ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်က...

Від Cora0411

1.6M 235K 8.6K

Title - 嫁给渣攻的反派哥哥 English title-Married the Scum Gong's Villain Brother All credits to original author and E... Більше

Description
Chapter 1✰Edited
Chapter-1.1
Chapter 1.2
Chapter 2✰Edited
Chapter 2
Chapter 3✰Edited
Chapter 3
Chapter 4✰Edited
Chapter 4
Chapter 5✰Edited
Chapter 5
Chapter 6✰Edited
Chapter 6
Chapter 7✰Edited
Chapter 7
Chapter 8✰Edited
Chapter 8
Chapter 9✰Edited
Chapter 9
Chapter 10✰Edited
Chapter 10
Chapter 11✰Edited
Chapter 11
Chapter 12✰Edited
Chapter 12
Chapter 13✰Edited
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21.1
Chapter 21.2
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84 (Final Chapter)
Extra 1.1:Later Story-နောက်ဆက်တွဲ/ေနာက္ဆက္တြဲ
Extra 1.2: Later Story 2
Extra 1.3: Later Story 3
Extra 1.4: Later Story4-နိုင်ငံ့CPကိုတရားဝင်ကြေညာခြင်း
Extra 1.5: Later Story - လက်ထပ်ပွဲ/လက္ထပ္ပြဲ
Extra 2.1: သဝန်တိုခြင်း/သဝန္တိုျခင္း
Extra 2.2: လောင်ကုန်း/ေလာင္ကုန္း
Extra 3.1: အချိန်မီပြန်သွားလို့ တစ်ဖန်ပြန်လည်တွေ့ဆုံကြမယ်!
Extra 3.2: ပျော်ရွှင်မှုက နေရာတိုင်းမှာ
ကျေးဇူးတင်လွှာ💓

Chapter 69

11.4K 1.8K 40
Від Cora0411

//Zawgyi//

Chapter 69 : မရီး + ကၽြန္ေတာ္က ယန္က်င္ရႊင္မဟုတ္ဘူး
__________________

" ငါလူး လက္ထပ္မွာ? သူတို႔က တကယ္ၾကီး..."

ေနာက္လုိက္အုပ္စုထဲမွ အဖြဲ႔ဝင္တစ္ေယာက္က မေတာ္တဆေအာ္မိသြားေခ်သည္။ ခ်က္ခ်င္းပဲ မွားယြင္းေနေၾကာင္း သူသေဘာေပါက္သြားကာ ခ်က္ခ်င္းပါးစပ္ကိုဖံုးကာလိုက္ျပီးေနာက္ သူ႔အေပါင္းအပါေတြကုိ ထိတ္လန္႔တၾကားၾကည့္လုိက္သည္။

သူ႔အေဖာ္ေတြကလည္း သူ႔လုိပဲတံု႔ျပန္ၾက၏။ သုိ႔ေပမဲ့ ဒီအခ်ိန္မွာ တကယ္ၾကီးထေအာ္တဲ့ေကာင္ကေတာ့ ရူးေနတာပဲ။ လူတုိင္းက ထုိလူကုိ ပုန္းလ်ိဳးကြယ္လ်ိဳးၾကည့္လုိက္ၾကေပမဲ့ ကံေကာင္းခ်င္ေတာ့ ဒီနားပတ္ပတ္လည္မွာ လူအမ်ားၾကီးရွိျပီး အသံကက်ယ္ေလာင္တာေၾကာင့္ သူကသိပ္ျပီးမေပၚလြင္သြားေပ။

ဝင္ေပါက္မွာေတာ့ သူလက္ထပ္ေတာ့မယ္လို႔ ေၾကညာလိုက္တဲ့ရွန္ရိက်င္းက သန္႔ရွင္းသပ္ရပ္ေနသည္။ သူက ဖိတ္ၾကားခ်က္ကုိ မိသားစုတုိင္းဆီပို႔ေပးမွာျဖစ္ျပီး လူတုိင္းတက္ေရာက္ဖို႔ေမွ်ာ္လင့္ထားေၾကာင္းသာ ေျပာလာသည္။ ေနာက္မၾကာခင္မွာပဲ အဘိုးရွန္ဆီ မိုက္ကရုိဖုန္းျပန္ေပးလိုက္၏။

ဒီလိုအေရးၾကီး အျဖစ္အပ်က္မ်ိဳး...ဒါကအံ့အားသင့္ေစကာ ယံုၾကည္ဖုိ႔ခက္ခဲရင္ေတာင္မွ လူတုိင္းက လက္ခုပ္တီးျပီး အားေပးခ်ီးေျမွာက္သင့္သည္။

လူအိုၾကီးရွန္က ေပ်ာ္ရႊင္စြာနဲ႔ စကားအနည္းငယ္ဆက္ေျပာလိုက္ျပီးေနာက္ စားပြဲစတင္ကာ လူတုိင္းလြတ္လြတ္လပ္လပ္ ေနထုိင္ခံစားလို႔ရပါေၾကာင္း ေၾကညာလိုက္၏။

ရႊင္လန္းတက္ၾကြျပီး သာယာၾကည္ႏူးဖြယ္waltzေတးဂီတသံက ေကာင္းမြန္စြာ အလွဆင္ထားတဲ့ျမက္ခင္းျပင္ထက္ လြင့္ပ်ံလာသည္။ နယ္ပယ္အသီးသီးက လူအိုၾကီးရွန္နဲ႔ဆက္ဆံေရးေကာင္းတဲ့ အေကာင္ၾကီးေတာ္ေတာ္မ်ားမ်ားက သူ႔ကုိလာေရာက္ဂုဏ္ျပဳၾကျပီး ရွန္ရိက်င္းနဲ႔က်င္ရႊင္ကုိပါ သူတုိ႔ကဝန္းရံထားၾကသည္...

သူတုိ႔ေျပာေနတာေတြကုိ ဘယ္သူကသိမွာလဲ၊ ထုိအေကာင္ၾကီးေတြရဲ႕ ရယ္ေမာသံေတြနဲ႔ စံုတြဲကို အတြဲျဖစ္လာတဲ့အတြက္ တစ္ေယာက္ခ်င္းစီ ခ်ီးမြမ္းေျမွာက္ပင့္သံေတြကုိသာၾကားရသည္...

လင္လိနဲ႔အျခားသူေတြက တိတ္ဆိတ္စြာလူအုပ္ထဲမွ ခြဲထြက္ကာ ေထာင့္တစ္ေထာင့္၌ စုရုံးေနၾကသည္။ ဒီအခ်ိန္မွာ ဘယ္သူမွစကားမေျပာၾကဘဲ လူတုိင္းက ရွည္ၾကာေညာင္းစြာ ဆိတ္ျငိမ္ေနၾက၏။

"လခြမ္း ငါလူးပဲငါေျပာခ်င္တာက...ရွန္ရိက်င္းက ဘယ္တုန္းက ဒီလိုေပါ့ျပက္ျပက္လူျဖစ္သြားတာလဲ" ေနာက္ဆံုးေတာ့ တစ္စံုတစ္ေယာက္က မထိန္းႏုိင္ေတာ့ဘဲ ပါးစပ္ဟလာသည္ : "ဒီေလာက္ၾကာျပီးတဲ့ေနာက္မွာ ေသာက္က်ိဳးနည္းသူက လက္ထပ္ေတာ့မယ္တဲ့..."

"ဒါက...ငါတုိ႔လည္း ဒါကုိပံုေဖာ္ၾကည့္လို႔ေတာင္မရဘူးကြာ။ အဲ့ယန္က်င္ရႊင္မွာ ဒီစြမ္းရည္ရွိတယ္ေပါ့...ဒါကအရမ္းမျမန္လြန္းေနဘူးလား"

"သူတုိ႔အခ်င္းခ်င္းသိတာ ေတာ္ေတာ္ၾကာေနျပီလို႔ မင္းထင္လား"

"...ငါလူး ငါတုိ႔အာ့ေရွာက္က *ေမ်ာက္မထားခံလိုက္ရတယ္လို႔ မင္းဆိုလိုခ်င္တာလား?!"

[*လင္ငယ္ေနသည္]

ဒီလူေတြက အာ့ေရွာက္ကိုလံုးလံုးသစၥာခံထားတယ္လုိ႔ မေျပာႏုိင္ေပမဲ့ ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔ေတြက တစ္ေလွထဲစီးေနသူေတြပင္။

ကြာေစ့စားျပီး အရသာခံၾကတယ္ဆိုေပမဲ့ သူတို႔အာ့ေရွာက္က"ရႈံးနိမ့္မႈ"ကုိ ခံစားလိုက္ရမွန္း အမွန္တကယ္သိသြားတဲ့အခ်ိန္ ဒီလူေတြက အဲ့အရာကိုထပ္ျပီးမစေနာက္ေနေတာ့ေပ။

လူတုိင္းက အာ့ေရွာက္ဦးထုပ္စိမ္းေဆာင္းခံရေလာက္တဲ့ျဖစ္ႏုိင္ေခ်ကို စတင္ေတြးေတာေနၾကသည္။

"ငါေတာ့အဲ့လိုမထင္ဘူး ဘာပဲျဖစ္ျဖစ္ အာ့ေရွာက္က ယန္က်င္ရႊင္ကို စြန္႔ပစ္ခဲ့တာေလ" တစ္ေယာက္ကေျပာ၏ "ယန္က်င္ရႊင္က ေလွလံႏွစ္ဖက္နင္းတဲ့လူနဲ႔တူတယ္လို႔ေတာ့ ငါမထင္ဘူး"

"ဟုတ္တယ္ ဟုတ္တယ္ ယန္က်င္ရႊင္ အာ့ေရွာက္ကုိၾကိဳက္တုန္းက ဘယ္ေလာက္ေတာင္ က်ိဳးက်ိဳးႏြံႏြံရွိခဲ့လဲဆိုတာကုိ မေမ့နဲ႔ဦး...သူကအခုကြာျခားသြားတယ္ထင္ရေပမဲ့ သူအာ့ေရွာက္ကုိ ၾကိဳက္ခဲ့တယ္ဆိုတာကလည္း အမွန္ပဲေလ!"

"ယန္က်င္ရႊင္ကို မေျပာနဲ႔ဦး ရွန္ရိက်င္းက ဒီလိုမ်ိဳးလုပ္ႏုိင္လိမ့္မယ္လို႔ ငါမယံုဘူး။ တကယ္လို႔ သူလုပ္ႏုိင္တယ္ဆိုရင္ေတာင္ လူအိုၾကီးရွန္က သေဘာတူမွာမဟုတ္ဘူး"

"မင္းေျပာတာမွန္တယ္..အိ? အဲ့ဒါက အာ့ေရွာက္မလား!"

ျခံဝင္းနံရံနားမွာ က်ံဳ႕ဝင္မတတ္ျဖစ္ေနတဲ့လူတုိင္း အကြာအေဝးတစ္ခုကေန ဂိတ္ထဲကို ကားတစ္စီးေမာင္းဝင္လာျပီး ေဘးလမ္းမွာရပ္သြားတာကိုျမင္လိုက္ရသည္။ အဲ့ေနာက္ မဟားတရားပိန္ပါးေနတဲ့ရွန္ေပၚဟန္က ကားေပၚကေနဆင္းလာ၏။

...သူတုိ႔ သူ႔ကုိေနာက္ဆံုးေတြ႔ခဲ့တာ ဆယ္ရက္ပဲရွိေသးတယ္။ အာ့ေရွာက္ကအလြန္ကုိပိန္ျပီး ပံုပ်က္ကာ မွတ္ေတာင္မမွတ္မိခ်င္ေတာ့ေပ။

သူတုိ႔အားလံုးနီးပါးက ရွန္ေပၚဟန္နဲ႔တူတူၾကီးျပင္းလာတယ္ဆိုတဲ့အခ်က္ေၾကာင့္သာ မဟုတ္ခဲ့ရင္ ပထမဆံုးအၾကည့္တစ္ခ်က္နဲ႔ မွတ္မိႏုိင္ဖို႔ခဲယဥ္းလွသည္။

လူတုိင္းက ကားထဲကထြက္လာတဲ့ရွန္ေပၚဟန္ကုိျမင္လုိက္ခ်ိန္ အေျပးသြားကာ
"အာ့ေရွာက္ မင္းအဆင္ေျပရဲ႕လား? မင္းေတာ္ေတာ္ေနမေကာင္းျဖစ္ေနတာပဲ..."

အေရွ႕ဆံုးကေန ေျပးသြားတဲ့တစ္ေယာက္က ရွန္ေပၚဟန္ရဲ႕ပိန္ပါးျပီး သရဲလိုျဖစ္ေနတဲ့မ်က္ႏွာေၾကာင့္ ေျခာက္လန္႔ခံရလုနီးနီးပင္။

"အာေ့ရွာက္ ဘာျဖစ္သြားတာလဲ?" လင္လိေတာင္မွ မေနႏုိင္ေတာ့ဘဲေျပာလုိက္မိသြားသည္ "မင္းကအေအးမိျပီး ဖ်ားရုံေလးပဲမဟုတ္ဘူးလား? ဘယ္လိုလုပ္ဒီေလာက္ဆိုးသြားရတာလဲ"

ရွန္ေပၚဟန္က သူတို႔ကုိလက္ယမ္းျပကာ သူအဆင္ေျပေၾကာင္းေျပာလိုက္၏။ ျပီးခဲ့တဲ့ႏွစ္ရက္နဲ႔စာရင္ သူအခုေတာ္ေတာ္ေလးသက္သာေနတာျဖစ္သည္။ အနည္းဆံုးေတာ့ သူ႔ဘာသာလမ္းေလွ်ာက္ႏုိင္တယ္ေလ သူ႔ၾကည့္ရတာအားနည္းေနပံုေပၚေသးေပမဲ့လည္းေပါ့။

ရွန္ေပၚဟန္က မသိစိတ္အေလ်ာက္ ပတ္ပတ္လည္ကုိလိုက္ၾကည့္လုိက္မိသည္။ ထုိအခ်ိန္မွာ သူ႔အေမကလည္း ကားထဲကထြက္လာျပီး လင္လိနဲ႔က်န္လူေတြက သူမအားႏႈတ္ဆက္လိုက္ၾကသည္။

ယန္ႏ်ဲ႕ေက်ာင္းကလည္း ဒီရက္ေတြမွာအေတာ္ေလးေခ်ာင္က်သြားပံုေပၚသည္။ ဒီသူငယ္ခ်င္းေတြကိုေတြ႔လို႔ ရွန္ေပၚဟန္ေပ်ာ္သြားေလာက္တယ္ဆိုတာကိုေတြးမိေတာ့ သူမေျပာလိုက္၏ : "သားဘာလို႔ အားလီတို႔ေတြနဲ႔ ခဏေလာက္မေနလဲ၊ အေမ သားအဘိုးဘယ္မွာလဲဆိုတာ သြားၾကည့္လိုက္ဦးမယ္။ သားက်န္းမာေရးက ခုမွေကာင္းလာခါစပဲရွိေသးတာ သားအဘိုးကုိေမြးေန႔ဆုေတာင္း ေတာင္းေပးျပီးရင္ ျမန္ျမန္ျပန္နားရမယ္"

သူမက လင္လိနဲ႔အျခားသူေတြကုိ ထပ္ေျပာလိုက္သည္ : "အားဟန္က ခုထိအားနည္းေနေသးတယ္၊ ေလေအးေအးေအာက္မွာလည္း အၾကာၾကီးမေနႏုိင္ေသးဘူး ဒီေတာ့မင္းတုိ႔ပဲသူ႔ကုိခဏေလာက္ၾကည့္ထားေပးၾကပါဦးကြယ္"

လူတုိင္းက ခပ္ျမန္ျမန္တံု႔ျပန္လုိက္ၾကသည္။ ယန္ႏ်ဲ႕ေက်ာင္းက သူမေဒါက္ဖိနပ္ျဖင့္ေျခလွမ္းလွမ္းကာ ထြက္ခြာသြားေတာ့မွပဲ လူတုိင္းလည္း စိတ္သက္သာရာရေတာ့သ္ည။

အာ့ေရွာက္အေမက သူ႔ကုိအရမ္းတင္းက်ပ္သည္၊ အထူးသျဖင့္ အရင္တစ္ေခါက္ ဗီဒီယိုမေတာ္တဆမႈျပီးတဲ့ေနာက္မွာေပါ့။ လင္လိနဲ႔အျခားသူေတြက အာ့ေရွာက္ကုိ အျပင္ေလွ်ာက္ပတ္ဖုိ႔ရွာတဲ့အခ်ိန္ေတြမွာ အေမရွန္ကသိပ္မၾကည္ေပ။ အခုသူမထြက္ခြာသြားေတာ့ တျခားသူေတြက အတန္ငယ္စိတ္သက္သာရာရသြားသည္။ သူတုိ႔အားလံုးက အာ့ေရွာက္ကုိတြဲလိုက္ၾကျပီး ေလကြယ္ရာဆီ ေခၚသြားလိုက္ၾကသည္။

"ဆိုးရြားတာပဲအာ့ေရွာက္ရယ္ မင္းဖ်ားေနတဲ့ရက္ေတြမွာ Dragonျမိဳ႕ေတာ္ရဲ႕ေကာင္းကင္ၾကီးက အထက္ေအာက္လန္သြားျပီ!"

ေနာက္လိုက္အုပ္စုက ဟိုဟိုသည္သည္ေျပာေနၾက၏။ စစဦးဆံုး သူတို႔ကရွန္ေပၚဟန္ေနေကာင္းလားဘာလားေမးေနၾကျပီး ေနာက္ဆံုးေတာ့ သူတို႔ႏွလံုးသားထဲက အံ့ၾသမႈနဲ႔သိခ်င္စိတ္ကုိမဖိႏွိပ္ထားႏုိင္ေတာ့ေခ်။ တစ္ေယာက္ကဦးေဆာင္ေမးလာသည္ : "အာ့ေရွာက္ မင္းအစ္ကုိက ယန္က်င္ရႊင္ကုိလက္ထပ္ေတာ့မယ္ဆိုတာ မင္းသိျပီးျပီလား"

ေရွ႕ဆက္ေလွ်ာက္ရန္ သူတို႔ကုိတိတ္တဆိတ္အမွီျပဳထားရတဲ့ရွန္ေပၚဟန္က ရုတ္ျခည္းသူ႔ေျခလွမ္းေတြကုိ ရပ္တန္႔လိုက္သည္။

ေျပာလိုက္တဲ့လူက သူလည္းအံ့အားသင့္သြားတယ္လို႔ ေတြးလိုက္မိတာေၾကာင့္ က်ယ္က်ယ္ျပန္႔ျပန္႔အေသးစိတ္ရွင္းျပေတာ့သည္ : "ဒါကုိခုနေလးတင္ေၾကညာလုိက္တာ! မင္းအဘိုးကုိယ္တုိင္ေျပာသြားခဲ့တာကြာ!"

"ငါ့တစ္မိသားစုလံုး တကယ္ၾကီးေသာက္က်ိဳးနည္းေရွာ့ခ္ရသြားတာ။ ေျပာရရင္ အဲ့ယန္က်င္ရႊင္...သူ႔မွာဘာေမွာ္အစြမ္းေတြရွိေနလို႔လဲ အျခားတစ္ေယာက္ဆိုရင္လည္း ထားပါေတာ့ ဒါေပမဲ့ဒါကမင္းအစ္ကုိၾကီးေလ! မင္းရဲ႕အၾကီးဆံုးအစ္ကုိ! သူက တကယ္ၾကီး သူ႔ကုိလက္ထပ္ေတာ့မယ္တဲ့!"

"ျပီးေတာ့ ခုနေလးတုန္းက သူ႔ကုိဘယ္လိုဆြဲေခၚသြားလဲဆိုတာကုိ မင္းမျမင္လို႔။ သူကမင္းအစ္ကိုၾကီးေရွ႕မွာ နည္းနည္းေလးေတာင္ရိႈးတုိးရွန္႔တန္႔ ျဖစ္မေနဘူး။ ဘာလို႔မင္းအေရွ႕မွာက် သူကက်ိဳးႏြံျပီးတြန္႔ဆုတ္တြန္႔ဆုတ္ျဖစ္ေနခဲ့ရတာလဲ"

"သူ႔ကုိဥကၠ႒ရွန္က အလိုလုိက္ထားလို႔ေတာ့မျဖစ္ႏုိင္ပါဘူးေနာ္ ဟဟ"

"အဟြတ္ အဟြတ္..." ရုတ္တရက္ ရွန္ေပၚဟန္ကေခ်ာင္းဆုိးလာသည္။

အျခားသူေတြက အလ်င္အျမန္ပင္ အာ့ေရွာက္ေက်ာကိုပုတ္ေပးကာ တစ္ရွဴးကမ္းေပးၾကေပမဲ့ ဒါကလူတုိင္းရဲ႕ေဆြးေႏြးမႈကို ရပ္မသြားေစေပ။

ေစာနတုန္းက သူတို႔အံ့ၾသမႈကုိ အျပည့္အဝမေဖာ္ျပခဲ့ရေခ်။ ဒီအခုိက္အတန္႔မွာ သူတို႔ကဒီအေၾကာင္းကို တစ္ခ်ိန္ကပါဝင္ပတ္သက္ခဲ့ဖူးသူ၊ လက္ရွိတစ္ဝက္ပါဝင္ပတ္သက္သူ ရွန္ေပၚဟန္ေရွ႕မွာ ေျပာခ်င္ေနၾကသည္။

တစ္ေယာက္ကေျပာ၏ : "ယန္က်င္ရႊင္က အမွန္ၾကီး သူ႔ဂုဏ္ျဒပ္ကုိအဆင့္ျမွင့္လိုက္ျပီး မင္းအစ္ကိုၾကီးေနာက္လိုက္ခဲ့ေသးတယ္ ဒီ...ငါတုိ႔အနာဂတ္က် သူ႔ကုိမရီးလို႔ေခၚရေတာ့မွာလား"

"အလိုေလး တာ့ေရွာက္ဘာေတြေတြးေနမွန္း ငါမသိေတာ့ဘူး။ သူကဒီလိုပံုစံမ်ိဳးကုိ ႏွစ္သက္တာလား?"

"ယန္က်င္ရႊင္က အမွန္တကယ္ကိုအၾကံသမားလို႔ငါထင္တယ္။ သူကအာ့ေရွာက္ကိုလည္း ထိန္းသိမ္းလို႔မရေရာ တစ္ဖက္လွည့္ျပီး ပိုၾကီးတဲ့သားေကာင္ေျပာင္းလိုက္တယ္...ငါဆိုလိုတာကကြာ သူကအာ့ေရွာက္ကိုမဖမ္းႏုိင္ေတာ့ တာ့ေရွာက္ဆီခုန္ဝင္လိုက္ျပီးေတာ့ အဆံုးမွာေတာ့ရွန္မိသားစုအိမ္ထဲဝင္လာတယ္! ဒီေတာ့မင္းဂရုစိုက္သင့္တယ္ေနာ္အာ့ေရွာက္။ သူက ရွန္အိမ္ေတာ္ကုိ အျခားရည္ရြယ္ခ်က္ေတြအတြက္ ဝင္လာတာျဖစ္ႏုိင္တယ္..."

"ပါးစပ္ပိတ္ထား" ရွန္ေပၚဟန္က ရုတ္တရက္ထေျပာ၏။

သူ႔အသံက အလြန္အမင္းကိုအက္ကြဲေနျပီး အရင္ကနဲ႔ လံုးလံုးကြာျခားလုနီးပါးပင္။

ဒီစကားလံုးႏွစ္လံုးကိုေျပာျပီးေနာက္ သူကပိုျပီးျပင္းထန္စြာေခ်ာင္းဆိုးလုိက္ေတာ့ အျခားသူေတြက အခ်င္းခ်င္းၾကည့္လိုက္ၾကသည္ __ပါးစပ္ပိတ္ထား? ဘယ္စကားက အာ့ေရွာက္ သူတုိ႔ကုိပါးစပ္ပိတ္ထားလို႔ ေျပာေစရတာလဲ?

နာလန္ထူခါစ ရွန္ေပၚဟန္က အနည္းငယ္မႈန္မိႈင္းေနပံုေပၚျပီး လူတုိင္းက သူ႔ကုိစိတ္အေႏွာင့္အယွက္မေပးရဲေပ။

ေသျခင္းတရားကိုမေၾကာက္တဲ့သူတစ္ေယာက္ေတာ့ ရွိေသး၏
"အာ့ေရွာက္ မင္းဒီလက္ထပ္ပြဲအေၾကာင္းကို သိထားႏွင့္ျပီးသားလား?"

"......"

ကံမေကာင္းစြာနဲ႔ ရွန္ေပၚဟန္က သူ႔အားအေျဖမေပးခဲ့။

အာ့ေရွာက္က စကားေျပာခ်င္ေနမွန္း သူတို႔ျမင္ႏုိင္ေပမဲ့ သူကအသက္ရွဴဖုိ႔ေတာင္ ဖားဖိုၾကီးတစ္ေကာင္လုိ ေဟာဟဲလိုက္ေနတာ စကားေျပာဖုိ႔ကေတာ့ ထားလိုက္ေတာ့ေပါ့။

မတတ္သာတဲ့အဆံုး လူတုိင္းက သူ႔ကုိကုလားထုိင္မွာထုိင္ရန္ တြဲေခၚသြားရေတာ့သည္။

ဧည့္ခံပြဲက တရားဝင္စတင္ျပီးေနာက္ ျခံဝင္းထဲကလူေတြက အေနာက္တုိင္းအစဥ္အလာ စံုတြဲအကကို စတင္ၾကေတာ့သည္။ အနီးအနားက ထုိင္တဲ့ဧရိယာမွာ လူသိပ္မရွိတာမို႔ အေတာ္ေလးတိတ္ဆိတ္ေနသည္။

ကုလားထုိင္မွာ အေတာ္ၾကာထုိင္ျပီးေနာက္ ရွန္ေပၚဟန္က ေနာက္ဆံုးေတာ့ ေခ်ာင္းဆိုးတာရပ္သြားေပမဲ့ ဗလာျဖစ္စြာ ေရွ႕တူရႈကုိစိုက္ၾကည့္ေနျပီး စကားမေျပာေပ။

လူတုိင္းကလည္း တစ္ခဏေလာက္တိတ္ဆိတ္ေနသည္။

ယန္က်င္ရႊင္နဲ႔ရွန္ရိက်င္းကို သူတုိ႔ျမင္ကြင္းထဲမွာ မေတြ႔ႏုိင္ေပမဲ့ ဒီလူေတြကေတာ့ ထုိလူႏွစ္ေယာက္အေၾကာင္းကို ေတြးေနၾကတုန္းပင္။

ခဏၾကာျပီးေနာက္ တစ္စံုတစ္ေယာက္ကေျပာလာသည္ : "သူ ငါတုိ႔အာ့ေရွာက္ကုိ ေမ်ာက္မထားတာမဟုတ္သေရြ႕ ေမ့လိုက္ေတာ့"

"ဟုတ္တယ္ ဟုတ္တယ္"

အာ့ေရွာက္အမူအရာက မေကာင္းမွန္းလည္းျမင္ေရာ လူတုိင္းက ဒီကိစၥအေၾကာင္းေျပာရင္း သူ႔ကိုဆက္မလႈံ႕ေဆာ္ရဲေတာ့ : "သူတုိ႔ဘာၾကီးပဲျဖစ္ေနျဖစ္ေန ငါတို႔အာ့ေရွာက္ကမွ ယန္က်င္ရႊင္ကို စြန္႔ပစ္ခဲ့တဲ့သူေလ။ မင္းတုိ႔အားလံုးေမ့သြားျပီလား? အစတုန္းကဆို ယန္က်င္ရႊင္က အာ့ေရွာက္ေနာက္ေန႔တုိင္းလိုက္ေနတာ။ သူက ႏိုက္ကလပ္ထိေတာင္လိုက္လာျပီး အာ့ေရွာက္ကိုၾကိဳက္တယ္လို႔ပဲ ဆက္တုိက္ေျပာေနခဲ့တာ..."

"ဟုတ္တယ္ ယန္က်င္ရႊင္က အာ့ေရွာက္ေနာက္ တေကာက္ေကာက္လုိက္ေနတဲ့ေခြးတစ္ေကာင္နဲ႔တူတယ္လုိ႔ ငါထင္တယ္။ သူ႔ကုိဘယ္ေနရာလ်က္ခုိင္းခိုင္း လ်က္တယ္ေလ။ အခုသူကတာ့ေရွာက္ေနာက္လိုက္ေနေပမဲ့ ဘာပဲျဖစ္ျဖစ္ သူကထိပ္ကုိလ်က္ရုံပဲမဟုတ္...အား!"

ေျပာေနတဲ့သူက ရုတ္ျခည္းေအာ္ဟစ္လို္က္ရျပီး တစ္ခ်ိန္တည္းမွာပဲ ပံုပ်က္အားနည္းစြာထုိင္ေနတဲ့ ရွန္ေပၚဟန္က ျဗဳန္းစားၾကီး ခက္ထန္လာကာ စကားေျပာေနတဲ့သူ႔အေပါင္းအပါကို လက္သီးနဲ႔ထိုးလိုက္သည္။

"မင္းရဲ႕ခ်ီးပါးစပ္ကို ပိတ္ထားလုိက္!"

သူကဖ်ားေနဆဲဆိုေပမဲ့ အားအျပည့္နဲ႔သူ႔ထိုးခ်က္က မသက္သာလွဘဲ သူ႔ေအာ္သံကလည္း ေၾကာက္မက္ဖြယ္ရာပင္။

ဒါကမျပီးဆံုးေသးဘဲ ခ်က္ခ်င္းပင္ ေနာက္ထပ္ ထပ္ထိုးကာ အျခားစကားလံုးေတြျဖင့္ ဆဲေရးေတာ့၏။

အေပါင္းအပါရဲ႕မ်က္ႏွာက ခ်က္ခ်င္းပင္အေရာင္ေျပာင္းသြားျပီး အျခားသူေတြကလည္း ေရွာ့ခ္ရေနကာ လ်င္လ်င္ျမန္ျမန္မတ္တပ္ရပ္ျပီး သူတို႔ကိုလူခြဲလိုက္ရသည္။

"မင္းဘာလုပ္ေနတာလဲ အာ့ေရွာက္ ဘာလို႔သူ႔ကုိထိုးရတာလဲ?" လင္လိက ရွန္ေပၚဟန္ရဲ႕လက္သီးကို ဦးေဆာင္ကာဆြဲတားလိုက္သည္။

သူထင္လုိက္တာက အာ့ေရွာက္က ခဏတာစိတ္ရႈပ္ေထြးေနတာေၾကာင့္ တစ္စံုတစ္ေယာက္ကုိ ထိုးမိတာေပါ့၊ ဒါေပမဲ့ မေမွ်ာ္လင့္ထားစြာပဲ ရွန္ေပၚဟန္က သူ႔လက္ကုိပါခါခ်လာသည္ : "ငါလူး ငါ့ကိုမထိနဲ႔ မင္းလည္းဘာမွေကာင္းေနတာမဟုတ္ဘူး!"

သူ႔အသံက အက္ကြဲေနကာ က်ိဳးပ်က္လုနီးနီးဆိုေပမဲ့ သူ႔စကားလံုးေတြရဲ႕အဓိပၸါယ္ကေတာ့ ထင္သာျမင္သာရွိလွ၏။

ၾကမ္းတမ္းရက္စက္စြာ အတြန္းခံလုိက္ရရင္း လင္လိက ၾကက္ေသ,ေသေနေတာ့၏။ အျခားသူေတြကလည္း ဒီဘက္ျခမ္းက ရုတ္ရုတ္သဲသဲျဖစ္မႈကို ၾကားတဲ့အခ်ိန္ အားလံုးက ေခါင္းလွည့္ျပီးၾကည့္ရင္ၾကည့္၊ ဒါမွမဟုတ္ ပတ္ပတ္လည္မွာပဲ ရိုးရွင္းစြာစုရုံးလာၾကသည္။

သူတို႔အဖြဲ႔ထဲမွာ လင္လိရဲ႕ေနရာက ရွန္ေပၚဟန္ေနာက္ ဒုတိယေနရာမွာပင္၊ အခု ထိုညီငယ္ေတြက သူ႔ကုိထိတ္ထိတ္ပ်ာပ်ာၾကည့္ေနၾကေတာ့ သူမ်က္ႏွာပ်က္သလိုခံစားရ၏။

သို႔တေစ ရွန္ေပၚဟန္ရဲ႕လက္ရွိေဒါသကို သူမေဖာ္ထုတ္ႏုိင္ေပ။ တတ္ႏုိင္သေလာက္ အသင့္ေလ်ာ္ဆံုးျဖစ္ရန္ အေကာင္းဆံုးၾကိဳးစားရုံသာတတ္ႏုိင္ျပီး တည္ျငိမ္စြာေျပာလုိ္က္သည္ : "ရွန္အာ့ မင္းရူးေနျပီ! မင္းငါတုိ႔နဲ႔ ဘယ္လိုရူးသြပ္မႈမ်ိဳးကိုကစားေနတာလဲ"

သူ႔ေလသံက အာ့ေရွာက္ကုိ ႏွစ္ဖက္စလံုးအေနာက္တစ္လွမ္းစီဆုတ္ရန္ သဲလြန္စပါရွိေန၏။

ရွန္ေပၚဟန္က တကယ္ပဲဘာမွမလုပ္သလုိ ဘာမွလည္းထပ္မေျပာေပ။

ေနာက္လုိက္အုပ္စုရဲ႕အဖြဲ႔ဝင္ေတာ္ေတာ္မ်ားမ်ားက အျခားဧည့္သည္ေတြၾကားမွာ တိတ္ဆိတ္ေနသည္။ လင္လိနဲ႔အျခားသူေတြက ေနာက္ဆံုးမွတံု႔ျပန္ႏိုင္သြားသည္။ ခုနက ရွန္ေပၚဟန္လူေတြကုိရုိက္ေနခ်ိန္မွာ ဆဲေရးေနတာအျပင္ သူအေအာ္အမ်ားဆံုးအရာကေတာ့...
"ယန္က်င္ရႊင့္အေၾကာင္း မင္းတစ္ခုေလာက္ထပ္ေျပာရဲရင္ေျပာၾကည့္စမ္း"

ထိုကဲ့သို႔ဟာမ်ိဳးပင္။

...

ဒီေတာ့ အေျခအေနကဘာၾကီးလဲ?

အာ့ေရွာက္က တကယ္ၾကီးယန္က်င္ရႊင္ကို ၾကိဳက္ေနတုန္းလား? ?

အဖြဲ႔ထဲမွလူအားလံုး ေရွာခ့္ရကုန္သည္။

"ဒါက တစ္ခုတည္းေသာေျဖရွင္းခ်က္ပဲ မဟုတ္ရင္သူဘာလို႔ရုတ္တရက္ၾကီးလူထရိုက္မွာလဲ! အမ်ားဆံုးမွ ငါတုိ႔က မေက်မနပ္ေျပာေနခဲ့ရုံေလးေလ!"

"ဒါက ပိုင္ရွင္ေျပာင္းသြားတဲ့ ေခြးတစ္ေကာင္သာသာပဲေလ၊ အာ့ေရွာက္က တကယ္ၾကီးအဲ့ဒါကုိအေလးအနက္ထားေနတာလား?!"

လူတုိင္းက သူတုိ႔ႏွလံုးအိမ္ထဲမွာ မေက်မခ်မ္းညည္းညဴေနၾကေပမဲ့ လင္လိကေတာ့အေတြးနက္ေနသည္။ သူရုတ္တရက္ေတြးမိသြားတယ္ ဒီရက္ပိုင္းရွန္ေပၚဟန္က ေနမေကာင္းျဖစ္ေနျပီး သူတုိ႔ကုိလည္းလာေတြ႔ခြင့္မျပဳတာေတြက ယန္က်င္ရႊင္နဲ႔လည္း ဆက္စပ္ေနလိမ့္မယ္...

ပံုမွန္အားျဖင့္ အာ့ေရွာက္ဖ်ားေနတဲ့အခ်ိန္ သူတုိ႔ကသူ႔အိမ္သြားျပီး သြားရႈပ္ၾကသည္။ ထိုအခ်ိန္မွာ တစ္ဖက္လူက သူတုိ႔ရွိေနရင္ မပ်င္းရဘူးဟုေျပာကာ သူတို႔ကုိေပ်ာ္ေပ်ာ္ရႊင္ရႊင္ဧည့္ခံတတ္စျမဲပင္။

သုိ႔ေသာ္ျငား ဒီရက္ေတြမွာ...သိသိသာသာကုိ မူမမွန္ျဖစ္လြန္းတယ္!

သူတို႔ကုိ ေတြ႔ခြင့္ပိတ္ထားတဲ့သူက အာ့ေရွာက္အေမမဟုတ္ဘဲ အာ့ေရွာက္ကုိယ္တုိင္က သူတို႔ကုိမေတြ႔ခ်င္တာေၾကာင့္ ရည္ရြယ္ခ်က္ရွိရွိေရွာင္ေနတာလည္း ျဖစ္ႏုိင္တာပဲ

သုိ႔ေပမဲ့ ဒီတစ္ေခါက္ဖ်ားနာမႈက တကယ္ကိုျပင္းထန္တာ...

...ယန္က်င္ရႊင္ ေကာင္ေလးေျပာင္းလုိက္တဲ့အေၾကာင္း အာ့ေရွာက္သိသြားျပီး ေဒါသနဲ႔ဖ်ားသြားတာမ်ား ျဖစ္ႏုိင္မလား?

ဒါမွမဟုတ္ ေသာကေတြျပည့္သိပ္သြားတဲ့ ဖ်ားနာမႈလား?

မတုိင္မီက ရွန္အာ့က ယန္က်င္ရႊင္ကိုအရမ္းကာကြယ္ေပးေနတာကုိ သူျမင္ခဲ့သည္။ သူက ယန္က်င္ရႊင့္ကို လူတုိင္းေရွ႕ေမွာက္မွာ ဆူပူၾကိမ္းေမာင္းေနက်ဆိုေပမဲ့ အခုခ်ိန္မွာေတာ့ သူ႔ေနာက္ကြယ္မွာ နည္းနည္းေလာက္ေျပာရုံနဲ႔တင္ ေဒါသတၾကီးလူေတြကိုရုိက္ႏွက္တယ္...

လင္လိကလည္း ပုိပိုျပီးေဒါသထြက္လာ၏။ သူအေစာၾကီးကတည္းက ဒီပြဲကုိတက္ေရာက္ရန္ ရွန္အာ့ရဲ႕အလင္းေရာင္ကို ငွားရမ္းလို႔မရခဲ့တဲ့အတြက္ ေဒါသထြက္ေနခဲ့တာကို အခု တစ္ဖက္လူက သူ႔ကုိေပၚတင္ပဲ ဘာမ်က္ႏွာသာမွမေပးေတာ့ဘူး...

အဲ့ထက္ပိုတာက ရွန္အာ့ေရွာက္က အျမဲဒီလိုမ်ိဳးစက္ဆုပ္ဖြယ္လူက်င့္ဝတ္၊ အျပဳအမူရွိသူတစ္ေယာက္ျဖစ္တာမို႔ သူ႔ေနာက္လိုက္တာက အဓိပၸါယ္မရွိေပ။ *ရႊံ႕ေတြက နံရံကုိမဟန္႔တားႏိုင္ဘူး။ သူက တာ့ေရွာက္ရယ္ကုိ လံုးဝမယွဥ္ႏုိင္ေပ။

[*စြမ္းရည္မရွိသူေတြက ဘယ္ေနရာကိုမွရလိမ့္မည္မဟုတ္ေပ]

...

အစတုန္းက သူဘာလို႔အာ့ေရွာက္ေလွေပၚေရာက္သြားခဲ့ရတာလဲ?

တာ့ေရွာက္ရယ္က ေအးစက္ျပီးခက္ထန္ေသာ္ျငား သူကရင့္က်က္ကာ က်ိဳးေၾကာင္းဆီေလ်ာ္ျပီး သူ႔လက္ေအာက္ငယ္သားေတြကုိ မၾကိမ္းေမာင္း၊မရိုက္ႏွက္ေပ...

လခြမ္းပဲ အဲ့ဒါအမွန္ပဲ တကယ္လို႔တာ့ေရွာက္ရယ္က ႏုိင္ငံရပ္ျခားမွာ ႏွစ္ရွည္ၾကာစြာေနထုိင္ခဲ့ျပီး သူတို႔ေတြက အဲ့လူကုိေမ့သြားခဲ့တယ္ဆိုတဲ့အခ်က္ေၾကာင့္သာ မဟုတ္ရင္ ဘယ္ေသာက္ရူးကမ်ား အာ့ေရွာက္ဆီကုိဘက္ေျပာင္းေနခဲ့မွာလဲ!

သူဒါကိုပိုေတြးေလေလ ပုိျပီးေနာင္တရေလေလျဖစ္ကာ လင္လိရဲ႕ေဒါသကလည္း အရွိန္တက္လာသည္။

သို႔ေသာ္ျငား သူတုိက္ရိုက္ေအာ္ထုတ္လိုက္တဲ့အထိေတာ့ လုပ္မွာမဟုတ္။

လူတစ္ေယာက္ကုိသတ္ဖို႔က သူတုိ႔ႏွလံုးသားကုိ သတ္ရမယ္။ လင္လိက တမင္သက္သက္ ျပႆနာကိုသာလွ်င္ ရွာေတြ႔သြားျပီး မယွဥ္သာေအာင္ေရွာ့ခ္ရသြားကာ မေတြးေတာႏုိင္ေတာ့တဲ့ပံုကိုဟန္ေဆာင္ျပီး : "ငါေျပာတာက အဲ့လိုမဟုတ္ပါဘူး..အာ့ေရွာက္ မင္းၾကိဳက္ေနေသးလို႔မျဖစ္ဘူးေလ...မျဖစ္ဘူး သူကမင္းမရီးေလကြ!"

......

သူဒါကုိေျပာလုိက္ေတာ့ ပြဲလာပရိတ္သတ္ေတြက အုတ္ေအာ္ေသာင္းတင္းျဖစ္သြားေတာ့သည္။

အားလံုးရုတ္ျခည္းဆိုသလို ေဆြးေႏြးမႈေတြက တစ္ခုျပီးတစ္ခုထြက္ေပၚလာသည္။အဆံုးမွာေတာ့ ပတ္လည္ရွိ လူအမ်ားစုက ရွန္ေပၚဟန္ကုိသိတယ္ေလ

ရွန္မိသားစုအေျခအေနရယ္၊ ယေန႔လူအိုၾကီးရွန္ေၾကညာမႈေခါင္းစဥ္ရယ္ေပါင္းစပ္လိုက္ေတာ့ ထိုမရီးကဘယ္သူမွန္း မွန္းဆရန္မခက္ခဲေတာ့ေခ်။

......

ဒီလိုေပါက္ကြဲဖြယ္သတင္းေၾကာင့္ ဘယ္သူကမ်ား ေရွာ့ခ္မရဘဲေနမွာလဲ!

ထုိ႔ထက္ပိုတာက လူအုပ္ၾကားရွိအေမးခံလုိက္ရတဲ့အာ့ေရွာက္က အဲ့ဒါကုိမျငင္းပယ္ခဲ့ေပ။ သူက ေဒါသထြက္ေနတာလား ဘာလားဆိုတာ ဘယ္သူမွမေသခ်ာေပ။

ဒါက...ပိုလို႔ေတာင္စိတ္လႈပ္ရွားဖို႔ေကာင္းေသးတယ္!

သူတုိ႔အားလံုးသိထားတာက ရွန္မိသားစုရဲ႕တာ့ေရွာက္ရယ္က လက္ထပ္ေတာ့မယ္

သို႔ေပမဲ့ ဘယ္သူမွမသိတာက...ထုိအသစ္ေပၚေပါက္လာသူနဲ႔အာ့ေရွာက္မွာလည္း ဒီလိုမ်ိဳးဆက္ႏြယ္မႈတစ္ခုရွိေနတယ္ဆိုတာကုိပဲ!

ေဆြးေႏြးမႈက သိပ္မၾကာလိုက္ေပ။ သိပ္မေဝးတဲ့ဆီမွာ ေနာက္ထပ္ပြက္ေလာရိုက္မႈျဖစ္လာသည္။ တမူထူးကာ ရွည္လ်ားေျဖာင့္မတ္တဲ့ရွန္ရိက်င္းက လူအုပ္ၾကားကိုတုိးလို႔ အတြင္းဘက္ဆီေရာက္လာသည္။

သူ႔ေဘးမွာေတာ့ ယေန႔အျငင္းပြားမႈရဲ႕ဇာတ္လုိက္ျဖစ္သူ ေခ်ာေမာတဲ့လူငယ္ေလးပင္။

"အဲ့ကေလးနာမည္က ယန္က်င္ရႊင္မလား?"

ပတ္ပတ္လည္မွာ လူေတြကပိုပိုမ်ားလာျပီး ပြဲၾကည့္ပရိတ္သတ္ေတြက တီးတုိးေျပာလာသည္:
" ငါၾကားခဲ့တာေတာ့ ရွန္မိသားစုရဲ႕သခင္ငယ္ေလးႏွစ္ေယာက္က မဆိုးမေကာင္းဆက္ဆံေရးမ်ိဳးရွိတယ္တဲ့ အခုဘယ္လိုလုပ္ျပီး ဒီလုိမ်ိဳးတူညီတဲ့လူကုိ ၾကိဳက္သြားရတာလဲ..."

" အနီးကပ္ျမင္ရေတာ့ သူကေတာ္ေတာ္ကိုၾကည့္ေကာင္းတာ"

"ဘယ္မိသားစုက ကေလးမွန္းငါမသိေပမဲ့ လူအိုၾကီးရွန္ဆီကေန ငါၾကားတာကေတာ့ ဒီလူူငယ္ေလးက အေတာ္ေလးလုပ္ႏုိင္စြမ္းရွိတယ္တဲ့"

"ဒါက အံ့ၾသစရာမဟုတ္ပါဘူး မဟုတ္ရင္ ဘယ္လိုလုပ္သူကဒီလိုမ်ိဳးကုိဖမ္းဆြဲႏုိင္ပါ့မလဲ!..."

"အာ့ေရွာက္က သူ႔အစ္ကုိကုိ အႏုိင္မယူႏုိင္တာကသာမန္ပါပဲ။ ရွန္ေပၚဟန္က အရမ္းငယ္လြန္းေသးတယ္ေလ ငါၾကားတာေတာ့ သူကေကာလိပ္မွာေတာင္ ေကာင္းေကာင္းမေလ့လာဘူးတဲ့၊ ျပီးေတာ့ရွန္ရိက်င္းကိုၾကည့္လုိက္ဦး။ ဒီလူႏွစ္ေယာက္မွာ တစ္ေယာက္က ျမင့္မားလြန္းျပီး တစ္ေယာက္ကေတာ့ နိမ့္က်လြန္းတယ္"

"ေဟး အဲ့ဒါကပံုမွန္ပဲမဟုတ္ဘူးလား? အာ့ေရွာက္ရယ္ရဲ႕အေမက ဒုတိယဇနီးဆိုတာ ဘယ္သူကမသိလို႔လဲ။ သူကေလးဘဝတည္းက သူ႔မိဘေတြက အလိုလိုက္ထားခဲ့တာ၊ တာ့ေရွာက္ရယ္ကုိၾကည့္လုိက္ဦး...သူက ငယ္ငယ္ေလးကတည္းက တစ္ေယာက္တည္းၾကီးျပင္းလာတာေလ။ ငါသူငယ္ခ်င္းတစ္ေယာက္ဆီက ၾကားတာကေတာ့ သူ႔အေဖက အရမ္းကိုဘက္လိုက္တယ္တဲ့!"

"အဲ့မိေထြးကလည္း ေကာင္းမေနပါဘူးကြာ။ သူမက ဒီႏွစ္ေတြအတြင္း ရွန္မိသားစုနာမည္ေအာက္ကေန စီးပြားေရးေတြလုပ္ခဲ့တာ ဒါေပမဲ့ျပီးခဲ့တဲ့ႏွစ္အနည္းငယ္မွာ ကုမၸဏီေတြကအခြံလြတ္ျဖစ္ေနတဲ့ကိစၥျဖစ္သြားေသးတယ္..."

"ေဟး မင္းေျပာမွပဲငါမွတ္မိျပီ! သူမက လံုးဝကိုရုိးသားတဲ့သူမဟုတ္ဘူး။ ရွန္မိသားစုရဲ႕ဂုဏ္သတင္းက အတည္ၾကီးကုိက်ဆင္းသြားတာ၊ တာ့ေရွာက္ရယ္ျပန္လာျပီးေနာက္မွပဲ ျပန္တည္ေဆာက္ႏုိင္ခဲ့တာေလ!"

အျခားသူေတြေဆြးေႏြးေနစဥ္ ရွန္ရိက်င္းနဲ႔က်င္ရႊင္ကေတာ့ နီးကပ္လာေနျပီျဖစ္သည္။

ထိုခိုးေဆြးေႏြးသံေတြကို ရွန္ေပၚဟန္ၾကားႏုိင္ေပမဲ့ ေသသပ္တဲ့ဝတ္စံုျဖင့္ သူ႔ဆီေလွ်ာက္လွမ္းလာေသာလူငယ္ေလးကုိ ျမင္လုိက္ရေတာ့ အျခားဘာကုိမွဂရုမျပဳႏုိင္ေတာ့ေပ။

သာယာဖြယ္ပီယာႏုိေတးသြားက ဥယ်ာဥ္ထဲမွာ ပ်ံ႕လြင့္ေနဆဲပင္။

ရွန္ေပၚဟန္က ဒီလက္ရာကုိသိသည္၊ "Mariage d'amour"ပင္။

သူ႔မ်က္လံုးထဲမွာေတာ့ ၾကည္လင္ျဖဴသန္႔ေနတဲ့ျမင့္ျမတ္ေရာင္ျခည္ဟာ ပိန္ပါးရွည္လ်ားတဲ့လူငယ္ေလးအေပၚ ျဖာသြန္းေနျပီး ယန္က်င္ရႊင့္ေျခဖဝါးေအာက္ဝယ္ က်က္သေရရွိတင့္တယ္လွတဲ့ပန္းပြင့္ျဖဴေတြပြင့္လန္းေနသလုိပင္။

...သူမေန႔က အိပ္မက္တစ္ခုမက္ခဲ့တယ္

သူမက္ခဲ့တဲ့ထဲမွာ ယန္က်င္ရႊင္က ဒီလုိမ်ိဳးပဲ ေရာင္လွ်ံစက္ဝန္းတုိ႔ဖံုးလႊမ္းလ်က္ churchေက်ာင္းဝင္ေပါက္ကေန သူ႔ဆီကုိျဖည္းညင္းစြာေလွ်ာက္လွမ္းလာသည္။

သူတို႔ေတြက အထြတ္အျမတ္ထားအပ္တဲ့ေဟာခန္းမထဲမွာ ရွိေနၾကျပီး အခုလိုမ်ိဳးပဲ လူတုိင္းရဲ႕ဝန္းရံခံလ်က္ ေဆြမ်ိဳးမိတ္သဟာေတြဆီကေန ေကာင္းခ်ီးဆုေတာင္းတုိ႔ လက္ခံခါနီးပင္ျဖစ္သည္။

အဆံုးမွာေတာ့ အိပ္မက္ထဲက ယန္က်င္ရႊင္က သူ႔ဆီေလွ်ာက္လွမ္းမလာခဲ့ေပ။

အခုနဲ႔တူတူပဲ။ သူက ရွန္ရိက်င္းေဘးကိုေလွ်ာက္သြားကာ ႏွစ္ဦးသားက ထပ္တူညီစံုတြဲဝတ္စံုေတြကုိဝတ္ဆင္ထားၾကျပီး အခ်င္းခ်င္းအၾကည့္ခ်င္းဖလွယ္ေနၾကသည္။

ပတ္ဝန္းက်င္ရွိေဆြးေႏြးသံေတြက ပိုပိုၿပီးထင္ရွားလာသည္ __

“ဒီလိုမ်ိဳး တူတူရပ္လိုက္ေတာ့ ဥကၠ႒ရွန္က ပိုၿပီးခံ့ညားေနတုန္းပဲ”

“ ဘာျဖစ္မွန္းငါမသိေပမဲ့ ဒီေန႕လိုပြဲအခမ္းအနားမွာေတာ့ အာ့ေရွာက္က ဒီလိုျမင္ကြင္းမ်ိဳးမလုပ္သင့္ဘူး”

“ မင္းမရီးကိုႀကိဳက္တာတို႔ ဘာတို႔ကအရမ္းကိုစိတ္လႈပ္ရွားဖို႔ေကာင္းလြန္းတယ္ ေခြးေသြးဒရမ္မာေတြနဲ႕ျပည့္ေနတဲ့ စစ္မွန္တဲ့လူခ်မ္းသာမိသားစုဗားရွင္းေပါ့ ဟားဟားဟား…”

“ဝူးဝူးဝူး အဲ့ဒါကိုမေျပာစမ္းပါနဲ႕၊ ငါလည္းညီအစ္ကိုႏွစ္ေယာက္လုံးရဲ႕ႀကိဳက္တာကို ခံခ်င္လိုက္တာ တကယ္တမ္းက်ေတာ့ အာ့ေရွာက္ကအဲ့ေလာက္အဆိုးႀကီးမဟုတ္ပါဘူး…”

“…မင္းကလား?”

“ငါ့ေကာင္တို႔ေရ မင္းတို႔ေတြ ခ်ၾကေတာ့မွာလား?”

“ အာ ငါအဲ့ဒါကိုေစာင့္စားေနမယ္ေနာ္”

ဦးတည္ရာအားလုံးကေန စကားေျပာေနၾကတဲ့လူေတြမ်ားလြန္းတာေၾကာင့္ အသံေတြက အနီးအနားရွိသီခ်င္းသံကိုေတာင္ လႊမ္းမိုးသြားလုနီးပါးပင္။ လူတိုင္းက ထိုအေၾကာင္းကိုေပၚတင္ေျပာေနၾကတာကိုျမင္ေတာ့ အျခားသူေတြက ပိုပိုၿပီးမရိုးမေျဖာင့္ျဖစ္လာၾကသည္။

ရွန္ေပၚဟန္က လက္သီးတင္းတင္းဆုပ္လိုက္မိ၏။

တစ္ခ်ိန္တည္းမွာပင္ ယန္က်င္႐ႊင္နဲ႕ရွန္ရိက်င္းက သူ႕ေရွ႕ေမွာက္မွာ လာရပ္ၾကသည္။

ရွန္ေပၚဟန္က ေဘးခ်င္းကပ္မတ္တပ္ရပ္ေနတဲ့လူႏွစ္ေယာက္ကို ေငးၾကည့္လိုက္သည္။

ဥကၠ႒ရွန္လာတာကိုျမင္ေတာ့ ထိုဝန္းရံထားမႈအတြင္းရွိေနတဲ့လင္လိနဲ႕အျခားသူေတြက ထပ္ၿပီးမေျပာရဲေတာ့ေပ။

--ဒီေနရာမွ ဆူဆူညံညံျဖစ္မႈက ရွန္ရိက်င္းကို ေႏွာင့္ယွက္မိသြားလိမ့္မယ္လို႔ သူတို႔ထင္မထားခဲ့ေပ

ရွန္ရိက်င္းရွိတဲ့ေနရာတိုင္း သူတို႔စကားလုံးေတြနဲ႕ အျပဳအမူေတြကို အသိစိတ္ရွိစြာျဖင့္ သတိထားရသည္။

“ဥကၠ႒ရွန္” လင္လိက သူ႕ေခါင္းကိုအနည္းငယ္ၫြတ္ကာ အျခားသူေတြနဲ႕အတူ ရွန္ရိက်င္းအားႏႈတ္ဆက္လိုက္သည္။

သို႔ေသာ္ျငား ရွန္ရိက်င္းက သူတို႔ကိုအနည္းငယ္သာေစာင္းၾကည့္ၿပီး ျပန္မေျဖေပ။

ထိုထူးမျခားနားမက္မြန္ပြင့္သ႑ာန္မ်က္ဝန္းေတြနဲ႕ ၿမဲၿမံစြာစိုက္ၾကည့္ခံလိုက္ရေတာ့ လင္လိနဲ႕အျခားသူေတြက အေတာ္ၾကာမွတုံ႕ျပန္နိုင္သြားၿပီး သူ႕ေဘးရွိက်င္႐ႊင့္ကိုႏႈတ္ဆက္လိုက္သည္ : “ယန္…Mr.ယန္ c-congratulations ပါ”

က်င္႐ႊင္ကလည္း ဘာအသံမွမျပဳေပ။

သူက အနီးအနားရွိ ရွန္ေပၚဟန္ကိုသာၾကည့္လိုက္သည္။

သူတို႔ပတ္လည္ရွိေဆြးေႏြးမႈေတြက ရွန္မိသားစုညီအစ္ကိုႏွစ္ေယာက္ရဲ႕ ဆန႔္က်င္ကြဲလြဲမႈကို နက္နက္ရွိုင္းရွိုင္းဆက္တူးေဖာ္ေနၾကသည္။ က်င္႐ႊင္က မေနနိုင္ဘဲ အဲ့အေၾကာင္းကို အနည္းငယ္ပိုၿပီးစဥ္းစားၾကည့္လိုက္မိ၏ __ဆန္ကုန္ေျမေလးgongက ဒီေန႕တမင္တကာ ျပႆနာလာရွာၿပီး သူ႕ကိုလက္တုံ႕ျပန္ဖို႔ေတာ့မဟုတ္ပါဘူးေနာ္?

ထိုအခိုက္အတန႔္မွာ ရွန္ရိက်င္းကလည္း သူ႕အာ႐ုံကို ရွန္ေပၚဟန္ဆီေ႐ႊ႕လိုက္သည္။ အရပ္မ်က္ႏွာအစုံမွ ေဆြးေႏြးမႈကို တုံ႕ျပန္တဲ့အေနျဖင့္ သူကတည္ၿငိမ္ေသာအမူအရာျဖင့္ေမးလိုက္သည္ : “အားဟန္က သက္သာသြားၿပီလား”

ရွန္ေပၚဟန္က က်င္႐ႊင့္ကို အေတာ္ေလးၾကာေအာင္ ၾကည့္ေနဆဲဆိုေပမဲ့ သူ႕အစ္ကိုႀကီးရဲ႕စကားလုံးေတြကို လ်စ္လ်ဴမရႈခဲ့။ သူျပန္ေျဖလိုက္၏
“သက္သာလာပါၿပီ”

သူ႕အျမင္အာ႐ုံထဲမွာ ရွန္ရိက်င္းက လူျမင္ကြင္း၌ ယန္က်င္႐ႊင့္လက္ကို ဆုပ္ကိုင္ထားသည္။

ထိုေျပာင္းလဲမႈကို သတိျပဳမိရင္း သူ႕မ်က္လုံးေတြက ထိုလက္ကေနတစ္ဆင့္ ရွန္ရိက်င္းရဲ႕ခႏၶာကိုယ္ဆီ တစ္ဆက္တည္းလိုက္ပါသြား၏။

အလင္းေရာင္ေအာက္မွာ လူငယ္ေလးက သိမ္ေမြ႕စြာျဖင့္ သူ႕အစ္ကိုႀကီးနံေဘးကို ယိုင္လိုက္သည္။

ရွန္ရိက်င္းက သူ႕အား ျဖည္းညင္းစြာျဖင့္ အဓိပၸါယ္ပါပါေျပာလာသည္
“ငါတို႔အရင္က ႏွစ္ႀကိမ္ေတြ႕ၿပီးၿပီးေနာ္ ဟုတ္တယ္မလား? ဒါကမင္းရဲ႕မရီးပဲ”

“……”

ရွန္ေပၚဟန္ရဲ႕တင္းက်ပ္ေနတဲ့ လက္သီးဆုပ္က ေျပေလ်ာ့သြားၿပီးေနာက္ တစ္ဖန္ျပန္တင္းက်ပ္သြားကာ ဘယ္အခ်ိန္မွာမဆို ခုနကသူလုပ္ခဲ့သလိုမ်ိဳး ထထိုးေတာ့မယ့္ပုံနဲ႕ပင္။

သို႔တေစ သူ႕မ်က္ႏွာခ်င္းဆိုင္ရွိ ရွန္ရိက်င္းကေတာ့ ေနရာမွာပဲ ခိုင္မာစြာရပ္ေနသည္။

သူ႕မ်က္လုံးေတြက နက္ေမွာင္နက္ရွိုင္းေနၿပီး သူ႕အၾကည့္ကလည္း မီးတိုင္တစ္ခုလိုပင္။ အေပၚစီးကေန သူ႕ကို တည့္တည့္မတ္မတ္ စီးမိုးၾကည့္လာတဲ့အခ်ိန္ ပတ္ဝန္းက်င္ကပင္ မီးခိုးေရာင္သန္းသြားသလို။

အနီးအနားရွိလူေတြေတာင္မွ ဖိႏွိပ္မႈတစ္မ်ိဳးကိုခံစားေနရသည္။

လက္သီးတင္းတင္းဆုပ္ထားတဲ့ ရွန္ေပၚဟန္က အဆုံးမွာေတာ့ မလႈပ္ရွားခဲ့ေပ။

အဲ့အစား ရွန္ရိက်င္းက အနိမ့္သံျဖင့္ သူ႕ကိုထပ္ေခၚလာသည္ : “အားဟန္”

ေလသံက အတန္ငယ္တင္းမာေန၏။

“…”

ရွန္ေပၚဟန္ရဲ႕တင္းေနေအာင္ဆုပ္ထားတဲ့လက္သီးက တုန္ယင္လာသည္။

သူ႕မ်က္လုံးေတြက မ်က္အိမ္ထဲကေန ထြက္ေတာ့မေယာင္ျဖစ္လာကာ ပိန္လွီေနတဲ့ပါးျပင္က အံတင္းတင္းႀကိတ္ထားမႈေၾကာင့္ ပိုပိုၿပီးတြန႔္ရႈံ႕လာသေယာင္။

ဒီလိုမတိုးသာမဆုတ္သာအေျခအေနက အခ်ိန္ဘယ္ေလာက္မွန္းမသိ ၾကာေညာင္းသြားသည္။

ရွန္ရိက်င္းရဲ႕မ်က္ေတာင္မခတ္ စူးရွတဲ့အၾကည့္ေအာက္မွာ ရွန္ေပၚဟန္ရဲ႕နီရဲေနတဲ့မ်က္ဝန္းေတြက ေနာက္ဆုံး၌ က်င္႐ႊင့္ဆီတစ္ဖန္ျပန္လည္က်ေရာက္သြားျပန္သည္။

ၿပီးေတာ့ ဒီနီးကပ္တဲ့အကြာအေဝးမွာ သူ႕မ်က္လုံးေတြက ႐ုတ္ျခည္းပို၍နီရဲလာသည္။

မေရမတြက္နိုင္တဲ့ခံစားခ်က္ေတြက လွ်ံထြက္က်မတတ္ျဖစ္လာေပမဲ့ အဆုံးမွာေတာ့ ဘာမွျဖစ္မသြားခဲ့ေပ။

ရွန္ေပၚဟန္က အသက္ျပင္းျပင္းရႉကာ ေနာက္ဆုံးေတာ့စကားေျပာလာသည္ : “မဂၤလာပါ မရီး”

သူ႕အသံက အနည္းငယ္မူမမွန္စြာျဖင့္ က်ယ္ေလာင္ေနကာ သူ႕မွာရွိသလိုအားေတြအကုန္လုံး ထည့္သြင္းလိုက္သလိုမ်ိဳးျဖစ္ေနၿပီး ဖ်ားေနတဲ့အသံနဲ႕လုံးဝမတူေပ။

ဒါက လုံေလာက္ေအာင္ၾကည္လင္တာေၾကာင့္ ပတ္လည္ရွိလူေတြပါ ၾကားသြားၾကၿပီး ၿငိမ္က်သြားသည္။

ခုနက မဂၤလာပါဆိုတာက တံခါးအခ်ိဳ႕ကို ဖြင့္လိုက္ပုံေပၚၿပီး အဲ့ဒီေနာက္မွာေတာ့ ရွန္ေပၚဟန္က အၿပဳံးတစ္ခုေပးလာသည္။

ထိုအၿပဳံးက အ႐ုပ္ဆိုးေပမဲ့ အေတာ္ေလးသဘာဝဆန္သည္။ သူက အနည္းငယ္သက္ေတာင့္သက္သာရွိတဲ့အသံျဖင့္ ရွန္ရိက်င္းအားေျပာလိုက္သည္ : “အစ္ကိုႀကီး ေစ့စပ္ပြဲအတြက္ဂုဏ္ယူပါတယ္။ ဒီရက္ေတြအတြင္း ကြၽန္ေတာ္ဖ်ားေနတာနဲ႕ အစ္ကိုႀကီးကိုဘာမွမကူလိုက္ရဘူး။ တကယ္လို႔ေနာက္ပိုင္းတစ္ခုခုလိုအပ္ခဲ့ရင္ ကြၽန္ေတာ့္ကို ဘယ္အခ်ိန္မဆိုေခၚနိုင္ပါတယ္”

သူဒါကိုေျပာၿပီးေနာက္ ပတ္ဝန္းက်င္ရွိ ေဆြးေႏြးမႈ၊ထင္ေၾကးေပးမႈမ်ိဳးစုံက ခ်က္ခ်င္းရပ္တန႔္သြားသည္။

သို႔ေပမဲ့ ရွန္ေပၚဟန္က ဒါကိုထပ္ၿပီးသတိမျပဳနိုင္ေတာ့ေခ်။

သူက တစ္ဖန္ၿပဳံးကာ “ကြၽန္ေတာ္နည္းနည္းမသက္မသာျဖစ္ေနေသးတယ္၊ အဲ့ဒါေၾကာင့္မို႔ ကြၽန္ေတာ္အနားယူဖို႔အရင္ျပန္သြားလိုက္ဦးမယ္ အစ္ကိုႀကီး…မရီး”

သူထြက္သြားေတာ့မယ္ဆိုတာ အခ်က္ျပၿပီးေနာက္ လူအုပ္ႀကီးကိုတိုးေဝွ႕ကာ ဗီလာရဲ႕ေရွ႕တံခါးဆီ တည့္တည့္ေလွ်ာက္သြားလိုက္၏။

ပြဲၾကည့္ပရိတ္သတ္အခ်ိဳ႕က အေနာက္မွလိုက္ကာ လူစုခြဲလိုက္ၾကသည္။ က်န္သူေတြက ရွန္ရိက်င္းသူတို႔ကိုလွည့္ၾကည့္လာခ်ိန္ သဘာဝက်က်ပဲ ထြက္ခြာသြားၾက၏။ မုန္တိုင္းငယ္ေလးက ဒီလိုနဲ႕ၿပီးဆုံးသြားခဲ့ေလၿပီ

ဘယ္သူမွမသိတာကေတာ့ လူအုပ္ႀကီးကိုတြန္းဖယ္ကာ ၿခံဝင္းတစ္ေလွ်ာက္ျပန္သြားတဲ့ရွန္ေပၚဟန္က တုန္ယင္စြာနဲ႕သန႔္စင္ခန္းထဲမွာ သူ႕ကိုယ္သူေသာ့ခတ္လိုက္ၿပီး အၾကမ္းပတမ္းကိုေခ်ာင္းဆိုးေနသည္။

သူေခ်ာင္းဆိုးေနရင္း ေသြးႏွစ္ငုံအန္လိုက္ရ၏။ ဒီမတိုင္ခင္တုန္းက သူ႕လွ်ာဖ်ားသူကိုက္ထားခဲ့တာပင္။ ေခ်ာင္းဆိုးလိုက္တဲ့အခါ ေသြးနံ႕ျပင္းျပင္းက သူ႕ပါးစပ္နဲ႕လည္ေခ်ာင္းထဲ ပ်ံ့ႏွံသြားေတာ့သည္။

သူတစ္ဖန္ေခါင္းေမာ့လာခ်ိန္ ရွန္ေပၚဟန္က မ်က္ရည္အျပည့္ႏွင့္ပင္။

လူအုပ္ႀကီး လူစုခြဲသြားၿပီးေနာက္ ရွန္ရိက်င္းၾကည့္ရတာ ပုံမွန္ျပန္ျဖစ္သြားပုံပင္။

တကယ္ေတာ့ ခုနက ရွဲန္းရွန္ ဆန္ကုန္ေျမေလးgongကို စိုက္ၾကည့္ေနခ်ိန္ ယန္က်န္းေပၚကိုစိုက္ၾကည့္တုန္းကလို ထိတ္လန႔္ဖြယ္ခံစားခ်က္ႀကီးျဖစ္ေပၚလာခဲ့ေပမဲ့ ကံေကာင္းစြာနဲ႕ ထိုခံစားခ်က္က ျမန္ျမန္လာၿပီးျမန္ျမန္ထြက္သြားသည္။ ရွန္ေပၚဟန္ထြက္သြားၿပီးေနာက္ ရွဲန္းရွန္လည္း သူ႕ပုံမွန္အသြင္အျပင္ကို ျပန္လည္ေရာက္ရွိသြားသည္…

ဒါက ထူးဆန္းလိုက္တာ!

ရွန္ရိက်င္းက သိသိသာသာကို မူမမွန္ျဖစ္ေနခဲ့တာေလ!

မတိုင္မီက သူဟာလက္ထဲမွာ ရွန္ပိန္တစ္ခြက္ကို ေၾကာ့ေမာ့စြာကိုင္လ်က္ ယဥ္ေက်းစြာျဖင့္ သူနဲ႕စကားလာေျပာတဲ့သူေတြကို ျပန္တုံ႕ျပန္တယ္ဆိုေသာ္ျငား သူသိပ္မေသာက္ခဲ့ေပ။

ဒါေပမဲ့ ဒီတစ္ႀကိမ္မွာ သူနဲ႕စကားေျပာဖို႔လာတဲ့သူေတြေရာ၊ ေကာင္းခ်ီးေပးဖို႔လာသူေတြေရာ၊ ကိစၥအေၾကာင္းအရာစုံစမ္းဖို႔လာသူေတြေရာ အားလုံးကို ရွန္ရိက်င္းက ခြက္လႈပ္ျပကာ တစ္ခြက္လုံးကို တစ္ငုံတည္းနဲ႕ေသာက္ေနသည္။

က်င္႐ႊင္ : ?

ဒီရက္ေတြအတြင္း လူမႈေရးဆိုင္ရာ ဧည့္ခံေပးမႈေတြမွတစ္ပါး ရွဲန္းရွန္က မေသာက္ေပ။

စစဦးဆုံး သူက ေနာက္ထပ္ႏွစ္ခြက္ေသာက္လိုက္ၿပီး က်င္႐ႊင္ကလည္း အဲ့အေၾကာင္းကို အမ်ားႀကီးေတြးမေနခဲ့။ အမ်ားဆုံးမွ ဒီေန႕ရွဲန္းရွန္ေပ်ာ္ေနတယ္လို႔သာ သူေတြးမိခဲ့သည္။

သို႔ေပမဲ့ ေနာက္တစ္ေယာက္က ေသာက္ဖို႔လာေျပာတိုင္း သူက အႀကိမ္တိုင္းလိုလို ခြက္ကိုအေျပာင္ရွင္းလိုက္သည္။ ဒါက မူမမွန္ဘူးဆိုတာသိသာေနတာပဲကို!

မေမွ်ာ္လင့္ထားစြာျဖင့္ မူမမွန္ရွဲန္းရွန္ဟာ အရပ္ရွည္ကာအင္အားႀကီးေနဆဲျဖစ္ၿပီး မတ္မတ္ရပ္ေနလ်က္ အရင္ကနဲ႕အတူတူပင္။

အျခားသူေတြက သူအမ်ားႀကီးေသာက္ထားမွန္းမသိၾကဘဲ ခြက္ခ်င္းတိုက္ ဂုဏ္ျပဳေပးရန္အတြက္ စီတန္းေစာင့္ေနၾကဆဲပင္။

က်င္႐ႊင္က အနည္းငယ္ခံစားခ်က္မေကာင္းျဖစ္လာကာ သန႔္စင္ခန္းသြားမို႔ဆိုတဲ့အေၾကာင္းျပခ်က္ျဖင့္ ရွန္ရိက်င္းအား ဗီလာထဲဆြဲေခၚၿပီး ဒုတိယထပ္ရွိ ရွဲန္းရွန္အခန္းဆီ ေတာက္ေလွ်ာက္တက္သြားလိုက္သည္။

က်င္႐ႊင္က အရင္တစ္ေခါက္ ေလးစားသမႈျပရန္လာတုန္းက ရွန္ရိက်င္းအခန္းဆီဝင္ဖူးတယ္ဆိုေပမဲ့ ဒီေနရာမွာခဏသာအနားယူခဲ့တာျဖစ္သည္။ ႐ုတ္တရက္ႀကီး သူတို႔မွာလုပ္စရာေပၚလာတာေၾကာင့္ ႏွစ္ဦးလုံးက အဆုံး၌ဒီမွာမေနနိုင္ခဲ့။

သို႔ေပမဲ့ သူ႕အတြက္ ဒီေနရာရွိပုံစံေတြနဲ႕ ရင္းႏွီးရန္ ထိုအရာကပဲလုံေလာက္ေနပါၿပီ

ရွဲန္းရွန္အခန္းကလည္း suiteအခန္းျဖစ္ၿပီး ပုံမွန္သန႔္ရွင္းေရးလုပ္ထားေပးပုံပင္။ အတြင္းပိုင္းအျပင္အဆင္နဲ႕ ပရိေဘာဂေတြက ဗီလာရဲ႕ဟာေတြနဲ႕အတူတူပင္ျဖစ္ၿပီး သူတို႔က ရွန္ရိက်င္းနဲ႕သက္ဆိုင္တဲ့ တစ္ကိုယ္ရည္သုံးပစၥည္းအနည္းငယ္စီစဥ္ေပးထားမွန္း သိသာလွသည္။

သူက သိသိသာသာကိုပဲ ဒီေနရာကိုသိပ္ၿပီးျပန္မလာျဖစ္ေပ။

သို႔တေစ အရင္တစ္ေခါက္ သူတို႔မိသားစုညစာစားပြဲအတြက္ ျပန္လာတုန္းကေတာ့ ႏွစ္ေယာက္သား ဒီေနရာမွာ တစ္ေရးအိပ္ခဲ့ၾကသည္။ သူက ဒီအခန္းကိုမျငင္းပယ္မွန္း က်င္႐ႊင္သိသည္။

လက္ရွိ ပထမထပ္က ဓာတ္ေလွကားေတြနဲ႕ေလွကားထစ္ေတြကို ေစာင့္ၾကပ္ေနၾကတာမို႔ ဒုတိယထပ္ကို မည္သူမွတက္လာမွမဟုတ္ေပ။

တံခါးပိတ္သြားကာ ေအာက္ထပ္က ဆူညံသံေတြနဲ႕ သူတို႔ကိုလုံးဝအတိ ခြဲျခားေပးလိုက္သည္။ က်င္႐ႊင္က ရွန္ရိက်င္းကို ထိတ္လန႔္စြာစိုက္ၾကည့္လိုက္သည္။

“ရွဲန္းရွန္ ခင္ဗ်ားဘာျဖစ္ေနတာလဲ?”

ရွန္ရိက်င္းက လက္တစ္ဖက္ကို ေဘာင္းဘီအိတ္ကပ္ထဲထည့္ထားၿပီး မတ္မတ္ရပ္ေနကာ လုံးဝမေသာက္ထားသလိုပင္။

သူက တံခါးေဘာင္ေပၚကို ကိုယ္တစ္ဝက္မွီထားၿပီး အသြင္အျပင္က ခ်င့္ခ်ိန္စဥ္းစားတတ္ပုံေပၚေနကာ သူ႕အသံေတာင္မွ မေျပာင္းလဲေပ : “ေရွာင္႐ႊင္က သန႔္စင္ခန္းသြားဖို႔မဟုတ္ဘူးလား? သြားေလ ကိုယ္မင္းကိုဒီကေစာင့္ေနမယ္”

သူ႕အသံက နိမ့္ဆင္းနက္ရွိုင္းေနဆဲျဖစ္ေပမဲ့ က်င္႐ႊင္တစ္ေယာက္သာလွ်င္ ၾကားနိုင္တဲ့ ၾကင္နာမႈလည္းအခ်ိဳ႕လည္း ပါရွိေနေသးသည္။

က်င္႐ႊင္ : “……”

ဝိုင္အမ်ားႀကီးေသာက္ထားတဲ့ရွဲန္းရွန္က သူ႕မ်က္ႏွာေပၚမွာ ျဖဴလည္းမျဖဴ နီလည္းမနီသလို သူ႕အမူအရာေတာင္မွ တူညီစြာရွိေနဆဲပင္။

သူ တစ္ဖက္လူရဲ႕နက္ေမွာင္တဲ့မ်က္ဝန္းေတြကို မ်က္ႏွာခ်င္းဆိုင္လိုက္သည္။ က်င္႐ႊင္က ၎တို႔ထံမွ မည္သည့္သဲလြန္စကိုမွ မျမင္နိုင္။

သူ႕ႏွလုံးသားထဲမွာ သံသယတခ်ိဳ႕စတင္ျဖစ္တည္လာသည္၊ ရွဲန္းရွန္ရဲ႕အေသာက္စြမ္းရည္ကပဲ အဲ့ေလာက္ထိေကာင္းတာျဖစ္နိုင္လား?

သူဘယ္ေလာက္ေသာက္ေသာက္ မမူးနိုင္တာေၾကာင့္ အေသအလဲေသာက္ေနတာမ်ားလား?

ဘာမဟုတ္တာေလးကို သူအကဲပိုလြန္းသြားတယ္လို႔ က်င္႐ႊင္႐ုတ္ျခည္းခံစားလိုက္ရသည္။

သူက အေတာ္ေလး ေတာင္းေတာင္းပန္ပန္ျဖင့္ေျပာလိုက္သည္
“ ကြၽန္ေတာ္သန႔္စင္ခန္းသြားမို႔ မဟုတ္ပါဘူး ကြၽန္ေတာ္ေၾကာက္တာက ခင္ဗ်ား…ရွဲန္းရွန္ကအဆင္ေျပတယ္ဆိုမွေတာ့  ကြၽန္ေတာ္သန႔္စင္ခန္းသြားလိုက္ဦးမယ္။ ဒါေပမဲ့ခင္ဗ်ားေလွ်ာ့ေသာက္တာ ပိုေကာင္းမယ္ေနာ္”

သူအႀကံျပဳခ်က္တစ္ခုေပးရန္ႀကိဳးပမ္းလာသည္။

ရွန္ရိက်င္းက အသံတိုးတိုးျဖင့္ တုံ႕ျပန္၏ : “အင္း”

“ေကာင္းၿပီ”

ဒါကိုၾကားေတာ့ က်င္႐ႊင္လည္း တစ္ဖက္လွည့္ကာ သန႔္စင္ခန္းသြားရန္ ျပင္လိုက္၏။

တစ္ဖက္မလွည့္နိုင္ေသးခင္မွာပဲ ခပ္ျမန္ျမန္ေလးတစ္ခ်က္ၾကည့္လိုက္ေတာ့ ရွန္ရိက်င္းက ႐ုတ္တရက္ ခပ္ယဲ့ယဲ့ရပ္ကာ သူ႕ႏွာရိုးကို ကသိကေအာက္ျဖစ္မႈအခ်ိဳ႕ႏွင့္ ႏွိပ္နယ္လိုက္ေၾကာင္း က်င္႐ႊင္ျမင္လိုက္ရသည္။

“ရွဲန္းရွန္?!”

က်င္႐ႊင္က ကတိုက္ကရိုက္လက္ဆန႔္ထုတ္ၿပီး သူ႕ကိုတြဲဖို႔ႀကိဳးပမ္းလိုက္၏။

ရွန္ရိက်င္းက ဒီလိုျပင္းထန္တဲ့အမူအရာမ်ိဳးျပတာ ရွားပါးလွတာေၾကာင့္ က်င္႐ႊင္လည္းအံ့ၾသသြားရသည္။

သို႔ေပမဲ့ သူ႕လက္ေမာင္းေတြကို ဆန႔္ထုတ္လိုက္ခ်ိန္မွာပဲ ထိုလက္ေကာက္ဝတ္ႏွစ္ဖက္က ျဗဳန္းစားႀကီးဖမ္းဆုပ္ခံလိုက္ရကာ နီးကပ္ေအာင္ဆြဲခံလိုက္ရ၏။ တစ္နည္းတစ္ဖုံျဖင့္ သူက တံခါးေဘာင္မွာ ရွန္ရိက်င္းရဲ႕ကာဆီးျခင္းခံထားရတဲ့ ပုံစံျဖစ္သြားသည္။

“……ရွဲန္းရွန္?”

ရွန္ရိက်င္းရဲ႕ျဖစ္စဥ္ကို ပထမဆုံးအခ်ိန္ သူသက္ေသခံလိုက္ရတုန္းကလည္း ဒီလိုမ်ိဳး တံခါးမွာဖိၿပီးအပိတ္ခံခဲ့ရတာ။

[ျဖစ္စဥ္ဆိုတာက ရွန္ရိက်င္းစိတ္ေဖာက္တဲ့အခ်ိန္ကိုေျပာတာပါ]

က်င္႐ႊင့္ရဲ႕ဆိုး႐ြားတဲ့စိတ္ထင့္ေနမႈႀကီးကို အတည္ျပဳလိုက္နိုင္ၿပီ…လက္ရွိ ရွဲန္းရွန္က ပုံမွန္အေျခအေနမွာမဟုတ္ဘူး!

ကိစၥရပ္ေတြ ပိုမဆိုးေစရန္ သူဒီတစ္ေခါက္ အႀကိမ္အနည္းငယ္ေလာက္ေအာ္ေခၚခဲ့ေပမဲ့ ရွန္ရိက်င္းကမတုံ႕ျပန္ဘူး!

ျပင္းထန္တဲ့အရွိန္အဝါက သူ႕ခႏၶာကိုယ္ရဲ႕တစ္လက္မခ်င္းစီတိုင္းကို ျဖတ္သန္းဝင္ေရာက္လာကာ က်င္႐ႊင္ကမ႐ုန္းကန္ရဲသလို ေလွ်ာက္လည္းမလႈပ္ရဲေပ။ ရွန္ရိက်င္းရဲ႕အၾကည့္က သူ႕မ်က္ႏွာေပၚ တည့္တည့္မတ္မတ္က်ေရာက္ေနလ်က္ ခက္ထန္မႈန္မွိုင္းတဲ့ခံစားခ်က္က သူ႕အေရျပားကိုျဖတ္သန္းကာ တစ္လက္မၿပီးတစ္လက္မ ဝင္ေရာက္လာၿပီး ဝိုးတိုးဝါးတားနာက်င္မႈနဲ႕အတူ သူ႕မ်က္ႏွာကိုတိုက္စားေနသလိုပင္။

သူဘာေတြျဖစ္ေနမွန္း က်င္႐ႊင္တကယ္နားမလည္ေပ။

သို႔ရာတြင္ ဒီလိုအခ်ိန္မ်ိဳးမွာ ရွဲန္းရွန္ခံစားရတဲ့အရာက သူျပသတာထက္ အၿမဲတမ္းပိုခက္ခဲတယ္ဆိုတာကို က်င္႐ႊင္ေကာင္းစြာသတိထားမိသည္။

ဒီအခ်ိန္မွာ ရွန္ရိက်င္းကို ေဒါသထြက္ေစနိုင္တဲ့ျဖစ္နိုင္ေခ်ရွိေပမဲ့လည္း က်င္႐ႊင္က ဖိအားေအာက္မွာ လက္ကိုဆန႔္ထုတ္ၿပီး တစ္ဖက္လူရဲ႕ခါးကို ရစ္ပတ္ရန္ႀကိဳးစားၾကည့္လိုက္ဆဲပင္။

ရွန္ရိက်င္းခါးက သန္မာၿပီးတင္းရင္းကာ ထိလို႔အရမ္းေကာင္းသည္။

သူလည္ပင္းေမာ့ကာ တစ္ဖက္လူကိုၾကည့္လိုက္ၿပီး ဗာဒံေစ့သ႑ာန္သူ႕မ်က္ဝန္းေတြကလည္း ေသာကေဝမႈတစ္စြန္းတစ္စကို ျပသရင္း က်င္႐ႊင္ကဂ႐ုတစိုက္ေမးလိုက္သည္
“ရွဲန္းရွန္ ခင္ဗ်ားဘာျဖစ္ေနလဲဆိုတာ ကြၽန္ေတာ့္ကိုေျပာျပနိုင္မလားဟင္?”

လူငယ္ေလးရဲ႕လုပ္ေဆာင္ခ်က္က အသိစိတ္အခ်ိဳ႕ျပန္ရေစတာျဖစ္ေကာင္းျဖစ္နိုင္သလို ထိုေရလိုၾကည္လင္ႏူးညံ့တဲ့မ်က္ဝန္းေတြထဲက စြဲက်န္ရစ္ေနေသာအလိုလိုက္မႈေတြနဲ႕ တုံ႕ဆိုင္းေနမႈတို႔ေၾကာင့္လည္း ျဖစ္နိုင္သည္။

ရွန္ရိက်င္းရဲ႕အမူအရာက အမ်ားႀကီးႏူးညံ့သြား၏။ သို႔ေသာ္ သူက တင္းက်ပ္စြာမ်က္ေမွာင္ၾကဳတ္ထားဆဲျဖစ္ၿပီး ဒီအခိုက္အတန႔္မွာ သူကအလြန္ျပင္းထန္တဲ့ေခါင္းကိုက္မႈေဝဒနာခံစားေနရေၾကာင္း ၫႊန္ျပေနသည္။

က်င္႐ႊင္က ဒီတိုင္း အခ်ိန္အၾကာႀကီးေငးၾကည့္ေနမိသည္။ အဲ့ေနာက္မွာေတာ့ ရွန္ရိက်င္းေခၚလာတာအား ႐ုတ္တရက္ၾကားလိုက္ရ၏ : “ေရွာင္႐ႊင္”

“အြန္း” က်င္႐ႊင္က ခပ္သြက္သြက္ေလးတုံ႕ျပန္လိုက္သည္။

ထို႔ေနာက္ခ်က္ခ်င္းပင္ ေမးခြၽန္ခြၽန္က အထိခံလိုက္ရၿပီး သြယ္လ်လ်လက္ေခ်ာင္းေတြက သူ႕နား႐ြက္ေတြၾကား ေျခရာေကာက္ရန္ေရွ႕တိုးေနသည္။

ဒါက ျပတ္ေတာင္းျပတ္ေတာင္း ထိကိုင္မႈမ်ိဳးသာျဖစ္ၿပီး အျမတ္တနိုးတန္ဖိုးထားရတဲ့ အလြန္အဖိုးထိုက္တန္ေသာအႏုပညာလက္ရာတစ္ခုကို ကိုင္တြယ္ေနသလိုမ်ိဳးပင္။

လက္ထိပ္ေတြက ခပ္ေဖ်ာ့ေဖ်ာ့ေလးထိလာၿပီး ခ်က္ခ်င္းပင္ျပန္ဆုတ္သြားကာ ဒီထိကိုင္မႈေၾကာင့္ သူ႕အားက်ိဳးေၾကသြားမွာ စိုးရိမ္ေနသလိုပင္။

တစ္ခ်ိန္တည္းမွာပဲ ရွန္ရိက်င္းက ေျပာမျပနိုင္ေအာင္ေလာက္ေအာင္ ႐ူးသြပ္တဲ့အၾကည့္မ်ိဳးျဖင့္ သူ႕အားၾကည့္လာသည္။

သူက တိုးညင္းေသာအသံျဖင့္ စကားေျပာလာၿပီး သူ႕ေလသံက ဝမ္းနည္းမႈ၊ေပ်ာ္႐ႊင္မႈတို႔ကင္းမဲ့ေနကာ ဘာခံစားခ်က္ကိုမွ မၾကားနိုင္ေခ် : “ေရွာင္႐ႊင္က…ကိုယ့္ဒုတိယညီငယ္ကို အရမ္းႀကိဳက္ခဲ့တာလား?”

က်င္႐ႊင္ : …?

တကယ္တမ္းက် ခုနကၿခံဝင္းထဲမွာ တိုက္တိုက္ဆိုင္ဆိုင္ပင္ ရွန္ရိက်င္းကလည္း လင္လိေျပာတာကိုၾကားသြား၏။

တစ္ခ်ိန္က သူစိတ္ထဲမထားခ်င္ခဲ့တဲ့က်င္႐ႊင့္အတိတ္က ေပၚတင္ထုတ္ေဖာ္ေျပာခံလိုက္ရသည္။

“တစ္ခ်ိန္တုန္းက ယန္က်င္႐ႊင္ကအာ့ေရွာက္ကို အရမ္းႀကိဳက္ခဲ့တာ” ဆိုတဲ့စကားလုံးေတြကို သူၾကားလိုက္ရတဲ့အခ်ိန္ ရွန္ရိက်င္းေတာင္မွ မလြဲဧကန္ထိန္းခ်ဳပ္မႈလြတ္သြားခဲ့သည္။

သူစိတ္ထဲထားတယ္ဆိုတာကို သူဝန္ခံတယ္

သူ႕ေရွာင္႐ႊင္ေလးက အျခားသူကို ႏူးညံ့ကာ တစ္ဦးတည္းကိုပဲအာ႐ုံစိုက္တဲ့အၾကည့္မ်ိဳးနဲ႕ၾကည့္ခဲ့ဖူးတယ္လို႔ သူေတြးလိုက္မိ႐ုံနဲ႕တင္ သဝန္တိုမႈေၾကာင့္ သူ႐ူးသြပ္သြားေတာ့မလိုဘဲ။

သို႔ေသာ္ျငား က်ိဳးေၾကာင္းဆီေလ်ာ္နိုင္စြမ္းက ဒါဟာက်င္႐ႊင့္အမွားမဟုတ္မွန္း သူ႕ကိုေျပာေနသည္။ သူက လူမွားႀကိဳက္ခဲ့႐ုံသာျဖစ္ၿပီး သူတို႔ကြဲခဲ့ၾကတာ အေတာ္ၾကာေနၿပီ။

လက္ရွိ သူ႕က်င္႐ႊင္ေလးက ရွန္ေပၚဟန္ကို ဆက္မႀကိဳက္ေတာ့ဘူး

__ေရွာင္႐ႊင္က အဲ့လိုေျပာခဲ့တယ္ေလ

ဒါေပမဲ့ သူ႕က်င္႐ႊင္ေလးက  သူ႕ကိုႀကိဳက္တယ္ ဒါမွမဟုတ္ အဲ့လိုမ်ိဳးအျခားတစ္ခုခုမ်ိဳးကို တစ္ခါမွမေျပာခဲ့ဖူးေပ။

မုန္တိုင္းမလာခင္ ေလၿငိမ္ေနသလိုမ်ိဳး၊ တစ္စုံတစ္ခုက က်ဆင္းလာေတာ့မလိုမ်ိဳး ရွန္ရိက်င္းေခါင္းက ေပါက္ကြဲထြက္လုမတတ္ပင္။

ေခါင္းကိုက္မႈကိုသည္းခံကာ လူငယ္ေလးရဲ႕တိတ္ဆိတ္မႈေအာက္တြင္ အေနာက္ျပန္ဆုတ္ဖို႔ သူ႕ကိုယ္သူတြန္းအားေပးလိုက္၏။

သူက လူငယ္ေလးရဲ႕နဂိုၾကည္လင္ေအးခ်မ္းတဲ့မ်က္ဝန္းေတြဟာ တျဖည္းျဖည္းျဖင့္ ေသာကေရာက္ရာမွ စိုးရိမ္ပူပန္မႈသို႔၊ ထိုမွ သံသယျဖစ္မႈ၊ စိတ္ရႈပ္ေထြးမႈ၊ ၿပီးေနာက္အနည္းငယ္ဗလာျဖစ္မႈတို႔ကို တစ္ဆင့္ခ်င္းေျပာင္းသြားတာအား ေစာင့္ၾကည့္ေနမိသည္။

ရွန္ရိက်င္းက သူ႕ကိုယ္သူ အေနာက္လွည့္ၿပီး ျပန္ဆုတ္ရန္ ဖိအားေပးလိုက္သည္။

__ က်င္႐ႊင့္ကို နာက်င္ေစမဲ့အရာမ်ိဳး သူမလုပ္နိုင္သလို သူ႕အတြက္ေျဖရခက္မဲ့ဒီလိုေမးခြန္းမ်ိဳး ေမးတာကိုလည္း မလုပ္သင့္ဘူး

ဒါက တကယ္ေတာ့ဘာမွမဟုတ္ပါဘူး

သူတို႔မွာ ေရွ႕ဆက္ရမဲ့ခရီးအရွည္ႀကီးရွိေသးတယ္

သူဒီအေၾကာင္းကို ဟိုးအရင္ကတည္းေတြးထားၿပီးသား၊ သူ႕ေရွာင္႐ႊင္ေလးကို သူစိတ္ေရာကိုယ္ပါျမႇုပ္ႏွံၿပီးဆက္ဆံေပးေနသေ႐ြ႕ အဆင္ေျပတယ္

ဘယ္သူ႕ကိုမွ ရိုးသားစစ္မွန္မႈအလုံးစုံျဖင့္ သူတစ္ခါမွမေတာင္းဆိုခဲ့ဖူးေပ။

က်င္႐ႊင့္အလွည့္ေရာက္လာတဲ့အခါမွာလည္း အဆင့္ေက်ာ္ေတာင္းဆိုမႈေတြကို သူမလုပ္သင့္ေပ။

ရွန္ရိက်င္းက ျပတ္ျပတ္သားသားပင္ ေနာက္လွည့္လိုက္၏။

သူ႕ခါးက ေျဖာင့္တန္းကာ ေနာက္ေက်ာကတည့္မတ္ေနသည္။

သူစကားေျပာခ်င္႐ုံသာျဖစ္သည္။

သူ႕ေနာက္ရွိ လူငယ္ေလးက သတိျပန္ဝင္လာကာ ႐ုတ္ျခည္းေျပာလာသည္
“ရွဲန္းရွန္ ကြၽန္ေတာ္အာ့ေရွာက္ကို မႀကိဳက္ခဲ့ဖူးဘူး”

လူငယ္ေလးရဲ႕ၾကည္လင္ကာႏူးညံ့သိမ္ေမြ႕တဲ့အသံက ေရွ႕ေျပးအသိေပးခ်က္ေတြမရွိပါဘဲ ႐ုတ္တရက္ဆိုသလိုထြက္ေပၚလာေပမဲ့ ထိုအရာက တိမ္ေတြကိုျဖတ္သန္းကာ ေကာင္းကင္ကိုဆုတ္ၿဖဲၿပီး ေခ်ာက္ခ်ားဖြယ္ျမဴခိုးထုအတြင္းမွ တိုးထြက္လာေသာဟုန္းဟုန္းေတာက္ေနမင္းလိုပင္။

သူေျပာလာတာအား ရွန္ရိက်င္းၾကားလိုက္ရသည္ : “တကယ္ေတာ့ ကြၽန္ေတာ္…ကြၽန္ေတာ္က ယန္က်င္႐ႊင္မဟုတ္ဘူး”

Mariage d'amour (Marriage of Love) is a piece of French solo piano music, composed by Paul de Senneville in 1979, and first performed by the pianist Richard Clayderman from his album Lettre À Ma Mère in 1979.

ဒါက Pianist Richard Clayderman တီးခတ္ထားတဲ့versionပါ ေတာ္ေတာ္ၾကာေနျပီဆိုေတာ့ တီးလံုးသံေနာက္မွာ တခ်ိဳ႕သိပ္မၾကည္တဲ့အသံေတြပါေနတယ္၊ ၾကည္လင္ရွင္းေနတဲ့ဟာကုိနားေထာင္ခ်င္ရင္ေတာ့ Youtubeမွာ Mariage d'amourဆိုျပီး ရိုက္ရွာျပီးနားဆင္လို႔ရပါတယ္

...✰...✰...✰...✰...✰...✰...✰...✰...
//Unicode//

Chapter 69 : မရီး + ကျွန်တော်က ယန်ကျင်ရွှင်မဟုတ်ဘူး
__________________

" ငါလူး လက်ထပ်မှာ? သူတို့က တကယ်ကြီး..."

နောက်လိုက်အုပ်စုထဲမှ အဖွဲ့ဝင်တစ်ယောက်က မတော်တဆအော်မိသွားချေသည်။ ချက်ချင်းပဲ မှားယွင်းနေကြောင်း သူသဘောပေါက်သွားကာ ချက်ချင်းပါးစပ်ကိုဖုံးကာလိုက်ပြီးနောက် သူ့အပေါင်းအပါတွေကို ထိတ်လန့်တကြားကြည့်လိုက်သည်။

သူ့အဖော်တွေကလည်း သူ့လိုပဲတုံ့ပြန်ကြ၏။ သို့ပေမဲ့ ဒီအချိန်မှာ တကယ်ကြီးထအော်တဲ့ကောင်ကတော့ ရူးနေတာပဲ။ လူတိုင်းက ထိုလူကို ပုန်းလျိုးကွယ်လျိုးကြည့်လိုက်ကြပေမဲ့ ကံကောင်းချင်တော့ ဒီနားပတ်ပတ်လည်မှာ လူအများကြီးရှိပြီး အသံကကျယ်လောင်တာကြောင့် သူကသိပ်ပြီးမပေါ်လွင်သွားပေ။

ဝင်ပေါက်မှာတော့ သူလက်ထပ်တော့မယ်လို့ ကြေညာလိုက်တဲ့ရှန်ရိကျင်းက သန့်ရှင်းသပ်ရပ်နေသည်။ သူက ဖိတ်ကြားချက်ကို မိသားစုတိုင်းဆီပို့ပေးမှာဖြစ်ပြီး လူတိုင်းတက်ရောက်ဖို့မျှော်လင့်ထားကြောင်းသာ ပြောလာသည်။ နောက်မကြာခင်မှာပဲ အဘိုးရှန်ဆီ မိုက်ကရိုဖုန်းပြန်ပေးလိုက်၏။

ဒီလိုအရေးကြီး အဖြစ်အပျက်မျိုး...ဒါကအံ့အားသင့်စေကာ ယုံကြည်ဖို့ခက်ခဲရင်တောင်မှ လူတိုင်းက လက်ခုပ်တီးပြီး အားပေးချီးမြှောက်သင့်သည်။

လူအိုကြီးရှန်က ပျော်ရွှင်စွာနဲ့ စကားအနည်းငယ်ဆက်ပြောလိုက်ပြီးနောက် စားပွဲစတင်ကာ လူတိုင်းလွတ်လွတ်လပ်လပ် နေထိုင်ခံစားလို့ရပါကြောင်း ကြေညာလိုက်၏။

ရွှင်လန်းတက်ကြွပြီး သာယာကြည်နူးဖွယ်waltzတေးဂီတသံက ကောင်းမွန်စွာ အလှဆင်ထားတဲ့မြက်ခင်းပြင်ထက် လွင့်ပျံလာသည်။ နယ်ပယ်အသီးသီးက လူအိုကြီးရှန်နဲ့ဆက်ဆံရေးကောင်းတဲ့ အကောင်ကြီးတော်တော်များများက သူ့ကိုလာရောက်ဂုဏ်ပြုကြပြီး ရှန်ရိကျင်းနဲ့ကျင်ရွှင်ကိုပါ သူတို့ကဝန်းရံထားကြသည်...

သူတို့ပြောနေတာတွေကို ဘယ်သူကသိမှာလဲ၊ ထိုအကောင်ကြီးတွေရဲ့ ရယ်မောသံတွေနဲ့ စုံတွဲကို အတွဲဖြစ်လာတဲ့အတွက် တစ်ယောက်ချင်းစီ ချီးမွမ်းမြှောက်ပင့်သံတွေကိုသာကြားရသည်...

လင်လိနဲ့အခြားသူတွေက တိတ်ဆိတ်စွာလူအုပ်ထဲမှ ခွဲထွက်ကာ ထောင့်တစ်ထောင့်၌ စုရုံးနေကြသည်။ ဒီအချိန်မှာ ဘယ်သူမှစကားမပြောကြဘဲ လူတိုင်းက ရှည်ကြာညောင်းစွာ ဆိတ်ငြိမ်နေကြ၏။

"လခွမ်း ငါလူးပဲငါပြောချင်တာက...ရှန်ရိကျင်းက ဘယ်တုန်းက ဒီလိုပေါ့ပြက်ပြက်လူဖြစ်သွားတာလဲ" နောက်ဆုံးတော့ တစ်စုံတစ်ယောက်က မထိန်းနိုင်တော့ဘဲ ပါးစပ်ဟလာသည် : "ဒီလောက်ကြာပြီးတဲ့နောက်မှာ သောက်ကျိုးနည်းသူက လက်ထပ်တော့မယ်တဲ့..."

"ဒါက...ငါတို့လည်း ဒါကိုပုံဖော်ကြည့်လို့တောင်မရဘူးကွာ။ အဲ့ယန်ကျင်ရွှင်မှာ ဒီစွမ်းရည်ရှိတယ်ပေါ့...ဒါကအရမ်းမမြန်လွန်းနေဘူးလား"

"သူတို့အချင်းချင်းသိတာ တော်တော်ကြာနေပြီလို့ မင်းထင်လား"

"...ငါလူး ငါတို့အာ့ရှောက်က *မျောက်မထားခံလိုက်ရတယ်လို့ မင်းဆိုလိုချင်တာလား?!"

[*လင်ငယ်နေသည်]

ဒီလူတွေက အာ့ရှောက်ကိုလုံးလုံးသစ္စာခံထားတယ်လို့ မပြောနိုင်ပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေက တစ်လှေထဲစီးနေသူတွေပင်။

ကွာစေ့စားပြီး အရသာခံကြတယ်ဆိုပေမဲ့ သူတို့အာ့ရှောက်က"ရှုံးနိမ့်မှု"ကို ခံစားလိုက်ရမှန်း အမှန်တကယ်သိသွားတဲ့အချိန် ဒီလူတွေက အဲ့အရာကိုထပ်ပြီးမစနောက်နေတော့ပေ။

လူတိုင်းက အာ့ရှောက်ဦးထုပ်စိမ်းဆောင်းခံရလောက်တဲ့ဖြစ်နိုင်ချေကို စတင်တွေးတောနေကြသည်။

"ငါတော့အဲ့လိုမထင်ဘူး ဘာပဲဖြစ်ဖြစ် အာ့ရှောက်က ယန်ကျင်ရွှင်ကို စွန့်ပစ်ခဲ့တာလေ" တစ်ယောက်ကပြော၏ "ယန်ကျင်ရွှင်က လှေလံနှစ်ဖက်နင်းတဲ့လူနဲ့တူတယ်လို့တော့ ငါမထင်ဘူး"

"ဟုတ်တယ် ဟုတ်တယ် ယန်ကျင်ရွှင် အာ့ရှောက်ကိုကြိုက်တုန်းက ဘယ်လောက်တောင် ကျိုးကျိုးနွံနွံရှိခဲ့လဲဆိုတာကို မမေ့နဲ့ဦး...သူကအခုကွာခြားသွားတယ်ထင်ရပေမဲ့ သူအာ့ရှောက်ကို ကြိုက်ခဲ့တယ်ဆိုတာကလည်း အမှန်ပဲလေ!"

"ယန်ကျင်ရွှင်ကို မပြောနဲ့ဦး ရှန်ရိကျင်းက ဒီလိုမျိုးလုပ်နိုင်လိမ့်မယ်လို့ ငါမယုံဘူး။ တကယ်လို့ သူလုပ်နိုင်တယ်ဆိုရင်တောင် လူအိုကြီးရှန်က သဘောတူမှာမဟုတ်ဘူး"

"မင်းပြောတာမှန်တယ်..အိ? အဲ့ဒါက အာ့ရှောက်မလား!"

ခြံဝင်းနံရံနားမှာ ကျုံ့ဝင်မတတ်ဖြစ်နေတဲ့လူတိုင်း အကွာအဝေးတစ်ခုကနေ ဂိတ်ထဲကို ကားတစ်စီးမောင်းဝင်လာပြီး ဘေးလမ်းမှာရပ်သွားတာကိုမြင်လိုက်ရသည်။ အဲ့နောက် မဟားတရားပိန်ပါးနေတဲ့ရှန်ပေါ်ဟန်က ကားပေါ်ကနေဆင်းလာ၏။

...သူတို့ သူ့ကိုနောက်ဆုံးတွေ့ခဲ့တာ ဆယ်ရက်ပဲရှိသေးတယ်။ အာ့ရှောက်ကအလွန်ကိုပိန်ပြီး ပုံပျက်ကာ မှတ်တောင်မမှတ်မိချင်တော့ပေ။

သူတို့အားလုံးနီးပါးက ရှန်ပေါ်ဟန်နဲ့တူတူကြီးပြင်းလာတယ်ဆိုတဲ့အချက်ကြောင့်သာ မဟုတ်ခဲ့ရင် ပထမဆုံးအကြည့်တစ်ချက်နဲ့ မှတ်မိနိုင်ဖို့ခဲယဉ်းလှသည်။

လူတိုင်းက ကားထဲကထွက်လာတဲ့ရှန်ပေါ်ဟန်ကိုမြင်လိုက်ချိန် အပြေးသွားကာ
"အာ့ရှောက် မင်းအဆင်ပြေရဲ့လား? မင်းတော်တော်နေမကောင်းဖြစ်နေတာပဲ..."

အရှေ့ဆုံးကနေ ပြေးသွားတဲ့တစ်ယောက်က ရှန်ပေါ်ဟန်ရဲ့ပိန်ပါးပြီး သရဲလိုဖြစ်နေတဲ့မျက်နှာကြောင့် ခြောက်လန့်ခံရလုနီးနီးပင်။

"အာ့ရှောက် ဘာဖြစ်သွားတာလဲ?" လင်လိတောင်မှ မနေနိုင်တော့ဘဲပြောလိုက်မိသွားသည် "မင်းကအအေးမိပြီး ဖျားရုံလေးပဲမဟုတ်ဘူးလား? ဘယ်လိုလုပ်ဒီလောက်ဆိုးသွားရတာလဲ"

ရှန်ပေါ်ဟန်က သူတို့ကိုလက်ယမ်းပြကာ သူအဆင်ပြေကြောင်းပြောလိုက်၏။ ပြီးခဲ့တဲ့နှစ်ရက်နဲ့စာရင် သူအခုတော်တော်လေးသက်သာနေတာဖြစ်သည်။ အနည်းဆုံးတော့ သူ့ဘာသာလမ်းလျှောက်နိုင်တယ်လေ သူ့ကြည့်ရတာအားနည်းနေပုံပေါ်သေးပေမဲ့လည်းပေါ့။

ရှန်ပေါ်ဟန်က မသိစိတ်အလျောက် ပတ်ပတ်လည်ကိုလိုက်ကြည့်လိုက်မိသည်။ ထိုအချိန်မှာ သူ့အမေကလည်း ကားထဲကထွက်လာပြီး လင်လိနဲ့ကျန်လူတွေက သူမအားနှုတ်ဆက်လိုက်ကြသည်။

ယန်နျဲ့ကျောင်းကလည်း ဒီရက်တွေမှာအတော်လေးချောင်ကျသွားပုံပေါ်သည်။ ဒီသူငယ်ချင်းတွေကိုတွေ့လို့ ရှန်ပေါ်ဟန်ပျော်သွားလောက်တယ်ဆိုတာကိုတွေးမိတော့ သူမပြောလိုက်၏ : "သားဘာလို့ အားလီတို့တွေနဲ့ ခဏလောက်မနေလဲ၊ အမေ သားအဘိုးဘယ်မှာလဲဆိုတာ သွားကြည့်လိုက်ဦးမယ်။ သားကျန်းမာရေးက ခုမှကောင်းလာခါစပဲရှိသေးတာ သားအဘိုးကိုမွေးနေ့ဆုတောင်း တောင်းပေးပြီးရင် မြန်မြန်ပြန်နားရမယ်"

သူမက လင်လိနဲ့အခြားသူတွေကို ထပ်ပြောလိုက်သည် : "အားဟန်က ခုထိအားနည်းနေသေးတယ်၊ လေအေးအေးအောက်မှာလည်း အကြာကြီးမနေနိုင်သေးဘူး ဒီတော့မင်းတို့ပဲသူ့ကိုခဏလောက်ကြည့်ထားပေးကြပါဦးကွယ်"

လူတိုင်းက ခပ်မြန်မြန်တုံ့ပြန်လိုက်ကြသည်။ ယန်နျဲ့ကျောင်းက သူမဒေါက်ဖိနပ်ဖြင့်ခြေလှမ်းလှမ်းကာ ထွက်ခွာသွားတော့မှပဲ လူတိုင်းလည်း စိတ်သက်သာရာရတော့သ်ည။

အာ့ရှောက်အမေက သူ့ကိုအရမ်းတင်းကျပ်သည်၊ အထူးသဖြင့် အရင်တစ်ခေါက် ဗီဒီယိုမတော်တဆမှုပြီးတဲ့နောက်မှာပေါ့။ လင်လိနဲ့အခြားသူတွေက အာ့ရှောက်ကို အပြင်လျှောက်ပတ်ဖို့ရှာတဲ့အချိန်တွေမှာ အမေရှန်ကသိပ်မကြည်ပေ။ အခုသူမထွက်ခွာသွားတော့ တခြားသူတွေက အတန်ငယ်စိတ်သက်သာရာရသွားသည်။ သူတို့အားလုံးက အာ့ရှောက်ကိုတွဲလိုက်ကြပြီး လေကွယ်ရာဆီ ခေါ်သွားလိုက်ကြသည်။

"ဆိုးရွားတာပဲအာ့ရှောက်ရယ် မင်းဖျားနေတဲ့ရက်တွေမှာ Dragonမြို့တော်ရဲ့ကောင်းကင်ကြီးက အထက်အောက်လန်သွားပြီ!"

နောက်လိုက်အုပ်စုက ဟိုဟိုသည်သည်ပြောနေကြ၏။ စစဦးဆုံး သူတို့ကရှန်ပေါ်ဟန်နေကောင်းလားဘာလားမေးနေကြပြီး နောက်ဆုံးတော့ သူတို့နှလုံးသားထဲက အံ့သြမှုနဲ့သိချင်စိတ်ကိုမဖိနှိပ်ထားနိုင်တော့ချေ။ တစ်ယောက်ကဦးဆောင်မေးလာသည် : "အာ့ရှောက် မင်းအစ်ကိုက ယန်ကျင်ရွှင်ကိုလက်ထပ်တော့မယ်ဆိုတာ မင်းသိပြီးပြီလား"

ရှေ့ဆက်လျှောက်ရန် သူတို့ကိုတိတ်တဆိတ်အမှီပြုထားရတဲ့ရှန်ပေါ်ဟန်က ရုတ်ခြည်းသူ့ခြေလှမ်းတွေကို ရပ်တန့်လိုက်သည်။

ပြောလိုက်တဲ့လူက သူလည်းအံ့အားသင့်သွားတယ်လို့ တွေးလိုက်မိတာကြောင့် ကျယ်ကျယ်ပြန့်ပြန့်အသေးစိတ်ရှင်းပြတော့သည် : "ဒါကိုခုနလေးတင်ကြေညာလိုက်တာ! မင်းအဘိုးကိုယ်တိုင်ပြောသွားခဲ့တာကွာ!"

"ငါ့တစ်မိသားစုလုံး တကယ်ကြီးသောက်ကျိုးနည်းရှော့ခ်ရသွားတာ။ ပြောရရင် အဲ့ယန်ကျင်ရွှင်...သူ့မှာဘာမှော်အစွမ်းတွေရှိနေလို့လဲ အခြားတစ်ယောက်ဆိုရင်လည်း ထားပါတော့ ဒါပေမဲ့ဒါကမင်းအစ်ကိုကြီးလေ! မင်းရဲ့အကြီးဆုံးအစ်ကို! သူက တကယ်ကြီး သူ့ကိုလက်ထပ်တော့မယ်တဲ့!"

"ပြီးတော့ ခုနလေးတုန်းက သူ့ကိုဘယ်လိုဆွဲခေါ်သွားလဲဆိုတာကို မင်းမမြင်လို့။ သူကမင်းအစ်ကိုကြီးရှေ့မှာ နည်းနည်းလေးတောင်ရှိုးတိုးရှန့်တန့် ဖြစ်မနေဘူး။ ဘာလို့မင်းအရှေ့မှာကျ သူကကျိုးနွံပြီးတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေခဲ့ရတာလဲ"

"သူ့ကိုဥက္ကဋ္ဌရှန်က အလိုလိုက်ထားလို့တော့မဖြစ်နိုင်ပါဘူးနော် ဟဟ"

"အဟွတ် အဟွတ်..." ရုတ်တရက် ရှန်ပေါ်ဟန်ကချောင်းဆိုးလာသည်။

အခြားသူတွေက အလျင်အမြန်ပင် အာ့ရှောက်ကျောကိုပုတ်ပေးကာ တစ်ရှူးကမ်းပေးကြပေမဲ့ ဒါကလူတိုင်းရဲ့ဆွေးနွေးမှုကို ရပ်မသွားစေပေ။

စောနတုန်းက သူတို့အံ့သြမှုကို အပြည့်အဝမဖော်ပြခဲ့ရချေ။ ဒီအခိုက်အတန့်မှာ သူတို့ကဒီအကြောင်းကို တစ်ချိန်ကပါဝင်ပတ်သက်ခဲ့ဖူးသူ၊ လက်ရှိတစ်ဝက်ပါဝင်ပတ်သက်သူ ရှန်ပေါ်ဟန်ရှေ့မှာ ပြောချင်နေကြသည်။

တစ်ယောက်ကပြော၏ : "ယန်ကျင်ရွှင်က အမှန်ကြီး သူ့ဂုဏ်ဒြပ်ကိုအဆင့်မြှင့်လိုက်ပြီး မင်းအစ်ကိုကြီးနောက်လိုက်ခဲ့သေးတယ် ဒီ...ငါတို့အနာဂတ်ကျ သူ့ကိုမရီးလို့ခေါ်ရတော့မှာလား"

"အလိုလေး တာ့ရှောက်ဘာတွေတွေးနေမှန်း ငါမသိတော့ဘူး။ သူကဒီလိုပုံစံမျိုးကို နှစ်သက်တာလား?"

"ယန်ကျင်ရွှင်က အမှန်တကယ်ကိုအကြံသမားလို့ငါထင်တယ်။ သူကအာ့ရှောက်ကိုလည်း ထိန်းသိမ်းလို့မရရော တစ်ဖက်လှည့်ပြီး ပိုကြီးတဲ့သားကောင်ပြောင်းလိုက်တယ်...ငါဆိုလိုတာကကွာ သူကအာ့ရှောက်ကိုမဖမ်းနိုင်တော့ တာ့ရှောက်ဆီခုန်ဝင်လိုက်ပြီးတော့ အဆုံးမှာတော့ရှန်မိသားစုအိမ်ထဲဝင်လာတယ်! ဒီတော့မင်းဂရုစိုက်သင့်တယ်နော်အာ့ရှောက်။ သူက ရှန်အိမ်တော်ကို အခြားရည်ရွယ်ချက်တွေအတွက် ဝင်လာတာဖြစ်နိုင်တယ်..."

"ပါးစပ်ပိတ်ထား" ရှန်ပေါ်ဟန်က ရုတ်တရက်ထပြော၏။

သူ့အသံက အလွန်အမင်းကိုအက်ကွဲနေပြီး အရင်ကနဲ့ လုံးလုံးကွာခြားလုနီးပါးပင်။

ဒီစကားလုံးနှစ်လုံးကိုပြောပြီးနောက် သူကပိုပြီးပြင်းထန်စွာချောင်းဆိုးလိုက်တော့ အခြားသူတွေက အချင်းချင်းကြည့်လိုက်ကြသည် __ပါးစပ်ပိတ်ထား? ဘယ်စကားက အာ့ရှောက် သူတို့ကိုပါးစပ်ပိတ်ထားလို့ ပြောစေရတာလဲ?

နာလန်ထူခါစ ရှန်ပေါ်ဟန်က အနည်းငယ်မှုန်မှိုင်းနေပုံပေါ်ပြီး လူတိုင်းက သူ့ကိုစိတ်အနှောင့်အယှက်မပေးရဲပေ။

သေခြင်းတရားကိုမကြောက်တဲ့သူတစ်ယောက်တော့ ရှိသေး၏
"အာ့ရှောက် မင်းဒီလက်ထပ်ပွဲအကြောင်းကို သိထားနှင့်ပြီးသားလား?"

"......"

ကံမကောင်းစွာနဲ့ ရှန်ပေါ်ဟန်က သူ့အားအဖြေမပေးခဲ့။

အာ့ရှောက်က စကားပြောချင်နေမှန်း သူတို့မြင်နိုင်ပေမဲ့ သူကအသက်ရှူဖို့တောင် ဖားဖိုကြီးတစ်ကောင်လို ဟောဟဲလိုက်နေတာ စကားပြောဖို့ကတော့ ထားလိုက်တော့ပေါ့။

မတတ်သာတဲ့အဆုံး လူတိုင်းက သူ့ကိုကုလားထိုင်မှာထိုင်ရန် တွဲခေါ်သွားရတော့သည်။

ဧည့်ခံပွဲက တရားဝင်စတင်ပြီးနောက် ခြံဝင်းထဲကလူတွေက အနောက်တိုင်းအစဉ်အလာ စုံတွဲအကကို စတင်ကြတော့သည်။ အနီးအနားက ထိုင်တဲ့ဧရိယာမှာ လူသိပ်မရှိတာမို့ အတော်လေးတိတ်ဆိတ်နေသည်။

ကုလားထိုင်မှာ အတော်ကြာထိုင်ပြီးနောက် ရှန်ပေါ်ဟန်က နောက်ဆုံးတော့ ချောင်းဆိုးတာရပ်သွားပေမဲ့ ဗလာဖြစ်စွာ ရှေ့တူရှုကိုစိုက်ကြည့်နေပြီး စကားမပြောပေ။

လူတိုင်းကလည်း တစ်ခဏလောက်တိတ်ဆိတ်နေသည်။

ယန်ကျင်ရွှင်နဲ့ရှန်ရိကျင်းကို သူတို့မြင်ကွင်းထဲမှာ မတွေ့နိုင်ပေမဲ့ ဒီလူတွေကတော့ ထိုလူနှစ်ယောက်အကြောင်းကို တွေးနေကြတုန်းပင်။

ခဏကြာပြီးနောက် တစ်စုံတစ်ယောက်ကပြောလာသည် : "သူ ငါတို့အာ့ရှောက်ကို မျောက်မထားတာမဟုတ်သရွေ့ မေ့လိုက်တော့"

"ဟုတ်တယ် ဟုတ်တယ်"

အာ့ရှောက်အမူအရာက မကောင်းမှန်းလည်းမြင်ရော လူတိုင်းက ဒီကိစ္စအကြောင်းပြောရင်း သူ့ကိုဆက်မလှုံ့ဆော်ရဲတော့ : "သူတို့ဘာကြီးပဲဖြစ်နေဖြစ်နေ ငါတို့အာ့ရှောက်ကမှ ယန်ကျင်ရွှင်ကို စွန့်ပစ်ခဲ့တဲ့သူလေ။ မင်းတို့အားလုံးမေ့သွားပြီလား? အစတုန်းကဆို ယန်ကျင်ရွှင်က အာ့ရှောက်နောက်နေ့တိုင်းလိုက်နေတာ။ သူက နိုက်ကလပ်ထိတောင်လိုက်လာပြီး အာ့ရှောက်ကိုကြိုက်တယ်လို့ပဲ ဆက်တိုက်ပြောနေခဲ့တာ..."

"ဟုတ်တယ် ယန်ကျင်ရွှင်က အာ့ရှောက်နောက် တကောက်ကောက်လိုက်နေတဲ့ခွေးတစ်ကောင်နဲ့တူတယ်လို့ ငါထင်တယ်။ သူ့ကိုဘယ်နေရာလျက်ခိုင်းခိုင်း လျက်တယ်လေ။ အခုသူကတာ့ရှောက်နောက်လိုက်နေပေမဲ့ ဘာပဲဖြစ်ဖြစ် သူကထိပ်ကိုလျက်ရုံပဲမဟုတ်...အား!"

ပြောနေတဲ့သူက ရုတ်ခြည်းအော်ဟစ်လိုက်ရပြီး တစ်ချိန်တည်းမှာပဲ ပုံပျက်အားနည်းစွာထိုင်နေတဲ့ ရှန်ပေါ်ဟန်က ဗြုန်းစားကြီး ခက်ထန်လာကာ စကားပြောနေတဲ့သူ့အပေါင်းအပါကို လက်သီးနဲ့ထိုးလိုက်သည်။

"မင်းရဲ့ချီးပါးစပ်ကို ပိတ်ထားလိုက်!"

သူကဖျားနေဆဲဆိုပေမဲ့ အားအပြည့်နဲ့သူ့ထိုးချက်က မသက်သာလှဘဲ သူ့အော်သံကလည်း ကြောက်မက်ဖွယ်ရာပင်။

ဒါကမပြီးဆုံးသေးဘဲ ချက်ချင်းပင် နောက်ထပ် ထပ်ထိုးကာ အခြားစကားလုံးတွေဖြင့် ဆဲရေးတော့၏။

အပေါင်းအပါရဲ့မျက်နှာက ချက်ချင်းပင်အရောင်ပြောင်းသွားပြီး အခြားသူတွေကလည်း ရှော့ခ်ရနေကာ လျင်လျင်မြန်မြန်မတ်တပ်ရပ်ပြီး သူတို့ကိုလူခွဲလိုက်ရသည်။

"မင်းဘာလုပ်နေတာလဲ အာ့ရှောက် ဘာလို့သူ့ကိုထိုးရတာလဲ?" လင်လိက ရှန်ပေါ်ဟန်ရဲ့လက်သီးကို ဦးဆောင်ကာဆွဲတားလိုက်သည်။

သူထင်လိုက်တာက အာ့ရှောက်က ခဏတာစိတ်ရှုပ်ထွေးနေတာကြောင့် တစ်စုံတစ်ယောက်ကို ထိုးမိတာပေါ့၊ ဒါပေမဲ့ မမျှော်လင့်ထားစွာပဲ ရှန်ပေါ်ဟန်က သူ့လက်ကိုပါခါချလာသည် : "ငါလူး ငါ့ကိုမထိနဲ့ မင်းလည်းဘာမှကောင်းနေတာမဟုတ်ဘူး!"

သူ့အသံက အက်ကွဲနေကာ ကျိုးပျက်လုနီးနီးဆိုပေမဲ့ သူ့စကားလုံးတွေရဲ့အဓိပ္ပါယ်ကတော့ ထင်သာမြင်သာရှိလှ၏။

ကြမ်းတမ်းရက်စက်စွာ အတွန်းခံလိုက်ရရင်း လင်လိက ကြက်သေ,သေနေတော့၏။ အခြားသူတွေကလည်း ဒီဘက်ခြမ်းက ရုတ်ရုတ်သဲသဲဖြစ်မှုကို ကြားတဲ့အချိန် အားလုံးက ခေါင်းလှည့်ပြီးကြည့်ရင်ကြည့်၊ ဒါမှမဟုတ် ပတ်ပတ်လည်မှာပဲ ရိုးရှင်းစွာစုရုံးလာကြသည်။

သူတို့အဖွဲ့ထဲမှာ လင်လိရဲ့နေရာက ရှန်ပေါ်ဟန်နောက် ဒုတိယနေရာမှာပင်၊ အခု ထိုညီငယ်တွေက သူ့ကိုထိတ်ထိတ်ပျာပျာကြည့်နေကြတော့ သူမျက်နှာပျက်သလိုခံစားရ၏။

သို့တစေ ရှန်ပေါ်ဟန်ရဲ့လက်ရှိဒေါသကို သူမဖော်ထုတ်နိုင်ပေ။ တတ်နိုင်သလောက် အသင့်လျော်ဆုံးဖြစ်ရန် အကောင်းဆုံးကြိုးစားရုံသာတတ်နိုင်ပြီး တည်ငြိမ်စွာပြောလိုက်သည် : "ရှန်အာ့ မင်းရူးနေပြီ! မင်းငါတို့နဲ့ ဘယ်လိုရူးသွပ်မှုမျိုးကိုကစားနေတာလဲ"

သူ့လေသံက အာ့ရှောက်ကို နှစ်ဖက်စလုံးအနောက်တစ်လှမ်းစီဆုတ်ရန် သဲလွန်စပါရှိနေ၏။

ရှန်ပေါ်ဟန်က တကယ်ပဲဘာမှမလုပ်သလို ဘာမှလည်းထပ်မပြောပေ။

နောက်လိုက်အုပ်စုရဲ့အဖွဲ့ဝင်တော်တော်များများက အခြားဧည့်သည်တွေကြားမှာ တိတ်ဆိတ်နေသည်။ လင်လိနဲ့အခြားသူတွေက နောက်ဆုံးမှတုံ့ပြန်နိုင်သွားသည်။ ခုနက ရှန်ပေါ်ဟန်လူတွေကိုရိုက်နေချိန်မှာ ဆဲရေးနေတာအပြင် သူအအော်အများဆုံးအရာကတော့...
"ယန်ကျင်ရွှင့်အကြောင်း မင်းတစ်ခုလောက်ထပ်ပြောရဲရင်ပြောကြည့်စမ်း"

ထိုကဲ့သို့ဟာမျိုးပင်။

...

ဒီတော့ အခြေအနေကဘာကြီးလဲ?

အာ့ရှောက်က တကယ်ကြီးယန်ကျင်ရွှင်ကို ကြိုက်နေတုန်းလား? ?

အဖွဲ့ထဲမှလူအားလုံး ရှောခ့်ရကုန်သည်။

"ဒါက တစ်ခုတည်းသောဖြေရှင်းချက်ပဲ မဟုတ်ရင်သူဘာလို့ရုတ်တရက်ကြီးလူထရိုက်မှာလဲ! အများဆုံးမှ ငါတို့က မကျေမနပ်ပြောနေခဲ့ရုံလေးလေ!"

"ဒါက ပိုင်ရှင်ပြောင်းသွားတဲ့ ခွေးတစ်ကောင်သာသာပဲလေ၊ အာ့ရှောက်က တကယ်ကြီးအဲ့ဒါကိုအလေးအနက်ထားနေတာလား?!"

လူတိုင်းက သူတို့နှလုံးအိမ်ထဲမှာ မကျေမချမ်းညည်းညူနေကြပေမဲ့ လင်လိကတော့အတွေးနက်နေသည်။ သူရုတ်တရက်တွေးမိသွားတယ် ဒီရက်ပိုင်းရှန်ပေါ်ဟန်က နေမကောင်းဖြစ်နေပြီး သူတို့ကိုလည်းလာတွေ့ခွင့်မပြုတာတွေက ယန်ကျင်ရွှင်နဲ့လည်း ဆက်စပ်နေလိမ့်မယ်...

ပုံမှန်အားဖြင့် အာ့ရှောက်ဖျားနေတဲ့အချိန် သူတို့ကသူ့အိမ်သွားပြီး သွားရှုပ်ကြသည်။ ထိုအချိန်မှာ တစ်ဖက်လူက သူတို့ရှိနေရင် မပျင်းရဘူးဟုပြောကာ သူတို့ကိုပျော်ပျော်ရွှင်ရွှင်ဧည့်ခံတတ်စမြဲပင်။

သို့သော်ငြား ဒီရက်တွေမှာ...သိသိသာသာကို မူမမှန်ဖြစ်လွန်းတယ်!

သူတို့ကို တွေ့ခွင့်ပိတ်ထားတဲ့သူက အာ့ရှောက်အမေမဟုတ်ဘဲ အာ့ရှောက်ကိုယ်တိုင်က သူတို့ကိုမတွေ့ချင်တာကြောင့် ရည်ရွယ်ချက်ရှိရှိရှောင်နေတာလည်း ဖြစ်နိုင်တာပဲ

သို့ပေမဲ့ ဒီတစ်ခေါက်ဖျားနာမှုက တကယ်ကိုပြင်းထန်တာ...

...ယန်ကျင်ရွှင် ကောင်လေးပြောင်းလိုက်တဲ့အကြောင်း အာ့ရှောက်သိသွားပြီး ဒေါသနဲ့ဖျားသွားတာများ ဖြစ်နိုင်မလား?

ဒါမှမဟုတ် သောကတွေပြည့်သိပ်သွားတဲ့ ဖျားနာမှုလား?

မတိုင်မီက ရှန်အာ့က ယန်ကျင်ရွှင်ကိုအရမ်းကာကွယ်ပေးနေတာကို သူမြင်ခဲ့သည်။ သူက ယန်ကျင်ရွှင့်ကို လူတိုင်းရှေ့မှောက်မှာ ဆူပူကြိမ်းမောင်းနေကျဆိုပေမဲ့ အခုချိန်မှာတော့ သူ့နောက်ကွယ်မှာ နည်းနည်းလောက်ပြောရုံနဲ့တင် ဒေါသတကြီးလူတွေကိုရိုက်နှက်တယ်...

လင်လိကလည်း ပိုပိုပြီးဒေါသထွက်လာ၏။ သူအစောကြီးကတည်းက ဒီပွဲကိုတက်ရောက်ရန် ရှန်အာ့ရဲ့အလင်းရောင်ကို ငှားရမ်းလို့မရခဲ့တဲ့အတွက် ဒေါသထွက်နေခဲ့တာကို အခု တစ်ဖက်လူက သူ့ကိုပေါ်တင်ပဲ ဘာမျက်နှာသာမှမပေးတော့ဘူး...

အဲ့ထက်ပိုတာက ရှန်အာ့ရှောက်က အမြဲဒီလိုမျိုးစက်ဆုပ်ဖွယ်လူကျင့်ဝတ်၊ အပြုအမူရှိသူတစ်ယောက်ဖြစ်တာမို့ သူ့နောက်လိုက်တာက အဓိပ္ပါယ်မရှိပေ။ *ရွှံ့တွေက နံရံကိုမဟန့်တားနိုင်ဘူး။ သူက တာ့ရှောက်ရယ်ကို လုံးဝမယှဉ်နိုင်ပေ။

[*စွမ်းရည်မရှိသူတွေက ဘယ်နေရာကိုမှရလိမ့်မည်မဟုတ်ပေ]

...

အစတုန်းက သူဘာလို့အာ့ရှောက်လှေပေါ်ရောက်သွားခဲ့ရတာလဲ?

တာ့ရှောက်ရယ်က အေးစက်ပြီးခက်ထန်သော်ငြား သူကရင့်ကျက်ကာ ကျိုးကြောင်းဆီလျော်ပြီး သူ့လက်အောက်ငယ်သားတွေကို မကြိမ်းမောင်း၊မရိုက်နှက်ပေ...

လခွမ်းပဲ အဲ့ဒါအမှန်ပဲ တကယ်လို့တာ့ရှောက်ရယ်က နိုင်ငံရပ်ခြားမှာ နှစ်ရှည်ကြာစွာနေထိုင်ခဲ့ပြီး သူတို့တွေက အဲ့လူကိုမေ့သွားခဲ့တယ်ဆိုတဲ့အချက်ကြောင့်သာ မဟုတ်ရင် ဘယ်သောက်ရူးကများ အာ့ရှောက်ဆီကိုဘက်ပြောင်းနေခဲ့မှာလဲ!

သူဒါကိုပိုတွေးလေလေ ပိုပြီးနောင်တရလေလေဖြစ်ကာ လင်လိရဲ့ဒေါသကလည်း အရှိန်တက်လာသည်။

သို့သော်ငြား သူတိုက်ရိုက်အော်ထုတ်လိုက်တဲ့အထိတော့ လုပ်မှာမဟုတ်။

လူတစ်ယောက်ကိုသတ်ဖို့က သူတို့နှလုံးသားကို သတ်ရမယ်။ လင်လိက တမင်သက်သက် ပြဿနာကိုသာလျှင် ရှာတွေ့သွားပြီး မယှဉ်သာအောင်ရှော့ခ်ရသွားကာ မတွေးတောနိုင်တော့တဲ့ပုံကိုဟန်ဆောင်ပြီး : "ငါပြောတာက အဲ့လိုမဟုတ်ပါဘူး..အာ့ရှောက် မင်းကြိုက်နေသေးလို့မဖြစ်ဘူးလေ...မဖြစ်ဘူး သူကမင်းမရီးလေကွ!"

......

သူဒါကိုပြောလိုက်တော့ ပွဲလာပရိတ်သတ်တွေက အုတ်အော်သောင်းတင်းဖြစ်သွားတော့သည်။

အားလုံးရုတ်ခြည်းဆိုသလို ဆွေးနွေးမှုတွေက တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။အဆုံးမှာတော့ ပတ်လည်ရှိ လူအများစုက ရှန်ပေါ်ဟန်ကိုသိတယ်လေ

ရှန်မိသားစုအခြေအနေရယ်၊ ယနေ့လူအိုကြီးရှန်ကြေညာမှုခေါင်းစဉ်ရယ်ပေါင်းစပ်လိုက်တော့ ထိုမရီးကဘယ်သူမှန်း မှန်းဆရန်မခက်ခဲတော့ချေ။

......

ဒီလိုပေါက်ကွဲဖွယ်သတင်းကြောင့် ဘယ်သူကများ ရှော့ခ်မရဘဲနေမှာလဲ!

ထို့ထက်ပိုတာက လူအုပ်ကြားရှိအမေးခံလိုက်ရတဲ့အာ့ရှောက်က အဲ့ဒါကိုမငြင်းပယ်ခဲ့ပေ။ သူက ဒေါသထွက်နေတာလား ဘာလားဆိုတာ ဘယ်သူမှမသေချာပေ။

ဒါက...ပိုလို့တောင်စိတ်လှုပ်ရှားဖို့ကောင်းသေးတယ်!

သူတို့အားလုံးသိထားတာက ရှန်မိသားစုရဲ့တာ့ရှောက်ရယ်က လက်ထပ်တော့မယ်

သို့ပေမဲ့ ဘယ်သူမှမသိတာက...ထိုအသစ်ပေါ်ပေါက်လာသူနဲ့အာ့ရှောက်မှာလည်း ဒီလိုမျိုးဆက်နွယ်မှုတစ်ခုရှိနေတယ်ဆိုတာကိုပဲ!

ဆွေးနွေးမှုက သိပ်မကြာလိုက်ပေ။ သိပ်မဝေးတဲ့ဆီမှာ နောက်ထပ်ပွက်လောရိုက်မှုဖြစ်လာသည်။ တမူထူးကာ ရှည်လျားဖြောင့်မတ်တဲ့ရှန်ရိကျင်းက လူအုပ်ကြားကိုတိုးလို့ အတွင်းဘက်ဆီရောက်လာသည်။

သူ့ဘေးမှာတော့ ယနေ့အငြင်းပွားမှုရဲ့ဇာတ်လိုက်ဖြစ်သူ ချောမောတဲ့လူငယ်လေးပင်။

"အဲ့ကလေးနာမည်က ယန်ကျင်ရွှင်မလား?"

ပတ်ပတ်လည်မှာ လူတွေကပိုပိုများလာပြီး ပွဲကြည့်ပရိတ်သတ်တွေက တီးတိုးပြောလာသည်:
" ငါကြားခဲ့တာတော့ ရှန်မိသားစုရဲ့သခင်ငယ်လေးနှစ်ယောက်က မဆိုးမကောင်းဆက်ဆံရေးမျိုးရှိတယ်တဲ့ အခုဘယ်လိုလုပ်ပြီး ဒီလိုမျိုးတူညီတဲ့လူကို ကြိုက်သွားရတာလဲ..."

" အနီးကပ်မြင်ရတော့ သူကတော်တော်ကိုကြည့်ကောင်းတာ"

"ဘယ်မိသားစုက ကလေးမှန်းငါမသိပေမဲ့ လူအိုကြီးရှန်ဆီကနေ ငါကြားတာကတော့ ဒီလူူငယ်လေးက အတော်လေးလုပ်နိုင်စွမ်းရှိတယ်တဲ့"

"ဒါက အံ့သြစရာမဟုတ်ပါဘူး မဟုတ်ရင် ဘယ်လိုလုပ်သူကဒီလိုမျိုးကိုဖမ်းဆွဲနိုင်ပါ့မလဲ!..."

"အာ့ရှောက်က သူ့အစ်ကိုကို အနိုင်မယူနိုင်တာကသာမန်ပါပဲ။ ရှန်ပေါ်ဟန်က အရမ်းငယ်လွန်းသေးတယ်လေ ငါကြားတာတော့ သူကကောလိပ်မှာတောင် ကောင်းကောင်းမလေ့လာဘူးတဲ့၊ ပြီးတော့ရှန်ရိကျင်းကိုကြည့်လိုက်ဦး။ ဒီလူနှစ်ယောက်မှာ တစ်ယောက်က မြင့်မားလွန်းပြီး တစ်ယောက်ကတော့ နိမ့်ကျလွန်းတယ်"

"ဟေး အဲ့ဒါကပုံမှန်ပဲမဟုတ်ဘူးလား? အာ့ရှောက်ရယ်ရဲ့အမေက ဒုတိယဇနီးဆိုတာ ဘယ်သူကမသိလို့လဲ။ သူကလေးဘဝတည်းက သူ့မိဘတွေက အလိုလိုက်ထားခဲ့တာ၊ တာ့ရှောက်ရယ်ကိုကြည့်လိုက်ဦး...သူက ငယ်ငယ်လေးကတည်းက တစ်ယောက်တည်းကြီးပြင်းလာတာလေ။ ငါသူငယ်ချင်းတစ်ယောက်ဆီက ကြားတာကတော့ သူ့အဖေက အရမ်းကိုဘက်လိုက်တယ်တဲ့!"

"အဲ့မိထွေးကလည်း ကောင်းမနေပါဘူးကွာ။ သူမက ဒီနှစ်တွေအတွင်း ရှန်မိသားစုနာမည်အောက်ကနေ စီးပွားရေးတွေလုပ်ခဲ့တာ ဒါပေမဲ့ပြီးခဲ့တဲ့နှစ်အနည်းငယ်မှာ ကုမ္ပဏီတွေကအခွံလွတ်ဖြစ်နေတဲ့ကိစ္စဖြစ်သွားသေးတယ်..."

"ဟေး မင်းပြောမှပဲငါမှတ်မိပြီ! သူမက လုံးဝကိုရိုးသားတဲ့သူမဟုတ်ဘူး။ ရှန်မိသားစုရဲ့ဂုဏ်သတင်းက အတည်ကြီးကိုကျဆင်းသွားတာ၊ တာ့ရှောက်ရယ်ပြန်လာပြီးနောက်မှပဲ ပြန်တည်ဆောက်နိုင်ခဲ့တာလေ!"

အခြားသူတွေဆွေးနွေးနေစဉ် ရှန်ရိကျင်းနဲ့ကျင်ရွှင်ကတော့ နီးကပ်လာနေပြီဖြစ်သည်။

ထိုခိုးဆွေးနွေးသံတွေကို ရှန်ပေါ်ဟန်ကြားနိုင်ပေမဲ့ သေသပ်တဲ့ဝတ်စုံဖြင့် သူ့ဆီလျှောက်လှမ်းလာသောလူငယ်လေးကို မြင်လိုက်ရတော့ အခြားဘာကိုမှဂရုမပြုနိုင်တော့ပေ။

သာယာဖွယ်ပီယာနိုတေးသွားက ဥယျာဉ်ထဲမှာ ပျံ့လွင့်နေဆဲပင်။

ရှန်ပေါ်ဟန်က ဒီလက်ရာကိုသိသည်၊ "Mariage d'amour"ပင်။

သူ့မျက်လုံးထဲမှာတော့ ကြည်လင်ဖြူသန့်နေတဲ့မြင့်မြတ်ရောင်ခြည်ဟာ ပိန်ပါးရှည်လျားတဲ့လူငယ်လေးအပေါ် ဖြာသွန်းနေပြီး ယန်ကျင်ရွှင့်ခြေဖဝါးအောက်ဝယ် ကျက်သရေရှိတင့်တယ်လှတဲ့ပန်းပွင့်ဖြူတွေပွင့်လန်းနေသလိုပင်။

...သူမနေ့က အိပ်မက်တစ်ခုမက်ခဲ့တယ်

သူမက်ခဲ့တဲ့ထဲမှာ ယန်ကျင်ရွှင်က ဒီလိုမျိုးပဲ ရောင်လျှံစက်ဝန်းတို့ဖုံးလွှမ်းလျက် churchကျောင်းဝင်ပေါက်ကနေ သူ့ဆီကိုဖြည်းညင်းစွာလျှောက်လှမ်းလာသည်။

သူတို့တွေက အထွတ်အမြတ်ထားအပ်တဲ့ဟောခန်းမထဲမှာ ရှိနေကြပြီး အခုလိုမျိုးပဲ လူတိုင်းရဲ့ဝန်းရံခံလျက် ဆွေမျိုးမိတ်သဟာတွေဆီကနေ ကောင်းချီးဆုတောင်းတို့ လက်ခံခါနီးပင်ဖြစ်သည်။

အဆုံးမှာတော့ အိပ်မက်ထဲက ယန်ကျင်ရွှင်က သူ့ဆီလျှောက်လှမ်းမလာခဲ့ပေ။

အခုနဲ့တူတူပဲ။ သူက ရှန်ရိကျင်းဘေးကိုလျှောက်သွားကာ နှစ်ဦးသားက ထပ်တူညီစုံတွဲဝတ်စုံတွေကိုဝတ်ဆင်ထားကြပြီး အချင်းချင်းအကြည့်ချင်းဖလှယ်နေကြသည်။

ပတ်ဝန်းကျင်ရှိဆွေးနွေးသံတွေက ပိုပိုပြီးထင်ရှားလာသည် __

"ဒီလိုမျိုး တူတူရပ်လိုက်တော့ ဥက္ကဋ္ဌရှန်က ပိုပြီးခံ့ညားနေတုန်းပဲ"

" ဘာဖြစ်မှန်းငါမသိပေမဲ့ ဒီနေ့လိုပွဲအခမ်းအနားမှာတော့ အာ့ရှောက်က ဒီလိုမြင်ကွင်းမျိုးမလုပ်သင့်ဘူး"

" မင်းမရီးကိုကြိုက်တာတို့ ဘာတို့ကအရမ်းကိုစိတ်လှုပ်ရှားဖို့ကောင်းလွန်းတယ် ခွေးသွေးဒရမ်မာတွေနဲ့ပြည့်နေတဲ့ စစ်မှန်တဲ့လူချမ်းသာမိသားစုဗားရှင်းပေါ့ ဟားဟားဟား..."

"ဝူးဝူးဝူး အဲ့ဒါကိုမပြောစမ်းပါနဲ့၊ ငါလည်းညီအစ်ကိုနှစ်ယောက်လုံးရဲ့ကြိုက်တာကို ခံချင်လိုက်တာ တကယ်တမ်းကျတော့ အာ့ရှောက်ကအဲ့လောက်အဆိုးကြီးမဟုတ်ပါဘူး..."

"...မင်းကလား?"

"ငါ့ကောင်တို့ရေ မင်းတို့တွေ ချကြတော့မှာလား?"

" အာ ငါအဲ့ဒါကိုစောင့်စားနေမယ်နော်"

ဦးတည်ရာအားလုံးကနေ စကားပြောနေကြတဲ့လူတွေများလွန်းတာကြောင့် အသံတွေက အနီးအနားရှိသီချင်းသံကိုတောင် လွှမ်းမိုးသွားလုနီးပါးပင်။ လူတိုင်းက ထိုအကြောင်းကိုပေါ်တင်ပြောနေကြတာကိုမြင်တော့ အခြားသူတွေက ပိုပိုပြီးမရိုးမဖြောင့်ဖြစ်လာကြသည်။

ရှန်ပေါ်ဟန်က လက်သီးတင်းတင်းဆုပ်လိုက်မိ၏။

တစ်ချိန်တည်းမှာပင် ယန်ကျင်ရွှင်နဲ့ရှန်ရိကျင်းက သူ့ရှေ့မှောက်မှာ လာရပ်ကြသည်။

ရှန်ပေါ်ဟန်က ဘေးချင်းကပ်မတ်တပ်ရပ်နေတဲ့လူနှစ်ယောက်ကို ငေးကြည့်လိုက်သည်။

ဥက္ကဋ္ဌရှန်လာတာကိုမြင်တော့ ထိုဝန်းရံထားမှုအတွင်းရှိနေတဲ့လင်လိနဲ့အခြားသူတွေက ထပ်ပြီးမပြောရဲတော့ပေ။

--ဒီနေရာမှ ဆူဆူညံညံဖြစ်မှုက ရှန်ရိကျင်းကို နှောင့်ယှက်မိသွားလိမ့်မယ်လို့ သူတို့ထင်မထားခဲ့ပေ

ရှန်ရိကျင်းရှိတဲ့နေရာတိုင်း သူတို့စကားလုံးတွေနဲ့ အပြုအမူတွေကို အသိစိတ်ရှိစွာဖြင့် သတိထားရသည်။

"ဥက္ကဋ္ဌရှန်" လင်လိက သူ့ခေါင်းကိုအနည်းငယ်ညွတ်ကာ အခြားသူတွေနဲ့အတူ ရှန်ရိကျင်းအားနှုတ်ဆက်လိုက်သည်။

သို့သော်ငြား ရှန်ရိကျင်းက သူတို့ကိုအနည်းငယ်သာစောင်းကြည့်ပြီး ပြန်မဖြေပေ။

ထိုထူးမခြားနားမက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းတွေနဲ့ မြဲမြံစွာစိုက်ကြည့်ခံလိုက်ရတော့ လင်လိနဲ့အခြားသူတွေက အတော်ကြာမှတုံ့ပြန်နိုင်သွားပြီး သူ့ဘေးရှိကျင်ရွှင့်ကိုနှုတ်ဆက်လိုက်သည် : "ယန်...Mr.ယန် c-congratulations ပါ"

ကျင်ရွှင်ကလည်း ဘာအသံမှမပြုပေ။

သူက အနီးအနားရှိ ရှန်ပေါ်ဟန်ကိုသာကြည့်လိုက်သည်။

သူတို့ပတ်လည်ရှိဆွေးနွေးမှုတွေက ရှန်မိသားစုညီအစ်ကိုနှစ်ယောက်ရဲ့ ဆန့်ကျင်ကွဲလွဲမှုကို နက်နက်ရှိုင်းရှိုင်းဆက်တူးဖော်နေကြသည်။ ကျင်ရွှင်က မနေနိုင်ဘဲ အဲ့အကြောင်းကို အနည်းငယ်ပိုပြီးစဉ်းစားကြည့်လိုက်မိ၏ __ဆန်ကုန်မြေလေးgongက ဒီနေ့တမင်တကာ ပြဿနာလာရှာပြီး သူ့ကိုလက်တုံ့ပြန်ဖို့တော့မဟုတ်ပါဘူးနော်?

ထိုအခိုက်အတန့်မှာ ရှန်ရိကျင်းကလည်း သူ့အာရုံကို ရှန်ပေါ်ဟန်ဆီရွှေ့လိုက်သည်။ အရပ်မျက်နှာအစုံမှ ဆွေးနွေးမှုကို တုံ့ပြန်တဲ့အနေဖြင့် သူကတည်ငြိမ်သောအမူအရာဖြင့်မေးလိုက်သည် : "အားဟန်က သက်သာသွားပြီလား"

ရှန်ပေါ်ဟန်က ကျင်ရွှင့်ကို အတော်လေးကြာအောင် ကြည့်နေဆဲဆိုပေမဲ့ သူ့အစ်ကိုကြီးရဲ့စကားလုံးတွေကို လျစ်လျူမရှုခဲ့။ သူပြန်ဖြေလိုက်၏
"သက်သာလာပါပြီ"

သူ့အမြင်အာရုံထဲမှာ ရှန်ရိကျင်းက လူမြင်ကွင်း၌ ယန်ကျင်ရွှင့်လက်ကို ဆုပ်ကိုင်ထားသည်။

ထိုပြောင်းလဲမှုကို သတိပြုမိရင်း သူ့မျက်လုံးတွေက ထိုလက်ကနေတစ်ဆင့် ရှန်ရိကျင်းရဲ့ခန္ဓာကိုယ်ဆီ တစ်ဆက်တည်းလိုက်ပါသွား၏။

အလင်းရောင်အောက်မှာ လူငယ်လေးက သိမ်မွေ့စွာဖြင့် သူ့အစ်ကိုကြီးနံဘေးကို ယိုင်လိုက်သည်။

ရှန်ရိကျင်းက သူ့အား ဖြည်းညင်းစွာဖြင့် အဓိပ္ပါယ်ပါပါပြောလာသည်
"ငါတို့အရင်က နှစ်ကြိမ်တွေ့ပြီးပြီးနော် ဟုတ်တယ်မလား? ဒါကမင်းရဲ့မရီးပဲ"

"......"

ရှန်ပေါ်ဟန်ရဲ့တင်းကျပ်နေတဲ့ လက်သီးဆုပ်က ပြေလျော့သွားပြီးနောက် တစ်ဖန်ပြန်တင်းကျပ်သွားကာ ဘယ်အချိန်မှာမဆို ခုနကသူလုပ်ခဲ့သလိုမျိုး ထထိုးတော့မယ့်ပုံနဲ့ပင်။

သို့တစေ သူ့မျက်နှာချင်းဆိုင်ရှိ ရှန်ရိကျင်းကတော့ နေရာမှာပဲ ခိုင်မာစွာရပ်နေသည်။

သူ့မျက်လုံးတွေက နက်မှောင်နက်ရှိုင်းနေပြီး သူ့အကြည့်ကလည်း မီးတိုင်တစ်ခုလိုပင်။ အပေါ်စီးကနေ သူ့ကို တည့်တည့်မတ်မတ် စီးမိုးကြည့်လာတဲ့အချိန် ပတ်ဝန်းကျင်ကပင် မီးခိုးရောင်သန်းသွားသလို။

အနီးအနားရှိလူတွေတောင်မှ ဖိနှိပ်မှုတစ်မျိုးကိုခံစားနေရသည်။

လက်သီးတင်းတင်းဆုပ်ထားတဲ့ ရှန်ပေါ်ဟန်က အဆုံးမှာတော့ မလှုပ်ရှားခဲ့ပေ။

အဲ့အစား ရှန်ရိကျင်းက အနိမ့်သံဖြင့် သူ့ကိုထပ်ခေါ်လာသည် : "အားဟန်"

လေသံက အတန်ငယ်တင်းမာနေ၏။

"..."

ရှန်ပေါ်ဟန်ရဲ့တင်းနေအောင်ဆုပ်ထားတဲ့လက်သီးက တုန်ယင်လာသည်။

သူ့မျက်လုံးတွေက မျက်အိမ်ထဲကနေ ထွက်တော့မယောင်ဖြစ်လာကာ ပိန်လှီနေတဲ့ပါးပြင်က အံတင်းတင်းကြိတ်ထားမှုကြောင့် ပိုပိုပြီးတွန့်ရှုံ့လာသယောင်။

ဒီလိုမတိုးသာမဆုတ်သာအခြေအနေက အချိန်ဘယ်လောက်မှန်းမသိ ကြာညောင်းသွားသည်။

ရှန်ရိကျင်းရဲ့မျက်တောင်မခတ် စူးရှတဲ့အကြည့်အောက်မှာ ရှန်ပေါ်ဟန်ရဲ့နီရဲနေတဲ့မျက်ဝန်းတွေက နောက်ဆုံး၌ ကျင်ရွှင့်ဆီတစ်ဖန်ပြန်လည်ကျရောက်သွားပြန်သည်။

ပြီးတော့ ဒီနီးကပ်တဲ့အကွာအဝေးမှာ သူ့မျက်လုံးတွေက ရုတ်ခြည်းပို၍နီရဲလာသည်။

မရေမတွက်နိုင်တဲ့ခံစားချက်တွေက လျှံထွက်ကျမတတ်ဖြစ်လာပေမဲ့ အဆုံးမှာတော့ ဘာမှဖြစ်မသွားခဲ့ပေ။

ရှန်ပေါ်ဟန်က အသက်ပြင်းပြင်းရှူကာ နောက်ဆုံးတော့စကားပြောလာသည် : "မင်္ဂလာပါ မရီး"

သူ့အသံက အနည်းငယ်မူမမှန်စွာဖြင့် ကျယ်လောင်နေကာ သူ့မှာရှိသလိုအားတွေအကုန်လုံး ထည့်သွင်းလိုက်သလိုမျိုးဖြစ်နေပြီး ဖျားနေတဲ့အသံနဲ့လုံးဝမတူပေ။

ဒါက လုံလောက်အောင်ကြည်လင်တာကြောင့် ပတ်လည်ရှိလူတွေပါ ကြားသွားကြပြီး ငြိမ်ကျသွားသည်။

ခုနက မင်္ဂလာပါဆိုတာက တံခါးအချို့ကို ဖွင့်လိုက်ပုံပေါ်ပြီး အဲ့ဒီနောက်မှာတော့ ရှန်ပေါ်ဟန်က အပြုံးတစ်ခုပေးလာသည်။

ထိုအပြုံးက အရုပ်ဆိုးပေမဲ့ အတော်လေးသဘာဝဆန်သည်။ သူက အနည်းငယ်သက်တောင့်သက်သာရှိတဲ့အသံဖြင့် ရှန်ရိကျင်းအားပြောလိုက်သည် : "အစ်ကိုကြီး စေ့စပ်ပွဲအတွက်ဂုဏ်ယူပါတယ်။ ဒီရက်တွေအတွင်း ကျွန်တော်ဖျားနေတာနဲ့ အစ်ကိုကြီးကိုဘာမှမကူလိုက်ရဘူး။ တကယ်လို့နောက်ပိုင်းတစ်ခုခုလိုအပ်ခဲ့ရင် ကျွန်တော့်ကို ဘယ်အချိန်မဆိုခေါ်နိုင်ပါတယ်"

သူဒါကိုပြောပြီးနောက် ပတ်ဝန်းကျင်ရှိ ဆွေးနွေးမှု၊ထင်ကြေးပေးမှုမျိုးစုံက ချက်ချင်းရပ်တန့်သွားသည်။

သို့ပေမဲ့ ရှန်ပေါ်ဟန်က ဒါကိုထပ်ပြီးသတိမပြုနိုင်တော့ချေ။

သူက တစ်ဖန်ပြုံးကာ "ကျွန်တော်နည်းနည်းမသက်မသာဖြစ်နေသေးတယ်၊ အဲ့ဒါကြောင့်မို့ ကျွန်တော်အနားယူဖို့အရင်ပြန်သွားလိုက်ဦးမယ် အစ်ကိုကြီး...မရီး"

သူထွက်သွားတော့မယ်ဆိုတာ အချက်ပြပြီးနောက် လူအုပ်ကြီးကိုတိုးဝှေ့ကာ ဗီလာရဲ့ရှေ့တံခါးဆီ တည့်တည့်လျှောက်သွားလိုက်၏။

ပွဲကြည့်ပရိတ်သတ်အချို့က အနောက်မှလိုက်ကာ လူစုခွဲလိုက်ကြသည်။ ကျန်သူတွေက ရှန်ရိကျင်းသူတို့ကိုလှည့်ကြည့်လာချိန် သဘာဝကျကျပဲ ထွက်ခွာသွားကြ၏။ မုန်တိုင်းငယ်လေးက ဒီလိုနဲ့ပြီးဆုံးသွားခဲ့လေပြီ

ဘယ်သူမှမသိတာကတော့ လူအုပ်ကြီးကိုတွန်းဖယ်ကာ ခြံဝင်းတစ်လျှောက်ပြန်သွားတဲ့ရှန်ပေါ်ဟန်က တုန်ယင်စွာနဲ့သန့်စင်ခန်းထဲမှာ သူ့ကိုယ်သူသော့ခတ်လိုက်ပြီး အကြမ်းပတမ်းကိုချောင်းဆိုးနေသည်။

သူချောင်းဆိုးနေရင်း သွေးနှစ်ငုံအန်လိုက်ရ၏။ ဒီမတိုင်ခင်တုန်းက သူ့လျှာဖျားသူကိုက်ထားခဲ့တာပင်။ ချောင်းဆိုးလိုက်တဲ့အခါ သွေးနံ့ပြင်းပြင်းက သူ့ပါးစပ်နဲ့လည်ချောင်းထဲ ပျံ့နှံသွားတော့သည်။

သူတစ်ဖန်ခေါင်းမော့လာချိန် ရှန်ပေါ်ဟန်က မျက်ရည်အပြည့်နှင့်ပင်။

...

လူအုပ်ကြီး လူစုခွဲသွားပြီးနောက် ရှန်ရိကျင်းကြည့်ရတာ ပုံမှန်ပြန်ဖြစ်သွားပုံပင်။

တကယ်တော့ ခုနက ရှဲန်းရှန် ဆန်ကုန်မြေလေးgongကို စိုက်ကြည့်နေချိန် ယန်ကျန်းပေါ်ကိုစိုက်ကြည့်တုန်းကလို ထိတ်လန့်ဖွယ်ခံစားချက်ကြီးဖြစ်ပေါ်လာခဲ့ပေမဲ့ ကံကောင်းစွာနဲ့ ထိုခံစားချက်က မြန်မြန်လာပြီးမြန်မြန်ထွက်သွားသည်။ ရှန်ပေါ်ဟန်ထွက်သွားပြီးနောက် ရှဲန်းရှန်လည်း သူ့ပုံမှန်အသွင်အပြင်ကို ပြန်လည်ရောက်ရှိသွားသည်...

ဒါက ထူးဆန်းလိုက်တာ!

ရှန်ရိကျင်းက သိသိသာသာကို မူမမှန်ဖြစ်နေခဲ့တာလေ!

မတိုင်မီက သူဟာလက်ထဲမှာ ရှန်ပိန်တစ်ခွက်ကို ကြော့မော့စွာကိုင်လျက် ယဉ်ကျေးစွာဖြင့် သူနဲ့စကားလာပြောတဲ့သူတွေကို ပြန်တုံ့ပြန်တယ်ဆိုသော်ငြား သူသိပ်မသောက်ခဲ့ပေ။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာ သူနဲ့စကားပြောဖို့လာတဲ့သူတွေရော၊ ကောင်းချီးပေးဖို့လာသူတွေရော၊ ကိစ္စအကြောင်းအရာစုံစမ်းဖို့လာသူတွေရော အားလုံးကို ရှန်ရိကျင်းက ခွက်လှုပ်ပြကာ တစ်ခွက်လုံးကို တစ်ငုံတည်းနဲ့သောက်နေသည်။

ကျင်ရွှင် : ?

ဒီရက်တွေအတွင်း လူမှုရေးဆိုင်ရာ ဧည့်ခံပေးမှုတွေမှတစ်ပါး ရှဲန်းရှန်က မသောက်ပေ။

စစဦးဆုံး သူက နောက်ထပ်နှစ်ခွက်သောက်လိုက်ပြီး ကျင်ရွှင်ကလည်း အဲ့အကြောင်းကို အများကြီးတွေးမနေခဲ့။ အများဆုံးမှ ဒီနေ့ရှဲန်းရှန်ပျော်နေတယ်လို့သာ သူတွေးမိခဲ့သည်။

သို့ပေမဲ့ နောက်တစ်ယောက်က သောက်ဖို့လာပြောတိုင်း သူက အကြိမ်တိုင်းလိုလို ခွက်ကိုအပြောင်ရှင်းလိုက်သည်။ ဒါက မူမမှန်ဘူးဆိုတာသိသာနေတာပဲကို!

မမျှော်လင့်ထားစွာဖြင့် မူမမှန်ရှဲန်းရှန်ဟာ အရပ်ရှည်ကာအင်အားကြီးနေဆဲဖြစ်ပြီး မတ်မတ်ရပ်နေလျက် အရင်ကနဲ့အတူတူပင်။

အခြားသူတွေက သူအများကြီးသောက်ထားမှန်းမသိကြဘဲ ခွက်ချင်းတိုက် ဂုဏ်ပြုပေးရန်အတွက် စီတန်းစောင့်နေကြဆဲပင်။

ကျင်ရွှင်က အနည်းငယ်ခံစားချက်မကောင်းဖြစ်လာကာ သန့်စင်ခန်းသွားမို့ဆိုတဲ့အကြောင်းပြချက်ဖြင့် ရှန်ရိကျင်းအား ဗီလာထဲဆွဲခေါ်ပြီး ဒုတိယထပ်ရှိ ရှဲန်းရှန်အခန်းဆီ တောက်လျှောက်တက်သွားလိုက်သည်။

ကျင်ရွှင်က အရင်တစ်ခေါက် လေးစားသမှုပြရန်လာတုန်းက ရှန်ရိကျင်းအခန်းဆီဝင်ဖူးတယ်ဆိုပေမဲ့ ဒီနေရာမှာခဏသာအနားယူခဲ့တာဖြစ်သည်။ ရုတ်တရက်ကြီး သူတို့မှာလုပ်စရာပေါ်လာတာကြောင့် နှစ်ဦးလုံးက အဆုံး၌ဒီမှာမနေနိုင်ခဲ့။

သို့ပေမဲ့ သူ့အတွက် ဒီနေရာရှိပုံစံတွေနဲ့ ရင်းနှီးရန် ထိုအရာကပဲလုံလောက်နေပါပြီ

ရှဲန်းရှန်အခန်းကလည်း suiteအခန်းဖြစ်ပြီး ပုံမှန်သန့်ရှင်းရေးလုပ်ထားပေးပုံပင်။ အတွင်းပိုင်းအပြင်အဆင်နဲ့ ပရိဘောဂတွေက ဗီလာရဲ့ဟာတွေနဲ့အတူတူပင်ဖြစ်ပြီး သူတို့က ရှန်ရိကျင်းနဲ့သက်ဆိုင်တဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းအနည်းငယ်စီစဉ်ပေးထားမှန်း သိသာလှသည်။

သူက သိသိသာသာကိုပဲ ဒီနေရာကိုသိပ်ပြီးပြန်မလာဖြစ်ပေ။

သို့တစေ အရင်တစ်ခေါက် သူတို့မိသားစုညစာစားပွဲအတွက် ပြန်လာတုန်းကတော့ နှစ်ယောက်သား ဒီနေရာမှာ တစ်ရေးအိပ်ခဲ့ကြသည်။ သူက ဒီအခန်းကိုမငြင်းပယ်မှန်း ကျင်ရွှင်သိသည်။

လက်ရှိ ပထမထပ်က ဓာတ်လှေကားတွေနဲ့လှေကားထစ်တွေကို စောင့်ကြပ်နေကြတာမို့ ဒုတိယထပ်ကို မည်သူမှတက်လာမှမဟုတ်ပေ။

တံခါးပိတ်သွားကာ အောက်ထပ်က ဆူညံသံတွေနဲ့ သူတို့ကိုလုံးဝအတိ ခွဲခြားပေးလိုက်သည်။ ကျင်ရွှင်က ရှန်ရိကျင်းကို ထိတ်လန့်စွာစိုက်ကြည့်လိုက်သည်။

"ရှဲန်းရှန် ခင်ဗျားဘာဖြစ်နေတာလဲ?"

ရှန်ရိကျင်းက လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်ထားပြီး မတ်မတ်ရပ်နေကာ လုံးဝမသောက်ထားသလိုပင်။

သူက တံခါးဘောင်ပေါ်ကို ကိုယ်တစ်ဝက်မှီထားပြီး အသွင်အပြင်က ချင့်ချိန်စဉ်းစားတတ်ပုံပေါ်နေကာ သူ့အသံတောင်မှ မပြောင်းလဲပေ : "ရှောင်ရွှင်က သန့်စင်ခန်းသွားဖို့မဟုတ်ဘူးလား? သွားလေ ကိုယ်မင်းကိုဒီကစောင့်နေမယ်"

သူ့အသံက နိမ့်ဆင်းနက်ရှိုင်းနေဆဲဖြစ်ပေမဲ့ ကျင်ရွှင်တစ်ယောက်သာလျှင် ကြားနိုင်တဲ့ ကြင်နာမှုလည်းအချို့လည်း ပါရှိနေသေးသည်။

ကျင်ရွှင် : "......"

ဝိုင်အများကြီးသောက်ထားတဲ့ရှဲန်းရှန်က သူ့မျက်နှာပေါ်မှာ ဖြူလည်းမဖြူ နီလည်းမနီသလို သူ့အမူအရာတောင်မှ တူညီစွာရှိနေဆဲပင်။

သူ တစ်ဖက်လူရဲ့နက်မှောင်တဲ့မျက်ဝန်းတွေကို မျက်နှာချင်းဆိုင်လိုက်သည်။ ကျင်ရွှင်က ၎င်းတို့ထံမှ မည်သည့်သဲလွန်စကိုမှ မမြင်နိုင်။

သူ့နှလုံးသားထဲမှာ သံသယတချို့စတင်ဖြစ်တည်လာသည်၊ ရှဲန်းရှန်ရဲ့အသောက်စွမ်းရည်ကပဲ အဲ့လောက်ထိကောင်းတာဖြစ်နိုင်လား?

သူဘယ်လောက်သောက်သောက် မမူးနိုင်တာကြောင့် အသေအလဲသောက်နေတာများလား?

ဘာမဟုတ်တာလေးကို သူအကဲပိုလွန်းသွားတယ်လို့ ကျင်ရွှင်ရုတ်ခြည်းခံစားလိုက်ရသည်။

သူက အတော်လေး တောင်းတောင်းပန်ပန်ဖြင့်ပြောလိုက်သည်
" ကျွန်တော်သန့်စင်ခန်းသွားမို့ မဟုတ်ပါဘူး ကျွန်တော်ကြောက်တာက ခင်ဗျား...ရှဲန်းရှန်ကအဆင်ပြေတယ်ဆိုမှတော့ ကျွန်တော်သန့်စင်ခန်းသွားလိုက်ဦးမယ်။ ဒါပေမဲ့ခင်ဗျားလျှော့သောက်တာ ပိုကောင်းမယ်နော်"

သူအကြံပြုချက်တစ်ခုပေးရန်ကြိုးပမ်းလာသည်။

ရှန်ရိကျင်းက အသံတိုးတိုးဖြင့် တုံ့ပြန်၏ : "အင်း"

"ကောင်းပြီ"

ဒါကိုကြားတော့ ကျင်ရွှင်လည်း တစ်ဖက်လှည့်ကာ သန့်စင်ခန်းသွားရန် ပြင်လိုက်၏။

တစ်ဖက်မလှည့်နိုင်သေးခင်မှာပဲ ခပ်မြန်မြန်လေးတစ်ချက်ကြည့်လိုက်တော့ ရှန်ရိကျင်းက ရုတ်တရက် ခပ်ယဲ့ယဲ့ရပ်ကာ သူ့နှာရိုးကို ကသိကအောက်ဖြစ်မှုအချို့နှင့် နှိပ်နယ်လိုက်ကြောင်း ကျင်ရွှင်မြင်လိုက်ရသည်။

"ရှဲန်းရှန်?!"

ကျင်ရွှင်က ကတိုက်ကရိုက်လက်ဆန့်ထုတ်ပြီး သူ့ကိုတွဲဖို့ကြိုးပမ်းလိုက်၏။

ရှန်ရိကျင်းက ဒီလိုပြင်းထန်တဲ့အမူအရာမျိုးပြတာ ရှားပါးလှတာကြောင့် ကျင်ရွှင်လည်းအံ့သြသွားရသည်။

သို့ပေမဲ့ သူ့လက်မောင်းတွေကို ဆန့်ထုတ်လိုက်ချိန်မှာပဲ ထိုလက်ကောက်ဝတ်နှစ်ဖက်က ဗြုန်းစားကြီးဖမ်းဆုပ်ခံလိုက်ရကာ နီးကပ်အောင်ဆွဲခံလိုက်ရ၏။ တစ်နည်းတစ်ဖုံဖြင့် သူက တံခါးဘောင်မှာ ရှန်ရိကျင်းရဲ့ကာဆီးခြင်းခံထားရတဲ့ ပုံစံဖြစ်သွားသည်။

"......ရှဲန်းရှန်?"

ရှန်ရိကျင်းရဲ့ဖြစ်စဉ်ကို ပထမဆုံးအချိန် သူသက်သေခံလိုက်ရတုန်းကလည်း ဒီလိုမျိုး တံခါးမှာဖိပြီးအပိတ်ခံခဲ့ရတာ။

[ဖြစ်စဉ်ဆိုတာက ရှန်ရိကျင်းစိတ်ဖောက်တဲ့အချိန်ကိုပြောတာပါ]

ကျင်ရွှင့်ရဲ့ဆိုးရွားတဲ့စိတ်ထင့်နေမှုကြီးကို အတည်ပြုလိုက်နိုင်ပြီ...လက်ရှိ ရှဲန်းရှန်က ပုံမှန်အခြေအနေမှာမဟုတ်ဘူး!

ကိစ္စရပ်တွေ ပိုမဆိုးစေရန် သူဒီတစ်ခေါက် အကြိမ်အနည်းငယ်လောက်အော်ခေါ်ခဲ့ပေမဲ့ ရှန်ရိကျင်းကမတုံ့ပြန်ဘူး!

ပြင်းထန်တဲ့အရှိန်အဝါက သူ့ခန္ဓာကိုယ်ရဲ့တစ်လက်မချင်းစီတိုင်းကို ဖြတ်သန်းဝင်ရောက်လာကာ ကျင်ရွှင်ကမရုန်းကန်ရဲသလို လျှောက်လည်းမလှုပ်ရဲပေ။ ရှန်ရိကျင်းရဲ့အကြည့်က သူ့မျက်နှာပေါ် တည့်တည့်မတ်မတ်ကျရောက်နေလျက် ခက်ထန်မှုန်မှိုင်းတဲ့ခံစားချက်က သူ့အရေပြားကိုဖြတ်သန်းကာ တစ်လက်မပြီးတစ်လက်မ ဝင်ရောက်လာပြီး ဝိုးတိုးဝါးတားနာကျင်မှုနဲ့အတူ သူ့မျက်နှာကိုတိုက်စားနေသလိုပင်။

သူဘာတွေဖြစ်နေမှန်း ကျင်ရွှင်တကယ်နားမလည်ပေ။

သို့ရာတွင် ဒီလိုအချိန်မျိုးမှာ ရှဲန်းရှန်ခံစားရတဲ့အရာက သူပြသတာထက် အမြဲတမ်းပိုခက်ခဲတယ်ဆိုတာကို ကျင်ရွှင်ကောင်းစွာသတိထားမိသည်။

ဒီအချိန်မှာ ရှန်ရိကျင်းကို ဒေါသထွက်စေနိုင်တဲ့ဖြစ်နိုင်ချေရှိပေမဲ့လည်း ကျင်ရွှင်က ဖိအားအောက်မှာ လက်ကိုဆန့်ထုတ်ပြီး တစ်ဖက်လူရဲ့ခါးကို ရစ်ပတ်ရန်ကြိုးစားကြည့်လိုက်ဆဲပင်။

ရှန်ရိကျင်းခါးက သန်မာပြီးတင်းရင်းကာ ထိလို့အရမ်းကောင်းသည်။

သူလည်ပင်းမော့ကာ တစ်ဖက်လူကိုကြည့်လိုက်ပြီး ဗာဒံစေ့သဏ္ဍာန်သူ့မျက်ဝန်းတွေကလည်း သောကဝေမှုတစ်စွန်းတစ်စကို ပြသရင်း ကျင်ရွှင်ကဂရုတစိုက်မေးလိုက်သည်
"ရှဲန်းရှန် ခင်ဗျားဘာဖြစ်နေလဲဆိုတာ ကျွန်တော့်ကိုပြောပြနိုင်မလားဟင်?"

လူငယ်လေးရဲ့လုပ်ဆောင်ချက်က အသိစိတ်အချို့ပြန်ရစေတာဖြစ်ကောင်းဖြစ်နိုင်သလို ထိုရေလိုကြည်လင်နူးညံ့တဲ့မျက်ဝန်းတွေထဲက စွဲကျန်ရစ်နေသောအလိုလိုက်မှုတွေနဲ့ တုံ့ဆိုင်းနေမှုတို့ကြောင့်လည်း ဖြစ်နိုင်သည်။

ရှန်ရိကျင်းရဲ့အမူအရာက အများကြီးနူးညံ့သွား၏။ သို့သော် သူက တင်းကျပ်စွာမျက်မှောင်ကြုတ်ထားဆဲဖြစ်ပြီး ဒီအခိုက်အတန့်မှာ သူကအလွန်ပြင်းထန်တဲ့ခေါင်းကိုက်မှုဝေဒနာခံစားနေရကြောင်း ညွှန်ပြနေသည်။

ကျင်ရွှင်က ဒီတိုင်း အချိန်အကြာကြီးငေးကြည့်နေမိသည်။ အဲ့နောက်မှာတော့ ရှန်ရိကျင်းခေါ်လာတာအား ရုတ်တရက်ကြားလိုက်ရ၏ : "ရှောင်ရွှင်"

"အွန်း" ကျင်ရွှင်က ခပ်သွက်သွက်လေးတုံ့ပြန်လိုက်သည်။

ထို့နောက်ချက်ချင်းပင် မေးချွန်ချွန်က အထိခံလိုက်ရပြီး သွယ်လျလျလက်ချောင်းတွေက သူ့နားရွက်တွေကြား ခြေရာကောက်ရန်ရှေ့တိုးနေသည်။

ဒါက ပြတ်တောင်းပြတ်တောင်း ထိကိုင်မှုမျိုးသာဖြစ်ပြီး အမြတ်တနိုးတန်ဖိုးထားရတဲ့ အလွန်အဖိုးထိုက်တန်သောအနုပညာလက်ရာတစ်ခုကို ကိုင်တွယ်နေသလိုမျိုးပင်။

လက်ထိပ်တွေက ခပ်ဖျော့ဖျော့လေးထိလာပြီး ချက်ချင်းပင်ပြန်ဆုတ်သွားကာ ဒီထိကိုင်မှုကြောင့် သူ့အားကျိုးကြေသွားမှာ စိုးရိမ်နေသလိုပင်။

တစ်ချိန်တည်းမှာပဲ ရှန်ရိကျင်းက ပြောမပြနိုင်အောင်လောက်အောင် ရူးသွပ်တဲ့အကြည့်မျိုးဖြင့် သူ့အားကြည့်လာသည်။

သူက တိုးညင်းသောအသံဖြင့် စကားပြောလာပြီး သူ့လေသံက ဝမ်းနည်းမှု၊ပျော်ရွှင်မှုတို့ကင်းမဲ့နေကာ ဘာခံစားချက်ကိုမှ မကြားနိုင်ချေ : "ရှောင်ရွှင်က...ကိုယ့်ဒုတိယညီငယ်ကို အရမ်းကြိုက်ခဲ့တာလား?"

ကျင်ရွှင် : ...?

တကယ်တမ်းကျ ခုနကခြံဝင်းထဲမှာ တိုက်တိုက်ဆိုင်ဆိုင်ပင် ရှန်ရိကျင်းကလည်း လင်လိပြောတာကိုကြားသွား၏။

တစ်ချိန်က သူစိတ်ထဲမထားချင်ခဲ့တဲ့ကျင်ရွှင့်အတိတ်က ပေါ်တင်ထုတ်ဖော်ပြောခံလိုက်ရသည်။

"တစ်ချိန်တုန်းက ယန်ကျင်ရွှင်ကအာ့ရှောက်ကို အရမ်းကြိုက်ခဲ့တာ" ဆိုတဲ့စကားလုံးတွေကို သူကြားလိုက်ရတဲ့အချိန် ရှန်ရိကျင်းတောင်မှ မလွဲဧကန်ထိန်းချုပ်မှုလွတ်သွားခဲ့သည်။

သူစိတ်ထဲထားတယ်ဆိုတာကို သူဝန်ခံတယ်

သူ့ရှောင်ရွှင်လေးက အခြားသူကို နူးညံ့ကာ တစ်ဦးတည်းကိုပဲအာရုံစိုက်တဲ့အကြည့်မျိုးနဲ့ကြည့်ခဲ့ဖူးတယ်လို့ သူတွေးလိုက်မိရုံနဲ့တင် သဝန်တိုမှုကြောင့် သူရူးသွပ်သွားတော့မလိုဘဲ။

သို့သော်ငြား ကျိုးကြောင်းဆီလျော်နိုင်စွမ်းက ဒါဟာကျင်ရွှင့်အမှားမဟုတ်မှန်း သူ့ကိုပြောနေသည်။ သူက လူမှားကြိုက်ခဲ့ရုံသာဖြစ်ပြီး သူတို့ကွဲခဲ့ကြတာ အတော်ကြာနေပြီ။

လက်ရှိ သူ့ကျင်ရွှင်လေးက ရှန်ပေါ်ဟန်ကို ဆက်မကြိုက်တော့ဘူး

__ရှောင်ရွှင်က အဲ့လိုပြောခဲ့တယ်လေ

ဒါပေမဲ့ သူ့ကျင်ရွှင်လေးက သူ့ကိုကြိုက်တယ် ဒါမှမဟုတ် အဲ့လိုမျိုးအခြားတစ်ခုခုမျိုးကို တစ်ခါမှမပြောခဲ့ဖူးပေ။

မုန်တိုင်းမလာခင် လေငြိမ်နေသလိုမျိုး၊ တစ်စုံတစ်ခုက ကျဆင်းလာတော့မလိုမျိုး ရှန်ရိကျင်းခေါင်းက ပေါက်ကွဲထွက်လုမတတ်ပင်။

ခေါင်းကိုက်မှုကိုသည်းခံကာ လူငယ်လေးရဲ့တိတ်ဆိတ်မှုအောက်တွင် အနောက်ပြန်ဆုတ်ဖို့ သူ့ကိုယ်သူတွန်းအားပေးလိုက်၏။

သူက လူငယ်လေးရဲ့နဂိုကြည်လင်အေးချမ်းတဲ့မျက်ဝန်းတွေဟာ တဖြည်းဖြည်းဖြင့် သောကရောက်ရာမှ စိုးရိမ်ပူပန်မှုသို့၊ ထိုမှ သံသယဖြစ်မှု၊ စိတ်ရှုပ်ထွေးမှု၊ ပြီးနောက်အနည်းငယ်ဗလာဖြစ်မှုတို့ကို တစ်ဆင့်ချင်းပြောင်းသွားတာအား စောင့်ကြည့်နေမိသည်။

ရှန်ရိကျင်းက သူ့ကိုယ်သူ အနောက်လှည့်ပြီး ပြန်ဆုတ်ရန် ဖိအားပေးလိုက်သည်။

__ ကျင်ရွှင့်ကို နာကျင်စေမဲ့အရာမျိုး သူမလုပ်နိုင်သလို သူ့အတွက်ဖြေရခက်မဲ့ဒီလိုမေးခွန်းမျိုး မေးတာကိုလည်း မလုပ်သင့်ဘူး

ဒါက တကယ်တော့ဘာမှမဟုတ်ပါဘူး

သူတို့မှာ ရှေ့ဆက်ရမဲ့ခရီးအရှည်ကြီးရှိသေးတယ်

သူဒီအကြောင်းကို ဟိုးအရင်ကတည်းတွေးထားပြီးသား၊ သူ့ရှောင်ရွှင်လေးကို သူစိတ်ရောကိုယ်ပါမြှုပ်နှံပြီးဆက်ဆံပေးနေသရွေ့ အဆင်ပြေတယ်

ဘယ်သူ့ကိုမှ ရိုးသားစစ်မှန်မှုအလုံးစုံဖြင့် သူတစ်ခါမှမတောင်းဆိုခဲ့ဖူးပေ။

ကျင်ရွှင့်အလှည့်ရောက်လာတဲ့အခါမှာလည်း အဆင့်ကျော်တောင်းဆိုမှုတွေကို သူမလုပ်သင့်ပေ။

ရှန်ရိကျင်းက ပြတ်ပြတ်သားသားပင် နောက်လှည့်လိုက်၏။

သူ့ခါးက ဖြောင့်တန်းကာ နောက်ကျောကတည့်မတ်နေသည်။

သူစကားပြောချင်ရုံသာဖြစ်သည်။

သူ့နောက်ရှိ လူငယ်လေးက သတိပြန်ဝင်လာကာ ရုတ်ခြည်းပြောလာသည်
"ရှဲန်းရှန် ကျွန်တော်အာ့ရှောက်ကို မကြိုက်ခဲ့ဖူးဘူး"

လူငယ်လေးရဲ့ကြည်လင်ကာနူးညံ့သိမ်မွေ့တဲ့အသံက ရှေ့ပြေးအသိပေးချက်တွေမရှိပါဘဲ ရုတ်တရက်ဆိုသလိုထွက်ပေါ်လာပေမဲ့ ထိုအရာက တိမ်တွေကိုဖြတ်သန်းကာ ကောင်းကင်ကိုဆုတ်ဖြဲပြီး ချောက်ချားဖွယ်မြူခိုးထုအတွင်းမှ တိုးထွက်လာသောဟုန်းဟုန်းတောက်နေမင်းလိုပင်။

သူပြောလာတာအား ရှန်ရိကျင်းကြားလိုက်ရသည် : "တကယ်တော့ ကျွန်တော်...ကျွန်တော်က ယန်ကျင်ရွှင်မဟုတ်ဘူး"

Mariage d'amour (Marriage of Love) is a piece of French solo piano music, composed by Paul de Senneville in 1979, and first performed by the pianist Richard Clayderman from his album Lettre À Ma Mère in 1979.

ဒါက Pianist Richard Clayderman တီးခတ်ထားတဲ့versionပါ တော်တော်ကြာနေပြီဆိုတော့ တီးလုံးသံနောက်မှာ တချို့သိပ်မကြည်တဲ့အသံတွေပါနေတယ်၊ ကြည်လင်ရှင်းနေတဲ့ဟာကိုနားထောင်ချင်ရင်တော့ Youtubeမှာ Mariage d'amourဆိုပြီး ရိုက်ရှာပြီးနားဆင်လို့ရပါတယ်

Продовжити читання

Вам також сподобається

1.2M 89.7K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
39.2K 5.7K 6
Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ ချစ်ဖို့ကောင်းတဲ့short storyလေးပါ♡˖꒰ᵕ༚ᵕ⑅꒱ This is just a fun translation. I do not...
33.3K 3.4K 6
အရမ္​း​ေျဖာင္​့တယ္​။ အရမ်းဖြောင့်တယ်။
608K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...