Desharow's Merman

By Wine-Y

233K 25K 1.2K

Desharow Merman (德萨罗人鱼) Total-116 Author: 深海先生 Translators: Cheonsa_I_Bl & Jade(co). Editors: rad_pigeon I'... More

My Note
Warning
Author Note
Synopsis
【Arc 1: နက်ရှိုင်းသော ပင်လယ်ပြင်မှအတွေ့အကြုံ】အခန်း(၁)ရေသူထီးအား ဖမ်းမိခြင်း။
အခန်း(၂)လျှို့ဝှက်အစီအစဉ်
အခန္း(၂) လ်ိဳ႕ဝွက္အစီအစဥ္
အခန်း(၃) အန္တရာယ်နှင့် စပ်လျဉ်းနေသော စူးစမ်းစစ်ဆေးခြင်း
အခန္း(၃) အႏၲရာယ္ႏွင့္ စပ္လ်ဥ္းေနေသာ စူးစမ္းစစ္ေဆးျခင္း။
အခန်း(၄) ဘယ်သူက သားကောင်လဲ။
အခန္း(၄) ဘယ္သူက သားေကာင္လဲ။
အခန်း(၅) အန္တရာယ်ရှိသော ကျူးကျော်မှု
အခန်း(၆)အရေးပေါ်အခြေအနေများ
အခန်း(၇) မိုးသက်မုန်တိုင်းကြားမှ အထိတ်တလန့်ဖြစ်ဖွယ်ရာများ
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
Arc-2
Chapter(26)
Chapter(27)
Chapter(27)
Chapter(29)
Chapter (30)

အခန်း(၁၃)

5.4K 698 13
By Wine-Y

For my lovely Unicode readers.

အခန်း(၁၃)

အခန်းထဲရှိမီးတို့လင်းလာပြီးနောက် ကျွန်တော်အလိုအလျောက်ပဲ မျက်လုံးကိုပိတ်ထားလိုက်မိသည်။ ကျွန်တော့်ခန္ဓာကိုယ်က အပေါ်သို့မြှောက်တက်သွားတယ်'လို့ခံစားလိုက်ရပြီး ထိုလှုပ်ရှားမှုက နည်းနည်းတော့ ခက်ခဲကြမ်းတမ်းနေခဲ့သည်။

ကျွန်တော်ခေါင်းကို ခက်ခက်ခဲခဲခါယမ်းလိုက်ပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ ကျွန်တော့်ကို ငုံ့ကြည့်နေတဲ့ ရိုင်းကိုတွေ့လိုက်ရသည်။ မီးရောင်က သူ့နှာဖျားနေရာနားမှာ ရောင်ပြန်ဟပ်နေပြီး မျက်ဝန်းအိမ်ထဲ၌ နက်ရှိုင်းတဲ့ အမှောင်ရိပ်တစ်ခုကို ဖြစ်ပေါ်စေကာ အကြည့်တို့အား ကြောက်လန့်စရာကောင်းနေစေခဲ့သည်။ ကျွန်တော့်အနားရောက်နေပြီဖြစ်တဲ့ ရိုင်းကို သတိတောင်မထားမိခဲ့ဘူး ... ထို့အပြင် ယုံမှားဖွယ်ရာမရှိအောင် သူ့ပုံစံက နောက်ထပ်လှုပ်ရှားမှုတစ်ခုမှာပဲ ပစ္စတိုကိုဆွဲထုတ်ပြီး ကျွန်တော့်ကို ပစ်တော့မည့်အတိုင်း ဖြစ်နေသည်။

သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ရိုင်းဘာလို့ ကျွန်တော့်ကို စိတ်တိုနေလဲ ကျွန်တော်မသိဘူး။

'ဒေးဗစ်နဲ့အတူ ရေသူထီးကို သွားကြည့်ခဲ့လို့လား။'

ကျွန်တော့်ကိုပြောထားတဲ့ ရိုင်းရဲ့ သတိပေးမှုနဲ့ အရင်တစ်ခါ မအောင်မြင်ခဲ့တဲ့ သူ့ရဲ့မတော်မတရားပြုမှုကို ကျွန်တော်မှတ်မိနေသေးတာကြောင့် ကျွန်တော်ကြောက်နေခဲ့သည်။

"ကိုယ့်လူ ... မျက်နှာကမဲ့ရှုံ့ပြီး ဝမ်းချုပ်သလိုပုံစံကြီးဖြစ်နေတာက ဘာဖြစ်တာလဲ ... ဗိုက်ထဲအဆင်မပြေဖြစ်စေတဲ့ တစ်ခုခုစားထားလို့လား။"

စောင်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်ပေမယ့် မျက်နှာတွင်တော့ အမူအရာမပြဘဲ ဘာမှမဖြစ်သည့်အတိုင်း ဟန်ဆောင်ပြီး ကျွန်တော်မေးလိုက်သည်။ ထို့နောက် ကျွန်တော်ပြန်ပြီးအိပ်ရာပေါ်မလှဲချခင် ရိုင်းက ကျွန်တော့် အင်္ကျီကော်လံစကိုဆွဲလိုက်တာကြောင့် ကျွန်တော့်တစ်ကိုယ်လုံး လေထဲမြောက်သွားခဲ့ရသည်။ ကျွန်တော့်ကို ဝါးမြိုပစ်ချင်နေသည့် အမူအရာနှင့် ရိုင်းက ခက်ထန်လွန်းစွာစိုက်ကြည့်နေပြီး ကျွန်တော့်မျက်နှာထက် လာပြီးရိုက်ခတ်နေတဲ့ အသက်ရှူသံပြင်းပြင်းကြောင့် ကျွန်တော်ဖြေလျော့ဖို့ကြိုးစားနေတဲ့ ရိုင်းရဲ့ဒေါသအငွေ့အသက်များကိုပင် ခံစားမိခဲ့သည်။

အိပ်ချင်နေသည့်စိတ်က လေထုထဲအငွေ့ပျံသွားတဲ့ မီးခိုးငွေ့တွေလိုမျိုး ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ ကျွန်တော်ရိုင်းကို ပြန်ပြီးစိုက်ကြည့်နေခဲ့သည်။ လည်ပင်းထဲ၌ အသက်ရှူရခက်ခဲနေအောင်အထိ တင်းကျပ်ပိတ်ဆို့နေပြီး သို့ပေမယ့် ထိုကဲ့သို့ကြောက်ရွံ့တုန်လှုပ်နေသည့်အဖြစ်ကို ရိုင်း' မြင်အောင်တော့ မပြခဲ့။ မဟုတ်လျှင် သူက ဒါကို အခွင့်အရေးယူ အသုံးချနေဦးမည်။

"ဘာကို အရူးလာထနေပြန်တာလဲ မျိုးမစစ်ကောင် ... ငါ အခုထိ သေသေချာချာနိုးနေသေးတာမဟုတ်ဘူး !"

ဒေါသတကြီးနဲ့ အော်ဟစ်ပစ်ပြီးနောက် ကျွန်တော့်ကိုဖမ်းချုပ်ထားတဲ့ ရိုင်းရဲ့လက်အတွင်းမှလွတ်မြောက်ဖို့အတွက် ကျွန်တော်ကြိုးစားလိုက်သည်။ သို့ပေမယ့် ရိုင်းက သူ့အားကိုထပ်မသုံးခဲ့တာကြောင့် အမှတ်မထင်ဘဲ ကျွန်တော် အိပ်ရာပေါ်သို့ ပြန်လဲကျသွားခဲ့သည်။ ထိုအချိန် ဒဏ်ဖြစ်ထားတဲ့ ကျွန်တော့်ခါးနားတစ်ဝိုက်က မာကျောနေတဲ့အိပ်ရာနဲ့ထိတွေ့မိပြီး ထိုမှတစ်ဟုန်ထိုးတက်လာတဲ့ နာကျင်မှုကြောင့် ငယ်သံပါအောင်အော်ဟစ်မိသည့်အပြင် ပုဇွန်တစ်ကောင်ကဲ့သို့ ကျွန်တော့်ကိုကွေးကွေးလေးဖြစ်သွားစေသည်။

ရိုင်းက ကျွန်တော့်လက်ကောက်ဝတ်ကိုဆွဲပြီး သူ့အားမျက်နှာချင်းဆိုင်ကြည့်စေသည်။ စိတ်မပါခြင်းနှင့် နောင်တရနေခြင်းတို့က တွန့်ဆုတ်တွေဝေခြင်းမရှိတဲ့ ရိုင်းရဲ့မျက်နှာပေါ်မှာ ထင်ဟပ်နေသည်။

"ငါ မင်းကို သတိပေးခဲ့တယ် ဒက်ရှ်ရှဲရိုး ! အန္တရာယ်များတဲ့ အဲ့ဒီရေသူထီးအနား မသွားဖို့ ငါ မင်းကို သတိပေးခဲ့တယ် ၊ ဘုရားရေ ... မင်း အရင်ဆုံး စိတ်ကိုငြိမ်ငြိမ်ထားသင့်တယ် !"

"စိတ်ငြိမ်ငြိမ်ထား ? "

အခုဖြစ်နေတဲ့ ရိုင်းရဲ့ပုံစံက အချိန်မရွေးကိုယ့်ကိုယ်ကိုယ်သတ်သေဖို့လုပ်နေတဲ့ စိတ်တည်ငြိမ်မှုမရှိတဲ့ လူနာကို ဖျောင်းဖျနေသည့်အတိုင်းဖြစ်နေပြီး ကျွန်တော့်ကို တော်တော်လေးထူးဆန်းတယ်လို့ ခံစားရစေသည်။

"ခင်များ ကျွန်တော့်ကို နာအောင်လုပ်နေတာ ... ဘယ်လိုမှ စိတ်ငြိမ်ငြိမ်မထားနိုင်ဘူး "

ကျွန်တော့်တင်ပါးကိုလက်နဲ့ပွတ်ရင်း မျက်မှောင်ကြုပ်လိုက်ကာ ရိုင်းအား စွေစောင်းကြည့်ရင်း ပြန်ပြောလိုက်သည်။

သိပ်မကြာတဲ့အချိန်လေးမှာ ရိုင်းကအသေအချာကြီး မှင်သက်နေခဲ့သည်။ ကျွန်တော်ကတော့ ဒါကို ရိုင်းလက်မှလွတ်ဖို့ အခွင့်အရေးအဖြစ်အသုံးချပြီး နာနာကျင်ကျင်နှင့်ပဲ အိပ်ရာပေါ်မှဆင်းလိုက်သည်။ သို့ပေမယ့် ကျွန်တော့်ခြေဖျားက ကြမ်းပြင်ကိုထိလိုက်သည်နှင့် ခြေထောက်တို့ခွေယိုင်ပြီး ကြမ်းပြင်ပေါ် ဒူးထောက်ကျလုနီးနီးဖြစ်သွားသည်အထိ ခန္ဓာကိုယ်အောက်ပိုင်းရှိ နာကျင်မှုက ဆိုးဝါးနေခဲ့သည်။ အဆုံးသတ်မှာ အိပ်ရာကိုမှီထားဖို့အတွက် ရိုင်း'၏ကျောနောက်မှဆွဲယူလိုက်သည်ကိုသာ ခံလိုက်ရသည်။ ခြေထောက်နှစ်ဖက်လုံးက အားနည်းပြီး မသုံးမဝင်ဖြစ်နေကာ ကုတင်လက်ရန်းကို လက်ဖြင့်ကိုင်ထားရင်းပင် ကျွန်တော့်ကိုယ်ကို မလဲသွားအောင်ထိန်းထားပြီး တစ်ခြားလက်တစ်ဖက်ကလည်း ကျောအနောက်ဘက်ကို ကိုင်ထားကာ ကျွန်တော့်မှာ အဘိုးကြီးတစ်ယောက်လို ပြုမူနေရသည်။

"သေစမ်း ... ဘာဖြစ်လို့ ဒီလောက်တောင်နာနေရတာလဲ ..." ကိုယ်ကိုကုန်းပြီး ကျွန်တော်ညည်းထွားလိုက်သည်။

"နာကျင်တာအပြင် တခြားဘာမှ မင်းမခံစားရဘူးလား ။ ဒက်ရှ်ရှဲရိုး ... မင်းက မတရားကို တည်ငြိမ်ကြောင်း သရုပ်ဆောင်ပြနေတာပဲ !"

ရိုင်းက ကျွန်တော့်မေးစေ့ကိုဆွဲညှစ်ပြီး မေးလာသည်။ ဒါက မေးရိုးအဆစ်ပင်ပြုတ်သွားနိုင်ချေရှိပြီး ကျွန်တော်ကိုယ်တိုင်လည်း ရိုင်းလက်မှလွတ်အောင်မရုန်းနိုင်သလို နာကျင်မှုကပဲ ကျွန်တော့်မျက်လုံးတွေကို နီရဲသွားစေခဲ့သည်။ ကျွန်တော်သိပ်ကို စိတ်တိုနေပြီး ထိုဒေါသက စိတ်ကိုလျော့ချထားဖို့ မဖြစ်နိုင်အောင်ထိပင်။

ကုတင်ကြမ်းခင်းကို အားပြင်းပြင်းနဲ့ကန်ပစ်လိုက်ပြီးနောက် ထိုအရာက ရိုင်းခြေထောက်ကိုသွားထိပြီး ကျွန်တော်လည်း ထပ်ပြီးအော်ဟစ်လိုက်ပြန်သည်။

"ခင်များကအရူးပဲ ... ခင်များက ရူးနေတာ ! ဒီကထွက်သွား ... ထွက်သွားပြီး ကျွန်တော်နဲ့ ဝေးဝေးမှာနေ !"

ထိုအချိန်ထိ ရိုင်းဘက်က ဘာမှမတုံ့ပြန်ခဲ့ဘဲ ကုတင်နဲ့စောင့်မိတာတောင် သူက ပင်လယ်ရေမှော်ပင်နဲ့ထိတွေ့လိုက်ရသလိုဖြစ်နေသည်။ ရိုင်းက ထိုအတိုင်းရပ်နေပြီး လှုပ်ရှားမှုမရှိဘဲဖြစ်နေရာမှ တစ်စုံတစ်ခုကို ရုတ်တရက်နားလည်သွားခဲ့သလို ကုတင်ပေါ်လက်ထောက်လိုက်သည်။ ထို့နောက်တွင် ရိုင်းရဲ့ပုံစံက တဖြည်းဖြည်းတည်ငြိမ်လာပြီး စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်နေပြီးနောက် သူကပြောလာသည်။

"ဒက်ရှ်ရှဲရိုး ၊ မင်း ငါ့ကို ပြော ... မင်း စိတ်ထဲကအတိုင်းလုပ်ခဲ့တာမဟုတ်ဘဲ ခနတာ သတိလက်လွတ်ဖြစ်သွားခဲ့တာ .. ဟုတ်တယ်မလား။"

"ခနတာ သတိလက်လွတ်ဖြစ်တယ် ?"

ထိုစဉ် အရာအားလုံးက ကျွန်တော့်ကိုလည်း ငြိမ်ကျသွားစေခဲ့သည်။

'ဟုတ်တယ် .. ကျွန်တော့်မှတ်ဥာဏ်တွေက တစ်ခုခုမှားနေတာ ။ ပြီးတော့ ဖြစ်နိုင်တာက အဲ့ဒီအချိန်တုန်းကဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သတ်ပြီး ရိုင်းကတော့ တစ်ခုခုကိုသိနေလိမ့်မည်'

ကျွန်တော် ခေါင်းညိမ့်လိုက်ပြီး " ကျွန်တော် တွေးမိပြီ .. ဟုတ်တယ် ရိုင်း၊ ကျွန်တော်မေ့နေတာကို ခင်များက သိမှာပေါ့။ ကျွန်တော့်ဒဏ်ရာကလည်း အဲ့ဒီအချိန်တုန်းက ရခဲ့တာပဲ မလား။"

ရိုင်းက ကျွန်တော့်အမေးကို ပြန်မဖြေ။ အိပ်ရာပေါ်ထောက်ထားတဲ့ လက်ကိုသာ တင်းတင်းကြပ်ကြပ်ဆုပ်လိုက်တာကြောင့် သူ့လက်သီးရာက အိပ်ရာထဲနစ်ဝင်ပြီး ခေါက်ရိုးရာကြီးတောင် ဖြစ်သွားစေသည်။ ထို့အပြင် ရိုင်းရဲ့မျက်နှာကလည်း သူ့ကိုဒေါသဖြစ်စေတဲ့ အကြောင်းအရာတစ်ခုခုကို သတိရသွားသည့်အတိုင်း တစ်မျိုးတစ်မည်ထူးဆန်းကာ ကြောက်စရာကောင်းနေခဲ့သည်။ သူက သူ့ရဲ့အံကိုကြိတ်ထားလိုက်တာ နားရွက်အောက်နားက ပါးခွက်ကအပေါ်သို့မြင့်တက်လာသည်အထိဖြစ်နေပြီး အလွန်အကြူးကိုဒေါသထွက်နေသည့်အတိုင်း အသက်ရှူသံများပင် မထိန်းချုပ်နိုင်အောင် မြင့်တက်လာခဲ့သည်။ သို့ပေမယ့် တစ်ချိန်တည်းမှာပဲ သူ့ရဲ့ပုံစံက ဖော်ပြလို့ပင် မရနိုင်သော ရမ္မက်တို့၏လွှမ်းမိုးခြင်းကို ခံလိုက်ရသလို ဖြစ်သွားပြန်သည်။

ရိုင်းက ကျွန်တော့်ကို နီးနီးကပ်ကပ်စိုက်ကြည့်နေပြီး သူ့အကြည့်တွေက ကျွန်တော့်လည်ပင်းဆီသို့ လျှောကျသွားကာ ကျွန်တော့်တစ်ကိုယ်လုံးထံ၌ အကြည့်တို့ဖြန့်လျက် ရစ်ဝဲနေခဲ့သည်။ သူ့ရဲ့လည်စေ့က အထက်အောက်ကို စုန်ဆန်ဆင်းနေပြီး ခံတွင်းထဲအပြည့်ဖြစ်နေတဲ့တံတွေးတို့ကို မြိုချနေတာကြောင့် ကြက်သီးက ကျွန်တော့်တစ်ကိုယ်လုံး၌ တဖြန်းဖြန်းကို ထသွားသည်။

"ရိုင်း !"

ကျွန်တော်ချက်ချင်းပဲ အနည်းငယ်ပွင့်ဟနေတဲ့ ရင်ဘတ်ကကော်လံစကိုဆွဲယူပြီး မျက်မှောင်ကြုပ်ထားရင်း ရိုင်းထံသို့ အော်ဟစ်မေးလိုက်သည်။

"မသိဘူး ... ငါ မသိဘူး။"

အချိန်အကြာကြီးတိတ်ဆိတ်နေပြီးမှ ရိုင်းက ပုံမှန်မဟုတ်တဲ့ အသံအက်အက်ဖြင့် ပြန်ဖြေလာသည်။

ဒီလိုအမူအရာမျိုးက သေချာပေါက်ကို အပြာကားကြည့်နေရင်းမှ ဖြစ်ပေါ်လာတဲ့အမူအရာမျိုး။ ထို့အပြင် ကျွန်တော်နဲ့ပတ်သတ်ပြီး ရိုင်း တစ်ခုခုသိထားတယ်ဆိုတာ သိနေပေမယ့် ကျွန်တော်ဆက်ပြီးမမေးရဲ။ အကြောင်းအရင်းက အခုရိုင်းရဲ့ခံစားချက်တွေက လုံးဝကိုမတည်မငြိမ်ဖြစ်နေပြီး ကြီးကြီးမားမားကိစ္စတစ်ခုခုကို အချိန်မရွေးလုပ်တော့မည်ပုံပေါ်နေတာကြောင့်ပင်။ ပြီးနောက် သားကောင်ဖြစ်မည့်သူက ကျွန်တော်သာ။ ထို့ကြောင့် သင်လည်း အကျိုးအကြောင်းကို သေသေချာချာတွေးတောနိုင်မယ်ဆိုရင် ... ပါးစပ်ကိုလုံအောင်ပိတ်ထားတာက ပိုကောင်းသည်။ မလွဲဧကန်တော့ အကြောင်းအရာအလုံးစုံကို အနာဂတ်မှာသိရမှာပဲလေ။

"ဒါပေမယ့် လုံခြုံရေးကင်မရာကတော့ သိတယ်။ မနေ့ညက ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ဒီမှာ မင်းကြည့်လို့ရတယ်"

ရိုင်းက သူ့ဘောင်းဘီအိတ်ထဲက အမဲရောင် (hard drive) ကိုရုတ်တရက်ထုတ်ပြီး အိပ်ရာပေါ်သို့ပစ်ပေးကာ ကျွန်တော့်ကို ပြောသည်။ ထိုစကားလုံးတစ်ချို့က စိတ်ဆန္ဒမပါသည့်အတိုင်း သူ့သွားကြားမှနေ၍ ခြစ်ချုပ်ကာ ထွက်လာသည်။

"ကိုယ့်ဘာသာကိုယ်ကြည့်လိုက် ... ကွန်ပျူတာက စားပွဲပေါ်မှာရှိတယ်"

ကျွန်တော်လည်း ရိုင်းပစ်ပေးတဲ့ hard drive ကိုတအံ့တဩနှင့်ကောက်ယူလိုက်သည်။ ကျွန်တော့်နှလုံးသားက ရေးရေးလေးမျှအခုန်မြန်လာပြီး မသိလျှင် စကားပင်မပြောထွက်နိုင်အောင် ဆိုးရွားပြီး ကြောက်လန့်တုန်လှုပ်စရာကောင်းတဲ့ အရာတစ်ခုကို မြင်ရတော့မည့်အတိုင်း ရင်ထဲတလှပ်လှပ်ဖြစ်လာသည်။ ကျွန်တော့်ခေါင်းထဲတွင်လည်း အသံတစ်ခုက စူးစူးရဲရဲအော်ဟစ်နေခဲ့သည်။

'ပစ်ထုတ်လိုက် ... အဝေးကိုပစ်ထုတ်လိုက်၊ မကြည့်နဲ့ ဒက်ရှ်ရှဲရိုး .... မင်းနောင်တရလိမ့်မယ် !'

သို့ပေမယ့် အသံကပိုပိုပြီးကျယ်လာလေ၊ ကျွန်တော့်ရဲ့သိချင်စိတ်ကလည်း ပိုပိုပြီးမြင့်တက်လာလေပင်။ ထိုကဲ့သို့ကွဲလွဲနေတဲ့ခံစားချက်အတွေးတွေကြားမှာ ကွန်ပျူတာကိုဖွင့်ဖို့ ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးလိုက်ပြီး hard drive ကို ကွန်ပျူတာထဲထည့်လိုက်သည်။ မကြာလိုက် ပုံရိပ်တွေက ကွန်ပျူတာပေါ် ဖြည်းဖြည်းချင်းထင်ရှားလာပြီး ဆူညံသံတစ်ချို့လည်း ကြားလာရသည်။ ထို့နောက်တွင်တော့ ကွန်ပျူတာထဲရှိမြင်ကွင်းတွေက ပိုပိုပြီး ကြည်လင်ပြတ်သားလာခဲ့သည်။ 

ကွန်ပျူတာစခရင်လ်ရဲ့ အောက်ဘက် ညာဘက်ထောင့်နားတွင် လူနှစ်ယောက်ရဲ့အရိပ်ပေါ်လာတာကို ကျွန်တော်တွေ့လိုက်သည်။ ထိုသူနှစ်ယောက်က ဒေးဗစ်နဲ့ ကျွန်တော်ပင်။ ကျွန်တော်တို့နှစ်ယောက်က မှန်တံခါးပေါက်ဆီဦးတည်သွားနေပြီး စကားတွေပြောနေသည်။ ပြီးတော့ ဒေးဗစ်နဲ့ ကျွန်တော်က ရေသူထီးမိတ်လိုက်ချိန်ရောက်နေတဲ့အကြောင်း သုံးသပ်ပြောခဲ့တာကိုလည်း ကျွန်တော်မှတ်မိသေးသည်။ မိနစ်အနည်းငယ်ကြာပြီးနောက်မှာ မှန်တံခါး၏အနောက်ဘက်၌ ရေသူထီးပေါ်လာတာကို ကျွန်တော်မြင်ခဲ့ပြီး ကျွန်တော်က မှန်နံရံ၏အပြင်ဘက်မှနေ၍ ရေသူထီးကို စူးစူးစိုက်စိုက်ကြည့်နေခဲ့သည်။ ထိုအချိန်လေးမှာပဲ ကျွန်တော်တို့ရဲ့ လက်ချောင်းငါးချောင်းက မှန်နံရံကိုခြားထားလျက်ပင် အတူတကွပူးကပ်လျက်ဖြစ်သွားသည်။

ကျွန်တော့်ဘေးမှာရှိနေတဲ့ ရိုင်းရဲ့ပြင်းပြလာတဲ့အသက်ရှူသံကို ကျွန်တော်ကြားနေရပြီး စိတ်ထဲတင်းကြပ်နေမှုနဲ့ စခရင်လ်မှာပေါ်ရှိ ရေသူထီးနဲ့ ကျွန်တော့်ရဲ့ပုံရိပ်တွေကို စိုက်ကြည့်နေမိသည့်အလျောက် နှလုံးသားတစ်ခုလုံးကလည်း အပြင်းအထန်ကို ခုန်ပေါက်နေခဲ့သည်။

"ဒေါက် ဒေါက် ဒေါက် ---"

တံခါးခေါက်သံက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ထိုအသံကြောင့် ကျွန်တော်လည်း အသက်ရှူထုတ်လိုက်နိုင်ပြီး စိတ်ထဲတင်းကြပ်မှုတို့ ပြေလျော့သွားသလိုတောင် ခံစားလိုက်ရသည်။ ရိုင်းကတော့ လျင်မြန်တဲ့ခြေလှမ်းတွေနဲ့ ရှေ့တိုးပြီး ကွန်ပျူတာမှ hard drive ကို ဆွဲထုတ်ကာ အခန်းထဲဝင်လာသည့်သူကို အကဲခတ်ပြီးကြည့်လိုက်သည်။

အခန်းတံခါးပွင့်လာပြီးနောက် ငယ်ရွယ်ပြီး ကြည့်ရုံနဲ့တင်အရည်အချင်း၊ ကျွမ်းကျင်မှုရှိသည်ထင်ရသော လူစိမ်းအမျိုးသမီးတစ်ဦးဝင်လာခဲ့သည်။ သူက သုတေသီဝတ်စုံဖြစ်တဲ့ အဖြူရောင်ကုတ်အရှည်ကိုဝတ်ထားပြီး ရင်ဘတ်တွင်လည်း ဝန်ထမ်းတံဆိပ်ငွေရောင်ရင်ထိုးကို တပ်ထားသည်။ သူ၏အနောက်ဘက်တွင်တော့ စစ်သားတစ်ယောက်ကဲ့သို့ဝတ်ထားတဲ့ အရပ်ရှည်ရှည်အမျိုးသားတစ်ဦးရှိနေသည်။ သူတို့နှစ်ယောက်ကိုမြင်လိုက်ရပြီး ကျွန်တော်တင် မှင်သက်နေသည်မဟုတ်ဘဲ ရိုင်းကပါ အံ့အားသင့်ပုံပေါ်နေခဲ့သည်။

" ဗိုလ်မှူးကြီး စာခါရို ! ဘယ်လိုဖြစ်ပြီး ..... "

"ဒီမှာတော့ ဒေါက်တာလို့ပဲခေါ်ပါ ငါ့ရဲ့ ရိုင်းရေ"

ထိုအမျိုးသမီးက လက်ဆွဲနှုတ်ဆက်ဖို့အတွက် ကျွန်တော့်ထံလက်ကမ်းလာပြီး ပြုံးပြသည်။ သူ့ရဲ့မျက်ဝန်းတွေ၌ တောက်ပခြင်းမည်သော ထက်မြက်မှုများလည်း ရှိနေသည်။

"ဆိုတော့ ဒါက St. Petersburg က ဝဲလေ့စ်လေးပဲ ဖြစ်ရမယ်။ တွေ့ရတာဝမ်းသာပါတယ် ငါ့နာမည်က စာခါရို ၊ ဇီဝဗေဒဆိုင်ရာ ထူးခြားဖြစ်တည်မှုရှာဖွေရေးအဖွဲ့အစည်းရဲ့ ဌာနမှူးပါ။(director of the St. Petersburg Institute of Mysterious Creatures)

ပြီးတော့ ရုရှား ရေတပ်ရဲ့ ခုနစ်ယောက်မြောက် ဗိုလ်မှူးကြီး လည်း ဖြစ်တယ် ဆိုပါတော့။ မင်းနဲ့တွေ့ရတာ ဝမ်းသာပါတယ် "

ဘယ်လိုတောင် သာမန်ထက် ထူးခြားလွန်ကဲနေတဲ့ အမျိုးသမီးလဲ။ ကျွန်တော် တကယ်ပဲ ရင်ထဲလှိုက်လှိုက်လှဲလှဲဖြစ်အောင်ကို လေးစားအားကျမိသည်။

"တွေ့ရတာ ဝမ်းသာပါတယ် ..."

ကျွန်တော်က စာခါရိုရဲ့လက်ကို ဆုပ်ကိုင်ပြီး မပီမသဖြစ်နေတဲ့စကားလုံးတွေနဲ့ ပြန်ပြီး တွန့်ဆုတ်စွာ နှုတ်ဆက်လိုက်သည်။

"ကျွန်တော်က St. Petersburg Maritime Academy က စီနီယာကျောင်းသား ဒက်ရှ်ရှဲရိုး ဝဲလေ့စ် ပါ။ စာ ... ဒေါက်တာ စာခါရို .... တွေ့ရတာ ဝမ်းသာပါတယ်။ "

စာခါရိုက ကျွန်တော့်ကို ခေါင်းညိမ့်ပြပြီး အနည်းငယ်စိတ်ရှုပ်ထွေးနေဟန်ပေါ်ပေမယ့် သူ့ရဲ့စကားသံက တည်ငြိမ်နေခဲ့သည်။

"မစ္စတာ ဒက်ရှ်ရှဲရိုး၊ ငါ မင်းဆီက သိချင်တဲ့အကြောင်းလေးရှိတယ်။ ပြီး‌တော့ မစ္စတာဒေးဗစ်က အခု သတိမေ့နေတဲ့ အခြေအနေမှာရှိနေပြီး ဒီမှာရှိတဲ့ ဘယ်သူမှ ရေသူထီးအနား မကပ်ရဲကြဘူး ဖြစ်နေတယ်။ "

သူက အိတ်ဆောင် Black Box အသေးကို ထုတ်လိုက်သည်။

"အဲ့ဒီတော့ ငါသိချင်တာက အခုလိုသတိမမေ့ခင် မစ္စတာ ဒေးဗစ်ပြောခဲ့တဲ့ ရေသူထီးက မိတ်လိုက်ချိန်ရောက်နေပြီး မင်းတစ်ယောက်တည်းကပဲ ရေသူထီးနဲ့ ဆက်သွယ်စကားပြောနိုင်တယ် ဆိုတာ အမှန်ပဲလား။ အဲ့လိုသာအမှန်ဆိုရင် ရေသူထီးမိတ်လိုက်နိုင်ဖို့အတွက် မင်းက ငါတို့ကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်မိတယ်။"

ကျွန်တော့်အာရုံကြောအားလုံး ခုန်ပေါက်ထွက်သွားပြီး တစ်စုံတစ်ခုကို ချက်ချင်းခန့်မှန်းမိကာ စာခါရိုကိုမေးလိုက်သည်။

"မိတ်လိုက်ဖို့ ? ခင်များတို့ ရေသူမကို ဖမ်းမိခဲ့လို့လား။"

စာခါရိုက ခေါင်းခါပြသည်။ " ပုံစံတူဖန်တီးထားတဲ့ မျိုးစိတ်ပါ။ ဒီသုတေသနဌာနက ရေသူမကို အရင်ကဖမ်းမိခဲ့ပေမယ့် ရေသူမက အရမ်းအားနည်းပြီး အသက်ရှင်နိုင်ချေလည်း တော်တော်လေးနည်းခဲ့တာကြောင့် ဖမ်းမိပြီး ရက်အနည်းငယ်အတွင်းမှာပဲ သေသွားတယ်။ အခု ပုံစံတူဖန်းတီးထားတဲ့မျိုးစိတ်က တစ်နှစ်လောက်ပဲ အသက်ရှင်နိုင်ပြီး ဒီနေ့နဲ့တွက်ရင် သူသေဖို့ကတစ်ပတ်တောင်မလိုတော့ဘူး."

"ကျွန်‌တော် လုပ်မယ် !"

ရင်ဘတ်အတွင်းဖြစ်ပေါ်နေတဲ့ စိတ်လှုပ်ရှားမှုတွေကို ဖုံးကွယ်ပြီး ကျွန်တော်ချက်ချင်းပြန်ဖြေလိုက်သည်။ ရေသူထီးရဲ့ မျိုးပွားခြင်းဖြစ်စဉ်ကို ကျွန်တော့်မျက်လုံးနဲ့ ကိုယ်တိုင်မြင်တွေ့ခွင့်ရပြီး ပါဝင်ကူညီခွင့်ပါ ရတယ်' ဆိုတာက ဘယ်လောက်တောင် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စလဲ။ အဲ့ဒီအပြင် လူသားမျိုးနွယ်ဖြစ်တဲ့ ကျွန်တော့်ထံ၌ စိတ်ယိုင်နေခြင်းကို အာရုံပြောင်းသွားစေပြီး မှားယွင်းတဲ့ မိတ်လိုက်ဖော်ရွေးချယ်နေတဲ့ အက်ဂ်ရေ့စ်ရဲ့ အတွေးကို ပြောင်းလဲနိုင်မယ့် အခွင့်အရေးလည်း ဖြစ်နေသည်။ ....

ထိုအတွေးက ကျွန်တော့်စိတ်ထဲပေါ်လာသည်နှင့် တစ်ပြိုင်နက် ‌ကာမဆက်ဆံခြင်းမှဖြစ်ပေါ်သော စိတ်ဆန္ဒအနိမ့်အမြင့်က ကျွန်တော့်ကိုယ်တွင်း၌ရုတ်တရက်ဆန်စွာ တလိပ်လိပ်တက်လာခဲ့သည်။ ကျွန်တော့်တင်ပါးကြွက်သားတို့ကလည်း အလွန့်အလွန်မှတောင့်တင်းနေအောင် တင်းကြပ်သွားခဲ့ပြီး ကျွန်တော့်မျက်နှာက ပူလောင်လာကာ သေးငယ်တဲ့ချွေးသီးများပင် နဖူးထက် ဝေ့သီလာခဲ့သည်။ ကြီးစွာသော ရှက်ရွံ့မှုနဲ့ ဒီလိုဖြစ်ရတဲ့ တကယ့်အကြောင်းအရင်းကိုမရှာတွေ့နိုင်ဘဲ ထိုခံစားချက်တွေကသာ ကျွန်တော့်စိတ်ကို ဖိနှိပ်နေခဲ့သည်။

'ဘာဖြစ်တာလဲ။ ဘာဖြစ်သွားတာလဲ ...'

ကျွန်တော့်စိတ်ထဲ မူးဝေသလိုဖြစ်လာပြီး စိုစွတ်ကာ ချွဲကျိသော တစ်စုံတစ်ခုကို ကျွန်တော့်ခြေထောက်နှစ်ချောင်းကြားမှ ခံစားမိခဲ့သည်။ ဆက်၍ မတ်တပ်ရပ်ဖို့ပင် အားမရှိတော့သလို ဖြစ်လာသည်။

'အက် ဂ် ရေ့ စ် '

"ဒက်ရှ်ရှဲရိုး ..... ဒက်ရှ်ရှဲရိုး ... !"

ကျွန်တော့်ခန္ဓာကိုယ်က တုန်လှုပ်မှုတစ်ခုနှင့် ဤကဲ့သို့ အပြုစားခံလိုက်ရသလို စိတ်ညှို့သွားတဲ့အခြေအနေမှ နိုးထလာခဲ့ပြီး ထို့နောက် သတိကပ်တော့မှ ရိုင်းရဲ့လက်မောင်းပေါ် မှီထားတဲ့အဖြစ်ကို သိလိုက်ရသည်။

"မစ္စတာ ဒက်ရှ်ရှဲရိုး၊ မင်း ဘာဖြစ်လို့လဲ။ မင်းမျက်နှာက တော်တော်လေးနီနေတယ် ... အဖျားရှိနေလို့လား။"

စာခါရိုက ကျွန်တော့်နဖူးကိုစမ်းပြီး အဖျားရှိမရှိ စမ်းသပ်နေသည်။ ထိုစဉ် ရိုင်းက ကျွန်တော့်လက်မောင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဗိုလ်ချုပ်ကြီး စာခါရို ...၊ ဆရာတစ်ယောက်အနေနဲ့ ဒက်ရှ်ရှဲရိုးရဲ့ လက်ရှိအခြေအနေကြောင့် ရေသူထီးရဲ့ မျိုးဆက်ပြန့်ပွားရေးကိစ္စမှာ အကူအညီပေးဖို့ ပါဝင်မှာကို ငြင်းဆိုပါရစေ။ အဲ့ဒီအစား ဒေးဗစ်သတိပြန်ရမယ့် အချိန်ကိုသာ စောင့်ဖို့ အကြံပေးပါတယ်"

"ကျွန်တော် ဘာမှမဖြစ်ဘူး။ ဒီအခွင့်အရေးကို လက်မလွှတ်ချင်ဘူး။"

ရိုင်းရဲ့ပွေ့ဖက်ထားမှုမှ ရုန်းထွက်ပြီး ကျွန်တော်ပြန်ဖြေလိုက်သည်။

"မလုပ်ရဘူး !"

ရိုင်းရဲ့ အသံက ပိုပြီးကျယ်လောင်နေခဲ့ပြီး ချုပ်တည်းမှုများဖြင့် လက်သီးကိုဆုပ်ထားရင်းမှ လက်ရှိကြွက်သားတို့မှာ ဖောင်းကြွလာခဲ့သည်။ ဒီအခြေအနေမှာ အကယ်၍ ရိုင်းနဲ့ကျွန်တော်အပြင် တခြားဘယ်သူမှရှိမနေရင် ရိုင်းက သူ့ရဲ့ စစ်တပ်လေ့ကျင့်မှုကရတဲ့ ခွန်အားတွေနဲ့ ကျွန်တော့်ကိုဖိနှိပ်ချုပ်ချယ်မှာကို ကျွန်တော်သိနေသည်။

သို့ပေမယ့် ဗိုလ်ချုပ်ကြီး စာခါရိုလို ရာထူးမြင့်အရာရှိတစ်ယောက်ရှိနေတာက ရိုင်းအတွက် သနားစရာကောင်းနေခဲ့ပြီး သူ့အနေနဲ့ ဗိုလ်ချုပ်ကြီး စာခါရိုရဲ့အမိန့်ကို ဖီဆန်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ချေ။

ကျွန်တော်က စာခါရိုရဲ့အနောက်မှာ ဝင်ပုန်းလိုက်ပြီး ရိုင်းအား ကျွန်တော့်ရဲ့ အရှည်ဆုံးလက်ခလယ်ကို ထောင်ပြလိုက်သည်။ နှုတ်မှလည်း အသံတိတ်ဖြင့် ဆိုလိုက်သည်က

'fuck--u'

"ဒေါက်တာ စာခါရို ၊ ရေသူထီးမိတ်လိုက်မယ့်ကိစ္စကို ကျွန်တော် အကူအညီပေးချင်ပါတယ်"

ကျွန်တော်က အိပ်ရာဘေးမှာရှိတဲ့ အပေါ်ဝတ်ကို ဝတ်လိုက်ပြီး စာခါရိုဘက်လှည့်ကာပြောလိုက်သည်။

________________

Desharow's Merman
Words-3469
Feb/20/2022
Wine.

_________

Note.

ဂရုတစိုက် ရှိကြပါနော်။ ဖျားနာနေကြတယ်။
(အရှေ့က ဒါဗင်ဆိုပြီးရေးထားတာလေ အခု ဒေးဗစ် လို့ y ပြင်ရေးထားတယ်။ )

___________________

For my lovely zawgyi readers.

_________

အခန္း(၁၃)

အခန္းထဲရွိမီးတို႔လင္းလာၿပီးေနာက္ ကြၽန္ေတာ္အလိုအေလ်ာက္ပဲ မ်က္လုံးကိုပိတ္ထားလိုက္မိသည္။ ကြၽန္ေတာ့္ခႏၶာကိုယ္က အေပၚသို႔ျမႇောက္တက္သြားတယ္'လို႔ခံစားလိုက္ရၿပီး ထိုလႈပ္ရွားမႈက နည္းနည္းေတာ့ ခက္ခဲၾကမ္းတမ္းေနခဲ့သည္။

ကြၽန္ေတာ္ေခါင္းကို ခက္ခက္ခဲခဲခါယမ္းလိုက္ၿပီး မ်က္လုံးဖြင့္ၾကည့္လိုက္တဲ့အခါ ကြၽန္ေတာ့္ကို ငုံ႕ၾကည့္ေနတဲ့ ရိုင္းကိုေတြ႕လိုက္ရသည္။ မီးေရာင္က သူ႕ႏွာဖ်ားေနရာနားမွာ ေရာင္ျပန္ဟပ္ေနၿပီး မ်က္ဝန္းအိမ္ထဲ၌ နက္ရွိုင္းတဲ့ အေမွာင္ရိပ္တစ္ခုကို ျဖစ္ေပၚေစကာ အၾကည့္တို႔အား ေၾကာက္လန႔္စရာေကာင္းေနေစခဲ့သည္။ ကြၽန္ေတာ့္အနားေရာက္ေနၿပီျဖစ္တဲ့ ရိုင္းကို သတိေတာင္မထားမိခဲ့ဘူး ... ထို႔အျပင္ ယုံမွားဖြယ္ရာမရွိေအာင္ သူ႕ပုံစံက ေနာက္ထပ္လႈပ္ရွားမႈတစ္ခုမွာပဲ ပစၥတိုကိုဆြဲထုတ္ၿပီး ကြၽန္ေတာ့္ကို ပစ္ေတာ့မည့္အတိုင္း ျဖစ္ေနသည္။

သို႔ေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ ရိုင္းဘာလို႔ ကြၽန္ေတာ့္ကို စိတ္တိုေနလဲ ကြၽန္ေတာ္မသိဘူး။

'ေဒးဗစ္နဲ႕အတူ ေရသူထီးကို သြားၾကည့္ခဲ့လို႔လား။'

ကြၽန္ေတာ့္ကိုေျပာထားတဲ့ ရိုင္းရဲ႕ သတိေပးမႈနဲ႕ အရင္တစ္ခါ မေအာင္ျမင္ခဲ့တဲ့ သူ႕ရဲ႕မေတာ္မတရားျပဳမႈကို ကြၽန္ေတာ္မွတ္မိေနေသးတာေၾကာင့္ ကြၽန္ေတာ္ေၾကာက္ေနခဲ့သည္။

"ကိုယ့္လူ ... မ်က္ႏွာကမဲ့ရႈံ႕ၿပီး ဝမ္းခ်ဳပ္သလိုပုံစံႀကီးျဖစ္ေနတာက ဘာျဖစ္တာလဲ ... ဗိုက္ထဲအဆင္မေျပျဖစ္ေစတဲ့ တစ္ခုခုစားထားလို႔လား။"

ေစာင္ကိုတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားလိုက္ေပမယ့္ မ်က္ႏွာတြင္ေတာ့ အမူအရာမျပဘဲ ဘာမွမျဖစ္သည့္အတိုင္း ဟန္ေဆာင္ၿပီး ကြၽန္ေတာ္ေမးလိုက္သည္။ ထို႔ေနာက္ ကြၽန္ေတာ္ျပန္ၿပီးအိပ္ရာေပၚမလွဲခ်ခင္ ရိုင္းက ကြၽန္ေတာ့္ အကၤ်ီေကာ္လံစကိုဆြဲလိုက္တာေၾကာင့္ ကြၽန္ေတာ့္တစ္ကိုယ္လုံး ေလထဲေျမာက္သြားခဲ့ရသည္။ ကြၽန္ေတာ့္ကို ဝါးၿမိဳပစ္ခ်င္ေနသည့္ အမူအရာႏွင့္ ရိုင္းက ခက္ထန္လြန္းစြာစိုက္ၾကည့္ေနၿပီး ကြၽန္ေတာ့္မ်က္ႏွာထက္ လာၿပီးရိုက္ခတ္ေနတဲ့ အသက္ရႉသံျပင္းျပင္းေၾကာင့္ ကြၽန္ေတာ္ေျဖေလ်ာ့ဖို႔ႀကိဳးစားေနတဲ့ ရိုင္းရဲ႕ေဒါသအေငြ႕အသက္မ်ားကိုပင္ ခံစားမိခဲ့သည္။

အိပ္ခ်င္ေနသည့္စိတ္က ေလထုထဲအေငြ႕ပ်ံသြားတဲ့ မီးခိုးေငြ႕ေတြလိုမ်ိဳး ခ်က္ခ်င္းေပ်ာက္ကြယ္သြားခဲ့သည္။ ကြၽန္ေတာ္ရိုင္းကို ျပန္ၿပီးစိုက္ၾကည့္ေနခဲ့သည္။ လည္ပင္းထဲ၌ အသက္ရႉရခက္ခဲေနေအာင္အထိ တင္းက်ပ္ပိတ္ဆို႔ေနၿပီး သို႔ေပမယ့္ ထိုကဲ့သို႔ေၾကာက္႐ြံ႕တုန္လႈပ္ေနသည့္အျဖစ္ကို ရိုင္း' ျမင္ေအာင္ေတာ့ မျပခဲ့။ မဟုတ္လွ်င္ သူက ဒါကို အခြင့္အေရးယူ အသုံးခ်ေနဦးမည္။

"ဘာကို အ႐ူးလာထေနျပန္တာလဲ မ်ိဳးမစစ္ေကာင္ ... ငါ အခုထိ ေသေသခ်ာခ်ာနိုးေနေသးတာမဟုတ္ဘူး !"

ေဒါသတႀကီးနဲ႕ ေအာ္ဟစ္ပစ္ၿပီးေနာက္ ကြၽန္ေတာ့္ကိုဖမ္းခ်ဳပ္ထားတဲ့ ရိုင္းရဲ႕လက္အတြင္းမွလြတ္ေျမာက္ဖို႔အတြက္ ကြၽန္ေတာ္ႀကိဳးစားလိုက္သည္။ သို႔ေပမယ့္ ရိုင္းက သူ႕အားကိုထပ္မသုံးခဲ့တာေၾကာင့္ အမွတ္မထင္ဘဲ ကြၽန္ေတာ္ အိပ္ရာေပၚသို႔ ျပန္လဲက်သြားခဲ့သည္။ ထိုအခ်ိန္ ဒဏ္ျဖစ္ထားတဲ့ ကြၽန္ေတာ့္ခါးနားတစ္ဝိုက္က မာေက်ာေနတဲ့အိပ္ရာနဲ႕ထိေတြ႕မိၿပီး ထိုမွတစ္ဟုန္ထိုးတက္လာတဲ့ နာက်င္မႈေၾကာင့္ ငယ္သံပါေအာင္ေအာ္ဟစ္မိသည့္အျပင္ ပုဇြန္တစ္ေကာင္ကဲ့သို႔ ကြၽန္ေတာ့္ကိုေကြးေကြးေလးျဖစ္သြားေစသည္။

ရိုင္းက ကြၽန္ေတာ့္လက္ေကာက္ဝတ္ကိုဆြဲၿပီး သူ႕အားမ်က္ႏွာခ်င္းဆိုင္ၾကည့္ေစသည္။ စိတ္မပါျခင္းႏွင့္ ေနာင္တရေနျခင္းတို႔က တြန႔္ဆုတ္ေတြေဝျခင္းမရွိတဲ့ ရိုင္းရဲ႕မ်က္ႏွာေပၚမွာ ထင္ဟပ္ေနသည္။

"ငါ မင္းကို သတိေပးခဲ့တယ္ ဒက္ရွ္ရွဲရိုး ! အႏၲရာယ္မ်ားတဲ့ အဲ့ဒီေရသူထီးအနား မသြားဖို႔ ငါ မင္းကို သတိေပးခဲ့တယ္ ၊ ဘုရားေရ ... မင္း အရင္ဆုံး စိတ္ကိုၿငိမ္ၿငိမ္ထားသင့္တယ္ !"

"စိတ္ၿငိမ္ၿငိမ္ထား ? "

အခုျဖစ္ေနတဲ့ ရိုင္းရဲ႕ပုံစံက အခ်ိန္မေ႐ြးကိုယ့္ကိုယ္ကိုယ္သတ္ေသဖို႔လုပ္ေနတဲ့ စိတ္တည္ၿငိမ္မႈမရွိတဲ့ လူနာကို ေဖ်ာင္းဖ်ေနသည့္အတိုင္းျဖစ္ေနၿပီး ကြၽန္ေတာ့္ကို ေတာ္ေတာ္ေလးထူးဆန္းတယ္လို႔ ခံစားရေစသည္။

"ခင္မ်ား ကြၽန္ေတာ့္ကို နာေအာင္လုပ္ေနတာ ... ဘယ္လိုမွ စိတ္ၿငိမ္ၿငိမ္မထားနိုင္ဘူး "

ကြၽန္ေတာ့္တင္ပါးကိုလက္နဲ႕ပြတ္ရင္း မ်က္ေမွာင္ၾကဳပ္လိုက္ကာ ရိုင္းအား ေစြေစာင္းၾကည့္ရင္း ျပန္ေျပာလိုက္သည္။

သိပ္မၾကာတဲ့အခ်ိန္ေလးမွာ ရိုင္းကအေသအခ်ာႀကီး မွင္သက္ေနခဲ့သည္။ ကြၽန္ေတာ္ကေတာ့ ဒါကို ရိုင္းလက္မွလြတ္ဖို႔ အခြင့္အေရးအျဖစ္အသုံးခ်ၿပီး နာနာက်င္က်င္ႏွင့္ပဲ အိပ္ရာေပၚမွဆင္းလိုက္သည္။ သို႔ေပမယ့္ ကြၽန္ေတာ့္ေျခဖ်ားက ၾကမ္းျပင္ကိုထိလိုက္သည္ႏွင့္ ေျခေထာက္တို႔ေခြယိုင္ၿပီး ၾကမ္းျပင္ေပၚ ဒူးေထာက္က်လဳနီးနီးျဖစ္သြားသည္အထိ ခႏၶာကိုယ္ေအာက္ပိုင္းရွိ နာက်င္မႈက ဆိုးဝါးေနခဲ့သည္။ အဆုံးသတ္မွာ အိပ္ရာကိုမွီထားဖို႔အတြက္ ရိုင္း'၏ေက်ာေနာက္မွဆြဲယူလိုက္သည္ကိုသာ ခံလိုက္ရသည္။ ေျခေထာက္ႏွစ္ဖက္လုံးက အားနည္းၿပီး မသုံးမဝင္ျဖစ္ေနကာ ကုတင္လက္ရန္းကို လက္ျဖင့္ကိုင္ထားရင္းပင္ ကြၽန္ေတာ့္ကိုယ္ကို မလဲသြားေအာင္ထိန္းထားၿပီး တစ္ျခားလက္တစ္ဖက္ကလည္း ေက်ာအေနာက္ဘက္ကို ကိုင္ထားကာ ကြၽန္ေတာ့္မွာ အဘိုးႀကီးတစ္ေယာက္လို ျပဳမူေနရသည္။

"ေသစမ္း ... ဘာျဖစ္လို႔ ဒီေလာက္ေတာင္နာေနရတာလဲ ..." ကိုယ္ကိုကုန္းၿပီး ကြၽန္ေတာ္ညည္းထြားလိုက္သည္။

"နာက်င္တာအျပင္ တျခားဘာမွ မင္းမခံစားရဘူးလား ။ ဒက္ရွ္ရွဲရိုး ... မင္းက မတရားကို တည္ၿငိမ္ေၾကာင္း သ႐ုပ္ေဆာင္ျပေနတာပဲ !"

ရိုင္းက ကြၽန္ေတာ့္ေမးေစ့ကိုဆြဲညွစ္ၿပီး ေမးလာသည္။ ဒါက ေမးရိုးအဆစ္ပင္ျပဳတ္သြားနိုင္ေခ်ရွိၿပီး ကြၽန္ေတာ္ကိုယ္တိုင္လည္း ရိုင္းလက္မွလြတ္ေအာင္မ႐ုန္းနိုင္သလို နာက်င္မႈကပဲ ကြၽန္ေတာ့္မ်က္လုံးေတြကို နီရဲသြားေစခဲ့သည္။ ကြၽန္ေတာ္သိပ္ကို စိတ္တိုေနၿပီး ထိုေဒါသက စိတ္ကိုေလ်ာ့ခ်ထားဖို႔ မျဖစ္နိုင္ေအာင္ထိပင္။

ကုတင္ၾကမ္းခင္းကို အားျပင္းျပင္းနဲ႕ကန္ပစ္လိုက္ၿပီးေနာက္ ထိုအရာက ရိုင္းေျခေထာက္ကိုသြားထိၿပီး ကြၽန္ေတာ္လည္း ထပ္ၿပီးေအာ္ဟစ္လိုက္ျပန္သည္။

"ခင္မ်ားကအ႐ူးပဲ ... ခင္မ်ားက ႐ူးေနတာ ! ဒီကထြက္သြား ... ထြက္သြားၿပီး ကြၽန္ေတာ္နဲ႕ ေဝးေဝးမွာေန !"

ထိုအခ်ိန္ထိ ရိုင္းဘက္က ဘာမွမတုံ႕ျပန္ခဲ့ဘဲ ကုတင္နဲ႕ေစာင့္မိတာေတာင္ သူက ပင္လယ္ေရေမွာ္ပင္နဲ႕ထိေတြ႕လိုက္ရသလိုျဖစ္ေနသည္။ ရိုင္းက ထိုအတိုင္းရပ္ေနၿပီး လႈပ္ရွားမႈမရွိဘဲျဖစ္ေနရာမွ တစ္စုံတစ္ခုကို ႐ုတ္တရက္နားလည္သြားခဲ့သလို ကုတင္ေပၚလက္ေထာက္လိုက္သည္။ ထို႔ေနာက္တြင္ ရိုင္းရဲ႕ပုံစံက တျဖည္းျဖည္းတည္ၿငိမ္လာၿပီး စကၠန႔္အနည္းငယ္ၾကာ တိတ္ဆိတ္ေနၿပီးေနာက္ သူကေျပာလာသည္။

"ဒက္ရွ္ရွဲရိုး ၊ မင္း ငါ့ကို ေျပာ ... မင္း စိတ္ထဲကအတိုင္းလုပ္ခဲ့တာမဟုတ္ဘဲ ခနတာ သတိလက္လြတ္ျဖစ္သြားခဲ့တာ .. ဟုတ္တယ္မလား။"

"ခနတာ သတိလက္လြတ္ျဖစ္တယ္ ?"

ထိုစဥ္ အရာအားလုံးက ကြၽန္ေတာ့္ကိုလည္း ၿငိမ္က်သြားေစခဲ့သည္။

'ဟုတ္တယ္ .. ကြၽန္ေတာ့္မွတ္ဥာဏ္ေတြက တစ္ခုခုမွားေနတာ ။ ၿပီးေတာ့ ျဖစ္နိုင္တာက အဲ့ဒီအခ်ိန္တုန္းကျဖစ္ပ်က္ခဲ့တာေတြနဲ႕ပတ္သတ္ၿပီး ရိုင္းကေတာ့ တစ္ခုခုကိုသိေနလိမ့္မည္'

ကြၽန္ေတာ္ ေခါင္းညိမ့္လိုက္ၿပီး " ကြၽန္ေတာ္ ေတြးမိၿပီ .. ဟုတ္တယ္ ရိုင္း၊ ကြၽန္ေတာ္ေမ့ေနတာကို ခင္မ်ားက သိမွာေပါ့။ ကြၽန္ေတာ့္ဒဏ္ရာကလည္း အဲ့ဒီအခ်ိန္တုန္းက ရခဲ့တာပဲ မလား။"

ရိုင္းက ကြၽန္ေတာ့္အေမးကို ျပန္မေျဖ။ အိပ္ရာေပၚေထာက္ထားတဲ့ လက္ကိုသာ တင္းတင္းၾကပ္ၾကပ္ဆုပ္လိုက္တာေၾကာင့္ သူ႕လက္သီးရာက အိပ္ရာထဲနစ္ဝင္ၿပီး ေခါက္ရိုးရာႀကီးေတာင္ ျဖစ္သြားေစသည္။ ထို႔အျပင္ ရိုင္းရဲ႕မ်က္ႏွာကလည္း သူ႕ကိုေဒါသျဖစ္ေစတဲ့ အေၾကာင္းအရာတစ္ခုခုကို သတိရသြားသည့္အတိုင္း တစ္မ်ိဳးတစ္မည္ထူးဆန္းကာ ေၾကာက္စရာေကာင္းေနခဲ့သည္။ သူက သူ႕ရဲ႕အံကိုႀကိတ္ထားလိုက္တာ နား႐ြက္ေအာက္နားက ပါးခြက္ကအေပၚသို႔ျမင့္တက္လာသည္အထိျဖစ္ေနၿပီး အလြန္အၾကဴးကိုေဒါသထြက္ေနသည့္အတိုင္း အသက္ရႉသံမ်ားပင္ မထိန္းခ်ဳပ္နိုင္ေအာင္ ျမင့္တက္လာခဲ့သည္။ သို႔ေပမယ့္ တစ္ခ်ိန္တည္းမွာပဲ သူ႕ရဲ႕ပုံစံက ေဖာ္ျပလို႔ပင္ မရနိုင္ေသာ ရမၼက္တို႔၏လႊမ္းမိုးျခင္းကို ခံလိုက္ရသလို ျဖစ္သြားျပန္သည္။

ရိုင္းက ကြၽန္ေတာ့္ကို နီးနီးကပ္ကပ္စိုက္ၾကည့္ေနၿပီး သူ႕အၾကည့္ေတြက ကြၽန္ေတာ့္လည္ပင္းဆီသို႔ ေလွ်ာက်သြားကာ ကြၽန္ေတာ့္တစ္ကိုယ္လုံးထံ၌ အၾကည့္တို႔ျဖန႔္လ်က္ ရစ္ဝဲေနခဲ့သည္။ သူ႕ရဲ႕လည္ေစ့က အထက္ေအာက္ကို စုန္ဆန္ဆင္းေနၿပီး ခံတြင္းထဲအျပည့္ျဖစ္ေနတဲ့တံေတြးတို႔ကို ၿမိဳခ်ေနတာေၾကာင့္ ၾကက္သီးက ကြၽန္ေတာ့္တစ္ကိုယ္လုံး၌ တျဖန္းျဖန္းကို ထသြားသည္။

"ရိုင္း !"

ကြၽန္ေတာ္ခ်က္ခ်င္းပဲ အနည္းငယ္ပြင့္ဟေနတဲ့ ရင္ဘတ္ကေကာ္လံစကိုဆြဲယူၿပီး မ်က္ေမွာင္ၾကဳပ္ထားရင္း ရိုင္းထံသို႔ ေအာ္ဟစ္ေမးလိုက္သည္။

"မသိဘူး ... ငါ မသိဘူး။"

အခ်ိန္အၾကာႀကီးတိတ္ဆိတ္ေနၿပီးမွ ရိုင္းက ပုံမွန္မဟုတ္တဲ့ အသံအက္အက္ျဖင့္ ျပန္ေျဖလာသည္။

ဒီလိုအမူအရာမ်ိဳးက ေသခ်ာေပါက္ကို အျပာကားၾကည့္ေနရင္းမွ ျဖစ္ေပၚလာတဲ့အမူအရာမ်ိဳး။ ထို႔အျပင္ ကြၽန္ေတာ္နဲ႕ပတ္သတ္ၿပီး ရိုင္း တစ္ခုခုသိထားတယ္ဆိုတာ သိေနေပမယ့္ ကြၽန္ေတာ္ဆက္ၿပီးမေမးရဲ။ အေၾကာင္းအရင္းက အခုရိုင္းရဲ႕ခံစားခ်က္ေတြက လုံးဝကိုမတည္မၿငိမ္ျဖစ္ေနၿပီး ႀကီးႀကီးမားမားကိစၥတစ္ခုခုကို အခ်ိန္မေ႐ြးလုပ္ေတာ့မည္ပုံေပၚေနတာေၾကာင့္ပင္။ ၿပီးေနာက္ သားေကာင္ျဖစ္မည့္သူက ကြၽန္ေတာ္သာ။ ထို႔ေၾကာင့္ သင္လည္း အက်ိဳးအေၾကာင္းကို ေသေသခ်ာခ်ာေတြးေတာနိုင္မယ္ဆိုရင္ ... ပါးစပ္ကိုလုံေအာင္ပိတ္ထားတာက ပိုေကာင္းသည္။ မလြဲဧကန္ေတာ့ အေၾကာင္းအရာအလုံးစုံကို အနာဂတ္မွာသိရမွာပဲေလ။

"ဒါေပမယ့္ လုံၿခဳံေရးကင္မရာကေတာ့ သိတယ္။ မေန႕ညက ဘာေတြျဖစ္ခဲ့တယ္ဆိုတာကို ဒီမွာ မင္းၾကည့္လို႔ရတယ္"

ရိုင္းက သူ႕ေဘာင္းဘီအိတ္ထဲက အမဲေရာင္ (hard drive) ကို႐ုတ္တရက္ထုတ္ၿပီး အိပ္ရာေပၚသို႔ပစ္ေပးကာ ကြၽန္ေတာ့္ကို ေျပာသည္။ ထိုစကားလုံးတစ္ခ်ိဳ႕က စိတ္ဆႏၵမပါသည့္အတိုင္း သူ႕သြားၾကားမွေန၍ ျခစ္ခ်ဳပ္ကာ ထြက္လာသည္။

"ကိုယ့္ဘာသာကိုယ္ၾကည့္လိုက္ ... ကြန္ပ်ဴတာက စားပြဲေပၚမွာရွိတယ္"

ကြၽန္ေတာ္လည္း ရိုင္းပစ္ေပးတဲ့ hard drive ကိုတအံ့တဩႏွင့္ေကာက္ယူလိုက္သည္။ ကြၽန္ေတာ့္ႏွလုံးသားက ေရးေရးေလးမွ်အခုန္ျမန္လာၿပီး မသိလွ်င္ စကားပင္မေျပာထြက္နိုင္ေအာင္ ဆိုး႐ြားၿပီး ေၾကာက္လန႔္တုန္လႈပ္စရာေကာင္းတဲ့ အရာတစ္ခုကို ျမင္ရေတာ့မည့္အတိုင္း ရင္ထဲတလွပ္လွပ္ျဖစ္လာသည္။ ကြၽန္ေတာ့္ေခါင္းထဲတြင္လည္း အသံတစ္ခုက စူးစူးရဲရဲေအာ္ဟစ္ေနခဲ့သည္။

'ပစ္ထုတ္လိုက္ ... အေဝးကိုပစ္ထုတ္လိုက္၊ မၾကည့္နဲ႕ ဒက္ရွ္ရွဲရိုး .... မင္းေနာင္တရလိမ့္မယ္ !'

သို႔ေပမယ့္ အသံကပိုပိုၿပီးက်ယ္လာေလ၊ ကြၽန္ေတာ့္ရဲ႕သိခ်င္စိတ္ကလည္း ပိုပိုၿပီးျမင့္တက္လာေလပင္။ ထိုကဲ့သို႔ကြဲလြဲေနတဲ့ခံစားခ်က္အေတြးေတြၾကားမွာ ကြန္ပ်ဴတာကိုဖြင့္ဖို႔ ကိုယ့္ကိုယ္ကိုယ္တြန္းအားေပးလိုက္ၿပီး hard drive ကို ကြန္ပ်ဴတာထဲထည့္လိုက္သည္။ မၾကာလိုက္ ပုံရိပ္ေတြက ကြန္ပ်ဴတာေပၚ ျဖည္းျဖည္းခ်င္းထင္ရွားလာၿပီး ဆူညံသံတစ္ခ်ိဳ႕လည္း ၾကားလာရသည္။ ထို႔ေနာက္တြင္ေတာ့ ကြန္ပ်ဴတာထဲရွိျမင္ကြင္းေတြက ပိုပိုၿပီး ၾကည္လင္ျပတ္သားလာခဲ့သည္။ 

ကြန္ပ်ဴတာစခရင္လ္ရဲ႕ ေအာက္ဘက္ ညာဘက္ေထာင့္နားတြင္ လူႏွစ္ေယာက္ရဲ႕အရိပ္ေပၚလာတာကို ကြၽန္ေတာ္ေတြ႕လိုက္သည္။ ထိုသူႏွစ္ေယာက္က ေဒးဗစ္နဲ႕ ကြၽန္ေတာ္ပင္။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္က မွန္တံခါးေပါက္ဆီဦးတည္သြားေနၿပီး စကားေတြေျပာေနသည္။ ၿပီးေတာ့ ေဒးဗစ္နဲ႕ ကြၽန္ေတာ္က ေရသူထီးမိတ္လိုက္ခ်ိန္ေရာက္ေနတဲ့အေၾကာင္း သုံးသပ္ေျပာခဲ့တာကိုလည္း ကြၽန္ေတာ္မွတ္မိေသးသည္။ မိနစ္အနည္းငယ္ၾကာၿပီးေနာက္မွာ မွန္တံခါး၏အေနာက္ဘက္၌ ေရသူထီးေပၚလာတာကို ကြၽန္ေတာ္ျမင္ခဲ့ၿပီး ကြၽန္ေတာ္က မွန္နံရံ၏အျပင္ဘက္မွေန၍ ေရသူထီးကို စူးစူးစိုက္စိုက္ၾကည့္ေနခဲ့သည္။ ထိုအခ်ိန္ေလးမွာပဲ ကြၽန္ေတာ္တို႔ရဲ႕ လက္ေခ်ာင္းငါးေခ်ာင္းက မွန္နံရံကိုျခားထားလ်က္ပင္ အတူတကြပူးကပ္လ်က္ျဖစ္သြားသည္။

ကြၽန္ေတာ့္ေဘးမွာရွိေနတဲ့ ရိုင္းရဲ႕ျပင္းျပလာတဲ့အသက္ရႉသံကို ကြၽန္ေတာ္ၾကားေနရၿပီး စိတ္ထဲတင္းၾကပ္ေနမႈနဲ႕ စခရင္လ္မွာေပၚရွိ ေရသူထီးနဲ႕ ကြၽန္ေတာ့္ရဲ႕ပုံရိပ္ေတြကို စိုက္ၾကည့္ေနမိသည့္အေလ်ာက္ ႏွလုံးသားတစ္ခုလုံးကလည္း အျပင္းအထန္ကို ခုန္ေပါက္ေနခဲ့သည္။

"ေဒါက္ ေဒါက္ ေဒါက္ ---"

တံခါးေခါက္သံက ႐ုတ္တရက္ထြက္ေပၚလာခဲ့သည္။ ထိုအသံေၾကာင့္ ကြၽန္ေတာ္လည္း အသက္ရႉထုတ္လိုက္နိုင္ၿပီး စိတ္ထဲတင္းၾကပ္မႈတို႔ ေျပေလ်ာ့သြားသလိုေတာင္ ခံစားလိုက္ရသည္။ ရိုင္းကေတာ့ လ်င္ျမန္တဲ့ေျခလွမ္းေတြနဲ႕ ေရွ႕တိုးၿပီး ကြန္ပ်ဴတာမွ hard drive ကို ဆြဲထုတ္ကာ အခန္းထဲဝင္လာသည့္သူကို အကဲခတ္ၿပီးၾကည့္လိုက္သည္။

အခန္းတံခါးပြင့္လာၿပီးေနာက္ ငယ္႐ြယ္ၿပီး ၾကည့္႐ုံနဲ႕တင္အရည္အခ်င္း၊ ကြၽမ္းက်င္မႈရွိသည္ထင္ရေသာ လူစိမ္းအမ်ိဳးသမီးတစ္ဦးဝင္လာခဲ့သည္။ သူက သုေတသီဝတ္စုံျဖစ္တဲ့ အျဖဴေရာင္ကုတ္အရွည္ကိုဝတ္ထားၿပီး ရင္ဘတ္တြင္လည္း ဝန္ထမ္းတံဆိပ္ေငြေရာင္ရင္ထိုးကို တပ္ထားသည္။ သူ၏အေနာက္ဘက္တြင္ေတာ့ စစ္သားတစ္ေယာက္ကဲ့သို႔ဝတ္ထားတဲ့ အရပ္ရွည္ရွည္အမ်ိဳးသားတစ္ဦးရွိေနသည္။ သူတို႔ႏွစ္ေယာက္ကိုျမင္လိုက္ရၿပီး ကြၽန္ေတာ္တင္ မွင္သက္ေနသည္မဟုတ္ဘဲ ရိုင္းကပါ အံ့အားသင့္ပုံေပၚေနခဲ့သည္။

" ဗိုလ္မႉးႀကီး စာခါရို ! ဘယ္လိုျဖစ္ၿပီး ..... "

"ဒီမွာေတာ့ ေဒါက္တာလို႔ပဲေခၚပါ ငါ့ရဲ႕ ရိုင္းေရ"

ထိုအမ်ိဳးသမီးက လက္ဆြဲႏႈတ္ဆက္ဖို႔အတြက္ ကြၽန္ေတာ့္ထံလက္ကမ္းလာၿပီး ၿပဳံးျပသည္။ သူ႕ရဲ႕မ်က္ဝန္းေတြ၌ ေတာက္ပျခင္းမည္ေသာ ထက္ျမက္မႈမ်ားလည္း ရွိေနသည္။

"ဆိုေတာ့ ဒါက St. Petersburg က ဝဲေလ့စ္ေလးပဲ ျဖစ္ရမယ္။ ေတြ႕ရတာဝမ္းသာပါတယ္ ငါ့နာမည္က စာခါရို ၊ ဇီဝေဗဒဆိုင္ရာ ထူးျခားျဖစ္တည္မႈရွာေဖြေရးအဖြဲ႕အစည္းရဲ႕ ဌာနမႉးပါ။(director of the St. Petersburg Institute of Mysterious Creatures)

ၿပီးေတာ့ ႐ုရွား ေရတပ္ရဲ႕ ခုနစ္ေယာက္ေျမာက္ ဗိုလ္မႉးႀကီး လည္း ျဖစ္တယ္ ဆိုပါေတာ့။ မင္းနဲ႕ေတြ႕ရတာ ဝမ္းသာပါတယ္ "

ဘယ္လိုေတာင္ သာမန္ထက္ ထူးျခားလြန္ကဲေနတဲ့ အမ်ိဳးသမီးလဲ။ ကြၽန္ေတာ္ တကယ္ပဲ ရင္ထဲလွိုက္လွိုက္လွဲလွဲျဖစ္ေအာင္ကို ေလးစားအားက်မိသည္။

"ေတြ႕ရတာ ဝမ္းသာပါတယ္ ..."

ကြၽန္ေတာ္က စာခါရိုရဲ႕လက္ကို ဆုပ္ကိုင္ၿပီး မပီမသျဖစ္ေနတဲ့စကားလုံးေတြနဲ႕ ျပန္ၿပီးတြန႔္ဆုတ္စြာ ႏႈတ္ဆက္လိုက္သည္။

"ကြၽန္ေတာ္က St. Petersburg Maritime Academy က စီနီယာေက်ာင္းသား ဒက္ရွ္ရွဲရိုး ဝဲေလ့စ္ ပါ။ စာ ... ေဒါက္တာ စာခါရို .... ေတြ႕ရတာ ဝမ္းသာပါတယ္။ "

စာခါရိုက ကြၽန္ေတာ့္ကို ေခါင္းညိမ့္ျပၿပီး အနည္းငယ္စိတ္ရႈပ္ေထြးေနဟန္ေပၚေပမယ့္ သူ႕ရဲ႕စကားသံက တည္ၿငိမ္ေနခဲ့သည္။

"မစၥတာ ဒက္ရွ္ရွဲရိုး၊ ငါ မင္းဆီက သိခ်င္တဲ့အေၾကာင္းေလးရွိတယ္။ ၿပီး‌ေတာ့ မစၥတာေဒးဗစ္က အခု သတိေမ့ေနတဲ့ အေျခအေနမွာရွိေနၿပီး ဒီမွာရွိတဲ့ ဘယ္သူမွ ေရသူထီးအနား မကပ္ရဲၾကဘူး ျဖစ္ေနတယ္။ "

သူက အိတ္ေဆာင္ Black Box အေသးကို ထုတ္လိုက္သည္။

"အဲ့ဒီေတာ့ ငါသိခ်င္တာက အခုလိုသတိမေမ့ခင္ မစၥတာ ေဒးဗစ္ေျပာခဲ့တဲ့ ေရသူထီးက မိတ္လိုက္ခ်ိန္ေရာက္ေနၿပီး မင္းတစ္ေယာက္တည္းကပဲ ေရသူထီးနဲ႕ ဆက္သြယ္စကားေျပာနိုင္တယ္ ဆိုတာ အမွန္ပဲလား။ အဲ့လိုသာအမွန္ဆိုရင္ ေရသူထီးမိတ္လိုက္နိုင္ဖို႔အတြက္ မင္းက ငါတို႔ကို ကူညီေပးနိုင္မယ္လို႔ ေမွ်ာ္လင့္မိတယ္။"

ကြၽန္ေတာ့္အာ႐ုံေၾကာအားလုံး ခုန္ေပါက္ထြက္သြားၿပီး တစ္စုံတစ္ခုကို ခ်က္ခ်င္းခန႔္မွန္းမိကာ စာခါရိုကိုေမးလိုက္သည္။

"မိတ္လိုက္ဖို႔ ? ခင္မ်ားတို႔ ေရသူမကို ဖမ္းမိခဲ့လို႔လား။"

စာခါရိုက ေခါင္းခါျပသည္။ " ပုံစံတူဖန္တီးထားတဲ့ မ်ိဳးစိတ္ပါ။ ဒီသုေတသနဌာနက ေရသူမကို အရင္ကဖမ္းမိခဲ့ေပမယ့္ ေရသူမက အရမ္းအားနည္းၿပီး အသက္ရွင္နိုင္ေခ်လည္း ေတာ္ေတာ္ေလးနည္းခဲ့တာေၾကာင့္ ဖမ္းမိၿပီး ရက္အနည္းငယ္အတြင္းမွာပဲ ေသသြားတယ္။ အခု ပုံစံတူဖန္းတီးထားတဲ့မ်ိဳးစိတ္က တစ္ႏွစ္ေလာက္ပဲ အသက္ရွင္နိုင္ၿပီး ဒီေန႕နဲ႕တြက္ရင္ သူေသဖို႔ကတစ္ပတ္ေတာင္မလိုေတာ့ဘူး."

"ကြၽန္‌ေတာ္ လုပ္မယ္ !"

ရင္ဘတ္အတြင္းျဖစ္ေပၚေနတဲ့ စိတ္လႈပ္ရွားမႈေတြကို ဖုံးကြယ္ၿပီး ကြၽန္ေတာ္ခ်က္ခ်င္းျပန္ေျဖလိုက္သည္။ ေရသူထီးရဲ႕ မ်ိဳးပြားျခင္းျဖစ္စဥ္ကို ကြၽန္ေတာ့္မ်က္လုံးနဲ႕ ကိုယ္တိုင္ျမင္ေတြ႕ခြင့္ရၿပီး ပါဝင္ကူညီခြင့္ပါ ရတယ္' ဆိုတာက ဘယ္ေလာက္ေတာင္ လုပ္သင့္လုပ္ထိုက္တဲ့ ကိစၥလဲ။ အဲ့ဒီအျပင္ လူသားမ်ိဳးႏြယ္ျဖစ္တဲ့ ကြၽန္ေတာ့္ထံ၌ စိတ္ယိုင္ေနျခင္းကို အာ႐ုံေျပာင္းသြားေစၿပီး မွားယြင္းတဲ့ မိတ္လိုက္ေဖာ္ေ႐ြးခ်ယ္ေနတဲ့ အက္ဂ္ေရ႕စ္ရဲ႕ အေတြးကို ေျပာင္းလဲနိုင္မယ့္ အခြင့္အေရးလည္း ျဖစ္ေနသည္။ ....

ထိုအေတြးက ကြၽန္ေတာ့္စိတ္ထဲေပၚလာသည္ႏွင့္ တစ္ၿပိဳင္နက္ ‌ကာမဆက္ဆံျခင္းမွျဖစ္ေပၚေသာ စိတ္ဆႏၵအနိမ့္အျမင့္က ကြၽန္ေတာ့္ကိုယ္တြင္း၌႐ုတ္တရက္ဆန္စြာ တလိပ္လိပ္တက္လာခဲ့သည္။ ကြၽန္ေတာ့္တင္ပါးႂကြက္သားတို႔ကလည္း အလြန႔္အလြန္မွေတာင့္တင္းေနေအာင္ တင္းၾကပ္သြားခဲ့ၿပီး ကြၽန္ေတာ့္မ်က္ႏွာက ပူေလာင္လာကာ ေသးငယ္တဲ့ေခြၽးသီးမ်ားပင္ နဖူးထက္ ေဝ့သီလာခဲ့သည္။ ႀကီးစြာေသာ ရွက္႐ြံ႕မႈနဲ႕ ဒီလိုျဖစ္ရတဲ့ တကယ့္အေၾကာင္းအရင္းကိုမရွာေတြ႕နိုင္ဘဲ ထိုခံစားခ်က္ေတြကသာ ကြၽန္ေတာ့္စိတ္ကို ဖိႏွိပ္ေနခဲ့သည္။

'ဘာျဖစ္တာလဲ။ ဘာျဖစ္သြားတာလဲ ...'

ကြၽန္ေတာ့္စိတ္ထဲ မူးေဝသလိုျဖစ္လာၿပီး စိုစြတ္ကာ ခြၽဲက်ိေသာ တစ္စုံတစ္ခုကို ကြၽန္ေတာ့္ေျခေထာက္ႏွစ္ေခ်ာင္းၾကားမွ ခံစားမိခဲ့သည္။ ဆက္၍ မတ္တပ္ရပ္ဖို႔ပင္ အားမရွိေတာ့သလို ျဖစ္လာသည္။

'အက္ ဂ္ ေရ႕ စ္ '

"ဒက္ရွ္ရွဲရိုး ..... ဒက္ရွ္ရွဲရိုး ... !"

ကြၽန္ေတာ့္ခႏၶာကိုယ္က တုန္လႈပ္မႈတစ္ခုႏွင့္ ဤကဲ့သို႔ အျပဳစားခံလိုက္ရသလို စိတ္ညွို႔သြားတဲ့အေျခအေနမွ နိုးထလာခဲ့ၿပီး ထို႔ေနာက္ သတိကပ္ေတာ့မွ ရိုင္းရဲ႕လက္ေမာင္းေပၚ မွီထားတဲ့အျဖစ္ကို သိလိုက္ရသည္။

"မစၥတာ ဒက္ရွ္ရွဲရိုး၊ မင္း ဘာျဖစ္လို႔လဲ။ မင္းမ်က္ႏွာက ေတာ္ေတာ္ေလးနီေနတယ္ ... အဖ်ားရွိေနလို႔လား။"

စာခါရိုက ကြၽန္ေတာ့္နဖူးကိုစမ္းၿပီး အဖ်ားရွိမရွိ စမ္းသပ္ေနသည္။ ထိုစဥ္ ရိုင္းက ကြၽန္ေတာ့္လက္ေမာင္းကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္လိုက္ၿပီး ေလသံတိုးတိုးျဖင့္ ေျပာလိုက္သည္။

"ဗိုလ္ခ်ဳပ္ႀကီး စာခါရို ...၊ ဆရာတစ္ေယာက္အေနနဲ႕ ဒက္ရွ္ရွဲရိုးရဲ႕ လက္ရွိအေျခအေနေၾကာင့္ ေရသူထီးရဲ႕ မ်ိဳးဆက္ျပန႔္ပြားေရးကိစၥမွာ အကူအညီေပးဖို႔ ပါဝင္မွာကို ျငင္းဆိုပါရေစ။ အဲ့ဒီအစား ေဒးဗစ္သတိျပန္ရမယ့္ အခ်ိန္ကိုသာ ေစာင့္ဖို႔ အႀကံေပးပါတယ္"

"ကြၽန္ေတာ္ ဘာမွမျဖစ္ဘူး။ ဒီအခြင့္အေရးကို လက္မလႊတ္ခ်င္ဘူး။"

ရိုင္းရဲ႕ေပြ႕ဖက္ထားမႈမွ ႐ုန္းထြက္ၿပီး ကြၽန္ေတာ္ျပန္ေျဖလိုက္သည္။

"မလုပ္ရဘူး !"

ရိုင္းရဲ႕ အသံက ပိုၿပီးက်ယ္ေလာင္ေနခဲ့ၿပီး ခ်ဳပ္တည္းမႈမ်ားျဖင့္ လက္သီးကိုဆုပ္ထားရင္းမွ လက္ရွိႂကြက္သားတို႔မွာ ေဖာင္းႂကြလာခဲ့သည္။ ဒီအေျခအေနမွာ အကယ္၍ ရိုင္းနဲ႕ကြၽန္ေတာ္အျပင္ တျခားဘယ္သူမွရွိမေနရင္ ရိုင္းက သူ႕ရဲ႕ စစ္တပ္ေလ့က်င့္မႈကရတဲ့ ခြန္အားေတြနဲ႕ ကြၽန္ေတာ့္ကိုဖိႏွိပ္ခ်ဳပ္ခ်ယ္မွာကို ကြၽန္ေတာ္သိေနသည္။

သို႔ေပမယ့္ ဗိုလ္ခ်ဳပ္ႀကီး စာခါရိုလို ရာထူးျမင့္အရာရွိတစ္ေယာက္ရွိေနတာက ရိုင္းအတြက္ သနားစရာေကာင္းေနခဲ့ၿပီး သူ႕အေနနဲ႕ ဗိုလ္ခ်ဳပ္ႀကီး စာခါရိုရဲ႕အမိန႔္ကို ဖီဆန္ဖို႔ဆိုတာ ဘယ္လိုမွမျဖစ္နိုင္ေခ်။

ကြၽန္ေတာ္က စာခါရိုရဲ႕အေနာက္မွာ ဝင္ပုန္းလိုက္ၿပီး ရိုင္းအား ကြၽန္ေတာ့္ရဲ႕ အရွည္ဆုံးလက္ခလယ္ကို ေထာင္ျပလိုက္သည္။ ႏႈတ္မွလည္း အသံတိတ္ျဖင့္ ဆိုလိုက္သည္က

'fuck--u'

"ေဒါက္တာ စာခါရို ၊ ေရသူထီးမိတ္လိုက္မယ့္ကိစၥကို ကြၽန္ေတာ္ အကူအညီေပးခ်င္ပါတယ္"

ကြၽန္ေတာ္က အိပ္ရာေဘးမွာရွိတဲ့ အေပၚဝတ္ကို ဝတ္လိုက္ၿပီး စာခါရိုဘက္လွည့္ကာေျပာလိုက္သည္။

________________

Desharow's Merman
Words-3469
Feb/20/2022
Wine.

_________

Note.

ဂ႐ုတစိုက္ ရွိၾကပါေနာ္။ ဖ်ားနာေနၾကတယ္။
(အေရွ႕က ဒါဗင္ဆိုၿပီးေရးထားတာေလ အခု ေဒးဗစ္ လို႔ y ျပင္ေရးထားတယ္။ )

Continue Reading

You'll Also Like

288K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
56K 8.8K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
207K 20.6K 79
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
453K 10.9K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."