ရောက်သွားတာလဲ "
မပါခဲ့ပေ။
ပါချင်တယ်မလား"
" ဒါပေါ့ ဒါပေါ့ "
မျက်မှာပျက်သွားသည်။
မှာလေ"
" ကံကောင်းပါစေ "
"..."
ဆိုတာမေ့နေတာလား "
သည်။
" ငယ် ဘာဖြစ်နေကြတာလဲ "
လေအရှင် "
များရှိလို့လဲ "
နေစမ်း *
အဆိပ်ထည့်သွားတယ်)
( အဟင်း)
သွားစားရအောင် "
သည်။ ယွန်အွန်ဟေးက...
" သမီးနေကောင်းတယ်နော် "
" ဟုတ်ပါးပါး "
ရောကကြည့်လာသည်။ ယွန်မင်ဂျောင်ကတော့
သည်။
အလှည့်ဘဲ *
( ဖြစ်စေရမယ် host)
——
တင်ရတော့တယ်
Uni
မင်္ဂလာပွဲကပြန်လာသည့် ဂွမ်သားဖမှာတော့
အိမ်ရောက်သည်ထိ စိတ်နဲ့ကိုယ်မကပ်ကြပေ။
" အဖေ ဘယ်လိုဖြစ်ပြီး သူတို့က နန်းတော်ထဲ
ရောက်သွားတာလဲ "
" ခုသူက ဧကရီဖြစ်လာပြီး သေချာပေါက်အဖေ
တို့ကိုဖိနှိတ်တော့မှာ "
" မဖြစ်ရဘူး! တစ်ခုခုစီစဉ်အုံးအဖေ "
" အဖေစဉ်းစားကြည့်ပါအုံးမယ် "
တစ်လအကြာတွင်တော့ ဧကရီယွန်ဆိုသည့်
နာမည်ကြားသည်နှင့်အစေခံတွေအမတ်တွေ
ဒူးတုန်အောင်ကြောက်ရသည်။ မကြောက်လို့
မရပေ။ဧကရီယွန်ရဲ့ စကားတစ်လုံးဟာ သူတို့
နှလုံးသားကိုအစိမ်းခွဲသလိုခံစားရပြီး မင်းကြီး
ကတောင် ဧကရီကိုအာဏာအပြည့်ဝပေးထား
တာကြောင့်ဖြစ်သည်။ အိမ်ရှေ့စံနဲ့ ယွန်မင်ဂျယ်
တို့ကလဲ လက်ထပ်ပြီးကြပြီးပြီးဖြစ်သည်။
ဧကရီကိုကြောက်သည့်ထဲ အမတ်ဂွမ်သားဖ
မပါခဲ့ပေ။
" ဧကရီယွန် ကိုဂါရဝပြုပါတယ် "
" သခင်မလေးဂွမ် ဘယ်ကိုလာတာလဲ "
" ဒီလိုပါဘဲ နန်းတော်ထဲကတစ်ချို့ကိစ္စတွေက
မှန်လားမှားလားသိချင်လို့လာကြည့်တာ"
" အဟွန်း ငါ့အကြောင်းတော့မဟုတ်ဘူးမလား"
" ခ်ခ် ဧကရီဖြစ်သွားပြီးထဲကအရမ်းမောက်မာ
လာတယ်နော် ဘဝမေ့နေတာလား"
" ဒါက သူ့နေရာနဲ့သူဘဲလေ လူတွေကသိ
တဲ့တိုင်းအလျော့ပေးရင် ခေါင်းပေါ်ချီးတက်
ပါချင်တယ်မလား"
" ဒါပေါ့ ဒါပေါ့ "
" ဒါနဲ့ ရောဂါအခြေနေကရောကောင်းသွားပြီးလား"
ရောဂါအကြောင်းပြောတာကြောင့် ဂွမ်ဂျီအမ်
မျက်မှာပျက်သွားသည်။
" ဒီလိုပါဘဲ မကြာခင်တော့ ဆေးရတော့
မှာလေ"
" ကံကောင်းပါစေ "
" ဧကရီတို့က ရင်သွေးမယူသေးဘူးလား"
"..."
" အဲ မေ့သွားတာ ဧကရီကယောကျာ်းလေးဘဲ
ဟင်းဟင်း မင်းကြီးတွက်တော့စိတ်မကောင်း
ပါဘူး သူလဲသွေးသားလေးလိုချင်မှာပေါ့ "
" ဟားး...ရယ်ရတယ် အခုအိမ်ရှေ့စံမိဖုရားက
ငါကိုယ်တိုင်မွေးထားပြီး မင်းကြီးရဲ့သွေးသားဘဲ
ဆိုတာမေ့နေတာလား "
ဘေးကအစေခံတွေကတော့ ဧကရီနဲ့ပြိုင်ပြော
ရဲတဲ့ ဂွမ်ဂျီအမ်တွက်ခေါင်းကြိမ်းနေသည်။
ဧကရီက ယောကျာ်းလေးပေမယ့် သူ့စကားတွေ
ကလူတစ်ယောက်ကိုအထိနာအောင်ပြောနိုင်
စွမ်းရှိသည်။ ထိုချိန် နဂါးဝတ်ရုံနှင့်ရောက်လာ
သည့်မင်းကြီးကြောင့်အားလုံးဂါရဝပြုလိုက်
သည်။
" ငယ် ဘာဖြစ်နေကြတာလဲ "
" အော် မိတ်ဆွေဟောင်းကိုနှုတ်ဆက်နေတာ
လေအရှင် "
" အမတ်ဂွမ် ရဲ့သမီးဘဲ နန်းတော်ထဲဘာကိစ္စ
များရှိလို့လဲ "
" ထွေထွေထူးထူးမရှိပါဘူးအရှင် ခွင့်ပြုပါအုံး"
ဂွမ်ဂျီအမ်လဲ ထိုနေရာကထွက်လာပြီးနောက်
ဧကရီအဆောင်နားကရေကန်ထဲသို့ လက်ထဲက
ပစ္စည်းလေးတစ်ခုပစ်ချလိုက်သည်။
* ဟမ့်...ဘဝမေ့နေတဲ့ကောင် ခွေးအဖြစ်နဲ့
နေစမ်း *
( Host ရေစိမ်တဲ့ကန်ကြီးထဲဇာတ်လိုက်မက
သရုပ်မှန်ပေါ်ပြီး လူပုံပြောင်းမရတော့အောင်
အဆိပ်ထည့်သွားတယ်)
( အဟင်း)
နတ်ဆိုးတစ်ကောင်လိုပြုံးလိုက်သည့် host
ကြောင့် တန်တန် နှင့် အပြင်ကမင်းကြီးအပြင်
အသေခံတွေပါကျောချမ်းကုန်သည်။
" ငယ် ခုနက သူမကဘာလာပြောတာလဲ"
" ထွေထွေထူးထူးမဟုတ်ပါဘူး ဒါနဲ့ကျတော်
ရေစိမ်တဲ့ရေကန် ရေလဲခိုင်းလိုက်လို့ရမလား"
" ရတယ်လေ အစေခံတွေကိုပြောလိုက်မယ် "
" အင်း ညီလာခံမှာအဆင်ပြေရဲ့လား"
" ပြေပါတယ် အထွေထူးမရှိဘူး နေ့လည်စာ
သွားစားရအောင် "
ယွန်အွန်ဟေး တစ်ယောက်နေ့လည်စာစား
ပြီး ဥယျာဉ်ထဲတွင်မင်းကြီးနဲ့အချိုတဲနေစဉ်
အိမ်ရှေ့စံနဲ့အိမ်ရှေ့စံမိဖုရားရောက်လာခဲ့
သည်။ ယွန်အွန်ဟေးက...
" သမီးနေကောင်းတယ်နော် "
" ဟုတ်ပါးပါး "
" ပါးပါးကိုသွေးနည်းနည်းပေးလို့ရမလား"
အွန်ဟေးစကားကြောင့် မင်းကြီးရောအိမ်ရှေ့စံ
ရောကကြည့်လာသည်။ ယွန်မင်ဂျောင်ကတော့
သူမအဖေအဆိပ်ဖော်တော့မယ်မှန်းသိတာ
ကြောင့်အသာတကြည်ဘဲသူမလက်ကို
ဖောက်ကာ ခွက်လဲထဲထည့်ပေးလိုက်သည်။
မြေခွေးလူသားမရဲသွေးနှင့်အဆိပ်ဖော်လျှင်
ထိုဆိပ်ကိုလုံးဝစမ်းသပ်လို့မရဘဲ ခံရသည့်
လူမှာ ရူးသွပ်ပြီးမှအူပျက်ကာသေဆုံးရတတ်
သည်။
* ဟက် ဂွမ်ဂျီအမ် မကြာခင်မင်းခံရမယ့်
အလှည့်ဘဲ *
( တန်တန် အမတ်ဂွမ်အရင်က အပျိုတော်
တွေကို မတရားကျင့်ပြီးသတ်ခဲ့တဲ့စာရင်း
မင်းကြီးစီကိုပို့ပေး)
( ဖြစ်စေရမယ် host)
——
မီးကသေ အင်တာနက်ကဖွင့်မရနဲ့ မီးလာမှဘဲ
တင်ရတော့တယ်