🔹Unicode🔹
"သားငယ် အခုဆိုရင် သားသက်ဘုန်းနိုင်က သားရဲ့အိမ်ထောင်ဦးစီးအိမ်ဦးနတ်ဖြစ်နေပြီ အဲ့တော့ကိုယ့်ယောက်ျားကို ပြန်မပြောနဲ့ သားကပြောလိုက်ရင် ပက်ကနဲပဲ အခုအရင်လိုမဟုတ်တော့ဘူးနော်"
ထိုင်းကပြန်ရောက်တော့ ထင့်ကိုဦးသက်ဘုန်းနိုင်ရဲ့အိမ်မှာလိုက်နေစေခြင်းကြောင့် ထင့်အမေဒေါ်နီလာမှ မှာတမ်းခြွေနေခြင်းဖြစ်သည်။
"သားလဲယောက်ျားပဲ သားလဲအိမ်ဦးနတ်ပါနော်"
"ဟဲ့ ဒီကလေး အခုက သားသက်ဘုန်းနိုင်ရှာကျွေးတာ စားရမှာမလား"
"အမေကလဲ သားကငယ်သေး..."
"တော် တော် အခုတောင် လူကြီးကို ကပ်ကပ်လန်အောင်ပြန်ပြောနေတာ ဒါပဲနော် အမေဘာသံမှမကြားဘူး"
"ဟုတ် အမေ"
"ကိုယ့်ယောက်ျားစကားကိုနားထောင် အရမ်းမဆိုးနဲ့တော့ တစ်ခုခုဆိုလဲ ကိုယ့်ယောက်ျားနဲ့ကိုယ်တိုင်တိုင်ပင်ပင်လုပ်"
ထင်တစ်ယောက် ရူးချင်နေပြီဖြစ်သည်။အမေစကားပြောတိုင်း ကိုယ့်ယောက်ျား ကိုယ့်ယောက်ျားနဲ့ ယောက်ျားကြီးတန်မဲ့ နားထောင်နေရတာ နားထဲယင်ကောင်၀င်နေသလို ရင်ဘက်ထဲပဲ ခူကောင်တက်သလိုလို ဝဲစွဲသလိုလို နေရတာအတော်ခက်၏။
"သိပါတယ် အမေရာ"
"သားသက်ဘုန်းနိုင် သားလဲ သားငယ်ကို ဂရုစိုက်ပါကွယ် သူဆိုးတာ မလိမ္မာတာရှိရင် အမေတို့ကိုပြော အမေဆုံးမပေးပါ့မယ်"
"ဟုတ်ကဲ့ပါ အမေ သည်းငယ်က လိမ္မာပါတယ် ဒါဆိုသားတို့ အဖေနဲ့အမေကို ကန်တော့အုံးမယ်လေ"
ထင်တို့နှစ်ယောက်လဲ မိဘနှစ်ပါးကို ကန်တော့ပြီး
"အကို ကလေးတွေကို ဆုပေးလိုက်အုံးလေ"
"အင်း အကိုစဉ်းစားနေတာက ဒီလင်ဒီမယားလို့ပြောရမလား ဒီလင်ဒီယောက်ျားလို့ပြောရမလား ဒီလင်ဟိုလင်လို့ ပြောရမလား"
ဦးဇေယျာထင်စကားကြောင့် ထင်တစ်ယောက်မှလွဲ၍ အကုန်လုံးက သဘောတကျရီလိုက်ကြသည်။
"အကိုကလဲ နီလာပဲပေးတော့မယ် သားနှစ်ယောက် သက်ရှည်ကျန်းမာပျော်ရွှင်စွာနဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ အိုအောင်မင်းအောင်ပေါင်းဖက်နိုင်ကြပါစေကွယ်"
"ပေးတဲ့ဆုနဲ့ သံသရာဘ၀အဆက်ဆက်ပြည့်ရပါစေ အမေ"
ထင်ကတော့ အကဲပိုလွန်းသည့်ဘေးကလူကြီးကို မျက်စောင်းထိုးပြီး မကြည်ကြည့် ကြည့်လိုက်သည်။
ထင့်မိဘတွေပြန်သွားတော့ ဦးသက်ဘုန်းနိုင်လဲ ရေချိုးအ၀တ်အစားလဲမယ်ဆိုပြီး အပေါ်ထပ်သို့ တက်သွားသည်။ထင်ကတော့ ပိုင်မြတ်မှူးခန့်နဲ့နှိုင်းဝေလျှံထွန်းကစကားပြောချင်တယ်ဆိုပြီး နေခဲ့သည်။
"ထင် မင်းကကွာ အချင်းချင်းတောင် မင်းတို့တွဲနေတာကိုလျှိုထားတယ် ငါတို့မှာ မင်းမင်္ဂလာဆောင်မှသိရတယ်"
"ဝေလျှံ မင်းဒီစကားကို ပြောတာ ထင်မင်္ဂလာဆောင် ဖိတ်စာပေးကထဲက ဘယ်နှစ်ကြိမ်ရှိပြီလဲ"
"ငါက အသည်းပေါက်လွန်းလို့ပါကွာ"
"ဒါကတော့ ဒီလိုပါပဲကွာ"
ထင်အပြုံးနုနုနဲ့သာ ပြန်ဖြေလိုက်သည်။
"ငါတို့ကောင်ကြီးထင် အပြုံးတွေက မလန်းဆန်းပါ့လားကွ"
"မြတ်မှူး မင်းကလဲ မနေ့ကသူတို့ရဲ့ မင်္ဂလာဦးညလေကွာ အဟွတ် ပြီးတော့ ချက်ချင်းကြီးမြန်မာပြည်ပြန်လာတာဆိုတော့ ပမ်းနေရောပေါ့"
နှိုင်းဝေလျှံထွန်းပြောလိုက်တော့ ပိုင်မြတ်မှူးခန့်က အားပါးတရရီသည်။နှိုင်းဝေလျှံထွန်းကလဲ သူ့ဘာသာပြောပြီး ဗိုက်ပုတ်ရီနေတော့သည်။
"-ီးပဲ မြေနိုး သွား ပြန်တော့ ငါကငါ့ဘာသာခရီးပမ်းတာ သွား သွား ပြန်တော့သွား ငါရေသွားချိုးလိုက်အုံးမယ်"
"ဇွတ်ကြီး"
"ဝေလျှံ မင်းကလဲ အရိပ်သုံးပါး နားမလည်ဘူး ဦးသက်ဘုန်းနိုင်လဲ ရေချိုးဖို့တက်သွားတယ်မလား"
"ဪ ဪ သားရီးရာ မနှောက်ယှက်တော့ပါဘူး ငါတို့သွားရအောင်လေ"
"ခွေးကောင်တွေ မှောင်မိုက်နေလိုက်တာများ သွား သွားကြ ကျက်သရေတုံးတယ်"
ပိုင်မြတ်မှူးခန့်တို့နှစ်ယောက်ကတော့ တဟားဟားအော်ရီပြီး ပြန်သွားကြသည်။
"လေးလေး(ဟင်းချက်အဒေါ်ကြီး)နွားနို့က ဦးအတွက်လား"
"ဟုတ်တယ် သား"
"ဒါဆို ကျွန်တော်ပဲယူသွားလိုက်တော့မယ်"
"ရပါတယ် သားရယ် ပူလို့ပါ မတော်တဆဖိတ်ကျပြီး သားအပူလောင်မှ ဆရာက လေးလေးကို ဆူနေပါ့မယ်"
"ရပါတယ်လေးလေးရယ် ကျွန်တော်ယူသွားလိုက်မယ်နော်"
လေးလေးလက်ထဲမှ နွားနို့ခွက်ကိုယူပြီး ထင်အပေါ်ထပ်သို့ တက်လာလိုက်သည်။
ထင်အခန်းထဲ၀င်လာတော့ အခန်းအပြင်ထွက်ဖို့ ပြင်နေတဲ့ ဦးသက်ဘုန်းနိုင်နဲ့ တည့်တည့်ကို ၀င်တိုက်လေသည်။
"အား!"
နွားနို့ပူပူများ ဦးသက်ဘုန်းနိုင်ရဲ့ ရင်ဘက်ကနေ အောက်သို့ တစ်လျှောက်လုံး စိုရွှဲသွားသည်။
ဦးသက်ဘုန်းနိုင်လဲ ၀တ်ထားသောShirtအင်္ကျီအဖြူကို အမြန်ဆွဲချွတ်လိုက်ပြီး နွားနို့ပေနေသောသူ့ကိုယ်ကို သုတ်လိုက်သည်။
ထင်တစ်ယောက် လက်ကပူတာကို သတိမထားမိဘဲ ဦးသက်ဘုန်းနိုင်ရဲ့ နွားနို့ပေနေတဲ့six packကြီးကို အ၀တ်နဲ့သုတ်နေတာကို ငေးကြည့်နေမိသည်။
"ဟာ သည်ငယ် လက်ပူသွားတာလား လာ"
ထင့်လက်ကနေဆွဲခေါ်ပြီး ရေချိုးခန်းထဲမှာ ရေအေးလေး အရင်လောင်းပေးလိုက်သည်။
"ဟာကွာ အပူလောင်သွားတာပဲ လက်လေးနီနေပြီ"
ရေဆေးပြီးတော့ လက်ကို ဖွဖွလေးမှုတ်ပြီး သစ်ရှူးနဲ့သုတ်ပေးလိုက်သည်။
"လေးလေး! လေးလေး!"
"ရှင် ဆရာ"
"ဒီမှာ သည်းငယ်အပူလောင်သွားလို့ဆေးယူခဲ့"
"ရှင် ဟုတ်ကဲ့ ဟုတ်ကဲ့"
"သည်းငယ် အရမ်းနေပူလား ဒီဆေးgelလေးက အေးအေးလေးနော် ခဏနေရင် သက်သာသွားမှာပါ သနားပါတယ် ဦးသည်းငယ်လေး"
တဖူးဖူးမှုတ်ပြီး ဆေးလိမ်းပေးနေသည့် ဦးသက်ဘုန်းနိုင်က သူ့တစ်ကိုယ်လုံးပူထားတာကိုတောင် မေ့လျော့လျက်၀မ်းနည်းသံစွက်ပြီးပြောသည်။ထင်ကတော့ အနီးကပ်မြင်နေရသောဦးသက်ဘုန်းနိုင်ရဲ့ အပူရှိန်ကြောင့်နီရဲနေသော six packကြီးကိုသာ တောသားမြို့ရောက်သလို အထူးတဆန်း မျက်တောင်မခတ်ကြည့်နေတော့သည်။
"သည်းငယ် ခုရော ပူတာနည်းနည်းသက်သာရဲ့လား"
"..."
"သည်းငယ် သည်းငယ်"
"ဟမ် အာ တောင်းပန်ပါတယ် ကျွန်တော်တမင်လုပ်တာမဟုတ်ပါဘူး"
"ဟင် ရပါတယ် ဦးအမှားပါ ဦးသေချာဂရုမစိုက်လိုက်လို့ သည်းငယ်ပူသွားတယ် ခုသက်သာလားသည်းငယ်"
ထင်ပြောကာမှ ဦးသက်ဘုန်းနိုင် သူ့အပူလောင်သွားတာ သတိရပြီး လက်လေးနီပြီးသနားစရာကောင်းသော မိမိ၏အသစ်စက်စက် ယောက်ျားလေး သူ့အပြစ်လို့မထင်အောင် ပြောပြလိုက်သည်။
"သက်သာတယ် အရမ်းမထိမိဘူး"
"ဟုတ်ပြီ အဲ့တာဆို ခဏနားနေနော်"
"အွန်း"
"ကဲ လေးလေး ဘယ်လိုဖြစ်လို့ သည်းငယ်ကို အပူခွက်ကြီး ပေးလွှတ်ရတာလဲ ခင်ဗျားအပြစ်ကို ခင်ဗျားသိလား"
"လေးလေး တောင်းပန်ပါတယ် ဆရာ"
"ကျွန်တော် ဇွတ်ယူခဲ့လိုက်တာ လေးလေးမှာ အပြစ်မရှိပါဘူး ဦးအပြစ်ပေးချင်ရင် ကျွန်တော့်ကိုပေး"
"အာ အင်း မဟုတ်တာသည်းငယ်ရယ် ဒီတစ်ကြိမ်တော့ သည်းငယ်ကြောင့်ခွင့်လွှတ်ပေးလိုက်မယ် နောက်တစ်ကြိမ် သည်းငယ်ထိခိုက်ဒဏ်ရာရခဲ့ရင် ခင်ဗျားကိုယ့်အသက်ကို ဖက်နဲ့ထုပ်ထား"
"ဟုတ်ကဲ့ ဆရာ လေးလေး ပိုဂရုစိုက်ပါ့မယ်"
"သည်းငယ်လေး နေ့လည်စာ ဘာစားချင်လဲဟင်"
"အခု မသိသေးဘူး နောက်မှပြန်ပြောမယ်"
"ဟုတ်ကဲ့ ဒါဆိုသည်းငယ်နားအုံးနော်"
"အွန်း"
××××××××××××××××××××××××××××
🔹Zawgyi🔹
"သားငယ္ အခုဆိုရင္ သားသက္ဘုန္းနိုင္က သားရဲ႕အိမ္ေထာင္ဦးစီးအိမ္ဦးနတ္ျဖစ္ေနၿပီ အဲ့ေတာ့ကိုယ့္ေယာက္်ားကို ျပန္မေျပာနဲ႕ သားကေျပာလိုက္ရင္ ပက္ကနဲပဲ အခုအရင္လိုမဟုတ္ေတာ့ဘူးေနာ္"
ထိုင္းကျပန္ေရာက္ေတာ့ ထင့္ကိုဦးသက္ဘုန္းနိုင္ရဲ႕အိမ္မွာလိုက္ေနေစျခင္းေၾကာင့္ ထင့္အေမေဒၚနီလာမွ မွာတမ္းေႁခြေနျခင္းျဖစ္သည္။
"သားလဲေယာက္်ားပဲ သားလဲအိမ္ဦးနတ္ပါေနာ္"
"ဟဲ့ ဒီကေလး အခုက သားသက္ဘုန္းနိုင္ရွာေကြၽးတာ စားရမွာမလား"
"အေမကလဲ သားကငယ္ေသး..."
"ေတာ္ ေတာ္ အခုေတာင္ လူႀကီးကို ကပ္ကပ္လန္ေအာင္ျပန္ေျပာေနတာ ဒါပဲေနာ္ အေမဘာသံမွမၾကားဘူး"
"ဟုတ္ အေမ"
"ကိုယ့္ေယာက္်ားစကားကိုနားေထာင္ အရမ္းမဆိုးနဲ႕ေတာ့ တစ္ခုခုဆိုလဲ ကိုယ့္ေယာက္်ားနဲ႕ကိုယ္တိုင္တိုင္ပင္ပင္လုပ္"
ထင္တစ္ေယာက္ ႐ူးခ်င္ေနၿပီျဖစ္သည္။အေမစကားေျပာတိုင္း ကိုယ့္ေယာက္်ား ကိုယ့္ေယာက္်ားနဲ႕ ေယာက္်ားႀကီးတန္မဲ့ နားေထာင္ေနရတာ နားထဲယင္ေကာင္၀င္ေနသလို ရင္ဘက္ထဲပဲ ခူေကာင္တက္သလိုလို ဝဲစြဲသလိုလို ေနရတာအေတာ္ခက္၏။
"သိပါတယ္ အေမရာ"
"သားသက္ဘုန္းနိုင္ သားလဲ သားငယ္ကို ဂ႐ုစိုက္ပါကြယ္ သူဆိုးတာ မလိမၼာတာရွိရင္ အေမတို႔ကိုေျပာ အေမဆုံးမေပးပါ့မယ္"
"ဟုတ္ကဲ့ပါ အေမ သည္းငယ္က လိမၼာပါတယ္ ဒါဆိုသားတို႔ အေဖနဲ႕အေမကို ကန္ေတာ့အုံးမယ္ေလ"
ထင္တို႔ႏွစ္ေယာက္လဲ မိဘႏွစ္ပါးကို ကန္ေတာ့ၿပီး
"အကို ကေလးေတြကို ဆုေပးလိုက္အုံးေလ"
"အင္း အကိုစဥ္းစားေနတာက ဒီလင္ဒီမယားလို႔ေျပာရမလား ဒီလင္ဒီေယာက္်ားလို႔ေျပာရမလား ဒီလင္ဟိုလင္လို႔ ေျပာရမလား"
ဦးေဇယ်ာထင္စကားေၾကာင့္ ထင္တစ္ေယာက္မွလြဲ၍ အကုန္လုံးက သေဘာတက်ရီလိုက္ၾကသည္။
"အကိုကလဲ နီလာပဲေပးေတာ့မယ္ သားႏွစ္ေယာက္ သက္ရွည္က်န္းမာေပ်ာ္႐ႊင္စြာနဲ႕ တစ္ေယာက္နဲ႕တစ္ေယာက္ ခ်စ္ခ်စ္ခင္ခင္နဲ႕ အိုေအာင္မင္းေအာင္ေပါင္းဖက္နိုင္ၾကပါေစကြယ္"
"ေပးတဲ့ဆုနဲ႕ သံသရာဘ၀အဆက္ဆက္ျပည့္ရပါေစ အေမ"
ထင္ကေတာ့ အကဲပိုလြန္းသည့္ေဘးကလူႀကီးကို မ်က္ေစာင္းထိုးၿပီး မၾကည္ၾကည့္ ၾကည့္လိုက္သည္။
ထင့္မိဘေတြျပန္သြားေတာ့ ဦးသက္ဘုန္းနိုင္လဲ ေရခ်ိဳးအ၀တ္အစားလဲမယ္ဆိုၿပီး အေပၚထပ္သို႔ တက္သြားသည္။ထင္ကေတာ့ ပိုင္ျမတ္မႉးခန႔္နဲ႕ႏွိုင္းေဝလွ်ံထြန္းကစကားေျပာခ်င္တယ္ဆိုၿပီး ေနခဲ့သည္။
"ထင္ မင္းကကြာ အခ်င္းခ်င္းေတာင္ မင္းတို႔တြဲေနတာကိုလွ်ိုထားတယ္ ငါတို႔မွာ မင္းမဂၤလာေဆာင္မွသိရတယ္"
"ေဝလွ်ံ မင္းဒီစကားကို ေျပာတာ ထင္မဂၤလာေဆာင္ ဖိတ္စာေပးကထဲက ဘယ္ႏွစ္ႀကိမ္ရွိၿပီလဲ"
"ငါက အသည္းေပါက္လြန္းလို႔ပါကြာ"
"ဒါကေတာ့ ဒီလိုပါပဲကြာ"
ထင္အၿပဳံးႏုႏုနဲ႕သာ ျပန္ေျဖလိုက္သည္။
"ငါတို႔ေကာင္ႀကီးထင္ အၿပဳံးေတြက မလန္းဆန္းပါ့လားကြ"
"ျမတ္မႉး မင္းကလဲ မေန႕ကသူတို႔ရဲ႕ မဂၤလာဦးညေလကြာ အဟြတ္ ၿပီးေတာ့ ခ်က္ခ်င္းႀကီးျမန္မာျပည္ျပန္လာတာဆိုေတာ့ ပမ္းေနေရာေပါ့"
ႏွိုင္းေဝလွ်ံထြန္းေျပာလိုက္ေတာ့ ပိုင္ျမတ္မႉးခန႔္က အားပါးတရရီသည္။ႏွိုင္းေဝလွ်ံထြန္းကလဲ သူ႕ဘာသာေျပာၿပီး ဗိုက္ပုတ္ရီေနေတာ့သည္။
"-ီးပဲ ေျမနိုး သြား ျပန္ေတာ့ ငါကငါ့ဘာသာခရီးပမ္းတာ သြား သြား ျပန္ေတာ့သြား ငါေရသြားခ်ိဳးလိုက္အုံးမယ္"
"ဇြတ္ႀကီး"
"ေဝလွ်ံ မင္းကလဲ အရိပ္သုံးပါး နားမလည္ဘူး ဦးသက္ဘုန္းနိုင္လဲ ေရခ်ိဳးဖို႔တက္သြားတယ္မလား"
"ဪ ဪ သားရီးရာ မႏွောက္ယွက္ေတာ့ပါဘူး ငါတို႔သြားရေအာင္ေလ"
"ေခြးေကာင္ေတြ ေမွာင္မိုက္ေနလိုက္တာမ်ား သြား သြားၾက က်က္သေရတုံးတယ္"
ပိုင္ျမတ္မႉးခန႔္တို႔ႏွစ္ေယာက္ကေတာ့ တဟားဟားေအာ္ရီၿပီး ျပန္သြားၾကသည္။
"ေလးေလး(ဟင္းခ်က္အေဒၚႀကီး)ႏြားနို႔က ဦးအတြက္လား"
"ဟုတ္တယ္ သား"
"ဒါဆို ကြၽန္ေတာ္ပဲယူသြားလိုက္ေတာ့မယ္"
"ရပါတယ္ သားရယ္ ပူလို႔ပါ မေတာ္တဆဖိတ္က်ၿပီး သားအပူေလာင္မွ ဆရာက ေလးေလးကို ဆူေနပါ့မယ္"
"ရပါတယ္ေလးေလးရယ္ ကြၽန္ေတာ္ယူသြားလိုက္မယ္ေနာ္"
ေလးေလးလက္ထဲမွ ႏြားနို႔ခြက္ကိုယူၿပီး ထင္အေပၚထပ္သို႔ တက္လာလိုက္သည္။
ထင္အခန္းထဲ၀င္လာေတာ့ အခန္းအျပင္ထြက္ဖို႔ ျပင္ေနတဲ့ ဦးသက္ဘုန္းနိုင္နဲ႕ တည့္တည့္ကို ၀င်တိုက်လေသည်။
"အား!"
ႏြားနို႔ပူပူမ်ား ဦးသက္ဘုန္းနိုင္ရဲ႕ ရင္ဘက္ကေန ေအာက္သို႔ တစ္ေလွ်ာက္လုံး စို႐ႊဲသြားသည္။
ဦးသက္ဘုန္းနိုင္လဲ ၀တ်ထားသောShirtအကၤ်ီအျဖဴကို အျမန္ဆြဲခြၽတ္လိုက္ၿပီး ႏြားနို႔ေပေနေသာသူ႕ကိုယ္ကို သုတ္လိုက္သည္။
ထင္တစ္ေယာက္ လက္ကပူတာကို သတိမထားမိဘဲ ဦးသက္ဘုန္းနိုင္ရဲ႕ ႏြားနို႔ေပေနတဲ့six packႀကီးကို အ၀တ္နဲ႕သုတ္ေနတာကို ေငးၾကည့္ေနမိသည္။
"ဟာ သည္ငယ္ လက္ပူသြားတာလား လာ"
ထင့္လက္ကေနဆြဲေခၚၿပီး ေရခ်ိဳးခန္းထဲမွာ ေရေအးေလး အရင္ေလာင္းေပးလိုက္သည္။
"ဟာကြာ အပူေလာင္သြားတာပဲ လက္ေလးနီေနၿပီ"
ေရေဆးၿပီးေတာ့ လက္ကို ဖြဖြေလးမႈတ္ၿပီး သစ္ရႉးနဲ႕သုတ္ေပးလိုက္သည္။
"ေလးေလး! ေလးေလး!"
"ရွင္ ဆရာ"
"ဒီမွာ သည္းငယ္အပူေလာင္သြားလို႔ေဆးယူခဲ့"
"ရွင္ ဟုတ္ကဲ့ ဟုတ္ကဲ့"
"သည္းငယ္ အရမ္းေနပူလား ဒီေဆးgelေလးက ေအးေအးေလးေနာ္ ခဏေနရင္ သက္သာသြားမွာပါ သနားပါတယ္ ဦးသည္းငယ္ေလး"
တဖူးဖူးမႈတ္ၿပီး ေဆးလိမ္းေပးေနသည့္ ဦးသက္ဘုန္းနိုင္က သူ႕တစ္ကိုယ္လုံးပူထားတာကိုေတာင္ ေမ့ေလ်ာ့လ်က္၀မ္းနည္းသံစြက္ၿပီးေျပာသည္။ထင္ကေတာ့ အနီးကပ္ျမင္ေနရေသာဦးသက္ဘုန္းနိုင္ရဲ႕ အပူရွိန္ေၾကာင့္နီရဲေနေသာ six packႀကီးကိုသာ ေတာသားၿမိဳ႕ေရာက္သလို အထူးတဆန္း မ်က္ေတာင္မခတ္ၾကည့္ေနေတာ့သည္။
"သည္းငယ္ ခုေရာ ပူတာနည္းနည္းသက္သာရဲ႕လား"
"..."
"သည္းငယ္ သည္းငယ္"
"ဟမ္ အာ ေတာင္းပန္ပါတယ္ ကြၽန္ေတာ္တမင္လုပ္တာမဟုတ္ပါဘူး"
"ဟင္ ရပါတယ္ ဦးအမွားပါ ဦးေသခ်ာဂ႐ုမစိုက္လိုက္လို႔ သည္းငယ္ပူသြားတယ္ ခုသက္သာလားသည္းငယ္"
ထင္ေျပာကာမွ ဦးသက္ဘုန္းနိုင္ သူ႕အပူေလာင္သြားတာ သတိရၿပီး လက္ေလးနီၿပီးသနားစရာေကာင္းေသာ မိမိ၏အသစ္စက္စက္ ေယာက္်ားေလး သူ႕အျပစ္လို႔မထင္ေအာင္ ေျပာျပလိုက္သည္။
"သက္သာတယ္ အရမ္းမထိမိဘူး"
"ဟုတ္ၿပီ အဲ့တာဆို ခဏနားေနေနာ္"
"အြန္း"
"ကဲ ေလးေလး ဘယ္လိုျဖစ္လို႔ သည္းငယ္ကို အပူခြက္ႀကီး ေပးလႊတ္ရတာလဲ ခင္ဗ်ားအျပစ္ကို ခင္ဗ်ားသိလား"
"ေလးေလး ေတာင္းပန္ပါတယ္ ဆရာ"
"ကြၽန္ေတာ္ ဇြတ္ယူခဲ့လိုက္တာ ေလးေလးမွာ အျပစ္မရွိပါဘူး ဦးအျပစ္ေပးခ်င္ရင္ ကြၽန္ေတာ့္ကိုေပး"
"အာ အင္း မဟုတ္တာသည္းငယ္ရယ္ ဒီတစ္ႀကိမ္ေတာ့ သည္းငယ္ေၾကာင့္ခြင့္လႊတ္ေပးလိုက္မယ္ ေနာက္တစ္ႀကိမ္ သည္းငယ္ထိခိုက္ဒဏ္ရာရခဲ့ရင္ ခင္ဗ်ားကိုယ့္အသက္ကို ဖက္နဲ႕ထုပ္ထား"
"ဟုတ္ကဲ့ ဆရာ ေလးေလး ပိုဂ႐ုစိုက္ပါ့မယ္"
"သည္းငယ္ေလး ေန႕လည္စာ ဘာစားခ်င္လဲဟင္"
"အခု မသိေသးဘူး ေနာက္မွျပန္ေျပာမယ္"
"ဟုတ္ကဲ့ ဒါဆိုသည္းငယ္နားအုံးေနာ္"
"အြန္း"