10:10

557 82 82
                                    

ဆိုးလ်ကနေ ပြန်လာပြီး စနေ၊တနဂ်နွေ နှစ်ရက်လုံး
ထယ်ယောင်းကို ယွန်းဂီ ရှောင်နေမိသည်။
ရှောင်နေတယ်ဆိုတာကလည်း စကားသပ်သပ်ပြောတာပါ တကယ်တော့
ထယ်ယောင်းကလည်း လာမရှာခဲ့သလို
ယွန်းဂီကလည်း သွားမတွေ့ခဲ့တာကြောင့်
ရှောင်နေတယ်ဟုပင် ခေါင်းစဥ်တပ်လိုက်မည်။

ဒါဟာ နှစ်ယောက်စလုံး တဖြေးဖြေးနှင့်
အဝေးကို တွန်းပို့နေကြသည့် အရိပ်ယောင်တွေပင်။

ယွန်းဂီ ဆိုးလ်က ပြန်လာပြီးတည်းက
သူ့ကိုသူ ပြန်ဆန်းစစ်ခဲ့ရသည်။
သူ ထယ်ယောင်းအပေါ် မရိုးမသားစိတ်တွေများရှိနေတာလား ၊ ဒါမှမဟုတ် ထယ်ယောင်းကပဲ သူ့ကို မရိုးမသား စိတ်တွေရှိနေလားမသိ ။

ဘာစိတ်တွေမှန်းမသိပေမယ့် တစ်ခုခု မူမမှန်နေတာကိုတော့ ယွန်းဂီ ခံစားမိသည်။

ထယ်ယောင်း အခန်းထဲက ထို ပုံဆွဲစာရွက်နှင့်
စက္ကူပုံးလေးကိုတွေ့ပြီးတည်းက
ထယ်ယောင်းများ အမှန်တရားကို ဖွင့်ပြောလာလေမလားဟူ၍ ယွန်းဂီ မဝင့်မရဲပင် ရေလာမြောင်းပေးလုပ်ခဲ့ရသည်။

စက်ဘီးစီးနေရင်းနှင့်ပင် ကြက်သီးထစရာ
စကားတွေကို ရိသလိုလို ၊ အတည်လိုလိုတွေ မေးခဲ့ရတာလည်း အခါခါ ။
နောက်ဆုံး ငါ့ကို ချစ်လား ဟု တည့်တိုးမေးတာတောင် မျက်ဝန်းသေတွေနှင့် တွေဝေနေသည့်
ထယ်ယောင်းဟာ သူထင်သလို မဟုတ်ခဲ့မှန်း
ယွန်းဂီ သိခဲ့ရသည်။

သူတို့က သူငယ်ချင်းတွေ။
သူငယ်ချင်းတွေဆိုတာ ဆိုးတူကောင်းဖက်
အမြဲရှိရတယ် ။

သူငယ်ချင်းတွေက ဘယ်တော့မှ ချစ်သူတွေဖြစ်မလာကြဘူး ။ ဖြစ်လာရင်တောင် တစ်နေ့ ခွဲကြရမှာပဲ ။

" အားးးးးး မင်ယွန်းဂီ အရူး
တကယ်ရူးနေတာ ငါ.. အားး အရူးကောင်
ဘာတွေ သွားမေးခဲ့တာလဲ "

သချ်ာတွက်နေရင်းနှင့်ပင် စားပွဲပေါ်မှ ထကာ
ကုတင်ပေါ် ပစ်လှဲချလိုက်သည်။ ထို့နောက်
ခေါင်းအုံးထဲသို့ မျက်နှာအပ်ကာ
အာခေါင်ခြစ်ကာ အော်ပစ်လိုက်တော့သည်။

သိပ်လည်း အကျယ်ကြီး မအော်ရဲပေ။
ထယ်ယောင်းအခန်းနှင့် ယွန်းဂီ အခန်းက
ကြားထဲ၌ ခြံစည်းရိုးသာ ၊ ခြားနေပေမယ့်
ပြတင်းပေါက်ဖွင့်လိုက်ရင်တော့ တစ်တန်းဖြစ်နေသည်။

FIRST LOVE Where stories live. Discover now