{Unicode}
"မျက်လုံး"
လီအော့တစ်ယောက် နောက်ဆုံးတွင်တော့ လက်ခံလိုက်ရစမြဲသာဖြစ်သည်။
အမှန်တော့ သူသည် လိင်တူချစ်ကြိုက်ကြခြင်းကို ရွံ့ရှာသည် မဟုတ်သော်လည်း ထိုကိစ္စမှာ အနည်းငယ် ကသိကအောက်နိုင်သည်ဟု ထင်နေမိ၍ဖြစ်သည်။
ဂန္ဓာမာပွင့် သွေးလိပ်ခေါင်း ကြော်ငြာတွင်ပင် ပါဝင်ဖူးနေပြီး ဤသည်မှာလည်း သရုပ်ဆောင်တာလေးပဲဟု တွေးမိသွားကာ ရန်ကော၏ မျက်နှာလည်း ပါဝင်နေ၍ သရုပ်ဆောင်မည်ဟု ဆုံးဖြတ်လိုက်သည်။
ရန်ကျားလိသည် လီအော့ ခေါင်းညိတ်သည်ကို မြင်သောအခါ သက်ပြင်းရှည်ကြီး ချလိုက်သည်။
ထိုနေ့ညမှာပဲ ရန်ကျားလိသည် လီအော့ကို ကျောက်ရှန့်ဟိုင်ရှေ့ ခေါ်သွားပြီး မိတ်ဆက်ပေးလိုက်သည်။
လီအော့သည် စစချင်းတွင် အတော်လေး ရှက်ကိုးရှက်ကန်း ဖြစ်နေရသည်။
ကျောက်ရှန့်ဟိုင်မှာ ယောက်ျားလေး ဖြစ်သည့်အပြင် သူ၏ အထက်လူကြီးလည်း ဖြစ်နေပြန်၍ နေရခက်ခြင်းကို မရှောင်လွှဲနိုင်ပေ။
သို့သော်ငြား ထိုအခြေအနေသည် ဘယ်နှစ်ရက်မှပင် မကြာလိုက်ဘဲ လီအော့သည် လိုက်လျောညီထွေ ရှိလာခဲ့သည်။ မကြာခင်မှာပဲ ကျောက်ရှန့်ဟိုင်နှင့် မဆိုးလှစွာသော ပေါင်းသင်း ဆက်ဆံမှုတို့ ရှိလာခဲ့ပြီး အသံလွှင့်ခန်းမ၏ စင်နောက်တွင်ပင် မကူနိုင် မကယ်နိုင် ချီးမွမ်းခန်းဝင်လာတော့သည်။
"လီတာ့၊ ရန်ကော၊ ကျွန်တော် ကောတို့ကို ပြောပြမယ်။ ဟိုင်ကောက တကယ်ကို စောက်ကျိုးနည်းကြီးကို ကောင်းတဲ့ ယောက်ျားပါဗျာ။ ကျွန်တော့်ဘဝမှာ သူ့လောက် တခြားသူကို စာနာထောက်ထားပေးတဲ့လူကို မတွေ့ဖူးသေးဘူး။ ချီးပဲ၊ ကျွန်တော် အနောက်တိုင်းဝတ်စုံ ဝတ်လိုက်ရင် မြို့ကြီးပြကြီးကို ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားနဲ့ တူနေပြီး သူသာ အနောက်တိုင်းဝတ်စုံ ဝတ်လိုက်ရင်တော့ လူကို သေလောက်အောင် ရူးသွပ်သွားစေတာ။ ဘယ်ဟာက manner ရှိတာလို့ ခေါ်တာလဲ။ အဲ့ဒါကမှ manner ရှိတာ၊ ကျက်သရေရှိတယ်လို့ ခေါ်တာ...."
လီတာ့သည် ထိုစကားကို ကြားသောအခါ သင်္ကာမကင်းနှင့် လီအော့ကို တစ်ချက်ကြည့်လိုက်ပြီး
"ကိုယ့်ရဲ့ ဦးတည်ချက်ကိုလည်း အာရုံစိုက်ပါဦး။ လီအော့၊ မင်းလုံးဝ ကားကျော်တက်သွားလို့ မရဘူးနော်"
လီအော့သည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး လေသံတိုးတိုးနှင့် ငြင်းခုံသည်။
"ယောက်ျားတစ်ယောက်က တခြားယောက်ျားတစ်ယောက်ကို ရိုသေလေးစားတဲ့ သဘောပါ။ စိတ်ချစမ်းပါ၊ ကျွန်တော်က ကောက်ကြောင်းကြီးတာကိုပဲ သဘောကျတာ"
ရန်ကျားလိသည် သိုသိုသိပ်သိပ် ရေရွတ်နေသော လီအော့ကို ကြည့်ရင်း ရယ်လိုက်သည်။
ရန်ကျားလိထံ၌ ရှောက်ယယ်တစ်ယောက် ကျောက်ရှန့်ဟိုင် နံဘေးတွင် လီအော့ရှိနေသည်ကို မြင်သောအခါ မျက်နှာထက်တွင် မည်သို့သော ဖော်ပြမှုတို့ ရှိနေလိမ့်မလဲဟူသည့် အပေါ်တွင်သာ အနည်းငယ်သော မျှော်လင့်ချက်တို့ရှိသည်။
ထိုနေ့နံနက် ပရိုဂရမ် အသံသွင်းခြင်း၏ အကြိုလေ့ကျင့်မှုအပြီးတွင် ရန်ကျားလိ၊ လီတာ့နှင့် လီအော့တို့သည် စတူဒီယိုမှ ထွက်လာခဲ့သည်။
စတူဒီယိုခန်း၏ အပြင်သို့ ရောက်သောအခါ သတင်းထောက် မီဒီယာသမားများက လမ်းကို ပိတ်ထားကြပြန်သည်။
ရန်ကျားလိသည် ယနေ့အထိ မီဒီယာသမားများထံမှ အဝိုင်းခံခဲ့ရသော ပုံရိပ်ကို စိတ်ထဲ စွဲကျန်နေသေးသည်။ ထို့ကြောင့် စကားအများကြီး မဆိုချင်၍ လက်ဖြင့် မျက်နှာကို တစ်ဝက်အုပ်ပြီး ခြေလှမ်းများကို အရှိန်တင်ကာ ထွက်သွားရန်ပြင်သည်။
ခြေလှမ်းများ ခပ်သုတ်သုတ် ဖြစ်နေသည့်ကြားမှ ခေါင်းမော့ကြည့်လိုက်သောအခါ မမျှော်လင့်ဘဲ ရှေ့တစ်ခေါက်က ထိုထူးဆန်းသည့် အမျိုးသားကို တွေ့လိုက်ရပြန်သည်။
ထိုအမျိုးသားသည် ရှေ့တစ်ခေါက်ကအတိုင်း လူအုပ်ကြားထဲ ရောယှက်နေပြီး တစ်စုံတစ်ခုအား ခိုးကြောင်ခိုးဝှက်နှင့် စစ်ဆေး စောင့်ကြည့်နေသလိုပင်။ သူသည် အရင်အတိုင်း အနက်ရောင် ချွေးထိန်းအင်္ကျီကို ဝတ်ထားဆဲဖြစ်ပြီး မျက်နှာအစိတ်အပိုင်း ထက်ဝက်ကျော်အား မက်စ်နှင့် နေကာမျက်မှန်အောက် ဖုံးကွယ်ထား၍ အသွင်အပြင် အစစ်အမှန်ကို မမြင်ရနိုင်ပေ။
ရန်ကျားလိသည် မျက်မှောင်ကြုတ်လိုက်ပြီး သံသယဝင်စရာ ကောင်းသည်ဟုသာ တွေးနေမိသည်။
ဖျော်ဖြေရေးစင်တာ၏ အဝင်ဝကို ရောက်ခါနီးတွင် ရန်ကျားလိသည် လီတာ့နှင့် လီအော့၏ နားရွက်နား ကပ်လိုက်ပြီး သူတို့အား အရင်သွားခိုင်းလိုက်သည်။
လီတာ့နှင့် လီအော့သည်လည်း များများစားစား တွေးတောမနေဘဲ မီဒီယာသမားများကို နှုတ်ဆက်ကာ အာရုံစိုက်မှုများကို ပြန့်ကျဲစေလိုက်သည်။
ရန်ကျားလိသည် ဤသည်ကို အခွင့်ကောင်းယူကာ မီဒီယာသမားနှင့် ကင်မရာများ၏ ဘောင်အတွင်းမှ လစ်ထွက်လာသည်။
သူသည် တိုးဝှေ့ရင်းနှင့် လူအုပ်ကြီးကို တွန်းဖယ်နိုင်ခဲ့ပြီး အနောက်တံခါးဆီ လျှောက်သွားကာ ဖျော်ဖြေရေးစင်တာသို့ ပြန်ဝင်လာသည်။
ဤတစ်ကြိမ်တွင် သူသည် ခြေလှမ်းများကို ခပ်ဖော့ဖော့လှမ်းပြီး မိမိကိုယ်ကိုယ် အမှောင်ထုထဲ နစ်မြှုပ်နေစေကာ တင်းတင်းကျပ်ကျပ် ဖုံးကွယ်ထားသည့် ထိုအမျိုးသားကို အသေအချာ စိုက်ကြည့်နေသည်။
ထိုအမျိုးသားသည် ရန်ကျားလိကို မတွေ့တော့သောအခါ လေးဖက်လေးလံကို တစ်ချက် စစ်ဆေးလိုက်ပြီး ရန်ကျားလိကို အမှန်တကယ် ရှာမတွေ့တော့ဘူးဆိုမှ တစ်ခဏလောက် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်သွားပြီး နောက်ဆုံးတွင်တော့လည်း လက်လျှော့လိုက်ကာ ခြေလှမ်းခပ်မြန်မြန် လှမ်းပြီး ထွက်ခွာသွားသည်။
ရန်ကျားလိသည် သူ့အနောက်မှ တိတ်တိတ်ကလေး ကပ်လိုက်သွားသည်။
ထိုအမျိုးသားသည် သန့်စင်ခန်းထဲ လျှောက်သွားကာ ဘေစင်ရှေ့ မတ်တတ်ရပ်လိုက်သည်။
သူသည် အရင်ဆုံး လည်ပင်းတွင် ချိတ်ဆွဲထားသည့် ကင်မရာကို ဖြုတ်လိုက်ပြီး တစ်ဖက်တွင် ချထားလိုက်သည်။ ပြီးနောက် အင်္ကျီလက်ကို အနောက်ဘက်သို့ ဆွဲတင်လိုက်ပြီး အာရုံခံနိုင်သည့် ရေပိုက်ခေါင်း အဝနား (လက်,ခံလိုက်လျှင် အလိုအလျောက် ရေကျလာသော ရေပိုက်ခေါင်း) လက်ဆန့်ထုတ်ကာ ပွတ်တိုက်ရင်း လက်ဆေးသည်။
ရန်ကျားလိသည် ထောင့်တစ်နေရာမှ ခေါင်းကိုပြူထွက်လာပြီး မျက်လုံးများကို မှေးကျဥ်းပြီး ကြည့်မိသောအခါ အံ့သြမှင်သက်သွားရသည်။
ထိုအမျိုးသား၏ လက်မောင်းပေါ်တွင် မနည်းလှသော ခရမ်းပုတ်ရောင် အမာရွတ််များ ရှိနေပြီး ထိုအထဲတွင် အနာဖေး၊ အနာရွတ်များလည်း အများအပြားရှိနေ၍ အတော်လေး ကြောက်စရာကောင်းသည်။
ရန်ကျားလိသည် မျက်မှောင်ကြုတ်သွားပြီး အသေးစိတ်ကျကျ ကြည့်တော့မည့်အချိန်တွင် ထိုအမျိုးသားက လက်ဆေးပြီးသွားပြီး အင်္ကျီလက်ကို ပြန်ချလိုက်သည်။ ရေစက်များကို ခါစင်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ မည်သူမှ မရှိတာ သေချာမှ နေကာမျက်မှန်ကို တိတ်တိတ်ကလေး ချွတ်လိုက်သည်။
အမှောင်ထဲမှ ရန်ကျားလိသည် ပေါ်ထွက်လာသည့် သူ၏ မျက်လုံးတစ်စုံကို ကြည့်ရင်းကြည့်ရင်းနှင့် ရင်းနှီးလာသည်ဟု ခံစားလိုက်ရသည်။
သူသည် အနည်းငယ် တိုးကပ်သွားပြီး သေသေချာချာလေး ကြည့်ကြည့်ရန် ပြင်နေစဥ်မှာပဲ ထိုအမျိုးသားက ရုတ်တရက် ခေါင်းမော့လာပြီး အကြည့်များက ရုတ်ခြည်းဆန်စွာ အမှောင်ထဲ ပုန်းနေသော ရန်ကျားလိနှင့် ကြုံကြိုက်သွားသည်။
ရန်ကျားလိလည်း အထိတ်တလန့် ဖြစ်သွားသည်။
သူတုံ့ပြန်ဖို့ပင် အချိန်မမီလိုက်သေးခင်မှာပဲ ထိုအမျိုးသားက တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး မျက်နှာက သိသိသာသာ ဖြူဖျော့သွားကာ နံဘေးမှ နေကာမျက်မှန်ကို ယူပြီး ချက်ချင်း မျက်နှာပေါ် ပြန်တပ်လိုက်ကာ ကင်မရာကို ပိုက်ပြီး အလန့်တကြားနှင့် အသက်လုနေသည့်အလား ထွက်ပြေးသွားပေတော့သည်။
ရန်ကျားလိသည် သူထွက်ပြေးသွားသည့် မြင်ကွင်းကိုမြင်သော် မျက်လုံးထဲမှ သံသယများက ပိုမိုရုပ်လုံးကြွလာသည်။
ထိုနေ့နေ့လည် အစမ်းလေ့ကျင့်မှုတွင် ရန်ကျားလိသည် တစ်လျှောက်လုံး အာရုံက တခြားရောက်ရောက်နေသည်။
သူသည် ထိုကောင်လေး ထုတ်ဖော်ပြသလာသော အနည်းငယ် ရင်းနှီးနေသည့် မျက်လုံးကိုသာ ဦးနှောက်ထဲ ခေါက်ခေါက်ခါခါ စဥ်းစားနေမိသည်။ သူသည် ဆက်တိုက်ဆိုသလို မှတ်ဥာဏ်များကို ပြန်လည်တူးဖော်ကာ ထိုအမျိုးသားက မည်သူမည်ဝါလဲဆိုတာ နားလည်သွားနိုင်အောင် လုပ်ချင်သည်။
ညနေခင်း အစမ်းလေ့ကျင့်မှု ပြီးသွားသောအခါ ရန်ကျားလိသည် ယဲ့ထင်သူ့ကို လာကြိုရန် လွှတ်ပေးထားသော ကားပေါ် စီးနင်းလိုက်ပါလာသည်။
မီးပွိုင့်တစ်ပွိုင့် ကျော်သွားသောအခါ ဒရိုင်ဘာသည် ကားကိုရပ်လိုက်ပြီး လာရောက်လည်ပတ်သူ မရှိတော့၍ တဖြည်းဖြည်း ဆိတ်သုဥ်းလာသော နံဘေးမှ စီးပွားရေး အဆောက်အအုံကြီးကို ကြည့်ကာ သက်ပြင်းချသံနှင့်
"ဒီစီးပွားရေး အဆောက်အအုံကြီးက အရင်လတွေကတောင် စည်ကားနေသေးတယ်။ အခုတော့ သွားတဲ့လူတောင် မရှိတော့ဘူး။ အစိုးရက ဒါကိုဖြိုချပြီး တခြားတစ်ခု ဆောက်တော့မယ်လို့တောင် ပြောသံကြားတယ်"
ရန်ကျားလိလည်း မျက်လုံးပင့်ကြည့်လိုက်သောအခါ ကျိုးတဲကျဲတဲ အလင်းရောင်များနှင့် ဟောင်နွမ်းနေသော ကြော်ငြာဆိုင်းဘုတ်ကို တွေ့လိုက်ရသည်။ သူသည် ပြုံးကာ စကားဆိုသည်။
"ဟုတ်လား"
"ဒါပေမဲ့ တကယ်လည်း ဖြိုချသင့်ပါတယ်။ အစကတည်းက ဘယ်သူမှ မလာကြတော့တာကို"
ဒရိုင်ဘာက သက်ပြင်းချလိုက်ပြီး စီးပွားရေး အဆောက်အအုံအပေါ်မှ ကြော်ငြာဆိုင်းဘုတ်ကို ညွှန်ပြရင်း ရယ်လျက်ပြောသည်။
"မင်းကြည့်လေ၊ အဲ့ဒီကြော်ငြာ ဆိုင်းဘုတ်တောင် မလဲတာ ဘယ်လောက်ကြာပြီလဲ။ အပေါ်မှာ ဝမ်ယန်ပုံတောင် ရှိသေးတယ်။ အဲ့တုန်းကလည်း သူကတော်တော်ကို နာမည်ကြီးခဲ့တာ၊ အခုကတော့....."
ရန်ကျားလိသည် ဝမ်ယန်၏ နာမည်ကို ကြားသောအခါ မျက်နှာက မကူနိုင်မကယ်နိုင် တောင့်တင်းသွားသည်။
သူ ကြော်ငြာဆိုင်းဘုတ်ကို ပြန်ကြည့်လိုက်သောအခါ ထိုအပေါ်မှ ဝမ်ယန်၏ ကြည့်ကောင်းသည့် မျက်နှာကို တွေ့လိုက်ရသည်။ သူ၏ အကြည့်က ရုတ်တရက် အေးခဲသွားပြီး အသက်ရှူရသည်မှာလည်း ရုတ်ခနဲ တင်းကျပ်သွားသည်။
ဝမ်ယန်။
သူ မှတ်မိပါပြီ။ ၎င်းမှာ ဝမ်ယန်၏ မျက်လုံးပါပင်။
.
.
.
.
.
21/2/2022(Mon)
သူများတွေ ဖတ်ပြီးရင်တော့ ဘယ်လိုခံစားရမလဲ မသိပေမယ့် အိုင့်အတွက်တော့ အရင်အပိုင်းတွေနဲ့မတူ၊ စိတ်အလှုပ်ရှားရဆုံး၊ ဖတ်လို့အကောင်းဆုံး၊ အံ့သြအသွားရဆုံး၊ မထင်မှတ်ထားရဆုံး အချိုးအကွေ့တွေနဲ့ ဘာသာအပြန်ချင်ဆုံး အပိုင်းတွေ ရောက်လာပါတော့မယ်😁
×××
{Zawgyi}
"မ်က္လံုး"
လီေအာ့တစ္ေယာက္ ေနာက္ဆံုးတြင္ေတာ့ လက္ခံလိုက္ရစၿမဲသာျဖစ္သည္။
အမွန္ေတာ့ သူသည္ လိင္တူခ်စ္ႀကိဳက္ၾကျခင္းကို ရြံ႔ရွာသည္ မဟုတ္ေသာ္လည္း ထိုကိစၥမွာ အနည္းငယ္ ကသိကေအာက္ႏိုင္သည္ဟု ထင္ေနမိ၍ျဖစ္သည္။
ဂႏၶာမာပြင့္ ေသြးလိပ္ေခါင္း ေၾကာ္ျငာတြင္ပင္ ပါဝင္ဖူးေနၿပီး ဤသည္မွာလည္း သရုပ္ေဆာင္တာေလးပဲဟု ေတြးမိသြားကာ ရန္ေကာ၏ မ်က္ႏွာလည္း ပါဝင္ေန၍ သရုပ္ေဆာင္မည္ဟု ဆံုးျဖတ္လိုက္သည္။
ရန္က်ားလိသည္ လီေအာ့ ေခါင္းညိတ္သည္ကို ျမင္ေသာအခါ သက္ျပင္းရွည္ႀကီး ခ်လိုက္သည္။
ထိုေန့ညမွာပဲ ရန္က်ားလိသည္ လီေအာ့ကို ေက်ာက္ရွန္႔ဟိုင္ေရ႔ွ ေခၚသြားၿပီး မိတ္ဆက္ေပးလိုက္သည္။
လီေအာ့သည္ စစခ်င္းတြင္ အေတာ္ေလး ရွက္ကိုးရွက္ကန္း ျဖစ္ေနရသည္။
ေက်ာက္ရွန္႔ဟိုင္မွာ ေယာက္်ားေလး ျဖစ္သည့္အျပင္ သူ၏ အထက္လူႀကီးလည္း ျဖစ္ေနျပန္၍ ေနရခက္ျခင္းကို မေရွာင္လႊဲႏိုင္ေပ။
သို႔ေသာ္ျငား ထိုအေျခအေနသည္ ဘယ္ႏွစ္ရက္မွပင္ မၾကာလိုက္ဘဲ လီေအာ့သည္ လိုက္ေလ်ာညီေထြ ရိွလာခဲ့သည္။ မၾကာခင္မွာပဲ ေက်ာက္ရွန္႔ဟိုင္ႏွင့္ မဆိုးလွစြာေသာ ေပါင္းသင္း ဆက္ဆံမႈတို႔ ရိွလာခဲ့ၿပီး အသံလႊင့္ခန္းမ၏ စင္ေနာက္တြင္ပင္ မကူႏိုင္ မကယ္ႏိုင္ ခ်ီးမြမ္းခန္းဝင္လာေတာ့သည္။
"လီတာ့၊ ရန္ေကာ၊ ကြၽန္ေတာ္ ေကာတို႔ကို ေျပာျပမယ္။ ဟိုင္ေကာက တကယ္ကို ေစာက္က်ိဳးနည္းႀကီးကို ေကာင္းတဲ့ ေယာက္်ားပါဗ်ာ။ ကြၽန္ေတာ့္ဘဝမွာ သူ႔ေလာက္ တျခားသူကို စာနာေထာက္ထားေပးတဲ့လူကို မေတြ့ဖူးေသးဘူး။ ခ်ီးပဲ၊ ကြၽန္ေတာ္ အေနာက္တိုင္းဝတ္စံု ဝတ္လိုက္ရင္ ၿမိဳ႔ႀကီးျပၾကီးကို ေရာက္လာတဲ့ ေရႊ့ေျပာင္းအလုပ္သမားနဲ႔ တူေနၿပီး သူသာ အေနာက္တိုင္းဝတ္စံု ဝတ္လိုက္ရင္ေတာ့ လူကို ေသေလာက္ေအာင္ ရူးသြပ္သြားေစတာ။ ဘယ္ဟာက manner ရိွတာလို႔ ေခၚတာလဲ။ အဲ့ဒါကမွ manner ရိွတာ၊ က်က္သေရရိွတယ္လို႔ ေခၚတာ...."
လီတာ့သည္ ထိုစကားကို ၾကားေသာအခါ သကၤာမကင္းႏွင့္ လီေအာ့ကို တစ္ခ်က္ၾကည့္လိုက္ၿပီး
"ကိုယ့္ရဲ့ ဦးတည္ခ်က္ကိုလည္း အာရံုစိုက္ပါဦး။ လီေအာ့၊ မင္းလံုးဝ ကားေက်ာ္တက္သြားလို႔ မရဘူးေနာ္"
လီေအာ့သည္ ေခ်ာင္းတစ္ခ်က္ ဟန္႔လိုက္ၿပီး ေလသံတိုးတိုးႏွင့္ ျငင္းခံုသည္။
"ေယာက္်ားတစ္ေယာက္က တျခားေယာက္်ားတစ္ေယာက္ကို ရိုေသေလးစားတဲ့ သေဘာပါ။ စိတ္ခ်စမ္းပါ၊ ကြၽန္ေတာ္က ေကာက္ေၾကာင္းႀကီးတာကိုပဲ သေဘာက်တာ"
ရန္က်ားလိသည္ သိုသိုသိပ္သိပ္ ေရရြတ္ေနေသာ လီေအာ့ကို ၾကည့္ရင္း ရယ္လိုက္သည္။
ရန္က်ားလိထံ၌ ေရွာက္ယယ္တစ္ေယာက္ ေက်ာက္ရွန္႔ဟိုင္ နံေဘးတြင္ လီေအာ့ရိွေနသည္ကို ျမင္ေသာအခါ မ်က္ႏွာထက္တြင္ မည္သို႔ေသာ ေဖာ္ျပမႈတို႔ ရိွေနလိမ့္မလဲဟူသည့္ အေပၚတြင္သာ အနည္းငယ္ေသာ ေမ်ွာ္လင့္ခ်က္တို႔ရိွသည္။
ထိုေန့နံနက္ ပရိုဂရမ္ အသံသြင္းျခင္း၏ အႀကိဳေလ့က်င့္မႈအၿပီးတြင္ ရန္က်ားလိ၊ လီတာ့ႏွင့္ လီေအာ့တို႔သည္ စတူဒီယိုမွ ထြက္လာခဲ့သည္။
စတူဒီယိုခန္း၏ အျပင္သို႔ ေရာက္ေသာအခါ သတင္းေထာက္ မီဒီယာသမားမ်ားက လမ္းကို ပိတ္ထားၾကျပန္သည္။
ရန္က်ားလိသည္ ယေန့အထိ မီဒီယာသမားမ်ားထံမွ အဝိုင္းခံခဲ့ရေသာ ပံုရိပ္ကို စိတ္ထဲ စြဲက်န္ေနေသးသည္။ ထို႔ေၾကာင့္ စကားအမ်ားႀကီး မဆိုခ်င္၍ လက္ျဖင့္ မ်က္ႏွာကို တစ္ဝက္အုပ္ၿပီး ေျခလွမ္းမ်ားကို အရိွန္တင္ကာ ထြက္သြားရန္ျပင္သည္။
ေျခလွမ္းမ်ား ခပ္သုတ္သုတ္ ျဖစ္ေနသည့္ၾကားမွ ေခါင္းေမာ့ၾကည့္လိုက္ေသာအခါ မေမ်ွာ္လင့္ဘဲ ေရ႔ွတစ္ေခါက္က ထိုထူးဆန္းသည့္ အမ်ိဳးသားကို ေတြ့လိုက္ရျပန္သည္။
ထိုအမ်ိဳးသားသည္ ေရ႔ွတစ္ေခါက္ကအတိုင္း လူအုပ္ၾကားထဲ ေရာယွက္ေနၿပီး တစ္စံုတစ္ခုအား ခိုးေၾကာင္ခိုးဝွက္ႏွင့္ စစ္ေဆး ေစာင့္ၾကည့္ေနသလိုပင္။ သူသည္ အရင္အတိုင္း အနက္ေရာင္ ေခြၽးထိန္းအက်ႌကို ဝတ္ထားဆဲျဖစ္ၿပီး မ်က္ႏွာအစိတ္အပိုင္း ထက္ဝက္ေက်ာ္အား မက္စ္ႏွင့္ ေနကာမ်က္မွန္ေအာက္ ဖံုးကြယ္ထား၍ အသြင္အျပင္ အစစ္အမွန္ကို မျမင္ရႏိုင္ေပ။
ရန္က်ားလိသည္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သံသယဝင္စရာ ေကာင္းသည္ဟုသာ ေတြးေနမိသည္။
ေဖ်ာ္ေျဖေရးစင္တာ၏ အဝင္ဝကို ေရာက္ခါနီးတြင္ ရန္က်ားလိသည္ လီတာ့ႏွင့္ လီေအာ့၏ နားရြက္နား ကပ္လိုက္ၿပီး သူတို႔အား အရင္သြားခိုင္းလိုက္သည္။
လီတာ့ႏွင့္ လီေအာ့သည္လည္း မ်ားမ်ားစားစား ေတြးေတာမေနဘဲ မီဒီယာသမားမ်ားကို ႏႈတ္ဆက္ကာ အာရံုစိုက္မႈမ်ားကို ျပန္႔က်ဲေစလိုက္သည္။
ရန္က်ားလိသည္ ဤသည္ကို အခြင့္ေကာင္းယူကာ မီဒီယာသမားႏွင့္ ကင္မရာမ်ား၏ ေဘာင္အတြင္းမွ လစ္ထြက္လာသည္။
သူသည္ တိုးေဝ႔ွရင္းႏွင့္ လူအုပ္ႀကီးကို တြန္းဖယ္ႏိုင္ခဲ့ၿပီး အေနာက္တံခါးဆီ ေလ်ွာက္သြားကာ ေဖ်ာ္ေျဖေရးစင္တာသို႔ ျပန္ဝင္လာသည္။
ဤတစ္ႀကိမ္တြင္ သူသည္ ေျခလွမ္းမ်ားကို ခပ္ေဖာ့ေဖာ့လွမ္းၿပီး မိမိကိုယ္ကိုယ္ အေမွာင္ထုထဲ နစ္ျမႇဳပ္ေနေစကာ တင္းတင္းက်ပ္က်ပ္ ဖံုးကြယ္ထားသည့္ ထိုအမ်ိဳးသားကို အေသအခ်ာ စိုက္ၾကည့္ေနသည္။
ထိုအမ်ိဳးသားသည္ ရန္က်ားလိကို မေတြ့ေတာ့ေသာအခါ ေလးဖက္ေလးလံကို တစ္ခ်က္ စစ္ေဆးလိုက္ၿပီး ရန္က်ားလိကို အမွန္တကယ္ ရွာမေတြ့ေတာ့ဘူးဆိုမွ တစ္ခဏေလာက္ ဘာလုပ္လို႔ ဘာကိုင္ရမွန္း မသိျဖစ္သြားၿပီး ေနာက္ဆံုးတြင္ေတာ့လည္း လက္ေလ်ွာ့လိုက္ကာ ေျခလွမ္းခပ္ျမန္ျမန္ လွမ္းၿပီး ထြက္ခြာသြားသည္။
ရန္က်ားလိသည္ သူ႔အေနာက္မွ တိတ္တိတ္ကေလး ကပ္လိုက္သြားသည္။
ထိုအမ်ိဳးသားသည္ သန္႔စင္ခန္းထဲ ေလ်ွာက္သြားကာ ေဘစင္ေရ႔ွ မတ္တတ္ရပ္လိုက္သည္။
သူသည္ အရင္ဆံုး လည္ပင္းတြင္ ခ်ိတ္ဆြဲထားသည့္ ကင္မရာကို ျဖဳတ္လိုက္ၿပီး တစ္ဖက္တြင္ ခ်ထားလိုက္သည္။ ၿပီးေနာက္ အက်ႌလက္ကို အေနာက္ဘက္သို႔ ဆြဲတင္လိုက္ၿပီး အာရံုခံႏိုင္သည့္ ေရပိုက္ေခါင္း အဝနား (လက္,ခံလိုက္လ်ွင္ အလိုအေလ်ာက္ ေရက်လာေသာ ေရပိုက္ေခါင္း) လက္ဆန္႔ထုတ္ကာ ပြတ္တိုက္ရင္း လက္ေဆးသည္။
ရန္က်ားလိသည္ ေထာင့္တစ္ေနရာမွ ေခါင္းကိုျပဴထြက္လာၿပီး မ်က္လံုးမ်ားကို ေမွးက်ဥ္းၿပီး ၾကည့္မိေသာအခါ အံ့ၾသမွင္သက္သြားရသည္။
ထိုအမ်ိဳးသား၏ လက္ေမာင္းေပၚတြင္ မနည္းလွေသာ ခရမ္းပုတ္ေရာင္ အမာရြတ္္မ်ား ရိွေနၿပီး ထိုအထဲတြင္ အနာေဖး၊ အနာရြတ္မ်ားလည္း အမ်ားအျပားရိွေန၍ အေတာ္ေလး ေၾကာက္စရာေကာင္းသည္။
ရန္က်ားလိသည္ မ်က္ေမွာင္ၾကဳတ္သြားၿပီး အေသးစိတ္က်က် ၾကည့္ေတာ့မည့္အခ်ိန္တြင္ ထိုအမ်ိဳးသားက လက္ေဆးၿပီးသြားၿပီး အက်ႌလက္ကို ျပန္ခ်လိုက္သည္။ ေရစက္မ်ားကို ခါစင္လိုက္ၿပီး ေဘးပတ္ဝန္းက်င္ကို တစ္ခ်က္ၾကည့္ကာ မည္သူမွ မရိွတာ ေသခ်ာမွ ေနကာမ်က္မွန္ကို တိတ္တိတ္ကေလး ခြၽတ္လိုက္သည္။
အေမွာင္ထဲမွ ရန္က်ားလိသည္ ေပၚထြက္လာသည့္ သူ၏ မ်က္လံုးတစ္စံုကို ၾကည့္ရင္းၾကည့္ရင္းႏွင့္ ရင္းႏွီးလာသည္ဟု ခံစားလိုက္ရသည္။
သူသည္ အနည္းငယ္ တိုးကပ္သြားၿပီး ေသေသခ်ာခ်ာေလး ၾကည့္ၾကည့္ရန္ ျပင္ေနစဥ္မွာပဲ ထိုအမ်ိဳးသားက ရုတ္တရက္ ေခါင္းေမာ့လာၿပီး အၾကည့္မ်ားက ရုတ္ျခည္းဆန္စြာ အေမွာင္ထဲ ပုန္းေနေသာ ရန္က်ားလိႏွင့္ ႀကံဳႀကိဳက္သြားသည္။
ရန္က်ားလိလည္း အထိတ္တလန္႔ ျဖစ္သြားသည္။
သူတံု႔ျပန္ဖို႔ပင္ အခ်ိန္မမီလိုက္ေသးခင္မွာပဲ ထိုအမ်ိဳးသားက တစ္ကိုယ္လံုး တုန္လႈပ္သြားၿပီး မ်က္ႏွာက သိသိသာသာ ျဖဴေဖ်ာ့သြားကာ နံေဘးမွ ေနကာမ်က္မွန္ကို ယူၿပီး ခ်က္ခ်င္း မ်က္ႏွာေပၚ ျပန္တပ္လိုက္ကာ ကင္မရာကို ပိုက္ၿပီး အလန္႔တၾကားႏွင့္ အသက္လုေနသည့္အလား ထြက္ေျပးသြားေပေတာ့သည္။
ရန္က်ားလိသည္ သူထြက္ေျပးသြားသည့္ ျမင္ကြင္းကိုျမင္ေသာ္ မ်က္လံုးထဲမွ သံသယမ်ားက ပိုမိုရုပ္လံုးႂကြလာသည္။
ထိုေန့ေန့လည္ အစမ္းေလ့က်င့္မႈတြင္ ရန္က်ားလိသည္ တစ္ေလ်ွာက္လံုး အာရံုက တျခားေရာက္ေရာက္ေနသည္။
သူသည္ ထိုေကာင္ေလး ထုတ္ေဖာ္ျပသလာေသာ အနည္းငယ္ ရင္းႏွီးေနသည့္ မ်က္လံုးကိုသာ ဦးေနွာက္ထဲ ေခါက္ေခါက္ခါခါ စဥ္းစားေနမိသည္။ သူသည္ ဆက္တိုက္ဆိုသလို မွတ္ဥာဏ္မ်ားကို ျပန္လည္တူးေဖာ္ကာ ထိုအမ်ိဳးသားက မည္သူမည္ဝါလဲဆိုတာ နားလည္သြားႏိုင္ေအာင္ လုပ္ခ်င္သည္။
ညေနခင္း အစမ္းေလ့က်င့္မႈ ၿပီးသြားေသာအခါ ရန္က်ားလိသည္ ယဲ့ထင္သူ႔ကို လာႀကိဳရန္ လႊတ္ေပးထားေသာ ကားေပၚ စီးနင္းလိုက္ပါလာသည္။
မီးပြိုင့္တစ္ပြိုင့္ ေက်ာ္သြားေသာအခါ ဒရိုင္ဘာသည္ ကားကိုရပ္လိုက္ၿပီး လာေရာက္လည္ပတ္သူ မရိွေတာ့၍ တျဖည္းျဖည္း ဆိတ္သုဥ္းလာေသာ နံေဘးမွ စီးပြားေရး အေဆာက္အအံုႀကီးကို ၾကည့္ကာ သက္ျပင္းခ်သံႏွင့္
"ဒီစီးပြားေရး အေဆာက္အအံုႀကီးက အရင္လေတြကေတာင္ စည္ကားေနေသးတယ္။ အခုေတာ့ သြားတဲ့လူေတာင္ မရိွေတာ့ဘူး။ အစိုးရက ဒါကိုၿဖိဳခ်ၿပီး တျခားတစ္ခု ေဆာက္ေတာ့မယ္လို႔ေတာင္ ေျပာသံၾကားတယ္"
ရန္က်ားလိလည္း မ်က္လံုးပင့္ၾကည့္လိုက္ေသာအခါ က်ိဳးတဲက်ဲတဲ အလင္းေရာင္မ်ားႏွင့္ ေဟာင္ႏြမ္းေနေသာ ေၾကာ္ျငာဆိုင္းဘုတ္ကို ေတြ့လိုက္ရသည္။ သူသည္ ၿပံဳးကာ စကားဆိုသည္။
"ဟုတ္လား"
"ဒါေပမဲ့ တကယ္လည္း ၿဖိဳခ်သင့္ပါတယ္။ အစကတည္းက ဘယ္သူမွ မလာၾကေတာ့တာကို"
ဒရိုင္ဘာက သက္ျပင္းခ်လိုက္ၿပီး စီးပြားေရး အေဆာက္အအံုအေပၚမွ ေၾကာ္ျငာဆိုင္းဘုတ္ကို ၫႊန္ျပရင္း ရယ္လ်က္ေျပာသည္။
"မင္းၾကည့္ေလ၊ အဲ့ဒီေၾကာ္ျငာ ဆိုင္းဘုတ္ေတာင္ မလဲတာ ဘယ္ေလာက္ၾကာၿပီလဲ။ အေပၚမွာ ဝမ္ယန္ပံုေတာင္ ရိွေသးတယ္။ အဲ့တုန္းကလည္း သူကေတာ္ေတာ္ကို နာမည္ႀကီးခဲ့တာ၊ အခုကေတာ့....."
ရန္က်ားလိသည္ ဝမ္ယန္၏ နာမည္ကို ၾကားေသာအခါ မ်က္ႏွာက မကူႏိုင္မကယ္ႏိုင္ ေတာင့္တင္းသြားသည္။
သူ ေၾကာ္ျငာဆိုင္းဘုတ္ကို ျပန္ၾကည့္လိုက္ေသာအခါ ထိုအေပၚမွ ဝမ္ယန္၏ ၾကည့္ေကာင္းသည့္ မ်က္ႏွာကို ေတြ့လိုက္ရသည္။ သူ၏ အၾကည့္က ရုတ္တရက္ ေအးခဲသြားၿပီး အသက္ရႉရသည္မွာလည္း ရုတ္ခနဲ တင္းက်ပ္သြားသည္။
ဝမ္ယန္။
သူ မွတ္မိပါၿပီ။ ၄မွာ ဝမ္ယန္၏ မ်က္လံုးပါပင္။
.
.
.
.
.
21/2/2022(Mon)
သူမ်ားေတြ ဖတ္ၿပီးရင္ေတာ့ ဘယ္လိုခံစားရမလဲ မသိေပမယ့္ အိုင့္အတြက္ေတာ့ အရင္အပိုင္းေတြနဲ႔မတူ၊ စိတ္အလႈပ္ရွားရဆံုး၊ ဖတ္လို႔အေကာင္းဆံုး၊ အံ့ၾသအသြားရဆံုး၊ မထင္မွတ္ထားရဆံုး အခ်ိဳးအေကြ့ေတြနဲ႔ ဘာသာအျပန္ခ်င္ဆံုး အပိုင္းေတြ ေရာက္လာပါေတာ့မယ္😁
×××