သက္က သခင်မလေးထွက်သွားပြီးနောက် ညောင်စောင်းပေါ်မှာ ငုတ်တုတ်လေးထိုင်နေသော သခင်လေးကိုကြည့်လိုက်ပြီး
ဘာလုပ်ပေးရမှန်းမသိဖြစ်သွားသည်။
သခင်လေးကြည့်ရတာ ရုပ်နှင့်နာမ်ကွာနေသည့်အတိုင်း ငူငူငိုင်ငိုင်ဖြစ်နေသည်ကိုတွေ့ရသည်။
ဧကလေး ဒီကိုဘယ်လိုရောက်လာရသည်လဲဆိုတာ အကြိတ်အနယ်စဉ်းစားနေမိသည်။
“ထူးခြား....”
“.....”
ကိုယ့်ကိုပြူးကြည့်နေသော ထူးခြားကြောင့် ဒီဘက်ခေတ်မှာ သူကထူးခြားမဟုတ်ဘူးဆိုတာ တွေးမိသွား၍
“ဆောဒီး မင်းနာမည်ဘာ....”
“သက္ကပါသခင်လေး...”
“အေး သက္က ...ခု ငါက ဘယ်ရောက်နေတာလဲ...”
“သရေခေတ္တရာပြည်ပါသခင်လေး....”
“သရေခေတ္တရာ ကြားဖူးသလိုတော့ရှိပါတယ်....ဘယ်နှခုနှစ်လဲ.....”
“သာသနာနှစ် ၃၈၆ခုနှစ်ပါသခင်လေး...”
“ဟမ်....၃၈၆ဟုတ်လား....ဟိုမှာက ၂၅၆၅နှစ်(သာသနာနှစ်)....ဗုဒ္ဓေါ သူက လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀ကျော်ထိကိုရောက်လာတာတဲ့လား....ဒါဆို...ခုကဘာခေတ်လဲ...”
“ပျူခေတ်ပါသခင်လေး....”
“အော် ပျူခေတ်....ဘာ ပျူခေတ်ထိတောင် ဟုတ်လား.....”
*ဘယ်လိုတွေတောင်လား....သူကြားဖူးသည့် ဗမာလူမျိုးများအစပျူခေတ်ကဆိုသည့်စကားပုံလို သူက မြန်မာနိုင်ငံခေတ်ဦးပိုင်းထိရောက်လာရသည်တဲ့လား....wtf...အဲ့ဒါမှတော့ မထူးတော့ ကျောက်ခတ်ထိရောက်လိုက်ပါတော့လားဟ....ဒါဆို အဝတ်အစားဘာညာတောင်မလိုတော့ဘူးလေ မဟုတ်ဘူးလား....*
(ပျူခေတ်မှပျူလူမျိုးများသည် တိဘက်-ဗမာအနွယ်ဝင်များထဲမှ မြန်မာနိုင်ငံအတွင်းသို့ အစောဆုံးရောက်ရှိအခြေချခဲ့သည့် လူမျိုးများအနက်မှ အုပ်စုတစ်စုဖြစ်မည်ဟု မှန်းဆရသည်။အသားအရောင်ပေါ်မူတည်၍ လူမျိုးခွဲခြားသောစနစ်အရ ပျူတို့သည် မွန်ဂိုလွိုက်ခေါ် အသားဝါမျိုးနွယ် အုပ်စုတွင်ပါဝင်သည်။)
“ဟုတ်ပါတယ်သခင်လေး....”
သက္က သခင်လေး၏ ထူးဆန်းနေသော အမူအရာများက ပိုဆိုးလာသောကြောင့် ဒီတိုင်းထားလို့ဖြစ်ပါ့မလားဟုတွေးနေမိသည်။
“ဒါဆို ငါကရော ဘယ်ကလဲ....”
“သခင်လေးက ဗိဿနိုးကလေ....ဘာမှမမှတ်မိတော့ဘူးလား သခင်လေး....”
“မမှတ်မိတာမဟုတ်ဘူးဟေ့... ဘာမှကိုမသိတာ....ဗိဿနိုးဟုတ်လား....”
ဧကလေး ဗိဿနိုးပြည်ကိုတော့ သိသည်။ရာဇဝင်တွေထဲမှာ ဗိဿနိုးပန်ထွာဘုရင်မဆိုပြီး ကျော်ကြားသည်ကို သူကြားဖူးသည်။
ပေပင်ရာဇဝင်တွေနှင့်အတူ လှပ၊ရဲရင့်ပြီး ထက်မြတ်သောအမျိုးသမီးတစ်ဦးဖြစ်ကြောင်းကိုသိရသည်။ဒါဆို သူကဗိဿနိုးကဆိုတော့ ပန်ထွာဘုရင်မနှင့် ဆွေတော်မျိုးတော်ပတ်သတ်လောက်မည်ထင်သည်။
*မသိတော့ဘူး ရှုပ်တယ်....*
“ဟုတ်ပါတယ်သခင်လေး ကျွန်တော်မျိုးတို့က ဗိဿနိုးပြည်နယ်ကပါ....သခင်လေး အစ်မတော်က သရေခေတ္တရာပြည်ရဲ့မင်းနဲ့ လက်ဆက်မှာမို့ သခင်လေးက သရေခေတ္တရာပြည်ကို သခင်မလေးနဲ့အတူတူ လိုက်ပါလာခြင်းပဲဖြစ်ပါတယ် သခင်လေး....”
“အော်....ပေါက်ပြီ...ပေါက်ပြီ ....
ငါက ဗိဿနိုးကပေါ့...စောနက အမျိုးသမီးက ငါ့အစ်မ....ငါ့အစ်မက ဒီနိုင်ငံဘုရင်နဲ့ လက်ဆက်မှာမို့ ငါတို့က ဒီကိုရောက်လာတယ်....မင်းက ငါ့နောက်လိုက်....ဟုတ်ပြီ...
ဒီခေတ်မှာ...ငါ့နာမည်ကရော ဘယ်သူလဲ...
ငါ့အစ်မနာမည်ကရော....”
“သခင်လေးရဲ့အမည်နာမက သျှင်းဓနနောင်...သခင်မလေး အမည်နာမက
ခတ္တရာသျှင်နွယ်...သခင်လေးအကို ဗိဿနိုးပြည့်ရှင်အမည်နာမက သီဟရာဇာ...သခင်လေး ခမည်းတော်က....”
“ဟိုးးးးstop ရပြီ ဒီလောက်ဆိုရပြီ...ငါနာမည်တွေအများကြီးမမှတ်နိုင်ဘူး ...
သျှင်းဓနနောင် အင်း မဆိုးပါဘူး...ခပ်တုံးတုံးကြီးမဟုတ်တဲ့အတွက်အဆင်ပြေတယ်....ခု လက်ဆက်ပွဲသွားရမှာမလား...ဘယ်ဟာဝတ်ရမှာလဲ....”
ဧကလေး လက်ရှိအခြေအနေကို အရင်ဆုံးလက်ခံဖို့ပြင်ဆင်ပြီး ဒီခေတ်ကနေ ဘယ်လိုပြန်ရမလဲဆိုတာ ရှာရဦးမည်ဖြစ်သည်။
ထို့ကြောင့် ဒီခေတ် ဒီလူတွေနှင့် သူ စိမ်းသက်နေ၍ မဖြစ်ပေ။အမြန်ဆုံးအသားကျအောင်လုပ်ရမည်။ခက်သည်က ဇာတ်ကားတွေထဲကလို ယာဉ်တိုက်မှုလည်းမဖြစ်ခဲ့။
ရေကန်ထဲလည်းပြုတ်မကျခဲ့။ ဘာမှမဖြစ်ခဲ့ပဲ ရောက်လာရသည့်အတွက် ဘယ်လိုပြန်သွားရမလဲဆိုတာ တကယ်ပင်မသိ။
ဒီဘက်ခေတ်မှာ သူမနေချင်ပါ။ခုချိန်လောက်ဆို ပါးပါးတို့ ဘယ်လိုခံစားနေရမလဲဆိုတာ သူတွေးမကြည့်ရဲ။သူ့သေသွားတာများလား...မဖြစ်နိုင်ဘူး။မသေချာပေမယ့်လည်း သူမသေသေးဘူးဆိုတာတော့ ယုံကြည်နေမိသည်။ပါးပါးတို့သူကို သေသွားပြီထင်မှာလည်းကြောက်သည်။
ထို့ကြောင့် အမြန်ပြန်နိုင်ရန် မီးစင်ကြည့်ကရမည်ပဲဖြစ်သည်။
“သကလပ်ပေါ်တင်ထားတဲ့ ဝတ်စုံတော်ပါသခင်လေး....”
သက္က သခွားစိမ်းရောင် ဝတ်စုံကို ညွှန်ပြရင်းပြောလိုက်သည်။
ဧက ဝတ်စုံကိုကြည့်လိုက်ရာ
“ဟင် သစ်ခွားစိမ်းရောင်...အရောင်နုကြီးလား...နုတယ်..မဝတ်ချင်ဘူး... အညိုရောင်ရှိလား....”
“ဟင်....”
ဧကပြောပြီးတော့မှ အံ့ဩသွားရသည်။
*သူအရောင်နုမှန်းသိတယ်...ပြီးတော့ အဲ့အရောင်က သစ်ခွားစိမ်းမှန်းလဲသိတယ်....ဗုဒ္ဓေါ...သူအရောင်တွေခွဲနိုင်သွားတာလား....*
ဧက အံ့ဩလွန်းမိသွားရ၍ ဒီနေ့တစ်နေ့ထဲမှာကို ဗုဒ္ဓေါတမိတာသည်ကလည်း မနည်းတော့။
ခလုတ်ထိမှအမိတသည်မဟုတ်ပဲ...သူက ဗုဒ္ဓေါတမိသည်ပဲဖြစ်သည်။
“အညိုရောင်လား သခင်လေး....”
သက္ကပြောရင်း အဝတ်အစားတွေထည့်ထားသောအရာကို လှပ်လိုက်ကာ အထဲမှာရှိသည့်အဝတ်အစားများကိုကြည့်လိုက်သည်။တကယ်ပဲသခင်လေးကတစ်ညထဲဖြင့် အများကြီးပြောင်းလဲသွားသည်။
အရင်က အရောင်နုလေးတွေပဲဝတ်တက်သည့်သခင်လေးက ခု အရောင်ရင့်သော အညိုရောင်ကိုမေးလာသည်။
ဆက်ပက်၊ဝိတ်၊ပိလိ...စသည့် သူတို့နားမလည်သည့် ထူးထူးဆန်းဆန်းစကားတွေကိုသုံးလာသည်။
ဧက အရောင်တွေခွဲနိုင်နေသည်ကိုခုထိမယုံနိုင်သေး။အချိန်ခရီးသွားလာလို့များ သူ့မျက်လုံးတွေ ပြန်ကောင်းလာတာလား။
ဒီလောကကြီး၏ထူးခြားဆန်းကျယ်မှူများကို သူလိုက်လို့ကိုမမှီနိုင်တော့ပေ။
ထို့ကြောင့် အညိုရောင်ရှာနေသော ထူးခြား မဟုတ်သေး သက္ကအနား သွားလိုက်ပြီး ကျော်ကြည့်လိုက်ရာ အရောင်အသွေးနုနုလေးတွေကိုစုံလင်စွာတွေ့လိုက်ရသည်။
ကြည့်ရတာ ဒီခေတ်က သူက အရောင်နုလေးတွေကြိုက်ပုံပင်။
ဧကလေးလည်း အရောင်နုတာတွေကိုကြိုက်ပါသည်။သို့သော်လည်း သူcolour blindဖြစ်သွားသည့်အချိန်မှစ၍ မဝတ်ဖြစ်တော့တာ ကြာပြီပဲဖြစ်သည်။
“ဟို မတွေ့ရင်လည်း ထားလိုက်တော့
ငါက ဘာနဲ့နေနေ ချောပြီးသားဆိုတော့ အဟမ်း! ဒါပဲဝတ်လိုက်တော့မယ်....”
“သဘောတော်အတိုင်းပါသခင်လေး...”
ထို့နောက် ဧက ဝတ်ထားသည့် အဝတ်အစားကိုချွတ်လိုက်၍ သခွားစိမ်းရောင်အင်္ကျီကိုပြောင်းဝတ်လိုက်သည်။
ဖြူဖွေးဖွေးအသားအရေပေါ်တွင် သခွားစိမ်းရောက်လေးက လိုက်ဖက်စွာပင်။
အပေါ်အဝတ်အစားအောင်မြင်စွာဝတ်ဆင်ပြီးသွားသည့်နောက် အောက်မှအထည်ကိုဝတ်ဆင်ရာတွင်မှ ဒုက္ခနှင့်လှလှတွေ့တော့သည်။
ပုဆိုးတောင်သေချာမဝတ်တက်သည့်သူက ဒါကြီးကို ဘယ်လိုဝတ်ရမှန်းလည်းမသိ။
“သက္က...”
“အမိန့်ရှိပါ သခင်လေး....”
“အဟမ်း! ဒါလာဝတ်ပေး....”
ဧက အဝတ်စကိုမြှောက်ပြရင်းပြောလိုက်သည်။ဟုတ်သည်လေ သူမှာ ပုဆိုးတောင် သေချာမဝတ်တက်တာ ဒါကြီး ဘယ်လိုလုပ် ဝတ်တက်မှာလဲ။
“ဟုတ်ကဲ့ဗျ သခင်လေး....”
သက္က ခေါင်းကို အသာကုပ်ရင်း အနားသွားဝတ်ပေးဖို့ပြင်လိုက်သည်။
“နေဦး...မင်း အကုန်ချွတ်မလို့လား...”
ဧက အောက်အဝတ်နားလက်လှမ်းနေသည့်သက္ကလက်ကိုအမြန်တားလိုက်သည်။
“ဟုတ်ပါတယ်သခင်လေး....”
“ဘာ...အဲ့လိုကျ အဆင်မပြေဘူးလေ....အဟမ်း! ဘယ်လိုပဲ ယောင်္ကျားလေးချင်းပြောပြော ဒါကြီးကျ....”
*ဟုတ်သည်လေ boxerဘာညာမပါပဲ ဟာလာဟင်းလင်းတို့လို့တွဲလောင်းတွေနဲ့အဆင်မပြေဘူးလေ...*
“အဲ့ဒါဆို သက္က သခင်လေးကို ဘယ်လိုလဲပေးရမလဲဗျ..”
“ဝတ်ပြ.....”
“ခင်ဗျာ.....”
“မင်းဟာကို ဝတ်ပြ...မင်းပြတဲ့အတိုင်း ငါလိုက်ဝတ်မယ်...Okလား....”
ဧက မျက်ခုံးပင့်ပြရင်း ပြောလိုက်သည်။
“ခင်ဗျာ အိုထေက ဘာကိုပြောချင်တာလဲသခင်လေးဗျ...”
“Okက အဆင်ပြေလားလို့မေးတာ...မှတ်ထား သေချာ... နှစ်ခါပြန်မပြောဘူး...”
“ဟုတ်...သခင်လေး...”
ထို့နောက်တွင်တော့ သက္က ရှေ့မှ ဝတ်ပြသည့်အတိုင်း ဧကလေးလိုက်ဝတ်လိုက်သည်။
လွယ်မလိုနှင့်ခက်သော ထိုကိစ္စကြောင့် ဧကလေး ခေါင်းတွေပါမူးလာရသည်။
လူကြားထဲကြမှ ကျွတ်ကြပါက သောက်ရှက်ကွဲဦးမယ့်အပြင် ပျူခေတ်ဆယ်လီဖြစ်သွားမည်ဖြစ်သောကြောင့် ခါးပတ်ကလည်းမရှိ၍ မတက်နိုင် ကြိုးနှင့်ထိန်းရပေဦးမည်။
“ကြိုးရှိလား....”
“ရှိပါတယ်သခင်လေး....”
“အင်း ရှိရင် ယူပေး...”
သက္က အဆောင်အပြင်ဘက်မှ လျှော်ကြိုးတစ်ချို့ကို ယူလိုက်ပြီး သခင်လေးဆီအမြန်ပေးလိုက်သည်။
ဧကမှာ သက္ကလာပေးသော ကြိုးဆိုသည့်အရာကြောင့် အံ့ဩသွားရသည်။
*လျှော်ကြိုးကြီးလား... အော် ဟုတ်သား ရှေးကျလွန်းတဲ့ပျူခေတ်မှာ ဘယ်လိုလုပ် ပလက်စတစ်ကြိုးရှိမှာတုန်း...ဒါပေမယ့် လျှော်ကြိုးနဲ့စည်းရင် သေချာပေါက် ခါးတွေ ပွန်းမှာပဲ...မဖြစ်သေးပါဘူး...*.
ဧကလေးတွေးရင်း အဝတ်တွေဆီသို့ အကြည့်ရောက်သွားခိုက် မျက်လုံးထဲလက်ကနဲဖြစ်သွားရသည်။
“ဟဟ...မင်းမြတ်ဧကဦးမာန် အဲလေ သျှင်းဓနနောင် ကြံရင် မဖြစ်တာမရှိစေရဘူးကွ...ဟဟ...ရပြီ အဲ့ကြိုးမလိုတော့ဘူး ဓားယူလာပေးပြီး မင်း အပြင်ကစောင့်နေလိုက်တော့ ငါထွက်ခဲ့မယ်.....”
“ဟမ်...ဟုတ်ကဲ့ဗျ သခင်လေး...အိုထေပါဗျ...”
“အံ..မယ်...မင်းက တက်လွယ်သားပဲ တော်တယ်...ဟိုဘက်က ထူးခြားထက်ကိုတော်တယ်....”
ဧကခေါင်းကို တဆတ်ဆတ်ညိတ်ရင်း ပြောလိုက်သည်။
သက္က သူ့သခင်လေးကို နားလည်ဖို့မကြိုးစားတော့ သခင်လေးပြောသည့်အတိုင်း ဓားမြောင်ယူပေးထားခဲ့ပြီး အပြင်ထွက်လာလိုက်သည်။
သက္က ထွက်သွားသည်နှင့် ဧက အလျှင်အမြန်ပဲ အဝတ်စတစ်ခုကိုယူ၍ ဘေးနားမှ လက်သုံးလုံးစာ အစကိုဖြတ်လိုက်သည်။
ထို့နောက် ထိုအစကို ခါးမှထိန်းချီလိုက်သည်။
“Yeah!...အဆင်ပြေသွားပြီ...ဟဟ...”
***********
သရေခေတ္တရာပြည်၏ ရာဇပုလ္လင်ပေါ်တွင် ဖခမည်းတော်မင်းကြီး ထိုင်တော်မူနေပြီး လက်ဝဲဘက်တွင်တော့ ပုရောဟိတ်ဆရာတော်ဦးဒိဗ္ဗ ထိုင်တော်မူနေသည်။
ပုလ္လင်ရှေ့ လက်ဝဲဘက်တွင် တိုင်ပြည်၏မှူးကြီးမတ်ရာများနှင့်အတွင်းဝန်မှူးမတ်များနေရာယူထားပြီး လက်ယာဘက်တွင် စစ်သေနာပတိချုပ်များ၊ရာထူးအလိုက် အုပ်ချုပ်ရေးမှူးများ နေရာယူထားသည်။
မကြာခင်တိုင်းပြည်၏ မင်းတစ်ပါးဖြစ်လာတော့မည့် ဒဝီဦးခိုက်မှာလည်း မဖြစ်မနေပြုလုပ်ရသည့် လက်ဆက်ပွဲအတွက် စိတ်အစုံဟာကြည်လင်မနေပဲ မျက်နှာတော်မှာတည်တင်းနေသည်။
မယ်မယ့်တောင်းသည့်ဂတိကိုသာ သူမပေးခဲ့ပါက ဒီလိုစိတ်ရှုပ်စရာကောင်းသည့် လက်ဆက်ပွဲမျိုး ရှိလာလိမ့်မည်မဟုတ်ပေ။
ယခုချိန်တွင်တော့ နောက်ဆုတ်မရတော့၍ အတက်နိုင်ဆုံး အမြန်ပြီးသွားဖို့ပဲ စိတ်ကထက်သန်နေမိသည်။ဒီလက်ဆက်ပွဲပြီးပါက သူဆောင်ရွက်ရမည့်ကိစ္စရှိသေးတယ် မဟုတ်ပါလား။
ခတ္တရာ မောင်ငယ်လေးကို စောင့်နေရင်း ခပ်လှမ်းလှမ်းမှ နန်းဆောင်ကြီးကိုမျှော်ကြည့်မိသည်။
မိဖုရားခေါင်နေသည့်နန်းဆောင်တော်ဟာ သူ့အတွက်တော့ ခြေချပြီးရင် ပြန်လှည့်ထွက်လို့မရသည့် အကျဉ်းထောင်ပင်ဖြစ်သည်။
ဖြစ်နိုင်ရင် သူ ထိုနန်းဆောင်တော်မှာ မနေချင်ပါ။ဒီကံ့ကော်ဆောင်မှာပဲ မောင်ငယ်လေးနှင့်အတူတူနေချင်သည်။
မိမိအားချစ်ခင်မြတ်နိုးခြင်းအလျဉ်းမရှိသည့်ထိုလူနှင့် ရှေ့ဆက်ရမည့်ဘဝအားတွေးမိတော့
သက်ပြင်းကိုအသာချမိသည်။တာဝန်တွေ
ဝတ္တရားတွေကြားထဲမှာ ထိုလူကသူ့ထက်ပိုပင်ပန်းပေဦးမည်ပဲဖြစ်သည်။
တစ်တိုင်းပြည်လုံး၏တာဝန်ကို ပုခုံးပေါ်ထမ်းတင်ထားပါသော ထိုလူသည်လည်း သူ့နည်းတူ မွန်းကြပ်နေလောက်သည်လား။
“ဟင်းးးးး”
မလှမ်းမကမ်းမှ သခွားစိမ်းရောင် ဝတ်စုံနှင့် ဆံနွယ်တွေကို အပြောင်ထုံးဖွဲ့ထားပါသော မောင်ငယ်လေးနှင့်အတူ သက္ကကို မြင်လိုက်သည့်အခိုက်မှာတော့ သူမရဲ့နှုတ်ခမ်းလေးတွေ ပြုံးမိသွားရသည်။
မောင်ငယ်လေးကို ကာကွယ်ဖို့အတွက်ပဲဖြစ်ဖြစ် သူသန်မာနေရမည်လေ။
“သျှင်းလေး ...”
ဧက ကိုယ့်ကိုနူးညံ့စွာပြုံးပြပြီး ခေါ်လိုက်သော အစ်မတော်ဆိုသည့် အမျိုးသမီးလေးကြောင့် ရင်ထဲတစ်မျိုးလေးဖြစ်သွားရသည်။ဖောင်းဖောင်းလေးသူ့ကို ပထမဆုံး ကိုကိုလို့ စခေါ်သည့်အချိန်တုန်းက ခံစားချက်မျိုးနှင့်ဆင်သည်။
“ဗျာ...”
“ဘာတွေပဲဖြစ်လာလာ အစ်မတော်တစ်ယောက်လုံးရှိတယ်နော် ခမည်းတော်နဲ့တွေ့တဲ့အခါ သျှင်းလေး သူ့အမူအရာတွေပေါ် ဝမ်းမနည်းပါနဲ့နော် ....ခမည်းတော်က သျှင်းလေးကိုချစ်ပါတယ်.....”
“ဟုတ်...အစ်မ...အစ်မတော်...”
ဧက သူဘာပြောချင်တာလဲဆိုတာသေချာ နားမလည်သော်လည်း ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက်တွင်တော့ အစ်မတော်နောက်မှ အသာအယာပင်လိုက်ခဲ့လိုက်သည်။
မင်္ဂလာအခါတော်ပေး စည်သံတွေနှင့်အတူ စောင်းသံများအကြား ဧကလေး စိတ်ဝင်တစား ကြည့်နေမိသည်။
ထီးနန်းအပ်ပွဲက အရင်ဖြစ်သောကြောင့် စည်းကားနေသည်ပဲဖြစ်သည်။
ဧက နန်းဆောင်အတွင်းရောက်လာသည့်အခါ အစ်မတော်တို့ထိုင်သလို အောက်တွင် အသာအယာဝင်ထိုင်လိုက်သည်။
အကုန်လုံးက ခေါင်းငုံ့ထားသဖြင့် ဧကလေးလည်း ရောယောင်ငုံ့ထားရသည်။
တဖွဲဖွဲဝင်ရောက်လာသော ဧည့်သည်များနှင့်အတူ ဗိဿနိုးမှ သူ့အစ်ကိုဆိုသည့်သူလည်း ရောက်နေလောက်ပြီဟု လမ်းတုန်းက သက္ကပြောသဖြင့်သိပြီးပြီဖြစ်သည်။
ရှေးတုန်းက မင်းတွေ၏ ဘုန်းတန်ခိုးအာဏာက အတော်လေးကြီးမားပုံရ၏။အသက်အရွယ်ကြီးမြင့်နေပုံရသော အမတ်များကပါ အောက်တွင်ထိုင်ပြီး ခေါင်းငုံ့ထားကြသည်ကို သူဝင်လာစက မသိမသာကြည့်လိုက်သဖြင့် သိရခြင်းဖြစ်သည်။
ဘာကြောင့်မှန်းမသိပေမယ့် သူ့စိတ်ထဲမှာ ဒီလိုဘုရင်စနစ်ကိုသဘောမကျပေ။
သူတို့ခေတ်မှာဆို ဒီအခြေအနေမျိုးမှာ လူသားတိုင်းက တန်းတူအခွင့်အရေးရသင့်သည်ဟူသော ဆန္ဒပြပွဲများ ပေါ်ပေါက်လာနိုင်လောက်သည်။
ဒီအတွေးများသာ တစ်ယောက်ယောက်ကြားသွားပါက သူခေါင်းဖြတ်ခံရလောက်နိုင်လား။မဖြစ်သေး အတွေးတွေကိုရပ်တန့်ရမည်။သူပါးပါးတို့ဆီပြန်ရဦးမည်ဖြစ်၍ ဘာမှဖြစ်လို့မဖြစ်ပါ။
ဧကလေး အနေဖြင့် အများကြီး သိပ်မတွေးချင်သောကြောင့် သူ့ခေတ်သူ့ခါမှာတော့ သူ့သဘောအတိုင်းပင်ဟူသာ တွေးလိုက် တော့သည်။
ခဏလောက်ကြာတော့ နန်းဆောင်တစ်ခုလုံးတိတ်ဆိတ်သွားပြီး
“နေအတက် ရေအတက် မင်္ဂလာရှိလှသည့်အချိန်အခါသမရ၌ ကျက်သရေအပေါင်းနှင့်ပြည့်စုံသော သီရိခေတ္တရာ(ဝါ)သရေခေတ္တရာပြည်၏ မြင့်မြတ်လှသော အရှင်မဟာရာဇာ၏ သားတော် အိမ်ရှေ့စံမင်းသား ဒဝီဦးခိုက်အား ရာဇထီးနန်းကို လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း....
အရှင်မဟာရာဇာဒဝီဦးခိုက်ဟု ဘွဲ့တော်မည်စေကြောင်း.....”
ပရောဟိတ်ဆရာတော်ဦးဒိဗ္ဗ၏ စကားသံအဆုံးတွင် အရှင်မဟာရာဇာမှ သားတော် ဒဝီဦးခိုက်အားရှေ့တော်မှောက်ခစားစေ၍
ဘိုးဘေးလက်ထက်မှစ၍ ယခုအချိန်ထိလက်ဆင့်ကမ်းသယ်ဆောင်လာသော မြင့်မြတ်လှသည့် မြပုလဲကိုးသွယ်ဖြင့်စီချယ်အပ်သော သွေးနှင့်ဆက်သွယ်ရသည့်
ခမ်းဆက်ဓားကို လွှဲပြောင်းပေးအပ်တော်မူလေသည်။
ဒဝီဦးခိုက် ဓားကိုသေချာယူလိုက်ပြီး ဓားအိမ်မှ ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။
ခမ်းဆက်ဓားဟာဆိုရင် သွေးကိုစားပြီးသခင်ရွေးသော ရာဇဝင်နှင့်ဓားပင်ဖြစ်သည်။
ဓားအိမ်ထဲကထုတ်ပြီး ချီးမြှင့်ခံရသူက မိမိ၏ လက်ဖဝါးမှသွေးကို ဓားသွားမှတစ်ဆင့် ဓားရိုးအတွင်း ကျရောက်စေရသည်။
အကယ်၍ ရွေးချယ်ထားသူက တိုင်းပြည်အုပ်ချုပ်မင်းလုပ်ဖို့ အရည်အချင်းမပြည့်ဝပါက ခမ်းဆက်ဓားဟာ ပျံပြီး ဓားအိမ်ထဲဝင်သွားမည်ပဲဖြစ်သည်။
ထိုအခါ ရွေးချယ်ခံရသူက ခမ်းဆက်၏ရွေးချယ်မှုကို မခံရသောကြောင့် တိုင်းပြည်အုပ်ချုပ်မင်းလုပ်ဖို့မသင့်တော်သည့်သူဖြစ်ပြီး နန်းတွင်းမှနှင်ထုတ်ခံရမည်ပဲဖြစ်သည်။
ဦးရီးတော် လက်ထက်တုန်းက ထိုသို့ရွေးချယ်မခံရသဖြင့် နှင်ထုတ်ခံရသော မင်းသားတစ်ပါးရှိခဲ့ဖူးလေသည်။
နန်းတက်ပွဲသို့ကြွရောက်လာသော လူများအားလုံးဟာလည်း ထိုအချင်းအရာကို မျက်တောင်မခတ်တမ်း ကြည့်ရှူနေကြသည်။
ဧကလေးမှာတော့ သူ့အရပ်6'ဟာ အိမ်တွင် ဖောင်းဖောင်းလေးတို့နှင်ယှဉ်မှ ပုသော်လည်း ဒီဘက်ခေတ်မှာ ပို၍ ပုနေသည်။
နေရာက စစ်သေနပတိချုပ်များ၏နောက်မှာထိုင်ရသဖြင့် သူတို့၏ ချပ်ဝတ်တန်ဆာများနှင့်ပင် ကိုယ်တွေက ရှေ့ကိုမမြင်ရဖြစ်နေသည်။ဘုရင်အဟောင်းက ဘယ်လိုပုံလည်းမသိရ။ဘုရင်အသစ်က ဘယ်လိုပုံစံလည်းမသိရဖြစ်နေသည်။ကြာတော့ ဒီလူအုပ်ကြီးထဲ ထိုင်ရတာ စိတ်အိုက်လာသည်။
“ကျစ်! ဘာတွေစားပြီး ကြီးထွားနေကြတာတုန်း...အိမ်မှာသိမ်ငယ်ရတာအားမရလို့ ဒီဘက်ခေတ်ထိလာသိမ်ငယ်နေရတာပါလား...ဟင့်....”
ဖြစ်နိုင်ရင် ဧကလေး ထိုလူအုပ်ထဲမှ အမြန်ထွက်ချင်နေပြီပဲဖြစ်သည်။
မဟာသိနအမတ်မှာလည်း ခမ်းဆက်ဓားကို ကြည့်ရင်း စိတ်ထဲမှ ဒဝီဦးခိုက်အား ခမ်းဆက်ဓားကမရွေးဖို့ မျှော်လင့်နေမိသည်။
ဦးရီးတော်အတွက် သူလက်စားချေရဦးမည်ပဲဖြစ်သည်။
သို့သော် ကိစ္စများက သူမျှော်လင့်ထားသလို ဖြစ်မလာခဲ့...။
အရှင်မဟာရာဇာဒဝီဦးခိုက် ဓားသွားကို လက်ဖဝါးဖြင့် အသာဖိဆုပ်လိုက်ရာ လက်ဖဝါးမှ သွေးများသည် ဓားသွားတစ်လျှောက်စီးဝင်သွားပြီး ဓားအိမ်အတွင်းဝင်ရောက်သွားလေသည်။
၃စက္ကန့်မျှအကြာတွင် ဓားရိုးမှ ပုလဲလုံးဟာ ရောင်ခြည်တော်တွေဖြာထွက်လာပြီး ဒဝီဦးခိုက် လက်ထဲတွင် နေသားတကျ ပြန်မှိန်သွားသည်။
ခမ်းဆက်ဟာ ဒဝီဦးခိုက်အမိန့်အား နာခံလိုက်လေပြီ။
“ဘုန်းတန်ခိုးကြီးမြတ်တော်မူလှပါတယ် အရှင်မင်းမြတ်ဘုရား.....”
ညီလာခံအတွင်းမှ တစ်ညီတညာထဲ ကောင်းချီမင်္ဂလာသံတွေထွက်ပေါ်လာသည်။
အားလုံး၏မျက်နှာတွင်လည်း
အားကိုးမှူ၊ယုံကြည်မှု၊ဝမ်းမြောက်မှု စသည့် လက္ခဏာများဖြင့် ပြည့်နှက်နေပြီး မင်္ဂလာစည်တော်ကြီး၏ အသံမှာလည်း အောင်မြင်စွာ မြည်ဟီးလာသည်။
မပျော်နိုင်သူနှစ်ယောက်ဟာတော့ သူမျှော်လင့်ထားသလို ဖြစ်မလာသည့်
မဟာသိနအမတ်နှင့် စိတ်အိုက်သည့်အပြင် သေးပါပေါက်ချင်လာ၍ အောင့်ထားရသော
မင်းမြတ်ဧကဦးမာန် ခေါ် သျှင်းဓနနောင်တို့ပင်ဖြစ်သည်။
CHANGE 🍁
အက်ပုဒိတ်ကိစ္စလေးပြောချင်လို့
ကိုယ်က မနက်၇နာရီကနေ ၁နာရီလောက်ထိဈေးမှာ ဈေးရောင်းရသေးတယ်....
အာ့ကြောင့် ပြန်လာစားသောက်ပြီးမှ
စရေးတော့ ညပိုင်းလောက်မှ ပြီးတယ်..
ဦးညိုတို့တုန်းက ရေးရတာ
ကိုယ့်အတွက်မခက်ခဲဘူး မြန်တယ် ...
ပယင်းကျ ရေးရတာ တကယ်မလွယ်ဘူး
အသုံးအနှုန်းတွေကအစသတိထားရေးရတာ
မှားနေရင် ထောက်ပြပေးသွားနော်
မနေ့က ကောင်မလေးတစ်ယောက် ဂျစ်ကို
ထောက်ပြသွားတယ် တကယ်ကျေးဇူးတင်ပါတယ်ဗျ❤️
ဖြစ်နိုင်ရင် ပြီးရင် တစ်ရက်တစ်ခါတင်ပါ့မယ် မပြီးလို့ နှစ်ရက်တစ်ခါဖြစ်သွားရင်
နားလည်ပေးကြပါနော်။
ပြီးတော့ ပယင်းကပျင်းစရာကောင်းလားဟင်
ကိုယ်တို့ဖြေးဖြေးချင်းသွားကြမယ်လေနော်
ပယင္းႀကိဳးသီခ်စ္ေသာေမာင့္ဆီ
အပိုင္း(၆)✨🍁
သကၠ သခင္မေလးထြက္သြားၿပီးေနာက္ ေညာင္ေစာင္းေပၚမွာ ငုတ္တုတ္ေလးထိုင္ေနေသာ သခင္ေလးကိုၾကည့္လိုက္ၿပီး
ဘာလုပ္ေပးရမွန္းမသိျဖစ္သြားသည္။
သခင္ေလးၾကည့္ရတာ ႐ုပ္ႏွင့္နာမ္ကြာေနသည့္အတိုင္း ငူငူငိုင္ငိုင္ျဖစ္ေနသည္ကိုေတြ႕ရသည္။
ဧကေလး ဒီကိုဘယ္လိုေရာက္လာရသည္လဲဆိုတာ အႀကိတ္အနယ္စဥ္းစားေနမိသည္။
“ထူးျခား....”
“.....”
ကိုယ့္ကိုျပဴးၾကည့္ေနေသာ ထူးျခားေၾကာင့္ ဒီဘက္ေခတ္မွာ သူကထူးျခားမဟုတ္ဘူးဆိုတာ ေတြးမိသြား၍
“ေဆာဒီး မင္းနာမည္ဘာ....”
“သကၠပါသခင္ေလး...”
“ေအး သကၠ ...ခု ငါက ဘယ္ေရာက္ေနတာလဲ...”
“သေရေခတၱရာျပည္ပါသခင္ေလး....”
“သေရေခတၱရာ ၾကားဖူးသလိုေတာ့ရွိပါတယ္....ဘယ္ႏွခုႏွစ္လဲ.....”
“သာသနာႏွစ္ ၃၈၆ခုႏွစ္ပါသခင္ေလး...”
“ဟမ္....၃၈၆ဟုတ္လား....ဟိုမွာက ၂၅၆၅ႏွစ္(သာသနာႏွစ္)....ဗုေဒၶါ သူက လြန္ခဲ့ေသာ ႏွစ္ေပါင္း၂၀၀၀ေက်ာ္ထိကိုေရာက္လာတာတဲ့လား....ဒါဆို...ခုကဘာေခတ္လဲ...”
“ပ်ဴေခတ္ပါသခင္ေလး....”
“ေအာ္ ပ်ဴေခတ္....ဘာ ပ်ဴေခတ္ထိေတာင္ ဟုတ္လား.....”
*ဘယ္လိုေတြေတာင္လား....သူၾကားဖူးသည့္ ဗမာလူမ်ိဳးမ်ားအစပ်ဴေခတ္ကဆိုသည့္စကားပုံလို သူက ျမန္မာႏိုင္ငံေခတ္ဦးပိုင္းထိေရာက္လာရသည္တဲ့လား....wtf...အဲ့ဒါမွေတာ့ မထူးေတာ့ ေက်ာက္ခတ္ထိေရာက္လိုက္ပါေတာ့လားဟ....ဒါဆို အဝတ္အစားဘာညာေတာင္မလိုေတာ့ဘူးေလ မဟုတ္ဘူးလား....*
(ပ်ဴေခတ္မွပ်ဴလူမ်ိဳးမ်ားသည္ တိဘက္-ဗမာအႏြယ္ဝင္မ်ားထဲမွ ျမန္မာႏိုင္ငံအတြင္းသို႔ အေစာဆုံးေရာက္ရွိအေျခခ်ခဲ့သည့္ လူမ်ိဳးမ်ားအနက္မွ အုပ္စုတစ္စုျဖစ္မည္ဟု မွန္းဆရသည္။အသားအေရာင္ေပၚမူတည္၍ လူမ်ိဳးခြဲျခားေသာစနစ္အရ ပ်ဴတို႔သည္ မြန္ဂိုလြိဳက္ေခၚ အသားဝါမ်ိဳးႏြယ္ အုပ္စုတြင္ပါဝင္သည္။)
“ဟုတ္ပါတယ္သခင္ေလး....”
သကၠ သခင္ေလး၏ ထူးဆန္းေနေသာ အမူအရာမ်ားက ပိုဆိုးလာေသာေၾကာင့္ ဒီတိုင္းထားလို႔ျဖစ္ပါ့မလားဟုေတြးေနမိသည္။
“ဒါဆို ငါကေရာ ဘယ္ကလဲ....”
“သခင္ေလးက ဗိႆႏိုးကေလ....ဘာမွမမွတ္မိေတာ့ဘူးလား သခင္ေလး....”
“မမွတ္မိတာမဟုတ္ဘူးေဟ့... ဘာမွကိုမသိတာ....ဗိႆႏိုးဟုတ္လား....”
ဧကေလး ဗိႆႏိုးျပည္ကိုေတာ့ သိသည္။ရာဇဝင္ေတြထဲမွာ ဗိႆႏိုးပန္ထြာဘုရင္မဆိုၿပီး ေက်ာ္ၾကားသည္ကို သူၾကားဖူးသည္။
ေပပင္ရာဇဝင္ေတြႏွင့္အတူ လွပ၊ရဲရင့္ၿပီး ထက္ျမတ္ေသာအမ်ိဳးသမီးတစ္ဦးျဖစ္ေၾကာင္းကိုသိရသည္။ဒါဆို သူကဗိႆႏိုးကဆိုေတာ့ ပန္ထြာဘုရင္မႏွင့္ ေဆြေတာ္မ်ိဳးေတာ္ပတ္သတ္ေလာက္မည္ထင္သည္။
*မသိေတာ့ဘူး ရႈပ္တယ္....*
“ဟုတ္ပါတယ္သခင္ေလး ကြၽန္ေတာ္မ်ိဳးတို႔က ဗိႆႏိုးျပည္နယ္ကပါ....သခင္ေလး အစ္မေတာ္က သေရေခတၱရာျပည္ရဲ႕မင္းနဲ႔ လက္ဆက္မွာမို႔ သခင္ေလးက သေရေခတၱရာျပည္ကို သခင္မေလးနဲ႔အတူတူ လိုက္ပါလာျခင္းပဲျဖစ္ပါတယ္ သခင္ေလး....”
“ေအာ္....ေပါက္ၿပီ...ေပါက္ၿပီ ....
ငါက ဗိႆႏိုးကေပါ့...ေစာနက အမ်ိဳးသမီးက ငါ့အစ္မ....ငါ့အစ္မက ဒီႏိုင္ငံဘုရင္နဲ႔ လက္ဆက္မွာမို႔ ငါတို႔က ဒီကိုေရာက္လာတယ္....မင္းက ငါ့ေနာက္လိုက္....ဟုတ္ၿပီ...
ဒီေခတ္မွာ...ငါ့နာမည္ကေရာ ဘယ္သူလဲ...
ငါ့အစ္မနာမည္ကေရာ....”
“သခင္ေလးရဲ႕အမည္နာမက သွ်င္းဓနေနာင္...သခင္မေလး အမည္နာမက
ခတၱရာသွ်င္ႏြယ္...သခင္ေလးအကို ဗိႆႏိုးျပည့္ရွင္အမည္နာမက သီဟရာဇာ...သခင္ေလး ခမည္းေတာ္က....”
“ဟိုးးးးstop ရၿပီ ဒီေလာက္ဆိုရၿပီ...ငါနာမည္ေတြအမ်ားႀကီးမမွတ္ႏိုင္ဘူး ...
သွ်င္းဓနေနာင္ အင္း မဆိုးပါဘူး...ခပ္တုံးတုံးႀကီးမဟုတ္တဲ့အတြက္အဆင္ေျပတယ္....ခု လက္ဆက္ပြဲသြားရမွာမလား...ဘယ္ဟာဝတ္ရမွာလဲ....”
ဧကေလး လက္ရွိအေျခအေနကို အရင္ဆုံးလက္ခံဖို႔ျပင္ဆင္ၿပီး ဒီေခတ္ကေန ဘယ္လိုျပန္ရမလဲဆိုတာ ရွာရဦးမည္ျဖစ္သည္။
ထို႔ေၾကာင့္ ဒီေခတ္ ဒီလူေတြႏွင့္ သူ စိမ္းသက္ေန၍ မျဖစ္ေပ။အျမန္ဆုံးအသားက်ေအာင္လုပ္ရမည္။ခက္သည္က ဇာတ္ကားေတြထဲကလို ယာဥ္တိုက္မႈလည္းမျဖစ္ခဲ့။
ေရကန္ထဲလည္းျပဳတ္မက်ခဲ့။ ဘာမွမျဖစ္ခဲ့ပဲ ေရာက္လာရသည့္အတြက္ ဘယ္လိုျပန္သြားရမလဲဆိုတာ တကယ္ပင္မသိ။
ဒီဘက္ေခတ္မွာ သူမေနခ်င္ပါ။ခုခ်ိန္ေလာက္ဆို ပါးပါးတို႔ ဘယ္လိုခံစားေနရမလဲဆိုတာ သူေတြးမၾကည့္ရဲ။သူ႔ေသသြားတာမ်ားလား...မျဖစ္ႏိုင္ဘူး။မေသခ်ာေပမယ့္လည္း သူမေသေသးဘူးဆိုတာေတာ့ ယုံၾကည္ေနမိသည္။ပါးပါးတို႔သူကို ေသသြားၿပီထင္မွာလည္းေၾကာက္သည္။
ထို႔ေၾကာင့္ အျမန္ျပန္ႏိုင္ရန္ မီးစင္ၾကည့္ကရမည္ပဲျဖစ္သည္။
“သကလပ္ေပၚတင္ထားတဲ့ ဝတ္စုံေတာ္ပါသခင္ေလး....”
သကၠ သခြားစိမ္းေရာင္ ဝတ္စုံကို ၫႊန္ျပရင္းေျပာလိုက္သည္။
ဧက ဝတ္စုံကိုၾကည့္လိုက္ရာ
“ဟင္ သစ္ခြားစိမ္းေရာင္...အေရာင္ႏုႀကီးလား...ႏုတယ္..မဝတ္ခ်င္ဘူး... အညိဳေရာင္ရွိလား....”
“ဟင္....”
ဧကေျပာၿပီးေတာ့မွ အံ့ဩသြားရသည္။
*သူအေရာင္ႏုမွန္းသိတယ္...ၿပီးေတာ့ အဲ့အေရာင္က သစ္ခြားစိမ္းမွန္းလဲသိတယ္....ဗုေဒၶါ...သူအေရာင္ေတြခြဲႏိုင္သြားတာလား....*
ဧက အံ့ဩလြန္းမိသြားရ၍ ဒီေန႔တစ္ေန႔ထဲမွာကို ဗုေဒၶါတမိတာသည္ကလည္း မနည္းေတာ့။
ခလုတ္ထိမွအမိတသည္မဟုတ္ပဲ...သူက ဗုေဒၶါတမိသည္ပဲျဖစ္သည္။
“အညိဳေရာင္လား သခင္ေလး....”
သကၠေျပာရင္း အဝတ္အစားေတြထည့္ထားေသာအရာကို လွပ္လိုက္ကာ အထဲမွာရွိသည့္အဝတ္အစားမ်ားကိုၾကည့္လိုက္သည္။တကယ္ပဲသခင္ေလးကတစ္ညထဲျဖင့္ အမ်ားႀကီးေျပာင္းလဲသြားသည္။
အရင္က အေရာင္ႏုေလးေတြပဲဝတ္တက္သည့္သခင္ေလးက ခု အေရာင္ရင့္ေသာ အညိဳေရာင္ကိုေမးလာသည္။
ဆက္ပက္၊ဝိတ္၊ပိလိ...စသည့္ သူတို႔နားမလည္သည့္ ထူးထူးဆန္းဆန္းစကားေတြကိုသုံးလာသည္။
ဧက အေရာင္ေတြခြဲႏိုင္ေနသည္ကိုခုထိမယုံႏိုင္ေသး။အခ်ိန္ခရီးသြားလာလို႔မ်ား သူ႔မ်က္လုံးေတြ ျပန္ေကာင္းလာတာလား။
ဒီေလာကႀကီး၏ထူးျခားဆန္းက်ယ္မႉမ်ားကို သူလိုက္လို႔ကိုမမွီႏိုင္ေတာ့ေပ။
ထို႔ေၾကာင့္ အညိဳေရာင္ရွာေနေသာ ထူးျခား မဟုတ္ေသး သကၠအနား သြားလိုက္ၿပီး ေက်ာ္ၾကည့္လိုက္ရာ အေရာင္အေသြးႏုႏုေလးေတြကိုစုံလင္စြာေတြ႕လိုက္ရသည္။
ၾကည့္ရတာ ဒီေခတ္က သူက အေရာင္ႏုေလးေတြႀကိဳက္ပုံပင္။
ဧကေလးလည္း အေရာင္ႏုတာေတြကိုႀကိဳက္ပါသည္။သို႔ေသာ္လည္း သူcolour blindျဖစ္သြားသည့္အခ်ိန္မွစ၍ မဝတ္ျဖစ္ေတာ့တာ ၾကာၿပီပဲျဖစ္သည္။
“ဟို မေတြ႕ရင္လည္း ထားလိုက္ေတာ့
ငါက ဘာနဲ႔ေနေန ေခ်ာၿပီးသားဆိုေတာ့ အဟမ္း! ဒါပဲဝတ္လိုက္ေတာ့မယ္....”
“သေဘာေတာ္အတိုင္းပါသခင္ေလး...”
ထို႔ေနာက္ ဧက ဝတ္ထားသည့္ အဝတ္အစားကိုခြၽတ္လိုက္၍ သခြားစိမ္းေရာင္အက်ႌကိုေျပာင္းဝတ္လိုက္သည္။
ျဖဴေဖြးေဖြးအသားအေရေပၚတြင္ သခြားစိမ္းေရာက္ေလးက လိုက္ဖက္စြာပင္။
အေပၚအဝတ္အစားေအာင္ျမင္စြာဝတ္ဆင္ၿပီးသြားသည့္ေနာက္ ေအာက္မွအထည္ကိုဝတ္ဆင္ရာတြင္မွ ဒုကၡႏွင့္လွလွေတြ႕ေတာ့သည္။
ပုဆိုးေတာင္ေသခ်ာမဝတ္တက္သည့္သူက ဒါႀကီးကို ဘယ္လိုဝတ္ရမွန္းလည္းမသိ။
“သကၠ...”
“အမိန႔္ရွိပါ သခင္ေလး....”
“အဟမ္း! ဒါလာဝတ္ေပး....”
ဧက အဝတ္စကိုေျမႇာက္ျပရင္းေျပာလိုက္သည္။ဟုတ္သည္ေလ သူမွာ ပုဆိုးေတာင္ ေသခ်ာမဝတ္တက္တာ ဒါႀကီး ဘယ္လိုလုပ္ ဝတ္တက္မွာလဲ။
“ဟုတ္ကဲ့ဗ် သခင္ေလး....”
သကၠ ေခါင္းကို အသာကုပ္ရင္း အနားသြားဝတ္ေပးဖို႔ျပင္လိုက္သည္။
“ေနဦး...မင္း အကုန္ခြၽတ္မလို႔လား...”
ဧက ေအာက္အဝတ္နားလက္လွမ္းေနသည့္သကၠလက္ကိုအျမန္တားလိုက္သည္။
“ဟုတ္ပါတယ္သခင္ေလး....”
“ဘာ...အဲ့လိုက် အဆင္မေျပဘူးေလ....အဟမ္း! ဘယ္လိုပဲ ေယာက်ၤားေလးခ်င္းေျပာေျပာ ဒါႀကီးက်....”
*ဟုတ္သည္ေလ boxerဘာညာမပါပဲ ဟာလာဟင္းလင္းတို႔လို႔တြဲေလာင္းေတြနဲ႔အဆင္မေျပဘူးေလ...*
“အဲ့ဒါဆို သကၠ သခင္ေလးကို ဘယ္လိုလဲေပးရမလဲဗ်..”
“ဝတ္ျပ.....”
“ခင္ဗ်ာ.....”
“မင္းဟာကို ဝတ္ျပ...မင္းျပတဲ့အတိုင္း ငါလိုက္ဝတ္မယ္...Okလား....”
ဧက မ်က္ခုံးပင့္ျပရင္း ေျပာလိုက္သည္။
“ခင္ဗ်ာ အိုေထက ဘာကိုေျပာခ်င္တာလဲသခင္ေလးဗ်...”
“Okက အဆင္ေျပလားလို႔ေမးတာ...မွတ္ထား ေသခ်ာ... ႏွစ္ခါျပန္မေျပာဘူး...”
“ဟုတ္...သခင္ေလး...”
ထို႔ေနာက္တြင္ေတာ့ သကၠ ေရွ႕မွ ဝတ္ျပသည့္အတိုင္း ဧကေလးလိုက္ဝတ္လိုက္သည္။
လြယ္မလိုႏွင့္ခက္ေသာ ထိုကိစၥေၾကာင့္ ဧကေလး ေခါင္းေတြပါမူးလာရသည္။
လူၾကားထဲၾကမွ ကြၽတ္ၾကပါက ေသာက္ရွက္ကြဲဦးမယ့္အျပင္ ပ်ဴေခတ္ဆယ္လီျဖစ္သြားမည္ျဖစ္ေသာေၾကာင့္ ခါးပတ္ကလည္းမရွိ၍ မတက္ႏိုင္ ႀကိဳးႏွင့္ထိန္းရေပဦးမည္။
“ႀကိဳးရွိလား....”
“ရွိပါတယ္သခင္ေလး....”
“အင္း ရွိရင္ ယူေပး...”
သကၠ အေဆာင္အျပင္ဘက္မွ ေလွ်ာ္ႀကိဳးတစ္ခ်ိဳ႕ကို ယူလိုက္ၿပီး သခင္ေလးဆီအျမန္ေပးလိုက္သည္။
ဧကမွာ သကၠလာေပးေသာ ႀကိဳးဆိုသည့္အရာေၾကာင့္ အံ့ဩသြားရသည္။
*ေလွ်ာ္ႀကိဳးႀကီးလား... ေအာ္ ဟုတ္သား ေရွးက်လြန္းတဲ့ပ်ဴေခတ္မွာ ဘယ္လိုလုပ္ ပလက္စတစ္ႀကိဳးရွိမွာတုန္း...ဒါေပမယ့္ ေလွ်ာ္ႀကိဳးနဲ႔စည္းရင္ ေသခ်ာေပါက္ ခါးေတြ ပြန္းမွာပဲ...မျဖစ္ေသးပါဘူး...*.
ဧကေလးေတြးရင္း အဝတ္ေတြဆီသို႔ အၾကည့္ေရာက္သြားခိုက္ မ်က္လုံးထဲလက္ကနဲျဖစ္သြားရသည္။
“ဟဟ...မင္းျမတ္ဧကဦးမာန္ အဲေလ သွ်င္းဓနေနာင္ ႀကံရင္ မျဖစ္တာမရွိေစရဘူးကြ...ဟဟ...ရၿပီ အဲ့ႀကိဳးမလိုေတာ့ဘူး ဓားယူလာေပးၿပီး မင္း အျပင္ကေစာင့္ေနလိုက္ေတာ့ ငါထြက္ခဲ့မယ္.....”
“ဟမ္...ဟုတ္ကဲ့ဗ် သခင္ေလး...အိုေထပါဗ်...”
“အံ..မယ္...မင္းက တက္လြယ္သားပဲ ေတာ္တယ္...ဟိုဘက္က ထူးျခားထက္ကိုေတာ္တယ္....”
ဧကေခါင္းကို တဆတ္ဆတ္ညိတ္ရင္း ေျပာလိုက္သည္။
သကၠ သူ႔သခင္ေလးကို နားလည္ဖို႔မႀကိဳးစားေတာ့ သခင္ေလးေျပာသည့္အတိုင္း ဓားေျမာင္ယူေပးထားခဲ့ၿပီး အျပင္ထြက္လာလိုက္သည္။
သကၠ ထြက္သြားသည္ႏွင့္ ဧက အလွ်င္အျမန္ပဲ အဝတ္စတစ္ခုကိုယူ၍ ေဘးနားမွ လက္သုံးလုံးစာ အစကိုျဖတ္လိုက္သည္။
ထို႔ေနာက္ ထိုအစကို ခါးမွထိန္းခ်ီလိုက္သည္။
“Yeah!...အဆင္ေျပသြားၿပီ...ဟဟ...”
***********
သေရေခတၱရာျပည္၏ ရာဇပုလႅင္ေပၚတြင္ ဖခမည္းေတာ္မင္းႀကီး ထိုင္ေတာ္မူေနၿပီး လက္ဝဲဘက္တြင္ေတာ့ ပုေရာဟိတ္ဆရာေတာ္ဦးဒိဗၺ ထိုင္ေတာ္မူေနသည္။
ပုလႅင္ေရွ႕ လက္ဝဲဘက္တြင္ တိုင္ျပည္၏မႉးႀကီးမတ္ရာမ်ားႏွင့္အတြင္းဝန္မႉးမတ္မ်ားေနရာယူထားၿပီး လက္ယာဘက္တြင္ စစ္ေသနာပတိခ်ဳပ္မ်ား၊ရာထူးအလိုက္ အုပ္ခ်ဳပ္ေရးမႉးမ်ား ေနရာယူထားသည္။
မၾကာခင္တိုင္းျပည္၏ မင္းတစ္ပါးျဖစ္လာေတာ့မည့္ ဒဝီဦးခိုက္မွာလည္း မျဖစ္မေနျပဳလုပ္ရသည့္ လက္ဆက္ပြဲအတြက္ စိတ္အစုံဟာၾကည္လင္မေနပဲ မ်က္ႏွာေတာ္မွာတည္တင္းေနသည္။
မယ္မယ့္ေတာင္းသည့္ဂတိကိုသာ သူမေပးခဲ့ပါက ဒီလိုစိတ္ရႈပ္စရာေကာင္းသည့္ လက္ဆက္ပြဲမ်ိဳး ရွိလာလိမ့္မည္မဟုတ္ေပ။
ယခုခ်ိန္တြင္ေတာ့ ေနာက္ဆုတ္မရေတာ့၍ အတက္ႏိုင္ဆုံး အျမန္ၿပီးသြားဖို႔ပဲ စိတ္ကထက္သန္ေနမိသည္။ဒီလက္ဆက္ပြဲၿပီးပါက သူေဆာင္႐ြက္ရမည့္ကိစၥရွိေသးတယ္ မဟုတ္ပါလား။
ခတၱရာ ေမာင္ငယ္ေလးကို ေစာင့္ေနရင္း ခပ္လွမ္းလွမ္းမွ နန္းေဆာင္ႀကီးကိုေမွ်ာ္ၾကည့္မိသည္။
မိဖုရားေခါင္ေနသည့္နန္းေဆာင္ေတာ္ဟာ သူ႔အတြက္ေတာ့ ေျခခ်ၿပီးရင္ ျပန္လွည့္ထြက္လို႔မရသည့္ အက်ဥ္းေထာင္ပင္ျဖစ္သည္။
ျဖစ္ႏိုင္ရင္ သူ ထိုနန္းေဆာင္ေတာ္မွာ မေနခ်င္ပါ။ဒီကံ့ေကာ္ေဆာင္မွာပဲ ေမာင္ငယ္ေလးႏွင့္အတူတူေနခ်င္သည္။
မိမိအားခ်စ္ခင္ျမတ္ႏိုးျခင္းအလ်ဥ္းမရွိသည့္ထိုလူႏွင့္ ေရွ႕ဆက္ရမည့္ဘဝအားေတြးမိေတာ့
သက္ျပင္းကိုအသာခ်မိသည္။တာဝန္ေတြ
ဝတၱရားေတြၾကားထဲမွာ ထိုလူကသူ႔ထက္ပိုပင္ပန္းေပဦးမည္ပဲျဖစ္သည္။
တစ္တိုင္းျပည္လုံး၏တာဝန္ကို ပုခုံးေပၚထမ္းတင္ထားပါေသာ ထိုလူသည္လည္း သူ႔နည္းတူ မြန္းၾကပ္ေနေလာက္သည္လား။
“ဟင္းးးးး”
မလွမ္းမကမ္းမွ သခြားစိမ္းေရာင္ ဝတ္စုံႏွင့္ ဆံႏြယ္ေတြကို အေျပာင္ထုံးဖြဲ႕ထားပါေသာ ေမာင္ငယ္ေလးႏွင့္အတူ သကၠကို ျမင္လိုက္သည့္အခိုက္မွာေတာ့ သူမရဲ႕ႏႈတ္ခမ္းေလးေတြ ၿပဳံးမိသြားရသည္။
ေမာင္ငယ္ေလးကို ကာကြယ္ဖို႔အတြက္ပဲျဖစ္ျဖစ္ သူသန္မာေနရမည္ေလ။
“သွ်င္းေလး ...”
ဧက ကိုယ့္ကိုႏူးညံ့စြာၿပဳံးျပၿပီး ေခၚလိုက္ေသာ အစ္မေတာ္ဆိုသည့္ အမ်ိဳးသမီးေလးေၾကာင့္ ရင္ထဲတစ္မ်ိဳးေလးျဖစ္သြားရသည္။ေဖာင္းေဖာင္းေလးသူ႔ကို ပထမဆုံး ကိုကိုလို႔ စေခၚသည့္အခ်ိန္တုန္းက ခံစားခ်က္မ်ိဳးႏွင့္ဆင္သည္။
“ဗ်ာ...”
“ဘာေတြပဲျဖစ္လာလာ အစ္မေတာ္တစ္ေယာက္လုံးရွိတယ္ေနာ္ ခမည္းေတာ္နဲ႔ေတြ႕တဲ့အခါ သွ်င္းေလး သူ႔အမူအရာေတြေပၚ ဝမ္းမနည္းပါနဲ႔ေနာ္ ....ခမည္းေတာ္က သွ်င္းေလးကိုခ်စ္ပါတယ္.....”
“ဟုတ္...အစ္မ...အစ္မေတာ္...”
ဧက သူဘာေျပာခ်င္တာလဲဆိုတာေသခ်ာ နားမလည္ေသာ္လည္း ေခါင္းညိတ္ျပလိုက္သည္။
ထို႔ေနာက္တြင္ေတာ့ အစ္မေတာ္ေနာက္မွ အသာအယာပင္လိုက္ခဲ့လိုက္သည္။
မဂၤလာအခါေတာ္ေပး စည္သံေတြႏွင့္အတူ ေစာင္းသံမ်ားအၾကား ဧကေလး စိတ္ဝင္တစား ၾကည့္ေနမိသည္။
ထီးနန္းအပ္ပြဲက အရင္ျဖစ္ေသာေၾကာင့္ စည္းကားေနသည္ပဲျဖစ္သည္။
ဧက နန္းေဆာင္အတြင္းေရာက္လာသည့္အခါ အစ္မေတာ္တို႔ထိုင္သလို ေအာက္တြင္ အသာအယာဝင္ထိုင္လိုက္သည္။
အကုန္လုံးက ေခါင္းငုံ႔ထားသျဖင့္ ဧကေလးလည္း ေရာေယာင္ငုံ႔ထားရသည္။
တဖြဲဖြဲဝင္ေရာက္လာေသာ ဧည့္သည္မ်ားႏွင့္အတူ ဗိႆႏိုးမွ သူ႔အစ္ကိုဆိုသည့္သူလည္း ေရာက္ေနေလာက္ၿပီဟု လမ္းတုန္းက သကၠေျပာသျဖင့္သိၿပီးၿပီျဖစ္သည္။
ေရွးတုန္းက မင္းေတြ၏ ဘုန္းတန္ခိုးအာဏာက အေတာ္ေလးႀကီးမားပုံရ၏။အသက္အ႐ြယ္ႀကီးျမင့္ေနပုံရေသာ အမတ္မ်ားကပါ ေအာက္တြင္ထိုင္ၿပီး ေခါင္းငုံ႔ထားၾကသည္ကို သူဝင္လာစက မသိမသာၾကည့္လိုက္သျဖင့္ သိရျခင္းျဖစ္သည္။
ဘာေၾကာင့္မွန္းမသိေပမယ့္ သူ႔စိတ္ထဲမွာ ဒီလိုဘုရင္စနစ္ကိုသေဘာမက်ေပ။
သူတို႔ေခတ္မွာဆို ဒီအေျခအေနမ်ိဳးမွာ လူသားတိုင္းက တန္းတူအခြင့္အေရးရသင့္သည္ဟူေသာ ဆႏၵျပပြဲမ်ား ေပၚေပါက္လာႏိုင္ေလာက္သည္။
ဒီအေတြးမ်ားသာ တစ္ေယာက္ေယာက္ၾကားသြားပါက သူေခါင္းျဖတ္ခံရေလာက္ႏိုင္လား။မျဖစ္ေသး အေတြးေတြကိုရပ္တန႔္ရမည္။သူပါးပါးတို႔ဆီျပန္ရဦးမည္ျဖစ္၍ ဘာမွျဖစ္လို႔မျဖစ္ပါ။
ဧကေလး အေနျဖင့္ အမ်ားႀကီး သိပ္မေတြးခ်င္ေသာေၾကာင့္ သူ႔ေခတ္သူ႔ခါမွာေတာ့ သူ႔သေဘာအတိုင္းပင္ဟူသာ ေတြးလိုက္ ေတာ့သည္။
ခဏေလာက္ၾကာေတာ့ နန္းေဆာင္တစ္ခုလုံးတိတ္ဆိတ္သြားၿပီး
“ေနအတက္ ေရအတက္ မဂၤလာရွိလွသည့္အခ်ိန္အခါသမရ၌ က်က္သေရအေပါင္းႏွင့္ျပည့္စုံေသာ သီရိေခတၱရာ(ဝါ)သေရေခတၱရာျပည္၏ ျမင့္ျမတ္လွေသာ အရွင္မဟာရာဇာ၏ သားေတာ္ အိမ္ေရွ႕စံမင္းသား ဒဝီဦးခိုက္အား ရာဇထီးနန္းကို လႊဲေျပာင္းေပးအပ္မည္ျဖစ္ေၾကာင္း....
အရွင္မဟာရာဇာဒဝီဦးခိုက္ဟု ဘြဲ႕ေတာ္မည္ေစေၾကာင္း.....”
ပေရာဟိတ္ဆရာေတာ္ဦးဒိဗၺ၏ စကားသံအဆုံးတြင္ အရွင္မဟာရာဇာမွ သားေတာ္ ဒဝီဦးခိုက္အားေရွ႕ေတာ္ေမွာက္ခစားေစ၍
ဘိုးေဘးလက္ထက္မွစ၍ ယခုအခ်ိန္ထိလက္ဆင့္ကမ္းသယ္ေဆာင္လာေသာ ျမင့္ျမတ္လွသည့္ ျမပုလဲကိုးသြယ္ျဖင့္စီခ်ယ္အပ္ေသာ ေသြးႏွင့္ဆက္သြယ္ရသည့္
ခမ္းဆက္ဓားကို လႊဲေျပာင္းေပးအပ္ေတာ္မူေလသည္။
ဒဝီဦးခိုက္ ဓားကိုေသခ်ာယူလိုက္ၿပီး ဓားအိမ္မွ ျဖည္းညႇင္းစြာ ဆြဲထုတ္လိုက္သည္။
ခမ္းဆက္ဓားဟာဆိုရင္ ေသြးကိုစားၿပီးသခင္ေ႐ြးေသာ ရာဇဝင္ႏွင့္ဓားပင္ျဖစ္သည္။
ဓားအိမ္ထဲကထုတ္ၿပီး ခ်ီးျမႇင့္ခံရသူက မိမိ၏ လက္ဖဝါးမွေသြးကို ဓားသြားမွတစ္ဆင့္ ဓား႐ိုးအတြင္း က်ေရာက္ေစရသည္။
အကယ္၍ ေ႐ြးခ်ယ္ထားသူက တိုင္းျပည္အုပ္ခ်ဳပ္မင္းလုပ္ဖို႔ အရည္အခ်င္းမျပည့္ဝပါက ခမ္းဆက္ဓားဟာ ပ်ံၿပီး ဓားအိမ္ထဲဝင္သြားမည္ပဲျဖစ္သည္။
ထိုအခါ ေ႐ြးခ်ယ္ခံရသူက ခမ္းဆက္၏ေ႐ြးခ်ယ္မႈကို မခံရေသာေၾကာင့္ တိုင္းျပည္အုပ္ခ်ဳပ္မင္းလုပ္ဖို႔မသင့္ေတာ္သည့္သူျဖစ္ၿပီး နန္းတြင္းမွႏွင္ထုတ္ခံရမည္ပဲျဖစ္သည္။
ဦးရီးေတာ္ လက္ထက္တုန္းက ထိုသို႔ေ႐ြးခ်ယ္မခံရသျဖင့္ ႏွင္ထုတ္ခံရေသာ မင္းသားတစ္ပါးရွိခဲ့ဖူးေလသည္။
နန္းတက္ပြဲသို႔ႂကြေရာက္လာေသာ လူမ်ားအားလုံးဟာလည္း ထိုအခ်င္းအရာကို မ်က္ေတာင္မခတ္တမ္း ၾကည့္ရႉေနၾကသည္။
ဧကေလးမွာေတာ့ သူ႔အရပ္6'ဟာ အိမ္တြင္ ေဖာင္းေဖာင္းေလးတို႔ႏွင္ယွဥ္မွ ပုေသာ္လည္း ဒီဘက္ေခတ္မွာ ပို၍ ပုေနသည္။
ေနရာက စစ္ေသနပတိခ်ဳပ္မ်ား၏ေနာက္မွာထိုင္ရသျဖင့္ သူတို႔၏ ခ်ပ္ဝတ္တန္ဆာမ်ားႏွင့္ပင္ ကိုယ္ေတြက ေရွ႕ကိုမျမင္ရျဖစ္ေနသည္။ဘုရင္အေဟာင္းက ဘယ္လိုပုံလည္းမသိရ။ဘုရင္အသစ္က ဘယ္လိုပုံစံလည္းမသိရျဖစ္ေနသည္။ၾကာေတာ့ ဒီလူအုပ္ႀကီးထဲ ထိုင္ရတာ စိတ္အိုက္လာသည္။
“က်စ္! ဘာေတြစားၿပီး ႀကီးထြားေနၾကတာတုန္း...အိမ္မွာသိမ္ငယ္ရတာအားမရလို႔ ဒီဘက္ေခတ္ထိလာသိမ္ငယ္ေနရတာပါလား...ဟင့္....”
ျဖစ္ႏိုင္ရင္ ဧကေလး ထိုလူအုပ္ထဲမွ အျမန္ထြက္ခ်င္ေနၿပီပဲျဖစ္သည္။
မဟာသိနအမတ္မွာလည္း ခမ္းဆက္ဓားကို ၾကည့္ရင္း စိတ္ထဲမွ ဒဝီဦးခိုက္အား ခမ္းဆက္ဓားကမေ႐ြးဖို႔ ေမွ်ာ္လင့္ေနမိသည္။
ဦးရီးေတာ္အတြက္ သူလက္စားေခ်ရဦးမည္ပဲျဖစ္သည္။
သို႔ေသာ္ ကိစၥမ်ားက သူေမွ်ာ္လင့္ထားသလို ျဖစ္မလာခဲ့...။
အရွင္မဟာရာဇာဒဝီဦးခိုက္ ဓားသြားကို လက္ဖဝါးျဖင့္ အသာဖိဆုပ္လိုက္ရာ လက္ဖဝါးမွ ေသြးမ်ားသည္ ဓားသြားတစ္ေလွ်ာက္စီးဝင္သြားၿပီး ဓားအိမ္အတြင္းဝင္ေရာက္သြားေလသည္။
၃စကၠန႔္မွ်အၾကာတြင္ ဓား႐ိုးမွ ပုလဲလုံးဟာ ေရာင္ျခည္ေတာ္ေတြျဖာထြက္လာၿပီး ဒဝီဦးခိုက္ လက္ထဲတြင္ ေနသားတက် ျပန္မွိန္သြားသည္။
ခမ္းဆက္ဟာ ဒဝီဦးခိုက္အမိန႔္အား နာခံလိုက္ေလၿပီ။
“ဘုန္းတန္ခိုးႀကီးျမတ္ေတာ္မူလွပါတယ္ အရွင္မင္းျမတ္ဘုရား.....”
ညီလာခံအတြင္းမွ တစ္ညီတညာထဲ ေကာင္းခ်ီမဂၤလာသံေတြထြက္ေပၚလာသည္။
အားလုံး၏မ်က္ႏွာတြင္လည္း
အားကိုးမႉ၊ယုံၾကည္မႈ၊ဝမ္းေျမာက္မႈ စသည့္ လကၡဏာမ်ားျဖင့္ ျပည့္ႏွက္ေနၿပီး မဂၤလာစည္ေတာ္ႀကီး၏ အသံမွာလည္း ေအာင္ျမင္စြာ ျမည္ဟီးလာသည္။
မေပ်ာ္ႏိုင္သူႏွစ္ေယာက္ဟာေတာ့ သူေမွ်ာ္လင့္ထားသလို ျဖစ္မလာသည့္
မဟာသိနအမတ္ႏွင့္ စိတ္အိုက္သည့္အျပင္ ေသးပါေပါက္ခ်င္လာ၍ ေအာင့္ထားရေသာ
မင္းျမတ္ဧကဦးမာန္ ေခၚ သွ်င္းဓနေနာင္တို႔ပင္ျဖစ္သည္။
CHANGE 🍁
အက္ပုဒိတ္ကိစၥေလးေျပာခ်င္လို႔
ကိုယ္က မနက္၇နာရီကေန ၁နာရီေလာက္ထိေဈးမွာ ေဈးေရာင္းရေသးတယ္....
အာ့ေၾကာင့္ ျပန္လာစားေသာက္ၿပီးမွ
စေရးေတာ့ ညပိုင္းေလာက္မွ ၿပီးတယ္..
ဦးညိဳတို႔တုန္းက ေရးရတာ
ကိုယ့္အတြက္မခက္ခဲဘူး ျမန္တယ္ ...
ပယင္းက် ေရးရတာ တကယ္မလြယ္ဘူး
အသုံးအႏႈန္းေတြကအစသတိထားေရးရတာ
မွားေနရင္ ေထာက္ျပေပးသြားေနာ္
မေန႔က ေကာင္မေလးတစ္ေယာက္ ဂ်စ္ကို
ေထာက္ျပသြားတယ္ တကယ္ေက်းဇူးတင္ပါတယ္ဗ်❤️
ျဖစ္ႏိုင္ရင္ ၿပီးရင္ တစ္ရက္တစ္ခါတင္ပါ့မယ္ မၿပီးလို႔ ႏွစ္ရက္တစ္ခါျဖစ္သြားရင္
နားလည္ေပးၾကပါေနာ္။
ၿပီးေတာ့ ပယင္းကပ်င္းစရာေကာင္းလားဟင္
ကိုယ္တို႔ေျဖးေျဖးခ်င္းသြားၾကမယ္ေလေနာ္