"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်"...
By Sayy-Pann-Chi
548K 52.4K 7.7K
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မ... More
မိတ်ဆက်
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
❗Plz Read🙏(for side couple)❗
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
♡︎🌸♡︎
အပိုင်း(၄၃)
အပိုင်း(၄၄)
ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ
❗အသိပေးချက်❗(ဖတ်ပေးပါ🙏)
❗Book Announcement❗
အပိုင်း(၃၁)
9.5K 1K 111
By Sayy-Pann-Chi
လမင်းကြီးကထိန်ထိန်သာနေသော်လည်း မျက်စိရှေ့ကအစောကချစ်စေမောင်မျက်လုံးထဲပို၍တောက်ပနေသည်။ချစ်မြတ်နိုးဖွယ်ကောင်းမှုကအရင်ကတိုင်းမပြောင်းမလဲဘဲ  ရင်အေးစေသည့်မျက်နှာလေးကိုလည်း ငေးကြည့်လို့မဝနိုင်။
ဒီရက်ပိုင်းအတွင်းတော့ အစောဝမ်းနည်းနေလောက်ဦးမည်ထင်ထားခဲ့သော်လည်း သူ့အတွေးတွေနှင့်ဆန့်ကျင်စွာအစောကပျော်ရွှင်နေပုံပါပင်။မျက်နှာလေးကပိုပြည့်လာပြီး အပြုံးတွေကလည်းပိုတောက်ပလာသလိုပင်။စိတ်ချမ်းသာနေတယ်ထင်ပါ့။
သို့သော်...ထိုစိတ်ချမ်းသာမှုကကိုယ့်ကြောင့်မဟုတ်တာကတော့ ရင်နာစရာကောင်းလှသည်။
"အစော"
"ဟင်"
ခေါ်လိုက်တော့လည်းတိုးသဲ့သဲ့လေးပြန်ထူးလာသည်။သူနှင့်ကိုယ့်ကြားဘာကိစ္စဘာပြဿနာမှမဖြစ်ခဲ့သလိုပင်။
"မောင်တောင်းပန်ပါတယ်"
"ဘာအတွက်လဲ"
"အရာအားလုံးအတွက်"
"ဒါပေါ့ ကိုချစ်စေမောင်ကျွန်တော့်ကိုတောင်းပန်သင့်တာပေါ့"
စိမ်းကားရက်သူက ရက်ပိုင်းလေးအတွင်းပြောင်းလဲသွားလိုက်တာများ။ဘယ်လိုအရာတွေနဲ့ကုစားလိုက်လို့အခုလိုအေးဆေးနေနိုင်ရတာလဲအစောရယ်...
ရင်ဘတ်ထဲအောင့်သက်သက်ဖြင့်ခံရခက်လာမှုကို အစောမျက်နှာလေးကိုငေးရင်းဖြေဖျောက်မိသည်။ဘာပဲဖြစ်ဖြစ်ပါ ချစ်စေမောင်၏ရည်ရွယ်ချက်ကအစောမုန်းမသွားဖို့ဖြစ်တာကြောင့် ရှင်းပြစရာရှိတာကိုရှင်းပြရမည်သာ။
"ကြီးငွေခင်ကမောင့်ကိုခင်နှင်းနဲ့လက်ထပ်ပေးဖို့ငိုယိုပြီးတောင်းပန်လာခဲ့တယ်အစော"
‌စောလွန်းခေါင်းညိတ်ရုံသာပြန်တုန့်ပြန်ပြီး ဆက်ပြောလာမည့်စကားများကိုနှုတ်ဆိတ်ကာ နားစွင့်နေမိသည်။စောလွန်းကိုယ်တိုင်လည်းတွေးမိပြီးသားပါ ရုတ်တရက်ကြီးမင်္ဂလာပွဲဖြစ်သွားရတာ အကြောင်းရင်းတစ်ခုခုရှိလောက်မည်ဆိုတာ။သို့ပေမဲ့ ဘယ်လိုအကြောင်းမျိုးဖြစ်ပါစေ စောလွန်း၏စိတ်ကိုပြောင်းလဲနိုင်တော့မှာတော့မဟုတ်ပေ။
"မောင်ငြင်းပါသေးတယ် မောင်ချစ်ရသူကအစောတစ်ယောက်တည်းဖြစ်တာကြောင့် အစောကိုပဲမောင်လက်ထပ်ချင်ခဲ့တာလေ"
အခုလိုစကားတွေကို အရင်ချိန်တွေကပြောလာခဲ့ရင်တော့အနည်းငယ်ရင်ခုန်နိုင်လောက်ပေမဲ့ အခုတော့မရယ်ရသည့်ဟာသတစ်ပုဒ်ကိုနားဆင်နေရသလို ခံစားချက်ကနတ္တိ။
"ဒါပေမဲ့ အကြောင်းအရင်းကိုပြောလာတဲ့အခါမှာတော့ မောင်စဥ်းစားစရာတွေဖြစ်လာခဲ့တယ်"
"........."
"ခင်က...ခင်က"
ချစ်စေမောင်ထိုစကားကိုဘယ်လိုမျိုးပြောရပါ့။ညီမငယ်လေးလိုသံယောဇဥ်ရှိခဲ့ရသည့်ခင့်အဖြစ်ကိုပြန်တွေးမိတိုင်းရင်နာရသည်။
"အနိုင်ကျင့်စော်ကားခံခဲ့ရတယ်"
မထင်မှတ်ထားသည့်အကြောင်းအရင်းဖြစ်တာကြောင့် စောလွန်းအံ့သြတကြီးလှည့်ကြည့်မိသည်။မောင့်မျက်နှာပေါ်မှာ ခံပြင်းမှုတွေနှင့်စိတ်မကောင်းဖြစ်မှုတချို့ကအရိပ်ထင်နေခဲ့သည်။
ဘယ်လိုလုပ် ခင်နှင်းက...
"ဘယ်သူလဲ"
"မသိဘူး ခင်ကလုံးဝမပြောဘူး သူတစ်ယောက်တည်းကျိတ်ခံစားနေပြီးတော့...ကိုယ့်ကိုကိုယ်သက်သေဖို့အထိပါလုပ်ခဲ့တာ"
စောလွန်းပြောစရာစကားတို့ဆွံ့အသွားရသည်။မိန်းမသားတစ်ယောက်အတွက်ဘယ်လောက်တောင်အရှက်ရစရာကိစ္စဖြစ်လိုက်မလဲ။ဘယ်သူ့ကိုမှလည်းပြောမထွက်နှင့် ခင်နှင်းတော်တော်လေးခံစားခဲ့ရမှာဖြစ်သည်။စောလွန်းကိုယ်ချင်းစာပါသည်။စောလွန်းကိုယ်တိုင်လည်းထိုသို့စက်ဆုပ်စရာအဖြစ်မျိုး ကြု့ရတော့မလို့ပဲမဟုတ်လား။ဓားပြကြီးကယ်ပေလို့သာ...
"အစောအပေါ်မတရားမှန်းသိပေမဲ့ မောင်ခင့်ကိုလက်ထပ်ဖို့ဖြစ်လာခဲ့တယ်"
"အဟက် သူရဲကောင်းဝင်လုပ်တယ်လို့ထင်ကောင်းထင်နေနိုင်ပေမဲ့ ခင်ကမောင်ညီမလေးတစ်ယောကလိုသံယောဇဥ်ရှိခဲ့ရတဲ့မိန်းကလေး၊မောင့်တစ်ဦးတည်းသောငယ်သူငယ်ချင်းမလေးဆိုလည်းဟုတ်တယ်အစော ဘဝကိုအရှုံးပေးပြီးအဆုံးသတ်လိုက်မဲ့သူ့ပုံစံကိုမောင်လက်ပိုက်ကြည့်မနေချင်ခဲ့ဘူးအစောရယ်..."
အကြောင်းပြချက်ကနားလည်မပေးလို့မရသည့်အခါ စောလွန်းဘာများပြန်ပြောနိုင်မှာတဲ့လဲ။ဘယ်လိုပဲဖြစ်နေပါစေ အဆုံးသတ်မှာတော့ မောင်ဟာအစောထက်ခင်နှင်းဆိုသည့်မိန်းကလေးကိုပဲရွေးချယ်ခဲ့တာမဟုတ်လား။
မောင်မသိခဲ့ပေမဲ့ အစောလည်းအနိုင်ကျင့်စော်ကားခံရတော့မလို့ပါပဲ။ထိုအချိန်တွေတုန်းကရောသူရဲကောင်းကြီးမောင်ဘယ်ဆီဘယ်ဝယ်ရောက်နေသလဲဟုမေးချင်မိ၏။
တမ်းတမိသူမောင်ကလာမကယ်ခဲ့ပေမဲ့ လွဲမှားစွာမုန်းတီးနေမိသူတစ်ယောက်ကတော့ အစောကိုကယ်ထုတ်သွားခဲ့တယ် မောင်..
ထိုလူကဘယ်အရာနဲ့ယှဥ်လာလာ စောလွန်းသက်လယ်ဆိုတဲ့သူ့တစ်ဦးကိုသာအမြဲတစေရွေးချယ်ခဲ့တယ်။
ဒါတွေကိုမောင်သိအောင်ပြောပြချင်စမ်းပါရဲ့...
"ဒီအကြောင်းတွေကိုပြောပြနေရတာ အစောမောင့်ကိုမုန်းတီးသွားမှာစိုးရိမ်လို့ပါ"
အမုန်းတရားကပူလောင်ပါတယ်ဆိုသည့်အကြောင့်ဓားပြကြီးရှင်းပြခဲ့သည့်အချိန်တည်းက မည်သူ့ကိုမှမမုန်းတော့ဘူးဟုစောလွန်းဆုံးဖြတ်ချက်ချခဲ့တာဖြစ်သည်။ထို့ကြောင့် ကိုယ့်ကိုချန်ထားခဲ့ကာ အခြားမိန်းကလေးတစ်ယောက်နှင့်လက်ထပ်သွားခဲ့သည့်မောင့်ကိုလည်းစောလွန်းမမုန်းပါ။
"အဲတာကြောင့် အစော"
ဆက်ပြောလေဆိုသော အကြည့်မျိုးနှင့်စောလွန်းကြည့်ပေးလိုက်သည်။သူတို့စကားပြောနေကြတာအချိန်အနည်းငယ်ကြာနေပြီဖြစ်တာကြောင့် ဓားပြကြီးစိတ်ပူနေရော့မည်မဟုတ်လား။
"မောင့်ကိုခွင့်လွှတ်တယ်မဟုတ်လား"
"အင်း ငါမောင့်ကိုခွင့်လွှတ်ပါတယ်"
ခွင့်မလွှတ်နိုင်စရာဘာအကြောင်းရှိမလဲ။မောင်လည်းမောင့်လမ်းမောင်လျှောက်တော့မှာဖြစ်သလို စောလွန်းလည်းစောလွန်းလမ်းစောလွန်းလျှောက်တော့မှာမဟုတ်လား။ဓားပြကြီးလက်ကိုတွဲပြီး ဓားပြကြီးနဲ့အတူတူပေါ့။
"တကယ်နော် အစော"
ဝမ်းသာအားရနှင့်ချစ်စေမောင်အစောလက်လေးကိုလှမ်းဆွဲလိုက်သော်လည်း မကြာပါပြန်ရုန်းထွက်သွားသည့်လက်ကလေး။
"ကျွန်တော့်ကိုဒီလိုမလုပ်ပါနဲ့ သူကြိုက်မှာမဟုတ်ဘူး"
"ဘယ်လို... သူဆိုတာ...."
"အင်း ခုနကလူကြီးလေ"
"သူကအစောနဲ့ဘယ်လိုပတ်သတ်တာလဲ"
သူမေးလိုက်တော့အစောကပြုံးသည်။တကယ့်ကိုဂုဏ်ယူဝံ့ကြွားနေသည့်အပြုံးမျိုးဖြင့်ပီပီပြင်ပြင်ကိုပြုံးနေတာဖြစ်သည်။
"သူကကျွန်တော့်ကိုသိပ်ချစ်တဲ့သူတစ်ယောက်ပဲ အပေါ်ယံကြည့်ရင်ခက်ထန်တယ်လို့ထင်ရပေမဲ့ တကယ်တော့ကြင်နာသနားတတ်တဲ့လူကောင်းတစ်ယောက်"
"သူနဲ့ကျွန်တော့်ရဲ့ပတ်သတ်မှုကခေါင်းစဥ်တစ်ခုအောက်မှာမရှိသေးပေမဲ့ သူကကျွန်တော့်ရဲ့အရာရာဖြစ်နေပြီ အဟင်း သူမရှိရင်တောင်နေနိုင်တော့မယ်မထင်ဘူး"
မိုးကြိုးအစင်းတစ်ရာလောက်ပစ်ချခံလိုက်ရသလို၊ချစ်စေမောင်၏ကမ္ဘာကြီးပြိုလဲပျက်စီးသွားသလို၊နှလုံးသားကိုဓားဖြင့်အကြိမ်ကြိမ်အမွှန်းခံလိုက်ရသလို...နာကျင်မှုအတိုင်းအတာကိုမဖော်ပြနိုင်လောက်သည့်အထိထုံကျဥ်သွားခဲ့ရသည်။
"ချစ်လား အစောသူ့ကိုချစ်သလား"
"ဒီမေးခွန်းကိုတော့မဖြေပါရစေနဲ့"
ဟုတ်သည်။ထိုအဖြေဟာဓားပြကြီးတစ်ယောက်တည်းသာကြားသိရမည့်အဖြေဖြစ်သည်။ဓားပြကြီးမသိသေးခင်မည်သူမှသိခွင့်မရှိ။
မောင့်မေးခွန်းရဲ့အဖြေကိုနှုတ်ကဖြေမှသိနိုင်တာမဟုတ်ပါဘူးအစော။အစောရဲ့မျက်ဝန်းလေးတွေကိုသတိထားမိတဲ့မောင်က ထိုလူ့အပေါ်ထားတဲ့အစောရဲ့ခံစားချက်အတိမ်အနက်ကိုလည်းခန့်မှန်းနိုင်ပါတယ်။
ထိုအသိ...အစောကကိုယ်မဟုတ်သည့် အခြားတစ်ယောက်ကိုချစ်နေတယ်ဆိုသော အသိကရင်ထဲမှာခံစားရခက်လွန်းလှသည်။သို့သော်..သူကဘာများစောဒကတတ်နိုင်မှာတဲ့လဲ။
"ပြောစရာမရှိတော့ရင်ကျွန်တော့်ကိုသွားခွင့်ပြုပါဦး သူစိတ်ပူနေလောက်ပြီ"
"ကိုယ့်ကိုကိုယ့်ဂရုစိုက်ပါအစော ရွာကကိစ္စတွေကိုလည်းစိတ်ပူမနေဘဲ အစောရဲ့အရေးပါတဲ့သူနဲ့သာပျော်ပျော်ရွှင်ရွှင်နေထိုင်သွားနော် အရာရာအားလုံးအတွက်ထပ်ပြီးတောင်းပန်ပါတယ်"
"ကျေးဇူးတင်ပါတယ် ပြီးတော့ ကျွန်တော်လည်းတောင်းပန်ပါတယ်"
အမှန်တိုင်းဝန်ခံရပါလျှင် စောလွန်းတို့နှစ်ယောက်တွင်ဦးဆုံးသစ္စာဖောက်ခဲ့သူမှာစောလွန်းသာဖြစ်သည်။ရုပ်ပိုင်းဆိုင်ရာမဖောက်ပြားခဲ့လျှင်တောင် ဓားပြကြီး၏ချစ်ခြင်းမေတ္တာတွေအပေါ်သာယာမိပြီး စိတ်ပိုင်းဆိုင်ရာဖောက်ပြားခဲ့သည်မဟုတ်ပါလား။
နောက်ဆုံးတော့...သစ္စာမဲ့ခြင်းအမှုကိုမနှစ်သက်သည့်စော်လွန်းသက်လယ်ဆိုတဲ့သူက ရာဇခက်ထန်ဆိုတဲ့ဓားပြကြီးကြောင့်သစ္စာဖောက်တတ်ခဲ့တယ်။
ကိုယ့်ချစ်သူကိုသစ္စာမဲ့နိုင်လောက်အောင် ကျွန်ုပ်ဟာကယ်တင်ရှင်ကြီးကိုချစ်မြတ်နိုးမိသွားတယ်တဲ့လေ သိပ်ကို...နောင်တမရှိစွာ။
ထွက်ခွာသွားသည့်ကျောပြင်လေးကိုတွေတွေလေးငေးရင်းချစ်စေမောင်ကျန်ရစ်ခဲ့တော့သည်။
မောင်တဲ့...ဒီခေါ်သံလေးကြားရတာနောက်ဆုံးပဲဆိုတာကိုမောင့်နှလုံးသားကသတိပေးနေခဲ့တယ်အစော။ဘာကိုတောင်းပန်သွားတာလဲမသိပေမဲ့ အစောကိုတစ်ခါလေးမှအပြစ်မမြင်ခဲ့တဲ့မောင်ကခွင့်လွှတ်ပြီးသားပါ။
မောင်နဲ့အစောဆိုတဲ့ဇာတ်လမ်းလေးကအဆုံးသတ်သွားခဲ့ပြီ။
မောင်သိပ်ချစ်ရတဲ့အစောလေးရေ...ပျော်ရွှင်စွာနေထိုင်သွားပါ အစောသိပ်ချစ်ရတဲ့သူနဲ့အတူတူပေါ့။
ထာဝရချစ်နေမဲ့မောင့်အတွက်ငဲ့မကြည့်လည်းဖြစ်ပါတယ်။ဒီကောင်ကအပြစ်ခံယူရဖို့ထိုက်တန်ပြီးသားမို့...
<<<<<<
>>>>>>
စောလွန်းပြန်လာတော့ခုနကနေရာတွင်ခင်နှင်းတစ်ယောက်သာရှိပြီး ဓားပြကြီးကမရှိတော့ပေ။အနီးနားပတ်‌ဝန်းကျင်ကိုမျက်လုံးဝေ့ကြည့်လိုက်သော်လည်း ပွဲစျေးလျှောက်နေသူများနှင့်စျေးသည်များကလွဲ၍မတွေ့တာကြောင့် ခင်နှင်းကိုမေးရန်သာဆုံးဖြတ်လိုက်သည်။
"ခင်နှင်း ကျွန်တော်နဲ့အတူလာတဲ့သူကိုတွေ့မိသေးလားဗျ"
သူမေးလိုက်တော့ခေါင်းငုံ့နေသူသည်မော့ကြည့်လာ၏။
"ဟုတ်ဆရာလေး စောနကတော့ဆရာလေးတို့နောက်လိုက်သွားတယ်ထင်တာပဲ ဒါပေမဲ့ မကြာဘူး ပြန်ရောက်လာတယ် ပြီးတော့ ဘယ်ရောက်သွားလဲဆိုတာခင်လည်းမသိဘူး"
ဓားပြကြီးကဒီအတိုင်းစောလွန်းကိုတစ်ယောက်တည်းထားသွားမှာတော့မဟုတ်လောက်ပါဘူး။စောလွန်းတို့နောက်လိုက်လာတယ်ဆိုတော့ ဘာတွေများကြားသွားလို့အခုလိုတစ်ယောက်တည်းထွက်သွားရတာလဲ။
မေးခွန်းပေါင်းအတွေးပေါင်းများစွာနှင့်ဓားပြကြီးနောက်လိုက်ရန်ပြင်လိုက်သော်လည်း..
"ဟို ဆရာလေး"
လက်ကိုလာဆွဲသည့်ခင်နှင်းကြောင့် စောလွန်းခြေလှမ်းတို့ရပ်တန့်သွားရသည်။
"ပြောပါ ခင်နှင်း"
"ခင်..ခင်တောင်းပန်ပါတယ် ခင့်ကြောင့်"
စောလွန်းသက်ပြင်းချလိုက်မိသည်။ဒါတွေဟာ တကယ်တော့ခင်နှင်းကြောင့်လည်းမဟုတ်သလို  ဘယ်သူ့ကြောင့်မှလည်းမဟုတ်ပါဘူး။အရာအားလုံးကဖြစ်ချိန်တန်လို့ဖြစ်လာတာပဲမဟုတ်လား။
ထို့အပြင် ခင်နှင်း၏မောင့်အပေါ်ကြည့်ကြည့်နေတတ်သော မျက်ဝန်းတွေကသေသေချာချာပြောပြနေသည်။ထိုမိန်းကလေးလည်း မောင့်ကိုတိတ်တခိုးချစ်နေကြောင်းကိုပေါ့။ချစ်မိတာကိုလည်းအပြစ်ဟုစောလွန်းမမြင်ပါလေ။
"ကိုယ့်ကိုကိုယ်အပြစ်တင်မနေဘဲဘဝသစ်စလိုက်ပါခင်နှင်း ကျွန်တော်လည်းခင်နှင်းအပေါ်မကျေနပ်တာမျိိုးမရှိပါဘူး အဲတာကြောင့်တောင်းပန်စရာလည်းမလိုပါဘူး"
သူပြောလိုက်တော့ခင်နှင်းကမျက်ရည်တွေဝဲတတ်လာကာ ခေါင်းအတွင်တွင်ညိတ်ပြီး
"ကျေးဇူးတင်ပါတယ် ဆရာလေး"
"ဒါဖြင့်ကျွန်တော့်ကိုခွင့်ပြုပါဦးနော်"
ပြန်ဖြေတာကိုတောင်မစောင့်တော့ဘဲ စောလွန်းပွဲစျေးတန်းထဲကထွက်လာခဲ့လိုက်သည်။ဓားပြကြီးကိုအမှီလိုက်ဖို့ကပိုအရေးကြီးပါ၏။ပြီးလျှင်...စောလွန်းကိုထားရစ်ခဲ့ကာ ဘာ့ကြောင့်တစ်ယောက်တည်းထွက်သွားရသလဲဟုမေးကာ စိတ်ဆိုးပစ်ပါမည်။
.
.
ဟူး
မောဟိုက်လာမှုကြောင့်စောလွန်းခြေလှမ်းတို့ကို ‌ခေတ္တရပ်ရင်းအသက်လုရှူနေရသည်။ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ မှောင်နေသည့်လမ်းကျဥ်းကျဥ်းလေးက လူသူလည်းကင်းရှင်းနေသည်။ပိန်းပိတ်အောင်မှောင်နေတာမျိုးမဟုတ်ဘဲ လရောင်ကြောင့်ဝေဝေဝါးဝါးမြင်ရလို့သာတော်ရော့သည်။
ထိုအချိန် အဝေးတစ်နေရာမှမြင်လိုက်ရသည့်ကျောပြင်တစ်ခု။မှောင်နေပေမဲ့ထိုရင်းနှီးလွန်းသည့်ကျောပြင်ပိုင်ရှင်ဘယ်သူလဲဆိုတာကို တဒုတ်ဒုတ်မြည်နေသည့်ရင်ခုန်သံတချို့ကပြောပြနေ၏။
သို့သော် ထိုသို့မြင်လိုက်ရလို့ဝမ်းသာသွားလိမ့်မည်ဟုမထင်ပါနှင့်။စောလွန်း သိပ်ကိုဒေါသထွက်ပါသည်။စောလွန်းကိုကျောခိုင်းထားသည်ထိုကျောပြင်ကြီးကိုကြည့်ရတာ ‌စောလွန်းသိပ်ကိုဒေါသထွက်လွန်းပါသည်။
ခြေလှမ်းကျဲကျဲတို့ဖြင့်အနောက်ကလိုက်ရင်း အနည်းငယ်နီးကပ်နေသည့်အနေအထားရောက်မှရပ်လိုက်သည်။တလှုပ်လှုပ်နှင့်ဆက်လျှောက်နေသူသည်ခေါင်းကိုလည်းငုံ့ထားကာ စောလွန်းခြေသံကိုမကြားသည်အထိ အတွေးတွေလွင့်နေပုံရသည်။
"ဓားပြကြီး!!"
တိတ်ဆိတ်မှောင်မဲနေသည့်ဝန်းကျင်တွင်ခေါ်သံတစ်ခုကပဲ့ထင်ထပ်သွားခဲ့သည်။
ဒီအသံ..ဒီအသံက....
နားဖြင့်နားဆင်ပြီးနှလုံးသားနှင့်မှတ်တမ်းတင်ထားခဲ့သည့် ထိုအသံလေးကိုရာဇမှားနိုင်စရာအကြောင်းမရှိပါ။မယုံနိုင်စွာနောက်ကိုလှည့်ကြည့်မိတော့ အမှောင်ထဲမှာရပ်ကြည့်နေသူလေး။
"သက်လယ်"
တဖြည်းဖြည်းနှင့်အနားတိုးလာသည့်ပုံရိပ်လေးက ရာဇရှေ့ရောက်သည့်အချိန်မှာတော့  မထင်မှတ်ထားသည့်လုပ်ရပ်တစ်ခုကိုလုပ်လိုက်လေသည်။
ခွပ်!
"အာ့"
မထင်မှတ်ထားတာကြောင့် နာကျင်မှုထက်အံ့အားသင့်မှုတို့ကပိုသည်။အခု..သက်လယ်ကသူ့ကိုထိုးလိုက်တာလား။အမှတ်မထင်အထိုးခံလိုက်ရတာဖြစ်လို့ နာကျင်မှုကလည်းသိသာသည်။နှုတ်ခမ်းတောင်ပေါက်သွားသလားမသိ။
အကောင်သေးပေမဲ့ ဇတော့မသေးဘူးဆိုတာ သက်လယ်မှသက်လယ်အစစ်။
"သက်လယ်"
"ဘာသက်လယ်လဲ ဟမ်! ဘာသက်လယ်လဲလို့"
ဘုန်း! ဘုန်း! အုန်း!
ပြောပြီးရင်ဘတ်ကိုတဘုန်းဘုန်းထုရိုက်လာပြန်သည်။ဘာလို့အခုလိုတွေလုပ်နေသလဲမတွေးတတ်တော့ပေမဲ့ ရာဇသက်လယ်၏လက်တွေကိုတားဆီးလိုက်သည်။
"လွှတ် ခင်ဗျားကိုရိုက်သတ်ချင်နေတာ"
"တော်ပါတော့သက်လယ်ရယ် လက်နုနုလေးတွေပွန်းပဲ့သွားမှဖြင့်"
"............"
ထိုအခါမှထုရိုက်နေမှုများရပ်တန့်သွားပြီး ရာဇကိုမကျေမနပ်ကြည့်လာသည်ကို လရောင်အောက်တွင်ရှင်းလင်းစွာမြင်နေရသည်။
"စောင့်နေမယ်ဆို ပြောတော့စောင့်နေမယ်ဆို ဘာလို့တစ်ယောက်တည်းထွက်သွားရတာလဲ"
"ကျုပ်...ကျုပ်"
ရာဇဘယ်လိုဆက်ပြောရမလဲမသိတော့ပေ။သို့သော် မျက်စိရှေ့ကသိုးပေါက်လေးကတော့အရည်လဲ့နေသည့်မျက်ဝန်းလေးနှင့်ရာဇဆီကအဖြေကိုမျှော်လင့်နေဟန်။
"သက်လယ်ပြန်မလာတော့ဘူးထင်လို့"
"ခင်ဗျားဗျာ"
စောလွန်းမချိတင်ကဲရေရွတ်ကာဓားပြကြီးကိုပွေ့ဖက်လိုက်သည်။သိမ်ငယ်မှု၊စိုးရွံ့မှုတွေအရိပ်ထင်နေသည်မှာလည်းဓားပြကြီး၏မျက်နှာချောချောနှင့်မလိုက်ဖက်စွာ။
"ဘာလို့များကျွန်တော်ပြန်မလာတော့ဘူးလို့ထင်ရတာလဲ"
"ကျုပ်ကြားလိုက်တယ် သက်လယ်..သက်လယ်သူ့ကိုခွင့်လွှတ်တယ်ဆိုပြီးပြောလိုက်တာကို ကျုပ်..ကျုပ် သက်လယ်ကျုပ်ကိုထားသွားတော့မှာကိုသိနေတယ် အဲတာကြောင့်..."
စောလွန်းဓားပြကြီးရင်ခွင်ထဲမှပြန်ထွက်လိုက်ကာ ဓားပြကြီးမျက်နှာကိုစေ့စေ့ကြည့်လိုက်သည်။ဒီလူကတစ်ခါတစ်လေမဟုတ်ကဟုတ်ကအတွေးတွေနှင့် သူထင်ရာကိုလျှောက်လုပ်တတ်သေးသည်။
"ဘာသိတာလဲ ခင်ဗျားသိနေတာကအမှားကြီး ကျွန်တော်ခင်ဗျားကိုပြောမထားဘူးလား ကျွန်တော့်လက်ကိုမလွှတ်လိုက်နဲ့လို့"
"အင်း ပြောထားတယ်"
"ပြောထားရက်သားနဲ့ဘာလို့တစ်ယောက်တည်းထွက်သွားရတာလဲ"
"သက်လယ်ကိုပျော်စေချင်လို့ အဲလူကသက်လယ်ရဲ့ချစ်သူမဟုတ်လား သူနဲ့ဆိုသက်လယ်ပျော်မယ်ထင်လို့"
"အရူး! ခင်ဗျားကတကယ့်အရူးကြီးပဲ"
"ကျုပ်ရူးတယ်ဆိုရင်တောင်သက်လယ်ကိုချစ်လို့ပါ"
"အပိုတွေပြောမနေနဲ့ ချစ်ဖို့ကျသိပြီးသူများရဲ့အချစ်ကိုမြင်အောင်ကျမကြည့်နိုင်ဘဲနဲ့များ"
"အဲလိုမဟုတ်...ဟမ်! ဟမ်! သက်လယ်ဘာပြောလိုက်တာ..."
ရာဇကြားလိုက်ရသည့်စကားကြောင့်ကိုယ့်နားကိုယ်မယုံချင်ဖြစ်သွားရသည်။ထို့ကြောင့် ပြန်မေးလိုက်သည့်အခါ သက်လယ်ဆီကအကြည့်စူးစူးတစ်ချက်သာပြန်လည်ရရှိ၏။
ကြောင်တောင်တောင်လုပ်နေသူကို စောလွန်းတကယ်ရိုက်သတ်ချင်နေပါပြီ။တဟမ်ဟမ်နဲ့အခုကျတော့မထုံတတ်တေးလုပ်နေတယ်ပေါ့လေ။
"မသိရင်လည်းနေခဲ့တော့..."
မဟုတ်သည့်နေရာမှာတုံးအနေသူကိုထားခဲ့ကာ ရှေ့သို့ဆက်လျှောက်လိုက်သော်လည်း
"အင့်"
လက်ကိုလှမ်းဆွဲလိုက်သူကြောင့်အင့်ခနဲထိုလူ့ရင်ခွင်ထဲပြန်ရောက်သွားရသည်။
"လွှတ်"
"မလွှတ်ဘူး"
ရာဇလက်တစ်ဖက်ဖြင့်သက်လယ်၏လက်ကောက်ဝတ်ကိုဆွဲထားကာ ကျန်လက်တစ်ဖက်ကိုတော့ခါးသိမ်သိမ်လေးဆီရစ်ပတ်လိုက်သည်။နီးကပ်သွားသည့်ခန္ဓာကိုယ်နှင့်အတူရင်ခုန်သံတွေဟာလည်းထပ်တူကျန်နေသည့်အခါ မျက်စိရှေ့ကသိုးပေါက်လေး၏မျက်နှာကတစ်စထက်တစ်ဆနီမြန်းလို့လာသည်။
အဟက် စောနကရင်ခွင်ထဲတိုးဝင်လာတာသူမဟုတ်တဲ့အတိုင်း...
"ပြော"
"ဟမ် ဘာ..ဘာပြောရမှာလဲ"
"ကျုပ်ကိုချစ်လား ပြော"
"အခုထိတောင်မသိသေးဘူးလား"
"သက်လယ်ရဲ့နှုတ်ခမ်းထက်ကဖွင့်ဟလာမဲ့အဖြေကိုကြားချင်လို့"
"အင်း"
"ဘာအင်းလဲ"
"အင်းပါဆိုနေ"
"အလိုဗျာ ချစ်လားလို့မေးနေတာလေ အင်းလို့ဖြေခိုင်းနေတာမှမဟုတ်ဘဲ"
တမင်ညစ်နေသူကိုစောလွန်းမျက်လုံးလှန်ကြည့်လိုက်တော့ မျက်ဝန်းထဲခပ်တည်တည်စိုက်ကြည့်နေသူကြောင့်အိုးတိုးအန်းတန်းနှင့် ရှက်လည်းရှက်လာရသည်။သူတို့နှစ်ယောက်၏အခြေအနေကမုန်တိုင်းတစ်လှည့် လေပြည်တစ်လှည့်ဖြစ်နေသလိုပင်။
"ချစ်တယ် ချစ်တယ် ချစ်တယ် ရပြီလား"
ထိုအဖြေကိုကြားလိုက်ရပြီးနောက် ဓားပြကြီးအပျော်လွန်ကာထခုန်မည်ထင်ထားသော်လည်း စောလွန်းကိုတွေတွေလေးစိုက်ကြည့်ကာငြိမ်သက်နေသူကြောင့် မျက်မှောင်ကြုတ်သွားရသူမှာစောလွန်းပင်။
ခဏအကြာ ဓားပြကြီးရင်ဘတ်ပေါ်တင်ထားသည့်စောလွန်းလက်ပေါ်သို့တစက်စက်ကျလာသောအရည်တချို့။
ဟင်! ဓားပြကြီးငိုနေတာလား။
ခန့်ညားသည့်မျက်နှာပေါ်လက်ချောင်းလေးတွေဖြင့်ထိတွေ့ကြည့်သည့်အခါ စိုစွတ်နေမှုကစောလွန်းအထင်မှန်ကန်ကြောင်းသက်သေပြသည်။
"ချစ်တယ်လို့ပြောပြီးပြီလေ ဘာလို့များငိုနေရသေးတာလဲ"
ချော့တဲ့ကလေးပိုငိုတယ်ဆိုသလိုပင် စောလွန်းရှေ့ကလူကြီးကလည်းထိုအခါမှပိုတိုး၍ငိုလာတော့သည်။ရိုးရိုးတန်းတန်းငိုတာမဟုတ်ဘဲ စောလွန်းပုခုံးပေါ်မျက်နှာအပ်ကာငိုချလာခြင်းဖြစ်သည်။
"ပျော်လို့ ကျုပ်ပျော်လို့ပါ"
ငိုသံသြရှရှကြီးနှင့်ပြန်ဖြေလာသည့်ထိုအဖြေတွင် ပျော်ရွှင်မှုတို့စီးဝင်နေသည်မှာအသိအသာ။ကျောပြင်ကျယ်ကြီးကိုမမှီမကမ်းပြန်လည်သိုင်းဖက်လိုက်ပြီး တဖွဖွပုတ်ကာနှစ်သိမ့်ပေးနေမိသည်။
ကြင်နာတတ်တဲ့ဓားပြကြီးကဤသို့လည်းကလေးဆန်တတ်သေးတာလား။
"ပျော်လည်းမငိုနဲ့တော့နော် ကျွန်တော်လည်းခင်ဗျားရဲ့မျက်ရည်တွေကိုမကြည့်ချင်ဘူး"
"ကျုပ်...ကျုပ်ဘာပြန်ပြောရမှန်းတောင်မသိတော့ဘူး"
အပျော်လုံးတွေဆို့ပြီးပြောစရာစကားရှာမတွေ့ဘူးဆိုသည့်အဖြစ်ကို ရာဇအခုမှကိုယ်တိုင်ကြုံဖူးတော့သည်။သက်လယ်ဆီကချစ်တယ်ဆိုသောစကားကိုကြားချင်ခဲ့ပေမဲ့ တကယ်ကြားရလိမ့်မည်ဟုမထင်ခဲ့ရိုးအမှန်။အခုလိုကြားလိုက်ရတော့လည်းခံစားချက်တွေပေါင်းစုံကာငိုချင်လာတာပဲသိတော့သည်။
ရာဇ၏ကျောပြင်ကိုတဖွဖွပုတ်ပေးနေသည့်လက်လေးတွေသာမက ရာဇငိုချင်းချနေသည့်ပုခုံးလေးအဆုံးမြတ်နိုးဖွယ်အရာအတိပင်။
"ကျေးဇူးတင်ပါတယ်သက်လယ် ကျုပ်ကိုချစ်ဖို့ကြိုးစားပေးခဲ့လို့"
အမှန်တော့စောလွန်း ဓားပြကြီးကိုချစ်ဖို့ကြိုစားခဲ့တာမဟုတ်ဘဲ ဓားပြကြီးကိုယ်တိုင်ကိုကစောလွန်းရဲ့အချစ်ခံရဖို့ထိုက်တန်ခဲ့တာပါ။ သူ့လောက်စောလွန်းကိုချစ်ပေးနိုင်မည့်လူကမ္ဘာပေါ်မှာမရှိဘူးဆိုတာကို ထိုလူကြီးကိုယ်တိုင်တောင်သိပါရဲ့လားမသိ။
"မျက်နှာကိုပြပါဦး မျက်ရည်တွေသုတ်ပေးမို့"
ဓားပြကြီးကိုဖက်ထားရာမှပြန်ခွာလိုက်ပြီး ခပ်ချောချောမျက်နှာပေါ်က မျက််ရည်တချို့လက်မဖြင့် ဖွဖွသုတ်ပေးလိုက်သည်။ထပ်မငိုတော့ပေမဲ့ မျက်ခမ်းစပ်မှာမျက်ရည်တချို့ကတော့ဝေ့သီနေတုန်းပင်။
"အရမ်းနာသွားလား"
ဒေါသထွက်ထွက်နှင့်ထိုးတုန်းကထိုးလိုက်သော်လည်း စိတ်ပူရသူဟာလည်းစောလွန်းပင်။ထိခိုက်မိသွားသည့်နှုတ်ခမ်းထောင့်လေးကိုလက်ဖြင့်ဖွဖွထိပြီးမေးလိုက်တော့ အရာရာခွင်လွှတ်သည့်အပြုံးမျိုးနှင့်ပြုံးပြလာသူ။
"လုံးဝလုံးဝမနာဘူး"
မျက်ဝန်းနက်နက်တွေနှင့်ဆုံသွားသည့်အခိုက်  ညို့ယူခံလိုက်ရသလိုစောလွန်းငြိမ်သက်စွာငေးစိုက်ကြည့်နေမိသည်။မျက်ရည်သုတ်ပေးနေသည့် လက်နှစ်ဖက်လုံးက ဓားပြကြီး၏ပုခုံးပေါ်သို့ ဘယ်ကဘယ်လိုရောက်သွားမှန်းမသိလိုက်ပေ။အခုအနေအထားမှာဓားပြကြီးကစောလွန်း၏ခါးသိမ်သိမ်လေးကိုရစ်ပတ်ကာသိုင်းဖက်ထားပြီး စောလွန်းကတော့ဓားပြကြီးပုခုံးထက်သို့မမှီမကမ်းနှင့်လက်နှစ်ဖက်တင်ထားတာဖြစ်သည်။
"သက်လယ်ဆက်ပြီးစိုက်ကြည့်နေမယ်ဆိုရင် ကျုပ်ဖက်နမ်းမိတော့မယ်"
ရိသဲ့သဲ့ထိုအပြောကိုရှက်ပေမဲ့စောလွန်းဘာမှပြန်မတုန့်ပြန်မိ။ဘာဆက်လုပ်မလဲသိချင်တာကြောင့် ထိုအတိုင်းသာငြိမ်နေလိုက်သည်။အမှန်တိုင်းပြောရလျှင် စောလွန်းစိတ်လှုပ်ရှားပါသည်။သို့သော်လည်း ဓားပြကြီးနှင့်အတူဆိုသောအသိက ရင်ထဲအေးချမ်းသွားရတာတော့အမှန်ပင်။
ရာဇ သက်လယ်၏မျက်ဝန်းကြည်တောက်တောက်လေးမှ နှာခေါင်းလုံးလုံးလေးဆီသို့အကြည့်တို့ပို့လိုက်သည်။ထိုမှတဆင့် နှုတ်ခမ်းတို့ဆီအကြည့်ရောက်တော့ တံထွေးမြိုချလိုက်မိသလားတောင်ကိုယ့်ကိုကိုယ်သတိမထားမိတော့သည်အထိ သက်လယ်၏နှုတ်ခမ်းဖူးဖူးလေးကသူ့အားပြုစားထားလျက်ရှိသည်။
"အွန့်!"
ထိန်းချုပ်နိုင်မှုဆိုတာ ချို(ဂျို)နဲ့လားလို့မေးရလောက်အောင်ကိုပင် ထိန်းချုပ်နိုင်စွမ်းကင်းမဲ့ကာအရဲစွန့်လိုက်မိသည့်တစ်ခဏ။လေဟာနယ်ထဲရောက်သွားသလို ဟိုးအမြင့်တစ်နေရာကပြုတ်ကျသွားသလို ကမ္ဘာကြီးတစ်ခုလုံးပန်းတွေပွင့်သွားသလို ရင်ခုန်လှိုက်မောမှုဆိုသည့်အရာနှင့် ခပ်အိအိနှုတ်ခမ်းသားတို့၏အရသာကိုသာခံစားသိရှိရသည်။
တစ်ချက်တစ်ချက်အနံ့အာရုံထဲတိုးဝင်လာသည့်ခရေပန်းရနံ့လေးကလည်း ရာဇကိုစွဲညို့နေသလိုပင်။
ရမ္မက်ဆန်စွာစုပ်ယူနမ်းရှိုက်ခြင်းမျိုးမဟုတ်ဘဲ မြတ်နိုးလွန်းစွာခပ်ဖွဖွအနမ်းပေးခြင်းမျိုးသာဖြစ်သည်။
သို့ပေမဲ့ သူတို့နှစ်ယောက်လုံးရင်ခုန်စိတ်လှုပ်ရှားနေခဲ့တာတော့အတူတူပင်ဖြစ်သည်။ထို့ထက်လည်းပို၍မယူဝံ့စွာ နူးညံ့လွန်းသည့်နှုတ်ခမ်းဖူးရဲရဲလေးအား စက္ကန့်ပိုင်းမျှထိကပ်ထားပြီး ပြန်အလွတ်ပေးလိုက်သည်။
"ကျွန်တော့်ဘဝရဲ့ပထမဆုံးအနမ်း"
ထိကပ်နေသည့်နှုတ်ခမ်းနှစ်လွှာကွာသွားချိန်တွင် သက်လယ်ပထမဆုံးပြောလာသည့်စကား။ရာဇဟက်ခနဲရယ်လိုက်မိသည်။
"ကိုယ်လည်းထပ်တူပါပဲ သက်လယ်"
ခပ်သေးသေးကိုယ်လုံးလေးကို တဖန်ပြန်လည်ပွေ့ဖက်လိုက်သည်။ဒီနေ့ဒီအချိန်ကစလို့ စောလွန်းသက်လယ်ဆိုသောလူသားလေးကရာဇချစ်သူ ရာဇအပိုင်လူသားလေးဖြစ်လို့သွားချေပြီ။ကျုပ်တွေခင်ဗျားတွေဆိုသည့် သူစိမ်းဆန်ဆန်အခေါ်အဝေါ်တွေဟာလည်း အဆုံးသတ်သွားခဲ့ပြီ။
လွန်ခဲ့သည့်မိနစ်ပိုင်းကခံစားခဲ့ရသမျှနာကျင်မှုတွေက ဘာမှန်းမသိတော့လောက်အောင်  ရင်ခွင်ထဲကကိုယ်သေးသေးလေးက နွေးထွေးမှုပေးတယ်တဲ့လေ။
မဟူရာရောင်ကောင်းကင်ကြီးထက်မှာထိန်ထိန်သာနေသည့်လမင်းကြီးကလည်း တင်းကြပ်စွာဖက်တွယ်ထားကြသည့်လူသားလေးနှစ်ယောက်ကြောင့် အရှက်ပိုကာတိမ်တိုက်တွေကြားထဲပုန်းကွယ်သွားသတဲ့...
*သက်လယ်ဟာရာဇအတွက်ဘယ်သောအခါမှ ဆူးတစ်ချောင်းမဖြစ်ခဲ့ပါ။ရနံ့သင်းတဲ့ခရေပန်းလေးတစ်ပွင့်သာဖြစ်ချေ၏*
<<<<<<
>>>>>>
ရည်းစားမရှိတဲ့သူတွေတစ်ရေးအိပ်ပါ🥴
FA authorလည်းချောင်မှာကပ်ငိုနေပါပြီ🤧
ရောဂါတွေပြန်ဖြစ်နေတာမို့ ကျန်းမာရေးဂရုစိုက်ကြပါချီ့ဆာကူရာပန်းလေးတို့ရေ🌸
ဆေးပန်းချီ🌸
၈.၂.၂၀၂၂💜
လမင်းကြီးကထိန်ထိန်သာနေပေမယ့် မျက်စိရှေ့ကအစောကချစ်စေမောင်မျက်လုံးထဲပို၍တောက်ပနေသည်။ချစ်မြတ်နိုးဖွယ်ကောင်းမှုကအရင်ကတိုင်းမပြောင်းမလဲဘဲ ရင်အေးစေတဲ့မျက်နှာလေးကလည်း ငေးကြည့်လို့မဝနိုင်ဘူး။
"အစော"
"ဟင်"
"မောင်တောင်းပန်ပါတယ်"
"ဘာအတွက်လဲ"
"အရာအားလုံးအတွက်"
ရင်ဘတ်ထဲအောင့်သက်သက်နဲ့ခံရခက်လာမှုကို အစောမျက်နှာလေးကိုငေးရင်းဖျေဖျောက်မိသည်။ဘာပဲဖြစ်ဖြစ်ပါ ချစ်စေမောင်ရဲ့ရည်ရွယ်ချက်ကအစောမုန်းမသွားဖို့ဖြစ်တာကြောင့် ရှင်းပြစရာရှိတာရှင်းပြရမည်သာ။
"အန်တီငွေခင်ကမောင့်ကိုခင်နှင်းနဲ့လက်ထပ်ပေးဖို့ငိုယိုပြီးတောင်းပန်လာခဲ့တယ်အစော"
စောလွန်းခေါင်းငြိမ့်ရုံသာပြန်တုန့်ပြန်ပြီးဆက်ပြောလာမည့်စကားများကိုနှုတ်ဆိတ်ကာ နားစွင့်နေမိသည်။စောလွန်းကိုယ်တိုင်လည်းတွေးမိပြီးသားပါ ရုတ်တရက်ကြီးသည်မင်္ဂလာပွဲဖြစ်သွားရတာ အကြောင်းရင်းတစ်ခုခုရှိလောက်မယ်ဆိုတာ။သို့ပေမယ့် ဘယ်လိုအကြောင်းမျိုးဖြစ်ပါစေ စောလွန်းရဲ့စိတ်ကိုပြောင်းလဲနိုင်တော့မှာတော့မဟုတ်ပေ။
အခုလိုစကားတွေကိုအရင်ချိန်တွေကပြောလာခဲ့ရင်တော့အနည်းငယ်ရင်ခုန်နိုင်ပေမယ့် အခုတော့မရယ်ရတဲ့ဟာသတစ်ပုဒ်ကိုနားဆင်နေရသလို ခံစားချက်ကနတ္တိ။
"ဒါပေမယ့် အကြောင်းအရင်းကိုပြောလာတဲ့အခါမှာတော့ မောင်စဉ်းစားစရာတွေဖြစ်လာခဲ့တယ်"
"ခင်က...ခင်က"
မထင်မှတ်ထားတဲ့အကြောင်းအရင်းဖြစ်တာကြောင့် စောလွန်းအံ့သြတကြီးလှည့်ကြည့်မိသည်။မောင့်ရဲ့မျက်နှာပေါ်မှာ ခံပြင်းမှုတွေနဲ့စိတ်မကောင်းဖြစ်မှုတစ်ချို့ကအရိပ်ထင်နေခဲ့သည်။ဘယ်လိုလုပ် ခင်နှင်းက...
"ဘယ်သူလဲ"
"အစောအပေါ်မတရားမှန်းသိပေမယ့် မောင်ခင့်ကိုလက်ထပ်ဖို့ဖြစ်လာခဲ့တယ်"
"အဟက် သူရဲကောင်းဝင်လုပ်တယ်လို့ထင်ကောင်းထင်နေနိုင်ပေမယ့် ခင်ကမောင်ညီမလေးတစ်ယောကလိုသံယောဇဉ်ရှိခဲ့ရတဲ့မိန်းကလေး၊မောင့်တစ်ဦးတည်းသောငယ်သူငယ်ချင်းမလေးဆိုလည်းဟုတ်တယ်။ဘဝကိုအရှုံးပေးပြီးအဆုံးသတ်လိုက်မယ့်သူ့ပုံစံကိုမောင်လက်ပိုက်ကြည့်မနေချင်ခဲ့ဘူးအစောရယ်..."
အကြောင်းပြချက်ကနားလည်မပေးလို့မရတဲ့ အခါ စောလွန်းဘာများပြန်ပြောနိုင်မှာတဲ့လဲ။ဘယ်လိုပဲဖြစ်နေပါစေ အဆုံးသတ်မှာတော့မောင်ဟာအစောထက်ခင်နှင်းဆိုတဲ့မိန်းကလေးကိုပဲရွေးချယ်ခဲ့တာမဟုတ်လား။
မောင်မသိခဲ့ပေမယ့် အစောလည်းအနိုင်ကျင့်စော်ကားခံရတော့မလို့ပါပဲ။အဲ့အချိန်တွေတုန်းကရောသူရဲကောင်းကြီးမောင်ဘယ်ဆီဘယ်ဝယ်ရောက်နေသလဲ။
တမ်းတမိသူမောင်ကလာမကယ်ခဲ့ပေမယ့် လွဲမှားစွာမုန်းတီးနေမိသူတစ်ယောက်ကတော့ အစောကိုကယ်ထုတ်သွားခဲ့တယ် မောင်..
အမုန်းတရားကပူလောင်ပါတယ်ဆိုတဲ့အကြောင့်ဓားပြကြီးရှင်းပြခဲ့သည့်အချိန်တည်းက မည်သူ့ကိုမှမမုန်းတော့ဘူးလို့စောလွန်းဆုံးဖြတ်ချက်ချခဲ့တာ။ထို့ကြောင့် ကိုယ့်ကိုချန်ထားခဲ့ပြီးအခြားမိန်းကလေးတစ်ယောက်နဲ့လက်ထပ်သွားခဲ့တဲ့မောင့်ကိုလည်းစောလွန်းမမုန်းပါ။
"အဲ့တာကြောင့် အစော"
"တကယ်နော် အစော"
ဝမ်းသာအားရနဲ့ချစ်စေမောင်အစောလက်လေးကိုလှမ်းဆွဲလိုက်သော်လည်း မကြာပါပြန်ရုန်းထွက်သွားသည့်လက်ကလေး။
"ဘယ်လို... သူဆိုတာ...."
"အင်း ခုနကလူကြီးလေ"
"သူကကျွန်တော့်ကိုသိပ်ချစ်တဲ့သူတစ်ယောက်ပဲ အပေါ်ယံကြည့်ရင်ခက်ထန်တယ်လို့ထင်ရပေမယ့် တကယ်တော့ကြင်နာသနားတတ်တဲ့လူကောင်းတစ်ယောက်"
"သူနဲ့ကျွန်တော့်ရဲ့ပတ်သတ်မှုကခေါင်းစဉ်တစ်ခုအောက်မှာမရှိသေးပေမယ့် သူကကျွန်တော့်ရဲ့အရာရာဖြစ်နေပြီ အဟင်း သူမရှိရင်တောင်နေနိုင်တော့မယ်မထင်ဘူး"
မိုးကြိုးအစင်းတစ်ရာလောက်ပစ်ချခံလိုက်ရသလို၊ချစ်စေမောင်ရဲ့ကမ္ဘာကြီးပြိုလဲပျက်စီးသွားသလို၊နှလုံးသားကိုဓားနဲ့အကြိမ်ကြိမ်အမွှန်းခံလိုက်ရသလို...နာကျင်မှုအတိုင်းအတာကိုမဖော်ပြနိုင်လောက်သည့်အထိထုံကျဉ်သွားခဲ့ရသည်။
"ချစ်လား အစောသူ့ကိုချစ်လား"
ထွက်ခွာသွားတဲ့ကျောပြင်လေးကိုတွေတွေလေးငေးရင်းချစ်စေမောင်ကျန်ရစ်ခဲ့တော့သည်။
<<<<<<
>>>>>>
စောလွန်းပြန်လာတော့ခုနကနေရာတွင်ခင်နှင်းတစ်ယောက်သာရှိပြီးဓားပြကြီးမရှိတော့ပေ။အနီးနားပတ်ဝန်းကျင်ကိုမျက်လုံးဝေ့ကြည့်လိုက်သော်လည်း ပွဲဈေးလျှောက်နေသူများနှင့်ဈေးသည်များကလွဲပြီးမတွေ့တာကြောင့် ခင်နှင်းကိုမေးရန်သာဆုံးဖြတ်လိုက်သည်။
မေးခွန်းပေါင်းအတွေးပေါင်းများစွာနဲ့ဓားပြကြီးနောက်လိုက်ရန်ပြင်လိုက်သော်လည်း..
"ဟို ဆရာလေး"
"ပြောပါ ခင်နှင်း"
"ကိုယ့်ကိုကိုယ်အပြစ်တင်မနေဘဲဘဝသစ်စလိုက်ပါခင်နှင်း ကျွန်တော်လည်းခင်နှင်းအပေါ်မကျေနပ်တာမျိုးမရှိပါဘူး အဲ့တာကြောင့်တောင်းပန်စရာလည်းမလိုဘူး"
သူပြောလိုက်တော့ခင်နှင်းကမျက်ရည်တွေဝဲတတ်လာကာ ခေါင်းအတွင်တွင်ငြိမ့်ပြီး
.
.
ဟူး
သို့သော် ထိုသို့မြင်လိုက်ရလို့ဝမ်းသာသွားလိမ့်မယ်လို့ထင်နေရင်တော့မှားလိမ့်မည်။ဟင့်အင်း ဒေါသထွက်သည်။စောလွန်းကိုကျောခိုင်းထားတဲ့ထိုကျောပြင်ကြီးကိုကြည့်ရတာ စောလွန်းသိပ်ကိုဒေါသထွက်ပါသည်။
"ဓားပြကြီး!!"
"သက်လယ်"
တဖြည်းဖြည်းနဲ့အနားတိုးလာသည့်ပုံရိပ်လေးကရာဇရှေ့ရောက်သည့်အချိန်မှာတော့ မထင်မှတ်ထားသည့်လုပ်ရပ်တစ်ခုကိုလုပ်လိုက်လေသည်။
ခွပ်!
"အာ့"
အကောင်သေးပေမယ့် ဇတော့မသေးဘူးဆိုတာ သက်လယ်မှသက်လယ်...
"သက်လယ်"
ဘုန်း! ဘုန်း! အုန်း!
"............"
"ကျုပ်...ကျုပ်"
"ခင်ဗျားဗျာ"
"ကျုပ်ကြားလိုက်တယ် သက်လယ်..သက်လယ်သူ့ကိုခွင့်လွှတ်တယ်ဆိုပြီးပြောလိုက်တာကို သက်လယ်ကျုပ်ကိုထားသွားတော့မှာကိုသိနေတယ် အဲ့တာကြောင့်..."
"အင်း ပြောထားတယ်"
"သက်လယ်ကိုပျော်စေချင်လို့ အဲ့လူကသက်လယ်ရဲ့ချစ်သူမဟုတ်လား သူနဲ့ဆိုသက်လယ်ပျော်မယ်ထင်လို့"
"အဲ့လိုမဟုတ်...ဟမ်! ဟမ်! သက်လယ်ဘာပြောလိုက်တာ..."
"မသိရင်လည်းနေခဲ့တော့..."
မဟုတ်တဲ့နေရာမှာတုံးအနေသူကိုထားခဲ့ကာ ရှေ့သို့ဆက်လျှောက်လိုက်သော်လည်း
"အင့်"
"လွှတ်"
"မလွှတ်ဘူး"
ရာဇလက်တစ်ဖက်ဖြင့်သက်လယ်ရဲ့လက်ကောက်ဝတ်ကိုဆွဲထားကာ ကျန်လက်တစ်ဖက်ကိုတော့ခါးသိမ်သိမ်လေးဆီရစ်ပတ်လိုက်သည်။နီးကပ်သွားသည့်ခန္ဓာကိုယ်နဲ့အတူရင်ခုန်သံတွေဟာလည်းထပ်တူကျန်နေတဲ့အခါ မျက်စိရှေ့ကသိုးပေါက်လေးရဲ့မျက်နှာကတစ်စထက်တစ်ဆနီမြန်းလို့လာ၏။
"ပြော"
"ဟမ် ဘာ..ဘာပြောရမှာလဲ"
"ကျုပ်ကိုချစ်လား ပြော"
"သက်လယ်ရဲ့နှုတ်ခမ်းထက်ကဖွင့်ဟလာမယ့်အဖြေကိုကြားချင်လို့"
"အင်း"
"ဘာအင်းလဲ"
"အင်းပါဆိုနေ"
တမင်ညစ်နေသူကိုစောလွန်းမျက်လုံးလှန်ကြည့်လိုက်တော့ မျက်ဝန်းထဲခပ်တည်တည်စိုက်ကြည့်နေသူကြောင့်အိုးတိုးအန်းတန်းနဲ့ရှက်လည်းရှက်လာရသည်။သူတို့နှစ်ယောက်ရဲ့အခြေနေကမုန်တိုင်းတစ်လှည့်လေပြည်တစ်လှည့်ဖြစ်နေသလိုပင်။
ခဏအကြာ ဓားပြကြီးရင်ဘတ်ပေါ်တင်ထားသည့်စောလွန်းလက်ပေါ်သို့တစက်စက်ကျလာသောအရည်တစ်ချို့။
ခန့်ညားတဲ့မျက်နှာပေါ်လက်ချောင်းလေးတွေနဲ့ထိတွေ့ကြည့်သည့်အခါ စိုစွတ်နေမှုကစောလွန်းအထင်မှန်ကန်ကြောင်းသက်သေပြသည်။
ရာဇရဲ့ကျောပြင်ကိုတဖွဖွပုတ်ပေးနေသည့်လက်လေးတွေသာမက ရာဇငိုချင်းချနေသည့်ပုခုံးလေးအဆုံးမြတ်နိုးဖွယ်အရာအတိပင်။
ဓားပြကြီးကိုဖက်ထားရာမှပြန်ခွာလိုက်ပြီး ခပ်ချောချောမျက်နှာပေါ်ကမျက်ရည်တစ်ချို့လက်မသုံးပြီးသုတ်ပေးလိုက်သည်။ထပ်မငိုတော့ပေမယ့် မျက်ခမ်းစပ်မှာမျက်ရည်တစ်ချို့ကတော့ဝေ့သီနေတုန်းပင်။
"အရမ်းနာသွားလား"
ဒေါသထွက်ထွက်နဲ့ထိုးတုန်းကထိုးလိုက်သော်လည်း စိတ်ပူရသူဟာလည်းစောလွန်းပင်။ထိခိုက်မိသွားသည့်နှုတ်ခမ်းထောင့်လေးကိုလက်နဲ့ဖွဖွထိပြီးမေးလိုက်တော့ အရာရာခွင်လွှတ်သည့်အပြုံးမျိုးနဲ့ပြုံးပြလာသူ။
"လုံးဝလုံးဝမနာဘူး"
မျက်ဝန်းနက်နက်တွေနဲ့ဆုံသွားသည့်အခိုက် ညို့ယူခံလိုက်ရသလိုစောလွန်းငြိမ်သက်စွာငေးစိုက်ကြည့်နေမိသည်။မျက်ရည်သုတ်ပေးနေသည့်လက်နှစ်ဖက်လုံးကဓားပြကြီးရဲ့ပုခုံးပေါ်သို့ဘယ်ကဘယ်လိုရောက်သွားမှန်းမသိလိုက်ပေ။အခုအနေအထားမှာဓားပြကြီးကစောလွန်းရဲ့ခါးသိမ်သိမ်လေးကိုရစ်ပတ်ကာသိုင်းဖက်ထားပြီး စောလွန်းကတော့ဓားပြကြီးပုခုံးထက်သို့မမှီမကမ်းနဲ့လက်နှစ်ဖက်တင်ထားတာဖြစ်သည်။
"သက်လယ်အဲ့လိုဆက်ပြီးစိုက်ကြည့်နေမယ်ဆိုရင် ကျုပ်ဖက်နမ်းမိတော့မယ်"
ရာဇသက်လယ်ရဲ့မျက်ဝန်းကြည်တောက်တောက်လေးမှနှာခေါင်းလုံးလုံးလေးဆီသို့အကြည့်တို့ပို့လိုက်သည်။ထိုမှတစ်ဆင့်နှုတ်ခမ်းတို့ဆီအကြည့်ရောက်တော့တံထွေးမြိုချလိုက်မိသလားတောင်ကိုယ့်ကိုကိုယ်သတိမထားမိတော့သည်အထိ သက်လယ်ရဲ့နှုတ်ခမ်းဖူးဖူးလေးကပြုစားထားသည်။
"အွန့်!"
တစ်ချက်တစ်ချက်အနံ့အာရုံထဲတိုးဝင်လာတဲ့ခရေပန်းရနံ့လေးကလည်း ရာဇကိုစွဲညို့နေသလိုပင်။
မဟူရာရောင်ကောင်းကင်ကြီးထက်မှာထိန်ထိန်သာနေတဲ့လမင်းကြီးကလည်း တင်းကြပ်စွာဖက်တွယ်ထားကြသည့်လူသားလေးနှစ်ယောက်ကြောင့် အရှက်ပိုကာတိမ်တိုက်တွေကြားထဲပုန်းကွယ်သွားသတဲ့...
<<<<<<
>>>>>>
ဆေးပန်းချီ🌸
၈.၂.၂၀၂၂💜
Continue Reading
You'll Also Like
9.3K 440 6
#Unicode မင်းက ငါ့ဘဝရဲ့ တစ်ဦးတည်းသော ... #Zawgyi မင်းက ငါ့ဘဝရဲ့ တစ်ဦးတည်းသော ...
1.3M 44.2K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
89.4K 4.1K 21
ရုပ်ဆိုးလေးကနေ ချောမောတဲ့ ကောင်လေးတစ်ယောက်အဖြစ် ပြောင်းလဲသွားတဲ့ သူ တစ်ချိန်က အနိုင်ကျင့်ခဲ့တဲ့ တိတ်တခိုးချစ်ရသူကို လက်စညးချေဖို့ ရောက်လာတဲ့အခါ။ Apr...