Until Death (OC) Complete

By hinnthawethadar

111K 11.6K 121

ဘယ်နေရာရောက်ရောက် ကိုယ် ရွှမ်းယင်နဲ့ပြန်ဆုံမယ်ဆိုတာ ယုံတယ် ဘယ္ေနရာေရာက္ေရာက္ ကိုယ္ ႐ႊမ္းယင္နဲ႕ျပန္ဆုံမယ္ဆိုတာ... More

❄Intro❄
❄Part (1)❄နတ်အရာရှိဖြစ်ရန်စစ်ဆေးခြင်း
❄Part (2)❄အံ့အားသင့်ဖွယ်ရွေးချယ်မှု
❄Part (3)❄မိမိကိုယ်ကိုထိတ်လန့်ခြင်း
❄Part (4)❄ကျင်းစွေတောင်ကိုကာရံလိုက်ပြီ
❄Part (5)❄ရန်ပွဲဖြစ်ပွားခြင်း
wunzinn update
❄Part (6)❄ရွှမ်းယင်ကိုသဘောကျနေသူများ
❄Part (7)❄နှင်းဆီစံအိမ်
❄Part (8)❄သူကရှစ်ဇွင်းကိုထိရဲတယ်?
❄Part (10)❄အထိမခံတဲ့ အသားအရေ
❄Part (9)❄ တုန်ရီနေတဲ့ရွှမ်းယင်
Paid group
❄Wunzinn update ❄
❄Part (11)❄သတ်ဖြတ်ချင်စိတ်
❄Part (12)❄လက်တုံ့ပြန်ခြင်း
❄Part (13)❄ ပျောက်ဆုံးနေတဲ့မှတ်ဥာဏ်
wunzinn update
❄Part (14)❄ချိတ်ပိတ်ခံထားရတဲ့မှတ်ဥာဏ်
❄Part (15)❄ဆရာတစ်ယောက်ပဲ
❄Part (16)❄အမတမျိုးနွယ်ဝင်
Wunzinn update
❄Part (17)❄သူငယ်ချင်းဧည့်သည်
❄Part (18)❄လက်လျှော့ဖို့ဆုံးဖြတ်ခြင်း
❄Part (19)❄ကျင်းစွေတောင်ကကြယ်ပြာ
❄Part (20)❄ထူးဆန်းသောပျောက်ဆုံးခြင်း
❄Part (21)❄ကြေးနီတံခါးဆီသို့
❄Part (22)❄အဆောင်ကြိုးလေး
❄Part (23)❄ ချောက်နက်ထဲဆင်းခြင်း
❄Part (24)❄ အမှောင်ထဲကမျက်လုံးများ
Wunzinn update
❄Part (25)❄စိတ်ပူပေးတတ်သူ
❄Part (26)❄မင်းတို့ကချစ်သူတွေလား
❄Part (27)❄သဘောကျနှစ်ခြိုက်ခြင်း
❄Wunzinn update❄
❄Part (28)❄နတ်ဆိုးမျိုးနွယ်ရဲ့အယူအဆ
❄Part (29)❄ချစ်သူအကြောင်းပြောပြခြင်း
❄Part (30)❄ပြိုင်ပွဲကျင်းပခြင်း
❄Part (31)❄သည်းခံတတ်လွန်းသူ
❄Part (32)❄ရောင်စုံသလင်းပင်လယ်
❄Part (33)❄မိုးတိမ်မီးအိမ်အားရရှိခြင်း
❄Part (34)❄နတ်ဆိုးများပေါ်ထွက်ခြင်း
❄Part (35)❄နတ်ဆိုးမြို့တော်
❄Part (36)❄ရွှမ်းယင်ရဲ့သရုပ်မှန်
❄Part (37)❄နတ်လည်းမဟုတ်နတ်ဆိုးလည်းမဟုတ်ခဲ့ရင်
❄Part (38)❄ဝိညာဥ်တစ်ခုထပ်မံဆုံးရှုံးရပြီ
❄Part (39)❄စောင့်ဆိုင်းခြင်း
❄Part (40)❄အသိစိတ်ကလေးအနည်းငယ်
❄Part (41)❄စရိုက်ပြောင်းသွားပြီ
❄Part (42)❄ခိုက်ခိုက်တုန်အောင်ချမ်းခြင်း
❄Part (43)❄မြို့တော်ထဲသို့လည်ပတ်ခြင်း
❄Part (44)❄သိမ်းပိုက်ခံလိုက်ရပြီ
❄Part (45)❄ကတိပေးလိုက်ပြီ
❄Part (46)❄နန်းဆောင်အောက်ကချော်ရည်အိုင်
❄Part (47)❄ထိတ်လန့်ဖွယ်အမှန်တရား
❄Wunzinn update ❄
❄Part (48)❄ရုန်းရင်းဆန်ခတ်တိုက်ပွဲတစ်ခု
❄Part (49)❄နောက်ဆုံးအသက်စွမ်းအား
❄Part (50)❄မမြင်နိုင်သည့်ရင်းနှီးမှု
❄Part (51)❄မင်းလက်ရာကအကောင်းဆုံး
❄Part (52)❄မင်းကိုကာကွယ်ပေးမယ်
❄Part (53)❄လုပ်ကြံသူများ
❄Part (54)❄ထူးဆန်းနေတဲ့ရွှမ်းယင်လေး
❄Part (55)❄အားလုံးကိုမှတ်မိလာပြီးနောက်
❄Part (56)❄နတ်ဆိုးအစီအရင်ပေါ်ထွက်လာတယ်
❄Part (57)❄အမဲလိုက်တောဆီရောက်ရှိခြင်း
❄Part (58)❄မင်းကငါ့လက်ချောင်းနဲ့ဖိသတ်လိုက်ရုံပဲ
❄Part (59)❄နတ်ဆိုးတံခါးထဲဝင်ကာအိမ်ပြန်ခြင်း
❄Part (60)❄လူတစ်ပိုင်း တစ္ဆေတစ်ပိုင်း
❄Part (61)❄ကလေးဝိညာဥ်ကတောင်းဆိုခြင်း
❄Part (62)❄နှစ်၁၀၀ ကြာသွားပြီ
❄Part (63)❄ရွှမ်းယင် မင်းအမြဲတမ်းပြုံးနေရမယ်နော်
❄Part (64)❄နတ်ဘုရားမရဲ့အမှာစကားများ
❄Part (65)❄ယွီအန်းရဲ့ဆိုးယုတ်သောကျင့်ကြံမှု
❄Part (66)❄နတ်ဘုရားကနတ်ဆိုးကိုမမွေးဖွားသင့်
❄Part (67)❄စကားပြောဖို့အခွင့်အရေးမရှိသူ
❄Part (68)❄ကြင်နာတတ်တဲ့ရွှမ်းယင်ဘယ်ရောက်သွားလဲ
❄Part (69)❄နတ်ဘုရားချုပ်ခန်းမဆောင်ထဲကတိုက်ပွဲ
❄Part (70)❄ငါရှာတွေ့ရင်သူအသက်ရှင်မှာမဟုတ်ဘူး
❄Part (71)❄ကျင်းစွေတောင်အောက်ကလိုဏ်ခေါင်း
❄Part (72)❄ချစ်စိတ်နိုးကြွလာခြင်း
❄Part (73)❄သက်တမ်းလွှဲပြောင်းခြင်း
❄Part (74)❄နတ်ဘုရားချုပ်ခန်းမဆောင်သို့
❄Part (76)❄ယွီအန်းရောက်လာပြီ
❄Part (77)❄နောက်ဆုံးသောဝိညာဥ်စွမ်းအင်
❄Part (78)❄နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူ
❄Part (79)❄မင်းပြန်လာရင်အဆင်ပြေတယ်
❄Part (80)❄ခဏတာနိုးထလာခဲ့ခြင်း
❄Part (81)❄မင်းအတွက်ဝိညာဥ်ဆေးပင်ရှာမယ်
❄Part (82)❄ရွှမ်းရွှမ်းရဲ့ထူးခြားမှု
❄Part (83)❄လူရမ်းကားတစ်သိုက်ရဲ့ဇာတ်သိမ်း
❄Part (84)❄စီးပွားရေးလုပ်ဖို့စီစဥ်ခြင်း
❄Part (85)❄အိပ်မက်ဆိုးတဖြစ်လည်းအတိတ်ဆိုး
❄Part (86)❄မအောင်မြင်ခဲ့တဲ့သက်တမ်း
❄Part (87)❄မက်မွန်တောင်သခင်ထံမှလက်ဆောင်
❄Part (88)❄ကြက်သွေးရောင်အမြုတေ
❄Part (89)❄Final
Hello
💜News 💜
Order
bl

❄Part (75)❄နတ်ဆိုးထက်ဆိုးတဲ့သူ

917 109 1
By hinnthawethadar

Until death

❄ 75❄
[နတ်ဆိုးထက်ဆိုးတဲ့သူ]

နတ်ဘုရားချုပ် မျက်နှာပျက်သွားကာ ဓားထုတ်၍ တစ်ဖက်လူအား တိုက်ခိုက်တော့သည်။ ဒါမျိုးကို သဘောကျသော ယွီချီးစီသည် ကြောက်စရာကောင်းတဲ့ အပြုံးတစ်ပွင့် ဖန်တီးလိုက်ကာ နတ်ဘုရားချုပ်နဲ့ သူသေကိုယ်သေ တိုက်ပွဲကို ဆင်နွှဲလေသည်။

ပတ်ဝန်းကျင်တွင် ပြင်းထန်သော လေထုများ တိုက်ခတ်လာကာ ခန်းမဆောင်၏ မူမမှန်သော လှုပ်ရှားသံတွေကြောင့် ကောင်းကင်မြို့တော်က နတ်ဘုရားများ သတိထားမိသွားသည်။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ခန်းမဆောင်ဆီသို့ ပြေးလာကြ၏။

ဓားနှစ်ချောင်း ထိခတ်ကာ နှစ်ယောက်လုံး စွမ်းအင်လှိုင်းကြောင့် လွင့်ထွက်ကုန်သည်။ ယွီချီးစီက ပုလ္လင်ဘက်သို့ လွင့်သွားကာ နတ်ဘုရားချုပ်ကတော့ ဖျက်စီးနေသော တံခါးအပိုင်းအစတွေဘက်ကို ရောက်သွားသည်။

"နတ်ဘုရားချုပ်...."

တစ်စုံတစ်ယောက်၏ စိုးရိမ်သွားသော အသံက နတ်ဘုရားချုပ်ရဲ့ ကျောဘက်ဆီမှ ထွက်ပေါ်လာသည်။ ထိုသူကတော့ ကျုံးရန်းယီပင်။ နတ်ဘုရားချုပ် ခန်းမဆောင်နှင့် အနီးဆုံးက ကျုံးရန်းယီ၏ နန်းဆောင်ပင်။ ထို့ကြောင့် သူကပထမဆုံး ရောက်လာခြင်း ဖြစ်သည်။

"ချီးစီ!!! မင်းပဲလား"

သူက လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်၍ စွမ်းအင်တစ်ခု ​ပစ်သွင်းလိုက်လေသည်။ သို့သော် ။

'ဝုန်း!'

လက်ဝါးစွမ်းအင်က ယွီချီးစီထံကို မရောက်ခင်မှာပဲ ကြားထဲက အကာအကွယ်စည်း တစ်ခုကြောင့် သူကပဲ အနောက်ဆုတ်ပေးလိုက်ရ၏။ ကြည့်လိုက်သော် ယွီချီးစီက လက်တစ်ဖက်ထဲတွင် ကြာပွင့်ပုံစံ မိုးတိမ်မီးအိမ်ကို ကိုင်ဆောင်ထားတာကို တွေ့လိုက်ရလေသည်။

"မင်း!!!"

မိုးတိမ်မီးအိမ်ရဲ့ အစွမ်းက ခန်းမဆောင် တစ်ခုလုံးကို ပိတ်ဆို့ထားလိုက်ပြီ။ ယွီချီးစီက မဲ့ပြုံးဖြင့် ပြောလိုက်သည်။

"ငါနဲ့ တိုက်ခိုက်ချင်နေတာလား? ဖြည်းဖြည်းပေါ့.... သူ့ကိုအရင်ရှင်းလိုက်ဦးမယ်"

ကျုံးရန်းယီ - "ဘာလဲ? မင်းကကြောက်နေတာလား?"

"ဟ ဘာကိုကြောက်ရမှာလဲ? ရွှမ်းယင်က မဆိုင်တဲ့သူတွေကို မထိခိုက်စေဖို့ မှာထားလို့သာ မဟုတ်ရင် ငါမင်းကို အရင်ကတည်းက သတ်ပြီးလောက်ပြီ"

ရွှမ်းယင်အကြောင်း ပြောလိုက်တော့မှ ယွီချီးစီနဲ့အတူ ရွှမ်းယင် ပါမလာကြောင်းကို ကျုံးရန်းယီ သဘောပေါက်သွားသည်။ ထိုအချိန်တွင် ယွီချီးစီ နဲ့ နတ်ဘုရားချုပ်တို့မှာ ဒုတိယမြောက် တိုက်ပွဲကိုပင် တိုက်ခိုက်နေကြပြီ ​ဖြစ်၏။

နန်းဆောင်ထဲရှိ နတ်ဘုရားတို့ အသုံးအဆောင် စားပွဲနှင့် ဖလားများ ပျက်စီးကုန်ပြီ။ ယွီချီးစီကို တိုက်ခိုက်နေတဲ့ နတ်ဘုရားချုပ်ရဲ့ စွမ်းအင်လှိုင်းတွေက ပို၍ပို၍ ပြင်းထန်ရက်စက်လာသည်။ အကြောင်းကတော့ ယွီချီးစီကဒီနေ့ သူ့အသက်ကို ယူတော့မယ် ဆိုတာကို သိလိုက်တာကြောင့်လေ။

နတ်ဘုရားချုပ် ဓားဝေ့ယမ်းကာ စွမ်းအင်များကို ဖြာထွက်သွားစေလိုက်သည်။ တစ်ဖက်က ယွီချီးစီဟာလည်း အစိမ်းရောင် အငွေ့တန်းကြီး တစ်တန်းကို ပစ်လွှတ်ကာ နတ်ဘုရားစွမ်းအင်ကို ကာကွယ်ထားလိုက်၏။ သူမိုးတိမ်မီးအိမ်ရဲ့ စွမ်းအားကိုတော့ ထုတ်မသုံးတော့ပေ။

အဲဒါကိုလည်း နတ်ဘုရားချုပ်မှာ သတိထားနေရသေးသည်။ မိုးတိမ်မီးအိမ်က ရွှမ်းယင်ပိုင်ဆိုင်တဲ့ အဆုံးမဲ့ပြည်တော်က မှော်လက်နက်တစ်ခုပဲ။ သူက ဝိညာဥ်တွေကို ထိန်းချုပ်နိုင်သလို အသုံးပြုသူရဲ့ စွမ်းအားမြင့်ပါက မိုးနဲ့လေကိုပင် ထိန်းချုပ်နိုင်၏။

နတ်ဘုရားချုပ် ရွှေရောင်အလင်းတွေ ဖြာထွက်နေသော သူ့ရဲ့ဓားကို ကြမ်းပြင်တွင် ခပ်ပြင်းပြင်း ထိုးစိုက်လိုက်သည်။ ထိုအချိန်တွင် ယွီချီးစီက သူ့ထံကို ပြေးလာတာကြောင့် လက်စည်းတံဆိပ်ဖြင့် စွမ်းအားလှိုင်းလုံးတစ်လုံး ပစ်လွှတ်လိုက်ရသေးသည်။

'ဝွီ'

'ဝုန်း.....'

ယွီချီးစီ ထိုစွမ်းအင်လှိုင်းလုံးကို ကန်ထုတ်ပစ်လိုက်ရာ နန်းဆောင်တိုင်လုံးတစ်လုံး ကျိုးကြေသွားလေ၏။ ယွီချီးစီ ထိုစွမ်းအင်လှိုင်းလုံကို ခုခံနေသည့် အချိန်မှာ နတ်ဘုရားချုပ်သည် ရှုပ်ထွေးသော လက်စည်းတံဆိပ် တစ်ခုကို ဖော်နေသည်။

လက်စည်းတံဆိပ်ကြောင့် ရွှေရောင် ဓားပေါင်းများစွာဟာ ကြမ်းပြင်မှ အရိပ်တွေအဖြစ် ထိုးထွက်လာခဲ့သည်။ ဓားအရိပ်တွေဟာ ဓားတစ်လတ်လျှင် လူတစ်ရပ်စာမျှ ကြီးမားကြ၏။ နတ်ဘုရားချုပ်က နောက်ထပ် သိုင်းကွက်တစ်ခုကို ထပ်ထုတ်လာပြီ။

"ဟင့်"

ယွီချီးစီနှုတ်ခမ်းထောင့်စွန်း တစ်ဖက် ကွေးညွတ်သွားသည်။ သူက လက်ချောင်းနှစ်ချောင်းကို နှုတ်ခမ်းပေါ်တင်၍ မန္တာန်တချို့ကို ရွတ်ဆိုလိုက်ကာ နတ်ဘုရားချုပ်၏ ဓားများထံသို့ အငွေ့များ ထပ်မံပစ်လွှတ်လိုက်ပြန်၏။

ဓားနဲ့ အစိမ်းရောင် အငွေ့တန်းတို့ တွေ့ဆုံလိုက်စဥ် ပြင်းထန်းသော ပေါက်ကွဲမှုကြီး ဖြစ်သွားတော့သည်။

'ဝုန်း.....'

လေထုအလယ်တွင် တည်ထားသော နတ်ဘုရားချုပ် ခန်းမဆောင်၏ ကြမ်းပြင်နဲ့ မျက်နှာကျက်တို့ ပြင်းပြင်းထန်ထန် လှုပ်ရမ်းလာကာ ဝုန်းကနဲ မြည်သံထွက်လာ၍ နန်းဆောင်တစ်ခုလုံး ပြိုကျသွားလေ၏။

'ဝုန်း....'

ရွှေရောင်အလင်းက ကောင်းကင်သို့ ထိုးတက်သွားသည်။

'ဝုန်း.....'

အနောက်မှ အစိမ်းရောင် အရိပ်တစ်ရိပ်ကလည်း လိုက်၏။ ခန်းမဆောင်ကြီး ပြိုကျသွားသောအခါ ခန်းမဆောင် အပြင်ဘက်တွင်ရှိ နတ်ဘုရားများ ဘေးသို့ ရှောင်လိုက်ကြသည်။ ကောင်းကင်ထက်မှာတော့ စွမ်းအားကြီးသူ နှစ်ယောက်၏ ပွဲမှာ ကောင်းနေတုန်းပင်။

'ဝုန်း....'

နှစ်ယောက်သား၏ လက်ဝါးတွေ ဆုံတွေချိန် စွမ်းအင်များ ဖြာထွက်သွားပြန်၏။ နတ်ဘုရားတွေဘက်က ကြည့်ရင် အလင်းတန်းနှစ်ခု အလွန်လျင်မြန်စွာ ထွက်ပြေးနေတာကိုသာ တွေ့ရသည်။ အကယ်၍ မျက်စိလျင်သူသာ မဟုတ်လျှင် သူတို့ရဲ့တိုက်ကွက်တွေကို အသေးစိပ် မြင်ရမည်မဟုတ်ပေ။

ထိုအချိန်တွင် စီနီယာတပည့် ဖြစ်နေပြီဖြစ်သည့် ကျုံးဝူသည် ကျုံးရန်းယီထံသို့ အ​ပြေးအလွှား ရောက်ချလာ၏။

"ရှစ်ဇွင်း..... ဟိုဘက်မှာလည်း နတ်ဘုရားစုန့်ရှုန်းနဲ့ နတ်ဘုရားယွဲ့ပိုင်တို့ တိုက်ခိုက်နေကြတယ်......"

"ဘာ!"

ဒီမှာကလည်း တိုက်ခိုက်နေကြသလို တခြားတစ်ဖက်မှာလည်း နတ်ဘုရားနှစ်ပါးက တိုက်ခိုက်နေကြတယ်တဲ့လား။ တိုက်ခိုက်နေကြတဲ့ ယွီချီးစီ နဲ့ စုန့်ရှုန်းအကြောင်း စဥ်းစားလိုက်မယ်ဆိုရင် နှစ်ယောက်လုံးသည် ရွှမ်းယင်နဲ့ ပတ်သက်ကြသူတွေသာ ဖြစ်ကြလေသည်။

ယွီချီးစီက သူနဲ့ရန်ငြိုးမရှိတဲ့သူကို သေချာပေါက် လက်တုံ့ပြန်မယ့်သူ မဟုတ်ဘူး။ ဆိုတော့ နတ်ဘုရားချုပ်က ယွီချီးစီ နဲ့ ရွှမ်းယင်တို့အပေါ်ကို အပြစ်တစ်ခုခု လုပ်ထားမိလို့လား။ ကျုံးရန်းယီ တွေးမိလာသည်။

သူတွေးမိလာတော့မှ ရွှမ်းယင်ဟာ တံခါးပိတ် ကျင့်ကြံပြီးတဲ့ နောက်ပိုင်း တဖြည်းဖြည်း ပြောင်းလဲသွားခဲ့တယ် မဟုတ်လား။ သူက တခြားသူတွေအပေါ်ကို သာမန်မျှသာ ဖြစ်သော်လည်း နတ်ဘုရားချုပ်နဲ့တော့ အဆင်မပြေတော့ပေ။

သူက နတ်ဘုရားချုပ်အား မုန်းတီးနေသလိုပင်။ ဒီလောက်ဆို ယွီချီးစီ ဘာကြောင့်ဒီမှာ လာသောင်းကျန်းနေရသလဲ ဆိုတာက ရွှမ်းယင်ကြောင့်ပဲပေါ့။

သူအတွေးဝင်နေစဥ် မိုးတိမ်မီးအိမ်၏ အကာအကွယ်စည်း မရှိတော့တာကို သတိထားမိသွားကြသော နတ်ဘုရားများသည် သူတို့ရဲ့ခေါင်းဆောင်ကို ကူတိုက်ပေးဖို့အတွက် ပျံသန်းသွားကြလေသည်။

'ဝွီ'

အနီရောင် စွမ်းအင်လှိုင်းတစ်ခု သူတို့အား တားဆီးလိုက်သည်။

နတ်ဘုရားများ ကြောင်အသွား၏။ တားဆီးလိုက်သော အရာမှာ နတ်ဆိုးစည်းတံဆိပ် အကာအရံဖြစ်လေသည်။ နတ်ဘုရားများ မျက်မှောင်ကျုံ့သွားကြ၏။ နတ်ဆိုးစည်းတံဆိပ်က အင်အားကြီးတယ် ဆိုပေမယ့် သူတို့ကလည်း တစ်ယောက် နှစ်ယောက်တည်း မဟုတ်ဘူးလေ။

သို့နှင့် နတ်ဘုရားတွေ အားလုံးဝိုင်း၍ နတ်ဆိုးစည်းတံဆိပ်ကို ဖျက်စီးပစ်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်မှာပဲ စုန့်ရှုန်းသည် ယွဲ့ပိုင်ကို ကုတ်ကနေဖမ်းဆွဲကာ ရောက်ချလာ၏။ ရောက်ရောက်ချင်းပဲ ယွဲ့ပိုင်ကို ပျက်စီးနေတဲ့ ခန်းမဆောင်နားကို ပစ်ပေါက်လိုက်သည်။

သူက နတ်ဘုရားတွေထံ ပျံသန်းသွားရင်း လက်ထဲကဓားနဲ့ ဝေ့ယမ်းလိုက်တဲ့အခါ ကျန်နတ်ဘုရားများ သတိချပ်စွာ ခုခံလိုက်ကြ၏။ သူတို့သည် စုန့်ရှုန်း ရုတ်တရက် ဝင်တားလိုက်တာကို နားမလည်နိုင် ဖြစ်နေကြသည်။

နတ်ဘုရား ၁ - "စုန့်ရှုန်း မင်းဘာလုပ်နေတာလဲ?"

နတ်ဘုရား ၂ - "မင်းမကြားလိုက်ဘူးလား? သူနဲ့ယွဲ့ပိုင် စောစောက တိုက်ခိုက်ကြတယ်တဲ့လေ.... စုန့်ရှုန်း မင်းဟိုနတ်ဆိုးနဲ့ ပူးပေါင်းပြီး နတ်ဘုရားချုပ်နေရာကို လိုချင်နေတာလား?"

စုန့်ရှုန်း ထိုသူအား စိုက်ကြည့်လိုက်သည်။

"မင်းတို့ခေါင်းဆောင်ကသာ နတ်ဆိုးထက်ဆိုးတဲ့ကောင်ကွ! "

သူက တိုက်ခိုက်နေကြဆဲ နှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။

"အဲဒီလူကို ငါဒီနေ့ အပြတ်ရှင်းပစ်မယ်.... ချီးစီ! မင်းလက်မလွန်စေနဲ့ သူကငါသတ်မယ့်သူ!!!"

သူအော်ဟစ်လိုက်သံကြောင့် ယွီချီးစီက သူ့အား မျက်လုံးစိမ်းစိမ်းကြီးတွေနဲ့ လှည့်ကြည့်လာ၏။ ပြီးနောက် ပြန်အော်လိုက်သည်။

"သူ့ကိုငါသတ်မှာ"

နတ်ဘုရားများ - "......"

ဒါက ဘယ်လို အခြေအနေကြီးလဲ။ နတ်ဘုရားချုပ်ကို သတ်ဖို့အတွက် ဘာဖြစ်လို့ ဒီလောက်တောင် အားသန်နေကြတာလဲ။ တချို့သူတွေ အတွေးတွေကြောင့် ကြောင်အနေစဥ် ကျုံးရန်းယီတစ်ယောက်ကတော့ ကျင်းစွေတောင်ကို ပျံသန်းသွားလေပြီ ဖြစ်သည်။

စုန့်ရှုန်း နောက်လက်တစ်ဖက်မှာပါ ဓားတစ်လတ်ထုတ်လိုက်စဥ် နတ်ဘုရားချုပ်၏ သစ္စာခံ နတ်ဘုရားနှင့် စစ်သည်များက သူ့ကိုဝိုင်းထားလိုက်ကြတော့သည်။ ဤသို့ဖြင့် ထိုနေရာတွင် ပြင်းထန်သော တိုက်ပွဲက နှစ်ပွဲ ဖြစ်သွားလေ၏။

နတ်ဘုရားချုပ်နှင့် ယွီချီးစီတို့မှာ ရှုံးပွဲမရှိ လက်ရည်တူနေသည်။ စွမ်းအင်တွေ ထိပ်တိုက်ဆုံလိုက်တိုင်း နှစ်ယောက်သားက လွင့်ထွက်ကုန်ကြသော်လည်း တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ဖို့အတွက် ခဏအတွင်း နောက်ထပ် တိုက်ကွက်တွေ ထုတ်နိုင်ကြလေသည်။

စွမ်းအားကြီး နတ်ဘုရားတွေသည် နတ်ဘုရားချုပ်လက်အောက်တွင် နှစ်ပေါင်းများစွာ နေလာတာကြောင့် ထိုသူ၏ ဂုဏ်သိက္ခာကို လေးစားကြလေရာ ယွီချီးစီ နဲ့ စုန့်ရှုန်းကို အစွမ်းကုန် တားဆီးကြလေတော့သည်။

သူတို့တွေ ဝိုင်းဖွဲ့ကာ စည်းတံဆိပ်တစ်ခု ပြုလုပ်မည်အပြုတွင် နတ်ဘုရားချုပ်၏ စွမ်းအင်အရောင်များ မှေးမှန်သွားတာကို အံ့သြစွာ တွေ့လိုက်ရလေ၏။

"နတ်ဘုရားချုပ်!!! သတိထား!!"

"ဘယ်လိုဖြစ်တာလဲ?"

နတ်ဘုရားချုပ်၏ လက်နှစ်ဖက်သည် ဘေးသို့ဆန့်လျက် တောင့်တောင့်ကြီး ​ဖြစ်နေသည်။ ကြည့်လိုက်တာနဲ့ ယွီချီးစီက တစ်ခုခုကိုသုံး၍ ထိန်းချုပ်လိုက်တယ် ဆိုတာကို သိလိုက်ကြသည်။

သူတို့သည် နတ်ဘုရားချုပ်ကို ကူညီဖို့အတွက် လှုပ်ရှားချင်ကြပေမယ့် ယွီချီးစီရဲ့ စူးစူးရဲရဲ အကြည့်နဲ့ ဆုံလိုက်ခိုက် တစ်ယောက်မှ မလှုပ်ကြတော့ဘဲ ယွီချီးစီကိုသာ ဒေါသမီးတွေနဲ့ စိုက်ကြည့်နေရတော့သည်။

ယွီချီးစီသည် နတ်ဘုရားချုပ်ကို ဖမ်း၍ ပျက်စီးနေတဲ့ ခန်းမဆောင်နားကို ပြန်ဆင်းလာ၏။ ထိုအခါမှ ယွီချီးစီလက်တွင် အပြာရောင် စွမ်းအင်အငွေ့လေးတွေ ထုတ်လွှတ်ထားတာကို တွေ့လိုက်ရလေသည်။

ယွီချီးစီ နတ်ဘုရားချုပ်ကို ကြည့်ကာ ပြောလိုက်သည်။

"မင်းလိုချင်နေတာ ဒီဟာလား?"

ယွီချီးစီလက်ဝါးထဲတွင် သေးငယ်သော အလုံးလေးတစ်လုံး ဝဲပျံနေ၏။ ထိုအချိန်တွင် ခန်းမဆောင် အပျက်အစီးတွေကြားမှ အနက်ရောင် မြူခိုးတွေထွက်လာကာ နတ်ဘုရားတွေကြားမှ ဖြတ်သန်း၍ ထိုအလုံးလေးထံကို ပြေးလာပေသည်။

အနက်ရောင် မြူခိုး ပြေးထွက်လာသောအခါ နတ်ဘုရားများလည်း ထိုအရာအပေါ် အာရုံရောက်သွား၏။ အပြာရောင် သလင်းလုံးငယ်လေး ရောက်ခါနီးတွင် ယွီချီးစီသည် လက်ပြန်ရိုက်ချလိုက်တာနဲ့ မြူခိုးသည် လွင့်သွားကာ လူတစ်ယောက်အသွင် ပြောင်းသွားသည်။

နတ်ဘုရားများ ထပ်မံအံ့သြသွားရပြန်၏။ အောက်တစ်ပိုင်း မြူခိုးငွေ့တွေနဲ့ အပေါ်ပိုင်း နတ်မျိုးနွယ် အငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ ဤသူက ဘယ်သူလဲ။ သူတို့တွေလည်း တစ်ယောက်နဲ့တစ်ယောက် မေးငေါ့ပြကုန်သည်။

"မင်းလည်း ဒါကိုလိုချင်နေတာလား?"

တစ်ဖက်က မြူခိုးတွေနဲ့လူသည် ချောမောသော်လည်း အရိုင်းဆန်သော မျက်နှာထား ရှိလေသည်။

"ငါ့ခမည်းတော်ကို လွှတ်လိုက်"

ယွီချီးစီက ခပ်မဲ့မဲ့ပြုံး၍ လက်ချောင်းတစ်ချောင်း ထပ်လှုပ်လိုက်သောအခါ အပြာရောင် အငွေ့ကလေးများသည် နတ်ဘုရားချုပ်ရဲ လည်ပင်းကို ရစ်ပတ်သွားသည်။ ဤသည်က တစ်စုံတစ်ယောက်က လည်ပင်းညှစ်ပစ်သလိုပင်။

"မင်း!!"

"မင်းအဖေကို ငါကလွှတ်ပေးမယ်လို့ ထင်နေလား? ဒီနေ့ မင်းတို့နှစ်ယောက်လုံးကို ငါသတ်ပစ်မှာ"

မြူခိုးတစ်ပိုင်း လူငယ်သည် အနက်ရောင် မြူခိုးတန်းများကို ထုတ်လွှတ်ကာ ယွီချီးစီဆီ တိုက်ရိုက်ပြေးဝင်သွားသည်။ နတ်ဘုရားများ ပွဲကြည့်ပရိတ်သတ်သာ ထပ်ဖြစ်သွားသည်။ ယွီချီးစီအတွက် ထိုလူငယ်လေးက ငှက်ကလေးတစ်ကောင်လောက်သာ ရှိ၏။

ထိုသူ ပြေးလာသောအခိုက်တွင် ယွီချီးစီသည် စွမ်းအင်တချို့ကို ထုတ်လွှတ်လိုက်သည်။ စွမ်းအင်များသည် ဂျိုနှစ်ချောင်းပါသော မြွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွား၍ တစ်ဖက်ကလူငယ်ကို ရစ်ပတ်ဖမ်းချုပ်ပစ်သည်။

"ဘယ်သူ လုပ်ခဲ့တာလဲ..... မင်းလား မင်းအဖေလား?"

နတ်ဘုရားများ ထိုမေးခွန်းအပေါ် နားမလည်ကြသော်လည်း နတ်ဘုရားချုပ်နဲ့ သူ့သားကတော့ နားလည်ကြပေသည်။ စုန့်ရှုန်းသည်လည်း ဘယ်သူလုပ်ခဲ့သလဲ ဆိုတာကို သိချင်နေ၏။ ဒါ့အပြင် နတ်ဘုရားချုပ်တို့ လိုချင်နေတဲ့ ရတနာက ယွီချီးစီလက်ထဲကို ဘယ်လိုလုပ် ရောက်နေပြန်တာလဲ ဆိုတာကိုလည်း သိချင်သည်။

နတ်ဘုရားချုပ်တို့ သားအဖ နှုတ်ဆိတ်နေကြစဥ် ကျုံးရန်းယီ ပြန်ရောက်လာ၏။ ကျင်းစွေတောင်ထဲကို ဘယ်လိုမှ ဝင်လို့မရတာကြောင့် သူပြန်လှည့်လာရခြင်း ဖြစ်သည်။

ကျုံးရန်းယီ - "ချီးစီ မင်းဘာဖြစ်လို့ အခုလိုတွေ လုပ်နေရတာလဲ?"

ယွီချီးစီ ပါးစပ်က မဖြေပေ။ သူ့စွမ်းအင်ကို ထုတ်လွှတ်လိုက်သော် နတ်ဘုရားချုပ်ရဲ့ လည်ပင်းက ပို၍ တင်းကျပ်သွားသလို မြူခိုးတစ်ပိုင်း လူငယ်သည်လည်း လှုပ်လို့မရအောင် တောင့်တင်းသွား၏။

ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် အရှေ့ကို ပြေးထွက်လာပေသည်။ သူက ယွီချီးစီ နဲ့ အဖမ်းခံထားရသော နတ်ဘုရားချုပ်ကို အာရုံမရပေ။ သူသည် မြူခိုးလူငယ်ကို ရစ်ပတ်ထားတဲ့ ဂျိုနှစ်ခုနဲ့ မြွေစိမ်းကြီးကိုသာ စူးစိုက်ကြည့်နေလေ၏။

ပွဲကြီးပွဲကောင်းပင် ကောင်းကင်မြို့တော်က နတ်ဘုရားတွေ ရောက်လာကြသည်။ သူတို့က နတ်ဘုရားချုပ် အဖမ်းခံထားရတာ မြင်တဲ့အခါ တစ်ပြိုက်နက်တည်း လက်နက်ကိုယ်စီ ဆွဲထုတ်ကုန်လေသည်။

"တစ်ယောက်မှ မလှုပ်နဲ့!!!"

နတ်ဘုရားတွေထဲမှ တစ်ယောက်က ပြောလိုက်၏။ အားလုံး ငြိမ်သက်ကုန်သည်။ ပြောလိုက်သူသည် မြူခိုးလူငယ်ဘက်ကို ကြည့်နေသူ နတ်ဘုရားမတစ်ပါး ဖြစ်ကာ သူသည် ကောင်းကင်မြို့တော်တွင် သက်တမ်းအကြာဆုံးသော နတ်ဘုရားမဖြစ်သည်။







Until death

❄75❄
[နတ္ဆိုးထက္ဆိုးတဲ့သူ]

နတ္ဘုရားခ်ဳပ္ မ်က္ႏွာပ်က္သြားကာ ဓားထုတ္၍ တစ္ဖက္လူအား တိုက္ခိုက္ေတာ့သည္။ ဒါမ်ိဳးကို သေဘာက်ေသာ ယြီခ်ီးစီသည္ ေၾကာက္စရာေကာင္းတဲ့ အၿပဳံးတစ္ပြင့္ ဖန္တီးလိုက္ကာ နတ္ဘုရားခ်ဳပ္နဲ႕ သူေသကိုယ္ေသ တိုက္ပြဲကို ဆင္ႏႊဲေလသည္။

ပတ္ဝန္းက်င္တြင္ ျပင္းထန္ေသာ ေလထုမ်ား တိုက္ခတ္လာကာ ခန္းမေဆာင္၏ မူမမွန္ေသာ လႈပ္ရွားသံေတြေၾကာင့္ ေကာင္းကင္ၿမိဳ႕ေတာ္က နတ္ဘုရားမ်ား သတိထားမိသြားသည္။ သူတို႔သည္ တစ္ေယာက္ၿပီးတစ္ေယာက္ ခန္းမေဆာင္ဆီသို႔ ေျပးလာၾက၏။

ဓားႏွစ္ေခ်ာင္း ထိခတ္ကာ ႏွစ္ေယာက္လုံး စြမ္းအင္လွိုင္းေၾကာင့္ လြင့္ထြက္ကုန္သည္။ ယြီခ်ီးစီက ပုလႅင္ဘက္သို႔ လြင့္သြားကာ နတ္ဘုရားခ်ဳပ္ကေတာ့ ဖ်က္စီးေနေသာ တံခါးအပိုင္းအစေတြဘက္ကို ေရာက္သြားသည္။

"နတ္ဘုရားခ်ဳပ္...."

တစ္စုံတစ္ေယာက္၏ စိုးရိမ္သြားေသာ အသံက နတ္ဘုရားခ်ဳပ္ရဲ႕ ေက်ာဘက္ဆီမွ ထြက္ေပၚလာသည္။ ထိုသူကေတာ့ က်ဳံးရန္းယီပင္။ နတ္ဘုရားခ်ဳပ္ ခန္းမေဆာင္ႏွင့္ အနီးဆုံးက က်ဳံးရန္းယီ၏ နန္းေဆာင္ပင္။ ထို႔ေၾကာင့္ သူကပထမဆုံး ေရာက္လာျခင္း ျဖစ္သည္။

"ခ်ီးစီ!!! မင္းပဲလား"

သူက လက္ဝါးတစ္ဖက္ကို ဆန့္ထုတ္၍ စြမ္းအင္တစ္ခု ပစ္သြင္းလိုက္ေလသည္။ သို႔ေသာ္ ။

'ဝုန္း!'

လက္ဝါးစြမ္းအင္က ယြီခ်ီးစီထံကို မေရာက္ခင္မွာပဲ ၾကားထဲက အကာအကြယ္စည္း တစ္ခုေၾကာင့္ သူကပဲ အေနာက္ဆုတ္ေပးလိုက္ရ၏။ ၾကည့္လိုက္ေသာ္ ယြီခ်ီးစီက လက္တစ္ဖက္ထဲတြင္ ၾကာပြင့္ပုံစံ မိုးတိမ္မီးအိမ္ကို ကိုင္ေဆာင္ထားတာကို ေတြ႕လိုက္ရေလသည္။

"မင္း!!!"

မိုးတိမ္မီးအိမ္ရဲ႕ အစြမ္းက ခန္းမေဆာင္ တစ္ခုလုံးကို ပိတ္ဆို႔ထားလိုက္ၿပီ။ ယြီခ်ီးစီက မဲ့ၿပဳံးျဖင့္ ေျပာလိုက္သည္။

"ငါနဲ႕ တိုက္ခိုက္ခ်င္ေနတာလား? ျဖည္းျဖည္းေပါ့.... သူ႕ကိုအရင္ရွင္းလိုက္ဦးမယ္"

က်ဳံးရန္းယီ - "ဘာလဲ? မင္းကေၾကာက္ေနတာလား?"

"ဟ ဘာကိုေၾကာက္ရမွာလဲ? ႐ႊမ္းယင္က မဆိုင္တဲ့သူေတြကို မထိခိုက္ေစဖို႔ မွာထားလို႔သာ မဟုတ္ရင္ ငါမင္းကို အရင္ကတည္းက သတ္ၿပီးေလာက္ၿပီ"

႐ႊမ္းယင္အေၾကာင္း ေျပာလိုက္ေတာ့မွ ယြီခ်ီးစီနဲ႕အတူ ႐ႊမ္းယင္ ပါမလာေၾကာင္းကို က်ဳံးရန္းယီ သေဘာေပါက္သြားသည္။ ထိုအခ်ိန္တြင္ ယြီခ်ီးစီ နဲ႕ နတ္ဘုရားခ်ဳပ္တို႔မွာ ဒုတိယေျမာက္ တိုက္ပြဲကိုပင္ တိုက္ခိုက္ေနၾကၿပီ ျဖစ္၏။

နန္းေဆာင္ထဲရွိ နတ္ဘုရားတို႔ အသုံးအေဆာင္ စားပြဲႏွင့္ ဖလားမ်ား ပ်က္စီးကုန္ၿပီ။ ယြီခ်ီးစီကို တိုက္ခိုက္ေနတဲ့ နတ္ဘုရားခ်ဳပ္ရဲ႕ စြမ္းအင္လွိုင္းေတြက ပို၍ပို၍ ျပင္းထန္ရက္စက္လာသည္။ အေၾကာင္းကေတာ့ ယြီခ်ီးစီကဒီေန႕ သူ႕အသက္ကို ယူေတာ့မယ္ ဆိုတာကို သိလိုက္တာေၾကာင့္ေလ။

နတ္ဘုရားခ်ဳပ္ ဓားေဝ့ယမ္းကာ စြမ္းအင္မ်ားကို ျဖာထြက္သြားေစလိုက္သည္။ တစ္ဖက္က ယြီခ်ီးစီဟာလည္း အစိမ္းေရာင္ အေငြ႕တန္းႀကီး တစ္တန္းကို ပစ္လႊတ္ကာ နတ္ဘုရားစြမ္းအင္ကို ကာကြယ္ထားလိုက္၏။ သူမိုးတိမ္မီးအိမ္ရဲ႕ စြမ္းအားကိုေတာ့ ထုတ္မသုံးေတာ့ေပ။

အဲဒါကိုလည္း နတ္ဘုရားခ်ဳပ္မွာ သတိထားေနရေသးသည္။ မိုးတိမ္မီးအိမ္က ႐ႊမ္းယင္ပိုင္ဆိုင္တဲ့ အဆုံးမဲ့ျပည္ေတာ္က ေမွာ္လက္နက္တစ္ခုပဲ။ သူက ဝိညာဥ္ေတြကို ထိန္းခ်ဳပ္နိုင္သလို အသုံးျပဳသူရဲ႕ စြမ္းအားျမင့္ပါက မိုးနဲ႕ေလကိုပင္ ထိန္းခ်ဳပ္နိုင္၏။

နတ္ဘုရားခ်ဳပ္ ေ႐ႊေရာင္အလင္းေတြ ျဖာထြက္ေနေသာ သူ႕ရဲ႕ဓားကို ၾကမ္းျပင္တြင္ ခပ္ျပင္းျပင္း ထိုးစိုက္လိုက္သည္။ ထိုအခ်ိန္တြင္ ယြီခ်ီးစီက သူ႕ထံကို ေျပးလာတာေၾကာင့္ လက္စည္းတံဆိပ္ျဖင့္ စြမ္းအားလွိုင္းလုံးတစ္လုံး ပစ္လႊတ္လိုက္ရေသးသည္။

'ဝြီ'

'ဝုန္း.....'

ယြီခ်ီးစီ ထိုစြမ္းအင္လွိုင္းလုံးကို ကန္ထုတ္ပစ္လိုက္ရာ နန္းေဆာင္တိုင္လုံးတစ္လုံး က်ိဳးေၾကသြားေလ၏။ ယြီခ်ီးစီ ထိုစြမ္းအင္လွိုင္းလုံကို ခုခံေနသည့္ အခ်ိန္မွာ နတ္ဘုရားခ်ဳပ္သည္ ရႈပ္ေထြးေသာ လက္စည္းတံဆိပ္ တစ္ခုကို ေဖာ္ေနသည္။

လက္စည္းတံဆိပ္ေၾကာင့္ ေ႐ႊေရာင္ ဓားေပါင္းမ်ားစြာဟာ ၾကမ္းျပင္မွ အရိပ္ေတြအျဖစ္ ထိုးထြက္လာခဲ့သည္။ ဓားအရိပ္ေတြဟာ ဓားတစ္လတ္လွ်င္ လူတစ္ရပ္စာမွ် ႀကီးမားၾက၏။ နတ္ဘုရားခ်ဳပ္က ေနာက္ထပ္ သိုင္းကြက္တစ္ခုကို ထပ္ထုတ္လာၿပီ။

"ဟင့္"

ယြီခ်ီးစီႏႈတ္ခမ္းေထာင့္စြန္း တစ္ဖက္ ေကြးၫြတ္သြားသည္။ သူက လက္ေခ်ာင္းႏွစ္ေခ်ာင္းကို ႏႈတ္ခမ္းေပၚတင္၍ မႏၱာန္တခ်ိဳ႕ကို ႐ြတ္ဆိုလိုက္ကာ နတ္ဘုရားခ်ဳပ္၏ ဓားမ်ားထံသို႔ အေငြ႕မ်ား ထပ္မံပစ္လႊတ္လိုက္ျပန္၏။

ဓားနဲ႕ အစိမ္းေရာင္ အေငြ႕တန္းတို႔ ေတြ႕ဆုံလိုက္စဥ္ ျပင္းထန္းေသာ ေပါက္ကြဲမႈႀကီး ျဖစ္သြားေတာ့သည္။

'ဝုန္း.....'

ေလထုအလယ္တြင္ တည္ထားေသာ နတ္ဘုရားခ်ဳပ္ ခန္းမေဆာင္၏ ၾကမ္းျပင္နဲ႕ မ်က္ႏွာက်က္တို႔ ျပင္းျပင္းထန္ထန္ လႈပ္ရမ္းလာကာ ဝုန္းကနဲ ျမည္သံထြက္လာ၍ နန္းေဆာင္တစ္ခုလုံး ၿပိဳက်သြားေလ၏။

'ဝုန္း....'

ေ႐ႊေရာင္အလင္းက ေကာင္းကင္သို႔ ထိုးတက္သြားသည္။

'ဝုန္း.....'

အေနာက္မွ အစိမ္းေရာင္ အရိပ္တစ္ရိပ္ကလည္း လိုက္၏။ ခန္းမေဆာင္ႀကီး ၿပိဳက်သြားေသာအခါ ခန္းမေဆာင္ အျပင္ဘက္တြင္ရွိ နတ္ဘုရားမ်ား ေဘးသို႔ ေရွာင္လိုက္ၾကသည္။ ေကာင္းကင္ထက္မွာေတာ့ စြမ္းအားႀကီးသူ ႏွစ္ေယာက္၏ ပြဲမွာ ေကာင္းေနတုန္းပင္။

'ဝုန္း....'

ႏွစ္ေယာက္သား၏ လက္ဝါးေတြ ဆုံေတြခ်ိန္ စြမ္းအင္မ်ား ျဖာထြက္သြားျပန္၏။ နတ္ဘုရားေတြဘက္က ၾကည့္ရင္ အလင္းတန္းႏွစ္ခု အလြန္လ်င္ျမန္စြာ ထြက္ေျပးေနတာကိုသာ ေတြ႕ရသည္။ အကယ္၍ မ်က္စိလ်င္သူသာ မဟုတ္လွ်င္ သူတို႔ရဲ႕တိုက္ကြက္ေတြကို အေသးစိပ္ ျမင္ရမည္မဟုတ္ေပ။

ထိုအခ်ိန္တြင္ စီနီယာတပည့္ ျဖစ္ေနၿပီျဖစ္သည့္ က်ဳံးဝူသည္ က်ဳံးရန္းယီထံသို႔ အေျပးအလႊား ေရာက္ခ်လာ၏။

"ရွစ္ဇြင္း..... ဟိုဘက္မွာလည္း နတ္ဘုရားစုန့္ရႈန္းနဲ႕ နတ္ဘုရားယြဲ႕ပိုင္တို႔ တိုက္ခိုက္ေနၾကတယ္......"

"ဘာ!"

ဒီမွာကလည္း တိုက္ခိုက္ေနၾကသလို တျခားတစ္ဖက္မွာလည္း နတ္ဘုရားႏွစ္ပါးက တိုက္ခိုက္ေနၾကတယ္တဲ့လား။ တိုက္ခိုက္ေနၾကတဲ့ ယြီခ်ီးစီ နဲ႕ စုန့္ရႈန္းအေၾကာင္း စဥ္းစားလိုက္မယ္ဆိုရင္ ႏွစ္ေယာက္လုံးသည္ ႐ႊမ္းယင္နဲ႕ ပတ္သက္ၾကသူေတြသာ ျဖစ္ၾကေလသည္။

ယြီခ်ီးစီက သူနဲ႕ရန္ၿငိဳးမရွိတဲ့သူကို ေသခ်ာေပါက္ လက္တုံ႕ျပန္မယ့္သူ မဟုတ္ဘူး။ ဆိုေတာ့ နတ္ဘုရားခ်ဳပ္က ယြီခ်ီးစီ နဲ႕ ႐ႊမ္းယင္တို႔အေပၚကို အျပစ္တစ္ခုခု လုပ္ထားမိလို႔လား။ က်ဳံးရန္းယီ ေတြးမိလာသည္။

သူေတြးမိလာေတာ့မွ ႐ႊမ္းယင္ဟာ တံခါးပိတ္ က်င့္ႀကံၿပီးတဲ့ ေနာက္ပိုင္း တျဖည္းျဖည္း ေျပာင္းလဲသြားခဲ့တယ္ မဟုတ္လား။ သူက တျခားသူေတြအေပၚကို သာမန္မွ်သာ ျဖစ္ေသာ္လည္း နတ္ဘုရားခ်ဳပ္နဲ႕ေတာ့ အဆင္မေျပေတာ့ေပ။

သူက နတ္ဘုရားခ်ဳပ္အား မုန္းတီးေနသလိုပင္။ ဒီေလာက္ဆို ယြီခ်ီးစီ ဘာေၾကာင့္ဒီမွာ လာေသာင္းက်န္းေနရသလဲ ဆိုတာက ႐ႊမ္းယင္ေၾကာင့္ပဲေပါ့။

သူအေတြးဝင္ေနစဥ္ မိုးတိမ္မီးအိမ္၏ အကာအကြယ္စည္း မရွိေတာ့တာကို သတိထားမိသြားၾကေသာ နတ္ဘုရားမ်ားသည္ သူတို႔ရဲ႕ေခါင္းေဆာင္ကို ကူတိုက္ေပးဖို႔အတြက္ ပ်ံသန္းသြားၾကေလသည္။

'ဝြီ'

အနီေရာင္ စြမ္းအင္လွိုင္းတစ္ခု သူတို႔အား တားဆီးလိုက္သည္။

နတ္ဘုရားမ်ား ေၾကာင္အသြား၏။ တားဆီးလိုက္ေသာ အရာမွာ နတ္ဆိုးစည္းတံဆိပ္ အကာအရံျဖစ္ေလသည္။ နတ္ဘုရားမ်ား မ်က္ေမွာင္က်ဳံ႕သြားၾက၏။ နတ္ဆိုးစည္းတံဆိပ္က အင္အားႀကီးတယ္ ဆိုေပမယ့္ သူတို႔ကလည္း တစ္ေယာက္ ႏွစ္ေယာက္တည္း မဟုတ္ဘူးေလ။

သို႔ႏွင့္ နတ္ဘုရားေတြ အားလုံးဝိုင္း၍ နတ္ဆိုးစည္းတံဆိပ္ကို ဖ်က္စီးပစ္လိုက္သည္။ တိုက္တိုက္ဆိုင္ဆိုင္ ထိုအခ်ိန္မွာပဲ စုန့္ရႈန္းသည္ ယြဲ႕ပိုင္ကို ကုတ္ကေနဖမ္းဆြဲကာ ေရာက္ခ်လာ၏။ ေရာက္ေရာက္ခ်င္းပဲ ယြဲ႕ပိုင္ကို ပ်က္စီးေနတဲ့ ခန္းမေဆာင္နားကို ပစ္ေပါက္လိုက္သည္။

သူက နတ္ဘုရားေတြထံ ပ်ံသန္းသြားရင္း လက္ထဲကဓားနဲ႕ ေဝ့ယမ္းလိုက္တဲ့အခါ က်န္နတ္ဘုရားမ်ား သတိခ်ပ္စြာ ခုခံလိုက္ၾက၏။ သူတို႔သည္ စုန့္ရႈန္း ႐ုတ္တရက္ ဝင္တားလိုက္တာကို နားမလည္နိုင္ ျဖစ္ေနၾကသည္။

နတ္ဘုရား ၁ - "စုန့္ရႈန္း မင္းဘာလုပ္ေနတာလဲ?"

နတ္ဘုရား ၂ - "မင္းမၾကားလိုက္ဘူးလား? သူနဲ႕ယြဲ႕ပိုင္ ေစာေစာက တိုက္ခိုက္ၾကတယ္တဲ့ေလ.... စုန့္ရႈန္း မင္းဟိုနတ္ဆိုးနဲ႕ ပူးေပါင္းၿပီး နတ္ဘုရားခ်ဳပ္ေနရာကို လိုခ်င္ေနတာလား?"

စုန့္ရႈန္း ထိုသူအား စိုက္ၾကည့္လိုက္သည္။

"မင္းတို႔ေခါင္းေဆာင္ကသာ နတ္ဆိုးထက္ဆိုးတဲ့ေကာင္ကြ! "

သူက တိုက္ခိုက္ေနၾကဆဲ ႏွစ္ေယာက္ကို လွမ္းၾကည့္လိုက္သည္။

"အဲဒီလူကို ငါဒီေန႕ အျပတ္ရွင္းပစ္မယ္.... ခ်ီးစီ! မင္းလက္မလြန္ေစနဲ႕ သူကငါသတ္မယ့္သူ!!!"

သူေအာ္ဟစ္လိုက္သံေၾကာင့္ ယြီခ်ီးစီက သူ႕အား မ်က္လုံးစိမ္းစိမ္းႀကီးေတြနဲ႕ လွည့္ၾကည့္လာ၏။ ၿပီးေနာက္ ျပန္ေအာ္လိုက္သည္။

"သူ႕ကိုငါသတ္မွာ"

နတ္ဘုရားမ်ား - "......"

ဒါက ဘယ္လို အေျခအေနႀကီးလဲ။ နတ္ဘုရားခ်ဳပ္ကို သတ္ဖို႔အတြက္ ဘာျဖစ္လို႔ ဒီေလာက္ေတာင္ အားသန္ေနၾကတာလဲ။ တခ်ိဳ႕သူေတြ အေတြးေတြေၾကာင့္ ေၾကာင္အေနစဥ္ က်ဳံးရန္းယီတစ္ေယာက္ကေတာ့ က်င္းေစြေတာင္ကို ပ်ံသန္းသြားေလၿပီ ျဖစ္သည္။

စုန့္ရႈန္း ေနာက္လက္တစ္ဖက္မွာပါ ဓားတစ္လတ္ထုတ္လိုက္စဥ္ နတ္ဘုရားခ်ဳပ္၏ သစၥာခံ နတ္ဘုရားႏွင့္ စစ္သည္မ်ားက သူ႕ကိုဝိုင္းထားလိုက္ၾကေတာ့သည္။ ဤသို႔ျဖင့္ ထိုေနရာတြင္ ျပင္းထန္ေသာ တိုက္ပြဲက ႏွစ္ပြဲ ျဖစ္သြားေလ၏။

နတ္ဘုရားခ်ဳပ္ႏွင့္ ယြီခ်ီးစီတို႔မွာ ရႈံးပြဲမရွိ လက္ရည္တူေနသည္။ စြမ္းအင္ေတြ ထိပ္တိုက္ဆုံလိုက္တိုင္း ႏွစ္ေယာက္သားက လြင့္ထြက္ကုန္ၾကေသာ္လည္း တစ္ေယာက္နဲ႕တစ္ေယာက္ သတ္ျဖတ္ဖို႔အတြက္ ခဏအတြင္း ေနာက္ထပ္ တိုက္ကြက္ေတြ ထုတ္နိုင္ၾကေလသည္။

စြမ္းအားႀကီး နတ္ဘုရားေတြသည္ နတ္ဘုရားခ်ဳပ္လက္ေအာက္တြင္ ႏွစ္ေပါင္းမ်ားစြာ ေနလာတာေၾကာင့္ ထိုသူ၏ ဂုဏ္သိကၡာကို ေလးစားၾကေလရာ ယြီခ်ီးစီ နဲ႕ စုန့္ရႈန္းကို အစြမ္းကုန္ တားဆီးၾကေလေတာ့သည္။

သူတို႔ေတြ ဝိုင္းဖြဲ႕ကာ စည္းတံဆိပ္တစ္ခု ျပဳလုပ္မည္အျပဳတြင္ နတ္ဘုရားခ်ဳပ္၏ စြမ္းအင္အေရာင္မ်ား ေမွးမွန္သြားတာကို အံ့ၾသစြာ ေတြ႕လိုက္ရေလ၏။

"နတ္ဘုရားခ်ဳပ္!!! သတိထား!!"

"ဘယ္လိုျဖစ္တာလဲ?"

နတ္ဘုရားခ်ဳပ္၏ လက္ႏွစ္ဖက္သည္ ေဘးသို႔ဆန့္လ်က္ ေတာင့္ေတာင့္ႀကီး ျဖစ္ေနသည္။ ၾကည့္လိုက္တာနဲ႕ ယြီခ်ီးစီက တစ္ခုခုကိုသုံး၍ ထိန္းခ်ဳပ္လိုက္တယ္ ဆိုတာကို သိလိုက္ၾကသည္။

သူတို႔သည္ နတ္ဘုရားခ်ဳပ္ကို ကူညီဖို႔အတြက္ လႈပ္ရွားခ်င္ၾကေပမယ့္ ယြီခ်ီးစီရဲ႕ စူးစူးရဲရဲ အၾကည့္နဲ႕ ဆုံလိုက္ခိုက္ တစ္ေယာက္မွ မလႈပ္ၾကေတာ့ဘဲ ယြီခ်ီးစီကိုသာ ေဒါသမီးေတြနဲ႕ စိုက္ၾကည့္ေနရေတာ့သည္။

ယြီခ်ီးစီသည္ နတ္ဘုရားခ်ဳပ္ကို ဖမ္း၍ ပ်က္စီးေနတဲ့ ခန္းမေဆာင္နားကို ျပန္ဆင္းလာ၏။ ထိုအခါမွ ယြီခ်ီးစီလက္တြင္ အျပာေရာင္ စြမ္းအင္အေငြ႕ေလးေတြ ထုတ္လႊတ္ထားတာကို ေတြ႕လိုက္ရေလသည္။

ယြီခ်ီးစီ နတ္ဘုရားခ်ဳပ္ကို ၾကည့္ကာ ေျပာလိုက္သည္။

"မင္းလိုခ်င္ေနတာ ဒီဟာလား?"

ယြီခ်ီးစီလက္ဝါးထဲတြင္ ေသးငယ္ေသာ အလုံးေလးတစ္လုံး ဝဲပ်ံေန၏။ ထိုအခ်ိန္တြင္ ခန္းမေဆာင္ အပ်က္အစီးေတြၾကားမွ အနက္ေရာင္ ျမဴခိုးေတြထြက္လာကာ နတ္ဘုရားေတြၾကားမွ ျဖတ္သန္း၍ ထိုအလုံးေလးထံကို ေျပးလာေပသည္။

အနက္ေရာင္ ျမဴခိုး ေျပးထြက္လာေသာအခါ နတ္ဘုရားမ်ားလည္း ထိုအရာအေပၚ အာ႐ုံေရာက္သြား၏။ အျပာေရာင္ သလင္းလုံးငယ္ေလး ေရာက္ခါနီးတြင္ ယြီခ်ီးစီသည္ လက္ျပန္ရိုက္ခ်လိဳက္တာနဲ႕ ျမဴခိုးသည္ လြင့္သြားကာ လူတစ္ေယာက္အသြင္ ေျပာင္းသြားသည္။

နတ္ဘုရားမ်ား ထပ္မံအံ့ၾသသြားရျပန္၏။ ေအာက္တစ္ပိုင္း ျမဴခိုးေငြ႕ေတြနဲ႕ အေပၚပိုင္း နတ္မ်ိဳးႏြယ္ အေငြ႕အသက္ေတြ လႊမ္းၿခဳံေနတဲ့ ဤသူက ဘယ္သူလဲ။ သူတို႔ေတြလည္း တစ္ေယာက္နဲ႕တစ္ေယာက္ ေမးေငါ့ျပကုန္သည္။

"မင္းလည္း ဒါကိုလိုခ်င္ေနတာလား?"

တစ္ဖက္က ျမဴခိုးေတြနဲ႕လူသည္ ေခ်ာေမာေသာ္လည္း အရိုင္းဆန္ေသာ မ်က္ႏွာထား ရွိေလသည္။

"ငါ့ခမည္းေတာ္ကို လႊတ္လိုက္"

ယြီခ်ီးစီက ခပ္မဲ့မဲ့ၿပဳံး၍ လက္ေခ်ာင္းတစ္ေခ်ာင္း ထပ္လႈပ္လိုက္ေသာအခါ အျပာေရာင္ အေငြ႕ကေလးမ်ားသည္ နတ္ဘုရားခ်ဳပ္ရဲ လည္ပင္းကို ရစ္ပတ္သြားသည္။ ဤသည္က တစ္စုံတစ္ေယာက္က လည္ပင္းညွစ္ပစ္သလိုပင္။

"မင္း!!"

"မင္းအေဖကို ငါကလႊတ္ေပးမယ္လို႔ ထင္ေနလား? ဒီေန႕ မင္းတို႔ႏွစ္ေယာက္လုံးကို ငါသတ္ပစ္မွာ"

ျမဴခိုးတစ္ပိုင္း လူငယ္သည္ အနက္ေရာင္ ျမဴခိုးတန္းမ်ားကို ထုတ္လႊတ္ကာ ယြီခ်ီးစီဆီ တိုက္ရိုက္ေျပးဝင္သြားသည္။ နတ္ဘုရားမ်ား ပြဲၾကည့္ပရိတ္သတ္သာ ထပ္ျဖစ္သြားသည္။ ယြီခ်ီးစီအတြက္ ထိုလူငယ္ေလးက ငွက္ကေလးတစ္ေကာင္ေလာက္သာ ရွိ၏။

ထိုသူ ေျပးလာေသာအခိုက္တြင္ ယြီခ်ီးစီသည္ စြမ္းအင္တခ်ိဳ႕ကို ထုတ္လႊတ္လိုက္သည္။ စြမ္းအင္မ်ားသည္ ဂ်ိဳႏွစ္ေခ်ာင္းပါေသာ ေႁမြတစ္ေကာင္အျဖစ္သို႔ ေျပာင္းလဲသြား၍ တစ္ဖက္ကလူငယ္ကို ရစ္ပတ္ဖမ္းခ်ဳပ္ပစ္သည္။

"ဘယ္သူ လုပ္ခဲ့တာလဲ..... မင္းလား မင္းအေဖလား?"

နတ္ဘုရားမ်ား ထိုေမးခြန္းအေပၚ နားမလည္ၾကေသာ္လည္း နတ္ဘုရားခ်ဳပ္နဲ႕ သူ႕သားကေတာ့ နားလည္ၾကေပသည္။ စုန့္ရႈန္းသည္လည္း ဘယ္သူလုပ္ခဲ့သလဲ ဆိုတာကို သိခ်င္ေန၏။ ဒါ့အျပင္ နတ္ဘုရားခ်ဳပ္တို႔ လိုခ်င္ေနတဲ့ ရတနာက ယြီခ်ီးစီလက္ထဲကို ဘယ္လိုလုပ္ ေရာက္ေနျပန္တာလဲ ဆိုတာကိုလည္း သိခ်င္သည္။

နတ္ဘုရားခ်ဳပ္တို႔ သားအဖ ႏႈတ္ဆိတ္ေနၾကစဥ္ က်ဳံးရန္းယီ ျပန္ေရာက္လာ၏။ က်င္းေစြေတာင္ထဲကို ဘယ္လိုမွ ဝင္လို႔မရတာေၾကာင့္ သူျပန္လွည့္လာရျခင္း ျဖစ္သည္။

က်ဳံးရန္းယီ - "ခ်ီးစီ မင္းဘာျဖစ္လို႔ အခုလိုေတြ လုပ္ေနရတာလဲ?"

ယြီခ်ီးစီ ပါးစပ္က မေျဖေပ။ သူ႕စြမ္းအင္ကို ထုတ္လႊတ္လိုက္ေသာ္ နတ္ဘုရားခ်ဳပ္ရဲ႕ လည္ပင္းက ပို၍ တင္းက်ပ္သြားသလို ျမဴခိုးတစ္ပိုင္း လူငယ္သည္လည္း လႈပ္လို႔မရေအာင္ ေတာင့္တင္းသြား၏။

ထိုအခ်ိန္တြင္ တစ္စုံတစ္ေယာက္သည္ အေရွ႕ကို ေျပးထြက္လာေပသည္။ သူက ယြီခ်ီးစီ နဲ႕ အဖမ္းခံထားရေသာ နတ္ဘုရားခ်ဳပ္ကို အာ႐ုံမရေပ။ သူသည္ ျမဴခိုးလူငယ္ကို ရစ္ပတ္ထားတဲ့ ဂ်ိဳႏွစ္ခုနဲ႕ ေႁမြစိမ္းႀကီးကိုသာ စူးစိုက္ၾကည့္ေနေလ၏။

ပြဲႀကီးပြဲေကာင္းပင္ ေကာင္းကင္ၿမိဳ႕ေတာ္က နတ္ဘုရားေတြ ေရာက္လာၾကသည္။ သူတို႔က နတ္ဘုရားခ်ဳပ္ အဖမ္းခံထားရတာ ျမင္တဲ့အခါ တစ္ၿပိဳက္နက္တည္း လက္နက္ကိုယ္စီ ဆြဲထုတ္ကုန္ေလသည္။

"တစ္ေယာက္မွ မလႈပ္နဲ႕!!!"

နတ္ဘုရားေတြထဲမွ တစ္ေယာက္က ေျပာလိုက္၏။ အားလုံး ၿငိမ္သက္ကုန္သည္။ ေျပာလိုက္သူသည္ ျမဴခိုးလူငယ္ဘက္ကို ၾကည့္ေနသူ နတ္ဘုရားမတစ္ပါး ျဖစ္ကာ သူသည္ ေကာင္းကင္ၿမိဳ႕ေတာ္တြင္ သက္တမ္းအၾကာဆုံးေသာ နတ္ဘုရားမျဖစ္သည္။

Continue Reading

You'll Also Like

990K 58.8K 40
( ဥပဓိမောင် + ခွန်းရောင်ခြည် ) မဖတ်ခင်အသိပေးစာကိုဖတ်ပေးပါရန်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ တိုက်ဆိုင်မှု့​ကြောင့်တစ်စုံတစ်ရာ နာမည်...
3.1M 237K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
9.8K 314 27
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
790K 34.2K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...