Eastern Palace (Goodbye my pr...

Galing kay sy_in_love

5.6K 969 144

🦊🏜️ ကောင်းကင်ဘုံ၏ အကြီးမားဆုံး သော အပြစ်ဒဏ်မှာ အရာရာကို မေ့ပစ်လိုက်နိုင်စွမ်း မဟုတ်ခဲ့ပဲ အရာအားလုံးကိုအမြဲ... Higit pa

intro
အပိုင်း-၁
အပိုင်း ၂
အပိုင်း-၃
အပိုင်း ၄
အပိုင်း ၅ .၁
အပိုင်း-၅.၂
အပိုင်း၆
အပိုင်း-၇
အပိုင်း ၈
အပိုင်း_၉
အပိုင်း -၁၀
အပိုင်း -၁၁
အပိုင်း -၁၂
အပိုင်း ၁၃
OST
အပိုင်း ၁၄
အပိုင်း-၁၅
အပိုင်း ၁၆ (part 1)
အပိုင်း ၁၆ (part 2)
အပိုင်း ၁၇.၂
အခန်း ၁၈
အခန်း ၁၉
အခန်း -၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း 24

အပိုင်း ၁၇.၁

116 29 4
Galing kay sy_in_love

东宫 Eastern Palace: Chapter 17

ဘာလို့ ယောင်္ကျားလေးတွေက ဒီလိုအကျင့်တွေချည်းပဲ ရှိနေကြတာလဲ ?

ငါကတော့ မလိုက်လျောပေးနိုင်ပါဘူး ။

" နင်မနေ့ကငါ့ကိုအကြိမ်ပေါင်းများစွာနမ်းခဲ့ပြီးပြီလေ ။ ငါနင့်ကို ဘာအကြွေးမှ မတင်နေဘူး "

လီချန်းရင်က သူ့အင်္ကျီကို လှန်လိုက်ပြီး သူ့ဗိုက်ပေါ်က အမာရွတ်ကို လက်ညှိးထိုးပြရင်းနဲ့

" အဲ့တာဆိုရင် ဒီဟာအတွက်ကရော ?မင်း ငါ့ကို ဘယ်လို ကျေးဇူးဆပ်မှာလဲ ?"

        
ငါ အမာရွတ်ကိုကြည့်မိလိုက်တော့ သက်ပြင်းတစ်ခုက အလိုလို ချမိရက်သား ။

" လုပ်ကြံတဲ့လူက နင့်ကို ထိုးခဲ့တာပဲလေ ။ နင့်ကို ဓားနဲ့ ထိုးတာငါမှ မဟုတ်တာ "

"ဘယ်လိုပဲဖြစ်ဖြစ် ငါ မင်းအသက်ကို ကယ်တင်ခဲ့တာပဲလေ ! တကယ်လို့ငါသာမင်းကို မင်းကိုမတွန်းထုတ်လိုက်နိုင်ခဲ့ရင် လုပ်ကြံတဲ့လူက ထိခိုက်အောင်လုပ်သွားမှာ  မင်းကိုပဲ "

ငါ့မှာနောက်ထပ်ငြင်းဆန်ဖို့ နည်းလမ်းမရှိတော့ဘူး ။ ဘာလို့လဲဆိုတော့ သူပြောသွားတာကအမှန်တွေပဲလေ ။ ဒါပေမဲ့ ငါကတော့ ခေါင်းမာအုန်းမှာပဲ
" အဲ့တာဆို နင်လိုချင်တာက ဘာလဲ ?"

" နောက်တစ်ခါ မင်း မင်ယွီဖန်ကို သွားရင် ငါ့ကို ပါခေါ်သွားပေး "


ငါ အံ့ဩသွားရပြီ ။

"နင်.......နင်...."

"ထိုက်ဇစ်တျန်းရှက ဆောင်ကြာမြိုင်ကို သွားချင်တယ်!" လို့ ငါအသံခပ်ကျယ်ကျယ်နဲ့ အော်လိုက်တယ် ။

       
ဒီတစ်ခါတော့ ငါ့ပါးစပ်ကို အမြန်အပြေးလေး လာပိတ်ရတာ လီချန်းရင်ပေါ့ ။

"အော်ဟစ်နေတာကို ရပ်လိုက်တော! မအော်နဲ့တော့! ငါ က သွားကြည့်ကြည့် ချင်ရုံသက်သက်ပဲ၊ မကောင်းတာ တစ်ခုခု သွားလုပ်ဖို့မဟုတ်ဘူး !"

       
  " ငါတို့ က ဒီမှာ အပိတ်ခံထားနေရတာ ၊ တကယ်လို့ ငါတို့သာ ထွက်မသွားနိုင်သေးခဲ့ရင် မင်ယွီဖန်ကို ဘယ်လိုသွားနိုင်ကြမှာလဲ..........."

ငါသက်ပြင်းလည်းချလိုက်ရင်း

"မယ်တော်ကြီးက ငါတို့ကို နောက်နှစ်ထိတော့ ပိတ်ထားမှာ မဟုတ်ဘူး ဟုတ်တယ်မလား? "

လီချန်းရင်က "စိတ်မပူပါနဲ့ ငါ့မှာ အကြံရှိပါတယ် " လို့ပြောလာတယ် ။

သူ့ရဲ့ အကြံက ပုတ်သိုးနေတဲ့ သုံးစားမရတဲ့ အကြံပဲ ။ ငါက နေမကောင်းချင်ယောင်ဆောင်ဖို့တဲ့လေ ။

ငါက နေမကောင်းဖြစ်ချင်ဟန်ဆောင်ဖို့ မဖြစ်နိုင်ဘူး ။

အလယ်ပိုင်းမြို့တော် ကို ရောက်လာကတည်းက ငါ တစ်ကြိမ်ပဲ ဖျားခဲ့ဖူးတာ လေ ။

ငါ့ကို နေမကောင်းဖြစ်ချင်‌ေယာင်ဆောင်ခိုင်းဖို့ဆိုတာက ငါဘယ်လောက် အစွမ်းကုန် သရုပ်ဆောင်ပါစေ ယုံကြည်ချင်စရာကောင်းလာမှာ မဟုတ်ဘူး ။
       
 လီချန်းရင်က ငါ့ကိုမေ့လဲ ချင်ယောင်ဆောင်ဖို့ပြောတယ် ။ ငါအဲ့တာလည်း လုပ်နိုင်မယ်မထင် ။

ငါအစမ်းသရုပ်ဆောင်ကြည့်လိုက်တဲ့အခါ ငါမရယ်မိပဲ မနေနိုင်ဘူး ။
       
အဲ့တာနဲ့ လီချန်းရင်က စိတ်ဆိုးမာန်ဆိုးနဲ့ "တကယ်လို့ မင်းမလုပ်နိုင်ရင် ငါလုပ်မယ် " လို့ပြောလာတယ် ။

သူ မေ့လဲချင်ယောင်ဆောင်တော့ကျ  အစစ်နဲ့‌အတော်လေးတော့ တူသား။ အိပ်ယာပေါ်မှာ မျက်နှာသေနဲ့ တကယ် သတိမေ့နေသလိုပဲ ။

" တစ်ယောက်ယောက်လာကြပါအုန်း ထိုက်ဇစ်တျန်းရှ မေ့လဲသွားပြီ! တစ်ယောက်ယောက် လာကြပါအုန်း ...." လို့ ငါပြတင်းပေါက် ဘက်ကို အော်လိုက်တယ် ။

အကြိမ်ရေအနည်း‌ငယ်လောက် အော်ပြီးသွားတဲ့အခါ  နောက်‌ဆုံးတော့ နန်းဆောင်ရဲ့ တံခါး‌ေတွက ပွင့်သွားခဲ့ပြီလေ ။

လူတွေအများကြီး အပြေးအလွှားဝင်လာကြပြီး ၊ နန်းတွင်းသူတွေ တချို့က သမားတော်ပင့်ဆောင်ဖို့ အပြေးအလွှားပဲ ။မယ်တော်ကြီးပါ ဒီအကြောင်းကို သိသွားခဲ့တယ် ။

 သမားတော်တွေက သူ့ရဲ့ သွေးခုန်နှုန်းကို စမ်းသပ်စစ်ဆေးကြတဲ့အခါ ရလဒ်က လီချန်းရင်ရဲ့ သွေးခုန်နှုန်း တွေက မတည်မငြိမ်ဖြစ်နေခဲ့တာတဲ့ ။
  ငါတို့ ဒီလောက်အကြာကြီး ဆာလောင်နေခဲ့ရတာဆိုတော့ သေချာပေါက် သူ့သွေးခုန်နှုန်းတွေက ဘယ်မှာတည်ငြိမ်နိုင်ပါတော့မလဲ ။

မယ်တော်ကြီးက တော့ အဲ့လိုမျိုးမတွေးခဲ့ဘူး ။ သူမထင်ခဲ့တာက လီချန်းရင် ပင်ပန်းသွားတယ်လို့ ။ သူမက မလေးမစားပြုမူတယ်ဆိုပေမယ့် လည်း ၊ ငါတို့ကိုတော့ နောက်ထပ် ပိတ်လှောင်မထားတော့ဘူးလေ ။
       
  ငါ က အရှေ့နန်း‌တော် ပြန်လည် ပို့ဆောင်ခြင်းခံလိုက်ရပေမဲ့ ၊ လီချန်းရင်က တော့ အဲ့လောက် ကံမကောင်းခဲ့ရှာဘူး ။မနက်ဖြန် ဓလေ့ထုံးတမ်းပွဲတော်ကျင်းပဖို့ ရှိတာကြောင့်  သူချက်ချင်းပဲ ဘုရားကျောင်းကို သွားခဲ့ရတယ် ။
ငါကလည်း အရှေ့နန်းတော်ကို ပြန်ခဲ့ရပေမဲ့ ငါကလည်း အလုပ်များတုန်းပါပဲ ။ ဘာလို့လဲဆိုတော့ ဧကရာဇ်က ငါ့ကို ပွဲတော်တွေမှာ ကောင်းကွေ့ဖေး အစား တာဝန်ယူခိုင်းခဲ့လို့ပါ ။

ဒီနှစ် နှစ်သစ်ကူးကတော့ အလုပ်အများဆုံးပါပဲ ။ အလွန်တရာ ပင်ပန်းပြီး ၊ ပျော်စရာ တစ်စက်မှ မကောင်းဘူး ။
       
 ေဘးက‌ေန ကူညီပေးနေတဲ့ ယုန်ညန် နဲ့ ကောင်းကွေ့ဖေးတို့ ရှိကြပေမဲ့လည်း ၊  ငါက ပွဲတော်အတွက် အတော်လေးစိတ်ပူနေသေးတယ်။  ဒီ မလိုအပ်ပဲ ချဲကားထားတဲ့ စာအုပ်တွေ ရေးရတာလည်း ငါ့မှာ မှတ်မိနိုင်ဖို့က အချိန်အတော်ယူရသေး ။

ပြီးတော့ တည်ခင်းဧည့်ခံပွဲ များစွာအပြင် အခမ်းအနားတွေကလည်း တက်ဖို့လိုအပ်သေးတယ် ။
     
ညတိုင်းလိုလို ငါပင်ပန်းနေခဲ့တာ ၊ ငါ့ရဲ့ မျက်နှာက မိတ်ကပ်တွေကို ဖျက်ဖို့ ထိုင်နေ ရုံနဲ့ လည်း ငါအိပ်ပျော်သွားနိုင်တယ် ။ မနက်တိုင်းလည်း မိုးတောင်သေချာမလင်းသေးတဲ့ အချိန်ကတည်းက ယုန်ညန်က နန်းတွင်းသူ အချို့နဲ့အတူ ငါ့ကို အိပ်ယာထဲကနေ ဆွဲထုတ်ပြီး ဖီးလိမ်း ပြင်ဆင်ပေးတော့တာပဲ ။
       

အရင်တုန်းက မိဖုရားခေါင်ကြီးရှိတာမို့ ငါ ဒီဒုက္ခတွေကို မခံစားခဲ့ရဘူး ။ အခု ငါဘဝရဲ့ ခါးသက်မှုတွေကို ခံစားနေရပြီ ။ နေ့တိုင်း နေ့တိုင်း ငါနဲ့မသိတဲ့ လူတွေအများကြီးနဲ့ တွေ့ပြီး သူတို့အရိုအသေလာပေးကြတာကို လက်ခံရမယ် ။ အရသာတောင်မခံနိုင်ပဲအစားစား ရမယ် ။ ကောင်းချီးမင်္ဂလာစကား‌ေတွ ရွတ်ဆိုနေတဲ့ အမျိုးသမီးအရာရှိတွေရယ် ၊ ပျင်းဖို့ကောင်းတဲ့ အက‌တွေကြည့်ရင်း လူတွေအတောမသတ်နိုင်အောင် စကားများနေကြတာတွေကိုလည်း နားထောင်နေရသေးတာ ။

  စား‌ သောက်ဧည်ခံ ပွဲတော် အ‌တွင်းမှာလည်း ၊ ပျော်ဖို့ ကောင်းခဲ့တဲ့ နေ့ဆိုလို့ လပြက္ခဒိန်ရဲ့ ပထမလ ငါးရက်မြောက်နေ့ တစ်ရက်ပဲ ။
       
အဲ့နေ့က လက်ထပ်ထားတဲ့ အမျိုး‌သမီးတွေက သူတို့ရဲ့ မိဘတွေကို ဂါရဝပြုရတဲ့နေ့လေ ။ အဲ့တော့ တော်ဝင်မိသားစုကလည် မင်းသမ‌ီးတွေအားလုံးကို တည်ခင်းဧည့်ခံ ဖို့ ဖိတ်ကြားခဲ့တယ် ။

အဓိက စားပွဲ‌နေရာမှာ အင်ပါယာ ဧကရာဇ်ရဲ့ ခမည်းတော်ရဲ့ အမ‌ေတာ်နှစ်ပါး ၊ ဘေးက စားပွဲမှာက လီချန်းရင်ရဲ့ အဒေါ်‌ေတွ ဖြစ်တဲ့ မင်းသမီးတွေ။

မင်းသမီး ဖျင်နန် ကလည်းငါ့ကို သေရည်တစ်ခွက်နဲ့ ဂါရဝ ပြုလာတယ် ။ ဘာလို့လဲ ဆိုတော့ ငါက ထိုက်ဇစ်ဖေး ဖြစ်နေလို့ ။ ငါက အသက်ငယ်ပေမဲ့လည်း နန်းတော်ထဲမှာက မိဖုရားခေါင်ကြီး ရှိမနေခဲ့တာကြောင့် ငါက စားသောက်ပွဲ ရဲ့ အဓိက တာဝန်ရှိတဲ့  အမျိုးသမီး ဖြစ်လာရတယ် ။

ငါ သေရည်အနည်းငယ် သောက်လိုက်ပြီး မတ်တပ်ရပ်ချင်ခဲ့တယ် ။ ယုန်ညန်က ဖျင်နန် မင်းသမီးကို တွဲပေးဖို့ သွားခဲ့တယ် ။ ‌ဖျင်နန် မင်းသမီးက ဖေ့ကျောက်ရဲ့ မိခင်ပဲ ။
  
        ဖေ့ကျောက်က သူမနဲ့ လည်း ရုပ်ချင်းမဆင်ဘူး ။
       
ငါ မင်းသမီး လော့ကျီကို ရှာဖို့ ကြိုးစားလိုက်တယ် ။ ငါသူမကို အရင်က  သတိမထားမိခဲ့ဖူးဘူး ။
       
ပြီးတော့ တော်ဝင်မိသားစုမှာ မင်းသမီးတွေ အမြောက်အများ ရှိပြီး ငါလည်းသူတို့နဲ့တစ်ခါတလေတောင် တွေ့ရခဲတယ် ။ ငါ့မျက်လုံးထဲမှာ မင်းသမီးတွေ ကို ကြည့်ရတာ အကုန်လုံးက အတူတူလိုပဲ ။ အကုန်လုံးက ရှည်လျားတဲ့ ဝတ်ရုံတွေ အသီးသီးဝတ်ဆင်ထားကြတာ ။

ဒီတခါတော့ ဖေ့ကျောက် အတွက် ငါ မင်းသမီး လော့ရှီ ကို အထူးတလည် စိတ်ဝင်စားမိတယ် ။သူမက အတော်လေး လှပတဲ့ အမျိုးသမီးပဲ ။အမူအယာကလည်း အိ‌‌န္ဒြေအပြည့် ။မင်းသမီး ဖျင်နန် နဲ့ တောင်သူမက ရုပ်ချင်းဆင်သလိုလိုပဲ ။

ယုန်ညန်က ငါ့ကို သုံးပိုဒ်ကဗျာ ရေးပေးဖို့ လူတစ်ယောက်ရှာဖွေပေးခဲ့ပြီး ၊ ငါ့ကို အလွတ်ကျက်မှတ်စေကာ ဧည့်ခံပွဲမှာ အလွတ်ရွတ်ဆိုစေတယ် ။

မင်းသမီး လော့ရှီကလည်း ကဗျာတစ်ပုဒ်ကို ရွတ်ဆိုခဲ့တယ် ။ ငါနားမလည် မသိတဲ့ စကားလုံးတချို့တောင် ပါသေး ။ လူတိုင်းက ငါ့ရဲ့ ကဗျာက အကောင်းဆုံးပဲလို့ ချီးမွမ်းခန်းဖွင့်ကြတယ် ။


မင်းသမီးလော့ရှီကတော့ ဒုတိယမြောက် အကောင်‌းဆုံးပေါ့ ။ မင်းသမီးလော့ရှီက ယောင်္ကျားလေးတွေ နှစ်သက်တတ်ကြတဲ့ စံပြပုံစံပဲ ။တော်ဝင်မိသားစုဝင် ၊ နူးညံညင်သာတဲ့ ကိုယ်ရည်ကိုယ်သွေး ၊ အရည်အချင်းကလည်းရှိတယ် ။ဖေ့ကျောက်နဲ့ တကယ် လိုက်ဖက်တယ် ။

  ဒီနှစ်သစ်ကူးကတော့ ငါတအားပင်ပန်းတာကြောင့် မပျော်ဘူး ။ ငါလီချန်းရင်နဲ့ ရက်ပေါင်းအတော်ကြာ မတွေ့ရပေမဲ့လို့ ၊ သူနဲ့‌ကျောက်လျန်တိတို့ ပြန်ပေါင်းထုပ်သွားကြပြီဆိုတာ ကြားရပါတယ် ။
       
ပျားရည်အိုင်ထဲ နစ်မျောနေကြတဲ့ လူနှစ်ယောက်အကြောင်းကိုပေါ့ ။ ငါကတော့ ဘာကြောင့်မှ စိတ်လှုပ်ရှားမနေပါဘူး ။ ငါ စိတ်လှုပ်ရှားရင် မျှော်လင့်နေတဲ့ တစ်ခုတည်းသောအရာက လပြက္ခဒိန် ရဲ့ ပထမလ ဆယ့်ငါးရက်မြောက်နေ့ပဲ ။ အဲ့ဒီနေ့က မီးပုံးပွဲတော် ရှိတယ်လေ ။


  ငါ အလယ်ပိုင်း မြို့တော်မှာ အကြိုက်ဆုံးကလည်း အဲ့ဒီ မီးပုံးပွဲတော်ပဲ ။
       

ဆယ်မိုင်ပတ်ပတ်လည်က မီးပုံးတွေ၊ မြို့စောင့် မျှော်စင် ကိုးထပ် ၊ ကြယ်တာရာခုနှစ်ဆင့် အထပ်က နေ အရပ်မျက်နှာအကုန်လုံးဆီကို ဖောက်လိုက်တဲ့ မီးရှူးမီးပန်းတွေရယ် အတူတူ သွားလိုက်ကြလာလိုက်ကြနဲ့ အေးချမ်းမှုအပြည့် ။ အဲ့တာက မှ မီးပုံးပွဲတော်ပဲ ။
  

မီးပုံးပွဲတော် ရောက်ဖို့ ရက်အနည်းငယ်လိုသေးပေမဲ့ လူတွေကတော့ လမ်းမတွေပေါ်မှာ မီးပုံးတွေချိတ်ဖို့ အလုပ်ရှုပ်နေကြပြီ ။ ဒီ မီးပုံးတွေက အရောင်စုံ ဒီဇိုင်းဆန်းတွေနဲ့အရမ်းထူးခြားပြီး သစ်ဆန်းတဲ့ လက်မှုပညာပုံစံတွေနဲ့  ။

ပြီးတော့ အဲ့ဒီညမှာ နာမည်ကျော်တဲ့ မီးရှူးမီးပန်းတွေကတော့ ကြယ်ကြယ်တာရာခုနှစ်ဆင့် အထပ်က နေ အရပ်မျက်နှာအကုန်လုံးဆီကို ဖောက်မှာပေါ့ ။ ဘာလို့လဲဆိုတော့ အဲ့ဒီနေရာက မြို့တစ်ဝက်လုံးက မြင်ရလောက်အောင် မြင့်မားတယ် ။

မြို့တော်ရဲ့ အဓိက ဂိတ်တံခါးလေးခုစလုံကလည်းအဲ့ညမှာ ဖွင့်လှစ်ထားမှာဖြစ်ပြီး လူတွေက မီးပုံးတွေကို သွားသွားလာလာ ကြည့်ရှူခံစားလို့ ရအောင်လို့ ပါပဲ ။

စန်ယင်း တောင်က လူတွေ အိမ်ထောင်ရေးကံကောင်းအောင်လို့ ဆုတောင်းသမှုပြုကြတဲ့နေရာ ။ ပြောကြတာကတော့ စန်ယင်းတောင်ပေါ်က ဘုရားကျောင်းက ကံကြမ္မာက တွဲဖက်ပေးတဲ့ စုံတွေကို ထိမ်းမြားခြင်း ကောင်းချီး ပေးသနားလိမ့်မယ် ။

ဒါပေမဲ့ လက်မထပ်ရသေးတယ် လူပျို ၊ မိန်းမပျိုတွေသွားရင်တော့ အကျိုးသက်ရောက်မှုရှိလာမှာမဟုတ်ဘူး ။

တကယ်လို့ အမျိုးသမီးတစ်ယောက်က လက်ထပ်ပြီးသားဖြစ်ခဲ့ရင် သူမရဲ့ ခင်ပွန်းဖြစ်သူကို မီးပုံရှုစားဖို့ လည်ပတ်ရင်းနဲ့ နှစ်သစ်အတွက်တောင်းဆုပြုဖို့ ခေါ်ဆောင်သွားသင့်တာ ။

အကယ်၍မိန်းမပျိုလေးက လက်မထပ်ရသေးပေမဲ့လည်း အချစ်စစ်နဲ့တွေ့ဆုံနှင့်ပြီး ဖြစ်ခဲ့ရင် ၊ ဒါက ချစ်သူနှစ်ဦးကြားက သီးသန့် တွေ့ဆုံမှုအနေနဲ့ လည်း သတ်မှတ်လို့ရတယ် လို့ အခမ်းအနား ရိုးရာဓလေ့ပေါ် မူတည်ပြီး ခွင့်ပြုထားတယ် ။

မနှစ်က မီးပုံးပွဲတော်မှာ ပေါ့ ငါနဲ့ အားတု စန်းယင်တောင်ပေါ်ကိုမီးပုံးတွေ ရှုစားဖို့ သွားခဲ့တုန်းက ငါတို့နှစ်ယောက် ဖိနပ်တွေတောင် ပျောက်ခဲ့သေး ။
       
ငါကြားတာတော့ မီးပုံးပွဲတော်ညပြီးရင် တောင်ပေါ်မှာ ဖိနပ်ရေ ထောင်ချီကျန်ခဲ့တတ်ကြတယ်တဲ့ ။ မနက်ခင်း တောင်ပေါ်ကို လှည်းကျင်းသန့်ရှင်းရေးလုပ်ကြသူတွေက အဲ့ဖိနပ်တွေကို လှည်းအကြီးစားအချို့နဲ့သယ်ယူပြီး ချို့တဲ့သူတွေဆီကိုပေးကြတယ် ။

 ဒီနှစ်မှာတော့ လည်ရှည် ဖိနပ်ဝတ်သွားဖို့အတွက်ကို ငါဆုံးဖြတ်ချက်ချပြီးပြီ လေ ။လည်ရှည်ဖိနပ်ဝတ်သွားပြီး သားရေကြိုးနဲ့ ငါ့ခြေထောက်တွေကို ချည်ထားလိုက်မယ် ။ အဲ့ဒါမှ ငါဖိနပ်ထပ်မပျောက်မှာ ။ လူတွေ ထူထပ် စည်ကား အသက်ဝင်နေမှာပဲ သေချာပေါက် သွားကြည့်ရမယ် !
 
  ‌၁၄ ရက်မြောက်နေ့မှာတော့ ၊စားသောက် ဧည့်ခံပွဲတွေ ဆုံးခန်းတိုင်ခဲ့ပြီလေ ။နောက်ဆုံးတော့ငါ့မှာ တာဝန်ဆိုတာတွေ မရှိတော့ဘူး ။ အရှေ့နန်းတော်ကို ပြန်ပြီး အိပ်နေလို့ရပြီ။ မီးပုံးပွဲတော်ညအတွက် ခွန်အားမွေးရမယ် ။

ဒါပေမဲ့လည်း ငါအိပ်မောကျနေခဲ့တုန်းမှာ ယုန်ညန်က ငါ့ကိုနှိုးလာပြန်တယ် ။
       

အပိုင်း 17.2 ဆက်ရန် ......
T/N
စာလုံးရေ 19000 မို့ ခွဲလိုက်တယ်နော် ။အဲ့အစား ဒုတိယအပိုင်းကို အမြန်ရစေရမယ်။ 

ဆက်တိုက်အရမ်း updateနေလို့ translatorကို မိုးကြိုးတွေများပစ်နေအုန်းမလားမသိဘူး :3

ပုံပေါင်း 400 ကျော်ထဲက ထုံးစံတိုင်း အလိုက်ဆုံးလေးတွေ‌လည်းရွေးထုတ်ပေးထားသေးတယ် ။ ^^

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

697K 72.7K 99
Description လျောင်ချင်းချင်းနိုးလာတဲ့အခါနှစ်သက်ခြင်းမခံရတဲ့ဇနီးငယ်လေးအဖြစ်ကူးပြောင်းသွားတယ်။ အင်ပါယာနန်းတော်ထဲဝင်ပြီးနောက် မနှစ်သက်ခံရတဲ့လျန်ရိတစ်ယော...
209K 22K 103
ဘာသာပြန်သူ - စွဲညို့အသင်း
1.1M 161K 154
စစ်သူကြီးမျိုးရိုး၏ ပဏာမသမီးတော်၊ ဖြူစင်၊ ရိုးသား၍ အလိမ်အညာခံရလွယ်သော၊ မင်းသားသင်းအား ရူးရူးမိုက်မိုက်ချစ်ကြိုက်မိသူ သူမ သူ့ဇနီးမယားအရာရအောင် ကြိုးပမ...
569K 66.4K 186
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...