ရည်းစားဟောင်းက ငါ့ကိုမျက်စိကျ...

By Kiyoiko__

2.1M 322K 20.9K

Title - 又被前男友盯上了(Be watched by my Ex again) Author - 橘猫哥哥(Ju Mao Gege) Status - 183 chapters + 36 extras I do... More

Please take a look!
Summary
All about Ju Mao Gege
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
💌
33
34
35
36
37
38
Special Episode I
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
🤍
57
58
59
60
61
62
63
64
65
66
67
68
69
70
Special Episode II
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
Hello

111

11.3K 1.6K 163
By Kiyoiko__

{Unicode}

"ဒါဆို ကွာရှင်းကြရင်ရော"

ယဲ့ထင်တစ်ယောက် အံ့သြသွားပြီး

"မင်းကိုယ့်ကို ဘယ်လိုခေါ်လိုက်တယ်"

ရန်ကျားလိသည် ယဲ့ထင်ထံ လက်ညှိုးကွေးပြလိုက်ပြီး ကိုယ်ခန္ဓာကို ကိုင်းလာဖို့ အချက်ပြသည်။

ယဲ့ထင် ခေါင်းငုံ့ပြီး အနားကပ်လာသောအခါ ရန်ကျားလိသည် ကျိကျိကျွတ်ကျွတ်မြည်အောင် အံကြိတ်လျက်နှင့် ယဲ့ထင်၏ နားရွက်ကို အစိမ်းလိုက် ကိုက်ဖြတ် ဝါးစားတော့မည့်အလား ဒေါသထွက်စွာနှင့် ပြောသည်။

"ငါမင်းကို.....လောင်ကုန်းလို့ ခေါ်လိုက်တာလေ"

"ဘာလဲ။ ငါခေါ်တာ မှားနေသေးလို့လား"

ယဲ့ထင်၏ မျက်ခုံးစပ်ကြားသည် မဆိုစလောက် လှုပ်ယမ်းသွားပြီး ခေါင်းလှည့်ကာ ရန်ကျားလိ၏ မျက်လုံးထဲမှ မြင့်တက်နေသော ဒေါသအဟုန်ကို ကြည့်လိုက်မိသည်။

ယဲ့ထင်သည် နှုတ်ခမ်းတွန့်သွားပြီး မရယ်ချင်ရယ်ချင်နှင့် ပြုံးလာရသည်။

"မင်းသိသွားပြီ"

ရန်ကျားလိသည် မိတ္တူဆွဲထားသော လက်ထပ်စာချုပ် နှစ်စောင်ကို ယဲ့ထင်အရှေ့ ပစ်ပေးလိုက်သည်။

စာရွက်သည် ဖလပ်ဖလပ်မြည်အောင် လွင့်ပျံလာပြီး ယဲ့ထင်သည် လက်ဆန့်ကာ တစ်စောင်ကို လှမ်းယူလိုက်သည်။ ထိပ်စီးမှ စာတန်းကိုကြည့်ပြီး သူကပြုံးသည်။

ရန်ကျားလိသည် အေးစက်သော အသံနှင့် သူ့အား မေးလာသည်။

"မင်းငါ့ကို ဘာပြောစရာရှိလဲ"

ယဲ့ထင်သည် တည်တည်ငြိမ်ငြိမ်နှင့် ကြမ်းပြင်ပေါ် ကျသွားသော တစ်ရွက်ကို ကောက်လိုက်ကာ နှစ်ရွက်ပြန်ပေါင်းလိုက်ပြီး စီစီရီရီဖြစ်အောင် ပြုလုပ်ပြီးသော် စားပွဲပေါ် တင်လိုက်သည်။

သူသည် ခေါင်းမော့လာကာ ရန်ကျားလိ၏ တင်းမာနေသည့် မျက်နှာကို ကြည့်သည်။

"တောင်းပန်ပါတယ်၊ ပေါင်ပေါင်း"

"မင်းပါးစပ်က ပြောတော့၊ တက္ကသိုလ်တုန်းကလိုမျိုး မင်းကို တစ်လလောက်ပဲ ကောင်းကောင်း အဖော်ပြုပေးရမယ်၊ ပြီးရင် မင်းက ငါ့ကိုလုံးဝ လာမနှောင့်ယှက်တော့ဘူးတဲ့။ ရလဒ်ကတော့ ငါ့ကို တစ်ပတ်ရိုက်ပြီးတော့ လက်မှတ်ထိုးခိုင်းတယ်။ ငါ့ကို ကြောင်တောင်တောင်လုပ်ပြီး မင်းနဲ့ လက်ထပ်စာချုပ်မှာပါ မှတ်ပုံတင်ခိုင်းလိုက်သေးတယ်"

ရန်ကျားလိ၏ လည်စလုပ်မှာ အပေါ်အောက် လှုပ်ရှားနေပြီး တစ်ကိုယ်လုံးတွင် တွေ့ရခဲသည့် စိုးရိမ်မှုတို့ ထိုးဖောက်လာပြီး

"ယဲ့ထင်၊ မင်းရဲ့နည်းလမ်းတွေက တကယ်ကို လုံလောက်ပါတယ်ကွာ"

ယဲ့ထင်သည် စကားမဆိုဘဲ ရန်ကျားလိကို တည်ငြိမ်စွာနှင့် ကြည့်လို့နေပြီး မျက်လုံးများက ငြိမ်သက်နေသယောင်၊ သို့မဟုတ် အသနားခံနေသယောင်။

ရန်ကျားလိသည် ရယ်လိုက်ကာ ခေါင်းတညိတ်ညိတ်နှင့်

"ငါသိလိုက်ရတာက မင်းလိုလူမျိုးက ဒီနေရာအထိ တက်လာနိုင်တာ၊ မင်းရဲ့ လှည့်စားမှုတွေက တကယ် သာမန်မဟုတ်ဘူးပဲကို"

"ငါအခုမှ ပြန်စဥ်းစားကြည့်မိတယ်။ မင်း လီတာ့နဲ့ လီအော့ကို အသုံးချပြီး ငါထွက်လာအောင် လုပ်ကတည်းက အဆင့်တိုင်းကို အကွက်ချထားပြီးသား မဟုတ်လား။ အရင် ငါထွက်လာအောင် ဖိအားပေးမယ်၊ ပြီးရင် ရိုးရိုးသားသားနဲ့ ရက်သုံးဆယ် အကြောင်းကို ပြောပြမယ်။ ရက်သုံးဆယ်အတွင်းမှာ မင်းက ငါ့ကို နည်းနည်းချင်းစီ အချိုသပ်မယ်။ ငါက အဆုံးစွန်ထိ ပျော့ပြောင်းသွားတော့မယ့် အချိန်ကျတော့၊ မင်းက ငါ့ကို ယောင်ချာချာဖြစ်အောင်လုပ်ပြီး မင်းနဲ့ လက်ထပ်ခိုင်းမယ်။ မင်းနဲ့ဘယ်လိုမှ ခွဲခွာသွားလို့ မရတော့အောင်လေ"

ရန်ကျားလိ၏ အကြည့်များသည် ချွန်ထက်သော ဓားရှည်အလား ယဲ့ထင်ထံ တည့်တည့်မတ်မတ် ဆိုက်ရောက်နေကာ

"မင်းငါ့ကို လိမ်ပြန်တယ်"

ယဲ့ထင်သည် ထိုစကားလေးလုံးကို ကြားသောအခါ နှလုံးသားထဲတွင် ရုတ်ခြည်း ထိတ်ထိတ်ပျာပျာ ဖြစ်လာသည်။

သူသည် ရန်ကျားလိ၏ လက်ကို ဆုပ်ကိုင်ပြီး ရင်ခွင်ထဲ ပွေ့ထားချင်သော်လည်း ရန်ကျားလိက ခါးကွေးပြီး ရှောင်ရှားသွားသည်။

"မင်းအစကနေ အဆုံးထိ ငါ့ကို လှည့်စားတယ်။ မင်းကတစ်ချိန်လုံး ငါ့ကို လိုက်ထိန်းချုပ်နေတာ၊ ဟုတ်တယ်မလား"

ယဲ့ထင်သည် နားထောင်ရင်း နားထောင်ရင်းနှင့် နှလုံးသားထဲတွင် ပို၍ပို၍ စိတ်မရှည်နိုင် ဖြစ်လာသည်။

တစ်နေ့နေ့တွင် လက်ထပ်ထားသည့် ကိစ္စမှာ ကျိန်းသေပေါက် အဖော်ထုတ်ခံရမည်ဟု သူသိသော်ငြား ဤမျှ မြန်ဆန်နေလိမ့်မည်ဟုလည်း သူမတွေးထားမိပေ။

မြန်လွန်း၍ သူ့ဘာသူတောင် ပြင်ဆင်ချိန် အသေအချာ မရလိုက်ဘူးဟု ထင်မိလာ၏။

သူသည် အရှေ့တက်လာပြီး ရန်ကျားလိအား ရင်ခွင်ထဲ ဖက်လိုက်ကာ ကြောက်ရွံ့စွာနှင့် စကားဆိုသည်။

"မဟုတ်ပါဘူး ပေါင်ပေါင်း။ ကိုယ်က တချို့အရာတွေကို ကြိုတင်စီစဥ်ခဲ့ပေမယ့် မင်းကိုယ့်ကို အဲ့လောက်ကြီးတော့ မငြင်းဆန်သင့်ဘူးလေ။ အဲ့ရက်သုံးဆယ်ကလည်း မင်းကိုယ်နဲ့အတူတူ ဖြတ်သန်းခဲ့တာပဲ။ ကိုယ်ပြောခဲ့တဲ့ စကားတိုင်း၊ စကားလုံးတိုင်း၊ ကိုယ့်နှလုံးသားထဲက ထွက်လာတာပါ။ ဒီတစ်ချက်တော့ ကိုယ်မင်းကို နည်းနည်းလေးမှ မလိမ်ရပါဘူး"

ရန်ကျားလိသည် ခေါင်းလှည့်လာပြီး ဒေါသထွက်နေသော နို့သောက်သားပေါက်အလား ယဲ့ထင်၏ လည်ပင်းကို တစ်ချက် ကိုက်လိုက်သည်။

ယဲ့ထင်သည် သူ့ကို လွတ်ပေးလိုက်ပြီး အမြဲလိုလို လုံးလုံးလျားလျား အရှုံးမရှိခဲ့ဖူးသည့် ကုန်သည်ကြီးအတိုင်း အေးဆေး တည်ငြိမ်ခဲ့သူသည် ယနေ့တွင်တော့ အမူအရာမှာ မတည်မငြိမ် ကယောင်ချောက်ခြားနှင့်

"လက်ထပ်တဲ့ကိစ္စကို ကိုယ်မင်းဆီမှာ သေသေချာချာ ဝန်ခံနိုင်ပါတယ်။ ဒါကိုတော့ ကိုယ် မငြင်းပါဘူး။ ဒါပေမဲ့ ကိုယ်မင်းကို သဘောကျသေးတယ်။ မင်းကို ပြန်လာစေချင်သေးတယ်။ ကိုယ်မင်းနဲ့ အစကနေပြန်ပြီး အတူရှိချင်နေသေးတာ၊ အားလုံးက အမှန်တွေပါကွာ"

ရန်ကျားလိသည် စကားမပြောဘဲ ခံစားချက်များကို ဖွင့်ထုတ်ပစ်ပြီးနောက် တိတ်တိတ်ဆိတ်ဆိတ်နှင့် လှည့်ထွက်သွားသည်။

ယဲ့ထင်လည်း သူ့ကို မတားခဲ့ပေ။ တားလို့ မရနိုင်မှန်းလည်း သိပါသည်။

ထိုအချိန်မှစ၍ ရန်ကျားလိနှင့် သူ့အကြား အတားအဆီးတံတိုင်း ပေါက်ဖွားလာပုံပေါ်သည်။ ရန်ကျားလိသည် သူ့ကို ဆက်သွယ်ရမလား မဆက်သွယ်ရဘူးလားဟူသော အကြောင်းအရာ အပေါ်တွင် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်မနေတော့ဘဲ အရာအားလုံးမှာ ရုတ်တရက် အေးစက် စိမ်းကားသွားသည်။

ယဲ့ထင်သည်လည်း ရန်ကျားလိ၏ အိမ်တံခါးကို သွားသွားခေါက်သည်။ သို့သော် ရန်ကျားလိသည် ချောင်းကြည့်ပေါက်မှ သူ့ကို မြင်သည်နှင့် တံခါးကို လုံးဝ ဖွင့်မပေးတော့ပေ။

ထိုကိစ္စသည် ရန်ကျားလိအား ဤမျှအထိ ဒေါသထွက်သွားစေလိမ့်မည်ဟု ယဲ့ထင် မတွေးမိခဲ့ပေ။

သူသည် မာနကို ခဝါချပြီး သူ့ဘက်မှပင် စတင်ကာ ကျောက်ရှန့်ဟိုင်အား ဆက်သွယ်ခဲ့သည်။ ရန်ကျားလိတစ်ယောက် အပြင်ထွက်လာစေရန် ကျောက်ရှန့်ဟိုင်အား ချော့မော့ တိုက်တွန်းခိုင်းမလို့ပင်။

ကျောက်ရှန့်ဟိုင်ကတော့ လက်မခံဘဲ ပေါ့ပေါ့ပါးပါးနှင့် စကားတစ်ခွန်း​ စွန့်ကြဲသည်။

"မင်းမှာ အတွေးတွေ ဒီလောက်များပြီး နည်းလမ်းတွေကလည်း ဒီလောက် လက်ဖျားခါစရာ ကောင်းတာကို။ ဒီနေ့လိုနေ့မျိုး ရှိလာမယ်ဆိုတာလည်း စဥ်းစားခဲ့သင့်တယ်။ ကိုယ်ချထားတဲ့ ပိုက်ကွန်ကို ကိုယ့်ဘာသာ ပြန်သိမ်း"

ယဲ့ထင်သည် အမှန်တကယ် ကြံရာမရဖြစ်နေပြီး ရန်ကျားလိထံ စာတစ်စောင်ချင်း တစ်စောင်ချင်း ရေးပေးကာ တံခါး အပေါက်ကြားမှ ထည့်ပေးသည်။

ထိုကဲ့သို့ ခေါင်းမာမာနှင့် တစ်ပတ်မျှ ဖြတ်သန်းပြီးသွားသည်။ တစ်နေ့ ရန်ကျားလိ ညစာထွက်ဝယ်သောအခါ အောက်ထပ်တွင် ယဲ့ထင်နှင့် ကြုံကြိုက်ပြန်သည်။

ယဲ့ထင်အား ကြည့်ရသည်မှာ စောင့်နေတာ အတော်ကြာနေပြီဟု ထင်ရပြီး မြေပြင်ပေါ်တွင် ဆေးလိပ်မီးတို အတော်များများ ပြန့်ကျဲနေ၍ဖြစ်သည်။

သူသည် ရန်ကျားလိ ဆင်းလာသည်ကို မြင်သောအခါ အနည်းငယ် ဝန်လေးစွာနှင့် ပြုံးလိုက်ပြီး

"ပေါင်ပေါင်း"

ရန်ကျားလိသည် သူ့ကို မြင်သည်နှင့် ခေါင်းလှည့်ကာ ထွက်သွားချင်သည်။

ယဲ့ထင်သည် သူ့အားတစ်ကြိမ်လောက် တွေ့ရဖို့ရန်ပင် လွယ်ကူမနေ၍ ကမန်းကတန်း အရှေ့တက်လာကာ ရန်ကျားလိရှေ့ ပိတ်ရပ်လိုက်သည်။

သူသည် ရန်ကျားလိ၏ ဖော်ရွေမှု မရှိသော အကြည့်များကို ကြည့်ရင်း ပြုံးလိုက်ကာ လက်ထဲတွင် တစ်လျှောက်လုံး ကိုင်ထားခဲ့သည့် ထမင်းဘူးကို ရန်ကျားလိလက်ထဲ ထည့်ပေးလိုက်သည်။

"ညစာ မစားရသေးဘူးမလား။ ဒါက ကိုယ်ဝမ်နမ်ဘက်ကနေ မင်းအတွက် ပါဆယ်ထုပ်လာပေးတာ။ အားလုံး မင်းကြိုက်တာတွေပဲ"

ရန်ကျားလိသည် တိတ်တဆိတ်နှင့် တွန်းဖယ်ကာ ပြန်သွားသည်။

ယဲ့ထင်သည် အငြင်းခံရ၍ ပြန်ရောက်လာသော ထမင်းဘူးကို ကြည့်ကာ အချိန်အတော်ကြာ ငြိမ်သက်သွားပြီးနောက် ခေါင်းပြန်မော့လာကာ အကြည့်များက ငြိမ်းချမ်းနေသလို တောင်းပန်တိုးလျှိုသည်။

သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး

"လက်ထပ်တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ကိုယ် နောက်ဆုံးအနေနဲ့ ကိုယ်ကိုယ်တိုင်အတွက် တစ်ခေါက်လောက် ရှင်းပြပါရစေ"

သူသည် တလေးတနက်နှင့် ကျိန်ဆိုနေသည့်အတိုင်း လက်ချောင်းအနည်းငယ် ဆန့်ထုတ်လာကာ

"မင်းကိုလိမ်ညာပြီး လက်ထပ်မိတာ၊ တကယ်ကို ကိုယ်မှားခဲ့တာပါ။ ကိုယ်မင်းရဲ့ ဆန္ဒကို အလေးမထားမိခဲ့ဘူး။ ဒါပေမဲ့ ကိုယ်မင်းရဲ့ ခံစားချက်တွေကို မကစားခဲ့ရပါဘူး။ ကိုယ်မင်းကို ဘယ်လောက်တောင် သဘောကျနေလိုက်လဲ။ ကိုယ်မင်းနဲ့ ဘယ်လောက်တောင် ပြန်ပေါင်းထုတ်ချင်နေလိုက်လဲ။ အဲ့ရက်သုံးဆယ်ထဲမှာ မင်းသေချာပေါက် ခံစားမိမှာပါ။ ကိုယ်မင်းကို မထိန်းချုပ်ချင်ခဲ့ပါဘူး။ ကိုယ်ဒီတိုင်း.....မင်းကို ဆုံးရှုံးသွားရမှာ ကြောက်လို့ပါ"

ရန်ကျားလိသည် ကိုယ်ကိုလှည့်ပြီး အခန်းထဲ ဝင်သွားသည်။

"မင်း ပြောလို့ပြီးပြီလား။ ပြောပြီးရင် သွားတော့"

ယဲ့ထင်သည် တံခါးဘောင်ကို လက်ဖြင့်ကိုင်ထားပြီး အတန်ကြာမှ သက်ပြင်းအရှည်ကြီး ချလာကာ အနည်းငယ် စိတ်ပျက်အားလျော့သွားသည်။

သူသည် ရန်ကျားလိထံ ထိုထမင်းဘူးနှင့် စက္ကူဘူး အသေးစားလေးကို ပေးလိုက်ပြီး ခါးသက်သက် ပြုံးကာပြောသည်။

"မင်းဒီပစ္စည်းတွေ ယူထားလိုက်ပါ။ ကိုယ်အဲ့ဒါဆို ပြန်ပါ့မယ်"

ရန်ကျားလိသည် ပြန်ပြန်လှန်လှန် စဥ်းစားပြီးနောက် ထိုပစ္စည်းများကို ပွေ့ပိုက်ကာ တံခါးပိတ်လိုက်သည်။

ယဲ့ထင် ပြန်သွားပြီးနောက် ရန်ကျားလိသည် ခြေနှစ်ချောင်းပိုက်လျက် ဆိုဖာပေါ် တစ်ကိုယ်တည်း ထိုင်လိုက်သည်။ အားဖူနှင့် ရှောင်ဟွမ်တို့ အခန်းထဲ ဟိုပြေးဒီပြေးနှင့် ဆူညံသံပြုနေသည်ကို ကြည့်နေမိခဲ့သည်။

အမှန်တိုင်း ဆိုရလျှင် မိမိအား လိမ်ညာလှည့်စားပြီး လက်ထပ်သွားသည်ကို ပထမဆုံး သိခဲ့စဥ်က သူအမှန်တကယ် စိတ်ဆိုးမိပါသည်။

သူသည် ယဲ့ထင်၏ နိုင်ထက်စီးနင်း အပြုအမူများကို မုန်းတီးသည်။ မိမိအား မလိမ့်တစ်ပတ်ရိုက်ပြီး ထိန်းချုပ်သွားသည်ကိုလည်း မုန်းတီးမိပါသည်။

သို့သော် ဒေါသတရားက နည်းနည်းချင်းစီ ပြေလျော့လာပြီး စိတ်တည်ငြိမ်မှု ရလာသောအခါ ထိုရက်သုံးဆယ်မှာ ယဲ့ထင်တစ်ယောက် ကြိုတင် အကွက်ချထားသည်ဟူသော သဲလွန်စ အရိပ်အယောင်တို့ ရှိသော်ငြား ထိုညနေခင်းတိုင်း သူတို့ နှစ်ကိုယ်ကြား ပြောခဲ့ကြသည့် စကားများ၊ ယဲ့ထင် ပြုလုပ်ခဲ့သည့် ကိစ္စများ၊ သူ့မျက်လုံးထဲမှ တိုးထွက်လာတတ်သော စစ်မှန်သည့် ချစ်ခြင်းမေတ္တာနှင့် နွေးထွေးမှုများမှာ လုံးဝ လုပ်ယူခဲ့ခြင်း မဟုတ်ခဲ့လေမှန်း သူလည်း သိပါသည်။ ရန်ကျားလိ၏ ဦးနှောက်ထဲတွင် နတ်ဆိုးနှင့် နတ်ကောင်းတို့ နောက်တစ်ကြိမ် စစ်ချီကြရပြန်သည်။

သူ အသိပြန်ကပ်လာချိန်တွင် ကောင်းကင်ကြီးမှာ လုံးလုံးလျားလျား မည်းမှောင်သွားပြီဖြစ်သည်။ ညလေက အပြင်ဘက်မှ ဖြတ်ဝင်လာပြီး အမှန်တကယ်ကို အေးချမ်းလှသည်။

ရန်ကျားလိသည် ပြတင်းပေါက်နား လျှောက်သွားပြီး ပြတင်းကိုပိတ်ကာ ပြန်လှည့်ကြည့်လိုက်သည်။

ယဲ့ထင်သူ့အတွက် ထုပ်ပိုးလာသည့် ညစာ ထမင်းဘူးမှာ လုံးဝ အေးစက်နေပြီဖြစ်သည်။ သို့သော် ဘာထည့်ထားမှန်း မသိသည့် ဘူးလေးမှာတော့ စီစီရီရီ ထုပ်ပိုးထားကာ နံဘေးတွင် ငြိမ်သက်စွာ နေရာယူနေသည်။

ရန်ကျားလိသည် တစ်ခဏလောက် တုံ့ဆိုင်းနေပြီးနောက် အံကြိတ်လျက် ထိုဘူးကိုယူကာ ​ဖောက်ဖွင့်လိုက်သည်။

အထဲတွင် ဓာတ်ပုံဘောင်တစ်ခု ထည့်ထားသည်။

ရန်ကျားလိသည် ဓာတ်ပုံကို မျက်စိရှေ့ ယူကြည့်လိုက်သောအခါ ယဲ့ထင်၏ ရုံးစားပွဲပေါ်တွင် အချိန်အတော်ကြာကြာ နေရာယူထားခဲ့သည့်၊ ဖျော်ဖြေပွဲပြီးနောက် သူတို့သည် တောက်ပသော ဂြိုဟ်ကို ပန်ဆင်ထားကာ နောက်ကွယ်မှ ဖြတ်သန်းသွားလာကြနေသော လူအုပ်ကြီးကြား အနမ်းပေးနေသည့် ဓာတ်ပုံလေး ဖြစ်နေသည်။

ရန်ကျားလိသည် ဓာတ်ပုံထဲမှ လန့်ဖျပ်ပြီး အံ့သြနေသော်လည်း မျက်လုံးများ ကွေးတက်အောင် ပြုံးနေသည့် မိမိကိုယ်ကိုယ်နှင့် သူ့အား လွန်စွာမှပင် ချစ်မြတ်နိုးစွာနှင့် နမ်းရှုပ်နေသော ယဲ့ထင်၏ ပုံစံကို ကြည့်နေရင်း မသိလိုက်ပါဘဲ နှုတ်ခမ်းတွန့်မိသွားသည်။

သူ ဓာတ်ပုံဘောင်ကို လှန်လိုက်သောအခါ ဘောင်အနောက်တွင် သိုးပေါက်ရုပ်လေး ကပ်ထားသည်။

ထိုသိုးလေးသည် ငိုငိုယိုယိုနှင့် အပြာရောင် မျက်ရည်နှစ်တန်း စီးကျနေသည်။ လက်ထဲတွင် ဆိုင်းဘုတ်ကြီး ကိုင်ထားပြီး အပေါ်တွင် စာလုံးသုံးလုံး ရေးထားသည်___ကိုယ့်ကို ခွင့်လွှတ်ပါ။

ရန်ကျားလိသည် ဘူးထဲ ထပ်ကြည့်လိုက်သောအခါ အောက်ခြေတွင် စာအိတ်တစ်အိတ်လည်း ထည့်ထားသေးသည်။

သူသည် စာအိတ်ကို ယူလိုက်သောအခါ စာအိတ်ပေါ်တွင် Sticky Note လည်း ကပ်ထားသေးသည်။

Sticky Note ပေါ်မှ စာလုံးများသည် ထင်ရှားပြတ်သားသည်။ စာရေးထားသူမှာ ခပ်တန်းတန်း နေတတ်ပြီး အင်အားကြီးသူမှန်း တွေ့မြင်နိုင်သည်။

"ပေါင်ပေါင်း၊ တကယ်လို့ အစကနေ အဆုံးထိ ကိုယ့်ကိုခွင့်လွှတ်ဖို့ ဆန္ဒမရှိတော့ရင်၊ စာအိတ်ကို ဖွင့်ကြည့်လိုက်ပါ။ မင်းကို လိမ်မိတာ၊ တောင်းပန်ပါတယ်။ ဒါပေမဲ့ ကိုယ်အဲ့ဒီနှစ်တွေတုန်းကအတိုင်း မင်းကို ချစ်နေဆဲပါပဲ"

ရန်ကျားလိ၏ နှလုံးသားထဲတွင် အနည်းငယ် တုန်လှုပ်သွားကာ လက်ချောင်းများက မင်းကိုချစ်တယ်ဟူသည့် စာလုံးနှစ်လုံးပေါ်တွင် ခဏကြာအောင် ပွတ်သပ်နေပြီးမှ စာအိတ်ကို ဖွင့်လိုက်သည်။

စာအိတ်ထဲတွင် အင်္ဂလိပ်စာချုပ် နှစ်စောင် ထည့်ထားသည်။ ခေါင်းပိုင်း၏ နံဘေးတွင် Sticky Note နှင့် မှတ်ချက် ရေးသားပေးထားသည်။

ကွာရှင်းခွင့်လျှောက်လွှာ။
.
.
.
.
.

အပိုင်း34က လက်ထောက်ဝမ်နဲ့ အပိုင်း47က  လက်ထောက်ဝမ်🥲

လက်ထောက်ဝမ်ရယ် Rong Hai မှာ အလုပ်တွေ အရမ်းလုပ်ရပြီး Stress တွေ အရမ်းပိလို့ ဝိတ်တက်လာတာလားဟယ် အမလေး ငါသွေးတက်😭😭

ဒါနဲ့ ဒါနဲ့ ပြောစရာ သတင်းလေး ရှိတယ်တော့😻🙈


ဒီမှာ ယဲ့ယဲ့နဲ့ ရန်ရန်ရဲ့ FAN PAGE လေး ထွက်လာပါပြီလို့!!! ဝါးအု🥺🥳

ဒီနေ့ပဲ ဖွင့်ထားတာပါတဲ့~ဖွင့်ဖွင့်ချင်းပဲ အက်ဒမင် အချောလေးက တို့ဆီ လာကြော်ငြာဝင်သွားပါတယ်...ယဲ့ကောကို အရမ်းကြိတ်ခိုက်နေတဲ့ အချောလေး တစ်ယောက်က စိတ်ရူးပေါက်ပြီး ပေ့ချ်အသစ်ဖွင့်ထားတယ် အတူတူ ရူးသွားချင်သူများလည်း Page ကို Like လာပေးလို့ ပြောပေးပါနော်လို့ မှာသွားပါတယ်🤣🧡

8/2/2022(Tue)

                           ×××

{Zawgyi}

"ဒါဆို ကြာရွင္းၾကရင္ေရာ"

ယဲ့ထင္တစ္ေယာက္ အံ့ၾသသြားၿပီး

"မင္းကိုယ့္ကို ဘယ္လိုေခၚလိုက္တယ္"

ရန္က်ားလိသည္ ယဲ့ထင္ထံ လက္ညႇိဳးေကြးျပလိုက္ၿပီး ကိုယ္ခႏၶာကို ကိုင္းလာဖို႔ အခ်က္ျပသည္။

ယဲ့ထင္ ေခါင္းငုံ႔ၿပီး အနားကပ္လာေသာအခါ ရန္က်ားလိသည္ က်ိက်ိကြၽတ္ကြၽတ္ျမည္ေအာင္ အံႀကိတ္လ်က္ႏွင့္ ယဲ့ထင္၏ နား႐ြက္ကို အစိမ္းလိုက္ ကိုက္ျဖတ္ ဝါးစားေတာ့မည့္အလား ေဒါသထြက္စြာႏွင့္ ေျပာသည္။

"ငါမင္းကို.....ေလာင္ကုန္းလို႔ ေခၚလိုက္တာေလ"

"ဘာလဲ။ ငါေခၚတာ မွားေနေသးလို႔လား"

ယဲ့ထင္၏ မ်က္ခုံးစပ္ၾကားသည္ မဆိုစေလာက္ လႈပ္ယမ္းသြားၿပီး ေခါင္းလွည့္ကာ ရန္က်ားလိ၏ မ်က္လုံးထဲမွ ျမင့္တက္ေနေသာ ေဒါသအဟုန္ကို ၾကည့္လိုက္မိသည္။

ယဲ့ထင္သည္ ႏႈတ္ခမ္းတြန္႔သြားၿပီး မရယ္ခ်င္ရယ္ခ်င္ႏွင့္ ၿပဳံးလာရသည္။

"မင္းသိသြားၿပီ"

ရန္က်ားလိသည္ မိတၱဴဆြဲထားေသာ လက္ထပ္စာခ်ဳပ္ ႏွစ္ေစာင္ကို ယဲ့ထင္အေရွ႕ ပစ္ေပးလိုက္သည္။

စာ႐ြက္သည္ ဖလပ္ဖလပ္ျမည္ေအာင္ လြင့္ပ်ံလာၿပီး ယဲ့ထင္သည္ လက္ဆန္႔ကာ တစ္ေစာင္ကို လွမ္းယူလိုက္သည္။ ထိပ္စီးမွ စာတန္းကိုၾကည့္ၿပီး သူကၿပဳံးသည္။

ရန္က်ားလိသည္ ေအးစက္ေသာ အသံႏွင့္ သူ႔အား ေမးလာသည္။

"မင္းငါ့ကို ဘာေျပာစရာရွိလဲ"

ယဲ့ထင္သည္ တည္တည္ၿငိမ္ၿငိမ္ႏွင့္ ၾကမ္းျပင္ေပၚ က်သြားေသာ တစ္႐ြက္ကို ေကာက္လိုက္ကာ ႏွစ္႐ြက္ျပန္ေပါင္းလိုက္ၿပီး စီစီရီရီျဖစ္ေအာင္ ျပဳလုပ္ၿပီးေသာ္ စားပြဲေပၚ တင္လိုက္သည္။

သူသည္ ေခါင္းေမာ့လာကာ ရန္က်ားလိ၏ တင္းမာေနသည့္ မ်က္ႏွာကို ၾကည့္သည္။

"ေတာင္းပန္ပါတယ္၊ ေပါင္ေပါင္း"

"မင္းပါးစပ္က ေျပာေတာ့၊ တကၠသိုလ္တုန္းကလိုမ်ိဳး မင္းကို တစ္လေလာက္ပဲ ေကာင္းေကာင္း အေဖာ္ျပဳေပးရမယ္၊ ၿပီးရင္ မင္းက ငါ့ကိုလုံးဝ လာမေႏွာင့္ယွက္ေတာ့ဘူးတဲ့။ ရလဒ္ကေတာ့ ငါ့ကို တစ္ပတ္႐ိုက္ၿပီးေတာ့ လက္မွတ္ထိုးခိုင္းတယ္။ ငါ့ကို ေၾကာင္ေတာင္ေတာင္လုပ္ၿပီး မင္းနဲ႔ လက္ထပ္စာခ်ဳပ္မွာပါ မွတ္ပုံတင္ခိုင္းလိုက္ေသးတယ္"

ရန္က်ားလိ၏ လည္စလုပ္မွာ အေပၚေအာက္ လႈပ္ရွားေနၿပီး တစ္ကိုယ္လုံးတြင္ ေတြ႕ရခဲသည့္ စိုးရိမ္မႈတို႔ ထိုးေဖာက္လာၿပီး

"ယဲ့ထင္၊ မင္းရဲ႕နည္းလမ္းေတြက တကယ္ကို လုံေလာက္ပါတယ္ကြာ"

ယဲ့ထင္သည္ စကားမဆိုဘဲ ရန္က်ားလိကို တည္ၿငိမ္စြာႏွင့္ ၾကည့္လို႔ေနၿပီး မ်က္လုံးမ်ားက ၿငိမ္သက္ေနသေယာင္၊ သို႔မဟုတ္ အသနားခံေနသေယာင္။

ရန္က်ားလိသည္ ရယ္လိုက္ကာ ေခါင္းတညိတ္ညိတ္ႏွင့္

"ငါသိလိုက္ရတာက မင္းလိုလူမ်ိဳးက ဒီေနရာအထိ တက္လာႏိုင္တာ၊ မင္းရဲ႕ လွည့္စားမႈေတြက တကယ္ သာမန္မဟုတ္ဘူးပဲကို"

"ငါအခုမွ ျပန္စဥ္းစားၾကည့္မိတယ္။ မင္း လီတာ့နဲ႔ လီေအာ့ကို အသုံးခ်ၿပီး ငါထြက္လာေအာင္ လုပ္ကတည္းက အဆင့္တိုင္းကို အကြက္ခ်ထားၿပီးသား မဟုတ္လား။ အရင္ ငါထြက္လာေအာင္ ဖိအားေပးမယ္၊ ၿပီးရင္ ႐ိုး႐ိုးသားသားနဲ႔ ရက္သုံးဆယ္ အေၾကာင္းကို ေျပာျပမယ္။ ရက္သုံးဆယ္အတြင္းမွာ မင္းက ငါ့ကို နည္းနည္းခ်င္းစီ အခ်ိဳသပ္မယ္။ ငါက အဆုံးစြန္ထိ ေပ်ာ့ေျပာင္းသြားေတာ့မယ့္ အခ်ိန္က်ေတာ့၊ မင္းက ငါ့ကို ေယာင္ခ်ာခ်ာျဖစ္ေအာင္လုပ္ၿပီး မင္းနဲ႔ လက္ထပ္ခိုင္းမယ္။ မင္းနဲ႔ဘယ္လိုမွ ခြဲခြာသြားလို႔ မရေတာ့ေအာင္ေလ"

ရန္က်ားလိ၏ အၾကည့္မ်ားသည္ ခြၽန္ထက္ေသာ ဓားရွည္အလား ယဲ့ထင္ထံ တည့္တည့္မတ္မတ္ ဆိုက္ေရာက္ေနကာ

"မင္းငါ့ကို လိမ္ျပန္တယ္"

ယဲ့ထင္သည္ ထိုစကားေလးလုံးကို ၾကားေသာအခါ ႏွလုံးသားထဲတြင္ ႐ုတ္ျခည္း ထိတ္ထိတ္ပ်ာပ်ာ ျဖစ္လာသည္။

သူသည္ ရန္က်ားလိ၏ လက္ကို ဆုပ္ကိုင္ၿပီး ရင္ခြင္ထဲ ေပြ႕ထားခ်င္ေသာ္လည္း ရန္က်ားလိက ခါးေကြးၿပီး ေရွာင္ရွားသြားသည္။

"မင္းအစကေန အဆုံးထိ ငါ့ကို လွည့္စားတယ္။ မင္းကတစ္ခ်ိန္လုံး ငါ့ကို လိုက္ထိန္းခ်ဳပ္ေနတာ၊ ဟုတ္တယ္မလား"

ယဲ့ထင္သည္ နားေထာင္ရင္း နားေထာင္ရင္းႏွင့္ ႏွလုံးသားထဲတြင္ ပို၍ပို၍ စိတ္မရွည္ႏိုင္ ျဖစ္လာသည္။

တစ္ေန႔ေန႔တြင္ လက္ထပ္ထားသည့္ ကိစၥမွာ က်ိန္းေသေပါက္ အေဖာ္ထုတ္ခံရမည္ဟု သူသိေသာ္ျငား ဤမွ် ျမန္ဆန္ေနလိမ့္မည္ဟုလည္း သူမေတြးထားမိေပ။

ျမန္လြန္း၍ သူ႔ဘာသူေတာင္ ျပင္ဆင္ခ်ိန္ အေသအခ်ာ မရလိုက္ဘူးဟု ထင္မိလာ၏။

သူသည္ အေရွ႕တက္လာၿပီး ရန္က်ားလိအား ရင္ခြင္ထဲ ဖက္လိုက္ကာ ေၾကာက္႐ြံ႕စြာႏွင့္ စကားဆိုသည္။

"မဟုတ္ပါဘူး ေပါင္ေပါင္း။ ကိုယ္က တခ်ိဳ႕အရာေတြကို ႀကိဳတင္စီစဥ္ခဲ့ေပမယ့္ မင္းကိုယ့္ကို အဲ့ေလာက္ႀကီးေတာ့ မျငင္းဆန္သင့္ဘူးေလ။ အဲ့ရက္သုံးဆယ္ကလည္း မင္းကိုယ္နဲ႔အတူတူ ျဖတ္သန္းခဲ့တာပဲ။ ကိုယ္ေျပာခဲ့တဲ့ စကားတိုင္း၊ စကားလုံးတိုင္း၊ ကိုယ့္ႏွလုံးသားထဲက ထြက္လာတာပါ။ ဒီတစ္ခ်က္ေတာ့ ကိုယ္မင္းကို နည္းနည္းေလးမွ မလိမ္ရပါဘူး"

ရန္က်ားလိသည္ ေခါင္းလွည့္လာၿပီး ေဒါသထြက္ေနေသာ ႏို႔ေသာက္သားေပါက္အလား ယဲ့ထင္၏ လည္ပင္းကို တစ္ခ်က္ ကိုက္လိုက္သည္။

ယဲ့ထင္သည္ သူ႔ကို လြတ္ေပးလိုက္ၿပီး အၿမဲလိုလို လုံးလုံးလ်ားလ်ား အရႈံးမရွိခဲ့ဖူးသည့္ ကုန္သည္ႀကီးအတိုင္း ေအးေဆး တည္ၿငိမ္ခဲ့သူသည္ ယေန႔တြင္ေတာ့ အမူအရာမွာ မတည္မၿငိမ္ ကေယာင္ေခ်ာက္ျခားႏွင့္

"လက္ထပ္တဲ့ကိစၥကို ကိုယ္မင္းဆီမွာ ေသေသခ်ာခ်ာ ဝန္ခံႏိုင္ပါတယ္။ ဒါကိုေတာ့ ကိုယ္ မျငင္းပါဘူး။ ဒါေပမဲ့ ကိုယ္မင္းကို သေဘာက်ေသးတယ္။ မင္းကို ျပန္လာေစခ်င္ေသးတယ္။ ကိုယ္မင္းနဲ႔ အစကေနျပန္ၿပီး အတူရွိခ်င္ေနေသးတာ၊ အားလုံးက အမွန္ေတြပါကြာ"

ရန္က်ားလိသည္ စကားမေျပာဘဲ ခံစားခ်က္မ်ားကို ဖြင့္ထုတ္ပစ္ၿပီးေနာက္ တိတ္တိတ္ဆိတ္ဆိတ္ႏွင့္ လွည့္ထြက္သြားသည္။

ယဲ့ထင္လည္း သူ႔ကို မတားခဲ့ေပ။ တားလို႔ မရႏိုင္မွန္းလည္း သိပါသည္။

ထိုအခ်ိန္မွစ၍ ရန္က်ားလိႏွင့္ သူ႔အၾကား အတားအဆီးတံတိုင္း ေပါက္ဖြားလာပုံေပၚသည္။ ရန္က်ားလိသည္ သူ႔ကို ဆက္သြယ္ရမလား မဆက္သြယ္ရဘူးလားဟူေသာ အေၾကာင္းအရာ အေပၚတြင္ တြန္႔ဆုတ္တြန္႔ဆုတ္ ျဖစ္မေနေတာ့ဘဲ အရာအားလုံးမွာ ႐ုတ္တရက္ ေအးစက္ စိမ္းကားသြားသည္။

ယဲ့ထင္သည္လည္း ရန္က်ားလိ၏ အိမ္တံခါးကို သြားသြားေခါက္သည္။ သို႔ေသာ္ ရန္က်ားလိသည္ ေခ်ာင္းၾကည့္ေပါက္မွ သူ႔ကို ျမင္သည္ႏွင့္ တံခါးကို လုံးဝ ဖြင့္မေပးေတာ့ေပ။

ထိုကိစၥသည္ ရန္က်ားလိအား ဤမွ်အထိ ေဒါသထြက္သြားေစလိမ့္မည္ဟု ယဲ့ထင္ မေတြးမိခဲ့ေပ။

သူသည္ မာနကို ခဝါခ်ၿပီး သူ႔ဘက္မွပင္ စတင္ကာ ေက်ာက္ရွန္႔ဟိုင္အား ဆက္သြယ္ခဲ့သည္။ ရန္က်ားလိတစ္ေယာက္ အျပင္ထြက္လာေစရန္ ေက်ာက္ရွန္႔ဟိုင္အား ေခ်ာ့ေမာ့ တိုက္တြန္းခိုင္းမလို႔ပင္။

ေက်ာက္ရွန္႔ဟိုင္ကေတာ့ လက္မခံဘဲ ေပါ့ေပါ့ပါးပါးႏွင့္ စကားတစ္ခြန္း​ စြန္႔ႀကဲသည္။

"မင္းမွာ အေတြးေတြ ဒီေလာက္မ်ားၿပီး နည္းလမ္းေတြကလည္း ဒီေလာက္ လက္ဖ်ားခါစရာ ေကာင္းတာကို။ ဒီေန႔လိုေန႔မ်ိဳး ရွိလာမယ္ဆိုတာလည္း စဥ္းစားခဲ့သင့္တယ္။ ကိုယ္ခ်ထားတဲ့ ပိုက္ကြန္ကို ကိုယ့္ဘာသာ ျပန္သိမ္း"

ယဲ့ထင္သည္ အမွန္တကယ္ ႀကံရာမရျဖစ္ေနၿပီး ရန္က်ားလိထံ စာတစ္ေစာင္ခ်င္း တစ္ေစာင္ခ်င္း ေရးေပးကာ တံခါး အေပါက္ၾကားမွ ထည့္ေပးသည္။

ထိုကဲ့သို႔ ေခါင္းမာမာႏွင့္ တစ္ပတ္မွ် ျဖတ္သန္းၿပီးသြားသည္။ တစ္ေန႔ ရန္က်ားလိ ညစာထြက္ဝယ္ေသာအခါ ေအာက္ထပ္တြင္ ယဲ့ထင္ႏွင့္ ႀကဳံႀကိဳက္ျပန္သည္။

ယဲ့ထင္အား ၾကည့္ရသည္မွာ ေစာင့္ေနတာ အေတာ္ၾကာေနၿပီဟု ထင္ရၿပီး ေျမျပင္ေပၚတြင္ ေဆးလိပ္မီးတို အေတာ္မ်ားမ်ား ျပန္႔က်ဲေန၍ျဖစ္သည္။

သူသည္ ရန္က်ားလိ ဆင္းလာသည္ကို ျမင္ေသာအခါ အနည္းငယ္ ဝန္ေလးစြာႏွင့္ ၿပဳံးလိုက္ၿပီး

"ေပါင္ေပါင္း"

ရန္က်ားလိသည္ သူ႔ကို ျမင္သည္ႏွင့္ ေခါင္းလွည့္ကာ ထြက္သြားခ်င္သည္။

ယဲ့ထင္သည္ သူ႔အားတစ္ႀကိမ္ေလာက္ ေတြ႕ရဖို႔ရန္ပင္ လြယ္ကူမေန၍ ကမန္းကတန္း အေရွ႕တက္လာကာ ရန္က်ားလိေရွ႕ ပိတ္ရပ္လိုက္သည္။

သူသည္ ရန္က်ားလိ၏ ေဖာ္ေ႐ြမႈ မရွိေသာ အၾကည့္မ်ားကို ၾကည့္ရင္း ၿပဳံးလိုက္ကာ လက္ထဲတြင္ တစ္ေလွ်ာက္လုံး ကိုင္ထားခဲ့သည့္ ထမင္းဘူးကို ရန္က်ားလိလက္ထဲ ထည့္ေပးလိုက္သည္။

"ညစာ မစားရေသးဘူးမလား။ ဒါက ကိုယ္ဝမ္နမ္ဘက္ကေန မင္းအတြက္ ပါဆယ္ထုပ္လာေပးတာ။ အားလုံး မင္းႀကိဳက္တာေတြပဲ"

ရန္က်ားလိသည္ တိတ္တဆိတ္ႏွင့္ တြန္းဖယ္ကာ ျပန္သြားသည္။

ယဲ့ထင္သည္ အျငင္းခံရ၍ ျပန္ေရာက္လာေသာ ထမင္းဘူးကို ၾကည့္ကာ အခ်ိန္အေတာ္ၾကာ ၿငိမ္သက္သြားၿပီးေနာက္ ေခါင္းျပန္ေမာ့လာကာ အၾကည့္မ်ားက ၿငိမ္းခ်မ္းေနသလို ေတာင္းပန္တိုးလွ်ိဳသည္။

သူသည္ အသက္ျပင္းျပင္း ရႉလိုက္ၿပီး

"လက္ထပ္တဲ့ကိစၥနဲ႔ ပတ္သတ္ၿပီး ကိုယ္ ေနာက္ဆုံးအေနနဲ႔ ကိုယ္ကိုယ္တိုင္အတြက္ တစ္ေခါက္ေလာက္ ရွင္းျပပါရေစ"

သူသည္ တေလးတနက္ႏွင့္ က်ိန္ဆိုေနသည့္အတိုင္း လက္ေခ်ာင္းအနည္းငယ္ ဆန္႔ထုတ္လာကာ

"မင္းကိုလိမ္ညာၿပီး လက္ထပ္မိတာ၊ တကယ္ကို ကိုယ္မွားခဲ့တာပါ။ ကိုယ္မင္းရဲ႕ ဆႏၵကို အေလးမထားမိခဲ့ဘူး။ ဒါေပမဲ့ ကိုယ္မင္းရဲ႕ ခံစားခ်က္ေတြကို မကစားခဲ့ရပါဘူး။ ကိုယ္မင္းကို ဘယ္ေလာက္ေတာင္ သေဘာက်ေနလိုက္လဲ။ ကိုယ္မင္းနဲ႔ ဘယ္ေလာက္ေတာင္ ျပန္ေပါင္းထုတ္ခ်င္ေနလိုက္လဲ။ အဲ့ရက္သုံးဆယ္ထဲမွာ မင္းေသခ်ာေပါက္ ခံစားမိမွာပါ။ ကိုယ္မင္းကို မထိန္းခ်ဳပ္ခ်င္ခဲ့ပါဘူး။ ကိုယ္ဒီတိုင္း.....မင္းကို ဆုံးရႈံးသြားရမွာ ေၾကာက္လို႔ပါ"

ရန္က်ားလိသည္ ကိုယ္ကိုလွည့္ၿပီး အခန္းထဲ ဝင္သြားသည္။

"မင္း ေျပာလို႔ၿပီးၿပီလား။ ေျပာၿပီးရင္ သြားေတာ့"

ယဲ့ထင္သည္ တံခါးေဘာင္ကို လက္ျဖင့္ကိုင္ထားၿပီး အတန္ၾကာမွ သက္ျပင္းအရွည္ႀကီး ခ်လာကာ အနည္းငယ္ စိတ္ပ်က္အားေလ်ာ့သြားသည္။

သူသည္ ရန္က်ားလိထံ ထိုထမင္းဘူးႏွင့္ စကၠဴဘူး အေသးစားေလးကို ေပးလိုက္ၿပီး ခါးသက္သက္ ၿပဳံးကာေျပာသည္။

"မင္းဒီပစၥည္းေတြ ယူထားလိုက္ပါ။ ကိုယ္အဲ့ဒါဆို ျပန္ပါ့မယ္"

ရန္က်ားလိသည္ ျပန္ျပန္လွန္လွန္ စဥ္းစားၿပီးေနာက္ ထိုပစၥည္းမ်ားကို ေပြ႕ပိုက္ကာ တံခါးပိတ္လိုက္သည္။

ယဲ့ထင္ ျပန္သြားၿပီးေနာက္ ရန္က်ားလိသည္ ေျခႏွစ္ေခ်ာင္းပိုက္လ်က္ ဆိုဖာေပၚ တစ္ကိုယ္တည္း ထိုင္လိုက္သည္။ အားဖူႏွင့္ ေရွာင္ဟြမ္တို႔ အခန္းထဲ ဟိုေျပးဒီေျပးႏွင့္ ဆူညံသံျပဳေနသည္ကို ၾကည့္ေနမိခဲ့သည္။

အမွန္တိုင္း ဆိုရလွ်င္ မိမိအား လိမ္ညာလွည့္စားၿပီး လက္ထပ္သြားသည္ကို ပထမဆုံး သိခဲ့စဥ္က သူအမွန္တကယ္ စိတ္ဆိုးမိပါသည္။

သူသည္ ယဲ့ထင္၏ ႏိုင္ထက္စီးနင္း အျပဳအမူမ်ားကို မုန္းတီးသည္။ မိမိအား မလိမ့္တစ္ပတ္႐ိုက္ၿပီး ထိန္းခ်ဳပ္သြားသည္ကိုလည္း မုန္းတီးမိပါသည္။

သို႔ေသာ္ ေဒါသတရားက နည္းနည္းခ်င္းစီ ေျပေလ်ာ့လာၿပီး စိတ္တည္ၿငိမ္မႈ ရလာေသာအခါ ထိုရက္သုံးဆယ္မွာ ယဲ့ထင္တစ္ေယာက္ ႀကိဳတင္ အကြက္ခ်ထားသည္ဟူေသာ သဲလြန္စ အရိပ္အေယာင္တို႔ ရွိေသာ္ျငား ထိုညေနခင္းတိုင္း သူတို႔ ႏွစ္ကိုယ္ၾကား ေျပာခဲ့ၾကသည့္ စကားမ်ား၊ ယဲ့ထင္ ျပဳလုပ္ခဲ့သည့္ ကိစၥမ်ား၊ သူ႔မ်က္လုံးထဲမွ တိုးထြက္လာတတ္ေသာ စစ္မွန္သည့္ ခ်စ္ျခင္းေမတၱာႏွင့္ ေႏြးေထြးမႈမ်ားမွာ လုံးဝ လုပ္ယူခဲ့ျခင္း မဟုတ္ခဲ့ေလမွန္း သူလည္း သိပါသည္။ ရန္က်ားလိ၏ ဦးေႏွာက္ထဲတြင္ နတ္ဆိုးႏွင့္ နတ္ေကာင္းတို႔ ေနာက္တစ္ႀကိမ္ စစ္ခ်ီၾကရျပန္သည္။

သူ အသိျပန္ကပ္လာခ်ိန္တြင္ ေကာင္းကင္ႀကီးမွာ လုံးလုံးလ်ားလ်ား မည္းေမွာင္သြားၿပီျဖစ္သည္။ ညေလက အျပင္ဘက္မွ ျဖတ္ဝင္လာၿပီး အမွန္တကယ္ကို ေအးခ်မ္းလွသည္။

ရန္က်ားလိသည္ ျပတင္းေပါက္နား ေလွ်ာက္သြားၿပီး ျပတင္းကိုပိတ္ကာ ျပန္လွည့္ၾကည့္လိုက္သည္။

ယဲ့ထင္သူ႔အတြက္ ထုပ္ပိုးလာသည့္ ညစာ ထမင္းဘူးမွာ လုံးဝ ေအးစက္ေနၿပီျဖစ္သည္။ သို႔ေသာ္ ဘာထည့္ထားမွန္း မသိသည့္ ဘူးေလးမွာေတာ့ စီစီရီရီ ထုပ္ပိုးထားကာ နံေဘးတြင္ ၿငိမ္သက္စြာ ေနရာယူေနသည္။

ရန္က်ားလိသည္ တစ္ခဏေလာက္ တုံ႔ဆိုင္းေနၿပီးေနာက္ အံႀကိတ္လ်က္ ထိုဘူးကိုယူကာ ​ေဖာက္ဖြင့္လိုက္သည္။

အထဲတြင္ ဓာတ္ပုံေဘာင္တစ္ခု ထည့္ထားသည္။

ရန္က်ားလိသည္ ဓာတ္ပုံကို မ်က္စိေရွ႕ ယူၾကည့္လိုက္ေသာအခါ ယဲ့ထင္၏ ႐ုံးစားပြဲေပၚတြင္ အခ်ိန္အေတာ္ၾကာၾကာ ေနရာယူထားခဲ့သည့္၊ ေဖ်ာ္ေျဖပြဲၿပီးေနာက္ သူတို႔သည္ ေတာက္ပေသာ ၿဂိဳဟ္ကို ပန္ဆင္ထားကာ ေနာက္ကြယ္မွ ျဖတ္သန္းသြားလာၾကေနေသာ လူအုပ္ႀကီးၾကား အနမ္းေပးေနသည့္ ဓာတ္ပုံေလး ျဖစ္ေနသည္။

ရန္က်ားလိသည္ ဓာတ္ပုံထဲမွ လန္႔ဖ်ပ္ၿပီး အံ့ၾသေနေသာ္လည္း မ်က္လုံးမ်ား ေကြးတက္ေအာင္ ၿပဳံးေနသည့္ မိမိကိုယ္ကိုယ္ႏွင့္ သူ႔အား လြန္စြာမွပင္ ခ်စ္ျမတ္ႏိုးစြာႏွင့္ နမ္းရႈပ္ေနေသာ ယဲ့ထင္၏ ပုံစံကို ၾကည့္ေနရင္း မသိလိုက္ပါဘဲ ႏႈတ္ခမ္းတြန္႔မိသြားသည္။

သူ ဓာတ္ပုံေဘာင္ကို လွန္လိုက္ေသာအခါ ေဘာင္အေနာက္တြင္ သိုးေပါက္႐ုပ္ေလး ကပ္ထားသည္။

ထိုသိုးေလးသည္ ငိုငိုယိုယိုႏွင့္ အျပာေရာင္ မ်က္ရည္ႏွစ္တန္း စီးက်ေနသည္။ လက္ထဲတြင္ ဆိုင္းဘုတ္ႀကီး ကိုင္ထားၿပီး အေပၚတြင္ စာလုံးသုံးလုံး ေရးထားသည္___ကိုယ့္ကို ခြင့္လႊတ္ပါ။

ရန္က်ားလိသည္ ဘူးထဲ ထပ္ၾကည့္လိုက္ေသာအခါ ေအာက္ေျခတြင္ စာအိတ္တစ္အိတ္လည္း ထည့္ထားေသးသည္။

သူသည္ စာအိတ္ကို ယူလိုက္ေသာအခါ စာအိတ္ေပၚတြင္ Sticky Note လည္း ကပ္ထားေသးသည္။

Sticky Note ေပၚမွ စာလုံးမ်ားသည္ ထင္ရွားျပတ္သားသည္။ စာေရးထားသူမွာ ခပ္တန္းတန္း ေနတတ္ၿပီး အင္အားႀကီးသူမွန္း ေတြ႕ျမင္ႏိုင္သည္။

"ေပါင္ေပါင္း၊ တကယ္လို႔ အစကေန အဆုံးထိ ကိုယ့္ကိုခြင့္လႊတ္ဖို႔ ဆႏၵမရွိေတာ့ရင္၊ စာအိတ္ကို ဖြင့္ၾကည့္လိုက္ပါ။ မင္းကို လိမ္မိတာ၊ ေတာင္းပန္ပါတယ္။ ဒါေပမဲ့ ကိုယ္အဲ့ဒီႏွစ္ေတြတုန္းကအတိုင္း မင္းကို ခ်စ္ေနဆဲပါပဲ"

ရန္က်ားလိ၏ ႏွလုံးသားထဲတြင္ အနည္းငယ္ တုန္လႈပ္သြားကာ လက္ေခ်ာင္းမ်ားက မင္းကိုခ်စ္တယ္ဟူသည့္ စာလုံးႏွစ္လုံးေပၚတြင္ ခဏၾကာေအာင္ ပြတ္သပ္ေနၿပီးမွ စာအိတ္ကို ဖြင့္လိုက္သည္။

စာအိတ္ထဲတြင္ အဂၤလိပ္စာခ်ဳပ္ ႏွစ္ေစာင္ ထည့္ထားသည္။ ေခါင္းပိုင္း၏ နံေဘးတြင္ Sticky Note ႏွင့္ မွတ္ခ်က္ ေရးသားေပးထားသည္။

ကြာရွင္းခြင့္ေလွ်ာက္လႊာ။
.
.
.
.
.

အပိုင္း34က လက္ေထာက္ဝမ္နဲ႔ အပိုင္း47က  လက္ေထာက္ဝမ္🥲

လက္ေထာက္ဝမ္ရယ္ Rong Hai မွာ အလုပ္ေတြ အရမ္းလုပ္ရၿပီး Stress ေတြ အရမ္းပိလို႔ ဝိတ္တက္လာတာလားဟယ္ အမေလး ငါေသြးတက္😭😭

ဒါနဲ႔ ဒါနဲ႔ ေျပာစရာ သတင္းေလး ရွိတယ္ေတာ့😻🙈


ဒီမွာ ယဲ့ယဲ့နဲ႔ ရန္ရန္ရဲ႕ FAN PAGE ေလး ထြက္လာပါၿပီလို႔!!! ဝါးအု🥺🥳

ဒီေန႔ပဲ ဖြင့္ထားတာပါတဲ့~ဖြင့္ဖြင့္ခ်င္းပဲ အက္ဒမင္ အေခ်ာေလးက တို႔ဆီ လာေၾကာ္ျငာဝင္သြားပါတယ္...ယဲ့ေကာကို အရမ္းႀကိတ္ခိုက္ေနတဲ့ အေခ်ာေလး တစ္ေယာက္က စိတ္႐ူးေပါက္ၿပီး ေပ့ခ်္အသစ္ဖြင့္ထားတယ္ အတူတူ ႐ူးသြားခ်င္သူမ်ားလည္း Page ကို Like လာေပးလို႔ ေျပာေပးပါေနာ္လို႔ မွာသြားပါတယ္🤣🧡

8/2/2022(Tue)

                           ×××



Continue Reading

You'll Also Like

72K 7.4K 5
Original Author - 疾风不知 Original Name - 死敌居然暗恋我 Original Eng Translator - KK Translator Eng Name - My Enemy is actually secrectly in love with me ⚠︎...
61.7K 4.7K 141
I do not own this story this is a fan translation credit to the original author lin yu က သူဟာ အစားထိုးခံတစ်ယောက်လို့ မထင်ထား ခဲ့ဖူး။ သူ့ကိုယ်တိုင်ဟင...
607K 83.5K 61
Name _-_ Marked by a tyrant after transmigrating Author_-_Chi Ling Total Chapter_-_ 59 chapter + 1 extra This is Just for fun translation. Start date...
345K 27.3K 29
Mini Story Uni Life Style Sweet Romance