လျော့ရဲရစ်နှောင်

By rav_enrong

168 30 1

ခေါင်းမာသူနှစ်ယောက်ရဲ့ဇာတ်လမ်း။ pic crd to pinterest_ published date_17.2.2022 enjoy ur reading More

1 -အိမ်
2 - နေပူသောနေ့တစ်ရက်
3 - အထီးကျန်ရောဂါ
4 - ဝေဒနာအစ
5 - မိုးဖွဲ
6 . မင်းကိုပြီးပြည့်စုံစေမယ့်တွဲဖက်
8 . လူရူးနှင့်လူမိုက်

7 . ဆန္ဒနှင့်ရွေးချယ်မှု

8 3 0
By rav_enrong

ဝေါ့
အော့...

ရေချိုးခန်းဆီမှလာသည့် အော့အန်သံကြောင့် တည်လက်စဟင်းရည်အိုးကိုပိတ်ပြီး လွန်းနောင်ရှိရာရေချိုးခန်းဆီ အလျင်အမြန်ဝင်သွားကြည့်မိသည်။
ဖျော့တော့သောမျက်နှာဖြင့် နံရံကိုအားပြုကာရပ်နေသော လွန်းနောင်၏ ပုံရိပ်က ထိုနေရာတွင်ရှိနေ၏။

ချမ်းမြေ့ဝင်လာသည်ကို မှန်ကတစ်ဆင့်မြင်လိုက်သည့်လွန်းနောင်က ရေဘားဖွင့်လိုက်ပြီး ကြွေခွက်ပေါ်မှအညစ်အကြေးများကိုဆေးချလိုက်သည်။ ပြီးနောက် ဘာမှမဖြစ်ခဲ့သလို သွားတိုက်တံကိုယူကာသွားတိုက်ဆေးညှစ်ထည့်နေသည်။

သို့သော် ထိုသွားတိုက်တံက ပါးစပ်ထဲသို့မရောက်မီ ချမ်းမြေ့ထံမှ အကြမ်းပတမ်းဆွဲလုခြင်း ခံလိုက်ရသည်။

လွန်းနောင်ကြောင်အစွာလှည့်ကြည့်မိချိန် ချမ်းမြေ့၏နှုတ်ခမ်းသားများက တုန်ရီလျက်မျက်ဝန်းထောင့်များတွင်လည်း နီမြန်းလျက်ရှိသည်။

လွန်းနောင် သူ၏နှုတ်ခမ်းတစ်စုံကိုတင်းတင်းစေ့ကပ်လိုက်ပြီး ချမ်းမြေ့ဆုပ်ကိုင်ထားသောလက်ကိုရုန်းကာ အကြည့်ချင်းမဆုံအောင် ရှောင်လွှဲလိုက်သည်။

" ငါအဆင်ပြေတယ် အဲ့လိုမျက်လုံးတွေနဲ့မကြည့်နဲ့"
ချမ်းမြေ့က လက်သီးတင်းတင်းဆုပ်လိုက်မိပြီး အသက်ကိုလေးလေးလံလံရှုထုတ်နေခဲ့ရသည်။

သူဘယ်လောက်ကြိုးစားနေရသလဲလွန်းနောင်သိပါစ။

စိတ်ငြိမ်စပြုလာချိန် ထွက်ကျလာသောစကားသံကခြောက်ကပ်ကပ်...
" ခဏစောင့် "

ချမ်းမြေ့ထွက်သွားသည်နှင့် လွန်းနောင်ကနံရံကိုမှီလျက် ဝင်သက်ကိုအလုအယက်ရှူရှိုက်ရသည်။ သူကနဖူးပေါ်သို့ လက်ခုံဖြင့်ဖုံးကာလိုက်ပြီး ထိုအနေအထားအတိုင်း နံရံကိုမှီကာရပ်နေခဲ့၏။

ချမ်းမြေ့က အချိန်ခဏအတွင်း ရေနွေးခွက်တစ်ခွက်ယူကာ ပြန်ရောက်လာသည်။ သူကပုံမှန်အမူအယာဖြင့်ရှိနေပြီး လွန်းနောင်၏နှုတ်ခမ်းစွန်းမှ ညိုညစ်ညစ်သွေးစများကို မည်သည်မျှမဆိုဘဲသုတ်ပေးလာကာ ရေနွေးဖြင့်ပလုတ်ကျင်းစေသည်။
ရုန်းရင်းဆန်ခတ်လက်တစ်စုံ၏ ပယောဂကြောင့်ပြုတ်ကျသွားခဲ့သည့် သွားတိုက်ဆေးနေရာ၌အသစ်ပြန်ဖြည့်ပေးလိုက်ပြီးနောက် လွန်းနောင်၏နဖူးပြင်ကိုဖွဖွနမ်းသည်။

" ပြီးရင်ထွက်ခဲ့ စွပ်ပြုတ်ပူပူလေးလုပ်ထားတယ် "

တံခါး ပိတ်သွားသောအခါ ချမ်းမြေ့မျက်နှာထက်ရှိ အပြုံးနုနုက အစအနမကျန်ပျောက်ကွယ်သွားသည်။

ချမ်း​မြေ့က ရေချိုးခန်းတံခါးကပ်ရပ်မှ အိပ်ခန်းနံရံကိုမှီကာလျှောကျသွားပြီး ပါးစပ်ကိုလက်ဖြင့်ဖုံးအုပ်ကာငိုကြွေးလေ၏။ အပြာရောင်ရှေ့ဖုံးခါးစည်းအဝတ်လေးက ချမ်းမြေ့၏မျက်ရည်စက်များကို ဆီးကြိုပေးလေသည်။
သူ၏န္ဓာကိုယ်တစ်ခုလုံးမှာ တုန်ရီနေကာ ဆောက်တည်ရာမရငိုကြွေးနေခဲ့ပါသော်လည်း ရှိုက်သံစိုးစဥ်းမျှထွက်ပေါ်မလာခဲ့ချေ။

တစ်ရက်ထက်တစ်ရက် လွန်းနောင်၏အသားအရောင်ကပို၍သာ ဖြူလျော်လာသည်။ ညဘက်များတွင် ချောင်းဆိုးရလွန်းသဖြင့် အိပ်မပျော်နိုင်သောရက်များ စိပ်လာသည်။

ယခုနောက်ပိုင်းတွင် လွန်းနောင်က ရုပ်ရှင်ကြည့်ရန်လည်းစကားစမလာတော့ဘဲ တိတ်ဆိတ်သထက်တိတ်ဆိတ်လာသည်။

နှစ်ဦးသားက ဤအခြေအနေကို ထူးထူးခြားခြားမဖြစ်သလိုဟန်ဆောင်နေခဲ့ကြကာ အပြင်ပန်း၌သူတို့၏နေ့စဥ်ဘဝကို သာမာန်နေ့ရက်များကဲ့သို့ဖြတ်သန်းနေခဲ့ကြပေသည်။

ချမ်းမြေ့ကချက်ပြုတ်နေချိန်တွင် လွန်းနောင်ကအပင်များကိုရေလောင်း ပေါင်းသင်လိမ့်မည်။ အပျင်းကြီးသော လွန်းနောင်က သန့်ရှင်းရေးလုပ်ချိန်တွင် တစ်နေရာရာတွင် ရေသာခိုရန်ကြိုးစားလိမ့်မည်။
ညနက်သည်ထိအိပ်မပျော်သောအချိန်များတွင် သီချင်းတိုးတိုးဖွင့်ကာ လသာဆောင်မှာထိုင်ရင်းဖြင့် ကြယ်တွေကိုရေတွက်ကြသည်။ ချစ်သူများလုပ်တတ်ကြသည့် ကိစ္စရပ်သေးသေးကြီးကြီးမှန်သမျှကို သူတို့အတူလုပ်ရန်ကြိုးစားလေးရှိကြပြီး အချိန်အများစုတွင် ပျော်ရွှင်နေကြရသည့်အလားပင်။

သို့သော်။

ကောင်းသောစကားများ၏ နောက်တွင်ကပ်ပါလာတတ်သော သို့သော် ဟူသည့်စကားလုံးက ဘယ်သောအခါမျှ ကောင်းသောကိစ္စများကိုမရည်ညွှန်းတတ်ပါလေ။

မည်သို့ပင်ပထုတ်ရန်ကြိုးစားပါစေ ငြင်းဆိုမရသည့်လက်တွေ့က ချမ်းမြေ့နှင့် လွန်းနောင်တို့၏အတွင်းတစ်နေရာမှ လှိုက်၍ပုပ်သိုးလာနေပြီး မတော်တဆထိတွေ့မိရုံမျှဖြင့် မရပ်တန့်နိုင်သော ထုံကျဥ်ကျဥ်ဝေဒနာများအားယူဆောင်လာပေး၏ ။
ချမ်းမြေ့သိသည်။
အထိုင်ကျနှင့်ပြီးသော သူ့ဘဝဆီမှ ဤလူထံသို့ထပ်မံခြေမချမီကပင် ဆီးကြိုနေမည့်အရာအားလုံးအား ချမ်းမြေ့သိနှင့်ခဲ့ပြီးသားဖြစ်သည်။
လွန်းနောင်၏နံဘေးတွင်ရှိနေဖို့ဆို ဇာတ်သိမ်းလှလှမရှိသည့် ပြဇာတ်တစ်ပုဒ်ကိုကရမည်မှန်း သူသိသည်။

အဆုံးတွင် သိသိလျက်ဖြင့်မိုက်ရူးရဲဆန်စွာ ပြန်လာရန်ရွေးချယ်ခဲ့သူက သူကိုယ်တိုင်သာ။

လွန်းနောင်ဆီကသူဘာကိုမှများများစားစားမမျှော်လင့်ခဲ့ဖူးပါပေ ။
သူလွန်းနောင်အနားတွင် ရှိချင်သည်။

သူ၏အစိတ်အပိုင်းမှန်သမျှကဤလူအတွက်သာပျော်ရွှင်စွာခုန်လှုပ်ကြပြီး ဤလူအတွက်သာ တဆစ်ဆစ်နာကျင်ကိုက်ခဲနေကြသည်။

လမ်းကားမည်မျှကြမ်းတမ်းဦးမည်နည်း ...
စောင့်မျှော်ရမယ့်ရက်တွေမည်မျှရှည်လျားဦးမည်နည်း...

သို့လောသို့လောနှင့် ရေရာသည့်အဖြေမရှိခဲ့သော မေးခွန်းများစွာအကြားတွင် လွန်းနောင်ဘေးတွင်သာဆက်ရှိနေဖို့ရန် သူ့ကိုယ်သူအထင်ကြီးလျက်ကတိများထားခဲ့ဖူးသည်။
သို့သော် ချမ်းမြေ့ထွက်ပြေးခဲ့သည်။

ငယ်ရွယ်သောချမ်းမြေ့က ဉာဏ်ရှိသောလမ်းကိုရွေးချယ်ပေးခဲ့သည်။

ထွက်လာလိုက် အဲဲဒီလူဘေးကနေထွက်လာခဲ့လိုက် အချုပ်အနှောင်ကင်းတဲ့ ဘဝတစ်ခုမှာအကုန်အသစ်ကပြန်တည်ဆောက်မယ် ပြန်ဆက်လို့မရတဲ့အကျိုးအပဲ့တွေကိုပစ်ခဲ့လိုက်တော့

ပစ်ခဲ့လိုက်တော့....

ပစ်ခဲ့လိုက်ပါတော့...။

ချမ်းမြေ့၏ အဖြစ်က စက်ဝိုင်းပေါ်တွင်ပြေးနေရသူကဲ့သို့ပင်။ မည်မျှ အားကြိုးမာန်တက်ပြေးပါစေ အဆုံးတွင် စမှတ်သို့သာပြန်လည်ရောက်ရှိလာရစမြဲ။

စမှတ်ကလည်းဤနေရာ ပန်းတိုင်ကလည်းဤနေရာဟူ၏။

ဤသည်ကပဲ ချမ်းမြေ့အဖြေရှာနေခဲ့သော ပုစ္ဆာ၏ ဖြေရှင်းချက်တစ်ခုလိုပါပေ။ သူက လွန်းနောင်ဆီမှ ပြေးမလွတ်ချင်သူဖြစ်သည်။ ချမ်းမြေ့က စက်ဝိုင်းပတ်လမ်းပေါ်မှ လမ်းလွှဲ၍ပြေးရန်စိတ်မကူးလိုသော အပြေးသမားပင်။

လွန်းနောင်နံဘေးတွင် နောင်တကင်းစွာရပ်၍ နောင်တကင်းစွာ ရှင်သန်မည်။

________

စွပ်ပြုတ်အေးစက်သွားချိန်မှ လွန်းနောင်ထွက်လာသည်။

ချမ်းမြေ့ဂရုစိုက်ကြည့်လိုက်မိတော့ လွန်းနောင်၏ မျက်လုံးထောင့်များက အနည်းငယ်နီရဲနေသည်ကိုတွေ့ရသောကြောင့် အကြည့်လွှဲလိုက်ပြီး ကြိုးစားပြုံးလိုက်သော်လည်း သူ၏အပြုံးလှမလှကိုမူမသိပါတော့ချေ။

ချမ်းမြေ့ကလွန်းနောင်ကို ခုံမှာထိုင်ခိုင်းလိုက်ပြီးစွပ်ပြုတ်အိုးကိုပြန်အပူပေးလိုက်သည်။
မီးဖိုမှထွက်ပေါ်နေသည့် အသံဆူဆူကလွဲ မီးဖိုခန်းကတိတ်ဆိတ်နေသည်။
ချမ်းမြေ့က လွန်းနောင်၏မျက်နှာချင်းဆိုင်ကထိုင်ခုံကိုဝင်ထိုင်လိုက်ပြီး စားပွဲအောက်တွက် ဖုံးကွယ်နေသောလက်တစ်စုံက အေပရွန်ကိုတင်းကြပ်စွာလုံးချေနေမိသည်။

"လွန်းနောင် ငါတို့ဆေးရုံသွားရအောင်"
လွန်းနောင်ကခဏတော့တိတ်ဆိတ်သွားပြီးမှလေသံအေးအေးလူလူနှင့်ပြန်ဖြေလာသည်။

" အသုံးမဝင်ဘူး အစထဲကကုမရတာ"

"ငါ ..သိထားပါတယ်"
ချမ်းမြေ့ရဲ့စကားကြောင့်လွန်းနောင်၏ မျက်ခုံးတန်းများက စုကျုံ့သွား၏။
" ဒါဆိုမင်းကဘာလို့ ငါ့ကိုဆေးရုံသွားစေချင်တာလဲ"
ငါကမင်းနာကျင်တာတွေနည်းနည်းပိုသက်သာစေချင်လို့ပါ။

"ငါ ခံစားရတာတွေပိုသက်သာသွားမယ်ထင်လို့လား"

လွန်းနောင်ကခြောက်ကပ်ကပ်ရယ်သည်။ ရယ်သံကခြောက်ကပ်လွန်းသဖြင့် ချမ်းမြေ့စွပ်ပြုတ်ခပ်ပေးရန် ထိုင်ရာမှထလိုက်၏။
လွန်းနောင်ကဆက်ပြောလာမည်လို့သူ မထင်ထားခဲ့ပေ။
" ငါ့အဖေတုန်းကလည်းကောင်းပေ့ဆိုတဲ့ဆေးကောင်းတွေ အကောင်းဆုံးဆေးပစ္စည်းတွေသုံးပြီး ကုဖို့ကြိုးစားခဲ့ကြတယ် အပြီးသတ်မပျောက်ကင်းရင်တောင် နာကျင်ရတာတွေသက်သာဖို့ သက်တမ်းနည်းနည်းလောက်ပိုဆွဲဆန့်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့

အဖေက ဆေးတွေဘယ်လောက်ကောင်းကြောင်း သူနည်းနည်းလေးမှမနာတော့ကြောင်းပြောနေပေမယ့် ညဘက်တွေသူ့အခန်းဘေးကိုတိတ်တိတ်လေးသွားထိုင်နားထောင်ရင် နာလွန်းလို့ကြိတ်ညည်းနေရတဲ့အဖေ့အသံနဲ့အဖေ့ကိုချော့နေတဲ့အမေ့အသံကိုငါကြားရတယ် "

လွန်းနောင် ရှေ့ရှိစားပွဲနေရာလွတ်သို့အငွေ့တထောင်းထောင်းစွပ်ပြုတ်ပန်းကန်လုံးတစ်လုံးရောက်ရှိလာသည်။
ချမ်းမြေ့က အေပရွန်ကိုချွတ်ကာဝင်ထိုင်လိုက်ပြီး

" မင်းအဖေကအရမ်းနွေးထွေးတဲ့လူပဲနေမယ်"

ချမ်းမြေ့ရဲ့မှတ်ချက်ကြောင့် စွပ်ပြုတ်ပန်းကန်ကိုမွှေနေသောလွန်းနောင်ကပြုံးလေသည်။
"အင်း သူကကြင်နာတယ် နွေးထွေးတယ် အမေ့အတွက်ဆိုအမြဲသန်မာတယ် ငါတို့ကိုအရမ်းချစ်ကြောင်းတွေအမြဲပြောတယ် ... "
လွန်းနောင်ကရပ်တန့်သွားပြန်ပြီးသွားပြီး မည်သည့်သဘောထားများ ကိန်းအောင်းနေသည်မသိရသော အသံတိုးတိုးဖြင့် ရယ်သည်။

" နောက်ဆုံးကျလည်းသူကငါနဲ့အမေ့ကိုထားခဲ့တာပဲ

ငါ့အသက် ဆယ့်ခြောက်နှစ်လောက်မှာ ဓာတ်မတည့်မှုတစ်ခုဖြစ်တော့ အဘိုးကစိုးရိမ်သွားပြီးသွေးတန်းစစ်လိုက်တာ ဆေးစစ်ချက်အရငါကငါ့အဖေရဲ့ရှားပါးတဲ့ ဗီဇချို့တဲ့ရောဂါကိုအမွေဆက်ခံထားရတဲ့အကြောင်းသိလိုက်ရတယ်
အမေကအဲ့နေ့မှာပြုံးပြီး ငါ့ကိုပြောတာက ' နောက်ဆုံးတော့အဖေတူသားဖြစ်ပြီပဲ' တဲ့ "

ပန်းကန်လုံးနှင့် ကြွေဇွန်းထိခတ်သောအသံကဆက်လက်ထွက်ပေါ်နေပြီး ချမ်းမြေ့ကလည်းတိတ်တဆိတ်နားထောင်နေဆဲ။

" အဘိုးကိုခွင့်တောင်းပြီးငါအိမ်ကနေသီးသန့်ခွဲနေဖို့ထွက်လာခဲ့တယ် သံယောဇဥ်တွေကကြိုဖြတ်ထားတာကောင်းပါတယ် ငါ့ရောဂါကိုလည်းမကုဖို့ဆုံးဖြတ်လိုက်တယ် ကုလို့မှလည်းမရတာ
အဲ့လိုပဲနေလာခဲ့တာပဲ
ရောဂါကအစပိုင်းမသိသာပါဘူးပုံမှန်လူတွေလိုပဲ နည်းနည်းလေးချူချာရုံပဲ
အဖေ့တုန်းက အသက်၄၀လောက်မှာသိသိသာသာရောဂါထလာတာ ငါ့အလှည့်ကအသက်၃၀မပြည့်ခင်ပဲဖြစ်လာရတယ်လို့ပဲ "

" ဘာလို့ဆို မင်းကအရက်သောက်တယ်လေ "
"..."
ချမ်းမြေ့၏စကားကြောင့် လွန်းနောင်ရုတ်တရက် မည်သို့တုံ့ပြန်ရမည်မသိဖြစ်သွားသည့်တိုင် ခဏအကြာတွင် သဘောတကျဟက်ဟက်ပက်ပက်ရယ်မောလာသည်။
" ငါက မင်းငါ့အရက်တွေကိုပြောမှပြောပါ့ဦးမလားလို့တွေးနေတာ "
လွန်းနောင်ကနွေးသွားပြီဖြစ်သည့် စွပ်ပြုတ်ကိုတစ်ငုံချင်းသောက်နေသည်။ သူကစွပ်ပြုတ်ကိုအရသာမခံနိုင်တော့သည့်တိုင် တစ်ဇွန်းချင်းစီသောက်နေဆဲပင်။
လွန်းနောင်ကဘာကိုမှ အရသာမခံနိုင်တော့သော်လည်း သူကချမ်းမြေ့ကျွေးသမျှကိုမငြင်းပဲစားလေသည်။
ချမ်းမြေ့ကမေးထောက်လျက် လွန်းနောင်စားနေသည်ကိုသာ မလှုပ်မယှက်ကြည့်နေခဲ့သည် ။
ယခုလိုဆိုပါကလည်း သူတို့နှစ်ဦး၏ဆက်ဆံရေးက သာယာဖြောင့်ဖြူးသောအိမ်ထောင်ရေးတစ်ခုလိုပါပေ။
များမျာစားစားမမျှော်လင့်သူအတွက် အမှတ်တရများက အမြဲတစေ ဖြေသိမ့်လောက်စရာတစ်ခုအဖြစ်ကျန်ရစ်ခဲ့ပါလိမ့်မည်။
___

ချမ်းမြေ့က ကျယ်လောင်လွန်းသဖြင့်ပေါက်ကွဲမတတ်ဖြစ်နေသောဆုတောင်းစကားများကို ခပ်တိုးတိုးလေးတိုင်တည်လေ့ရှိ၏။
ဘုရားသခင် ကျွန်တော့်အပေါ်ရက်စက်ပါ ကျွန်တော်ချစ်တဲ့သူအပေါ်ညှာတာပေးပါ။

---

ေဝါ့
ေအာ့...

ေရခ်ိဳးခန္းဆီမွလာသည့္ ေအာ့အန္သံေၾကာင့္ တည္လက္စဟင္းရည္အိုးကိုပိတ္ၿပီး လြန္းေနာင္ရိွရာေရခ်ိဳးခန္းဆီ အလ်င္အျမန္ဝင္သြားၾကည့္မိသည္။
ေဖ်ာ့ေတာ့ေသာမ်က္ႏွာျဖင့္ နံရံကိုအားျပဳကာရပ္ေနေသာ လြန္းေနာင္၏ ပံုရိပ္က ထိုေနရာတြင္ရိွေန၏။

ခ်မ္းေျမ့ဝင္လာသည္ကို မွန္ကတစ္ဆင့္ျမင္လိုက္သည့္လြန္းေနာင္က ေရဘားဖြင့္လိုက္ၿပီး ေႂကြခြက္ေပၚမွအညစ္အေၾကးမ်ားကိုေဆးခ်လိုက္သည္။ ၿပီးေနာက္ ဘာမွမျဖစ္ခဲ့သလို သြားတိုက္တံကိုယူကာသြားတိုက္ေဆးၫွစ္ထည့္ေနသည္။

သို႔ေသာ္ ထိုသြားတိုက္တံက ပါးစပ္ထဲသို႔မေရာက္မီ ခ်မ္းေျမ့ထံမွ အၾကမ္းပတမ္းဆြဲလုျခင္း ခံလိုက္ရသည္။

လြန္းေနာင္ေၾကာင္အစြာလွည့္ၾကည့္မိခ်ိန္ ခ်မ္းေျမ့၏ႏႈတ္ခမ္းသားမ်ားက တုန္ရီလ်က္မ်က္ဝန္းေထာင့္မ်ားတြင္လည္း နီျမန္းလ်က္ရိွသည္။

လြန္းေနာင္ သူ၏ႏႈတ္ခမ္းတစ္စံုကိုတင္းတင္းေစ့ကပ္လိုက္ၿပီး ခ်မ္းေျမ့ဆုပ္ကိုင္ထားေသာလက္ကိုရုန္းကာ အၾကည့္ခ်င္းမဆံုေအာင္ ေရွာင္လႊဲလိုက္သည္။

" ငါအဆင္ေျပတယ္ အဲ့လိုမ်က္လံုးေတြနဲ႔မၾကည့္နဲ႔"
ခ်မ္းေျမ့က လက္သီးတင္းတင္းဆုပ္လိုက္မိၿပီး အသက္ကိုေလးေလးလံလံရႈထုတ္ေနခဲ့ရသည္။

သူဘယ္ေလာက္ႀကိဳးစားေနရသလဲလြန္းေနာင္သိပါစ။

စိတ္ၿငိမ္စျပဳလာခ်ိန္ ထြက္က်လာေသာစကားသံကေျခာက္ကပ္ကပ္...
" ခဏေစာင့္ "

ခ်မ္းေျမ့ထြက္သြားသည္ႏွင့္ လြန္းေနာင္ကနံရံကိုမွီလ်က္ ဝင္သက္ကိုအလုအယက္ရႉရိႈက္ရသည္။ သူကနဖူးေပၚသို႔ လက္ခံုျဖင့္ဖံုးကာလိုက္ၿပီး ထိုအေနအထားအတိုင္း နံရံကိုမွီကာရပ္ေနခဲ့၏။

ခ်မ္းေျမ့က အခ်ိန္ခဏအတြင္း ေရႏြေးခြက္တစ္ခြက္ယူကာ ျပန္ေရာက္လာသည္။ သူကပံုမွန္အမူအယာျဖင့္ရိွေနၿပီး လြန္းေနာင္၏ႏႈတ္ခမ္းစြန္းမွ ညိုညစ္ညစ္ေသြးစမ်ားကို မည္သည္မ်ွမဆိုဘဲသုတ္ေပးလာကာ ေရႏြေးျဖင့္ပလုတ္က်င္းေစသည္။
ရုန္းရင္းဆန္ခတ္လက္တစ္စံု၏ ပေယာဂေၾကာင့္ျပဳတ္က်သြားခဲ့သည့္ သြားတိုက္ေဆးေနရာ၌အသစ္ျပန္ျဖည့္ေပးလိုက္ၿပီးေနာက္ လြန္းေနာင္၏နဖူးျပင္ကိုဖြဖြနမ္းသည္။

" ၿပီးရင္ထြက္ခဲ့ စြပ္ျပဳတ္ပူပူေလးလုပ္ထားတယ္ "

တံခါး ပိတ္သြားေသာအခါ ခ်မ္းေျမ့မ်က္ႏွာထက္ရိွ အၿပံဳးႏုႏုက အစအနမက်န္ေပ်ာက္ကြယ္သြားသည္။

ခ်မ္း​ေျမ့က ေရခ်ိဳးခန္းတံခါးကပ္ရပ္မွ အိပ္ခန္းနံရံကိုမွီကာေလ်ွာက်သြားၿပီး ပါးစပ္ကိုလက္ျဖင့္ဖံုးအုပ္ကာငိုေႂကြးေလ၏။ အျပာေရာင္ေရ႔ွဖံုးခါးစည္းအဝတ္ေလးက ခ်မ္းေျမ့၏မ်က္ရည္စက္မ်ားကို ဆီးႀကိဳေပးေလသည္။
သူ၏ႏၶာကိုယ္တစ္ခုလံုးမွာ တုန္ရီေနကာ ေဆာက္တည္ရာမရငိုေႂကြးေနခဲ့ပါေသာ္လည္း ရိႈက္သံစိုးစဥ္းမ်ွထြက္ေပၚမလာခဲ့ေခ်။

တစ္ရက္ထက္တစ္ရက္ လြန္းေနာင္၏အသားအေရာင္ကပို၍သာ ျဖဴေလ်ာ္လာသည္။ ညဘက္မ်ားတြင္ ေခ်ာင္းဆိုးရလြန္းသျဖင့္ အိပ္မေပ်ာ္ႏိုင္ေသာရက္မ်ား စိပ္လာသည္။

ယခုေနာက္ပိုင္းတြင္ လြန္းေနာင္က ရုပ္ရွင္ၾကည့္ရန္လည္းစကားစမလာေတာ့ဘဲ တိတ္ဆိတ္သထက္တိတ္ဆိတ္လာသည္။

ႏွစ္ဦးသားက ဤအေျခအေနကို ထူးထူးျခားျခားမျဖစ္သလိုဟန္ေဆာင္ေနခဲ့ၾကကာ အျပင္ပန္း၌သူတို႔၏ေန့စဥ္ဘဝကို သာမာန္ေန့ရက္မ်ားကဲ့သို႔ျဖတ္သန္းေနခဲ့ၾကေပသည္။

ခ်မ္းေျမ့ကခ်က္ျပဳတ္ေနခ်ိန္တြင္ လြန္းေနာင္ကအပင္မ်ားကိုေရေလာင္း ေပါင္းသင္လိမ့္မည္။ အပ်င္းႀကီးေသာ လြန္းေနာင္က သန္႔ရွင္းေရးလုပ္ခ်ိန္တြင္ တစ္ေနရာရာတြင္ ေရသာခိုရန္ႀကိဳးစားလိမ့္မည္။
ညနက္သည္ထိအိပ္မေပ်ာ္ေသာအခ်ိန္မ်ားတြင္ သီခ်င္းတိုးတိုးဖြင့္ကာ လသာေဆာင္မွာထိုင္ရင္းျဖင့္ ၾကယ္ေတြကိုေရတြက္ၾကသည္။ ခ်စ္သူမ်ားလုပ္တတ္ၾကသည့္ ကိစၥရပ္ေသးေသးႀကီးႀကီးမွန္သမ်ွကို သူတို႔အတူလုပ္ရန္ႀကိဳးစားေလးရိွၾကၿပီး အခ်ိန္အမ်ားစုတြင္ ေပ်ာ္ရႊင္ေနၾကရသည့္အလားပင္။

သို႔ေသာ္။

ေကာင္းေသာစကားမ်ား၏ ေနာက္တြင္ကပ္ပါလာတတ္ေသာ သို႔ေသာ္ ဟူသည့္စကားလံုးက ဘယ္ေသာအခါမ်ွ ေကာင္းေသာကိစၥမ်ားကိုမရည္ၫႊန္းတတ္ပါေလ။

မည္သို႔ပင္ပထုတ္ရန္ႀကိဳးစားပါေစ ျငင္းဆိုမရသည့္လက္ေတြ့က ခ်မ္းေျမ့ႏွင့္ လြန္းေနာင္တို႔၏အတြင္းတစ္ေနရာမွ လိႈက္၍ပုပ္သိုးလာေနၿပီး မေတာ္တဆထိေတြ့မိရံုမ်ျွဖင့္ မရပ္တန္႔ႏိုင္ေသာ ထံုက်ဥ္က်ဥ္ေဝဒနာမ်ားအားယူေဆာင္လာေပး၏ ။
ခ်မ္းေျမ့သိသည္။
အထိုင္က်ႏွင့္ၿပီးေသာ သူ႔ဘဝဆီမွ ဤလူထံသို႔ထပ္မံေျခမခ်မီကပင္ ဆီးႀကိဳေနမည့္အရာအားလံုးအား ခ်မ္းေျမ့သိႏွင့္ခဲ့ၿပီးသားျဖစ္သည္။
လြန္းေနာင္၏နံေဘးတြင္ရိွေနဖို႔ဆို ဇာတ္သိမ္းလွလွမရိွသည့္ ျပဇာတ္တစ္ပုဒ္ကိုကရမည္မွန္း သူသိသည္။

အဆံုးတြင္ သိသိလ်က္ျဖင့္မိုက္ရူးရဲဆန္စြာ ျပန္လာရန္ေရြးခ်ယ္ခဲ့သူက သူကိုယ္တိုင္သာ။

လြန္းေနာင္ဆီကသူဘာကိုမွမ်ားမ်ားစားစားမေမ်ွာ္လင့္ခဲ့ဖူးပါေပ ။
သူလြန္းေနာင္အနားတြင္ ရိွခ်င္သည္။

သူ၏အစိတ္အပိုင္းမွန္သမ်ွကဤလူအတြက္သာေပ်ာ္ရႊင္စြာခုန္လႈပ္ၾကၿပီး ဤလူအတြက္သာ တဆစ္ဆစ္နာက်င္ကိုက္ခဲေနၾကသည္။

လမ္းကားမည္မ်ွၾကမ္းတမ္းဦးမည္နည္း ...
ေစာင့္ေမ်ွာ္ရမယ့္ရက္ေတြမည္မ်ွရွည္လ်ားဦးမည္နည္း...

သို႔ေလာသို႔ေလာႏွင့္ ေရရာသည့္အေျဖမရိွခဲ့ေသာ ေမးခြန္းမ်ားစြာအၾကားတြင္ လြန္းေနာင္ေဘးတြင္သာဆက္ရိွေနဖို႔ရန္ သူ႔ကိုယ္သူအထင္ႀကီးလ်က္ကတိမ်ားထားခဲ့ဖူးသည္။
သို႔ေသာ္ ခ်မ္းေျမ့ထြက္ေျပးခဲ့သည္။

ငယ္ရြယ္ေသာခ်မ္းေျမ့က ဉာဏ္ရိွေသာလမ္းကိုေရြးခ်ယ္ေပးခဲ့သည္။

ထြက္လာလိုက္ အဲဒီလူေဘးကေနထြက္လာခဲ့လိုက္ အခ်ဳပ္အေနွာင္ကင္းတဲ့ ဘဝတစ္ခုမွာအကုန္အသစ္ကျပန္တည္ေဆာက္မယ္ ျပန္ဆက္လို႔မရတဲ့အက်ိဳးအပဲ့ေတြကိုပစ္ခဲ့လိုက္ေတာ့

ပစ္ခဲ့လိုက္ေတာ့....

ပစ္ခဲ့လိုက္ပါေတာ့...။

ခ်မ္းေျမ့၏ အျဖစ္က စက္ဝိုင္းေပၚတြင္ေျပးေနရသူကဲ့သို႔ပင္။ မည္မ်ွ အားႀကိဳးမာန္တက္ေျပးပါေစ အဆံုးတြင္ စမွတ္သို႔သာျပန္လည္ေရာက္ရိွလာရစၿမဲ။

စမွတ္ကလည္းဤေနရာ ပန္းတိုင္ကလည္းဤေနရာဟူ၏။

ဤသည္ကပဲ ခ်မ္းေျမ့အေျဖရွာေနခဲ့ေသာ ပုစၧာ၏ ေျဖရွင္းခ်က္တစ္ခုလိုပါေပ။ သူက လြန္းေနာင္ဆီမွ ေျပးမလြတ္ခ်င္သူျဖစ္သည္။ ခ်မ္းေျမ့က စက္ဝိုင္းပတ္လမ္းေပၚမွ လမ္းလႊဲ၍ေျပးရန္စိတ္မကူးလိုေသာ အေျပးသမားပင္။

လြန္းေနာင္နံေဘးတြင္ ေနာင္တကင္းစြာရပ္၍ ေနာင္တကင္းစြာ ရွင္သန္မည္။

________

စြပ္ျပဳတ္ေအးစက္သြားခ်ိန္မွ လြန္းေနာင္ထြက္လာသည္။

ခ်မ္းေျမ့ဂရုစိုက္ၾကည့္လိုက္မိေတာ့ လြန္းေနာင္၏ မ်က္လံုးေထာင့္မ်ားက အနည္းငယ္နီရဲေနသည္ကိုေတြ့ရေသာေၾကာင့္ အၾကည့္လႊဲလိုက္ၿပီး ႀကိဳးစားၿပံဳးလိုက္ေသာ္လည္း သူ၏အၿပံဳးလွမလွကိုမူမသိပါေတာ့ေခ်။

ခ်မ္းေျမ့ကလြန္းေနာင္ကို ခံုမွာထိုင္ခိုင္းလိုက္ၿပီးစြပ္ျပဳတ္အိုးကိုျပန္အပူေပးလိုက္သည္။
မီးဖိုမွထြက္ေပၚေနသည့္ အသံဆူဆူကလြဲ မီးဖိုခန္းကတိတ္ဆိတ္ေနသည္။
ခ်မ္းေျမ့က လြန္းေနာင္၏မ်က္ႏွာခ်င္းဆိုင္ကထိုင္ခံုကိုဝင္ထိုင္လိုက္ၿပီး စားပြဲေအာက္တြက္ ဖံုးကြယ္ေနေသာလက္တစ္စံုက ေအပရြန္ကိုတင္းၾကပ္စြာလံုးေခ်ေနမိသည္။

"လြန္းေနာင္ ငါတို႔ေဆးရံုသြားရေအာင္"
လြန္းေနာင္ကခဏေတာ့တိတ္ဆိတ္သြားၿပီးမွေလသံေအးေအးလူလူႏွင့္ျပန္ေျဖလာသည္။

" အသံုးမဝင္ဘူး အစထဲကကုမရတာ"

"ငါ ..သိထားပါတယ္"
ခ်မ္းေျမ့ရဲ့စကားေၾကာင့္လြန္းေနာင္၏ မ်က္ခံုးတန္းမ်ားက စုက်ံဳ႔သြား၏။
" ဒါဆိုမင္းကဘာလို႔ ငါ့ကိုေဆးရံုသြားေစခ်င္တာလဲ"
ငါကမင္းနာက်င္တာေတြနည္းနည္းပိုသက္သာေစခ်င္လို႔ပါ။

"ငါ ခံစားရတာေတြပိုသက္သာသြားမယ္ထင္လို႔လား"

လြန္းေနာင္ကေျခာက္ကပ္ကပ္ရယ္သည္။ ရယ္သံကေျခာက္ကပ္လြန္းသျဖင့္ ခ်မ္းေျမ့စြပ္ျပဳတ္ခပ္ေပးရန္ ထိုင္ရာမွထလိုက္၏။
လြန္းေနာင္ကဆက္ေျပာလာမည္လို႔သူ မထင္ထားခဲ့ေပ။
" ငါ့အေဖတုန္းကလည္းေကာင္းေပ့ဆိုတဲ့ေဆးေကာင္းေတြ အေကာင္းဆံုးေဆးပစၥည္းေတြသံုးၿပီး ကုဖို႔ႀကိဳးစားခဲ့ၾကတယ္ အၿပီးသတ္မေပ်ာက္ကင္းရင္ေတာင္ နာက်င္ရတာေတြသက္သာဖို႔ သက္တမ္းနည္းနည္းေလာက္ပိုဆြဲဆန္႔ႏိုင္ဖို႔ဆိုတဲ့ရည္ရြယ္ခ်က္နဲ႔ေပါ့

အေဖက ေဆးေတြဘယ္ေလာက္ေကာင္းေၾကာင္း သူနည္းနည္းေလးမွမနာေတာ့ေၾကာင္းေျပာေနေပမယ့္ ညဘက္ေတြသူ႔အခန္းေဘးကိုတိတ္တိတ္ေလးသြားထိုင္နားေထာင္ရင္ နာလြန္းလို႔ႀကိတ္ညည္းေနရတဲ့အေဖ့အသံနဲ႔အေဖ့ကိုေခ်ာ့ေနတဲ့အေမ့အသံကိုငါၾကားရတယ္ "

လြန္းေနာင္ ေရ႔ွရိွစားပြဲေနရာလြတ္သို႔အေငြ့တေထာင္းေထာင္းစြပ္ျပဳတ္ပန္းကန္လံုးတစ္လံုးေရာက္ရိွလာသည္။
ခ်မ္းေျမ့က ေအပရြန္ကိုခြၽတ္ကာဝင္ထိုင္လိုက္ၿပီး

" မင္းအေဖကအရမ္းေနြးေထြးတဲ့လူပဲေနမယ္"

ခ်မ္းေျမ့ရဲ့မွတ္ခ်က္ေၾကာင့္ စြပ္ျပဳတ္ပန္းကန္ကိုေမႊေနေသာလြန္းေနာင္ကၿပံဳးေလသည္။
"အင္း သူကၾကင္နာတယ္ ေနြးေထြးတယ္ အေမ့အတြက္ဆိုအၿမဲသန္မာတယ္ ငါတို႔ကိုအရမ္းခ်စ္ေၾကာင္းေတြအၿမဲေျပာတယ္ ... "
လြန္းေနာင္ကရပ္တန္႔သြားျပန္ၿပီးသြားၿပီး မည္သည့္သေဘာထားမ်ား ကိန္းေအာင္းေနသည္မသိရေသာ အသံတိုးတိုးျဖင့္ ရယ္သည္။

" ေနာက္ဆံုးက်လည္းသူကငါနဲ႔အေမ့ကိုထားခဲ့တာပဲ

ငါ့အသက္ ဆယ့္ေျခာက္ႏွစ္ေလာက္မွာ ဓာတ္မတည့္မႈတစ္ခုျဖစ္ေတာ့ အဘိုးကစိုးရိမ္သြားၿပီးေသြးတန္းစစ္လိုက္တာ ေဆးစစ္ခ်က္အရငါကငါ့အေဖရဲ့ရွားပါးတဲ့ ဗီဇခ်ိဳ႕တဲ့ေရာဂါကိုအေမြဆက္ခံထားရတဲ့အေၾကာင္းသိလိုက္ရတယ္
အေမကအဲ့ေန့မွာၿပံဳးၿပီး ငါ့ကိုေျပာတာက ' ေနာက္ဆံုးေတာ့အေဖတူသားျဖစ္ၿပီပဲ' တဲ့ "

ပန္းကန္လံုးႏွင့္ ေႂကြဇြန္းထိခတ္ေသာအသံကဆက္လက္ထြက္ေပၚေနၿပီး ခ်မ္းေျမ့ကလည္းတိတ္တဆိတ္နားေထာင္ေနဆဲ။

" အဘိုးကိုခြင့္ေတာင္းၿပီးငါအိမ္ကေနသီးသန္႔ခြဲေနဖို႔ထြက္လာခဲ့တယ္ သံေယာဇဥ္ေတြကႀကိဳျဖတ္ထားတာေကာင္းပါတယ္ ငါ့ေရာဂါကိုလည္းမကုဖို႔ဆံုးျဖတ္လိုက္တယ္ ကုလို႔မွလည္းမရတာ
အဲ့လိုပဲေနလာခဲ့တာပဲ
ေရာဂါကအစပိုင္းမသိသာပါဘူးပံုမွန္လူေတြလိုပဲ နည္းနည္းေလးခ်ူခ်ာရံုပဲ
အေဖ့တုန္းက အသက္၄၀ေလာက္မွာသိသိသာသာေရာဂါထလာတာ ငါ့အလွည့္ကအသက္၃၀မျပည့္ခင္ပဲျဖစ္လာရတယ္လို႔ပဲ "

" ဘာလို႔ဆို မင္းကအရက္ေသာက္တယ္ေလ "
"..."
ခ်မ္းေျမ့၏စကားေၾကာင့္ လြန္းေနာင္ရုတ္တရက္ မည္သို႔တံု႔ျပန္ရမည္မသိျဖစ္သြားသည့္တိုင္ ခဏအၾကာတြင္ သေဘာတက်ဟက္ဟက္ပက္ပက္ရယ္ေမာလာသည္။
" ငါက မင္းငါ့အရက္ေတြကိုေျပာမွေျပာပါ့ဦးမလားလို႔ေတြးေနတာ "
လြန္းေနာင္ကေနြးသြားၿပီျဖစ္သည့္ စြပ္ျပဳတ္ကိုတစ္ငံုခ်င္းေသာက္ေနသည္။ သူကစြပ္ျပဳတ္ကိုအရသာမခံႏိုင္ေတာ့သည့္တိုင္ တစ္ဇြန္းခ်င္းစီေသာက္ေနဆဲပင္။
လြန္းေနာင္ကဘာကိုမွ အရသာမခံႏိုင္ေတာ့ေသာ္လည္း သူကခ်မ္းေျမ့ေကြၽးသမ်ွကိုမျငင္းပဲစားေလသည္။
ခ်မ္းေျမ့ကေမးေထာက္လ်က္ လြန္းေနာင္စားေနသည္ကိုသာ မလႈပ္မယွက္ၾကည့္ေနခဲ့သည္ ။
ယခုလိုဆိုပါကလည္း သူတို႔ႏွစ္ဦး၏ဆက္ဆံေရးက သာယာေျဖာင့္ျဖဴးေသာအိမ္ေထာင္ေရးတစ္ခုလိုပါေပ။
မ်ားမ်ာစားစားမေမ်ွာ္လင့္သူအတြက္ အမွတ္တရမ်ားက အၿမဲတေစ ေျဖသိမ့္ေလာက္စရာတစ္ခုအျဖစ္က်န္ရစ္ခဲ့ပါလိမ့္မည္။
___

ခ်မ္းေျမ့က က်ယ္ေလာင္လြန္းသျဖင့္ေပါက္ကြဲမတတ္ျဖစ္ေနေသာဆုေတာင္းစကားမ်ားကို ခပ္တိုးတိုးေလးတိုင္တည္ေလ့ရိွ၏။
ဘုရားသခင္ ကြၽန္ေတာ့္အေပၚရက္စက္ပါ ကြၽန္ေတာ္ခ်စ္တဲ့သူအေပၚၫွာတာေပးပါ။

---

Continue Reading

You'll Also Like

203K 10.2K 89
Being flat broke is hard. To overcome these hardships sometimes take extreme measures, such as choosing to become a manager for the worst team in Blu...
7.3M 302K 38
~ AVAILABLE ON AMAZON: https://www.amazon.com/dp/164434193X ~ She hated riding the subway. It was cramped, smelled, and the seats were extremely unc...
1.7M 17.3K 3
*Wattys 2018 Winner / Hidden Gems* CREATE YOUR OWN MR. RIGHT Weeks before Valentine's, seventeen-year-old Kate Lapuz goes through her first ever br...
302K 21.2K 156
Tác phẩm: Toàn thế giới đều đang đợi người động tâm. Tác giả: Tố Tây Người gõ: Mia của bạn nè Beta: Hoa Hoa của bạn đây Ý là truyện này gõ nhanh quá...