Unicode
ဒီဇင်ဘာလ ၂၁ရက်နေ့တွင် ချန်ချန်းချင်းသည် နောက်ဆုံးစာမေးပွဲကို ဖြေဆိုပြီးစီးခဲ့၏။
စာမေးပွဲဖြေပြီးနောက် ကျူ့မောက်က သူ့အား အခြေအနေဘယ်လိုရှိလဲဟု မေးလာသည်။ ချန်ချန်းချင်းက ဘောပင်ကိုကိုင်ထားကာ ခဏကြာမျှ တိတ်ဆိတ်နေရင်း
"အောင်လောက်မှာပါ"
အမှန်တိုင်းပြောရလျှင်တော့ သူမသိ။ သို့သော် သူမဖြေနိုင်လည်း ကိစ္စမရှိချေ။ လုကျန့်ဖေးက သူ့အား ဘွဲ့ရအောင် လုပ်ပေးလိမ့်မည်ပင်။
ချန်ချန်းချင်း မှတ်မိသေးသည်။တစ်ချိန်တုန်းက တရုတ်က တက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားနေကြသော ဘယ်သူဘယ်ဝါဆိုသူများဟာ ဘာသာရပ်တစ်ခုကို ကျရှုံးခဲ့ကြသည်။ထိုဘာသာရပ်ကိုသင်သော ပရော်ဖက်ဆာအိုကြီးကလည်း ခေါင်းမာပြီး အအောင်ပေးဖို့ငြင်းဆန်လေ၏။ နောက်ဆုံး ကျောင်းဟာ ရွေးစရာမရှိစွာဖြင့် ထိုဘာသာရပ်ကို ပယ်ဖျက်ရတော့သည်။
ဤကမ္ဘာမှာ တရားမျှတမှုမရှိဟူ၍ ပြောမရချေ။ သင်သာ အတိုင်းအတာတစ်ခုထိ အင်အားကြီးလာချိန်မှာ သင့်ကို ထိန်းထားနိုင်သည့်တစ်ခုတည်းသော အရာက ကိုယ်ကျင့်တရားပါပင်။
စာမေးပွဲပြီးတော့ ချန်ချန်းချင်းက လုကျန့်ဖေးထံပြန်လာသည်။ ဟုတ်တာပေါ့။ သူပြန်လာချိန်မှာ သူနှင့်အတူရှောင်ဟွားကိုပါ ခေါ်လာလေသည်။
ချန်ချန်းချင်း အိမ်ပြန်လာတော့မည်ကို သိတော့ လုကျန့်ဖေးက အိမ်မှာပင် တမင်တကာ စောင့်နေလေသည်။ သို့သော်လည်း ချန်ချန်းချင်းပြန်လာချိန်မှာ အိတ်ကပ်ထဲ ကြောင်လေးပါထည့်လာမည်ဟု ထင်မထားမိခဲ့။ သူ အနည်းငယ် ကြောင်အမ်းသွားရင်း
"ချန်းချင်း မင်းက တိရစ္ဆာန်လေးတွေကို သဘောမကျဘူးမလား"
ချန်ချန်းချင်းက ရှောင်ဟွားကို သူ့ကုတ်အင်္ကျီအိတ်ကပ်ထဲထည့်လာကာ အိမ်ရောက်ခါမှ ထုတ်လိုက်လေသည်။
"ငါ့မှာ ဘာမှလုပ်စရာမရှိလို့။ မွေးထားပြီး ကစားချင်ရုံပဲ"
ရှောင်ဟွားက အနည်းငယ်ကြီးလာပြီဖြစ်သည်။ သူက ချန်ချန်းချင်းခြေထောက်နားမှာ ငုတ်တုတ်ထိုင်ရင်း လုကျန့်ဖေးကိုတွေ့တော့ နားရွက်လေးထောင်လာသည်။ လုကျန့်ဖေးက လက်လှမ်းလာချိန်မှာတော့ မာန်ဖီလိုက်လေ၏။
အစက လုကျန့်ဖေးဟာ သူ့ကိုပွေ့ချီဖို့ဟန်ပြင်လိုက်ပေမဲ့ ရှောင်ဟွား၏ တုံ့ပြန်မှုက သူ့အား မပျော်မရွှင်ဖြစ်သွားစေလေသည်။
"သူ့နာမည် ဘာတဲ့လဲ"
"ရှောင်ဟွား"
လုကျန့်ဖေးမှာ ဝါးလုံးကွဲရယ်ချလုမတက်ဖြစ်သွားလေသည်။
"အိုင်း ရှောင်ဟွားရေ နောက်ဆို အိမ်မှာတွေ့ကြတာပေါ့ကွာ။ မင်းက အငှားအိမ်လေးလိုပဲ သေးလိုက်တာရော"
ချန်ချန်းချင်းက နှာမှုတ်လိုက်ရင်း ရှောင်ဟွားသုံးနေကျ ကြောင်အီးခွက်လေးကို သန့်စင်ခန်းထဲမှာထားကာ ကြောင်အိပ်ရာလေးကိုတော့ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ထားလိုက်၏။
လုကျန့်ဖေးက ရှောင်ဟွားကို ချီချင်ပေမဲ့ ရှောင်ဟွားကတော့ ချန်ချန်းချင်းနောက်သို့သာ အသည်းအသန်လိုက်လေသည်။ လုကျန့်ဖေးက လက်ဆန့်လိုက်တိုင်း သူကလည်းလက်သည်းထုတ်ပြ၏။ အရေပြားကို မကုတ်ခြစ်ပေမဲ့လည်း လုကျန့်ဖေးခမျာတော့ လက်မှာ အနီအစင်းကြောင်းတွေ အများအပြားရှိလို့နေပေသည်။
လုကျန့်ဖေးက မတရားခံရဟန်ဖြင့် ဆိုလာ၏။
"ချန်းချင်း သူက ကိုယ့်ကို အချီမခံဘူး"
ချန်ချန်းချင်းက ကြောင်အီးခွက်ကို စီမံနေရင်း နောက်တောင်လှည့်မကြည့်။
"သွားစမနေနဲ့။ မျက်လုံးကန်းရင် ငါတာဝန်မယူနိုင်ဘူး"
လုကျန့်ဖေး : "......."
ရှောင်ဟွားရောက်လာပြီးနောက် သူ၏ အိမ်ဦးစီးဂုဏ်ပုဒ်က ထပ်မံလျောကျတော့မည်ဟု အာရုံရနေပေပြီ။
ချန်ချန်းချင်းက ရှောင်ဟွား၏ နေရာလေးကို ပြင်ဆင်ပေးကာ ကြောင်စာ ထည့်ပေးလိုက်သည်။ ထိုအခါမှ လုကျန့်ဖေးဟာ ရှောင်ဟွား အစားစားနေတာကို အခွင့်ကောင်းယူပြီး အကြိမ်အနည်းငယ်မျှ ထိကြည့်ကာ ဆိုဖာဆီသို့ ကျေနပ်စွာ ပြန်လာလေသည်။
လုကျန့်ဖေးက မေးလာ၏။
"ချန်းချင်း မင်း ဆောင်းတွင်းပိတ်ရက်ကို ဘယ်လိုဖြတ်သန်းမှာလဲ"
ချန်ချန်းချင်းက လုကျန့်ဖေးဟာ Come out မလုပ်တော့ဘူး ဆိုတာကို သိလိုက်ကတည်းက ဤဆောင်းတွင်းပိတ်ရက်အတွက် မျှော်လင့်ထားတာမရှိတော့ပေ။
"ငါ မစဥ်းစားရသေးဘူး"
"မင်းပဲ ကိုယ်နဲ့ Dနိုင်ငံကို သွားဖို့ ကတိပေးထားတယ်မလား။ မင်းအချိန်သတ်မှတ်လိုက်။ ကိုယ်က လေယာဥ်လက်မှတ်စောစောဝယ်ထားလိုက်မယ်"
တကယ်တမ်းမူ လုကျန့်ဖေးအဖြစ်ချင်ဆုံးက ချန်ချန်းချင်းကို နိုင်ငံခြားခေါ်သွားပြီး စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုလုံးကို စစ်ဆေးကြည့်ချင်တာဖြစ်သည်။ သို့သော်လည်း ချန်ချန်းချင်း သဘောတူမှာမဟုတ်ဘူးဆိုတာ သူသိနေသည်။ ထို့ကြောင့်ပင် သူ့မှာ နောက်တစ်လှမ်းဆုတ်ကာ ချန်ချန်းချင်းကို တခြားနေရာသွားဖို့ တောင်းဆိုလိုက်ရခြင်း ဖြစ်ပေသည်။
ချန်ချန်းချင်းမှာ စိတ်ပိုင်းဆိုင်ရာပြဿနာရှိတာဟုတ်သည်။ သို့ပေမဲ့ သူရူးနေတာမဟုတ်။ သူက ပုံမှန်လူဟု အခိုင်အမာဆိုထားသော လုကျန့်ဖေးထက်ပင် အများကြီး ပုံမှန်ဖြစ်သေးသည်။ ထို့ကြောင့်ပင် သူက ထိုကိစ္စကို စိတ်ထဲထားမနေပါချေ။
ချန်ချန်းချင်းက ခဏမျှ စဥ်းစားကာ
"ငါ အိမ်ပြန်ဦးမယ်။ မင်းနဲ့ပြီးမှ ခရီးထွက်မယ်"
သူ၏ အတိတ်ဘဝတုန်းကတော့ သူဟာ ချန်ချန်းချင်း၏ မိဘများသေဆုံးမှုကို သွယ်ဝိုက်ဖြစ်စေခဲ့ပြီး ယင်းက သူနှင့် ချန်ချန်းချင်းတို့အား အဆုံးသတ်မလှသော သေခြင်းတရားဆီသို့ ရောက်စေခဲ့ရသည်။ ယခု သူ ချန်ချန်းချင်း ဖြစ်လာပြီဆိုမှတော့ ချန်ချန်းချင်း၏ သားသမီးဝတ်တို့ကို ကျေပွန်ပေးရပေမည်။
လုကျန့်ဖေးက သဘောတူပေးလိုက်သည်။ သူ့မှာ အလုပ်ပိတ်ရက်ရဖို့ အချိန်သိပ်မရှိလေရာ သည်တစ်ကြိမ်တော့ ချန်ချန်းချင်းနှင့်အတူပြန်လိုက်ဖို့ မဖြစ်နိုင်တော့ပေ။ သို့သော်လည်း ချန်ချန်းချင်းက ခရီးထွက်ဖို့ သူ့အကြံကို သဘောတူလိုက်ကတည်းက တော်တော်အခြေအနေကောင်းနေပြီပဲ ဖြစ်၏။
သူတို့နှစ်ယောက်ကြားမှာ တစ်ဖက်လူက အလျော့ပေးညှိနှိုင်းဖို့ ကြိုးစားနေသရွေ့ နောက်လူ၏ အပြုအမူကလည်း ပျော့ပျောင်းလာတတ်သည်။ ကြည့်ရတာ လွယ်ကူသယောင်ပေါက်ပေမဲ့ အတိတ်တုန်းက လုကျန့်ဖေးနှင့် ချန်ချန်းချင်းတို့နှစ်ယောက်ထဲက တစ်ယောက်မှ ထိုကဲ့သို့လူ ဖြစ်မလာခြင်းဟာ ဝမ်းနည်းစရာပါပင်။
ဒီဇင်ဘာလတွင် မြို့တော် A၌ နှင်းများ စတင်ကျလာသည်။ ချန်ချန်းချင်းက တရုတ်နှစ်ကူးကာလမှာ လူရှုပ်တာကို ရှောင်ဖို့အတွက် ပိတ်ရက်ပြီးနောက်ရက်အနည်းငယ်အကြာမှပြန်မည့် လေယာဥ်လက်မှတ်ကို ဝယ်ထားလိုက်သည်။
လုကျန့်ဖေးက ချန်ချန်းချင်းကို ခွဲဖို့ တွန့်ဆုတ်နေပေမဲ့လည်း သူ့ကို မတားပေ။ သူက ချန်ချန်းချင်းကို ခန္ဓာကိုယ်အား ဂရုစိုက်ရန်နှင့် သူတို့၏ ချိန်းထားသောအချိန်ကို အာရုံစိုက်ထားဖို့သာ ထပ်တလဲလဲ မှာလေသည်။
ချန်ချန်းချင်းနှင့် လုကျန့်ဖေးက တရုတ်နှစ်ကူးပြီးရင် ခရီးထွက်ဖို့ ချိန်းထားကြတာဖြစ်သည်။ သူက လုကျန့်ဖေး၏ ညွှန်ကြားချက်တွေကို နားထောင်ကာ အတော်ကြာအောင် နှုတ်ဆိတ်နေပြီးမှ ပြောလိုက်၏။
"ရှောင်ဟွားကို ဂရုစိုက်"
ပြောပြီးသည်နှင့် သူ လှည့်ထွက်သွားတော့သည်။
လုကျန့်ဖေးမှာ ခုထိအသိမဝင်နိုင်ခဲ့ချေ။ သူ အသိဝင်လာသည့်အခါမှာတော့ ချန်ချန်းချင်းက စစ်ဆေးရေးဂိတ်ကိုတောင် ဝင်ရောက်နေပြီဖြစ်၏။ချန်ချန်းချင်း သူ့ကို နောက်ဆုံးပြောသွားသော စကားက ......တကယ်တော့ သူနှင့်မဆိုင်ပေ။ ဒါကို လုကျန့်ဖေး တွေးမိသွားတော့ သူ့ကို စကားနည်းနည်းပြောပေးဖို့ ချန်ချန်းချင်းထံ အပြေးအလွှားတောင်းဆိုဖို့ရာ လေယာဥ်လက်မှတ် ဝယ်ချင်စိတ်တွေ ထိန်းမရတော့။
သို့သော်လည်း မည်သို့ပင်ဆိုစေ လုကျန့်ဖေးက ထိုလောကြီးနေမှုကို ခုခံကာ ရှုတည်တည်မျက်နှာပေးဖြင့်သာ ပြန်လာလိုက်ရတော့သည်။
လေယာဥ်က နှောင့်နှေးကြန့်ကြာခြင်းမရှိချေ။ ချန်ချန်းချင်းသည် နာရီအနည်းငယ်ကြာပြီးနောက် မြို့တော်B သို့ ရောက်ရှိသွားလေသည်။
ချန်ချန်းချင်း၏ မိခင်ဖြစ်သူ လျို့ဟွားမေဟာ ချန်ချန်းချင်း ပြန်လာမှာကို အစောကြီးကတည်းက သိထားပြီးဖြစ်သည်။ သူမက စားပွဲအပြည့် ဟင်းပွဲတွေစီစဥ်ကာ ချန်ချန်းချင်း၏ ဖခင်ဖြစ်သူ ချန်ချင်းယန်ကိုလည်း ချန်ချန်းချင်းကိုလေဆိပ်မှာသွားကြိုဖို့ရာ ခွင့်ယူခိုင်းလိုက်၏။
မိဘမေတ္တာကကြီးမားလှသော်ငြား ချန်ချန်းချင်းမှာ ထိုက်တန်သည်ဟု မခံစားရပါချေ။
ချန်ချင်းယန်၏ ကားထဲရောက်တော့ လုကျန့်ဖေး၏ ဖုန်းက ဝင်လာလေသည်။ ချန်ချန်းချင်းက ကောက်ကိုင်လိုက်တော့ လုကျန့်ဖေး၏ အသံကိုကြားလိုက်ရသည်။
"ရောက်ပြီလား"
ချန်ချန်းချင်းက အင်း ဟု အသံပြုလိုက်၏။
လုကျန့်ဖေးက သတိပေးသင့်တာအကုန်လုံး ပေးပြီးသည့်နောက် ခဏကြာ တိတ်ဆိတ်သွားပြီးမှ စကားဆိုလာသည်။
"တကယ်လို့ ချန်ရှောင်ဟွေ့က မင်းအိမ်ကို ထပ်ပြီးလာရှုပ်ရင် ကိုယ့်ကိုဖုန်းခေါ်လိုက်"
အရင်တစ်ခေါက်ကတော့သူဟာ အပျော်အပျက်ကြည့်ရုံလောက်ဟု တွေးထားပေမဲ့ ခုချိန်မှာတော့ ချန်ချန်းချင်းဟာ ချန်ရှောင်ဟွေ့ထံမှ အနိုင်ကျင့်ခံရမည်ကို စိုးရိမ်မိနေရချေပြီ။
လုကျန့်ဖေးက သူ့အားနည်းချက်ကို ကာကွယ်ပေးဖို့လုပ်နေမှန်း ချန်ချန်းချင်းသိသည်။ ထို့ကြောင့်ပင်သူက ပြုံးရုံပြုံးကာ အင်း ဟု အသံပြုလိုက်သည်။
လုကျန်ဖေးက ဆိုပြန်၏။
"ဘာပဲဖြစ်ဖြစ် မင်းအနိုင်ကျင့်ခံရင် ကိုယ့်ကို ဖုန်းခေါ်ဖို့ သတိရနော်"
ချန်ချန်းချင်းက မျက်လွှာချရင်း သူဟာသူ ရယ်လိုက်မိသည်။အဲ့လိုဖြစ်ရင်လား...သူ တရားစွဲပစ်မှာပေါ့။
အကယ်၍ တကယ့်ချန်ချန်းချင်းသာ အစားထိုးလိုက်လျှင်တော့ လုကျန့်ဖေးကို စကားတစ်ခွန်းမှ မတောင်းဆိုဘဲ သေသည်ထိ တောင့်ခံသွားမှာ စိုးရပါ၏။
ချန်ချန်းချင်းက ပြောလိုက်သည်။
"ငါသိပြီ ဖုန်းအရင်ချလိုက်တော့"
လုကျန့်ဖေးမှာ တွန့်ဆုတ်မနေတော့ပါဘဲ တန်းဖုန်းချလိုက်ရတော့သည်။
ချန်ချင်းယန်က ရှေ့မှာ ကားမောင်းနေရင်း ချန်ချန်းချင်း၏ အသံကိုကြားတော့ မေးလာ၏။
"သားမှာ ကောင်မလေးရှိနေတာလား"
ချန်ချန်းချင်း ခဏလောက် ကြောင်အမ်းသွားပြီးမှ ချန်ချင်းယန် နားလည်မှုလွဲနေတာကို သဘောပေါက်သွားသည်။ သူပြန်ဖြေပေးလိုက်၏။
"ဟင့်အင်း အတန်းဖော်ပါ"
ချန်ချင်းယန်က ချန်ချန်းချင်းရှက်နေတာဟုပင် တွေးကာ ပြုံးလေသည်။
"ဒီအသက်အရွယ်က မငယ်တော့ပါဘူး။ သားက သင့်တော်တာလေးတွေ့ရင်လည်း ဖေဖေတို့ကြည့်ရအောင် ခေါ်လာခဲ့ဦးလေ"
ချန်ချန်းချင်းက ခေါင်းညိတ်လိုက်သည်။ ဘာမှတော့ ပြန်မဖြေခဲ့။
သည်နှစ်နွေဦးပွဲတော်က စောသည်။ ချန်ချန်းချင်းက ဇန်နဝါရီလအစောပိုင်းမှာ အိမ်ပြန်လာခဲ့ပြီး နွေဦးပွဲတော်ဟာ ဆယ်ရက်အတွင်း ရောက်ရှိတော့မည်ဖြစ်သည်။
မှန်ရှထားသည့် ချန်ချန်းချင်း၏ လက်ကဒဏ်ရာက ပျောက်သလောက်နီးပါး ဖြစ်နေချေပြီ။အထူးဂရုစိုက်ထားမှုတို့ကြောင့် အမာရွတ်တောင်မရှိသလောက် ကောင်းကောင်းသက်သာလာပြီ ဖြစ်သည်။ ထို့အပြင် ခြေထောက်ပြန်လည်ကောင်းမွန်ရေးမှာလည်း လက်မလျော့ခဲ့တာကြောင့် အမျိုးသားနေ့ကနှင့်စာလျှင် လူတစ်ကိုယ်လုံး၏ အသားအရေက ထိုနေ့ကထက် အများကြီး ကောင်းမွန်လာပေသည်။
ကိုယ့်သားကလေး ကောင်းမွန်သထက်ကောင်းမွန်လာတာကို မကြည့်ချင်သော မိခင်ဟူ၍ မရှိချေ။လျို့ဟွားမေက ချန်ချန်းချင်းအား ညစာစားပွဲမှာ တည်ခင်းကျွေးမွေးနေရင်းမှ မေးလိုက်သည်။
"သားအဖေနဲ့အန်တီက နွေဦးပွဲတော်ကာလမှာ လျှောက်လည်ကြမလို့တဲ့။ သားရော အတူသွားချင်လား"
သူက လုကျန့်ဖေးနှင့်သွားမှာဆိုတာ သူတို့တွေ မသိကြပေ။
ချန်ချန်းချင်းက ဖြေလိုက်၏။
"မလိုက်တော့ဘူး။ ကျွန်တော်က အတန်းဖော်နဲ့ ချိန်းထားလို့။ နွေဦးပွဲတော်ပြီးရင် မြို့တော် D ကို သွားလည်ကြမှာ။ မေမေကရော..ဖေဖေနဲ့ လိုက်မသွားဘူးလား"
လျို့ဟွားမေက ခေါင်းခါယမ်းရင်း
"မေမေက ကားမူးတတ်တော့ ဘယ်သွားသွား အဆင်မပြေဘူး။ဒါပေမဲ့ ဒီတစ်ခါက မသားအဖေရဲ့ကုမ္ပဏီက စားရိတ်ခံမှာ။ မိသားစုဝင် တစ်ယောက် နှစ်ယောက်လောက်ခေါ်လို့ရတယ်တဲ့။ မေမေက သားက သားအဖေတို့နဲ့လိုက်သွားလောက်မယ် ထင်နေတာ"
ချန်ချင်းယန်က ကူကယ်ရာမဲ့စွာဆိုလာသည်။
"ဟွားမေ ဒီတစ်ခါက လေယာဥ်နဲ့ပါကွာ။ ချန်းချင်းလဲ မလိုက်ဘူး။ မင်းလဲမလိုက်ဘူးဆိုရင် လေယာဥ်ခက အလဟသ ဖြစ်သွားလိမ့်မယ်"
လျို့ဟွားမေက ခဏမျှ တုံ့ဆိုင်းသွားရင်း
"ရှောင်ဟွေ့ကိုပါခေါ်လာဖို့ ရှင့်ညီမကို ပြောလိုက်ပါလား"
တကယ်တော့ လျို့ဟွားမေက ချန်ချင်းယန်၏ မိသားစုကို အလွန်စာနာထောက်ထားပေးတတ်သည်။ အရင်တစ်ခါက အရုပ်ဆိုးစရာအိမ်ကိစ္စသာ မရှိခဲ့လျှင် သူမက ချန်ရှောင်ဟွေးကို တစ်ခါတည်းခေါ်သွားခိုင်းဖို့ အတွေးရှိသည်။
အိမ်မှာ အမျိုးသားမရှိတာကြောင့် ချန်ချင်းယွိနှင့် ချန်ရှောင်ဟွေ့တို့သားအမိဟာလည်း အခက်တွေ့ကြမှာပင်။
ချန်ချန်းချင်းကတော့ လျို့ဟွားမေဟာ သဘောကောင်းလွန်းသည်ဟု ခံစားရသည်။အကယ်၍ သူသာဆိုလျှင်တော့ ချန်ရှောင်ဟွေ့ဆိုသော ထိုမိန်းကလေးကို ရှင်းထုတ်ပစ်မည်ဖြစ်ပြီး ဒီဘဝမှာ သူမကို သေချာပေါက် ထပ်တွေ့စရာကို လိုမှာမဟုတ်တော့ချေ။
ချန်ချင်းယန်က လျို့ဟွားမေ၏ အကြံပြုချက်ကိုကြားတော့ တွေဝေသွားသည်။ အရင်တစ်ခါ ချန်ရှောင်ဟွေ့က ချန်ချန်းချင်းအား အသရေဖျက်သည့်ကိစ္စက အမြဲလိုလို အမည်းစက်တစ်ခုလိုဖြစ်နေ၏။ ချန်ချင်းယွိက မည်မျှပင် တောင်းပန်ပါစေ၊ ချန်ရှောင်ဟွေ့၏ ယောကျာ်းလေးရှုပ်သည့်ပုံရိပ်ကတော့ နဂိုအတိုင်း ပြန်မကောင်းနိုင်တော့ပေ။
လျို့ဟွားမေက ဆိုလေ၏။
"ချန်းချင်း သားရော ဘယ်လိုထင်လဲ"
ချန်ချန်းချင်းက ဟင်းရွက်တို့စားနေရင်းမှ လျို့ဟွားမေ သူ့ကိုမေးတာကိုကြားတော့ တူကိုရုတ်ကာ ပြုံးလိုက်သည်။
"မေမေ ကျွန်တော်တို့အိမ်က အဲ့ဒီမှာရှိသေးရဲ့လား"
လျို့ဟွားမေက ကြက်သေ သေသွားလေသည်။
"ရှိတာပေါ့"
ပြေညပြီးသည့်နောက် သူမကချန်ချင်းယန်အား တစ်ချက်ကြည့်လိုက်ရင်း
"သားအဖေသာ ရောင်းရဲရောင်းကြည့်လေ။ မေမေ သူနဲ့ နပန်းလုံးပစ်မှာ"
ချန်ချန်းချင်းက ကြားတော့ ရယ်ချင်ဟန်ဖြင့်
"ချန်ရှောင်ဟွေ့က ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဖို့လုပ်နေတာမလား။ ခရီးထွက်ဖို့ အချိန်ရှိသေးတယ်ပေါ့"
သူက ကောင်းသည်၊ ဆိုးသည် မပြောပေမဲ့ ထိုစကား ထွက်ကျလာသည်နှင့် ယင်းက ချန်ချင်းယန်နှင့် လျို့ဟွားမေကို သတိပေးလိုက်လေသည်။
လျို့ဟွားမေက ပြောလိုက်၏။
"သားသာမပြောရင် မေ့တော့မလို့။ သူက ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဖို့ လုပ်နေတာပဲ။တကယ်လို့ ရှင်သာ သူ့ကို ခရီးထွက်ဖို့ခေါ်သွားလို့ သူ့ရမှတ်တွေကျကုန်ရင် ဘယ့်နှယ်လုပ်ပါ့မလဲ။ ကောလိပ်ဝင်ခွင့်ဖြေဖို့ဆိုရင် ဆောင်းတွင်းပိတ်ရက်မှာ စာလုပ်မှ ဖြစ်မှာပေါ့!"
ချန်ချန်းချင်းကတော့ ခေါင်းငုံ့ကာသာ ဆက်စားနေလျက်သား။
ချန်ချင်းယန်ကလည်း လျို့ဟွားမေ၏ စကားကို သဘောတူသည်။ ထို့ကြောင့် ဤကိစ္စက ယာယီတော့ ရပ်ဆိုင်းထားလိုက်လေသည်။
ညနေရောက်တော့ ချန်ချင်းယန်က ချန်ချန်းချင်းနှင့် နှစ်ကိုယ်ကြားစကားပြောသည်။ ယင်းက ချန်ချင်းယွိ တို့နှင့်ပတ်သက်၍ အတွေးတစ်စုံတစ်ရာများရှိမရှိကို မေးခြင်းထက် မပိုပါပေ။
ချန်ချန်းချင်းက တီဗွီကြည့်နေရင်းမှ ချန်ချင်းယန်၏ စကားကိုကြားတော့ ပြုံးလိုက်လေသည်။
"ဖေဖေရယ် သူက ကျွန်တော့်အဒေါ်လေ။ ဘာတွေးရမှာလဲ။ရှောင်ဟွေ့က မသိနားမလည်လို့သာ ကျွန်တော်က စိတ်ဆိုးတာပါ။ အကုန်လုံးက မိသားစုတွေပဲဟာ...ညတွင်းချင်း ရန်ငြိုးရန်စတွေ ရှိစရာလား"
ချန်ချင်းယန်က ချန်ချန်းချင်း၏ ဆံပင်ကို ထိဖို့လုပ်ပေမဲ့ အနည်းငယ်လက်လှမ်းမမှီသလိုခံစားလိုက်ရတာကြောင့် နှုတ်ကနေသာ ပြောလိုက်ရတော့သည်။
"ချန်းချင်း သားဖေဖေကို စိတ်မဆိုးပါနဲ့ကွာ"
"ဖေဖေက ကျွန်တော့်အဖေပဲ ဘာကိုစိတ်ဆိုးရမှာလဲ"
သူတကယ်လည်း ချန်ချင်းယန်ကိုစိတ်မဆိုးချေ။ အကြောင်းမူ ဤအိမ်ဟာ သူနှင့်လုံးဝမသက်ဆိုင်သောကြောင့်ပင်။ သို့သော်လည်း သူက ချန်ချင်းယွိတို့သားအမိကိုတော့ စိတ်ကုန်မိသည်။ မူလချန်ချန်းချင်းက သူအခုကြုံနေရတာမျိုးကို ကြုံတွေ့ခဲ့ရသလားတော့ သူလည်း မသိချေ။ သူသိတာတစ်ခုတည်းကတော့ သူ့ကို ဖျက်လိုဖျက်စီးလုပ်လိုသူတွေနှင့် အငမ်းမရဖြစ်နေသူ ဘယ်သူ့ကိုမဆို အလွတ်မပေးတော့ဘူးဆိုတာပင် ဖြစ်လေသည်။
ချန်ချင်းယန်က ဆိုလာ၏။
"ချန်းချင်း သားရဲ့အတန်းဖော်နဲ့မသွားဘဲနဲ့ ဖေဖေနဲ့ပဲ လိုက်ခဲ့ပါလား။ဖေဖေတို့သားအဖတွေ သေချာစကားမပြောရတာကြာပြီမလား"
"ဖေဖေ...ကျွန်တော်က အတန်းဖော်နဲ့ ချိန်းထားပြီးသားဖြစ်နေလို့ပါ"
သူသာမသွားပါက လုကျန့်ဖေးဟာ သေချာပေါက် ရူးသွားလိမ့်မည်။
ချန်ချန်းချင်းဘက်က အလျော့ပေးဖို့ ငြင်းဆန်နေတော့ ချန်ချင်းယန်မှာ ရွေးစရာမရှိစွာ လက်လျော့လိုက်ရသည်။ သူက ချန်ချန်းချင်းနှင့် စကားအနည်းငယ်ပြောပြီးနောက် လသာဆောင်ကနေ အခန်းထဲသို့ ဝင်သွားလေသည်။
ချန်ချန်းချင်းက ချန်းချင်းယန်၏ ကျောပြင်ကိုကြည့်ရင်း မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်သည်။ သူ ဘာတွေတွေးနေသလဲတော့ မသိရပါချေ။
======================
Zawgyi
ဒီဇင္ဘာလ ၂၁ရက္ေန႔တြင္ ခ်န္ခ်န္းခ်င္းသည္ ေနာက္ဆုံးစာေမးပြဲကို ေျဖဆိုၿပီးစီးခဲ့၏။
စာေမးပြဲေျဖၿပီးေနာက္ က်ဴ႕ေမာက္က သူ႔အား အေျခအေနဘယ္လိုရွိလဲဟု ေမးလာသည္။ ခ်န္ခ်န္းခ်င္းက ေဘာပင္ကိုကိုင္ထားကာ ခဏၾကာမွ် တိတ္ဆိတ္ေနရင္း
"ေအာင္ေလာက္မွာပါ"
အမွန္တိုင္းေျပာရလွ်င္ေတာ့ သူမသိ။ သို႔ေသာ္ သူမေျဖႏိုင္လည္း ကိစၥမရွိေခ်။ လုက်န္႔ေဖးက သူ႔အား ဘြဲ႕ရေအာင္ လုပ္ေပးလိမ့္မည္ပင္။
ခ်န္ခ်န္းခ်င္း မွတ္မိေသးသည္။တစ္ခ်ိန္တုန္းက တ႐ုတ္က တကၠသိုလ္တစ္ခုမွာ ပညာသင္ၾကားေနၾကေသာ ဘယ္သူဘယ္ဝါဆိုသူမ်ားဟာ ဘာသာရပ္တစ္ခုကို က်ရႈံးခဲ့ၾကသည္။ထိုဘာသာရပ္ကိုသင္ေသာ ပေရာ္ဖက္ဆာအိုႀကီးကလည္း ေခါင္းမာၿပီး အေအာင္ေပးဖို႔ျငင္းဆန္ေလ၏။ ေနာက္ဆုံး ေက်ာင္းဟာ ေ႐ြးစရာမရွိစြာျဖင့္ ထိုဘာသာရပ္ကို ပယ္ဖ်က္ရေတာ့သည္။
ဤကမာၻမွာ တရားမွ်တမႈမရွိဟူ၍ ေျပာမရေခ်။ သင္သာ အတိုင္းအတာတစ္ခုထိ အင္အားႀကီးလာခ်ိန္မွာ သင့္ကို ထိန္းထားႏိုင္သည့္တစ္ခုတည္းေသာ အရာက ကိုယ္က်င့္တရားပါပင္။
စာေမးပြဲၿပီးေတာ့ ခ်န္ခ်န္းခ်င္းက လုက်န္႔ေဖးထံျပန္လာသည္။ ဟုတ္တာေပါ့။ သူျပန္လာခ်ိန္မွာ သူႏွင့္အတူေရွာင္ဟြားကိုပါ ေခၚလာေလသည္။
ခ်န္ခ်န္းခ်င္း အိမ္ျပန္လာေတာ့မည္ကို သိေတာ့ လုက်န္႔ေဖးက အိမ္မွာပင္ တမင္တကာ ေစာင့္ေနေလသည္။ သို႔ေသာ္လည္း ခ်န္ခ်န္းခ်င္းျပန္လာခ်ိန္မွာ အိတ္ကပ္ထဲ ေၾကာင္ေလးပါထည့္လာမည္ဟု ထင္မထားမိခဲ့။ သူ အနည္းငယ္ ေၾကာင္အမ္းသြားရင္း
"ခ်န္းခ်င္း မင္းက တိရစာၦန္ေလးေတြကို သေဘာမက်ဘူးမလား"
ခ်န္ခ်န္းခ်င္းက ေရွာင္ဟြားကို သူ႔ကုတ္အက်ႌအိတ္ကပ္ထဲထည့္လာကာ အိမ္ေရာက္ခါမွ ထုတ္လိုက္ေလသည္။
"ငါ့မွာ ဘာမွလုပ္စရာမရွိလို႔။ ေမြးထားၿပီး ကစားခ်င္႐ုံပဲ"
ေရွာင္ဟြားက အနည္းငယ္ႀကီးလာၿပီျဖစ္သည္။ သူက ခ်န္ခ်န္းခ်င္းေျခေထာက္နားမွာ ငုတ္တုတ္ထိုင္ရင္း လုက်န္႔ေဖးကိုေတြ႕ေတာ့ နား႐ြက္ေလးေထာင္လာသည္။ လုက်န္႔ေဖးက လက္လွမ္းလာခ်ိန္မွာေတာ့ မာန္ဖီလိုက္ေလ၏။
အစက လုက်န္႔ေဖးဟာ သူ႔ကိုေပြ႕ခ်ီဖို႔ဟန္ျပင္လိုက္ေပမဲ့ ေရွာင္ဟြား၏ တုံ႔ျပန္မႈက သူ႔အား မေပ်ာ္မ႐ႊင္ျဖစ္သြားေစေလသည္။
"သူ႔နာမည္ ဘာတဲ့လဲ"
"ေရွာင္ဟြား"
လုက်န္႔ေဖးမွာ ဝါးလုံးကြဲရယ္ခ်လုမတက္ျဖစ္သြားေလသည္။
"အိုင္း ေရွာင္ဟြားေရ ေနာက္ဆို အိမ္မွာေတြ႕ၾကတာေပါ့ကြာ။ မင္းက အငွားအိမ္ေလးလိုပဲ ေသးလိုက္တာေရာ"
ခ်န္ခ်န္းခ်င္းက ႏွာမႈတ္လိုက္ရင္း ေရွာင္ဟြားသုံးေနက် ေၾကာင္အီးခြက္ေလးကို သန္႔စင္ခန္းထဲမွာထားကာ ေၾကာင္အိပ္ရာေလးကိုေတာ့ ဧည့္ခန္းထဲက ဆိုဖာေပၚမွာ ထားလိုက္၏။
လုက်န္႔ေဖးက ေရွာင္ဟြားကို ခ်ီခ်င္ေပမဲ့ ေရွာင္ဟြားကေတာ့ ခ်န္ခ်န္းခ်င္းေနာက္သို႔သာ အသည္းအသန္လိုက္ေလသည္။ လုက်န္႔ေဖးက လက္ဆန္႔လိုက္တိုင္း သူကလည္းလက္သည္းထုတ္ျပ၏။ အေရျပားကို မကုတ္ျခစ္ေပမဲ့လည္း လုက်န္႔ေဖးခမ်ာေတာ့ လက္မွာ အနီအစင္းေၾကာင္းေတြ အမ်ားအျပားရွိလို႔ေနေပသည္။
လုက်န္႔ေဖးက မတရားခံရဟန္ျဖင့္ ဆိုလာ၏။
"ခ်န္းခ်င္း သူက ကိုယ့္ကို အခ်ီမခံဘူး"
ခ်န္ခ်န္းခ်င္းက ေၾကာင္အီးခြက္ကို စီမံေနရင္း ေနာက္ေတာင္လွည့္မၾကည့္။
"သြားစမေနနဲ႔။ မ်က္လုံးကန္းရင္ ငါတာဝန္မယူႏိုင္ဘူး"
လုက်န္႔ေဖး : "......."
ေရွာင္ဟြားေရာက္လာၿပီးေနာက္ သူ၏ အိမ္ဦးစီးဂုဏ္ပုဒ္က ထပ္မံေလ်ာက်ေတာ့မည္ဟု အာ႐ုံရေနေပၿပီ။
ခ်န္ခ်န္းခ်င္းက ေရွာင္ဟြား၏ ေနရာေလးကို ျပင္ဆင္ေပးကာ ေၾကာင္စာ ထည့္ေပးလိုက္သည္။ ထိုအခါမွ လုက်န္႔ေဖးဟာ ေရွာင္ဟြား အစားစားေနတာကို အခြင့္ေကာင္းယူၿပီး အႀကိမ္အနည္းငယ္မွ် ထိၾကည့္ကာ ဆိုဖာဆီသို႔ ေက်နပ္စြာ ျပန္လာေလသည္။
လုက်န္႔ေဖးက ေမးလာ၏။
"ခ်န္းခ်င္း မင္း ေဆာင္းတြင္းပိတ္ရက္ကို ဘယ္လိုျဖတ္သန္းမွာလဲ"
ခ်န္ခ်န္းခ်င္းက လုက်န္႔ေဖးဟာ Come out မလုပ္ေတာ့ဘူး ဆိုတာကို သိလိုက္ကတည္းက ဤေဆာင္းတြင္းပိတ္ရက္အတြက္ ေမွ်ာ္လင့္ထားတာမရွိေတာ့ေပ။
"ငါ မစဥ္းစားရေသးဘူး"
"မင္းပဲ ကိုယ္နဲ႔ Dႏိုင္ငံကို သြားဖို႔ ကတိေပးထားတယ္မလား။ မင္းအခ်ိန္သတ္မွတ္လိုက္။ ကိုယ္က ေလယာဥ္လက္မွတ္ေစာေစာဝယ္ထားလိုက္မယ္"
တကယ္တမ္းမူ လုက်န္႔ေဖးအျဖစ္ခ်င္ဆုံးက ခ်န္ခ်န္းခ်င္းကို ႏိုင္ငံျခားေခၚသြားၿပီး စိတ္ပိုင္းဆိုင္ရာအေျခအေနတစ္ခုလုံးကို စစ္ေဆးၾကည့္ခ်င္တာျဖစ္သည္။ သို႔ေသာ္လည္း ခ်န္ခ်န္းခ်င္း သေဘာတူမွာမဟုတ္ဘူးဆိုတာ သူသိေနသည္။ ထို႔ေၾကာင့္ပင္ သူ႔မွာ ေနာက္တစ္လွမ္းဆုတ္ကာ ခ်န္ခ်န္းခ်င္းကို တျခားေနရာသြားဖို႔ ေတာင္းဆိုလိုက္ရျခင္း ျဖစ္ေပသည္။
ခ်န္ခ်န္းခ်င္းမွာ စိတ္ပိုင္းဆိုင္ရာျပႆနာရွိတာဟုတ္သည္။ သို႔ေပမဲ့ သူ႐ူးေနတာမဟုတ္။ သူက ပုံမွန္လူဟု အခိုင္အမာဆိုထားေသာ လုက်န္႔ေဖးထက္ပင္ အမ်ားႀကီး ပုံမွန္ျဖစ္ေသးသည္။ ထို႔ေၾကာင့္ပင္ သူက ထိုကိစၥကို စိတ္ထဲထားမေနပါေခ်။
ခ်န္ခ်န္းခ်င္းက ခဏမွ် စဥ္းစားကာ
"ငါ အိမ္ျပန္ဦးမယ္။ မင္းနဲ႔ၿပီးမွ ခရီးထြက္မယ္"
သူ၏ အတိတ္ဘဝတုန္းကေတာ့ သူဟာ ခ်န္ခ်န္းခ်င္း၏ မိဘမ်ားေသဆုံးမႈကို သြယ္ဝိုက္ျဖစ္ေစခဲ့ၿပီး ယင္းက သူႏွင့္ ခ်န္ခ်န္းခ်င္းတို႔အား အဆုံးသတ္မလွေသာ ေသျခင္းတရားဆီသို႔ ေရာက္ေစခဲ့ရသည္။ ယခု သူ ခ်န္ခ်န္းခ်င္း ျဖစ္လာၿပီဆိုမွေတာ့ ခ်န္ခ်န္းခ်င္း၏ သားသမီးဝတ္တို႔ကို ေက်ပြန္ေပးရေပမည္။
လုက်န္႔ေဖးက သေဘာတူေပးလိုက္သည္။ သူ႔မွာ အလုပ္ပိတ္ရက္ရဖို႔ အခ်ိန္သိပ္မရွိေလရာ သည္တစ္ႀကိမ္ေတာ့ ခ်န္ခ်န္းခ်င္းႏွင့္အတူျပန္လိုက္ဖို႔ မျဖစ္ႏိုင္ေတာ့ေပ။ သို႔ေသာ္လည္း ခ်န္ခ်န္းခ်င္းက ခရီးထြက္ဖို႔ သူ႔အႀကံကို သေဘာတူလိုက္ကတည္းက ေတာ္ေတာ္အေျခအေနေကာင္းေနၿပီပဲ ျဖစ္၏။
သူတို႔ႏွစ္ေယာက္ၾကားမွာ တစ္ဖက္လူက အေလ်ာ့ေပးညႇိႏႈိင္းဖို႔ ႀကိဳးစားေနသေ႐ြ႕ ေနာက္လူ၏ အျပဳအမူကလည္း ေပ်ာ့ေပ်ာင္းလာတတ္သည္။ ၾကည့္ရတာ လြယ္ကူသေယာင္ေပါက္ေပမဲ့ အတိတ္တုန္းက လုက်န္႔ေဖးႏွင့္ ခ်န္ခ်န္းခ်င္းတို႔ႏွစ္ေယာက္ထဲက တစ္ေယာက္မွ ထိုကဲ့သို႔လူ ျဖစ္မလာျခင္းဟာ ဝမ္းနည္းစရာပါပင္။
ဒီဇင္ဘာလတြင္ ၿမိဳ႕ေတာ္ A၌ ႏွင္းမ်ား စတင္က်လာသည္။ ခ်န္ခ်န္းခ်င္းက တ႐ုတ္ႏွစ္ကူးကာလမွာ လူရႈပ္တာကို ေရွာင္ဖို႔အတြက္ ပိတ္ရက္ၿပီးေနာက္ရက္အနည္းငယ္အၾကာမွျပန္မည့္ ေလယာဥ္လက္မွတ္ကို ဝယ္ထားလိုက္သည္။
လုက်န္႔ေဖးက ခ်န္ခ်န္းခ်င္းကို ခြဲဖို႔ တြန္႔ဆုတ္ေနေပမဲ့လည္း သူ႔ကို မတားေပ။ သူက ခ်န္ခ်န္းခ်င္းကို ခႏၶာကိုယ္အား ဂ႐ုစိုက္ရန္ႏွင့္ သူတို႔၏ ခ်ိန္းထားေသာအခ်ိန္ကို အာ႐ုံစိုက္ထားဖို႔သာ ထပ္တလဲလဲ မွာေလသည္။
ခ်န္ခ်န္းခ်င္းႏွင့္ လုက်န္႔ေဖးက တ႐ုတ္ႏွစ္ကူးၿပီးရင္ ခရီးထြက္ဖို႔ ခ်ိန္းထားၾကတာျဖစ္သည္။ သူက လုက်န္႔ေဖး၏ ၫႊန္ၾကားခ်က္ေတြကို နားေထာင္ကာ အေတာ္ၾကာေအာင္ ႏႈတ္ဆိတ္ေနၿပီးမွ ေျပာလိုက္၏။
"ေရွာင္ဟြားကို ဂ႐ုစိုက္"
ေျပာၿပီးသည္ႏွင့္ သူ လွည့္ထြက္သြားေတာ့သည္။
လုက်န္႔ေဖးမွာ ခုထိအသိမဝင္ႏိုင္ခဲ့ေခ်။ သူ အသိဝင္လာသည့္အခါမွာေတာ့ ခ်န္ခ်န္းခ်င္းက စစ္ေဆးေရးဂိတ္ကိုေတာင္ ဝင္ေရာက္ေနၿပီျဖစ္၏။ခ်န္ခ်န္းခ်င္း သူ႔ကို ေနာက္ဆုံးေျပာသြားေသာ စကားက ......တကယ္ေတာ့ သူႏွင့္မဆိုင္ေပ။ ဒါကို လုက်န္႔ေဖး ေတြးမိသြားေတာ့ သူ႔ကို စကားနည္းနည္းေျပာေပးဖို႔ ခ်န္ခ်န္းခ်င္းထံ အေျပးအလႊားေတာင္းဆိုဖို႔ရာ ေလယာဥ္လက္မွတ္ ဝယ္ခ်င္စိတ္ေတြ ထိန္းမရေတာ့။
သို႔ေသာ္လည္း မည္သို႔ပင္ဆိုေစ လုက်န္႔ေဖးက ထိုေလာႀကီးေနမႈကို ခုခံကာ ရႈတည္တည္မ်က္ႏွာေပးျဖင့္သာ ျပန္လာလိုက္ရေတာ့သည္။
ေလယာဥ္က ေႏွာင့္ေႏွးၾကန္႔ၾကာျခင္းမရွိေခ်။ ခ်န္ခ်န္းခ်င္းသည္ နာရီအနည္းငယ္ၾကာၿပီးေနာက္ ၿမိဳ႕ေတာ္B သို႔ ေရာက္ရွိသြားေလသည္။
ခ်န္ခ်န္းခ်င္း၏ မိခင္ျဖစ္သူ လ်ိဳ႕ဟြားေမဟာ ခ်န္ခ်န္းခ်င္း ျပန္လာမွာကို အေစာႀကီးကတည္းက သိထားၿပီးျဖစ္သည္။ သူမက စားပြဲအျပည့္ ဟင္းပြဲေတြစီစဥ္ကာ ခ်န္ခ်န္းခ်င္း၏ ဖခင္ျဖစ္သူ ခ်န္ခ်င္းယန္ကိုလည္း ခ်န္ခ်န္းခ်င္းကိုေလဆိပ္မွာသြားႀကိဳဖို႔ရာ ခြင့္ယူခိုင္းလိုက္၏။
မိဘေမတၱာကႀကီးမားလွေသာ္ျငား ခ်န္ခ်န္းခ်င္းမွာ ထိုက္တန္သည္ဟု မခံစားရပါေခ်။
ခ်န္ခ်င္းယန္၏ ကားထဲေရာက္ေတာ့ လုက်န္႔ေဖး၏ ဖုန္းက ဝင္လာေလသည္။ ခ်န္ခ်န္းခ်င္းက ေကာက္ကိုင္လိုက္ေတာ့ လုက်န္႔ေဖး၏ အသံကိုၾကားလိုက္ရသည္။
"ေရာက္ၿပီလား"
ခ်န္ခ်န္းခ်င္းက အင္း ဟု အသံျပဳလိုက္၏။
လုက်န္႔ေဖးက သတိေပးသင့္တာအကုန္လုံး ေပးၿပီးသည့္ေနာက္ ခဏၾကာ တိတ္ဆိတ္သြားၿပီးမွ စကားဆိုလာသည္။
"တကယ္လို႔ ခ်န္ေရွာင္ေဟြ႕က မင္းအိမ္ကို ထပ္ၿပီးလာရႈပ္ရင္ ကိုယ့္ကိုဖုန္းေခၚလိုက္"
အရင္တစ္ေခါက္ကေတာ့သူဟာ အေပ်ာ္အပ်က္ၾကည့္႐ုံေလာက္ဟု ေတြးထားေပမဲ့ ခုခ်ိန္မွာေတာ့ ခ်န္ခ်န္းခ်င္းဟာ ခ်န္ေရွာင္ေဟြ႕ထံမွ အႏိုင္က်င့္ခံရမည္ကို စိုးရိမ္မိေနရေခ်ၿပီ။
လုက်န္႔ေဖးက သူ႔အားနည္းခ်က္ကို ကာကြယ္ေပးဖို႔လုပ္ေနမွန္း ခ်န္ခ်န္းခ်င္းသိသည္။ ထို႔ေၾကာင့္ပင္သူက ၿပဳံး႐ုံၿပဳံးကာ အင္း ဟု အသံျပဳလိုက္သည္။
လုက်န္ေဖးက ဆိုျပန္၏။
"ဘာပဲျဖစ္ျဖစ္ မင္းအႏိုင္က်င့္ခံရင္ ကိုယ့္ကို ဖုန္းေခၚဖို႔ သတိရေနာ္"
ခ်န္ခ်န္းခ်င္းက မ်က္လႊာခ်ရင္း သူဟာသူ ရယ္လိုက္မိသည္။အဲ့လိုျဖစ္ရင္လား...သူ တရားစြဲပစ္မွာေပါ့။
အကယ္၍ တကယ့္ခ်န္ခ်န္းခ်င္းသာ အစားထိုးလိုက္လွ်င္ေတာ့ လုက်န္႔ေဖးကို စကားတစ္ခြန္းမွ မေတာင္းဆိုဘဲ ေသသည္ထိ ေတာင့္ခံသြားမွာ စိုးရပါ၏။
ခ်န္ခ်န္းခ်င္းက ေျပာလိုက္သည္။
"ငါသိၿပီ ဖုန္းအရင္ခ်လိုက္ေတာ့"
လုက်န္႔ေဖးမွာ တြန္႔ဆုတ္မေနေတာ့ပါဘဲ တန္းဖုန္းခ်လိုက္ရေတာ့သည္။
ခ်န္ခ်င္းယန္က ေရွ႕မွာ ကားေမာင္းေနရင္း ခ်န္ခ်န္းခ်င္း၏ အသံကိုၾကားေတာ့ ေမးလာ၏။
"သားမွာ ေကာင္မေလးရွိေနတာလား"
ခ်န္ခ်န္းခ်င္း ခဏေလာက္ ေၾကာင္အမ္းသြားၿပီးမွ ခ်န္ခ်င္းယန္ နားလည္မႈလြဲေနတာကို သေဘာေပါက္သြားသည္။ သူျပန္ေျဖေပးလိုက္၏။
"ဟင့္အင္း အတန္းေဖာ္ပါ"
ခ်န္ခ်င္းယန္က ခ်န္ခ်န္းခ်င္းရွက္ေနတာဟုပင္ ေတြးကာ ၿပဳံးေလသည္။
"ဒီအသက္အ႐ြယ္က မငယ္ေတာ့ပါဘူး။ သားက သင့္ေတာ္တာေလးေတြ႕ရင္လည္း ေဖေဖတို႔ၾကည့္ရေအာင္ ေခၚလာခဲ့ဦးေလ"
ခ်န္ခ်န္းခ်င္းက ေခါင္းညိတ္လိုက္သည္။ ဘာမွေတာ့ ျပန္မေျဖခဲ့။
သည္ႏွစ္ေႏြဦးပြဲေတာ္က ေစာသည္။ ခ်န္ခ်န္းခ်င္းက ဇန္နဝါရီလအေစာပိုင္းမွာ အိမ္ျပန္လာခဲ့ၿပီး ေႏြဦးပြဲေတာ္ဟာ ဆယ္ရက္အတြင္း ေရာက္ရွိေတာ့မည္ျဖစ္သည္။
မွန္ရွထားသည့္ ခ်န္ခ်န္းခ်င္း၏ လက္ကဒဏ္ရာက ေပ်ာက္သေလာက္နီးပါး ျဖစ္ေနေခ်ၿပီ။အထူးဂ႐ုစိုက္ထားမႈတို႔ေၾကာင့္ အမာ႐ြတ္ေတာင္မရွိသေလာက္ ေကာင္းေကာင္းသက္သာလာၿပီ ျဖစ္သည္။ ထို႔အျပင္ ေျခေထာက္ျပန္လည္ေကာင္းမြန္ေရးမွာလည္း လက္မေလ်ာ့ခဲ့တာေၾကာင့္ အမ်ိဳးသားေန႔ကႏွင့္စာလွ်င္ လူတစ္ကိုယ္လုံး၏ အသားအေရက ထိုေန႔ကထက္ အမ်ားႀကီး ေကာင္းမြန္လာေပသည္။
ကိုယ့္သားကေလး ေကာင္းမြန္သထက္ေကာင္းမြန္လာတာကို မၾကည့္ခ်င္ေသာ မိခင္ဟူ၍ မရွိေခ်။လ်ိဳ႕ဟြားေမက ခ်န္ခ်န္းခ်င္းအား ညစာစားပြဲမွာ တည္ခင္းေကြၽးေမြးေနရင္းမွ ေမးလိုက္သည္။
"သားအေဖနဲ႔အန္တီက ေႏြဦးပြဲေတာ္ကာလမွာ ေလွ်ာက္လည္ၾကမလို႔တဲ့။ သားေရာ အတူသြားခ်င္လား"
သူက လုက်န္႔ေဖးႏွင့္သြားမွာဆိုတာ သူတို႔ေတြ မသိၾကေပ။
ခ်န္ခ်န္းခ်င္းက ေျဖလိုက္၏။
"မလိုက္ေတာ့ဘူး။ ကြၽန္ေတာ္က အတန္းေဖာ္နဲ႔ ခ်ိန္းထားလို႔။ ေႏြဦးပြဲေတာ္ၿပီးရင္ ၿမိဳ႕ေတာ္ D ကို သြားလည္ၾကမွာ။ ေမေမကေရာ..ေဖေဖနဲ႔ လိုက္မသြားဘူးလား"
လ်ိဳ႕ဟြားေမက ေခါင္းခါယမ္းရင္း
"ေမေမက ကားမူးတတ္ေတာ့ ဘယ္သြားသြား အဆင္မေျပဘူး။ဒါေပမဲ့ ဒီတစ္ခါက မသားအေဖရဲ႕ကုမၸဏီက စားရိတ္ခံမွာ။ မိသားစုဝင္ တစ္ေယာက္ ႏွစ္ေယာက္ေလာက္ေခၚလို႔ရတယ္တဲ့။ ေမေမက သားက သားအေဖတို႔နဲ႔လိုက္သြားေလာက္မယ္ ထင္ေနတာ"
ခ်န္ခ်င္းယန္က ကူကယ္ရာမဲ့စြာဆိုလာသည္။
"ဟြားေမ ဒီတစ္ခါက ေလယာဥ္နဲ႔ပါကြာ။ ခ်န္းခ်င္းလဲ မလိုက္ဘူး။ မင္းလဲမလိုက္ဘူးဆိုရင္ ေလယာဥ္ခက အလဟသ ျဖစ္သြားလိမ့္မယ္"
လ်ိဳ႕ဟြားေမက ခဏမွ် တုံ႔ဆိုင္းသြားရင္း
"ေရွာင္ေဟြ႕ကိုပါေခၚလာဖို႔ ရွင့္ညီမကို ေျပာလိုက္ပါလား"
တကယ္ေတာ့ လ်ိဳ႕ဟြားေမက ခ်န္ခ်င္းယန္၏ မိသားစုကို အလြန္စာနာေထာက္ထားေပးတတ္သည္။ အရင္တစ္ခါက အ႐ုပ္ဆိုးစရာအိမ္ကိစၥသာ မရွိခဲ့လွ်င္ သူမက ခ်န္ေရွာင္ေဟြးကို တစ္ခါတည္းေခၚသြားခိုင္းဖို႔ အေတြးရွိသည္။
အိမ္မွာ အမ်ိဳးသားမရွိတာေၾကာင့္ ခ်န္ခ်င္းယြိႏွင့္ ခ်န္ေရွာင္ေဟြ႕တို႔သားအမိဟာလည္း အခက္ေတြ႕ၾကမွာပင္။
ခ်န္ခ်န္းခ်င္းကေတာ့ လ်ိဳ႕ဟြားေမဟာ သေဘာေကာင္းလြန္းသည္ဟု ခံစားရသည္။အကယ္၍ သူသာဆိုလွ်င္ေတာ့ ခ်န္ေရွာင္ေဟြ႕ဆိုေသာ ထိုမိန္းကေလးကို ရွင္းထုတ္ပစ္မည္ျဖစ္ၿပီး ဒီဘဝမွာ သူမကို ေသခ်ာေပါက္ ထပ္ေတြ႕စရာကို လိုမွာမဟုတ္ေတာ့ေခ်။
ခ်န္ခ်င္းယန္က လ်ိဳ႕ဟြားေမ၏ အႀကံျပဳခ်က္ကိုၾကားေတာ့ ေတြေဝသြားသည္။ အရင္တစ္ခါ ခ်န္ေရွာင္ေဟြ႕က ခ်န္ခ်န္းခ်င္းအား အသေရဖ်က္သည့္ကိစၥက အၿမဲလိုလို အမည္းစက္တစ္ခုလိုျဖစ္ေန၏။ ခ်န္ခ်င္းယြိက မည္မွ်ပင္ ေတာင္းပန္ပါေစ၊ ခ်န္ေရွာင္ေဟြ႕၏ ေယာက်ာ္းေလးရႈပ္သည့္ပုံရိပ္ကေတာ့ နဂိုအတိုင္း ျပန္မေကာင္းႏိုင္ေတာ့ေပ။
လ်ိဳ႕ဟြားေမက ဆိုေလ၏။
"ခ်န္းခ်င္း သားေရာ ဘယ္လိုထင္လဲ"
ခ်န္ခ်န္းခ်င္းက ဟင္း႐ြက္တို႔စားေနရင္းမွ လ်ိဳ႕ဟြားေမ သူ႔ကိုေမးတာကိုၾကားေတာ့ တူကို႐ုတ္ကာ ၿပဳံးလိုက္သည္။
"ေမေမ ကြၽန္ေတာ္တို႔အိမ္က အဲ့ဒီမွာရွိေသးရဲ႕လား"
လ်ိဳ႕ဟြားေမက ၾကက္ေသ ေသသြားေလသည္။
"ရွိတာေပါ့"
ေျပညၿပီးသည့္ေနာက္ သူမကခ်န္ခ်င္းယန္အား တစ္ခ်က္ၾကည့္လိုက္ရင္း
"သားအေဖသာ ေရာင္းရဲေရာင္းၾကည့္ေလ။ ေမေမ သူနဲ႔ နပန္းလုံးပစ္မွာ"
ခ်န္ခ်န္းခ်င္းက ၾကားေတာ့ ရယ္ခ်င္ဟန္ျဖင့္
"ခ်န္ေရွာင္ေဟြ႕က ေကာလိပ္ဝင္ခြင့္စာေမးပြဲကို ေျဖဖို႔လုပ္ေနတာမလား။ ခရီးထြက္ဖို႔ အခ်ိန္ရွိေသးတယ္ေပါ့"
သူက ေကာင္းသည္၊ ဆိုးသည္ မေျပာေပမဲ့ ထိုစကား ထြက္က်လာသည္ႏွင့္ ယင္းက ခ်န္ခ်င္းယန္ႏွင့္ လ်ိဳ႕ဟြားေမကို သတိေပးလိုက္ေလသည္။
လ်ိဳ႕ဟြားေမက ေျပာလိုက္၏။
"သားသာမေျပာရင္ ေမ့ေတာ့မလို႔။ သူက ေကာလိပ္ဝင္ခြင့္စာေမးပြဲေျဖဖို႔ လုပ္ေနတာပဲ။တကယ္လို႔ ရွင္သာ သူ႔ကို ခရီးထြက္ဖို႔ေခၚသြားလို႔ သူ႔ရမွတ္ေတြက်ကုန္ရင္ ဘယ့္ႏွယ္လုပ္ပါ့မလဲ။ ေကာလိပ္ဝင္ခြင့္ေျဖဖို႔ဆိုရင္ ေဆာင္းတြင္းပိတ္ရက္မွာ စာလုပ္မွ ျဖစ္မွာေပါ့!"
ခ်န္ခ်န္းခ်င္းကေတာ့ ေခါင္းငုံ႔ကာသာ ဆက္စားေနလ်က္သား။
ခ်န္ခ်င္းယန္ကလည္း လ်ိဳ႕ဟြားေမ၏ စကားကို သေဘာတူသည္။ ထို႔ေၾကာင့္ ဤကိစၥက ယာယီေတာ့ ရပ္ဆိုင္းထားလိုက္ေလသည္။
ညေနေရာက္ေတာ့ ခ်န္ခ်င္းယန္က ခ်န္ခ်န္းခ်င္းႏွင့္ ႏွစ္ကိုယ္ၾကားစကားေျပာသည္။ ယင္းက ခ်န္ခ်င္းယြိ တို႔ႏွင့္ပတ္သက္၍ အေတြးတစ္စုံတစ္ရာမ်ားရွိမရွိကို ေမးျခင္းထက္ မပိုပါေပ။
ခ်န္ခ်န္းခ်င္းက တီဗြီၾကည့္ေနရင္းမွ ခ်န္ခ်င္းယန္၏ စကားကိုၾကားေတာ့ ၿပဳံးလိုက္ေလသည္။
"ေဖေဖရယ္ သူက ကြၽန္ေတာ့္အေဒၚေလ။ ဘာေတြးရမွာလဲ။ေရွာင္ေဟြ႕က မသိနားမလည္လို႔သာ ကြၽန္ေတာ္က စိတ္ဆိုးတာပါ။ အကုန္လုံးက မိသားစုေတြပဲဟာ...ညတြင္းခ်င္း ရန္ၿငိဳးရန္စေတြ ရွိစရာလား"
ခ်န္ခ်င္းယန္က ခ်န္ခ်န္းခ်င္း၏ ဆံပင္ကို ထိဖို႔လုပ္ေပမဲ့ အနည္းငယ္လက္လွမ္းမမွီသလိုခံစားလိုက္ရတာေၾကာင့္ ႏႈတ္ကေနသာ ေျပာလိုက္ရေတာ့သည္။
"ခ်န္းခ်င္း သားေဖေဖကို စိတ္မဆိုးပါနဲ႔ကြာ"
"ေဖေဖက ကြၽန္ေတာ့္အေဖပဲ ဘာကိုစိတ္ဆိုးရမွာလဲ"
သူတကယ္လည္း ခ်န္ခ်င္းယန္ကိုစိတ္မဆိုးေခ်။ အေၾကာင္းမူ ဤအိမ္ဟာ သူႏွင့္လုံးဝမသက္ဆိုင္ေသာေၾကာင့္ပင္။ သို႔ေသာ္လည္း သူက ခ်န္ခ်င္းယြိတို႔သားအမိကိုေတာ့ စိတ္ကုန္မိသည္။ မူလခ်န္ခ်န္းခ်င္းက သူအခုႀကဳံေနရတာမ်ိဳးကို ႀကဳံေတြ႕ခဲ့ရသလားေတာ့ သူလည္း မသိေခ်။ သူသိတာတစ္ခုတည္းကေတာ့ သူ႔ကို ဖ်က္လိုဖ်က္စီးလုပ္လိုသူေတြႏွင့္ အငမ္းမရျဖစ္ေနသူ ဘယ္သူ႔ကိုမဆို အလြတ္မေပးေတာ့ဘူးဆိုတာပင္ ျဖစ္ေလသည္။
ခ်န္ခ်င္းယန္က ဆိုလာ၏။
"ခ်န္းခ်င္း သားရဲ႕အတန္းေဖာ္နဲ႔မသြားဘဲနဲ႔ ေဖေဖနဲ႔ပဲ လိုက္ခဲ့ပါလား။ေဖေဖတို႔သားအဖေတြ ေသခ်ာစကားမေျပာရတာၾကာၿပီမလား"
"ေဖေဖ...ကြၽန္ေတာ္က အတန္းေဖာ္နဲ႔ ခ်ိန္းထားၿပီးသားျဖစ္ေနလို႔ပါ"
သူသာမသြားပါက လုက်န္႔ေဖးဟာ ေသခ်ာေပါက္ ႐ူးသြားလိမ့္မည္။
ခ်န္ခ်န္းခ်င္းဘက္က အေလ်ာ့ေပးဖို႔ ျငင္းဆန္ေနေတာ့ ခ်န္ခ်င္းယန္မွာ ေ႐ြးစရာမရွိစြာ လက္ေလ်ာ့လိုက္ရသည္။ သူက ခ်န္ခ်န္းခ်င္းႏွင့္ စကားအနည္းငယ္ေျပာၿပီးေနာက္ လသာေဆာင္ကေန အခန္းထဲသို႔ ဝင္သြားေလသည္။
ခ်န္ခ်န္းခ်င္းက ခ်န္းခ်င္းယန္၏ ေက်ာျပင္ကိုၾကည့္ရင္း မ်က္လုံးကို အနည္းငယ္ေမွးက်ဥ္းလိုက္သည္။ သူ ဘာေတြေတြးေနသလဲေတာ့ မသိရပါေခ်။