ရည်းစားဟောင်းက ငါ့ကိုမျက်စိကျ...

By Kiyoiko__

2.1M 323K 20.9K

Title - 又被前男友盯上了(Be watched by my Ex again) Author - 橘猫哥哥(Ju Mao Gege) Status - 183 chapters + 36 extras I do... More

Please take a look!
Summary
All about Ju Mao Gege
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
💌
33
34
35
36
37
38
Special Episode I
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
🤍
57
58
59
60
61
62
63
64
65
66
67
68
69
70
Special Episode II
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
Hello

113

10.7K 1.8K 167
By Kiyoiko__

{Unicode}

"ပထမဆုံး တွေ့ဆုံကြသလိုမျိုး"

ယဲ့ထင်သည် ရန်ကျားလိ နံဘေးတွင် ဝင်ထိုင်လာသည်။

ပိန်းပိတ်အောင် မည်းမှောင်နေသည့် ကောင်းကင်ထက်တွင် အေးမြမြ ကြယ်စင်လေးများ ရေးတေးတေးနှင့် စုဝေးနေသည်။ ကြီးမားသော အားကစားကွင်းကြီးတွင်ကား ချမ်းစိမ့်သော ညလေပြေအေးတို့ တိုက်ခတ်သည်။

ရန်ကျားလိသည် ခြံစည်းရိုးနှင့် အနီးဆုံး နံရံအောက်ခြေတွင် ထိုင်နေပြီး မျက်လုံးများက မနီးမဝေးတွင် အတန်းလိုက် အတန်းလိုက် တညီတညာနှင့် အနှေးပြေးလိုက်၊ ဒူးဆန့်၍ စစ်ရေးချီကာ လျှောက်လှမ်းလိုက်နှင့် သတိအနေအထားတွင် မတ်တတ်ရပ်နေသော ကျောင်းသူကျောင်းသားများကို ကြည့်နေသည်။

ယဲ့ထင်သည် သူ့နံဘေးတွင် မှီလိုက်ပြီး သူ့မျက်နှာတစ်ခြမ်းကို ကြည့်ကာ

"ပေါင်ပေါင်း"

ရန်ကျားလိသည် သူ့အား ဂရုမစိုက်ဘဲ ညဘက် စစ်ရေးလေ့ကျင့်နေကြသော ကျောင်းသားအုပ်ကြီးကိုသာ ကြည့်နေလျက် တစ်စုံတစ်ခု စဥ်းစားနေပုံပေါ်သည်။

အတန်ကြာမှ အသက်ပြင်းပြင်း ရှူလိုက်ကာ အကြည့်များကို ပြန်လွှဲလာပြီး ယဲ့ထင်ကိုကြည့်သည်။

ယဲ့ထင်သည် ဖျော့ဖျော့ကလေး ပြုံးလိုက်ကာ

"ကွာရှင်းခွင့် လျှောက်လွှာနဲ့ ပတ်သတ်ပြီး မင်းကိုယ်နဲ့ ဘာပြောချင်လို့လဲ"

ရန်ကျားလိသည် ငြိမ်သက်စွာနှင့် သူ့ကိုကြည့်နေပြီး အိတ်ကပ်ထဲမှ စာရွက်ထုတ်လာကာ သူ့ကိုပေးသည်။

ယဲ့ထင်က လက်ခံယူလိုက်ပြီး ဖတ်ကြည့်လိုက်သောအခါ လက်မှတ်ထိုးပြီးသား ကွာရှင်းခွင့်လျှောက်လွှာ ဖြစ်နေသည်။ နှစ်ဖက်စလုံး၏ လက်မှတ်များ ရှိနေသည့်အတွက်ကြောင့် တရားနည်းလမ်းများ၏ လုပ်ထုံးလုပ်နည်းအတိုင်းသာ ဆက်သွားလိုက်မည်ဆိုလျှင် ကနဦးအစကတည်းက တမင်တကာ လိမ်ညာလှည့်ဖြားခဲ့သည့် ဤလက်ထပ်ပွဲမှာ ပြိုလဲသွားပြီဟု မှတ်ယူ၍ ရလာပါတော့မည်။

ယဲ့ထင်သည် ကွာရှင်းခွင့်လျှောက်လွှာအပေါ်မှ ရန်ကျားလိ၏ လက်မှတ်ကိုကြည့်ရင်း အာခေါင်ခြောက်လာသည်။

သူ့လေသံမှာ ကြမ်းရှလို့ တုန်ရီနေပြီး

".....မင်းတကယ် လက်မှတ်ထိုးလိုက်ပြီ"

ရန်ကျားလိသည် ခပ်လှမ်းလှမ်းမှ တစ်နှစ်တစ်ဟူ၍ အော်ဟစ်သံများကို နားထောင်နေပြီး နှုတ်ခမ်းကွေးသွားကာ

"ထိုးတယ်၊ ဘာလို့ မထိုးရမှာလဲ"

ယဲ့ထင်၏ မျက်လုံးက နီရဲလာပြီး ရန်ကျားလိ၏ လက်ဖမိုးကို တိတ်တိတ်ကလေး ထိလိုက်ကာ လေသံမှာ ကြေကွဲနေသလို အသနားခံသလိုလို။

".....မကွာရှင်းလို့ မရဘူးလား"

"အစကတည်းက ထူးဆန်းနေတဲ့ လက်ထပ်ပွဲပဲလေ။ ဘာလို့ မကွာရှင်းရမှာလဲ။ မင်း ကွာရှင်းခွင့် လျှောက်လွှာကို ငါ့ဆီ ယူလာပေးတယ်ဆိုကတည်းက ကွာရှင်းဖို့ သဘောတူလိုက်တာ မဟုတ်ဘူးလား"

ရန်ကျားလိသည် တည်ငြိမ်စွာနှင့် ယဲ့ထင်ကို ကြည့်လိုက်ပြီး

"ပြောလို့မရဘူး၊ အမှန်တော့ မင်းက ကွာရှင်းဖို့ဆန္ဒ လုံးဝမရှိဘူး။ ငါ့ကို ဒါပေးလာတယ်ဆိုတာကလည်း၊ မင်းရဲ့ အစီအစဥ်တွေထဲက တစ်ခုဖြစ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေး?"

(ရန်သူ၏ မိမိကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းစေရန် ရည်ရွယ်သည့် စစ်ဆင်ရေးတိုက်ပွဲ)

ယဲ့ထင်သည် အပိုဆာဒါး မဆိုတော့ဘဲ ရန်ကျားလိ၏ လက်ကိုသာ ဆုပ်ကိုင်ထားကာ အဖန်တလဲလဲနှင့်

"ပေါင်ပေါင်း၊ ကိုယ် မကွာရှင်းချင်ဘူး။ မကွာရှင်းလို့ မရဘူးလား။ ကိုယ်နဲ့ မကွာရှင်းပါနဲ့ နော်......"

ရန်ကျားလိသည် ယဲ့ထင်လက်ထဲမှ ကွာရှင်းခွင့်လျှောက်လွှာကို ပြန်ယူလိုက်ပြီး တစ်ဖက်တွင် ထားလိုက်သည်။

သူသည်လည်း စကားထပ်မဆိုတော့ဘဲ ငြိမ်ငြိမ်ဆိမ်ဆိမ်နှင့် ညဘက်စစ်ရေးလေ့ကျင့်နေကြသော ကျောင်းသားကျောင်းသူများနှင့် မနီးမဝေးမှ စစ်သင်တန်းနည်းပြက စိန်းစိန်းဝါးဝါး အကြည့်များနှင့် ကျောင်းသားများအား လေ့ကျင့်ပေးနေသည်ကို ကြည့်နေသည်။

ယဲ့ထင်ဆိုသူမှာတော့ ရန်ကျားလိတစ်ယောက် ကွာရှင်းခွင့်လျှောက်လွှာပေါ် အမှန်တကယ် လက်မှတ်ထိုးလိုက်သည်ကို မြင်လိုက်သည့် တစ်ခဏကတည်းက စိတ်ခံစားချက်များက လုံးဝဥဿုံ ရှုပ်ထွေးသွားပြီဖြစ်သည်။

သူသည် အချိန်အတော်ကြာ နည်းဗျူဟာ အဖြာဖြာနှင့် စီမံဆောင်ရွက်နေခဲ့ပြီး အတော်လေးလည်း ဖိအားပေး လိုက်နာစေခဲ့သည်။

သို့သော် သူရှေ့ကို ပိုတိုးလာလေလေ သူ ပို၍ နားလည်လာလေလေ ဖြစ်ခဲ့ရသည်။ သူ အရာအားလုံးကို ထိန်းချုပ်နိုင်ခဲ့သော်လည်း သူထိန်းချုပ်နိုင်စွမ်း မရှိသည့် တစ်ခုတည်းသော အရာမှာ ရန်ကျားလိ၏ နှလုံးသားသာဖြစ်သည်။

သူသည် မရေမတွက်နိုင်သော ထောင်ချောက် လှည့်ကွက်များကို စီမံကြံဆနိုင်သည်။ သို့သော် ရန်ကျားလိ၏ နှလုံးသားက မိမိထံ၌ မသက်ရောက်နိုင်တော့သောအခါ သူ့ရည်မှန်းချက်မှာလည်း ထပ်တူ မအောင်မြင်နိုင်တော့ပေ။

ယဲ့ထင်သည် မြေပြင်ပေါ်၌ ရှုပ်ပွရောယှက်နေသော လူလုပ်မြက်ခင်းပြင်ကို ကြည့်ရင်း သူ့နှလုံးသားသည်လည်း ရှုပ်ထွေးလာသည်။

သူ အတွေးယာဥ်ကြောထဲ နစ်မြောနေတုန်း တစ်လျှောက်လုံး နှုတ်ဆိတ်နေခဲ့သော ရန်ကျားလိထံမှ ရုတ်တရက် အသံထွက်လာသည်။ ရန်ကျားလိ၏ မျက်လုံးက ခပ်လှမ်းလှမ်းမှ အရပ်ရှည် တောင့်ဖြောင့်သည့် စစ်သင်တန်းနည်းပြကို ကြည့်နေရင်း တိုးဖျော့ဖျော့ ပြောလာသည်။

"ကျာသုန်းရန်၊ မင်းအဲ့ဒီလူကို မှတ်မိသေးရဲ့လား"

ယဲ့ထင်သည် ခဏတာမျှ ကြောင်အမ်းနေပြီး ဦးနှောက်ထဲ တစ်ပတ်လည်သွားပြီးမှ တုံ့ပြန်လာနိုင်သည်။

"အဲ့နှစ်တုန်းက ကိုယ်တို့ရဲ့ စစ်သင်တန်းနည်းပြ"

"ဟုတ်တယ်"

ရန်ကျားလိက ခေါင်းညိတ်လိုက်ပြီး

"ရှန်းသုန်းလူမျိုး၊ သန်သန်မာမာ၊ မျက်လုံး ခပ်မှေးမှေးနဲ့ အမြဲတမ်း သူ့ရဲ့ ကြံ့ခိုင်အားနဲ့ စစ်တပ်ထဲက အထင်ကြီးစရာ မှတ်တမ်းတွေကိုလည်း ငါတို့ကို ပြသေးတယ်။ စကားပြောရင်လည်း တော်တော် ရွှတ်နောက်နောက်နဲ့"

ယဲ့ထင်သည် ရန်ကျားလိတစ်ယောက် အဘယ်ကြောင့် ရုတ်တရက်ကြီး ဟိုးရှေးရှေးတုန်းက လူတစ်ယောက်အကြောင်း လာပြောပြနေလဲ မသိတော့ပေ။

သို့သော်လည်း သူ စကားဖြတ် မပြောဖြစ်ဘဲ ရန်ကျားလိ နံဘေးတွင်ထိုင်ကာ တိတ်တိတ်ဆိတ်ဆိတ်နှင့် ဆက်လက် နားထောင်နေခဲ့သည်။

"အဲ့တုန်းက တော်တော်များများ နည်းပြကျာကို မုန်းကြတယ်လေ။ ဘာလို့လဲဆိုတော့ သူက လေ့ကျင့်ရေး စတာနဲ့ ရက်စက်သွားပြီး လုံးဝကို စာနာစိတ် မရှိတော့ဘူး။ တခြားတပ်စုတွေက အနားယူနေရင် ငါတို့က အချိန်ပို လေ့ကျင့်နေရတယ်။ တခြားသူတွေက စစ်ချီသီချင်း ဆိုနေကြရင် ငါတို့က ကွင်းအပြည့် တန်းစီပြီး ဆောင်ပုဒ်တွေ အော်နေရတယ်။ အော်ရလွန်းလို့ လည်ပင်းကွဲမတက် ဖြစ်လာရင်တောင် သူက ပေးမရပ်ဘူး။ ငါသုံးရက်အတွင်း သူ့ဆီကနေ ခြောက်ခါလောက် အပြစ်ပေးခံလိုက်ရတာကို မှတ်မိသေးတယ်။ တစ်ကြိမ်က သတိအနေအထားနဲ့ ရပ်နေတုန်း ငါဖိနပ်အောက်မှာ Pad ခံထားတာကို တွေ့သွားလို့ ငါ့ကို အခါငါးဆယ် ဒိုက်ထိုးခိုင်းပြီး အပြစ်ပေးတာ၊ ငါ့အသက် ထက်ဝက်လောက် လိုချင်နေတဲ့အတိုင်းပဲ"

ယဲ့ထင်က ပြုံးသည်။

"ကိုယ် မှတ်မိပါတယ်။ နည်းပြကျာက အတည်ပေါက် ဖြစ်နေတဲ့ မျက်နှာကြီးနဲ့ သူကိုယ်တိုင် မင်းဖိနပ်အောက်က Pad ကို ထုတ်လာတာလေ။ အားလုံးကလည်း ရယ်ကုန်ကြရော"

ရန်ကျားလိသည် မေးပင့်လာကာ ခပ်ဖွဖွပြုံးရင်း ညည်းညူသည်။

"မင်းလို မာဆယ်တွေ ထမ်းထားရတဲ့ အရူးကောင်ကတော့ ဘယ်နားလည်မလဲ။ မင်းကတော့ လုံးဝ မသိလောက်ဘူး။ ဖိနပ်ထဲ Pad ခံပြီး သတိအနေအထား ရပ်နေရတာ ဘယ်လောက်တောင် ဇိမ်ရှိလိုက်သလဲလို့။ တိမ်တွေပေါ် နင်းနေရသလိုပဲ၊ ခံစားချက်ကောင်းပြီး ခြောက်ခြောက်သွေ့သွေ့နဲ့ သက်တောင့်သက်သာ ရှိတယ်"

ရန်ကျားလိသည် ရယ်လို့ဝသွားသောအခါ ခံစားချက်ကိုထိန်းပြီး ဆက်ပြောလာသည်။

"တကယ်တော့ ငါလည်းအဲ့တုန်းက နည်းပြကျာကို အရမ်းမုန်းတာ။ ငါ နားကိုမလည်ဘူး၊ သူနဲ့ငါတို့က ဘာရန်ငြိုးမှလည်း မရှိဘဲ သူက အဲ့လောက် ရက်စက်ပြီး ဘာလုပ်မှာလဲလို့။ ပြီးတော့ ငါအမြင်ကပ်ဆုံးက တခြားသူက ငါ့ကိုလာပြီး ထိန်းချုပ်နေတာပဲ။ ဖိအားပေးပြီး ဘာသွားလုပ်ဆိုပြီး ခိုင်းနေတာမျိုးလေ။ ငါကတော့ ကြည်ကို မကြည်ဖြူဘူး"

"ဒါပေမဲ့ စစ်လေ့ကျင့်ရေး ပြီးခါနီးအချိန်မှာ ရလဒ်အစီရင်ခံပွဲ ရှိလာတယ်လေ။ ငါတို့အတန်းက ညီညီညာညာနဲ့ စင်မြင့်ရှေ့ကနေ ဖြတ်လျှောက်လာတဲ့အချိန်မှာ ငါ ရုတ်တရက်ကြီး အရမ်းအရမ်း ဂုဏ်ယူစရာကောင်းတယ်လို့ ခံစားလိုက်ရတယ်။ ငါတို့လျှောက်လာတာ တကယ်ကြီးကိုမိုက်တာ၊ တခြားအတန်းတွေအကုန် ငါတို့ကို လိုက်မမှီဘူး"

"စစ်ရေးလေ့ကျင့်တာ ပြီးသွားတော့ နည်းပြကျာက စစ်တပ်ကို ပြန်သွားရတော့မယ့် အဲ့နေ့မှာ ငါနဲ့ လူတော်တော်များများ သူ့ကို လိုက်ပို့ကြတယ်။ အဲ့နေ့တုန်းက နည်းပြကျာက နည်းနည်းလေးမှ ကြမ်းကြုတ်မနေဘူး။ ပိုလို့တောင် နူးညံ့နေလိုက်သေးတယ်။ သူကငါ့ကိုတောင် တောင်းပန်ခဲ့သေးတယ်။ ငါ့ကို အပြစ်ပေးတာ အရမ်းများသွားတယ်တဲ့။ သူကားစီးပြီး ထွက်သွားတဲ့ ပုံကိုကြည့်နေရင်း ဘာလို့လဲမသိ ငါ အရမ်း ဝမ်းနည်းလာတယ်လို့ပဲ ခံစားလိုက်ရတယ်"

"နောက်မှ ငါဖြည်းဖြည်းချင်း စဥ်းစားပြီး နားလည်လာခဲ့တယ်။ သူ ရက်စက်တယ်၊ စည်းကမ်း တင်းကြပ်တယ်ဆိုတာတွေ အားလုံးက ငါတို့ကို ကောင်းစေချင်လို့ပဲ။ ငါတို့ကို ထိန်းချုပ်တယ်၊ ငါတို့ကို ဟိုဟာလုပ် ဒီဟာလုပ်ဆိုပြီး ဖိအားပေးတာကလည်း သူ့မှာ တခြားနည်းလမ်း မရှိတော့လို့ပါ။ ငါတို့အဲ့တုန်းက ဘယ်လောက်တောင် ဆူညံပွက်လောရိုက်ပြီး စည်းကမ်းတွေ မလိုက်နာလိုက်သလဲ။ သူကအဲ့လို ရိုးရိုးရှင်းရှင်းနဲ့ လှည့်ကွက်မရှိတဲ့ ရဲဘော်ကြီးဆိုတော့ မြည်းတွေကို အပိုးသပ်ဖို့ အစွယ်ထုတ်ပြပြီး ကြာပွတ်နဲ့ ကျောင်းရတော့တာပေါ့"

ယဲ့ထင်သည် ရန်ကျားလိ၏ စကားကို နားထောင်နေရင်း ယောင်ယောင်ဝါးဝါးနှင့် သူပြောချင်သည့် ဆိုလိုရင်းကို နားလည်လာ၏။ သို့နှင့် နှလုံးသားသည် အထိန်းအကွပ်မရှိ ခုန်ပေါက်လာလေ၏။

ရန်ကျားလိသည် ခေါင်းလှည့်ပြီး ယဲ့ထင်ကို ကြည့်လာကာ မိမိကိုယ်ကို ရယ်မိသည်။

"မင်းကြည့်လေ၊ ငါက နည်းပြကျာရဲ့ ကြမ်းကြမ်းတမ်းတမ်း ပုံစံကို မုန်းတာဆိုပေမယ့် သူက ငါတို့အပေါ် တကယ်အစစ်အမှန်နဲ့ ဆက်ဆံပေးတာလည်း သိနေပြန်ရော။ ငါအမြဲတမ်း သူဘာလို့ စောစောစီးစီး မထွက်သွားနိုင်သေးတာလဲဆိုပြီး ကျိန်ဆဲနေပေမယ့် သူတကယ် ထွက်သွားတော့မယ် တစ်နေ့ကျတော့လည်း ငါငိုချင်လာရော"

"ကြည့်ရတာ လုံးဝကြီး ပြည့်စုံနေတဲ့လူမျိုး မရှိဘူးထင်တယ်။ အများစုက တစ်ခါတလေမှာ ဒေါသထွက်ရလောက်အောင် မုန်းစရာကောင်းနေပေမယ့် တစ်ခါတလေကျတော့လည်း စိတ်လှုပ်ရှားစရာ ကောင်းလွန်းလို့ ငိုချင်လာပြန်ရော။ လူတွေကလေ၊ တကယ်ကို စောက်ရမ်းကြီး ရှုပ်ထွေးလွန်းတယ်။ မင်းပြောကြည့် ဘယ်လိုလုပ်သင့်လဲလို့?"

ယဲ့ထင်၏ အသံမှာ ကြမ်းရှနေပြီး တလေးတနက်နှင့် ရန်ကျားလိကိုကြည့်ကာ

"သုံးနည်းရှိတယ်။ ကိုယ့်ဘာသာ ခံနိုင်ရည်ရှိအောင် ဖိအားပေးမယ်။ မဟုတ်ရင် ကျောခိုင်းပြီး လှည့်ထွက်သွားမယ်။ မဟုတ်ရင်.....အစက ပြန်စပြီး၊ ဖြည်းဖြည်းချင်း အချိန်ယူကြမယ်"

ရန်ကျားလိသည် မြက်ပင်ကို နုတ်ကာ လက်ဖဝါးထဲ ပွတ်သပ်နေရင်း ခေါင်းငုံ့ကာ ပြုံးသွားသည်။

ယဲ့ထင်၏ နှလုံးသားသည် ခုန်ပေါက်လာပြီး အနားကပ်သွားကာ အနည်းငယ် ကတုန်ကယင်နှင့်

"ပေါင်ပေါင်း၊ မင်း ဆိုလိုချင်တာက..."

ရန်ကျားလိသည် ခေါင်းလှည့်ကာ ယဲ့ထင်ကို ပြန်ကြည့်လာပြီး မျက်စိတစ်မှိတ်အတွင်း မြက်ပင်နှင့် ယဲ့ထင်ကို ပစ်ပေါက်ကာ ကျိန်ဆဲသည်။

"ဘယ်သူက မင်း ပေါင်ပေါင်းလဲ။ အတန်းဖော်၊ အစားအစာကို လျှောက်မစားရသလို၊ စကားကိုလည်း လျှောက်မပြောရဘူး။ ငါနဲ့မင်းနဲ့ သိလို့လား။ မင်း ဘယ်အတန်းကလဲ"

ယဲ့ထင် : "?"

ရန်ကျားလိက ယဲ့ထင်ကို တစ်ချက် ကန်လိုက်ပြီး

"မင်းကို မေးနေတယ်လေ၊ ဘယ်အတန်းကလဲလို့"

ယဲ့ထင်သည် သံသယဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး

".....နိုင်ငံတကာ ကုန်သွယ်မှု A ခန်း?"

ရန်ကျားလိသည် နှုတ်ခမ်းတွန့်လိုက်ပြီး ပြုံးစစနှင့် မျက်ခုံးပင့်သွားကာ

"တိုက်ဆိုင်လိုက်တာ၊ ငါလည်း နိုင်ငံတကာ ကုန်သွယ်မှု A ခန်းကပဲ"

ယဲ့ထင်၏ အကြည့်မှာ ပြောင်းလဲသွားပြီး ပါးစပ်ဟဖို့ အချိန်မမှီလိုက်သေးခင်မှာပဲ ရန်ကျားလိတစ်ယောက် လက်ဆန့်ထုတ်လာပြီး ပြုံးကာဆိုသည်။

"အတန်းဖော်၊ သူငယ်ချင်း လုပ်ရအောင်။ မင်္ဂလာပါ။ ကျွန်တော်က ရန်ကျားလိပါ"

"ရန်ရှူ့ရဲ့ ရန်၊ ကျားကျန်ရဲ့ ကျား၊ လိကျန့်ရဲ့ လိ"
.
.
.
.
.
11/2/2022(Fri)

                            ×××

{Zawgyi}

"ပထမဆံုး ေတြ့ဆံုၾကသလိုမ်ိဳး"

ယဲ့ထင္သည္ ရန္က်ားလိ နံေဘးတြင္ ဝင္ထိုင္လာသည္။

ပိန္းပိတ္ေအာင္ မည္းေမွာင္ေနသည့္ ေကာင္းကင္ထက္တြင္ ေအးျမျမ ၾကယ္စင္ေလးမ်ား ေရးေတးေတးႏွင့္ စုေဝးေနသည္။ ႀကီးမားေသာ အားကစားကြင္းႀကီးတြင္ကား ခ်မ္းစိမ့္ေသာ ညေလေျပေအးတို႔ တိုက္ခတ္သည္။

ရန္က်ားလိသည္ ၿခံစည္းရိုးႏွင့္ အနီးဆံုး နံရံေအာက္ေျခတြင္ ထိုင္ေနၿပီး မ်က္လံုးမ်ားက မနီးမေဝးတြင္ အတန္းလိုက္ အတန္းလိုက္ တညီတညာႏွင့္ အေနွးေျပးလိုက္၊ ဒူးဆန္႔၍ စစ္ေရးခ်ီကာ ေလ်ွာက္လွမ္းလိုက္ႏွင့္ သတိအေနအထားတြင္ မတ္တတ္ရပ္ေနေသာ ေက်ာင္းသူေက်ာင္းသားမ်ားကို ၾကည့္ေနသည္။

ယဲ့ထင္သည္ သူ႔နံေဘးတြင္ မွီလိုက္ၿပီး သူ႔မ်က္ႏွာတစ္ျခမ္းကို ၾကည့္ကာ

"ေပါင္ေပါင္း"

ရန္က်ားလိသည္ သူ႔အား ဂရုမစိုက္ဘဲ ညဘက္ စစ္ေရးေလ့က်င့္ေနၾကေသာ ေက်ာင္းသားအုပ္ႀကီးကိုသာ ၾကည့္ေနလ်က္ တစ္စံုတစ္ခု စဥ္းစားေနပံုေပၚသည္။

အတန္ၾကာမွ အသက္ျပင္းျပင္း ရႉလိုက္ကာ အၾကည့္မ်ားကို ျပန္လႊဲလာၿပီး ယဲ့ထင္ကိုၾကည့္သည္။

ယဲ့ထင္သည္ ေဖ်ာ့ေဖ်ာ့ကေလး ၿပံဳးလိုက္ကာ

"ကြာရွင္းခြင့္ ေလ်ွာက္လႊာနဲ႔ ပတ္သတ္ၿပီး မင္းကိုယ္နဲ႔ ဘာေျပာခ်င္လို႔လဲ"

ရန္က်ားလိသည္ ၿငိမ္သက္စြာႏွင့္ သူ႔ကိုၾကည့္ေနၿပီး အိတ္ကပ္ထဲမွ စာရြက္ထုတ္လာကာ သူ႔ကိုေပးသည္။

ယဲ့ထင္က လက္ခံယူလိုက္ၿပီး ဖတ္ၾကည့္လိုက္ေသာအခါ လက္မွတ္ထိုးၿပီးသား ကြာရွင္းခြင့္ေလ်ွာက္လႊာ ျဖစ္ေနသည္။ ႏွစ္ဖက္စလံုး၏ လက္မွတ္မ်ား ရိွေနသည့္အတြက္ေၾကာင့္ တရားနည္းလမ္းမ်ား၏ လုပ္ထံုးလုပ္နည္းအတိုင္းသာ ဆက္သြားလိုက္မည္ဆိုလ်ွင္ ကနဦးအစကတည္းက တမင္တကာ လိမ္ညာလွည့္ျဖားခဲ့သည့္ ဤလက္ထပ္ပြဲမွာ ၿပိဳလဲသြားၿပီဟု မွတ္ယူ၍ ရလာပါေတာ့မည္။

ယဲ့ထင္သည္ ကြာရွင္းခြင့္ေလ်ွာက္လႊာအေပၚမွ ရန္က်ားလိ၏ လက္မွတ္ကိုၾကည့္ရင္း အာေခါင္ေျခာက္လာသည္။

သူ႔ေလသံမွာ ၾကမ္းရွလို႔ တုန္ရီေနၿပီး

".....မင္းတကယ္ လက္မွတ္ထိုးလိုက္ၿပီ"

ရန္က်ားလိသည္ ခပ္လွမ္းလွမ္းမွ တစ္ႏွစ္တစ္ဟူ၍ ေအာ္ဟစ္သံမ်ားကို နားေထာင္ေနၿပီး ႏႈတ္ခမ္းေကြးသြားကာ

"ထိုးတယ္၊ ဘာလို႔ မထိုးရမွာလဲ"

ယဲ့ထင္၏ မ်က္လံုးက နီရဲလာၿပီး ရန္က်ားလိ၏ လက္ဖမိုးကို တိတ္တိတ္ကေလး ထိလိုက္ကာ ေလသံမွာ ေၾကကြဲေနသလို အသနားခံသလိုလို။

".....မကြာရွင္းလို႔ မရဘူးလား"

"အစကတည္းက ထူးဆန္းေနတဲ့ လက္ထပ္ပြဲပဲေလ။ ဘာလို႔ မကြာရွင္းရမွာလဲ။ မင္း ကြာရွင္းခြင့္ ေလ်ွာက္လႊာကို ငါ့ဆီ ယူလာေပးတယ္ဆိုကတည္းက ကြာရွင္းဖို႔ သေဘာတူလိုက္တာ မဟုတ္ဘူးလား"

ရန္က်ားလိသည္ တည္ၿငိမ္စြာႏွင့္ ယဲ့ထင္ကို ၾကည့္လိုက္ၿပီး

"ေျပာလို႔မရဘူး၊ အမွန္ေတာ့ မင္းက ကြာရွင္းဖို႔ဆႏၵ လံုးဝမရိွဘူး။ ငါ့ကို ဒါေပးလာတယ္ဆိုတာကလည္း၊ မင္းရဲ့ အစီအစဥ္ေတြထဲက တစ္ခုျဖစ္တဲ့ စိတ္ဓာတ္စစ္ဆင္ေရး?"

(ရန္သူ၏ မိမိကိုယ္ကိုယ္ ယံုၾကည္မႈ က်ဆင္းေစရန္ ရည္ရြယ္သည့္ စစ္ဆင္ေရးတိုက္ပြဲ)

ယဲ့ထင္သည္ အပိုဆာဒါး မဆိုေတာ့ဘဲ ရန္က်ားလိ၏ လက္ကိုသာ ဆုပ္ကိုင္ထားကာ အဖန္တလဲလဲႏွင့္

"ေပါင္ေပါင္း၊ ကိုယ္ မကြာရွင္းခ်င္ဘူး။ မကြာရွင္းလို႔ မရဘူးလား။ ကိုယ္နဲ႔ မကြာရွင္းပါနဲ႔ ေနာ္......"

ရန္က်ားလိသည္ ယဲ့ထင္လက္ထဲမွ ကြာရွင္းခြင့္ေလ်ွာက္လႊာကို ျပန္ယူလိုက္ၿပီး တစ္ဖက္တြင္ ထားလိုက္သည္။

သူသည္လည္း စကားထပ္မဆိုေတာ့ဘဲ ၿငိမ္ၿငိမ္ဆိမ္ဆိမ္ႏွင့္ ညဘက္စစ္ေရးေလ့က်င့္ေနၾကေသာ ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ မနီးမေဝးမွ စစ္သင္တန္းနည္းျပက စိန္းစိန္းဝါးဝါး အၾကည့္မ်ားႏွင့္ ေက်ာင္းသားမ်ားအား ေလ့က်င့္ေပးေနသည္ကို ၾကည့္ေနသည္။

ယဲ့ထင္ဆိုသူမွာေတာ့ ရန္က်ားလိတစ္ေယာက္ ကြာရွင္းခြင့္ေလ်ွာက္လႊာေပၚ အမွန္တကယ္ လက္မွတ္ထိုးလိုက္သည္ကို ျမင္လိုက္သည့္ တစ္ခဏကတည္းက စိတ္ခံစားခ်က္မ်ားက လံုးဝဥႆံု ရႈပ္ေထြးသြားၿပီျဖစ္သည္။

သူသည္ အခ်ိန္အေတာ္ၾကာ နည္းဗ်ူဟာ အျဖာျဖာႏွင့္ စီမံေဆာင္ရြက္ေနခဲ့ၿပီး အေတာ္ေလးလည္း ဖိအားေပး လိုက္နာေစခဲ့သည္။

သို႔ေသာ္ သူေရ႔ွကို ပိုတိုးလာေလေလ သူ ပို၍ နားလည္လာေလေလ ျဖစ္ခဲ့ရသည္။ သူ အရာအားလံုးကို ထိန္းခ်ဳပ္ႏိုင္ခဲ့ေသာ္လည္း သူထိန္းခ်ဳပ္ႏိုင္စြမ္း မရိွသည့္ တစ္ခုတည္းေသာ အရာမွာ ရန္က်ားလိ၏ ႏွလံုးသားသာျဖစ္သည္။

သူသည္ မေရမတြက္ႏိုင္ေသာ ေထာင္ေခ်ာက္ လွည့္ကြက္မ်ားကို စီမံႀကံဆႏိုင္သည္။ သို႔ေသာ္ ရန္က်ားလိ၏ ႏွလံုးသားက မိမိထံ၌ မသက္ေရာက္ႏိုင္ေတာ့ေသာအခါ သူ႔ရည္မွန္းခ်က္မွာလည္း ထပ္တူ မေအာင္ျမင္ႏိုင္ေတာ့ေပ။

ယဲ့ထင္သည္ ေျမျပင္ေပၚ၌ ရႈပ္ပြေရာယွက္ေနေသာ လူလုပ္ျမက္ခင္းျပင္ကို ၾကည့္ရင္း သူ႔ႏွလံုးသားသည္လည္း ရႈပ္ေထြးလာသည္။

သူ အေတြးယာဥ္ေၾကာထဲ နစ္ေျမာေနတုန္း တစ္ေလ်ွာက္လံုး ႏႈတ္ဆိတ္ေနခဲ့ေသာ ရန္က်ားလိထံမွ ရုတ္တရက္ အသံထြက္လာသည္။ ရန္က်ားလိ၏ မ်က္လံုးက ခပ္လွမ္းလွမ္းမွ အရပ္ရွည္ ေတာင့္ေျဖာင့္သည့္ စစ္သင္တန္းနည္းျပကို ၾကည့္ေနရင္း တိုးေဖ်ာ့ေဖ်ာ့ ေျပာလာသည္။

"က်ာသုန္းရန္၊ မင္းအဲ့ဒီလူကို မွတ္မိေသးရဲ့လား"

ယဲ့ထင္သည္ ခဏတာမ်ွ ေၾကာင္အမ္းေနၿပီး ဦးေနွာက္ထဲ တစ္ပတ္လည္သြားၿပီးမွ တံု႔ျပန္လာႏိုင္သည္။

"အဲ့ႏွစ္တုန္းက ကိုယ္တို႔ရဲ့ စစ္သင္တန္းနည္းျပ"

"ဟုတ္တယ္"

ရန္က်ားလိက ေခါင္းညိတ္လိုက္ၿပီး

"ရွန္းသုန္းလူမ်ိဳး၊ သန္သန္မာမာ၊ မ်က္လံုး ခပ္ေမွးေမွးနဲ႔ အၿမဲတမ္း သူ႔ရဲ့ ႀကံ့ခိုင္အားနဲ႔ စစ္တပ္ထဲက အထင္ႀကီးစရာ မွတ္တမ္းေတြကိုလည္း ငါတို႔ကို ျပေသးတယ္။ စကားေျပာရင္လည္း ေတာ္ေတာ္ ရႊတ္ေနာက္ေနာက္နဲ႔"

ယဲ့ထင္သည္ ရန္က်ားလိတစ္ေယာက္ အဘယ္ေၾကာင့္ ရုတ္တရက္ႀကီး ဟိုးေရွးေရွးတုန္းက လူတစ္ေယာက္အေၾကာင္း လာေျပာျပေနလဲ မသိေတာ့ေပ။

သို႔ေသာ္လည္း သူ စကားျဖတ္ မေျပာျဖစ္ဘဲ ရန္က်ားလိ နံေဘးတြင္ထိုင္ကာ တိတ္တိတ္ဆိတ္ဆိတ္ႏွင့္ ဆက္လက္ နားေထာင္ေနခဲ့သည္။

"အဲ့တုန္းက ေတာ္ေတာ္မ်ားမ်ား နည္းျပက်ာကို မုန္းၾကတယ္ေလ။ ဘာလို႔လဲဆိုေတာ့ သူက ေလ့က်င့္ေရး စတာနဲ႔ ရက္စက္သြားၿပီး လံုးဝကို စာနာစိတ္ မရိွေတာ့ဘူး။ တျခားတပ္စုေတြက အနားယူေနရင္ ငါတို႔က အခ်ိန္ပို ေလ့က်င့္ေနရတယ္။ တျခားသူေတြက စစ္ခ်ီသီခ်င္း ဆိုေနၾကရင္ ငါတို႔က ကြင္းအျပည့္ တန္းစီၿပီး ေဆာင္ပုဒ္ေတြ ေအာ္ေနရတယ္။ ေအာ္ရလြန္းလို႔ လည္ပင္းကြဲမတက္ ျဖစ္လာရင္ေတာင္ သူက ေပးမရပ္ဘူး။ ငါသံုးရက္အတြင္း သူ႔ဆီကေန ေျခာက္ခါေလာက္ အျပစ္ေပးခံလိုက္ရတာကို မွတ္မိေသးတယ္။ တစ္ႀကိမ္က သတိအေနအထားနဲ႔ ရပ္ေနတုန္း ငါဖိနပ္ေအာက္မွာ Pad ခံထားတာကို ေတြ့သြားလို႔ ငါ့ကို အခါငါးဆယ္ ဒိုက္ထိုးခိုင္းၿပီး အျပစ္ေပးတာ၊ ငါ့အသက္ ထက္ဝက္ေလာက္ လိုခ်င္ေနတဲ့အတိုင္းပဲ"

ယဲ့ထင္က ၿပံဳးသည္။

"ကိုယ္ မွတ္မိပါတယ္။ နည္းျပက်ာက အတည္ေပါက္ ျဖစ္ေနတဲ့ မ်က္ႏွာႀကီးနဲ႔ သူကိုယ္တိုင္ မင္းဖိနပ္ေအာက္က Pad ကို ထုတ္လာတာေလ။ အားလံုးကလည္း ရယ္ကုန္ၾကေရာ"

ရန္က်ားလိသည္ ေမးပင့္လာကာ ခပ္ဖြဖြၿပံဳးရင္း ညည္းၫူသည္။

"မင္းလို မာဆယ္ေတြ ထမ္းထားရတဲ့ အရူးေကာင္ကေတာ့ ဘယ္နားလည္မလဲ။ မင္းကေတာ့ လံုးဝ မသိေလာက္ဘူး။ ဖိနပ္ထဲ Pad ခံၿပီး သတိအေနအထား ရပ္ေနရတာ ဘယ္ေလာက္ေတာင္ ဇိမ္ရိွလိုက္သလဲလို႔။ တိမ္ေတြေပၚ နင္းေနရသလိုပဲ၊ ခံစားခ်က္ေကာင္းၿပီး ေျခာက္ေျခာက္ေသြ့ေသြ့နဲ႔ သက္ေတာင့္သက္သာ ရိွတယ္"

ရန္က်ားလိသည္ ရယ္လို႔ဝသြားေသာအခါ ခံစားခ်က္ကိုထိန္းၿပီး ဆက္ေျပာလာသည္။

"တကယ္ေတာ့ ငါလည္းအဲ့တုန္းက နည္းျပက်ာကို အရမ္းမုန္းတာ။ ငါ နားကိုမလည္ဘူး၊ သူနဲ႔ငါတို႔က ဘာရန္ၿငိဳးမွလည္း မရိွဘဲ သူက အဲ့ေလာက္ ရက္စက္ၿပီး ဘာလုပ္မွာလဲလို႔။ ၿပီးေတာ့ ငါအျမင္ကပ္ဆံုးက တျခားသူက ငါ့ကိုလာၿပီး ထိန္းခ်ဳပ္ေနတာပဲ။ ဖိအားေပးၿပီး ဘာသြားလုပ္ဆိုၿပီး ခိုင္းေနတာမ်ိဳးေလ။ ငါကေတာ့ ၾကည္ကို မၾကည္ျဖဴဘူး"

"ဒါေပမဲ့ စစ္ေလ့က်င့္ေရး ၿပီးခါနီးအခ်ိန္မွာ ရလဒ္အစီရင္ခံပြဲ ရိွလာတယ္ေလ။ ငါတို႔အတန္းက ညီညီညာညာနဲ႔ စင္ျမင့္ေရ႔ွကေန ျဖတ္ေလ်ွာက္လာတဲ့အခ်ိန္မွာ ငါ ရုတ္တရက္ႀကီး အရမ္းအရမ္း ဂုဏ္ယူစရာေကာင္းတယ္လို႔ ခံစားလိုက္ရတယ္။ ငါတို႔ေလ်ွာက္လာတာ တကယ္ႀကီးကိုမိုက္တာ၊ တျခားအတန္းေတြအကုန္ ငါတို႔ကို လိုက္မမွီဘူး"

"စစ္ေရးေလ့က်င့္တာ ၿပီးသြားေတာ့ နည္းျပက်ာက စစ္တပ္ကို ျပန္သြားရေတာ့မယ့္ အဲ့ေန့မွာ ငါနဲ႔ လူေတာ္ေတာ္မ်ားမ်ား သူ႔ကို လိုက္ပို႔ၾကတယ္။ အဲ့ေန့တုန္းက နည္းျပက်ာက နည္းနည္းေလးမွ ၾကမ္းၾကဳတ္မေနဘူး။ ပိုလို႔ေတာင္ ႏူးညံ့ေနလိုက္ေသးတယ္။ သူကငါ့ကိုေတာင္ ေတာင္းပန္ခဲ့ေသးတယ္။ ငါ့ကို အျပစ္ေပးတာ အရမ္းမ်ားသြားတယ္တဲ့။ သူကားစီးၿပီး ထြက္သြားတဲ့ ပံုကိုၾကည့္ေနရင္း ဘာလို႔လဲမသိ ငါ အရမ္း ဝမ္းနည္းလာတယ္လို႔ပဲ ခံစားလိုက္ရတယ္"

"ေနာက္မွ ငါျဖည္းျဖည္းခ်င္း စဥ္းစားၿပီး နားလည္လာခဲ့တယ္။ သူ ရက္စက္တယ္၊ စည္းကမ္း တင္းၾကပ္တယ္ဆိုတာေတြ အားလံုးက ငါတို႔ကို ေကာင္းေစခ်င္လို႔ပဲ။ ငါတို႔ကို ထိန္းခ်ဳပ္တယ္၊ ငါတို႔ကို ဟိုဟာလုပ္ ဒီဟာလုပ္ဆိုၿပီး ဖိအားေပးတာကလည္း သူ႔မွာ တျခားနည္းလမ္း မရိွေတာ့လို႔ပါ။ ငါတို႔အဲ့တုန္းက ဘယ္ေလာက္ေတာင္ ဆူညံပြက္ေလာရိုက္ၿပီး စည္းကမ္းေတြ မလိုက္နာလိုက္သလဲ။ သူကအဲ့လို ရိုးရိုးရွင္းရွင္းနဲ႔ လွည့္ကြက္မရိွတဲ့ ရဲေဘာ္ႀကီးဆိုေတာ့ ျမည္းေတြကို အပိုးသပ္ဖို႔ အစြယ္ထုတ္ျပၿပီး ၾကာပြတ္နဲ႔ ေက်ာင္းရေတာ့တာေပါ့"

ယဲ့ထင္သည္ ရန္က်ားလိ၏ စကားကို နားေထာင္ေနရင္း ေယာင္ေယာင္ဝါးဝါးႏွင့္ သူေျပာခ်င္သည့္ ဆိုလိုရင္းကို နားလည္လာ၏။ သို႔ႏွင့္ ႏွလံုးသားသည္ အထိန္းအကြပ္မရိွ ခုန္ေပါက္လာေလ၏။

ရန္က်ားလိသည္ ေခါင္းလွည့္ၿပီး ယဲ့ထင္ကို ၾကည့္လာကာ မိမိကိုယ္ကို ရယ္မိသည္။

"မင္းၾကည့္ေလ၊ ငါက နည္းျပက်ာရဲ့ ၾကမ္းၾကမ္းတမ္းတမ္း ပံုစံကို မုန္းတာဆိုေပမယ့္ သူက ငါတို႔အေပၚ တကယ္အစစ္အမွန္နဲ႔ ဆက္ဆံေပးတာလည္း သိေနျပန္ေရာ။ ငါအၿမဲတမ္း သူဘာလို႔ ေစာေစာစီးစီး မထြက္သြားႏိုင္ေသးတာလဲဆိုၿပီး က်ိန္ဆဲေနေပမယ့္ သူတကယ္ ထြက္သြားေတာ့မယ္ တစ္ေန့က်ေတာ့လည္း ငါငိုခ်င္လာေရာ"

"ၾကည့္ရတာ လံုးဝႀကီး ျပည့္စံုေနတဲ့လူမ်ိဳး မရိွဘူးထင္တယ္။ အမ်ားစုက တစ္ခါတေလမွာ ေဒါသထြက္ရေလာက္ေအာင္ မုန္းစရာေကာင္းေနေပမယ့္ တစ္ခါတေလက်ေတာ့လည္း စိတ္လႈပ္ရွားစရာ ေကာင္းလြန္းလို႔ ငိုခ်င္လာျပန္ေရာ။ လူေတြကေလ၊ တကယ္ကို ေစာက္ရမ္းႀကီး ရႈပ္ေထြးလြန္းတယ္။ မင္းေျပာၾကည့္ ဘယ္လိုလုပ္သင့္လဲလို႔?"

ယဲ့ထင္၏ အသံမွာ ၾကမ္းရွေနၿပီး တေလးတနက္ႏွင့္ ရန္က်ားလိကိုၾကည့္ကာ

"သံုးနည္းရိွတယ္။ ကိုယ့္ဘာသာ ခံႏိုင္ရည္ရိွေအာင္ ဖိအားေပးမယ္။ မဟုတ္ရင္ ေက်ာခိုင္းၿပီး လွည့္ထြက္သြားမယ္။ မဟုတ္ရင္.....အစက ျပန္စၿပီး၊ ျဖည္းျဖည္းခ်င္း အခ်ိန္ယူၾကမယ္"

ရန္က်ားလိသည္ ျမက္ပင္ကို ႏုတ္ကာ လက္ဖဝါးထဲ ပြတ္သပ္ေနရင္း ေခါင္းငံု႔ကာ ၿပံဳးသြားသည္။

ယဲ့ထင္၏ ႏွလံုးသားသည္ ခုန္ေပါက္လာၿပီး အနားကပ္သြားကာ အနည္းငယ္ ကတုန္ကယင္ႏွင့္

"ေပါင္ေပါင္း၊ မင္း ဆိုလိုခ်င္တာက..."

ရန္က်ားလိသည္ ေခါင္းလွၫ့္ကာ ယဲ့ထင္ကို ျပန္ၾကည့္လာၿပီး မ်က္စိတစ္မိွတ္အတြင္း ျမက္ပင္ႏွင့္ ယဲ့ထင္ကို ပစ္ေပါက္ကာ က်ိန္ဆဲသည္။

"ဘယ္သူက မင္း ေပါင္ေပါင္းလဲ။ အတန္းေဖာ္၊ အစားအစာကို ေလ်ွာက္မစားရသလို၊ စကားကိုလည္း ေလ်ွာက္မေျပာရဘူး။ ငါနဲ႔မင္းနဲ႔ သိလို႔လား။ မင္း ဘယ္အတန္းကလဲ"

ယဲ့ထင္ : "?"

ရန္က်ားလိက ယဲ့ထင္ကို တစ္ခ်က္ ကန္လိုက္ၿပီး

"မင္းကို ေမးေနတယ္ေလ၊ ဘယ္အတန္းကလဲလို႔"

ယဲ့ထင္သည္ သံသယျဖင့္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး

".....ႏိုင္ငံတကာ ကုန္သြယ္မႈ A ခန္း?"

ရန္က်ားလိသည္ ႏႈတ္ခမ္းတြန္႔လိုက္ၿပီး ၿပံဳးစစႏွင့္ မ်က္ခံုးပင့္သြားကာ

"တိုက္ဆိုင္လိုက္တာ၊ ငါလည္း ႏိုင္ငံတကာ ကုန္သြယ္မႈ A ခန္းကပဲ"

ယဲ့ထင္၏ အၾကည့္မွာ ေျပာင္းလဲသြားၿပီး ပါးစပ္ဟဖို႔ အခ်ိန္မမွီလိုက္ေသးခင္မွာပဲ ရန္က်ားလိတစ္ေယာက္ လက္ဆန္႔ထုတ္လာၿပီး ၿပံဳးကာဆိုသည္။

"အတန္းေဖာ္၊ သူငယ္ခ်င္း လုပ္ရေအာင္။ မဂၤလာပါ။ ကြၽန္ေတာ္က ရန္က်ားလိပါ"

"ရန္ရႉ႔ရဲ့ ရန္၊ က်ားက်န္ရဲ့ က်ား၊ လိက်န္႔ရဲ့ လိ"
.
.
.
.
.
11/2/2022(Fri)

                            ×××

Continue Reading

You'll Also Like

1M 52.3K 45
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
72K 7.4K 5
Original Author - 疾风不知 Original Name - 死敌居然暗恋我 Original Eng Translator - KK Translator Eng Name - My Enemy is actually secrectly in love with me ⚠︎...
66.3K 8.5K 65
သရဲနှိမ်နင်းတဲ့ မိသားစုကဆင်းသက်လာတဲ့ ဝမ်ချန်းဆိုတဲ့ ကောင်လေးဟာ သရဲတစ်ကောင်ကြောင့် ကျိန်စာမိသွားပြီး မိသားစုအမွေကို မဆက်ခံနိုင်ခဲ့ပါဘူး... ဒါပေမဲ့ အမှ...
102K 16.4K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ