"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်"...

By Sayy-Pann-Chi

549K 52.5K 7.7K

ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မ... More

မိတ်ဆက်
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၇)
အပိုင်း(၃၈)
❗Plz Read🙏(for side couple)❗
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
♡︎🌸♡︎
အပိုင်း(၄၃)
အပိုင်း(၄၄)
ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ
❗အသိပေးချက်❗(ဖတ်ပေးပါ🙏)
❗Book Announcement❗

အပိုင်း(၃၆)

8.3K 856 110
By Sayy-Pann-Chi

ကြွရွညင်သာလှသောခြေလှမ်းလေးတွေသည် ရွံ့မြေမာမာခင်းထားသည့်လမ်းလေးထက်တွင် တစ်လှမ်းချင်းတစ်လှမ်းချင်း အရာထင်လျက်ရှိသည်။ပတ်ဝန်းကျင်မှရင်းနှီးသည့်လူတချို့ကိုလည်းအပြုံးလေးနှင့်နှုတ်ဆက်လိုက်သေးသော်လည်း ခြေအစုံကတော့ဖြင့် လိုရာခရီးကိုသာဆက်နေမိသည်။လက်ထဲတွင်တော့ငှက်ပျောရွက်ဖြင့်ထုတ်ထားသည့်အထုပ်လေးတစ်ခု။

မိနစ်အနည်းငယ်မျှလျှောက်ပြီးသည့်အချိန်တွင် မလှမ်းမကမ်းတွင်မြင်နေရသည့်လက်ပံပင်ကြီးက စောလွန်းအလာကိုကြိုတင်စောင့်မျှော်နေဟန်။အကြောင်းအရင်းမရှိခပ်ဖွဖွပြုံးမိသည်။သူသည်လည်းထိုလက်ပံပင်ကြီးလို တစ်စုံတစ်ယောက်ကိုစောင့်မျှော်နေရတာပဲမဟုတ်လား။

ချောက်ကမ်းပါးလိုဖြစ်နေသည့်လက်ပံပင်ကြီးရဲ့ဘေးတစ်ဖက်ခြမ်းတွင် သစ်ပင်ကြီးများကအုပ်အုပ်စိုင်းစိုင်းဖြစ်နေကာ ကောင်းကင်ကြီးနှင့်တောင်တန်းကြီးတွေဟာလည်းပနံသင့်လှသည်။တောင်ပေါ်အလှတရားဟာဤသို့ဤနှယ် ရင်သက်ရှုမောဖွယ်ကောင်းလှပါ၏။

လက်ပံပင်ကြီးအောက်ဝယ်ဖိနပ်လေးခုလို့ထိုင်နေရင်း ဘာရယ်မဟုတ် ငယ်ငယ်တုန်းကကိုကို့ကိုပြောခဲ့ဖူးသည့်စကားလေးကိုပြန်အမှတ်ရမိ၏။

*အစိမ်းရောင်တောင်တန်းကြီးတွေကအပြာရောင်ကောင်းကင်ပြင်ကြီးနဲ့ပေါင်းစပ်လိုက်မှသဘာဝအလှတရားတစ်ခုလိုရင်သပ်ရှုမောစရာကောင်းတာ*

ကိုကိုသိလား...စောလွန်းသက်လယ်ဆိုတဲ့ကျွန်တော်ဟာလည်းပဲ ရာဇခက်ထန်ဆိုတဲ့ကိုကိုနဲ့ပေါင်းစပ်မှ ပျော်ရွှင်ရခြင်းဆိုတဲ့အလှတရားတစ်မျိုးကိုပိုင်ဆိုင်နိုင်တယ်ဆိုတာ...

ကိုကိုသိမှသိပါရဲ့လားလေ...

အနည်းငယ်ရိပ်မိတယ်ဆိုရင်ပဲပြန်လာသင့်ဖို့ကောင်းပါရဲ့ကိုကိုရယ်။တစ်နှစ်ကျော်ဆိုတဲ့အချိန်ကာလကအခြားသူတွေအတွက်မဖြစ်စလောက်လေးဆိုပေမဲ့ လွမ်းနာကျနေရသူတွေအတွက်ကတော့ကမ္ဘာတစ်သိန်းလောက်ကိုကြာတယ်မဟုတ်လား။

ခဏတာလေးပဲချစ်ခွင့်ရခဲ့ပြီး အချိန်အကြာကြီးခွဲနေရတဲ့အခါ နုနယ်တဲ့နှလုံးသားလေးကခံနိုင်ရည်စွမ်းအားမရှိပါ။အလွမ်းတွေကိုထွေးပိုက်လို့အားတင်းပြီးရင်း အားတင်းနေရတာကြောင့် ယဲ့ယဲ့လေးသာရှိတော့သည့်နှလုံးသားကလည်းတဆစ်ဆစ်။

အခုချိန်ကိုကိုသာအနားမှာရှိမယ်ဆိုရင်...

ကိုကို့ပုခုံးထက်ခေါင်းလေးမှီလို့ မျက်စိရှေ့ကတောင်ပေါ်အလှကို လေပြည်နုနုရဲ့အထိအတွေ့ကိုခံစားရင်း ကြည့်ရှုမယ်။

ငှက်ပျောရွက်တွေကိုတစ်လွှာချင်းခွာချလို့ အထဲကသက်လယ်ကိုယ်တိုင်လုပ်ထားတဲ့ မုန့်လိပ်ပြာလေးကို ကိုကို့ကိုအရင်ဦးချပြီးမှ နှစ်ယောက်အတူအရသာရှိရှိစားကြမယ်။

ကောင်းကင်ပြာကြီးထက်မှာလွတ်လပ်စွာပျံသန်းနေတဲ့ငှက်လေးတွေကိုကြည့်ရင်း သက်လယ်တို့နှစ်ယောက်လည်း တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်လို့ လွတ်လွတ်လပ်လပ်ရယ်မောကြမယ်။

တဖြုတ်ဖြုတ်ကြွေကျလာတဲ့လက်ပံပွင့်တစ်ွိင့်ကို ကိုကိုကသက်လယ်ကိုပန်ဆင်ပေးလာတဲ့အခါ မိန်းကလေးတစ်ယောက်လိုဆက်ဆံရကောင်းလားဆိုပြီး ဒီကစွာစိလန်ပိစိလေးကစူပုတ်ပြီးရန်တွေ့ပစ်မယ်။

ကိုကိုကပြန်ချော့တဲ့အခါ ဗိုက်ခေါက်ကြီးကိုလိမ်ဆွဲပြီးမှစိတ်ဆိုးပြေမယ်။

ပြီးရင်...ငယ်ငယ်ကအမှတ်တရတွေအကြောင်းပြောရင်း နွေးနွေးထွေးထွေးပွေ့ဖက်ထားကြမယ်။

ရင်ခုန်ကြည်နူးဖွယ်ကောင်းပြီး နူးညံ့မှုအပေါင်းပျော်ဝင်နေတဲ့ အနမ်းမျိုးဖလှယ်ကြမယ်။

စိတ်ကူးတွေကသိပ်ကိုလှပပါတယ်...လက်တွေ့မဖြစ်နိုင်သေးတာကလွဲရင်ပေါ့။

သက်လယ်တို့ရွာလေးမှာလုံခြုံတယ်ဆိုပေမဲ့ တစ်ခါတစ်ရံတော့ဗုံးသံသေနတ်သံတွေကြားရတယ်ကိုကို။အဲဒီလိုကြားရတိုင်းလည်း နိုင်ငံ့လွတ်လပ်ရေးအတွက်စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ကိုကို့ကိုစိုးရိမ်မိတယ်။ကိုကိုအန္တရာယ်မှကင်းပါရဲ့လားဆိုတဲ့စိတ်ကလေးနဲ့လေ။

ဟင်းးး

ရှူထုတ်လိုက်သည့်လေတွေနှင့်အတူ ကိုကို့ကိုလွမ်းနေသောအလွမ်းတွေ ပါသွားမှာကြောက်ရွံ့မိပါရဲ့။သက်လယ်မှာကိုကို့အငွေ့အသက်ကိုခံစားနိုင်တာဆိုလို့ ဤလွမ်းခြင်းဆိုသော အခွင့်အရေးလေးတစ်ခုပဲရှိတာမဟုတ်လားလေ။

ကျဆင်းတော့မည့်မျက်ရည်ကိုထိန်းလိုက်ရင်း လက်ထဲကငှက်ပျောရွက်ထုတ်လေးကိုဖြည်လိုက်သည်။အထဲရှိမုန့်လိပ်ပြာလေးသုံးချပ်ကစောလွန်းကိုပြုံးပြနေသယောင်။

သုံးချပ်တဲ့ကိုကို...ကိုကိုသာရှိရင် သက်လယ်နှစ်ချပ်စား ကိုယ်တစ်ချပ်ပဲစားမယ်ဆိုပြီးဦးစားပေးဦးမှာမဟုတ်လား။တစ်ဖန် ပြန်လည်ဝဲတတ်လာသည့်မျက်ရည်တချို့။

တစ်ချပ်ကိုခပ်သွက်သွက်ပဲပါးစပ်ထဲကောက်ထည့်လိုက်သည်။ဟိုးအရင်ကကျေးဇူးဆပ်သည့်အနေနှင့် ကိုကို့ကိုကျွေးခဲ့ဖူးသော မုန့်လိပ်ပြာလေးတစ်ချပ်။ကိုကိုပြောဖူးတယ်မဟုတ်လား ကိုကို့အတွက်စားဖူးသမျှမုန့်လိပ်ပြာတွေထဲ အဲဒီတစ်ချပ်ကအရသာအရှိဆုံးဆိုတာ။

သက်လယ်လည်းထိုနည်းလည်းကောင်းပါပဲ။ပါးစပ်ထဲမှာဝါးနေတဲ့မုန့်လိပ်ပြာရဲ့အရသာကိုခံစားနေရမဲ့အစား ကိုကိုနဲ့အတူပွဲစျေးတန်းလျှောက်ရင်းစားခဲ့ဖူးတဲ့ မုန့်လိပ်ပြာရဲ့အရသာကိုသာလွမ်းဆွတ်မိတယ်။

ချစ်ရသူနဲ့အတူစားနေကျမုန့်ကလေးဟာ ချစ်ရသူအနားမှာမရှိတဲ့နောက်ပိုင်း အရသာမရှိတော့ဘူးတဲ့လေ...အချစ်ဟာအဲဒီလောက်တောင်ပဲဆန်းကြယ်ရပါသလား။

ဘယ်အချိန်လဲဟင်...ကိုကိုပြန်လာမယ်ဆိုတဲ့အချိန်ကဘယ်အချိန်လဲ။အဝေးမှာရှိနေတဲ့အန္တရာယ်ကြားထဲကလူကို မမျှော်သင့်မှန်းသိပေမဲ့ သက်လယ်ခံစားချက်တွေကိုမထိန်းချုပ်နိုင်သေးဘူးကိုကိုရယ်...

မျှော်တော်ယောင်လေးသက်လယ်ကစောင့်နေဆဲမို့ စစ်ပွဲကြီးအမြန်ဆုံးပြီးပြီး အန္တရာယ်ကင်းကင်းနဲ့ပြန်လာခဲ့ပါတော့ကိုကို။

လက်ပံပွင့်လေးတစ်ပွင့်က လေဆန်ကိုတိုးကာ အထက်ကောင်းကင်သို့လွင့်မြောသွားသည်။တစ်စုံတစ်ယောက်၏အလွမ်းတွေကိုသယ်ဆောင်လို့ တစ်ယောက်တစ်ယောက်ထံပို့ပေးနိုင်ပါစေ။သိပ်ချစ်ကြသူနှစ်ယောက် အမြန်ဆုံးပြန်လည်ဆုံဆည်းနိုင်ဖို့အတွက်ပေါ့။

<<<<<<
>>>>>>

များစွာသောသူရဲကောင်းကြယ်ပွင့်လေးတွေမြေခပြီး...များစွာသောကလေးငယ်တွေအဖမဲ့ဖြစ်ကာ များစွာသောမိခင်တွေဟာလည်းသားဖြစ်သူအတွက်ရင်ထုမနာငိုကြွေးခဲ့ရပြီးနောက်တွင်တော့ စစ်ပွဲကြီးဟာလည်းပြီးဆုံးသွားချေပြီ။

ရန်သူ့ဘက်မှ ကျဆုံးသူ၈၈၂၆ယောက်၊ဒဏ်ရာရရှိသူ၂၃၀၄ယောက်နှင့် စစ်သုံ့ပန်း၂၁၈ဖြင့် မြန်မာတို့၏ဂျပန်တော်လှန်ရေးကြီးဟာ အောင်မြင်ခဲ့လေတော့သည်။

.
.

'လေးစား..ပါတယ်.. ဗိုလ်..ကြီး'

ခပ်လှမ်းလှမ်းရှိတပည့်ဖြစ်သူသော်ကမှလွဲ၍ စစ်သင်္ချိုင်းထဲတွင်မည်သူမှရှိမနေတာကြောင့် ရာဇကျဆင်းလာသည့်မျက်ရည်တချို့ကိုမသုတ်ဖယ်မိ။

ထိုစကား... တပ်မှူးစိန်ပေါနောက်ဆုံးပြောသွားခဲ့သည့်စကားကိုပြန်လည်ကြားယောင်မိသည်။ဆေးရုံကုတင်ထက်မှာ သေနတ်ဒဏ်ရာတွေဗုံးမှန်သည့်ဒဏ်ရာတွေနှင့် ရာဇကိုမရမကအလေးပြုသွားခဲ့သည့်တပ်မှူးစိန်ပေါ။

တကယ်ဆိုရင် လေးစားဖို့ကောင်းတဲ့သူဟာခင်ဗျားပါတပ်မှူးစိန်ပေါ။ခင်ဗျားဘာ့ကြောင့်မူးယစ်ဆေးဝါးဖြန့်တဲ့အလုပ်ကိုလုပ်ခဲ့ရတာလဲမသိပေမဲ့ အချိန်မှီလမ်းမှန်ကိုလျှောက်ပြီး အခုလည်းနိုင်ငံအတွက်တိုက်ပွဲဝင်သွားနိုင်ခဲ့တယ်။ခင်ဗျားတာဝန်ကျေပါတယ်ဗျာ။

စိတ်ထဲကနေတပ်မှူးစိန်ပေါအားရည်ရွယ်ကာပြောရင်း စစ်သင်္ချိုင်းအတွင်းရှိကျောက်တိုင်တစ်ခုရှေ့တွင် ရာဇအလေးပြုလိုက်သည်။

"လေးစားပါတယ် တပ်မှူးစိန်ပေါ"

ထို့နောက် လွတ်လပ်ရေးအတွက်သက်စွန့်ကြိုးပမ်းခဲ့ကြသော်လည်း လွတ်လပ်ရေး၏အနှစ်သာရကိုမခံစားခဲ့ရသည့် နိုင်ငံ့သူရဲကောင်းတွေအားလုံးကိုပါ ရာဇစိတ်ထဲကနေမှန်းဆလို့ ထပ်မံအလေးပြုမိသည်။

.
.

ယနေ့...၁၉၄၅ခုနစ် သြဂုတ်လ,

ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် လူများပျားပန်းခတ်လှုပ်ရှားနေလျက်ရှိသည်။အဘယ့်ကြောင့်ဆိုသော် ယနေ့သည်ဂျပန်တို့တရားဝင်လက်နက်ချခြင်းအခမ်းအနားကျင်းပမည့်နေ့ပင်ဖြစ်သည်။ထို့ကြောင့် တာဝန်ရှိသူအများစုတတ်ရောက်ကြ၏။

ကျစ်!

လက်ထဲကနာရီကိုကြည့်ရင်းရာဇစုတ်သတ်မိ၏။သူလုံးဝစိတ်မရှည်တော့ပါ။ဖင်တကြွကြွဖြစ်နေတာကြောင့် ဘေးမှာထိုင်နေသော အဖေကပါမျက်ထောင့်နီကြီးဖြင့်လှမ်းလှမ်းသတိပေးနေသည်။အဲတာကိုလည်းရာဇဂရုမစိုက်နိုင်။အခမ်းအနားအမြန်ဆုံးပြီးဆုံးဖို့သာဆုတောင်းနေမိသည်။

"မင်းဘယ်လိုဖြစ်နေတာလဲဟေ့ကောင် ဖင်ဂနာမငြိမ်ဘူး"

"အဖေ ဒီပွဲပြီးတာနဲ့ကျွန်တော်သက်လယ်ရှိတဲ့ဆီသွားတော့မှာ"

"သြော် တော်တော်မွေးရကျိုးနပ်တဲ့ကောင်ပဲ အိမ်ကမအေကိုအရင်နှုတ်ဆက်မယ်မရှိဘူး"

"ဟက် အဖေအဲလိုပြောမယ်ဆိုတာသိလို့ ညကတည်းကအမေ့ကိုကန်တော့ပြီးတစ်ခါတည်းနှုတ်ဆက်ခဲ့ပြီးပြီ"

"တော်တော်အကြံကြီးတဲ့ကောင် ဟိုကရေနဲ့တောင်မပက်ရသေးဘူး မင်းကအရင်မီးငြိမ်းနေပြီ မင်းနော်...မင်း"

အဖေ့ရဲ့တိုးတိတိုးတိကြိမ််းမောင်းနေသံကိုရာဇလျစ်လျူရှုလိုက်သည်။အဖေကျတော့ရော အမေက'အစ်ကိုနော်!!'ဆိုတာနဲ့'ကြည့်သဘော'ဖြစ်သွားပြီးတော့များ။

ဒါဟာ...မီးငြိမ်းတာမဟုတ်ဘဲ အချစ်မီးတောက်နေတယ်ဆိုတာ အဖေ့လိုဘိုးတော်ကြီးကသိမှာမဟုတ်ပါဘူးလေ။

ဟင်းဟင်း! ရာဇခက်ထန်ရဲ့အချစ်မီးလေးတောက်လောင်နေတာပေါ့။ဒါပေမဲ့..သက်လယ်ကိုတော့မီးပူဟပ်တာတောင်ခံမည်မဟုတ်ပါ။

ရာဇကသာတစ်ကိုယ်လုံးလောင်ကျွမ်းခံပြီး ချစ်ပေးသွားမှာဖြစ်သည်။

ချစ်တဲ့သက်လယ်လေးနဲ့ပြန်ဆုံရတော့မယ်ဆိုတဲ့အတွေးတို့ဖြင့် ရာဇရဲ့မျက်နှာမှာဖုံးဖိမ ရနိုင်အောင် ပြုံးဖြီးနေမိမှာအသေအချာပင်။

<<<<<<
>>>>>>

"ဟေ့ကောင် ခေါင်ကိုထိသွားတာကွ မင်းငြင်းမယ်မကြံနဲ့"

"မင်းသာငြင်းနေတာ မင်းခြေတစ်လှမ်းခိုးသွားတယ်လေ သံခဲ မင်းလည်းမြင်တယ်မဟုတ်လား"

"ဟုတ်တယ် ကိုကြီးအာဂခြေလှမ်းခိုးတယ်"

"မင်းတို့ကျောက်ဒိုးတွေရှုံးမှာစိုးလို့ ညစ်နေတာမဟုတ်လား"

"ဘာမှမဆိုင်ဘူးအာဂ မင်းခိုးတာကခိုးတာပဲ"

စောလွန်းတို့ ခြံဝိုင်းလေးအတွင်း ကလေးတစ်သိုက်နှင့် ကလေးခေါင်းဆောင်နှစ်ယောက်တို့၏အသံဖြင့်ဆူညံနေတော့သည်။အပြန်ပြန်အလှန်လှန် သူငြင်းကိုယ်ငြင်းနှင့် ကလေးမဟုတ်သူငယ်မဟုတ် ရန်ဖြစ်နေကြသည့်နှစ်ယောက်ကို စောလွန်းကတော့နှစ်ထပ်ပျဥ်ထောင်အိမ်လေး၏အပေါ်ထပ်ဝရံတာမှပြုံးပြီးကြည့်နေမိသည်။တစ်ချိန်ကဓားပြလုပ်ခဲ့ဖူးသည့် လူဆိုးဓားပြလေးတွေကဤသို့လည်းကလေးဆန်တတ်ကြသေး၏။

"အာဂနဲ့မာန ဆော့တာခဏရပ်ပြီးအကိုကြီးနဲ့လိုက်ခဲ့ပါဦး ခရေရိပ်မြုံမှာကလေးတွေကိုသွားကြည့်မလို့"

ဒီကနေ့ကကျောင်းပိတ်ရက်ဖြစ်တာကြောင့်စာသင်စရာတော့မလို။ပျင်းပျင်းရှိနေတာနဲ့ကလေးတွေဆီသွားဖို့သာပြင်လိုက်ခြင်းဖြစ်သည်။ခရေရိပ်မြုံမှာကလုပ်အားပေးအဖွဲ့ရှိနေတာကြောင့် ကလေးတွေအတွက်စိတ်မချဖြစ်ရတာမျိုးတော့မရှိပေ။စောလွန်းဦးဆောင်ပြီးတည်ထောင်ထားခဲ့သည့်ခရေရိပ်မြုံဟာ ကလေးဂေဟာကဲ့သို့ဖြစ်နေတာကြောင့် ရွာသူရွာသားများကလည်းတစ်တပ်တစ်အားလုပ်အားပေးပါဝင်ကြတာဖြစ်သည်။စောလွန်းမအားလပ်သည့်အချိန်တွေဆိုလျှင် ရွာ၏မိန်းမယောင်္ကျားအကုန်ပါသည့်ထိုလုပ်အားပေးအဖွဲ့လေးက ညပါအိပ်ပြီးကလေးတွေကိုစောင့်ရှောက်ပေးလျက်ရှိသည်လေ။

"ဟုတ်ဟုတ် အကိုကြီး"
"ဟုတ်ကဲ့"

ဟုတ်ဟုတ်တွေဟုတ်ကဲ့တွေပြောနေသော်လည်း ကစားပွဲရပ်နားလိုက်ရတာကိုကျေနပ်ဟန်တော့မရှိ။မျက်နှာတွေစူပုတ်ရှုံ့မဲ့နေလိုက်တာများ သံပုရာသီးငုံစားနေသလားအောက်မေ့ရသည်။

ထို့နောက် စောလွန်း၏ဘေးတစ်ဖက်တစ်ချက်ဆီမှာ ငမွှေထိုးလေးနှစ်ယောက်ကနေရာယူလို့ ခြေလှမ်းတို့မှာလည်းခရေရိပ်မြုံလေးဆီသို့။

.
.

"ဟာ ဦး"

ဂေဟာအပေါက်ဝမှာပဲရှိသေးတာတောင် ပြာကလပ်စိန်လေးက စောလွန်းကိုမြင်သည်နဲ့ ကဆုန်ပေါက်ပြီးစောလွန်းဆီကိုပြေးလာသည်။

"အောင်မလေး မယ်နန်းကြာရယ် အရမ်းမပြေးပါနဲ့ ချော်လဲနေမှဖြင့်"

ပြေးလာသည့်ကလေးမကိုချိုင်းမှဆွဲကိုင်ကာ မ'ချီလိုက်ပြီး စိုးရိမ်ဟန်လေးနှင့်ပြောတော့  ကလေးမလေးကဟီးခနဲရယ်ပြလာသည်။

"ဟီး နန်းကြာကဦးကိုလွမ်းလို့ပါ"

"ဟုတ်ရဲ့လား ဦးကိုလွမ်းတာ"

"နန်းကြာမလိမ်ပါဘူးနော် ဦးကိုကတကယ်လွမ်းတာ ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လို့လဲ နန်းကြာရဲ့"

"ဟင့်"

စကားသံလေးတိတ်သွားပြီး မျက်ရည်တွေအိခနဲဝိုင်းလာကာ ရှိုက်သံလေးတစ်ခုဖြင့်စောလွန်းလည်ပင်းကြားထဲမျက်နှာလေးဝှက်လာသည်။ဒါဒီကလေးလေး ဝမ်းနည်းအားငယ်နေတိုင်းလုပ်နေကျအပြုအမူလေးဖြစ်သည်။စောလွန်းကတော့နန်းကြာရဲ့ကျောလေးကိုပွတ်သပ်ပေးရုံသာတတ်နိုင်ပါ၏။စောနကတင် ဟီးခနဲရယ်နေသည့်ကလေးလေးက ဘာကိုများတွေးမိပြီးချက်ချင်းငိုချရပါသလဲ။

"ဦး"

"ပြောလေ သမီး"

"ဟင့် နန်းကြာကဦးကြီးကိုပိုလွမ်းမိတယ်လို့ပြောမလို့ပါ"

"ကလေးရယ်"

ဒီကလေးလေးကကိုကို့ကိုဆို သိပ်ပြီးတွယ်တာသည်။စောလွန်းလိုပဲသူလည်းလွမ်းနေရှာမှာပေါ့။

"ဦးကြီးကနန်းကြာတို့ကိုပစ်သွားတာလားဟင် နန်းကြာတို့ဆီပြန်မလာတော့ဘူးလား"

"ဘယ်ကသာ...နန်းကြာလေးရဲ့ဦးကြီးကကတိတည်တဲ့သူတစ်ယောက်ပါ သူသေချာပေါက်ဦးတို့ဆီကိုပြန်လာမှာ အဲတာကြောင့်နန်းကြာလေးကသမီးရဲ့ဦးကြီးကိုစိတ်ရှည်ရှည်နဲ့စောင့်နေပေးနော်"

ချီထားလျက် ကျောလေးကိုပွတ်ပေးရင်းကလေးကိုထိုစကားတို့ဖြင့်ချော့နေမိသည်။စောလွန်းကိုယ်တိုင်လည်း ထိုအသိနဲ့ပဲအားတင်းနေခဲ့တာမဟုတ်လားလေ။

"ဟင့် ဟုတ်"

"လိမ္မာတယ် ကလေးက"

ကလေးကိုသာအာရုံစိုက်ပြီးချော့မြူနေသောစောလွန်းသည် သူ၏နောက်မှ ထိုမြင်ကွင်းကိုပြုံးလျက်ကြည့်ကာ လှည့်ထွက်သွားသူကိုတော့မမြင်လိုက်ပေ။

မြင်လိုက်ရသည့်အာဂနှင့်မာနမှာသာ ပါးစပ်အဟောင်းသား။သို့သော် တစ်စုံတစ်ယောက်၏'ပြန်မပြောနဲ့'ဟုအဓိပ္ပာယ်ရသည့်အကြည့်စူးစူးတစ်ချက်ကြောင့်သာ ရင်ငုံ့နှုတ်ပိတ်နေနေရတာဖြစ်သည်။

သူတို့ကိစ္စသူတို့ဘာသာရှင်းပါစေလေ။ကိုယ်တွေမျက်စိရှေ့မှာအလွမ်းသယ်နေမှ  အလကားစိတ်ညစ်နေရဦးမယ်။

နှစ်ယောက်လုံး၏စိတ်ထဲဝယ် ထိုသို့တွေးကာ လွန်ခဲ့သည့်မိနစ်အနည်းငယ်ကမြင်လိုက်ရသူကို မမြင်ခဲ့ဘူးလို့သာသတ်မှတ်လိုက်တော့သည်။

<<<<<<
>>>>>>

ခရေရိပ်မြုံကပြန်လာတော့ စောလွန်းခြေတွေလက်တွေအရင်ဆေးလိုက်သည်။ထို့နောက် နောက်ဖေးသို့သွားကာစိုက်ခင်းကိုရေဖြန်းရန်ပြင်လိုက်သည်။

'အိမ်နောက်ဖေးတွင် စျေးဆိုင်တည်'ဆိုသည့်အတိုင်း ခြံအနောက်ဘက်ရှိမြေနေရာလွတ်လေးတွင် စောလွန်းကိုယ်တိုင်စိုက်ပျိုးထားသည့်သီးပင်စားပင်တချို့က ကိုယ်တွေစားလို့လည်းရသလို အနီးနားကအိမ်နီးချင်းတွေကိုပါဝေမျှရန်လည်းလုံလောက်သည်လေ။

ထို့အပြင် စောလွန်းအကြိုက်ခရေပန်းပင်ကြီးတစ်ပင်ဟာလည်းခြံထောင့်တွင်နေရာယူထားသည်။ထိုအပင်ကိုပတ်လည်ဝိုင်းကာဆောက်လုပ်ထားသည့်သစ်သားခုံတန်းကတော့ အာဂနှင့်မာနတို့နှစ်ယောက်၏လက်ရာဖြစ်သည်။အားလပ်ချိန်တချို့တွင် စောလွန်းထိုအပင်လေးအောက်တွင်စာလာလာဖတ်လေ့ရှိပါ၏။

ခရမ်းချဥ်သီးပင်၊ခရမ်းသီးပင်၊ရုံးပတီသီးပင်၊ဘူးသီးပင်အပြင် ငရုတ်သီးပင်ပါအစစ်ရှိသေးသည်။မြေနေရာအရမ်းအကျယ်ကြီးမဟုတ်သော်လည်း ဟိုတစ်စုသည်တစ်စုစိုက်ရာကနေ ယခုကဲ့သို့စုံလင်လာတာဖြစ်သည်။သီးစုံကုလားဟင်းချက်သည့်အခါဆိုလည်း ခြံအနောက်ဘက်စိုက်ခင်းကလာခူးလိုက်တာများသည်။

အပင်အားလုံးကိုရေဖြန်းပြီးတော့မှ ခရေပင်အောက်တွင်ဝင်ထိုင်လိုက်၏။အေးမြသောသစ်ပင်ရိပ်နှင့်မွှေးကြိုင်သည့်ခရေရနံ့တို့က စိတ်ကိုလန်းဆန်းသွားစေသည်။ထို့ကြောင့် စောလွန်းလည်းမောမောနှင့်မှေးခနဲဖြစ်လုဆဲဆဲအချိန်တွင်

"ဗျို့ အကိုကြီးရေ"

ကျယ်လောင်လှသည့်အသံတစ်ခုကြောင့်နိုးလာရတော့သည်။အိပ်ချင်မပြေသေးသောမျက်လုံးကိုဖိပွတ်ရင်းပြန်ကြည့်မိတော့ တရားခံမှာမာန။

"မာန အလန့်တကြားနဲ့ ဘာဖြစ်တာလဲ"

"အာဂ ဟောဟဲ ဟောဟဲ အာဂလေ.."

"အာဂဘာဖြစ်လို့လဲ"

"သူ...သူရန်ဖြစ်နေတယ်"

"ဘာ ဘယ်မှာလဲ ဘယ်သူတွေနဲ့လဲ"

မာနမပြောခင်တံထွေးမြိုချလိုက်သည်။မောနေလို့တော့မဟုတ် ပိုပြီးပီပြင်အောင်သာ။

"တိုးကြီးတို့နဲ့လေ ဟို... အကိုကြီးသွားနေကျလက်ပံပင်အောက်မှာ ချိန်းထိုးတာတဲ့"

တယ်...ဒီအာဂတစ်ကောင်ကတော့။တိုးကြီးဆိုတာအခြားလူမဟုတ် စောလွန်းတို့ရွာ၏ထိပ်တန်းလူဆိုးလူမိုက်စားရင်းထဲကတစ်ယောက်။ဘာကြောင့်များ ချိန်းထိုးတဲ့အထိဖြစ်ရတာလဲမသိ။

"ငါလိုက်သွားလိုက်ပါဦးမယ်"

"ဟာ ခဏ..."

ပါးစပ်ကနေတားလိုက်သော်လည်း သူ့မျက်နှာကတော့ဖြင့်လှစ်ခနဲပြေးသွားသည့်အကိုကြီးကိုကြည့်ပြီး ရယ်ချင်ချင်ဖြစ်နေသည်။

"ဟိုကောင် ထွက်လာခဲ့တော့"

"ဟားဟား လာပါပြီကွ"

တဟားဟားအော်ရယ်ကာ ပုန်းနေသည့်နေရာမှထွက်လာသည့်အာဂ။

"အကိုကြီးကငါ့ကိုတယ်လည်းချစ်သကိုး ချက်ချင်းထပြေးသွားတာပဲကြည့်"

ဂုဏ်ယူဝင့်ကြွားဟန်ဖြင့်ပြောနေသည့်ကောင်ကြောင့် မာနမျက်နှာကြီးရှုံ့မဲ့သွားရသည်။

"ဖြစ်နိုင်တာကိုပြော ဟိုကမင်းပြဿနာရှာမှာဆိုးလို့လိုက်သွားတာနေမှာ"

"မာန မင်းဆိုတဲ့ကောင်ကငါ့ကိုဘယ်တော့မှအကောင်းကိုမမြင်ဘူး"

"လာလာချည်သေး မင်းကရော ငါ့ကိုအကောင်းမြင်ဖူးလို့လား"

အာဂတိတ်သွားသည်။ထို့နောက် တစ်ယောက်နှင့်တစ်ယောက်မိုက်ကြည့်ကြည့်ပြီးမကြာပါ ခွီခနဲထရယ်မိသည်။ဤကဲ့သို့စကားများရန်ဖြစ်သည့်အလုပ်က သူတို့နှစ်ယောက်အတွက်ထမင်းစားရေသောက်ကဲ့သို့ပုံမှန်ပင်ဖြစ်နေပြီဖြစ်သည်။

တစ်ယောက်ကိုတစ်ယောက်ဘယ်သောအခါမှ အကောင်းမပြောကြသော်လည်း အခြားသူများကအကောင်းအဆိုးလာဝေဖန်ပါက တစ်ယောက်အစားတစ်ယောက်နာတတ်ကြသည်သာ။ထုတ်မပြောဖြစ်ပေမဲ့ ရင်ထဲကသံယောဇဥ်တွေကိုတော့ သူတို့အချင်းချင်းနားလည်နေပါသည်လေ။

"ဆရာတို့အဆင်ပြေလောက်မှာပါနော်"

"ပြေလောက်မှာပါ ငါတို့သွားချောင်းကြည့်ကြမလား"

"အေး လာ သော်ကကိုပါခေါ်သွားမယ်"

အတွဲချောင်းဖို့အတွက်ဆိုလျှင် တတ်ညီလက်ညီဖြင့်တစ်ယောက်ပုခုံးတစ်ယောက်ဖက်လိုက်ကြသေးသည်။ထို့နောက်..သူတို့နှစ်ယောက်လည်း သော်ကကိုပါတစ်ခါတည်းခေါ်ချသွားကာ ချစ်သူနှစ်ယောက်အလွမ်းသယ်နေမည့် လက်ပံပင်ကြီးဆီသို့...

.
.

"ဟင် ရန်ဖြစ်နေတယ်ဆိုပြီးဘယ်သူမှလဲမတွေ့ပါလား"

တိတ်ဆိတ်နေသည့်လက်ပံပင်အနီးပတ်ဝန်းကျင်ကြောင့် စောလွန်းမျက်နှာထက်မှာနားမလည်နိုင်မှုများဖြင့်ပြည့်နှက်သွားသည်။မျက်မှောင်လေးကုတ်လို့ ဟိုကြည့်ဒီကြည့်ဖြင့် အာဂကိုလိုက်ရှာကြည့်ပါသော်လည်း ခွေးတစ်ကောင်ကြောင်တစ်မှီးမှမတွေ့သေးပါ။

"စိတ်ညစ်ပါတယ် ဟိုကောင်လေးစနောက်လိုက်တာများလား"

အလောတကြီးပြေးလာမိတာကြောင့်မောဟိုက်ကာအသက်လည်းလုရှူနေရသည်။

"သက်လယ်...."

လေတိုးသံလေးနှင့်အတူပါလာသည့်ခေါ်သံတိုးလျလျကြောင့် စောလွန်းတစ်ကိုယ်လုံးတောင့်ခဲသွားရသည်။လှုပ်ရှားမှုနတ္တိနှင့် ကိုယ့်ဘာသာကြားယောင်မိတာများလားဟုတွေးမိသော်လည်း

"သက်လယ်...."

ထပ်ပြီးအတည်ပြုပေးလိုက်သည့်ခေါ်သံနောက်မှာတော့ မျက်ဝန်းထက်မျက်ရည်ငွေ့တချို့ဖွဲ့သီလို့ အသံလာရာကိုလှည့်ကြည့်မိတော့၏။

ထိုလူသား...

အစဥ်အမြဲတမ်းတလွမ်းဆွတ်နေရပါသော ထိုလူသား...

စောလွန်းရဲ့စိတ်ဝိညာဥ်သာမက နှလုံးသားကိုပါ သူ့မေတ္တာတွေနဲ့ချည်နှောင်ထားခဲ့သော ထိုလူသား...

စောလွန်းကလည်းချစ်ပြီး စောလွန်းကိုလည်းသိပ်ချစ်သော ထိုလူသား...

နောက်ဆုံး...ရှောင်လွှဲမရတဲ့တာဝန်ကြောင့် ခေတ္တခွဲခွာခဲ့ရပါသော ထိုလူသား...

ကိုကိုဆိုတဲ့လူသားဟာ စောလွန်းကိုနူးညံ့စွာပြုံးလျက်ကြည့်နေခဲ့သည်။

"ရင်ခွင်ထဲလာပါလား ကိုယ်သက်လယ်ကိုဖက်ထားချင်လို့"

လက်နှစ်ဖက်ကိုကမ်းလင့်လို့ ရင်ခွင်ကိုဖွင့်ကာ စောလွန်းအားဖိတ်ခေါ်နေသည်။အဘယ်သို့များငြင်းနိုင်ပါအံ့။စောလွန်းလည်း ထိုလူသားကိုရူးလောက်အောင်လွမ်းနေခဲ့ရတာမဟုတ်ပါလား။

"အင့်"

ရင်ခွင်ထဲသို့အင့်ခနဲနေအောင် ပစ်ဝင်တိုးဝှေ့လာသူလေးကို ရာဇတင်းတင်းကြပ်ကြပ်ပြန်ဖက်ထားလိုက်သည်။ချစ်ရသူ၏အငွေ့အသက်လေးဖြစ်သည့်ခရေနံ့လေးကိုခံစားရင်း လွမ်းခဲ့ရသမျှအတိုးချနေမိ၏။

*လွမ်းနေခဲ့တာ ယဥ်ယဥ်လေးနဲ့မွှေးကြိုင်လှတဲ့ဒီရနံ့လေးကို*

ခရေပန်းလေးလိုပဲသက်လယ်ကလည်းယဥ်ယဥ်လေးနဲ့မြတ်နိုးဖွယ်အတိ။

"လွမ်း..လွမ်းနေခဲ့တာ ကိုကို..."

ငိုသံလေးနှောလို့ပြောလာသူလေး...ရာဇပိုတိုးလို့ဖက်လိုက်ရင်း

"ကိုကိုလည်းထပ်တူပါပဲ သက်လယ်ရယ်"

"ဟင့် နောက်တစ်ခါထပ်ပြီးခွဲမသွားရတော့ဘူးနော်"

"ဒါပေါ့ လွမ်းဆွတ်ခြင်းဆိုတဲ့အရာကိုမေ့သွားလောက်အောင်ကို ကိုကိုကသက်လယ်အနားမှာတစ်ဖဝါးမှမခွာဘဲနေသွားတော့မှာ"

လေပြည်လေညင်းလေးတွေက တင်းတင်းကြပ်ကြပ်ဖက်ထားသူနှစ်ယောက်ကြား ဝင်ရောက်ဖြတ်သန်းဖို့ကြိုးစားကြသော်လည်း  အလွမ်းသည်နေသည့်ချစ်သူနှစ်ယောက်ဟာ အကြားအလက်မရှိအောင်ဖက်တွက်ထားကြတာကြောင့် နောက်ဆုံးတော့သူတို့သာအရှုံးပေးလိုက်ကြရတော့သည်။ထို့နောက်...တဝှီးဝှီးနှင့်တိုက်ခတ်ကာ ထိုသူနှစ်ယောက်၏ လှပသောချစ်ခြင်းမေတ္တာကိုဂုဏ်ပြုချီးမြှောက်သွားကြပါသတဲ့။

"လေပြည်လေညှင်းတွေကပြောတယ် သက်လယ်ကကိုယ့်အပိုင်ခရေပန်းကလေးတဲ့ ဟုတ်သလားဗျ"

"ဒါပေါ့ သက်လယ်ကထာဝရကိုကို့အပိုင်ခရေပန်းလေးပါတဲ့ဗျာ"

ချစ်သူနှစ်ယောက်ကိုလက်ပံပင်ကြီးကလည်း ပန်းတွေတဖြုတ်ဖြုတ်ကြွေကျပေးရင်း ကောင်းချီးပေးနေခဲ့သည်။

ကြွေကျနေတဲ့လက်ပံပွင့်တွေကြားမှာ တင်းကြပ်စွာဖက်တွယ်နေခဲ့ကြသည့်လူသားနှစ်ယောက်...

ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ထိုမြင်ကွင်းဟာချစ်ခြင်းမေတ္တာအပြည့် ဖုံးလွှမ်းနေခဲ့လေသတဲ့။

<<<<<<
>>>>>>

side couple တစ်တွဲကျန်ပါသေးတယ်နော် ခန့်မှန်းကြည့် ဘယ်သူတွေဖြစ်မလဲ?❗

ဆေးပန်းချီ🌸

၂၀.၂.၂၀၂၂💜

ႂကြ႐ြညင္သာလွေသာေျခလွမ္းေလးေတြသည္ ႐ြံ႕ေျမမာမာခင္းထားသည့္လမ္းေလးထက္တြင္ တစ္လွမ္းခ်င္းတစ္လွမ္းခ်င္း အရာထင္လ်က္ရွိသည္။ပတ္ဝန္းက်င္မွရင္းႏွီးသည့္လူတခ်ိဳ႕ကိုလည္းအၿပဳံးေလးႏွင့္ႏႈတ္ဆက္လိုက္ေသးေသာ္လည္း ေျခအစုံကေတာ့ျဖင့္ လိုရာခရီးကိုသာဆက္ေနမိသည္။လက္ထဲတြင္ေတာ့ငွက္ေပ်ာ႐ြက္ျဖင့္ထုတ္ထားသည့္အထုပ္ေလးတစ္ခု။

မိနစ္အနည္းငယ္မွ်ေလွ်ာက္ၿပီးသည့္အခ်ိန္တြင္ မလွမ္းမကမ္းတြင္ျမင္ေနရသည့္လက္ပံပင္ႀကီးက ေစာလြန္းအလာကိုႀကိဳတင္ေစာင့္ေမွ်ာ္ေနဟန္။အေၾကာင္းအရင္းမရွိခပ္ဖြဖြၿပဳံးမိသည္။သူသည္လည္းထိုလက္ပံပင္ႀကီးလို တစ္စုံတစ္ေယာက္ကိုေစာင့္ေမွ်ာ္ေနရတာပဲမဟုတ္လား။

ေခ်ာက္ကမ္းပါးလိုျဖစ္ေနသည့္လက္ပံပင္ႀကီးရဲ႕ေဘးတစ္ဖက္ျခမ္းတြင္ သစ္ပင္ႀကီးမ်ားကအုပ္အုပ္စိုင္းစိုင္းျဖစ္ေနကာ ေကာင္းကင္ႀကီးႏွင့္ေတာင္တန္းႀကီးေတြဟာလည္းပနံသင့္လွသည္။ေတာင္ေပၚအလွတရားဟာဤသို႔ဤႏွယ္ ရင္သက္ရႈေမာဖြယ္ေကာင္းလွပါ၏။

လက္ပံပင္ႀကီးေအာက္ဝယ္ဖိနပ္ေလးခုလို႔ထိုင္ေနရင္း ဘာရယ္မဟုတ္ ငယ္ငယ္တုန္းကကိုကို႔ကိုေျပာခဲ့ဖူးသည့္စကားေလးကိုျပန္အမွတ္ရမိ၏။

*အစိမ္းေရာင္ေတာင္တန္းႀကီးေတြကအျပာေရာင္ေကာင္းကင္ျပင္ႀကီးနဲ႕ေပါင္းစပ္လိုက္မွသဘာဝအလွတရားတစ္ခုလိုရင္သပ္ရႈေမာစရာေကာင္းတာ*

ကိုကိုသိလား...ေစာလြန္းသက္လယ္ဆိုတဲ့ကြၽန္ေတာ္ဟာလည္းပဲ ရာဇခက္ထန္ဆိုတဲ့ကိုကိုနဲ႕ေပါင္းစပ္မွ ေပ်ာ္႐ႊင္ရျခင္းဆိုတဲ့အလွတရားတစ္မ်ိဳးကိုပိုင္ဆိုင္နိုင္တယ္ဆိုတာ...

ကိုကိုသိမွသိပါရဲ႕လားေလ...

အနည္းငယ္ရိပ္မိတယ္ဆိုရင္ပဲျပန္လာသင့္ဖို႔ေကာင္းပါရဲ႕ကိုကိုရယ္။တစ္ႏွစ္ေက်ာ္ဆိုတဲ့အခ်ိန္ကာလကအျခားသူေတြအတြက္မျဖစ္စေလာက္ေလးဆိုေပမဲ့ လြမ္းနာက်ေနရသူေတြအတြက္ကေတာ့ကမၻာတစ္သိန္းေလာက္ကိုၾကာတယ္မဟုတ္လား။

ခဏတာေလးပဲခ်စ္ခြင့္ရခဲ့ၿပီး အခ်ိန္အၾကာႀကီးခြဲေနရတဲ့အခါ ႏုနယ္တဲ့ႏွလုံးသားေလးကခံနိုင္ရည္စြမ္းအားမရွိပါ။အလြမ္းေတြကိုေထြးပိုက္လို႔အားတင္းၿပီးရင္း အားတင္းေနရတာေၾကာင့္ ယဲ့ယဲ့ေလးသာရွိေတာ့သည့္ႏွလုံးသားကလည္းတဆစ္ဆစ္။

အခုခ်ိန္ကိုကိုသာအနားမွာရွိမယ္ဆိုရင္...

ကိုကို႔ပုခုံးထက္ေခါင္းေလးမွီလို႔ မ်က္စိေရွ႕ကေတာင္ေပၚအလွကို ေလျပည္ႏုႏုရဲ႕အထိအေတြ႕ကိုခံစားရင္း ၾကည့္ရႈမယ္။

ငွက္ေပ်ာ႐ြက္ေတြကိုတစ္လႊာခ်င္းခြာခ်လိဳ႕ အထဲကသက္လယ္ကိုယ္တိုင္လုပ္ထားတဲ့ မုန့္လိပ္ျပာေလးကို ကိုကို႔ကိုအရင္ဦးခ်ၿပီးမွ ႏွစ္ေယာက္အတူအရသာရွိရွိစားၾကမယ္။

ေကာင္းကင္ျပာႀကီးထက္မွာလြတ္လပ္စြာပ်ံသန္းေနတဲ့ငွက္ေလးေတြကိုၾကည့္ရင္း သက္လယ္တို႔ႏွစ္ေယာက္လည္း တစ္ေယာက္လက္တစ္ေယာက္ဆုပ္ကိုင္လို႔ လြတ္လြတ္လပ္လပ္ရယ္ေမာၾကမယ္။

တျဖဳတ္ျဖဳတ္ေႂကြက်လာတဲ့လက္ပံပြင့္တစ္ြိင့္ကို ကိုကိုကသက္လယ္ကိုပန္ဆင္ေပးလာတဲ့အခါ မိန္းကေလးတစ္ေယာက္လိုဆက္ဆံရေကာင္းလားဆိုၿပီး ဒီကစြာစိလန္ပိစိေလးကစူပုတ္ၿပီးရန္ေတြ႕ပစ္မယ္။

ကိုကိုကျပန္ေခ်ာ့တဲ့အခါ ဗိုက္ေခါက္ႀကီးကိုလိမ္ဆြဲၿပီးမွစိတ္ဆိုးေျပမယ္။

ၿပီးရင္...ငယ္ငယ္ကအမွတ္တရေတြအေၾကာင္းေျပာရင္း ႏြေးႏြေးေထြးေထြးေပြ႕ဖက္ထားၾကမယ္။

ရင္ခုန္ၾကည္ႏူးဖြယ္ေကာင္းၿပီး ႏူးညံ့မႈအေပါင္းေပ်ာ္ဝင္ေနတဲ့ အနမ္းမ်ိဳးဖလွယ္ၾကမယ္။

စိတ္ကူးေတြကသိပ္ကိုလွပပါတယ္...လက္ေတြ႕မျဖစ္နိုင္ေသးတာကလြဲရင္ေပါ့။

သက္လယ္တို႔႐ြာေလးမွာလုံၿခဳံတယ္ဆိုေပမဲ့ တစ္ခါတစ္ရံေတာ့ဗုံးသံေသနတ္သံေတြၾကားရတယ္ကိုကို။အဲဒီလိုၾကားရတိုင္းလည္း နိုင္ငံ့လြတ္လပ္ေရးအတြက္စြမ္းစြမ္းတမံေဆာင္႐ြက္ေနတဲ့ကိုကို႔ကိုစိုးရိမ္မိတယ္။ကိုကိုအႏၱရာယ္မွကင္းပါရဲ႕လားဆိုတဲ့စိတ္ကေလးနဲ႕ေလ။

ဟင္းးး

ရႉထုတ္လိုက္သည့္ေလေတြႏွင့္အတူ ကိုကို႔ကိုလြမ္းေနေသာအလြမ္းေတြ ပါသြားမွာေၾကာက္႐ြံ႕မိပါရဲ႕။သက္လယ္မွာကိုကို႔အေငြ႕အသက္ကိုခံစားနိုင္တာဆိုလို႔ ဤလြမ္းျခင္းဆိုေသာ အခြင့္အေရးေလးတစ္ခုပဲရွိတာမဟုတ္လားေလ။

က်ဆင္းေတာ့မည့္မ်က္ရည္ကိုထိန္းလိုက္ရင္း လက္ထဲကငွက္ေပ်ာ႐ြက္ထုတ္ေလးကိုျဖည္လိုက္သည္။အထဲရွိမုန့္လိပ္ျပာေလးသုံးခ်ပ္ကေစာလြန္းကိုၿပဳံးျပေနသေယာင္။

သုံးခ်ပ္တဲ့ကိုကို...ကိုကိုသာရွိရင္ သက္လယ္ႏွစ္ခ်ပ္စား ကိုယ္တစ္ခ်ပ္ပဲစားမယ္ဆိုၿပီးဦးစားေပးဦးမွာမဟုတ္လား။တစ္ဖန္ ျပန္လည္ဝဲတတ္လာသည့္မ်က္ရည္တခ်ိဳ႕။

တစ္ခ်ပ္ကိုခပ္သြက္သြက္ပဲပါးစပ္ထဲေကာက္ထည့္လိုက္သည္။ဟိုးအရင္ကေက်းဇူးဆပ္သည့္အေနႏွင့္ ကိုကို႔ကိုေကြၽးခဲ့ဖူးေသာ မုန့္လိပ္ျပာေလးတစ္ခ်ပ္။ကိုကိုေျပာဖူးတယ္မဟုတ္လား ကိုကို႔အတြက္စားဖူးသမွ်မုန့္လိပ္ျပာေတြထဲ အဲဒီတစ္ခ်ပ္ကအရသာအရွိဆုံးဆိုတာ။

သက္လယ္လည္းထိုနည္းလည္းေကာင္းပါပဲ။ပါးစပ္ထဲမွာဝါးေနတဲ့မုန့္လိပ္ျပာရဲ႕အရသာကိုခံစားေနရမဲ့အစား ကိုကိုနဲ႕အတူပြဲေစ်းတန္းေလွ်ာက္ရင္းစားခဲ့ဖူးတဲ့ မုန့္လိပ္ျပာရဲ႕အရသာကိုသာလြမ္းဆြတ္မိတယ္။

ခ်စ္ရသူနဲ႕အတူစားေနက်မဳန့္ကေလးဟာ ခ်စ္ရသူအနားမွာမရွိတဲ့ေနာက္ပိုင္း အရသာမရွိေတာ့ဘူးတဲ့ေလ...အခ်စ္ဟာအဲဒီေလာက္ေတာင္ပဲဆန္းၾကယ္ရပါသလား။

ဘယ္အခ်ိန္လဲဟင္...ကိုကိုျပန္လာမယ္ဆိုတဲ့အခ်ိန္ကဘယ္အခ်ိန္လဲ။အေဝးမွာရွိေနတဲ့အႏၱရာယ္ၾကားထဲကလူကို မေမွ်ာ္သင့္မွန္းသိေပမဲ့ သက္လယ္ခံစားခ်က္ေတြကိုမထိန္းခ်ဳပ္နိုင္ေသးဘူးကိုကိုရယ္...

ေမွ်ာ္ေတာ္ေယာင္ေလးသက္လယ္ကေစာင့္ေနဆဲမို႔ စစ္ပြဲႀကီးအျမန္ဆုံးၿပီးၿပီး အႏၱရာယ္ကင္းကင္းနဲ႕ျပန္လာခဲ့ပါေတာ့ကိုကို။

လက္ပံပြင့္ေလးတစ္ပြင့္က ေလဆန္ကိုတိုးကာ အထက္ေကာင္းကင္သို႔လြင့္ေျမာသြားသည္။တစ္စုံတစ္ေယာက္၏အလြမ္းေတြကိုသယ္ေဆာင္လို႔ တစ္ေယာက္တစ္ေယာက္ထံပို႔ေပးနိုင္ပါေစ။သိပ္ခ်စ္ၾကသူႏွစ္ေယာက္ အျမန္ဆုံးျပန္လည္ဆုံဆည္းနိုင္ဖို႔အတြက္ေပါ့။

<<<<<<
>>>>>>

မ်ားစြာေသာသူရဲေကာင္းၾကယ္ပြင့္ေလးေတြေျမခၿပီး...မ်ားစြာေသာကေလးငယ္ေတြအဖမဲ့ျဖစ္ကာ မ်ားစြာေသာမိခင္ေတြဟာလည္းသားျဖစ္သူအတြက္ရင္ထုမနာငိုေႂကြးခဲ့ရၿပီးေနာက္တြင္ေတာ့ စစ္ပြဲႀကီးဟာလည္းၿပီးဆုံးသြားေခ်ၿပီ။

ရန္သူ႕ဘက္မွ က်ဆဳံးသူ၈၈၂၆ေယာက္၊ဒဏ္ရာရရွိသူ၂၃၀၄ေယာက္ႏွင့္ စစ္သုံ႕ပန္း၂၁၈ျဖင့္ ျမန္မာတို႔၏ဂ်ပန္ေတာ္လွန္ေရးႀကီးဟာ ေအာင္ျမင္ခဲ့ေလေတာ့သည္။

.
.

'ေလးစား..ပါတယ္.. ဗိုလ္..ႀကီး'

ခပ္လွမ္းလွမ္းရွိတပည့္ျဖစ္သူေသာ္ကမွလြဲ၍ စစ္သခၤ်ိဳင္းထဲတြင္မည္သူမွရွိမေနတာေၾကာင့္ ရာဇက်ဆင္းလာသည့္မ်က္ရည္တခ်ိဳ႕ကိုမသုတ္ဖယ္မိ။

ထိုစကား... တပ္မႉးစိန္ေပါေနာက္ဆုံးေျပာသြားခဲ့သည့္စကားကိုျပန္လည္ၾကားေယာင္မိသည္။ေဆး႐ုံကုတင္ထက္မွာ ေသနတ္ဒဏ္ရာေတြဗုံးမွန္သည့္ဒဏ္ရာေတြႏွင့္ ရာဇကိုမရမကအေလးျပဳသြားခဲ့သည့္တပ္မႉးစိန္ေပါ။

တကယ္ဆိုရင္ ေလးစားဖို႔ေကာင္းတဲ့သူဟာခင္ဗ်ားပါတပ္မႉးစိန္ေပါ။ခင္ဗ်ားဘာ့ေၾကာင့္မူးယစ္ေဆးဝါးျဖန့္တဲ့အလုပ္ကိုလုပ္ခဲ့ရတာလဲမသိေပမဲ့ အခ်ိန္မွီလမ္းမွန္ကိုေလွ်ာက္ၿပီး အခုလည္းနိုင္ငံအတြက္တိုက္ပြဲဝင္သြားနိုင္ခဲ့တယ္။ခင္ဗ်ားတာဝန္ေက်ပါတယ္ဗ်ာ။

စိတ္ထဲကေနတပ္မႉးစိန္ေပါအားရည္႐ြယ္ကာေျပာရင္း စစ္သခၤ်ိဳင္းအတြင္းရွိေက်ာက္တိုင္တစ္ခုေရွ႕တြင္ ရာဇအေလးျပဳလိုက္သည္။

"ေလးစားပါတယ္ တပ္မႉးစိန္ေပါ"

ထို႔ေနာက္ လြတ္လပ္ေရးအတြက္သက္စြန့္ႀကိဳးပမ္းခဲ့ၾကေသာ္လည္း လြတ္လပ္ေရး၏အႏွစ္သာရကိုမခံစားခဲ့ရသည့္ နိုင္ငံ့သူရဲေကာင္းေတြအားလုံးကိုပါ ရာဇစိတ္ထဲကေနမွန္းဆလို႔ ထပ္မံအေလးျပဳမိသည္။

.
.

ယေန႕...၁၉၄၅ခုနစ္ ၾသဂုတ္လ,

ရန္ကုန္တကၠသိုလ္ဘြဲ႕ႏွင္းသဘင္ခန္းမတြင္ လူမ်ားပ်ားပန္းခတ္လႈပ္ရွားေနလ်က္ရွိသည္။အဘယ့္ေၾကာင့္ဆိုေသာ္ ယေန႕သည္ဂ်ပန္တို႔တရားဝင္လက္နက္ခ်ျခင္းအခမ္းအနားက်င္းပမည့္ေန႕ပင္ျဖစ္သည္။ထို႔ေၾကာင့္ တာဝန္ရွိသူအမ်ားစုတတ္ေရာက္ၾက၏။

က်စ္!

လက္ထဲကနာရီကိုၾကည့္ရင္းရာဇစုတ္သတ္မိ၏။သူလုံးဝစိတ္မရွည္ေတာ့ပါ။ဖင္တႂကြႂကြျဖစ္ေနတာေၾကာင့္ ေဘးမွာထိုင္ေနေသာ အေဖကပါမ်က္ေထာင့္နီႀကီးျဖင့္လွမ္းလွမ္းသတိေပးေနသည္။အဲတာကိုလည္းရာဇဂ႐ုမစိုက္နိုင္။အခမ္းအနားအျမန္ဆုံးၿပီးဆုံးဖို႔သာဆုေတာင္းေနမိသည္။

"မင္းဘယ္လိုျဖစ္ေနတာလဲေဟ့ေကာင္ ဖင္ဂနာမၿငိမ္ဘူး"

"အေဖ ဒီပြဲၿပီးတာနဲ႕ကြၽန္ေတာ္သက္လယ္ရွိတဲ့ဆီသြားေတာ့မွာ"

"ေၾသာ္ ေတာ္ေတာ္ေမြးရက်ိဳးနပ္တဲ့ေကာင္ပဲ အိမ္ကမေအကိုအရင္ႏႈတ္ဆက္မယ္မရွိဘူး"

"ဟက္ အေဖအဲလိုေျပာမယ္ဆိုတာသိလို႔ ညကတည္းကအေမ့ကိုကန္ေတာ့ၿပီးတစ္ခါတည္းႏႈတ္ဆက္ခဲ့ၿပီးၿပီ"

"ေတာ္ေတာ္အႀကံႀကီးတဲ့ေကာင္ ဟိုကေရနဲ႕ေတာင္မပက္ရေသးဘူး မင္းကအရင္မီးၿငိမ္းေနၿပီ မင္းေနာ္...မင္း"

အေဖ့ရဲ႕တိုးတိတိုးတိႀကိမ္္းေမာင္းေနသံကိုရာဇလ်စ္လ်ဴရႈလိုက္သည္။အေဖက်ေတာ့ေရာ အေမက'အစ္ကိုေနာ္!!'ဆိုတာနဲ႕'ၾကည့္သေဘာ'ျဖစ္သြားၿပီးေတာ့မ်ား။

ဒါဟာ...မီးၿငိမ္းတာမဟုတ္ဘဲ အခ်စ္မီးေတာက္ေနတယ္ဆိုတာ အေဖ့လိုဘိုးေတာ္ႀကီးကသိမွာမဟုတ္ပါဘူးေလ။

ဟင္းဟင္း! ရာဇခက္ထန္ရဲ႕အခ်စ္မီးေလးေတာက္ေလာင္ေနတာေပါ့။ဒါေပမဲ့..သက္လယ္ကိုေတာ့မီးပူဟပ္တာေတာင္ခံမည္မဟုတ္ပါ။

ရာဇကသာတစ္ကိုယ္လုံးေလာင္ကြၽမ္းခံၿပီး ခ်စ္ေပးသြားမွာျဖစ္သည္။

ခ်စ္တဲ့သက္လယ္ေလးနဲ႕ျပန္ဆုံရေတာ့မယ္ဆိုတဲ့အေတြးတို႔ျဖင့္ ရာဇရဲ႕မ်က္ႏွာမွာဖုံးဖိမ ရနိုင္ေအာင္ ၿပဳံးၿဖီးေနမိမွာအေသအခ်ာပင္။

<<<<<<
>>>>>>

"ေဟ့ေကာင္ ေခါင္ကိုထိသြားတာကြ မင္းျငင္းမယ္မႀကံနဲ႕"

"မင္းသာျငင္းေနတာ မင္းေျခတစ္လွမ္းခိုးသြားတယ္ေလ သံခဲ မင္းလည္းျမင္တယ္မဟုတ္လား"

"ဟုတ္တယ္ ကိုႀကီးအာဂေျခလွမ္းခိုးတယ္"

"မင္းတို႔ေက်ာက္ဒိုးေတြရႈံးမွာစိုးလို႔ ညစ္ေနတာမဟုတ္လား"

"ဘာမွမဆိုင္ဘူးအာဂ မင္းခိုးတာကခိုးတာပဲ"

ေစာလြန္းတို႔ ၿခံဝိုင္းေလးအတြင္း ကေလးတစ္သိုက္ႏွင့္ ကေလးေခါင္းေဆာင္ႏွစ္ေယာက္တို႔၏အသံျဖင့္ဆူညံေနေတာ့သည္။အျပန္ျပန္အလွန္လွန္ သူျငင္းကိုယ္ျငင္းႏွင့္ ကေလးမဟုတ္သူငယ္မဟုတ္ ရန္ျဖစ္ေနၾကသည့္ႏွစ္ေယာက္ကို ေစာလြန္းကေတာ့ႏွစ္ထပ္ပ်ဥ္ေထာင္အိမ္ေလး၏အေပၚထပ္ဝရံတာမွၿပဳံးၿပီးၾကည့္ေနမိသည္။တစ္ခ်ိန္ကဓားျပလုပ္ခဲ့ဖူးသည့္ လူဆိုးဓားျပေလးေတြကဤသို႔လည္းကေလးဆန္တတ္ၾကေသး၏။

"အာဂနဲ႕မာန ေဆာ့တာခဏရပ္ၿပီးအကိုႀကီးနဲ႕လိုက္ခဲ့ပါဦး ခေရရိပ္ၿမဳံမွာကေလးေတြကိုသြားၾကည့္မလို႔"

ဒီကေန႕ကေက်ာင္းပိတ္ရက္ျဖစ္တာေၾကာင့္စာသင္စရာေတာ့မလို။ပ်င္းပ်င္းရွိေနတာနဲ႕ကေလးေတြဆီသြားဖို႔သာျပင္လိုက္ျခင္းျဖစ္သည္။ခေရရိပ္ၿမဳံမွာကလုပ္အားေပးအဖြဲ႕ရွိေနတာေၾကာင့္ ကေလးေတြအတြက္စိတ္မခ်ျဖစ္ရတာမ်ိဳးေတာ့မရွိေပ။ေစာလြန္းဦးေဆာင္ၿပီးတည္ေထာင္ထားခဲ့သည့္ခေရရိပ္ၿမဳံဟာ ကေလးေဂဟာကဲ့သို႔ျဖစ္ေနတာေၾကာင့္ ႐ြာသူ႐ြာသားမ်ားကလည္းတစ္တပ္တစ္အားလုပ္အားေပးပါဝင္ၾကတာျဖစ္သည္။ေစာလြန္းမအားလပ္သည့္အခ်ိန္ေတြဆိုလွ်င္ ႐ြာ၏မိန္းမေယာကၤ်ားအကုန္ပါသည့္ထိုလုပ္အားေပးအဖြဲ႕ေလးက ညပါအိပ္ၿပီးကေလးေတြကိုေစာင့္ေရွာက္ေပးလ်က္ရွိသည္ေလ။

"ဟုတ္ဟုတ္ အကိုႀကီး"
"ဟုတ္ကဲ့"

ဟုတ္ဟုတ္ေတြဟုတ္ကဲ့ေတြေျပာေနေသာ္လည္း ကစားပြဲရပ္နားလိုက္ရတာကိုေက်နပ္ဟန္ေတာ့မရွိ။မ်က္ႏွာေတြစူပုတ္ရႈံ႕မဲ့ေနလိုက္တာမ်ား သံပုရာသီးငုံစားေနသလားေအာက္ေမ့ရသည္။

ထို႔ေနာက္ ေစာလြန္း၏ေဘးတစ္ဖက္တစ္ခ်က္ဆီမွာ ငေမႊထိုးေလးႏွစ္ေယာက္ကေနရာယူလို႔ ေျခလွမ္းတို႔မွာလည္းခေရရိပ္ၿမဳံေလးဆီသို႔။

.
.

"ဟာ ဦး"

ေဂဟာအေပါက္ဝမွာပဲရွိေသးတာေတာင္ ျပာကလပ္စိန္ေလးက ေစာလြန္းကိုျမင္သည္နဲ႕ ကဆုန္ေပါက္ၿပီးေစာလြန္းဆီကိုေျပးလာသည္။

"ေအာင္မေလး မယ္နန္းၾကာရယ္ အရမ္းမေျပးပါနဲ႕ ေခ်ာ္လဲေနမွျဖင့္"

ေျပးလာသည့္ကေလးမကိုခ်ိဳင္းမွဆြဲကိုင္ကာ မ'ခ်ီလိုက္ၿပီး စိုးရိမ္ဟန္ေလးႏွင့္ေျပာေတာ့ ကေလးမေလးကဟီးခနဲရယ္ျပလာသည္။

"ဟီး နန္းၾကာကဦးကိုလြမ္းလို႔ပါ"

"ဟုတ္ရဲ႕လား ဦးကိုလြမ္းတာ"

"နန္းၾကာမလိမ္ပါဘူးေနာ္ ဦးကိုကတကယ္လြမ္းတာ ဒါေပမဲ့..."

"ဒါေပမဲ့ ဘာျဖစ္လို႔လဲ နန္းၾကာရဲ႕"

"ဟင့္"

စကားသံေလးတိတ္သြားၿပီး မ်က္ရည္ေတြအိခနဲဝိုင္းလာကာ ရွိုက္သံေလးတစ္ခုျဖင့္ေစာလြန္းလည္ပင္းၾကားထဲမ်က္ႏွာေလးဝွက္လာသည္။ဒါဒီကေလးေလး ဝမ္းနည္းအားငယ္ေနတိုင္းလုပ္ေနက်အျပဳအမူေလးျဖစ္သည္။ေစာလြန္းကေတာ့နန္းၾကာရဲ႕ေက်ာေလးကိုပြတ္သပ္ေပး႐ုံသာတတ္နိုင္ပါ၏။ေစာနကတင္ ဟီးခနဲရယ္ေနသည့္ကေလးေလးက ဘာကိုမ်ားေတြးမိၿပီးခ်က္ခ်င္းငိုခ်ရပါသလဲ။

"ဦး"

"ေျပာေလ သမီး"

"ဟင့္ နန္းၾကာကဦးႀကီးကိုပိုလြမ္းမိတယ္လို႔ေျပာမလို႔ပါ"

"ကေလးရယ္"

ဒီကေလးေလးကကိုကို႔ကိုဆို သိပ္ၿပီးတြယ္တာသည္။ေစာလြန္းလိုပဲသူလည္းလြမ္းေနရွာမွာေပါ့။

"ဦးႀကီးကနန္းၾကာတို႔ကိုပစ္သြားတာလားဟင္ နန္းၾကာတို႔ဆီျပန္မလာေတာ့ဘူးလား"

"ဘယ္ကသာ...နန္းၾကာေလးရဲ႕ဦးႀကီးကကတိတည္တဲ့သူတစ္ေယာက္ပါ သူေသခ်ာေပါက္ဦးတို႔ဆီကိုျပန္လာမွာ အဲတာေၾကာင့္နန္းၾကာေလးကသမီးရဲ႕ဦးႀကီးကိုစိတ္ရွည္ရွည္နဲ႕ေစာင့္ေနေပးေနာ္"

ခ်ီထားလ်က္ ေက်ာေလးကိုပြတ္ေပးရင္းကေလးကိုထိုစကားတို႔ျဖင့္ေခ်ာ့ေနမိသည္။ေစာလြန္းကိုယ္တိုင္လည္း ထိုအသိနဲ႕ပဲအားတင္းေနခဲ့တာမဟုတ္လားေလ။

"ဟင့္ ဟုတ္"

"လိမၼာတယ္ ကေလးက"

ကေလးကိုသာအာ႐ုံစိုက္ၿပီးေခ်ာ့ျမဴေနေသာေစာလြန္းသည္ သူ၏ေနာက္မွ ထိုျမင္ကြင္းကိုၿပဳံးလ်က္ၾကည့္ကာ လွည့္ထြက္သြားသူကိုေတာ့မျမင္လိုက္ေပ။

ျမင္လိုက္ရသည့္အာဂႏွင့္မာနမွာသာ ပါးစပ္အေဟာင္းသား။သို႔ေသာ္ တစ္စုံတစ္ေယာက္၏'ျပန္မေျပာနဲ႕'ဟုအဓိပၸာယ္ရသည့္အၾကည့္စူးစူးတစ္ခ်က္ေၾကာင့္သာ ရင္ငုံ႕ႏႈတ္ပိတ္ေနေနရတာျဖစ္သည္။

သူတို႔ကိစၥသူတို႔ဘာသာရွင္းပါေစေလ။ကိုယ္ေတြမ်က္စိေရွ႕မွာအလြမ္းသယ္ေနမွ အလကားစိတ္ညစ္ေနရဦးမယ္။

ႏွစ္ေယာက္လုံး၏စိတ္ထဲဝယ္ ထိုသို႔ေတြးကာ လြန္ခဲ့သည့္မိနစ္အနည္းငယ္ကျမင္လိုက္ရသူကို မျမင္ခဲ့ဘူးလို႔သာသတ္မွတ္လိုက္ေတာ့သည္။

<<<<<<
>>>>>>

ခေရရိပ္ၿမဳံကျပန္လာေတာ့ ေစာလြန္းေျခေတြလက္ေတြအရင္ေဆးလိုက္သည္။ထို႔ေနာက္ ေနာက္ေဖးသို႔သြားကာစိုက္ခင္းကိုေရျဖန္းရန္ျပင္လိုက္သည္။

'အိမ္ေနာက္ေဖးတြင္ ေစ်းဆိုင္တည္'ဆိုသည့္အတိုင္း ၿခံအေနာက္ဘက္ရွိေျမေနရာလြတ္ေလးတြင္ ေစာလြန္းကိုယ္တိုင္စိုက္ပ်ိဳးထားသည့္သီးပင္စားပင္တခ်ိဳ႕က ကိုယ္ေတြစားလို႔လည္းရသလို အနီးနားကအိမ္နီးခ်င္းေတြကိုပါေဝမွ်ရန္လည္းလုံေလာက္သည္ေလ။

ထို႔အျပင္ ေစာလြန္းအႀကိဳက္ခေရပန္းပင္ႀကီးတစ္ပင္ဟာလည္းၿခံေထာင့္တြင္ေနရာယူထားသည္။ထိုအပင္ကိုပတ္လည္ဝိုင္းကာေဆာက္လုပ္ထားသည့္သစ္သားခုံတန္းကေတာ့ အာဂႏွင့္မာနတို႔ႏွစ္ေယာက္၏လက္ရာျဖစ္သည္။အားလပ္ခ်ိန္တခ်ိဳ႕တြင္ ေစာလြန္းထိုအပင္ေလးေအာက္တြင္စာလာလာဖတ္ေလ့ရွိပါ၏။

ခရမ္းခ်ဥ္သီးပင္၊ခရမ္းသီးပင္၊႐ုံးပတီသီးပင္၊ဘူးသီးပင္အျပင္ င႐ုတ္သီးပင္ပါအစစ္ရွိေသးသည္။ေျမေနရာအရမ္းအက်ယ္ႀကီးမဟုတ္ေသာ္လည္း ဟိုတစ္စုသည္တစ္စုစိုက္ရာကေန ယခုကဲ့သို႔စုံလင္လာတာျဖစ္သည္။သီးစုံကုလားဟင္းခ်က္သည့္အခါဆိုလည္း ၿခံအေနာက္ဘက္စိုက္ခင္းကလာခူးလိုက္တာမ်ားသည္။

အပင္အားလုံးကိုေရျဖန္းၿပီးေတာ့မွ ခေရပင္ေအာက္တြင္ဝင္ထိုင္လိုက္၏။ေအးျမေသာသစ္ပင္ရိပ္ႏွင့္ေမႊးႀကိဳင္သည့္ခေရရနံ႕တို႔က စိတ္ကိုလန္းဆန္းသြားေစသည္။ထို႔ေၾကာင့္ ေစာလြန္းလည္းေမာေမာႏွင့္ေမွးခနဲျဖစ္လုဆဲဆဲအခ်ိန္တြင္

"ဗ်ိဳ႕ အကိုႀကီးေရ"

က်ယ္ေလာင္လွသည့္အသံတစ္ခုေၾကာင့္နိုးလာရေတာ့သည္။အိပ္ခ်င္မေျပေသးေသာမ်က္လုံးကိုဖိပြတ္ရင္းျပန္ၾကည့္မိေတာ့ တရားခံမွာမာန။

"မာန အလန့္တၾကားနဲ႕ ဘာျဖစ္တာလဲ"

"အာဂ ေဟာဟဲ ေဟာဟဲ အာဂေလ.."

"အာဂဘာျဖစ္လို႔လဲ"

"သူ...သူရန္ျဖစ္ေနတယ္"

"ဘာ ဘယ္မွာလဲ ဘယ္သူေတြနဲ႕လဲ"

မာနမေျပာခင္တံေထြးၿမိဳခ်လိဳက္သည္။ေမာေနလို႔ေတာ့မဟုတ္ ပိုၿပီးပီျပင္ေအာင္သာ။

"တိုးႀကီးတို႔နဲ႕ေလ ဟို... အကိုႀကီးသြားေနက်လက္ပံပင္ေအာက္မွာ ခ်ိန္းထိုးတာတဲ့"

တယ္...ဒီအာဂတစ္ေကာင္ကေတာ့။တိုးႀကီးဆိုတာအျခားလူမဟုတ္ ေစာလြန္းတို႔႐ြာ၏ထိပ္တန္းလူဆိုးလူမိုက္စားရင္းထဲကတစ္ေယာက္။ဘာေၾကာင့္မ်ား ခ်ိန္းထိုးတဲ့အထိျဖစ္ရတာလဲမသိ။

"ငါလိုက္သြားလိုက္ပါဦးမယ္"

"ဟာ ခဏ..."

ပါးစပ္ကေနတားလိုက္ေသာ္လည္း သူ႕မ်က္ႏွာကေတာ့ျဖင့္လွစ္ခနဲေျပးသြားသည့္အကိုႀကီးကိုၾကည့္ၿပီး ရယ္ခ်င္ခ်င္ျဖစ္ေနသည္။

"ဟိုေကာင္ ထြက္လာခဲ့ေတာ့"

"ဟားဟား လာပါၿပီကြ"

တဟားဟားေအာ္ရယ္ကာ ပုန္းေနသည့္ေနရာမွထြက္လာသည့္အာဂ။

"အကိုႀကီးကငါ့ကိုတယ္လည္းခ်စ္သကိုး ခ်က္ခ်င္းထေျပးသြားတာပဲၾကည့္"

ဂုဏ္ယူဝင့္ႂကြားဟန္ျဖင့္ေျပာေနသည့္ေကာင္ေၾကာင့္ မာနမ်က္ႏွာႀကီးရႈံ႕မဲ့သြားရသည္။

"ျဖစ္နိုင္တာကိုေျပာ ဟိုကမင္းျပႆနာရွာမွာဆိုးလို႔လိုက္သြားတာေနမွာ"

"မာန မင္းဆိုတဲ့ေကာင္ကငါ့ကိုဘယ္ေတာ့မွအေကာင္းကိုမျမင္ဘူး"

"လာလာခ်ည္ေသး မင္းကေရာ ငါ့ကိုအေကာင္းျမင္ဖူးလို႔လား"

အာဂတိတ္သြားသည္။ထို႔ေနာက္ တစ္ေယာက္ႏွင့္တစ္ေယာက္မိုက္ၾကည့္ၾကည့္ၿပီးမၾကာပါ ခြီခနဲထရယ္မိသည္။ဤကဲ့သို႔စကားမ်ားရန္ျဖစ္သည့္အလုပ္က သူတို႔ႏွစ္ေယာက္အတြက္ထမင္းစားေရေသာက္ကဲ့သို႔ပုံမွန္ပင္ျဖစ္ေနၿပီျဖစ္သည္။

တစ္ေယာက္ကိုတစ္ေယာက္ဘယ္ေသာအခါမွ အေကာင္းမေျပာၾကေသာ္လည္း အျခားသူမ်ားကအေကာင္းအဆိုးလာေဝဖန္ပါက တစ္ေယာက္အစားတစ္ေယာက္နာတတ္ၾကသည္သာ။ထုတ္မေျပာျဖစ္ေပမဲ့ ရင္ထဲကသံေယာဇဥ္ေတြကိုေတာ့ သူတို႔အခ်င္းခ်င္းနားလည္ေနပါသည္ေလ။

"ဆရာတို႔အဆင္ေျပေလာက္မွာပါေနာ္"

"ေျပေလာက္မွာပါ ငါတို႔သြားေခ်ာင္းၾကည့္ၾကမလား"

"ေအး လာ ေသာ္ကကိုပါေခၚသြားမယ္"

အတြဲေခ်ာင္းဖို႔အတြက္ဆိုလွ်င္ တတ္ညီလက္ညီျဖင့္တစ္ေယာက္ပုခုံးတစ္ေယာက္ဖက္လိုက္ၾကေသးသည္။ထို႔ေနာက္..သူတို႔ႏွစ္ေယာက္လည္း ေသာ္ကကိုပါတစ္ခါတည္းေခၚခ်သြားကာ ခ်စ္သူႏွစ္ေယာက္အလြမ္းသယ္ေနမည့္ လက္ပံပင္ႀကီးဆီသို႔...

.
.

"ဟင္ ရန္ျဖစ္ေနတယ္ဆိုၿပီးဘယ္သူမွလဲမေတြ႕ပါလား"

တိတ္ဆိတ္ေနသည့္လက္ပံပင္အနီးပတ္ဝန္းက်င္ေၾကာင့္ ေစာလြန္းမ်က္ႏွာထက္မွာနားမလည္နိုင္မႈမ်ားျဖင့္ျပည့္ႏွက္သြားသည္။မ်က္ေမွာင္ေလးကုတ္လို႔ ဟိုၾကည့္ဒီၾကည့္ျဖင့္ အာဂကိုလိုက္ရွာၾကည့္ပါေသာ္လည္း ေခြးတစ္ေကာင္ေၾကာင္တစ္မွီးမွမေတြ႕ေသးပါ။

"စိတ္ညစ္ပါတယ္ ဟိုေကာင္ေလးစေနာက္လိုက္တာမ်ားလား"

အေလာတႀကီးေျပးလာမိတာေၾကာင့္ေမာဟိုက္ကာအသက္လည္းလုရႉေနရသည္။

"သက္လယ္...."

ေလတိုးသံေလးႏွင့္အတူပါလာသည့္ေခၚသံတိုးလ်လ်ေၾကာင့္ ေစာလြန္းတစ္ကိုယ္လုံးေတာင့္ခဲသြားရသည္။လႈပ္ရွားမႈနတၱိႏွင့္ ကိုယ့္ဘာသာၾကားေယာင္မိတာမ်ားလားဟုေတြးမိေသာ္လည္း

"သက္လယ္...."

ထပ္ၿပီးအတည္ျပဳေပးလိုက္သည့္ေခၚသံေနာက္မွာေတာ့ မ်က္ဝန္းထက္မ်က္ရည္ေငြ႕တခ်ိဳ႕ဖြဲ႕သီလို႔ အသံလာရာကိုလွည့္ၾကည့္မိေတာ့၏။

ထိုလူသား...

အစဥ္အၿမဲတမ္းတလြမ္းဆြတ္ေနရပါေသာ ထိုလူသား...

ေစာလြန္းရဲ႕စိတ္ဝိညာဥ္သာမက ႏွလုံးသားကိုပါ သူ႕ေမတၱာေတြနဲ႕ခ်ည္ႏွောင္ထားခဲ့ေသာ ထိုလူသား...

ေစာလြန္းကလည္းခ်စ္ၿပီး ေစာလြန္းကိုလည္းသိပ္ခ်စ္ေသာ ထိုလူသား...

ေနာက္ဆုံး...ေရွာင္လႊဲမရတဲ့တာဝန္ေၾကာင့္ ေခတၱခြဲခြာခဲ့ရပါေသာ ထိုလူသား...

ကိုကိုဆိုတဲ့လူသားဟာ ေစာလြန္းကိုႏူးညံ့စြာၿပဳံးလ်က္ၾကည့္ေနခဲ့သည္။

"ရင္ခြင္ထဲလာပါလား ကိုယ္သက္လယ္ကိုဖက္ထားခ်င္လို႔"

လက္ႏွစ္ဖက္ကိုကမ္းလင့္လို႔ ရင္ခြင္ကိုဖြင့္ကာ ေစာလြန္းအားဖိတ္ေခၚေနသည္။အဘယ္သို႔မ်ားျငင္းနိုင္ပါအံ့။ေစာလြန္းလည္း ထိုလူသားကို႐ူးေလာက္ေအာင္လြမ္းေနခဲ့ရတာမဟုတ္ပါလား။

"အင့္"

ရင္ခြင္ထဲသို႔အင့္ခနဲေနေအာင္ ပစ္ဝင္တိုးေဝွ႕လာသူေလးကို ရာဇတင္းတင္းၾကပ္ၾကပ္ျပန္ဖက္ထားလိုက္သည္။ခ်စ္ရသူ၏အေငြ႕အသက္ေလးျဖစ္သည့္ခေရနံ႕ေလးကိုခံစားရင္း လြမ္းခဲ့ရသမွ်အတိုးခ်ေနမိ၏။

*လြမ္းေနခဲ့တာ ယဥ္ယဥ္ေလးနဲ႕ေမႊးႀကိဳင္လွတဲ့ဒီရနံ႕ေလးကို*

ခေရပန္းေလးလိုပဲသက္လယ္ကလည္းယဥ္ယဥ္ေလးနဲ႕ျမတ္နိုးဖြယ္အတိ။

"လြမ္း..လြမ္းေနခဲ့တာ ကိုကို..."

ငိုသံေလးႏွောလို႔ေျပာလာသူေလး...ရာဇပိုတိုးလို႔ဖက္လိုက္ရင္း

"ကိုကိုလည္းထပ္တူပါပဲ သက္လယ္ရယ္"

"ဟင့္ ေနာက္တစ္ခါထပ္ၿပီးခြဲမသြားရေတာ့ဘူးေနာ္"

"ဒါေပါ့ လြမ္းဆြတ္ျခင္းဆိုတဲ့အရာကိုေမ့သြားေလာက္ေအာင္ကို ကိုကိုကသက္လယ္အနားမွာတစ္ဖဝါးမွမခြာဘဲေနသြားေတာ့မွာ"

ေလျပည္ေလညင္းေလးေတြက တင္းတင္းၾကပ္ၾကပ္ဖက္ထားသူႏွစ္ေယာက္ၾကား ဝင္ေရာက္ျဖတ္သန္းဖို႔ႀကိဳးစားၾကေသာ္လည္း အလြမ္းသည္ေနသည့္ခ်စ္သူႏွစ္ေယာက္ဟာ အၾကားအလက္မရွိေအာင္ဖက္တြက္ထားၾကတာေၾကာင့္ ေနာက္ဆုံးေတာ့သူတို႔သာအရႈံးေပးလိုက္ၾကရေတာ့သည္။ထို႔ေနာက္...တဝွီးဝွီးႏွင့္တိုက္ခတ္ကာ ထိုသူႏွစ္ေယာက္၏ လွပေသာခ်စ္ျခင္းေမတၱာကိုဂုဏ္ျပဳခ်ီးျမႇောက္သြားၾကပါသတဲ့။

"ေလျပည္ေလညွင္းေတြကေျပာတယ္ သက္လယ္ကကိုယ့္အပိုင္ခေရပန္းကေလးတဲ့ ဟုတ္သလားဗ်"

"ဒါေပါ့ သက္လယ္ကထာဝရကိုကို႔အပိုင္ခေရပန္းေလးပါတဲ့ဗ်ာ"

ခ်စ္သူႏွစ္ေယာက္ကိုလက္ပံပင္ႀကီးကလည္း ပန္းေတြတျဖဳတ္ျဖဳတ္ေႂကြက်ေပးရင္း ေကာင္းခ်ီးေပးေနခဲ့သည္။

ေႂကြက်ေနတဲ့လက္ပံပြင့္ေတြၾကားမွာ တင္းၾကပ္စြာဖက္တြယ္ေနခဲ့ၾကသည့္လူသားႏွစ္ေယာက္...

ရင္သပ္ရႈေမာဖြယ္ေကာင္းေလာက္ေအာင္ ထိုျမင္ကြင္းဟာခ်စ္ျခင္းေမတၱာအျပည့္ ဖုံးလႊမ္းေနခဲ့ေလသတဲ့။

<<<<<<
>>>>>>

side couple တစ္တြဲက်န္ပါေသးတယ္ေနာ္ ခန့္မွန္းၾကည့္ ဘယ္သူေတြျဖစ္မလဲ?

ေဆးပန္းခ်ီ🌸

၂၀.၂.၂၀၂၂💜

Continue Reading

You'll Also Like

253K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
128K 17.8K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ