{Unicode}
"အရှုံးပေးခြင်း"
"မင်းက ငါ့ကို ဆုံးမရဲတယ်?"
ရှောက်ယယ်၏ မျက်လုံးမှာ ရုန့်ရင်းကြမ်းတမ်းနေပြီး မျက်နှာထားမှာလည်း အတော်လေး ကြည့်ရဆိုးလှသည်။
ရန်ကျားလိသည် နှုတ်ခမ်းတွန့်သွားကာ မာဆတ်ဆတ် ပြုံးလိုက်ပြီး လေသံထဲတွင် ပျော့ပြောင်းမှုတို့ မရှိတော့ကာ
"ဆုံးမတယ်လို့ ပြောလို့မရပါဘူး။ အချစ်ကို လှည့်စားတဲ့သူကို ကြည့်မရလို့ ကဲ့ရဲ့ရှုတ်ချတာပါ။ အမှန်တိုင်း ပြောရရင်၊ ဟိုင်ကောနဲ့ ခုနစ်နှစ် ဖြတ်သန်းခဲ့ပြီး ခင်ဗျားသူ့အတွက် ဘာတွေလုပ်ပေးခဲ့လို့လဲ"
ရှောက်ယယ်၏ မျက်လုံးက အေးစက်လာပြီး
"မင်းပြောစရာ မလိုဘူး"
"သူကတော့ ခင်ဗျားကို ချစ်သူလို၊ ဆွေမျိုးအရင်းအချာလို သဘောထားလို့ ထောက်ထားညှာတာပြီး ဂရုစိုက်ပေးခဲ့ပေမယ့်၊ ခင်ဗျားကရော? သူက ဒီလောက် အလုပ်များနေခဲ့တာတောင် အချိန်ဖဲ့ပြီး ခင်ဗျားအတွက် ညစာပြင်ပေးခဲ့တယ်။ လဲ့လဲ့ကို ဂရုစိုက်ရတဲ့ အချိန်တွေဆိုလည်း ခါးရိုးက နာလွန်းလို့ မတ်မတ်တောင် မရပ်နိုင်ခဲ့ဘူး။ သူ ညတိုင်းည ခင်ဗျားပြန်လာအောင် ညဥ့်နက်တဲ့ထိ စောင့်နေရတုန်းက ခင်ဗျား ဘာလုပ်နေလဲ"
"ခင်ဗျားက အပြင်မှာ အပျော်အပါးလေး လိုက်စားရင်း အရက်လေးသောက်လိုက်နဲ့ ပျော်ပျော်ရွှင်ရွှင် အချိန်ဖြုန်းနေတယ်။ ခင်ဗျားက ညစာစားပွဲတွေမှာ အရက်သောက်ပြီး လေးငါးရက်လောက် အိမ်ပြန်မလာဘူး။ ခင်ဗျားက အနုပညာရှင်လေးတွေကို ခေါ်ပြီး အဆင့်မြင့်နေရာတွေကို သွားလိုက်၊ ရုပ်ရှင်ရုံတွေ သွားလိုက်နဲ့ နတ်သားတစ်ပါးလိုမျိုး နေ့ရက်တွေကို သက်တောင့်သက်သာ ဖြတ်သန်းနေတာလေ"
ရှောက်ယယ်သည် ထိုးနှက်ခံရ၍လားမသိ မျက်နှာက ရုတ်ခြည်း မည်းမှောင်လာကာ
"ရန်ကျားလိ၊ မင်းပါးစပ် ပိတ်ထားစမ်း!"
"ပါးစပ် ပိတ်ရမယ်? ဒီအဖေက လော်စပီကာယူပြီး လမ်းထိပ်လမ်းထောင့်တွေမှာတောင် ခင်ဗျားရဲ့ ဂုဏ်သရေရှိလှတဲ့ ကုသိုလ်ကောင်းမှုတွေကို စောက်ရမ်း လိုက်ကြေညာချင်နေတာ"
ရန်ကျားလိသည် အလျှော့မပေးသည့်အပြင် အရှုံးလည်း မခံလိုပေ။ သူ ဟိုင်ကောအား နားလည်သလောက်၊ ဟိုင်ကောအစား စိတ်မကောင်း ဖြစ်ရသလောက်၊ ရှောက်ယယ်ကို ကြည့်မရဖြစ်နေတော့သည်။
"သူက ခင်ဗျားအပေါ် ကောင်းတယ်ဆိုတာ တာဝန်သိစိတ်ရှိပြီး သူတစ်ပါးအပေါ် စဥ်းစားပေးတတ်လို့ပဲ။ ခင်ဗျား ကောင်းတယ်ဆိုတာကျတော့ သူများက ခင်ဗျားကို နှစ်တွေအကြာကြီး ကောင်းပေးခဲ့တဲ့အပြင် ခင်ဗျားကိုပါ တာဝန်ဝတ္တရားတစ်ခုလို သတ်မှတ်ပေးထားပြီး အခုတော့ သူများက ခင်ဗျားအပေါ် ထပ်မကောင်းပေးနိုင်တော့ဘူးဆိုမှ ခင်ဗျားက တဝုတ်ဝုတ်နဲ့ သူ့ကို ရောဂါဟောင်း ပြန်ထလာအောင်အထိ ထိုးဆွပစ်လိုက်ပြီး ဆေးရုံမှာ အကြာကြီး လှဲခိုင်းထားတာမျိုးပေါ့။ ခင်ဗျားမှာ စောက်ကျိုးနည်း အသိတရားရော ရှိရဲ့လား"
ရှောက်ယယ်၏ အကြည့်က တုန်ရီနေကာ အတော်ကြာမှ
"ငါသူ့ကို ဖိအားပေးချင်တာ မဟုတ်ပါဘူး။ ငါကဒီတိုင်း...."
"ခုနစ်နှစ်အတွင်း ဟိုင်ကော ဘယ်လောက်တောင် ပေးဆပ်ခဲ့လဲ၊ ခင်ဗျားက ကျွန်တော့်ထက်တောင် ပိုပြီး သေသေချာချာ နားလည်မှာပါ။ သူက ဘာမဆို အကောင်းဆုံး လုပ်ပေးခဲ့ပြီး သူ့ရဲ့ နှလုံးသားကိုလည်း ခင်ဗျားဆီပဲ တကယ် ပုံအပ်ခဲ့ပါတယ်။ ခင်ဗျားကတော့ တန်ဖိုးမထားဘဲ သူ့နှလုံးသားကို ခြေထောက်နဲ့ နင်းချေပစ်ပြီးသူက ခင်ဗျားအပေါ် မကောင်းဘူးလို့ ခင်ဗျား စွပ်စွဲရဲသေးတယ်။ အဲ့ဒီ အနုပညာရှင်လေးကျတော့ ခင်ဗျားကို အဖော်ပြုပေးတာ ဘယ်နှစ်ရက်မှ မကြာသေးဘူး၊ ခင်ဗျားက ပိုက်ဆံတွေ အများကြီး ထုတ်သုံးပြီး သူ့ကို ပျော်အောင် ထားပေးထားတယ်"
"ရှောက်ယယ်၊ ဥက္ကဌရှောက်၊ လူတိုင်းရဲ့ နှလုံးသားက အေးစက်သွားတတ်ပါသေးတယ်။ ခင်ဗျား သိရဲ့လား"
ရှောက်ယယ်သည် ရန်ကျားလိ၏ လျင်မြင်လှစွာသော ထိုးနှက်ချက် စကားများကြောင့် ငေးကြောင်နေပြီး အတော်ကြာသည်အထိ ပြန်လည်မတုံ့ပြန်နိုင်ခဲ့ပေ။
ရန်ကျားလိသည် နောက်ဆုံးတွင် သက်ပြင်းချလိုက်ကာ
"ကျွန်တော်လည်း ခင်ဗျားနဲ့ ပြောချင်စိတ် မရှိတော့ပါဘူး။ ဒီလိုအချိန်လေးမှာ ကျွန်တော်တို့ ရှောင်ဟွမ်နဲ့ လူ့လောကရဲ့ သဘောသဘာဝတွေကို ဆွေးနွေးလိုက်ရင်တောင် ဒီထပ် ပိုတန်ဖိုးရှိဦးမယ်။ ဘာပဲဖြစ်ဖြစ် ဟိုင်ကောက ခင်ဗျားကို စိတ်ကုန်နေပြီပဲ။ ခင်ဗျားက လိုက်နှောင့်ယှက်ပြီး သူ့ကို ပိုဝေးသထက် ဝေးသွားအောင် တွန်းပို့နေမှ ခင်ဗျားလည်း သက်တောင့်သက်သာ ရှိတယ်မလား။ ခင်ဗျားနဲ့ ဖုကျိုးမင်နဲ့ တစ်ဘဝလုံး နောင်ဆမရဘဲ ဖြတ်သန်းသွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။ နှုတ်ဆက်ပါတယ်"
ရန်ကျားလိသည် ကျေနပ်အားရစွာနှင့် တံခါးကို ပိတ်လိုက်သည်။
တံခါးအပြင်မှ ရှောက်ယယ်သည် အပိတ်ခံလိုက်ရသည့် တံခါးကို ကြည့်နေရင်း အတော်ကြာမှ ဦးနှောက်ထဲ ဘာစဥ်းစားမိသွားသည် မသိ၊ မျက်လုံးက ရုတ်တရက် နီရဲလာကာ လေသံနိမ့်နှင့်
"မဟုတ်ပါဘူး၊ ငါ မလုပ်....."
ရန်ကျားလိသည် တံခါးအပြင်မှ ရှောက်ယယ်တစ်ယောက် ထွက်သွားမလား၊ နေရစ်ခဲ့မလား ဂရုမစိုက်တော့ပေ။
သူသည် ယဲ့ထင်၏ အိပ်ခန်းထဲ ပြန်ဝင်လာသောအခါ ယဲ့ထင်တစ်ယောက် ကောင်းကောင်း အိပ်မပျော်နေသည်ကို တွေ့လိုက်ရသည်။ သူ့အင်္ကျီက လှိမ့်ထားမှုကြောင့် ရှုံ့တွနေသည်။
ရန်ကျားလိသည် အဝတ်ဘီရိုထဲမှ ယဲ့ထင်၏ မီးခိုးရင့်ရောင် ညဝတ်အင်္ကျီ တစ်ထည်ကို ထုတ်လာလိုက်ပြီး သူ့ကို လှုပ်နှိုးလိုက်ကာ အင်္ကျီ ကူလဲပေးလိုက်သည်။
ယဲ့ထင်သည် အတော်လေး ပင်ပန်းနွမ်းလျနေ၍ ပိတ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေသော မျက်လုံးများနှင့် ညဝတ်အင်္ကျီကို ဝတ်လိုက်သည်။
ရန်ကျားလိသည် သူ၏ကော်လံကို ဆွဲလိုက်ပြီး လေသံတိုးတိုးနှင့် ပြောသည်။
"ခုနကမင်းရဲ့ အဲ့ဒီညီအစ်ကို လာသွားတယ်"
ယဲ့ထင်၏ လေသံက ရှတတနှင့်
"....ရှောက်ယယ်?"
ရန်ကျားလိက ဖျော့တော့တော့နှင့် အင်းဟုအသံပြုပြီး
"ငါ့ကို ရှာတာပါ။ ဟိုင်ကောရဲ့ ကိစ္စကြောင့်။ ဒါပေမဲ့ ငါသူ့ကို ကြည့်မရလို့ ဆဲလွှတ်လိုက်ပြီ။ မင်း စိတ်ချပါ၊ ဒါက သူနဲ့ငါကြားက ကိစ္စပဲ။ မင်းနဲ့ဘာမှ မဆိုင်ဘူး"
ယဲ့ထင်က ပြန်မဖြေပေ။ မည်သည်ကို စဥ်းစားနေသည် မသိ။
သူ လှဲလိုက်သည့် အချိန်တွင် ရန်ကျားလိက သူ၏ အရင်ကထက် ပိုပိုပိန်လာသော မျက်နှာကျကို ကြည့်ရင်းမေးသည်။
"ဒီအတောအတွင်း တကယ်ပဲ ဘာတွေ အလုပ်များနေလို့လဲ။ ထမင်းတောင် ကောင်းကောင်း မစားတော့ဘူး။ ဒီလိုပဲ ဆက်သွားနေရင်၊ ရင်အုပ်ကြွက်သားတွေ ကျုံ့သွားတော့မယ်နော်"
ယဲ့ထင်က ပြုံးသွားသည်။
"စိတ်ချပါ၊ မင်းဘက်ကစပြီး ကိုယ့်ကို တောင့်တလာဖို့တောင် မဆွဲဆောင်ရသေးပါဘူး။ အဲ့ဒါကြောင့် အားလုံးကို ထိန်းသိမ်းထားဦးမှာ"
သူသည် မျက်လွှာ ပင့်လိုက်ပြီး နက်မှောင်သော မျက်ဝန်းများနှင့် ရန်ကျားလိကို မောကြည့်ကာ
"ဟိုင်အန်းဒေသမှာ စီးပွားရေး အဆောက်အအုံသစ်တွေရဲ့ ဆောက်လုပ်ရေး လေလံဖွင့်ပွဲက ရက်ပိုင်းလောက်ဆို စတော့မှာလေ။ အဲ့ဒါက ကိုယ်တာဝန်ယူပြီး ဆောင်ရွက်ခဲ့တဲ့ အတိုင်းအတာထဲမှာ အကြီးဆုံး လေလံပရောဂျက်ပဲ။ အဲ့ထဲမှာ ကိုယ်အိုင်ဒီယာတွေ အများကြီး ထည့်သုံးထားတာ။ လေလံဖွင့်ဖို့ နီးလာလေလေ ပေါ့လျော့လို့ မရတော့လေပဲ။ အဲ့ဒါကြောင့် မင်းကိုဒီတလော သိပ်ဂရုစိုက် မပေးနိုင်ခဲ့ဘူး။ တောင်းပန်ပါတယ်၊ ပေါင်ပေါင်း"
ရန်ကျားလိက ခေါင်းယမ်းပြီး ခပ်မှိန်မှိန် ပြုံးလိုက်ကာ
"မင်းအရင် စိတ်အေးလက်အေးနဲ့ပဲ လုပ်ငန်းကို ဂရုစိုက်ပါ။ ဘာပဲဖြစ်ဖြစ် ငါက ထွက်ပြေးတော့မှာမှ မဟုတ်တာကို"
ယဲ့ထင်သည်လည်း နှုတ်ခမ်း ကွေးတက်သွားသည်။
အချိန်အတော်ကြာ ပင်ပန်းနေခဲ့ရသည်မို့ နှလုံးသားသည်လည်း နုံးချိနေခဲ့ပါပြီ။ ယဲ့ထင်သည် ရန်ကျားလိထံ လက်ဆန့်ထုတ်လိုက်ပြီး မမျှော်လင့်ထားလောက်အောင် မဆိုစလောက် နူးနူးညံ့ညံ့လေး ညည်းညူသည်။
"မပြေးတော့ရင် ပြီးတာပါပဲ။ ပေါင်ပေါင်း၊ ကိုယ့်ကိုတစ်ချက်လောက် နမ်းပါလား။ ကိုယ့်ကိုနမ်းလိုက်ရင် ပင်ပန်းတယ်လို့ မခံစားရတော့ဘူး"
ရန်ကျားလိသည် ခေါင်းစောင်းသွားကာ သရော်ပြုံးတစ်ချက် ပြုံးလိုက်ပြီး အတန်ကြာမှ ယဲ့ထင်၏ ပခုံးကိုဖိကာ ယဲ့ထင်၏ နှုတ်ခမ်းကို နမ်းလိုက်သည်။
၎င်းမှာ အလွန်အင်မတန် နူးညံ့ငြိမ်သက်သည့် အနမ်းပါပင်။
နမ်းပြီးသည်နှင့် ယဲ့ထင်တစ်ယောက် အတော်လေး စိတ်ကျေနပ်သွားပုံပေါ်ပြီး ပုံမှန်အားဖြင့် အေးစက်ခက်ထန်နေသည့် မျက်နှာထားမှာ နူးညံ့ပျော့ပြောင်းသွားတော့သည်။
ရန်ကျားလိသည် သူ့အား စောင်ခြုံပေးလိုက်ပြီး
"အိပ်တော့၊ ဂွတ်နိုက်ခ်"
ယဲ့ထင်သည် ခပ်တိုးတိုးလေး ဟွန့်သံပြုလိုက်ပြီး မျက်လုံးမှိတ်လိုက်ကာ လေသံထဲတွင်ပင် ပြုံးရိပ်ပါနေပြီး
"ဂွတ်နိုက်ခ်၊ ပေါင်ပေါင်း"
__________
ရှောက်ယယ်သည် ရန်ကျားလိထံတွင် ပြောချင်သည့် စကားများလည်း ပြောမထွက်နိုင်ဘဲ မျိုသိပ်လာခဲ့ရပြီး ရှုပ်ထွေးနေသော အမူအရာနှင့် ပြန်လည် ထွက်ခွာလာခဲ့ရသည်။
သူသည် ကုမ္ပဏီတွင် တစ်ညလောက် နေလိုက်သည်။ ဘာကိုမှလည်း မကြည့်ဘဲ သူ့ရုံးစားပွဲပေါ် ထားထားသော မိသားစု ဓာတ်ပုံကိုသာ ကြည့်နေခဲ့သည်။ အကြည့်များက ဗလာဖြစ်နေပြီး မျက်လုံးများ ခြောက်သွေ့နေသော်လည်း မျက်တောင်ခတ်ဖို့တော့ မေ့လျော့နေခဲ့သည်။ မည်သည့်အရာကို စဥ်းစားနေမှန်း မသိနိုင်ခဲ့ပါ။
မိုးလင်းပြီးနောက် သူအိမ်ပြန်လာသည်။
အိမ်တံခါးကို တွန်းဖွင့်လိုက်သောအခါ ကျောက်ရှန့်ဟိုင်သည် အင်္ကျီလဲပြီးသားဖြစ်ပြီး လဲ့လဲ့ကိုချီကာ အပြင်သို့ ထွက်ခွာတော့မည်ကို တွေ့လိုက်ရသည်။
ရှောက်ယယ်၏ မျက်နှာထားက ခဏတွင်းချင်း တင်းမာသွားပြီး
"ခင်ဗျားတို့ ဘယ်သွားမလို့လဲ"
လဲ့လဲ့သည် ဘာကိုမှ မသိနားမလည်ဘဲ လက်ခုပ်တီးရင်း ရယ်နေသည်။
"လီကောကောက ဒီနေ့သမီးကို ကစားကွင်းမှာ ကစားဖို့ ခေါ်သွားပေးမယ်လို့ ပြောတယ်။ ဖေဖေကြီးလည်း သမီးတို့နဲ့ အတူလိုက်မှာ။ လီကောကောက ဖေဖေကြီးနဲ့ ရုပ်ရှင်တူတူ သွားကြည့်မယ်လို့လည်း ပြောသေးတယ်။ ရုပ်ရှင်ကြည့်ပြီးရင်လည်း သမီးတို့ အတူတူစား...."
ရှောက်ယယ်သည် ပူပန်ဒေါသထွက်လာပြီး
"မရဘူး! မသွားရဘူး!"
ကျောက်ရှန့်ဟိုင်သည် ရှောက်ယယ်ကို အေးစက်စက် တစ်ချက်ကြည့်ပေးလိုက်ပြီး အဖက်မလုပ်ပေ။
သူက လဲ့လဲ့ကိုချီပြီး အပြင်ထွက်သွားသည်။
ရှောက်ယယ်နံဘေး ဖြတ်သွားသည့်အချိန်တွင် ရှောက်ယယ်သည် လက်ဆန့်ထုတ်ပြီး ကျောက်ရှန့်ဟိုင်၏ လက်မောင်းကို ဆွဲလိုက်ကာ လေသံက တင်းမာနေသလို သို့မဟုတ် အသနားခံလုနီးပါး ဖြစ်နေသယောင်။
"မသွားလို့ မရဘူးလား။ ဒါမှမဟုတ်၊ ဒါမှမဟုတ် ကျုပ်ခင်ဗျားတို့ကို လိုက်ပို့ပေးမယ်လေ။ ကျုပ်တို့မိသားစု အတူမသွားကြတာ တော်တော်ကြာ...."
ကျောက်ရှန့်ဟိုင်၏ မျက်လုံးက အေးစက်သွားပြီး ရှောက်ယယ် နားရွက်နား ကပ်လာကာ နှစ်ယောက်တည်းသာ ကြားနိုင်သည့် လေသံမျိုး သုံးလိုက်ပြီး
"မင်းပြောတာ မှားနေပြီ။ ဒီမိသားစုက အစကတည်းက မရှိတော့ဘူး"
ရှောက်ယယ်သည် ကြောင်အသွားပြီး နှလုံးသားအား တစ်စုံတစ်ခုက ပြင်းပြင်းထန်ထန် ထိုးဖောက်သွားကာ နာကျင်လွန်း၍ သွေးများ လျှံကျလာသည်ဟုသာ ထင်မှတ်လာသည်။
သူသည် ကျောက်ရှန့်ဟိုင်က လဲ့လဲ့ကိုခေါ်ပြီး အပြင်ထွက်သွားတော့မည်ကို မြင်သော် ရုတ်တရက် ခြေလှမ်းအကျယ်ကြီး လှမ်းပြီး ရှေ့တက်လာကာ ကျောက်ရှန့်ဟိုင် လက်ထဲမှ လဲ့လဲ့ကို ဆွဲခေါ်လိုက်ပြီး ကြောင်စီနေသော မျက်နှာနှင့် လဲ့လဲ့ကို ဂရုတစိုက်နှင့် တံခါးအပြင်ကို တွန်းပို့လိုက်သည်။ ဘုန်းခနဲ တံခါးပိတ်လိုက်သောအခါ အခန်းတွင်း သူနှင့်ကျောက်ရှန့်ဟိုင်သာ ကျန်တော့သည်။
ကျောက်ရှန့်ဟိုင်သည် မျက်လုံးများ ကျဥ်းမြောင်းကာ မကြည်မသာနှင့်
"မင်း ဘာဖြစ်ချင်နေပြန်ပြီလဲ"
ရှောက်ယယ်သည် ကျောက်ရှန့်ဟိုင်အား အချိန်အတော်ကြာ စိုက်ကြည့်နေပြီး စိတ်ရှုပ်နေသကဲ့သို့ စကားလည်း မဆိုပေ။
ကျောက်ရှန့်ဟိုင်၏ အမူအရာက အတော်လေး စိတ်မရှည် ဖြစ်လာကာမှ ရှောက်ယယ်တစ်ယောက် နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်သည်။
သူ အသက်ပြင်းပြင်း ရှူရှိူက်လိုက်ပြီး အံကြိတ်သည်။
ခြေထောက်နှစ်ချောင်းက ကွေးညွတ်သွားကာ တစ်စုံတစ်ရာ ပြုတ်ကျသံ မြည်လာပြီးနောက် သူကျောက်ရှန့်ဟိုင်ရှေ့ ဒူးထောက်လိုက်သည်။
.
.
.
.
.
23/2/2022(Wed)
×××
{Zawgyi}
"အရႈံးေပးျခင္း"
"မင္းက ငါ့ကို ဆုံးမရဲတယ္?"
ေရွာက္ယယ္၏ မ်က္လုံးမွာ ႐ုန္႔ရင္းၾကမ္းတမ္းေနၿပီး မ်က္ႏွာထားမွာလည္း အေတာ္ေလး ၾကည့္ရဆိုးလွသည္။
ရန္က်ားလိသည္ ႏႈတ္ခမ္းတြန္႔သြားကာ မာဆတ္ဆတ္ ၿပဳံးလိုက္ၿပီး ေလသံထဲတြင္ ေပ်ာ့ေျပာင္းမႈတို႔ မရွိေတာ့ကာ
"ဆုံးမတယ္လို႔ ေျပာလို႔မရပါဘူး။ အခ်စ္ကို လွည့္စားတဲ့သူကို ၾကည့္မရလို႔ ကဲ့ရဲ႕ရႈတ္ခ်တာပါ။ အမွန္တိုင္း ေျပာရရင္၊ ဟိုင္ေကာနဲ႔ ခုနစ္ႏွစ္ ျဖတ္သန္းခဲ့ၿပီး ခင္ဗ်ားသူ႔အတြက္ ဘာေတြလုပ္ေပးခဲ့လို႔လဲ"
ေရွာက္ယယ္၏ မ်က္လုံးက ေအးစက္လာၿပီး
"မင္းေျပာစရာ မလိုဘူး"
"သူကေတာ့ ခင္ဗ်ားကို ခ်စ္သူလို၊ ေဆြမ်ိဳးအရင္းအခ်ာလို သေဘာထားလို႔ ေထာက္ထားညႇာတာၿပီး ဂ႐ုစိုက္ေပးခဲ့ေပမယ့္၊ ခင္ဗ်ားကေရာ? သူက ဒီေလာက္ အလုပ္မ်ားေနခဲ့တာေတာင္ အခ်ိန္ဖဲ့ၿပီး ခင္ဗ်ားအတြက္ ညစာျပင္ေပးခဲ့တယ္။ လဲ့လဲ့ကို ဂ႐ုစိုက္ရတဲ့ အခ်ိန္ေတြဆိုလည္း ခါး႐ိုးက နာလြန္းလို႔ မတ္မတ္ေတာင္ မရပ္ႏိုင္ခဲ့ဘူး။ သူ ညတိုင္းည ခင္ဗ်ားျပန္လာေအာင္ ညဥ့္နက္တဲ့ထိ ေစာင့္ေနရတုန္းက ခင္ဗ်ား ဘာလုပ္ေနလဲ"
"ခင္ဗ်ားက အျပင္မွာ အေပ်ာ္အပါးေလး လိုက္စားရင္း အရက္ေလးေသာက္လိုက္နဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ အခ်ိန္ျဖဳန္းေနတယ္။ ခင္ဗ်ားက ညစာစားပြဲေတြမွာ အရက္ေသာက္ၿပီး ေလးငါးရက္ေလာက္ အိမ္ျပန္မလာဘူး။ ခင္ဗ်ားက အႏုပညာရွင္ေလးေတြကို ေခၚၿပီး အဆင့္ျမင့္ေနရာေတြကို သြားလိုက္၊ ႐ုပ္ရွင္႐ုံေတြ သြားလိုက္နဲ႔ နတ္သားတစ္ပါးလိုမ်ိဳး ေန႔ရက္ေတြကို သက္ေတာင့္သက္သာ ျဖတ္သန္းေနတာေလ"
ေရွာက္ယယ္သည္ ထိုးႏွက္ခံရ၍လားမသိ မ်က္ႏွာက ႐ုတ္ျခည္း မည္းေမွာင္လာကာ
"ရန္က်ားလိ၊ မင္းပါးစပ္ ပိတ္ထားစမ္း!"
"ပါးစပ္ ပိတ္ရမယ္? ဒီအေဖက ေလာ္စပီကာယူၿပီး လမ္းထိပ္လမ္းေထာင့္ေတြမွာေတာင္ ခင္ဗ်ားရဲ႕ ဂုဏ္သေရရွိလွတဲ့ ကုသိုလ္ေကာင္းမႈေတြကို ေစာက္ရမ္း လိုက္ေၾကညာခ်င္ေနတာ"
ရန္က်ားလိသည္ အေလွ်ာ့မေပးသည့္အျပင္ အရႈံးလည္း မခံလိုေပ။ သူ ဟိုင္ေကာအား နားလည္သေလာက္၊ ဟိုင္ေကာအစား စိတ္မေကာင္း ျဖစ္ရသေလာက္၊ ေရွာက္ယယ္ကို ၾကည့္မရျဖစ္ေနေတာ့သည္။
"သူက ခင္ဗ်ားအေပၚ ေကာင္းတယ္ဆိုတာ တာဝန္သိစိတ္ရွိၿပီး သူတစ္ပါးအေပၚ စဥ္းစားေပးတတ္လို႔ပဲ။ ခင္ဗ်ား ေကာင္းတယ္ဆိုတာက်ေတာ့ သူမ်ားက ခင္ဗ်ားကို ႏွစ္ေတြအၾကာႀကီး ေကာင္းေပးခဲ့တဲ့အျပင္ ခင္ဗ်ားကိုပါ တာဝန္ဝတၱရားတစ္ခုလို သတ္မွတ္ေပးထားၿပီး အခုေတာ့ သူမ်ားက ခင္ဗ်ားအေပၚ ထပ္မေကာင္းေပးႏိုင္ေတာ့ဘူးဆိုမွ ခင္ဗ်ားက တဝုတ္ဝုတ္နဲ႔ သူ႔ကို ေရာဂါေဟာင္း ျပန္ထလာေအာင္အထိ ထိုးဆြပစ္လိုက္ၿပီး ေဆး႐ုံမွာ အၾကာႀကီး လွဲခိုင္းထားတာမ်ိဳးေပါ့။ ခင္ဗ်ားမွာ ေစာက္က်ိဳးနည္း အသိတရားေရာ ရွိရဲ႕လား"
ေရွာက္ယယ္၏ အၾကည့္က တုန္ရီေနကာ အေတာ္ၾကာမွ
"ငါသူ႔ကို ဖိအားေပးခ်င္တာ မဟုတ္ပါဘူး။ ငါကဒီတိုင္း...."
"ခုနစ္ႏွစ္အတြင္း ဟိုင္ေကာ ဘယ္ေလာက္ေတာင္ ေပးဆပ္ခဲ့လဲ၊ ခင္ဗ်ားက ကြၽန္ေတာ့္ထက္ေတာင္ ပိုၿပီး ေသေသခ်ာခ်ာ နားလည္မွာပါ။ သူက ဘာမဆို အေကာင္းဆုံး လုပ္ေပးခဲ့ၿပီး သူ႔ရဲ႕ ႏွလုံးသားကိုလည္း ခင္ဗ်ားဆီပဲ တကယ္ ပုံအပ္ခဲ့ပါတယ္။ ခင္ဗ်ားကေတာ့ တန္ဖိုးမထားဘဲ သူ႔ႏွလုံးသားကို ေျခေထာက္နဲ႔ နင္းေခ်ပစ္ၿပီးသူက ခင္ဗ်ားအေပၚ မေကာင္းဘူးလို႔ ခင္ဗ်ား စြပ္စြဲရဲေသးတယ္။ အဲ့ဒီ အႏုပညာရွင္ေလးက်ေတာ့ ခင္ဗ်ားကို အေဖာ္ျပဳေပးတာ ဘယ္ႏွစ္ရက္မွ မၾကာေသးဘူး၊ ခင္ဗ်ားက ပိုက္ဆံေတြ အမ်ားႀကီး ထုတ္သုံးၿပီး သူ႔ကို ေပ်ာ္ေအာင္ ထားေပးထားတယ္"
"ေရွာက္ယယ္၊ ဥကၠဌေရွာက္၊ လူတိုင္းရဲ႕ ႏွလုံးသားက ေအးစက္သြားတတ္ပါေသးတယ္။ ခင္ဗ်ား သိရဲ႕လား"
ေရွာက္ယယ္သည္ ရန္က်ားလိ၏ လ်င္ျမင္လွစြာေသာ ထိုးႏွက္ခ်က္ စကားမ်ားေၾကာင့္ ေငးေၾကာင္ေနၿပီး အေတာ္ၾကာသည္အထိ ျပန္လည္မတုံ႔ျပန္ႏိုင္ခဲ့ေပ။
ရန္က်ားလိသည္ ေနာက္ဆုံးတြင္ သက္ျပင္းခ်လိုက္ကာ
"ကြၽန္ေတာ္လည္း ခင္ဗ်ားနဲ႔ ေျပာခ်င္စိတ္ မရွိေတာ့ပါဘူး။ ဒီလိုအခ်ိန္ေလးမွာ ကြၽန္ေတာ္တို႔ ေရွာင္ဟြမ္နဲ႔ လူ႔ေလာကရဲ႕ သေဘာသဘာဝေတြကို ေဆြးေႏြးလိုက္ရင္ေတာင္ ဒီထပ္ ပိုတန္ဖိုးရွိဦးမယ္။ ဘာပဲျဖစ္ျဖစ္ ဟိုင္ေကာက ခင္ဗ်ားကို စိတ္ကုန္ေနၿပီပဲ။ ခင္ဗ်ားက လိုက္ေႏွာင့္ယွက္ၿပီး သူ႔ကို ပိုေဝးသထက္ ေဝးသြားေအာင္ တြန္းပို႔ေနမွ ခင္ဗ်ားလည္း သက္ေတာင့္သက္သာ ရွိတယ္မလား။ ခင္ဗ်ားနဲ႔ ဖုက်ိဳးမင္နဲ႔ တစ္ဘဝလုံး ေနာင္ဆမရဘဲ ျဖတ္သန္းသြားႏိုင္ပါေစလို႔ ဆုေတာင္းေပးပါတယ္ေနာ္။ ႏႈတ္ဆက္ပါတယ္"
ရန္က်ားလိသည္ ေက်နပ္အားရစြာႏွင့္ တံခါးကို ပိတ္လိုက္သည္။
တံခါးအျပင္မွ ေရွာက္ယယ္သည္ အပိတ္ခံလိုက္ရသည့္ တံခါးကို ၾကည့္ေနရင္း အေတာ္ၾကာမွ ဦးေႏွာက္ထဲ ဘာစဥ္းစားမိသြားသည္ မသိ၊ မ်က္လုံးက ႐ုတ္တရက္ နီရဲလာကာ ေလသံနိမ့္ႏွင့္
"မဟုတ္ပါဘူး၊ ငါ မလုပ္....."
ရန္က်ားလိသည္ တံခါးအျပင္မွ ေရွာက္ယယ္တစ္ေယာက္ ထြက္သြားမလား၊ ေနရစ္ခဲ့မလား ဂ႐ုမစိုက္ေတာ့ေပ။
သူသည္ ယဲ့ထင္၏ အိပ္ခန္းထဲ ျပန္ဝင္လာေသာအခါ ယဲ့ထင္တစ္ေယာက္ ေကာင္းေကာင္း အိပ္မေပ်ာ္ေနသည္ကို ေတြ႕လိုက္ရသည္။ သူ႔အက်ႌက လွိမ့္ထားမႈေၾကာင့္ ရႈံ႕တြေနသည္။
ရန္က်ားလိသည္ အဝတ္ဘီ႐ိုထဲမွ ယဲ့ထင္၏ မီးခိုးရင့္ေရာင္ ညဝတ္အက်ႌ တစ္ထည္ကို ထုတ္လာလိုက္ၿပီး သူ႔ကို လႈပ္ႏႈိးလိုက္ကာ အက်ႌ ကူလဲေပးလိုက္သည္။
ယဲ့ထင္သည္ အေတာ္ေလး ပင္ပန္းႏြမ္းလ်ေန၍ ပိတ္တစ္ဝက္ ႏိုးတစ္ဝက္ျဖစ္ေနေသာ မ်က္လုံးမ်ားႏွင့္ ညဝတ္အက်ႌကို ဝတ္လိုက္သည္။
ရန္က်ားလိသည္ သူ၏ေကာ္လံကို ဆြဲလိုက္ၿပီး ေလသံတိုးတိုးႏွင့္ ေျပာသည္။
"ခုနကမင္းရဲ႕ အဲ့ဒီညီအစ္ကို လာသြားတယ္"
ယဲ့ထင္၏ ေလသံက ရွတတႏွင့္
"....ေရွာက္ယယ္?"
ရန္က်ားလိက ေဖ်ာ့ေတာ့ေတာ့ႏွင့္ အင္းဟုအသံျပဳၿပီး
"ငါ့ကို ရွာတာပါ။ ဟိုင္ေကာရဲ႕ ကိစၥေၾကာင့္။ ဒါေပမဲ့ ငါသူ႔ကို ၾကည့္မရလို႔ ဆဲလႊတ္လိုက္ၿပီ။ မင္း စိတ္ခ်ပါ၊ ဒါက သူနဲ႔ငါၾကားက ကိစၥပဲ။ မင္းနဲ႔ဘာမွ မဆိုင္ဘူး"
ယဲ့ထင္က ျပန္မေျဖေပ။ မည္သည္ကို စဥ္းစားေနသည္ မသိ။
သူ လွဲလိုက္သည့္ အခ်ိန္တြင္ ရန္က်ားလိက သူ၏ အရင္ကထက္ ပိုပိုပိန္လာေသာ မ်က္ႏွာက်ကို ၾကည့္ရင္းေမးသည္။
"ဒီအေတာအတြင္း တကယ္ပဲ ဘာေတြ အလုပ္မ်ားေနလို႔လဲ။ ထမင္းေတာင္ ေကာင္းေကာင္း မစားေတာ့ဘူး။ ဒီလိုပဲ ဆက္သြားေနရင္၊ ရင္အုပ္ႂကြက္သားေတြ က်ဳံ႕သြားေတာ့မယ္ေနာ္"
ယဲ့ထင္က ၿပဳံးသြားသည္။
"စိတ္ခ်ပါ၊ မင္းဘက္ကစၿပီး ကိုယ့္ကို ေတာင့္တလာဖို႔ေတာင္ မဆြဲေဆာင္ရေသးပါဘူး။ အဲ့ဒါေၾကာင့္ အားလုံးကို ထိန္းသိမ္းထားဦးမွာ"
သူသည္ မ်က္လႊာ ပင့္လိုက္ၿပီး နက္ေမွာင္ေသာ မ်က္ဝန္းမ်ားႏွင့္ ရန္က်ားလိကို ေမာၾကည့္ကာ
"ဟိုင္အန္းေဒသမွာ စီးပြားေရး အေဆာက္အအုံသစ္ေတြရဲ႕ ေဆာက္လုပ္ေရး ေလလံဖြင့္ပြဲက ရက္ပိုင္းေလာက္ဆို စေတာ့မွာေလ။ အဲ့ဒါက ကိုယ္တာဝန္ယူၿပီး ေဆာင္႐ြက္ခဲ့တဲ့ အတိုင္းအတာထဲမွာ အႀကီးဆုံး ေလလံပေရာဂ်က္ပဲ။ အဲ့ထဲမွာ ကိုယ္အိုင္ဒီယာေတြ အမ်ားႀကီး ထည့္သုံးထားတာ။ ေလလံဖြင့္ဖို႔ နီးလာေလေလ ေပါ့ေလ်ာ့လို႔ မရေတာ့ေလပဲ။ အဲ့ဒါေၾကာင့္ မင္းကိုဒီတေလာ သိပ္ဂ႐ုစိုက္ မေပးႏိုင္ခဲ့ဘူး။ ေတာင္းပန္ပါတယ္၊ ေပါင္ေပါင္း"
ရန္က်ားလိက ေခါင္းယမ္းၿပီး ခပ္မွိန္မွိန္ ၿပဳံးလိုက္ကာ
"မင္းအရင္ စိတ္ေအးလက္ေအးနဲ႔ပဲ လုပ္ငန္းကို ဂ႐ုစိုက္ပါ။ ဘာပဲျဖစ္ျဖစ္ ငါက ထြက္ေျပးေတာ့မွာမွ မဟုတ္တာကို"
ယဲ့ထင္သည္လည္း ႏႈတ္ခမ္း ေကြးတက္သြားသည္။
အခ်ိန္အေတာ္ၾကာ ပင္ပန္းေနခဲ့ရသည္မို႔ ႏွလုံးသားသည္လည္း ႏုံးခ်ိေနခဲ့ပါၿပီ။ ယဲ့ထင္သည္ ရန္က်ားလိထံ လက္ဆန္႔ထုတ္လိုက္ၿပီး မေမွ်ာ္လင့္ထားေလာက္ေအာင္ မဆိုစေလာက္ ႏူးႏူးညံ့ညံ့ေလး ညည္းညဴသည္။
"မေျပးေတာ့ရင္ ၿပီးတာပါပဲ။ ေပါင္ေပါင္း၊ ကိုယ့္ကိုတစ္ခ်က္ေလာက္ နမ္းပါလား။ ကိုယ့္ကိုနမ္းလိုက္ရင္ ပင္ပန္းတယ္လို႔ မခံစားရေတာ့ဘူး"
ရန္က်ားလိသည္ ေခါင္းေစာင္းသြားကာ သေရာ္ၿပဳံးတစ္ခ်က္ ၿပဳံးလိုက္ၿပီး အတန္ၾကာမွ ယဲ့ထင္၏ ပခုံးကိုဖိကာ ယဲ့ထင္၏ ႏႈတ္ခမ္းကို နမ္းလိုက္သည္။
၎မွာ အလြန္အင္မတန္ ႏူးညံ့ၿငိမ္သက္သည့္ အနမ္းပါပင္။
နမ္းၿပီးသည္ႏွင့္ ယဲ့ထင္တစ္ေယာက္ အေတာ္ေလး စိတ္ေက်နပ္သြားပုံေပၚၿပီး ပုံမွန္အားျဖင့္ ေအးစက္ခက္ထန္ေနသည့္ မ်က္ႏွာထားမွာ ႏူးညံ့ေပ်ာ့ေျပာင္းသြားေတာ့သည္။
ရန္က်ားလိသည္ သူ႔အား ေစာင္ၿခဳံေပးလိုက္ၿပီး
"အိပ္ေတာ့၊ ဂြတ္ႏိုက္ခ္"
ယဲ့ထင္သည္ ခပ္တိုးတိုးေလး ဟြန္႔သံျပဳလိုက္ၿပီး မ်က္လုံးမွိတ္လိုက္ကာ ေလသံထဲတြင္ပင္ ၿပဳံးရိပ္ပါေနၿပီး
"ဂြတ္ႏိုက္ခ္၊ ေပါင္ေပါင္း"
__________
ေရွာက္ယယ္သည္ ရန္က်ားလိထံတြင္ ေျပာခ်င္သည့္ စကားမ်ားလည္း ေျပာမထြက္ႏိုင္ဘဲ မ်ိဳသိပ္လာခဲ့ရၿပီး ရႈပ္ေထြးေနေသာ အမူအရာႏွင့္ ျပန္လည္ ထြက္ခြာလာခဲ့ရသည္။
သူသည္ ကုမၸဏီတြင္ တစ္ညေလာက္ ေနလိုက္သည္။ ဘာကိုမွလည္း မၾကည့္ဘဲ သူ႔႐ုံးစားပြဲေပၚ ထားထားေသာ မိသားစု ဓာတ္ပုံကိုသာ ၾကည့္ေနခဲ့သည္။ အၾကည့္မ်ားက ဗလာျဖစ္ေနၿပီး မ်က္လုံးမ်ား ေျခာက္ေသြ႕ေနေသာ္လည္း မ်က္ေတာင္ခတ္ဖို႔ေတာ့ ေမ့ေလ်ာ့ေနခဲ့သည္။ မည္သည့္အရာကို စဥ္းစားေနမွန္း မသိႏိုင္ခဲ့ပါ။
မိုးလင္းၿပီးေနာက္ သူအိမ္ျပန္လာသည္။
အိမ္တံခါးကို တြန္းဖြင့္လိုက္ေသာအခါ ေက်ာက္ရွန္႔ဟိုင္သည္ အက်ႌလဲၿပီးသားျဖစ္ၿပီး လဲ့လဲ့ကိုခ်ီကာ အျပင္သို႔ ထြက္ခြာေတာ့မည္ကို ေတြ႕လိုက္ရသည္။
ေရွာက္ယယ္၏ မ်က္ႏွာထားက ခဏတြင္းခ်င္း တင္းမာသြားၿပီး
"ခင္ဗ်ားတို႔ ဘယ္သြားမလို႔လဲ"
လဲ့လဲ့သည္ ဘာကိုမွ မသိနားမလည္ဘဲ လက္ခုပ္တီးရင္း ရယ္ေနသည္။
"လီေကာေကာက ဒီေန႔သမီးကို ကစားကြင္းမွာ ကစားဖို႔ ေခၚသြားေပးမယ္လို႔ ေျပာတယ္။ ေဖေဖႀကီးလည္း သမီးတို႔နဲ႔ အတူလိုက္မွာ။ လီေကာေကာက ေဖေဖႀကီးနဲ႔ ႐ုပ္ရွင္တူတူ သြားၾကည့္မယ္လို႔လည္း ေျပာေသးတယ္။ ႐ုပ္ရွင္ၾကည့္ၿပီးရင္လည္း သမီးတို႔ အတူတူစား...."
ေရွာက္ယယ္သည္ ပူပန္ေဒါသထြက္လာၿပီး
"မရဘူး! မသြားရဘူး!"
ေက်ာက္ရွန္႔ဟိုင္သည္ ေရွာက္ယယ္ကို ေအးစက္စက္ တစ္ခ်က္ၾကည့္ေပးလိုက္ၿပီး အဖက္မလုပ္ေပ။
သူက လဲ့လဲ့ကိုခ်ီၿပီး အျပင္ထြက္သြားသည္။
ေရွာက္ယယ္နံေဘး ျဖတ္သြားသည့္အခ်ိန္တြင္ ေရွာက္ယယ္သည္ လက္ဆန္႔ထုတ္ၿပီး ေက်ာက္ရွန္႔ဟိုင္၏ လက္ေမာင္းကို ဆြဲလိုက္ကာ ေလသံက တင္းမာေနသလို သို႔မဟုတ္ အသနားခံလုနီးပါး ျဖစ္ေနသေယာင္။
"မသြားလို႔ မရဘူးလား။ ဒါမွမဟုတ္၊ ဒါမွမဟုတ္ က်ဳပ္ခင္ဗ်ားတို႔ကို လိုက္ပို႔ေပးမယ္ေလ။ က်ဳပ္တို႔မိသားစု အတူမသြားၾကတာ ေတာ္ေတာ္ၾကာ...."
ေက်ာက္ရွန္႔ဟိုင္၏ မ်က္လုံးက ေအးစက္သြားၿပီး ေရွာက္ယယ္ နား႐ြက္နား ကပ္လာကာ ႏွစ္ေယာက္တည္းသာ ၾကားႏိုင္သည့္ ေလသံမ်ိဳး သုံးလိုက္ၿပီး
"မင္းေျပာတာ မွားေနၿပီ။ ဒီမိသားစုက အစကတည္းက မရွိေတာ့ဘူး"
ေရွာက္ယယ္သည္ ေၾကာင္အသြားၿပီး ႏွလုံးသားအား တစ္စုံတစ္ခုက ျပင္းျပင္းထန္ထန္ ထိုးေဖာက္သြားကာ နာက်င္လြန္း၍ ေသြးမ်ား လွ်ံက်လာသည္ဟုသာ ထင္မွတ္လာသည္။
သူသည္ ေက်ာက္ရွန္႔ဟိုင္က လဲ့လဲ့ကိုေခၚၿပီး အျပင္ထြက္သြားေတာ့မည္ကို ျမင္ေသာ္ ႐ုတ္တရက္ ေျခလွမ္းအက်ယ္ႀကီး လွမ္းၿပီး ေရွ႕တက္လာကာ ေက်ာက္ရွန္႔ဟိုင္ လက္ထဲမွ လဲ့လဲ့ကို ဆြဲေခၚလိုက္ၿပီး ေၾကာင္စီေနေသာ မ်က္ႏွာႏွင့္ လဲ့လဲ့ကို ဂ႐ုတစိုက္ႏွင့္ တံခါးအျပင္ကို တြန္းပို႔လိုက္သည္။ ဘုန္းခနဲ တံခါးပိတ္လိုက္ေသာအခါ အခန္းတြင္း သူႏွင့္ေက်ာက္ရွန္႔ဟိုင္သာ က်န္ေတာ့သည္။
ေက်ာက္ရွန္႔ဟိုင္သည္ မ်က္လုံးမ်ား က်ဥ္းေျမာင္းကာ မၾကည္မသာႏွင့္
"မင္း ဘာျဖစ္ခ်င္ေနျပန္ၿပီလဲ"
ေရွာက္ယယ္သည္ ေက်ာက္ရွန္႔ဟိုင္အား အခ်ိန္အေတာ္ၾကာ စိုက္ၾကည့္ေနၿပီး စိတ္ရႈပ္ေနသကဲ့သို႔ စကားလည္း မဆိုေပ။
ေက်ာက္ရွန္႔ဟိုင္၏ အမူအရာက အေတာ္ေလး စိတ္မရွည္ ျဖစ္လာကာမွ ေရွာက္ယယ္တစ္ေယာက္ ေနာက္ဆုံးတြင္ ဆုံးျဖတ္ခ်က္ ခ်လိုက္သည္။
သူ အသက္ျပင္းျပင္း ရႉရွိူက္လိုက္ၿပီး အံႀကိတ္သည္။
ေျခေထာက္ႏွစ္ေခ်ာင္းက ေကြးၫြတ္သြားကာ တစ္စုံတစ္ရာ ျပဳတ္က်သံ ျမည္လာၿပီးေနာက္ သူေက်ာက္ရွန္႔ဟိုင္ေရွ႕ ဒူးေထာက္လိုက္သည္။
.
.
.
.
.
23/2/2022(Wed)
×××