11:11

531 75 24
                                    

" အင့် ထယ်.. ဟင်း... "

" ယွန်းဂီ.... ဟင်း "

" အင့်ဟင့်... ထယ် ငါ့.. ငါ့ကို သိမ်းပိုက်ပါနော် "

ငိုရှိုက်သံတွေနှင့် ပြောလာသည့် ယွန်းဂီ၏
မျက်နှာလေးအား လက်သွယ်သွယ်တို့ဖြင့်
ထွေးပွေ့လိုက်သည်။ ထို့နောက်
နှာဖျားတို့အား နမ်းသည် ။ တစ်ကိုယ်လုံး တုန်ယင်လျက် မှိတ်ကျနေသည့် မျက်ခွံများကို ခပ်ဖွဖွ နမ်းသည်။ ယွန်းဂီရဲ့ လက်တွေဟာ ငြင်းဆန်လိုခြင်းမရှိပါပဲ ၊ မူယာမာယာပိုစွာ ထယ်ယောင်းရဲ့ ရင်ဘက်အား အားပျော့ပျော့ဖြင့် တွန်းနေသည်။

ထယ်ယောင်း၏ အနမ်းများသည်
ယွန်းဂီ၏ လည်တိုင်သို့ ပြောင်းရွှေ့လိုက်သည့်အခါ
ခေါင်းထဲမှ ဆစ်ခနဲပင် ။
ထယ်ယောင်းအောက်မှာ ငိုနေသည့် ယွန်းဂီဟာလည်း ဘယ်ရောက်သွားမှန်းမသိ ။

ထယ်ယောင်း ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်လျက် ၊ ဘယ်အရာကိုမှ သေချာသဲကွဲစွာ မမြင်ရတော့ ။

နာကျင်စွာ ထိုးကိုက်နေသည့် ခေါင်းအား
လက်ဖြင့် အုပ်ကိုက်လျက် ၊ စိတ်ပူစွာပင်
ယွန်းဂီ၏ နာမည်ကို အော်ခေါ်မိသည်။

"  ယွန်းဂီ ... ယွန်းဂီရေ "

ခေါင်းထဲမှ ပိုမို၍ ကိုက်ခဲလာသည်။
ခေါင်းတစ်ခုလုံး ကြက်ဥခွံလို ကွဲထွက်တော့မည့်အလား ကိုက်ခဲနေသည်။

" အာ့... ယွန်းဂီ "

ချွေးတွေရွှဲလျက် ကုတင်ပေါ်မှာ ထထိုင်မိသည့်
ထယ်ယောင်းသည် ကိုယ့်အဖြစ်ကို ခုထိ နားမလည်နိုင်သေးချေ။
အိမ်မက်လား ၊ တကယ်လား ။
သေချာမှတ်မိနေခဲ့တာကတော့ ပစ်မှားနေခဲ့ရတဲ့
ယွန်းဂီ၏ နှုတ်ခမ်းလှလှများကို သိမ်းပိုက်ခဲ့ရသည်ဆိုသည့် အသိပင်။

ဘေးစားပွဲရှိ ထောင်ထားသည့် နာရီအား
ဆွဲယူကြည့်လိုက်တော့ မနက် တစ်နာရီသာရှိသေးသည်။ အိပ်ရာပေါ်မှာလည်း အထူးထုတ်စာအုပ် ရောင်စုံတွေနှင့် ပြည့်လျက်ရှိနေသည်။
တွက်လက်စ အကြမ်းစာအုပ်သည်လည်း
ဖျက်ရာ ဗလပွနှင့် မွစာကြဲလျက်။

သူ စာလုပ်ရင်း အိပ်ပျော်သွားတာပဲ။

အရွယ်ရောက်ပြီးသား ယောကျာ်းလေးတစ်ယောက်မို့ ဒီအိမ်မက်ဟာ wet dream လို့ဆိုလို့ရပေမယ့် ၊ ဘာကြောင့်များ သူငယ်ချင်းဖြစ်သူကို မြင်မက်မိမှန်းမသိ။

FIRST LOVE Where stories live. Discover now