FIRST LOVE

By gigisououren

8.8K 1.1K 637

suggestion song - သူငယ်ချင်း More

0:0
1:1
2:2
3:3
4:4
5:5
6:6
7:7
8:8
10:10
11:11
12:12
Extra
Hi

9:9

433 76 30
By gigisououren

လွန်ခဲ့သော နှစ်ပါတ်ခန့်က.....

တိကျစွာပြောရလျှင် ယွန်းဂီ လေ့ကျင့်ရေးရှိသည့်နေ့

အချိန်အားဖြင့် မနက်သုံးနာရီခွဲ

" မား!!!! သားလာတယ် "

ယွန်းဂီ ထယ်ယောင်းတို့ခြံထဲကို တံခါးမရှိ ၊ ဓါးမရှိ
ဝင်ခွင့်ရထားသည်မို့ အိမ်ပေါ်တက်လာရင်နှင့်ပင်
မားကို လှမ်းအော်ခေါ်လိုက်သည်။

ဒီတော့မှ ကြက်ဥ ကြော်နေပုံရသည့် မားက
ကြက်ဥကြီးကိုင်ကာ အိမ်ရှေ့သို့ထွက်လာသည်။

" သား.. ယွန်းဂီ.. ထယ်ထယ်ကိုလာခေါ်တာလား "

" ဟုတ် မား... ထယ်ကော မနိုးသေးဘူးလား "

ယွန်းဂီ မားနောက်ကို လှမ်းကြည့်ကာ မေးလိုက်တော့ ၊ မားက အိမ်ရှေ့စားပွဲပေါ်ရှိ ညက မသိမ်းရသေးသည့် ပန်းသီးပန်းကန်ကို လှမ်းသိမ်းရင်း ဖြေသည်။

" အေးကွယ့်.. ညက တော်တော်နဲ့မီးမပိတ်သေးဘူး ၊ ဒီကလေး နောက်ကျမှအိပ်တယ်ထင်တယ် "

" ဟုတ် မား ... ဒါဆို သား သွားနှိုးလိုက်အုံးမယ်နော် "

မားဆီက ခွင့်ပြုချက်ရရ၊မရရ
ထယ်ယောင်းကို နှိုးတတ်တာ အကျင့်ဖြစ်နေသည့်
ယွန်းဂီသည် စကားကနောက်ကျခဲ့ပြီး ၊ လူကတော့ ခြေသံပြင်းပြင်းဖြင့် ထယ်ယောင်းအိပ်ခန်းရှိရာ
အပေါ်ထပ်သို့ ပြေးတက်နေသည်။

" ထယ်... မထသေးဘူးလား "

အိပ်ခန်းတံခါး လော့ခ်မချတတ်သည့်
ထယ်ယောင်း၏ အခန်းတံခါးအား
ဝုန်းခနဲ တွန်းဖွင့်ကာ ၊ အခန်းထဲ ဝင်လာခဲ့သည်။

အခန်းထဲ ဝင်ဝင်ချင်း
သေသပ်ကာ ၊ သူ့နေရာနှင့်သူ ရှင်းလင်းနေသည့်
ပစ္စည်းတွေသည် ယွန်းဂီအား လာဖွပါဟု
လက်ယပ်ခေါ်ကာ ကြိုဆိုနေသယောင်။

" ထယ်!!! "

နှစ်ယောက်အိပ်ကုတင်ထက်၌ စောင်ပုံကြီးထဲ
ကွေးကာ အိပ်ပျော်နေသည့် ထယ်ယောင်းပေါ်သို့
ယွန်းဂီ ခုန်တက်လိုက်သည်။

" ထယ်~~~ မထသေးဘူးလား "

ယွန်းဂီ ထယ်ယောင်းပေါ် ဖားပျံကဲ့သို့
ခွဖက်ထားရာကနေ ၊ ပက်လက်ပြောင်းပြီး လှဲချလိုက်သည်။

" အင်း...ယွန်း....ဂီ... ထ...ကွာ "

စောင်အောက်ထဲကနေမှ အိပ်ချင်မူးတူးလေသံကြီးနှင့် ပြောလာသည့် ထယ်ယောင်းဟာ
တကယ် ရယ်ချင်စဖွယ်ကောင်းလှသည်။

" မင်းထမှ... ငါထမှာ... ခုထဆို!!!
ငါ လေ့ကျင့်ရေးနောက်ကျရင် မင်းကို သတ်မှာနော် "

ထယ်ယောင်းက မှောက်ခုံကြီးအိပ်နေတာမို့
ယွန်းဂီက ထယ်ယောင်းကျောပေါ်၌ ပက်လက်ကြီးမှီထားလျက်ပင် ၊ ထယ်ယောင်းဖတ်လက်စ စာအုပ်အား လှမ်းယူဖက်နေလိုက်သည်။

" အံမယ်.... ဘာတဲ့
မျဥ်းပြိုင်တွေဟာ အဆုံးမှာတောင် နီးစပ်ဖို့မရှိဘူး ဆိုပဲ.. မင်းလို အရူးက ဒါမျိုး ကဗျာလည်း ဖတ်တတ်တယ်ပေါ့... ဟ "

" ပေးစမ်း.. ရှုတ်ရှုတ်ရှပ်ရှပ်နဲ့ "

ထယ်ယောင်း ချက်ချင်းပင် မှိန်းနေရာမှ
ကုန်းထကာ ၊ ယွန်းဂီ လက်ထဲမှ စာအုပ်အား
လှမ်းဆွဲယူလိုက်သည်။ ဖတ်လက်စနေရာအား
စာမှတ်ကတ်ဖြင့် ညှပ်ကာ ၊ စားပွဲပေါလှမ်းတင်လိုက်သည်။

" ရေချိုးတော့... မြန်မြန်ချိုး.. အကျီထုတ်ထားပေးမယ် "

ခေါင်းတစ်ချက်ညိတ်ပြကာ ၊ တဘက်ပက်လို့
ရေချိုးခန်းထဲဝင်သွားသည့် ထယ်ယောင်းကို
ယွန်းဂီ ခေါင်းရမ်းလိုက်မိသည်။

ယွန်းဂီ ရေချိုးခန်းထဲမှ ရေကျသံကြားရပြီဆိုမှ
ကုတင်ပေါ်မှထကာ ၊ ရင်းနှီးနေပြီးသား
ကိုယ်ငွေ့တွေ ပြည့်နှက်နေသည့် ထယ်ယောင်း
ဗီဒိုအား ဖွင့်လိုက်သည်။

" များလိုက်တဲ့ အနက်တွေ "

ဗီဒိုတစ်ခုလုံး အနက်ရောင် ရှပ်အကျီတွေနှင့်
ပြည့်နှက်နေသည့် အကျီတွေကို ကြည့်ရင်း ၊ ယွန်းဂီ စုတ်သပ်လိုက်သည်။

နည်းနည်း အရောင်အဆင်းရှိမည့် အကျီကိုရှာရင်းနှင့်ပင် အကျီပုံကြီးနောက်က စာရွက်တစ်ရွက်ကို တွေ့လိုက်ရသည်။ သိချင်စိတ်ဖြင့် ထို စာရွက်အား ဆွဲထုတ်ပြီး ဖွင့်ကြည့်လိုက်သည့်အခါ ယွန်းဂီ
ကိုယ့်မျက်လုံးကိုပင် မယုံနိုင်ချေ။

အစကတော့ ယွန်းဂီ ထင်သည်က ထယ်ယောင်း
သူ့၏ အချစ်ဦးအကြောင်း ဘာညာ ၊ ရည်းစားကိစ္စတွေရေးထားမည့် စာရွက်ဟုထင်ခဲ့ပေမယ့်
တကယ်တမ်းတော့ လွန်ခဲ့သည့် ခုနစ်နှစ်ခန့်က
အိမ်ရှေ့ခန်း ကြမ်းပြင်တွင် ၊ နှစ်ယောက်ယှဥ်လျက် ဝမ်းလျားမှောက် ရေးဆွဲခဲ့သည့်ပုံပင်။

ကြေမွနေသည့် စာရွက်ဖြူပေါ်၌
ရောင်စုံခဲတံ အနီရောင်ဖြင့်ရေးခြစ်ထားသည့် အရာမှာ မထင်မရှား ပါဝါရိန်းဂျားအနီရောင်ကောင်ပုံဖြစ်ပြီး ၊ ထို ပါဝါရိန်းဂျားအနီကောင်နောက်၌ ကြောက်လန့်နေပုံရသည့်
လူတစ်ယောက်ပုံကို ဆွဲထားသေးသည်။

မြှားတွေလည်းထိုးထားပြီး ၊ တစ်သက်မမေ့နိုင်စရာ ထယ်ယောင်း၏ လက်ရေးဝိုင်းဝိုင်းတွေပင်။
ပါဝါရိန်းဂျားပုံ၌ ငါ ဆိုပြီး မြှားထိုးကာ ရေးထားပြီး ၊ နောက်က လူပုံ၌  ယွန်းဂီ ဆိုသည့်နာမည်ကို ရေးထားသည်။

ယွန်းဂီ ထိုစာရွက်အား အတော်အတန်ကြာအောင်
စူးစိုက်ကြည့်နေမိသည်။ ခနအကြာ တစ်စုံတစ်ခုကို စဥ်းစားမိတာကြောင့် စာရွက်အား သူ့ခေါက်ရာအတိုင်း ၊ ပြန်ခေါက်ကာ... သူ့နေရာသူ ပြန်ထားလိုက်သည်။

ထိုနောက် ထယ်ယောင်း ကုတင်အောက်၌
ရင်းနှီးနေသည့် စက္ကူပုံးအား ဆွဲထုတ်ကာ အဖုံးဖွင့်လိုက်သည်။ အထဲ၌ ယွန်းဂီနှင့်အတူ လေးတန်းနှစ် ကျောင်းနောက်ဆုံးနေ့တုန်းက စုံညီပွဲ၌ အတူတူတွဲရိုက်ထားသည့် ဓာတ်ပုံလေးကို အရင်ဆုံးတွေ့ရသည်။ ထို့နောက် အခြားသော စက္ကူစများနှင့်အတူ ယွန်းဂီ ငယ်ငယ်က အသုံးပြုခဲ့သည့် ကွန်ပါဘူးနှင့် ပုံဆွဲစာအုပ် နှစ်အုပ်။

ဘာကြောင့်များ ယွန်းဂီ ပိုင်ဆိုင်ခဲ့ပြီး
အသုံးမလိုတော့သည့် အရာများကို
ထယ်ယောင်းသည် အမြတ်တနိုးသိမ်းဆည်းထားခဲ့မှန်းမသိ။

ဘယ်တည်းကလဲ ၊ ဘာကြောင့်
ဒီလို သိမ်းထားရတာလဲ ။

ယွန်းဂီ တွေးရလွန်းလို့
ဦးနှောက်တွေခြောက်လာသည်။

ဒီပုံးကို တွေဝေစွာစိုက်ကြည့်နေရင်းမှ
တစ်ခါက ထယ်ယောင်းအိမ်သို့ ယွန်းဂီ
လာအိပ်သည့် ညက ၊ ထိုပုံးအား ဖွဖို့လုပ်တော့
ထယ်ယောင်း အတင်းတားခဲ့သည့် မျက်နှာအား
ပြန်မြင်ယောင်လာသည်။

ဆက်ရမည်ဆိုလျှင်
ထိုစာအုပ်တွေအား ဆွဲထုတ်လိုက်သည့်အခါ
အထဲမှ သံပုံးလေးတစ်ခု ထွက်ကျလာသည်။

ထိုသံပုံးလေးအား ဖွင့်ကြည့်လိုက်သည့်အခါ
အထဲ၌ ယွန်းဂီ ငယ်ငယ်က ကစားရင်း
ချွေးသုတ်ခဲ့ဖူးတဲ့ လက်ကိုင်ပုဝါအဟောင်းလေးနှင့်အတူ မှင်ကုန်သွားလို့ သူကိုယ်တိုင်လွှတ်ပစ်ခဲ့သည့် ရေမွှေးဘောပင်ကအစ အကုန်လုံးကို သိမ်းဆည်းထားသည်။

သေတ္တာထဲက ပစ္စည်းတွေကိုတွေ့တော့မှ
ယွန်းဂီ ဆောင့်ကြောင့်ထိုင်နေရာမှ ၊ ဖင်ထိုင်ချလိုက်သည်။

ပစ္စည်းတွေကို ကိုင်ကြည့်ရင်းပင်
လူက ငိုချင်သလိုလို ၊ ပျော်လာသလိုပင်။
အမည်မသိ ခံစားချက်တွေဟာ ရင်ထဲပြည့်နှက်။

ကိုယ့်နဲ့သက်ဆိုင်ခဲ့ဖူးတဲ့ သေးသေးမွှားမွှား
ပစ္စည်းလေးတွေကအစ အမြတ်တနိုးသိမ်းထားတတ်သည့် ထယ်ယောင်းကို ယွန်းဂီ တကယ်နားမလည်နိုင်ဘူး ။

" စောက်ရူး.... အရူးကောင်
ကင်မ်ထယ်ယောင်းက တကယ့်စောက်ရူး "

နားမလည်နိုင်ခြင်းတွေပြည့်နှက်နေသည့်
ပုံးလေးထဲသို့ ပစ္စည်းများအား ၊ နေရာမယွင်းရလေအောင် သေချာပြန်ထည့်ကာ ၊ သူ့နေရာသူ ပြန်ထားလိုက်သည်။

ထို့နောက် ကုတင်ပေါ်တက်ထိုင်လိုက်သည်။
ဘာရယ်မဟုတ် ယွန်းဂီ၏အကြည့်တွေက
စောနက ထယ်ယောင်း ဆွဲလုသွားခဲ့သည့် စာအုပ်အဖုံးလေးပေါ်သို့ ကျရောက်သွားသည်။

စာအုပ်နာမည်ကို အသံထွက်ရွတ်ဖတ်မိသည်။

" သူငယ်ချင်းထက်ပိုသော... "

ယွန်းဂီ ထယ်ယောင်း၏ စာရေးစားပွဲအား မမွှေတာ အတော်ကြာလှပြီဖြစ်သည်။
တစ်ခါက ထယ်ယောင်းရေးထားသည့် ကဗျာတွေကို ယွန်းဂီမွှေကာ လျှောက်ခြစ်ပစ်ခဲ့သည်မို့ နှစ်ယောက်သား အကြီးအကျယ် ရန်ဖြစ်ဖူးခဲ့သည်။

အခုတော့ အချိန်အနည်းငယ်ရသေးသည်မို့
မွှေရန်ကြိုးစားလိုက်ပေမယ့်
ရေချိုးခန်းထဲမှ ရေကျသံသည် ရပ်တန့်သွားသည်။
ရေကျသံအဆုံး တံခါးဖွင့်သံကြောင့် ယွန်းဂီချက်ချင်းပင် ကုတင်ပေါ်ပြန်လာချကာ ၊ အရင် မျက်နှာထားတိုင်း ပြန်ပြင်လိုက်ပြီး
ထယ်ယောင်း၏ အချစ်ရေးအား
စိတ်မဝင်စားသယောင်နှင့် မေးကြည့်မိသည်။

အဓိပ္ပါယ်မဲ့စွာ နားလည်ရခက်သည့်
ထယ်ယောင်းကတော့ ယွန်းဂီ၏ အမေးများအား
ပညာသား ပါပါဖြေကာ ၊ ရှောင်ထွက်သွားလေသည်။

ထယ်ယောင်း သူ့အပေါ်ထားသည့် ခံစားချက်ကို
ယွန်းဂီ မသိသိအောင် လုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်တော့သည်။

__________________

ခုလောက်ဆို ဇာတ်လမ်းကို သိလောက်ပြီထင်ပါတယ်နော်..
ရှေ့ပိုင်းဒွေမှာ ဘာလို့ ယွန်းဂီက ရဲတင်းလာရတာလဲဆိုတဲ့ အမေးရဲ့အဖြေဟာ ဒီအပိုင်းမှာပဲ...

ဖတ်ရတာ အဆင်ပြေပါစေ

Zawgyi

လြန္ခဲ့ေသာ ႏွစ္ပါတ္ခန့္က.....

တိက်စြာေျပာရလွ်င္ ယြန္းဂီ ေလ့က်င့္ေရးရွိသည့္ေန႕

အခ်ိန္အားျဖင့္ မနက္သုံးနာရီခြဲ

" မား!!!! သားလာတယ္ "

ယြန္းဂီ ထယ္ေယာင္းတို႔ၿခံထဲကို တံခါးမရွိ ၊ ဓါးမရွိ
ဝင္ခြင့္ရထားသည္မို႔ အိမ္ေပၚတက္လာရင္ႏွင့္ပင္
မားကို လွမ္းေအာ္ေခၚလိုက္သည္။

ဒီေတာ့မွ ၾကက္ဥ ေၾကာ္ေနပုံရသည့္ မားက
ၾကက္ဥႀကီးကိုင္ကာ အိမ္ေရွ႕သို႔ထြက္လာသည္။

" သား.. ယြန္းဂီ.. ထယ္ထယ္ကိုလာေခၚတာလား "

" ဟုတ္ မား... ထယ္ေကာ မနိုးေသးဘူးလား "

ယြန္းဂီ မားေနာက္ကို လွမ္းၾကည့္ကာ ေမးလိုက္ေတာ့ ၊ မားက အိမ္ေရွ႕စားပြဲေပၚရွိ ညက မသိမ္းရေသးသည့္ ပန္းသီးပန္းကန္ကို လွမ္းသိမ္းရင္း ေျဖသည္။

" ေအးကြယ့္.. ညက ေတာ္ေတာ္နဲ႕မီးမပိတ္ေသးဘူး ၊ ဒီကေလး ေနာက္က်မွအိပ္တယ္ထင္တယ္ "

" ဟုတ္ မား ... ဒါဆို သား သြားႏွိုးလိုက္အုံးမယ္ေနာ္ "

မားဆီက ခြင့္ျပဳခ်က္ရရ၊မရရ
ထယ္ေယာင္းကို ႏွိုးတတ္တာ အက်င့္ျဖစ္ေနသည့္
ယြန္းဂီသည္ စကားကေနာက္က်ခဲ့ၿပီး ၊ လူကေတာ့ ေျခသံျပင္းျပင္းျဖင့္ ထယ္ေယာင္းအိပ္ခန္းရွိရာ
အေပၚထပ္သို႔ ေျပးတက္ေနသည္။

" ထယ္... မထေသးဘူးလား "

အိပ္ခန္းတံခါး ေလာ့ခ္မခ်တတ္သည့္
ထယ္ေယာင္း၏ အခန္းတံခါးအား
ဝုန္းခနဲ တြန္းဖြင့္ကာ ၊ အခန္းထဲ ဝင္လာခဲ့သည္။

အခန္းထဲ ဝင္ဝင္ခ်င္း
ေသသပ္ကာ ၊ သူ႕ေနရာႏွင့္သူ ရွင္းလင္းေနသည့္
ပစၥည္းေတြသည္ ယြန္းဂီအား လာဖြပါဟု
လက္ယပ္ေခၚကာ ႀကိဳဆိုေနသေယာင္။

" ထယ္!!! "

ႏွစ္ေယာက္အိပ္ကုတင္ထက္၌ ေစာင္ပုံႀကီးထဲ
ေကြးကာ အိပ္ေပ်ာ္ေနသည့္ ထယ္ေယာင္းေပၚသို႔
ယြန္းဂီ ခုန္တက္လိုက္သည္။

" ထယ္~~~ မထေသးဘူးလား "

ယြန္းဂီ ထယ္ေယာင္းေပၚ ဖားပ်ံကဲ့သို႔
ခြဖက္ထားရာကေန ၊ ပက္လက္ေျပာင္းၿပီး လွဲခ်လိဳက္သည္။

" အင္း...ယြန္း....ဂီ... ထ...ကြာ "

ေစာင္ေအာက္ထဲကေနမွ အိပ္ခ်င္မူးတူးေလသံႀကီးႏွင့္ ေျပာလာသည့္ ထယ္ေယာင္းဟာ
တကယ္ ရယ္ခ်င္စဖြယ္ေကာင္းလွသည္။

" မင္းထမွ... ငါထမွာ... ခုထဆို!!!
ငါ ေလ့က်င့္ေရးေနာက္က်ရင္ မင္းကို သတ္မွာေနာ္ "

ထယ္ေယာင္းက ေမွာက္ခုံႀကီးအိပ္ေနတာမို႔
ယြန္းဂီက ထယ္ေယာင္းေက်ာေပၚ၌ ပက္လက္ႀကီးမွီထားလ်က္ပင္ ၊ ထယ္ေယာင္းဖတ္လက္စ စာအုပ္အား လွမ္းယူဖက္ေနလိုက္သည္။

" အံမယ္.... ဘာတဲ့
မ်ဥ္းၿပိဳင္ေတြဟာ အဆုံးမွာေတာင္ နီးစပ္ဖို႔မရွိဘူး ဆိုပဲ.. မင္းလို အ႐ူးက ဒါမ်ိဳး ကဗ်ာလည္း ဖတ္တတ္တယ္ေပါ့... ဟ "

" ေပးစမ္း.. ရႈတ္ရႈတ္ရွပ္ရွပ္နဲ႕ "

ထယ္ေယာင္း ခ်က္ခ်င္းပင္ မွိန္းေနရာမွ
ကုန္းထကာ ၊ ယြန္းဂီ လက္ထဲမွ စာအုပ္အား
လွမ္းဆြဲယူလိုက္သည္။ ဖတ္လက္စေနရာအား
စာမွတ္ကတ္ျဖင့္ ညွပ္ကာ ၊ စားပြဲေပါလွမ္းတင္လိုက္သည္။

" ေရခ်ိဳးေတာ့... ျမန္ျမန္ခ်ိဳး.. အက်ီထုတ္ထားေပးမယ္ "

ေခါင္းတစ္ခ်က္ညိတ္ျပကာ ၊ တဘက္ပက္လို႔
ေရခ်ိဳးခန္းထဲဝင္သြားသည့္ ထယ္ေယာင္းကို
ယြန္းဂီ ေခါင္းရမ္းလိုက္မိသည္။

ယြန္းဂီ ေရခ်ိဳးခန္းထဲမွ ေရက်သံၾကားရၿပီဆိုမွ
ကုတင္ေပၚမွထကာ ၊ ရင္းႏွီးေနၿပီးသား
ကိုယ္ေငြ႕ေတြ ျပည့္ႏွက္ေနသည့္ ထယ္ေယာင္း
ဗီဒိုအား ဖြင့္လိုက္သည္။

" မ်ားလိုက္တဲ့ အနက္ေတြ "

ဗီဒိုတစ္ခုလုံး အနက္ေရာင္ ရွပ္အက်ီေတြႏွင့္
ျပည့္ႏွက္ေနသည့္ အက်ီေတြကို ၾကည့္ရင္း ၊ ယြန္းဂီ စုတ္သပ္လိုက္သည္။

နည္းနည္း အေရာင္အဆင္းရွိမည့္ အက်ီကိုရွာရင္းႏွင့္ပင္ အက်ီပုံႀကီးေနာက္က စာ႐ြက္တစ္႐ြက္ကို ေတြ႕လိုက္ရသည္။ သိခ်င္စိတ္ျဖင့္ ထို စာ႐ြက္အား ဆြဲထုတ္ၿပီး ဖြင့္ၾကည့္လိုက္သည့္အခါ ယြန္းဂီ
ကိုယ့္မ်က္လုံးကိုပင္ မယုံနိုင္ေခ်။

အစကေတာ့ ယြန္းဂီ ထင္သည္က ထယ္ေယာင္း
သူ႕၏ အခ်စ္ဦးအေၾကာင္း ဘာညာ ၊ ရည္းစားကိစၥေတြေရးထားမည့္ စာ႐ြက္ဟုထင္ခဲ့ေပမယ့္
တကယ္တမ္းေတာ့ လြန္ခဲ့သည့္ ခုနစ္ခန့္က
အိမ္ေရွ႕ခန္း ၾကမ္းျပင္တြင္ ၊ ႏွစ္ေယာက္ယွဥ္လ်က္ ဝမ္းလ်ားေမွာက္ ေရးဆြဲခဲ့သည့္ပုံပင္။

ေၾကမြေနသည့္ စာ႐ြက္ျဖဴေပၚ၌
ေရာင္စုံခဲတံ အနီေရာင္ျဖင့္ေရးျခစ္ထားသည့္ အရာမွာ မထင္မရွား ပါဝါရိန္းဂ်ားအနီေရာင္ေကာင္ပုံျဖစ္ၿပီး ၊ ထို ပါဝါရိန္းဂ်ားအနီေကာင္ေနာက္၌ ေၾကာက္လန့္ေနပုံရသည့္
လူတစ္ေယာက္ပုံကို ဆြဲထားေသးသည္။

ျမႇားေတြလည္းထိုးထားၿပီး ၊ တစ္သက္မေမ့နိုင္စရာ ထယ္ေယာင္း၏ လက္ေရးဝိုင္းဝိုင္းေတြပင္။
ပါဝါရိန္းဂ်ားပုံ၌ ငါ ဆိုၿပီး ျမႇားထိုးကာ ေရးထားၿပီး ၊ ေနာက္က လူပုံ၌  ယြန္းဂီ ဆိုသည့္နာမည္ကို ေရးထားသည္။

ယြန္းဂီ ထိုစာ႐ြက္အား အေတာ္အတန္ၾကာေအာင္
စူးစိုက္ၾကည့္ေနမိသည္။ ခနအၾကာ တစ္စုံတစ္ခုကို စဥ္းစားမိတာေၾကာင့္ စာ႐ြက္အား သူ႕ေခါက္ရာအတိုင္း ၊ ျပန္ေခါက္ကာ... သူ႕ေနရာသူ ျပန္ထားလိုက္သည္။

ထိုေနာက္ ထယ္ေယာင္း ကုတင္ေအာက္၌
ရင္းႏွီးေနသည့္ စကၠဴပုံးအား ဆြဲထုတ္ကာ အဖုံးဖြင့္လိုက္သည္။ အထဲ၌ ယြန္းဂီႏွင့္အတူ ေလးတန္းႏွစ္ ေက်ာင္းေနာက္ဆုံးေန႕တုန္းက စုံညီပြဲ၌ အတူတူတြဲရိုက္ထားသည့္ ဓာတ္ပုံေလးကို အရင္ဆုံးေတြ႕ရသည္။ ထို႔ေနာက္ အျခားေသာ စကၠဴစမ်ားႏွင့္အတူ ယြန္းဂီ ငယ္ငယ္က အသုံးျပဳခဲ့သည့္ ကြန္ပါဘူးႏွင့္ ပုံဆြဲစာအုပ္ ႏွစ္အုပ္။

ဘာေၾကာင့္မ်ား ယြန္းဂီ ပိုင္ဆိုင္ခဲ့ၿပီး
အသုံးမလိုေတာ့သည့္ အရာမ်ားကို
ထယ္ေယာင္းသည္ အျမတ္တနိုးသိမ္းဆည္းထားခဲ့မွန္းမသိ။

ဘယ္တည္းကလဲ ၊ ဘာေၾကာင့္
ဒီလို သိမ္းထားရတာလဲ ။

ယြန္းဂီ ေတြးရလြန္းလို႔
ဦးေႏွာက္ေတြေျခာက္လာသည္။

ဒီပုံးကို ေတြေဝစြာစိုက္ၾကည့္ေနရင္းမွ
တစ္ခါက ထယ္ေယာင္းအိမ္သို႔ ယြန္းဂီ
လာအိပ္သည့္ ညက ၊ ထိုပုံးအား ဖြဖို႔လုပ္ေတာ့
ထယ္ေယာင္း အတင္းတားခဲ့သည့္ မ်က္ႏွာအား
ျပန္ျမင္ေယာင္လာသည္။

ဆက္ရမည္ဆိုလွ်င္
ထိုစာအုပ္ေတြအား ဆြဲထုတ္လိုက္သည့္အခါ
အထဲမွ သံပုံးေလးတစ္ခု ထြက္က်လာသည္။

ထိုသံပုံးေလးအား ဖြင့္ၾကည့္လိုက္သည့္အခါ
အထဲ၌ ယြန္းဂီ ငယ္ငယ္က ကစားရင္း
ေခြၽးသုတ္ခဲ့ဖူးတဲ့ လက္ကိုင္ပုဝါအေဟာင္းေလးႏွင့္အတူ မွင္ကုန္သြားလို႔ သူကိုယ္တိုင္လႊတ္ပစ္ခဲ့သည့္ ေရေမႊးေဘာပင္ကအစ အကုန္လုံးကို သိမ္းဆည္းထားသည္။

ေသတၱာထဲက ပစၥည္းေတြကိုေတြ႕ေတာ့မွ
ယြန္းဂီ ေဆာင့္ေၾကာင့္ထိုင္ေနရာမွ ၊ ဖင္ထိုင္ခ်လိဳက္သည္။

ပစၥည္းေတြကို ကိုင္ၾကည့္ရင္းပင္
လူက ငိုခ်င္သလိုလို ၊ ေပ်ာ္လာသလိုပင္။
အမည္မသိ ခံစားခ်က္ေတြဟာ ရင္ထဲျပည့္ႏွက္။

ကိုယ့္နဲ႕သက္ဆိုင္ခဲ့ဖူးတဲ့ ေသးေသးမႊားမႊား
ပစၥည္းေလးေတြကအစ အျမတ္တနိုးသိမ္းထားတတ္သည့္ ထယ္ေယာင္းကို ယြန္းဂီ တကယ္နားမလည္နိုင္ဘူး ။

" ေစာက္႐ူး.... အ႐ူးေကာင္
ကင္မ္ထယ္ေယာင္းက တကယ့္ေစာက္႐ူး "

နားမလည္နိုင္ျခင္းေတြျပည့္ႏွက္ေနသည့္
ပုံးေလးထဲသို႔ ပစၥည္းမ်ားအား ၊ ေနရာမယြင္းရေလေအာင္ ေသခ်ာျပန္ထည့္ကာ ၊ သူ႕ေနရာသူ ျပန္ထားလိုက္သည္။

ထို႔ေနာက္ ကုတင္ေပၚတက္ထိုင္လိုက္သည္။
ဘာရယ္မဟုတ္ ယြန္းဂီ၏အၾကည့္ေတြက
ေစာနက ထယ္ေယာင္း ဆြဲလုသြားခဲ့သည့္ စာအုပ္အဖုံးေလးေပၚသို႔ က်ေရာက္သြားသည္။

စာအုပ္နာမည္ကို အသံထြက္႐ြတ္ဖတ္မိသည္။

" သူငယ္ခ်င္းထက္ပိုေသာ... "

ယြန္းဂီ ထယ္ေယာင္း၏ စာေရးစားပြဲအား မေမႊတာ အေတာ္ၾကာလွၿပီျဖစ္သည္။
တစ္ခါက ထယ္ေယာင္းေရးထားသည့္ ကဗ်ာေတြကို ယြန္းဂီေမႊကာ ေလွ်ာက္ျခစ္ပစ္ခဲ့သည္မို႔ ႏွစ္ေယာက္သား အႀကီးအက်ယ္ ရန္ျဖစ္ဖူးခဲ့သည္။

အခုေတာ့ အခ်ိန္အနည္းငယ္ရေသးသည္မို႔
ေမႊရန္ႀကိဳးစားလိုက္ေပမယ့္
ေရခ်ိဳးခန္းထဲမွ ေရက်သံသည္ ရပ္တန့္သြားသည္။
ေရက်သံအဆုံး တံခါးဖြင့္သံေၾကာင့္ ယြန္းဂီခ်က္ခ်င္းပင္ ကုတင္ေပၚျပန္လာခ်ကာ ၊ အရင္ မ်က္ႏွာထားတိုင္း ျပန္ျပင္လိုက္ၿပီး
ထယ္ေယာင္း၏ အခ်စ္ေရးအား
စိတ္မဝင္စားသေယာင္ႏွင့္ ေမးၾကည့္မိသည္။

အဓိပၸါယ္မဲ့စြာ နားလည္ရခက္သည့္
ထယ္ေယာင္းကေတာ့ ယြန္းဂီ၏ အေမးမ်ားအား
ပညာသား ပါပါေျဖကာ ၊ ေရွာင္ထြက္သြားေလသည္။

ထယ္ေယာင္း သူ႕အေပၚထားသည့္ ခံစားခ်က္ကို
ယြန္းဂီ မသိသိေအာင္ လုပ္ဖို႔ဆုံးျဖတ္ခ်က္ခ်လိဳက္ေတာ့သည္။

__________________

ခုေလာက္ဆို ဇာတ္လမ္းကို သိေလာက္ၿပီထင္ပါတယ္ေနာ္..
ေရွ႕ပိုင္းေဒြမွာ ဘာလို႔ ယြန္းဂီက ရဲတင္းလာရတာလဲဆိုတဲ့ အေမးရဲ႕အေျဖဟာ ဒီအပိုင္းမွာပဲ...

ဖတ္ရတာ အဆင္ေျပပါေစ

Continue Reading

You'll Also Like

416K 17K 61
╰┈➤ *⋆❝ 𝐢'𝐝 𝐫𝐚𝐭𝐡𝐞𝐫 𝐧𝐨𝐭 𝐥𝐨𝐬𝐞 𝐦𝐲 𝐜𝐨𝐟𝐟𝐞𝐞 𝐭𝐚𝐛𝐥𝐞 𝐚𝐬 𝐚 𝐫𝐞𝐬𝐮𝐥𝐭 𝐨𝐟 𝐲𝐨𝐮 𝐩𝐢𝐬𝐬𝐢𝐧𝐠 𝐨𝐟𝐟 𝐭𝐡𝐚𝐭 𝐭𝐢𝐦𝐞-𝐛...
904K 41.4K 175
𝒊𝒏 𝒘𝒉𝒊𝒄𝒉 the boy who lived falls for the girl who had no one
135K 5K 87
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
278K 11.4K 40
ဤ Fic သည် အရမ်းရိုင်းစိုင်းသော အသုံးအနှုန်းတွေကိုသာသုံးထားသော Big Warning 🚨18+ Fic တပုဒ်ဖြစ်သည် ။