲ ဖက်လိုက်ပြီး လေသံဖျော့နှင့်
"ကိုယ်မင်းကို မညှာတာပေးတာကို အပြစ်မတင်နဲ့နော်။ အခုက အရေးကြီးဆုံး အချိန်ကို ရောက်နေတာ။ ကိစ္စတွေ အောင်မြင်သွားပြီး ကိုယ်လိုချင်တာတွေကို ယူနိုင်ခဲ့မယ်၊ မင်းရဲ့ အမုန်းတရားတွေကိုလည်း လက်စားချေနိုင်ခဲ့မယ်ဆိုရင် နှစ်ဖက်စလုံး အကျိုးရှိသွားပြီ။ အဲ့ဒီအချိန်ကျရင် ကိုယ်မင်းကို ကောင်းကောင်း ဆက်ဆံပါ့မယ်။ မင်းက အခြေအနေ အားလုံးကို နားလည်ရမယ်လေ၊ သိပြီလား"
ဝမ်ယန်၏ မျက်လုံးထဲတွင် စိတ်ဝိညာဥ်ပင် မရှိလေဘဲ အတော်ကြာမှ စက်ရုပ်လို ပြန်ဖြေသည်။
"ဟုတ်ကဲ့"
_________
ရန်ကျားလိသည် စင်မြင့်ထက် ဝတ်စုံပြည့်နှင့် ငါးရက်တာ အစမ်းလေ့ကျင့်ပြီး နောက်ဆုံးတွင်တော့ အစီအစဥ်၏ တရားဝင် အသံသွင်းခြင်း စတင်လာတော့သည်။
အစီအစဥ် အသံသွင်းရန် ထွက်ခွာရမည့်နေ့တွင် ယဲ့ထင်ကိုယ်တိုင် ရန်ကျားလိအား ဖျော်ဖြေရေးစင်တာသို့ လိုက်ပို့ပေးသည်။
ရန်ကျားလိသည် ရောင်ပြန်ဟပ်နေသည့် ကားပြတင်းပေါက်တွင် သူ့ကော်လံ၌ စီးထားသော အမည်းရောင် ဖဲပြားပုံ လည်စည်းလေးကို ဟိုရွေ့သည်ရွေ့လုပ်ရင်း တစ်ဖက်က လည်စည်းကိုဆွဲကာ မေးသည်။
"ဒါကငါ ကြီးကျယ်ခမ်းနားတဲ့ အစီအစဥ်ကို ပထမဆုံး တက်ရတာပဲ၊ နည်းနည်းတော့ စိတ်လှုပ်ရှားတယ်။ ဟေး၊ ဒီလိုစီးထားတာ အဆင်ပြေရဲ့လား မင်းငါ့ကို ကူကြည့်ပေးဦး။ စောင်းနေသလိုပဲနော်....."
ယဲ့ထင်သည် လက်ဆန့်ကာ တည့်မတ်အောင် ကူညီပေးလိုက်ပြီး ဖွဖွလေးပြုံးကာ
"ကိုယ်တို့ပေါင်ပေါင်းက ဘယ်လိုဖြစ်ဖြစ် ချောပြီးသားပဲ"
ရန်ကျားလိသည် သူ့ကို တစ်ချက် စိုက်ကြည့်လိုက်ပြီး နှာခေါင်းထဲ ဟွန့်သံပြုကာ နှုတ်ခမ်းကတော့ တိတ်တိတ်ကလေး မြှင့်တက်သွားသည်။
အင်္ကျီကို သေချာပြင်ဆင်ပြီးသောအခါ ရန်ကျားလိသည် ခန္ဓာကိုယ်ကို ကြောင်တစ်ကောင်အလား ဆွဲဆန့်လိုက်ပြီး ပျင်းပျင်းရိရိနှင့် ယဲ့ထင်အနား ငိုက်စိုက်သွားကျကာ ယဲ့ထင် တစ်လမ်းလုံး ဖတ်ရှူနေသည့် စာရွက်စာတမ်းကို ကြည့်သည်။
"မင်းအလုပ် ပြန်လုပ်နေပြီလား၊ ဒါမှမဟုတ် ဟိုင်အန်းနယ်မြေက ဘယ်အဆောက်အအုံတွေရဲ့ ဘာလေလံဆိုလား?"
ယဲ့ထင်က ခေါင်းညိတ်သည်။
မည်သို့ဆိုစေ ရန်ကျားလိအား ဖုံးကွယ်ထားစရာ ဘာမျှမရှိသည်မို့ သူ ပွင့်ပွင့်လင်းလင်းသာ ပြောပြသည်။
"လေလံဖွင့်ပွဲက နီးလာပြီ။ အခုအချိန်ကို အခွင့်ကောင်းယူပြီး အဓိကကျတဲ့ စျေးပြိုင်ကမ်းလှမ်းမယ့် ဒေတာတွေကို နောက်တစ်ခေါက် ထပ်စစ်ဆေးပြီး အတည်ပြုရမှာ။ ဒီပရောဂျက်က အရမ်းအရေးကြီးတယ်။ အနိုင်ရနိုင်ခဲ့ရင် ကိုယ်တို့အုပ်စုလည်း ပြည်တွင်းတိုးတက်မှုမှာ အကျိုးအမြတ် အများကြီး ရှိလာတော့မှာ"
ရန်ကျားလိသည် လည်ပင်းကို ဆန့်ထုတ်ပြီး အနားကပ်သွားကာ စာရွက်ပေါ်မှ သိပ်သိပ်သည်းသည်း ကိန်းဂဏန်းများကို ကြည့်လိုက်သည်။
"60%25, 6.1 ဘီလီယံ 78.....ဘယ်လိုလုပ် အဲ့လောက် သုညတွေ များနေရတာလဲ။ မျက်လုံးတောင် ပန်းတွေ မြင်ရတော့မယ်။ မင်းတို့ ပိုက်ဆံရှိသူတွေကလေ တကယ်ကို လှည့်ပတ်ကစားတတ်လွန်းတယ်"
(TN/ ပန်းတွေမြင်ရတော့မယ် = အသက်အရွယ် ကြီးရင့်၍ အမြင်ဝေဝါးလာခြင်း သို့မဟုတ် အခြင်းအရာ ကိစ္စများက မပြတ်မသား ယောင်ယောင်ဝါးဝါး ဖြစ်နေခြင်းကို ဆိုလိုပါသည်)
ယဲ့ထင်သည် ရန်ကျားလိ၏ ခေါင်းကို မိမိ၏ ပခုံးထက် ဖိလိုက်ပြီး
"ဒါကလေလံ စာရွက်စာတမ်းမှာ အဓိက အကျဆုံး ဒေတာနှစ်ခုပဲ။ တစ်ခုက လေလံစျေး၊ တစ်ခုက အင်ဂျင်နီယာ စက်ပစ္စည်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှု အချိုးပဲ။ စျေးနည်းနည်းနဲ့ လေလံဆွဲပြီး စက်ပစ္စည်းတွေရဲ့ တန်ဖိုး၊ အရည်အသွေးနဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အခြေအနေအောက်မှာ အနိမ့်ဆုံးစျေး ပေးတဲ့လူက အနိုင်ရတာပဲ"
ရန်ကျားလိသည် နှုတ်ခမ်းမဲ့သွားပြီး အကြည့်ခွာသွားကာ
"ထားလိုက်တော့၊ နားမလည်ဘူး။ ငါက သင်္ချာညံ့တယ်၊ အထက်တန်း စာမေးပွဲမှာတောင် ၆၃မှတ်ပဲ ရတယ်။ ငါ မင်းရဲ့ နက္ခတ္တဗေဒလို (အလွန်ကြီးမားသော) ကိန်းဂဏန်းတွေကို ဆက်ကြည့်နေမယ့်အစား ခဏနေ အစီအစဥ်မှာ ပြောရမယ့် စကားတွေကို ကျက်နေလိုက်တာပဲ ပိုကောင်းမယ်"
ယဲ့ထင်သည် ပြုံးလိုက်ပြီး သူ့ဘေးတိုက် မျက်နှာပြင်ပေါ် တစ်ချက် နမ်းလိုက်သည်။
ကားက ဖျော်ဖြေရေးစင်တာ၏ တံခါးမကြီးဆီသို့ ရောက်လာသည်။
ရန်ကျားလိ ကားတံခါးဖွင့်ပြီး ကားပေါ်မှ ဆင်းတော့မည့် အချိန်တွင် ယဲ့ထင်က ရုတ်တရက် သူ့ကို ဆွဲထားလိုက်ပြီး လက်ဖဝါးထဲ တစ်စုံတစ်ခု ထည့်ပေးလိုက်သည်။
ရန်ကျားလိ လက်ဖဝါးဖြန့်ပြီး ကြည့်လိုက်သောအခါ သေးငယ်၍ လက်ရာမြောက်စွာ ပြုလုပ်ထားသော လှပသေသပ်သည့် အိတ်ဆောင်နာရီလေး ဖြစ်သည်။
ရန်ကျားလိသည် မျက်ခုံးပင့်သွားပြီး မေးသည်။
"မင်းကငါ့ကို ဒါပေးပြီး ဘာလုပ်တာလဲ"
ယဲ့ထင်သည် ရင်ဘတ်ထဲမှ ဆင်တူတစ်လုံးကို ထုတ်လာပြီး ပြုံးလျက်ဆိုသည်။
"မင်းကိုယ်နဲ့ အစကနေ ပြန်စကြဖို့ ဆုံးဖြတ်လိုက်တဲ့ နေ့မှာပဲ ကိုယ် ဒီလိုအိတ်ဆောင် နာရီလေးနှစ်လုံး သီးသန့်မှာပြီး လုပ်ခိုင်းထားတာ၊ အမှတ်တရ ဖြစ်အောင်လို့လေ။ မင်းဖွင့်ပြီး ကြည့်ကြည့်ပါဦး"
ရန်ကျားလိသည် သိချင်စိတ် အပြည့်နှင့် ဖွင့်ကြည့်လိုက်သည်။
နာရီဒိုင်ခွက်သည် လှပသေသပ်ပြီး နာရီအဖုံး၏ နောက်ကွယ်တွင် အနက်ရောင် စခရင်ငယ် တစ်ခုရှိပြီး သူနှင့်ယဲ့ထင် တက္ကသိုလ်တက်စဉ် ကာလက ဓာတ်ပုံများကို တစ်ပုံပြီးတစ်ပုံ ပြသနေသည်။
ရန်ကျားလိသည် တစ်ခဏလောက် ကလိနေပြီး စိတ်ထဲတွင် သဘောကျနေသော်လည်း ပါးစပ်ဖျားကတော့ ဟန်ဆောင်ပန်ဆောင် မဖော်ရွေချင်ယောင်ဆောင်ကာ
"လှည့်ကွက်တွေကလည်း တကယ်များလိုက်တာနော်"
သူသည် ပစ္စည်းကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး လှည့်ထွက်သွားတော့မည့် အချိန်တွင် ယဲ့ထင်သည် နောက်တစ်ကြိမ် သူ့လက်ကို ဆွဲထားပြန်သည်။
ရန်ကျားလိက မေးသည်။
"ဘာလုပ်ဦးမလို့လဲ"
ယဲ့ထင်က တည်တည်ငြိမ်ငြိမ်နှင့် မိမိမျက်နှာကို ညွှန်ပြလိုက်ပြီး
"နမ်းပြီးမှ သွားပါလား"
ရန်ကျားလိ၏ အသက်ရှူသံမှာ ကျပ်ခနဲ ဖြစ်သွားပြီး မျက်နှာမှာ ချက်ချင်း နီမြန်းလာသည်။
ဒရိုင်ဘာကို တစ်ချက်ကြည့်လိုက်သောအခါ ဒရိုင်ဘာက သိတတ်နားလည်စွာနှင့် ပြတင်းအပြင်ကို ကြည့်နေပြီး ဘာကိုမှ မကြားရဟန် ဆောင်နေသည်။
ရန်ကျားလိက လေသံနိမ့်နှင့်
"မရှက်ဘူးလားမင်း။ မင်းကအခု ငါ့ရည်းစားလည်း မဟုတ်ဘူး။ ဘာကို နမ်းရမှာလဲ၊ မနမ်းဘူး"
ယဲ့ထင်သည် အရင်အတိုင်း မိမိမျက်နှာကို ညွှန်ပြနေဆဲဖြစ်ပြီး မျက်လုံးထဲတွင် အနည်းငယ်သော မျှော်လင့်ချက်တို့ ရှိနေမှန်း အလွန်သိသာသည်။
ရန်ကျားလိသည် သူ့အကြည့်ကို မြင်သောအခါ နှလုံးသားက အနည်းငယ် ပျော့ပြောင်းသွားသည်။ အတော်ကြာမှ လည်စလုပ်က လှုပ်ယမ်းသွားလျက် ယဲ့ထင်နားနားကပ်ကာ လေကိုမှုတ်ထုတ်ပြီး တိုးတိုးလေး ရယ်ရင်းပြောသည်။
"ညဘက် ငါအစီအစဥ် အသံသွင်းပြီး ပြန်လာမှ ဆက်ပြောမယ်"
ပြောပြီးသည်နှင့် ယဲ့ထင်လက်ကို ဖယ်ခွာကာ မထီတရီ ရယ်မောရင်း ဖျော်ဖြေရေးစင်တာသို့ ပြေးဝင်သွားသည်။
ယဲ့ထင်သည် ခပ်ဝေးဝေးမှ ပျော်ရွှင်တက်ကြွနေသော သိုးကလေးနှင့် ဆင်တူသလောက်ဖြစ်နေသော သူ့ပုံရိပ်ကို ကြည့်ကာ နှုတ်ခမ်းထောင့်မှာ အဆုံးစွန်ထိ ကွေးတက်နေတော့သည်။
ဒရိုင်ဘာက အရှေ့ဘက်မှ မေးလာသည်။
"ဥက္ကဌယဲ့၊ အခု ကုမ္ပဏီကို သွားမှာပါလား"
ယဲ့ထင်သည် သူ့လက်ဖဝါးပေါ်ရှိ နွေးထွေးသော အိတ်ဆောင်နာရီကို ထိသပ်နေရင်း ဖွဖွကလေး ပြုံးလိုက်ကာ
"တစ်ချက်ကလေး နမ်းခိုင်းတာကို ညဘက်အထိ စောင့်ခိုင်းတယ်။ ထားပါတော့၊ သူ့သဘောပဲ.....ကားမောင်းတော့၊ ကုမ္ပဏီ သွားမယ်"
.
.
.
.
.
25/2/2022(Fri)
×××
{Zawgyi}
"ယဲ့ေခြးက နမ္းခ်င္ေနတယ္"
ဝမ္ယန္သည္ ကိုယ္လုံးတီးႏွင့္ ကုတင္ေပၚ ဒူးေထာက္လ်က္ တုန္တုန္ယင္ယင္ ရွိေနသည္။
သူ႔မ်က္ႏွာသည္ ျပာႏွမ္းလာလုနီးပါး ျဖစ္ေနၿပီး မ်က္လုံးထဲတြင္ေတာ့ ရႈိးတိုးရွန္႔တန္႔ႏွင့္ ေၾကာက္ေၾကာက္လန္႔လန္႔ ျဖစ္ေနသည္။
ထိုအမ်ိဳးသားသည္ ယဲ့ထင္ႏွင့္ ရန္က်ားလိ၏ ဓာတ္ပုံကို ဆုတ္ၿဖဲၿပီး အမႈိက္ပုံးထဲ လႊင့္ပစ္ၿပီးေနာက္ မတ္တတ္ထလာကာ ေႏွးေကြးေလးေဆးေသာ ေျခလွမ္းမ်ားျဖင့္ ဝမ္ယန္ေရွ႕ လွမ္းေလွ်ာက္လာသည္။ လက္ညႇိဳးျဖင့္ ဝမ္ယန္၏ ေမးေစ့ကို ပင့္ေျမႇာက္လိုက္ၿပီး ၿပဳံးကာေမးသည္။
"ယန္ယန္၊ ေၾကာက္လား မေၾကာက္ဘူးလား"
ဝမ္ယန္၏ ခႏၶာကိုယ္သည္ ေအးစက္တုန္ရီေနၿပီး ကတုန္ကယင္ႏွင့္ ေခါင္းညိတ္ျပသည္။
"ေၾကာက္လည္း ဘယ္တတ္ႏိုင္မွာလဲ။ ဘယ္သူက မင္းကို အသုံးမက်ေအာင္ လုပ္ခိုင္းထားလို႔လဲ"
ထိုအမ်ိဳးသား၏ မ်က္လုံးထဲတြင္ ႏွေျမာတႆျဖစ္မႈႏွင့္ ခန္႔မွန္းရန္ မလြယ္ကူေသာ မႈိင္းေထြ ညႇိဳးေဝမႈတို႔ ရွိေနၿပီး
"မၾကာခင္ပဲ အေရးႀကီးတဲ့အခ်ိန္ ေရာက္ေတာ့မွာကို မင္းက တိုးတက္မႈ နည္းနည္းေလးေတာင္ မရွိဘူး။ ကိုယ္မင္းကို အျပစ္ေပးတာကို အဆိုးမဆိုနဲ႔ေလ"
ဝမ္ယန္၏ ေလသံက ၾကမ္းရွေနၿပီး သနားစဖြယ္ ေလသံႏွင့္
"ကြၽန္ေတာ္ ေနာက္တစ္ခါက်ရင္ ေသခ်ာေပါက္ နည္းလမ္းရွာပါ့မယ္။ ေသခ်ာေပါက္ နည္းလမ္းရွာ...."
ထိုအမ်ိဳးသားက ေခါင္းခါလိုက္ၿပီး ေဖ်ာ့ေဖ်ာ့ကေလး သက္ျပင္းခ်ကာ
"မမီေတာ့ဘူး"
"အဲ့ဒီရက္က မၾကာခင္ပဲ ေရာက္လာေတာ့မွာ။ အဲ့အခ်ိန္က်ရင္ ကိုယ္ကယဲ့ထင္နဲ႔ ထိပ္တိုက္ ရင္ဆိုင္ရေတာ့မယ္။ မင္းက အခုထိ မတိုးတက္ေသးဘူးဆိုရင္ ကိုယ္လိုခ်င္တဲ့ chips ေတြကိုရဖို႔ တျခားနည္းလမ္းေတြကို သုံးမွပဲ ရေတာ့မယ္။ လွဲလိုက္ေတာ့"
ဝမ္ယန္သည္ ဖိမ့္ဖိမ့္တုန္ေနရင္း လဲေလ်ာင္းလိုက္သည္။ လည္ေခ်ာင္းထဲတြင္ ပိတ္ဆို႔ေနေသာ ရႈိက္ငိုသံတို႔ ရွိေနသလိုပင္။
ထိုအမ်ိဳးသားက လက္ဆန္႔ကာ ထိကိုင္လိုက္သည့္ တစ္ခဏတြင္ ဝမ္ယန္သည္ ေၾကာက္လန္႔ေနေသာ ႂကြက္တစ္ေကာင္အလား ထိန္းခ်ဳပ္ႏိုင္စြမ္း မရွိဘဲ ေကြးေကာက္္မိသြားသည္။
ထိုအမ်ိဳးသားက မ်က္လုံးက်ဥ္းေျမာင္းလိုက္ၿပီး ေလသံမွာလည္း ေၾကာက္မက္ဖြယ္ ေအးစက္ေနကာ
"ဆရာဝန္ေျပာတာေတာ့ မင္းရဲ႕စိတ္ပိုင္းဆိုင္ရာမွာ ျပႆနာ ရွိေနႏိုင္တယ္တဲ့။ ဒါေပမဲ့ ကိုယ္ၾကည့္ရတာေတာ့ မင္းက အေကာင္းႀကီးပါ။ ဒီေလာက္ အခ်ိန္အၾကာႀကီး ေလ့က်င့္ေပးထားတာေတာင္ အရင္အတိုင္း ေျပာစကား နားမေထာင္ေသးဘူးပဲ"
သူသည္ နီးကပ္လာၿပီး လင္းယုန္တစ္ေကာင္ႏွယ္ စူးရွသည့္ မ်က္လုံးျဖင့္ ဝမ္ယန္ကို ေစ့ေစ့ စိုက္ၾကည့္သည္။
"မင္း မေမ့နဲ႔ေနာ္။ ယဲ့ထင္ေၾကာင့္ မင္းကို လူေတြအားလုံး ေရွာင္ဖယ္ေနၾကၿပီး အသက္ဆက္ဖို႔ အလုပ္ေလးတစ္ခုေတာင္ မရွာႏိုင္တဲ့ အခ်ိန္မွာ ဘယ္သူက မင္းကို ထမင္းတစ္နပ္ ေကြၽးေမြးေပးခဲ့တာလဲ။ မင္းကေရာ ဘယ္သူ႔အေပၚမွာ သစၥာရွိသင့္တာလဲ။ မင္းလည္း ေသခ်ာ စဥ္းစားၾကည့္သင့္တယ္၊ ကိုယ့္ေဘးက ထြက္သြားရင္၊ မင္း ဘယ္ကို သြားႏိုင္ေသးလို႔လဲ"
ဝမ္ယန္သည္ ေၾကာက္ေၾကာက္႐ြံ႕႐ြံ႕ႏွင့္ သူ႔ကို ၾကည့္ေနၿပီး အေတာ္ၾကာမွ လိမ္ေကာက္ေနသည့္ ခႏၶာကိုယ္ကို ဆန္႔တန္းလိုက္ၿပီး မ်က္လုံးမွိတ္လိုက္သည္။
ေႏွာင့္ေႏွးျခင္းမရွိ ဆက္တိုက္ ေရာက္လာသည္မွာ ယခင္က အႀကိမ္ေပါင္း မေရတြက္ႏိုင္ေလာက္ေအာင္ ႀကဳံေတြ႕ခဲ့ဖူးေသာ ရက္ရက္စက္စက္ နာက်င္မႈမ်ားပင္။ သံဆူးမ်ားပါေသာ ဘီးလုံးမ်ားႏွင့္ ထိုးဆြေနသကဲ့သို႔ သူ၏ ပိန္လွီခ်ိဳ႕တဲ့ေနၿပီးသား ခႏၶာကိုယ္ထက္ အဆက္မျပတ္ နင္းေျခေလေတာ့သည္။
ဝမ္ယန္သည္ အိပ္ရာခင္းစကို ခပ္တင္းတင္း ဆုပ္ကိုင္ထားၿပီး အံႀကိတ္ေနသည့္ၾကားမွ ငိုသံက ထြက္လာမိေသးသည္။
အျပစ္ေပးျခင္း ၿပီးေသာအခါ ဝမ္ယန္သည္ ကုတင္ေပၚ ေပ်ာ့ေခြေနခဲ့သည္။
သူ႔မ်က္လုံးသည္ ထုံထိုင္းစြာႏွင့္ အျပင္ဘက္မွ ပိန္းပိတ္ေအာင္ ေမွာင္မိုက္ေနေသာ ေကာင္းကင္ထက္ ခ်ိတ္ဆြဲထားေသာ ေတာက္ပသည့္ လမင္းႀကီးကို ၾကည့္ေနသည္။ ပါးစပ္ဟထားေသာ္လည္း စကားေတာ့ မေျပာလာေပ။
ထိုအမ်ိဳးသားသည္ ကိုယ္တိုင္၏ အက်ႌကို သပ္သပ္ရပ္ရပ္ ဝတ္ဆင္လိုက္ၿပီး ဝမ္ယန္ကို ဆြဲမ,ကာ ရင္ခြင္ထဲ ဖက္လိုက္ၿပီး ေလသံေဖ်ာ့ႏွင့္
"ကိုယ္မင္းကို မညႇာတာေပးတာကို အျပစ္မတင္နဲ႔ေနာ္။ အခုက အေရးႀကီးဆုံး အခ်ိန္ကို ေရာက္ေနတာ။ ကိစၥေတြ ေအာင္ျမင္သြားၿပီး ကိုယ္လိုခ်င္တာေတြကို ယူႏိုင္ခဲ့မယ္၊ မင္းရဲ႕ အမုန္းတရားေတြကိုလည္း လက္စားေခ်ႏိုင္ခဲ့မယ္ဆိုရင္ ႏွစ္ဖက္စလုံး အက်ိဳးရွိသြားၿပီ။ အဲ့ဒီအခ်ိန္က်ရင္ ကိုယ္မင္းကို ေကာင္းေကာင္း ဆက္ဆံပါ့မယ္။ မင္းက အေျခအေန အားလုံးကို နားလည္ရမယ္ေလ၊ သိၿပီလား"
ဝမ္ယန္၏ မ်က္လုံးထဲတြင္ စိတ္ဝိညာဥ္ပင္ မရွိေလဘဲ အေတာ္ၾကာမွ စက္႐ုပ္လို ျပန္ေျဖသည္။
"ဟုတ္ကဲ့"
_________
ရန္က်ားလိသည္ စင္ျမင့္ထက္ ဝတ္စုံျပည့္ႏွင့္ ငါးရက္တာ အစမ္းေလ့က်င့္ၿပီး ေနာက္ဆုံးတြင္ေတာ့ အစီအစဥ္၏ တရားဝင္ အသံသြင္းျခင္း စတင္လာေတာ့သည္။
အစီအစဥ္ အသံသြင္းရန္ ထြက္ခြာရမည့္ေန႔တြင္ ယဲ့ထင္ကိုယ္တိုင္ ရန္က်ားလိအား ေဖ်ာ္ေျဖေရးစင္တာသို႔ လိုက္ပို႔ေပးသည္။
ရန္က်ားလိသည္ ေရာင္ျပန္ဟပ္ေနသည့္ ကားျပတင္းေပါက္တြင္ သူ႔ေကာ္လံ၌ စီးထားေသာ အမည္းေရာင္ ဖဲျပားပုံ လည္စည္းေလးကို ဟိုေ႐ြ႕သည္ေ႐ြ႕လုပ္ရင္း တစ္ဖက္က လည္စည္းကိုဆြဲကာ ေမးသည္။
"ဒါကငါ ႀကီးက်ယ္ခမ္းနားတဲ့ အစီအစဥ္ကို ပထမဆုံး တက္ရတာပဲ၊ နည္းနည္းေတာ့ စိတ္လႈပ္ရွားတယ္။ ေဟး၊ ဒီလိုစီးထားတာ အဆင္ေျပရဲ႕လား မင္းငါ့ကို ကူၾကည့္ေပးဦး။ ေစာင္းေနသလိုပဲေနာ္....."
ယဲ့ထင္သည္ လက္ဆန္႔ကာ တည့္မတ္ေအာင္ ကူညီေပးလိုက္ၿပီး ဖြဖြေလးၿပဳံးကာ
"ကိုယ္တို႔ေပါင္ေပါင္းက ဘယ္လိုျဖစ္ျဖစ္ ေခ်ာၿပီးသားပဲ"
ရန္က်ားလိသည္ သူ႔ကို တစ္ခ်က္ စိုက္ၾကည့္လိုက္ၿပီး ႏွာေခါင္းထဲ ဟြန္႔သံျပဳကာ ႏႈတ္ခမ္းကေတာ့ တိတ္တိတ္ကေလး ျမႇင့္တက္သြားသည္။
အက်ႌကို ေသခ်ာျပင္ဆင္ၿပီးေသာအခါ ရန္က်ားလိသည္ ခႏၶာကိုယ္ကို ေၾကာင္တစ္ေကာင္အလား ဆြဲဆန္႔လိုက္ၿပီး ပ်င္းပ်င္းရိရိႏွင့္ ယဲ့ထင္အနား ငိုက္စိုက္သြားက်ကာ ယဲ့ထင္ တစ္လမ္းလုံး ဖတ္ရႉေနသည့္ စာ႐ြက္စာတမ္းကို ၾကည့္သည္။
"မင္းအလုပ္ ျပန္လုပ္ေနၿပီလား၊ ဒါမွမဟုတ္ ဟိုင္အန္းနယ္ေျမက ဘယ္အေဆာက္အအုံေတြရဲ႕ ဘာေလလံဆိုလား?"
ယဲ့ထင္က ေခါင္းညိတ္သည္။
မည္သို႔ဆိုေစ ရန္က်ားလိအား ဖုံးကြယ္ထားစရာ ဘာမွ်မရွိသည္မို႔ သူ ပြင့္ပြင့္လင္းလင္းသာ ေျပာျပသည္။
"ေလလံဖြင့္ပြဲက နီးလာၿပီ။ အခုအခ်ိန္ကို အခြင့္ေကာင္းယူၿပီး အဓိကက်တဲ့ ေစ်းၿပိဳင္ကမ္းလွမ္းမယ့္ ေဒတာေတြကို ေနာက္တစ္ေခါက္ ထပ္စစ္ေဆးၿပီး အတည္ျပဳရမွာ။ ဒီပေရာဂ်က္က အရမ္းအေရးႀကီးတယ္။ အႏိုင္ရႏိုင္ခဲ့ရင္ ကိုယ္တို႔အုပ္စုလည္း ျပည္တြင္းတိုးတက္မႈမွာ အက်ိဳးအျမတ္ အမ်ားႀကီး ရွိလာေတာ့မွာ"
ရန္က်ားလိသည္ လည္ပင္းကို ဆန္႔ထုတ္ၿပီး အနားကပ္သြားကာ စာ႐ြက္ေပၚမွ သိပ္သိပ္သည္းသည္း ကိန္းဂဏန္းမ်ားကို ၾကည့္လိုက္သည္။
"60%25, 6.1 ဘီလီယံ 78.....ဘယ္လိုလုပ္ အဲ့ေလာက္ သုညေတြ မ်ားေနရတာလဲ။ မ်က္လုံးေတာင္ ပန္းေတြ ျမင္ရေတာ့မယ္။ မင္းတို႔ ပိုက္ဆံရွိသူေတြကေလ တကယ္ကို လွည့္ပတ္ကစားတတ္လြန္းတယ္"
(TN/ ပန္းေတြျမင္ရေတာ့မယ္ = အသက္အ႐ြယ္ ႀကီးရင့္၍ အျမင္ေဝဝါးလာျခင္း သို႔မဟုတ္ အျခင္းအရာ ကိစၥမ်ားက မျပတ္မသား ေယာင္ေယာင္ဝါးဝါး ျဖစ္ေနျခင္းကို ဆိုလိုပါသည္)
ယဲ့ထင္သည္ ရန္က်ားလိ၏ ေခါင္းကို မိမိ၏ ပခုံးထက္ ဖိလိုက္ၿပီး
"ဒါကေလလံ စာ႐ြက္စာတမ္းမွာ အဓိက အက်ဆုံး ေဒတာႏွစ္ခုပဲ။ တစ္ခုက ေလလံေစ်း၊ တစ္ခုက အင္ဂ်င္နီယာ စက္ပစၥည္းေတြရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈ အခ်ိဳးပဲ။ ေစ်းနည္းနည္းနဲ႔ ေလလံဆြဲၿပီး စက္ပစၥည္းေတြရဲ႕ တန္ဖိုး၊ အရည္အေသြးနဲ႔ ႏွစ္ဦးႏွစ္ဖက္ အက်ိဳးရွိတဲ့ အေျခအေနေအာက္မွာ အနိမ့္ဆုံးေစ်း ေပးတဲ့လူက အႏိုင္ရတာပဲ"
ရန္က်ားလိသည္ ႏႈတ္ခမ္းမဲ့သြားၿပီး အၾကည့္ခြာသြားကာ
"ထားလိုက္ေတာ့၊ နားမလည္ဘူး။ ငါက သခ်ၤာညံ့တယ္၊ အထက္တန္း စာေမးပြဲမွာေတာင္ ၆၃မွတ္ပဲ ရတယ္။ ငါ မင္းရဲ႕ နကၡတၱေဗဒလို (အလြန္ႀကီးမားေသာ) ကိန္းဂဏန္းေတြကို ဆက္ၾကည့္ေနမယ့္အစား ခဏေန အစီအစဥ္မွာ ေျပာရမယ့္ စကားေတြကို က်က္ေနလိုက္တာပဲ ပိုေကာင္းမယ္"
ယဲ့ထင္သည္ ၿပဳံးလိုက္ၿပီး သူ႔ေဘးတိုက္ မ်က္ႏွာျပင္ေပၚ တစ္ခ်က္ နမ္းလိုက္သည္။
ကားက ေဖ်ာ္ေျဖေရးစင္တာ၏ တံခါးမႀကီးဆီသို႔ ေရာက္လာသည္။
ရန္က်ားလိ ကားတံခါးဖြင့္ၿပီး ကားေပၚမွ ဆင္းေတာ့မည့္ အခ်ိန္တြင္ ယဲ့ထင္က ႐ုတ္တရက္ သူ႔ကို ဆြဲထားလိုက္ၿပီး လက္ဖဝါးထဲ တစ္စုံတစ္ခု ထည့္ေပးလိုက္သည္။
ရန္က်ားလိ လက္ဖဝါးျဖန္႔ၿပီး ၾကည့္လိုက္ေသာအခါ ေသးငယ္၍ လက္ရာေျမာက္စြာ ျပဳလုပ္ထားေသာ လွပေသသပ္သည့္ အိတ္ေဆာင္နာရီေလး ျဖစ္သည္။
ရန္က်ားလိသည္ မ်က္ခုံးပင့္သြားၿပီး ေမးသည္။
"မင္းကငါ့ကို ဒါေပးၿပီး ဘာလုပ္တာလဲ"
ယဲ့ထင္သည္ ရင္ဘတ္ထဲမွ ဆင္တူတစ္လုံးကို ထုတ္လာၿပီး ၿပဳံးလ်က္ဆိုသည္။
"မင္းကိုယ္နဲ႔ အစကေန ျပန္စၾကဖို႔ ဆုံးျဖတ္လိုက္တဲ့ ေန႔မွာပဲ ကိုယ္ ဒီလိုအိတ္ေဆာင္ နာရီေလးႏွစ္လုံး သီးသန္႔မွာၿပီး လုပ္ခိုင္းထားတာ၊ အမွတ္တရ ျဖစ္ေအာင္လို႔ေလ။ မင္းဖြင့္ၿပီး ၾကည့္ၾကည့္ပါဦး"
ရန္က်ားလိသည္ သိခ်င္စိတ္ အျပည့္ႏွင့္ ဖြင့္ၾကည့္လိုက္သည္။
နာရီဒိုင္ခြက္သည္ လွပေသသပ္ၿပီး နာရီအဖုံး၏ ေနာက္ကြယ္တြင္ အနက္ေရာင္ စခရင္ငယ္ တစ္ခုရွိၿပီး သူႏွင့္ယဲ့ထင္ တကၠသိုလ္တက္စဥ္ ကာလက ဓာတ္ပုံမ်ားကို တစ္ပုံၿပီးတစ္ပုံ ျပသေနသည္။
ရန္က်ားလိသည္ တစ္ခဏေလာက္ ကလိေနၿပီး စိတ္ထဲတြင္ သေဘာက်ေနေသာ္လည္း ပါးစပ္ဖ်ားကေတာ့ ဟန္ေဆာင္ပန္ေဆာင္ မေဖာ္ေ႐ြခ်င္ေယာင္ေဆာင္ကာ
"လွည့္ကြက္ေတြကလည္း တကယ္မ်ားလိုက္တာေနာ္"
သူသည္ ပစၥည္းကို အိတ္ကပ္ထဲ ထည့္လိုက္ၿပီး လွည့္ထြက္သြားေတာ့မည့္ အခ်ိန္တြင္ ယဲ့ထင္သည္ ေနာက္တစ္ႀကိမ္ သူ႔လက္ကို ဆြဲထားျပန္သည္။
ရန္က်ားလိက ေမးသည္။
"ဘာလုပ္ဦးမလို႔လဲ"
ယဲ့ထင္က တည္တည္ၿငိမ္ၿငိမ္ႏွင့္ မိမိမ်က္ႏွာကို ၫႊန္ျပလိုက္ၿပီး
"နမ္းၿပီးမွ သြားပါလား"
ရန္က်ားလိ၏ အသက္ရႉသံမွာ က်ပ္ခနဲ ျဖစ္သြားၿပီး မ်က္ႏွာမွာ ခ်က္ခ်င္း နီျမန္းလာသည္။
ဒ႐ိုင္ဘာကို တစ္ခ်က္ၾကည့္လိုက္ေသာအခါ ဒ႐ိုင္ဘာက သိတတ္နားလည္စြာႏွင့္ ျပတင္းအျပင္ကို ၾကည့္ေနၿပီး ဘာကိုမွ မၾကားရဟန္ ေဆာင္ေနသည္။
ရန္က်ားလိက ေလသံနိမ့္ႏွင့္
"မရွက္ဘူးလားမင္း။ မင္းကအခု ငါ့ရည္းစားလည္း မဟုတ္ဘူး။ ဘာကို နမ္းရမွာလဲ၊ မနမ္းဘူး"
ယဲ့ထင္သည္ အရင္အတိုင္း မိမိမ်က္ႏွာကို ၫႊန္ျပေနဆဲျဖစ္ၿပီး မ်က္လုံးထဲတြင္ အနည္းငယ္ေသာ ေမွ်ာ္လင့္ခ်က္တို႔ ရွိေနမွန္း အလြန္သိသာသည္။
ရန္က်ားလိသည္ သူ႔အၾကည့္ကို ျမင္ေသာအခါ ႏွလုံးသားက အနည္းငယ္ ေပ်ာ့ေျပာင္းသြားသည္။ အေတာ္ၾကာမွ လည္စလုပ္က လႈပ္ယမ္းသြားလ်က္ ယဲ့ထင္နားနားကပ္ကာ ေလကိုမႈတ္ထုတ္ၿပီး တိုးတိုးေလး ရယ္ရင္းေျပာသည္။
"ညဘက္ ငါအစီအစဥ္ အသံသြင္းၿပီး ျပန္လာမွ ဆက္ေျပာမယ္"
ေျပာၿပီးသည္ႏွင့္ ယဲ့ထင္လက္ကို ဖယ္ခြာကာ မထီတရီ ရယ္ေမာရင္း ေဖ်ာ္ေျဖေရးစင္တာသို႔ ေျပးဝင္သြားသည္။
ယဲ့ထင္သည္ ခပ္ေဝးေဝးမွ ေပ်ာ္႐ႊင္တက္ႂကြေနေသာ သိုးကေလးႏွင့္ ဆင္တူသေလာက္ျဖစ္ေနေသာ သူ႔ပုံရိပ္ကို ၾကည့္ကာ ႏႈတ္ခမ္းေထာင့္မွာ အဆုံးစြန္ထိ ေကြးတက္ေနေတာ့သည္။
ဒ႐ိုင္ဘာက အေရွ႕ဘက္မွ ေမးလာသည္။
"ဥကၠဌယဲ့၊ အခု ကုမၸဏီကို သြားမွာပါလား"
ယဲ့ထင္သည္ သူ႔လက္ဖဝါးေပၚရွိ ေႏြးေထြးေသာ အိတ္ေဆာင္နာရီကို ထိသပ္ေနရင္း ဖြဖြကေလး ၿပဳံးလိုက္ကာ
"တစ္ခ်က္ကေလး နမ္းခိုင္းတာကို ညဘက္အထိ ေစာင့္ခိုင္းတယ္။ ထားပါေတာ့၊ သူ႔သေဘာပဲ.....ကားေမာင္းေတာ့၊ ကုမၸဏီ သြားမယ္"
.
.
.
.
.
25/2/2022(Fri)
×××