ဆိုးလ်ကနေ ပြန်လာပြီး စနေ၊တနဂ်နွေ နှစ်ရက်လုံး
ထယ်ယောင်းကို ယွန်းဂီ ရှောင်နေမိသည်။
ရှောင်နေတယ်ဆိုတာကလည်း စကားသပ်သပ်ပြောတာပါ တကယ်တော့
ထယ်ယောင်းကလည်း လာမရှာခဲ့သလို
ယွန်းဂီကလည်း သွားမတွေ့ခဲ့တာကြောင့်
ရှောင်နေတယ်ဟုပင် ခေါင်းစဥ်တပ်လိုက်မည်။
ဒါဟာ နှစ်ယောက်စလုံး တဖြေးဖြေးနှင့်
အဝေးကို တွန်းပို့နေကြသည့် အရိပ်ယောင်တွေပင်။
ယွန်းဂီ ဆိုးလ်က ပြန်လာပြီးတည်းက
သူ့ကိုသူ ပြန်ဆန်းစစ်ခဲ့ရသည်။
သူ ထယ်ယောင်းအပေါ် မရိုးမသားစိတ်တွေများရှိနေတာလား ၊ ဒါမှမဟုတ် ထယ်ယောင်းကပဲ သူ့ကို မရိုးမသား စိတ်တွေရှိနေလားမသိ ။
ဘာစိတ်တွေမှန်းမသိပေမယ့် တစ်ခုခု မူမမှန်နေတာကိုတော့ ယွန်းဂီ ခံစားမိသည်။
ထယ်ယောင်း အခန်းထဲက ထို ပုံဆွဲစာရွက်နှင့်
စက္ကူပုံးလေးကိုတွေ့ပြီးတည်းက
ထယ်ယောင်းများ အမှန်တရားကို ဖွင့်ပြောလာလေမလားဟူ၍ ယွန်းဂီ မဝင့်မရဲပင် ရေလာမြောင်းပေးလုပ်ခဲ့ရသည်။
စက်ဘီးစီးနေရင်းနှင့်ပင် ကြက်သီးထစရာ
စကားတွေကို ရိသလိုလို ၊ အတည်လိုလိုတွေ မေးခဲ့ရတာလည်း အခါခါ ။
နောက်ဆုံး ငါ့ကို ချစ်လား ဟု တည့်တိုးမေးတာတောင် မျက်ဝန်းသေတွေနှင့် တွေဝေနေသည့်
ထယ်ယောင်းဟာ သူထင်သလို မဟုတ်ခဲ့မှန်း
ယွန်းဂီ သိခဲ့ရသည်။
သူတို့က သူငယ်ချင်းတွေ။
သူငယ်ချင်းတွေဆိုတာ ဆိုးတူကောင်းဖက်
အမြဲရှိရတယ် ။
သူငယ်ချင်းတွေက ဘယ်တော့မှ ချစ်သူတွေဖြစ်မလာကြဘူး ။ ဖြစ်လာရင်တောင် တစ်နေ့ ခွဲကြရမှာပဲ ။
" အားးးးးး မင်ယွန်းဂီ အရူး
တကယ်ရူးနေတာ ငါ.. အားး အရူးကောင်
ဘာတွေ သွားမေးခဲ့တာလဲ "
သချ်ာတွက်နေရင်းနှင့်ပင် စားပွဲပေါ်မှ ထကာ
ကုတင်ပေါ် ပစ်လှဲချလိုက်သည်။ ထို့နောက်
ခေါင်းအုံးထဲသို့ မျက်နှာအပ်ကာ
အာခေါင်ခြစ်ကာ အော်ပစ်လိုက်တော့သည်။
သိပ်လည်း အကျယ်ကြီး မအော်ရဲပေ။
ထယ်ယောင်းအခန်းနှင့် ယွန်းဂီ အခန်းက
ကြားထဲ၌ ခြံစည်းရိုးသာ ၊ ခြားနေပေမယ့်
ပြတင်းပေါက်ဖွင့်လိုက်ရင်တော့ တစ်တန်းဖြစ်နေသည်။
တော်ကြာ သကောင့်သားက ကြားသွားမှ
အရစ်ရှည် မေးမြန်းနေအုံးမည်။
ငါ့ကို ချစ်လား
ငါ့ကို ချစ်လား
ငါ့ကို ချစ်လား
" ရားးး ချီးပဲ.... လျှာတွေတောင် ယားလာပြီ "
ဖင်ကြီးကုန်းကာ ခေါင်းအုံးထဲ မျက်နှာအပ်ပြီး
အော်နေရာမှ နားထဲ၌ ထို ကြက်သီးထစရာ ၊ စကားကြီးကိုပင် ပဲ့တင်သံကဲ့သို့ ကြားနေရတာမို့
ခေါင်းအုံးအား ဆွဲလွှတ်ပစ်လိုက်သည်။
သိပ်လည်း အားမပါသွားပေမယ့်
ခေါင်းအုံးအလေးချိန်ကြောင့် စာကြည့်စားပွဲအား တိုက်မိကာ ၊ ကော်ပန်းအိုးလေးသည် ကြမ်းပြင်သို့ ဂွပ်ခနဲမြည်အောင် ပြုတ်ကျသွားတော့သည်။
ကွဲမသွားပေမယ့် အသံကတော့ အတော်ကျယ်သွားသည်။
" ဟဲ့ သား ဘာဖြစ်တာလဲ "
" ဘာမှ မဖြစ်ဘူး မေမေ "
အောက်ထပ်မှ ထွက်ပေါ်လာသည့် မေမေ့အော်သံအား ယှဥ်၍ ပြန်အော်ပြောလိုက်သည်။
ထို့နောက် သက်ပြင်းတစ်ချက် မှုတ်ထုတ်ကာ
ခေါင်းအုံးကိုကောက်ရင်း ၊ ပန်းအိုးကိုပါ စားပွဲပေါ်သို့ ပြန်တင်လိုက်သည်။
ဒေါက်!!
ပြတင်းပေါက်ကို မာသောအရာ တစ်ခုခုဖြင့် ခေါက်သံကြားရသည်မို့ ပြတင်းပေါက်အား တံခါးဆွဲဖွင့်လိုက်သည်။
ထိုအခါ တစ်လံလောက်သာ ကွာဝေးသည့် အခြားပြတင်းပေါက်တစ်ဖက်၌ ထယ်ယောင်းက မြေဖြူခဲအား သေးသေးလေးတွေဖြစ်အောင်ထိုင်ခြွေနေသည်။
" ဘာလဲ "
" မင်းကို မေးရမှာ "
ယွန်းဂီက ထိုင်ခုံအား ဆွဲယူကာ
ထယ်ယောင်းနှင့် မျက်နှာချင်းဆိုင် ၊ တစ်တန်းတည်း ထိုင်လိုက်သည်။
" တော်တော်အားနေတယ်ပေါ့ ၊ သူများအခန်းကို
မြေဖြူနဲ့ ပေါက်နေရလောက်အောင် "
" မင်း အော်သံကြားလို့ "
နှစ်ယောက်ကြားထဲ ရှို့တို့ရှန်းတန်းအခြေနေဆိုပေမယ့် စကားမရှိ၊စကားရှာ ပြောနေမိသည်။
" မင်းနဲ့ ဆိုင်လို့လား "
ယွန်းဂီက လေသံမာမာဖြင့် ပိတ်ပြောပစ်တော့
ထယ်ယောင်းက စာကြည့်မျက်မှန်အား ချွတ်ကာ ၊
ပြတင်းပေါက်ဘောင်ပေါ်၌ တင်ရင်း ၊ ခေါင်းအား ဖြေးညှင်းစွာ ခါယမ်းသည်။
" ပြောစရာရှိလား ၊ မရှိရင်လည်း
ငါအိပ်တော့မယ် "
ယွန်းဂီ ထယ်ယောင်း မျက်နှာကြီးကိုမြင်လျှင်
ထို အသံကြီးကိုပဲ ပြန်ပြန်ကြားနေရသည်မို့ ၊
ပြတင်းပေါက် တံခါးအား ဆွဲပိတ်ဖို့ ကြိုးစားလိုက်သည်။
" မနက်ကျမှ လာခေါ်မယ် "
" အင်းပါ "
" ပေး ကတိ "
မထင်မှတ်ထားသည့် ထယ်ယောင်းစကားကြောင့်
ယွန်းဂီ ၊ ပြတင်းပေါက်အား လှမ်းဆွဲပိတ်နေသည့် လက်တို့သည့် ရပ်တန့်သွားသည်။
" ဘာကို ပေးရမှာလဲ "
" ငါ့ကို စောင့်နေပါ့မယ်ဆိုတဲ့ ကတိ "
" စောက်ရူး "
ယွန်းဂီ တစ်ခွန်းတည်းသာ ပြန်ပြောပြီး ၊ ပြတင်းတံခါးအား ဆောင့်ပိတ်လိုက်သည်။
ယွန်းဂီသာ အကန်တွေပြောသွားပေမယ့်
ထယ်ယောင်းကတော့ လည်ဂုတ်ပွတ်ရင်း
တပြုံးပြုံးနှင့် ပိတ်ကျသွားသည့် ပြတင်းပေါက်လေးအား ငေးကြည့်နေမိသည်။
" ကတိ... အဆုံးသတ်ကျရင်တောင် ငါ့ကိုပဲ စောင့်နေမယ်ဆိုတဲ့ ကတိ "
ထယ်ယောင်း၏ ခပ်တိုးတိုး စကားသံတို့သည်
ပိတုန်းရောင်ကျနေသည့် ညအမှောင် ၊ လေထုထဲသို့ တိုးဝင်ပျောက်ကွက်သွားတော့သည်။
ည ရှစ်နာရီမှာ ဟန်ဆောင်အိပ်ရာဝင်သွားသည့်
ကောင်လေးကတော့ ဒီစကားတွေကို မကြားနိုင်ခဲ့ချေ။
______________
ဒုတိယစာသင်နှစ်ဝက်အား စရောက်သည့်
ပထမဆုံးနေ့တွင်ပင် ဘိုင်အိုဆရာက
ယွန်းဂီတို့အတန်းအား နှစ်ယောက်တစ်ဖွဲ့စီ
ပရောဂျက်လုပ်ခိုင်းသည်။
ထုံးစံအတိုင်းပင် ယွန်းဂီနှင့် အတန်းခေါင်းဆောင်
ထယ်ယောင်းက တစ်ဖွဲ့ကျသည်။
ဘိုင်အိုဆို Biology is the study of living things က လွဲလို့ ဘာမှမသိတဲ့ ယွန်းဂီဟာ
စာကြည့်တိုက်က ဖုန်နံ့တက်နေသည့် စာအုပ်တွေကြားထဲ ခေါင်းစိုက်နေရသည်။
ထယ်ယောင်းကတော့ ပုံမှန်အတိုင်း စာလုပ်သူဖြစ်ပြီး ၊ ဆရာဝန်ဖြစ်ဖို့ထိပါ ရည်မှန်းချက်ထား,ထားသည်မို့ အနည်းငယ် ရှာဖွေပြီး ရေးရုံပင်။ ဒါပေမယ့်လည်း ယွန်းဂီက စာကြည့်တိုက်မှာ သရဲခြောက်သည်ဆိုသည့် သတင်းအား
တစ်စွန်းတစ်စကြားပြီးတည်းက ထယ်ယောင်းကိုပါ လိုက်ရန် စစ်ကူတောင်းတော့သည်။
ဒီလိုနှင့်ပင် နှစ်ယောက်သား ယောင်ချာချာနှင့်
စာအုပ်အဟောင်းနံ့တွေ ပြည့်နေသည့်
စာကြည့်တိုက်ထဲ ရောက်လာကြတော့သည်။
" ထယ် ဒီ အပိုင်း မင်း ကူးထားနှင့် "
A4 ဆိုဒ် တစ်ဝက်လောက်ရှိသည့် စာပိုဒ်ကြီးအား
လာကူးခိုင်းသည့် ယွန်းဂီကို ထယ်ယောင်း ဘာမျှမပြောဖြစ်တော့။ သူကိုယ်တိုင် ကျေကျေနပ်နပ် ရွေးချယ်ခဲ့သည့် လမ်းဖြစ်တာမို့ ၊ ဘာပဲဖြစ်ဖြစ် ယွန်းဂီပြောတာကိုသာ ခေါင်းတဆတ်ဆတ် ညိတ်ရင်း စာကူးနေလိုက်သည်။
ယွန်းဂီကတော့ ရှေ့တည့်တည်က စာဖတ်ခန်းတွင်း
အစားအသောက် ယူဆောင် စာသုံးခွင့်မပြုဆိုသည့် ဆိုင်းဘုတ်ကြီးအား မမြင်ချင်ယောင်ဆောင်ကာ ဘီစကစ်ထုတ်အား ဖောက်နေသည်။
" ယွန်းဂီ သေမယ်နော်.. မင်း စာကြည့်တိုက်မှုးသိရင် သတ်လိမ့်မယ် "
" မင်း ငြိမ်ငြိမ်နေရင် ဘယ်သူမှမသိဘူး "
ယွန်းဂီကို တားမရသည့်အဆုံး
ထယ်ယောင်း သူ့ခန္ဓာကိုယ်နှင့် ယွန်းဂီကို ကွယ်ထားပေးလိုက်သည်။
" စားအုံးမလား "
သေဖော်သေဖက် လာညှိနေသည့် ယွန်းဂီဟာ
အူယားစရာ ။ ဘီစကစ်မုန့်ထုတ်လေး ကိုင်ပြီး
ဇက်လေးပုကာ ဘီစကစ်ဝါးသံ မထွက်အောင်
အံသွားဖြင့် ငုံစားနေသည်။
" နည်းနည်းကျွေး "
" ငါ ခွံ့ကျွေးမယ်... စာအုပ်မှာပေရင် ဆရာက နောက်မှ သတ်မှာ.. မင်းကို ငါအရင် သတ်မယ် "
အပြောကြမ်းပေမယ့် အထိအကိုင်နူးညံ့သည့် ယွန်းဂီ၏ လက်တွေအား ၊ ဘီစကစ်ချပ်လေးကိုင်ပြီး
ထယ်ယောင်း၏ နှုတ်ခမ်းနား တိုးလာသည်။
ထယ်ယောင်းလည်း အသံကြားမည်ဆိုတာကြောင့် ဘီစကစ်အား တစ်ချပ်လုံး ငုံကာ ၊ အသံမထွက်အောင် ဝါးနေရသည်။
" ဟိဟိ အာခေါင်တော့ ကပ်တယ်နော် "
" အင်း နည်းနည်းပါ "
" ရေသောက်မလား "
လွယ်အိတ်ထဲက ရေဘူးအား
မုန့်စားရလို့ ပျော်နေသည့် ပြောင်စပ်စပ်မျက်နှာနှင့် ထုတ်ပေးလာသည့် ယွန်းဂီဟာ ဆွဲဖက်နမ်းချင်စရာ ။
လူငယ်ဘဝဟာ သိပ်ကိုလွတ်လပ်တယ်။
ဆယ်ကျော်သက် အချစ် ၊ အချစ်ဦး
ဒါတွေဟာလည်း လူငယ်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပဲ ။
* အပျော်တမ်းမှ မဟုတ်ခဲ့တာ
မပျော်လည်း တမ်းတနေမိတာပါပဲ *
ယွန်းဂီဟာ ထယ်ယောင်းရဲ့ အချစ်ဆုံး
ပြီးတော့ အချစ်ဦး ။
__________________
အိုင် Full recovery ပြန်ဖြစ်သွားပါပြီ
ဒီနေ့မှ အသေချာ ခေါင်းထောင်ပြီး စာရေးနိုင်တော့တယ်ရယ်...
ဆွဲစိစေချင်တဲ့သူ စိတ်ထိန်းကြပါလို့
အမှတ်တရတွေ အများကြီးချန်ခဲ့ချင်လို့ပါဆို T_T
တစ်ချိန်ကျရင် စာကြည့်တိုက်မှာ
ဘီစကစ်ခိုးစားကြတဲ့ ကောင်လေးနှစ်ယောက်ကို
အောက်မေ့သတိရအောင်ပါ
ဖတ်ရတာ အဆင်ပြေပါစေရှင့်
Zawgyi
ဆိုးလ္ကေန ျပန္လာၿပီး စေန၊တနဂ္ေႏြ ႏွစ္ရက္လုံး
ထယ္ေယာင္းကို ယြန္းဂီ ေရွာင္ေနမိသည္။
ေရွာင္ေနတယ္ဆိုတာကလည္း စကားသပ္သပ္ေျပာတာပါ တကယ္ေတာ့
ထယ္ေယာင္းကလည္း လာမရွာခဲ့သလို
ယြန္းဂီကလည္း သြားမေတြ႕ခဲ့တာေၾကာင့္
ေရွာင္ေနတယ္ဟုပင္ ေခါင္းစဥ္တပ္လိုက္မည္။
ဒါဟာ ႏွစ္ေယာက္စလုံး တေျဖးေျဖးႏွင့္
အေဝးကို တြန္းပို႔ေနၾကသည့္ အရိပ္ေယာင္ေတြပင္။
ယြန္းဂီ ဆိုးလ္က ျပန္လာၿပီးတည္းက
သူ႕ကိုသူ ျပန္ဆန္းစစ္ခဲ့ရသည္။
သူ ထယ္ေယာင္းအေပၚ မရိုးမသားစိတ္ေတြမ်ားရွိေနတာလား ၊ ဒါမွမဟုတ္ ထယ္ေယာင္းကပဲ သူ႕ကို မရိုးမသား စိတ္ေတြရွိေနလားမသိ ။
ဘာစိတ္ေတြမွန္းမသိေပမယ့္ တစ္ခုခု မူမမွန္ေနတာကိုေတာ့ ယြန္းဂီ ခံစားမိသည္။
ထယ္ေယာင္း အခန္းထဲက ထို ပုံဆြဲစာ႐ြက္ႏွင့္
စကၠဴပုံးေလးကိုေတြ႕ၿပီးတည္းက
ထယ္ေယာင္းမ်ား အမွန္တရားကို ဖြင့္ေျပာလာေလမလားဟူ၍ ယြန္းဂီ မဝင့္မရဲပင္ ေရလာေျမာင္းေပးလုပ္ခဲ့ရသည္။
စက္ဘီးစီးေနရင္းႏွင့္ပင္ ၾကက္သီးထစရာ
စကားေတြကို ရိသလိုလို ၊ အတည္လိုလိုေတြ ေမးခဲ့ရတာလည္း အခါခါ ။
ေနာက္ဆုံး ငါ့ကို ခ်စ္လား ဟု တည့္တိုးေမးတာေတာင္ မ်က္ဝန္းေသေတြႏွင့္ ေတြေဝေနသည့္
ထယ္ေယာင္းဟာ သူထင္သလို မဟုတ္ခဲ့မွန္း
ယြန္းဂီ သိခဲ့ရသည္။
သူတို႔က သူငယ္ခ်င္းေတြ။
သူငယ္ခ်င္းေတြဆိုတာ ဆိုးတူေကာင္းဖက္
အၿမဲရွိရတယ္ ။
သူငယ္ခ်င္းေတြက ဘယ္ေတာ့မွ ခ်စ္သူေတြျဖစ္မလာၾကဘူး ။ ျဖစ္လာရင္ေတာင္ တစ္ေန႕ ခြဲၾကရမွာပဲ ။
" အားးးးးး မင္ယြန္းဂီ အ႐ူး
တကယ္႐ူးေနတာ ငါ.. အားး အ႐ူးေကာင္
ဘာေတြ သြားေမးခဲ့တာလဲ "
သခ်္ာတြက္ေနရင္းႏွင့္ပင္ စားပြဲေပၚမွ ထကာ
ကုတင္ေပၚ ပစ္လွဲခ်လိဳက္သည္။ ထို႔ေနာက္
ေခါင္းအုံးထဲသို႔ မ်က္ႏွာအပ္ကာ
အာေခါင္ျခစ္ကာ ေအာ္ပစ္လိုက္ေတာ့သည္။
သိပ္လည္း အက်ယ္ႀကီး မေအာ္ရဲေပ။
ထယ္ေယာင္းအခန္းႏွင့္ ယြန္းဂီ အခန္းက
ၾကားထဲ၌ ၿခံစည္းရိုးသာ ၊ ျခားေနေပမယ့္
ျပတင္းေပါက္ဖြင့္လိုက္ရင္ေတာ့ တစ္တန္းျဖစ္ေနသည္။
ေတာ္ၾကာ သေကာင့္သားက ၾကားသြားမွ
အရစ္ရွည္ ေမးျမန္းေနအုံးမည္။
ငါ့ကို ခ်စ္လား
ငါ့ကို ခ်စ္လား
ငါ့ကို ခ်စ္လား
" ရားးး ခ်ီးပဲ.... လွ်ာေတြေတာင္ ယားလာၿပီ "
ဖင္ႀကီးကုန္းကာ ေခါင္းအုံးထဲ မ်က္ႏွာအပ္ၿပီး
ေအာ္ေနရာမွ နားထဲ၌ ထို ၾကက္သီးထစရာ ၊ စကားႀကီးကိုပင္ ပဲ့တင္သံကဲ့သို႔ ၾကားေနရတာမို႔
ေခါင္းအုံးအား ဆြဲလႊတ္ပစ္လိုက္သည္။
သိပ္လည္း အားမပါသြားေပမယ့္
ေခါင္းအုံးအေလးခ်ိန္ေၾကာင့္ စာၾကည့္စားပြဲအား တိုက္မိကာ ၊ ေကာ္ပန္းအိုးေလးသည္ ၾကမ္းျပင္သို႔ ဂြပ္ခနဲျမည္ေအာင္ ျပဳတ္က်သြားေတာ့သည္။
ကြဲမသြားေပမယ့္ အသံကေတာ့ အေတာ္က်ယ္သြားသည္။
" ဟဲ့ သား ဘာျဖစ္တာလဲ "
" ဘာမွ မျဖစ္ဘူး ေမေမ "
ေအာက္ထပ္မွ ထြက္ေပၚလာသည့္ ေမေမ့ေအာ္သံအား ယွဥ္၍ ျပန္ေအာ္ေျပာလိုက္သည္။
ထို႔ေနာက္ သက္ျပင္းတစ္ခ်က္ မႈတ္ထုတ္ကာ
ေခါင္းအုံးကိုေကာက္ရင္း ၊ ပန္းအိုးကိုပါ စားပြဲေပၚသို႔ ျပန္တင္လိုက္သည္။
ေဒါက္!!
ျပတင္းေပါက္ကို မာေသာအရာ တစ္ခုခုျဖင့္ ေခါက္သံၾကားရသည္မို႔ ျပတင္းေပါက္အား တံခါးဆြဲဖြင့္လိုက္သည္။
ထိုအခါ တစ္လံေလာက္သာ ကြာေဝးသည့္ အျခားျပတင္းေပါက္တစ္ဖက္၌ ထယ္ေယာင္းက ေျမျဖဴခဲအား ေသးေသးေလးေတြျဖစ္ေအာင္ထိုင္ေႁခြေနသည္။
" ဘာလဲ "
" မင္းကို ေမးရမွာ "
ယြန္းဂီက ထိုင္ခုံအား ဆြဲယူကာ
ထယ္ေယာင္းႏွင့္ မ်က္ႏွာခ်င္းဆိုင္ ၊ တစ္တန္းတည္း ထိုင္လိုက္သည္။
" ေတာ္ေတာ္အားေနတယ္ေပါ့ ၊ သူမ်ားအခန္းကို
ေျမျဖဴနဲ႕ ေပါက္ေနရေလာက္ေအာင္ "
" မင္း ေအာ္သံၾကားလို႔ "
ႏွစ္ေယာက္ၾကားထဲ ရွို႔တို႔ရွန္းတန္းအေျခေနဆိုေပမယ့္ စကားမရွိ၊စကားရွာ ေျပာေနမိသည္။
" မင္းနဲ႕ ဆိုင္လို႔လား "
ယြန္းဂီက ေလသံမာမာျဖင့္ ပိတ္ေျပာပစ္ေတာ့
ထယ္ေယာင္းက စာၾကည့္မ်က္မွန္အား ခြၽတ္ကာ ၊
ျပတင္းေပါက္ေဘာင္ေပၚ၌ တင္ရင္း ၊ ေခါင္းအား ေျဖးညွင္းစြာ ခါယမ္းသည္။
" ေျပာစရာရွိလား ၊ မရွိရင္လည္း
ငါအိပ္ေတာ့မယ္ "
ယြန္းဂီ ထယ္ေယာင္း မ်က္ႏွာႀကီးကိုျမင္လွ်င္
ထို အသံႀကီးကိုပဲ ျပန္ျပန္ၾကားေနရသည္မို႔ ၊
ျပတင္းေပါက္ တံခါးအား ဆြဲပိတ္ဖို႔ ႀကိဳးစားလိုက္သည္။
" မနက္က်မွ လာေခၚမယ္ "
" အင္းပါ "
" ေပး ကတိ "
မထင္မွတ္ထားသည့္ ထယ္ေယာင္းစကားေၾကာင့္
ယြန္းဂီ ၊ ျပတင္းေပါက္အား လွမ္းဆြဲပိတ္ေနသည့္ လက္တို႔သည့္ ရပ္တန့္သြားသည္။
" ဘာကို ေပးရမွာလဲ "
" ငါ့ကို ေစာင့္ေနပါ့မယ္ဆိုတဲ့ ကတိ "
" ေစာက္႐ူး "
ယြန္းဂီ တစ္ခြန္းတည္းသာ ျပန္ေျပာၿပီး ၊ ျပတင္းတံခါးအား ေဆာင့္ပိတ္လိုက္သည္။
ယြန္းဂီသာ အကန္ေတြေျပာသြားေပမယ့္
ထယ္ေယာင္းကေတာ့ လည္ဂုတ္ပြတ္ရင္း
တၿပဳံးၿပဳံးႏွင့္ ပိတ္က်သြားသည့္ ျပတင္းေပါက္ေလးအား ေငးၾကည့္ေနမိသည္။
" ကတိ... အဆုံးသတ္က်ရင္ေတာင္ ငါ့ကိုပဲ ေစာင့္ေနမယ္ဆိုတဲ့ ကတိ "
ထယ္ေယာင္း၏ ခပ္တိုးတိုး စကားသံတို႔သည္
ပိတုန္းေရာင္က်ေနသည့္ ညအေမွာင္ ၊ ေလထုထဲသို႔ တိုးဝင္ေပ်ာက္ကြက္သြားေတာ့သည္။
ည ရွစ္နာရီမွာ ဟန္ေဆာင္အိပ္ရာဝင္သြားသည့္
ေကာင္ေလးကေတာ့ ဒီစကားေတြကို မၾကားနိုင္ခဲ့ေခ်။
______________
ဒုတိယစာသင္ႏွစ္ဝက္အား စေရာက္သည့္
ပထမဆုံးေန႕တြင္ပင္ ဘိုင္အိုဆရာက
ယြန္းဂီတို႔အတန္းအား ႏွစ္ေယာက္တစ္ဖြဲ႕စီ
ပေရာဂ်က္လုပ္ခိုင္းသည္။
ထုံးစံအတိုင္းပင္ ယြန္းဂီႏွင့္ အတန္းေခါင္းေဆာင္
ထယ္ေယာင္းက တစ္ဖြဲ႕က်သည္။
ဘိုင္အိုဆို Biology is the study of living things က လြဲလို႔ ဘာမွမသိတဲ့ ယြန္းဂီဟာ
စာၾကည့္တိုက္က ဖုန္နံ႕တက္ေနသည့္ စာအုပ္ေတြၾကားထဲ ေခါင္းစိုက္ေနရသည္။
ထယ္ေယာင္းကေတာ့ ပုံမွန္အတိုင္း စာလုပ္သူျဖစ္ၿပီး ၊ ဆရာဝန္ျဖစ္ဖို႔ထိပါ ရည္မွန္းခ်က္ထား,ထားသည္မို႔ အနည္းငယ္ ရွာေဖြၿပီး ေရး႐ုံပင္။ ဒါေပမယ့္လည္း ယြန္းဂီက စာၾကည့္တိုက္မွာ သရဲေျခာက္သည္ဆိုသည့္ သတင္းအား
တစ္စြန္းတစ္စၾကားၿပီးတည္းက ထယ္ေယာင္းကိုပါ လိုက္ရန္ စစ္ကူေတာင္းေတာ့သည္။
ဒီလိုႏွင့္ပင္ ႏွစ္ေယာက္သား ေယာင္ခ်ာခ်ာႏွင့္
စာအုပ္အေဟာင္းနံ႕ေတြ ျပည့္ေနသည့္
စာၾကည့္တိုက္ထဲ ေရာက္လာၾကေတာ့သည္။
" ထယ္ ဒီ အပိုင္း မင္း ကူးထားႏွင့္ "
A4 ဆိုဒ္ တစ္ဝက္ေလာက္ရွိသည့္ စာပိုဒ္ႀကီးအား
လာကူးခိုင္းသည့္ ယြန္းဂီကို ထယ္ေယာင္း ဘာမွ်မေျပာျဖစ္ေတာ့။ သူကိုယ္တိုင္ ေက်ေက်နပ္နပ္ ေ႐ြးခ်ယ္ခဲ့သည့္ လမ္းျဖစ္တာမို႔ ၊ ဘာပဲျဖစ္ျဖစ္ ယြန္းဂီေျပာတာကိုသာ ေခါင္းတဆတ္ဆတ္ ညိတ္ရင္း စာကူးေနလိုက္သည္။
ယြန္းဂီကေတာ့ ေရွ႕တည့္တည္က စာဖတ္ခန္းတြင္း
အစားအေသာက္ ယူေဆာင္ စာသုံးခြင့္မျပဳဆိုသည့္ ဆိုင္းဘုတ္ႀကီးအား မျမင္ခ်င္ေယာင္ေဆာင္ကာ ဘီစကစ္ထုတ္အား ေဖာက္ေနသည္။
" ယြန္းဂီ ေသမယ္ေနာ္.. မင္း စာၾကည့္တိုက္မႈးသိရင္ သတ္လိမ့္မယ္ "
" မင္း ၿငိမ္ၿငိမ္ေနရင္ ဘယ္သူမွမသိဘူး "
ယြန္းဂီကို တားမရသည့္အဆုံး
ထယ္ေယာင္း သူ႕ခႏၶာကိုယ္ႏွင့္ ယြန္းဂီကို ကြယ္ထားေပးလိုက္သည္။
" စားအုံးမလား "
ေသေဖာ္ေသဖက္ လာညွိေနသည့္ ယြန္းဂီဟာ
အူယားစရာ ။ ဘီစကစ္မုန့္ထုတ္ေလး ကိုင္ၿပီး
ဇက္ေလးပုကာ ဘီစကစ္ဝါးသံ မထြက္ေအာင္
အံသြားျဖင့္ ငုံစားေနသည္။
" နည္းနည္းေကြၽး "
" ငါ ခြံ႕ေကြၽးမယ္... စာအုပ္မွာေပရင္ ဆရာက ေနာက္မွ သတ္မွာ.. မင္းကို ငါအရင္ သတ္မယ္ "
အေျပာၾကမ္းေပမယ့္ အထိအကိုင္ႏူးညံ့သည့္ ယြန္းဂီ၏ လက္ေတြအား ၊ ဘီစကစ္ခ်ပ္ေလးကိုင္ၿပီး
ထယ္ေယာင္း၏ ႏႈတ္ခမ္းနား တိုးလာသည္။
ထယ္ေယာင္းလည္း အသံၾကားမည္ဆိုတာေၾကာင့္ ဘီစကစ္အား တစ္ခ်ပ္လုံး ငုံကာ ၊ အသံမထြက္ေအာင္ ဝါးေနရသည္။
" ဟိဟိ အာေခါင္ေတာ့ ကပ္တယ္ေနာ္ "
" အင္း နည္းနည္းပါ "
" ေရေသာက္မလား "
လြယ္အိတ္ထဲက ေရဘူးအား
မုန့္စားရလို႔ ေပ်ာ္ေနသည့္ ေျပာင္စပ္စပ္မ်က္ႏွာႏွင့္ ထုတ္ေပးလာသည့္ ယြန္းဂီဟာ ဆြဲဖက္နမ္းခ်င္စရာ ။
လူငယ္ဘဝဟာ သိပ္ကိုလြတ္လပ္တယ္။
ဆယ္ေက်ာ္သက္ အခ်စ္ ၊ အခ်စ္ဦး
ဒါေတြဟာလည္း လူငယ္ဘဝရဲ႕ တစ္စိတ္တစ္ပိုင္းပဲ ။
* အေပ်ာ္တမ္းမွ မဟုတ္ခဲ့တာ
မေပ်ာ္လည္း တမ္းတေနမိတာပါပဲ *
ယြန္းဂီဟာ ထယ္ေယာင္းရဲ႕ အခ်စ္ဆုံး
ၿပီးေတာ့ အခ်စ္ဦး ။
__________________
အိုင္ Full recovery ျပန္ျဖစ္သြားပါၿပီ
ဒီေန႕မွ အေသခ်ာ ေခါင္းေထာင္ၿပီး စာေရးနိုင္ေတာ့တယ္ရယ္...
ဆြဲစိေစခ်င္တဲ့သူ စိတ္ထိန္းၾကပါလို႔
အမွတ္တရေတြ အမ်ားႀကီးခ်န္ခဲ့ခ်င္လို႔ပါဆို T_T
တစ္ခ်ိန္က်ရင္ စာၾကည့္တိုက္မွာ
ဘီစကစ္ခိုးစားၾကတဲ့ ေကာင္ေလးႏွစ္ေယာက္ကို
ေအာက္ေမ့သတိရေအာင္ပါ
ဖတ္ရတာ အဆင္ေျပပါေစရွင့္