အသစ်တဖန်မွေးဖွားလာမည့်ထာဝရအတွ...

By pngon677

139K 15K 506

This is Myanmar Translation of (Rebirth)Ten Years that I loved You Most ဆယ်နှစ်ထက်မကမင်းကိုပိုချစ်ခဲ့ပါတယ်ရဲ့... More

Hello(U)
Hello(Z)
Description (U+Z)
EP1(U+Z)
EP2(U+Z)
EP3(U+Z)
EP4(U+Z)
EP5(U+Z)
EP6(U+Z)
EP8(U+Z)
EP9(U+Z)
EP10(U+Z)
EP11(U+Z)
EP12(U+Z)
EP13(U+Z)
EP14(U+Z)
EP15(U+Z)
EP16(U+Z)
EP17(U+Z)
EP18(U+Z)
EP19(U+Z)
EP20(U+Z)
EP21(U+Z)
EP22(U+Z)
EP23(U+Z)
EP24(U+Z)
EP25(U+Z)
EP26(U+Z)
EP27+28(U+Z)
EP29(U+Z)
EP30(U+Z)
EP31(U+Z)
EP32(U+Z)
EP33(U+Z)
EP34(U+Z)
EP35(U+Z)
EP36(U+Z)
EP37(U+Z)
EP38(U+Z)
EP39(U+Z)
EP40(U+Z)
EP41(U+Z)
EP42(U+Z)
EP43(U+Z)
EP44(U+Z)
EP45(U+Z)
EP46(U+Z)
EP47(U+Z)END

EP7(U+Z)

2.9K 459 13
By pngon677

EP7 စံပယ်တွေကို မနှစ်သက်တော့ဘူး

"ဖိုးဖိုး , ကျွန်တော်ပြန်လာပြီ"

ဟယ်ကျစ်ရှုကသူ့ ခြံတံခါးဆီသို့လျှောက်သွားပြီး ခြံထဲသို့ လှမ်းအော်ပြောလိုက်တယ်။

"ရှောင်ရှု ပြန်ရောက်ပြီ, အမြန်လာပြီး
မင်းကျောပိုးအိတ်ကို ချဦး ..မင်းလက်တွေ
ကို ဆေး...ထမင်းစားကြမယ်"

ဖိုးဖိုးဟယ်က ဟယ်ကျစ်ရှုရဲ့ အသံကို
ကြားကြားခြင်း ကျယ်လောင်စွာပင်
ပြန်အော်ပြောလာတယ်။

ထို့နောက်  မီးဖိုချောင်ထဲသို့ ဝင်သွားပြီး
ထမင်း ပန်းကန်တွေယူကာ စားပွဲ ပေါ်တင်ပေးလာတယ်၊။ ကျစ်ရှု အထဲဝင်လာတဲ့အခါ
ဖိုးဖိုးဟယ် လှမ်းပြောလာတယ်။

"မင်းရဲ့ ပါးနဲ့မားက ဒီနေ့ အချိန်ပို ရှိတယ်တဲ့,
သူတို့ နောက်ကျမှ ပြန်လာကြမှာ,ဒါကြောင့်
အရင်စားကြစို့"

သူ့ဘေးမှကျန်းဝမ်ရွှီကို တွေ့တဲ့အခါ, ဖိုးဖိုးဟယ်မေးလာတယ်။

" ရှောင်ရှု, ဒါက မင်းအတန်းဖော်ထင်တယ်"

ကျန်းဝမ်ရွှီ တစ်ယောက်သူ့ရှေ့မှ ကြင်နာတတ်သော အဘိုးအိုအား ကြည့်ပြီး ဟန်မဆောင်နိုင်စွာ ဝမ်းနည်းလာတယ်၊ အနှစ်20
နီးပါးကြာခဲ့ပြီးနောက်အဖိုးနဲ့ ပတ်သက်ပြီး
သူ့မှတ်ညာဏ်တွေထဲ၌ ရှင်းရှင်းလင်းလင်း
မရှိပေမယ့် ဟယ်ကျစ်ရှုရဲ့ အဖိုးဆိုတာကိုတော့ သူသိတယ်၊ အဲ့ဒီအပြင် ခြံထဲမှ စံပယ်ပင်တွေရဲ့ ပိုင်ရှင်လည်း ဖြစ်တယ်။

ကျန်းဝမ်ရွီီ ခြံလေးထဲသို့ စတင်၍ ခြေချမိသည်နှင့် မွှေးကြိုင်နေတဲ့ စံပယ်ပန်းရနံ့တို့က သူ့နှာဖျားဆီသို့ မိတ်ဖွဲ့ဝင်ရောက်လာလျက် ချက်ခြင်းပင်သူ့အား လန်းဆန်းကာ
သက်တောင့်သက်သာဖြစ်သွားစေခဲ့တယ်။

စံပယ်ပန်းတွေရဲ့ရနံ့ တွေက ခုချိန်ထိမွှေးပျံ့နေဆဲပဲ။

ကျန်းဝမ်ရွှီ တစ်ယောက် လေထုထဲ၌ပွင့်လန်းနေကြတဲ့ စံပယ်ပင်တွေကိုကြည့်နေမိရင်း
ပန်းပွင့်လေးတွေပေါ် လေညှင်းသွဲ့သွဲ့က
တိုးဝှေ့ကာ ကျီစယ်လျက်ရံဖန်ရံခါ ယိမ်းထိုး
နေကြတယ်၊ သူ့နှလုံးသားဆီမှနွေးထွေးမှုတို့
အားခံစားနေရလျက် သူကအတိတ်ဆီသို့
တခေါက် တဖန်ပြန်လာနိုင်ခဲ့ရင်းငယ်ဘဝရဲ့အဖိုးတန်လှတဲ့ အချိန်လေးတွေမှာသူရှိနေခဲ့တယ်။

ကျန်းဝမ်ရွှီသူ့ရှေ့မှ  လူချောလေးကို ကြည့်နေမိရင်း ထိုကောင်လေးရဲ့ဆံသားပျော့ပျော့လေးတွေက လေအလွင့်ဝယ် ဝေ့ဝဲနေပြီး တောက်ပတဲ့ နေရောင်ခြည်က ထိုလူချောလေး အားလွှမ်းခြုံလျက်ရှိနေတယ်။ကျန်းဝမ်ရွီီရှေ့ ရပ်နေတဲ့ဟယ်ကျစ်ရှုကိုသဘာဝတရားကပင် မလွှမ်းခြုံနိုင်လျက်အမြဲတစေတောက် ပနေတယ်။

သို့ပေသိ, ဟယ်ကျစ်ရှုရဲ့ အေးစက်နေတဲ့
အကြည့်တွေက သူ့နှလုံးသားထဲမှ နွေးထွေးမှုတွေကိုပင် ပျောက်ကွယ်သွားစေတယ်၊ဒါပေမယ့် သူ ပျော်ရွှင်နေဆဲပဲ၊ သူ့ဘဝကြီးထဲမှအဆုံးထိတိုင် ပျောက်ကွယ်သွားခဲ့သူလေး
ကသူ့မျက်စိရှေ့တွင် ရှိနေပြီးသူပိုင်တဲ့သူ
မဟုတ်တော့တာတောင်ပီတိဖြစ်နေမိတယ်။

ယခုအချိန်မှာတော့ ဟယ်ကျစ်ရှုရဲ့ဘဝလေး ကောင်းမွန်စေရန်သာကျန်းဝမ်ရွှီ မျှော်လင့်ထားခဲ့ပြီး ကျစ်ရှု နားတွင်သူနေလို့ ရနိုင်သရွေ့ ကျစ်ရှုလေးကို သူမြင်တွေ့နိုင်တယ်၊
ဒီလောက်လေးဆိုတကယ်လုံလောက်ပြီ၊
ဒီထက်ပို၍ လွန်လွန်ကဲကဲ ဖြစ်လာဖို့ကို
တော့သူလုံးဝပင်မစဥ်းစားရဲတော့ဘူး။

သူ၏ယခင်ဆိုးဝါးလွန်းတဲ့အပြုအမူ တွေကိုတောင် သူ့ကိုယ်သူခွင့်မလွှတ်နိုင်တာမို့
ကျန်းဝမ်ရွှီ နောက်ထပ်တဖန် ပြန်ဖြစ်မှာကို
တကယ်ပင်ကြောက်လန့်နေမိတယ်။

"သူက ကျွန်တော့် အတန်းဖော်မဟုတ်ဘူး၊
ဖိုးဖိုး သူ့ကို စိုးရိမ်မနေနဲ့"

ဟယ်ကျစ်ရှု ကျန်းဝမ်ရွှီကို တချက်ကြည့်ပြီး
ရုတ်တရက်ပြောလာတယ်။

အေးတိအေးစက်မျက်နှာဖြင့်ပြောလာပြီးနောက်ထမင်းစားပွဲဘေးမှကုလားထိုင်အား
ဆွဲယူကာထိုင်၍သူ့ထမင်းပန်းကန်အား
ယူကာ အေးဆေးစွာပင်စားနေတယ်။

ကျန်းဝမ်ရွှီ ရှက်ရွံ့စွာပင်ပြုံးပြမိရင်း,
အနည်းငယ်ကသိကအောက်ဖြစ်နေတယ်၊
ဖိုးဖိုးဟယ်ကို ကြည့်ပြီး သူပြောလိုက်တယ်။

" ဒါက....., ကျွန်တော်က ရှောင်ရှုရဲ့ အတန်းဖော်ပါ, ကျွန်တော်နာမည် ကျန်းဝမ်ရွှီပါ,
ရှောင်ရှုနဲ့ ပဋိပက္ခလေး နည်းနည်းဖြစ်ထားတယ်,ဒါကြောင့်မို့ ကျွန်တော်ဒီထိလိုက်လာပြီး လာတောင်းပန်တာပါ"

ကျန်းဝမ်ရွှီ လိမ်ညာ ပြောခြင်း မဟုတ်ခဲ့သလို
လိမ်ပြောဖို့ကိုလည်းမရည်ရွယ်ခဲ့ရိုးအမှန်ပင်။

ဟယ်ကျစ်ရှု ခေါင်းလေးစောင်းပြီးကျန်းဝမ်ရွှီအား ပေစောင်းစောင်းဖြင့်ကြည့်ကာထမင်း ပန်းကန်လုံးအောက်ခြေထိထမင်းစားတူဖြင့် မကျေမနပ်ဖြစ်စွာထိုးဆွလာတယ်။

ဖိုးဖိုးဟယ်က တဟားဟားဖြင့်ရယ်မောလာပြီး ကျန်းဝမ်ရွှီအား ပြုံး၍ ကြည့်လာတယ်၊

" ကျောင်းသားတွေကြားပဋိပက္ခလေးတွေ ဖြစ်တတ်တာက ပုံမှန်ပါပဲ, အဆင်ပြေတယ်,
မင်း ခုထိ မစားရသေးဘူးထင်တယ်"

ကျန်းဝမ်ရွှီ ခေါင်းခါပြလိုက်တယ်။

"ဒါဆို လာထိုင် ..အတူတူစားကြတာပေါ့"

ထို့နောက် ဖိုးဖိုးဟယ်က ခုံတစ်လုံးဆွဲထုတ်ပြီး ကျန်းဝမ်ရွှီကို ပြောလာတယ်၊

" မင်းထိုင်နှင့်ဦး..ငါမီးဖိုချောင်ထဲကပန်းကန်လုံးတစ်လုံးနဲ့တူ တစ်စုံသွား
ယူပေးမယ်"

ပြောပြီးတဲ့နောက် ဖိုးဖိုးဟယ်ကမီးဖိုချောင်ထဲ ဝင်သွားတယ်။

"ကျေးဇူးတင်ပါတယ်,ဖိုးဖိုးဟယ်"

"ရပါတယ်, မင်း ထိုင်စားရင်းမင်းတို့ချင်းနားလည်မှုလွဲတာကိုအရင်ရှင်းလိုက်"

"မင်းမှာအရှက်မရှိတာဖြစ်မယ်..မင်းသာအရှက်ရှိရင် တပါးသူရဲ့ အိမ်မှာ ခုလို ထိုင်စားဖို့ထိစဥ်းစားမိမှာတောင်မဟုတ်ဘူး"

ဟယ်ကျစ်ရှုက ကျန်းဝမ်ရွှီကို မကြည့်ဘဲ
ထမင်းစားရင်း ပြောလာတယ်။

ကျန်းဝမ်ရွီ ပျော်ရွှင်စွာပဲ ဝင်ထိုင်လိုက်တယ်၊

"အတန်းဖော်လေး....သူငယ်ချင်းအရင်းကြီး
နဲ့ ထမင်းအတူစားတာများဘာရှက်စရာလို
လို့လဲ"

ဟယ်ကျစ်ရှုသူနဲ့ စကားမပြောတော့ ဘူး၊
ခုလို ရှက်ကြောပြတ်မျက်နှာအရည်ထူနေတဲ့ ကောင်လေးနဲ့စကားပြောရမှာကိုအလွန် အမင်း ပျင်းရိနေတယ်။

ထိုအချိန် ဖိုးဖိုးဟယ်က ပန်းကန်လုံး၊ ထမင်းစားတူတစ်စုံနှင့်အတူ ထွက်လာပြီး
ကျန်းဝမ်ရွှီအား ပေးလာတယ်။

"ကျေးဇူးတင်ပါတယ်, ဖိုးဖိုး"

"မင်းကြိုက်သလောက်သာစား...ကိုယ့်မိသားစုလို သဘောထား..ငါမင်းကိုကြိုဆိုတယ်"

"ကောင်းပါပြီ"

ကျန်းဝမ်ရွှီ သွားဖြူတန်းလေးများ ပေါ်သည်အထိ ပြုံးပြလိုက်တယ်။

"ဖိုးဖိုး,စံပယ်တွေအများကြီးတောင်ပွင့်နေပြီနော်"

ဟယ်ကျစ်ရှု ရုတ်တရက်ထမင်းစားရင်းပြောလာတယ်။

ဖိုးဖိုးက ထမင်း တလုတ်ပါးစပ်ထဲသို့ ထည့်ပြီး ထက်သန်စွာပြောလာတယ်၊

" ကလေး..လွန်ခဲ့တဲ့ရက်အနည်းငယ်ထဲက
ပွင့်နေပြီလို့ မင်းပြောသေးတယ်လေ,မင်းတောင် စံပယ်တွေကြားထဲ နဖူးလေးပါမြုပ်နေတာကို"

ဟယ်ကျစ်ရှုကပတ်ဝန်းကျင်၌ဘယ်သူမှမရှိသလိုပဲရယ်မောလာတယ်၊

" စံပယ်တွေအဲ့တိုင်းထားရတာမကောင်းဘူးလားလို့တွေးမိတာ, ပြောရမယ်ဆိုရင်,
ဖိုးဖိုး ပန်းတွေမခူးဘဲအချိန်တိုင်း
အလဟသအဖြစ်မခံပါနဲ့လား"

"မင်း ကြိုက်တယ်ဆို, ပန်းတွေခူးပြီး
လွယ်အိတ်ထဲ ထည့်သွားလေ, မင်းကျောင်းက သူငယ်ချင်းတွေကိုပေးလို့ရတာပေါ့"

ဟယ်ကျစ်ရှု ခေါင်းလေးငုံ့ပြီး သက်ပြင်းချလာတယ်၊

" ပန်းလေးတွေကအရမ်းလှပေမယ့်,.
ကျွန်တော်အခုတော့ သဘောမကျတော့ဘူး"

သွားကြားထဲမှ လေအား ခက်ခဲစွာပင် စစ်ထုတ်ရင်း ပြောနေချိန် သူ့ဘေးမှ ကျန်းဝမ်ရွှီကတော့အမှန်တကယ်ခံပြင်းနေလောက်ပြီ။

ဟယ်ကျစ်ရှုရဲ့ စကားတွေက ကျန်းဝမ်ရွှီအား
နှလုံးသည်းပွတ်ထိတိုင်တုန်ယင်လာစေတယ်၊

ပန်းတွေက အရမ်းလှပေမယ့်
သူမနှစ်သက်တော့ဘူးတဲ့လား....

ဟယ်ကျစ်ရှုသည်လည်း သူ့လိုပင်ပြန်လည်မွေးဖွားလာပြီဖြစ်ကြောင်းကျန်းဝမ်ရွှီအတွေး ထဲ၌ သေချာ၍နေပြီ၊ဘာလို့ဆိုတော့
ယခင်အတိတ်ဘဝတုန်းကဟယ်ကျစ်ရှုကစံပယ်တွေကိုအရမ်းကြိုက်ခဲ့တဲ့သူလေ။

ဟိုးအရင်တုန်းက , ကျောင်းလာတဲ့အခါတိုင်းသူ့ကျောပိုးအိတ်လေးထဲမှာ စံပယ်ပန်းလေးတွေ အများကြီး ပါလာလေ့ရှိတယ်၊ကျောင်းခန်းလေးထဲမှာလည်း စံပယ်ပန်း ရနံ့လေးတွေ နဲ့ ပြည့်နှက်လေ့ရှိနေခဲ့ပြီး လူတိုင်းအား
စိတ်ပျော်ရွှင်ကာ လန်းဆန်းစေခဲ့တယ်။

သူသာအတိတ်ကဟယ်ကျစ်ရှု ဆိုပါက,
စံပယ်ပန်းတွေကိုဘယ်တော့မှနှစ်သက်တော့မှာမဟုတ်ဘူး၊ တစ်ခုတည်းသောသေချာနေသည့် အရာက သူ့ရှေ့မှဟယ်ကျစ်ရှုက ငယ်ရွယ်စဥ် အမှတ်တရတွေနဲ့ ပြန်လည်မွေးဖွားလာခဲ့တဲ့ ဟယ်ကျစ်ရှူ ဖြစ်နိုင်လောက်တယ်။

ကျန်းဝမ်ရွှီ ဆိုတဲ့သူ့ကိုလည်းအသွေးထဲ အသားထဲထိ မုန်းတီးနေမည့်ဟယ်ကျစ်ရှု ပေါ့။

ကျန်းဝမ်ရွှီ မျက်နှာတွေပင်ဖြူဖျော့လာပြီး
တစ်ကိုယ်လုံးမှသွေးကြောတွေပင် တောင့်တင်းလာချေပြီ၊ နှုတ်ခမ်းတွေသာတိုးလျစွာ
ဖိကိုက်မိရင်း စိတ်အစဥ်တို့သည်လည်း ဗလာနတ္ထိပင်၊ ဟယ်ကျစ်ရှု ပြောသမျှစကားလုံးတိုင်းကသူ့နားထဲသို့ပဲ့တင်ထပ်လျက် ရိုက်ခတ်နေချေ၏။

"ပန်းလေးတွေက အရမ်းလှပေမယ့်
ကျွန်တော် အခုတော့ သဘောမကျတော့ဘူး"

7.2.2022

......................................................................

EP7 စံပယ္ေတြကို မႏွစ္သက္ေတာ့ဘူး

"ဖိုးဖိုး , ကြၽန္ေတာ္ျပန္လာၿပီ"

ဟယ္က်စ္ရႈကသူ႕ ၿခံတံခါးဆီသို႔ေလွ်ာက္သြားၿပီး
ၿခံထဲသို႔ လွမ္းေအာ္ေျပာလိုက္တယ္။

"ေရွာင္ရႈ ျပန္ေရာက္ၿပီ, အျမန္လာၿပီး
မင္းေက်ာပိုးအိတ္ကို ခ်ဦး ..မင္းလက္ေတြ
ကို ေဆး...ထမင္းစားၾကမယ္"

ဖိုးဖိုးဟယ္က ဟယ္က်စ္ရႈရဲ႕ အသံကို
ၾကားၾကားျခင္း က်ယ္ေလာင္စြာပင္
ျပန္ေအာ္ေျပာလာတယ္။

ထို႔ေနာက္ မီးဖိုေခ်ာင္ထဲသို႔ ဝင္သြားၿပီး ထမင္း
ပန္းကန္ေတြယူကာ စားပြဲ ေပၚတင္ေပးလာတယ္၊။ က်စ္ရႈ အထဲဝင္လာတဲ့အခါ ဖိုးဖိုးဟယ္ လွမ္းေျပာလာတယ္။

"မင္းရဲ႕ ပါးနဲ႕မားက ဒီေန႕ အခ်ိန္ပို ရွိတယ္တဲ့,
သူတို႔ ေနာက္က်မွ ျပန္လာၾကမွာ,ဒါေၾကာင့္
အရင္စားၾကစို႔"

သူ႕ေဘးမွက်န္းဝမ္႐ႊီကို ေတြ႕တဲ့အခါ, ဖိုးဖိုးဟယ္ေမးလာတယ္။

" ေရွာင္ရႈ, ဒါက မင္းအတန္းေဖာ္ထင္တယ္"

က်န္းဝမ္႐ႊီ တစ္ေယာက္သူ႕ေရွ႕မွ ၾကင္နာတတ္ေသာ အဘိုးအိုအား ၾကည့္ၿပီး ဟန္မေဆာင္နိုင္စြာ ဝမ္းနည္းလာ
တယ္၊ အႏွစ္20နီးပါးၾကာခဲ့ၿပီးေနာက္အဖိုးနဲ႕ပတ္သက္ၿပီး
သူ႕မွတ္ညာဏ္ေတြထဲ၌ ရွင္းရွင္းလင္းလင္းမရွိေပမယ့္
ဟယ္က်စ္ရႈရဲ႕ အဖိုးဆိုတာကိုေတာ့ သူသိတယ္၊ အဲ့ဒီ
အျပင္ ၿခံထဲမွ စံပယ္ပင္ေတြရဲ႕ ပိုင္ရွင္လည္း ျဖစ္တယ္။

က်န္းဝမ္႐ြီီ ၿခံေလးထဲသို႔ စတင္၍ ေျခခ်မိသည္ႏွင့္
ေမႊးႀကိဳင္ေနတဲ့ စံပယ္ပန္းရနံ႕တို႔က သူ႕ႏွာဖ်ားဆီသို႔ မိတ္ဖြဲ႕ဝင္ေရာက္လာလ်က္ ခ်က္ျခင္းပင္သူ႕အား လန္းဆန္းကာသက္ေတာင့္သက္သာျဖစ္သြားေစခဲ့တယ္။

စံပယ္ပန္းေတြရဲ႕ရနံ႕ ေတြက ခုခ်ိန္ထိေမႊးပ်ံ့ေနဆဲပဲ။

က်န္းဝမ္႐ႊီ တစ္ေယာက္ ေလထုထဲ၌ပြင့္လန္းေနၾကတဲ့
စံပယ္ပင္ေတြကိုၾကည့္ေနမိရင္း
ပန္းပြင့္ေလးေတြေပၚ ေလညွင္းသြဲ႕သြဲ႕က
တိုးေဝွ႕ကာ က်ီစယ္လ်က္ရံဖန္ရံခါ ယိမ္းထိုး
ေနၾကတယ္၊ သူ႕ႏွလုံးသားဆီမွႏြေးေထြးမႈတို႔
အားခံစားေနရလ်က္ သူကအတိတ္ဆီသို႔
တေခါက္ တဖန္ျပန္လာနိုင္ခဲ့ရင္းငယ္ဘဝရဲ႕အဖိုးတန္လွတဲ့ အခ်ိန္ေလးေတြမွာသူရွိေနခဲ့တယ္။

က်န္းဝမ္႐ႊီသူ႕ေရွ႕မွ လူေခ်ာေလးကို ၾကည့္ေနမိရင္း
ထိုေကာင္ေလးရဲ႕ဆံသားေပ်ာ့ေပ်ာ့ေလးေတြက ေလအ
လြင့္ဝယ္ ေဝ့ဝဲေနၿပီး ေတာက္ပတဲ့ ေနေရာင္ျခည္က ထိုလူေခ်ာေလး အားလႊမ္းၿခဳံလ်က္ရွိေနတယ္။က်န္းဝမ္႐ြီီေရွ႕ ရပ္ေနတဲ့ဟယ္က်စ္ရႈကိုသဘာဝတရားကပင္ မလႊမ္းၿခဳံနိုင္လ်က္အၿမဲတေစေတာက္ ပေနတယ္။

သို႔ေပသိ, ဟယ္က်စ္ရႈရဲ႕ ေအးစက္ေနတဲ့
အၾကည့္ေတြက သူ႕ႏွလုံးသားထဲမွ ေႏြးေထြးမႈေတြကိုပင္ ေပ်ာက္ကြယ္သြားေစတယ္၊ဒါေပမယ့္ သူ ေပ်ာ္႐ႊင္ေနဆဲပဲ၊ သူ႕ဘဝႀကီးထဲမွအဆုံးထိတိုင္ ေပ်ာက္ကြယ္သြားခဲ့
သူေလးကသူ႕မ်က္စိေရွ႕တြင္ ရွိေနၿပီးသူပိုင္တဲ့သူ
မဟုတ္ေတာ့တာေတာင္ပီတိျဖစ္ေနမိတယ္။

ယခုအခ်ိန္မွာေတာ့ ဟယ္က်စ္ရႈရဲ႕ဘဝေလး ေကာင္း
မြန္ေစရန္သာက်န္းဝမ္႐ႊီ ေမွ်ာ္လင့္ထားခဲ့ၿပီး က်စ္ရႈ
နားတြင္သူေနလို႔ ရနိုင္သေ႐ြ႕ က်စ္ရႈေလးကို သူျမင္ေတြ႕
နိုင္တယ္၊ဒီေလာက္ေလးဆိုတကယ္လုံေလာက္ၿပီ၊
ဒီထက္ပို၍ လြန္လြန္ကဲကဲ ျဖစ္လာဖို႔ကို
ေတာ့သူလုံးဝပင္မစဥ္းစားရဲေတာ့ဘူး။

သူ၏ယခင္ဆိုးဝါးလြန္းတဲ့အျပဳအမူ ေတြကိုေတာင္
သူ႕ကိုယ္သူခြင့္မလႊတ္နိုင္တာမို႔
က်န္းဝမ္႐ႊီ ေနာက္ထပ္တဖန္ ျပန္ျဖစ္မွာကို
တကယ္ပင္ေၾကာက္လန့္ေနမိတယ္။

"သူက ကြၽန္ေတာ့္ အတန္းေဖာ္မဟုတ္ဘူး၊
ဖိုးဖိုး သူ႕ကို စိုးရိမ္မေနနဲ႕"

ဟယ္က်စ္ရႈ က်န္းဝမ္႐ႊီကို တခ်က္ၾကည့္ၿပီး
႐ုတ္တရက္ေျပာလာတယ္။

ေအးတိေအးစက္မ်က္ႏွာျဖင့္ေျပာလာၿပီးေနာက္
ထမင္းစားပြဲေဘးမွကုလားထိုင္အား
ဆြဲယူကာထိုင္၍သူ႕ထမင္းပန္းကန္အား
ယူကာ ေအးေဆးစြာပင္စားေနတယ္။

က်န္းဝမ္႐ႊီ ရွက္႐ြံ႕စြာပင္ၿပဳံးျပမိရင္း,
အနည္းငယ္ကသိကေအာက္ျဖစ္ေနတယ္၊
ဖိုးဖိုးဟယ္ကို ၾကည့္ၿပီး သူေျပာလိုက္တယ္။

" ဒါက....., ကြၽန္ေတာ္က ေရွာင္ရႈရဲ႕ အတန္းေဖာ္ပါ,
ကြၽန္ေတာ္နာမည္ က်န္းဝမ္႐ႊီပါ,ေရွာင္ရႈနဲ႕ ပဋိပကၡေလး
နည္းနည္းျဖစ္ထားတယ္,ဒါေၾကာင့္မို႔ ကြၽန္ေတာ္ဒီထိလိုက္လာၿပီး လာေတာင္းပန္တာပါ"

က်န္းဝမ္႐ႊီ လိမ္ညာ ေျပာျခင္း မဟုတ္ခဲ့သလို
လိမ္ေျပာဖို႔ကိုလည္းမရည္႐ြယ္ခဲ့ရိုးအမွန္ပင္။

ဟယ္က်စ္ရႈ ေခါင္းေလးေစာင္းၿပီးက်န္းဝမ္႐ႊီအား
​ေပေစာင္းေစာင္းျဖင့္ၾကည့္ကာထမင္း ပန္းကန္လုံး
​ေအာက္ေျခထိထမင္းစားတူျဖင့္ မေက်မနပ္ျဖစ္စြာ
ထိုးဆြလာတယ္။

ဖိုးဖိုးဟယ္က တဟားဟားျဖင့္ရယ္ေမာလာၿပီး က်န္းဝမ္႐ႊီအား ၿပဳံး၍ ၾကည့္လာတယ္၊

" ေက်ာင္းသားေတြၾကားပဋိပကၡေလးေတြ ျဖစ္တတ္
တာက ပုံမွန္ပါပဲ, အဆင္ေျပတယ္,
မင္း ခုထိ မစားရေသးဘူးထင္တယ္"

က်န္းဝမ္႐ႊီ ေခါင္းခါျပလိုက္တယ္။

"ဒါဆို လာထိုင္ ..အတူတူစားၾကတာေပါ့"

ထို႔ေနာက္ ဖိုးဖိုးဟယ္က ခုံတစ္လုံးဆြဲထုတ္ၿပီး
က်န္းဝမ္႐ႊီကို ေျပာလာတယ္၊

" မင္းထိုင္ႏွင့္ဦး..ငါမီးဖိုေခ်ာင္ထဲကပန္းကန္လုံးတစ္လုံးနဲ႕တူ တစ္စုံသြားယူေပးမယ္"

ေျပာၿပီးတဲ့ေနာက္ ဖိုးဖိုးဟယ္ကမီးဖိုေခ်ာင္ထဲ
ဝင္သြားတယ္။

"ေက်းဇူးတင္ပါတယ္,ဖိုးဖိုးဟယ္"

"ရပါတယ္, မင္း ထိုင္စားရင္းမင္းတို႔ခ်င္းနားလည္မႈလြဲတာကိုအရင္ရွင္းလိုက္"

"မင္းမွာအရွက္မရွိတာျဖစ္မယ္..မင္းသာအရွက္ရွိရင္
တပါးသူရဲ႕ အိမ္မွာ ခုလို ထိုင္စားဖို႔ထိစဥ္းစားမိမွာေတာင္
မဟုတ္ဘူး"

ဟယ္က်စ္ရႈက က်န္းဝမ္႐ႊီကို မၾကည့္ဘဲ
ထမင္းစားရင္း ေျပာလာတယ္။

က်န္းဝမ္႐ြီ ေပ်ာ္႐ႊင္စြာပဲ ဝင္ထိုင္လိုက္တယ္၊

"အတန္းေဖာ္ေလး....သူငယ္ခ်င္းအရင္းႀကီး
နဲ႕ ထမင္းအတူစားတာမ်ားဘာရွက္စရာလိုလို႔လဲ"

ဟယ္က်စ္ရႈသူနဲ႕ စကားမေျပာေတာ့ ဘူး၊
ခုလို ရွက္ေၾကာျပတ္မ်က္ႏွာအရည္ထူေနတဲ့ ေကာင္ေလးနဲ႕စကားေျပာရမွာကိုအလြန္ အမင္း ပ်င္းရိေနတယ္။

ထိုအခ်ိန္ ဖိုးဖိုးဟယ္က ပန္းကန္လုံး၊ ထမင္းစားတူတစ္
စုံႏွင့္အတူ ထြက္လာၿပီး က်န္းဝမ္႐ႊီအား ေပးလာတယ္။

"ေက်းဇူးတင္ပါတယ္, ဖိုးဖိုး"

"မင္းႀကိဳက္သေလာက္သာစား...ကိုယ့္မိသားစုလို
သေဘာထား..ငါမင္းကိုႀကိဳဆိုတယ္"

"ေကာင္းပါၿပီ"

က်န္းဝမ္႐ႊီ သြားျဖဴတန္းေလးမ်ား ေပၚသည္အထိ ၿပဳံးျပ
လိုက္တယ္။

"ဖိုးဖိုး,စံပယ္ေတြအမ်ားႀကီးေတာင္ပြင့္ေနၿပီေနာ္"

ဟယ္က်စ္ရႈ ႐ုတ္တရက္ထမင္းစားရင္းေျပာလာတယ္။

ဖိုးဖိုးက ထမင္း တလုတ္ပါးစပ္ထဲသို႔ ထည့္ၿပီး ထက္သန္စြာေျပာလာတယ္၊

" ကေလး..လြန္ခဲ့တဲ့ရက္အနည္းငယ္ထဲက
ပြင့္ေနၿပီလို႔ မင္းေျပာေသးတယ္ေလ,မင္းေတာင္
စံပယ္ေတြၾကားထဲ နဖူးေလးပါျမဳပ္ေနတာကို"

ဟယ္က်စ္ရႈကပတ္ဝန္းက်င္၌ဘယ္သူမွမရွိသလိုပဲ
ရယ္ေမာလာတယ္၊

" စံပယ္ေတြအဲ့တိုင္းထားရတာမေကာင္းဘူးလား
လို႔ေတြးမိတာ, ေျပာရမယ္ဆိုရင္,ဖိုးဖိုး ပန္းေတြမခူးဘဲ
အခ်ိန္တိုင္းအလဟသအျဖစ္မခံပါနဲ႕လား"

"မင္း ႀကိဳက္တယ္ဆို, ပန္းေတြခူးၿပီး
လြယ္အိတ္ထဲ ထည့္သြားေလ, မင္းေက်ာင္းက
သူငယ္ခ်င္းေတြကိုေပးလို႔ရတာေပါ့"

ဟယ္က်စ္ရႈ ေခါင္းေလးငုံ႕ၿပီး သက္ျပင္းခ်လာတယ္၊

" ပန္းေလးေတြကအရမ္းလွေပမယ့္,.
ကြၽန္ေတာ္အခုေတာ့ သေဘာမက်ေတာ့ဘူး"

သြားၾကားထဲမွ ေလအား ခက္ခဲစြာပင္ စစ္ထုတ္ရင္း
ေျပာေနခ်ိန္ သူ႕ေဘးမွ က်န္းဝမ္႐ႊီကေတာ့
အမွန္တကယ္ခံျပင္းေနေလာက္ၿပီ။

ဟယ္က်စ္ရႈရဲ႕ စကားေတြက က်န္းဝမ္႐ႊီအား
ႏွလုံးသည္းပြတ္ထိတိုင္တုန္ယင္လာေစတယ္၊

ပန္းေတြက အရမ္းလွေပမယ့္
သူမႏွစ္သက္ေတာ့ဘူးတဲ့လား....

ဟယ္က်စ္ရႈသည္လည္း သူ႕လိုပင္ျပန္လည္ေမြးဖြားလာၿပီျဖစ္ေၾကာင္းက်န္းဝမ္႐ႊီအေတြး ထဲ၌ ေသခ်ာ၍ေနၿပီ၊ဘာလို႔ဆိုေတာ့ယခင္အတိတ္ဘဝတုန္းကဟယ္က်စ္ရႈကစံပယ္ေတြကိုအရမ္းႀကိဳက္ခဲ့တဲ့သူေလ။

ဟိုးအရင္တုန္းက , ေက်ာင္းလာတဲ့အခါတိုင္းသူ႕ေက်ာပိုးအိတ္ေလးထဲမွာ စံပယ္ပန္းေလးေတြ အမ်ားႀကီး
ပါလာေလ့ရွိတယ္၊ေက်ာင္းခန္းေလးထဲမွာလည္း
စံပယ္ပန္း ရနံ႕ေလးေတြ နဲ႕ ျပည့္ႏွက္ေလ့ရွိေနခဲ့ၿပီး
လူတိုင္းအားစိတ္ေပ်ာ္႐ႊင္ကာ လန္းဆန္းေစခဲ့တယ္။

သူသာအတိတ္ကဟယ္က်စ္ရႈ ဆိုပါက,
စံပယ္ပန္းေတြကိုဘယ္ေတာ့မွႏွစ္သက္ေတာ့မွာမဟုတ္ဘူး၊ တစ္ခုတည္းေသာေသခ်ာေနသည့္ အရာက သူ႕ေရွ႕မွဟယ္က်စ္ရႈက ငယ္႐ြယ္စဥ္ အမွတ္တရေတြနဲ႕ ျပန္
လည္ေမြးဖြားလာခဲ့တဲ့ ဟယ္က်စ္ရႉ ျဖစ္နိုင္ေလာက္တယ္။

က်န္းဝမ္႐ႊီ ဆိုတဲ့သူ႕ကိုလည္းအေသြးထဲ
အသားထဲထိ မုန္းတီးေနမည့္ဟယ္က်စ္ရႈ ေပါ့။

က်န္းဝမ္႐ႊီ မ်က္ႏွာေတြပင္ျဖဴေဖ်ာ့လာၿပီး
တစ္ကိုယ္လုံးမွေသြးေၾကာေတြပင္ ေတာင့္တင္း
လာေခ်ၿပီ၊ ႏႈတ္ခမ္းေတြသာတိုးလ်စြာ
ဖိကိုက္မိရင္း စိတ္အစဥ္တို႔သည္လည္း ဗလာနတၳိပင္၊
ဟယ္က်စ္ရႈ ေျပာသမွ်စကားလုံးတိုင္းက
သူ႕နားထဲသို႔ပဲ့တင္ထပ္လ်က္ ရိုက္ခတ္ေနေခ်၏။

"ပန္းေလးေတြက အရမ္းလွေပမယ့္
ကြၽန္ေတာ္ အခုေတာ့ သေဘာမက်ေတာ့ဘူး"

7.2.2022

......................................................................












































Continue Reading

You'll Also Like

554K 89.1K 186
Title : Modu/Slient Reading Author: Priest MC: Luo Wenzhou × Feidu myanmar translation Chapters 180+5 extras
197K 30K 28
✔️ Completed✔️ Description: Short Stories Collection Associated Name: 甜,就是短 Original Author: Long Qi (龙柒) From novel updates. I do not own this story...
113K 20.5K 31
Title Gossip! The Prince and the Dragon, That Shameless Couple အတင်းအဖျင်း! အရှက်မရှိတဲ့ မင်းသားနဲ့ နဂါးတို့အတွဲ အတင္းအဖ်င္း! အရွက္မရွိတဲ့ မင္းသားန...