ရည်းစားဟောင်းက ငါ့ကိုမျက်စိကျ...

By Kiyoiko__

2.1M 322K 20.9K

Title - 又被前男友盯上了(Be watched by my Ex again) Author - 橘猫哥哥(Ju Mao Gege) Status - 183 chapters + 36 extras I do... More

Please take a look!
Summary
All about Ju Mao Gege
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
💌
33
34
35
36
37
38
Special Episode I
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
🤍
57
58
59
60
61
62
63
64
65
66
67
68
69
70
Special Episode II
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
Hello

109

10.5K 1.6K 123
By Kiyoiko__

{Unicode}

"ဝေခွဲမရ"

ရန်ကျားလိသည် တံခါးဝတွင် ရပ်နေရင်း ယဲ့ထင်နှင့် ရင်ဆိုင်သည်။

အတန်ကြာသည့် နောက်ဆုံးတွင်မှ ယဲ့ထင်တစ်ယောက် ရှုံးနိမ့်သွားပုံပေါ်ပြီး အသံမပြုဘဲ လှည့်ထွက်သွားကာ မူလနေရာတွင် ပြန်ထိုင်လိုက်သည်။

ရန်ကျားလိသည် အရက်နံ့ ပြင်းလွန်းသော အခန်းထဲ ဝင်လာလိုက်ပြီး လေးလံနေသော မျက်နှာထားနှင့် ယဲ့ထင်အား ကြမ်းပြင်ပေါ်မှ ဆွဲမကာ လက်ကိုဆွဲရင်း အောက်ထပ်သို့ ခေါ်လာသည်။

သူသည် ယဲ့ထင်အား အိပ်ခန်းထဲ ဆွဲခေါ်လာပြီး ကုတင်စွန်းတွင် ထိုင်ခိုင်းလိုက်သည်။

ယဲ့ထင်၏ နက်ခ်တိုင်နှင့် ရှပ်အင်္ကျီမှာ အရက်တို့ ပေကျံစွန်းထင်းနေ၍ ရန်ကျားလိသည် လက်ဆန့်ထုတ်ရင်း နက်ခ်တိုင်ကိုဖြည်ကာ အင်္ကျီကို ကူချွတ်ပေးလိုက်သည်။

ယဲ့ထင်သည် တစ်လျှောက်လုံး ဝံပုလွေလို စူးရှနေသော မျက်ဝန်းများဖြင့် ရန်ကျားလိ၏ မျက်နှာတစ်ဖက်ခြမ်းကို စိုက်ကြည့်နေသည်။

ရန်ကျားလိသည် ယဲ့ထင်၏ အဝတ်အစားများကို ချွတ်လိုက်ပြီးနောက် ညစ်ပတ်နေသော အဝတ်အစားထည့် ခြင်းတောင်းထဲ ထည့်လိုက်ကာ မတ်တတ်ထပြီး သန့်စင်ခန်းသွား၊ တဘတ် သွားယူမည့်အချိန်တွင် ယဲ့ထင်သည် သူ၏ကျောပြင်ကို စိုက်ကြည့်ကာ လေးတိလေးပင်နှင့် စကားတစ်ခွန်းဆိုသည်။

"ရက်သုံးဆယ်က အဆုံးသတ်သွားပြီ။ မင်းကိုယ့်ရဲ့ အရှေ့မှာ ပေါ်မလာသင့်ဘူး။ ကိုယ့်အိမ်ကိုဆို ပိုပြီးတော့တောင် ရောက်မလာသင့်ဘူး။ မင်းက ကတိကို ချိုးဖောက်တာပဲ"

ရန်ကျားလိ၏ ခြေလှမ်းက တစ်ချက် ရပ်တန့်သွားသော်ငြား စကားတော့ ဆိုမလာပေ။

သူသည် သန့်စင်ခန်းထဲမှ တဘတ်တစ်ထည် ယူလာလိုက်သည်။ တဘတ်ကို ရေနွေးနွေးထဲ နှစ်လိုက်ပြီး ခြောက်လုနီးပါး ဖြစ်သွားအောင် ရေညစ်ကာ ယဲ့ထင်နား ပြန်လျှောက်သွားလိုက်ပြီး အေးစက်စက်နှင့် ပြောသည်။

"မျက်လုံးမှိတ်"

ယဲ့ထင်သည် လိလိမ္မာမ္မာနှင့် မျက်လုံးများကို မှိတ်လိုက်သည်။

ရန်ကျားလိသည် ယဲ့ထင်၏ ပါးပြင်ကို တဘတ်နှင့် ပွတ်သပ်ပေးလိုက်သည်။

ယဲ့ထင်က မျက်လုံးမှိတ်ထားရင်း ဆိုသည်။

"ရန်ကျားလိ၊ ကိုယ်မင်းကို အရမ်း စိတ်ဆိုးတယ်"

ရန်ကျားလိက နှုတ်ခမ်းတွန့်လိုက်ပြီး တည်ငြိမ်စွာနှင့်ပြောသည်။

"အင်း၊ ငါသိတယ်"

ပြောပြီးသည့်နောက် ယဲ့ထင်၏ မျက်နှာကို တဘတ်နှင့် ဆက်လက်၍ ညင်ညင်သာသာ သုတ်ပေးသည်။

ယဲ့ထင်သည် မျက်လုံး ဖွင့်ကြည့်လာပြီး ပြင်းပြလှစွာသာ အရက် အခိုးငွေ့များနှင့် အကြည့်က ရန်ကျားလိ၏ လေးနက်နေသော မျက်ဝန်းများဆီ ကျရောက်သွားသောအခါ အမွေးပွတ်ခံလိုက်ရသော သားရဲတစ်ကောင်အလား ခန္ဓာကိုယ်ထဲမှ ကြမ်းတမ်း ရန်လိုမှုများသည် ရုတ်တရက် ထက်ဝက်မျှ ကွယ်ပျောက်သွားသလိုပင်။

သူသည် တုန်ယင်နေသော အသံနှင့် ဆက်ပြောသည်။

"ပေါင်ပေါင်း၊ ကိုယ်မင်းကို အရမ်းလွမ်းတယ်"

ရန်ကျားလိသည် လက်ချလိုက်ပြီး တဘတ်ကို သန့်စင်ခန်းထဲ ပြန်သွားထည့်လိုက်သည်။ ထို့နောက် ယဲ့ထင်၏ ခါးပတ်ကို ညွှန်ပြရင်း

"ကိုယ့်ဘာသာ ဘောင်းဘီချွတ်လိုက်"

ယဲ့ထင်သည် နားဝေတိမ်တောင် ဖြစ်လောက်အောင် အရက်မူးနေ၍ စက်ရုပ်လူသားကဲ့သို့ ရန်ကျားလိ ဘာပြောပြော သူက အကုန် လိုက်လုပ်သည်။ လက်ဆန့်ပြီး ခါးပတ်ခေါင်းကို ဖြုတ်ကာ ဘောင်းဘီကို ချွတ်လိုက်သည်။ ပြီးနောက် ရန်ကျားလိက သူ့အား စောင်ပုံထဲ အတင်း ထိုးဝင်ခိုင်းလိုက်သည်။

ယဲ့ထင်က အရင်အတိုင်း ရန်ကျားလိအား စိုက်ကြည့်နေသေးပြီး လေသံတိုးတိုးနှင့်

"ပေါင်ပေါင်း၊ ကိုယ်မင်းကို အရမ်းလွမ်းနေတာ မင်းသိရဲ့လား"

ရန်ကျားလိသည် ကုတင်စွန်းတွင် ထိုင်လိုက်ပြီး ခနဲ့ပြုံး တစ်ချက်ပြုံးကာ

"ငါ့ကိုလွမ်းတယ်? ညစာစားပွဲမှာ ငါ့ကိုတွေ့တာတောင် သူစိမ်းတစ်ယောက်လို ရှောင်ဖယ်သွားတယ်။ ဘေးနားမှာလည်း မိန်းကလေး ပါတနာ ချောချောလေး ထားထားသေးတယ်.....ဖြစ်နိုင်သေးတာက၊ စေ့စပ်ထားတဲ့ မိန်းကလေး?"

ယဲ့ထင်သည် ရန်ကျားလိ၏ လက်ကို တိတ်တိတ်ကလေး ကိုင်လိုက်ပြီး လက်ချောင်းများက ရန်ကျားလိ၏ လက်ဖဝါးထက် လွှတ်မပေးချင်သည့်နှယ် ပွတ်သပ်နေသည်။

သူ၏ အာဒမ်ပန်းသီးက တစ်ချက် လှုပ်သွားပြီး ခါးသက်သက် ပြုံးလိုက်ကာ

"ကိုယ်မင်းကို ကြည့်နေရဲဦးမယ်လို့ မင်းထင်လို့လား"

"မင်းကို တစ်စက္ကန့်လောက် ပိုကြည့်မိရင်၊ စကားတစ်ခွန်းလောက် ပိုပြောမိရင်၊ ကိုယ် မနေနိုင် မထိုင်နိုင်တွေဖြစ်ပြီး၊ မင်းကို ပြန်ဖမ်းခေါ်သွားမိမှာဆိုးလို့"

ရန်ကျားလိ၏ အကြည့်များက တောင့်ခဲနေပြီး နောက်ဆုံးတွင် သည်းမခံနိုင်ဘဲ ထုတ်မေးလာသည်။

"အဲ့ဒီ ရှယီးကျယ်ကရော"

"စေ့စပ်ထားတာ မဟုတ်ပါဘူး"

ယဲ့ထင်က မျက်တောင်ခတ်လိုက်ပြီး

"သူက ရှောင်ရှရဲ့ အစ်မလေ။ ကိုယ်၊ သူရယ်၊ ပြီးတော့ ရှောင်ရှရယ်က ပူးပေါင်းထားကြတာ"

"ဘာ ပူးပေါင်းထားတာလဲ"

"ရှောင်ရှရဲ့ အဖေက သေလုမြောပါး ဖြစ်နေပြီ။ သူနဲ့ သူ့အစ်မက အာဏာယူချင်ပေမယ့် တစ်ယောက်ယောက်က တားထားပြီး သူတို့ကို မတက်စေချင်ဘူး။ ကိုယ်က တရုတ်ကို ပြန်လာတာ မကြာသေးဘူး။ ဒီမှာ အခြေခံအုတ်မြစ်က ခိုင်သင့်သလောက် မခိုင်သေးတာမို့ စီးပွားရေးကွန်ရက် တည်ဆောက်ဖို့ လိုနေတယ်။ ကိုယ်တို့တွေ ပူးပေါင်းမိသွားတော့ ကိုယ်က ပိုက်ဆံထုတ်တယ်၊ ကွမ်ဟွေ့ကို အဌားပေးပြီး ဝှက်ဖဲအနေနဲ့ ရှမိသားစုကို ဖြားယောင်းတယ်။ သူတို့ကလည်း ကိုယ့်ကို အစုရှယ်ယာက အမြတ်တွေ ပေးတယ်။ သူတို့ အပေါ်တက်သွားနိုင်လို့ရှိရင် ရှမိသားစုကို အသုံးချပြီး ကိုယ်လည်း ကိုယ့်လုပ်ငန်းတွေကို တိုးတက်အောင်လုပ်မယ်။ အဲ့လောက် ရိုးရိုးရှင်းရှင်းလေးပါပဲ"

ရန်ကျားလိသည် ဘာကြောင့်ရယ်မသိ၊ နှလုံးသားထဲတွင် ရုတ်ခြည်း သက်သာရာ ရသွားသည်။

ယဲ့ထင်သည် ရန်ကျားလိ၏ အနည်းငယ် ပြေလျော့သွားသည့် အမူအရာကိုကြည့်နေရင်း ယစ်ထုတ်ကြီးက ရုတ်တရက် ထရယ်သည်။

".....သဝန်တိုနေပြီ"

ရန်ကျားလိ၏ မျက်နှာက ချက်ချင်း နီမြန်းသွားပြီး လက်ဖဝါးနှင့် ယဲ့ထင်၏ လက်ကို ဘတ်ခနဲ ရိုက်လိုက်သည်။

ယဲ့ထင်သည် လက်ကို ပြန်ရုတ်သွားပြီး စောင်ထဲ ထည့်လိုက်ကာ မျက်လုံးက နူးညံ့နေသလို မျှော်လင့်တကြီးလည်း ဖြစ်နေကာ

"ဒီနေ့ ကတိကို ဖောက်ဖျက်ပြီးပြီဆိုမှတော့ ကိုယ့်ကို ပိုပြီး အဖော်ပြုပေးပါ နော်။ ကိုယ် အိပ်ပျော်သွားရင် မင်းထွက်သွားလို့ ရပါတယ်"

ရန်ကျားလိသည် သူ့အစား စောင်ကို ဆွဲမပေးလိုက်ပြီး လေးလေးနက်နက်နှင့် အင်းဟု အသံထွက်လာသည်။

ယဲ့ထင်သည် အရက်မူးသွားပြီးနောက် နိုးကြားနေချိန်ကလို တည်ငြိမ်မှုနှင့် တင်းမာခြင်းတို့ မရှိတော့ပေ။ ထိုအစား အဆာပြေမုန့်လေး ရသွားသည့် ကလေးငယ်လေးအတိုင်း ပြုံးရယ်နေသည်။ မျက်လုံးထဲတွင် ရန်ကျားလိ၏ ပုံရိပ်က ထင်ဟပ်နေပြီး မျက်လုံးထဲတွင်ပါ ရောင်ဝါများ တောက်ပနေကာ

"မင်းထွက်သွားတာ တစ်လ၊ ကိုယ်ခံစားနေရတာလည်း တကယ်တစ်လရှိပြီ။ ကိုယ်အရင်က တစ်လဆိုတာ တိုတိုလေးပဲထင်တာ၊ ဒါပေမဲ့ ဒီတစ်ခေါက်တော့ ဘယ်လိုလုပ်ပြီးများ....ဒီလောက် သည်းမခံနိုင်လောက်အောင် ခံရခက်နေရတာလဲ...."

ထိုစကားသည် ရန်ကျားလိ၏ နှလုံးသားထဲမှ တစ်နေရာရာအား ထိုးဆွလိုက်သကဲ့သို့ ပျော့ပြောင်းနူးညံ့စွာနှင့် တစ်ချက်မျှ လှုပ်ယမ်းသွားသည်။

သူသည် မကူနိုင် မကယ်နိုင် ကိုယ်ကိုကိုင်းကာ ယဲ့ထင်နံဘေး မှီလိုက်သည်။

ယဲ့ထင်သည် အသက်ရှူရာတွင် အရက်ငွေ့လေးများ ပါဝင်နေသေးပြီး တစ်ကိုယ်လုံးမှာလည်း အတော်လေး ပူကျစ်နေသည်။ သူနှင့် ရန်ကျားလိသည် အလွန်နီးကပ်နေပြီး မျက်ဝန်းနှစ်စုံက မျက်နှာချင်း ဆိုင်နေကြသည်။

"ပေါင်ပေါင်း၊ ဒီတစ်လ၊ ဖြတ်သန်းရတာ အဆင်ပြေရဲ့လား"

ရန်ကျားလိက ခေါင်းညိတ်ပြီး

"မဆိုးပါဘူး"

"မဆိုးရင် ပြီးတာပါပဲ"

ယဲ့ထင်သည် မျက်လုံးကွေးအောင် ရယ်လိုက်သော်လည်း မျက်လုံးထဲတွင် တိတ်တိတ်ကလေး စိုစွတ်လာကာ

"ကောင်းကောင်းမွန်မွန် ဖြတ်သန်းနေမှ၊ ကိုယ်လည်း စိတ်ချရမှာ၊ မင်းကို လက်လွှတ်ပေးလိုက်နိုင်မှာ။ နောက်လည်း ကိုယ့်ကိုယ် သေချာ ဂရုစိုက်နော်။ တကယ်လို့ အခွင့်အရေးရှိရင်၊ ချစ်သူကောင်လေး အသစ်ရှာလိုက်။ သေချာပေါက် ကိုယ့်ထက်တော့ သာနေရမယ်။ သူက နူးညံ့ရမယ်၊ အလေးထားတတ်ရမယ်။ ကိုယ်တိုင်ရဲ့ ခံစားချက်တွေကိုလည်း သေချာနားလည်ရမယ်။ ပထမဆုံး တစ်ချက်က အရင်က ကိုယ့်လိုမျိုး မင်းကို အနိုင်မကျင့်ရဘူး"

ရန်ကျားလိ၏ မျက်လုံးက နီနေပြီး

"ဘာလုပ်မှာလဲ အဲ့ဒါတွေပြောပြီး"

ယဲ့ထင်သည် လက်ဆန့်ကာ ရန်ကျားလိ၏ မျက်နှာကို ပွတ်သပ်လိုက်ပြီး သက်ပြင်းချသံနှင့်

"တကယ်တော့ အဲ့ဒီအရာတွေ အားလုံး ကိုယ်နားလည်သွားပါပြီ။ ဒါပေမဲ့ အရမ်းနောက်ကျသွားပြီ မဟုတ်လား"

"ပေါင်ပေါင်း၊ ကိုယ်မင်းနဲ့ တကယ်ကို အသစ်ကနေ ပြန်စချင်တယ်။ အဲ့နှစ်က စစ်ရေး လေ့ကျင့်မှုတုန်းကလိုပဲ။ မင်းနဲ့ကိုယ်က တစ်ဖွဲ့တည်း ကျသွားပြီး မင်းက ကိုယ့်အနားကို လျှောက်လာတယ်။ မျက်နှာလေးက တော်တော် ဖြူပြီး တကယ် သန့်ရှင်းနေတယ်။ ချွေးတွေလည်း စို့နေသေးတယ်။ ပြုံးဖြီးဖြီးနဲ့ ကိုယ့်ရှေ့ လက်ဆန့်ထုတ်ပြီး ပြောတယ်။ မင်္ဂလာပါ၊ ကျွန်တော်က ရန်ကျားလိလို့ ခေါ်ပါတယ်။ ရန်ရှူ့ရဲ့ ရန်၊ ကျားကျန်ရဲ့ ကျား၊ လိကျန့်ရဲ့ လိပါ။ ကိုယ်ကမင်းကို တစ်ချက်တည်း ကြည့်လိုက်ပြီး ပြန်ပြောမယ်။ ကိုယ်ကတော့ ယဲ့ထင်ပါဆိုပြီး"

"ကိုယ်မနေ့ညက အဲ့ဒါကိုတောင် အိပ်မက် မက်ခဲ့သေးတယ်၊ အရမ်းကို ပြည့်စုံနေခဲ့တာ။ ဒါပေမဲ့ နိုးလာပြီးမှ အဲ့ဒါက အိပ်မက်ဆိုတာ ကိုယ် သိလိုက်ရတယ်။ ရုတ်တရက် ကိုယ့်တစ်ကိုယ်လုံး ရေခဲတိုက်ထဲမှာ အခဲခံလိုက်ရသလိုပဲ။ ဦးနှောက်ကပါ ဗလာကြီး ဖြစ်သွားတယ်။ ကိုယ်အရမ်းကို တည်ငြိမ်နေယောင် ဆောင်လိုက်ပြီး ခါတိုင်းလိုပဲ အလုပ်သွားတယ်။ အစည်းအဝေး တက်တယ်။ ထမင်းစားတယ်၊ အိပ်တယ်။ ဒါပေမဲ့ လုပ်စရာ မရှိတော့တဲ့ အချိန်တိုင်း ကိုယ် ဆုံးရှုံးသွားသလို ခံစားရတယ်။ ကိုယ် အမှား လုပ်မိသွားတယ်။ မင်းကကိုယ့်ကို မလိုချင်တော့ဘူး"

"ဒီနေ့ကိုလည်း ကိုယ်အရက်မူးပြီး မက်ခဲ့တဲ့ အိပ်မက်လို့ပဲ သဘောထားလိုက်ပါ။ မနက်ဖြန် မနက် နေထွက်လာတဲ့ အချိန်ကျရင်၊ ကိုယ်တို့ ဒီကိစ္စကို မေ့လိုက်ကြရအောင်။ မင်းက မင်းရဲ့ ဘဝသစ်မှာ ဆက်ရှင်သန်၊ ကိုယ်လည်း ကိုယ့်အလုပ်ကိုပဲ ဆက်လုပ်နေမယ်။ တစ်နေ့နေ့မှာတော့ အရာအားလုံး အဆင်ပြေသွားမှာပါ"

ယဲ့ထင်သည် အချိန်အတော်ကြာ ရောက်တက်ရာရာ လျှောက်ပြောနေသည်။ အရက်မူးနေသူများသည် အမှန်တကယ်ကို လေကြောရှည်တတ်ကြသည်။

ရန်ကျားလိသည်လည်း စိတ်ရှုပ်၊ မနှစ်မြို့ခြင်းတို့ မဖြစ်ခဲ့ဘဲ တစ်လျှောက်လုံး ယဲ့ထင်၏ စကားကိုသာ နားထောင်ပေးနေခဲ့သည်။

ယဲ့ထင်တစ်ယောက် မိန်းမောစွာနှင့် အိပ်ပျော်သွားပြီးမှ မတ်တတ်ထကာ ယဲ့ထင်ကို စောင်သေချာ ခြုံပေးလိုက်သည်။

ရန်ကျားလိသည် မကူကယ်နိုင်စွာနှင့် ယဲ့ထင်၏ အိပ်မောကျနေသည့် မျက်နှာကျနှင့် မျက်ခမ်းအောက်မှ လုပ်ယူ၍မရသော မျက်ကွင်းညိုညိုတို့ကို ခဏလောက် ကြည့်နေပြီးမှ အိပ်ခန်းထဲမှ ထွက်လာသည်။ ပြီးနောက် တံခါးကို ပိတ်ကာ ယဲ့ထင်၏ စံအိမ်ကို စွန့်ခွာသွားတော့သည်။

နောက်တစ်နေ့တွင် ယဲ့ထင်လည်း ဖုန်းဆက်မလာပေ။ အရာအားလုံးမှာ ပုံမှန်အတိုင်း ငြိမ်သက်အေးချမ်းနေသည်။

ရန်ကျားလိသည် တစ်ကိုယ်တည်း အိမ်မှာထိုင်နေပြီး အမွေးစုတ်ဖွား အားဖူနှင့် ရှောင်ဟွမ်ကို ဖက်ထားသည်။ အရုဏ်တက်မှ နေဝင်ချိန် အထိပင်။

သူ့ဘက်ကသာ ယဲ့ထင်ကို မဆက်သွယ်လျှင် ယဲ့ထင်ထံ၌ သူ့အား နှောင်ယှက်လာဖို့ အကြောင်းပြချက် မရှိမှန်း သူလည်းသိသည်။ သူ၏ဘဝသည် ယခုကဲ့သို့ စည်းမျဥ်းဘောင်အတိုင်း အလုပ်သွား အလုပ်ပြန်၊ တည်တည်ငြိမ်ငြိမ် ပုံမှန်ကျကျနှင့် ဖြတ်သန်းသွားပြီး သူနှင့် ယဲ့ထင်သည် အဆက်အသွယ် မရှိနိုင်တော့သလို၊ အခြားသော ဆက်ဆံရေးမျိုးလည်း မရှိနိုင်တော့ပေ။ အိုမင်းကြသည်အထိ၊ သေခြင်းတရား တိုင်သည်အထိ။

ရန်ကျားလိသည် ရုတ်တရက် နှလုံးသားက လစ်ဟာသွားသလို ခံစားလိုက်ရသည်။

သူသည် ပထမဆုံးအကြိမ် ဖုန်းကိုထုတ်လိုက်ပြီး ယဲ့ထင်၏ ဖုန်းနံပါတ်ကို ကြည့်ကာ ချီတုံချတုံ တွန့်ဆုတ်တွန့်ဆုတ်နှင့် ကြက်သေသေနေသည်။

ထိုဝေခွဲမရ ဖြစ်နေခြင်းမှာ သုံးရက်တိုင်တိုင် ဆက်လက် ဖြစ်တည်နေခဲ့သည်။

ထိုကဲ့သို့ ရန်ကျားလိ၏ နှလုံးသားထဲတွင် နတ်ဆိုးနှင့် နတ်ကောင်းတို့ စစ်ချီနေကြချိန်တွင် ကျောက်ရှန့်ဟိုင်၏ အဝင်ကောလ်က အရင်ဆုံး ဝင်လာခဲ့သည်။

ကျောက်ရှန့်ဟိုင်သည် ဖုန်းထဲမှ သင်္ကာမကင်းစွာနှင့် သူ့အား မေးလာသည်။

"မင်း အမေရိကန်မှာ အမြဲတမ်း နေထိုင်ခွင့် လျှောက်ထားတာလား"

ရန်ကျားလိသည် ခဏလောက် ကြောင်အမ်းသွားပြီး

"မလျှောက်ထားပါဘူး"

ကျောက်ရှန့်ဟိုင်၏ လေသံမှာ ပို၍ ထူးဆန်းလာပြီး

"ဒါဆိုအခုတလောမှာပဲ ဗီဇာအခြေအနေကို ပြောင်းထားသေးလား"

ရန်ကျားလိသည် မျက်မှောင်ကြုတ်လိုက်ပြီး

"ဒါလည်း မပြောင်းထားပါဘူး"

တစ်ဖက်မှ ကျောက်ရှန့်ဟိုင်သည် စက္ကန့်ပိုင်းမျှ တိတ်ဆိတ်သွားပြီး စကားမပြောတော့ပေ။

ရန်ကျားလိသည် ပြန်လည်တုံ့ပြန် အမေးအမြန်း ပြုဖို့ရန် ပါးစပ်ဟဖို့ ကြံရွယ်နေစဥ်မှာပဲ ကျောက်ရှန့်ဟိုင်က အတည်ပေါက်ကြီးနှင့်

"မင်း ကုမ္ပဏီကို တစ်ခေါက်လောက် လာခဲ့ဦး၊ အခု"
.
.
.
.
.
6/2/2022(Sun)

ဟိုဟာလေ...ယဲ့ထင်နဲ့ ရှောင်ရှတို့ရဲ့ ဆက်ဆံရေးကို Novel ထဲမှာတော့ စာရှည်သွားမှာဆိုးလို့ သေချာမရေးထားပေမယ့် Mao Ge က Note ထဲမှာ ပြန်ရှင်းပြထားတယ်။ အဲ့ဒါလေ အကယ်၍ မရှင်းလည်း နားလည်ကြတယ်ဆိုရင် ဘာသာမပြန်တော့ဘူးနော်လို့😁😁 တကယ်လို့ နားမလည်ဘူးဆိုလည်း မနက်ဖြန်အပိုင်းမှ ပြန်ထည့်လိုက်မယ်လေနော်။ ရှင်းပြထားတာ နည်းနည်းရှည်တော့ ဒီနေ့ပြန်နေရင် မမီတော့မှာဆိုးလို့ (。•́︿•̀。)

                           ×××

{Zawgyi}

"ေဝခြဲမရ"

ရန္က်ားလိသည္ တံခါးဝတြင္ ရပ္ေနရင္း ယဲ့ထင္ႏွင့္ ရင္ဆိုင္သည္။

အတန္ၾကာသည့္ ေနာက္ဆုံးတြင္မွ ယဲ့ထင္တစ္ေယာက္ ရႈံးနိမ့္သြားပုံေပၚၿပီး အသံမျပဳဘဲ လွည့္ထြက္သြားကာ မူလေနရာတြင္ ျပန္ထိုင္လိုက္သည္။

ရန္က်ားလိသည္ အရက္နံ႔ ျပင္းလြန္းေသာ အခန္းထဲ ဝင္လာလိုက္ၿပီး ေလးလံေနေသာ မ်က္ႏွာထားႏွင့္ ယဲ့ထင္အား ၾကမ္းျပင္ေပၚမွ ဆြဲမကာ လက္ကိုဆြဲရင္း ေအာက္ထပ္သို႔ ေခၚလာသည္။

သူသည္ ယဲ့ထင္အား အိပ္ခန္းထဲ ဆြဲေခၚလာၿပီး ကုတင္စြန္းတြင္ ထိုင္ခိုင္းလိုက္သည္။

ယဲ့ထင္၏ နက္ခ္တိုင္ႏွင့္ ရွပ္အက်ႌမွာ အရက္တို႔ ေပက်ံစြန္းထင္းေန၍ ရန္က်ားလိသည္ လက္ဆန္႔ထုတ္ရင္း နက္ခ္တိုင္ကိုျဖည္ကာ အက်ႌကို ကူခြၽတ္ေပးလိုက္သည္။

ယဲ့ထင္သည္ တစ္ေလွ်ာက္လုံး ဝံပုေလြလို စူးရွေနေသာ မ်က္ဝန္းမ်ားျဖင့္ ရန္က်ားလိ၏ မ်က္ႏွာတစ္ဖက္ျခမ္းကို စိုက္ၾကည့္ေနသည္။

ရန္က်ားလိသည္ ယဲ့ထင္၏ အဝတ္အစားမ်ားကို ခြၽတ္လိုက္ၿပီးေနာက္ ညစ္ပတ္ေနေသာ အဝတ္အစားထည့္ ျခင္းေတာင္းထဲ ထည့္လိုက္ကာ မတ္တတ္ထၿပီး သန္႔စင္ခန္းသြား၊ တဘတ္ သြားယူမည့္အခ်ိန္တြင္ ယဲ့ထင္သည္ သူ၏ေက်ာျပင္ကို စိုက္ၾကည့္ကာ ေလးတိေလးပင္ႏွင့္ စကားတစ္ခြန္းဆိုသည္။

"ရက္သုံးဆယ္က အဆုံးသတ္သြားၿပီ။ မင္းကိုယ့္ရဲ႕ အေရွ႕မွာ ေပၚမလာသင့္ဘူး။ ကိုယ့္အိမ္ကိုဆို ပိုၿပီးေတာ့ေတာင္ ေရာက္မလာသင့္ဘူး။ မင္းက ကတိကို ခ်ိဳးေဖာက္တာပဲ"

ရန္က်ားလိ၏ ေျခလွမ္းက တစ္ခ်က္ ရပ္တန္႔သြားေသာ္ျငား စကားေတာ့ ဆိုမလာေပ။

သူသည္ သန္႔စင္ခန္းထဲမွ တဘတ္တစ္ထည္ ယူလာလိုက္သည္။ တဘတ္ကို ေရေႏြးေႏြးထဲ ႏွစ္လိုက္ၿပီး ေျခာက္လုနီးပါး ျဖစ္သြားေအာင္ ေရညစ္ကာ ယဲ့ထင္နား ျပန္ေလွ်ာက္သြားလိုက္ၿပီး ေအးစက္စက္ႏွင့္ ေျပာသည္။

"မ်က္လုံးမွိတ္"

ယဲ့ထင္သည္ လိလိမၼာမၼာႏွင့္ မ်က္လုံးမ်ားကို မွိတ္လိုက္သည္။

ရန္က်ားလိသည္ ယဲ့ထင္၏ ပါးျပင္ကို တဘတ္ႏွင့္ ပြတ္သပ္ေပးလိုက္သည္။

ယဲ့ထင္က မ်က္လုံးမွိတ္ထားရင္း ဆိုသည္။

"ရန္က်ားလိ၊ ကိုယ္မင္းကို အရမ္း စိတ္ဆိုးတယ္"

ရန္က်ားလိက ႏႈတ္ခမ္းတြန္႔လိုက္ၿပီး တည္ၿငိမ္စြာႏွင့္ေျပာသည္။

"အင္း၊ ငါသိတယ္"

ေျပာၿပီးသည့္ေနာက္ ယဲ့ထင္၏ မ်က္ႏွာကို တဘတ္ႏွင့္ ဆက္လက္၍ ညင္ညင္သာသာ သုတ္ေပးသည္။

ယဲ့ထင္သည္ မ်က္လုံး ဖြင့္ၾကည့္လာၿပီး ျပင္းျပလွစြာသာ အရက္ အခိုးေငြ႕မ်ားႏွင့္ အၾကည့္က ရန္က်ားလိ၏ ေလးနက္ေနေသာ မ်က္ဝန္းမ်ားဆီ က်ေရာက္သြားေသာအခါ အေမြးပြတ္ခံလိုက္ရေသာ သားရဲတစ္ေကာင္အလား ခႏၶာကိုယ္ထဲမွ ၾကမ္းတမ္း ရန္လိုမႈမ်ားသည္ ႐ုတ္တရက္ ထက္ဝက္မွ် ကြယ္ေပ်ာက္သြားသလိုပင္။

သူသည္ တုန္ယင္ေနေသာ အသံႏွင့္ ဆက္ေျပာသည္။

"ေပါင္ေပါင္း၊ ကိုယ္မင္းကို အရမ္းလြမ္းတယ္"

ရန္က်ားလိသည္ လက္ခ်လိုက္ၿပီး တဘတ္ကို သန္႔စင္ခန္းထဲ ျပန္သြားထည့္လိုက္သည္။ ထို႔ေနာက္ ယဲ့ထင္၏ ခါးပတ္ကို ၫႊန္ျပရင္း

"ကိုယ့္ဘာသာ ေဘာင္းဘီခြၽတ္လိုက္"

ယဲ့ထင္သည္ နားေဝတိမ္ေတာင္ ျဖစ္ေလာက္ေအာင္ အရက္မူးေန၍ စက္႐ုပ္လူသားကဲ့သို႔ ရန္က်ားလိ ဘာေျပာေျပာ သူက အကုန္ လိုက္လုပ္သည္။ လက္ဆန္႔ၿပီး ခါးပတ္ေခါင္းကို ျဖဳတ္ကာ ေဘာင္းဘီကို ခြၽတ္လိုက္သည္။ ၿပီးေနာက္ ရန္က်ားလိက သူ႔အား ေစာင္ပုံထဲ အတင္း ထိုးဝင္ခိုင္းလိုက္သည္။

ယဲ့ထင္က အရင္အတိုင္း ရန္က်ားလိအား စိုက္ၾကည့္ေနေသးၿပီး ေလသံတိုးတိုးႏွင့္

"ေပါင္ေပါင္း၊ ကိုယ္မင္းကို အရမ္းလြမ္းေနတာ မင္းသိရဲ႕လား"

ရန္က်ားလိသည္ ကုတင္စြန္းတြင္ ထိုင္လိုက္ၿပီး ခနဲ႔ၿပဳံး တစ္ခ်က္ၿပဳံးကာ

"ငါ့ကိုလြမ္းတယ္? ညစာစားပြဲမွာ ငါ့ကိုေတြ႕တာေတာင္ သူစိမ္းတစ္ေယာက္လို ေရွာင္ဖယ္သြားတယ္။ ေဘးနားမွာလည္း မိန္းကေလး ပါတနာ ေခ်ာေခ်ာေလး ထားထားေသးတယ္.....ျဖစ္ႏိုင္ေသးတာက၊ ေစ့စပ္ထားတဲ့ မိန္းကေလး?"

ယဲ့ထင္သည္ ရန္က်ားလိ၏ လက္ကို တိတ္တိတ္ကေလး ကိုင္လိုက္ၿပီး လက္ေခ်ာင္းမ်ားက ရန္က်ားလိ၏ လက္ဖဝါးထက္ လႊတ္မေပးခ်င္သည့္ႏွယ္ ပြတ္သပ္ေနသည္။

သူ၏ အာဒမ္ပန္းသီးက တစ္ခ်က္ လႈပ္သြားၿပီး ခါးသက္သက္ ၿပဳံးလိုက္ကာ

"ကိုယ္မင္းကို ၾကည့္ေနရဲဦးမယ္လို႔ မင္းထင္လို႔လား"

"မင္းကို တစ္စကၠန္႔ေလာက္ ပိုၾကည့္မိရင္၊ စကားတစ္ခြန္းေလာက္ ပိုေျပာမိရင္၊ ကိုယ္ မေနႏိုင္ မထိုင္ႏိုင္ေတြျဖစ္ၿပီး၊ မင္းကို ျပန္ဖမ္းေခၚသြားမိမွာဆိုးလို႔"

ရန္က်ားလိ၏ အၾကည့္မ်ားက ေတာင့္ခဲေနၿပီး ေနာက္ဆုံးတြင္ သည္းမခံႏိုင္ဘဲ ထုတ္ေမးလာသည္။

"အဲ့ဒီ ရွယီးက်ယ္ကေရာ"

"ေစ့စပ္ထားတာ မဟုတ္ပါဘူး"

ယဲ့ထင္က မ်က္ေတာင္ခတ္လိုက္ၿပီး

"သူက ေရွာင္ရွရဲ႕ အစ္မေလ။ ကိုယ္၊ သူရယ္၊ ၿပီးေတာ့ ေရွာင္ရွရယ္က ပူးေပါင္းထားၾကတာ"

"ဘာ ပူးေပါင္းထားတာလဲ"

"ေရွာင္ရွရဲ႕ အေဖက ေသလုေျမာပါး ျဖစ္ေနၿပီ။ သူနဲ႔ သူ႔အစ္မက အာဏာယူခ်င္ေပမယ့္ တစ္ေယာက္ေယာက္က တားထားၿပီး သူတို႔ကို မတက္ေစခ်င္ဘူး။ ကိုယ္က တ႐ုတ္ကို ျပန္လာတာ မၾကာေသးဘူး။ ဒီမွာ အေျခခံအုတ္ျမစ္က ခိုင္သင့္သေလာက္ မခိုင္ေသးတာမို႔ စီးပြားေရးကြန္ရက္ တည္ေဆာက္ဖို႔ လိုေနတယ္။ ကိုယ္တို႔ေတြ ပူးေပါင္းမိသြားေတာ့ ကိုယ္က ပိုက္ဆံထုတ္တယ္၊ ကြမ္ေဟြ႕ကို အဌားေပးၿပီး ဝွက္ဖဲအေနနဲ႔ ရွမိသားစုကို ျဖားေယာင္းတယ္။ သူတို႔ကလည္း ကိုယ့္ကို အစုရွယ္ယာက အျမတ္ေတြ ေပးတယ္။ သူတို႔ အေပၚတက္သြားႏိုင္လို႔ရွိရင္ ရွမိသားစုကို အသုံးခ်ၿပီး ကိုယ္လည္း ကိုယ့္လုပ္ငန္းေတြကို တိုးတက္ေအာင္လုပ္မယ္။ အဲ့ေလာက္ ႐ိုး႐ိုးရွင္းရွင္းေလးပါပဲ"

ရန္က်ားလိသည္ ဘာေၾကာင့္ရယ္မသိ၊ ႏွလုံးသားထဲတြင္ ႐ုတ္ျခည္း သက္သာရာ ရသြားသည္။

ယဲ့ထင္သည္ ရန္က်ားလိ၏ အနည္းငယ္ ေျပေလ်ာ့သြားသည့္ အမူအရာကိုၾကည့္ေနရင္း ယစ္ထုတ္ႀကီးက ႐ုတ္တရက္ ထရယ္သည္။

".....သဝန္တိုေနၿပီ"

ရန္က်ားလိ၏ မ်က္ႏွာက ခ်က္ခ်င္း နီျမန္းသြားၿပီး လက္ဖဝါးႏွင့္ ယဲ့ထင္၏ လက္ကို ဘတ္ခနဲ ႐ိုက္လိုက္သည္။

ယဲ့ထင္သည္ လက္ကို ျပန္႐ုတ္သြားၿပီး ေစာင္ထဲ ထည့္လိုက္ကာ မ်က္လုံးက ႏူးညံ့ေနသလို ေမွ်ာ္လင့္တႀကီးလည္း ျဖစ္ေနကာ

"ဒီေန႔ ကတိကို ေဖာက္ဖ်က္ၿပီးၿပီဆိုမွေတာ့ ကိုယ့္ကို ပိုၿပီး အေဖာ္ျပဳေပးပါ ေနာ္။ ကိုယ္ အိပ္ေပ်ာ္သြားရင္ မင္းထြက္သြားလို႔ ရပါတယ္"

ရန္က်ားလိသည္ သူ႔အစား ေစာင္ကို ဆြဲမေပးလိုက္ၿပီး ေလးေလးနက္နက္ႏွင့္ အင္းဟု အသံထြက္လာသည္။

ယဲ့ထင္သည္ အရက္မူးသြားၿပီးေနာက္ ႏိုးၾကားေနခ်ိန္ကလို တည္ၿငိမ္မႈႏွင့္ တင္းမာျခင္းတို႔ မရွိေတာ့ေပ။ ထိုအစား အဆာေျပမုန္႔ေလး ရသြားသည့္ ကေလးငယ္ေလးအတိုင္း ၿပဳံးရယ္ေနသည္။ မ်က္လုံးထဲတြင္ ရန္က်ားလိ၏ ပုံရိပ္က ထင္ဟပ္ေနၿပီး မ်က္လုံးထဲတြင္ပါ ေရာင္ဝါမ်ား ေတာက္ပေနကာ

"မင္းထြက္သြားတာ တစ္လ၊ ကိုယ္ခံစားေနရတာလည္း တကယ္တစ္လရွိၿပီ။ ကိုယ္အရင္က တစ္လဆိုတာ တိုတိုေလးပဲထင္တာ၊ ဒါေပမဲ့ ဒီတစ္ေခါက္ေတာ့ ဘယ္လိုလုပ္ၿပီးမ်ား....ဒီေလာက္ သည္းမခံႏိုင္ေလာက္ေအာင္ ခံရခက္ေနရတာလဲ...."

ထိုစကားသည္ ရန္က်ားလိ၏ ႏွလုံးသားထဲမွ တစ္ေနရာရာအား ထိုးဆြလိုက္သကဲ့သို႔ ေပ်ာ့ေျပာင္းႏူးညံ့စြာႏွင့္ တစ္ခ်က္မွ် လႈပ္ယမ္းသြားသည္။

သူသည္ မကူႏိုင္ မကယ္ႏိုင္ ကိုယ္ကိုကိုင္းကာ ယဲ့ထင္နံေဘး မွီလိုက္သည္။

ယဲ့ထင္သည္ အသက္ရႉရာတြင္ အရက္ေငြ႕ေလးမ်ား ပါဝင္ေနေသးၿပီး တစ္ကိုယ္လုံးမွာလည္း အေတာ္ေလး ပူက်စ္ေနသည္။ သူႏွင့္ ရန္က်ားလိသည္ အလြန္နီးကပ္ေနၿပီး မ်က္ဝန္းႏွစ္စုံက မ်က္ႏွာခ်င္း ဆိုင္ေနၾကသည္။

"ေပါင္ေပါင္း၊ ဒီတစ္လ၊ ျဖတ္သန္းရတာ အဆင္ေျပရဲ႕လား"

ရန္က်ားလိက ေခါင္းညိတ္ၿပီး

"မဆိုးပါဘူး"

"မဆိုးရင္ ၿပီးတာပါပဲ"

ယဲ့ထင္သည္ မ်က္လုံးေကြးေအာင္ ရယ္လိုက္ေသာ္လည္း မ်က္လုံးထဲတြင္ တိတ္တိတ္ကေလး စိုစြတ္လာကာ

"ေကာင္းေကာင္းမြန္မြန္ ျဖတ္သန္းေနမွ၊ ကိုယ္လည္း စိတ္ခ်ရမွာ၊ မင္းကို လက္လႊတ္ေပးလိုက္ႏိုင္မွာ။ ေနာက္လည္း ကိုယ့္ကိုယ္ ေသခ်ာ ဂ႐ုစိုက္ေနာ္။ တကယ္လို႔ အခြင့္အေရးရွိရင္၊ ခ်စ္သူေကာင္ေလး အသစ္ရွာလိုက္။ ေသခ်ာေပါက္ ကိုယ့္ထက္ေတာ့ သာေနရမယ္။ သူက ႏူးညံ့ရမယ္၊ အေလးထားတတ္ရမယ္။ ကိုယ္တိုင္ရဲ႕ ခံစားခ်က္ေတြကိုလည္း ေသခ်ာနားလည္ရမယ္။ ပထမဆုံး တစ္ခ်က္က အရင္က ကိုယ့္လိုမ်ိဳး မင္းကို အႏိုင္မက်င့္ရဘူး"

ရန္က်ားလိ၏ မ်က္လုံးက နီေနၿပီး

"ဘာလုပ္မွာလဲ အဲ့ဒါေတြေျပာၿပီး"

ယဲ့ထင္သည္ လက္ဆန႔္ကာ ရန္က်ားလိ၏ မ်က္ႏွာကို ပြတ္သပ္လိုက္ၿပီး သက္ျပင္းခ်သံႏွင့္

"တကယ္ေတာ့ အဲ့ဒီအရာေတြ အားလုံး ကိုယ္နားလည္သြားပါၿပီ။ ဒါေပမဲ့ အရမ္းေနာက္က်သြားၿပီ မဟုတ္လား"

"ေပါင္ေပါင္း၊ ကိုယ္မင္းနဲ႔ တကယ္ကို အသစ္ကေန ျပန္စခ်င္တယ္။ အဲ့ႏွစ္က စစ္ေရး ေလ့က်င့္မႈတုန္းကလိုပဲ။ မင္းနဲ႔ကိုယ္က တစ္ဖြဲ႕တည္း က်သြားၿပီး မင္းက ကိုယ့္အနားကို ေလွ်ာက္လာတယ္။ မ်က္ႏွာေလးက ေတာ္ေတာ္ ျဖဴၿပီး တကယ္ သန္႔ရွင္းေနတယ္။ ေခြၽးေတြလည္း စို႔ေနေသးတယ္။ ၿပဳံးၿဖီးၿဖီးနဲ႔ ကိုယ့္ေရွ႕ လက္ဆန္႔ထုတ္ၿပီး ေျပာတယ္။ မဂၤလာပါ၊ ကြၽန္ေတာ္က ရန္က်ားလိလို႔ ေခၚပါတယ္။ ရန္ရႉ႔ရဲ႕ ရန္၊ က်ားက်န္ရဲ႕ က်ား၊ လိက်န္႔ရဲ႕ လိပါ။ ကိုယ္ကမင္းကို တစ္ခ်က္တည္း ၾကည့္လိုက္ၿပီး ျပန္ေျပာမယ္။ ကိုယ္ကေတာ့ ယဲ့ထင္ပါဆိုၿပီး"

"ကိုယ္မေန႔ညက အဲ့ဒါကိုေတာင္ အိပ္မက္ မက္ခဲ့ေသးတယ္၊ အရမ္းကို ျပည့္စုံေနခဲ့တာ။ ဒါေပမဲ့ ႏိုးလာၿပီးမွ အဲ့ဒါက အိပ္မက္ဆိုတာ ကိုယ္ သိလိုက္ရတယ္။ ႐ုတ္တရက္ ကိုယ့္တစ္ကိုယ္လုံး ေရခဲတိုက္ထဲမွာ အခဲခံလိုက္ရသလိုပဲ။ ဦးေႏွာက္ကပါ ဗလာႀကီး ျဖစ္သြားတယ္။ ကိုယ္အရမ္းကို တည္ၿငိမ္ေနေယာင္ ေဆာင္လိုက္ၿပီး ခါတိုင္းလိုပဲ အလုပ္သြားတယ္။ အစည္းအေဝး တက္တယ္။ ထမင္းစားတယ္၊ အိပ္တယ္။ ဒါေပမဲ့ လုပ္စရာ မရွိေတာ့တဲ့ အခ်ိန္တိုင္း ကိုယ္ ဆုံးရႈံးသြားသလို ခံစားရတယ္။ ကိုယ္ အမွား လုပ္မိသြားတယ္။ မင္းကကိုယ့္ကို မလိုခ်င္ေတာ့ဘူး"

"ဒီေန႔ကိုလည္း ကိုယ္အရက္မူးၿပီး မက္ခဲ့တဲ့ အိပ္မက္လို႔ပဲ သေဘာထားလိုက္ပါ။ မနက္ျဖန္ မနက္ ေနထြက္လာတဲ့ အခ်ိန္က်ရင္၊ ကိုယ္တို႔ ဒီကိစၥကို ေမ့လိုက္ၾကရေအာင္။ မင္းက မင္းရဲ႕ ဘဝသစ္မွာ ဆက္ရွင္သန္၊ ကိုယ္လည္း ကိုယ့္အလုပ္ကိုပဲ ဆက္လုပ္ေနမယ္။ တစ္ေန႔ေန႔မွာေတာ့ အရာအားလုံး အဆင္ေျပသြားမွာပါ"

ယဲ့ထင္သည္ အခ်ိန္အေတာ္ၾကာ ေရာက္တက္ရာရာ ေလွ်ာက္ေျပာေနသည္။ အရက္မူးေနသူမ်ားသည္ အမွန္တကယ္ကို ေလေၾကာရွည္တတ္ၾကသည္။

ရန္က်ားလိသည္လည္း စိတ္ရႈပ္၊ မႏွစ္ၿမိဳ႕ျခင္းတို႔ မျဖစ္ခဲ့ဘဲ တစ္ေလွ်ာက္လုံး ယဲ့ထင္၏ စကားကိုသာ နားေထာင္ေပးေနခဲ့သည္။

ယဲ့ထင္တစ္ေယာက္ မိန္းေမာစြာႏွင့္ အိပ္ေပ်ာ္သြားၿပီးမွ မတ္တတ္ထကာ ယဲ့ထင္ကို ေစာင္ေသခ်ာ ၿခဳံေပးလိုက္သည္။

ရန္က်ားလိသည္ မကူကယ္ႏိုင္စြာႏွင့္ ယဲ့ထင္၏ အိပ္ေမာက်ေနသည့္ မ်က္ႏွာက်ႏွင့္ မ်က္ခမ္းေအာက္မွ လုပ္ယူ၍မရေသာ မ်က္ကြင္းညိဳညိဳတို႔ကို ခဏေလာက္ ၾကည့္ေနၿပီးမွ အိပ္ခန္းထဲမွ ထြက္လာသည္။ ၿပီးေနာက္ တံခါးကို ပိတ္ကာ ယဲ့ထင္၏ စံအိမ္ကို စြန္႔ခြာသြားေတာ့သည္။

ေနာက္တစ္ေန႔တြင္ ယဲ့ထင္လည္း ဖုန္းဆက္မလာေပ။ အရာအားလုံးမွာ ပုံမွန္အတိုင္း ၿငိမ္သက္ေအးခ်မ္းေနသည္။

ရန္က်ားလိသည္ တစ္ကိုယ္တည္း အိမ္မွာထိုင္ေနၿပီး အေမြးစုတ္ဖြား အားဖူႏွင့္ ေရွာင္ဟြမ္ကို ဖက္ထားသည္။ အ႐ုဏ္တက္မွ ေနဝင္ခ်ိန္ အထိပင္။

သူ႔ဘက္ကသာ ယဲ့ထင္ကို မဆက္သြယ္လွ်င္ ယဲ့ထင္ထံ၌ သူ႔အား ေႏွာင္ယွက္လာဖို႔ အေၾကာင္းျပခ်က္ မရွိမွန္း သူလည္းသိသည္။ သူ၏ဘဝသည္ ယခုကဲ့သို႔ စည္းမ်ဥ္းေဘာင္အတိုင္း အလုပ္သြား အလုပ္ျပန္၊ တည္တည္ၿငိမ္ၿငိမ္ ပုံမွန္က်က်ႏွင့္ ျဖတ္သန္းသြားၿပီး သူႏွင့္ ယဲ့ထင္သည္ အဆက္အသြယ္ မရွိႏိုင္ေတာ့သလို၊ အျခားေသာ ဆက္ဆံေရးမ်ိဳးလည္း မရွိႏိုင္ေတာ့ေပ။ အိုမင္းၾကသည္အထိ၊ ေသျခင္းတရား တိုင္သည္အထိ။

ရန္က်ားလိသည္ ႐ုတ္တရက္ ႏွလုံးသားက လစ္ဟာသြားသလို ခံစားလိုက္ရသည္။

သူသည္ ပထမဆုံးအႀကိမ္ ဖုန္းကိုထုတ္လိုက္ၿပီး ယဲ့ထင္၏ ဖုန္းနံပါတ္ကို ၾကည့္ကာ ခ်ီတုံခ်တုံ တြန္႔ဆုတ္တြန္႔ဆုတ္ႏွင့္ ၾကက္ေသေသေနသည္။

ထိုေဝခြဲမရ ျဖစ္ေနျခင္းမွာ သုံးရက္တိုင္တိုင္ ဆက္လက္ ျဖစ္တည္ေနခဲ့သည္။

ထိုကဲ့သို႔ ရန္က်ားလိ၏ ႏွလုံးသားထဲတြင္ နတ္ဆိုးႏွင့္ နတ္ေကာင္းတို႔ စစ္ခ်ီေနၾကခ်ိန္တြင္ ေက်ာက္ရွန္႔ဟိုင္၏ အဝင္ေကာလ္က အရင္ဆုံး ဝင္လာခဲ့သည္။

ေက်ာက္ရွန္႔ဟိုင္သည္ ဖုန္းထဲမွ သကၤာမကင္းစြာႏွင့္ သူ႔အား ေမးလာသည္။

"မင္း အေမရိကန္မွာ အၿမဲတမ္း ေနထိုင္ခြင့္ ေလွ်ာက္ထားတာလား"

ရန္က်ားလိသည္ ခဏေလာက္ ေၾကာင္အမ္းသြားၿပီး

"မေလွ်ာက္ထားပါဘူး"

ေက်ာက္ရွန္႔ဟိုင္၏ ေလသံမွာ ပို၍ ထူးဆန္းလာၿပီး

"ဒါဆိုအခုတေလာမွာပဲ ဗီဇာအေျခအေနကို ေျပာင္းထားေသးလား"

ရန္က်ားလိသည္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး

"ဒါလည္း မေျပာင္းထားပါဘူး"

တစ္ဖက္မွ ေက်ာက္ရွန္႔ဟိုင္သည္ စကၠန္႔ပိုင္းမွ် တိတ္ဆိတ္သြားၿပီး စကားမေျပာေတာ့ေပ။

ရန္က်ားလိသည္ ျပန္လည္တုံ႔ျပန္ အေမးအျမန္း ျပဳဖို႔ရန္ ပါးစပ္ဟဖို႔ ႀကံ႐ြယ္ေနစဥ္မွာပဲ ေက်ာက္ရွန္႔ဟိုင္က အတည္ေပါက္ႀကီးႏွင့္

"မင္း ကုမၸဏီကို တစ္ေခါက္ေလာက္ လာခဲ့ဦး၊ အခု"
.
.
.
.
.
6/2/2022(Sun)

ဟိုဟာေလ...ယဲ့ထင္နဲ႔ ေရွာင္ရွတို႔ရဲ႕ ဆက္ဆံေရးကို Novel ထဲမွာေတာ့ စာရွည္သြားမွာဆိုးလို႔ ေသခ်ာမေရးထားေပမယ့္ Mao Ge က Note ထဲမွာ ျပန္ရွင္းျပထားတယ္။ အဲ့ဒါေလ အကယ္၍ မရွင္းလည္း နားလည္ၾကတယ္ဆိုရင္ ဘာသာမျပန္ေတာ့ဘူးေနာ္လို႔😁😁 တကယ္လို႔ နားမလည္ဘူးဆိုလည္း မနက္ျဖန္အပိုင္းမွ ျပန္ထည့္လိုက္မယ္ေလေနာ္။ ရွင္းျပထားတာ နည္းနည္းရွည္ေတာ့ ဒီေန႔ျပန္ေနရင္ မမီေတာ့မွာဆိုးလို႔
(。•́︿•̀。)

                           ×××

Continue Reading

You'll Also Like

66.1K 8.5K 65
သရဲနှိမ်နင်းတဲ့ မိသားစုကဆင်းသက်လာတဲ့ ဝမ်ချန်းဆိုတဲ့ ကောင်လေးဟာ သရဲတစ်ကောင်ကြောင့် ကျိန်စာမိသွားပြီး မိသားစုအမွေကို မဆက်ခံနိုင်ခဲ့ပါဘူး... ဒါပေမဲ့ အမှ...
90.3K 7.6K 12
Chinese Manga Translation to Burmese Original Author : Tu Zi Translator & Rewriter : Hanashiro Yuzuki Full Credit to Origin
792K 8.3K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
620K 81.1K 102
" ငါ အိမ်ပြန်လာတိုင်း နှင်းဆီပန်းတစ်ပွင့် အမြဲတမ်းယူခဲ့တယ်။ပြီးတော့ ငါ့ကို သူကြည့်ပေးမယ့် တစ်ခဏလေးမှာ ငါ့ရဲ့Alpha ကို ပြောမိမှာက ' ငါ သူ့ကို ချစ်တယ်၊...