[Song Recommendation For ThiS Episode]
Angel baby:
Troye Sivan
Unicode
ဂျောင်ဂုအတွက်အားရှိစေရန် ကြက်သားဂျင်ဆင်းပြုတ်တစ်ပွဲနှင့်ကိုယ်ပူကျစေဖို့သောက်ဆေးအနည်းငယ်ဝယ်ယူလာခဲ့သည်။
မိုးဖွဲလေးများကြားထဲ ထီးတစ်ချောင်းနှင့်မမောနိုင်မပန်းနိုင်ပြေးဝယ်တဲ့ကိုယ့်ဘာသာကိုအံ့ဩမဆုံး။
ကိုယ့်ဝမ်းဖြည့်ဖို့တောင်ပျင်းသည့်အကြောင်းပြချက်ဖြင့် ဟင်းမဝယ်ပဲကြက်ဥကြော်နှင့်သာစားရန်ဆုံးဖြတ်ပြီးပြင်ဆင်ထားသည့် ထမင်းစားပွဲလေးဟာ စားသူမဲ့နေလျက်။
ခေါက်ဆွဲများမှာလဲပွပြီး ထမင်းတွေဟာ အပေါ်ကြောတွေပင်မာကုန်၏။
ရေစိုနေသည့် ခေါက်ထီးအားတစ်ချက်ခါလိုက်ပြီး ပုံးထဲသို့ပစ်ထည့်လိုက်သည်။
ဝယ်လာသည်များကိုပန်ကန်လုံးထဲသို့ပြောင်းထည့်ပြီး microwaveဖြင့်တစ်ဖန်ပြန်နွှေးစေ၏။
မိုးရေထဲဖြတ်ပြီးလမ်းလျှောက်လာတာမို့ စားစရာကအနည်းငယ်အေးသွားခဲ့သည်။
နေမကောင်းသည့်ဂျောင်ဂုက ပူပူနွေးနွေးစားရန်လိုအပ်သည်မို့ မီးဖိုချောင်တွင်ရပ်ပြီးစောင့်နေလေသည်။
"အစ်ကို"
ခေါ်သံကြောင့် နောက်လှည့်ကြည့်မိတော့ ဂျောင်ဂုကအပေါက်ဝတွင်ရပ်နေသည်။
မျက်နှာကသွေးရောင်အနည်းငယ်လွှမ်းလာသည်မို့စိတ်သက်သာရာရသွား၏။
"ထိုင်လေ အစ်ကိုမင်းအတွက် ကြက်သားဂျင်ဆင်းဝယ်လာတယ် အာ့တာပြန်နွှေးနေတာ"
သူ့စကားအဆုံးခေါင်းအသာငြိမ့်ပြရင်းတစ်ချက်ပြုံးသည်။
ထို့နောက် ခုံတစ်လုံးဆွဲပြီးဝင်ထိုင်တော့သည်။
ထယ်ယောင်းလုပ်သမျှကို မျက်တောင်မခတ်တမ်းလိုက်ပြီးကြည့်နေသည့်ဂျောင်ဂု။
ထမင်းစားပွဲပေါ်သို့ လက်ညိုးဖြင့်တတောက်တောက်ခေါက်လျက် အမေပြင်ဆင်ပေးသည့်စားစရာအားစောင့်ဆိုင်းနေသည့်ကလေးတစ်ယောက်သဖွယ်။
ပန်းကန်လုံးက ပူနေသည်မို့ မီးဖိုချောင်သုံးလက်အိတ်ဖြင့် မ,ယူလိုက်၏။
အိမ်မှာချက်စားလေ့မရှိသော်လဲ တစ်ခါတရံ အမကလာပြီးချက်ကျွေးတတ်သည်မို့ မီးဖိုချောင်သုံးပစ္စည်း၊အသား၊ငါး၊အသီးအရွက်တို့မှာရှိနေတတ်သည်။
အလုပ်များနေသည့် အမကဒီတစ်လတော့မလာဖြစ်တာကြောင့် သူ၏ရေခဲသေတ္တာမှာပြောင်သလင်းခါနေတော့တာ။
"ပူသေးတယ်နော်"
ထယ်ယောင်းက သတိပေးသလိုပြောတော့ ဂျောင်ဂုကပန်းကန်အနားစွန်းလေးကိုဆွဲရင်းသူ့ဘက်တိုးစေသည်။
တို့စိတို့စိ စားနေသည့်ဂျောင်ဂုကိုအရှေ့မှငုတ်တုပ်ထိုင်ကြည့်နေသည့်ထယ်ယောင်းက အားမရဟန်ဖြင့်။
"စားမကောင်းဘူးလား"
"ကျွန်တော် ဗိုက်သိပ်မဆာလို့"
"မဆာလဲ နည်းနည်းတော့ဝင်အောင်စားလိုက်ပါ ဆေးသောက်ဖို့ဆိုရင် ဗိုက်ထဲအစာရှိမှဖြစ်မှာ"
"အစ်ကိုရော ညနေစာမစားဘူးလား"
"ဟမ်.."
ဂျောင်ဂုပြောမှသတိရတော့သည်။ ဟုတ်သားပဲ ကျွန်တော်ဖြင့်ညနေစာကိုခုထိမစားရသေးဘူး။
ဂျောင်ဂုရောက်လာသည်နှင့်ဆာလောင်နေတဲ့ဗိုက်ကိုတောင်မေ့သွားသည်။
"နောက်မှစားလိုက်ပါ့မယ်"
"ဘယ်ဖြစ်မလဲ အဆာလွန်မှာပေါ့"
"ရတယ် အရင်လဲနောက်ကျမှစားနေကြ"
ကျွန်တော်ပြောတာကိုသဘောမတွေ့လှသည့်ကိုယ်တော်ချောရဲ့မျက်ခုံးတန်းတွေလှိုင်းထကုန်ပါပြီ။
အိပ်နေရင်ပဲချစ်ဖို့ကောင်းသလိုထင်ရတာ။ တကယ်က ဂျစ်ကန်ကန်ရုပ်ဖြစ်လာတာပဲ။
"တစ်ယောက်တစ်ဝက်စားမယ်"
"ဘယ်လို"
"ကြက်သားကအရမ်းများတယ် တစ်ယောက်တည်းမကုန်ဘူး"
"မဟုတ်တာ အစ်ကိုမစားတော့ဘူး မင်းပဲစား"
"အဖျားကူးမှာကြောက်လို့လား?"
"အာ့...အာ့လိုလဲမဟုတ်ဘူးလေ"
"ဒါဆိုစားရမယ်"
အကျပ်ရိုက်နေသည့်အစ်ကို့ပုံစံကချစ်ဖို့ကောင်းသည်။
ငယ်ငယ်တုန်းကထက် ပိုပြီးတည်ငြိမ်လာသည့်အစ်ကိုက စကားပြောလဲနှေးသွားသည်။
စတွေ့ချိန်အခါတုန်းက သူကချည်းဦးအောင်ပြောခဲ့သည့်အစ်ကိုဟာ ခုများကျ ကန်ရေပြင်လိုပင်ငြိမ်သက်နေတော့တယ်။
ဂျောင်ဂုစိတ်တိုင်းကျ သူထည့်ပေးလာသည့်ကြက်သားဖတ်တွေအကုန်စားရသည်။
ခဏနေ ကျွန်တော့်ပန်းကန်ထဲရောက်လာပြန်သည့်အသားဖတ်တွေ။
နေမကောင်းဖြစ်တာက သူလား ကျွန်တော်လားပင်မသဲကွဲတော့ပါ။
ပန်းကန်လုံးထဲရှိရှိသမျှ ကြက်သားဖတ်တွေကို ခရင်းနဲ့ထိုးဆွပြီး လာလာပုံပေးနေ၏။
"ဂျောင်ဂု...ရပြီ အစ်ကိုဗိုက်ပြည့်နေပြီ"
ပြောလိုက်တာမြန်ပေလို့ မဟုတ်ရင် နောက်ထပ်တစ်တုံးကိုသူကထည့်ဖို့ပြင်နေသေးသည်။
"အစ်ကိုက အစားနည်းတာပဲ"
"ညနေဘက်ဆိုသိပ်မစားဘူး"
"ဟုတ်ပါပြီ" ဟုဆိုပြီးကျန်သည့်ကြက်သားဖတ်တွေကိုစားနေသည်။
စားတဲ့အပေါ်မှာအာရုံရောက်နေသည့်ဂျောင်ဂုမျက်နှာအားလှမ်းကြည့်ရင်းအတွေးများရသည်။
သူတို့နှစ်ယောက်က အခုဘာတွေလဲ။ ဘယ်အခြေအနေထိဒီလိုမျိုးဆက်ပြီးရှိသွားကြမှာလဲ။
ဖြစ်ရောဖြစ်နိုင်ပါရဲ့လား။ ကျွန်တော့်နှလုံးသားရဲ့ဆုံးဖြတ်ချက်ဟာ တကယ်ပဲမှန်ကန်နိုင်ပါ့မလား။
တစ်ခါလောက်များ သူ့အပေါ်လောဘတတ်ခွင့်ရှိလို့ဖြစ်ပါရဲ့လားလေ။
စားသောက်ပြီးတာနဲ့ ဂျောင်ဂုကိုဆေးတိုက်ရသည်။
သူ့အိမ်သူ့ယာလိုပင် တအားတွေသက်တောင့်သက်သာဖြစ်ပုံပေါ်နေသည့် ဂျောင်ဂုက အိပ်ယာပေါ်တတ်ပြီးသူ့ကိုယ်ပေါ်စောင်ပါခြုံထား၏။
မတ်တပ်ရပ်ပြီးပြူးကြည့်နေသည့်ကျွန်တော့်ကိုမြင်တော့
_
_
_
_
"ချမ်းလို့လေ"တဲ့
ဟောလ်~ အိမ်ကြီးရှင်ပဲ။
အခု ကိုယ့်အိမ်မှာကိုယ် အနေခက်တာဟာကျွန်တော်။
ကုတင်ကတစ်လုံးထဲရှိတာမို့ နေမကောင်းသည့်ဂျောင်ဂုကိုဆွဲချလို့လဲမဖြစ်တာကြောင့် စောင်နှင့်ခေါင်းအုံးပိုက်ပြီးဧည့်ခန်းသို့ထွက်ဖို့ပြင်လိုက်သည်။
လက်တစ်ဖက်ကို ခေါင်းအုံးရင်း မှေးနေသည့်ဂျောင်ဂု၏မျက်လုံးများကဖတ်ခနဲပွင့်လာခဲ့သည်။
"ဘယ်သွားမလို့လဲ"
ကုတင်ပေါ်မှာငုတ်တုပ်ထိုင်လျက်သားဖြစ်နေတဲ့ဂျောင်ဂု။
မြန်လိုက်တာ...သူဘယ်လိုတောင်ထလိုက်ပါလိမ့်။
"ဧည့်ခန်းထဲသွားအိပ်မလို့"
"ဒီမှာပဲအိပ်လေ"
"ဟမ်"
အနည်းငယ်ကျယ်သွားသည့် ထယ်ယောင်း၏ခပ်ဩဩအသံဟာအခန်းအတွင်းပျံ့နှံ့လျက်။
ဂျောင်ဂုက သူ့ဘေးတွင်လွတ်နေသော နေရာသို့လက်ဖြင့်ပုတ်ပြ၏။
ထို့နောက်
_
_
_
"ကျွန်တော် တစ်ယောက်တည်းဆိုကြောက်တယ်လို့ အစ်ကို့ကိုပြောထားသားပဲ"
"ဒီမှာ ကြောက်စရာဘာမှမရှိဘူး"
"သေချာလို့လား"
"သေချာတာပေါ့ ဒီမှာနေလာတာနှစ်ပေါက်နေပြီ"
ပြောရဆိုရ လက်ပေါက်ကပ်လွန်းသည့်အစ်ကို့ကြောင့် ဂျောင်ဂု စောင်ထဲမှထွက်ကာမတ်တပ်ထရပ်လိုက်၏။
ခေါင်းအုံးကြီးပိုက်ထားသည့်ထယ်ယောင်းက ဘာမှမသိတဲ့မျက်နှာဘေးလေးဖြင့်ကြည့်နေသည်။
"အပြင်မှာဆိုအေးတယ် အစ်ကိုဒီမှာအိပ် ကျွန်တော့်ကြောင့်အနေခက်တယ်မလား အပြင်ထွက်ပေးမယ်"
အပြောထက်ပိုမြန်သည့်ဂျောင်ဂုရဲ့ခြေထောက်တွေက ထယ်ယောင်းဘေးမှဖြတ်သန်းသွားချိန်။
လက်မောင်းထိသာရှိသည့် တီရှပ်လက်ဖြင့်ဂျောင်ဂု၏ လက်တစ်ဖက်အားဖမ်းဆွဲထားသည့်လက်လေး။
ဂျောင်ဂုခိုး၍ပြုံးလိုက်မိသည်။
နှုတ်ခမ်းထောင့်စွန်းကွေးညွှတ်သွားသည့်ပုံအား နောက်ကျောမှာရပ်နေသည့်ထယ်ယောင်းကတော့မမြင်ပေ။
အစ်ကိုကဘယ်လိုနည်းနဲ့မှသူ့အား ဧည့်ခန်းထဲမှာအိပ်ခိုင်းမှာမဟုတ်ဘူးဆိုတာကိုသိသည်။
ဒါ့ကြောင့်ပဲ မူယာမာယာနည်းနည်းသုံးလိုက်ရတာ။
အနောက်ဘက်နားဆီမှ ထွက်လာသည့်အသံတိုးလျလျလေး။
_
_
_
"ဒီမှာပဲအိပ်...အပြင်ထွက်ပြီးအိပ်ရင်ပြန်ဖျားနေလိမ့်မယ်"
မျက်ခုံးတစ်ဖက်ပင့်ရင်း ဂျောင်ဂုကလှည့်ကြည့်လာသည်။
ထို့နောက် ထယ်ယောင်းလက်ထဲမှ စောင်နှင့်ခေါင်းအုံးများကိုသူ့စိတ်တိုင်းကျဆွဲယူသွားပြီး အိပ်ယာပေါ်သို့အကျအနတင်ထားလိုက်သည်။
တစ်သက်နဲ့တစ်ကိုယ် သူငယ်ချင်းတွေနဲ့တောင်အခန်းမျှမသုံးဖူးတဲ့ကျွန်တော်က အခုတစ်ကုတင်ထဲအိပ်ရမယ်တဲ့ ဂျောင်ဂုနဲ့လေ။
သူလဲယောက်ျား ကိုယ်လဲယောက်ျား ဘာရှက်စရာလိုလဲ။
ဟုတ်တယ် အိပ်ရုံလေးပါပဲ။
ကိုယ့်ဘာသာ အားပေးစကားဆိုရင်း ကုတင်စွန်းလေးပေါ်ဝင်ထိုင်လိုက်၏။
နောက်ကျောပေးထားသည့်ဂျောင်ဂုက ဗြုန်းခနဲဒီဘက်လှည့်လာတာမို့ လန့်ဖြန့်သွားသည်။
စိုက်ကြည့်နေသည်ကြောင့် အူကြောင်ကြောင်ဖြင့်ရီပြလိုက်သေးတဲ့ကျွန်တော်ကစိတ်များလွတ်နေသလား။
"ကောင်းသောညပါ ဂျောင်ဂု"
"အင်း"
ပြုတ်မကျယုံတစ်မယ်ပင် ကုတင်၏တစ်ဖက်တစ်ချက်စီတွင်ရှိနေကြသည့်သူနှစ်ဦး။
အခန်းတွင်းဟာ တိတ်ဆိတ်ငြိမ်သက်လွန်းလှ၍ အသက်ရှုသံများပင်ကြားနေရသည်။
အရင်လိုတစ်ယောက်တည်းအိပ်ရသည်မဟုတ်တာကြောင့် စိတ်လွတ်ကိုယ်လွတ်အိပ်မပျော်နိုင်ပါ။
ကျောပေးထားသည်ကြောင့် ဂျောင်ဂုအိပ်ပျော်နေပြီလား ကျွန်တော်မသိရ။
ကုတင်ပေါ်မှာ တစ်ချိန်လုံးလှုပ်ရွနေပေမယ့် ဂျောင်ဂုဘက်က လှုပ်ရှားမှုမရှိတော့တာကြောင့်အိပ်ပျော်သွားပြီဟုသတ်မှတ်လိုက်သည်။
ကိုယ်တိုင်က ဘေးစောင်းအနေအထားဖြင့်အသားမကျတာကြောင့် ဂျောင်ဂုဘက်သို့လှည့်လိုက်ချိန်
_
_
_
လက်မောင်းအားခေါင်းအုံးရင်း ကျွန်တော့်ဘက်သို့မျက်နှာမူထားသည့်ဂျောင်ဂု၏မျက်ဝန်းများနှင့်အကြည့်ချင်းသွားဆုံသည်။
တစ်ချိန်လုံးငြိမ်နေလို့ အိပ်သွားပြီထင်ခဲ့တာလေ။
သူကခုထိမအိပ်သေးဘူးလား။ ဆေးအရှိန်ကြောင့်ခုများဆို အိပ်မောကျပြီထင်ခဲ့မိသည်။
ကုတင်ပေါ်တွင်မျက်နှာချင်းဆိုင်လဲလျောင်းနေကြသည့်လူနှစ်ဦး။
တစ်ခါတရံမှာ စကားလုံးတွေထက်ပင် မျက်ဝန်းတွေ၏အဓိပ္ပါယ်ဟာ ပို၍လေးနက်သတဲ့။
ဖွင့်ဆိုရန်အတွက်ခဲယဉ်းလွန်းပြီး ဖော်ပြဖို့လဲမလွယ်။
ဂျောင်ဂု၏မျက်ဝန်းတွေထဲ နူးညံ့ခြင်းလှိုင်းလေးတွေလျှပ်ပြေးနေသည်။
ခေါင်းအုံးပေါ် အပ်နေသည့်အစ်ကို့ရဲ့ပါးပြင်လေးတစ်ဖက်ကမို့တတ်လို့။
စူးရှနေတတ်သည့် ထိုကောင်လေးရဲ့မျက်ဝန်းတွေဟာ ဒီနေ့မှာတော့ဖြင့် အရောင်တွေလက်နေသည်။
ကျွန်တော်ငယ်ငယ်က သဘောကျခဲ့တဲ့ ကြယ်လေးတွေလိုတောက်ပသည့်မျက်ဝန်းမျိုး။
ကမ္ဘာ့အပြင်ဘက်မှာရှိသည့် Galaxyတန်းကြီးထက် ချာတိတ်ရဲ့မျက်ဝန်းတွေဟာသိပ်ပြီးသဘောကျစရာကောင်းတာ။
မျက်ဆံနက်ခပ်ကြီးကြီးလေးက ဘယ်ကိုမှမရွေ့ဘဲကျွန်တော့်မျက်နှာကိုပဲစိုက်ကြည့်နေသည်။
မကြာလိုက် ဂျောင်ဂု၏ဘယ်ဘက်လက်ဟာရွေ့လျားလာခဲ့ရင်း ထယ်ယောင်း၏ပါးပြင်လေးကိုအုပ်ကိုင်လိုက်သည်။
ရုတ်တရက်အနေအထားမို့တစ်ချက်တွန့်သွားသော်လဲရုန်းကန်ခြင်းမပြုသည့်အစ်ကို့ကြောင့် ပြုံးမိပြန်သည်။
နှစ်ပေါင်းများစွာ အရီအပြုံးတွေရပ်တန့်ခဲ့သည့် သူဟာ အစ်ကို့ကိုရှာတွေ့ခဲ့ပြီးနောက်ပိုင်း ပျောက်ဆုံးနေခဲ့တဲ့အပြုံးတွေဟာတစ်ဖန်ပြန်လည်အသက်ဝင်လာခဲ့တာ။
လက်မဖြင့်ထယ်ယောင်း၏ပါးပြင်အားပွတ်ဆွဲလိုက်သည်။
"ရည်းစားဘယ်နှစ်ယောက်ထားခဲ့လဲ"
"ဟင်"
ရုတ်တရက်ဆန်သည့်မေးခွန်းကြောင့် ထယ်ယောင်းဘက်ကဘာဖြေရမယ်မှန်းမသိပဲ အာမေဋိတ်သံတစ်ခုသာထွက်လာခဲ့တော့၏။
"ကျွန်တော်နဲ့မတွေ့ဖြစ်ခဲ့တဲ့နှစ်တွေအတွင်း အစ်ကို့မှာချစ်သူရည်းစားရှိခဲ့လား"
ဘယ်လိုပြန်ဖြေရမှာလဲ။ အမှန်အတိုင်းပြောရရင်လုံးဝမရှိခဲ့ဘူး။ ဒီအသက်အရွယ်ထိ တစ်ယောက်မှမထားနိုင်ခဲ့ဘူးဆိုရင် နည်းနည်းများအောက်လေမလား။ သူ့ထက်ငယ်သည့်ဂျောင်ဂုက တောင်ရှိခဲ့သည်ဟုဆိုလာလျှင်ရော...
သူ့အတွေးတွေဟာ ဂျောင်ဂု၏ခပ်ဟဟရီသံအဆုံးတွင်လွင့်ပျယ်ကုန်သည်။
"ဘာတွေအာ့လောက်ထိစဉ်းစားနေတာလဲ။ အစ်ကို့မှာရှိခဲ့လဲ ကျွန်တော့်အတွက်ဘာမှမပြောင်းလဲဘူး အခုရှိနေတယ်ဆိုလဲ ဘာမှမထူးဘူး။ အစမှာဘယ်သူနဲ့ပဲစခဲ့ပါစေ ဇာတ်သိမ်းမှာတော့ကျွန်တော်နဲ့ပဲအဆုံးသတ်ရမယ်"
"အစ်ကို့အတွက် ကျွန်တော်က,အဓိက ဇာတ်ဆောင်ပဲ"
ဂျောင်ဂု၏စကားအဆုံး ထယ်ယောင်းဆီမှလေသံခပ်ယဲ့ယဲ့လေးဖြင့် "မင်းကတော့လေ" ဟုပြောလာသည်။
ပါးပြင်ပေါ်မှာပြေးလွှားနေသည့်ဂျောင်ဂု၏လက်များက ထယ်ယောင်း၏ဆံကေသာထက်သို့ရောက်ရှိသွားသည်။
အရောင်ဆိုးဆေးများသုံးမထားသည့် သဘာဝအတိုင်းနက်မှောင်နေသော ဆံနွယ်များဟာနူးညံ့လွန်းတယ်။
ငှက်မွှေးလေးတွေကြားထဲ လက်ချောင်းနှစ်မြုပ်ထားသည့်ခံစားချက်မျိုး။
"ဂျောင်ဂု.."
"အင်း"
"တကယ်ပဲမှန်တယ်ထင်လား"
"ဘဝမှာ ဘယ်တော့မှနောင်တ,မရမယ့်ဆုံးဖြတ်ချက်ကဒါပဲ"
"............"
"ကျွန်တော်အားလုံးကိုစွန့်လွှတ်ပြီး လာတဲ့အချိန်မှာ အစ်ကိုရှိနေဖို့လိုတယ်"
"..........."
"ကျွန်တော့်ကိုပဲကြည့်နေပြီးယုံကြည်ထား.."
ဂျောင်ဂု၏လက်ဖမိုးပေါ်သို့အုပ်ကိုင်လိုက်သည့်ထယ်ယောင်း၏လက်ဖဝါးပြင်။
နှစ်ပေါင်းများစွာ ယုံကြည်ပြီးတောင်စောင့်ခဲ့သေးတာဟာ ကျွန်တော်ပါ။ ဘယ်ကယုံကြည်ချက်တွေနဲ့များ ဂျောင်ဂုဟာ ကျွန်တော့်ဆီပြန်လာလိမ့်မယ်ဆိုပြီးထင်ခဲ့သလဲ မသိပေမယ့် အမှန်တကယ်ပင် ဆုံစည်းခဲ့ကြပေသည်။
ငါရဲ့ဇာတ်လမ်းတစ်ခုလုံးမှာ မင်းတစ်ယောက်တည်းကသာ ဇာတ်ဆောင်ပါ ဂျောင်ဂုရယ်...
အစမှာလဲ မင်း။ အဆုံးမှာလဲ မင်းပါပဲကွယ်။
အခွင့်ကြုံတဲ့အခါ ပြောပြပါ့မယ်။ ငါဟာမင်းထက်အရင်ချစ်နှင့်ပြီးသားလူပါဆိုတဲ့အကြောင်း။
သွားနိုင်သမျှ သွားထားကြမယ်။
ပျော်နိုင်သမျှ ပျော်ထားကြမယ်။
မင်းလက်ကိုတွဲပြီး ငါဟာ ခေါ်ဆောင်ရာနောက်ကိုမငြီးမငြူလိုက်ပါ့မယ်။
မင်းနဲ့ပတ်သက်ပြီး နောင်တဆိုတာမကျန်ခဲ့ချင်တာမို့ အချစ်ဦးလေးတဖြစ်လဲ...တစ်နည်းအားဖြင့် ဘူဆန်သားမမည်တဲ့ ဘူဆန်သားလေးရဲ့ရင်ခွင်ဆီတစ်ခါလောက်များခိုဝင်ခဲ့ဖူးချင်တယ်။
မေတ္တာတွေဟာနွေးထွေးတယ်။
ချစ်ခြင်းတရားဟာနူးညံ့တယ်။
ခွဲခွာရခြင်းဟာ နာကျင်သတဲ့လေ။
ထုတ်ဖော်ခွင့်မရှိလိုက်တဲ့ ချစ်ခြင်းမေတ္တာတွေဟာတော့ပို၍ပင်နာကျင်ရပါတယ်။
THE FIRST TIME WE MET 🌊
_
_
အခုဆိုလျှင် ဂျောင်ဂုကညနေတိုင်းအချိန်မှန်သည်။
ကျူရှင်မှအိမ်ကိုသူ့ကားဖြင့်လိုက်ပို့ရင်းအကြောင်းပြကာလုံးဝမပြန်တော့။
ညတိုင်းဒီမှာပဲအိပ်သည်။ ညစာလဲဒီမှာပဲစားသည်။
အတင်းတွန်းထုတ်၍လဲ မတတ်သာတဲ့အခြေအနေမျိုးမှာ အခုဆိုလျှင်ညနေတိုင်းထမင်းနှစ်ယောက်စာတည်နေရပြီ။
တံခါးဘဲလ်သံကြောင့် ရေစိမ်ထားသည့်ထမင်းပေါင်းအိုးကိုခလုတ်ဖွင့်၍တည်ထားရင်း ဖွင့်ဖို့ပြေးရသည်။
ဟင်းသွားဝယ်မည်ဟုဆိုကာ ထွက်သွားသည့်ဂျောင်ဂုက သူ့ဘာသူဖွင့်ပြီးဝင်လာမှာ။
သုံးလေးချက်ဆက်တိုက်ထွက်ပေါ်လာသည့်ဘဲလ်သံကြောင့် တံထွေးမျိုချမိသည်။
အခုန်မြန်လာသည့်ရင်ဘတ်ကိုလျစ်လျူရှုကာ တံခါးလက်ကိုင်ဘုအားဆွဲဖွင့်လိုက်စဉ်
_
_
_
_
"ယူရှင်း"
"အေး..ထယ်ယောင်းရ မင်းမလဲကြာလိုက်တာ ငါဒီမှာအထုပ်တွေသယ်ထားရတာ လက်အံသေနေပြီ"
တစ်ယောက်တည်းပွစိပွစိဖြင့်ရေရွတ်ကာ ဖိနပ်ချွတ်ပြီးဝင်သွားလေသည့်ဆရာသမား။
တံခါးပိတ်ပြီး အနောက်သို့အမြန်လိုက်ရသည်။
ဘာအထုပ်တွေမှန်းပင်မသိရတဲ့အရာတွေကိုဧည့်ခန်းထဲရှိစားပွဲပေါ်သို့တင်ကာ ဆိုဖာပေါ်တွင်အမောဖြေနေလေသည်။
ရေအေးတစ်ခွက်ကိုယူပြီး အရှေ့သို့ချပေးလိုက်တော့ "ကျေးဇူး" ဟုပြောပြီးတစ်ကျိုက်တည်းမော့သောက်ပစ်၏။
"ဘယ်ကပြန်လာတာလဲ ပြီးတော့ဒါတွေကရော.."
"ဒယ်ဂူဘက်က ငါ့ဦးလေးနေမကောင်းလို့ သတင်းသွားမေးရတာ အာ့တာနဲ့ လမ်းကြုံတုန်းမင်းတို့အိမ်ငါဝင်ခဲ့သေးတယ် ဒေါ်လေးကလေ မင်းစားဖို့အတွက်ဆိုပြီး အခြောက်အခြမ်းတွေထည့်ပေးလိုက်တာတဲ့...ငါ့အတွက်လဲပါသေးတယ်ဆိုလို့ အပျော်လွန်ပြီးသယ်လာခဲ့တာ ဒီတံခါးရှေ့ရောက်မှ ငါ့လက်မောင်းတွေပြုတ်ခါနီးနေပြီမှန်းသိတယ်"
ယူရှင်းစကားကြောင့် ထရီမိတော့သည်။
ဘာအပူအပင်မှလဲမရှိဘဲ တစ်ယောက်တည်းဘဝကိုအေးဆေးစွာဖြတ်သန်းနေသည်က အားကျစရာပါ။
အချစ်မရှိ အမုန်းမရှိ အငြှိုးအာဃာတဆိုသည်မှာလဲတစ်စက်လေးတောင်မရှိရှာသည့် ကျွန်တော့်ရဲ့သူငယ်ချင်းဟာ ကလေးသာသာပင်။
"ဟင် ဒါနဲ့ ဘာလို့ထမင်းပန်းကန်နှစ်လုံးဖြစ်နေတာလဲ"
မီးဖိုချောင်ထဲမှာရှိသည့်ထမင်းစားပွဲပေါ်က ပန်းကန်နှစ်လုံးအားယူရှင်ကမြင်သွားလေသည်။
ဘယ်လိုပြန်ဖြေရမလဲ။ ယူရှင်းကဂျောင်ဂုကိုသဘောမကျဘူး။ အခုလိုမျိုးသာသိသွားရင် မေမေတို့နဲ့သွားတိုင်လေမလား။
"အာ့..အာ့တာက"
တံခါး passwordရိုက်သံ တတီတီကသူ့အားခြောက်လှန့်တော့သည်။
မီးဖိုချောင်ထဲရောက်သွားသည့် ယူရှင်းကပြန်ထွက်လာ၏။
"ဧည့်သည်လား?"
အထုပ်နှစ်ထုပ်ကိုင်ထားသည့်ဂျောင်ဂုက ဘုမသိဘမသိဖြင့်တဇွတ်ထိုးဝင်ချလာသည်။
"အစ်ကို ရှေ့ကဖိနပ်ကဘယ်သူ့ဟာလဲ"
အသံနှစ်ခုကတစ်ပြိုင်နက်ထွက်ပေါ်လာပြီး ဂျောင်ဂုနှင့်ယူရှင်းက တစ်ယောက်ကိုတစ်ယောက် ကြောင်ကြည့်နေကြ၏။
ထိုအချိန်ဆုတောင်းမိသည်က ရုတ်တရက်အငွေ့ဖြစ်ပြီးပျံတတ်သွားရင်ကောင်းမည်ဟုသာ။
"ခင်ဗျား....."
ယူရှင်းက ဂျောင်ဂုဆီလက်ညှိုးထိုး၍ အံ့ဩမှင်သက်နေတော့သည်။
ထယ်ယောင်းကိုတစ်လှည့် ဂျောင်ဂုကိုတစ်လှည့်ကြည့်ရင်း သူ၏မျက်နှာမှာစိတ်ရှုပ်ထွေးမှုဟာအတိုင်းသားပေါ်လွင်လျက်။
Ariak
To be continued_
A/N ဒါလေးက drama plotတွေဆက်တိုက်မလို့ တစ်ခါရေးပြီးတိုင်းစိတ်ထဲနေလို့ကိုမကောင်းဘူး။ ပြီးတော့ ငါဘာလို့ဒါမျိုးရေးရသလဲဟဲ့ဆိုပြီး ကိုယ့်ဘာသာထုချင်လာရော။ ဝမ်းနည်းလက်စနဲ့ဆက်ပြီးအတူတူဝမ်းနည်းကြရအောင်နော် (မေတ္တာပို့လဲခံရမှာပါပဲ)👅
အပိုင်းသိပ်မရှည်ပါဘူး ဒါက...
SE လား HEလားမေးဖို့စောသေးတယ်သိလား ဟီးး
Zawgyi
ေဂ်ာင္ဂုအတြက္အား႐ွိေစရန္ ၾကက္သားဂ်င္ဆင္းျပဳတ္တစ္ပြဲႏွင့္ကိုယ္ပူက်ေစဖို႔ေသာက္ေဆးအနည္းငယ္ဝယ္ယူလာခဲ့သည္။
မိုးဖြဲေလးမ်ားၾကားထဲ ထီးတစ္ေခ်ာင္းႏွင့္မေမာႏိုင္မပန္းႏိုင္ေျပးဝယ္တဲ့ကိုယ့္ဘာသာကိုအံ့ဩမဆုံး။
ကိုယ့္ဝမ္းျဖည့္ဖို႔ေတာင္ပ်င္းသည့္အေၾကာင္းျပခ်က္ျဖင့္ ဟင္းမဝယ္ပဲၾကက္ဥေၾကာ္ႏွင့္သာစားရန္ဆုံးျဖတ္ၿပီးျပင္ဆင္ထားသည့္ ထမင္းစားပြဲေလးဟာ စားသူမဲ့ေနလ်က္။
ေခါက္ဆြဲမ်ားမွာလဲပြၿပီး ထမင္းေတြဟာ အေပၚေၾကာေတြပင္မာကုန္၏။
ေရစိုေနသည့္ ေခါက္ထီးအားတစ္ခ်က္ခါလိုက္ၿပီး ပုံးထဲသို႔ပစ္ထည့္လိုက္သည္။
ဝယ္လာသည္မ်ားကိုပန္ကန္လုံးထဲသို႔ေျပာင္းထည့္ၿပီး microwaveျဖင့္တစ္ဖန္ျပန္ေႏႊးေစ၏။
မိုးေရထဲျဖတ္ၿပီးလမ္းေလွ်ာက္လာတာမို႔ စားစရာကအနည္းငယ္ေအးသြားခဲ့သည္။
ေနမေကာင္းသည့္ေဂ်ာင္ဂုက ပူပူေႏြးေႏြးစားရန္လိုအပ္သည္မို႔ မီးဖိုေခ်ာင္တြင္ရပ္ၿပီးေစာင့္ေနေလသည္။
"အစ္ကို"
ေခၚသံေၾကာင့္ ေနာက္လွည့္ၾကည့္မိေတာ့ ေဂ်ာင္ဂုကအေပါက္ဝတြင္ရပ္ေနသည္။
မ်က္ႏွာကေသြးေရာင္အနည္းငယ္လႊမ္းလာသည္မို႔စိတ္သက္သာရာရသြား၏။
"ထိုင္ေလ အစ္ကိုမင္းအတြက္ ၾကက္သားဂ်င္ဆင္းဝယ္လာတယ္ အာ့တာျပန္ေႏႊးေနတာ"
သူ႕စကားအဆုံးေခါင္းအသာၿငိမ့္ျပရင္းတစ္ခ်က္ျပဳံးသည္။
ထို႔ေနာက္ ခုံတစ္လုံးဆြဲၿပီးဝင္ထိုင္ေတာ့သည္။
ထယ္ေယာင္းလုပ္သမွ်ကို မ်က္ေတာင္မခတ္တမ္းလိုက္ၿပီးၾကည့္ေနသည့္ေဂ်ာင္ဂု။
ထမင္းစားပြဲေပၚသို႔ လက္ညိဳးျဖင့္တေတာက္ေတာက္ေခါက္လ်က္ အေမျပင္ဆင္ေပးသည့္စားစရာအားေစာင့္ဆိုင္းေနသည့္ကေလးတစ္ေယာက္သဖြယ္။
ပန္းကန္လုံးက ပူေနသည္မို႔ မီးဖိုေခ်ာင္သုံးလက္အိတ္ျဖင့္ မ,ယူလိုက္၏။
အိမ္မွာခ်က္စားေလ့မ႐ွိေသာ္လဲ တစ္ခါတရံ အမကလာၿပီးခ်က္ေကြၽးတတ္သည္မို႔ မီးဖိုေခ်ာင္သုံးပစၥည္း၊အသား၊ငါး၊အသီးအ႐ြက္တို႔မွာ႐ွိေနတတ္သည္။
အလုပ္မ်ားေနသည့္ အမကဒီတစ္လေတာ့မလာျဖစ္တာေၾကာင့္ သူ၏ေရခဲေသတၱာမွာေျပာင္သလင္းခါေနေတာ့တာ။
"ပူေသးတယ္ေနာ္"
ထယ္ေယာင္းက သတိေပးသလိုေျပာေတာ့ ေဂ်ာင္ဂုကပန္းကန္အနားစြန္းေလးကိုဆြဲရင္းသူ႕ဘက္တိုးေစသည္။
တို႔စိတို႔စိ စားေနသည့္ေဂ်ာင္ဂုကိုအေ႐ွ႕မွငုတ္တုပ္ထိုင္ၾကည့္ေနသည့္ထယ္ေယာင္းက အားမရဟန္ျဖင့္။
"စားမေကာင္းဘူးလား"
"ကြၽန္ေတာ္ ဗိုက္သိပ္မဆာလို႔"
"မဆာလဲ နည္းနည္းေတာ့ဝင္ေအာင္စားလိုက္ပါ ေဆးေသာက္ဖို႔ဆိုရင္ ဗိုက္ထဲအစာ႐ွိမွျဖစ္မွာ"
"အစ္ကိုေရာ ညေနစာမစားဘူးလား"
"ဟမ္.."
ေဂ်ာင္ဂုေျပာမွသတိရေတာ့သည္။ ဟုတ္သားပဲ ကြၽန္ေတာ္ျဖင့္ညေနစာကိုခုထိမစားရေသးဘူး။
ေဂ်ာင္ဂုေရာက္လာသည္ႏွင့္ဆာေလာင္ေနတဲ့ဗိုက္ကိုေတာင္ေမ့သြားသည္။
"ေနာက္မွစားလိုက္ပါ့မယ္"
"ဘယ္ျဖစ္မလဲ အဆာလြန္မွာေပါ့"
"ရတယ္ အရင္လဲေနာက္က်မွစားေနၾက"
ကြၽန္ေတာ္ေျပာတာကိုသေဘာမေတြ႕လွသည့္ကိုယ္ေတာ္ေခ်ာရဲ႕မ်က္ခုံးတန္းေတြလိႈင္းထကုန္ပါၿပီ။
အိပ္ေနရင္ပဲခ်စ္ဖို႔ေကာင္းသလိုထင္ရတာ။ တကယ္က ဂ်စ္ကန္ကန္႐ုပ္ျဖစ္လာတာပဲ။
"တစ္ေယာက္တစ္ဝက္စားမယ္"
"ဘယ္လို"
"ၾကက္သားကအရမ္းမ်ားတယ္ တစ္ေယာက္တည္းမကုန္ဘူး"
"မဟုတ္တာ အစ္ကိုမစားေတာ့ဘူး မင္းပဲစား"
"အဖ်ားကူးမွာေၾကာက္လို႔လား?"
"အာ့...အာ့လိုလဲမဟုတ္ဘူးေလ"
"ဒါဆိုစားရမယ္"
အက်ပ္႐ိုက္ေနသည့္အစ္ကို႔ပုံစံကခ်စ္ဖို႔ေကာင္းသည္။
ငယ္ငယ္တုန္းကထက္ ပိုၿပီးတည္ၿငိမ္လာသည့္အစ္ကိုက စကားေျပာလဲေႏွးသြားသည္။
စေတြ႕ခ်ိန္အခါတုန္းက သူကခ်ည္းဦးေအာင္ေျပာခဲ့သည့္အစ္ကိုဟာ ခုမ်ားက် ကန္ေရျပင္လိုပင္ၿငိမ္သက္ေနေတာ့တယ္။
ေဂ်ာင္ဂုစိတ္တိုင္းက် သူထည့္ေပးလာသည့္ၾကက္သားဖတ္ေတြအကုန္စားရသည္။
ခဏေန ကြၽန္ေတာ့္ပန္းကန္ထဲေရာက္လာျပန္သည့္အသားဖတ္ေတြ။
ေနမေကာင္းျဖစ္တာက သူလား ကြၽန္ေတာ္လားပင္မသဲကြဲေတာ့ပါ။
ပန္းကန္လုံးထဲ႐ွိ႐ွိသမွ် ၾကက္သားဖတ္ေတြကို ခရင္းနဲ႔ထိုးဆြၿပီး လာလာပုံေပးေန၏။
"ေဂ်ာင္ဂု...ရၿပီ အစ္ကိုဗိုက္ျပည့္ေနၿပီ"
ေျပာလိုက္တာျမန္ေပလို႔ မဟုတ္ရင္ ေနာက္ထပ္တစ္တုံးကိုသူကထည့္ဖို႔ျပင္ေနေသးသည္။
"အစ္ကိုက အစားနည္းတာပဲ"
"ညေနဘက္ဆိုသိပ္မစားဘူး"
"ဟုတ္ပါၿပီ" ဟုဆိုၿပီးက်န္သည့္ၾကက္သားဖတ္ေတြကိုစားေနသည္။
စားတဲ့အေပၚမွာအာ႐ုံေရာက္ေနသည့္ေဂ်ာင္ဂုမ်က္ႏွာအားလွမ္းၾကည့္ရင္းအေတြးမ်ားရသည္။
သူတို႔ႏွစ္ေယာက္က အခုဘာေတြလဲ။ ဘယ္အေျခအေနထိဒီလိုမ်ိဳးဆက္ၿပီး႐ွိသြားၾကမွာလဲ။
ျဖစ္ေရာျဖစ္ႏိုင္ပါရဲ႕လား။ ကြၽန္ေတာ့္ႏွလုံးသားရဲ႕ဆုံးျဖတ္ခ်က္ဟာ တကယ္ပဲမွန္ကန္ႏိုင္ပါ့မလား။
တစ္ခါေလာက္မ်ား သူ႕အေပၚေလာဘတတ္ခြင့္႐ွိလို႔ျဖစ္ပါရဲ႕လားေလ။
စားေသာက္ၿပီးတာနဲ႔ ေဂ်ာင္ဂုကိုေဆးတိုက္ရသည္။
သူ႕အိမ္သူ႕ယာလိုပင္ တအားေတြသက္ေတာင့္သက္သာျဖစ္ပုံေပၚေနသည့္ ေဂ်ာင္ဂုက အိပ္ယာေပၚတတ္ၿပီးသူ႕ကိုယ္ေပၚေစာင္ပါျခဳံထား၏။
မတ္တပ္ရပ္ၿပီးျပဴးၾကည့္ေနသည့္ကြၽန္ေတာ့္ကိုျမင္ေတာ့
_
_
_
_
"ခ်မ္းလို႔ေလ"တဲ့
ေဟာလ္~ အိမ္ႀကီး႐ွင္ပဲ။
အခု ကိုယ့္အိမ္မွာကိုယ္ အေနခက္တာဟာကြၽန္ေတာ္။
ကုတင္ကတစ္လုံးထဲ႐ွိတာမို႔ ေနမေကာင္းသည့္ေဂ်ာင္ဂုကိုဆြဲခ်လို႔လဲမျဖစ္တာေၾကာင့္ ေစာင္ႏွင့္ေခါင္းအုံးပိုက္ၿပီးဧည့္ခန္းသို႔ထြက္ဖို႔ျပင္လိုက္သည္။
လက္တစ္ဖက္ကို ေခါင္းအုံးရင္း ေမွးေနသည့္ေဂ်ာင္ဂု၏မ်က္လုံးမ်ားကဖတ္ခနဲပြင့္လာခဲ့သည္။
"ဘယ္သြားမလို႔လဲ"
ကုတင္ေပၚမွာငုတ္တုပ္ထိုင္လ်က္သားျဖစ္ေနတဲ့ေဂ်ာင္ဂု။
ျမန္လိုက္တာ...သူဘယ္လိုေတာင္ထလိုက္ပါလိမ့္။
"ဧည့္ခန္းထဲသြားအိပ္မလို႔"
"ဒီမွာပဲအိပ္ေလ"
"ဟမ္"
အနည္းငယ္က်ယ္သြားသည့္ ထယ္ေယာင္း၏ခပ္ဩဩအသံဟာအခန္းအတြင္းပ်ံ႕ႏွံ႔လ်က္။
ေဂ်ာင္ဂုက သူ႕ေဘးတြင္လြတ္ေနေသာ ေနရာသို႔လက္ျဖင့္ပုတ္ျပ၏။
ထို႔ေနာက္
_
_
_
"ကြၽန္ေတာ္ တစ္ေယာက္တည္းဆိုေၾကာက္တယ္လို႔ အစ္ကို႔ကိုေျပာထားသားပဲ"
"ဒီမွာ ေၾကာက္စရာဘာမွမ႐ွိဘူး"
"ေသခ်ာလို႔လား"
"ေသခ်ာတာေပါ့ ဒီမွာေနလာတာႏွစ္ေပါက္ေနၿပီ"
ေျပာရဆိုရ လက္ေပါက္ကပ္လြန္းသည့္အစ္ကို႔ေၾကာင့္ ေဂ်ာင္ဂု ေစာင္ထဲမွထြက္ကာမတ္တပ္ထရပ္လိုက္၏။
ေခါင္းအုံးႀကီးပိုက္ထားသည့္ထယ္ေယာင္းက ဘာမွမသိတဲ့မ်က္ႏွာေဘးေလးျဖင့္ၾကည့္ေနသည္။
"အျပင္မွာဆိုေအးတယ္ အစ္ကိုဒီမွာအိပ္ ကြၽန္ေတာ့္ေၾကာင့္အေနခက္တယ္မလား အျပင္ထြက္ေပးမယ္"
အေျပာထက္ပိုျမန္သည့္ေဂ်ာင္ဂုရဲ႕ေျခေထာက္ေတြက ထယ္ေယာင္းေဘးမွျဖတ္သန္းသြားခ်ိန္။
လက္ေမာင္းထိသာ႐ွိသည့္ တီ႐ွပ္လက္ျဖင့္ေဂ်ာင္ဂု၏ လက္တစ္ဖက္အားဖမ္းဆြဲထားသည့္လက္ေလး။
ေဂ်ာင္ဂုခိုး၍ျပဳံးလိုက္မိသည္။
ႏႈတ္ခမ္းေထာင့္စြန္းေကြးၫႊတ္သြားသည့္ပုံအား ေနာက္ေက်ာမွာရပ္ေနသည့္ထယ္ေယာင္းကေတာ့မျမင္ေပ။
အစ္ကိုကဘယ္လိုနည္းနဲ႔မွသူ႕အား ဧည့္ခန္းထဲမွာအိပ္ခိုင္းမွာမဟုတ္ဘူးဆိုတာကိုသိသည္။
ဒါ့ေၾကာင့္ပဲ မူယာမာယာနည္းနည္းသုံးလိုက္ရတာ။
အေနာက္ဘက္နားဆီမွ ထြက္လာသည့္အသံတိုးလ်လ်ေလး။
_
_
_
"ဒီမွာပဲအိပ္...အျပင္ထြက္ၿပီးအိပ္ရင္ျပန္ဖ်ားေနလိမ့္မယ္"
မ်က္ခုံးတစ္ဖက္ပင့္ရင္း ေဂ်ာင္ဂုကလွည့္ၾကည့္လာသည္။
ထို႔ေနာက္ ထယ္ေယာင္းလက္ထဲမွ ေစာင္ႏွင့္ေခါင္းအုံးမ်ားကိုသူ႕စိတ္တိုင္းက်ဆြဲယူသြားၿပီး အိပ္ယာေပၚသို႔အက်အနတင္ထားလိုက္သည္။
တစ္သက္နဲ႔တစ္ကိုယ္ သူငယ္ခ်င္းေတြနဲ႔ေတာင္အခန္းမွ်မသုံးဖူးတဲ့ကြၽန္ေတာ္က အခုတစ္ကုတင္ထဲအိပ္ရမယ္တဲ့ ေဂ်ာင္ဂုနဲ႔ေလ။
သူလဲေယာက်္ား ကိုယ္လဲေယာက်္ား ဘာ႐ွက္စရာလိုလဲ။
ဟုတ္တယ္ အိပ္႐ုံေလးပါပဲ။
ကိုယ့္ဘာသာ အားေပးစကားဆိုရင္း ကုတင္စြန္းေလးေပၚဝင္ထိုင္လိုက္၏။
ေနာက္ေက်ာေပးထားသည့္ေဂ်ာင္ဂုက ျဗဳန္းခနဲဒီဘက္လွည့္လာတာမို႔ လန္႔ျဖန္႔သြားသည္။
စိုက္ၾကည့္ေနသည္ေၾကာင့္ အူေၾကာင္ေၾကာင္ျဖင့္ရီျပလိုက္ေသးတဲ့ကြၽန္ေတာ္ကစိတ္မ်ားလြတ္ေနသလား။
"ေကာင္းေသာညပါ ေဂ်ာင္ဂု"
"အင္း"
ျပဳတ္မက်ယုံတစ္မယ္ပင္ ကုတင္၏တစ္ဖက္တစ္ခ်က္စီတြင္႐ွိေနၾကသည့္သူႏွစ္ဦး။
အခန္းတြင္းဟာ တိတ္ဆိတ္ၿငိမ္သက္လြန္းလွ၍ အသက္႐ႈသံမ်ားပင္ၾကားေနရသည္။
အရင္လိုတစ္ေယာက္တည္းအိပ္ရသည္မဟုတ္တာေၾကာင့္ စိတ္လြတ္ကိုယ္လြတ္အိပ္မေပ်ာ္ႏိုင္ပါ။
ေက်ာေပးထားသည္ေၾကာင့္ ေဂ်ာင္ဂုအိပ္ေပ်ာ္ေနၿပီလား ကြၽန္ေတာ္မသိရ။
ကုတင္ေပၚမွာ တစ္ခ်ိန္လုံးလႈပ္႐ြေနေပမယ့္ ေဂ်ာင္ဂုဘက္က လႈပ္႐ွားမႈမ႐ွိေတာ့တာေၾကာင့္အိပ္ေပ်ာ္သြားၿပီဟုသတ္မွတ္လိုက္သည္။
ကိုယ္တိုင္က ေဘးေစာင္းအေနအထားျဖင့္အသားမက်တာေၾကာင့္ ေဂ်ာင္ဂုဘက္သို႔လွည့္လိုက္ခ်ိန္
_
_
_
လက္ေမာင္းအားေခါင္းအုံးရင္း ကြၽန္ေတာ့္ဘက္သို႔မ်က္ႏွာမူထားသည့္ေဂ်ာင္ဂု၏မ်က္ဝန္းမ်ားႏွင့္အၾကည့္ခ်င္းသြားဆုံသည္။
တစ္ခ်ိန္လုံးၿငိမ္ေနလို႔ အိပ္သြားၿပီထင္ခဲ့တာေလ။
သူကခုထိမအိပ္ေသးဘူးလား။ ေဆးအ႐ွိန္ေၾကာင့္ခုမ်ားဆို အိပ္ေမာက်ၿပီထင္ခဲ့မိသည္။
ကုတင္ေပၚတြင္မ်က္ႏွာခ်င္းဆိုင္လဲေလ်ာင္းေနၾကသည့္လူႏွစ္ဦး။
တစ္ခါတရံမွာ စကားလုံးေတြထက္ပင္ မ်က္ဝန္းေတြ၏အဓိပၸါယ္ဟာ ပို၍ေလးနက္သတဲ့။
ဖြင့္ဆိုရန္အတြက္ခဲယဥ္းလြန္းၿပီး ေဖာ္ျပဖို႔လဲမလြယ္။
ေဂ်ာင္ဂု၏မ်က္ဝန္းေတြထဲ ႏူးညံ့ျခင္းလိႈင္းေလးေတြလွ်ပ္ေျပးေနသည္။
ေခါင္းအုံးေပၚ အပ္ေနသည့္အစ္ကို႔ရဲ႕ပါးျပင္ေလးတစ္ဖက္ကမို႔တတ္လို႔။
စူး႐ွေနတတ္သည့္ ထိုေကာင္ေလးရဲ႕မ်က္ဝန္းေတြဟာ ဒီေန႔မွာေတာ့ျဖင့္ အေရာင္ေတြလက္ေနသည္။
ကြၽန္ေတာ္ငယ္ငယ္က သေဘာက်ခဲ့တဲ့ ၾကယ္ေလးေတြလိုေတာက္ပသည့္မ်က္ဝန္းမ်ိဳး။
ကမ႓ာ့အျပင္ဘက္မွာ႐ွိသည့္ Galaxyတန္းႀကီးထက္ ခ်ာတိတ္ရဲ႕မ်က္ဝန္းေတြဟာသိပ္ၿပီးသေဘာက်စရာေကာင္းတာ။
မ်က္ဆံနက္ခပ္ႀကီးႀကီးေလးက ဘယ္ကိုမွမေ႐ြ႕ဘဲကြၽန္ေတာ့္မ်က္ႏွာကိုပဲစိုက္ၾကည့္ေနသည္။
မၾကာလိုက္ ေဂ်ာင္ဂု၏ဘယ္ဘက္လက္ဟာေ႐ြ႕လ်ားလာခဲ့ရင္း ထယ္ေယာင္း၏ပါးျပင္ေလးကိုအုပ္ကိုင္လိုက္သည္။
႐ုတ္တရက္အေနအထားမို႔တစ္ခ်က္တြန္႔သြားေသာ္လဲ႐ုန္းကန္ျခင္းမျပဳသည့္အစ္ကို႔ေၾကာင့္ ျပဳံးမိျပန္သည္။
ႏွစ္ေပါင္းမ်ားစြာ အရီအျပဳံးေတြရပ္တန္႔ခဲ့သည့္ သူဟာ အစ္ကို႔ကို႐ွာေတြ႕ခဲ့ၿပီးေနာက္ပိုင္း ေပ်ာက္ဆုံးေနခဲ့တဲ့အျပဳံးေတြဟာတစ္ဖန္ျပန္လည္အသက္ဝင္လာခဲ့တာ။
လက္မျဖင့္ထယ္ေယာင္း၏ပါးျပင္အားပြတ္ဆြဲလိုက္သည္။
"ရည္းစားဘယ္ႏွစ္ေယာက္ထားခဲ့လဲ"
"ဟင္"
႐ုတ္တရက္ဆန္သည့္ေမးခြန္းေၾကာင့္ ထယ္ေယာင္းဘက္ကဘာေျဖရမယ္မွန္းမသိပဲ အာေမဋိတ္သံတစ္ခုသာထြက္လာခဲ့ေတာ့၏။
"ကြၽန္ေတာ္နဲ႔မေတြ႕ျဖစ္ခဲ့တဲ့ႏွစ္ေတြအတြင္း အစ္ကို႔မွာခ်စ္သူရည္းစား႐ွိခဲ့လား"
ဘယ္လိုျပန္ေျဖရမွာလဲ။ အမွန္အတိုင္းေျပာရရင္လုံးဝမ႐ွိခဲ့ဘူး။ ဒီအသက္အ႐ြယ္ထိ တစ္ေယာက္မွမထားႏိုင္ခဲ့ဘူးဆိုရင္ နည္းနည္းမ်ားေအာက္ေလမလား။ သူ႕ထက္ငယ္သည့္ေဂ်ာင္ဂုက ေတာင္႐ွိခဲ့သည္ဟုဆိုလာလွ်င္ေရာ...
သူ႕အေတြးေတြဟာ ေဂ်ာင္ဂု၏ခပ္ဟဟရီသံအဆုံးတြင္လြင့္ပ်ယ္ကုန္သည္။
"ဘာေတြအာ့ေလာက္ထိစဥ္းစားေနတာလဲ။ အစ္ကို႔မွာ႐ွိခဲ့လဲ ကြၽန္ေတာ့္အတြက္ဘာမွမေျပာင္းလဲဘူး အခု႐ွိေနတယ္ဆိုလဲ ဘာမွမထူးဘူး။ အစမွာဘယ္သူနဲ႔ပဲစခဲ့ပါေစ ဇာတ္သိမ္းမွာေတာ့ကြၽန္ေတာ္နဲ႔ပဲအဆုံးသတ္ရမယ္"
"အစ္ကို႔အတြက္ ကြၽန္ေတာ္က,အဓိက ဇာတ္ေဆာင္ပဲ"
ေဂ်ာင္ဂု၏စကားအဆုံး ထယ္ေယာင္းဆီမွေလသံခပ္ယဲ့ယဲ့ေလးျဖင့္ "မင္းကေတာ့ေလ" ဟုေျပာလာသည္။
ပါးျပင္ေပၚမွာေျပးလႊားေနသည့္ေဂ်ာင္ဂု၏လက္မ်ားက ထယ္ေယာင္း၏ဆံေကသာထက္သို႔ေရာက္႐ွိသြားသည္။
အေရာင္ဆိုးေဆးမ်ားသုံးမထားသည့္ သဘာဝအတိုင္းနက္ေမွာင္ေနေသာ ဆံႏြယ္မ်ားဟာႏူးညံ့လြန္းတယ္။
ငွက္ေမႊးေလးေတြၾကားထဲ လက္ေခ်ာင္းႏွစ္ျမဳပ္ထားသည့္ခံစားခ်က္မ်ိဳး။
"ေဂ်ာင္ဂု.."
"အင္း"
"တကယ္ပဲမွန္တယ္ထင္လား"
"ဘဝမွာ ဘယ္ေတာ့မွေနာင္တ,မရမယ့္ဆုံးျဖတ္ခ်က္ကဒါပဲ"
"............"
"ကြၽန္ေတာ္အားလုံးကိုစြန္႔လႊတ္ၿပီး လာတဲ့အခ်ိန္မွာ အစ္ကို႐ွိေနဖို႔လိုတယ္"
"..........."
"ကြၽန္ေတာ့္ကိုပဲၾကည့္ေနၿပီးယုံၾကည္ထား.."
ေဂ်ာင္ဂု၏လက္ဖမိုးေပၚသို႔အုပ္ကိုင္လိုက္သည့္ထယ္ေယာင္း၏လက္ဖဝါးျပင္။
ႏွစ္ေပါင္းမ်ားစြာ ယုံၾကည္ၿပီးေတာင္ေစာင့္ခဲ့ေသးတာဟာ ကြၽန္ေတာ္ပါ။ ဘယ္ကယုံၾကည္ခ်က္ေတြနဲ႔မ်ား ေဂ်ာင္ဂုဟာ ကြၽန္ေတာ့္ဆီျပန္လာလိမ့္မယ္ဆိုၿပီးထင္ခဲ့သလဲ မသိေပမယ့္ အမွန္တကယ္ပင္ ဆုံစည္းခဲ့ၾကေပသည္။
ငါရဲ႕ဇာတ္လမ္းတစ္ခုလုံးမွာ မင္းတစ္ေယာက္တည္းကသာ ဇာတ္ေဆာင္ပါ ေဂ်ာင္ဂုရယ္...
အစမွာလဲ မင္း။ အဆုံးမွာလဲ မင္းပါပဲကြယ္။
အခြင့္ၾကဳံတဲ့အခါ ေျပာျပပါ့မယ္။ ငါဟာမင္းထက္အရင္ခ်စ္ႏွင့္ၿပီးသားလူပါဆိုတဲ့အေၾကာင္း။
သြားႏိုင္သမွ် သြားထားၾကမယ္။
ေပ်ာ္ႏိုင္သမွ် ေပ်ာ္ထားၾကမယ္။
မင္းလက္ကိုတြဲၿပီး ငါဟာ ေခၚေဆာင္ရာေနာက္ကိုမၿငီးမျငဴလိုက္ပါ့မယ္။
မင္းနဲ႔ပတ္သက္ၿပီး ေနာင္တဆိုတာမက်န္ခဲ့ခ်င္တာမို႔ အခ်စ္ဦးေလးတျဖစ္လဲ...တစ္နည္းအားျဖင့္ ဘူဆန္သားမမည္တဲ့ ဘူဆန္သားေလးရဲ႕ရင္ခြင္ဆီတစ္ခါေလာက္မ်ားခိုဝင္ခဲ့ဖူးခ်င္တယ္။
ေမတၱာေတြဟာေႏြးေထြးတယ္။
ခ်စ္ျခင္းတရားဟာႏူးညံ့တယ္။
ခြဲခြာရျခင္းဟာ နာက်င္သတဲ့ေလ။
ထုတ္ေဖာ္ခြင့္မ႐ွိလိုက္တဲ့ ခ်စ္ျခင္းေမတၱာေတြဟာေတာ့ပို၍ပင္နာက်င္ရပါတယ္။
THE FIRST TIME WE MET 🌊
_
_
အခုဆိုလွ်င္ ေဂ်ာင္ဂုကညေနတိုင္းအခ်ိန္မွန္သည္။
က်ဴ႐ွင္မွအိမ္ကိုသူ႕ကားျဖင့္လိုက္ပို႔ရင္းအေၾကာင္းျပကာလုံးဝမျပန္ေတာ့။
ညတိုင္းဒီမွာပဲအိပ္သည္။ ညစာလဲဒီမွာပဲစားသည္။
အတင္းတြန္းထုတ္၍လဲ မတတ္သာတဲ့အေျခအေနမ်ိဳးမွာ အခုဆိုလွ်င္ညေနတိုင္းထမင္းႏွစ္ေယာက္စာတည္ေနရၿပီ။
တံခါးဘဲလ္သံေၾကာင့္ ေရစိမ္ထားသည့္ထမင္းေပါင္းအိုးကိုခလုတ္ဖြင့္၍တည္ထားရင္း ဖြင့္ဖို႔ေျပးရသည္။
ဟင္းသြားဝယ္မည္ဟုဆိုကာ ထြက္သြားသည့္ေဂ်ာင္ဂုက သူ႕ဘာသူဖြင့္ၿပီးဝင္လာမွာ။
သုံးေလးခ်က္ဆက္တိုက္ထြက္ေပၚလာသည့္ဘဲလ္သံေၾကာင့္ တံေထြးမ်ိဳခ်မိသည္။
အခုန္ျမန္လာသည့္ရင္ဘတ္ကိုလ်စ္လ်ဴ႐ႈကာ တံခါးလက္ကိုင္ဘုအားဆြဲဖြင့္လိုက္စဥ္
_
_
_
_
"ယူ႐ွင္း"
"ေအး..ထယ္ေယာင္းရ မင္းမလဲၾကာလိုက္တာ ငါဒီမွာအထုပ္ေတြသယ္ထားရတာ လက္အံေသေနၿပီ"
တစ္ေယာက္တည္းပြစိပြစိျဖင့္ေရ႐ြတ္ကာ ဖိနပ္ခြၽတ္ၿပီးဝင္သြားေလသည့္ဆရာသမား။
တံခါးပိတ္ၿပီး အေနာက္သို႔အျမန္လိုက္ရသည္။
ဘာအထုပ္ေတြမွန္းပင္မသိရတဲ့အရာေတြကိုဧည့္ခန္းထဲ႐ွိစားပြဲေပၚသို႔တင္ကာ ဆိုဖာေပၚတြင္အေမာေျဖေနေလသည္။
ေရေအးတစ္ခြက္ကိုယူၿပီး အေ႐ွ႕သို႔ခ်ေပးလိုက္ေတာ့ "ေက်းဇူး" ဟုေျပာၿပီးတစ္က်ိဳက္တည္းေမာ့ေသာက္ပစ္၏။
"ဘယ္ကျပန္လာတာလဲ ၿပီးေတာ့ဒါေတြကေရာ.."
"ဒယ္ဂူဘက္က ငါ့ဦးေလးေနမေကာင္းလို႔ သတင္းသြားေမးရတာ အာ့တာနဲ႔ လမ္းၾကဳံတုန္းမင္းတို႔အိမ္ငါဝင္ခဲ့ေသးတယ္ ေဒၚေလးကေလ မင္းစားဖို႔အတြက္ဆိုၿပီး အေျခာက္အျခမ္းေတြထည့္ေပးလိုက္တာတဲ့...ငါ့အတြက္လဲပါေသးတယ္ဆိုလို႔ အေပ်ာ္လြန္ၿပီးသယ္လာခဲ့တာ ဒီတံခါးေ႐ွ႕ေရာက္မွ ငါ့လက္ေမာင္းေတြျပဳတ္ခါနီးေနၿပီမွန္းသိတယ္"
ယူ႐ွင္းစကားေၾကာင့္ ထရီမိေတာ့သည္။
ဘာအပူအပင္မွလဲမ႐ွိဘဲ တစ္ေယာက္တည္းဘဝကိုေအးေဆးစြာျဖတ္သန္းေနသည္က အားက်စရာပါ။
အခ်စ္မ႐ွိ အမုန္းမ႐ွိ အၿငႇိဳးအာဃာတဆိုသည္မွာလဲတစ္စက္ေလးေတာင္မ႐ွိ႐ွာသည့္ ကြၽန္ေတာ့္ရဲ႕သူငယ္ခ်င္းဟာ ကေလးသာသာပင္။
"ဟင္ ဒါနဲ႔ ဘာလို႔ထမင္းပန္းကန္ႏွစ္လုံးျဖစ္ေနတာလဲ"
မီးဖိုေခ်ာင္ထဲမွာ႐ွိသည့္ထမင္းစားပြဲေပၚက ပန္းကန္ႏွစ္လုံးအားယူ႐ွင္ကျမင္သြားေလသည္။
ဘယ္လိုျပန္ေျဖရမလဲ။ ယူ႐ွင္းကေဂ်ာင္ဂုကိုသေဘာမက်ဘူး။ အခုလိုမ်ိဳးသာသိသြားရင္ ေမေမတို႔နဲ႔သြားတိုင္ေလမလား။
"အာ့..အာ့တာက"
တံခါး password႐ိုက္သံ တတီတီကသူ႕အားေျခာက္လွန္႔ေတာ့သည္။
မီးဖိုေခ်ာင္ထဲေရာက္သြားသည့္ ယူ႐ွင္းကျပန္ထြက္လာ၏။
"ဧည့္သည္လား?"
အထုပ္ႏွစ္ထုပ္ကိုင္ထားသည့္ေဂ်ာင္ဂုက ဘုမသိဘမသိျဖင့္တဇြတ္ထိုးဝင္ခ်လာသည္။
"အစ္ကို ေ႐ွ႕ကဖိနပ္ကဘယ္သူ႕ဟာလဲ"
အသံႏွစ္ခုကတစ္ၿပိဳင္နက္ထြက္ေပၚလာၿပီး ေဂ်ာင္ဂုႏွင့္ယူ႐ွင္းက တစ္ေယာက္ကိုတစ္ေယာက္ ေၾကာင္ၾကည့္ေနၾက၏။
ထိုအခ်ိန္ဆုေတာင္းမိသည္က ႐ုတ္တရက္အေငြ႕ျဖစ္ၿပီးပ်ံတတ္သြားရင္ေကာင္းမည္ဟုသာ။
"ခင္ဗ်ား....."
ယူ႐ွင္းက ေဂ်ာင္ဂုဆီလက္ညိႇဳးထိုး၍ အံ့ဩမွင္သက္ေနေတာ့သည္။
ထယ္ေယာင္းကိုတစ္လွည့္ ေဂ်ာင္ဂုကိုတစ္လွည့္ၾကည့္ရင္း သူ၏မ်က္ႏွာမွာစိတ္႐ႈပ္ေထြးမႈဟာအတိုင္းသားေပၚလြင္လ်က္။
Ariak
To be continued_
A/N ဒါေလးက drama plotေတြဆက္တိုက္မလို႔ တစ္ခါေရးၿပီးတိုင္းစိတ္ထဲေနလို႔ကိုမေကာင္းဘူး။ ၿပီးေတာ့ ငါဘာလို႔ဒါမ်ိဳးေရးရသလဲဟဲ့ဆိုၿပီး ကိုယ့္ဘာသာထုခ်င္လာေရာ။ ဝမ္းနည္းလက္စနဲ႔ဆက္ၿပီးအတူတူဝမ္းနည္းၾကရေအာင္ေနာ္ (ေမတၱာပို႔လဲခံရမွာပါပဲ)👅
အပိုင္းသိပ္မ႐ွည္ပါဘူး ဒါက...
SE လား HEလားေမးဖို႔ေစာေသးတယ္သိလား ဟီးး