Cāi Cāi || ချိုက်ချိုက် || [...

By littlewillow01

115K 19.3K 922

Cāi Cāi Author- MòLǐ 莫里 English Translators - Closed Window Translation Burmese Translator - littlewillow01... More

Description
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (58)
Chapter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Chapter (70)
Chapter (71)
Chapter (72)
Chapter (73)
Chapter (74)
Chapter(75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (83)
Chapter (84)
Chapter (85)
Chapter (86)
Chapter (87)
Chapter (88)
Chapter (89) [Final]
Extra Chapter

Chapter (57)

825 184 3
By littlewillow01

Chapter (57)

Act 8: The Cat Who Wants to Become Human (1)
ရှန်းချိုက်နှင့် စန်မန်ချွမ်၏သူငယ်ချင်းများ တွေ့ဆုံမှု

ဘွဲ့ယူခါနီးမှသာ ရှန်းချိုက်လည်း ရုတ်တရက် စိတ်အေးလက်အေးဖြစ်သွား၏။

သူတို့အားလုံးသည် ဘွဲ့လွန်ဒရာမာကို  အစမ်းလေ့ကျင့်ခဲ့ကြပြီးဖြစ်ကာ လူတိုင်းလိုလိုသည်လည်း ကျေနပ်လောက်သောရမှတ်များကို ရရှိခဲ့၏။ သူသည်လည်း ဘွဲ့ယူစာတမ်းကို  စောစီးစွာပြီးစီးခဲ့ပြီး ရက်အနည်းငယ်စောင့်နေခဲ့ခြင်းဖြစ်သည်။

ကျောင်းတွင် တေးဂီတပြဇာတ်မေဂျာကို လူ ၂၀ ကသာ အဓိကယူထားကြခြင်းဖြစ်သည်။  ဘွဲ့မေးခွန်းလွှာကိုဖြေဆိုရာတွင် တစ်ချို့က မူလတန်းကျောင်းတွင် ဂီတဆရာအဖြစ်လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ကြပြီး တစ်ချို့ကတော့ နိုင်ငံခြားတွင်ပညာဆက်လက်သင်ကြားရန် ဆုံးဖြတ်ခဲ့ကြကာ တစ်ချို့မှာတော့ သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ရန် ပွဲစားကုမ္ပဏီတစ်ခုနှင့် လက်မှတ်ရေးထိုးခဲ့ကြပြီး တစ်ချို့သည်လည်း အနာဂတ်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ်သာ အလုပ်လုပ်ကြမည်ဟု ၀န်ခံခဲ့ကြသည်။  ဤသို့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းအထွေထွေအကြား ... ရှန်းချိုက်ကဲ့သို့ တေးဂီတပြဇာတ်အသိုင်းအဝိုင်းတွင်သာဆက်နေရန် ဆုံးဖြတ်ထားသူမှာ ငါးယောက် ခြောက်ယောက်လောက်သာရှိ၏။

နှစ်အနည်းငယ်အတွင်း ထိုလူ ငါးဦး သို့မဟုတ် ခြောက်ဦးသည်လည်း အသက်မွေးဝမ်းကြောင်းလုပ်ငန်းကိုပြောင်းလဲကာ ပိုမိုအလားအလာကောင်းသော အမြတ်အစွန်းရရှိမည့်လုပ်ငန်းများကို ပြောင်းရွေ့လုပ်ကိုင်သွားကြမည်လားကိုတော့ ဘယ်သူမှမသိနိုင်ပေ။

"ဒါပေမယ့် ငါတို့အတန်းခေါင်းဆောင်ကတော့ နောက်ဆယ်နှစ်၊ ဒါမှမဟုတ် နှစ်နှစ်ဆယ်လောက်အထိ တေးဂီတပြဇာတ်သရုပ်ဆောင်အနေနဲ့ပဲ ဆက်ရှိနေဦးမယ်လို့ ငါယုံကြည်နေတယ်"  မိန်းကလေးတစ်ယောက်က တပ်အပ်ပြောကြားလာ၏။ "သူများတွေအားလုံး အသက်မွေးဝမ်းကြောင်းလုပ်ငန်းပြောင်းသွားကြရင်တောင်  သူကတော့ ပြောင်းမှာမဟုတ်ဘူး!!"

အခြားသူတစ်ဦးကလည်း "ဟုတ်တယ်၊ ငါတို့က နှစ် ၅၀ အတွင်းမှာ ရှန်းကောရဲ့ရှေ့ကို ခဏလေးပေါ်လာရတဲ့ စာအုပ်ထဲကဇာတ်ကောင်တွေပဲနေမယ်!! စာအုပ်တစ်အုပ်ထဲမှာ ရှန်းကောရဲ့ဘဝအကြောင်းကို ဘယ်လိုဖော်ပြရမလဲဆိုတော့ -"တေးဂီတပြဇာတ်ဆရာ မစ္စတာရှန်းချိုက်၊ တေးဂီတပြဇာတ်မြှင့်တင်ရေးတွင် သူ့ဘဝကိုရည်စူးထားပြီး စင်မြင့်ပေါ်၌ နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့ကာ မရေမတွက်နိုင်လောက်သည့် ပြောင်မြောက်သောလက်ရာများစွာကို ပံ့ပိုးပေးခဲ့၏... အနားယူပြီးနောက်တွင်လည်း သူသည် နောက်ကွယ်မှထုတ်လုပ်သူဖြစ်လာကာ နိုင်ငံအတွက် ထူးချွန်သောတေးဂီတပြဇာတ်သရုပ်ဆောင်များစွာကို လေ့ကျင့်သင်ကြားပေးခဲ့သည် ..' ပေါ့၊ ဒီလိုပဲဖော်ပြရလိမ့်မယ်"

ထိုစကားများကြောင့် ဝိုင်းထိုင်နေသောကျောင်းသားအားလုံး ရယ်မောကုန်တော့သည်။

သို့သော် သူတို့၏ ထိုရယ်မောခြင်းများ၌ ရွဲ့စောင်းခြင်း၊ လှောင်ပြောင်ခြင်းများမပါရှိဘဲ နှလုံးသားထဲမှ မြတ်နိုးမှုများကိုသာ ထင်ထင်ရှားရှား မြင်တွေ့ရလေသည်။

ရှန်းချိုက်သည် သူတို့နှင့် သက်တူရွယ်တူဖြစ်ကြောင်းထင်ရှားကာ အတန်းထဲရှိ ငါးကြီးသုံးတောင့်များထက်သေးငယ်သော်လည်း သူ့ခန္ဓာကိုယ်ထဲတွင် အဆုံးမရှိသောစွမ်းအင်များ ကိန်းအောင်းနေပုံရ၏။ သူ စင်ပေါ်မှာရပ်လိုက်သည်နှင့် လူတိုင်း၏မျက်လုံးများက သူ့နောက်သို့သာပါသွားတော့သည်။
[T/N : ငါးကြီးသုံးတောင့် = အကြီးငါးခု- လက်၊ ခြေထောက်၊ နား၊ ပခုံးအကျယ်နှင့် တင်ပါး။  တောင့်ဖြောင့်သည့်သုံးခု - ခါး၊ ခြေထောက်နှင့် လည်ပင်း။ အခြေခံအားဖြင့်  သူသည် သူ့အတန်းထဲရှိ သန်မာသူများထက် သေးငယ်သည်ဟုဆိုလိုသည်။]

အောင်မြင်ကျော်ကြားသော တေးဂီတပြဇာတ်သရုပ်ဆောင်တစ်ဦး ဖြစ်လာရန်—ဤသည်မှာ  လွန်ခဲ့သောငါးနှစ်ခန့်က သူ့ကိုယ်သူအတွက် ရှန်းချိုက်ကိုယ်တိုင် ချမှတ်ထားခဲ့သော ပန်းတိုင်တစ်ခုဖြစ်၏။

သူ့ခန္ဓာကိုယ်ကို သူ့ခြေထောက်များက မထောက်ပံ့ပေးနိုင်တော့သည်အထိ ဆက်ကနေဦးမည်ဖြစ်သလို အသက်အရွယ်ကြီးလာ၍ အသံမထွက်နိုင်တော့သည့်အချိန်အထိ စင်ပေါ်တွင် သီချင်းဆိုနေဦးမည်ဖြစ်သည်။

ရှန်းချိုက်၏အနာဂတ်ကို မည်သူကမှ မေးခွန်းထုတ်နိုင်မည်မဟုတ်ပေ — ဌာနခေါင်းဆောင်များက “ထူးချွန်ဘွဲ့ရ  နာမည်ကြီးကျောင်းသားဟောင်း၊ ထူးချွန်တေးဂီတပြဇာတ်သရုပ်ဆောင် မစ္စတာရှန်းချိုက်” အဖြစ် ကျောင်း၌မိန့်ခွန်းပြန်ပြောနိုင်ရန် အချိန်ဆယ်နှစ်စောင့်ပေးမည်ဟုပင် ပြောခဲ့ကြ၏။

ရှန်းချိုက်သည် အရှက်ကြီးသူဖြစ်လေရာ ယခုကဲ့သို့ သူ့အတန်းဖော်များက သူ့ကိုမြှောက်ပင့်လာချိန်၌ သူ့မျက်နှာမှာ တဖြည်းဖြည်းပူလာတော့သည်။ သူသည် စကားလမ်းကြောင်း အမြန်​လွှဲလိုက်ပြီး - " အတန်းပိုင်ဆရာမက ငါ့ကို ပြဇာတ်လက်မှတ်တွေ ပေးထားသေးတယ်၊ ဘယ်သူ စိတ်ဝင်စားလဲ??"

"ဘယ်ပြဇာတ်လဲ??"

"The Cat Who Wants to Become Human ၊ ရှီခီတေးဂီတပြဇာတ်ကုမ္ပဏီရဲ့ မူရင်းဖျော်ဖြေဗားရှင်းပဲ... အခုက ဖျော်ဖြေရေးခရီးစဉ်ဆိုတော့ လိုက်လျောညီထွေဖြစ်အောင် ပြန်လုပ်ထားတာ" 

ရှီခီတေးဂီတပြဇာတ်ကုမ္ပဏီသည်  နာမည်ကျော်ကြားသော်လည်း ယခုတစ်ကြိမ်သည်တော့ ကလေးပြဇာတ်ဖြစ်သည်ကို ကြားသိလိုက်ရသဖြင့် လူတိုင်းခံစားသွားရတော့သည်။

ဘွဲ့ယူခါနီးတွင် အသုံးအဆောင်များထုပ်ပိုးခြင်း၊ ပြောင်းရွှေ့ခြင်းနှင့် အလုပ်ရှာခြင်းကဲ့သို့သော လုပ်စရာကိစ္စအများကြီးရှိသဖြင့်... ဒီအချိန်ကြီးတွင် နှစ်နာရီလောက်ကြာမည့် ကလေးတေးဂီတပြဇာတ်ကိုကြည့်ရန် မည်သူကမှ ဇာတ်ရုံကိုသွားချင်စိတ်မရှိကြပေ။

ရှန်းချိုက်က "ငါ့လက်ထဲမှာ လက်မှတ်တွေအများကြီးရှိတယ်၊ မင်းတို့မသွားရင် ငါ ဘယ်သူ့ကိုပေးရမှာလဲ??"

"အတန်းခေါင်းဆောင်ရဲ့ ခွေးလေးအတွက်ပေါ့!" သူ့အခန်းဖော်က နောက်ပြောင်၏။  "အဲ့ဒါနဲ့ ဒိတ်လုပ်လိုက်ကြလေ"

ကျောင်းတက်ပြီးသိပ်မကြာခင်မှာပဲ တခြားဌာနမှမိန်းကလေးများက ရှန်းချိုက်ကိုဖွင့်ပြောခဲ့ကြ၏။ ရှန်းချိုက်လည်း သူတို့ကို ငြင်းပယ်ရာတွင် တစ်ဖက်လူ၏စိတ်ခံစားချက်ကိုပါ ဖြတ်တောက်ပေးရန် တစ်ခါတည်း Come Out လုပ်ထားလိုက်သည်။

သူတို့ကဲ့သို့ အနုပညာကျောင်းများတွင် လိင်စိတ်ခံယူမှုနှင့်ပတ်သတ်၍ ပွင့်လင်းသောသဘောထားရှိသည့် လူများစွာရှိနေသောကြောင့် ခွဲခြားဆက်ဆံသောမျက်လုံးများနှင့် ရင်မဆိုင်ခဲ့ရသည်မှာ အလွန်ကံကောင်းပေသည်။

လွန်ခဲ့သည့်နှစ်လကျော်က အတန်းဖော်တစ်ဦးသည် ရှန်းချိုက်နှင့်စန်မန်ချွမ်တို့ ကျောင်းဝင်းအတွင်း လက်ချင်းတွဲ၍ လမ်းလျှောက်လာခဲ့သည်ကို မြင်သွားချိန်မှစ၍ ရှန်းချိုက်သည် လူတိုင်းအား သူ့ချစ်သူကောင်လေးနှင့် မိတ်ဆက်ပေးခဲ့၏။

ငယ်ရွယ်သောစုံတွဲလေးသည် ယောက်ျားလေးနှင့် ယောက်ျားလေးချင်းဖြစ်သော်လည်း တစ်ဦးမှာ အားကစားကောလိပ်၏မြက်ကလေးဖြစ်ပြီး နောက်တစ်ဦးကတော့ ဂီတဌာနရှိနတ်ဘုရားလေးဖြစ်နေသည်။ သူတို့နှစ်ဦးသားသည် တကယ်ကို လိုက်ဖက်ညီကြ၏။

လူတိုင်းက စန်မန်ချွမ်အကြောင်းပြောလာသောအခါ ရှန်းချိုက်လည်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါပြလိုက်ပြီး “သူက ပြဇာတ်တွေကိုသိပ်နားမလည်ဘူး၊ တစ်ဝက်တစ်ပျက်နဲ့ အမြဲတမ်းအိပ်ပျော်သွားတာပါပဲ”

စန်မန်ချွမ်အပေါ်ထားရှိနေသော သူ့မကျေနပ်ချက်ဖြစ်မည်ဟု သူ့အတန်းဖော်များနားလည်မှုလွဲသွားမည်ကို စိုးရိမ်သောကြောင့် ထပ်မံရှင်းပြလိုက်သည်။ ​"တကယ်တော့ ငါ သူ့ကို အပြစ်မတင်ပါဘူး။ အရင်ကလည်း သူနဲ့အတူ ဘောလုံးပွဲကြည့်ဖို့ ငါ့ကိုခေါ်သွားဖူးတယ်၊ ဒါပေမယ့် ငါလည်း ဘာမှနားမလည်ဘူး။ ဘယ်အချိန်မှာ ဘာလို့ စိတ်လှုပ်ရှားပြီးအော်ဟစ်ရမလဲဆိုတာကို ငါခုထိမသိဘူး"

"ငါလည်း ကောင်းကောင်းနားလည်တယ်!"  နားထောင်နေသောမိန်းကလေးက ဒေါသတကြီးဖြင့် သူမ ပေါင်ကိုတစ်ချက်ရိုက်လိုက်ကာ စကားဆို၏။  "ငါ့ချစ်သူလည်း ငါ့ကို သူနဲ့အတူ ဘောလုံးပွဲကြည့်ဖို့ ဆွဲခေါ်သွားတာလေ၊ တကယ်က ပွဲထဲမှာ ပရိသတ်အများကြီးကလေ ဒရမ်တီးပြီး ကြွေးကြော်သံတွေအော်ဟစ်နေကြတာ။ မိန်းကလေးအဖွဲ့တွေကိုအားပေးတဲ့  ပရိသတ်တွေထက်တောင် ပိုပြီးရိုင်းစိုင်းကြတယ်။ သပ်သပ်ရပ်ရပ်လည်း မရှိဘူး.... ငါလည်း ဘာကိုမှ နားမလည်ဘူး။ တကယ်ကို စိတ်ဝင်စားဖို့ကောင်းလွန်းတယ်ဆိုတော့လေ ငါ့ဘာသာငါ တစ်ချိန်လုံးဖုန်းပွတ်နေရတယ်.. ပွဲလည်းပြီးရော ငါက သူ့ဝါသနာကိုမလေးစားပါဘူးဆိုပြီး  ငြင်းခုံရင်းနဲ့ အဆုံးသတ်သွားတာပဲ... ငါလည်း သူ့ကို ပြီးခဲ့တဲ့အပတ်ကပဲ Ex-Boyfriend စာရင်းထဲသွင်းလိုက်ပြီ!"

ရှန်းချိုက်လည်း အံ့အားသင့်သွားတော့သည်။ "မင်းတို့ တွဲနေကြတာ နှစ်တော်တော်ကြာပြီမှတ်လား?? ဒီလို သဘောထားကွဲလွဲမှုတွေနဲ့ လမ်းခွဲလိုက်ကြပြီပေါ့"

ကောင်မလေးက ပခုံးတွန့်ပြ၏။ " အပေါ်ယံမှာတော့ သဘောထားကွဲလွဲမှုလေးတစ်ခုလိုဖြစ်နေတာပေါ့။ တကယ်တော့လေ ဒီပြဿနာတွေက  တဖြည်းဖြည်းနဲ့ စုစုလာတာ... နောက်ဆုံး ထပ်သည်းမခံနိုင်တော့တဲ့အချိန်ကျမှ ဝုန်းခနဲပေါက်ကွဲသွားပြီး နိဂုံးချုပ်သွားတော့တာပဲ "

ကုလားအုတ်ကျောပေါ်က ကျိုးကြေသွားတဲ့နောက်ဆုံးကောက်ရိုးမျှင်ကို ဘယ်သူကသတိထားမိလို့လဲ??

ရှန်းချိုက်လည်း တိတ်ဆိတ်နေ၏။

ကောင်မလေးက ခါးသက်သက်ပြုံးလိုက်ပြီး "တကယ်တော့ လမ်းခွဲလိုက်တာက... ငါတို့ နှစ်ယောက်က ခဏခဏစကားများကြတယ်။ သိတဲ့အတိုင်းပဲ ငါက ဘွဲ့ရတော့မယ့်ကျောင်းသူတစ်ယောက်၊ ဒါပေမယ့် သူက အလုပ်လုပ်နေပြီ။ ငါတို့ နှစ်ယောက်က အခုမပြတ်ရင်တောင် ငါတို့ရဲ့ဘဝအခြေအနေကွာခြားမှုတွေက တဖြည်းဖြည်းပိုများလာပြီး  အနာဂတ်မှာ တစ်ချိန်မဟုတ်တစ်ချိန်တော့ ငါတို့ကွဲသွားမှာသေချာတယ်"

ဘွဲ့နှင်းသဘင်ရာသီသည် လမ်းခွဲရာသီဟုဆိုကြ၏။ ကျောင်းတုန်းက အရမ်းကိုသာယာချိုမြိန်လှပါချည်ရဲ့ဆိုတဲ့ စုံတွဲဘယ်နှစ်ယောက်ကများ ထိမ်းမြားခြင်းနန်းတော်ထဲကို ဝင်နိုင်ကြလို့လဲ??

အထူးသဖြင့် တစ်ဦးက လူ့အဖွဲ့အစည်းထဲဝင်ရောနေရပြီး လူ့ဆက်ဆံရေးကိုကြံ့ကြံ့ခံရင်ဆိုင်နေရချိန်မှာ ကျန်တစ်ဦးက အေးအေးဆေးဆေးစာသင်နေမည်ဆိုပါက... သူတို့နှစ်ဦးသား၏ ဆက်ဆံရေးနားလည်မှုက တဖြည်းဖြည်းနည်းပါးလာမည်သာ။

ကောင်မလေးသည် ထိလွယ်ရှလွယ်ဖြစ်နေပြီး သူမစကားပြောနေသောအခါတွင် မျက်လုံးများက နီရဲနေ၏။ " ဆက်ဆံရေးတစ်ခုထူထောင်ရတဲ့နေရာမှာ ဝါသနာကနေစပြီး ဘဝရေးရာစီစဉ်ထားတာတွေအထိ ခြားနားချက်တွေအများကြီးရှိတယ်။ သူက ငါဘွဲ့ရပြီးတာနဲ့ အိမ်ထောင်ပြုစေချင်ပေမယ့် ငါကတော့ ငါ့ကိုယ်ငါ ငယ်သေးတယ်လို့ထင်နေခဲ့တာ။  လုပ်ငန်းခွင်ထဲဝင်တိုးကြည့်ပြီး ပထမဆုံး တိုက်ပွဲဝင်လိုက်ချင်ပေမယ့် သူကတော့ ငါ့ကို ကျောင်းတက်ရင်းနဲ့ ကလေးမွေးစေချင်နေတယ်... ဘဝခရီးလမ်းက အရှည်ကြီးပါပဲ။  တစ်ယောက်က အရှေ့ဘက်ကိုသွားချင်နေချိန်မှာ နောက်တစ်ယောက်က အနောက်ဘက်ကိုပဲသွားချင်လာပြီဆိုရင် … နောက်ဆုံးတော့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရမှာပဲ"

ဤအကြောင်းအရာများကို လေးလေးနက်နက်ပြောကြားပြီးနောက် မူလကရှိခဲ့သော ကောင်းမွန်သည့်လေထုလေးမှာ ပျောက်ကွယ်သွားတော့သည်။

နေ့လည်စာစားပြီးနောက် ရှန်းချိုက်သည် သူ့လက်ထဲရှိလက်မှတ်များကိုကြည့်လိုက်ကာ  နောက်ဆုံးတွင်တော့ စန်မန်ချွမ်ကိုဖုန်းဆက်ရန်  ဆုံးဖြတ်လိုက်၏။

ချစ်မိနေတဲ့အချိန်မှာတော့ ဘယ်သူမှလမ်းခွဲကြမှာမဟုတ်ဘူး — ရှန်းချိုက်သည် စန်မန်ချွမ်နှင့်ပတ်သတ်၍  တိတ်တဆိတ်သာ နားလည်မှုမြင့်မားလာစေရန် မျှော်လင့်ထားခဲ့သည်။ ဒီဆက်ဆံရေးကို နစ်မြုပ်မသွားစေချင်ပေ။

ကံကောင်းထောက်မစွာပင် စန်မန်ချွမ်ကလည်း သူ့ကို ဘယ်တော့မှလက်မလျှော့ခဲ့ပေ။

သူ၏ ရွှေရောင်အမွှေးပွခွေးကြီးသည် ဖုန်းကို  တတ်နိုင်သမျှမြန်မြန်ကိုင်ခဲ့ပြီး တယ်လီဖုန်းလိုင်းကိုဖြတ်လာသောအသံအရ ဘယ်လောက်တောင်အမြီးနှံ့နေမလဲကိုတောင် ရှန်းချိုက်မြင်ယောင်ကြည့်နိုင်သည်။

"ချိုက်ချိုက်!" စန်မန်ချွမ်က မေး၏။  "မင်းဘာကိစ္စရှိလို့ ကိုယ့်ကိုဖုန်းဆက်ရတာလဲ??"

ရှန်းချိုက်က "ငါ့မှာ တေးဂီတပြဇာတ်အတွက် လက်မှတ်နည်းနည်းရထားတယ်။ မင်းကြည့်ချင်သေးလား??"

"ကောင်းပြီ! ကိစ္စမရှိပါဘူး!" စန်မန်ချွမ်သည်  ရက်စွဲတွေတောင်မေးမနေတော့ဘဲ ဖျတ်ခနဲ  သဘောတူလိုက်၏။ တေးဂီတပြဇာတ်ကိုကြည့်နေရင်း သူ အိပ်အိပ်ပျော်သွားတာ  ဘယ်နှစ်ကြိမ်မှန်းတောင် မမှတ်မိတော့ပေ။  "ဒါနဲ့ လက်မှတ်ဘယ်နှစ်စောင်ရှိတာလဲ?? ကိုယ့်သူငယ်ချင်းတွေကိုရော အတူတူကြည့်ဖို့ ခေါ်လာလို့ရလား??"

"လက်မှတ်တွေက အများကြီးရှိတယ်..." ရှန်းချိုက် ဆက်ပြောပြလိုက်၏။ "ဒါပေမယ့် ဒီပြဇာတ်အမျိုးအစားက ကလေးပြဇာတ်မျိုးနော်... ဇာတ်ကွက်က နည်းနည်းတုံးတုံးအအနိုင်တယ်။ မင်းသူငယ်ချင်းတွေ ကြိုက်ပါ့မလား??"

"သေချာတာပေါ့ သူတို့ကြိုက်ကြမှာပါ!!" စန်မန်ချွမ်က "ဒီကောင်တွေကလည်း ငတုံးငအတွေပဲဟာ!!"

"..."

ထို့ကြောင့် သဘောတူလိုက်တော့သည်။

- - - - - - - - - - -

ယခုတစ်ကြိမ်တွင် တရုတ်နိုင်ငံသို့လာရောက်ဖျော်ဖြေသည်မှာ ဂျပန်နိုင်ငံ၏ ရှီခီပြဇာတ်ကုမ္ပဏီဖြစ်သည်။ တာကာရာဇူကာကဲ့သို့ပင် ၎င်းသည် အာရှတွင်လူသိများသော တေးဂီတပြဇာတ်ရုံ ကုမ္ပဏီတစ်ခုဖြစ်ကာ ထုတ်လုပ်ရေး၊ အစမ်းလေ့ကျင့်မှုနှင့် အနုပညာရှင်ပွဲစားများစွာဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။ ထို့အပြင် ရှည်လျားသောသမိုင်းကြောင်းဖြင့် ကျော်ကြား၏။

The Cat Who Want to Become Human သည် အမည်တူဂျပန်ဒဏ္ဍာရီပုံပြင်မှ လိုက်လျောညီထွေဖြစ်အောင်ဖန်တီးထားသော အဖွဲ့သားများ၏ လက်ရာတစ်ခုဖြစ်သည်။ ၁၉၇၉ ခုနှစ်ကတည်းက စတင်ဖျော်ဖြေခဲ့ကာ ယခုအချိန်အထိ နှစ်ပေါင်း ၄၀ အတွင်း ရှိုးပွဲ ၂၀၀၀ ကျော် ဖျော်ဖြေပြနိုင်ခဲ့သည်။
[T/N: ဒီထဲကအချက်အလက်နဲ့ကိုက်ညီနေလို့ ပြောပြတာပါ၊ ဒီ Cāi Cāi Novel ကို မူရင်းစာရေးစာဆရာမက ၂၀၁၉ ခုနှစ်မှာရေးသားခဲ့တာပါ။ ဒါကြောင့် နှစ် ၄၀ လို့ပြောထားတာပါ။ Cāi Cāi ကို E tran က ၂၀၂၁ မှာပြီးခဲ့တာဖြစ်ပြီး အိုင်ကတော့ ၂၀၂၂ မှာပြီးမှာပါ။]

ထိုနေ့တွင် ရှန်းချိုက်သည် ပြဇာတ်ရုံအဝင်ပေါက်၌ စောစောလာစောင့်နေခဲ့၏။ စန်မန်ချွမ်ကလည်း ခုနစ်နာရီအတိတွင် အချိန်မှန်စွာဖြင့် ရောက်ရှိလာလေသည်။

စန်မန်ချွမ်၏နောက်တွင်တော့ ပျမ်းမျှအရပ်အမြင့် ၁.၈၅ မီတာလောက်ရှိသည့် အရပ်ရှည်ရှည်ယောက်ျားလေးခုနစ်ယောက် ရပ်နေကြသည်။  သူတို့ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများသည်  တစ်ယောက်က နောက်တစ်ယောက်ထက်ပို၍  ကြောက်စရာကောင်းကြ၏။

အရပ် ၁.၇၈ မီတာသာရှိသော ရှန်းချိုက်ကတော့ ဧရာမတောအုပ်ကြီးထဲတွင် ရပ်နေရသကဲ့သို့ ခံစားလိုက်ရ၏။ ထို့ကြောင့် သူလည်း ဆိတ်ဆိတ်သာနေလိုက်သည်။

ကလေးများအတွက် တေးဂီတပြဇာတ်ဖြစ်သောကြောင့် အဝင်အထွက်ရှိသူများမှာ မိဘများကိုလက်ဆွဲထားရသော ကလေးလေးများသာဖြစ်၏။

အချို့သောပဲစေ့လေးများဆိုလျှင် "ဘီလူးကြီးများ" ၏ပေါင်နားကိုတောင် မရောက်နိုင်ကြဘဲ  လည်ပင်းကိုတစ်ရာ့နှစ်ဆယ်ဒီဂရီလောက် လိမ်လိုက်ကာ အစ်ကိုအကြီးကြီးများကို အံ့အားသင့်စွာကြည့်နေကြလေသည်။

ရှန်းချိုက်ကတော့ သေလောက်အောင် ရှက်သွားသည်။  ဘီလူးကြီးများလည်း သေလောက်အောင်ရှက်နေကြ၏။

စန်မန်ချွမ်သာလျှင် အရှက်ဟူသောစကားလုံးကိုမသိဘဲ မွေးဖွားလာခြင်းဖြစ်၏။

"ချိုက်ချိုက်!" စန်မန်ချွမ်က စိတ်အားထက်သန်စွာဖြင့် လက်ဝှေ့ယမ်းပြနေပြီး "မင်းကို ငါမိတ်ဆက်ပေးမယ်၊ ဒါတွေအားလုံးက ငါ့ညီအစ်ကိုတွေပဲ။ သူတို့က မင်းကို အရမ်းတွေ့ချင်နေကြတာ!! ဒီတစ်ယောက်က တာဝေးအပြေးလေ့ကျင့်ရတဲ့ မောင်ကွမ်၊ မင်း သူ့ကို တာ့သွေ့ (T/N: အမွေးပွပေါင်) လို့ ခေါ်လို့ရတယ်။ ဒါက အမြင့်ခုန်တဲ့ကောင်းရှင်း... သူ့ကို  လောင်ကောင်းလို့ခေါ်နော်…"

ရှန်းချိုက် သဘောပေါက်သွားသည်။

သူ့ကို လာအကဲခတ်ကြသော "သာမန်လူအုပ်စု" ဟုသာ တွေးထားလိုက်သည်။

သို့သော် သူထင်နေသည်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေမှန်း ရှန်းချိုက်မသိခင်အချိန်အထိသာ. . .

ရှန်းချိုက်ကပဲ သူတို့နှင့်စကားစပြောနိုင်ရန် ကြိုးစားလိုက်သည်။ "ဟယ်လို၊ မန်ချွမ်က သူ့ညီအစ်ကိုတွေအကြောင်း ​အမြဲပြောနေကျပါပဲ... တွေ့ရတာ ဝမ်းသာပါတယ်"

သို့သော် သူ့လက်တစ်ဖက်တည်းကသာ လေထဲ၌ ဆယ်စက္ကန့်ကျော်လောက်ကြာအောင် ဆန့်ထုတ်ထားလျှက်ရှိနေရ၏။ ဘီလူးကြီးတော်တော်များများက 'မင်းငါ့ကိုကြည့်တယ်၊ ငါလည်း မင်းကိုကြည့်နေတယ်' ဟု သရုပ်ဆောင်နေကြသည့်အတိုင်းပင်။  နောက်ဆုံးတွင်တော့ မောင်ကွမ်သည် သူ့လက်ကို သတိထားပြီးဆန့်ထုတ်လိုက်ကာ လက်ချောင်းထိပ်လေးများနှင့် ထိသည်ဆိုရုံမျှထိလိုက်ရင်း အလျင်အမြန်လှုပ်ယမ်းလိုက်ပြီးနောက် သူ့လက်ကိုပြန်ရုတ်လိုက်၏။

ရှန်းချိုက် : "..."

စန်မန်ချွမ်လည်း မျက်စိကန်းမနေသောကြောင့် ချက်ချင်းမျက်မှောင်ကြုတ်လိုက်ကာ "မင်းက ဘာကိစ္စရှိနေလို့လဲ!? ရှန်းချိုက်မှာ ကူးစက်ရောဂါရှိနေတာမဟုတ်ဘူး၊ ဘာလို့ သူ့လက်ကိုထိဖို့ ဒီလောက်တောင်တွန့်နေရတာလဲ!?"

“မဟုတ်ဘူး…” မောင်ကွမ်က ခေါင်းကုတ်လိုက်လေသည်။  အရပ်ရှည်သော်လည်း သူ့မျက်နှာမှာ အလွန်နုနယ်သေးပြီး အပြစ်ကင်းစင်သော အသွင်ဆောင်နေ၏။  "ဒါက 'သူငယ်ချင်းရဲ့ ဇနီး' မဟုတ်ဘူးလား?? မင်းရဲ့ပါတနာကို ငါတို့က အခွင့်ကောင်းမယူချင်ပါဘူး"

ရှန်းချိုက်လည်း အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရ၏။

သူသည် သူတို့နှင့် လိင်အမျိုးအစား အတူတူသာဖြစ်သည်— ထို့ကြောင့် သူ့ကို ရှောင်ရှားနေရန်မလိုအပ်ပေ။

သို့သော် ရှန်းချိုက်သည် ထိုသို့တွေးပြီးပြီးချင်း မေ့ပစ်လိုက်၏။ သူသည် စန်မန်ချွမ်၏ညီအစ်ကိုများနှင့်မဟုတ်ဘဲ စန်မန်ချွမ်နှင့်သာ ချစ်နေခြင်းဖြစ်သည်။ တခြားသူများအနေဖြင့် သူတို့နှစ်ယောက်၏ဆက်ဆံရေးကို သူတို့ဆန္ဒအတိုင်းသာ ထင်မြင်နိုင်လေသည်။

ရှန်းချိုက်လည်း သူတို့ကို လက်မှတ်များခွဲပေးလိုက်တော့သည်။ ယောက်ျားကြီးကိုးယောက်မှာ လက်မှတ်စစ်ရန်တန်းစီရပြီးနောက် ပြဇာတ်ရုံထဲသို့ လျှောက်ဝင်သွားကြ၏။

သူတို့၏ပျမ်းမျှအရပ်မှာ အလွန်မြင့်မားလွန်းပြီး ပေါ်လွင်လွန်းနေခြင်းကြောင့် သူတို့ဝင်ထိုင်ပြီးသည်နှင့် အဆုံးမရှိသောဆူညံသံများနှင့်အတူ အာရုံစူးစိုက်မှုများစွာကိုပါ ရရှိခဲ့လေသည်။

အားကစားသမားလေးများသည် ခုံများတွင်ဝင်ထိုင်ကာ သူတို့ခေါင်းကို ကော်နှင့်ကပ်ထားရုံကလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။

စန်မန်ချွမ်သည် ရှန်းချိုက်အား သူ့သူငယ်ချင်းအသိုင်းအဝိုင်းထဲသို့ ဆွဲသွင်းချင်ခဲ့ခြင်းဖြစ်သည်။ သူ့နောက်ကွယ်တွင် သူ့သူငယ်ချင်းများက ရှန်းချိုက်အကြောင်းတွေပြောဆိုနေသည်ကို သူသိနေသဖြင့် ဤအခွင့်အရေးကို အသုံးချကာ ရှန်းချိုက်ကဘယ်လောက်တောင်ထူးချွန်သလဲဆိုတာကို သိစေချင်ပြီး နှစ်ဦးနှစ်ဖက်ကို ပေါင်းစည်းစေချင်ခြင်းဖြစ်၏။

ကံမကောင်းစွာပင် သူသည် မှားယွင်းသောနည်းလမ်းကို ရွေးချယ်မိခဲ့သည်ပင်။

မကြာမီတွင် အတွင်းခန်းရှိမီးများအားလုံးမှိန်သွားပြီး ပိတ်ကားပွင့်သွားကား တေးဂီတပြဇာတ် စတင်ခဲ့၏။

The Cat Who Wants to Become Human သည် ကြောင်တစ်ကောင်၏ စွန့်စားခန်းအကြောင်း ဒဏ္ဍာရီပုံပြင်တစ်ခုသာဖြစ်သည်။

ကြောင်က မှော်ဆရာကိုတောင်းပန်ကာ သူ့အား လူသားအဖြစ်ပြောင်းလဲပေးရန် တောင်းဆိုခဲ့ပြီး ကမ္ဘာကြီးကို စူးစမ်းလေ့လာခဲ့၏။ ကြောင်သည် မတူညီသောလူများနှင့် အကြောင်းအရာများစွာကို တွေ့ဆုံခဲ့ရကာ ဝမ်းနည်းခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကိုတွေ့ကြုံခဲ့ရပြီး ဒုက္ခများစွာကိုတွေ့ကြုံခဲ့ရသလို ပျော်ရွှင်မှုများစွာကိုလည်း ရရှိခဲ့သည်။

ဤတေးသရုပ်ဖော်မှာ ကလေးများအတွက်ဖြစ်သောကြောင့် စင်ပေါ်ရှိသရုပ်ဆောင်များမှာ  အလွန်အမင်းပေါ်လွင်အောင် ဖျော်ဖြေကြလေသည်။ သူတို့သည် ခဏလေးထိုင်လိုက်ပြီးနောက် ငိုသွားလိုက်၊ အူတက်သည်အထိ ရယ်မောပြလိုက်ဖြင့် သူတို့၏လုပ်ဆောင်ချက်အားလုံးမှာ ပွင့်ပွင့်လင်းလင်းရှိကြ၏။ ဇာတ်လိုက်ဖြစ်သော ကြောင်ထီးနေရာသရုပ်ဆောင်သည့်သူမှာ အမြဲလိုလို မရပ်မနားခုန်ပေါက်နေရလေသည်။  အလင်းရောင်၊ နောက်ခံတေးသံ၊ အဝတ်အစားအရောင် စသည်ဖြင့် ... အရာအားလုံးသည် တစ်ခုက နောက်တစ်ခုထက်ပိုပြီး ဆူညံပွက်လောရိုက်နေတော့သည်။

ကလေးများကတော့ စိတ်ဝင်တစားကြည့်နေကြသော်လည်း ခန်းမထဲရှိ သူငယ်ချင်းအုပ်စုကြီးကတော့ သူတို့ရဲ့ဦးရေပြားတွေတောင်  တဆတ်ဆတ်တုန်လာသလို ခံစားနေရလေသည်။

ပိတ်ကားဖွင့်ပြီး ဆယ်မိနစ်ခန့်အကြာတွင် မောင်ကွမ်က “ဒါနဲ့ ငါသန့်စင်ခန်းသွားလိုက်ဦးမယ်” ဟု ပြောလာ၏။

သည်နောက်တွင်တော့ မောင်ကွမ်တစ်ယောက် လုံးဝပြန်ဝင်မလာတော့ပေ။

ဆယ်မိနစ်လောက်ကြာတော့ ကောင်းရှင်းက "အင်း... ငါ ဆေးလိပ်သွားသောက်လိုက်ဦးမယ်"

ထို့နောက် ကောင်းရှင်းသည်လည်း ဘယ်တော့မှပြန်ဝင်မလာပေ။

ထို့နောက် ချက်ချင်းဆိုသလိုပင် အခြားသူများသည်လည်း ဖုန်းသွားပြောခြင်း၊ သောက်စရာသွားဝယ်ခြင်း၊ ဆရာအတွက် တစ်ခုခုသွားရှာပေးခြင်း စသည်ဖြင့် ဆင်ခြေမျိုးစုံဆက်တိုက်ပေးကြကာ ဇာတ်ရုံထဲမှထွက်သွားကြလေသည်။

နောက်တော့ ဘယ်သူမှလည်း ပြန်မလာတော့ပေ။

ရှန်းချိုက် ဒေါသထွက်နေခဲ့လား?? ဟင့်အင်း ရှန်းချိုက်ဒေါသမထွက်ဘဲ တည်ငြိမ်နေခဲ့၏။

သူ့လိုရင့်ကျက်တည်ငြိမ်တဲ့ငန်းက မျောက်လွှဲကျော်နဲ့တော့ တူညီတဲ့အမြင်မျိုး ဘယ်တော့မှရှိလာမှာမဟုတ်ဘူး။

သူလိုအပ်သည်မှာ ရွှေရောင်အမွှေးပွခွေးနှင့်တူလေသော သူ့ချစ်သူကောင်လေးသာ။

- နောက်တစ်စက္ကန့်အကြာတွင် စန်မန်ချွမ်လည်းသမ်းဝေလာပြီး ခေါင်းစောင်းလိုက်ကာ ရှန်းချိုက်၏ပုခုံးပေါ်သို့ မှီချလိုက်တော့သည်။

ရှန်းချိုက် : ငါတည်ငြိမ်နေသေးတယ်၊ ဒေါသမထွက်သေးဘူး :)

____________________________________________
Zawgyi

Chapter (57)

Act 8: The Cat Who Wants to Become Human (1)
ရွန္းခ်ိဳက္ႏွင့္ စန္မန္ခြၽမ္၏သူငယ္ခ်င္းမ်ား ေတြ့ဆံုမႈ

ဘြဲ႔ယူခါနီးမွသာ ရွန္းခ်ိဳက္လည္း ရုတ္တရက္ စိတ္ေအးလက္ေအးျဖစ္သြား၏။

သူတို႔အားလံုးသည္ ဘြဲ႔လြန္ဒရာမာကို  အစမ္းေလ့က်င့္ခဲ့ၾကၿပီးျဖစ္ကာ လူတိုင္းလိုလိုသည္လည္း ေက်နပ္ေလာက္ေသာရမွတ္မ်ားကို ရရိွခဲ့၏။ သူသည္လည္း ဘြဲ႔ယူစာတမ္းကို  ေစာစီးစြာၿပီးစီးခဲ့ၿပီး ရက္အနည္းငယ္ေစာင့္ေနခဲ့ျခင္းျဖစ္သည္။

ေက်ာင္းတြင္ ေတးဂီတျပဇာတ္ေမဂ်ာကို လူ ၂၀ ကသာ အဓိကယူထားၾကျခင္းျဖစ္သည္။  ဘြဲ႔ေမးခြန္းလႊာကိုေျဖဆိုရာတြင္ တစ္ခ်ိဳ႕က မူလတန္းေက်ာင္းတြင္ ဂီတဆရာအျဖစ္လုပ္ကိုင္ရန္ ဆံုးျဖတ္ခဲ့ၾကၿပီး တစ္ခ်ိဳ႕ကေတာ့ ႏိုင္ငံျခားတြင္ပညာဆက္လက္သင္ၾကားရန္ ဆံုးျဖတ္ခဲ့ၾကကာ တစ္ခ်ိဳ႕မွာေတာ့ သရုပ္ေဆာင္အျဖစ္ ပြဲဉီးထြက္ရန္ ပြဲစားကုမၸဏီတစ္ခုႏွင့္ လက္မွတ္ေရးထိုးခဲ့ၾကၿပီး တစ္ခ်ိဳ႕သည္လည္း အနာဂတ္တြင္ ႏိုင္ငံ့ဝန္ထမ္းအျဖစ္သာ အလုပ္လုပ္ၾကမည္ဟု ၀န္ခံခဲ့ၾကသည္။  ဤသို႔ အသက္ေမြးဝမ္းေၾကာင္းလုပ္ငန္းအေထြေထြအၾကား ... ရွန္းခ်ိဳက္ကဲ့သို႔ ေတးဂီတျပဇာတ္အသိုင္းအဝိုင္းတြင္သာဆက္ေနရန္ ဆံုးျဖတ္ထားသူမွာ ငါးေယာက္ ေျခာက္ေယာက္ေလာက္သာရိွ၏။

ႏွစ္အနည္းငယ္အတြင္း ထိုလူ ငါးဦး သို႔မဟုတ္ ေျခာက္ဦးသည္လည္း အသက္ေမြးဝမ္းေၾကာင္းလုပ္ငန္းကိုေျပာင္းလဲကာ ပိုမိုအလားအလာေကာင္းေသာ အျမတ္အစြန္းရရိွမၫ့္လုပ္ငန္းမ်ားကို ေျပာင္းေရြ့လုပ္ကိုင္သြားၾကမည္လားကိုေတာ့ ဘယ္သူမွမသိႏိုင္ေပ။

"ဒါေပမယ့္ ငါတို႔အတန္းေခါင္းေဆာင္ကေတာ့ ေနာက္ဆယ္ႏွစ္၊ ဒါမွမဟုတ္ ႏွစ္ႏွစ္ဆယ္ေလာက္အထိ ေတးဂီတျပဇာတ္သရုပ္ေဆာင္အေနနဲ႔ပဲ ဆက္ရိွေနဦးမယ္လို႔ ငါယံုၾကည္ေနတယ္"  မိန္းကေလးတစ္ေယာက္က တပ္အပ္ေျပာၾကားလာ၏။ "သူမ်ားေတြအားလံုး အသက္ေမြးဝမ္းေၾကာင္းလုပ္ငန္းေျပာင္းသြားၾကရင္ေတာင္  သူကေတာ့ ေျပာင္းမွာမဟုတ္ဘူး!!"

အျခားသူတစ္ဦးကလည္း "ဟုတ္တယ္၊ ငါတို႔က ႏွစ္ ၅၀ အတြင္းမွာ ရွန္းေကာရဲ့ေရ႔ွကို ခဏေလးေပၚလာရတဲ့ စာအုပ္ထဲကဇာတ္ေကာင္ေတြပဲေနမယ္!! စာအုပ္တစ္အုပ္ထဲမွာ ရွန္းေကာရဲ့ဘဝအေၾကာင္းကို ဘယ္လိုေဖာ္ျပရမလဲဆိုေတာ့ -"ေတးဂီတျပဇာတ္ဆရာ မစၥတာရွန္းခ်ိဳက္၊ ေတးဂီတျပဇာတ္ျမႇင့္တင္ေရးတြင္ သူ႔ဘဝကိုရည္စူးထားၿပီး စင္ျမင့္ေပၚ၌ ႏွစ္ေပါင္းမ်ားစြာလုပ္ကိုင္ခဲ့ကာ မေရမတြက္ႏိုင္ေလာက္သၫ့္ ေျပာင္ေျမာက္ေသာလက္ရာမ်ားစြာကို ပံ့ပိုးေပးခဲ့၏... အနားယူၿပီးေနာက္တြင္လည္း သူသည္ ေနာက္ကြယ္မွထုတ္လုပ္သူျဖစ္လာကာ ႏိုင္ငံအတြက္ ထူးခြၽန္ေသာေတးဂီတျပဇာတ္သရုပ္ေဆာင္မ်ားစြာကို ေလ့က်င့္သင္ၾကားေပးခဲ့သည္ ..' ေပါ့၊ ဒီလိုပဲေဖာ္ျပရလိမ့္မယ္"

ထိုစကားမ်ားေၾကာင့္ ဝိုင္းထိုင္ေနေသာေက်ာင္းသားအားလံုး ရယ္ေမာကုန္ေတာ့သည္။

သို႔ေသာ္ သူတို႔၏ ထိုရယ္ေမာျခင္းမ်ား၌ ရြဲ႔ေစာင္းျခင္း၊ ေလွာင္ေျပာင္ျခင္းမ်ားမပါရိွဘဲ ႏွလံုးသားထဲမွ ျမတ္ႏိုးမႈမ်ားကိုသာ ထင္ထင္ရွားရွား ျမင္ေတြ့ရေလသည္။

ရွန္းခ်ိဳက္သည္ သူတို႔ႏွင့္ သက္တူရြယ္တူျဖစ္ေၾကာင္းထင္ရွားကာ အတန္းထဲရိွ ငါးႀကီးသံုးေတာင့္မ်ားထက္ေသးငယ္ေသာ္လည္း သူ႔ခႏၶာကိုယ္ထဲတြင္ အဆံုးမရိွေသာစြမ္းအင္မ်ား ကိန္းေအာင္းေနပံုရ၏။ သူ စင္ေပၚမွာရပ္လိုက္သည္ႏွင့္ လူတိုင္း၏မ်က္လံုးမ်ားက သူ႔ေနာက္သို႔သာပါသြားေတာ့သည္။
[T/N : ငါးႀကီးသံုးေတာင့္ = အႀကီးငါးခု- လက္၊ ေျခေထာက္၊ နား၊ ပခံုးအက်ယ္ႏွင့္ တင္ပါး။  ေတာင့္ေျဖာင့္သၫ့္သံုးခု - ခါး၊ ေျခေထာက္ႏွင့္ လည္ပင္း။ အေျခခံအားျဖင့္  သူသည္ သူ႔အတန္းထဲရိွ သန္မာသူမ်ားထက္ ေသးငယ္သည္ဟုဆိုလိုသည္။]

ေအာင္ျမင္ေက်ာ္ၾကားေသာ ေတးဂီတျပဇာတ္သရုပ္ေဆာင္တစ္ဦး ျဖစ္လာရန္—ဤသည္မွာ  လြန္ခဲ့ေသာငါးႏွစ္ခန႔္က သူ႔ကိုယ္သူအတြက္ ရွန္းခ်ိဳက္ကိုယ္တိုင္ ခ်မွတ္ထားခဲ့ေသာ ပန္းတိုင္တစ္ခုျဖစ္၏။

သူ႔ခႏၶာကိုယ္ကို သူ႔ေျခေထာက္မ်ားက မေထာက္ပံ့ေပးႏိုင္ေတာ့သည္အထိ ဆက္ကေနဉီးမည္ျဖစ္သလို အသက္အရြယ္ႀကီးလာ၍ အသံမထြက္ႏိုင္ေတာ့သၫ့္အခ်ိန္အထိ စင္ေပၚတြင္ သီခ်င္းဆိုေနဉီးမည္ျဖစ္သည္။

ရွန္းခ်ိဳက္၏အနာဂတ္ကို မည္သူကမွ ေမးခြန္းထုတ္ႏိုင္မည္မဟုတ္ေပ — ဌာနေခါင္းေဆာင္မ်ားက “ထူးခြၽန္ဘြဲ႔ရ  နာမည္ႀကီးေက်ာင္းသားေဟာင္း၊ ထူးခြၽန္ေတးဂီတျပဇာတ္သရုပ္ေဆာင္ မစၥတာရွန္းခ်ိဳက္” အျဖစ္ ေက်ာင္း၌မိန႔္ခြန္းျပန္ေျပာႏိုင္ရန္ အခ်ိန္ဆယ္ႏွစ္ေစာင့္ေပးမည္ဟုပင္ ေျပာခဲ့ၾက၏။

ရွန္းခ်ိဳက္သည္ အရွက္ႀကီးသူျဖစ္ေလရာ ယခုကဲ့သို႔ သူ႔အတန္းေဖာ္မ်ားက သူ႔ကိုေျမႇာက္ပင့္လာခ်ိန္၌ သူ႔မ်က္ႏွာမွာ တျဖည္းျဖည္းပူလာေတာ့သည္။ သူသည္ စကားလမ္းေၾကာင္း အျမန္​လႊဲလိုက္ၿပီး - " အတန္းပိုင္ဆရာမက ငါ့ကို ျပဇာတ္လက္မွတ္ေတြ ေပးထားေသးတယ္၊ ဘယ္သူ စိတ္ဝင္စားလဲ??"

"ဘယ္ျပဇာတ္လဲ??"

"The Cat Who Wants to Become Human ၊ ရွီခီေတးဂီတျပဇာတ္ကုမၸဏီရဲ့ မူရင္းေဖ်ာ္ေျဖဗားရွင္းပဲ... အခုက ေဖ်ာ္ေျဖေရးခရီးစဉ္ဆိုေတာ့ လိုက္ေလ်ာညီေႂထြဖစ္ေအာင္ ျပန္လုပ္ထားတာ" 

ရွီခီေတးဂီတျပဇာတ္ကုမၸဏီသည္  နာမည္ေက်ာ္ၾကားေသာ္လည္း ယခုတစ္ႀကိမ္သည္ေတာ့ ကေလးျပဇာတ္ျဖစ္သည္ကို ၾကားသိလိုက္ရသျဖင့္ လူတိုင္းခံစားသြားရေတာ့သည္။

ဘြဲ႔ယူခါနီးတြင္ အသံုးအေဆာင္မ်ားထုပ္ပိုးျခင္း၊ ေျပာင္းေရႊ့ျခင္းႏွင့္ အလုပ္ရွာျခင္းကဲ့သို႔ေသာ လုပ္စရာကိစၥအမ်ားႀကီးရိွသျဖင့္... ဒီအခ်ိန္ႀကီးတြင္ ႏွစ္နာရီေလာက္ၾကာမၫ့္ ကေလးေတးဂီတျပဇာတ္ကိုၾကၫ့္ရန္ မည္သူကမွ ဇာတ္ရံုကိုသြားခ်င္စိတ္မရိွၾကေပ။

ရွန္းခ်ိဳက္က "ငါ့လက္ထဲမွာ လက္မွတ္ေတြအမ်ားႀကီးရိွတယ္၊ မင္းတို႔မသြားရင္ ငါ ဘယ္သူ႔ကိုေပးရမွာလဲ??"

"အတန္းေခါင္းေဆာင္ရဲ့ ေခြးေလးအတြက္ေပါ့!" သူ႔အခန္းေဖာ္က ေနာက္ေျပာင္၏။  "အဲ့ဒါနဲ႔ ဒိတ္လုပ္လိုက္ၾကေလ"

ေက်ာင္းတက္ၿပီးသိပ္မၾကာခင္မွာပဲ တျခားဌာနမွမိန္းကေလးမ်ားက ရွန္းခ်ိဳက္ကိုဖြင့္ေျပာခဲ့ၾက၏။ ရွန္းခ်ိဳက္လည္း သူတို႔ကို ျငင္းပယ္ရာတြင္ တစ္ဖက္လူ၏စိတ္ခံစားခ်က္ကိုပါ ျဖတ္ေတာက္ေပးရန္ တစ္ခါတည္း Come Out လုပ္ထားလိုက္သည္။

သူတို႔ကဲ့သို႔ အႏုပညာေက်ာင္းမ်ားတြင္ လိင္စိတ္ခံယူမႈႏွင့္ပတ္သတ္၍ ပြင့္လင္းေသာသေဘာထားရိွသၫ့္ လူမ်ားစြာရိွေနေသာေၾကာင့္ ခြဲျခားဆက္ဆံေသာမ်က္လံုးမ်ားႏွင့္ ရင္မဆိုင္ခဲ့ရသည္မွာ အလြန္ကံေကာင္းေပသည္။

လြန္ခဲ့သၫ့္ႏွစ္လေက်ာ္က အတန္းေဖာ္တစ္ဦးသည္ ရွန္းခ်ိဳက္ႏွင့္စန္မန္ခြၽမ္တို႔ ေက်ာင္းဝင္းအတြင္း လက္ခ်င္းတြဲ၍ လမ္းေလ်ွာက္လာခဲ့သည္ကို ျမင္သြားခ်ိန္မွစ၍ ရွန္းခ်ိဳက္သည္ လူတိုင္းအား သူ႔ခ်စ္သူေကာင္ေလးႏွင့္ မိတ္ဆက္ေပးခဲ့၏။

ငယ္ရြယ္ေသာစံုတြဲေလးသည္ ေယာက္်ားေလးႏွင့္ ေယာက္်ားေလးခ်င္းျဖစ္ေသာ္လည္း တစ္ဉီးမွာ အားကစားေကာလိပ္၏ျမက္ကေလးျဖစ္ၿပီး ေနာက္တစ္ဉီးကေတာ့ ဂီတဌာနရိွနတ္ဘုရားေလးျဖစ္ေနသည္။ သူတို႔ႏွစ္ဉီးသားသည္ တကယ္ကို လိုက္ဖက္ညီၾက၏။

လူတိုင္းက စန္မန္ခြၽမ္အေၾကာင္းေျပာလာေသာအခါ ရွန္းခ်ိဳက္လည္း ကူကယ္ရာမဲ့စြာျဖင့္ ေခါင္းခါျပလိုက္ၿပီး “သူက ျပဇာတ္ေတြကိုသိပ္နားမလည္ဘူး၊ တစ္ဝက္တစ္ပ်က္နဲ႔ အၿမဲတမ္းအိပ္ေပ်ာ္သြားတာပါပဲ”

စန္မန္ခြၽမ္အေပၚထားရိွေနေသာ သူ႔မေက်နပ္ခ်က္ျဖစ္မည္ဟု သူ႔အတန္းေဖာ္မ်ားနားလည္မႈလြဲသြားမည္ကို စိုးရိမ္ေသာေၾကာင့္ ထပ္မံရွင္းျပလိုက္သည္။​"တကယ္ေတာ့ ငါ သူ႔ကို အျပစ္မတင္ပါဘူး။ အရင္ကလည္း သူနဲ႔အတူ ေဘာလံုးပြဲၾကၫ့္ဖို႔ ငါ့ကိုေခၚသြားဖူးတယ္၊ ဒါေပမယ့္ ငါလည္း ဘာမွနားမလည္ဘူး။ ဘယ္အခ်ိန္မွာ ဘာလို႔ စိတ္လႈပ္ရွားၿပီးေအာ္ဟစ္ရမလဲဆိုတာကို ငါခုထိမသိဘူး"

"ငါလည္း ေကာင္းေကာင္းနားလည္တယ္!"  နားေထာင္ေနေသာမိန္းကေလးက ေဒါသတႀကီးျဖင့္ သူမ ေပါင္ကိုတစ္ခ်က္ရိုက္လိုက္ကာ စကားဆို၏။  "ငါ့ခ်စ္သူလည္း ငါ့ကို သူနဲ႔အတူ ေဘာလံုးပြဲၾကၫ့္ဖို႔ ဆြဲေခၚသြားတာေလ၊ တကယ္က ပြဲထဲမွာ ပရိသတ္အမ်ားႀကီးကေလ ဒရမ္တီးၿပီး ေႂကြးေၾကာ္သံေတြေအာ္ဟစ္ေနၾကတာ။ မိန္းကေလးအဖြဲ႔ေတြကိုအားေပးတဲ့  ပရိသတ္ေတြထက္ေတာင္ ပိုၿပီးရိုင္းစိုင္းၾကတယ္။ သပ္သပ္ရပ္ရပ္လည္း မရိွဘူး.... ငါလည္း ဘာကိုမွ နားမလည္ဘူး။ တကယ္ကို စိတ္ဝင္စားဖို႔ေကာင္းလြန္းတယ္ဆိုေတာ့ေလ ငါ့ဘာသာငါ တစ္ခ်ိန္လံုးဖုန္းပြတ္ေနရတယ္.. ပြဲလည္းၿပီးေရာ ငါက သူ႔ဝါသနာကိုမေလးစားပါဘူးဆိုၿပီး  ျငင္းခံုရင္းနဲ႔ အဆံုးသတ္သြားတာပဲ... ငါလည္း သူ႔ကို ၿပီးခဲ့တဲ့အပတ္ကပဲ Ex-Boyfriend စာရင္းထဲသြင္းလိုက္ၿပီ!"

ရွန္းခ်ိဳက္လည္း အံ့အားသင့္သြားေတာ့သည္။ "မင္းတို႔ တြဲေနၾကတာ ႏွစ္ေတာ္ေတာ္ၾကာၿပီမွတ္လား?? ဒီလို သေဘာထားကြဲလြဲမႈေတြနဲ႔ လမ္းခြဲလိုက္ၾကၿပီေပါ့"

ေကာင္မေလးက ပခံုးတြန႔္ျပ၏။ " အေပၚယံမွာေတာ့ သေဘာထားကြဲလြဲမႈေလးတစ္ခုလိုျဖစ္ေနတာေပါ့။ တကယ္ေတာ့ေလ ဒီျပႆနာေတြက  တျဖည္းျဖည္းနဲ႔ စုစုလာတာ... ေနာက္ဆံုး ထပ္သည္းမခံႏိုင္ေတာ့တဲ့အခ်ိန္က်မွ ဝုန္းခနဲေပါက္ကြဲသြားၿပီး နိဂံုးခ်ဳပ္သြားေတာ့တာပဲ "

ကုလားအုတ္ေက်ာေပၚက က်ိဳးေၾကသြားတဲ့ေနာက္ဆံုးေကာက္ရိုးမ်ွင္ကို ဘယ္သူကသတိထားမိလို႔လဲ??

ရွန္းခ်ိဳက္လည္း တိတ္ဆိတ္ေန၏။

ေကာင္မေလးက ခါးသက္သက္ၿပံဳးလိုက္ၿပီး "တကယ္ေတာ့ လမ္းခြဲလိုက္တာက... ငါတို႔ ႏွစ္ေယာက္က ခဏခဏစကားမ်ားၾကတယ္။ သိတဲ့အတိုင္းပဲ ငါက ဘြဲ႔ရေတာ့မယ့္ေက်ာင္းသူတစ္ေယာက္၊ ဒါေပမယ့္ သူက အလုပ္လုပ္ေနၿပီ။ ငါတို႔ ႏွစ္ေယာက္က အခုမျပတ္ရင္ေတာင္ ငါတို႔ရဲ့ဘဝအေျခအေနကြာျခားမႈေတြက တျဖည္းျဖည္းပိုမ်ားလာၿပီး  အနာဂတ္မွာ တစ္ခ်ိန္မဟုတ္တစ္ခ်ိန္ေတာ့ ငါတို႔ကြဲသြားမွာေသခ်ာတယ္"

ဘြဲ႔ႏွင္းသဘင္ရာသီသည္ လမ္းခြဲရာသီဟုဆိုၾက၏။ ေက်ာင္းတုန္းက အရမ္းကိုသာယာခ်ိဳၿမိန္လွပါခ်ည္ရဲ့ဆိုတဲ့ စံုတြဲဘယ္ႏွစ္ေယာက္ကမ်ား ထိမ္းျမားျခင္းနန္းေတာ္ထဲကို ဝင္ႏိုင္ၾကလို႔လဲ??

အထူးသျဖင့္ တစ္ဦးက လူ႔အဖြဲ႔အစည္းထဲဝင္ေရာေနရၿပီး လူ႔ဆက္ဆံေရးကိုႀကံ့ႀကံ့ခံရင္ဆိုင္ေနရခ်ိန္မွာ က်န္တစ္ဦးက ေအးေအးေဆးေဆးစာသင္ေနမည္ဆိုပါက... သူတို႔ႏွစ္ဉီးသား၏ ဆက္ဆံေရးနားလည္မႈက တျဖည္းျဖည္းနည္းပါးလာမည္သာ။

ေကာင္မေလးသည္ ထိလြယ္ရွလြယ္ျဖစ္ေနၿပီး သူမစကားေျပာေနေသာအခါတြင္ မ်က္လံုးမ်ားက နီရဲေန၏။ " ဆက္ဆံေရးတစ္ခုထူေထာင္ရတဲ့ေနရာမွာ ဝါသနာကေနစၿပီး ဘဝေရးရာစီစဉ္ထားတာေတြအထိ ျခားနားခ်က္ေတြအမ်ားႀကီးရိွတယ္။ သူက ငါဘြဲ႔ရၿပီးတာနဲ႔ အိမ္ေထာင္ျပဳေစခ်င္ေပမယ့္ ငါကေတာ့ ငါ့ကိုယ္ငါ ငယ္ေသးတယ္လို႔ထင္ေနခဲ့တာ။  လုပ္ငန္းခြင္ထဲဝင္တိုးၾကၫ့္ၿပီး ပထမဆံုး တိုက္ပြဲဝင္လိုက္ခ်င္ေပမယ့္ သူကေတာ့ ငါ့ကို ေက်ာင္းတက္ရင္းနဲ႔ ကေလးေမြးေစခ်င္ေနတယ္... ဘဝခရီးလမ္းက အရွည္ႀကီးပါပဲ။  တစ္ေယာက္က အေရ႔ွဘက္ကိုသြားခ်င္ေနခ်ိန္မွာ ေနာက္တစ္ေယာက္က အေနာက္ဘက္ကိုပဲသြားခ်င္လာၿပီဆိုရင္ … ေနာက္ဆံုးေတာ့ အပ်က္ပ်က္နဲ႔ ႏွာေခါင္းေသြးထြက္ရမွာပဲ"

ဤအေၾကာင္းအရာမ်ားကို ေလးေလးနက္နက္ေျပာၾကားၿပီးေနာက္ မူလကရိွခဲ့ေသာ ေကာင္းမြန္သၫ့္ေလထုေလးမွာ ေပ်ာက္ကြယ္သြားေတာ့သည္။

ေန့လည္စာစားၿပီးေနာက္ ရွန္းခ်ိဳက္သည္ သူ႔လက္ထဲရိွလက္မွတ္မ်ားကိုၾကၫ့္လိုက္ကာ  ေနာက္ဆံုးတြင္ေတာ့ စန္မန္ခြၽမ္ကိုဖုန္းဆက္ရန္  ဆံုးျဖတ္လိုက္၏။

ခ်စ္မိေနတဲ့အခ်ိန္မွာေတာ့ ဘယ္သူမွလမ္းခြဲၾကမွာမဟုတ္ဘူး — ရွန္းခ်ိဳက္သည္ စန္မန္ခြၽမ္ႏွင့္ပတ္သတ္၍  တိတ္တဆိတ္သာ နားလည္မႈျမင့္မားလာေစရန္ ေမ်ွာ္လင့္ထားခဲ့သည္။ ဒီဆက္ဆံေရးကို နစ္ျမဳပ္မသြားေစခ်င္ေပ။

ကံေကာင္းေထာက္မစြာပင္ စန္မန္ခြၽမ္ကလည္း သူ႔ကို ဘယ္ေတာ့မွလက္မေလ်ွာ့ခဲ့ေပ။

သူ၏ ေရႊေရာင္အေမႊးပြေခြးႀကီးသည္ ဖုန္းကို  တတ္ႏိုင္သမ်ျွမန္ျမန္ကိုင္ခဲ့ၿပီး တယ္လီဖုန္းလိုင္းကိုျဖတ္လာေသာအသံအရ ဘယ္ေလာက္ေတာင္အၿမီးႏွံ႔ေနမလဲကိုေတာင္ ရွန္းခ်ိဳက္ျမင္ေယာင္ၾကၫ့္ႏိုင္သည္။

"ခ်ိဳက္ခ်ိဳက္!" စန္မန္ခြၽမ္က ေမး၏။  "မင္းဘာကိစၥရိွလို႔ ကိုယ့္ကိုဖုန္းဆက္ရတာလဲ??"

ရွန္းခ်ိဳက္က "ငါ့မွာ ေတးဂီတျပဇာတ္အတြက္ လက္မွတ္နည္းနည္းရထားတယ္။ မင္းၾကၫ့္ခ်င္ေသးလား??"

"ေကာင္းၿပီ! ကိစၥမရိွပါဘူး!" စန္မန္ခြၽမ္သည္  ရက္စြဲေတြေတာင္ေမးမေနေတာ့ဘဲ ဖ်တ္ခနဲ  သေဘာတူလိုက္၏။ ေတးဂီတျပဇာတ္ကိုၾကၫ့္ေနရင္း သူ အိပ္အိပ္ေပ်ာ္သြားတာ  ဘယ္ႏွစ္ႀကိမ္မွန္းေတာင္ မမွတ္မိေတာ့ေပ။  "ဒါနဲ႔ လက္မွတ္ဘယ္ႏွစ္ေစာင္ရိွတာလဲ?? ကိုယ့္သူငယ္ခ်င္းေတြကိုေရာ အတူတူၾကၫ့္ဖို႔ ေခၚလာလို႔ရလား??"

"လက္မွတ္ေတြက အမ်ားႀကီးရိွတယ္..." ရွန္းခ်ိဳက္ ဆက္ေျပာျပလိုက္၏။ "ဒါေပမယ့္ ဒီျပဇာတ္အမ်ိဳးအစားက ကေလးျပဇာတ္မ်ိဳးေနာ္... ဇာတ္ကြက္က နည္းနည္းတံုးတံုးအအႏိုင္တယ္။ မင္းသူငယ္ခ်င္းေတြ ႀကိဳက္ပါ့မလား??"

"ေသခ်ာတာေပါ့ သူတို႔ႀကိဳက္ၾကမွာပါ!!" စန္မန္ခြၽမ္က "ဒီေကာင္ေတြကလည္း ငတံုးငအေတြပဲဟာ!!"

"..."

ထို႔ေၾကာင့္ သေဘာတူလိုက္ေတာ့သည္။

- - - - - - - - - - -

ယခုတစ္ႀကိမ္တြင္ တရုတ္ႏိုင္ငံသို႔လာေရာက္ေဖ်ာ္ေျဖသည္မွာ ဂ်ပန္ႏိုင္ငံ၏ ရွီခီျပဇာတ္ကုမၸဏီျဖစ္သည္။ တာကာရာဇူကာကဲ့သို႔ပင္ ၄သည္ အာရွတြင္လူသိမ်ားေသာ ေတးဂီတျပဇာတ္ရံု ကုမၸဏီတစ္ခုျဖစ္ကာ ထုတ္လုပ္ေရး၊ အစမ္းေလ့က်င့္မႈႏွင့္ အႏုပညာရွင္ပြဲစားမ်ားစြာျဖင့္ ေပါင္းစပ္ဖြဲ႔စည္းထားသည္။ ထို႔အျပင္ ရွည္လ်ားေသာသမိုင္းေၾကာင္းျဖင့္ ေက်ာ္ၾကား၏။

The Cat Who Want to Become Human သည္ အမည္တူဂ်ပန္ဒ႑ာရီပံုျပင္မွ လိုက္ေလ်ာညီေႂထြဖစ္ေအာင္ဖန္တီးထားေသာ အဖြဲ႔သားမ်ား၏ လက္ရာတစ္ခုျဖစ္သည္။ ၁၉၇၉ ခုႏွစ္ကတည္းက စတင္ေဖ်ာ္ေျဖခဲ့ကာ ယခုအခ်ိန္အထိ ႏွစ္ေပါင္း ၄၀ အတြင္း ရိႈးပြဲ ၂၀၀၀ ေက်ာ္ ေဖ်ာ္ေျဖျပႏိုင္ခဲ့သည္။
[T/N: ဒီထဲကအခ်က္အလက္နဲ႔ကိုက္ညီေနလို႔ ေျပာျပတာပါ၊ ဒီ Cāi Cāi Novel ကို မူရင္းစာေရးစာဆရာမက ၂၀၁၉ ခုႏွစ္မွာေရးသားခဲ့တာပါ။ ဒါေၾကာင့္ ႏွစ္ ၄၀ လို႔ေျပာထားတာပါ။ Cāi Cāi ကို E tran က ၂၀၂၁ မွာၿပီးခဲ့တာျဖစ္ၿပီး အိုင္ကေတာ့ ၂၀၂၂ မွာၿပီးမွာပါ။]

ထိုေန့တြင္ ရွန္းခ်ိဳက္သည္ ျပဇာတ္ရံုအဝင္ေပါက္၌ ေစာေစာလာေစာင့္ေနခဲ့၏။ စန္မန္ခြၽမ္ကလည္း ခုနစ္နာရီအတိတြင္ အခ်ိန္မွန္စြာျဖင့္ ေရာက္ရိွလာေလသည္။

စန္မန္ခြၽမ္၏ေနာက္တြင္ေတာ့ ပ်မ္းမ်ွအရပ္အျမင့္ ၁.၈၅ မီတာေလာက္ရိွသၫ့္ အရပ္ရွည္ရွည္ေယာက္်ားေလးခုနစ္ေယာက္ ရပ္ေနၾကသည္။  သူတို႔ခႏၶာကိုယ္ေပၚရိွ ႂကြက္သားမ်ားသည္  တစ္ေယာက္က ေနာက္တစ္ေယာက္ထက္ပို၍  ေၾကာက္စရာေကာင္းၾက၏။

အရပ္ ၁.၇၈ မီတာသာရိွေသာ ရွန္းခ်ိဳက္ကေတာ့ ဧရာမေတာအုပ္ႀကီးထဲတြင္ ရပ္ေနရသကဲ့သို႔ ခံစားလိုက္ရ၏။ ထို႔ေၾကာင့္ သူလည္း ဆိတ္ဆိတ္သာေနလိုက္သည္။

ကေလးမ်ားအတြက္ ေတးဂီတျပဇာတ္ျဖစ္ေသာေၾကာင့္ အဝင္အထြက္ရိွသူမ်ားမွာ မိဘမ်ားကိုလက္ဆြဲထားရေသာ ကေလးေလးမ်ားသာျဖစ္၏။

အခ်ိဳ႕ေသာပဲေစ့ေလးမ်ားဆိုလ်ွင္ "ဘီလူးႀကီးမ်ား" ၏ေပါင္နားကိုေတာင္ မေရာက္ႏိုင္ၾကဘဲ  လည္ပင္းကိုတစ္ရာ့ႏွစ္ဆယ္ဒီဂရီေလာက္ လိမ္လိုက္ကာ အစ္ကိုအႀကီးႀကီးမ်ားကို အံ့အားသင့္စြာၾကၫ့္ေနၾကေလသည္။

ရွန္းခ်ိဳက္ကေတာ့ ေသေလာက္ေအာင္ ရွက္သြားသည္။  ဘီလူးႀကီးမ်ားလည္း ေသေလာက္ေအာင္ရွက္ေနၾက၏။

စန္မန္ခြၽမ္သာလ်ွင္ အရွက္ဟူေသာစကားလံုးကိုမသိဘဲ ေမြးဖြားလာျခင္းျဖစ္၏။

"ခ်ိဳက္ခ်ိဳက္!" စန္မန္ခြၽမ္က စိတ္အားထက္သန္စြာျဖင့္ လက္ေဝ႔ွယမ္းျပေနၿပီး "မင္းကို ငါမိတ္ဆက္ေပးမယ္၊ ဒါေတြအားလံုးက ငါ့ညီအစ္ကိုေတြပဲ။ သူတို႔က မင္းကို အရမ္းေတြ့ခ်င္ေနၾကတာ!! ဒီတစ္ေယာက္က တာေဝးအေျပးေလ့က်င့္ရတဲ့ ေမာင္ကြမ္၊ မင္း သူ႔ကို တာ့ေသြ့ (T/N: အေမြးပြေပါင္) လို႔ ေခၚလို႔ရတယ္။ ဒါက အျမင့္ခုန္တဲ့ေကာင္းရွင္း... သူ႔ကို  ေလာင္ေကာင္းလို႔ေခၚေနာ္…"

ရွန္းခ်ိဳက္ သေဘာေပါက္သြားသည္။

သူ႔ကို လာအကဲခတ္ၾကေသာ "သာမန္လူအုပ္စု" ဟုသာ ေတြးထားလိုက္သည္။

သို႔ေသာ္ သူထင္ေနသည္ႏွင့္ လံုးဝဆန႔္က်င္ဘက္ျဖစ္ေနမွန္း ရွန္းခ်ိဳက္မသိခင္အခ်ိန္အထိသာ. . .

ရွန္းခ်ိဳက္ကပဲ သူတို႔ႏွင့္စကားစေျပာႏိုင္ရန္ ႀကိဳးစားလိုက္သည္။ "ဟယ္လို၊ မန္ခြၽမ္က သူ႔ညီအစ္ကိုေတြအေၾကာင္း​အၿမဲေျပာေနက်ပါပဲ... ေတြ့ရတာ ဝမ္းသာပါတယ္"

သို႔ေသာ္ သူ႔လက္တစ္ဖက္တည္းကသာ ေလထဲ၌ ဆယ္စကၠန႔္ေက်ာ္ေလာက္ၾကာေအာင္ ဆန႔္ထုတ္ထားလ်ွက္ရိွေနရ၏။ ဘီလူးႀကီးေတာ္ေတာ္မ်ားမ်ားက 'မင္းငါ့ကိုၾကၫ့္တယ္၊ ငါလည္း မင္းကိုၾကၫ့္ေနတယ္' ဟု သရုပ္ေဆာင္ေနၾကသၫ့္အတိုင္းပင္။  ေနာက္ဆံုးတြင္ေတာ့ ေမာင္ကြမ္သည္ သူ႔လက္ကို သတိထားၿပီးဆန႔္ထုတ္လိုက္ကာ လက္ေခ်ာင္းထိပ္ေလးမ်ားႏွင့္ ထိသည္ဆိုရံုမ်ွထိလိုက္ရင္း အလ်င္အျမန္လႈပ္ယမ္းလိုက္ၿပီးေနာက္ သူ႔လက္ကိုျပန္ရုတ္လိုက္၏။

ရွန္းခ်ိဳက္ : "..."

စန္မန္ခြၽမ္လည္း မ်က္စိကန္းမေနေသာေၾကာင့္ ခ်က္ခ်င္းမ်က္ေမွာင္ၾကဳတ္လိုက္ကာ "မင္းက ဘာကိစၥရိွေနလို႔လဲ!? ရွန္းခ်ိဳက္မွာ ကူးစက္ေရာဂါရိွေနတာမဟုတ္ဘူး၊ ဘာလို႔ သူ႔လက္ကိုထိဖို႔ ဒီေလာက္ေတာင္တြန႔္ေနရတာလဲ!?"

“မဟုတ္ဘူး…” ေမာင္ကြမ္က ေခါင္းကုတ္လိုက္ေလသည္။  အရပ္ရွည္ေသာ္လည္း သူ႔မ်က္ႏွာမွာ အလြန္ႏုနယ္ေသးၿပီး အျပစ္ကင္းစင္ေသာ အသြင္ေဆာင္ေန၏။  "ဒါက 'သူငယ္ခ်င္းရဲ့ ဇနီး' မဟုတ္ဘူးလား?? မင္းရဲ့ပါတနာကို ငါတို႔က အခြင့္ေကာင္းမယူခ်င္ပါဘူး"

ရွန္းခ်ိဳက္လည္း အနည္းငယ္ စိတ္မသက္မသာ ခံစားလိုက္ရ၏။

သူသည္ သူတို႔ႏွင့္ လိင္အမ်ိဳးအစား အတူတူသာျဖစ္သည္— ထို႔ေၾကာင့္ သူ႔ကို ေရွာင္ရွားေနရန္မလိုအပ္ေပ။

သို႔ေသာ္ ရွန္းခ်ိဳက္သည္ ထိုသို႔ေတြးၿပီးၿပီးခ်င္း ေမ့ပစ္လိုက္၏။ သူသည္ စန္မန္ခြၽမ္၏ညီအစ္ကိုမ်ားႏွင့္မဟုတ္ဘဲ စန္မန္ခြၽမ္ႏွင့္သာ ခ်စ္ေနျခင္းျဖစ္သည္။ တျခားသူမ်ားအေနျဖင့္ သူတို႔ႏွစ္ေယာက္၏ဆက္ဆံေရးကို သူတို႔ဆႏၵအတိုင္းသာ ထင္ျမင္ႏိုင္ေလသည္။

ရွန္းခ်ိဳက္လည္း သူတို႔ကို လက္မွတ္မ်ားခြဲေပးလိုက္ေတာ့သည္။ ေယာက္်ားႀကီးကိုးေယာက္မွာ လက္မွတ္စစ္ရန္တန္းစီရၿပီးေနာက္ ျပဇာတ္ရံုထဲသို႔ ေလ်ွာက္ဝင္သြားၾက၏။

သူတို႔၏ပ်မ္းမ်ွအရပ္မွာ အလြန္ျမင့္မားလြန္းၿပီး ေပၚလြင္လြန္းေနျခင္းေၾကာင့္ သူတို႔ဝင္ထိုင္ၿပီးသည္ႏွင့္ အဆံုးမရိွေသာဆူညံသံမ်ားႏွင့္အတူ အာရံုစူးစိုက္မႈမ်ားစြာကိုပါ ရရိွခဲ့ေလသည္။

အားကစားသမားေလးမ်ားသည္ ခံုမ်ားတြင္ဝင္ထိုင္ကာ သူတို႔ေခါင္းကို ေကာ္ႏွင့္ကပ္ထားရံုကလြဲ၍ အျခားေရြးခ်ယ္စရာမရိွေတာ့ေပ။

စန္မန္ခြၽမ္သည္ ရွန္းခ်ိဳက္အား သူ႔သူငယ္ခ်င္းအသိုင္းအဝိုင္းထဲသို႔ ဆြဲသြင္းခ်င္ခဲ့ျခင္းျဖစ္သည္။ သူ႔ေနာက္ကြယ္တြင္ သူ႔သူငယ္ခ်င္းမ်ားက ရွန္းခ်ိဳက္အေၾကာင္းေတြေျပာဆိုေနသည္ကို သူသိေနသျဖင့္ ဤအခြင့္အေရးကို အသံုးခ်ကာ ရွန္းခ်ိဳက္ကဘယ္ေလာက္ေတာင္ထူးခြၽန္သလဲဆိုတာကို သိေစခ်င္ၿပီး ႏွစ္ဉီးႏွစ္ဖက္ကို ေပါင္းစည္းေစခ်င္ျခင္းျဖစ္၏။

ကံမေကာင္းစြာပင္ သူသည္ မွားယြင္းေသာနည္းလမ္းကို ေရြးခ်ယ္မိခဲ့သည္ပင္။

မၾကာမီတြင္ အတြင္းခန္းရိွမီးမ်ားအားလံုးမိွန္သြားၿပီး ပိတ္ကားပြင့္သြားကား ေတးဂီတျပဇာတ္ စတင္ခဲ့၏။

The Cat Who Wants to Become Human သည္ ေၾကာင္တစ္ေကာင္၏ စြန႔္စားခန္းအေၾကာင္း ဒ႑ာရီပံုျပင္တစ္ခုသာျဖစ္သည္။

ေၾကာင္က ေမွာ္ဆရာကိုေတာင္းပန္ကာ သူ႔အား လူသားအျဖစ္ေျပာင္းလဲေပးရန္ ေတာင္းဆိုခဲ့ၿပီး ကမ႓ာႀကီးကို စူးစမ္းေလ့လာခဲ့၏။ ေၾကာင္သည္ မတူညီေသာလူမ်ားႏွင့္ အေၾကာင္းအရာမ်ားစြာကို ေတြ့ဆံုခဲ့ရကာ ဝမ္းနည္းျခင္းႏွင့္ ဝမ္းေျမာက္ျခင္းတို႔ကိုေတြ့ႀကံဳခဲ့ရၿပီး ဒုကၡမ်ားစြာကိုေတြ့ႀကံဳခဲ့ရသလို ေပ်ာ္ရႊင္မႈမ်ားစြာကိုလည္း ရရိွခဲ့သည္။

ဤေတးသရုပ္ေဖာ္မွာ ကေလးမ်ားအတြက္ျဖစ္ေသာေၾကာင့္ စင္ေပၚရိွသရုပ္ေဆာင္မ်ားမွာ  အလြန္အမင္းေပၚလြင္ေအာင္ ေဖ်ာ္ေျဖၾကေလသည္။ သူတို႔သည္ ခဏေလးထိုင္လိုက္ၿပီးေနာက္ ငိုသြားလိုက္၊ အူတက္သည္အထိ ရယ္ေမာျပလိုက္ျဖင့္ သူတို႔၏လုပ္ေဆာင္ခ်က္အားလံုးမွာ ပြင့္ပြင့္လင္းလင္းရိွၾက၏။ ဇာတ္လိုက္ျဖစ္ေသာ ေၾကာင္ထီးေနရာသရုပ္ေဆာင္သၫ့္သူမွာ အၿမဲလိုလို မရပ္မနားခုန္ေပါက္ေနရေလသည္။  အလင္းေရာင္၊ ေနာက္ခံေတးသံ၊ အဝတ္အစားအေရာင္ စသည္ျဖင့္ ... အရာအားလံုးသည္ တစ္ခုက ေနာက္တစ္ခုထက္ပိုၿပီး ဆူညံပြက္ေလာရိုက္ေနေတာ့သည္။

ကေလးမ်ားကေတာ့ စိတ္ဝင္တစားၾကၫ့္ေနၾကေသာ္လည္း ခန္းမထဲရိွ သူငယ္ခ်င္းအုပ္စုႀကီးကေတာ့ သူတို႔ရဲ့ဦးေရျပားေတြေတာင္  တဆတ္ဆတ္တုန္လာသလို ခံစားေနရေလသည္။

ပိတ္ကားဖြင့္ၿပီး ဆယ္မိနစ္ခန႔္အၾကာတြင္ ေမာင္ကြမ္က “ဒါနဲ႔ ငါသန႔္စင္ခန္းသြားလိုက္ဉီးမယ္” ဟု ေျပာလာ၏။

သည္ေနာက္တြင္ေတာ့ ေမာင္ကြမ္တစ္ေယာက္ လံုးဝျပန္ဝင္မလာေတာ့ေပ။

ဆယ္မိနစ္ေလာက္ၾကာေတာ့ ေကာင္းရွင္းက "အင္း... ငါ ေဆးလိပ္သြားေသာက္လိုက္ဉီးမယ္"

ထို႔ေနာက္ ေကာင္းရွင္းသည္လည္း ဘယ္ေတာ့ျမႇပန္ဝင္မလာေပ။

ထို႔ေနာက္ ခ်က္ခ်င္းဆိုသလိုပင္ အျခားသူမ်ားသည္လည္း ဖုန္းသြားေျပာျခင္း၊ ေသာက္စရာသြားဝယ္ျခင္း၊ ဆရာအတြက္ တစ္ခုခုသြားရွာေပးျခင္း စသည္ျဖင့္ ဆင္ေျခမ်ိဳးစံုဆက္တိုက္ေပးၾကကာ ဇာတ္ရံုထဲမွထြက္သြားၾကေလသည္။

ေနာက္ေတာ့ ဘယ္သူမွလည္း ျပန္မလာေတာ့ေပ။

ရွန္းခ်ိဳက္ ေဒါသထြက္ေနခဲ့လား?? ဟင့္အင္း ရွန္းခ်ိဳက္ေဒါသမထြက္ဘဲ တည္ၿငိမ္ေနခဲ့၏။

သူ႔လိုရင့္က်က္တည္ၿငိမ္တဲ့ငန္းက ေမ်ာက္လႊဲေက်ာ္နဲ႔ေတာ့ တူညီတဲ့အျမင္မ်ိဳး ဘယ္ေတာ့မွရိွလာမွာမဟုတ္ဘူး။

သူလိုအပ္သည္မွာ ေရႊေရာင္အေမႊးပြေခြးႏွင့္တူေလေသာ သူ႔ခ်စ္သူေကာင္ေလးသာ။

- ေနာက္တစ္စကၠန႔္အၾကာတြင္ စန္မန္ခြၽမ္လည္းသမ္းေဝလာၿပီး ေခါင္းေစာင္းလိုက္ကာ ရွန္းခ်ိဳက္၏ပုခံုးေပၚသို႔ မွီခ်လိုက္ေတာ့သည္။

ရွန္းခ်ိဳက္ : ငါတည္ၿငိမ္ေနေသးတယ္၊ ေဒါသမထြက္ေသးဘူး :)

Continue Reading

You'll Also Like

351K 27.6K 29
Mini Story Uni Life Style Sweet Romance
67K 8.6K 33
Title ✿ Free RenYigu Original Author ✿ Your唯 Eng Translator : Rinisnotgold Status : 15 chapters (Completed) @Translated from English to Burmese S...
113K 22.2K 79
Title - High Energy QR Code 高能二维码 Gāonéng èr wéi mǎ Author - Cyan Wings 青色羽翼 Genre - Survival, Fantasy, Romance Chapters - 251 chapters +...
73.9K 11.4K 57
Tittle: Heart Like Brilliant Words(心似耀言) Author: One Puffed Rice Cake (作者:一个米饼) English Translator: RoaminGoldfish (Lazy Girl Translation) Chapters:...