What The Fucking Hell?!
By Master_Nobody
7.7K 465 370
• Unicode & Zawgyi • Started _ Feb 20 / 2022 • Base Cover photo from Pinterest, Edited by me. Crd to the owne... More
info
_1_
_2_
_4_
_5_
_6_
_7_
အသိပေးချက်
_8_
_9_
Request!(Please read!)
ကင်ပွန်းတပ်မင်္ဂလာ/ကင္ပြန္းတပ္မဂၤလာ
_10_
_11_
_12_
_13_
_3_
465 44 21
By Master_Nobody
' ကယ် ကယ် ထားပါ ၊ အခုဇာတ်ကြောင်းက ဘယ်နားရောက်နေပြီးလဲ? '
[ လူကြီးမင်းက ဇာတ်လိုက်မ(shou)နဲ့ မစေ့စပ်ပေးလို့ ထန်းရည်သောက်ပြီး အ​မေ​​ဖြစ်သူကို ဆန္ဒပြနေတဲ့ အချိန်ပါ ]
' ဟူး..တော်သေးတာပေါ့ ၊ ဇာတ်လိုက်(Gong)က ဇာတ်လိုက်မ(Shou)ရဲ့ မွေးစားအစ်ကိုမဟုတ်လား? '
စစ်ခွန်း သူ့ရဲ့ရင်ဘက်ကိုဖိကာ သက်ပြင်းချ၍ ဆိုမိသည်။
[ ဟုတ်ပါတယ်ခင်ဗျ ]
' ဟူး.. တော်သေး တော်သေး '
[ ....... ]
Systemကတော့ ရင်ဘက်ကိုဖိလိုက် သက်ပြင်းချလိုက် ဖြစ်နေသော Hostကိုကြည့်ကာ သူပါ သက်ပြင်းချချင်လာသလို။
ခက်တာကသူကRobot System တစ်ခုဖြစ်နေတာပဲ။
စစ်ခွန်း၏ မြန်ဆန်နေတဲ့ နှလုံးခုန်နှုန်းများသည် မီးကိုရေဖြင့် လောင်းချလိုက်သလိုမျိုး ရှဲခနဲနဲ့ ​မည်ကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားရတော့သည်။
[ လူကြီးမင်းထပြီး သေချာ ဖီးလိမ်းပြင်ဆင်သင့်ပါပြီး။
ခဏနေရင် လူကြီးမင်းရဲ့အမေက  ဇာတ်လိုက်မ(shou)နဲ့ စေ့စပ်လမ်းကြောင်း ကမ်းလှမ်းဖို့အတွက် ခေါ်သွားမှာပါ။ ]
' အော် အေး အေး '
စစ်ခွန်းတစ်ချက်ထရပ်လိုက်သည့်နှင့် စည်းချက်အတိုင်း ကခုန်သွားသည့် ဆံနွယ်များ။
ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဖြာခနဲနဲ့ အရှေ့ကို ကျလာတတ်သည့် ဆံနွယ်များ။
  A few moment later..
' Systemရေ ကူပါဦး ၊ သျှောင်ထုံးက ဘယ်လိုထုံးရမှာလဲ!?။
ဒီကိုယ့်ရဲ့ဆံပင်တွေက ကျောက်ချောလိုပဲ။
နူးအိပြီးတော့ ထုံးလိုက်တိုင်း ​ပြန်​ပြီး​လျှော,လျှောကျသွားတာ။
ဒီကောင် ဘာပေါင်းဆေးတွေ သုံးထားလဲမသိဘူး။ ကူပါဦး! '
[ လူကြီးမင်းရယ်..ကျွန်တော်က အကောင်အထည်မရှိတဲ့ စနစ်တစ်ခုလေဗျာ။
လူကြီးမင်းရဲ့ဆံပင်တွေကို ဘယ်လိုထုံးပေးရမှာလဲဗျ? ]
' သုံးစားမရလိုက်တာ။
ပြောတော့ဖြင့် ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်က ဘာညာ ဘာညာ '
စစ်ခွန်းတစ်ယောက် စိတ်ဆိုးစွာဖြင့် Systemအား မာန်မဲလိုက်သည်။
သူဆိုတဲ့ စစ်ခွန်းယံက စိတ်ရှုပ်ရမှာကို အမုန်းဆုံးဖြစ်သည်။
သူ့အသက်၆နှစ်အရွယ်တွင် မာမီနှင့်ဖားသားမှ အတင်းအကြပ်Boxerပေးဝတ်၍ စိတ်ရှုပ်ကာ ဒေါသထွက်ရင်း မျက်ရည်ပါဝဲသည်။
သူက လွတ်လွတ်လပ်လပ်ပဲ ကြိုက်သည်။
ပေါင်ကြီးဖြဲကားကာ နေတတ်သောကြောင့် မာမီတို့က စေတနာဖြင့်ပေးဝတ်ပေးမှန်း သိသော်လည်းပဲပေါ့။
[ ........ ]
သူ့Hostကသူ့ကို စိတ်ဆိုးနေမှန်းသိသော်လည်း သူမတတ်နိုင်။
သူမှာက မှတ်ဥာဏ်တစ်ခုပဲ ရှိတာကို။
သူ့ရဲ့ပရိုဂရမ်ကလည်း Hostရဲ့အနားမှာနေပြီး လိုအပ်တာတွေ ကူညီပေးဖို့ပဲ ရေးဆွဲထားတာဖြစ်သည်။
"သား ဘချို အခန်းထဲက ထွက်လာပါတော့။အမေ ဘချိုကို မတားတော့ပါဘူးကွယ်။
အတိတ်ဘဝက ကံပဲပေါ့။
ငါ့သား ယောက်ျားလေးချင်း ကြိုက်လည်း ဘာဖြစ်လို့လဲ?
အမေတစ်ယောက်ဖြစ်တဲ့ လူက ကိုယ့်သားအတွက် ထောက်ပံ့ပေးရမှာပေါ့ကွယ်။
သားလေး အမေပြောထားခဲ့တဲ့ တစ်ခုကိုပဲ သတိရပါ။
ပတ်ဝန်းကျင်က ဘာပဲပြောပြော သားတို့ရဲ့ ချစ်ခြင်းကို မစွန့်လွှတ်လိုက်ပါနဲ့နော်"
" ဟုတ် အမေ။ ကျွန်တော်ခဏနေရင် ထွက်လာခဲ့ပါ့မယ်"
" အေး အေး အမေ အောက်မှာ စောင့်နေမယ် သား"
  ဘာရယ်မဟုတ်..။
မာမီနဲ့တူတဲ့ အမေရဲ့ စကားသံကိုကြားပြီး မျက်ရည်ဝဲမိသား။
[ လူကြီးမင်း.... ဝမ်းနည်းနေတာလား? ]
' အင်း မာမီကိုသတိရသွားလို့။
ငါ့ရဲ့အမေက ခေတ်ပျက်ကြီးမှာ မွေးခဲ့တာဆိုတော့ ကျောင်း၄တန်းထိပဲ တက်ခဲ့ရတာလေ။
အဘိုးနဲ့အတူ ပေါ်တာအဖမ်းခံရမှာဆိုးလို့ ကျင်းခိုခဲ့ရတာ။
ငါကFudanshiဆိုတဲ့အတိုင်း ငါ့အစ်မတွေရော လိင်တူချင်း ချစ်ကြိုက်တဲ့ ကိစ္စကို သိသာရောတစ်မျိုး မသိသာရောတစ်မျိုးနဲ့ ပြောပြခဲ့ကြတာ။
မင်းသိလား မာမီကလေ အဲ့လိုကိစ္စမျိုးကို လက်ခံပေးနိုင်ခဲ့တယ်။
မာမီက ပညာသိပ်မတတ်ဆိုတဲ့ Gayကိုအခြောက်လိုပဲ ခေါ်တယ်ကွာ။
ဒါပေမယ့် ငါတို့ကGayလို့ပဲ သုံးနှုန်းဖို့ ပြောပြခဲ့ကြတာ '
  စစ်ခွန်းရဲ့ မျက်နှာက အဲ့ဒီအကြောင်းပြောရတာကို ဘယ်လောက်ပျော်ရွှင်နေကြောင်း သူ၏ မျက်ဝန်းများက သိသာနေသည်။
[ ...... ]
လူသားတွေက ခံစားချက်နှစ်မျိုးကို တပြိုင်နက် ဖော်ပြတတ်ကြတာပဲ!
' ကယ် ကယ် ဆံပင်လည်းထုံးပြီးပြီးဆိုတော့ ရှို့ရှို့လေးနဲ့ သွားတွေ့ကြတာပေါ့ ဟင်းဟင်း '
  စစ်ခွန်း မှန်ထဲမှ ပုံရိပ်အားကြည့်ကာ ဇာတ်လိုက်မ(shou)အကြောင်းတွေးရင်း လူယုတ်မာပြုံး,ပြုံးလိုက်တော့သည်။
  ဟဲဟဲ အလှလေးရေ ကိုယ်လာပြီး ဟားဟား။
[ ..... ]
_ _ _ _ _ _ _ _ _ _ _ _
[ ဟုတ်ပါတယ်ခင်ဗျ ]
' ဟူး.. တော်သေး တော်သေး '
[ ....... ]
' အော် အေး အေး '
  A few moment later..
' သုံးစားမရလိုက်တာ။
[ ........ ]
အတိတ်ဘဂက ကံပဲပေါ့။
" ဟုတ် အမေ။
  ဘာရယ်မဟုတ်..။
ငါ့ရဲ့အမေက ခေတ်ပျက်ကြီးမှာ မွေးခဲ့တာဆိုတော့ ကျောင်း၎တန်းထိပဲ တက်ခဲ့ရတာလေ။
[ ...... ]
[ ..... ]
_ _ _ _ _ _ _ _ _ _ _ _
Continue Reading
You'll Also Like
65.9K 4.1K 20
Till yesterday she was marring her brother's friend but suddenly ended up marring his college owner and a cold hearted person
192K 4.7K 110
As the Maid of Evil, Y/n sacrifices her life for her twin brother. As the Mist Hashira, Y/n sacrifices her life for humanity. But not anymore will Y...
232K 27.2K 120
Genre- Drama Fantasy Historical Romance Slice of Life Author(s)- 静似骄阳 Associated Names- 穿书七零:我的炮灰丈夫十项全能 Eng Name- Transmigrating into a Novel: My Can...
293K 40K 20
လက်တွေ့ဘဝနှင့် နီးစပ်ချင်ယောင်ဆောင်ခြင်း