ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်က...

بواسطة Cora0411

1.6M 235K 8.6K

Title - 嫁给渣攻的反派哥哥 English title-Married the Scum Gong's Villain Brother All credits to original author and E... المزيد

Description
Chapter 1✰Edited
Chapter-1.1
Chapter 1.2
Chapter 2✰Edited
Chapter 2
Chapter 3✰Edited
Chapter 3
Chapter 4✰Edited
Chapter 4
Chapter 5✰Edited
Chapter 5
Chapter 6✰Edited
Chapter 6
Chapter 7✰Edited
Chapter 7
Chapter 8✰Edited
Chapter 8
Chapter 9✰Edited
Chapter 9
Chapter 10✰Edited
Chapter 10
Chapter 11✰Edited
Chapter 11
Chapter 12✰Edited
Chapter 12
Chapter 13✰Edited
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21.1
Chapter 21.2
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84 (Final Chapter)
Extra 1.1:Later Story-နောက်ဆက်တွဲ/ေနာက္ဆက္တြဲ
Extra 1.2: Later Story 2
Extra 1.3: Later Story 3
Extra 1.4: Later Story4-နိုင်ငံ့CPကိုတရားဝင်ကြေညာခြင်း
Extra 1.5: Later Story - လက်ထပ်ပွဲ/လက္ထပ္ပြဲ
Extra 2.1: သဝန်တိုခြင်း/သဝန္တိုျခင္း
Extra 2.2: လောင်ကုန်း/ေလာင္ကုန္း
Extra 3.1: အချိန်မီပြန်သွားလို့ တစ်ဖန်ပြန်လည်တွေ့ဆုံကြမယ်!
Extra 3.2: ပျော်ရွှင်မှုက နေရာတိုင်းမှာ
ကျေးဇူးတင်လွှာ💓

Chapter 68

11.7K 2.1K 90
بواسطة Cora0411

//Zawgyi//

Chapter 68:လက္ထပ္ပြဲေၾကညာခ်က္

ကေလးမေလးရဲ႕အသံထြက္သြားသြားခ်င္းမွာ သူမပတ္လည္ရွိအရာအားလံုး တိတ္ဆိတ္သြားသည္။

ရွန္ရိက်င္းရဲ႕အျမင္ထဲမွာေတာ့ ဗီလာတံခါးက က်ယ္က်ယ္ဝန္းဝန္းပြင့္သြားကာ က်င္ရႊင္က အလင္းေရာင္ေအာက္ဝယ္ရပ္ေနျပီး သူ႔ေနာက္တြင္ေတာ့ ခမ္းနားလွတဲ့ပြင့္လုိက္ပိတ္လိုက္ျဖစ္ေနေသာ သလင္းေက်ာက္မီးအိမ္ပင္။

သိမ္ေမြ႔တဲ့အလင္းေဖ်ာ့ေဖ်ာ့က သူ႔ေပၚျဖာက်ေနျပီး လူငယ္ေလးပတ္လည္မွာ ေရာင္လွ်ံစက္ဝန္းတုိ႔ရွိေနသလိုပင္။

ကေလးမေလးေအာ္သံကုိၾကားလိုက္ရတဲ့အခ်ိန္ က်င္ရႊင္ကရယ္ေမာလိုက္မိသည္။ သူ႔ရဲ႕ႏွင္းဆီေရာင္ႏႈတ္ခမ္း၊ သြားျဖဴျဖဴေလးတုိ႔ျဖင့္ စတင္ရယ္ေမာေတာ့၏။

သူက ေရွာင္ရင္ရင္ကုိ ကူကယ္ရာမဲ့စြာၾကည့္လုိက္ျပီးေနာက္ ရွန္ရိက်င္းရဲ႕နက္ေမွာင္ေပမဲ့ေတာက္ပေသာမ်က္ဝန္းတုိ႔ျဖင့္ ဆံုေတြ႔သြားသည္။

“အာ……”

က်င္ရႊင္က ရုတ္ျခည္းရွက္ရြံ႕သြားမိသည္။

သူဓာတ္ေလွကားထဲက ထြက္လာတဲ့အခိုက္အတန္႔မွာ လူမ်ားစြာက သူ႔ကုိစုိက္ၾကည့္ေနၾကမွန္း သိသည္၊ ထိုသို႔ၾကည့္ျခင္းက စပ္စုခ်င္စိတ္ေၾကာင့္ ဒါမွမဟုတ္အျခားအေၾကာင္းအရာေတြေၾကာင့္ ျဖစ္ႏုိင္သည္။ သို႔ေသာ္ သူဒါကုိသိေပမဲ့ က်င္ရႊင္ကေငးၾကည့္ခံေနရတဲ့အေပၚ သိပ္ျပီးမ်ားမ်ားစားစားေတြးမေနခဲ့။ အျခားသူေတြက ရင္ရင့္ေအာ္သံကုိၾကားျပီး ဒီအေၾကာင္းစတင္ေျပာဆိုေနတဲ့အခ်ိန္မွာေတာင္မွ သူဂရုမစုိက္ေပ။

သုိ႔ေပမဲ့ ထူးဆန္းတာက ရွဲန္းရွန္ကလည္း …ဇနီးေလး ဒါမွမဟုတ္အျခားတစ္ခုခုကုိ…ၾကားသြားႏုိင္တယ္ဆိုတဲ့အခ်က္ကို သူေတြးၾကည့္မိလုိက္တာနဲ႔…

သူရွက္လာတယ္!

အရမ္းကိုရွက္လာတာ!

ထိုအခိုက္အတန္႔မွာ ရွန္ရိက်င္းက သူတုိ႔ဆီေလွ်ာက္လွမ္းလာေနျပီျဖစ္သည္။

အရင္ဆံုး သူကလူငယ္ေလးကုိၾကည့္လိုက္၏။

တစ္ဖက္လူက ရွက္ေသြးျဖာေနခ်ိန္ သူ႔မ်က္လံုးေတြကို ေရႊ႕လိုက္ကာ က်င္ရႊင့္လက္ေမာင္းထက္က ကေလးေလးဆီေရာက္သြားျပီး ႏူးညံ့စြာအဆိုျပဳလုိက္၏ : “ကုိယ္ခ်ီေပးမယ္ေလ”

“အြန္း” က်င္ရႊင္က ေခါင္းညိတ္ကာ ရင္ရင္ကိုေခါင္းငံု႔ျပီးေမးလုိက္သည္ : “ရင္ရင္ကေရာ က်င္းေကာကိုခ်ီေစခ်င္လား?”

ကေလးမေလးက ထိုအေၾကာင္းကိုစဥ္းစားေနကာ မ်က္လံုးဝိုင္းဝိုင္းေလးေတြျဖင့္ ေခါင္းညိတ္လာသည္။

သေဘာတူတဲ့အေနနဲ႔ ေခါင္းညိတ္ျပီးေနာက္ သူမက အလြန္ကၽြမ္းက်င္စြာျဖင့္ ကုိယ္တစ္ဝက္လွည့္ကာ ခုနကက်င္ရႊင့္ကိုလုပ္ခဲ့သလိုမ်ိဳး ရွန္ရိက်င္းဆီ သူမလက္ေလးေတြကုိ ဆန္႔ထုတ္ေပးလုိက္၏။

ရွန္ရိက်င္းကလည္း စြမ္းရည္ျပည့္ဝစြာျဖင့္ သူမအားခ်ီလုိက္သည္။

သူ႔ကုိကၽြမ္းက်င္တယ္လို႔ေတာ့ ယူဆလို႔မရေပ။ သူ႔မွာ လက္ဖဝါးက်ယ္က်ယ္နဲ႔ သြယ္လ်လ်လက္ေခ်ာင္းတုိ႔အျပင္ သန္မာတဲ့လက္ေမာင္းနဲ႔က်ယ္ျပန္႔တဲ့ပခံုးတုိ႔ရွိေနရုံေလးပါ

ထုိ႔ေၾကာင့္ သူေရွာင္ရင္ရင္ကိုလက္လႊဲယူလိုက္တဲ့အခ်ိန္ အားအမ်ားၾကီးမစိုက္ထုတ္ရဘဲ အလြန္ကိုသက္ေတာင့္သက္သာရွိေနပံုေပၚသည္။

ေရွာင္ရင္ရင္က ခ်က္ခ်င္းပင္ ျပီးျပည့္စံုတဲ့အမူအရာနဲ႔ လူၾကီးေတြဆီကေနအခ်ီခံရတဲ့သူမစေကးကုိ ထုတ္သံုးေတာ့သည္။

--ခုနက က်င္ရႊင္သူမကုိခ်ီတုန္းကလိုပင္၊ လ်င္ျမန္စြာနဲ႔ ရွန္ရိက်င္းလက္ေမာင္းထဲမွာ ထုိင္တဲ့ပံုစံကုိညွိလုိက္ျပီး သူမရဲ႕က်င္းေကာလည္ပင္းကုိ ဆြဲဖက္လုိက္သည္။

သူမၾကည့္ရတာ က်င္းေကာက ကုိကိုလွလွေလးထက္ ပိုျပီးအားရွိတယ္လို႔ ခံစားေနရပံုေပၚသည္။

ဒီတစ္ၾကိမ္မွာ သူမက ရွန္ရိက်င္းလက္ေမာင္းေပၚမွာ သက္ေတာင့္သက္သာထုိင္ေန၏။ က်င္ရႊင့္ကိုယ္ေပၚမွာတုန္းကေတာ့ သူမေျခလက္ေလးေခ်ာင္းလံုးကုိ က်င္ရႊင့္ဆီမွီထားကာ သူမမ်က္ႏွာဝုိင္းဝိုင္းကိုက် သူ႔ပခံုးမွာ ျမဲျမံစြာအပ္ထားခဲ့သည္၊ ထိုသို႔မလုပ္ပါက ထုိကိုကိုက သူမအေလးခ်ိန္ကို မခံႏုိင္မွာစုိးတဲ့ပံုႏွင့္ပင္။

ရင္ရင္က စိတ္သက္သာရာရသြားစဥ္ သူမေျခသလံုးေလးကုိ ေပ်ာ္ေပ်ာ္ရႊင္ရႊင္၊ လြတ္လြတ္လပ္လပ္ျဖင့္ လႈပ္ယမ္းကာ ရွန္ရိက်င္းရဲ႕နား,နားကပ္သြားျပီး တစ္စံုတစ္ရာေျပာလုိက္၏။

က်င္ရႊင္ : “…”

သြယ္ဝိုက္ညႊန္းဆိုခ်က္ကုိ က်င္ရႊင္ျမင္လိုက္ရတယ္

ဒါက တကယ္ေတာ့…မနာက်င္ပါဘူး ဒါေပမဲ့အရမ္းကိုေစာ္ကားခံလိုက္ရသလိုပဲ

သူျပန္ေရာက္တာနဲ႔ ေလ့က်င့္ခန္းစလုပ္ရေတာ့မယ္!

ကေလးမေလး တိုးတုိး တုိးတုိးနဲ႔ဘာေျပာေနမွန္းမသိေသာ္ျငား နားေထာင္ျပီးေနာက္ ရွန္ရိက်င္းက ေမွ်ာ္လင့္မထားစြာပဲ ျပံဳးလာသည္။

--မက္မြန္ပြင့္သ႑ာန္သူ႔မ်က္ဝန္းေတြက သူစိမ္းေတြကို ေအးစက္ကာလ်စ္လ်ဴရႈတတ္ပံုေပၚေသာ္ျငား အတြင္းဘက္မွာေတာ့ ၾကယ္ေရာင္ေလးလိုမ်ိဳး အလင္းေသးေသးေလးတစ္ခုရွိေန၏။

တစ္ခ်ိန္တည္းမွာပဲ ရွန္ရိက်င္းက က်င္ရႊင့္ေရွ႕ကိုေရာက္လာသည္။

ထုိ႔ေနာက္ က်င္ရႊင္အံ့အားသင့္သြားရတယ္၊ ရွဲန္းရွန္က လက္ေမာင္းတစ္ဖက္တည္းနဲ႔ ရင္ရင္ကုိတည္ျငိမ္စြာခ်ီထားႏုိင္ရုံသာမကဘဲ က်န္လက္ေမာင္းတစ္ဖက္နဲ႔ သူ႔ခါးကိုလြတ္လြတ္လပ္လပ္ရစ္ပတ္လာတယ္!

“မင္း စစ္တုရင္ကစားလို႔ျပီးသြားျပီလား”

“အင္…ဟမ္” အဖက္ခံလုိက္ရတဲ့က်င္ရႊင္က တိုးတိုးေလးေျဖလုိက္ျပီး တစ္ခဏၾကာေတြးေတာျပီးေနာက္ အေတြးေတြကို ေခါင္းထဲကဖယ္ထုတ္ပစ္လုိက္သည္။

__ေမ့လိုက္ေတာ့ ေမ့လုိက္ေတာ့ ကၽြမ္းက်င္မႈေတြမွာ အထူးျပဳရွိတယ္

ရွဲန္းရွန္က ခြန္အားရွိေပမဲ့ သူ(က်င္ရႊင္)က ဥာဏ္ေကာင္းတယ္!

……ရွန္ရိက်င္းကလည္း အရမ္းဥာဏ္ေကာင္းတယ္ဆိုေပမဲ့ေပါ့

သူမ်က္လံုးေတြကိုေမာ့ကာ ၾကည့္လုိက္တဲ့အခ်ိန္ ရွဲန္းရွန္က တကယ္ကိုအရပ္ရွည္ကာ သူ႔မ်က္ႏွာကလည္းခံ့ညားေနျပီး ကေလးခ်ီထားတဲ့အခ်ိန္ ျခားနားခ်က္ေလးတစ္ခုရွိေနသည္။ ဒါ့အျပင္ တူတူရပ္ေနၾကတဲ့အခ်ိန္ သူတုိ႔က မိသားစုဝင္သံုးေယာက္ႏွင့္တူညီေနသည္…

သူ႔မ်က္ႏွာေပၚရွိ ရွက္ေသြးျဖာမႈက သူ႔နားဆီေရာက္ခါနီးျဖစ္ကာ က်င္ရႊင္က ဒီအေၾကာင္းကိုထပ္ျပီးဂရုစုိက္မေနေတာ့ေပ။

သူ႔အၾကည့္ကို ရင္ရင္ဆီေရႊ႕လိုက္ျပီး : “ရင္ရင္ခုနက က်င္းေကာကို တိုးတိုးေလးဘာေျပာလိုက္တာလဲ?”

ေမးခြန္းေမးခံလုိက္ရတဲ့ရင္ရင္က သူ႔ကုိမ်က္ႏွာခ်င္းဆိုင္ရန္ အတန္ငယ္ရွက္ရြံ႕သြားကာ လုပ္ျပံဳးေလးျပံဳးရင္း ရွန္ရိက်င္းပခံုးထက္ သူမမ်က္ႏွာအပ္လုိက္သည္။

သူမရဲ႕ပါးရဲရဲေလးေတြက တစ္ဖန္ပံုပ်က္သြားျပန္သည္။ ရွန္ရိက်င္းပခံုးေတြက အနည္းငယ္နိမ့္ဝင္သြားကာ ကေလးကုိျငိမ္ေအာင္ခ်ီထားရင္း က်င္ရႊင့္အားေျပာလိုက္သည္
“သူေျပာတာက သူကမင္းကုိပင္ပန္းေစမိမွာစုိးလို႔တဲ့”

ေျပာေနရင္းျဖင့္ က်င္ရႊင့္နားဖ်ားဆီေရာက္ရန္ ေခါင္းအနည္းငယ္ငံု႔လာသည္။ ႏွာတံေျဖာင့္ေျဖာင့္နဲ႔ ႏႈတ္ခမ္းပါးတစ္စံုက သူ႔နားရြက္ကေန တစ္စင္တီမီတာေလာက္အကြာ၌ ရပ္တန္႔သြားသည္။ ရွန္ရိက်င္းရဲ႕တိုးနိမ့္ကာမူးယစ္ဖြယ္ေကာင္းေသာအသံက ေဟာခန္းမထဲ ပ်ံ႕လြင့္ေနတဲ့ ဂႏၱဝင္ေတးဂီတသံကုိ လံုးဝလႊမ္းမိုးသြားကာ က်င္ရႊင့္နားထံသုိ႔ ဝင္ေရာက္လာသည္။

“မူရင္းစကားလံုးေတြကေတာ့ ‘သမီး က်င္းေကာရဲ႕သတုိ႔သမီးကို မပင္ပန္းေစခ်င္ဘူး’ တဲ့ ”

က်င္ရႊင္ : “!......!”

ဘာလို႔..ဘာလို႔ သူကသတို႔သမီးျဖစ္သြားရျပန္တာလဲ?!

ဒါကိုေျပာျပီးေနာက္ ရွန္ရိက်င္းက ေခါင္းေမာ့ကာမတ္မတ္ျပန္ရပ္လုိက္သည္။

သူ႔နားေတြက ရွဲန္းရွန္ရဲ႕အသက္ရွဴသံနဲ႔ ပက္ဖ်န္းခံလုိက္ရကာ…လံုးဝအတိေလာင္ကၽြမ္းေနျပီး အရမ္းကိုပူေလာင္ေနတယ္!

ထိုအခိုက္အတန္႔မွာ ရွန္ရိက်င္းကအဆိုျပဳလာသည္ : “ကိုယ္တုိ႔ အျပင္မွာ တစ္ခြက္ေလာက္သြားေသာက္ၾကမလား?”

က်င္ရႊင့္မွာ ျငင္းပယ္စရာမရွိ။ သူကေခါင္းငံု႔ကာ ရွန္ရိက်င္းရဲ႕ဦးေဆာင္မႈေနာက္ကေန ျခံဝင္းထဲသြားလိုက္ၾကသည္။

သူ႔ပံုစံရယ္၊ သူ႔ခါးထက္က ရွန္ရိက်င္းရဲ႕လက္ရယ္ကို ေပါင္းစပ္လုိက္ေတာ့ တစ္နည္းတစ္ဖံုနဲ႔ သူ႔အား ခ်စ္စရာေကာင္းေသာလူငယ္ေလးပံုေပါက္ေစသည္။

ဒါ့အျပင္ အရမ္းကုိခ်စ္စရာေကာင္းတဲ့ကေလးေလးတစ္ေယာက္လည္းရွိေသးတယ္။ မိသားစုဝင္သံုးေယာက္ရဲ႕ တကယ္ကုိေႏြးေထြးခ်ိဳျမိန္တဲ့အေငြ႔အသက္တုိ႔ ရွိေနသည္။

သုိ႔ေသာ္…

ထုိ“မိသားစုသံုးေယာက္”ရဲ႕ တည္ျငိမ္မႈနဲ႔ ႏႈိင္းယွဥ္လိုက္ရင္ ထိုမနီးမေဝးရွိ သူတို႔စကားေျပာတာကုိၾကားလိုက္ရသူတုိင္း သူတို႔ထြက္သြားတာနဲ႔ ထိန္းမထားႏုိင္ေတာ့ဘဲ ေပါက္ေပါက္ေဖာက္ၾကေတာ့၏။

ဧည့္ခန္းတစ္ခုလံုးက လံုးဝအတိေပါက္ကြဲကုန္ေတာ့သည္။

အေမးအမ်ားဆံုးေမးခြန္းေတြထဲမွ တစ္ခုကေတာ့ : “ငါမွတ္မိတာသာမွန္မယ္ဆိုရင္ ရွန္မိသားစုရဲ႕တာ့ေရွာက္ရယ္က singleမဟုတ္ဘူးလား?”

မယံုၾကည္မႈႏွင့္ အံ့ၾသမႈတုိ႔ဟာ မတူကြဲျပားတဲ့ပမာဏျဖင့္ အမ်ိဳးမ်ိဳးရွိေနၾကသည္__

“စစတုန္းက ကေလးမေလးေအာ္လုိက္တဲ့လူအေပၚ ငါသိပ္ျပီးအာရုံမစိုက္ခဲ့ဘူး ဒါေပမဲ့အဲ့လူက ရွန္ရိက်င္းျဖစ္ေနတယ္ က်င္းေကာရဲ႕ဇနီးဆိုတာကဘာၾကီးလဲ? ဒါကအရမ္းကို…ေသာက္က်ိဳးနည္း”

“ငါကေတာ့မင္းနဲ႔မတူဘူး။ ငါ့ရဲ႕ပထမဆံုးတံု႔ျပန္မႈက ကေလးမေလးေပါက္ကရေျပာတာေပါ့။ ငါမထင္ထားတာက ဥကၠ႒ရွန္က ေရွ႕ေလွ်ာက္သြားျပီး သူ႔ခါးကိုဖက္လိုက္မယ္လို႔ေလ! ဥကၠ႒ရွန္က ေအးစက္တယ္လို႔ ဘယ္သူေျပာတာလဲ သူကအေတာ္ေလးေကာင္းတာပဲမဟုတ္လား ဟဟ!”

“ၾကည့္ရတာ ဒီႏွစ္ေမြးေန႔ပြဲမွာ လူအိုၾကီးရွန္ကေတာ့ ႏွစ္ထပ္ကြမ္းေပ်ာ္ရႊင္မႈကို ရရွိေတာ့မယ္ထင္ပါရဲ႕”

“ဒါေပမဲ့ အဲ့လူငယ္ေလးက ဘယ္သူ႔ကေလးလဲ ငါခံစားရတာက သခင္ေလးက်င္းရဲ႕တံု႔ျပန္မႈကေလ…ေပါင္းစည္းမႈလက္ထပ္ပြဲနဲ႔မတူဘူးလားလို႔၊ သ႔ူၾကည့္ရတာ အဲ့လူငယ္ေလးကုိတကယ္ၾကိဳက္ပံုပဲ”

“သူ႔မူလဇစ္ျမစ္က သာမန္မဟုတ္ေလာက္ဘူး။ မဟုတ္ရင္ ဥကၠ႒ရွန္က မ်က္စိက်ပါ့မလား?!”

“ဟုတ္သားပဲ ဥကၠ႒ရွန္က ငါ့မိသားစုရဲ႕ေဝ့ေဝ့ေလးကိုေတာင္ ျငင္းလုိက္တာ အျခားၾကံဳရာလူဆိုေျပာမေနေတာ့နဲ႔”

“ျပီးသြားျပီ ငါ့ကေလးကသာ ဥကၠ႒ရွန္မွာ လက္တြဲေဖာ္ရွိမွန္းသိသြားရင္ သူအသည္းကြဲေနေတာ့မွာပဲ!”

အိမ္ထဲရွိလူအမ်ားစုက သက္လတ္ပုိင္းအၾကီးအကဲေတြျဖစ္ေပမဲ့ ျခံဝင္းအျပင္ဘက္မွာေတာ့ အမ်ားစုက ရွန္ရိက်င္းနဲ႔အသက္တူ ဂ်ဴနီယာေတြပင္။

သို႔ေသာ္ အတြင္းတြင္ျဖစ္ေစ အျပင္တြင္ျဖစ္ေစ လူေတြက အၾကီးႏွစ္ေယာက္၊အေသးတစ္ေယာက္ျဖင့္ အခ်င္းခ်င္းေပြ႔ဖက္ကာ ေလွ်ာက္လာၾကတဲ့သူတို႔ကုိျမင္တဲ့အခ်ိန္ အံ့ၾသမႈေတြက အျခားသူေတြထက္မေလ်ာ့နည္းသြားၾကေပ။

လူအုပ္ရဲ႕အၾကည့္ေအာက္မွာ လူသံုးေယာက္က ဥယ်ာဥ္ထဲရွိ ဘူေဖးစားပြဲဝိုင္းဆိီသြားလုိက္ၾက၏။ ရွန္ရိက်င္းရဲ႕ခ်ီထားျခင္းခံရတဲ့ရင္ရင္က က်င္ရႊင္ခြံ႕ေပးတဲ့ေရတစ္ငံုေသာက္ကာ အခြံမာသီးေလးတစ္ခုစားလိုက္၏။
“လခြမ္း အဲ့ဒါက ယန္က်င္ရႊင္မလား?!”

လင္လိနဲ႔အျခားသူေတြက အဆက္အသြယ္က်ယ္ျပန္႔ရန္ ျခံဝင္းထဲဝင္ေရာက္လာျပီးသိပ္မၾကာခင္မွာ သူတို႔အေနာက္လွည့္လိုက္ခ်င္းမွာပဲ ကုိယ္တုိင္ယူဘူေဖးဧရိယာ၌ ကေလးမေလးတစ္ေယာက္ဟာ ရွန္ရိက်င္းနဲ႔ယန္က်င္ရႊင္ၾကားညပ္ေနတာကုိ ျမင္လုိက္ရသည္။ သံုးေယာက္သားက အခ်ိန္ေကာင္းေလးပုိင္ဆိုင္ေနျပီး တစ္ခုခုအေၾကာင္းေျပာေနပံုပင္။

ျပီးေတာ့ ဒီတစ္ၾကိမ္မွာ သူတုိ႔က အနက္နဲ႔မီးခိုးကုိဝတ္ဆင္ထားၾကသည္။ ယန္က်င္ရႊင္နဲ႔ရွန္ရိက်င္းက စံုတြဲဝတ္စံုေတြဝတ္ထားတာအသိသာၾကီးပင္။

…ဒါက အရမ္းသိသာလြန္းတယ္!

ေလးစားသမႈျပသရန္အတြက္ ပြဲတက္ေရာက္လာၾကတဲ့လူအမ်ားစုက ပံုစံတက်ေကာင္းေကာင္းမြန္မြန္ဝတ္စားလာၾကသည္။

ဒီလိုအဝတ္အစားမ်ိဳးကုိ ယန္က်င္ရႊင္ဘာသာတတ္ႏုိင္မွာမဟုတ္ဘဲ သူ႔အတြက္ရွန္ရိက်င္းကုိ ျပင္ဆင္ခုိင္းတာက ပံုမွန္ပဲ

ဒါေပမဲ့!

ဒီေန႔ပြဲက သီးသန္႔ပါတီမ်ိဳးနဲ႔ ျခားနားတယ္ေလ။ လူအိုၾကီးရွန္ရဲ႕ေမြးေန႔ပါတီပြဲက ဂုဏ္ျပဳထုိက္တဲ့အထက္တန္းစားအၾကီးအကဲေတြနဲ႔ျပည့္ေနတာ။ တကယ္လုိ႔ မင္းပါတီပြဲကုိ တစ္စံုတစ္ေယာက္ေခၚလာတယ္ဆိုရင္ေတာင္မွ မင္းရဲ႕ကေလး ဒါမွမဟုတ္ ဇနီးမယားကုိပဲေခၚလာသင့္တာေလ။ ဘယ္သူကမွ တြဲဖက္အေနနဲ႔ ကစားေဖာ္ေလးကိုေခၚလာမွာမဟုတ္ဘူး။

သူတုိ႔လိုေပါ့ သူတုိ႔ဘာသာသူတုိ႔ဆိုရင္ ရွန္မိသားစုမွဖိတ္ၾကားခ်က္ကုိလက္ခံရရွိဖို႔ အရည္အခ်င္းမျပည့္မီေပ။

သူတုိ႔တက္ေရာက္ႏုိင္တဲ့အေၾကာင္းအရင္းက သူတုိ႔မိသားစုအၾကီးအကဲေတြကို အေဖာ္ျပဳျပီးလုိက္တာမို႔လို႔ပဲ

ယန္က်င္ရႊင္က်ေတာ့ ဘာျဖစ္သြားတာလဲ?

ဘာလို႔သူကဒီမွာရွိေနရတာလဲ?

ရွန္ရိက်င္းဆိုရင္ေတာင္မွပဲ ဒါၾကီးက အရမ္းရုပ္ေပါက္ျပီး မေတာ္တေရာ္ျဖစ္လြန္းတယ္!

“အာ့ေရွာက္ကဘယ္မွာလဲ သူဒီအေၾကာင္းကုိသိလား?” လင္လိရဲ႕ေနာက္လုိက္အုပ္စုေလးက မိန္းေမာစြာျဖင့္ေမးလုိက္သည္။

“အာ့ေရွာက္က ဖ်ားျပီးေဆးရုံတက္ေနရတုန္းမဟုတ္ဘူးလား? စကားမစပ္ အဘိုးရွန္ရဲ႕ေမြးေန႔မွာ သူကလာျပီးဂုဏ္မျပဳေပးဘူးလား”

“ငါမသိဘူး” တစ္ေယာက္ကေျပာ၏ “ဒီအခ်ိန္အတြင္း အာ့ေရွာက္က ကမာၻေပၚကေနေပ်ာက္ကြယ္သြားသလိုပဲ။ သူက group chatထဲက စာေတြကိုလည္းမျပန္ဘူး၊ ငါသူ႔ကုိသြားေတြ႔ရင္လည္း သူကမူးရင္မူး မမူးရင္အိပ္ေပ်ာ္ေနတာ။ သူ႔အေမကလည္း ငါတုိ႔လာလည္ဖို႔ခြင့္မျပဳဘူး…”

“သူလာလိမ့္မယ္” လင္လိကေျပာ၏ : “သူ႔အဘိုးေမြးေန႔ပြဲကုိ ျပန္မလာႏုိင္ေလာက္ေအာင္ သူကဘယ္ေလာက္ေတာင္ဖ်ားေနတာမို႔လို႔လဲ သူကျပန္မေကာင္းခ်င္ဘူးဆိုရင္တစ္မ်ိဳးေပါ့”

“ဟားဟားဟား စိတ္ဝင္စားစရာပဲ။ သူ႔အခ်စ္ေဟာင္းေလးကုိ သူ႔အစ္ကုိၾကီးက ပါတီလာဖို႔ဖိတ္ထားခဲ့မွန္း သူသိသြားခဲ့ရင္ သူဘယ္လုိပံုျဖစ္သြားမလဲဆိုတာ ငါသိခ်င္ေနမိတယ္”

“သူ႔မွာဘယ္လုိအမူအရာမ်ိဳးရွိႏုိင္မွာလဲ ဒါကတြယ္ကပ္တတ္တဲ့ျဂိဳဟ္ဆိုးကို ေနာက္ဆံုးေတာ့ေက်ာ္လႊားသြားႏုိင္တဲ့ေပ်ာ္ရႊင္မႈမဟုတ္လား?”

“က်စ္ က်စ္ အဲ့လုိျဖစ္လိမ့္မယ္လို႔ ငါေတာ့မထင္ဘူး….အဓိကကေတာ့ မင္းတုိ႔ေကာင္ေတြမထင္ဘူးလား အခုယန္က်င္ရႊင္က…ဘယ္လိုေျပာရမလဲ ငါသာအာ့ေရွာက္ဆိုရင္ေတာ့ ငါေနာင္တရလိမ့္မယ္လို႔ထင္တယ္”

“သူကေျပာင္းလဲသြားျပီ ေသာက္ပဲ ရွန္ရိက်င္းရဲ႕ေရွ႕မွာ သူဘယ္လိုေတာင္ရယ္ေနႏုိင္ရတာလဲ၊ ငါေတာင္ အဲ့ေလာက္သာမန္ဆန္ဆန္မရယ္ရဲဘူး!”

“ျပီးေတာ့သူ႔အျပံဳးက…တကယ္ကုိၾကည့္ေကာင္းတယ္။ မ်က္ရည္ခံမွဲ႔နဲ႔ မ်က္လံုးေတာက္ေတာက္ေတြကိုပဲၾကည့္လိုက္ဦး၊ ယန္က်င္ရႊင္က အရင္တုန္းက အာ့ေရွာက္ေရွ႕မွာ ဒီလုိမ်ိဳးျပံဳးရယ္ဖူးလား?”

“ဘယ္သူသိမွာလဲ မင္းသိခ်င္ရင္ အာ့ေရွာက္ကုိကိုယ္တုိင္သြားေမးၾကည့္ေပါ့။ အာ့ေရွာက္တစ္ခါမွမျမင္ဖူးတာလည္း ျဖစ္ႏုိင္တယ္။ ဒါေပမဲ့ သူျမင္ဖူးခဲ့ရင္ေတာင္မွ သူစိတ္အေႏွာင့္အယွက္ပဲျဖစ္ေနခဲ့မွာ ဟားဟားဟား…”

“ထားလုိက္ပါေတာ့ကြာ အာ့ေရွာက္ကဖ်ားေနတုန္းရွိေသးတာ ေပါက္ကရေတြေလွ်ာက္မေျပာနဲ႔ေတာ့”

“ ငါလူး ငါကဘာေပါက္ကရေတြေျပာေနလုိ႔လဲ? ငါကအာ့ေရွာက္အေၾကာင္း ဂုဏ္ရည္ေသြးျပီးေျပာျပေနတာ အသိသာၾကီးကုိ!”

“ေတာ္ပါေတာ့ မင္းတုိ႔ဘာလို႔ဒါေလးကုိျငင္းခံုေနၾကတာလဲ” လင္လိက သူတုိ႔ျငင္းခံုမႈကုိ ၾကားျဖတ္ကာ ညည္းညဴလုိက္သည္ : “ တာ့ေရွာက္ရယ္ကိုယ္တုိင္ ဒီလိုမ်ိဳးပါတီပြဲကုိေခၚလာရေလာက္ေအာင္ အဲ့ယန္က်င္ရႊင္မွာ ဘာဆြဲေဆာင္မႈေတြရွိေနမွန္း ငါနားကုိမလည္ေတာ့ဘူး”

အရင္တစ္ေခါက္ ဒီႏွစ္ေယာက္ကို သူဘားမွာေတြ႔မိတုန္းက သူကြာေစ့စားျပီး ဒီအခြင့္အေရးကုိအသံုးခ်လို႔ အာ့ေရွာက္ကိုေတာင္ ရန္စလုိက္ေသးတယ္

သို႔ေပမဲ့အခု ယန္က်င္ရႊင္က ဒီလိုပြဲမ်ိဳးကုိ တက္ေရာက္ႏုိင္တယ္…သူတကယ္ပဲဒါကုိနားမလည္ဘူး

ရိုးရိုးသားသားေျပာရရင္ လင္လိႏွလံုးအိမ္ထဲမွာ အတန္ငယ္မနာလိုျဖစ္ေနမိသည္။

အရင္က သူတို႔အထင္ေသးႏွိမ့္ခ်ခဲ့တဲ့ယန္က်င္ရႊင္က ဒီေနရာမွာဘာလို႔ေပၚလာႏုိင္ရတာလဲ?

သူေတာင္မွ သူ႔အေဖကိုအခ်ိန္အၾကာၾကီး ေတာင္းပန္ခဲ့လို႔လုိက္လာႏုိင္ခဲ့တာ!

လင္မိသားစုမွာ ဖိတ္ၾကားခ်က္တစ္ခုသာရွိျပီး သူ႔အေမအျပင္ သူ႔အေဖက အမ်ားဆံုးမွလူတစ္ေယာက္ပဲထပ္ေခၚခြင့္ရွိသည္။ သို႔ရာတြင္ သူတို႔မိသားစုမွာ ကေလးေတြအမ်ားၾကီးရွိတာမို႔ ယွဥ္ျပိဳင္မႈကလည္း သဘာဝက်က်ပင္ၾကမ္းတမ္းလြန္းလွ၏။

ရွန္မိသားစုရဲ႕ဖိတ္ၾကားခံရျခင္းကကို ဂုဏ္ျဒပ္သေကၤတတစ္ခုျဖစ္ေနျပီးျပီ။

ဒီလိုမ်ိဳးအခါသမယမွာ ပြဲတက္ရုံနဲ႔တင္လည္း လူဝင္ဆံ့ျခင္းတစ္မ်ိဳးျဖစ္ေနျပီ။ ကုိယ္ပုိင္ဂုဏ္ျဒပ္ကို ထင္ရွားေအာင္ေဖာ္ျပရင္း တစ္ခ်ိန္တည္းမွာ အဆင့္အတန္းတူေတြနဲ႔ မိတ္ေဆြမ်ားမ်ားဖြဲ႔ႏုိင္ဖို႔က အရမ္းကိုအေရးၾကီးလွသည္။

အတိတ္မွာတုန္းက သူတုိ႔အာ့ေရွာက္ေနာက္လိုက္ကာ ရွန္မိသားစုရဲ႕ဒုတိယသခင္ေလးမ်က္ႏွာေပၚမွီခုိရင္း သူတို႔ဘယ္ကုိသြားသြား ဖိတ္စာမလိုခဲ့ေပ။

သို႔ေသာ္ျငား ဒီအခ်ိန္ကာလအတြင္းမွာ တစ္ဖက္လူနဲ႔ သူတုိ႔လံုးဝအဆက္အသြယ္ျပတ္ေနခဲ့တာမို႔ သူတို႔အတြက္အေနာက္တံခါးဖြင့္ေပးရန္ေတာင္းဆိုဖို႔ကေတာ့ ေမ့လိုက္ေတာ့ေပါ့…

ဒီဧည့္ခံပြဲကိုတက္ေရာက္ႏုိင္ဖို႔ရန္ လင္လိက တန္ဖိုးအၾကီးၾကီးေပးေခ်ခဲ့ရသည္။ ျပီးေတာ့ သူတုိ႔အုပ္စုေလးထဲမွာ သူ႔လိုမ်ိဳးေတာ္ေတာ္မ်ားမ်ားရွိေသး၏။

ဒါေၾကာင့္ပဲ ယန္က်င္ရႊင္ကပါဒီေနရာမွာရွိေနတဲ့အတြက္ သူတုိ႔ေရွာ့ခ္ရသြားျခင္းပင္။

“…ယန္က်င္ရႊင္လည္း ငါတို႔လုိမ်ိဳး ျဖစ္ႏုိင္မလား၊ သူကတာ့ေရွာက္ရယ္ရဲ႕ေနာက္လိုက္ ျဖစ္လာတာလားမသိဘူး” တစ္ခုခုလြဲေခ်ာ္ေနမွန္းခံစားရတဲ့တစ္ေယာက္က မထိန္းႏုိင္ဘဲ ခြဲျခမ္းစိတ္ျဖာလုိက္သည္။

“အရူးေကာင္!”လင္လိက မေနႏုိင္ဘဲ ဆဲေရးမိေတာ့၏ : “မင္းအရင္တစ္ေခါက္က ဓာတ္ပံုကိုရွင္းရွင္းလင္းလင္းမျမင္လိုက္ရဘူးလား! သူ႔ကုိတာ့ေရွာက္ရယ္က ေခၚသြားတာသိသာေနတာေလ!...”

လင္လိရဲ႕စကားလံုးေတြက အျခားအေဖာ္တစ္ေယာက္ရဲ႕ၾကားျဖတ္ျခင္းခံလိုက္ရသည္ :  “ေဟး လူအိုၾကီးရွန္ထြက္လာျပီ စေတာ့မွာလား? ဘာလို႔အာ့ေရွာက္ကခုထိမေရာက္ေသးတာလဲ?”

သူတို႔စကားေျပာေနရင္း လူတုိင္းက ဗီလာရဲ႕အေရွ႕တံခါးမဆီစုသြားၾက၏။

လူအိုၾကီးရွန္က Tangဝတ္စံုကုိဝင္ဆင္ထားကာ တံခါးဝမွာမတ္တပ္ရပ္ေနသည္။ အနည္းငယ္ျမင့္မားတဲ့ကုန္းျမင့္နဲ႔ အလင္းေရာင္ေတြက လူတုိင္းသူ႔ကုိလြယ္လြယ္ကူကူျမင္ေအာင္ ျပဳလုပ္ေပးေနသည္။

ဂုဏ္ျပဳဧည့္ခံပြဲရဲ႕ ပထမအပုိင္းကေတာ့ လူအိုၾကီးရွန္က အမွာစကားအနည္းငယ္ေျပာၾကားတာျဖစ္သည္။

သူက ယေန႔ဒီေနရာရွိလူတုိင္းကုိ ေက်းဇူးတင္ရင္းျဖင့္စတင္လာသည္။

အၾကီးအကဲရဲ႕အသံက မိုက္ကရုိဖုန္းကေန ျဖတ္သန္းကာ စပီကာေတြကေနတစ္ဆင့္ ကြင္းျပင္ထဲပ်ံ႕လြင့္လာသည္။ တခမ္းတနားဝတ္စားထားၾကတဲ့လူေတြက ဝိုင္ခြက္ကိုင္လ်က္ ျခံဝင္းမွာ ပုိပိုျပီးစုရုံးလာၾကသည္။

လင္လိနဲ႔သူတုိ႔အုပ္စုငယ္ေလးဟာလည္း ေရွ႕တက္သြားကာ အတူတူတိုးေဝွ႕ေနၾကသည္။ မ်က္စိလ်င္တဲ့တစ္ေယာက္က ရွန္ရိက်င္းဟာသူ႔လက္ေမာင္းရွိကေလးမေလးကုိ ေဘးကကေလးထိန္းဆီ ေပးလိုက္တာအားျမင္လိုက္ရသည္။ အဲ့ေနာက္ သူက ယန္က်င္ရႊင့္လက္ကိုကိုင္ကာ ျခံဝင္းဆီဦးတည္လို႔ေလွ်ာက္လွမ္းသြား၏။

“…ဒီတာ့ေရွာက္ရယ္ကေတာ့ ျပဳစားခံလုိက္ရျပီပဲ” ဒီျမင္ကြင္းကို ျမင္လိုက္ရတဲ့သူက မေနႏုိင္ဘဲ သူ႔အေဖာ္ကိုလက္တုိ႔၊ညႊန္ျပကာ တီးတုိးေျပာေတာ့သည္ : “ၾကည့္ဦး သူတုိ႔ကလက္ေတြကုိင္ထားတုန္းပဲ”

“က်စ္က်စ္ ရွန္ရိက်င္းရယ္..အလုိေလး သူ႔မွာလည္း ဒီလိုမ်ိဳးမသိနားမလည္တတ္တဲ့အခုိက္အတန္႔မ်ိဳး ရွိတယ္ဆိုတာငါမယံုႏုိင္ဘူး! ဘယ္လုိတင္စားရမလဲ ..*သူရဲေကာင္းအတြက္ အလွေလးေတြကအားနည္းခ်က္ပဲ..အိုးဟုတ္သားပဲ ဒါဆိုအာ့ေရွာက္မွာ အခြင့္အေရးရွိျပီပဲ!”

[*သူရဲေကာင္းေတြက မိန္းမလွေလးေတြေၾကာင့္ ၎တို႔ဂုဏ္သတင္းပ်က္ျပားကာ တုိက္ခုိက္ခ်င္စိတ္တုိ႔ဆံုးရႈံးသြားရသည္]

သူစကားေျပာေနရင္း သူ႔အေဖာ္က သူ႔ေပါင္ကိုပုတ္လုိက္၏ : ”မင္းေတြးဖူးလား တာ့ေရွာက္ရယ္က သူ႔ေမြးေန႔ပါတီပြဲမွာ ကစားစရာအရုပ္ေလးေခၚလာတာကို အဘိုးရွန္သာသိသြားမယ္ဆိုရင္ ဒါက…”

“ငါလူး လုပ္လိုက္စမ္းပါ၊ မိသားစုဒရမ္မာေတြကြ!” ဒီလူက ခ်က္ခ်င္းပဲ ဖုန္းကိုဆြဲထုတ္လိုက္ျပီး “ျမန္ျမန္..ျမန္ျမန္လုပ္ အာ့ေရွာက္ကုိ WeChatကေန စာပို႔ျပီး ဒီအေၾကာင္းေျပာျပလုိက္!”

ပုိ႔ေနတဲ့စာကုိ editဖုိ႔အခ်ိန္မရလိုက္ေသးခင္မွာပဲ အဘိုးရွန္ရဲ႕ရယ္ျပံဳးေနတဲ့အသံက 3Dစတီရီယုိကေန ထြက္ေပၚလာသည္: “ဒီေန႔ဒီေနရာကို ငါ့မိသားစုနဲ႔မိတ္ေဆြေတြအားလံုး ၾကြေရာက္လာတဲ့အခ်ိန္မွာ ငါတုိ႔ရွန္မိသားစုအတြက္ အေရးၾကီးျပီးေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့အရာေလးတစ္ခုကုိ ဒီလူအိုၾကီးက မင္းတုိ႔နဲ႔အတူ မွ်ေဝခ်င္ပါတယ္။ ဒါကေတာ့ ငါ့ရဲ႕ေျမးအၾကီးဆံုး အားက်င္းက လက္ထပ္ေတာ့မယ္…”

“……လက္ထပ္မယ္?”

ဖုန္းကုိင္ထားတဲ့လက္က ရပ္တန္႔သြားျပီး ပတ္ပတ္လည္မွာလည္း ပြက္ေလာရိုက္ကုန္ေတာ့သည္။

သူတို႔ေဘးက လူအုပ္စုေတြအပါအဝင္ လူတုိင္းက တစ္ညီတစ္ညာတည္းေမာ့ၾကည့္လိုက္ၾက၏။

ေတာက္ပေနတဲ့မီးေရာင္ေအာက္မွာ ရွန္ရိက်င္းရဲ႕ေျခတံရွည္ရွည္ေတြက သူ႔အဘိုးရွိရာသို႔ ဦးတည္ေလွ်ာက္လွမ္းေနသည္။

သူ႔ေဘးမွာေတာ့ သူ႔လက္ကိုတြဲထားတဲ့ယန္က်င္ရႊင္ကလည္း အေရွ႕ေလွ်ာက္သြားကာ အဘိုးရွန္နံေဘး၌ တည္တည္ျငိမ္ျငိမ္အလ်င္မလုိစြာျဖင့္ မတ္တပ္ရပ္လုိက္သည္။

**

စာေရးသူမွာ ေျပာစရာရွိပါတယ္:

အျခားသူေတြေရွ႕၌ က်င္ရႊင္ : အိုး အမွန္ပဲ ရွဲန္းရွန္နဲ႔ငါက လက္ထပ္ၾကေတာ့မွာ

ရွဲန္းရွန္ေရွ႕၌ က်င္ရႊင္ : Ahhhhhh ရွဲန္းရွန္နဲ႔ငါကလက္ထပ္ေတာ့မွာ! !

အက်ဥ္းခ်ဳပ္ : အျခားသူေတြက အေရးမၾကီးဘူး

အျခားသူမ်ား : ? ? ?

 ▪▪▪▪🦋▪▪▪🦋▪▪▪🦋▪▪▪🦋▪▪▪🦋▪▪▪🦋

//Unicode//

Chapter 68:လက်ထပ်ပွဲကြေညာချက်

ကလေးမလေးရဲ့အသံထွက်သွားသွားချင်းမှာ သူမပတ်လည်ရှိအရာအားလုံး တိတ်ဆိတ်သွားသည်။

ရှန်ရိကျင်းရဲ့အမြင်ထဲမှာတော့ ဗီလာတံခါးက ကျယ်ကျယ်ဝန်းဝန်းပွင့်သွားကာ ကျင်ရွှင်က အလင်းရောင်အောက်ဝယ်ရပ်နေပြီး သူ့နောက်တွင်တော့ ခမ်းနားလှတဲ့ပွင့်လိုက်ပိတ်လိုက်ဖြစ်နေသော သလင်းကျောက်မီးအိမ်ပင်။

သိမ်မွေ့တဲ့အလင်းဖျော့ဖျော့က သူ့ပေါ်ဖြာကျနေပြီး လူငယ်လေးပတ်လည်မှာ ရောင်လျှံစက်ဝန်းတို့ရှိနေသလိုပင်။

ကလေးမလေးအော်သံကိုကြားလိုက်ရတဲ့အချိန် ကျင်ရွှင်ကရယ်မောလိုက်မိသည်။ သူ့ရဲ့နှင်းဆီရောင်နှုတ်ခမ်း၊ သွားဖြူဖြူလေးတို့ဖြင့် စတင်ရယ်မောတော့၏။

သူက ရှောင်ရင်ရင်ကို ကူကယ်ရာမဲ့စွာကြည့်လိုက်ပြီးနောက် ရှန်ရိကျင်းရဲ့နက်မှောင်ပေမဲ့တောက်ပသောမျက်ဝန်းတို့ဖြင့် ဆုံတွေ့သွားသည်။

“အာ……”

ကျင်ရွှင်က ရုတ်ခြည်းရှက်ရွံ့သွားမိသည်။

သူဓာတ်လှေကားထဲက ထွက်လာတဲ့အခိုက်အတန့်မှာ လူများစွာက သူ့ကိုစိုက်ကြည့်နေကြမှန်း သိသည်၊ ထိုသို့ကြည့်ခြင်းက စပ်စုချင်စိတ်ကြောင့် ဒါမှမဟုတ်အခြားအကြောင်းအရာတွေကြောင့် ဖြစ်နိုင်သည်။ သို့သော် သူဒါကိုသိပေမဲ့ ကျင်ရွှင်ကငေးကြည့်ခံနေရတဲ့အပေါ် သိပ်ပြီးများများစားစားတွေးမနေခဲ့။ အခြားသူတွေက ရင်ရင့်အော်သံကိုကြားပြီး ဒီအကြောင်းစတင်ပြောဆိုနေတဲ့အချိန်မှာတောင်မှ သူဂရုမစိုက်ပေ။

သို့ပေမဲ့ ထူးဆန်းတာက ရှဲန်းရှန်ကလည်း …ဇနီးလေး ဒါမှမဟုတ်အခြားတစ်ခုခုကို…ကြားသွားနိုင်တယ်ဆိုတဲ့အချက်ကို သူတွေးကြည့်မိလိုက်တာနဲ့…

သူရှက်လာတယ်!

အရမ်းကိုရှက်လာတာ!

ထိုအခိုက်အတန့်မှာ ရှန်ရိကျင်းက သူတို့ဆီလျှောက်လှမ်းလာနေပြီဖြစ်သည်။

အရင်ဆုံး သူကလူငယ်လေးကိုကြည့်လိုက်၏။

တစ်ဖက်လူက ရှက်သွေးဖြာနေချိန် သူ့မျက်လုံးတွေကို ရွှေ့လိုက်ကာ ကျင်ရွှင့်လက်မောင်းထက်က ကလေးလေးဆီရောက်သွားပြီး နူးညံ့စွာအဆိုပြုလိုက်၏ : “ကိုယ်ချီပေးမယ်လေ”

“အွန်း” ကျင်ရွှင်က ခေါင်းညိတ်ကာ ရင်ရင်ကိုခေါင်းငုံ့ပြီးမေးလိုက်သည် : “ရင်ရင်ကရော ကျင်းကောကိုချီစေချင်လား?”

ကလေးမလေးက ထိုအကြောင်းကိုစဉ်းစားနေကာ မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့် ခေါင်းညိတ်လာသည်။

သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြီးနောက် သူမက အလွန်ကျွမ်းကျင်စွာဖြင့် ကိုယ်တစ်ဝက်လှည့်ကာ ခုနကကျင်ရွှင့်ကိုလုပ်ခဲ့သလိုမျိုး ရှန်ရိကျင်းဆီ သူမလက်လေးတွေကို ဆန့်ထုတ်ပေးလိုက်၏။

ရှန်ရိကျင်းကလည်း စွမ်းရည်ပြည့်ဝစွာဖြင့် သူမအားချီလိုက်သည်။

သူ့ကိုကျွမ်းကျင်တယ်လို့တော့ ယူဆလို့မရပေ။ သူ့မှာ လက်ဖဝါးကျယ်ကျယ်နဲ့ သွယ်လျလျလက်ချောင်းတို့အပြင် သန်မာတဲ့လက်မောင်းနဲ့ကျယ်ပြန့်တဲ့ပခုံးတို့ရှိနေရုံလေးပါ

ထို့ကြောင့် သူရှောင်ရင်ရင်ကိုလက်လွှဲယူလိုက်တဲ့အချိန် အားအများကြီးမစိုက်ထုတ်ရဘဲ အလွန်ကိုသက်တောင့်သက်သာရှိနေပုံပေါ်သည်။

ရှောင်ရင်ရင်က ချက်ချင်းပင် ပြီးပြည့်စုံတဲ့အမူအရာနဲ့ လူကြီးတွေဆီကနေအချီခံရတဲ့သူမစကေးကို ထုတ်သုံးတော့သည်။

--ခုနက ကျင်ရွှင်သူမကိုချီတုန်းကလိုပင်၊ လျင်မြန်စွာနဲ့ ရှန်ရိကျင်းလက်မောင်းထဲမှာ ထိုင်တဲ့ပုံစံကိုညှိလိုက်ပြီး သူမရဲ့ကျင်းကောလည်ပင်းကို ဆွဲဖက်လိုက်သည်။

သူမကြည့်ရတာ ကျင်းကောက ကိုကိုလှလှလေးထက် ပိုပြီးအားရှိတယ်လို့ ခံစားနေရပုံပေါ်သည်။

ဒီတစ်ကြိမ်မှာ သူမက ရှန်ရိကျင်းလက်မောင်းပေါ်မှာ သက်တောင့်သက်သာထိုင်နေ၏။ ကျင်ရွှင့်ကိုယ်ပေါ်မှာတုန်းကတော့ သူမခြေလက်လေးချောင်းလုံးကို ကျင်ရွှင့်ဆီမှီထားကာ သူမမျက်နှာဝိုင်းဝိုင်းကိုကျ သူ့ပခုံးမှာ မြဲမြံစွာအပ်ထားခဲ့သည်၊ ထိုသို့မလုပ်ပါက ထိုကိုကိုက သူမအလေးချိန်ကို မခံနိုင်မှာစိုးတဲ့ပုံနှင့်ပင်။

ရင်ရင်က စိတ်သက်သာရာရသွားစဉ် သူမခြေသလုံးလေးကို ပျော်ပျော်ရွှင်ရွှင်၊ လွတ်လွတ်လပ်လပ်ဖြင့် လှုပ်ယမ်းကာ ရှန်ရိကျင်းရဲ့နား,နားကပ်သွားပြီး တစ်စုံတစ်ရာပြောလိုက်၏။

ကျင်ရွှင် : “…”

သွယ်ဝိုက်ညွှန်းဆိုချက်ကို ကျင်ရွှင်မြင်လိုက်ရတယ်

ဒါက တကယ်တော့…မနာကျင်ပါဘူး ဒါပေမဲ့အရမ်းကိုစော်ကားခံလိုက်ရသလိုပဲ

သူပြန်ရောက်တာနဲ့ လေ့ကျင့်ခန်းစလုပ်ရတော့မယ်!

ကလေးမလေး တိုးတိုး တိုးတိုးနဲ့ဘာပြောနေမှန်းမသိသော်ငြား နားထောင်ပြီးနောက် ရှန်ရိကျင်းက မျှော်လင့်မထားစွာပဲ ပြုံးလာသည်။

--မက်မွန်ပွင့်သဏ္ဍာန်သူ့မျက်ဝန်းတွေက သူစိမ်းတွေကို အေးစက်ကာလျစ်လျူရှုတတ်ပုံပေါ်သော်ငြား အတွင်းဘက်မှာတော့ ကြယ်ရောင်လေးလိုမျိုး အလင်းသေးသေးလေးတစ်ခုရှိနေ၏။

တစ်ချိန်တည်းမှာပဲ ရှန်ရိကျင်းက ကျင်ရွှင့်ရှေ့ကိုရောက်လာသည်။

ထို့နောက် ကျင်ရွှင်အံ့အားသင့်သွားရတယ်၊ ရှဲန်းရှန်က လက်မောင်းတစ်ဖက်တည်းနဲ့ ရင်ရင်ကိုတည်ငြိမ်စွာချီထားနိုင်ရုံသာမကဘဲ ကျန်လက်မောင်းတစ်ဖက်နဲ့ သူ့ခါးကိုလွတ်လွတ်လပ်လပ်ရစ်ပတ်လာတယ်!

“မင်း စစ်တုရင်ကစားလို့ပြီးသွားပြီလား”

“အင်…ဟမ်” အဖက်ခံလိုက်ရတဲ့ကျင်ရွှင်က တိုးတိုးလေးဖြေလိုက်ပြီး တစ်ခဏကြာတွေးတောပြီးနောက် အတွေးတွေကို ခေါင်းထဲကဖယ်ထုတ်ပစ်လိုက်သည်။

__မေ့လိုက်တော့ မေ့လိုက်တော့ ကျွမ်းကျင်မှုတွေမှာ အထူးပြုရှိတယ်

ရှဲန်းရှန်က ခွန်အားရှိပေမဲ့ သူ(ကျင်ရွှင်)က ဉာဏ်ကောင်းတယ်!

……ရှန်ရိကျင်းကလည်း အရမ်းဉာဏ်ကောင်းတယ်ဆိုပေမဲ့ပေါ့

သူမျက်လုံးတွေကိုမော့ကာ ကြည့်လိုက်တဲ့အချိန် ရှဲန်းရှန်က တကယ်ကိုအရပ်ရှည်ကာ သူ့မျက်နှာကလည်းခံ့ညားနေပြီး ကလေးချီထားတဲ့အချိန် ခြားနားချက်လေးတစ်ခုရှိနေသည်။ ဒါ့အပြင် တူတူရပ်နေကြတဲ့အချိန် သူတို့က မိသားစုဝင်သုံးယောက်နှင့်တူညီနေသည်…

သူ့မျက်နှာပေါ်ရှိ ရှက်သွေးဖြာမှုက သူ့နားဆီရောက်ခါနီးဖြစ်ကာ ကျင်ရွှင်က ဒီအကြောင်းကိုထပ်ပြီးဂရုစိုက်မနေတော့ပေ။

သူ့အကြည့်ကို ရင်ရင်ဆီရွှေ့လိုက်ပြီး : “ရင်ရင်ခုနက ကျင်းကောကို တိုးတိုးလေးဘာပြောလိုက်တာလဲ?”

မေးခွန်းမေးခံလိုက်ရတဲ့ရင်ရင်က သူ့ကိုမျက်နှာချင်းဆိုင်ရန် အတန်ငယ်ရှက်ရွံ့သွားကာ လုပ်ပြုံးလေးပြုံးရင်း ရှန်ရိကျင်းပခုံးထက် သူမမျက်နှာအပ်လိုက်သည်။

သူမရဲ့ပါးရဲရဲလေးတွေက တစ်ဖန်ပုံပျက်သွားပြန်သည်။ ရှန်ရိကျင်းပခုံးတွေက အနည်းငယ်နိမ့်ဝင်သွားကာ ကလေးကိုငြိမ်အောင်ချီထားရင်း ကျင်ရွှင့်အားပြောလိုက်သည်
“သူပြောတာက သူကမင်းကိုပင်ပန်းစေမိမှာစိုးလို့တဲ့”

ပြောနေရင်းဖြင့် ကျင်ရွှင့်နားဖျားဆီရောက်ရန် ခေါင်းအနည်းငယ်ငုံ့လာသည်။ နှာတံဖြောင့်ဖြောင့်နဲ့ နှုတ်ခမ်းပါးတစ်စုံက သူ့နားရွက်ကနေ တစ်စင်တီမီတာလောက်အကွာ၌ ရပ်တန့်သွားသည်။ ရှန်ရိကျင်းရဲ့တိုးနိမ့်ကာမူးယစ်ဖွယ်ကောင်းသောအသံက ဟောခန်းမထဲ ပျံ့လွင့်နေတဲ့ ဂန္တဝင်တေးဂီတသံကို လုံးဝလွှမ်းမိုးသွားကာ ကျင်ရွှင့်နားထံသို့ ဝင်ရောက်လာသည်။

“မူရင်းစကားလုံးတွေကတော့ ‘သမီး ကျင်းကောရဲ့သတို့သမီးကို မပင်ပန်းစေချင်ဘူး’ တဲ့ ”

ကျင်ရွှင် : “!......!”

ဘာလို့..ဘာလို့ သူကသတို့သမီးဖြစ်သွားရပြန်တာလဲ?!

ဒါကိုပြောပြီးနောက် ရှန်ရိကျင်းက ခေါင်းမော့ကာမတ်မတ်ပြန်ရပ်လိုက်သည်။

သူ့နားတွေက ရှဲန်းရှန်ရဲ့အသက်ရှူသံနဲ့ ပက်ဖျန်းခံလိုက်ရကာ…လုံးဝအတိလောင်ကျွမ်းနေပြီး အရမ်းကိုပူလောင်နေတယ်!

ထိုအခိုက်အတန့်မှာ ရှန်ရိကျင်းကအဆိုပြုလာသည် : “ကိုယ်တို့ အပြင်မှာ တစ်ခွက်လောက်သွားသောက်ကြမလား?”

ကျင်ရွှင့်မှာ ငြင်းပယ်စရာမရှိ။ သူကခေါင်းငုံ့ကာ ရှန်ရိကျင်းရဲ့ဦးဆောင်မှုနောက်ကနေ ခြံဝင်းထဲသွားလိုက်ကြသည်။

သူ့ပုံစံရယ်၊ သူ့ခါးထက်က ရှန်ရိကျင်းရဲ့လက်ရယ်ကို ပေါင်းစပ်လိုက်တော့ တစ်နည်းတစ်ဖုံနဲ့ သူ့အား ချစ်စရာကောင်းသောလူငယ်လေးပုံပေါက်စေသည်။

ဒါ့အပြင် အရမ်းကိုချစ်စရာကောင်းတဲ့ကလေးလေးတစ်ယောက်လည်းရှိသေးတယ်။ မိသားစုဝင်သုံးယောက်ရဲ့ တကယ်ကိုနွေးထွေးချိုမြိန်တဲ့အငွေ့အသက်တို့ ရှိနေသည်။

သို့သော်…

ထို“မိသားစုသုံးယောက်”ရဲ့ တည်ငြိမ်မှုနဲ့ နှိုင်းယှဉ်လိုက်ရင် ထိုမနီးမဝေးရှိ သူတို့စကားပြောတာကိုကြားလိုက်ရသူတိုင်း သူတို့ထွက်သွားတာနဲ့ ထိန်းမထားနိုင်တော့ဘဲ ပေါက်ပေါက်ဖောက်ကြတော့၏။

ဧည့်ခန်းတစ်ခုလုံးက လုံးဝအတိပေါက်ကွဲကုန်တော့သည်။

အမေးအများဆုံးမေးခွန်းတွေထဲမှ တစ်ခုကတော့ : “ငါမှတ်မိတာသာမှန်မယ်ဆိုရင် ရှန်မိသားစုရဲ့တာ့ရှောက်ရယ်က singleမဟုတ်ဘူးလား?”

မယုံကြည်မှုနှင့် အံ့သြမှုတို့ဟာ မတူကွဲပြားတဲ့ပမာဏဖြင့် အမျိုးမျိုးရှိနေကြသည်__

“စစတုန်းက ကလေးမလေးအော်လိုက်တဲ့လူအပေါ် ငါသိပ်ပြီးအာရုံမစိုက်ခဲ့ဘူး ဒါပေမဲ့အဲ့လူက ရှန်ရိကျင်းဖြစ်နေတယ် ကျင်းကောရဲ့ဇနီးဆိုတာကဘာကြီးလဲ? ဒါကအရမ်းကို…သောက်ကျိုးနည်း”

“ငါကတော့မင်းနဲ့မတူဘူး။ ငါ့ရဲ့ပထမဆုံးတုံ့ပြန်မှုက ကလေးမလေးပေါက်ကရပြောတာပေါ့။ ငါမထင်ထားတာက ဥက္ကဋ္ဌရှန်က ရှေ့လျှောက်သွားပြီး သူ့ခါးကိုဖက်လိုက်မယ်လို့လေ! ဥက္ကဋ္ဌရှန်က အေးစက်တယ်လို့ ဘယ်သူပြောတာလဲ သူကအတော်လေးကောင်းတာပဲမဟုတ်လား ဟဟ!”

“ကြည့်ရတာ ဒီနှစ်မွေးနေ့ပွဲမှာ လူအိုကြီးရှန်ကတော့ နှစ်ထပ်ကွမ်းပျော်ရွှင်မှုကို ရရှိတော့မယ်ထင်ပါရဲ့”

“ဒါပေမဲ့ အဲ့လူငယ်လေးက ဘယ်သူ့ကလေးလဲ ငါခံစားရတာက သခင်လေးကျင်းရဲ့တုံ့ပြန်မှုကလေ…ပေါင်းစည်းမှုလက်ထပ်ပွဲနဲ့မတူဘူးလားလို့၊ သ့ူကြည့်ရတာ အဲ့လူငယ်လေးကိုတကယ်ကြိုက်ပုံပဲ”

“သူ့မူလဇစ်မြစ်က သာမန်မဟုတ်လောက်ဘူး။ မဟုတ်ရင် ဥက္ကဋ္ဌရှန်က မျက်စိကျပါ့မလား?!”

“ဟုတ်သားပဲ ဥက္ကဋ္ဌရှန်က ငါ့မိသားစုရဲ့ဝေ့ဝေ့လေးကိုတောင် ငြင်းလိုက်တာ အခြားကြုံရာလူဆိုပြောမနေတော့နဲ့”

“ပြီးသွားပြီ ငါ့ကလေးကသာ ဥက္ကဋ္ဌရှန်မှာ လက်တွဲဖော်ရှိမှန်းသိသွားရင် သူအသည်းကွဲနေတော့မှာပဲ!”

အိမ်ထဲရှိလူအများစုက သက်လတ်ပိုင်းအကြီးအကဲတွေဖြစ်ပေမဲ့ ခြံဝင်းအပြင်ဘက်မှာတော့ အများစုက ရှန်ရိကျင်းနဲ့အသက်တူ ဂျူနီယာတွေပင်။

သို့သော် အတွင်းတွင်ဖြစ်စေ အပြင်တွင်ဖြစ်စေ လူတွေက အကြီးနှစ်ယောက်၊အသေးတစ်ယောက်ဖြင့် အချင်းချင်းပွေ့ဖက်ကာ လျှောက်လာကြတဲ့သူတို့ကိုမြင်တဲ့အချိန် အံ့သြမှုတွေက အခြားသူတွေထက်မလျော့နည်းသွားကြပေ။

လူအုပ်ရဲ့အကြည့်အောက်မှာ လူသုံးယောက်က ဥယျာဉ်ထဲရှိ ဘူဖေးစားပွဲဝိုင်းဆီသွားလိုက်ကြ၏။ ရှန်ရိကျင်းရဲ့ချီထားခြင်းခံရတဲ့ရင်ရင်က ကျင်ရွှင်ခွံ့ပေးတဲ့ရေတစ်ငုံသောက်ကာ အခွံမာသီးလေးတစ်ခုစားလိုက်၏။
“လခွမ်း အဲ့ဒါက ယန်ကျင်ရွှင်မလား?!”

လင်လိနဲ့အခြားသူတွေက အဆက်အသွယ်ကျယ်ပြန့်ရန် ခြံဝင်းထဲဝင်ရောက်လာပြီးသိပ်မကြာခင်မှာ သူတို့အနောက်လှည့်လိုက်ချင်းမှာပဲ ကိုယ်တိုင်ယူဘူဖေးဧရိယာ၌ ကလေးမလေးတစ်ယောက်ဟာ ရှန်ရိကျင်းနဲ့ယန်ကျင်ရွှင်ကြားညပ်နေတာကို မြင်လိုက်ရသည်။ သုံးယောက်သားက အချိန်ကောင်းလေးပိုင်ဆိုင်နေပြီး တစ်ခုခုအကြောင်းပြောနေပုံပင်။

ပြီးတော့ ဒီတစ်ကြိမ်မှာ သူတို့က အနက်နဲ့မီးခိုးကိုဝတ်ဆင်ထားကြသည်။ ယန်ကျင်ရွှင်နဲ့ရှန်ရိကျင်းက စုံတွဲဝတ်စုံတွေဝတ်ထားတာအသိသာကြီးပင်။

…ဒါက အရမ်းသိသာလွန်းတယ်!

လေးစားသမှုပြသရန်အတွက် ပွဲတက်ရောက်လာကြတဲ့လူအများစုက ပုံစံတကျကောင်းကောင်းမွန်မွန်ဝတ်စားလာကြသည်။

ဒီလိုအဝတ်အစားမျိုးကို ယန်ကျင်ရွှင်ဘာသာတတ်နိုင်မှာမဟုတ်ဘဲ သူ့အတွက်ရှန်ရိကျင်းကို ပြင်ဆင်ခိုင်းတာက ပုံမှန်ပဲ

ဒါပေမဲ့!

ဒီနေ့ပွဲက သီးသန့်ပါတီမျိုးနဲ့ ခြားနားတယ်လေ။ လူအိုကြီးရှန်ရဲ့မွေးနေ့ပါတီပွဲက ဂုဏ်ပြုထိုက်တဲ့အထက်တန်းစားအကြီးအကဲတွေနဲ့ပြည့်နေတာ။ တကယ်လို့ မင်းပါတီပွဲကို တစ်စုံတစ်ယောက်ခေါ်လာတယ်ဆိုရင်တောင်မှ မင်းရဲ့ကလေး ဒါမှမဟုတ် ဇနီးမယားကိုပဲခေါ်လာသင့်တာလေ။ ဘယ်သူကမှ တွဲဖက်အနေနဲ့ ကစားဖော်လေးကိုခေါ်လာမှာမဟုတ်ဘူး။

သူတို့လိုပေါ့ သူတို့ဘာသာသူတို့ဆိုရင် ရှန်မိသားစုမှဖိတ်ကြားချက်ကိုလက်ခံရရှိဖို့ အရည်အချင်းမပြည့်မီပေ။

သူတို့တက်ရောက်နိုင်တဲ့အကြောင်းအရင်းက သူတို့မိသားစုအကြီးအကဲတွေကို အဖော်ပြုပြီးလိုက်တာမို့လို့ပဲ

ယန်ကျင်ရွှင်ကျတော့ ဘာဖြစ်သွားတာလဲ?

ဘာလို့သူကဒီမှာရှိနေရတာလဲ?

ရှန်ရိကျင်းဆိုရင်တောင်မှပဲ ဒါကြီးက အရမ်းရုပ်ပေါက်ပြီး မတော်တရော်ဖြစ်လွန်းတယ်!

“အာ့ရှောက်ကဘယ်မှာလဲ သူဒီအကြောင်းကိုသိလား?” လင်လိရဲ့နောက်လိုက်အုပ်စုလေးက မိန်းမောစွာဖြင့်မေးလိုက်သည်။

“အာ့ရှောက်က ဖျားပြီးဆေးရုံတက်နေရတုန်းမဟုတ်ဘူးလား? စကားမစပ် အဘိုးရှန်ရဲ့မွေးနေ့မှာ သူကလာပြီးဂုဏ်မပြုပေးဘူးလား”

“ငါမသိဘူး” တစ်ယောက်ကပြော၏ “ဒီအချိန်အတွင်း အာ့ရှောက်က ကမ္ဘာပေါ်ကနေပျောက်ကွယ်သွားသလိုပဲ။ သူက group chatထဲက စာတွေကိုလည်းမပြန်ဘူး၊ ငါသူ့ကိုသွားတွေ့ရင်လည်း သူကမူးရင်မူး မမူးရင်အိပ်ပျော်နေတာ။ သူ့အမေကလည်း ငါတို့လာလည်ဖို့ခွင့်မပြုဘူး…”

“သူလာလိမ့်မယ်” လင်လိကပြော၏ : “သူ့အဘိုးမွေးနေ့ပွဲကို ပြန်မလာနိုင်လောက်အောင် သူကဘယ်လောက်တောင်ဖျားနေတာမို့လို့လဲ သူကပြန်မကောင်းချင်ဘူးဆိုရင်တစ်မျိုးပေါ့”

“ဟားဟားဟား စိတ်ဝင်စားစရာပဲ။ သူ့အချစ်ဟောင်းလေးကို သူ့အစ်ကိုကြီးက ပါတီလာဖို့ဖိတ်ထားခဲ့မှန်း သူသိသွားခဲ့ရင် သူဘယ်လိုပုံဖြစ်သွားမလဲဆိုတာ ငါသိချင်နေမိတယ်”

“သူ့မှာဘယ်လိုအမူအရာမျိုးရှိနိုင်မှာလဲ ဒါကတွယ်ကပ်တတ်တဲ့ဂြိုဟ်ဆိုးကို နောက်ဆုံးတော့ကျော်လွှားသွားနိုင်တဲ့ပျော်ရွှင်မှုမဟုတ်လား?”

“ကျစ် ကျစ် အဲ့လိုဖြစ်လိမ့်မယ်လို့ ငါတော့မထင်ဘူး….အဓိကကတော့ မင်းတို့ကောင်တွေမထင်ဘူးလား အခုယန်ကျင်ရွှင်က…ဘယ်လိုပြောရမလဲ ငါသာအာ့ရှောက်ဆိုရင်တော့ ငါနောင်တရလိမ့်မယ်လို့ထင်တယ်”

“သူကပြောင်းလဲသွားပြီ သောက်ပဲ ရှန်ရိကျင်းရဲ့ရှေ့မှာ သူဘယ်လိုတောင်ရယ်နေနိုင်ရတာလဲ၊ ငါတောင် အဲ့လောက်သာမန်ဆန်ဆန်မရယ်ရဲဘူး!”

“ပြီးတော့သူ့အပြုံးက…တကယ်ကိုကြည့်ကောင်းတယ်။ မျက်ရည်ခံမှဲ့နဲ့ မျက်လုံးတောက်တောက်တွေကိုပဲကြည့်လိုက်ဦး၊ ယန်ကျင်ရွှင်က အရင်တုန်းက အာ့ရှောက်ရှေ့မှာ ဒီလိုမျိုးပြုံးရယ်ဖူးလား?”

“ဘယ်သူသိမှာလဲ မင်းသိချင်ရင် အာ့ရှောက်ကိုကိုယ်တိုင်သွားမေးကြည့်ပေါ့။ အာ့ရှောက်တစ်ခါမှမမြင်ဖူးတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူမြင်ဖူးခဲ့ရင်တောင်မှ သူစိတ်အနှောင့်အယှက်ပဲဖြစ်နေခဲ့မှာ ဟားဟားဟား…”

“ထားလိုက်ပါတော့ကွာ အာ့ရှောက်ကဖျားနေတုန်းရှိသေးတာ ပေါက်ကရတွေလျှောက်မပြောနဲ့တော့”

“ ငါလူး ငါကဘာပေါက်ကရတွေပြောနေလို့လဲ? ငါကအာ့ရှောက်အကြောင်း ဂုဏ်ရည်သွေးပြီးပြောပြနေတာ အသိသာကြီးကို!”

“တော်ပါတော့ မင်းတို့ဘာလို့ဒါလေးကိုငြင်းခုံနေကြတာလဲ” လင်လိက သူတို့ငြင်းခုံမှုကို ကြားဖြတ်ကာ ညည်းညူလိုက်သည် : “ တာ့ရှောက်ရယ်ကိုယ်တိုင် ဒီလိုမျိုးပါတီပွဲကိုခေါ်လာရလောက်အောင် အဲ့ယန်ကျင်ရွှင်မှာ ဘာဆွဲဆောင်မှုတွေရှိနေမှန်း ငါနားကိုမလည်တော့ဘူး”

အရင်တစ်ခေါက် ဒီနှစ်ယောက်ကို သူဘားမှာတွေ့မိတုန်းက သူကွာစေ့စားပြီး ဒီအခွင့်အရေးကိုအသုံးချလို့ အာ့ရှောက်ကိုတောင် ရန်စလိုက်သေးတယ်

သို့ပေမဲ့အခု ယန်ကျင်ရွှင်က ဒီလိုပွဲမျိုးကို တက်ရောက်နိုင်တယ်…သူတကယ်ပဲဒါကိုနားမလည်ဘူး

ရိုးရိုးသားသားပြောရရင် လင်လိနှလုံးအိမ်ထဲမှာ အတန်ငယ်မနာလိုဖြစ်နေမိသည်။

အရင်က သူတို့အထင်သေးနှိမ့်ချခဲ့တဲ့ယန်ကျင်ရွှင်က ဒီနေရာမှာဘာလို့ပေါ်လာနိုင်ရတာလဲ?

သူတောင်မှ သူ့အဖေကိုအချိန်အကြာကြီး တောင်းပန်ခဲ့လို့လိုက်လာနိုင်ခဲ့တာ!

လင်မိသားစုမှာ ဖိတ်ကြားချက်တစ်ခုသာရှိပြီး သူ့အမေအပြင် သူ့အဖေက အများဆုံးမှလူတစ်ယောက်ပဲထပ်ခေါ်ခွင့်ရှိသည်။ သို့ရာတွင် သူတို့မိသားစုမှာ ကလေးတွေအများကြီးရှိတာမို့ ယှဉ်ပြိုင်မှုကလည်း သဘာဝကျကျပင်ကြမ်းတမ်းလွန်းလှ၏။

ရှန်မိသားစုရဲ့ဖိတ်ကြားခံရခြင်းကကို ဂုဏ်ဒြပ်သင်္ကေတတစ်ခုဖြစ်နေပြီးပြီ။

ဒီလိုမျိုးအခါသမယမှာ ပွဲတက်ရုံနဲ့တင်လည်း လူဝင်ဆံ့ခြင်းတစ်မျိုးဖြစ်နေပြီ။ ကိုယ်ပိုင်ဂုဏ်ဒြပ်ကို ထင်ရှားအောင်ဖော်ပြရင်း တစ်ချိန်တည်းမှာ အဆင့်အတန်းတူတွေနဲ့ မိတ်ဆွေများများဖွဲ့နိုင်ဖို့က အရမ်းကိုအရေးကြီးလှသည်။

အတိတ်မှာတုန်းက သူတို့အာ့ရှောက်နောက်လိုက်ကာ ရှန်မိသားစုရဲ့ဒုတိယသခင်လေးမျက်နှာပေါ်မှီခိုရင်း သူတို့ဘယ်ကိုသွားသွား ဖိတ်စာမလိုခဲ့ပေ။

သို့သော်ငြား ဒီအချိန်ကာလအတွင်းမှာ တစ်ဖက်လူနဲ့ သူတို့လုံးဝအဆက်အသွယ်ပြတ်နေခဲ့တာမို့ သူတို့အတွက်အနောက်တံခါးဖွင့်ပေးရန်တောင်းဆိုဖို့ကတော့ မေ့လိုက်တော့ပေါ့…

ဒီဧည့်ခံပွဲကိုတက်ရောက်နိုင်ဖို့ရန် လင်လိက တန်ဖိုးအကြီးကြီးပေးချေခဲ့ရသည်။ ပြီးတော့ သူတို့အုပ်စုလေးထဲမှာ သူ့လိုမျိုးတော်တော်များများရှိသေး၏။

ဒါကြောင့်ပဲ ယန်ကျင်ရွှင်ကပါဒီနေရာမှာရှိနေတဲ့အတွက် သူတို့ရှော့ခ်ရသွားခြင်းပင်။

“…ယန်ကျင်ရွှင်လည်း ငါတို့လိုမျိုး ဖြစ်နိုင်မလား၊ သူကတာ့ရှောက်ရယ်ရဲ့နောက်လိုက် ဖြစ်လာတာလားမသိဘူး” တစ်ခုခုလွဲချော်နေမှန်းခံစားရတဲ့တစ်ယောက်က မထိန်းနိုင်ဘဲ ခွဲခြမ်းစိတ်ဖြာလိုက်သည်။

“အရူးကောင်!”လင်လိက မနေနိုင်ဘဲ ဆဲရေးမိတော့၏ : “မင်းအရင်တစ်ခေါက်က ဓာတ်ပုံကိုရှင်းရှင်းလင်းလင်းမမြင်လိုက်ရဘူးလား! သူ့ကိုတာ့ရှောက်ရယ်က ခေါ်သွားတာသိသာနေတာလေ!...”

လင်လိရဲ့စကားလုံးတွေက အခြားအဖော်တစ်ယောက်ရဲ့ကြားဖြတ်ခြင်းခံလိုက်ရသည် :  “ဟေး လူအိုကြီးရှန်ထွက်လာပြီ စတော့မှာလား? ဘာလို့အာ့ရှောက်ကခုထိမရောက်သေးတာလဲ?”

သူတို့စကားပြောနေရင်း လူတိုင်းက ဗီလာရဲ့အရှေ့တံခါးမဆီစုသွားကြ၏။

လူအိုကြီးရှန်က Tangဝတ်စုံကိုဝင်ဆင်ထားကာ တံခါးဝမှာမတ်တပ်ရပ်နေသည်။ အနည်းငယ်မြင့်မားတဲ့ကုန်းမြင့်နဲ့ အလင်းရောင်တွေက လူတိုင်းသူ့ကိုလွယ်လွယ်ကူကူမြင်အောင် ပြုလုပ်ပေးနေသည်။

ဂုဏ်ပြုဧည့်ခံပွဲရဲ့ ပထမအပိုင်းကတော့ လူအိုကြီးရှန်က အမှာစကားအနည်းငယ်ပြောကြားတာဖြစ်သည်။

သူက ယနေ့ဒီနေရာရှိလူတိုင်းကို ကျေးဇူးတင်ရင်းဖြင့်စတင်လာသည်။

အကြီးအကဲရဲ့အသံက မိုက်ကရိုဖုန်းကနေ ဖြတ်သန်းကာ စပီကာတွေကနေတစ်ဆင့် ကွင်းပြင်ထဲပျံ့လွင့်လာသည်။ တခမ်းတနားဝတ်စားထားကြတဲ့လူတွေက ဝိုင်ခွက်ကိုင်လျက် ခြံဝင်းမှာ ပိုပိုပြီးစုရုံးလာကြသည်။

လင်လိနဲ့သူတို့အုပ်စုငယ်လေးဟာလည်း ရှေ့တက်သွားကာ အတူတူတိုးဝှေ့နေကြသည်။ မျက်စိလျင်တဲ့တစ်ယောက်က ရှန်ရိကျင်းဟာသူ့လက်မောင်းရှိကလေးမလေးကို ဘေးကကလေးထိန်းဆီ ပေးလိုက်တာအားမြင်လိုက်ရသည်။ အဲ့နောက် သူက ယန်ကျင်ရွှင့်လက်ကိုကိုင်ကာ ခြံဝင်းဆီဦးတည်လို့လျှောက်လှမ်းသွား၏။

“…ဒီတာ့ရှောက်ရယ်ကတော့ ပြုစားခံလိုက်ရပြီပဲ” ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့သူက မနေနိုင်ဘဲ သူ့အဖော်ကိုလက်တို့၊ညွှန်ပြကာ တီးတိုးပြောတော့သည် : “ကြည့်ဦး သူတို့ကလက်တွေကိုင်ထားတုန်းပဲ”

“ကျစ်ကျစ် ရှန်ရိကျင်းရယ်..အလိုလေး သူ့မှာလည်း ဒီလိုမျိုးမသိနားမလည်တတ်တဲ့အခိုက်အတန့်မျိုး ရှိတယ်ဆိုတာငါမယုံနိုင်ဘူး! ဘယ်လိုတင်စားရမလဲ ..*သူရဲကောင်းအတွက် အလှလေးတွေကအားနည်းချက်ပဲ..အိုးဟုတ်သားပဲ ဒါဆိုအာ့ရှောက်မှာ အခွင့်အရေးရှိပြီပဲ!”

[*သူရဲကောင်းတွေက မိန်းမလှလေးတွေကြောင့် ၎င်းတို့ဂုဏ်သတင်းပျက်ပြားကာ တိုက်ခိုက်ချင်စိတ်တို့ဆုံးရှုံးသွားရသည်]

သူစကားပြောနေရင်း သူ့အဖော်က သူ့ပေါင်ကိုပုတ်လိုက်၏ : ”မင်းတွေးဖူးလား တာ့ရှောက်ရယ်က သူ့မွေးနေ့ပါတီပွဲမှာ ကစားစရာအရုပ်လေးခေါ်လာတာကို အဘိုးရှန်သာသိသွားမယ်ဆိုရင် ဒါက…”

“ငါလူး လုပ်လိုက်စမ်းပါ၊ မိသားစုဒရမ်မာတွေကွ!” ဒီလူက ချက်ချင်းပဲ ဖုန်းကိုဆွဲထုတ်လိုက်ပြီး “မြန်မြန်..မြန်မြန်လုပ် အာ့ရှောက်ကို WeChatကနေ စာပို့ပြီး ဒီအကြောင်းပြောပြလိုက်!”

ပို့နေတဲ့စာကို editဖို့အချိန်မရလိုက်သေးခင်မှာပဲ အဘိုးရှန်ရဲ့ရယ်ပြုံးနေတဲ့အသံက 3Dစတီရီယိုကနေ ထွက်ပေါ်လာသည်: “ဒီနေ့ဒီနေရာကို ငါ့မိသားစုနဲ့မိတ်ဆွေတွေအားလုံး ကြွရောက်လာတဲ့အချိန်မှာ ငါတို့ရှန်မိသားစုအတွက် အရေးကြီးပြီးပျော်ရွှင်ဖွယ်ကောင်းတဲ့အရာလေးတစ်ခုကို ဒီလူအိုကြီးက မင်းတို့နဲ့အတူ မျှဝေချင်ပါတယ်။ ဒါကတော့ ငါ့ရဲ့မြေးအကြီးဆုံး အားကျင်းက လက်ထပ်တော့မယ်…”

“……လက်ထပ်မယ်?”

ဖုန်းကိုင်ထားတဲ့လက်က ရပ်တန့်သွားပြီး ပတ်ပတ်လည်မှာလည်း ပွက်လောရိုက်ကုန်တော့သည်။

သူတို့ဘေးက လူအုပ်စုတွေအပါအဝင် လူတိုင်းက တစ်ညီတစ်ညာတည်းမော့ကြည့်လိုက်ကြ၏။

တောက်ပနေတဲ့မီးရောင်အောက်မှာ ရှန်ရိကျင်းရဲ့ခြေတံရှည်ရှည်တွေက သူ့အဘိုးရှိရာသို့ ဦးတည်လျှောက်လှမ်းနေသည်။

သူ့ဘေးမှာတော့ သူ့လက်ကိုတွဲထားတဲ့ယန်ကျင်ရွှင်ကလည်း အရှေ့လျှောက်သွားကာ အဘိုးရှန်နံဘေး၌ တည်တည်ငြိမ်ငြိမ်အလျင်မလိုစွာဖြင့် မတ်တပ်ရပ်လိုက်သည်။

**

စာရေးသူမှာ ပြောစရာရှိပါတယ်:

အခြားသူတွေရှေ့၌ ကျင်ရွှင် : အိုး အမှန်ပဲ ရှဲန်းရှန်နဲ့ငါက လက်ထပ်ကြတော့မှာ

ရှဲန်းရှန်ရှေ့၌ ကျင်ရွှင် : Ahhhhhh ရှဲန်းရှန်နဲ့ငါကလက်ထပ်တော့မှာ! !

အကျဉ်းချုပ် : အခြားသူတွေက အရေးမကြီးဘူး

အခြားသူများ : ? ? ?

واصل القراءة

ستعجبك أيضاً

1.4M 176K 150
BL
128K 17.8K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
262K 23.4K 130
အရမ်းချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်..မရည်ရွယ်တဲ့ အမှားတွေကြားအထင်လွဲမှုတွေနဲ့ဝေးကွာခဲ့ရတဲ့အခါ.. Cover Photo....Credit Pinterest