Cāi Cāi || ချိုက်ချိုက် || [...

By littlewillow01

116K 19.3K 923

Cāi Cāi Author- MòLǐ 莫里 English Translators - Closed Window Translation Burmese Translator - littlewillow01... More

Description
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Chapter (70)
Chapter (71)
Chapter (72)
Chapter (73)
Chapter (74)
Chapter(75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (83)
Chapter (84)
Chapter (85)
Chapter (86)
Chapter (87)
Chapter (88)
Chapter (89) [Final]
Extra Chapter

Chapter (58)

765 191 5
By littlewillow01

Chapter (58)

Act 8: The Cat Who Wants to Become Human (2)
ဒီတစ်ကြိမ်တွင်တော့ ထန်ယီမင်ရဲ့ကားက ရှန်းချိုက်ရှေ့မှာ ရပ်တန့်သွား၏။

စန်မန်ချွမ်၏လေးလံသောဦးခေါင်းကို သူ့ပခုံးပေါ်တွင်တင်လိုက်ရသောအခါ ရှန်းချိုက်၏နှလုံးသားမှာလည်း နားမလည်နိုင်အောင် လေးလံလာ၏။

ပထမဆုံးသောအကြိမ်အဖြစ် စင်မြင့်ပေါ်တွင်ဖျော်ဖြေနေသောပြဇာတ်က သူ့အပေါ် ဆွဲဆောင်မှုမရှိတော့ခြင်းပင်။

ကံကောင်းထောက်မစွာပင် ရှန်းချိုက်သည် ထိုပုံပြင်ကိုကြိုဖတ်ထားပြီးဖြစ်သောကြောင့်  ဇာတ်လမ်း၏အဆုံးသတ်ကို  ရှင်းရှင်းလင်းလင်းသိနေခဲ့လေသည်။

လူသားကြောင်သည် မြို့ထဲသို့ဝင်သွားခဲ့ပြီး ချစ်စဖွယ်မိန်းကလေးတစ်ဦးနှင့် တွေ့ဆုံခဲ့၏။  သူတို့သည် ပုံစံအမျိုးမျိုးနှင့် ကွဲပြားခြားနားကြလေသည်။ သူမသည် ဟင်းချက်ရခြင်းကို နှစ်သက်သော်လည်း သူကတော့ ကြွက်ဖမ်းစားရသည်ကိုသာ နှစ်သက်သည်။ သူသည် ငွေ၏အရေးပါပုံကိုနားမလည်သော်လည်း သူမသည် တစ်နေကုန်တစ်နေခန်း အလုပ်ကြိုးစားကာ ပိုက်ဆံစု၏။ သူမက လူသားတစ်ဦးဖြစ်နေကာ သူကတော့ ကြောင်တစ်ကောင်ဖြစ်လေသည်။ သူတို့နှစ်ယောက်အကြား တူညီလေသည့်တစ်ခုတည်းသောအရာမှာ တစ်ယောက်နဲ့တစ်ယောက် အကြွင်းမဲ့ချစ်ကြခြင်းသာ။

ဇာတ်လမ်း၏ အထွတ်အထိပ်တွင် မှော်ပညာကုန်ဆုံးတော့မည်ဖြစ်၍ အဓိကဇာတ်လိုက်၏ပုံစံသည် လူသားအဖြစ်မှ ကြောင်အဖြစ်သို့ ပြန်ပြောင်းသွားတော့မည်ဖြစ်သည်။  မင်းသမီးသည် မှော်ဆရာ၏၀တ်ရုံအောက်တွင် ဒူးထောက်ထိုင်ချလိုက်ပြီး သူမကိုယ်သူမ ကြောင်တစ်ကောင်အဖြစ်သို့ ပြောင်းလဲပေးကာ သူမချစ်သူနှင့်အတူနေနိုင်စေရန်  ဆုတောင်းခဲ့၏။

အဆုံးတွင်တော့ မှော်ဆရာသည် မှော်ပညာအကန့်အသတ်များကို ရုပ်သိမ်းလိုက်ပြီး ချစ်သူများကို အတူတကွ နေထိုင်ခွင့်ပေးလိုက်တော့သည်။

မှော်ဆရာက အဓိကဇာတ်လိုက်၏ဆံပင်များကို ပွတ်သပ်ပေးလိုက်ပြီး ပြဇာတ်ထဲ၌ အကျော်ကြားဆုံးသောစာကြောင်းကို ရေရွတ်လိုက်၏။​ "လူသားတွေဆီမှာပဲ ရှိတဲ့အရာတစ်ခုကို အချစ်လို့ခေါ်တယ်"

ဒါသည်ကပင် လူတိုင်းလိုချင်သော ပျော်ရွှင်စရာအဆုံးသတ်တစ်ခုဖြစ်နေသည်။

သို့သော် ရှန်းချိုက်ကတော့ သူ့ဘေးနားတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော စန်မန်ချွမ်ကို ကြည့်လိုက်ပြီး သံသယစိတ်များ ပေါ်လာခဲ့သည်။

-ကြောင်က လူဖြစ်လာပေမယ့် သူတို့စုံတွဲအကြား ကွဲပြားမှုတွေကတော့ ရှိနေဆဲပင်။  သူက ကြွက်တွေကိုသာ အမြဲစားလေ့ရှိပြီး သူမကလည်း တစ်သက်လုံး ဗီရိုပေါ်မှာပဲအိပ်ဖို့ကို လက်မခံနိုင်လောက်ပေ။

... အချစ်၊ အချစ်က ဒီလို ကွဲပြားခြားနားမှုကြီးတွေကို တကယ်ရော ရင်ကြားစေ့ပေးနိုင်ပါ့မလား??

ဇာတ်လမ်းပြီးသည့်အချိန်အထိ စန်မန်ချွမ်ကလည်း အိပ်မြဲအတိုင်းသာအိပ်ပျော်နေခဲ့သည်။  ရှန်းချိုက်လည်း သူ့ကိုနှိုးလိုက်ပြီး ပါးစပ်ထောင့်မှသွားရည်များကိုသုတ်နိုင်ရန် တစ်ရှူးတစ်ရွက်ထုတ်ပေးလိုက်၏။

"တောင်းပန်ပါတယ်..." စန်မန်ချွမ်မှာ အလွန်အပြစ်ရှိသလို ခံစားနေရပြီး သူ့အမြီးလေးကိုနှိမ့်ချထားရင်း တောင်းပန်နေခဲ့သည်။  “နေ့လည်က သူတို့နဲ့ကစားရတာ အရမ်းပင်ပန်းသွားလို့…”

"ရပါတယ်၊ ငါနားလည်တယ်" ပြဇာတ်ထဲရှိမှော်ဆရာက ကြောင်၏ခေါင်းလေးကို ပုတ်ပေးလိုက်သကဲ့သို့ ရှန်းချိုက်လည်း သူ့ခေါင်းလေးကိုလှမ်းထိလိုက်သည်။

ထိုအချိန်မှသာ စန်မန်ချွမ်သည်  သူ့အပေါင်းအသင်းများ ပျောက်သွားကြကြောင်း သိရှိလိုက်ရ၏။ အဆဲစကားတစ်ခုရေရွတ်လိုက်ပြီး ကြိမ်းမောင်းနေကာ ထိုသူတို့ကိုရှာရန် ပြေးထွက်သွားတော့သည်။

ထိုကလေးဆန်သော အဖြောင့်ကောင်များ​နှင့် ဆော့ကစားရန် စိတ်မပါသောကြောင့် ရှန်းချိုက်လည်း အလျင်မလိုပေ။ ထို့ကြောင့် သူသည် အရှိန်လျှော့ကာ အခြားလူများနှင့်အတူ ထွက်လာခဲ့လိုက်သည်။

ပြဇာတ်ရုံမှထွက်လာပြီးနောက် ဆေးလိပ်သောက်သည့်နေရာတွင် ဆေးလိပ်သောက်နေကြသော ထိုအကောင်ကြီးကြီးယောက်ျားလေးများအုပ်စုကို အလွယ်တကူရှာတွေ့သွား၏။

သူတို့သည် နံရံပေါ်၌မှီရင်း ပျင်းရိစွာဖြင့် မတ်တတ်ရပ်နေကြသည်။ စန်မန်ချွမ်မှလွဲ၍ လူတိုင်းလိုလိုသည် ဆေးလိပ်သောက်နေကြကာ အငွေ့များကို ပါးစပ်ထဲတွင် ကျွမ်းကျင်စွာ ရှူရှိုက်နေကြ၏။

တစ်စုံတစ်ယောက်က စန်မန်ချွမ်ကို စီးကရက်တစ်လိပ် ကမ်းပေးလာသည်။

စန်မန်ချွမ်က လက်ခါပြလိုက်ပြီး ငြင်းဆိုလေသည်။ " ငါဆေးလိပ်ဖြတ်ထားတယ်၊ ရှန်းချိုက်က မီးခိုးနံ့တွေကိုမကြိုက်ဘူး။ သူ့လည်ချောင်းထဲ အဲ့ဒါတွေဝင်သွားရင် သီချင်းဆိုတာကို ထိခိုက်လိမ့်မယ်"

ရှန်းချိုက်လည်း တိတ်တဆိတ်ရယ်မောလိုက်မိသည်။  သူသည် သူတို့စကားဝိုင်းထဲ ဝင်မဖြတ်ချင်သည့်အတွက် ပြီးဆုံးရန်သာစောင့်ဆိုင်းနေလိုက်ကာ ထောင့်တစ်ထောင့်ကိုရှာတွေ့သွား၏။

ထိုညီအစ်ကိုများကြား ထိလွယ်ရှလွယ် အကြောင်းအရာများကို ခိုးနားထောင်ရန်မရည်ရွယ်ထားသော်လည်း သူတို့၏ စကားများကသာ ရှန်းချိုက်နားထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပုံပေါ်လေသည်။

"ချွမ်ဇီ... ဒီလို နေပူနေတဲ့နေ့ကြီးမှာ ဘာလို့ မင်းညီအစ်ကိုတွေကို ဒီလာဖို့ခေါ်ခဲ့ရတာလဲ??  စင်ပေါ်ကလူတွေကလည်း စကားတစ်ခွန်းတည်းကိုပဲ ပြောနေကြတာ၊ ပရိသတ်နေရာမှာလည်း ဝက်ဝံလေးတွေနဲ့ပြည့်နေပြီး ဆူညံနေတာပဲကွာ "

စန်မန်ချွမ်က သူ့နှာခေါင်းကိုပွတ်လိုက်ရင်း " မင်းတို့ပဲ ရှန်းချိုက်ကိုတွေ့ချင်နေတာမှတ်လား... အခု မင်းတို့ ငါ့ရည်းစားကိုတွေ့ပြီလေ၊ ဘယ်လိုလဲ... သူ့ရဲ့ စိတ်နေစိတ်ထားကရော အဆင်ပြေလား?? "

"မင်းပြောတော့ သူ​က တကယ်တော်​ပြီး စိတ်​ဝင်​စားစရာ​ကောင်းတဲ့ သရုပ်ဆောင်​တစ်​​ယောက်​ဆို... ဂီတပြဇာတ်ကိုကြည့်ဖို့ခေါ်တယ်ဆိုတော့ သူဝင်​​သရုပ်ဆောင်မယ်ပဲ ငါတို့ကထင်​နေတာ" မောင်ကွမ်က ဆက်ပြော၏။ "ဒါပေမယ့် သူ တော်တော်လေးလှပြီး ခြေထောက်တွေလည်း တကယ်ရှည်တယ်၊ မီးပိတ်ထားပြီး  မျက်လုံးပါမှိတ်ထားလိုက်ရင် ယောက်ျားလေးနဲ့မိန်းကလေးပုံစံ ဘာကွာသေးလို့လဲ..."

"F*ck မင်းထပ်ပြောလိုက်စမ်း!!" စန်မန်ချွမ်က သူ့ကို လက်သီးဖြင့်တိုက်ရိုက်လှမ်းထိုးလိုက်ပြီး "လေးလေးနက်နက် ပြောကြစမ်းပါ!! ဒီနေ့  ငါ့ရဲ့အဓိကရည်ရွယ်ချက်က မင်းတို့ သူ့ကို တွေ့ကြည့်ကြဖို့ပဲ၊ ငါက ရှန်းချိုက်အတွက် အဓိကလူတစ်ယောက် ဖြစ်ချင်တယ်... မင်းတို့ သူ့ကို ဟာသလာမလုပ်နဲ့!!"

ထိုစကားကိုကြားလိုက်ရစဥ် ရှန်းချိုက်၏နှုတ်ခမ်းထောင့်စွန်းလေးက အနည်းငယ်မြင့်တက်သွားတော့သည်။

စန်မန်ချွမ်သည် ရှန်းချိုက်ထက်နှစ်နှစ်ငယ်သောကြောင့် ရှန်းချိုက်သည် "ဝံပုလွေလေးတစ်ကောင်" ကောက်ရခဲ့သည်ဟု အခြားသူများက ဟာသနှောကာပြောလေ့ရှိကြ၏။ အခုတော့ ကြည့်ပါဦး...ဒီဝံပုလွေလေးက အရေးကြီးတဲ့အခိုက်အတန့်မှာတောင် သူ့ကို အကာအကွယ်ပေးနေတုန်းပဲ။ ဤကဲ့သို့ အလွန်ရိုးရှင်းလှစွာသော အခြေခံအချက်အလက်လေးကြောင့် ရှန်းချိုက်မှာ ပြဇာတ်ရုံထဲတွင်ခံစားခဲ့ရသော မပျော်ရွှင်မှုများကို တစ်ခါတည်း မေ့သွားတော့သည်။

ဆေးလိပ်သောက်သည့်နေရာတွင် စကားသံများစဲသွား၏။ ခဏလောက်အကြာတွင် အသက်ရှုသံနှင့် ဆေးလိပ်သောက်သံများသာ  ကျန်ရှိတော့သည်။

စီးကရက်တစ်ဝက်ကျိုးလောက်ချိန်တွင် ကောင်းရှင်းက ရုတ်တရက်ထမေး၏။ " ချွမ်ဇီ... ဟိုးတစ်နှစ်တုန်းက ငါ့တူမလေးရဲ့အကပြိုင်ပွဲကို မင်းကိုငါခေါ်သွားတာ မှတ်မိသေးလား?? မင်းဆို သဘောကျလွန်းလို့ နောင်အနာဂတ်မှာ သမီးလေးတစ်ယောက်မွေးဖို့ ဆုံးဖြတ်ထားခဲ့တာလေ... သူ့ကို ဘဲလေးအကသင်ပေးပြီး မင်းသမီးဝတ်စုံလှလှလေး၀တ်ခိုင်းမယ်ဆိုတာကို မင်းလက်လွှတ်လိုက်တော့မှာလား?? ဒါတွေ မင်းမေ့သွားပြီလား??"

"မမေ့ပါဘူး" စန်မန်ချွမ်က "ရှန်းချိုက်လည်း အရင်က ဘဲလေးသင်ဖူးတယ်တဲ့၊ ငါ့ဆန္ဒက တစ်ဝက်လောက်တောင်ပြည့်သွားပြီ"

"ဒါပေမယ့် သူက မင်းကို ကလေးမမွေးပေးနိုင်ဘူး!!"

"အခု ငါ ကလေးမလိုချင်တော့ဘူး၊ သားနဲ့သမီးနေရာမှာ ကြောင်နဲ့ခွေးလေးမွေးထားတာပဲ ကောင်းပါတယ်"

"တော်စမ်းပါ!!" တစ်စုံတစ်ယောက်က ထပြော၏။ "မိန်းမနဲ့  သားသမီးတွေကပဲ ငါတို့နဲ့ တစ်သက်လုံးနေကြမှာ... ကြောင်တွေခွေးတွေက နေနိုင်မှာတဲ့လား!?"

လူအနည်းငယ်၏ ဝိုင်းရံထားခြင်းကိုခံနေရသော စန်မန်ချွမ်မှာ ရုတ်တရက်ဒေါသထွက်လာတော့သည်။ "ဒါဆိုလည်း ငါ လိပ်တစ်ကောင်ပဲ မွေးလိုက်တော့မယ်ကွ!! လိပ်တွေက  အသက်ရှည်တယ်!! မွေးထားလိုက်ရင် ငါတို့ သေတဲ့အထိ အနားမှာပဲနေလိမ့်မယ်"

ထောင့်တစ်နေရာရှိရှန်းချိုက်သည် ဆေးလိပ်သောက်သည့်နေရာမှ ပို၍ပို၍ကျယ်လာသော အသံများကိုကြားနေရပြီး ခန္ဓာကိုယ်များတွန်းထိုးနေသည့်အသံများကိုပင် ကြားနေရသည်။  ကောင်လေးများမှာ စိတ်တိုနေကြပြီး ရှန်းချိုက်လည်း လက်လွန်ခြေလွန်ဖြစ်သွားမည်ကို စိုးရိမ်လေသည်။ ဖျန်ဖြေပေးရန် သူ ထွက်သွားသင့်သလားဟု  စဥ်းစာနေချိန် မောင်ကွမ်၏အသံက ရုတ်တရက်ထွက်ပေါ်လာ၏။

"ချွမ်ဇီ... မင်း အရူးလုပ်နေဖို့မလိုပါဘူး။ ငါတို့ ညီအကိုတွေက နှစ်တွေအကြာကြီး လက်တွဲလာခဲ့တာ၊ မင်းက အခုလို ရုတ်တရက်ကြီး  ယောက်ျားလေးတစ်ယောက်နဲ့ ကြိုက်သွားတော့ ဒါကို ငါတို့လက်ခံနိုင်ဖို့ အချိန်ပေးရမယ်လေ... ငါတို့လည်း နားမလည်ဘူးကွာ၊  မင်းအရင်က ကောင်မလေးတွေနဲ့ပဲ ချိန်းတွေ့တာမဟုတ်ဘူးလား?? အခု မင်း ဘာကြောင့် ဒီလောက်ခက်ခဲမယ့်လမ်းကိုလျှောက်ရင်း Gay ဖြစ်သွားရတာလဲ??"

ရှန်းချိုက် : "..."

ရှန်းချိုက်လည်း သိချင်မိ၏။ ဤလမ်းခရီးကို အခက်အခဲများနဲ့ခင်းထားခြင်းဖြစ်သည်။ ဘာကြောင့်များ စန်မန်ချွမ်က ဒီလမ်းကို စတင်ချင်လာရတာလဲ??

"ဘာ​လို့ 'ဘာကြောင့်' တွေ အရမ်းများနေတာလဲ??" စန်မန်ချွမ်က "ငါ သူနဲ့တွေ့တော့ သူ့ကို သဘောကျတယ်... ရှန်းချိုက်က ငါသဘောကျတဲ့လူ!! မင်းတို့အတွက်မဟုတ်ဘဲ ငါ့အတွက်ငါ တစ်ယောက်ယောက်ကို ရှာနေတာကွ"

"ဟုတ်ပါပြီ... ချစ်တာတွေ ကြိုက်တာတွေက မင်းကိစ္စပဲ။ ဒါနဲ့ မင်းမိဘတွေကိုရော ဘယ်လိုရှင်းပြမှာလဲ??" မောင်ချွမ်၏အသံမှာ လေးနက်နေ၏။ "ငါတို့တွေက အတူတူကြီးပြင်းလာကြတော့ ငါနဲ့လောင်ကောင်းက မင်းမိဘတွေကို ငါတို့ရဲ့ခေါင်းကိုင်အဖေအမေတွေအဖြစ် အသိအမှတ်ပြုထားတယ်။ မင်းက  သူတို့ရဲ့တစ်ဦးတည်းသောသားလေ... မင်းသာ Come Out လုပ်လိုက်ရင် သူတို့ ဘယ်လောက်တောင်ဝမ်းနည်းသွားကြမလဲ??"

"..."

အလွန်ရှက်စရာကောင်းသော တိတ်ဆိတ်မှုတစ်ခုသာ ဝန်းရံလျက်ရှိနေသည်။

ရှန်းချိုက်သည် အရိပ်တစ်ခုကဲ့သို့ သူ့ကိုယ်သူ  နံရံတွင်ကပ်ထားလျက် အသက်ရှုသွင်းလိုက်မိသည်။

အချိန်အတော်ကြာပြီးနောက်။

"... ငါ... ငါ ဒီလောက်ထိ မတွေးထားဖူးဘူး"  မကြာသေးခင်ကမှ သူ့ရဲ့ ၂၁ နှစ်မြောက်မွေးနေ့ကို ကျင်းပထားခဲ့သော ဘတ်စကက်ဘောကောင်လေးက “တောင်တွေ မြစ်တွေအကြောင်း သံသယဖြစ်စရာမလိုဘူး... လှေရှိရင် တံတားဆီကိုရောက်မှာပဲ” ဟု ချီတုံချတုံဖြင့် ပြော၏။ " ငါက ဒီတိုင်းပဲ... ဒီအကြောင်းတွေ နောက်မှပြောရအောင် "

"ဘာကွ!! စာမတတ်​ဘဲ ပညာရှင်လိုလာဟန်​​မဆောင်​နဲ့!" ကောင်းရှင်းက သူ့ကိုရယ်နေ၏။ "ကဗျာတွေစာတွေ လာရွတ်ပြနေသေးတယ်!!"

ကောင်လေးများပါးစပ်မှ ရယ်သံများသာ ဆက်တိုက်ထွက်ပေါ်လာတော့သည်။

သိသာထင်ရှားစွာပင် ဤသည်မှာ အလွန်လေးနက်လွန်းသော မေးခွန်းတစ်ခုဖြစ်၏။ သို့သော် ရလဒ်မှာတော့ ပေါ့တီးပေါ့ဆ ရယ်မောခြင်းဖြင့်သာ ကျော်ချသွားကြခြင်းဖြစ်သည်။

သူတို့ပြောနေသော စကားလုံးတိုင်းနှင့် စာကြောင်းတိုင်းကို အကွယ်နားတွင်ရပ်နေသော ရှန်းချိုက်ကြားသွားမှန်း ဘယ်သူမှမသိလိုက်ကြပေ။ ထိုအကွယ်ထောင့်၏အရိပ်ထဲတွင် ရှန်းချိုက်တစ်ယောက်တည်းရပ်နေခဲ့ကာ ပြဇာတ်ရုံနံရံပေါ်ရှိ  "The Cat Who Wants to Become Human" ၏ ပိုစတာကိုမြင်နေရသည်။

လေတိုက်နေသည်နှင့်အမျှ ထိုပိုစတာသည် တဖျတ်ဖျတ်လွင့်နေကာ လေထဲတုန်ခါနေ၏။ ပိုစတာပေါ်ရှိ ကြောင်မျက်လုံးထောင့်မှ  မျက်ရည်တစ်စက်စီးကျနေကာ သူ့ဘေးနားတွင်တော့ မိန်းကလေးတစ်ယောက်ပုံလေး ရှိနေလေသည်။

ထောင့်နားတွင်တော့ စာကြောင်းတစ်ကြောင်း  ရိုက်နှိပ်ထား၏။

“အရွယ်ရောက်လာခြင်း” ဆိုသည်မှာ သာမန်ကြီးပြင်းလာခြင်းမျိုးမဟုတ်ဘဲ ရင့်ကျက်လာခြင်းနှင့် ဘဝ၏ရွေးချယ်မှုများကို ရင်ဆိုင်ဖြေရှင်းရသည်အား သိမြင်ခြင်းနှင့်ပတ်သက်၏။

ဒဏ္ဍာရီပုံပြင်များတွင်တော့ အချစ်သည် လူသားနှင့်ကြောင်ကိုတောင် အတူတကွ တည်မြဲစေနိုင်၏။

သို့သော် ရှန်းချိုက်ကတော့ လက်တွေ့တွင်သာ  နေထိုင်သည်။

- - - - - - - -

ပြဇာတ်ပြီးဆုံးသွားသောအခါတွင် ပရိသတ်များကြား၌ထိုင်နေသော ထန်ယီမင်သည် မတ်တပ်ထရပ်လိုက်ကာ ကုဖန်ဖန်းဘေးရှိ ကျောင်းလွယ်အိတ်လေးကို ဝိုင်းမပေးလိုက်၏။

ယနေ့ခေတ် မူလတန်းတက်နေသော ကလေးများသည် မယုံနိုင်လောက်စရာပင်။ သူတို့ ဒုတိယတန်းသို့ရောက်သည်နှင့် သူတို့၏ ကျောင်းလွယ်အိတ်လေးများမှာ ဆယ်ကီလိုဂရမ်အလေးချိန်လောက်တောင် ရှိနေပြီဖြစ်သည်။

"ကျေးဇူးတင်ပါတယ် ဦးဦးခေါင်းဆောင်" ကုဖန်ဖန်းက လိမ္မာယဥ်ကျေးစွာဖြင့်ပြော၏။

ကုဖန်ဖန်းသည် ကုလျန်နှင့်ယဲ့ယဲ့တို့၏ သားဖြစ်သည်။  သူသည် အသက်ခုနစ်နှစ်သာရှိသေးသော်လည်း မျက်နှာတည်သော အတန်းမော်နီတာလေး တစ်ဦးဖြစ်သည်။  လူမှုဆက်ဆံရေးကောင်းမွန်သော ကုစုံတွဲနှင့်မတူဘဲ ကုဖန်ဖန်းသည် အေးဆေးတည်ငြိမ်သောကိုယ်ရည်ကိုယ်သွေးရှိကာ သိမ်မွေ့နူးညံ့သောကလေးလေးဖြစ်၏။

မကြာသေးမီက ကုလျန်သည် သူ့သား၌ စိတ်ထင့်စရာတစ်ခုခုရှိနေကြောင်း သိရှိခဲ့ရပြီး မိဘများနှင့်ဆက်ဆံရေးမှာလည်း ယခင်ကကဲ့သို့  နီးကပ်မှုမရှိတော့ပေ။ ကုလျန်သည် သူ့သား၏ ပါးစပ်ကို မဖွင့်ဟနိုင်တော့သဖြင့် ထန်ယီမင်ကိုအကူအညီတောင်းကာ ကလေးနှင့်အတူ အေးအေးဆေးဆေးလည်ပတ်စေပြီး အဖြစ်အပျက်၏အရင်းမြစ်ကို တီးခေါက်ကြည့်စေလိုခြင်းဖြစ်သည်။

ထန်ယီမင်လည်း သူ့ခေါင်းပေါ်ကျလာသော ဤအလုပ်ကိစ္စကြီးအတွက် စကားတခွန်းမှမပြောနိုင်တော့ဘဲ "... ငါမှကလေးမမွေးဖူးသေးတာ၊ အခု ဒီကလေးကို ဘယ်လိုကိုင်တွယ်ရမှာလဲ??"

ကုလျန်က ပြတ်ပြတ်သားသားပြန်ပြောလေသည်။ "မင်းရော၊ ငါ့သားရော နှစ်ယောက်စလုံးက တစ်ခုခုလွဲချော်နေတဲ့အချိန်မျိုးဆို မင်းတို့နှလုံးသားထဲမှာ အရာအားလုံးဖုံးကွယ်ထားတတ်ကြတယ်...အဲ့ဒါကြောင့် မင်း သူ့ဆီကအသံကို ပြန်ကြားရလိမ့်မယ်"

ဤနည်းအားဖြင့် ထန်ယီမင်သည် ဒီအပတ်ထဲတွင် ကလေးနှင့်အတူ တေးဂီတပြဇာတ်ကြည့်ရန် အထူးအချိန်ပေးခဲ့၏။

တကယ်တမ်းတော့ ကလေးများကိုချော့မြူဖို့ရန် နည်းလမ်းအများကြီးရှိလေသည်။ ဂိမ်းဇုန်တစ်ခုခုသို့သွားခြင်း၊ အပြင်ထွက်ကာမုန့်စားခြင်း သို့မဟုတ် ရေပန်းဥယျာဉ်သွားခြင်းတို့သည် ကောင်းမွန်သောရွေးချယ်မှုများဖြစ်၏။  သို့သော်လည်း ထန်ယီမင်သည် နောက်ဆုံးတွင်တော့ ဂီတပြဇာတ်အတွက်သာ လက်မှတ်နှစ်စောင်ဝယ်လိုက်ပြီး သိမ်မွေ့သော ​အနုပညာ၏လွှမ်းမိုးမှုကိုလက်ခံနိုင်ရန် ဖန်ဖန်းကိုခေါ်လာခဲ့ခြင်းဖြစ်သည်။

ဖန်ဖန်းသည် တေးဂီတပြဇာတ်ကို ပထမဆုံးအကြိမ်ကြည့်ဖူးခြင်းဖြစ်ကာ ပြဇာတ်တစ်ခုလုံးအား လျင်မြန်စွာဖြင့် စေ့စေ့စပ်စပ်ကြည့်ရှုခဲ့သည်။

မြေအောက်ကားဂိုဒေါင်ထဲသို့ လျှောက်သွားကြချိန်တွင် ဖန်ဖန်းတစ်ယောက် ဇာတ်ကွက်ထဲတွင်နှစ်မြှုပ်နေဆဲဖြစ်ပြီး ဇာတ်ဝင်သီချင်းကိုပင် သီဆိုနေသေး၏။

ကားပေါ်တက်ပြီးနောက် ထန်ယီမင်သည် သူ့အတွက် ထိုင်ခုံခါးပတ်ကိုပတ်ထားပေးလိုက်ကာ စကားပြောလိုက်၏။ "ဖန်ဖန်းသီချင်းဆိုတာ တယ်မိုက်ပါ့လား... နောက်တစ်ခါ သီချင်းဆိုရမယ့်အခန်းပါရင် မင်းအတွက်နေရာချန်ထားပေးမယ်"

"..." ထန်ယီမင်၏စကား ဆုံးသွားသည်နှင့် ဖန်ဖန်းက ရုတ်တရက်ဆိုသလို သူ့ပါးစပ်သူ ပြန်ပိတ်သွားကာ ကြက်ဟင်းခါးသီးဖြစ်သွားပြန်တော့သည်။

ထန်ယီမင် : ?

ကလေးတွေဆိုတာ ဘယ်လိုတောင်ထူးဆန်းတဲ့ သတ္တဝါလေးတွေလဲ?? တစ်ခဏလေးအတွင်းမှာပဲ ပျော်ရွှင်နေပြီး ခုချက်ချင်း ဒေါသထွက်သွားပြန်ပြီ။

ဖန်ဖန်းသည် အသံသွင်းစတူဒီယိုတွင်  ကြီးပြင်းခဲ့ခြင်းဖြစ်သည်။ ကုလျန်တို့ဇနီးမောင်နှံသည် အချိန်ပိုအလုပ်ဆင်းလေ့ရှိရာ  ဖန်ဖန်းသည် အမြဲလိုလိုပင် ကုမ္ပဏီ၌သာ သူ့အိမ်စာများကို နာခံမှုရှိရှိလုပ်လေ့ရှိ၏။ ကုမ္ပဏီတွင် သူနှင့်အလားတူသော အခြားကလေးများလည်း ရှိသေးသည်။

ရုပ်ရှင်နှင့် ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ ရိုက်သောအခါတွင် ကလေးအခန်းလေးများလည်း မကြာခဏပါတတ်သည်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် ဤ "ဒုတိယမျိုးဆက် အသံသရုပ်ဆောင်များ" အဖွဲ့သည် အတော်လေးအဆင်ပြေ၏။

ဤကလေးများသည် အသံသွင်းခြင်းအား ငယ်စဉ်ကတည်းက စွဲလန်းနှစ်သက်ခဲ့ကြခြင်းဖြစ်ပြီး သူတို့အားလုံး စတူဒီယိုတွင်အသံသွင်းချင်ကြလေသည်။ သူတို့အတွက်တော့ ဒါက ဂိမ်းလေးတစ်ခုလိုပင်။  မိုက်ခရိုဖုန်းထဲကို စကားနည်းနည်းလေးပြောလိုက်ရုံဖြင့် တစ်လစာလောက် မုန့်ဖိုးဖူဖူလုံလုံ ရနိုင်ခြင်းဖြစ်သည်။

ဒုတိယမျိုးဆက်အုပ်စုထဲတွင် ဖန်ဖန်းက အကောင်းဆုံးစွမ်းဆောင်နိုင်သူပင်။

ကလေးသည် အလွန်စံချိန်မှီသော မန်ဒရင်းစကားကိုပြောဆိုနိုင်ပြီး ဇာတ်ကောင်များ၏ ခံစားချက်ကိုလည်း အတိအကျ ဖော်ထုတ်နိုင်သည်။  လေးနှစ်သားအရွယ်တွင် Disney မှထုတ်လုပ်သောကာတွန်းတွင် ပါဝင်သရုပ်ဆောင်နိုင်ခဲ့၏။ ထိုအချိန်တုန်းကတော့ စာမဖတ်တတ်သေးသောကြောင့် ကုလျန်သည်  ဇာတ်ညွှန်းကိုယူ၍ ရှေ့မှတိုင်ပေးရကာ ဖန်ဖန်းကတော့ ထပ်ခါတလဲလဲရေရွတ်ရင်း စာ​သားများကိုအသံသွင်းခဲ့၏။

ဤနှစ်များအတွင်း ဖန်ဖန်းပါဝင်ခဲ့သောကာရိုက်တာများကို လက်လေးဖက်ဖြင့်တောင် ရေတွက်လို့မရနိုင်တော့ပေ။ သူ့အမေ​ကတော့ သူ့အခန်းကျဉ်းလေးထဲတွင် ပိုက်ဆံအများကြီးရှိနေပြီဟုတောင် ပြောနေသေး၏။

ထန်ယီမင်သည် ထိုကလေးသဘောကျနှစ်ခြိုက်သော အသံသွင်းခြင်းများဖြင့် စတင်လှုံ့ဆော်ပေးချင်သော်လည်း ရလဒ်ကတော့ ဖန်ဖန်းလေးအား ချက်ချင်းဆိုသလို မကျေမနပ် ဖြစ်သွားစေခဲ့သည်။

ထန်ယီမင်က "မင်း ဘာစားချင်လဲ??  McDonald's ?? KFC ?? ဪ ခွေးလေးတွေရှိတဲ့ စားသောက်ဆိုင်လည်း ဖွင့်ထားတယ်လို့ကြားတယ်၊ အဲ့ဒီ့ကိုသွားရင် စားနေရင်းနဲ့ ခွေးတွေနဲ့ကစားလို့ရတာပေါ့"

ဖန်ဖန်း : "ဘာပဲဖြစ်ဖြစ်"

ထန်ယီမင် : "... " " ညစာစားပြီးရင်ရော ဘယ်ကိုသွားချင်သေးလဲ?? ရုပ်ရှင်ကြည့်ချင်လို့လား?? ဒါနဲ့ မင်းအသံသရုပ်ဆောင်ထားတဲ့ ​Puppy Story ထွက်လာပြီနော်... Puppy Story ရော ကြည့်ချင်လား??"

"မကြည့်ဘူး"  ဖန်ဖန်း၏ မျက်နှာသေးသေးလေးသည် အလွန်တင်းမာနေလျက်ရှိပြီး ကျောင်းလွယ်အိတ်လေးကိုသာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထား၏။ " သား အိမ်စာတွေလုပ်ဖို့ အိမ်ပြန်တော့မယ်"

"......" ထန်ယီမင် စဥ်းစားနေမိသည်။ ဒါလေးက ဒုတိယတန်းကျောင်းသားပဲရှိသေးတယ်မဟုတ်လား?? ဘာလို့ ဒီလောက်ထိ ရှေးရိုးစွဲနေရတာလဲ?? လူကြီးလေးအတိုင်းပဲ...

ထန်ယီမင်လည်း ခိုကိုးရာမဲ့ဖြစ်သွားသဖြင့် ပေါ့ပေါ့ပါးပါး စားသောက်ဆိုင်တစ်ခုကိုသာရွေးလိုက်ပြီး GPS ထဲရိုက်ထည့်လိုက်ကာ မြေအောက်ကားပါကင်မှ မောင်းထွက်လာခဲ့လိုက်သည်။

တိုက်ဆိုင်စွာပင် သူတို့ကား အဝင်ဝသို့ထွက်လိုက်သည်နှင့် ရုတ်တရက်ဆိုသလို မိုးခြိမ်းသံတစ်ခုက ကောင်းကင်ပြင်မှထွက်ပေါ်လာကာ မိုးများလည်း တဖွဲဖွဲကျဆင်းလာတော့သည်။  တစ်မိနစ်မပြည့်ခင်မှာပဲ အဆောက်အဦး၏ခေါင်မိုးအောက်၌ မိုးခိုနေသောလူများနှင့် ပြည့်ကျပ်သွားတော့သည်။

ဇွန်လ၏နေ့ရက်များသည် ကလေးများ၏မျက်နှာအမူအယာနှင့် ဆင်တူသည်ဟူသော ဆိုရိုးစကားရှိလေသည်။

ထန်ယီမင်သည် ရှေ့ခရီးသည်ထိုင်ခုံတွင်ထိုင်နေသောကလေးအား ဘေးတိုက်တစ်ချက်ကြည့်လိုက်ကာ ဤစကားပုံကို အလွန်သဘောကျသွား၏။

ထိုအချိန်တွင် မီးနီသွားသဖြင့် ထန်ယီမင်၏ကားမှာ မြင်းကျားတွင်ရပ်လိုက်ရပြီး လမ်းသွားလမ်းလာများကို စောင့်ဆိုင်းနေခဲ့ရသည်။

လူသွားစင်္ကြံမှ ရောင်စုံထီးများသည် မိုးရေထဲသို့စီးကျနေသော မှိုမျိုးစုံကဲ့သို့ပင်။

အရောင်တောက်တောက် မှိုအုပ်စုများထဲတွင် အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး လက်ဗလာဖြင့်ကောင်လေးမှာ သူ့ခေါင်းကို လက်နှစ်ဖက်နှင့်အုပ်ပြီး လမ်းကိုဖြတ်ကူးကာ ကားဂိတ်ဆီသို့ပြေးသွား၏။

မိုးကလည်း သည်းထန်စွာရွာချနေသဖြင့် အပေါ်မှအောက်ထိ တစ်ကိုယ်လုံးစိုစွတ်နေခဲ့သည်။

ကောင်လေးသည် ရှေ့သို့ပြေးနေပြီး အရှိန်အဟုန်အပြည့်ဖြင့်ခြေလှမ်းတိုင်းတွင် မရေမတွက်နိုင်သောရေစက်များက လေထဲသို့လွင့်စင်လျက်ရှိသည်။

ကားထဲရှိထန်ယီမင်သည် ပြေးလွှားနေသောပုံရိပ်လေးကို ဖျတ်ခနဲစိုက်ကြည့်လိုက်မိ၏။  ထိုဆယ်စက္ကန့်အတွင်း သူ့အမူအယာကလည်း မျိုးစုံပြောင်းလဲနေခဲ့သည်။

အဆုံးတွင် အနည်းငယ်နှေးကွေးသွားသောထိုကောင်လေးမှာ သနားစရာပင်။ သူ ကားမှတ်တိုင်သို့အပြေးရောက်သွားချိန်တွင် ဘတ်စ်ကားတံခါးများကပိတ်သွားပြီဖြစ်ပြီး ကားကလည်း မောင်းထွက်သွားပြီဖြစ်သည်။

စိတ်ပျက်လက်ပျက်ဖြင့် သူ့ပခုံးလေးကို ငိုက်စိုက်ချထားလေသည်။ ကံအားလျော်စွာပင် ပလက်ဖောင်းပေါ်တွင် မိုးခိုနိုင်သည့်တံစက်မြိတ်များရှိနေသည့်အတွက် တံစက်မြိတ်အောက်တွင် ခိုနေလိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်တွင်တင်နေသော မိုးရေစက်များကိုခါယမ်းနေသည်မှာ ရေစိုသွားသောငန်းလေးတစ်ကောင်ကဲ့သို့ လှုပ်ရှားမှုများက ထူးထူးဆန်းဆန်းရယ်စရာကောင်းနေသည်။

"ဦးဦးခေါင်းဆောင်" ဖန်ဖန်းသည် အရှေ့ဘက်ရှိ ခရီးသည်ထိုင်ခုံတွင်ထိုင်နေကာ " အဲ့ဒီ့ ကိုကိုလှလှလေးကို သိလား??" ဟုမေးလာသည်။

"..." ထန်ယီမင်၏ လည်စလုပ်မှာ အနည်းငယ်လှုပ်ရှားသွားပြီး "သိတယ်... သူက ဦးရဲ့သူငယ်ချင်းဟောင်းပဲ" ဟု ညည်းညူလိုက်သည်။

"သူငယ်ချင်းဟောင်းလား??" ဖန်ဖန်းက ဆက်မေးသည်။ " ဒါဆို အခု သူငယ်ချင်းမဟုတ်တော့ဘူးလား??"

"အမ်း...သူ့မှာ တခြားသူငယ်ချင်းအသစ်ရှိနေပြီ"

ဖန်ဖန်းက နားမလည်ပေ။ ထို့ကြောင့် သူ မျက်မှောင်ကြုတ်လိုက်ပြီး " ဦးဦးတို့ လူကြီးတွေက သိပ်ထူးဆန်းတာပဲ၊ သူငယ်ချင်းအသစ်ရှိနေတဲ့ ကိုကိုလှလှလေးက ဘာလို့ ဦးဦးနဲ့သူငယ်ချင်းဖြစ်လို့မရတော့တာလဲ??"

ထန်ယီမင် ဆွံ့အနေတော့သည်။ သူတို့နှစ်ဦးကြားရှိ အဆင်မပြေသောအခြေအနေတစ်ခုကို ခုနစ်နှစ်အရွယ် ကလေးတစ်ယောက်နားလည်နိုင်ရန် မရှင်းပြနိုင်ခဲ့ပေ။

သူ နှုတ်ဆိတ်နေတာကို မြင်တော့ ဖန်ဖန်းက ရိုးရှင်းစွာဖြင့် မော်နီတာသေးသေးလေးအသွင် ကိုယ်ဟန်အနေအထားကို ပုံဖော်လိုက်ကာ သူ့တင်ပါးကို လက်လေးနှစ်ဖက်ဖြင့်ထောက်လိုက်ပြီး ထန်ယီမင်ကိုအမိန့်ပေးလိုက်၏။ "သားပြောတာကိုနားထောင်.... ဟိုရှေ့ကို မြန်မြန်လေး ဆက်မောင်းသွားပြီး ကိုကိုလေးကို ကားပေါ်ခေါ်လိုက်၊ မိုးတွေအရမ်းရွာနေတာဆိုတော့ ဒီတိုင်းဆို နေမကောင်းဖြစ်သွားလိမ့်မယ်!!"

...

ယခုအချိန်တွင် ရှန်းချိုက်သည် သူစီးရမည့်ဘတ်စ်ကားကိုလွတ်သွားသောကြောင့် နောက်တစ်စီးလာမည့်အချိန်ကို စောင့်ဆိုင်းနေရလေသည်။

ဒီတစ်ကြိမ်တွင်တော့ ထန်ယီမင်၏ကားက ရှန်းချိုက်ရှေ့တွင် ရပ်တန့်သွား၏။

----------

စာရေးသူမှာ ပြောစရာတစ်ခု ရှိနေပါတယ်~~~~

ဒီအခန်းမှာ ငါတစ်ခုခုပြောပြချင်တယ်... တစ်ချက်လောက် စဉ်းစားကြည့်ပါလား...

စာဖတ်သူထောင်နဲ့ချီပြီးရှိတဲ့ထဲမှာ ချိုက်ချိုက်လိုလူတွေ၊ လောင်ထန်လိုလူတွေ၊ မန်ချွမ်လိုလူတွေနဲ့ ယောင်ရင်လိုလူတွေလည်း ထောင်နဲ့ချီပြီးရှိမှာပါ...

[Eng Tran's note : ဆောရီးပါ၊ ဒီနေ့အတွက် စာရေးသူရဲ့ note ကို အကောင်းဆုံးကြိုးစားထားပါတယ်။ ပျော်ရွှင်စရာ ခရစ္စမတ်ဖြစ်ပါစေ!]

[အိုင့် note : ಥ_ಥ ဒီ Act ကို မြန်မြန်လေးပြီးသွားချင်တယ်၊ ဒါပေမယ့် ဒီ Act ထဲမှာ အဓိကအချက်တွေလည်း အများကြီးပါနေသေးတယ်... စကားမစပ် ဖန်ဖန်းလေးက မင်ကော×ချိုက်ချိုက် တို့ Ship ကို အဓိကမောင်းပေးမယ့်ခေါင်းဆောင်အသေးလေးပါ~~ တအားချစ်ဖို့ကောင်းပါတယ်။ အခုချိန်ထိ အတူလိုက်ဖတ်ပေးနေတဲ့ စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်!]

____________________________________________
Zawgyi

Chapter (58)

Act 8: The Cat Who Wants to Become Human (2)
ဒီတစ္ႀကိမ္တြင္ေတာ့ ထန္ယီမင္ရဲ့ကားက ရွန္းခ်ိဳက္ေရ႔ွမွာ ရပ္တန႔္သြား၏။

စန္မန္ခြၽမ္၏ေလးလံေသာဦးေခါင္းကို သူ႔ပခံုးေပၚတြင္တင္လိုက္ရေသာအခါ ရွန္းခ်ိဳက္၏ႏွလံုးသားမွာလည္း နားမလည္ႏိုင္ေအာင္ ေလးလံလာ၏။

ပထမဆံုးေသာအႀကိမ္အျဖစ္ စင္ျမင့္ေပၚတြင္ေဖ်ာ္ေျဖေနေသာျပဇာတ္က သူ႔အေပၚ ဆြဲေဆာင္မႈမရိွေတာ့ျခင္းပင္။

ကံေကာင္းေထာက္မစြာပင္ ရွန္းခ်ိဳက္သည္ ထိုပံုျပင္ကိုႀကိဳဖတ္ထားၿပီးျဖစ္ေသာေၾကာင့္  ဇာတ္လမ္း၏အဆံုးသတ္ကို  ရွင္းရွင္းလင္းလင္းသိေနခဲ့ေလသည္။

လူသားေၾကာင္သည္ ၿမိဳ႔ထဲသို႔ဝင္သြားခဲ့ၿပီး ခ်စ္စဖြယ္မိန္းကေလးတစ္ဦးႏွင့္ ေတြ့ဆံုခဲ့၏။  သူတို႔သည္ ပံုစံအမ်ိဳးမ်ိဳးႏွင့္ ကြဲျပားျခားနားၾကေလသည္။ သူမသည္ ဟင္းခ်က္ရျခင္းကို ႏွစ္သက္ေသာ္လည္း သူကေတာ့ ႂကြက္ဖမ္းစားရသည္ကိုသာ ႏွစ္သက္သည္။ သူသည္ ေငြ၏အေရးပါပံုကိုနားမလည္ေသာ္လည္း သူမသည္ တစ္ေနကုန္တစ္ေနခန္း အလုပ္ႀကိဳးစားကာ ပိုက္ဆံစု၏။ သူမက လူသားတစ္ဦးျဖစ္ေနကာ သူကေတာ့ ေၾကာင္တစ္ေကာင္ျဖစ္ေလသည္။ သူတို႔ႏွစ္ေယာက္အၾကား တူညီေလသည့္တစ္ခုတည္းေသာအရာမွာ တစ္ေယာက္နဲ႔တစ္ေယာက္ အႂကြင္းမဲ့ခ်စ္ၾကျခင္းသာ။

ဇာတ္လမ္း၏ အထြတ္အထိပ္တြင္ ေမွာ္ပညာကုန္ဆံုးေတာ့မည္ျဖစ္၍ အဓိကဇာတ္လိုက္၏ပံုစံသည္ လူသားအျဖစ္မွ ေၾကာင္အျဖစ္သို႔ ျပန္ေျပာင္းသြားေတာ့မည္ျဖစ္သည္။  မင္းသမီးသည္ ေမွာ္ဆရာ၏၀တ္ရံုေအာက္တြင္ ဒူးေထာက္ထိုင္ခ်လိုက္ၿပီး သူမကိုယ္သူမ ေၾကာင္တစ္ေကာင္အျဖစ္သို႔ ေျပာင္းလဲေပးကာ သူမခ်စ္သူႏွင့္အတူေနႏိုင္ေစရန္  ဆုေတာင္းခဲ့၏။

အဆံုးတြင္ေတာ့ ေမွာ္ဆရာသည္ ေမွာ္ပညာအကန္႔အသတ္မ်ားကို ရုပ္သိမ္းလိုက္ၿပီး ခ်စ္သူမ်ားကို အတူတကြ ေနထိုင္ခြင့္ေပးလိုက္ေတာ့သည္။

ေမွာ္ဆရာက အဓိကဇာတ္လိုက္၏ဆံပင္မ်ားကို ပြတ္သပ္ေပးလိုက္ၿပီး ျပဇာတ္ထဲ၌ အေက်ာ္ၾကားဆံုးေသာစာေၾကာင္းကို ေရရြတ္လိုက္၏။​ "လူသားေတြဆီမွာပဲ ရိွတဲ့အရာတစ္ခုကို အခ်စ္လို႔ေခၚတယ္"

ဒါသည္ကပင္ လူတိုင္းလိုခ်င္ေသာ ေပ်ာ္ရႊင္စရာအဆံုးသတ္တစ္ခုျဖစ္ေနသည္။

သို႔ေသာ္ ရွန္းခ်ိဳက္ကေတာ့ သူ႔ေဘးနားတြင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနေသာ စန္မန္ခြၽမ္ကို ၾကၫ့္လိုက္ၿပီး သံသယစိတ္မ်ား ေပၚလာခဲ့သည္။

-ေၾကာင္က လူျဖစ္လာေပမယ့္ သူတို႔စံုတြဲအၾကား ကြဲျပားမႈေတြကေတာ့ ရိွေနဆဲပင္။  သူက ႂကြက္ေတြကိုသာ အၿမဲစားေလ့ရိွၿပီး သူမကလည္း တစ္သက္လံုး ဗီရိုေပၚမွာပဲအိပ္ဖို႔ကို လက္မခံႏိုင္ေလာက္ေပ။

... အခ်စ္၊ အခ်စ္က ဒီလို ကြဲျပားျခားနားမႈႀကီးေတြကို တကယ္ေရာ ရင္ၾကားေစ့ေပးႏိုင္ပါ့မလား??

ဇာတ္လမ္းၿပီးသည့္အခ်ိန္အထိ စန္မန္ခြၽမ္ကလည္း အိပ္ၿမဲအတိုင္းသာအိပ္ေပ်ာ္ေနခဲ့သည္။  ရွန္းခ်ိဳက္လည္း သူ႔ကိုႏိႈးလိုက္ၿပီး ပါးစပ္ေထာင့္မွသြားရည္မ်ားကိုသုတ္ႏိုင္ရန္ တစ္ရႉးတစ္ရြက္ထုတ္ေပးလိုက္၏။

"ေတာင္းပန္ပါတယ္..." စန္မန္ခြၽမ္မွာ အလြန္အျပစ္ရိွသလို ခံစားေနရၿပီး သူ႔အၿမီးေလးကိုႏိွမ့္ခ်ထားရင္း ေတာင္းပန္ေနခဲ့သည္။  “ေန့လည္က သူတို႔နဲ႔ကစားရတာ အရမ္းပင္ပန္းသြားလို႔…”

"ရပါတယ္၊ ငါနားလည္တယ္" ျပဇာတ္ထဲရိွေမွာ္ဆရာက ေၾကာင္၏ေခါင္းေလးကို ပုတ္ေပးလိုက္သကဲ့သို႔ ရွန္းခ်ိဳက္လည္း သူ႔ေခါင္းေလးကိုလွမ္းထိလိုက္သည္။

ထိုအခ်ိန္မွသာ စန္မန္ခြၽမ္သည္  သူ႔အေပါင္းအသင္းမ်ား ေပ်ာက္သြားၾကေၾကာင္း သိရိွလိုက္ရ၏။ အဆဲစကားတစ္ခုေရရြတ္လိုက္ၿပီး ႀကိမ္းေမာင္းေနကာ ထိုသူတို႔ကိုရွာရန္ ေျပးထြက္သြားေတာ့သည္။

ထိုကေလးဆန္ေသာ အေျဖာင့္ေကာင္မ်ား​ႏွင့္ ေဆာ့ကစားရန္ စိတ္မပါေသာေၾကာင့္ ရွန္းခ်ိဳက္လည္း အလ်င္မလိုေပ။ ထို႔ေၾကာင့္ သူသည္ အရိွန္ေလ်ွာ့ကာ အျခားလူမ်ားႏွင့္အတူ ထြက္လာခဲ့လိုက္သည္။

ျပဇာတ္ရံုမွထြက္လာၿပီးေနာက္ ေဆးလိပ္ေသာက္သၫ့္ေနရာတြင္ ေဆးလိပ္ေသာက္ေနၾကေသာ ထိုအေကာင္ႀကီးႀကီးေယာက္်ားေလးမ်ားအုပ္စုကို အလြယ္တကူရွာေတြ့သြား၏။

သူတို႔သည္ နံရံေပၚ၌မွီရင္း ပ်င္းရိစြာျဖင့္ မတ္တတ္ရပ္ေနၾကသည္။ စန္မန္ခြၽမ္မွလြဲ၍ လူတိုင္းလိုလိုသည္ ေဆးလိပ္ေသာက္ေနၾကကာ အေငြ့မ်ားကို ပါးစပ္ထဲတြင္ ကြၽမ္းက်င္စြာ ရႉရိႈက္ေနၾက၏။

တစ္စံုတစ္ေယာက္က စန္မန္ခြၽမ္ကို စီးကရက္တစ္လိပ္ ကမ္းေပးလာသည္။

စန္မန္ခြၽမ္က လက္ခါျပလိုက္ၿပီး ျငင္းဆိုေလသည္။ " ငါေဆးလိပ္ျဖတ္ထားတယ္၊ ရွန္းခ်ိဳက္က မီးခိုးနံ႔ေတြကိုမႀကိဳက္ဘူး။ သူ႔လည္ေခ်ာင္းထဲ အဲ့ဒါေတြဝင္သြားရင္ သီခ်င္းဆိုတာကို ထိခိုက္လိမ့္မယ္"

ရွန္းခ်ိဳက္လည္း တိတ္တဆိတ္ရယ္ေမာလိုက္မိသည္။  သူသည္ သူတို႔စကားဝိုင္းထဲ ဝင္မျဖတ္ခ်င္သည့္အတြက္ ၿပီးဆံုးရန္သာေစာင့္ဆိုင္းေနလိုက္ကာ ေထာင့္တစ္ေထာင့္ကိုရွာေတြ့သြား၏။

ထိုညီအစ္ကိုမ်ားၾကား ထိလြယ္ရွလြယ္ အေၾကာင္းအရာမ်ားကို ခိုးနားေထာင္ရန္မရည္ရြယ္ထားေသာ္လည္း သူတို႔၏ စကားမ်ားကသာ ရွန္းခ်ိဳက္နားထဲသို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာပံုေပၚေလသည္။

"ခြၽမ္ဇီ... ဒီလို ေနပူေနတဲ့ေန့ႀကီးမွာ ဘာလို႔ မင္းညီအစ္ကိုေတြကို ဒီလာဖို႔ေခၚခဲ့ရတာလဲ??  စင္ေပၚကလူေတြကလည္း စကားတစ္ခြန္းတည္းကိုပဲ ေျပာေနၾကတာ၊ ပရိသတ္ေနရာမွာလည္း ဝက္ဝံေလးေတြနဲ႔ျပၫ့္ေနၿပီး ဆူညံေနတာပဲကြာ "

စန္မန္ခြၽမ္က သူ႔ႏွာေခါင္းကိုပြတ္လိုက္ရင္း " မင္းတို႔ပဲ ရွန္းခ်ိဳက္ကိုေတြ့ခ်င္ေနတာမွတ္လား... အခု မင္းတို႔ ငါ့ရည္းစားကိုေတြ့ၿပီေလ၊ ဘယ္လိုလဲ... သူ႔ရဲ့ စိတ္ေနစိတ္ထားကေရာ အဆင္ေျပလား?? "

"မင္းေျပာေတာ့ သူ​က တကယ္ေတာ္​ၿပီး စိတ္​ဝင္​စားစရာ​ေကာင္းတဲ့ သရုပ္ေဆာင္​တစ္​​ေယာက္​ဆို... ဂီတျပဇာတ္ကိုၾကည့္ဖို႔ေခၚတယ္ဆိုေတာ့ သူဝင္​​သရုပ္ေဆာင္မယ္ပဲ ငါတို႔ကထင္​ေနတာ" ေမာင္ကြမ္က ဆက္ေျပာ၏။ "ဒါေပမယ့္ သူ ေတာ္ေတာ္ေလးလွၿပီး ေျခေထာက္ေတြလည္း တကယ္ရွည္တယ္၊ မီးပိတ္ထားၿပီး  မ်က္လံုးပါမိွတ္ထားလိုက္ရင္ ေယာက္်ားေလးနဲ႔မိန္းကေလးပံုစံ ဘာကြာေသးလို႔လဲ..."

"F*ck မင္းထပ္ေျပာလိုက္စမ္း!!" စန္မန္ခြၽမ္က သူ႔ကို လက္သီးျဖင့္တိုက္ရိုက္လွမ္းထိုးလိုက္ၿပီး "ေလးေလးနက္နက္ ေျပာၾကစမ္းပါ!! ဒီေန့  ငါ့ရဲ့အဓိကရည္ရြယ္ခ်က္က မင္းတို႔ သူ႔ကို ေတြ့ၾကည့္ၾကဖို႔ပဲ၊ ငါက ရွန္းခ်ိဳက္အတြက္ အဓိကလူတစ္ေယာက္ ျဖစ္ခ်င္တယ္... မင္းတို႔ သူ႔ကို ဟာသလာမလုပ္နဲ႔!!"

ထိုစကားကိုၾကားလိုက္ရစဥ္ ရွန္းခ်ိဳက္၏ႏႈတ္ခမ္းေထာင့္စြန္းေလးက အနည္းငယ္ျမင့္တက္သြားေတာ့သည္။

စန္မန္ခြၽမ္သည္ ရွန္းခ်ိဳက္ထက္ႏွစ္ႏွစ္ငယ္ေသာေၾကာင့္ ရွန္းခ်ိဳက္သည္ "ဝံပုေလြေလးတစ္ေကာင္" ေကာက္ရခဲ့သည္ဟု အျခားသူမ်ားက ဟာသေနွာကာေျပာေလ့ရိွၾက၏။ အခုေတာ့ ၾကၫ့္ပါၪီး...ဒီဝံပုေလြေလးက အေရးႀကီးတဲ့အခိုက္အတန႔္မွာေတာင္ သူ႔ကို အကာအကြယ္ေပးေနတုန္းပဲ။ ဤကဲ့သို႔ အလြန္ရိုးရွင္းလွစြာေသာ အေျခခံအခ်က္အလက္ေလးေၾကာင့္ ရွန္းခ်ိဳက္မွာ ျပဇာတ္ရံုထဲတြင္ခံစားခဲ့ရေသာ မေပ်ာ္ရႊင္မႈမ်ားကို တစ္ခါတည္း ေမ့သြားေတာ့သည္။

ေဆးလိပ္ေသာက္သၫ့္ေနရာတြင္ စကားသံမ်ားစဲသြား၏။ ခဏေလာက္အၾကာတြင္ အသက္ရႈသံႏွင့္ ေဆးလိပ္ေသာက္သံမ်ားသာ  က်န္ရိွေတာ့သည္။

စီးကရက္တစ္ဝက္က်ိဳးေလာက္ခ်ိန္တြင္ ေကာင္းရွင္းက ရုတ္တရက္ထေမး၏။ " ခြၽမ္ဇီ... ဟိုးတစ္ႏွစ္တုန္းက ငါ့တူမေလးရဲ့အကၿပိဳင္ပြဲကို မင္းကိုငါေခၚသြားတာ မွတ္မိေသးလား?? မင္းဆို သေဘာက်လြန္းလို႔ ေနာင္အနာဂတ္မွာ သမီးေလးတစ္ေယာက္ေမြးဖို႔ ဆံုးျဖတ္ထားခဲ့တာေလ... သူ႔ကို ဘဲေလးအကသင္ေပးၿပီး မင္းသမီးဝတ္စံုလွလွေလး၀တ္ခိုင္းမယ္ဆိုတာကို မင္းလက္လႊတ္လိုက္ေတာ့မွာလား?? ဒါေတြ မင္းေမ့သြားၿပီလား??"

"မေမ့ပါဘူး" စန္မန္ခြၽမ္က "ရွန္းခ်ိဳက္လည္း အရင္က ဘဲေလးသင္ဖူးတယ္တဲ့၊ ငါ့ဆႏၵက တစ္ဝက္ေလာက္ေတာင္ျပည့္သြားၿပီ"

"ဒါေပမယ့္ သူက မင္းကို ကေလးမေမြးေပးႏိုင္ဘူး!!"

"အခု ငါ ကေလးမလိုခ်င္ေတာ့ဘူး၊ သားနဲ႔သမီးေနရာမွာ ေၾကာင္နဲ႔ေခြးေလးေမြးထားတာပဲ ေကာင္းပါတယ္"

"ေတာ္စမ္းပါ!!" တစ္စံုတစ္ေယာက္က ထေျပာ၏။ "မိန္းမနဲ႔  သားသမီးေတြကပဲ ငါတို႔နဲ႔ တစ္သက္လံုးေနၾကမွာ... ေၾကာင္ေတြေခြးေတြက ေနႏိုင္မွာတဲ့လား!?"

လူအနည္းငယ္၏ ဝိုင္းရံထားျခင္းကိုခံေနရေသာ စန္မန္ခြၽမ္မွာ ရုတ္တရက္ေဒါသထြက္လာေတာ့သည္။ "ဒါဆိုလည္း ငါ လိပ္တစ္ေကာင္ပဲ ေမြးလိုက္ေတာ့မယ္ကြ!! လိပ္ေတြက  အသက္ရွည္တယ္!! ေမြးထားလိုက္ရင္ ငါတို႔ ေသတဲ့အထိ အနားမွာပဲေနလိမ့္မယ္"

ေထာင့္တစ္ေနရာရိွရွန္းခ်ိဳက္သည္ ေဆးလိပ္ေသာက္သၫ့္ေနရာမွ ပို၍ပို၍က်ယ္လာေသာ အသံမ်ားကိုၾကားေနရၿပီး ခႏၶာကိုယ္မ်ားတြန္းထိုးေနသည့္အသံမ်ားကိုပင္ ၾကားေနရသည္။  ေကာင္ေလးမ်ားမွာ စိတ္တိုေနၾကၿပီး ရွန္းခ်ိဳက္လည္း လက္လြန္ေျခလြန္ျဖစ္သြားမည္ကို စိုးရိမ္ေလသည္။ ဖ်န္ေျဖေပးရန္ သူ ထြက္သြားသင့္သလားဟု  စဥ္းစာေနခ်ိန္ ေမာင္ကြမ္၏အသံက ရုတ္တရက္ထြက္ေပၚလာ၏။

"ခြၽမ္ဇီ... မင္း အရူးလုပ္ေနဖို႔မလိုပါဘူး။ ငါတို႔ ညီအကိုေတြက ႏွစ္ေတြအၾကာႀကီး လက္တြဲလာခဲ့တာ၊ မင္းက အခုလို ရုတ္တရက္ႀကီး  ေယာက္်ားေလးတစ္ေယာက္နဲ႔ ႀကိဳက္သြားေတာ့ ဒါကို ငါတို႔လက္ခံႏိုင္ဖို႔ အခ်ိန္ေပးရမယ္ေလ... ငါတို႔လည္း နားမလည္ဘူးကြာ၊  မင္းအရင္က ေကာင္မေလးေတြနဲ႔ပဲ ခ်ိန္းေတြ့တာမဟုတ္ဘူးလား?? အခု မင္း ဘာေၾကာင့္ ဒီေလာက္ခက္ခဲမယ့္လမ္းကိုေလ်ွာက္ရင္း Gay ျဖစ္သြားရတာလဲ??"

ရွန္းခ်ိဳက္ : "..."

ရွန္းခ်ိဳက္လည္း သိခ်င္မိ၏။ ဤလမ္းခရီးကို အခက္အခဲမ်ားနဲ႔ခင္းထားျခင္းျဖစ္သည္။ ဘာေၾကာင့္မ်ား စန္မန္ခြၽမ္က ဒီလမ္းကို စတင္ခ်င္လာရတာလဲ??

"ဘာ​လို႔ 'ဘာေၾကာင့္' ေတြ အရမ္းမ်ားေနတာလဲ??" စန္မန္ခြၽမ္က "ငါ သူနဲ႔ေတြ့ေတာ့ သူ႔ကို သေဘာက်တယ္... ရွန္းခ်ိဳက္က ငါသေဘာက်တဲ့လူ!! မင္းတို႔အတြက္မဟုတ္ဘဲ ငါ့အတြက္ငါ တစ္ေယာက္ေယာက္ကို ရွာေနတာကြ"

"ဟုတ္ပါၿပီ... ခ်စ္တာေတြ ႀကိဳက္တာေတြက မင္းကိစၥပဲ။ ဒါနဲ႔ မင္းမိဘေတြကိုေရာ ဘယ္လိုရွင္းျပမွာလဲ??" ေမာင္ခြၽမ္၏အသံမွာ ေလးနက္ေန၏။ "ငါတို႔ေတြက အတူတူႀကီးျပင္းလာၾကေတာ့ ငါနဲ႔ေလာင္ေကာင္းက မင္းမိဘေတြကို ငါတို႔ရဲ့ေခါင္းကိုင္အေဖအေမေတြအျဖစ္ အသိအမွတ္ျပဳထားတယ္။ မင္းက  သူတို႔ရဲ့တစ္ဦးတည္းေသာသားေလ... မင္းသာ Come Out လုပ္လိုက္ရင္ သူတို႔ ဘယ္ေလာက္ေတာင္ဝမ္းနည္းသြားၾကမလဲ??"

"..."

အလြန္ရွက္စရာေကာင္းေသာ တိတ္ဆိတ္မႈတစ္ခုသာ ဝန္းရံလ်က္ရိွေနသည္။

ရွန္းခ်ိဳက္သည္ အရိပ္တစ္ခုကဲ့သို႔ သူ႔ကိုယ္သူ  နံရံတြင္ကပ္ထားလ်က္ အသက္ရႈသြင္းလိုက္မိသည္။

အခ်ိန္အေတာ္ၾကာၿပီးေနာက္။

"... ငါ... ငါ ဒီေလာက္ထိ မေတြးထားဖူးဘူး"  မၾကာေသးခင္ကမွ သူ႔ရဲ့ ၂၁ ႏွစ္ေျမာက္ေမြးေန့ကို က်င္းပထားခဲ့ေသာ ဘတ္စကက္ေဘာေကာင္ေလးက “ေတာင္ေတြ ျမစ္ေတြအေၾကာင္း သံသယျဖစ္စရာမလိုဘူး... ေလွရိွရင္ တံတားဆီကိုေရာက္မွာပဲ” ဟု ခ်ီတံုခ်တံုျဖင့္ ေျပာ၏။ " ငါက ဒီတိုင္းပဲ... ဒီအေၾကာင္းေတြ ေနာက္မွေျပာရေအာင္ "

"ဘာကြ!! စာမတတ္​ဘဲ ပညာရွင္လိုလာဟန္​​မေဆာင္​နဲ႔!" ေကာင္းရွင္းက သူ႔ကိုရယ္ေန၏။ "ကဗ်ာေတြစာေတြ လာရြတ္ျပေနေသးတယ္!!"

ေကာင္ေလးမ်ားပါးစပ္မွ ရယ္သံမ်ားသာ ဆက္တိုက္ထြက္ေပၚလာေတာ့သည္။

သိသာထင္ရွားစြာပင္ ဤသည္မွာ အလြန္ေလးနက္လြန္းေသာ ေမးခြန္းတစ္ခုျဖစ္၏။ သို႔ေသာ္ ရလဒ္မွာေတာ့ ေပါ့တီးေပါ့ဆ ရယ္ေမာျခင္းျဖင့္သာ ေက်ာ္ခ်သြားၾကျခင္းျဖစ္သည္။

သူတို႔ေျပာေနေသာ စကားလံုးတိုင္းႏွင့္ စာေၾကာင္းတိုင္းကို အကြယ္နားတြင္ရပ္ေနေသာ ရွန္းခ်ိဳက္ၾကားသြားမွန္း ဘယ္သူမွမသိလိုက္ၾကေပ။ ထိုအကြယ္ေထာင့္၏အရိပ္ထဲတြင္ ရွန္းခ်ိဳက္တစ္ေယာက္တည္းရပ္ေနခဲ့ကာ ျပဇာတ္ရံုနံရံေပၚရိွ  "The Cat Who Wants to Become Human" ၏ ပိုစတာကိုျမင္ေနရသည္။

ေလတိုက္ေနသည္ႏွင့္အမ်ွ ထိုပိုစတာသည္ တဖ်တ္ဖ်တ္လြင့္ေနကာ ေလထဲတုန္ခါေန၏။ ပိုစတာေပၚရိွ ေၾကာင္မ်က္လံုးေထာင့္မွ  မ်က္ရည္တစ္စက္စီးက်ေနကာ သူ႔ေဘးနားတြင္ေတာ့ မိန္းကေလးတစ္ေယာက္ပံုေလး ရိွေနေလသည္။

ေထာင့္နားတြင္ေတာ့ စာေၾကာင္းတစ္ေၾကာင္း  ရိုက္ႏိွပ္ထား၏။

“အရြယ္ေရာက္လာျခင္း” ဆိုသည္မွာ သာမန္ႀကီးျပင္းလာျခင္းမ်ိဳးမဟုတ္ဘဲ ရင့္က်က္လာျခင္းႏွင့္ ဘဝ၏ေရြးခ်ယ္မႈမ်ားကို ရင္ဆိုင္ေျဖရွင္းရသည္အား သိျမင္ျခင္းႏွင့္ပတ္သက္၏။

ဒ႑ာရီပံုျပင္မ်ားတြင္ေတာ့ အခ်စ္သည္ လူသားႏွင့္ေၾကာင္ကိုေတာင္ အတူတကြ တည္ၿမဲေစႏိုင္၏။

သို႔ေသာ္ ရွန္းခ်ိဳက္ကေတာ့ လက္ေတြ့တြင္သာ  ေနထိုင္သည္။

- - - - - - - -

ျပဇာတ္ၿပီးဆံုးသြားေသာအခါတြင္ ပရိသတ္မ်ားၾကား၌ထိုင္ေနေသာ ထန္ယီမင္သည္ မတ္တပ္ထရပ္လိုက္ကာ ကုဖန္ဖန္းေဘးရိွ ေက်ာင္းလြယ္အိတ္ေလးကို ဝိုင္းမေပးလိုက္၏။

ယေန့ေခတ္ မူလတန္းတက္ေနေသာ ကေလးမ်ားသည္ မယံုႏိုင္ေလာက္စရာပင္။ သူတို႔ ဒုတိယတန္းသို႔ေရာက္သည္ႏွင့္ သူတို႔၏ ေက်ာင္းလြယ္အိတ္ေလးမ်ားမွာ ဆယ္ကီလိုဂရမ္အေလးခ်ိန္ေလာက္ေတာင္ ရိွေနၿပီျဖစ္သည္။

"ေက်းဇူးတင္ပါတယ္ ၪီးၪီးေခါင္းေဆာင္" ကုဖန္ဖန္းက လိမၼာယဥ္ေက်းစြာျဖင့္ေျပာ၏။

ကုဖန္ဖန္းသည္ ကုလ်န္ႏွင့္ယဲ့ယဲ့တို႔၏ သားျဖစ္သည္။  သူသည္ အသက္ခုနစ္ႏွစ္သာရိွေသးေသာ္လည္း မ်က္ႏွာတည္ေသာ အတန္းေမာ္နီတာေလး တစ္ဦးျဖစ္သည္။  လူမႈဆက္ဆံေရးေကာင္းမြန္ေသာ ကုစံုတြဲႏွင့္မတူဘဲ ကုဖန္ဖန္းသည္ ေအးေဆးတည္ၿငိမ္ေသာကိုယ္ရည္ကိုယ္ေသြးရိွကာ သိမ္ေမြ့ႏူးညံ့ေသာကေလးေလးျဖစ္၏။

မၾကာေသးမီက ကုလ်န္သည္ သူ႔သား၌ စိတ္ထင့္စရာတစ္ခုခုရိွေနေၾကာင္း သိရိွခဲ့ရၿပီး မိဘမ်ားႏွင့္ဆက္ဆံေရးမွာလည္း ယခင္ကကဲ့သို႔  နီးကပ္မႈမရိွေတာ့ေပ။ ကုလ်န္သည္ သူ႔သား၏ ပါးစပ္ကို မဖြင့္ဟႏိုင္ေတာ့သျဖင့္ ထန္ယီမင္ကိုအကူအညီေတာင္းကာ ကေလးႏွင့္အတူ ေအးေအးေဆးေဆးလည္ပတ္ေစၿပီး အျဖစ္အပ်က္၏အရင္းျမစ္ကို တီးေခါက္ၾကည့္ေစလိုျခင္းျဖစ္သည္။

ထန္ယီမင္လည္း သူ႔ေခါင္းေပၚက်လာေသာ ဤအလုပ္ကိစၥႀကီးအတြက္ စကားတခြန္းမွမေျပာႏိုင္ေတာ့ဘဲ "... ငါမွကေလးမေမြးဖူးေသးတာ၊ အခု ဒီကေလးကို ဘယ္လိုကိုင္တြယ္ရမွာလဲ??"

ကုလ်န္က ျပတ္ျပတ္သားသားျပန္ေျပာေလသည္။ "မင္းေရာ၊ ငါ့သားေရာ ႏွစ္ေယာက္စလံုးက တစ္ခုခုလြဲေခ်ာ္ေနတဲ့အခ်ိန္မ်ိဳးဆို မင္းတို႔ႏွလံုးသားထဲမွာ အရာအားလံုးဖံုးကြယ္ထားတတ္ၾကတယ္...အဲ့ဒါေၾကာင့္ မင္း သူ႔ဆီကအသံကို ျပန္ၾကားရလိမ့္မယ္"

ဤနည္းအားျဖင့္ ထန္ယီမင္သည္ ဒီအပတ္ထဲတြင္ ကေလးႏွင့္အတူ ေတးဂီတျပဇာတ္ၾကၫ့္ရန္ အထူးအခ်ိန္ေပးခဲ့၏။

တကယ္တမ္းေတာ့ ကေလးမ်ားကိုေခ်ာ့ျမဴဖို႔ရန္ နည္းလမ္းအမ်ားႀကီးရိွေလသည္။ ဂိမ္းဇုန္တစ္ခုခုသို႔သြားျခင္း၊ အျပင္ထြက္ကာမုန္႔စားျခင္း သို႔မဟုတ္ ေရပန္းဥယ်ာဉ္သြားျခင္းတို႔သည္ ေကာင္းမြန္ေသာေရြးခ်ယ္မႈမ်ားျဖစ္၏။  သို႔ေသာ္လည္း ထန္ယီမင္သည္ ေနာက္ဆံုးတြင္ေတာ့ ဂီတျပဇာတ္အတြက္သာ လက္မွတ္ႏွစ္ေစာင္ဝယ္လိုက္ၿပီး သိမ္ေမြ့ေသာ ​အႏုပညာ၏လႊမ္းမိုးမႈကိုလက္ခံႏိုင္ရန္ ဖန္ဖန္းကိုေခၚလာခဲ့ျခင္းျဖစ္သည္။

ဖန္ဖန္းသည္ ေတးဂီတျပဇာတ္ကို ပထမဆံုးအႀကိမ္ၾကၫ့္ဖူးျခင္းျဖစ္ကာ ျပဇာတ္တစ္ခုလံုးအား လ်င္ျမန္စြာျဖင့္ ေစ့ေစ့စပ္စပ္ၾကၫ့္ရႈခဲ့သည္။

ေျမေအာက္ကားဂိုေဒါင္ထဲသို႔ ေလ်ွာက္သြားၾကခ်ိန္တြင္ ဖန္ဖန္းတစ္ေယာက္ ဇာတ္ကြက္ထဲတြင္ႏွစ္ျမႇဳပ္ေနဆဲျဖစ္ၿပီး ဇာတ္ဝင္သီခ်င္းကိုပင္ သီဆိုေနေသး၏။

ကားေပၚတက္ၿပီးေနာက္ ထန္ယီမင္သည္ သူ႔အတြက္ ထိုင္ခံုခါးပတ္ကိုပတ္ထားေပးလိုက္ကာ စကားေျပာလိုက္၏။ "ဖန္ဖန္းသီခ်င္းဆိုတာ တယ္မိုက္ပါ့လား... ေနာက္တစ္ခါ သီခ်င္းဆိုရမယ့္အခန္းပါရင္ မင္းအတြက္ေနရာခ်န္ထားေပးမယ္"

"..." ထန္ယီမင္၏စကား ဆံုးသြားသည္ႏွင့္ ဖန္ဖန္းက ရုတ္တရက္ဆိုသလို သူ႔ပါးစပ္သူ ျပန္ပိတ္သြားကာ ၾကက္ဟင္းခါးသီးျဖစ္သြားျပန္ေတာ့သည္။

ထန္ယီမင္ : ?

ကေလးေတြဆိုတာ ဘယ္လိုေတာင္ထူးဆန္းတဲ့ သတၲဝါေလးေတြလဲ?? တစ္ခဏေလးအတြင္းမွာပဲ ေပ်ာ္ရႊင္ေနၿပီး ခုခ်က္ခ်င္း ေဒါသထြက္သြားျပန္ၿပီ။

ဖန္ဖန္းသည္ အသံသြင္းစတူဒီယိုတြင္  ႀကီးျပင္းခဲ့ျခင္းျဖစ္သည္။ ကုလ်န္တို႔ဇနီးေမာင္ႏွံသည္ အခ်ိန္ပိုအလုပ္ဆင္းေလ့ရိွရာ  ဖန္ဖန္းသည္ အၿမဲလိုလိုပင္ ကုမၸဏီ၌သာ သူ႔အိမ္စာမ်ားကို နာခံမႈရိွရိွလုပ္ေလ့ရိွ၏။ ကုမၸဏီတြင္ သူႏွင့္အလားတူေသာ အျခားကေလးမ်ားလည္း ရိွေသးသည္။

ရုပ္ရွင္ႏွင့္ ရုပ္ျမင္သံၾကားဇာတ္လမ္းတြဲမ်ား ရိုက္ေသာအခါတြင္ ကေလးအခန္းေလးမ်ားလည္း မၾကာခဏပါတတ္သည္။ ထိုကဲ့သို႔ အေျခအေနမ်ိဳးတြင္ ဤ "ဒုတိယမ်ိဳးဆက္ အသံသရုပ္ေဆာင္မ်ား" အဖြဲ႔သည္ အေတာ္ေလးအဆင္ေျပ၏။

ဤကေလးမ်ားသည္ အသံသြင္းျခင္းအား ငယ္စဉ္ကတည္းက စြဲလန္းႏွစ္သက္ခဲ့ၾကျခင္းျဖစ္ၿပီး သူတို႔အားလံုး စတူဒီယိုတြင္အသံသြင္းခ်င္ၾကေလသည္။ သူတို႔အတြက္ေတာ့ ဒါက ဂိမ္းေလးတစ္ခုလိုပင္။  မိုက္ခရိုဖုန္းထဲကို စကားနည္းနည္းေလးေျပာလိုက္ရံုျဖင့္ တစ္လစာေလာက္ မုန္႔ဖိုးဖူဖူလံုလံု ရႏိုင္ျခင္းျဖစ္သည္။

ဒုတိယမ်ိဳးဆက္အုပ္စုထဲတြင္ ဖန္ဖန္းက အေကာင္းဆံုးစြမ္းေဆာင္ႏိုင္သူပင္။

ကေလးသည္ အလြန္စံခ်ိန္မွီေသာ မန္ဒရင္းစကားကိုေျပာဆိုႏိုင္ၿပီး ဇာတ္ေကာင္မ်ား၏ ခံစားခ်က္ကိုလည္း အတိအက် ေဖာ္ထုတ္ႏိုင္သည္။  ေလးႏွစ္သားအရြယ္တြင္ Disney မွထုတ္လုပ္ေသာကာတြန္းတြင္ ပါဝင္သရုပ္ေဆာင္ႏိုင္ခဲ့၏။ ထိုအခ်ိန္တုန္းကေတာ့ စာမဖတ္တတ္ေသးေသာေၾကာင့္ ကုလ်န္သည္  ဇာတ္ၫႊန္းကိုယူ၍ ေရ႔ွမွတိုင္ေပးရကာ ဖန္ဖန္းကေတာ့ ထပ္ခါတလဲလဲေရရြတ္ရင္း စာ​သားမ်ားကိုအသံသြင္းခဲ့၏။

ဤႏွစ္မ်ားအတြင္း ဖန္ဖန္းပါဝင္ခဲ့ေသာကာရိုက္တာမ်ားကို လက္ေလးဖက္ျဖင့္ေတာင္ ေရတြက္လို႔မရႏိုင္ေတာ့ေပ။ သူ႔အေမ​ကေတာ့ သူ႔အခန္းက်ဉ္းေလးထဲတြင္ ပိုက္ဆံအမ်ားႀကီးရိွေနၿပီဟုေတာင္ ေျပာေနေသး၏။

ထန္ယီမင္သည္ ထိုကေလးသေဘာက်ႏွစ္ၿခိဳက္ေသာ အသံသြင္းျခင္းမ်ားျဖင့္ စတင္လႈံ႔ေဆာ္ေပးခ်င္ေသာ္လည္း ရလဒ္ကေတာ့ ဖန္ဖန္းေလးအား ခ်က္ခ်င္းဆိုသလို မေက်မနပ္ ျဖစ္သြားေစခဲ့သည္။

ထန္ယီမင္က "မင္း ဘာစားခ်င္လဲ??  McDonald's ?? KFC ?? ဪ ေခြးေလးေတြရိွတဲ့ စားေသာက္ဆိုင္လည္း ဖြင့္ထားတယ္လို႔ၾကားတယ္၊ အဲ့ဒီ့ကိုသြားရင္ စားေနရင္းနဲ႔ ေခြးေတြနဲ႔ကစားလို႔ရတာေပါ့"

ဖန္ဖန္း : "ဘာပဲျဖစ္ျဖစ္"

ထန္ယီမင္ : "... " " ညစာစားၿပီးရင္ေရာ ဘယ္ကိုသြားခ်င္ေသးလဲ?? ရုပ္ရွင္ၾကၫ့္ခ်င္လို႔လား?? ဒါနဲ႔ မင္းအသံသရုပ္ေဆာင္ထားတဲ့ ​Puppy Story ထြက္လာၿပီေနာ္... Puppy Story ေရာ ၾကၫ့္ခ်င္လား??"

"မၾကည့္ဘူး"  ဖန္ဖန္း၏ မ်က္ႏွာေသးေသးေလးသည္ အလြန္တင္းမာေနလ်က္ရိွၿပီး ေက်ာင္းလြယ္အိတ္ေလးကိုသာ တင္းတင္းက်ပ္က်ပ္ ေပြ့ဖက္ထား၏။ " သား အိမ္စာေတြလုပ္ဖို႔ အိမ္ျပန္ေတာ့မယ္"

"......" ထန္ယီမင္ စဥ္းစားေနမိသည္။ ဒါေလးက ဒုတိယတန္းေက်ာင္းသားပဲရိွေသးတယ္မဟုတ္လား?? ဘာလို႔ ဒီေလာက္ထိ ေရွးရိုးစြဲေနရတာလဲ?? လူႀကီးေလးအတိုင္းပဲ...

ထန္ယီမင္လည္း ခိုကိုးရာမဲ့ျဖစ္သြားသျဖင့္ ေပါ့ေပါ့ပါးပါး စားေသာက္ဆိုင္တစ္ခုကိုသာေရြးလိုက္ၿပီး GPS ထဲရိုက္ထၫ့္လိုက္ကာ ေျမေအာက္ကားပါကင္မွ ေမာင္းထြက္လာခဲ့လိုက္သည္။

တိုက္ဆိုင္စြာပင္ သူတို႔ကား အဝင္ဝသို႔ထြက္လိုက္သည္ႏွင့္ ရုတ္တရက္ဆိုသလို မိုးၿခိမ္းသံတစ္ခုက ေကာင္းကင္ျပင္မွထြက္ေပၚလာကာ မိုးမ်ားလည္း တဖြဲဖြဲက်ဆင္းလာေတာ့သည္။  တစ္မိနစ္မျပၫ့္ခင္မွာပဲ အေဆာက္အဦး၏ေခါင္မိုးေအာက္၌ မိုးခိုေနေသာလူမ်ားႏွင့္ ျပၫ့္က်ပ္သြားေတာ့သည္။

ဇြန္လ၏ေန့ရက္မ်ားသည္ ကေလးမ်ား၏မ်က္ႏွာအမူအယာႏွင့္ ဆင္တူသည္ဟူေသာ ဆိုရိုးစကားရိွေလသည္။

ထန္ယီမင္သည္ ေရ႔ွခရီးသည္ထိုင္ခံုတြင္ထိုင္ေနေသာကေလးအား ေဘးတိုက္တစ္ခ်က္ၾကၫ့္လိုက္ကာ ဤစကားပံုကို အလြန္သေဘာက်သြား၏။

ထိုအခ်ိန္တြင္ မီးနီသြားသျဖင့္ ထန္ယီမင္၏ကားမွာ ျမင္းက်ားတြင္ရပ္လိုက္ရၿပီး လမ္းသြားလမ္းလာမ်ားကို ေစာင့္ဆိုင္းေနခဲ့ရသည္။

လူသြားစႄကၤံမွ ေရာင္စံုထီးမ်ားသည္ မိုးေရထဲသို႔စီးက်ေနေသာ မိႈမ်ိဳးစံုကဲ့သို႔ပင္။

အေရာင္ေတာက္ေတာက္ မိႈအုပ္စုမ်ားထဲတြင္ အရပ္ရွည္ရွည္၊ ပိန္ပိန္ပါးပါး လက္ဗလာျဖင့္ေကာင္ေလးမွာ သူ႔ေခါင္းကို လက္ႏွစ္ဖက္ႏွင့္အုပ္ၿပီး လမ္းကိုျဖတ္ကူးကာ ကားဂိတ္ဆီသို႔ေျပးသြား၏။

မိုးကလည္း သည္းထန္စြာရြာခ်ေနသျဖင့္ အေပၚမွေအာက္ထိ တစ္ကိုယ္လံုးစိုစြတ္ေနခဲ့သည္။

ေကာင္ေလးသည္ ေရ႔ွသို႔ေျပးေနၿပီး အရိွန္အဟုန္အျပည့္ျဖင့္ေျခလွမ္းတိုင္းတြင္ မေရမတြက္ႏိုင္ေသာေရစက္မ်ားက ေလထဲသို႔လြင့္စင္လ်က္ရိွသည္။

ကားထဲရိွထန္ယီမင္သည္ ေျပးလႊားေနေသာပံုရိပ္ေလးကို ဖ်တ္ခနဲစိုက္ၾကၫ့္လိုက္မိ၏။  ထိုဆယ္စကၠန႔္အတြင္း သူ႔အမူအယာကလည္း မ်ိဳးစံုေျပာင္းလဲေနခဲ့သည္။

အဆံုးတြင္ အနည္းငယ္ေနွးေကြးသြားေသာထိုေကာင္ေလးမွာ သနားစရာပင္။ သူ ကားမွတ္တိုင္သို႔အေျပးေရာက္သြားခ်ိန္တြင္ ဘတ္စ္ကားတံခါးမ်ားကပိတ္သြားၿပီျဖစ္ၿပီး ကားကလည္း ေမာင္းထြက္သြားၿပီျဖစ္သည္။

စိတ္ပ်က္လက္ပ်က္ျဖင့္ သူ႔ပခံုးေလးကို ငိုက္စိုက္ခ်ထားေလသည္။ ကံအားေလ်ာ္စြာပင္ ပလက္ေဖာင္းေပၚတြင္ မိုးခိုႏိုင္သည့္တံစက္ၿမိတ္မ်ားရိွေနသည့္အတြက္ တံစက္ၿမိတ္ေအာက္တြင္ ခိုေနလိုက္ၿပီး သူ႔ခႏၶာကိုယ္ေပၚတြင္တင္ေနေသာ မိုးေရစက္မ်ားကိုခါယမ္းေနသည္မွာ ေရစိုသြားေသာငန္းေလးတစ္ေကာင္ကဲ့သို႔ လႈပ္ရွားမႈမ်ားက ထူးထူးဆန္းဆန္းရယ္စရာေကာင္းေနသည္။

"ဦးၪီးေခါင္းေဆာင္" ဖန္ဖန္းသည္ အေရ႔ွဘက္ရိွ ခရီးသည္ထိုင္ခံုတြင္ထိုင္ေနကာ " အဲ့ဒီ့ ကိုကိုလွလွေလးကို သိလား??" ဟုေမးလာသည္။

"..." ထန္ယီမင္၏ လည္စလုပ္မွာ အနည္းငယ္လႈပ္ရွားသြားၿပီး "သိတယ္... သူက ၪီးရဲ့သူငယ္ခ်င္းေဟာင္းပဲ" ဟု ညည္းၫူလိုက္သည္။

"သူငယ္ခ်င္းေဟာင္းလား??" ဖန္ဖန္းက ဆက္ေမးသည္။ " ဒါဆို အခု သူငယ္ခ်င္းမဟုတ္ေတာ့ဘူးလား??"

"အမ္း...သူ႔မွာ တျခားသူငယ္ခ်င္းအသစ္ရိွေနၿပီ"

ဖန္ဖန္းက နားမလည္ေပ။ ထို႔ေၾကာင့္ သူ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး " ၪီးၪီးတို႔ လူႀကီးေတြက သိပ္ထူးဆန္းတာပဲ၊ သူငယ္ခ်င္းအသစ္ရိွေနတဲ့ ကိုကိုလွလွေလးက ဘာလို႔ ၪီးၪီးနဲ႔သူငယ္ခ်င္းျဖစ္လို႔မရေတာ့တာလဲ??"

ထန္ယီမင္ ဆြံ႔အေနေတာ့သည္။ သူတို႔ႏွစ္ၪီးၾကားရိွ အဆင္မေျပေသာအေျခအေနတစ္ခုကို ခုနစ္ႏွစ္အရြယ္ ကေလးတစ္ေယာက္နားလည္ႏိုင္ရန္ မရွင္းျပႏိုင္ခဲ့ေပ။

သူ ႏႈတ္ဆိတ္ေနတာကို ျမင္ေတာ့ ဖန္ဖန္းက ရိုးရွင္းစြာျဖင့္ ေမာ္နီတာေသးေသးေလးအသြင္ ကိုယ္ဟန္အေနအထားကို ပံုေဖာ္လိုက္ကာ သူ႔တင္ပါးကို လက္ေလးႏွစ္ဖက္ျဖင့္ေထာက္လိုက္ၿပီး ထန္ယီမင္ကိုအမိန႔္ေပးလိုက္၏။ "သားေျပာတာကိုနားေထာင္.... ဟိုေရ႔ွကို ျမန္ျမန္ေလး ဆက္ေမာင္းသြားၿပီး ကိုကိုေလးကို ကားေပၚေခၚလိုက္၊ မိုးေတြအရမ္းရြာေနတာဆိုေတာ့ ဒီတိုင္းဆို ေနမေကာင္းျဖစ္သြားလိမ့္မယ္!!"

...

ယခုအခ်ိန္တြင္ ရွန္းခ်ိဳက္သည္ သူစီးရမည့္ဘတ္စ္ကားကိုလြတ္သြားေသာေၾကာင့္ ေနာက္တစ္စီးလာမည့္အခ်ိန္ကို ေစာင့္ဆိုင္းေနရေလသည္။

ဒီတစ္ႀကိမ္တြင္ေတာ့ ထန္ယီမင္၏ကားက ရွန္းခ်ိဳက္ေရ႔ွတြင္ ရပ္တန႔္သြား၏။

----------

စာေရးသူမွာ ေျပာစရာတစ္ခု ရိွေနပါတယ္~~~~

ဒီအခန္းမွာ ငါတစ္ခုခုေျပာျပခ်င္တယ္... တစ္ခ်က္ေလာက္ စဉ္းစားၾကည့္ပါလား...

စာဖတ္သူေထာင္နဲ႔ခ်ီၿပီးရိွတဲ့ထဲမွာ ခ်ိဳက္ခ်ိဳက္လိုလူေတြ၊ ေလာင္ထန္လိုလူေတြ၊ မန္ခြၽမ္လိုလူေတြနဲ႔ ေယာင္ရင္လိုလူေတြလည္း ေထာင္နဲ႔ခ်ီၿပီးရိွမွာပါ...

[Eng Tran's note : ေဆာရီးပါ၊ ဒီေန့အတြက္ စာေရးသူရဲ့ note ကို အေကာင္းဆံုးႀကိဳးစားထားပါတယ္။ ေပ်ာ္ရႊင္စရာ ခရစၥမတ္ျဖစ္ပါေစ!]

[အိုင့္ note : ಥ_ಥ ဒီ Act ကို ျမန္ျမန္ေလးၿပီးသြားခ်င္တယ္၊ ဒါေပမယ့္ ဒီ Act ထဲမွာ အဓိကအခ်က္ေတြလည္း အမ်ားႀကီးပါေနေသးတယ္... စကားမစပ္ ဖန္ဖန္းေလးက မင္ေကာ×ခ်ိဳက္ခ်ိဳက္ တို႔ Ship ကို အဓိကေမာင္းေပးမယ့္ေခါင္းေဆာင္အေသးေလးပါ~~ တအားခ်စ္ဖို႔ေကာင္းပါတယ္။ အခုခ်ိန္ထိ အတူလိုက္ဖတ္ေပးေနတဲ့ စာဖတ္သူအားလံုးကို ေက်းဇူးတင္ပါတယ္ရွင့္!]

Continue Reading

You'll Also Like

4.9K 547 26
Status in COO 53 Chapters + 5 Extras (Completed)
442K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
254K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
2.7K 286 7
This Original Novel does not belong to me. I'm just Translator to Burmese Language who love this novel. Name - Spring Trees and Sunset Clouds Author...