something like love - light v...

By Panda_0802

18.4K 2.2K 95

[completed] (zawgyi) ဒီခံစားခ်က္ေတြက ဘယ္ကို ဦးတည္ေနလဲဆိုတာ ကၽြန္ေတာ္ သိတယ္။ 'အခ်စ္' လူတိုင္းကို တစ္နည္းမဟုတ... More

Halo!
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Epilogue
Author's Note

Chapter 24

682 73 0
By Panda_0802

(zawgyi)

သစ္ရြက္ေလးေတြ စေႂကြတဲ့ ေဆာင္းဦးမွာ ကၽြန္ေတာ္တို႔ ဇာတ္လမ္းေလး စခဲ့တာ အခုေတာ့ သစ္ရြက္ေလးေတြ ျပန္ထြက္ျပဴလာတဲ့ ေႏြဦးေတာင္ ေရာက္ခဲ့ၿပီ။

အယ္ဒီတာနဲ႔ စကားေျပာေနရင္း ျပတင္းေပါက္ကို လွမ္းၾကည့္မိေတာ့ ဘာရယ္မဟုတ္ ေႏြဦးေတာင္ ေရာက္ၿပီဆိုတဲ့ အေတြးက ဝင္လာ၏။

"အဲ့တာဆို title font ေလးကို နည္းနည္းႀကီးၿပီး အေရာင္ ေျပာင္းတာရယ္၊ စာလံုးေပါင္း အမွားေတြ ထပ္စစ္ၿပီး ျပင္လိုက္ရင္ ရၿပီေပါ့ေနာ္"

"ဟုတ္တယ္ဗ်။ အာ . . ၿပီးေတာ့ ေနာက္ဆံုး စာမ်က္ႏွာက ပံုေလးကိုေလ မေန႔က အသစ္ပို႔ေပးထားတဲ့ ပံုေလး ေျပာင္းေပးဖို႔လည္း မေမ့ပါနဲ႔ေနာ္"

"စိတ္ခ်ပါ Donghyuck-ssi. စာအုပ္က အခု ဒုတိယအႀကိမ္ကို 25 ရက္ေန႔မွာ ထုတ္ေဝမယ္ဆိုတာ သိၿပီးၿပီမလား?"

"ဟုတ္။ သိၿပီးပါၿပီဗ်။ ဒါဆို . . ေျပာင္းဖို႔ ေျပာထားေလးေတြအတြက္ အကူအညီေတာင္းပါတယ္ေနာ္"

"ဟုတ္ကဲ့ပါ"

အခြင့္အေရးဆိုတာ လူတိုင္းအတြက္ အျမဲ ရွိတာေပါ့။

webtoon ၿပိဳင္ပြဲမွာ ရႈံးနိမ့္ခဲ့ေပမယ့္ စာအုပ္တိုက္တစ္ခုက ၿပိဳင္ပြဲမွာ ကၽြန္ေတာ္ ေရးဆြဲခဲ့တဲ့ webtoon ကို သေဘာက်လို႔ဆိုၿပီး စာအုပ္ထုတ္ဖို႔ ဆက္သြယ္လာကာ အခြင့္အေရးေပးခဲ့သည္ေလ။

အဲ့လိုကေန ကၽြန္ေတာ့္ရဲ႕ ကိုယ္ပိုင္ webtoon စာအုပ္ထုတ္ႏိုင္ရမယ္ ဆိုတဲ့ ရည္မွန္းခ်က္ေလးက ျပည့္ခဲ့တာေပါ့။

ပထမဆံုးအႀကိမ္က ႏွစ္ကုန္စာေမးပြဲႀကီး မေျဖခင္ စထုတ္ခဲ့တာ၊ လူေတြ ဝယ္မွဖတ္ၾကပါ့မလားဆိုၿပီး စိုးရိမ္ပူပန္ကာ တစ္ပတ္ေလာက္ မစားႏိုင္မေသာက္ႏိုင္ ျဖစ္ခဲ့ေသးသည္။

out of stock ျဖစ္သြားတယ္လည္းဆိုေရာ မယံုႏိုင္စြာ ေသြးရူးေသြးတန္းလည္း ျဖစ္ခဲ့ေသးတာ။

စာအုပ္တိုက္က ဆက္တိုက္ ထုတ္ခ်င္ေနေပမယ့္ ကၽြန္ေတာ္က ဒီၾကားထဲ စာေမးပြဲမေျဖခင္ လိုခ်င္တဲ့ တကၠသိုလ္တက္ရဖို႔အေရး စာက လုပ္ရေသးသည္ေလ။

အဲ့လိုနဲ႔ အခု ဒုတိယအႀကိမ္ ထုတ္ေဝမႈကေတာ့ စာေမးပြဲၿပီးလို႔ ေက်ာင္းပိတ္မွပဲ စီစဥ္ျဖစ္၏။

အခြင့္အေရးဆိုတာ တစ္ခု မဟုတ္ တစ္ခု ေရာက္လာမွာ။

အဓိကက အဲ့အခြင့္အေရး ေရာက္လာတဲ့အထိ လက္မေလၽွာ့ဖို႔ပါပဲ။

အယ္ဒီတာနဲ႔ ေဆြးေႏြးလို႔အၿပီး စာအုပ္တိုက္ကေန ထြက္လာတုန္း ရွိေသး Jaemin က ကမူးရွဴးထိုးနဲ႔ ကၽြန္ေတာ့္ဆီ ေျပးလာသည္။

"Jaemin ဘာျဖစ္ -"

"Lee Donghyuck! မင္း . . မင္း အခုထိ စာအုပ္တိုက္မွာ ဘာလုပ္ေနတာလဲ! ဒီေန႔က Mark hyung ရဲ႕ graduation ေလ! ေမ့ေနတာေတာ့ မဟုတ္ဘူးမလား?"

ေသေရာ . . ကၽြန္ေတာ္ တကယ္ ေမ့ေနတာ။

"ဘာ! အဲ့တာက ဒီ-ဒီေန႔လား!"

အလန္႔တၾကား အထစ္ထစ္ အ,အအနဲ႔ ျပန္ေမးမိေတာ့ သူက ကၽြန္ေတာ့္ကို မယံုႏုိင္စြာ ၾကည့္၏။

"Donghyuck မင္းကေတာ့ကြာ။ Mark hyung  ၾကားရင္ စိတ္မေကာင္းျဖစ္ေတာ့မွာပဲ။ သြားေတာ့ေလ ဘာလုပ္ေနတာလဲ! အဲ့တာနဲ႔ ပြဲက ၿပီးေတာ့မယ္"

"အင္း အင္း။ သတိေပးလို႔ ေက်းဇူးပဲ Jaemin!"

Jaemin က အေနာက္ကေန အတင္းတြန္းပို႔ေတာ့ ကၽြန္ေတာ္လည္း ပြဲအခ်ိန္မွီေအာင္ ေျပးရေတာ့သည္။

Lee Donghyuck ေရ လုပ္လိုက္ရင္ တလြဲႀကီးပဲ။

ဒီေန႔ Jaemin လည္း သူ႔စာအုပ္အတြက္ စာအုပ္တိုက္ကို လာတာနဲ႔သာ မၾကံဳရင္ ကၽြန္ေတာ္ေတာ့ လံုးဝကို သတိရမွာမဟုတ္ဘူး။

ဟုတ္ပါတယ္။ ကၽြန္ေတာ္တို႔ ေျပာခဲ့တဲ့အတိုင္း Jaemin က ၿပိဳင္ပြဲမွာ ႏိုင္ခဲ့တာေပါ့။

သူ လိုက္ေကၽြးတဲ့ တစ္ဝိုင္းကိုလည္း Renjun ဆဲေရးတိုင္းထြာေနတဲ့ၾကားက စားခဲ့ရပါ၏။

သူတို႔ႏွစ္ေယာက္ကိုလည္း Mark ရဲ႕ graduation ကို လာဖို႔ ေခၚထားေပမယ့္ Renjun က art gallery တစ္ခုမွာ သူ႔ပန္းခ်ီကားေတြ ျပဖို႔ အလုပ္ရႈပ္ေနတာရယ္ Jaemin က သူ႔ webtoon စာအုပ္ ထုတ္ဖို႔နဲ႔ မအားတာေၾကာင့္ ညေနမွပဲ လိုက္စားေတာ့မယ္တဲ့။

စားရမယ္ဆို ႏွစ္ေယာက္လံုးက အားယားေနၾကေရာ။

"ဟုတ္ အန္တီ။ အဲ့ေနၾကာပန္းေလးေတြ ယူမယ္ေနာ္။ လွလွေလး စည္းေပးပါေနာ္"

"ဟုတ္ပါၿပီ။ ဒီမွာ . . ရပါၿပီရွင္"

"ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္!"

ကံေကာင္းစြာပင္ လမ္းမွာ ပန္းဆိုင္ေတြ႕တာနဲ႔ Mark ႀကိဳက္တဲ့ ေနၾကာပန္းစည္းေလး ဝင္ဝယ္လိုက္ၿပီး က်သင့္ေငြရွင္းၿပီးတာနဲ႔ ကမန္းကတန္း ေျပးရျပန္သည္။

ေတာ္ေသးတာေပါ့။ ကၽြန္ေတာ္ ေက်ာင္းဝင္းထဲေရာက္တာနဲ႔ သူ ဘြဲ႕လက္မွတ္ယူၿပီး ခန္းမထဲက ထြက္လာတာနဲ႔ ကြက္တိပင္။

"hyung!"

လက္ႏွစ္ဖက္ကိုေျမႇာက္ၿပီး ေဝွ႕ယမ္းကာ ႏႈတ္ဆက္ေတာ့ သူက ခ်က္ခ်င္းပင္ ကၽြန္ေတာ့္ဆီ ေလၽွာက္လာ၏။

"အထက္တန္းကို ေအာင္ျမင္စြာ ၿပီးေျမာက္သြားတဲ့အတြက္ ဂုဏ္ျပဳပါတယ္!"

လက္ထဲက ေနၾကာပန္းစည္းေလးကို ေပးလိုက္ေတာ့  သူက ကၽြန္ေတာ့္ကို ေပြ႕ဖက္လိုက္ကာ ပါးႏွစ္ဖက္ကို တစ္လွည့္စီ နမ္းပါသည္။

"ဂုဏ္ျပဳေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ဗ်ာ။ ေနၾကာပန္းေလးေတြက ကိုယ့္အႀကိဳက္ဆံုးမွန္း baby က ဘယ္လိုသိတာလဲ?"

"မေျပာတတ္ဘူး . . ဒီအတိုင္း ကၽြန္ေတာ္တို႔က စိတ္ခံစားခ်က္ခ်င္း ဆက္ႏႊယ္ေနလို႔?"

နက္နက္နဲနဲ ေတြးေနသလိုမ်ိဳး ေမးေစ့ကိုပြတ္ရင္း စဥ္းစားေနဟန္နဲ႔ ေျဖလိုက္ေတာ့ သူက ဆံပင္ေတြကို ဖြ၏။

"အာ ကိုယ့္ baby ေလးက ဘာလို႔ ဒီေလာက္ေတာင္ ခ်စ္စရာေကာင္းေနရတာလဲ?"

ေျပာရင္းဆိုရင္းပင္ ကၽြန္ေတာ့္ ပါးႏွစ္ဖက္ကို ညႇစ္ကိုင္ကာ ႏႈတ္ခမ္းပါးေတြကို ခပ္ဖြဖြေလး နမ္းျပန္သည္။

"ဦးေလးနဲ႔ အန္တီေရာ လာသြားခဲ့တယ္မလား?"

ေဂဟာမွာ ခဏတိုင္း ဆံုေနၾကမို႔လို႔ ကၽြန္ေတာ္ေတာင္ သူ႔ရဲ႕ မိဘေတြနဲ႔ ခင္မင္ရင္းႏွီးေနၿပီေလ။

ကၽြန္ေတာ္တို႔ရဲ႕ ဆက္ဆံေရးကို အမွန္အတိုင္း ေျပာျပလိုက္ေတာ့လည္း Mr Lee နဲ႔ Mrs Lee က ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပင္ လက္ခံေပးခဲ့ၿပီး ကၽြန္ေတာ့္ အေၾကာင္းစံုကို သိသြားခဲ့တဲ့ Mrs Lee ဆို ကၽြန္ေတာ့္ကို ပိုေတာင္ ခ်စ္ခင္ေပးပါ၏။

"အင္း။ ေလဆိပ္သြားရင္း ကိုယ္ ခန္းမထဲ မဝင္ခင္ ေရာက္လာၿပီး ဂုဏ္ျပဳသြားတယ္။ ဒါေပမယ့္ baby လို ပန္းစည္းေလးေတာင္ ေပးမသြားဘူး။ ခဏေနမွ မာမီ့ကို ဖုန္းဆက္ၿပီး စိတ္ေကာက္ရမယ္"

"ဒီကေလးႀကီးကလည္း . . လာပါ မုန္႔သြားစားၾကမယ္။ ပြဲကၿပီးၿပီမလား?"

"အင္း ၿပီးၿပီေလ။ ဒီေန႔ေတာ့ baby ဝယ္ေကၽြးရမွာေနာ္"

Mark Lee က အဲ့လိုလည္း တစ္ခါတစ္ေလ ဆိုးတတ္တဲ့ ကေလးႀကီး။

"ဟုတ္ပါၿပီ။ စားခ်င္သမွ် အကုန္ ဝယ္ေကၽြးပါ့မယ္ဗ်ာ"

သူ႔တင္ပါးေလးကို ပုတ္ၿပီး ေျပာလိုက္ေတာ့ နားရြက္ေလးေတြ နီရဲကာ ရွက္သြားပါေသးသည္။

ဒါကေတာ့ ကၽြန္ေတာ္ တစ္ေယာက္ပဲ သိတဲ့ သူ႔ရဲ႕ အမူအက်င့္ေလးေပါ့။

"အာ hyuckie . . အဲ့လို မလုပ္ပါနဲ႔ဆို!"

ကၽြန္ေတာ္ အ့ဲလိုလုပ္တိုင္းလည္း သူက ရွက္ကိုးရွက္ကန္းနဲ႔ ႏႈတ္ခမ္းဆူကာ ရန္ေတြ႕ျမဲ။

ကၽြန္ေတာ္ကလည္း မလုပ္နဲ႔ဆိုမွ ပိုလုပ္တဲ့အမ်ိဳးေလ။

"လုပ္မွာပဲ! ဆိုင္မွာ ေနရာမရဘဲ ေနလိမ့္မယ္။ ျမန္ျမန္ သြားၾကမယ္!"

ေျပာင္ျပလိုက္ၿပီး သူ႔လက္ကိုဆြဲကာ ေခၚေတာ့ သူက အရႈံးေပးဟန္ ေခါင္းခါကာပင္ ရယ္သာရယ္ေတာ့၏။

Mark Lee ရွက္သြားတယ္ဆိုတာက ကၽြန္ေတာ္တစ္ေယာက္ပဲ ေတြ႕ႏိုင္တဲ့ ပံုစံေလးမို႔လို႔ သူ မႀကိဳက္လည္း ကၽြန္ေတာ့္ကေတာ့ ေရွ႕ေလၽွာက္ ဆက္လုပ္မိဦးမွာပါ။

------------------------

(unicode)

သစ်ရွက်လေးတွေ စကြွေတဲ့ ဆောင်းဦးမှာ ကျွန်တော်တို့ ဇာတ်လမ်းလေး စခဲ့တာ အခုတော့ သစ်ရွက်လေးတွေ ပြန်ထွက်ပြူလာတဲ့ နွေဦးတောင် ရောက်ခဲ့ပြီ။

အယ်ဒီတာနဲ့ စကားပြောနေရင်း ပြတင်းပေါက်ကို လှမ်းကြည့်မိတော့ ဘာရယ်မဟုတ် နွေဦးတောင် ရောက်ပြီဆိုတဲ့ အတွေးက ဝင်လာ၏။

"အဲ့တာဆို title font လေးကို နည်းနည်းကြီးပြီး အရောင် ပြောင်းတာရယ်၊ စာလုံးပေါင်း အမှားတွေ ထပ်စစ်ပြီး ပြင်လိုက်ရင် ရပြီပေါ့နော်"

"ဟုတ်တယ်ဗျ။ အာ . . ပြီးတော့ နောက်ဆုံး စာမျက်နှာက ပုံလေးကိုလေ မနေ့က အသစ်ပို့ပေးထားတဲ့ ပုံလေး ပြောင်းပေးဖို့လည်း မမေ့ပါနဲ့နော်"

"စိတ်ချပါ Donghyuck-ssi. စာအုပ်က အခု ဒုတိယအကြိမ်ကို 25 ရက်နေ့မှာ ထုတ်ဝေမယ်ဆိုတာ သိပြီးပြီမလား?"

"ဟုတ်။ သိပြီးပါပြီဗျ။ ဒါဆို . . ပြောင်းဖို့ ပြောထားလေးတွေအတွက် အကူအညီတောင်းပါတယ်နော်"

"ဟုတ်ကဲ့ပါ"

အခွင့်အရေးဆိုတာ လူတိုင်းအတွက် အမြဲ ရှိတာပေါ့။

webtoon ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် စာအုပ်တိုက်တစ်ခုက ပြိုင်ပွဲမှာ ကျွန်တော် ရေးဆွဲခဲ့တဲ့ webtoon ကို သဘောကျလို့ဆိုပြီး စာအုပ်ထုတ်ဖို့ ဆက်သွယ်လာကာ အခွင့်အရေးပေးခဲ့သည်လေ။

အဲ့လိုကနေ ကျွန်တော့်ရဲ့ ကိုယ်ပိုင် webtoon စာအုပ်ထုတ်နိုင်ရမယ် ဆိုတဲ့ ရည်မှန်းချက်လေးက ပြည့်ခဲ့တာပေါ့။

ပထမဆုံးအကြိမ်က နှစ်ကုန်စာမေးပွဲကြီး မဖြေခင် စထုတ်ခဲ့တာ၊ လူတွေ ဝယ်မှဖတ်ကြပါ့မလားဆိုပြီး စိုးရိမ်ပူပန်ကာ တစ်ပတ်လောက် မစားနိုင်မသောက်နိုင် ဖြစ်ခဲ့သေးသည်။

out of stock ဖြစ်သွားတယ်လည်းဆိုရော မယုံနိုင်စွာ သွေးရူးသွေးတန်းလည်း ဖြစ်ခဲ့သေးတာ။

စာအုပ်တိုက်က ဆက်တိုက် ထုတ်ချင်နေပေမယ့် ကျွန်တော်က ဒီကြားထဲ စာမေးပွဲမဖြေခင် လိုချင်တဲ့ တက္ကသိုလ်တက်ရဖို့အရေး စာက လုပ်ရသေးသည်လေ။

အဲ့လိုနဲ့ အခု ဒုတိယအကြိမ် ထုတ်ဝေမှုကတော့ စာမေးပွဲပြီးလို့ ကျောင်းပိတ်မှပဲ စီစဉ်ဖြစ်၏။

အခွင့်အရေးဆိုတာ တစ်ခု မဟုတ် တစ်ခု ရောက်လာမှာ။

အဓိကက အဲ့အခွင့်အရေး ရောက်လာတဲ့အထိ လက်မလျှော့ဖို့ပါပဲ။

အယ်ဒီတာနဲ့ ဆွေးနွေးလို့အပြီး စာအုပ်တိုက်ကနေ ထွက်လာတုန်း ရှိသေး Jaemin က ကမူးရှူးထိုးနဲ့ ကျွန်တော့်ဆီ ပြေးလာသည်။

"Jaemin ဘာဖြစ် -"

"Lee Donghyuck! မင်း . . မင်း အခုထိ စာအုပ်တိုက်မှာ ဘာလုပ်နေတာလဲ! ဒီနေ့က Mark hyung ရဲ့ graduation လေ! မေ့နေတာတော့ မဟုတ်ဘူးမလား?"

သေရော . . ကျွန်တော် တကယ် မေ့နေတာ။

"ဘာ! အဲ့တာက ဒီ-ဒီနေ့လား!"

အလန့်တကြား အထစ်ထစ် အ,အအနဲ့ ပြန်မေးမိတော့ သူက ကျွန်တော့်ကို မယုံနိုင်စွာ ကြည့်၏။

"Donghyuck မင်းကတော့ကွာ။ Mark hyung  ကြားရင် စိတ်မကောင်းဖြစ်တော့မှာပဲ။ သွားတော့လေ ဘာလုပ်နေတာလဲ! အဲ့တာနဲ့ ပွဲက ပြီးတော့မယ်"

"အင်း အင်း။ သတိပေးလို့ ကျေးဇူးပဲ Jaemin!"

Jaemin က အနောက်ကနေ အတင်းတွန်းပို့တော့ ကျွန်တော်လည်း ပွဲအချိန်မှီအောင် ပြေးရတော့သည်။

Lee Donghyuck ရေ လုပ်လိုက်ရင် တလွဲကြီးပဲ။

ဒီနေ့ Jaemin လည်း သူ့စာအုပ်အတွက် စာအုပ်တိုက်ကို လာတာနဲ့သာ မကြုံရင် ကျွန်တော်တော့ လုံးဝကို သတိရမှာမဟုတ်ဘူး။

ဟုတ်ပါတယ်။ ကျွန်တော်တို့ ပြောခဲ့တဲ့အတိုင်း Jaemin က ပြိုင်ပွဲမှာ နိုင်ခဲ့တာပေါ့။

သူ လိုက်ကျွေးတဲ့ တစ်ဝိုင်းကိုလည်း Renjun ဆဲရေးတိုင်းထွာနေတဲ့ကြားက စားခဲ့ရပါ၏။

သူတို့နှစ်ယောက်ကိုလည်း Mark ရဲ့ graduation ကို လာဖို့ ခေါ်ထားပေမယ့် Renjun က art gallery တစ်ခုမှာ သူ့ပန်းချီကားတွေ ပြဖို့ အလုပ်ရှုပ်နေတာရယ် Jaemin က သူ့ webtoon စာအုပ် ထုတ်ဖို့နဲ့ မအားတာကြောင့် ညနေမှပဲ လိုက်စားတော့မယ်တဲ့။

စားရမယ်ဆို နှစ်ယောက်လုံးက အားယားနေကြရော။

"ဟုတ် အန်တီ။ အဲ့နေကြာပန်းလေးတွေ ယူမယ်နော်။ လှလှလေး စည်းပေးပါနော်"

"ဟုတ်ပါပြီ။ ဒီမှာ . . ရပါပြီရှင်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်!"

ကံကောင်းစွာပင် လမ်းမှာ ပန်းဆိုင်တွေ့တာနဲ့ Mark ကြိုက်တဲ့ နေကြာပန်းစည်းလေး ဝင်ဝယ်လိုက်ပြီး ကျသင့်ငွေရှင်းပြီးတာနဲ့ ကမန်းကတန်း ပြေးရပြန်သည်။

တော်သေးတာပေါ့။ ကျွန်တော် ကျောင်းဝင်းထဲရောက်တာနဲ့ သူ ဘွဲ့လက်မှတ်ယူပြီး ခန်းမထဲက ထွက်လာတာနဲ့ ကွက်တိပင်။

"hyung!"

လက်နှစ်ဖက်ကိုမြှောက်ပြီး ဝှေ့ယမ်းကာ နှုတ်ဆက်တော့ သူက ချက်ချင်းပင် ကျွန်တော့်ဆီ လျှောက်လာ၏။

"အထက်တန်းကို အောင်မြင်စွာ ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်!"

လက်ထဲက နေကြာပန်းစည်းလေးကို ပေးလိုက်တော့  သူက ကျွန်တော့်ကို ပွေ့ဖက်လိုက်ကာ ပါးနှစ်ဖက်ကို တစ်လှည့်စီ နမ်းပါသည်။

"ဂုဏ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ နေကြာပန်းလေးတွေက ကိုယ့်အကြိုက်ဆုံးမှန်း baby က ဘယ်လိုသိတာလဲ?"

"မပြောတတ်ဘူး . . ဒီအတိုင်း ကျွန်တော်တို့က စိတ်ခံစားချက်ချင်း ဆက်နွှယ်နေလို့?"

နက်နက်နဲနဲ တွေးနေသလိုမျိုး မေးစေ့ကိုပွတ်ရင်း စဉ်းစားနေဟန်နဲ့ ဖြေလိုက်တော့ သူက ဆံပင်တွေကို ဖွ၏။

"အာ ကိုယ့် baby လေးက ဘာလို့ ဒီလောက်တောင် ချစ်စရာကောင်းနေရတာလဲ?"

ပြောရင်းဆိုရင်းပင် ကျွန်တော့် ပါးနှစ်ဖက်ကို ညှစ်ကိုင်ကာ နှုတ်ခမ်းပါးတွေကို ခပ်ဖွဖွလေး နမ်းပြန်သည်။

"ဦးလေးနဲ့ အန်တီရော လာသွားခဲ့တယ်မလား?"

ဂေဟာမှာ ခဏတိုင်း ဆုံနေကြမို့လို့ ကျွန်တော်တောင် သူ့ရဲ့ မိဘတွေနဲ့ ခင်မင်ရင်းနှီးနေပြီလေ။

ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို အမှန်အတိုင်း ပြောပြလိုက်တော့လည်း Mr Lee နဲ့ Mrs Lee က ပျော်ပျော်ရွှင်ရွှင်ပင် လက်ခံပေးခဲ့ပြီး ကျွန်တော့် အကြောင်းစုံကို သိသွားခဲ့တဲ့ Mrs Lee ဆို ကျွန်တော့်ကို ပိုတောင် ချစ်ခင်ပေးပါ၏။

"အင်း။ လေဆိပ်သွားရင်း ကိုယ် ခန်းမထဲ မဝင်ခင် ရောက်လာပြီး ဂုဏ်ပြုသွားတယ်။ ဒါပေမယ့် baby လို ပန်းစည်းလေးတောင် ပေးမသွားဘူး။ ခဏနေမှ မာမီ့ကို ဖုန်းဆက်ပြီး စိတ်ကောက်ရမယ်"

"ဒီကလေးကြီးကလည်း . . လာပါ မုန့်သွားစားကြမယ်။ ပွဲကပြီးပြီမလား?"

"အင်း ပြီးပြီလေ။ ဒီနေ့တော့ baby ဝယ်ကျွေးရမှာနော်"

Mark Lee က အဲ့လိုလည်း တစ်ခါတစ်လေ ဆိုးတတ်တဲ့ ကလေးကြီး။

"ဟုတ်ပါပြီ။ စားချင်သမျှ အကုန် ဝယ်ကျွေးပါ့မယ်ဗျာ"

သူ့တင်ပါးလေးကို ပုတ်ပြီး ပြောလိုက်တော့ နားရွက်လေးတွေ နီရဲကာ ရှက်သွားပါသေးသည်။

ဒါကတော့ ကျွန်တော် တစ်ယောက်ပဲ သိတဲ့ သူ့ရဲ့ အမူအကျင့်လေးပေါ့။

"အာ hyuckie . . အဲ့လို မလုပ်ပါနဲ့ဆို!"

ကျွန်တော် အဲ့လိုလုပ်တိုင်းလည်း သူက ရှက်ကိုးရှက်ကန်းနဲ့ နှုတ်ခမ်းဆူကာ ရန်တွေ့မြဲ။

ကျွန်တော်ကလည်း မလုပ်နဲ့ဆိုမှ ပိုလုပ်တဲ့အမျိုးလေ။

"လုပ်မှာပဲ! ဆိုင်မှာ နေရာမရဘဲ နေလိမ့်မယ်။ မြန်မြန် သွားကြမယ်!"

ပြောင်ပြလိုက်ပြီး သူ့လက်ကိုဆွဲကာ ခေါ်တော့ သူက အရှုံးပေးဟန် ခေါင်းခါကာပင် ရယ်သာရယ်တော့၏။

Mark Lee ရှက်သွားတယ်ဆိုတာက ကျွန်တော်တစ်ယောက်ပဲ တွေ့နိုင်တဲ့ ပုံစံလေးမို့လို့ သူ မကြိုက်လည်း ကျွန်တော့်ကတော့ ရှေ့လျှောက် ဆက်လုပ်မိဦးမှာပါ။

×T B C×

Continue Reading

You'll Also Like

15.2K 625 17
Kim Taehyung...cute, bubbly, innocent boy, who was in love with playboy Jeon jungkook very much...but jungkook only wanted his body. on other hand...
485K 30.5K 94
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...