ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(...

By Change_7

742K 64.6K 6.6K

မောင်က မင်းကမ္ဘာတစ်ခုထဲကိုပဲ ဦးခိုက်နေမယ့်ကောင်ပါ စဝ်မင်... More

Intro
အပိုင်း✨🍁(၁)
အပိုင်း✨🍁(၂)
အပိုင်း✨🍁(၃)
Attention please❤️
အပိုင်း✨🍁(၄)
အပိုင်း✨🍁(၅)
အပိုင်း✨🍁(၆)
အပိုင်း✨🍁(၇)
အပိုင်း✨🍁(၈)
အပိုင်း✨🍁(၁၀)
အပိုင်း✨🍁(၁၁)
အပိုင်း✨🍁(၁၂)
အပိုင်း✨🍁(၁၃)
အပိုင်း✨🍁(၁၄)
အပိုင်း✨🍁(၁၅)
အပိုင်း✨🍁(၁၆)
အပိုင်း✨🍁(၁၇)
အပိုင်း✨🍁(၁၈)
အပိုင်း✨🍁(၁၉)
အပိုင်း✨🍁(၂၀)
အပိုင်း✨🍁(၂၁)
အပိုင်း✨🍁(၂၂)
အပိုင်း✨🍁(၂၃)
အပိုင်း✨🍁(၂၄)
အပိုင်း✨🍁(၂၄)( Zawgyi)
အပိုင်း✨🍁(၂၅)
အပိုင်း✨🍁(၂၆)
အပိုင်း✨🍁(၂၇)
အပိုင်း✨🍁(၂၈)
အပိုင်း✨🍁(၂၉)
အပိုင်း✨🍁(၃၀)
အပိုင်း✨🍁(၃၁)
အပိုင်း✨🍁(၃၂)
အပိုင်း✨🍁(၃၃)
အပိုင်း✨🍁(၃၄)
အပိုင်း✨🍁(၃၅)
အပိုင်း✨🍁(၃၆)
အပိုင်း✨🍁(၃၇)
အပိုင်း✨🍁(၃၈)
အပိုင်း✨🍁(၃၉)
အပိုင်း✨🍁(၄၀)
အပိုင်း✨🍁(၄၁)
အပိုင်း✨🍁(၄၂)
အပိုင်း✨🍁(၄၃)
အပိုင်း✨🍁(၄၄)
အပိုင်း✨🍁(၄၅)
အပိုင်း✨🍁(၄၆)
အပိုင်း✨🍁(၄၇)
အပိုင်း✨🍁(၄၈)
အပိုင်း✨🍁(၄၉)
အပိုင်း✨🍁(၅၀)
အပိုင်း✨🍁(၅၁)
အပိုင်း✨🍁(၅၂)-(Final)
Extra✨🍁(1)
Extra✨🍁(2)
Extra✨🍁(3)
Special Extra (4)

အပိုင်း✨🍁(၉)

13.3K 1.2K 96
By Change_7


‌ဖြူလွှလွှအိပ်ရာပေါ်တွင် ခေါင်းမစည်းထားသဖြင့် ဆံနွယ်လေးတွေပြန့်ကြဲကာ အိပ်ပျော်နေသော အဖြူလုံးလေးတစ်လုံးအား ပယင်းရောင်မျက်ဝန်းတစ်စုံက တစ်ချက်လေးတောင် မျက်တောင်ခတ်ခြင်းမရှိပဲ စိုက်ကြည့်နေသည်က တယုတယပင်။
အပေါ်စီးမှမြင်နေရသည့် ခပ်တိုတို ခပ်စိပ်စိပ် မျက်တောင်လေးများနှင့် ပိတ်ကျနေသော မျက်ခွံကြည်ကြည်လေး၊တဖြောင့်ထဲတန်းနေသည့် မျက်ခုံးတစ်စုံ၊နှာတံစင်းစင်းနှင့်အတူ အနီရောင်သွေးနေသော ဘေးတစ်စောင်းအိပ်နေသဖြင့်  ခပ်ဖူးဖူးပြည့်ပြည့်‌လေးဖြစ်နေသော နှုတ်ခမ်းတစ်စုံ စသည့်မက်‌မောဖွယ်အရာများကို ဒဝီဦးခိုက်တစ်ယောက် အခေါက်ခေါက်အခါခါကြည့်နေမိသည်။

အင်္ကျီကြိုးစအား တင်းတင်းဆုပ်ကိုင်ထားသော လက်တစ်ဖက်ကိုငုံ့ကြည့်ရင်း ပယင်းရောင်မျက်ဝန်းများက ပြုံးယောင်သန်းသွားသလို နှုတ်ခမ်းတစ်စုံဟာလည်း ကော့ညွတ်သွားသည်။
လူကသာအိပ်ပျော်နေပေမယ့် ကြိုးစအားကိုင်ထားသော လက်လေးတစ်ဖက်ဟာတော့ ဒဝီဦးခိုက် ဖြုတ်မရအောင်ထိ မြဲမြံနေခဲ့သည်က မနေ့ည ကတည်းကပင်ဖြစ်သည်။

အမျိုးသားတစ်ယောက် အိပ်ပျော်နေသည့်ပုံစံက ထိုမျှလောက်လှနေသည့်အတွက် ဒဝီဦးခိုက် အနည်းငယ်တော့ အံ့ဩမိသည်။
ပုရိသတွေနှင့်ထိတွေ့ခြင်းမရှိခဲ့ပေမယ့် နတ်သမီးတမျှလှပပါသော မိန်းမပျိုလေးများကိုတော့ ဒဝီဦးခိုက် ပညာသင်သွားတုန်းက တွေ့ခဲ့ဖူးသည်။

အဝတ်အစားဝတ်သည်ကအစ ပွင့်လင်းမြင်သာသော အိန္ဒိယအမျိုးသမီး‌လေးများကတောင် ဒဝီဦးခိုက် နှလုံးသားကို ကိုင်လှုပ်နိုင်ခြင်းမရှိခဲ့။
သို့သော် မပီမပြင်ဝိုးတဝါးလရောင်အောက်တွင် မြင်တွေ့ခဲ့ရသော ဝိုင်းဝိုင်းစိုစို မျက်ဝန်းပြာလေးများနှင့် ချစ်စဖွယ်ကလေးလေးသဖွယ်အိပ်မောကြနေသော အမျိုးသားတစ်ဦးကတော့ သူနှလုံးသားကို တဖြည်းဖြည်းချင်း ကိုင်လှုပ်နေခဲ့သည်။

သေရည်လေးတစ်ကျိုက်သောက်ရုံဖြင့် မူးပြီး ရစ်နေပါသော ကောင်ငယ်လေးသည် ဒဝီဦးခိုက်၏ အသက်18နှစ်အရွယ်ထိ မြင်ဖူး၊တွေ့ဖူးခဲ့သမျှ ကလေးများအားလုံးထက်ပင် ချစ်စရာကောင်းသည်။
ဒဝီ မျက်တောင်မခတ်ကြည့်နေမိသည့်အခိုက်မှာပဲ မျက်ခုံးတစ်စုံဟာ ကြုံ့သွားပြီးနောက် တိုတိုစိပ်စိပ် မျက်တောင်လေးများဟာ လှုပ်ခပ်လာပြီး  မျက်ဝန်းပြာလေးများက တဖြည်းဖြည်းချင်းပွင့်လာသည်။

ဧကလေး ခေါင်းထဲတွင် အနည်းငယ် နောက်တောက်တောက်ဖြစ်နေသောကြောင့် မျက်ခုံးကိုကြုံ့လိုက်ပြီးနောက် မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်သည်။
တစ်ချက်၊နှစ်ချက်၊သုံးချက်မျှ မျက်တောင်ခတ်ပြီးနောက် အနည်းငယ်ကြည်ကြည်လင်လင်ဖြစ်လာသော အမြင်အာရုံတွင် ပထမဆုံးမြင်တွေ့လိုက်ရသည်က
ကိုယ့်ကိုစိုက်ကြည့်နေပါသော ပယင်းရောင်မျက်ဝန်းတစ်စုံကိုပင်။

*ဟင်....*
ဧကလေးမျက်ဝန်းပြာလေးများဝိုင်းစက်သွားရပြီး မျက်ဆံပြာလေးများက ဟိုဟိုဒီဒီရွေ့လျားသွားကာ အခြေအနေကို အမြန်အကဲခတ်လိုက်သည်။
ကံ့ကော်ပန်းနံ့များမွေးကြိုင်နေသဖြင့် သူ့အဆောင်ကို ပြန်ရောက်နေသည်ကတော့ သေချာသည်။

ဒါဆို ခုသူ့ရှေ့ကလူက ဘယ်သူလဲ...။
သူ့ကိုကြည့်နေသည့် ပယင်းရောင်မျက်ဝန်းများကိုမြင်ဖူးသလိုရှိနေပေမယ့် မမှတ်မိချင်။
ပြီးတော့ သူ့ရဲ့ယခုအခြေအနေကြီးက ထိုလူရဲ့ ရင်ခွင်အောက်ရောက်နေပြီး ထိုလူက သူ့ဘေးကို လက်တစ်ဖက်ထောက်ထားပြီး တစောင်းအနေအထားဖြင့် သူ့ကိုကြည့်နေသည်။
*ဒီအခြေအနေကဘာကြီးလဲ.....*
မျက်တောင်မခတ်တမ်းကြည့်နေသော ထိုလူရဲ့အကြည့်စူးစူးတွေအောက်တွင် ဧကလေးတစ်ကိုယ်လုံး ရှိန်းတိမ်းတိမ်းဖြစ်လာရပြီး သိသိသာသာ နှလုံးခုန်‌သံတွေပါမြန်လာသည်။ထို့ကြောင့် အခြေအနေကိုကြည့်ကာအသံကိုထိန်းပြောလိုက်သည်။

“အဟမ်း!..ခင်..ခင်ဗျားက ဘယ်သူလဲ...ဘယ်လိုလုပ် ကျွန်တော့်အိပ်ရာပေါ်ရောက်နေတာလဲ...ဖယ်..ခုဖယ်ပေး...ရုတ်ရုတ်ရုတ်ရုတ် လာမလုပ်နဲ့နော်....ပိုင်နက်ကျူးလွန်မှုနဲ့တရားဆွဲပစ်လိုက်မယ် ဘာမှတ်နေ....”

“အဟွန်း!....”
ဒဝီဦးခိုက် သဘောတကျရယ်လိုက်သည်။
တစ်ခုခုကိုစဉ်းစားနေပုံရသည့် မျက်ဝန်းပြာလေးများ ရွေ့လျားနေသည့်အချိန်ကတည်းက ဒဝီဦးခိုက် ပြုံးချင်သည့်စိတ်ကိုထိန်းထားခြင်းဖြစ်သည်။

“မောင်မင်းက ဘယ်လိုထင်လို့လဲ....”

“ဟမ်....ဘယ်ကမောင်မင်းတုန်း...ဒီမှာ ခင်ဗျားက ကျွန်တော့်အိပ်ရာပေါ်ရောက်နေတာလေ...ခုချက်ချင်းဖယ်....”

“သေချာပြန်ကြည့်ပါဦး ...မောင်မင်းက လွှတ်မပေးပဲ ကိုယ်တော်က ဘယ်လိုဖယ်ပေးရမှာလဲ....”

“ဟင်....”
ထိုအခါမှ ဧကလေး သူလက်တစ်ဖက် ထိုလူ၏အင်္ကျီကြိုးစကိုကိုင်ထားမှန်းသတိရမိသည်။
ဧကလေး အယောင်ယောင်အမှားမှားဖြင့်လွှတ်ပေးလိုက်ပြီး ကိုယ်ကိုဘေးအနည်းငယ်တိုးလိုက်သည်။

“အဟွန်း!...”
ဒဝီဦးခိုက် ရယ်ရင်း ဖယ်ပေးကာ ထလိုက်သည်။

“ဘာ ဘာရယ်တာလဲ....ခင်ဗျားက ဘယ်လိုလုပ် ကျွန်တော့်အခန်းထဲရောက်နေတာလဲဆိုတာ ခုထိမဖြေရသေးဘူးနော်....အရေးထဲဆို ဟိုကောင် သက္ကက ဘယ်ရောက်နေပါလိမ့်....တစ်ခုခုခိုးချင်ရင်လည်း ကြိုပြော ...ကျွန်တော်က သနားတက်ပါတယ်...ခင်ဗျားကို အနည်းငယ် မဟုတ်သေးဘူး စားလောက်အောင်တော့ ပေးမှာပါ....”

တိုင်းပြည်၏ ဘုရင်အား သူခိုး‌စွပ်စွဲနေပါသော မင်းမြတ်ဧကဦးမာန်ပင်။

“အဟွန်း! မောင်မင်းက ကျေးဇူးရှင်ကို ခုလိုဆက်ဆံတာပဲလား....”

“ဘာတွေလဲ ဘယ်ကကျေးဇူးရှင်လဲ...ခင်ဗျား ဘာတွေပြော....”
ဧကလေး စကားပြောနေရင်း တိကနဲပြတ်သွားရသည်။အကြောင်းမှာ ညကအဖြစ်အပျက်များက ခေါင်းထဲပြန်ပေါ်လာ‌သောကြောင့်ဖြစ်သည်။
*သူညက မာလကာသီးခိုးခူးစားရင်း လူမိလို့ ထွက်ပြေးတယ်...မပြန်တက်တော့လို့ သရက်ပင်ပေါ်တက်တယ်....သရက်ပင်ပေါ်ကပြုတ်ကျတယ်...
လူတစ်ယောက်ကဖမ်းပေးတယ်...
အဲ့လူဆီက ရေတောင်းသောက်တယ်...
အဲ့ဒါရေမဟုတ်ပဲ သေရည်တွေဖြစ်နေတယ်....ပြီးတော့ ပြီးတော့....*
ဧကလေး ဆက်မစဉ်းစားရဲတော့ပဲ တံတွေးကို တစ်ချက်မျိုချရင်း  ငုတ်တုတ်လေးထထိုင်လိုက်သည်။
*ဘယ်လိုတွေတောင်လဲ....*
နားထဲပြန်ကြားလာသည့် ပေါက်ကရပြောနေသည့် အသံများနှင့်အတူ အငြိမ်မနေသည့်လက်၏ ရောက်ရှိသွားသော နေရာများအကြောင်းကိုတွေးမိတော့ မျက်နှာတွေပါရဲတက်လာရသည်။

“အဟွန်း! မှတ်မိသွားပြီလား...ဒါမှမဟုတ် ကိုယ်တော်ပြောပြပေးဖို့လိုသေးလား ....အကယ်၍ လိုရင်ပြောပါ ကိုယ်တော် ပြောပြပေးနိုင်ပါတယ်..”

“ဟို...ရ ရပြီ....ဒါနဲ့....ခင်ဗျားက ဘယ်သူလဲ.....ပြီးတော့ ကျွန်တော့်မှာ နာမည်ရှိတယ် မောင်မင်း ...မောင်မင်းလို့လာမခေါ်နဲ့...မကြိုက်ဘူး....ကျွန်တော့်နာမည်က...”

“သျှင်းငယ်....”

“ဟင်.....”
ထိုလူ၏ သျှင်းငယ်ဟုခေါ်လိုက်သည့်အသံက ဧကလေးအား ကြက်သီးမွေးညှင်းများပါ ထသွားစေသည်။

“သျှင်းဓနနောင်...ကိုယ်တော်ပြောတာမှန်ရဲ့လား....နောက်ထပ်တစ်ခုက မင်းမြတ်ဧကဦးမာန်....”

“Oops!....”
ဧကလေး အံဩလွန်း၍ ထိုလူ့ကိုကြောင်ကြည့်နေမိသည်။
*သူ ညက နာမည်အရင်းတွေထိပါပြောပြခဲ့တာလား...မဟုတ်မှလွဲရော....ဟိုခေတ်ကလာတဲ့အကြောင်းတွေရော ပြောပြမိသေးလား....*
သို့သော် ထိုအကြောင်းအရာများကိုတော့ သူ မမှတ်မိ။စကားတွေအများကြီးပြောနေခဲ့တာပဲမှတ်မိသည်။

ဒဝီဦးခိုက် ငြိမ်ကျသွားသော ကောင်ငယ်လေးကိုတစ်ချက်ကြည့်၍ အဝတ်အစားကို ပြင်ဝတ်လိုက်သည်။
အပြင်ဘက်မှာလည်း လင်းလင်းကျင်းကျင်းဖြစ်နေပြီဖြစ်သောကြောင့်
*အင်း ...အင်‌ကြင်းဆောင်က ကြင်ယာတော်တော့ ပြန်ရောက်နိုင်ကောင်းပါရဲ့...*ဟုတွေးလိုက်သည်။
ဒီကောင်ငယ်လေးက ကံ့ကော်ဆောင်ကဆိုသည့်အတွက်ကြောင့် ကြင်ယာတော်နှင့်တစ်ခုခုပတ်သတ်နေရမည်။
*ဧကန်တ အဲ့အချိန်တုန်းက ပါလာသည့် သူမရဲ့မောင်ငယ်လေးဆိုသည်က သူလား....*ရေစက်တွေက ဆန်းကြယ်ပါဘိ။

*ဝါးအရပ်ကတော်တော်ရှည်တာပဲ...ခန္ဓာကိုယ်ကြီးကလည်း ဖောင်းဖောင်းထက်တောင်ထွားသလိုလို....ငင့်...*
ဧကလေး ကိုယ့်ကိုရှေ့တည့်တည့်ထား၍ အင်္ကျီပြင်ဝတ်နေသော ထိုလူအားကြည့်ရင်း အားကျမိသွားရသည်။
မြင့်မားသောအရပ်နှင့် ကျစ်လျစ်သော ခန္ဓာကိုယ်က လိုက်ဖက်မှုရှိစွာ ကြည့်ကောင်းနေပြီး ရုပ်ရည်မှာလည်း ခန့်ညားချောမောသည်။
ကိုယ့်ကိုကိုယ်ပြန်ကြည့်မိတော့ ဒီဘက်ခေတ်မှာမှ ပေါင်မုန့်မရှိတော့သည့်အပြင် ပိုးဟပ်ဖြူလေးလိုဖြစ်နေသည့် အသားအရေကြောင့် ငိုချင်စိတ်ပါပေါက်လာရသည်။

ထိုအခိုက်...

“သခင်လေး.....ဘယ်အချိန်တုန်းက ပြန်ရောက်...ရောက်....”
သက္က သခင်လေး၏ အိပ်ဆောင်ထဲမှ
သရေခေတ္တရာတိုင်းပြည်၏ဘုရင်ကို မြင်တွေ့လိုက်ရသည့်အခိုက် ပြောမည့်စကားများတောင်ရပ်တန့်သွားရသည်။

*ဘယ်ကဘယ်လို အရှင်ဒဝီဦးခိုက်က သခင်လေး၏ အိပ်ဆောင်ကိုရောက်နေရတာတုန်း....သခင်မလေးနဲ့တူတူ ရှိနေရမှာမဟုတ်ဘူးလား....သူပဲအမြင်မှားတာလား...သေချာပါတယ်...ဒါတိုင်းပြည်ရဲ့ ဘုရင်စစ်စစ်ပါပဲ...မဟုတ်မှ...ဂလု....*
သက္က တံတွေးကို ဖြည်းညှင်းစွာမျိုချလိုက်ပြီး နေရာမှာပဲ မတ်တပ်ရပ်လျှက် မျက်လုံးပြူးလျှက်ပင် အရှင်ဒဝီဦးခိုက်အားကြည့်နေမိသည်။

ဒဝီ ကိုယ့်ကိုအတင့်ရဲစွာပြူးကြည့်နေသော
ရှေ့မှ ကိုယ်ရံတော်အား တည့်တည့်စိုက်ကြည့်လိုက်သည်။

အေးစက်စက်အကြည့်များကို မြင်လိုက်ရသည့်အခိုက် သက္က၏ ဒူးများလည်း ညွတ်ကျသွားကာ ....

“မင်္ဂလာရှိသောနံနက်ခင်းပါ အရှင်....အတင့်ရဲစွာပြုမူမိသည့် ကျွန်တော်မျိုးအား ခွင့်လွှတ်ပေးတော်မူပါအရှင်....”

သက္က ခေါင်းကိုပါငုံ့ထားလိုက်သည်။
မနေ့ညက အသက်လုပြေးခဲ့ပြီးသည့်နောက်
ဘဝကြီးက သာယာပြီဟုတွေးခဲ့မိသော်လည်း ယနေ့မှာတော့ ပိုဆိုးနေခဲ့သည့်အတွက် ကိုယ့်ကိုကိုယ် စိတ်ထဲမှ သရဏဂုံတင်လိုက်သည်။

ဧကလေးမှာတော့ သက္က၏ အရှင်ဟုသော အခေါ်အဝေါ်ကို နားမလည်သည့်အခိုက်မှာပဲ ထပ်မံပြုလုပ်လိုက်သော အမူအယာကြောင့် ပို၍ နားမလည်နိုင်ဖြစ်သွားရသည်။
ထို့ကြောင့် အိပ်ရာပေါ်မှ ထလိုက်ကာ

“သက္က ဘာတွေလုပ်နေတာတုန်း...မင်း မနေ့ညက ငါ့ကိုတစ်ယောက်ထဲထားသွားတယ်နော်...ငါဘယ်ရောက်လို့ရောက်သွားမှန်းတောင်မသိဘူး ...ဒီလူကြီးသာလိုက်မပို့ရင်..ခုချိန် လူကုန်ကူးခံနေရလောက်ပြီ...မေ့လို့ ဒီခေတ်မှာဆိုရင်တော့ ကျွန်အဖြစ်ရောင်းစားခံနေရလောက်ပြီ မင်းသိလား....”

သက္ကမှာတော့ *သခင်လေးက အရင်ပြေးတာမဟုတ်ဘူးလား..*ဟု ပြောချင်သော်လည်း သခင်လေးဘေးနားက အေးစက်စက်ကြည့်နေသော အရှင်ဒဝီဦးခိုက်ကြောင့် ပါးစပ်ကိုပိတ်ထားရသည်။

ဧကလေးမှာတော့ မိမိပြောနေ‌သည်ကို တစ်ချက်အဖက်မလုပ်သော သက္ကကြောင့်
“ဟေ့ရောင်...မင်းကိုမေးနေတာလေ...”

“အဟမ်း! ကိုယ်တော် ပြန်တော်မူပြီ‌ သျှင်းငယ်....”
ဒဝီဦးခိုက် ကိုယ်ရှိ‌နေသောကြောင့် သျှင်းငယ်‌မေးသည်ကို ပြန်ဖြေခြင်းပြုမည်မဟုတ်သည့် သျှင်းငယ်၏ ကိုယ်ရံ‌တော်ကြောင့် ပြန်ဖို့ပြင်လိုက်သည်။
နေမွန်းတည့်ချိန်၌ နန်းတွင်းမှာ အစည်းအဝေးပွဲရှိသေးသည်ပဲမဟုတ်ပါလား။

“အမ် နေဦးလေ... ခင်ဗျားနာမည်ပြောသွားဦး....လိပ်စာ...မှားလို့ ဘယ်အဆောင်မှာနေတာလဲရောပြောသွား ခင်ဗျားနဲ့ကျွန်တော်ကိစ္စမပြီးသေးဘူး ပြီးမှ ဆက်ရှင်းမယ်....”
ဧကလေး သက္ကကိုကြည့်နေရာမှ နောက်လှည့်ပြီးပြောလိုက်သည်။

သက္ကမှာတော့ ခင်ဗျားတွေ ကျွန်တော်တွေနှင့် တိုင်းပြည်၏အရှင်သခင်အားပြောနေသော  သခင်လေးအစား လည်ပင်းတွေယားလာသလိုခံစားရသည်။

“အဟွန်း! ..ဒဝီဦးခိုက်...မှန်နန်းဆောင်တော်ဘေးကပ်လျှက်က ရာဇာကုဋေနန်းဆောင်တော်...သျှင်းငယ်လာရှင်းမှာကို ကိုယ်တော်စောင့်နေပါတယ်...”
ဒဝီဦးခိုက် ပြောပြီးနောက် ကံ့ကော်နန်းဆောင်မှ ထွက်လာလိုက်သည်။
မထွက်လာခင် အခန်းတွင်းက အသုံးအဆောင်များကို တစ်ချက်ကြည့်ရင်း အလိုမကျမှုအနည်းငယ်ဖြစ်သွားပြီးနောက် ပုံမှန်ပင် ပြန်ဖြစ်သွားသည်။

“ဟူးးးးးး”
သက္က အရှင်ဒဝီဦးခိုက် ထွက်သွားသည့်အခါမှ သက်ပြင်းကိုချရင် ဒူးထောက်ထားရမှာ အောက်ကို ပုံလျှက်လေးကျသွားသည်။

“သက္က မင်း ငါမေးတာခုထိမဖြေသေးဘူးနော်....”

“ဖြေပါ့မယ်သခင်လေးရယ်...မဖြေခင် သခင်လေးက အရှင်ဒဝီဦးခိုက်နဲ့ ဘယ်ကဘယ်လို...မဟုတ်သေးဘူး အရှင်ကဘယ်လိုလုပ် သခင်လေးအိပ်ဆောင်ကိုရောက်နေတာလဲ...သခင်လေးကံ့ကော်ဆောင်ကို ပြန်လာတက်သားပဲ ကျွန်တော်မျိုးက သခင်လေးမပြန်တက်လောက်ဘူးထင်လို့ လိုက်ရှာနေသေးတယ်....”

“မင်းကိုငါအရင်မေးတာလေ မင်းကငါ့ပြန်မေးနေတာလား...ပြီးတော့ အရှင်ဒဝီဦးခိုက်...သူက ဘယ်သူမို့လို့ မင်းက ဒူးထောက်‌နေတာလဲ....သူပဲ ငါ့ကိုပြန်ပို့ပေးတာ...ငါလည်း ဘယ်ရောက်လို့ရောက်မှန်းမသိလို့ သရက်ပင်ပေါ်တက်နေတာ...အဲ့မှာပြုတ်ကျပြီး သူ‌နဲ့တွေ့ပြီး သူကပြန်လိုက်ပို့ပေးတာပဲ....”

“ဟင်...အရှင်ဒဝီဦးခိုက်က သခင်လေးကိုပြန်ပို့ပေးတာလား....အရှင်က သခင်မလေးနဲ့တူတူရှိနေရမှာမဟုတ်ဘူးလား...သခင်မလေးက ခုထိပြန်မရောက်သေးဘူးလေ...ဒါဆို အရှင်က သခင်လေးနဲ့တူတူတစ်ညလုံးရှိနေတာပေါ့...”

“အေးလေ...ရှိနေလို့မင်းမြင်တာပေါ့...”

“ဘုရား ဘုရား....”

“ဘာဖြစ်တာလဲဟ...ငါ့အစ်မနဲ့ဘာလို့တူတူရှိရမှာလဲ သူက....ဟင်...နေဦး....
အရှင်ဒဝီဦးခိုက်...အမ်....ငါ့အစ်မနဲ့ လက်ဆက်တဲ့ သရေခေတ္တရာပြည့်ရှင်အရှင်မဟာရာဇာဒဝီဦးခိုက်က သူလား....”

“ဟုတ်ပါတယ်သခင်လေး....”

“ဗုဒ္ဓေါ....”
ဧကလေးနောက်ကိုဖင်ထိုင်လျှက်လေးကျသွားသည်။
*တိုင်းပြည်ရဲ့ဘုရင်ကိုမှ ငါဘာတွေလုပ်လိုက်မိတာလဲ....ဘာ ..ခင်ဗျား...ပိုင်နက်ကျူးလွန်မှု ..သူခိုး...နာမည်အရင်းကလည်းမေးသေးတယ် စာရင်းကရှင်းဦး‌မယ်....ပါးပါးရေ...သားအဖြစ်ကိုကြည့်ပါဦး....*
ဧကလေး ရူးချင်ချင်ပါဖြစ်သွားရသည်။
သူ့အဖြစ်က တိုင်းပြည်၏ဘုရင်အား ရိုင်းစိုင်းစွာဆက်ဆံမှု ၊အကြည်ညိုပျက်စေမှု၊စွပ်စွဲမှု စသည့်စသည့် ခေါင်းစဉ်အမျိုးမျိူးအောက်တွင် အဖမ်းခံရပါက သေချာပေါက် သေဒဏ်ပင်မဟုတ်ပါလား။

“သက္က ...သက္က....”

“ဗျာ...ဗျာ...သခင်လေး....”

“တကယ် တကယ်ပဲ သူက တိုင်းပြည်ဘုရင်လား...."

“ဟုတ်ပါတယ်သခင်လေး တိုင်းပြည်ရဲ့ဘုရင်စစ်စစ် သခင်လေးရဲ့ယောက်ဖ‌တော်စစ်စစ်ပါ သခင်လေး.....”

“ငင့် ပါးပါးရေ....ငါ ငါ သေဒဏ်ချခံရတော့မှာလားဟင်.... ဟင် သက္က....ပြောပါဦး....”
ဧကလေး သက္ကလက်မောင်းအား ကိုင်လှုပ်ရင်းပြောလိုက်သည်။

“မလုပ်....မလုပ်လောက်ပါဘူး သခင်လေးရဲ့....သ သခင်လေးက သူ့ယောက်ဖတော်တာပဲမဟုတ်ဘူးလား ..မလုပ်လောက်ပါဘူး....”

“ဟုတ်တယ် မလား...မလုပ်လောက်ပါဘူးနော်....ဟုတ်တယ်မလား....ငါ့အစ်မမျက်နှာကိုထောက်ထားပြီးတော့ဖြစ်ဖြစ် မရက်စက်လောက်ပါဘူးနော်....”

“ထင်ရတာပါပဲ သခင်လေး....”

“ငင့်...ဘာထင်ရတာပါပဲလဲ...ဒါနဲ့ သူကဒီမှာအိပ်တာဆိုတော့ အစ်မတော်ကရော ဘယ်သူနဲ့အိပ်....Oops!... သူသူ အစ်မတော်ကို တစ်ယောက်ထဲထားပြီး တစ်ယောက်ယောက်နဲ့အိပ်လာတာများလား....”

မျက်လုံးပြူးဖြင့်ပြောလာသောသခင်လေးကြောင့် သက္က ခေါင်းကိုကုတ်လိုက်ကာ..
“မဟုတ်လောက်ပါဘူးသခင်လေးရယ်....ကျွန်တော်လေးမပြောတက်တော့ဘူး ....သခင်လေးပြောတာ တစ်ယောက်ယောက်ကြားသွားမှ
နှစ်‌ယောက်လုံး နန်းတော်အပြင်ဘက် ကျပ်စင်တင်ခံနေရလိမ့်မယ်.....”

“ဟုတ်တယ်နော်....”
ဧကလေးစိတ်ထဲမှာတော့ အနည်းငယ် ဒွိဟဖြစ်သွားက  နောက်ခါယောက်ဖဘုရင်နှင့်မတွေ့အောင် တက်နိုင်သမျှရှောင်မည်ဟုဆုံးဖြတ်လိုက်တော့သည်။

“နေဦး....ဘာလဲ ကျပ်စင်က....”

“နန်းတော်အပြင်ဘက်မှာ  ဝါးလုံးနဲ့တွဲချည်ပြီး နေပူလှန်းခံရတာကိုပြောတာပါသခင်လေး....”
သက္က ပြောရင်း ဒါလေးတောင်မသိဘူးလားဆိုသည့် အကြည့်မျိူးဖြင့် ဧကလေးအားကြည့်လိုက်သည်။

“မင်း....အဲ့လိုလာမကြည့်နဲ့...သိပါတယ်ကွ...သေချာအောင်မေးကြည့်တာ.... ရှင်းလား....တော်ပြီ မျက်နှာသစ်ဖို့လုပ်ပေး....”

“အမိန့်တိုင်းပါသခင်လေး....”

ထို့နောက်တွင်တော့ သက္ကမှာ သခင်လေးအတွက် အစစအရာရာပြင်ဆင်ပေးလိုက်တော့သည်။

************

အင်ကြင်းဆောင်အတွင်းတွင် ခတ္တ ကြေးမုံရှေ့တွင် ပြင်ဆင်ဖီးလိမ်းရင်း ကြည်ကြည်လင်လင်ပြုံးလိုက်မိသည်။
ညတုန်းက ဘယ်လိုပဲ အရှင်နဲ့သဘောတူညီမှုယူခဲ့ယူခဲ့ စိတ်ကမလုံခြုံသဖြင့် အတော်လေးညဉ့်နက်မှ အိပ်ပျော်ခဲ့သည်။
ခုတော့ သူမ စိတ်မလုံခြုံစရာလည်းမရှိတော့သလို အရှင်၏ စိတ်ဓာတ်ပြတ်သားတည်ကြည်မှုကို ချီးကျူးမိသည်။

နေအတော်လေးမြင့်နေပြီဖြစ်၍ ဒီအချိန်လောက်ဆို နန်းဆောင်ပြန်လို့ရနိုင်လောက်ပြီဟုတွေးမိသောကြောင့် အသာအယာထလိုက်ကာ အိပ်ရာကိုသိမ်းဖို့ပြင်လိုက်သည့်အခိုက် အိပ်ရာပေါ်မှ မြင်လိုက်ရသည့် အရာကြောင့် မျက်ဝန်းလေးတွေဝိုင်းစက်သွားရသည်။
သူမ ထိုအရာကို တကယ်ကိုသတိမထားမိ။
ကြေးမုံပြင်ရှေ့မှ ခုံကိုကြည့်မိတော့လည်း ထိုနည်းတူပင်။

ထို့ကြောင့် ထိုခုံကို တစ်ခုခုဖြင့်အရင်သန့်ရှင်းကာ အိပ်ရာခင်းကို အသာဖယ်၍ ဘေးမှာရှိ‌သည့် ခြင်းတောင်းထဲထည့်လိုက်သည်။
ထို့နောက်တွင်တော့ အဝတ်အစားများရှိသည့် အခန်းထဲသို့သွားလိုက်ပြီး သင့်တော်မည့် အဝတ်အစားနှင့်ပြောင်းလဲလိုက်သည်။
ဒီတိုင်းထွက်သွားဖို့က မည်သို့မျှ သင့်တော်ခြင်းမရှိသလို အင်ကြင်းဆောင်နှင့် သူမတို့၏ အဆောင်က အတော်လေးပင် လှမ်းသည်မဟုတ်ပါလား။

အဝတ်အစားလဲပြီးသည်နောက် အဆောင်တော်ထဲမှ ထွက်လာရာ ခပ်လှမ်းလှမ်းတစ်နေရာတွင် မတ်တပ်ရပ်လျှက် စောင့်နေသော အရှင့်၏ ကိုယ်ရံတော်အားတွေ့လိုက်ရသည့်အခိုက် စိတ်ထဲတွင် တစ်မျိုးလေးဖြစ်သွားပြီး ပြုံးမိသွားသည်။

မဏိ တံခါးမဆီသို့ ဦးတည်ကာလျှောက်လာနေပါသော ကြင်ရာတော်မိဖုရားအား မြင်လိုက်ရသည့်အခိုက် ထိတ်ကနဲတုန်ခါသွားသော နှလုံးခုန်သံနှင့်အတူ လူကပါ အလိုလို အသင့်အနေအထားဖြစ်သွားသည်။
နေရောင်ဖြာဖြာအောက်တွင် ပဝါစတလွင့်လွင့်ဖြင့် လျှောက်လာနေပါသော ကြင်ယာတော်မိဖုရားသည် နတ်သမီးတမျှ တင့်တယ်ချောမော အိန္ဒြေရှိလှသည်။
အနားသို့ရောက်လာသည်အထိ မဏိ သတိလက်လွှတ်ကြည့်နေမိပြီး ရှေ့တည့်တည့်ရပ်လိုက်သည့်အခါမှ သတိဝင်လာကာ အကြည့်အမြန်လွှဲလိုက်ပြီး

“အဆောင်တော်ကို ပြန်တော်မူမှာပါလား ကြင်ယာတော်ခင်ဗျ....”

“ကံ့ကော်ဆောင်ကိုပြန်တော်မူမယ်....”

“ဟုတ်ကဲ့ ကျွန်တော်မျိုး ဝေါယာဉ်အမြန်စီစဉ်လိုက်ပါ့မယ်...ကြင်ယာတော်ခင်ဗျ...”

“ရပါတယ်...ဝေါယာဉ်မစီစဉ်‌နဲ့တော့ ခတ္တရာ လမ်းလေးလျှောက်ချင်လို့...ဒီတိုင်းပဲပြန်လိုက်တော့ပါမယ်....”

“အဲ့ဒါဆို ကျွန်တော်မျိုး လိုက်ပါပို့ဆောင်ပေးပါရစေ ကြင်ယာတော်ခင်ဗျ....”

“ကောင်းပြီလေ...မဏိနော်....”
ခတ္တရာ ကိုယ့်ကိုတစ်ချက်လေးမော့မကြည့်လာတော့သော မဏိကိုကြည့်ရင်း ပြောလိုက်သည်။

“မှန်လှပါ ကြင်ယာတော်ခင်ဗျ.....”

“ကြင်ယာတော်လို့မခေါ်လည်းရပါတယ်....”

“စိုးရွံလှပါတယ်....ကျွန်တော်မျိုး ဘယ်လိုများခေါ်တော်မူရပါမလဲ....”

“ခတ္တရာ...”

“ကျွန်တော်မျိုး မဝံ့ရဲပါဘူး...ကြင်ယာတော်....”

“အင်းးးသခင်မလေးဆိုရပါပြီ....သခင်မလေးပဲ ခေါ်ပါ....”

“မှန်လှပါ သခင်မလေးခင်ဗျ...”

“အဲ့ဒါဆို သွားကြတာပေါ့...သျှင်းလေးအတွက် မနက်စာ ပြင်ပေးရဦးမယ်....”
ခတ္တရာပြောရင်း ရှေ့မှ လျှောက်သွားလိုက်သည်။

မဏိမှာတော့ ၃ပေအကွာအနေအထားလောက်နေ လိုက်လာခဲ့လိုက်သည်။

CHANGE 🍁

မင်းမြတ်ဧကဦးမာန်=သျှင်းဓနနောင်
စဝ်မင်းကမ္ဘာဦးခိုက်=ဒဝီဦးခိုက်
ထူးခြား=သက္က
အင်း ဒါက လောလောဆယ် ခေတ်နဲ့တူတဲ့ဇာတ်ကောင်တွေပေါ့
ဇာတ်ကောင်တွေက အကုန်မပေါ်သေးပါဘူးနော်
ကိုယ်ရေးတာကိုနားလည်ကြရဲ့လားဗျ
ဖတ်ရတာရော အဆင်ပြေကြရဲ့လားဗျ....

နိုင်ငံရေးကအရမ်းဆိုးဝါးနေပြီး
ဒီနေ့သတင်းတွေအရ PDFတွေ အကျအဆုံးများနေတယ်...အဲ့ဒါကြောင့် တက်နိုင်သလောက် ကိုယ်အလှူလေးခံချင်တယ်...
OSတစ်ပုဒ် 3000အနည်းဆုံးလောက်နဲ့
ခင်ဗျားလေးတို့ရေးချင်တဲ့အကြောင်းအရာကို ကိုယ်ကြိုးစားရေးပေးမယ်....
အလွတ်ကူချင်ရင်လည်း wattpad message boxမှာဖြစ်ဖြစ် ကိုယ့်fb accမှာဖြစ်ဖြစ်100,200ကစလို့ လှူလို့ရပါတယ်ဗျ


ပယင္းႀကိဳးသီခ်စ္ေသာေမာင့္ဆီ
အပိုင္း(၉)✨🍁

‌ျဖဴလႊလႊအိပ္ရာေပၚတြင္ ေခါင္းမစည္းထားသျဖင့္ ဆံႏြယ္ေလးေတြျပန႔္ႀကဲကာ အိပ္ေပ်ာ္ေနေသာ အျဖဴလုံးေလးတစ္လုံးအား ပယင္းေရာင္မ်က္ဝန္းတစ္စုံက တစ္ခ်က္ေလးေတာင္ မ်က္ေတာင္ခတ္ျခင္းမရွိပဲ စိုက္ၾကည့္ေနသည္က တယုတယပင္။
အေပၚစီးမွျမင္ေနရသည့္ ခပ္တိုတို ခပ္စိပ္စိပ္ မ်က္ေတာင္ေလးမ်ားႏွင့္ ပိတ္က်ေနေသာ မ်က္ခြံၾကည္ၾကည္ေလး၊တေျဖာင့္ထဲတန္းေနသည့္ မ်က္ခုံးတစ္စုံ၊ႏွာတံစင္းစင္းႏွင့္အတူ အနီေရာင္ေသြးေနေသာ ေဘးတစ္ေစာင္းအိပ္ေနသျဖင့္  ခပ္ဖူးဖူးျပည့္ျပည့္‌ေလးျဖစ္ေနေသာ ႏႈတ္ခမ္းတစ္စုံ စသည့္မက္‌ေမာဖြယ္အရာမ်ားကို ဒဝီဦးခိုက္တစ္ေယာက္ အေခါက္ေခါက္အခါခါၾကည့္ေနမိသည္။

အက်ႌႀကိဳးစအား တင္းတင္းဆုပ္ကိုင္ထားေသာ လက္တစ္ဖက္ကိုငုံ႔ၾကည့္ရင္း ပယင္းေရာင္မ်က္ဝန္းမ်ားက ၿပဳံးေယာင္သန္းသြားသလို ႏႈတ္ခမ္းတစ္စုံဟာလည္း ေကာ့ၫြတ္သြားသည္။
လူကသာအိပ္ေပ်ာ္ေနေပမယ့္ ႀကိဳးစအားကိုင္ထားေသာ လက္ေလးတစ္ဖက္ဟာေတာ့ ဒဝီဦးခိုက္ ျဖဳတ္မရေအာင္ထိ ၿမဲၿမံေနခဲ့သည္က မေန႔ည ကတည္းကပင္ျဖစ္သည္။

အမ်ိဳးသားတစ္ေယာက္ အိပ္ေပ်ာ္ေနသည့္ပုံစံက ထိုမွ်ေလာက္လွေနသည့္အတြက္ ဒဝီဦးခိုက္ အနည္းငယ္ေတာ့ အံ့ဩမိသည္။
ပုရိသေတြႏွင့္ထိေတြ႕ျခင္းမရွိခဲ့ေပမယ့္ နတ္သမီးတမွ်လွပပါေသာ မိန္းမပ်ိဳေလးမ်ားကိုေတာ့ ဒဝီဦးခိုက္ ပညာသင္သြားတုန္းက ေတြ႕ခဲ့ဖူးသည္။

အဝတ္အစားဝတ္သည္ကအစ ပြင့္လင္းျမင္သာေသာ အိႏၵိယအမ်ိဳးသမီး‌ေလးမ်ားကေတာင္ ဒဝီဦးခိုက္ ႏွလုံးသားကို ကိုင္လႈပ္ႏိုင္ျခင္းမရွိခဲ့။
သို႔ေသာ္ မပီမျပင္ဝိုးတဝါးလေရာင္ေအာက္တြင္ ျမင္ေတြ႕ခဲ့ရေသာ ဝိုင္းဝိုင္းစိုစို မ်က္ဝန္းျပာေလးမ်ားႏွင့္ ခ်စ္စဖြယ္ကေလးေလးသဖြယ္အိပ္ေမာၾကေနေသာ အမ်ိဳးသားတစ္ဦးကေတာ့ သူႏွလုံးသားကို တျဖည္းျဖည္းခ်င္း ကိုင္လႈပ္ေနခဲ့သည္။

ေသရည္ေလးတစ္က်ိဳက္ေသာက္႐ုံျဖင့္ မူးၿပီး ရစ္ေနပါေသာ ေကာင္ငယ္ေလးသည္ ဒဝီဦးခိုက္၏ အသက္18ႏွစ္အ႐ြယ္ထိ ျမင္ဖူး၊ေတြ႕ဖူးခဲ့သမွ် ကေလးမ်ားအားလုံးထက္ပင္ ခ်စ္စရာေကာင္းသည္။
ဒဝီ မ်က္ေတာင္မခတ္ၾကည့္ေနမိသည့္အခိုက္မွာပဲ မ်က္ခုံးတစ္စုံဟာ ႀကဳံ႕သြားၿပီးေနာက္ တိုတိုစိပ္စိပ္ မ်က္ေတာင္ေလးမ်ားဟာ လႈပ္ခပ္လာၿပီး  မ်က္ဝန္းျပာေလးမ်ားက တျဖည္းျဖည္းခ်င္းပြင့္လာသည္။

ဧကေလး ေခါင္းထဲတြင္ အနည္းငယ္ ေနာက္ေတာက္ေတာက္ျဖစ္ေနေသာေၾကာင့္ မ်က္ခုံးကိုႀကဳံ႕လိုက္ၿပီးေနာက္ မ်က္လုံးကိုျဖည္းျဖည္းခ်င္းဖြင့္လိုက္သည္။
တစ္ခ်က္၊ႏွစ္ခ်က္၊သုံးခ်က္မွ် မ်က္ေတာင္ခတ္ၿပီးေနာက္ အနည္းငယ္ၾကည္ၾကည္လင္လင္ျဖစ္လာေသာ အျမင္အာ႐ုံတြင္ ပထမဆုံးျမင္ေတြ႕လိုက္ရသည္က
ကိုယ့္ကိုစိုက္ၾကည့္ေနပါေသာ ပယင္းေရာင္မ်က္ဝန္းတစ္စုံကိုပင္။

*ဟင္....*
ဧကေလးမ်က္ဝန္းျပာေလးမ်ားဝိုင္းစက္သြားရၿပီး မ်က္ဆံျပာေလးမ်ားက ဟိုဟိုဒီဒီေ႐ြ႕လ်ားသြားကာ အေျခအေနကို အျမန္အကဲခတ္လိုက္သည္။
ကံ့ေကာ္ပန္းနံ႔မ်ားေမြးႀကိဳင္ေနသျဖင့္ သူ႔အေဆာင္ကို ျပန္ေရာက္ေနသည္ကေတာ့ ေသခ်ာသည္။

ဒါဆို ခုသူ႔ေရွ႕ကလူက ဘယ္သူလဲ...။
သူ႔ကိုၾကည့္ေနသည့္ ပယင္းေရာင္မ်က္ဝန္းမ်ားကိုျမင္ဖူးသလိုရွိေနေပမယ့္ မမွတ္မိခ်င္။
ၿပီးေတာ့ သူ႔ရဲ႕ယခုအေျခအေနႀကီးက ထိုလူရဲ႕ ရင္ခြင္ေအာက္ေရာက္ေနၿပီး ထိုလူက သူ႔ေဘးကို လက္တစ္ဖက္ေထာက္ထားၿပီး တေစာင္းအေနအထားျဖင့္ သူ႔ကိုၾကည့္ေနသည္။
*ဒီအေျခအေနကဘာႀကီးလဲ.....*
မ်က္ေတာင္မခတ္တမ္းၾကည့္ေနေသာ ထိုလူရဲ႕အၾကည့္စူးစူးေတြေအာက္တြင္ ဧကေလးတစ္ကိုယ္လုံး ရွိန္းတိမ္းတိမ္းျဖစ္လာရၿပီး သိသိသာသာ ႏွလုံးခုန္‌သံေတြပါျမန္လာသည္။ထို႔ေၾကာင့္ အေျခအေနကိုၾကည့္ကာအသံကိုထိန္းေျပာလိုက္သည္။

“အဟမ္း!..ခင္..ခင္ဗ်ားက ဘယ္သူလဲ...ဘယ္လိုလုပ္ ကြၽန္ေတာ့္အိပ္ရာေပၚေရာက္ေနတာလဲ...ဖယ္..ခုဖယ္ေပး...႐ုတ္႐ုတ္႐ုတ္႐ုတ္ လာမလုပ္နဲ႔ေနာ္....ပိုင္နက္က်ဴးလြန္မႈနဲ႔တရားဆြဲပစ္လိုက္မယ္ ဘာမွတ္ေန....”

“အဟြန္း!....”
ဒဝီဦးခိုက္ သေဘာတက်ရယ္လိုက္သည္။
တစ္ခုခုကိုစဥ္းစားေနပုံရသည့္ မ်က္ဝန္းျပာေလးမ်ား ေ႐ြ႕လ်ားေနသည့္အခ်ိန္ကတည္းက ဒဝီဦးခိုက္ ၿပဳံးခ်င္သည့္စိတ္ကိုထိန္းထားျခင္းျဖစ္သည္။

“ေမာင္မင္းက ဘယ္လိုထင္လို႔လဲ....”

“ဟမ္....ဘယ္ကေမာင္မင္းတုန္း...ဒီမွာ ခင္ဗ်ားက ကြၽန္ေတာ့္အိပ္ရာေပၚေရာက္ေနတာေလ...ခုခ်က္ခ်င္းဖယ္....”

“ေသခ်ာျပန္ၾကည့္ပါဦး ...ေမာင္မင္းက လႊတ္မေပးပဲ ကိုယ္ေတာ္က ဘယ္လိုဖယ္ေပးရမွာလဲ....”

“ဟင္....”
ထိုအခါမွ ဧကေလး သူလက္တစ္ဖက္ ထိုလူ၏အက်ႌႀကိဳးစကိုကိုင္ထားမွန္းသတိရမိသည္။
ဧကေလး အေယာင္ေယာင္အမွားမွားျဖင့္လႊတ္ေပးလိုက္ၿပီး ကိုယ္ကိုေဘးအနည္းငယ္တိုးလိုက္သည္။

“အဟြန္း!...”
ဒဝီဦးခိုက္ ရယ္ရင္း ဖယ္ေပးကာ ထလိုက္သည္။

“ဘာ ဘာရယ္တာလဲ....ခင္ဗ်ားက ဘယ္လိုလုပ္ ကြၽန္ေတာ့္အခန္းထဲေရာက္ေနတာလဲဆိုတာ ခုထိမေျဖရေသးဘူးေနာ္....အေရးထဲဆို ဟိုေကာင္ သကၠက ဘယ္ေရာက္ေနပါလိမ့္....တစ္ခုခုခိုးခ်င္ရင္လည္း ႀကိဳေျပာ ...ကြၽန္ေတာ္က သနားတက္ပါတယ္...ခင္ဗ်ားကို အနည္းငယ္ မဟုတ္ေသးဘူး စားေလာက္ေအာင္ေတာ့ ေပးမွာပါ....”

တိုင္းျပည္၏ ဘုရင္အား သူခိုး‌စြပ္စြဲေနပါေသာ မင္းျမတ္ဧကဦးမာန္ပင္။

“အဟြန္း! ေမာင္မင္းက ေက်းဇူးရွင္ကို ခုလိုဆက္ဆံတာပဲလား....”

“ဘာေတြလဲ ဘယ္ကေက်းဇူးရွင္လဲ...ခင္ဗ်ား ဘာေတြေျပာ....”
ဧကေလး စကားေျပာေနရင္း တိကနဲျပတ္သြားရသည္။အေၾကာင္းမွာ ညကအျဖစ္အပ်က္မ်ားက ေခါင္းထဲျပန္ေပၚလာ‌ေသာေၾကာင့္ျဖစ္သည္။
*သူညက မာလကာသီးခိုးခူးစားရင္း လူမိလို႔ ထြက္ေျပးတယ္...မျပန္တက္ေတာ့လို႔ သရက္ပင္ေပၚတက္တယ္....သရက္ပင္ေပၚကျပဳတ္က်တယ္...
လူတစ္ေယာက္ကဖမ္းေပးတယ္...
အဲ့လူဆီက ေရေတာင္းေသာက္တယ္...
အဲ့ဒါေရမဟုတ္ပဲ ေသရည္ေတြျဖစ္ေနတယ္....ၿပီးေတာ့ ၿပီးေတာ့....*
ဧကေလး ဆက္မစဥ္းစားရဲေတာ့ပဲ တံေတြးကို တစ္ခ်က္မ်ိဳခ်ရင္း  ငုတ္တုတ္ေလးထထိုင္လိုက္သည္။
*ဘယ္လိုေတြေတာင္လဲ....*
နားထဲျပန္ၾကားလာသည့္ ေပါက္ကရေျပာေနသည့္ အသံမ်ားႏွင့္အတူ အၿငိမ္မေနသည့္လက္၏ ေရာက္ရွိသြားေသာ ေနရာမ်ားအေၾကာင္းကိုေတြးမိေတာ့ မ်က္ႏွာေတြပါရဲတက္လာရသည္။

“အဟြန္း! မွတ္မိသြားၿပီလား...ဒါမွမဟုတ္ ကိုယ္ေတာ္ေျပာျပေပးဖို႔လိုေသးလား ....အကယ္၍ လိုရင္ေျပာပါ ကိုယ္ေတာ္ ေျပာျပေပးႏိုင္ပါတယ္..”

“ဟို...ရ ရၿပီ....ဒါနဲ႔....ခင္ဗ်ားက ဘယ္သူလဲ.....ၿပီးေတာ့ ကြၽန္ေတာ့္မွာ နာမည္ရွိတယ္ ေမာင္မင္း ...ေမာင္မင္းလို႔လာမေခၚနဲ႔...မႀကိဳက္ဘူး....ကြၽန္ေတာ့္နာမည္က...”

“သွ်င္းငယ္....”

“ဟင္.....”
ထိုလူ၏ သွ်င္းငယ္ဟုေခၚလိုက္သည့္အသံက ဧကေလးအား ၾကက္သီးေမြးညႇင္းမ်ားပါ ထသြားေစသည္။

“သွ်င္းဓနေနာင္...ကိုယ္ေတာ္ေျပာတာမွန္ရဲ႕လား....ေနာက္ထပ္တစ္ခုက မင္းျမတ္ဧကဦးမာန္....”

“Oops!....”
ဧကေလး အံဩလြန္း၍ ထိုလူ႔ကိုေၾကာင္ၾကည့္ေနမိသည္။
*သူ ညက နာမည္အရင္းေတြထိပါေျပာျပခဲ့တာလား...မဟုတ္မွလြဲေရာ....ဟိုေခတ္ကလာတဲ့အေၾကာင္းေတြေရာ ေျပာျပမိေသးလား....*
သို႔ေသာ္ ထိုအေၾကာင္းအရာမ်ားကိုေတာ့ သူ မမွတ္မိ။စကားေတြအမ်ားႀကီးေျပာေနခဲ့တာပဲမွတ္မိသည္။

ဒဝီဦးခိုက္ ၿငိမ္က်သြားေသာ ေကာင္ငယ္ေလးကိုတစ္ခ်က္ၾကည့္၍ အဝတ္အစားကို ျပင္ဝတ္လိုက္သည္။
အျပင္ဘက္မွာလည္း လင္းလင္းက်င္းက်င္းျဖစ္ေနၿပီျဖစ္ေသာေၾကာင့္
*အင္း ...အင္‌ၾကင္းေဆာင္က ၾကင္ယာေတာ္ေတာ့ ျပန္ေရာက္ႏိုင္ေကာင္းပါရဲ႕...*ဟုေတြးလိုက္သည္။
ဒီေကာင္ငယ္ေလးက ကံ့ေကာ္ေဆာင္ကဆိုသည့္အတြက္ေၾကာင့္ ၾကင္ယာေတာ္ႏွင့္တစ္ခုခုပတ္သတ္ေနရမည္။
*ဧကန္တ အဲ့အခ်ိန္တုန္းက ပါလာသည့္ သူမရဲ႕ေမာင္ငယ္ေလးဆိုသည္က သူလား....*ေရစက္ေတြက ဆန္းၾကယ္ပါဘိ။

*ဝါးအရပ္ကေတာ္ေတာ္ရွည္တာပဲ...ခႏၶာကိုယ္ႀကီးကလည္း ေဖာင္းေဖာင္းထက္ေတာင္ထြားသလိုလို....ငင့္...*
ဧကေလး ကိုယ့္ကိုေရွ႕တည့္တည့္ထား၍ အက်ႌျပင္ဝတ္ေနေသာ ထိုလူအားၾကည့္ရင္း အားက်မိသြားရသည္။
ျမင့္မားေသာအရပ္ႏွင့္ က်စ္လ်စ္ေသာ ခႏၶာကိုယ္က လိုက္ဖက္မႈရွိစြာ ၾကည့္ေကာင္းေနၿပီး ႐ုပ္ရည္မွာလည္း ခန႔္ညားေခ်ာေမာသည္။
ကိုယ့္ကိုကိုယ္ျပန္ၾကည့္မိေတာ့ ဒီဘက္ေခတ္မွာမွ ေပါင္မုန႔္မရွိေတာ့သည့္အျပင္ ပိုးဟပ္ျဖဴေလးလိုျဖစ္ေနသည့္ အသားအေရေၾကာင့္ ငိုခ်င္စိတ္ပါေပါက္လာရသည္။

ထိုအခိုက္...

“သခင္ေလး.....ဘယ္အခ်ိန္တုန္းက ျပန္ေရာက္...ေရာက္....”
သကၠ သခင္ေလး၏ အိပ္ေဆာင္ထဲမွ
သေရေခတၱရာတိုင္းျပည္၏ဘုရင္ကို ျမင္ေတြ႕လိုက္ရသည့္အခိုက္ ေျပာမည့္စကားမ်ားေတာင္ရပ္တန႔္သြားရသည္။

*ဘယ္ကဘယ္လို အရွင္ဒဝီဦးခိုက္က သခင္ေလး၏ အိပ္ေဆာင္ကိုေရာက္ေနရတာတုန္း....သခင္မေလးနဲ႔တူတူ ရွိေနရမွာမဟုတ္ဘူးလား....သူပဲအျမင္မွားတာလား...ေသခ်ာပါတယ္...ဒါတိုင္းျပည္ရဲ႕ ဘုရင္စစ္စစ္ပါပဲ...မဟုတ္မွ...ဂလု....*
သကၠ တံေတြးကို ျဖည္းညႇင္းစြာမ်ိဳခ်လိုက္ၿပီး ေနရာမွာပဲ မတ္တပ္ရပ္လွ်က္ မ်က္လုံးျပဴးလွ်က္ပင္ အရွင္ဒဝီဦးခိုက္အားၾကည့္ေနမိသည္။

ဒဝီ ကိုယ့္ကိုအတင့္ရဲစြာျပဴးၾကည့္ေနေသာ
ေရွ႕မွ ကိုယ္ရံေတာ္အား တည့္တည့္စိုက္ၾကည့္လိုက္သည္။

ေအးစက္စက္အၾကည့္မ်ားကို ျမင္လိုက္ရသည့္အခိုက္ သကၠ၏ ဒူးမ်ားလည္း ၫြတ္က်သြားကာ ....

“မဂၤလာရွိေသာနံနက္ခင္းပါ အရွင္....အတင့္ရဲစြာျပဳမူမိသည့္ ကြၽန္ေတာ္မ်ိဳးအား ခြင့္လႊတ္ေပးေတာ္မူပါအရွင္....”

သကၠ ေခါင္းကိုပါငုံ႔ထားလိုက္သည္။
မေန႔ညက အသက္လုေျပးခဲ့ၿပီးသည့္ေနာက္
ဘဝႀကီးက သာယာၿပီဟုေတြးခဲ့မိေသာ္လည္း ယေန႔မွာေတာ့ ပိုဆိုးေနခဲ့သည့္အတြက္ ကိုယ့္ကိုကိုယ္ စိတ္ထဲမွ သရဏဂုံတင္လိုက္သည္။

ဧကေလးမွာေတာ့ သကၠ၏ အရွင္ဟုေသာ အေခၚအေဝၚကို နားမလည္သည့္အခိုက္မွာပဲ ထပ္မံျပဳလုပ္လိုက္ေသာ အမူအယာေၾကာင့္ ပို၍ နားမလည္ႏိုင္ျဖစ္သြားရသည္။
ထို႔ေၾကာင့္ အိပ္ရာေပၚမွ ထလိုက္ကာ

“သကၠ ဘာေတြလုပ္ေနတာတုန္း...မင္း မေန႔ညက ငါ့ကိုတစ္ေယာက္ထဲထားသြားတယ္ေနာ္...ငါဘယ္ေရာက္လို႔ေရာက္သြားမွန္းေတာင္မသိဘူး ...ဒီလူႀကီးသာလိုက္မပို႔ရင္..ခုခ်ိန္ လူကုန္ကူးခံေနရေလာက္ၿပီ...ေမ့လို႔ ဒီေခတ္မွာဆိုရင္ေတာ့ ကြၽန္အျဖစ္ေရာင္းစားခံေနရေလာက္ၿပီ မင္းသိလား....”

သကၠမွာေတာ့ *သခင္ေလးက အရင္ေျပးတာမဟုတ္ဘူးလား..*ဟု ေျပာခ်င္ေသာ္လည္း သခင္ေလးေဘးနားက ေအးစက္စက္ၾကည့္ေနေသာ အရွင္ဒဝီဦးခိုက္ေၾကာင့္ ပါးစပ္ကိုပိတ္ထားရသည္။

ဧကေလးမွာေတာ့ မိမိေျပာေန‌သည္ကို တစ္ခ်က္အဖက္မလုပ္ေသာ သကၠေၾကာင့္
“ေဟ့ေရာင္...မင္းကိုေမးေနတာေလ...”

“အဟမ္း! ကိုယ္ေတာ္ ျပန္ေတာ္မူၿပီ‌ သွ်င္းငယ္....”
ဒဝီဦးခိုက္ ကိုယ္ရွိ‌ေနေသာေၾကာင့္ သွ်င္းငယ္‌ေမးသည္ကို ျပန္ေျဖျခင္းျပဳမည္မဟုတ္သည့္ သွ်င္းငယ္၏ ကိုယ္ရံ‌ေတာ္ေၾကာင့္ ျပန္ဖို႔ျပင္လိုက္သည္။
ေနမြန္းတည့္ခ်ိန္၌ နန္းတြင္းမွာ အစည္းအေဝးပြဲရွိေသးသည္ပဲမဟုတ္ပါလား။

“အမ္ ေနဦးေလ... ခင္ဗ်ားနာမည္ေျပာသြားဦး....လိပ္စာ...မွားလို႔ ဘယ္အေဆာင္မွာေနတာလဲေရာေျပာသြား ခင္ဗ်ားနဲ႔ကြၽန္ေတာ္ကိစၥမၿပီးေသးဘူး ၿပီးမွ ဆက္ရွင္းမယ္....”
ဧကေလး သကၠကိုၾကည့္ေနရာမွ ေနာက္လွည့္ၿပီးေျပာလိုက္သည္။

သကၠမွာေတာ့ ခင္ဗ်ားေတြ ကြၽန္ေတာ္ေတြႏွင့္ တိုင္းျပည္၏အရွင္သခင္အားေျပာေနေသာ  သခင္ေလးအစား လည္ပင္းေတြယားလာသလိုခံစားရသည္။

“အဟြန္း! ..ဒဝီဦးခိုက္...မွန္နန္းေဆာင္ေတာ္ေဘးကပ္လွ်က္က ရာဇာကုေဋနန္းေဆာင္ေတာ္...သွ်င္းငယ္လာရွင္းမွာကို ကိုယ္ေတာ္ေစာင့္ေနပါတယ္...”
ဒဝီဦးခိုက္ ေျပာၿပီးေနာက္ ကံ့ေကာ္နန္းေဆာင္မွ ထြက္လာလိုက္သည္။
မထြက္လာခင္ အခန္းတြင္းက အသုံးအေဆာင္မ်ားကို တစ္ခ်က္ၾကည့္ရင္း အလိုမက်မႈအနည္းငယ္ျဖစ္သြားၿပီးေနာက္ ပုံမွန္ပင္ ျပန္ျဖစ္သြားသည္။

“ဟူးးးးးး”
သကၠ အရွင္ဒဝီဦးခိုက္ ထြက္သြားသည့္အခါမွ သက္ျပင္းကိုခ်ရင္ ဒူးေထာက္ထားရမွာ ေအာက္ကို ပုံလွ်က္ေလးက်သြားသည္။

“သကၠ မင္း ငါေမးတာခုထိမေျဖေသးဘူးေနာ္....”

“ေျဖပါ့မယ္သခင္ေလးရယ္...မေျဖခင္ သခင္ေလးက အရွင္ဒဝီဦးခိုက္နဲ႔ ဘယ္ကဘယ္လို...မဟုတ္ေသးဘူး အရွင္ကဘယ္လိုလုပ္ သခင္ေလးအိပ္ေဆာင္ကိုေရာက္ေနတာလဲ...သခင္ေလးကံ့ေကာ္ေဆာင္ကို ျပန္လာတက္သားပဲ ကြၽန္ေတာ္မ်ိဳးက သခင္ေလးမျပန္တက္ေလာက္ဘူးထင္လို႔ လိုက္ရွာေနေသးတယ္....”

“မင္းကိုငါအရင္ေမးတာေလ မင္းကငါ့ျပန္ေမးေနတာလား...ၿပီးေတာ့ အရွင္ဒဝီဦးခိုက္...သူက ဘယ္သူမို႔လို႔ မင္းက ဒူးေထာက္‌ေနတာလဲ....သူပဲ ငါ့ကိုျပန္ပို႔ေပးတာ...ငါလည္း ဘယ္ေရာက္လို႔ေရာက္မွန္းမသိလို႔ သရက္ပင္ေပၚတက္ေနတာ...အဲ့မွာျပဳတ္က်ၿပီး သူ‌နဲ႔ေတြ႕ၿပီး သူကျပန္လိုက္ပို႔ေပးတာပဲ....”

“ဟင္...အရွင္ဒဝီဦးခိုက္က သခင္ေလးကိုျပန္ပို႔ေပးတာလား....အရွင္က သခင္မေလးနဲ႔တူတူရွိေနရမွာမဟုတ္ဘူးလား...သခင္မေလးက ခုထိျပန္မေရာက္ေသးဘူးေလ...ဒါဆို အရွင္က သခင္ေလးနဲ႔တူတူတစ္ညလုံးရွိေနတာေပါ့...”

“ေအးေလ...ရွိေနလို႔မင္းျမင္တာေပါ့...”

“ဘုရား ဘုရား....”

“ဘာျဖစ္တာလဲဟ...ငါ့အစ္မနဲ႔ဘာလို႔တူတူရွိရမွာလဲ သူက....ဟင္...ေနဦး....
အရွင္ဒဝီဦးခိုက္...အမ္....ငါ့အစ္မနဲ႔ လက္ဆက္တဲ့ သေရေခတၱရာျပည့္ရွင္အရွင္မဟာရာဇာဒဝီဦးခိုက္က သူလား....”

“ဟုတ္ပါတယ္သခင္ေလး....”

“ဗုေဒၶါ....”
ဧကေလးေနာက္ကိုဖင္ထိုင္လွ်က္ေလးက်သြားသည္။
*တိုင္းျပည္ရဲ႕ဘုရင္ကိုမွ ငါဘာေတြလုပ္လိုက္မိတာလဲ....ဘာ ..ခင္ဗ်ား...ပိုင္နက္က်ဴးလြန္မႈ ..သူခိုး...နာမည္အရင္းကလည္းေမးေသးတယ္ စာရင္းကရွင္းဦး‌မယ္....ပါးပါးေရ...သားအျဖစ္ကိုၾကည့္ပါဦး....*
ဧကေလး ႐ူးခ်င္ခ်င္ပါျဖစ္သြားရသည္။
သူ႔အျဖစ္က တိုင္းျပည္၏ဘုရင္အား ႐ိုင္းစိုင္းစြာဆက္ဆံမႈ ၊အၾကည္ညိဳပ်က္ေစမႈ၊စြပ္စြဲမႈ စသည့္စသည့္ ေခါင္းစဥ္အမ်ိဳးမ်ိဴးေအာက္တြင္ အဖမ္းခံရပါက ေသခ်ာေပါက္ ေသဒဏ္ပင္မဟုတ္ပါလား။

“သကၠ ...သကၠ....”

“ဗ်ာ...ဗ်ာ...သခင္ေလး....”

“တကယ္ တကယ္ပဲ သူက တိုင္းျပည္ဘုရင္လား...."

“ဟုတ္ပါတယ္သခင္ေလး တိုင္းျပည္ရဲ႕ဘုရင္စစ္စစ္ သခင္ေလးရဲ႕ေယာက္ဖ‌ေတာ္စစ္စစ္ပါ သခင္ေလး.....”

“ငင့္ ပါးပါးေရ....ငါ ငါ ေသဒဏ္ခ်ခံရေတာ့မွာလားဟင္.... ဟင္ သကၠ....ေျပာပါဦး....”
ဧကေလး သကၠလက္ေမာင္းအား ကိုင္လႈပ္ရင္းေျပာလိုက္သည္။

“မလုပ္....မလုပ္ေလာက္ပါဘူး သခင္ေလးရဲ႕....သ သခင္ေလးက သူ႔ေယာက္ဖေတာ္တာပဲမဟုတ္ဘူးလား ..မလုပ္ေလာက္ပါဘူး....”

“ဟုတ္တယ္ မလား...မလုပ္ေလာက္ပါဘူးေနာ္....ဟုတ္တယ္မလား....ငါ့အစ္မမ်က္ႏွာကိုေထာက္ထားၿပီးေတာ့ျဖစ္ျဖစ္ မရက္စက္ေလာက္ပါဘူးေနာ္....”

“ထင္ရတာပါပဲ သခင္ေလး....”

“ငင့္...ဘာထင္ရတာပါပဲလဲ...ဒါနဲ႔ သူကဒီမွာအိပ္တာဆိုေတာ့ အစ္မေတာ္ကေရာ ဘယ္သူနဲ႔အိပ္....Oops!... သူသူ အစ္မေတာ္ကို တစ္ေယာက္ထဲထားၿပီး တစ္ေယာက္ေယာက္နဲ႔အိပ္လာတာမ်ားလား....”

မ်က္လုံးျပဴးျဖင့္ေျပာလာေသာသခင္ေလးေၾကာင့္ သကၠ ေခါင္းကိုကုတ္လိုက္ကာ..
“မဟုတ္ေလာက္ပါဘူးသခင္ေလးရယ္....ကြၽန္ေတာ္ေလးမေျပာတက္ေတာ့ဘူး ....သခင္ေလးေျပာတာ တစ္ေယာက္ေယာက္ၾကားသြားမွ
ႏွစ္‌ေယာက္လုံး နန္းေတာ္အျပင္ဘက္ က်ပ္စင္တင္ခံေနရလိမ့္မယ္.....”

“ဟုတ္တယ္ေနာ္....”
ဧကေလးစိတ္ထဲမွာေတာ့ အနည္းငယ္ ဒြိဟျဖစ္သြားက  ေနာက္ခါေယာက္ဖဘုရင္ႏွင့္မေတြ႕ေအာင္ တက္ႏိုင္သမွ်ေရွာင္မည္ဟုဆုံးျဖတ္လိုက္ေတာ့သည္။

“ေနဦး....ဘာလဲ က်ပ္စင္က....”

“နန္းေတာ္အျပင္ဘက္မွာ  ဝါးလုံးနဲ႔တြဲခ်ည္ၿပီး ေနပူလွန္းခံရတာကိုေျပာတာပါသခင္ေလး....”
သကၠ ေျပာရင္း ဒါေလးေတာင္မသိဘူးလားဆိုသည့္ အၾကည့္မ်ိဴးျဖင့္ ဧကေလးအားၾကည့္လိုက္သည္။

“မင္း....အဲ့လိုလာမၾကည့္နဲ႔...သိပါတယ္ကြ...ေသခ်ာေအာင္ေမးၾကည့္တာ.... ရွင္းလား....ေတာ္ၿပီ မ်က္ႏွာသစ္ဖို႔လုပ္ေပး....”

“အမိန႔္တိုင္းပါသခင္ေလး....”

ထို႔ေနာက္တြင္ေတာ့ သကၠမွာ သခင္ေလးအတြက္ အစစအရာရာျပင္ဆင္ေပးလိုက္ေတာ့သည္။

************

အင္ၾကင္းေဆာင္အတြင္းတြင္ ခတၱ ေၾကးမုံေရွ႕တြင္ ျပင္ဆင္ဖီးလိမ္းရင္း ၾကည္ၾကည္လင္လင္ၿပဳံးလိုက္မိသည္။
ညတုန္းက ဘယ္လိုပဲ အရွင္နဲ႔သေဘာတူညီမႈယူခဲ့ယူခဲ့ စိတ္ကမလုံၿခဳံသျဖင့္ အေတာ္ေလးညဥ့္နက္မွ အိပ္ေပ်ာ္ခဲ့သည္။
ခုေတာ့ သူမ စိတ္မလုံၿခဳံစရာလည္းမရွိေတာ့သလို အရွင္၏ စိတ္ဓာတ္ျပတ္သားတည္ၾကည္မႈကို ခ်ီးက်ဴးမိသည္။

ေနအေတာ္ေလးျမင့္ေနၿပီျဖစ္၍ ဒီအခ်ိန္ေလာက္ဆို နန္းေဆာင္ျပန္လို႔ရႏိုင္ေလာက္ၿပီဟုေတြးမိေသာေၾကာင့္ အသာအယာထလိုက္ကာ အိပ္ရာကိုသိမ္းဖို႔ျပင္လိုက္သည့္အခိုက္ အိပ္ရာေပၚမွ ျမင္လိုက္ရသည့္ အရာေၾကာင့္ မ်က္ဝန္းေလးေတြဝိုင္းစက္သြားရသည္။
သူမ ထိုအရာကို တကယ္ကိုသတိမထားမိ။
ေၾကးမုံျပင္ေရွ႕မွ ခုံကိုၾကည့္မိေတာ့လည္း ထိုနည္းတူပင္။

ထို႔ေၾကာင့္ ထိုခုံကို တစ္ခုခုျဖင့္အရင္သန႔္ရွင္းကာ အိပ္ရာခင္းကို အသာဖယ္၍ ေဘးမွာရွိ‌သည့္ ျခင္းေတာင္းထဲထည့္လိုက္သည္။
ထို႔ေနာက္တြင္ေတာ့ အဝတ္အစားမ်ားရွိသည့္ အခန္းထဲသို႔သြားလိုက္ၿပီး သင့္ေတာ္မည့္ အဝတ္အစားႏွင့္ေျပာင္းလဲလိုက္သည္။
ဒီတိုင္းထြက္သြားဖို႔က မည္သို႔မွ် သင့္ေတာ္ျခင္းမရွိသလို အင္ၾကင္းေဆာင္ႏွင့္ သူမတို႔၏ အေဆာင္က အေတာ္ေလးပင္ လွမ္းသည္မဟုတ္ပါလား။

အဝတ္အစားလဲၿပီးသည္ေနာက္ အေဆာင္ေတာ္ထဲမွ ထြက္လာရာ ခပ္လွမ္းလွမ္းတစ္ေနရာတြင္ မတ္တပ္ရပ္လွ်က္ ေစာင့္ေနေသာ အရွင့္၏ ကိုယ္ရံေတာ္အားေတြ႕လိုက္ရသည့္အခိုက္ စိတ္ထဲတြင္ တစ္မ်ိဳးေလးျဖစ္သြားၿပီး ၿပဳံးမိသြားသည္။

မဏိ တံခါးမဆီသို႔ ဦးတည္ကာေလွ်ာက္လာေနပါေသာ ၾကင္ရာေတာ္မိဖုရားအား ျမင္လိုက္ရသည့္အခိုက္ ထိတ္ကနဲတုန္ခါသြားေသာ ႏွလုံးခုန္သံႏွင့္အတူ လူကပါ အလိုလို အသင့္အေနအထားျဖစ္သြားသည္။
ေနေရာင္ျဖာျဖာေအာက္တြင္ ပဝါစတလြင့္လြင့္ျဖင့္ ေလွ်ာက္လာေနပါေသာ ၾကင္ယာေတာ္မိဖုရားသည္ နတ္သမီးတမွ် တင့္တယ္ေခ်ာေမာ အိေျႏၵရွိလွသည္။
အနားသို႔ေရာက္လာသည္အထိ မဏိ သတိလက္လႊတ္ၾကည့္ေနမိၿပီး ေရွ႕တည့္တည့္ရပ္လိုက္သည့္အခါမွ သတိဝင္လာကာ အၾကည့္အျမန္လႊဲလိုက္ၿပီး

“အေဆာင္ေတာ္ကို ျပန္ေတာ္မူမွာပါလား ၾကင္ယာေတာ္ခင္ဗ်....”

“ကံ့ေကာ္ေဆာင္ကိုျပန္ေတာ္မူမယ္....”

“ဟုတ္ကဲ့ ကြၽန္ေတာ္မ်ိဳး ေဝါယာဥ္အျမန္စီစဥ္လိုက္ပါ့မယ္...ၾကင္ယာေတာ္ခင္ဗ်...”

“ရပါတယ္...ေဝါယာဥ္မစီစဥ္‌နဲ႔ေတာ့ ခတၱရာ လမ္းေလးေလွ်ာက္ခ်င္လို႔...ဒီတိုင္းပဲျပန္လိုက္ေတာ့ပါမယ္....”

“အဲ့ဒါဆို ကြၽန္ေတာ္မ်ိဳး လိုက္ပါပို႔ေဆာင္ေပးပါရေစ ၾကင္ယာေတာ္ခင္ဗ်....”

“ေကာင္းၿပီေလ...မဏိေနာ္....”
ခတၱရာ ကိုယ့္ကိုတစ္ခ်က္ေလးေမာ့မၾကည့္လာေတာ့ေသာ မဏိကိုၾကည့္ရင္း ေျပာလိုက္သည္။

“မွန္လွပါ ၾကင္ယာေတာ္ခင္ဗ်.....”

“ၾကင္ယာေတာ္လို႔မေခၚလည္းရပါတယ္....”

“စိုး႐ြံလွပါတယ္....ကြၽန္ေတာ္မ်ိဳး ဘယ္လိုမ်ားေခၚေတာ္မူရပါမလဲ....”

“ခတၱရာ...”

“ကြၽန္ေတာ္မ်ိဳး မဝံ့ရဲပါဘူး...ၾကင္ယာေတာ္....”

“အင္းးးသခင္မေလးဆိုရပါၿပီ....သခင္မေလးပဲ ေခၚပါ....”

“မွန္လွပါ သခင္မေလးခင္ဗ်...”

“အဲ့ဒါဆို သြားၾကတာေပါ့...သွ်င္းေလးအတြက္ မနက္စာ ျပင္ေပးရဦးမယ္....”
ခတၱရာေျပာရင္း ေရွ႕မွ ေလွ်ာက္သြားလိုက္သည္။

မဏိမွာေတာ့ ၃ေပအကြာအေနအထားေလာက္ေန လိုက္လာခဲ့လိုက္သည္။

CHANGE 🍁

မင္းျမတ္ဧကဦးမာန္=သွ်င္းဓနေနာင္
စဝ္မင္းကမာၻဦးခိုက္=ဒဝီဦးခိုက္
ထူးျခား=သကၠ
အင္း ဒါက ေလာေလာဆယ္ ေခတ္နဲ႔တူတဲ့ဇာတ္ေကာင္ေတြေပါ့
ဇာတ္ေကာင္ေတြက အကုန္မေပၚေသးပါဘူးေနာ္
ကိုယ္ေရးတာကိုနားလည္ၾကရဲ႕လားဗ်
ဖတ္ရတာေရာ အဆင္ေျပၾကရဲ႕လားဗ်....

ႏိုင္ငံေရးကအရမ္းဆိုးဝါးေနၿပီး
ဒီေန႔သတင္းေတြအရ PDFေတြ အက်အဆုံးမ်ားေနတယ္...အဲ့ဒါေၾကာင့္ တက္ႏိုင္သေလာက္ ကိုယ္အလႉေလးခံခ်င္တယ္...
OSတစ္ပုဒ္ 3000အနည္းဆုံးေလာက္နဲ႔
ခင္ဗ်ားေလးတို႔ေရးခ်င္တဲ့အေၾကာင္းအရာကို ကိုယ္ႀကိဳးစားေရးေပးမယ္....
အလြတ္ကူခ်င္ရင္လည္း wattpad message boxမွာျဖစ္ျဖစ္ ကိုယ့္fb accမွာျဖစ္ျဖစ္100,200ကစလို႔ လႉလို႔ရပါတယ္ဗ်

Continue Reading

You'll Also Like

164K 19K 105
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
88.5K 8.5K 107
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
138K 11.6K 69
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...