❄Part (75)❄နတ်ဆိုးထက်ဆိုးတဲ့သူ

902 109 1
                                    

Until death

❄ 75❄
[နတ်ဆိုးထက်ဆိုးတဲ့သူ]

နတ်ဘုရားချုပ် မျက်နှာပျက်သွားကာ ဓားထုတ်၍ တစ်ဖက်လူအား တိုက်ခိုက်တော့သည်။ ဒါမျိုးကို သဘောကျသော ယွီချီးစီသည် ကြောက်စရာကောင်းတဲ့ အပြုံးတစ်ပွင့် ဖန်တီးလိုက်ကာ နတ်ဘုရားချုပ်နဲ့ သူသေကိုယ်သေ တိုက်ပွဲကို ဆင်နွှဲလေသည်။

ပတ်ဝန်းကျင်တွင် ပြင်းထန်သော လေထုများ တိုက်ခတ်လာကာ ခန်းမဆောင်၏ မူမမှန်သော လှုပ်ရှားသံတွေကြောင့် ကောင်းကင်မြို့တော်က နတ်ဘုရားများ သတိထားမိသွားသည်။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ခန်းမဆောင်ဆီသို့ ပြေးလာကြ၏။

ဓားနှစ်ချောင်း ထိခတ်ကာ နှစ်ယောက်လုံး စွမ်းအင်လှိုင်းကြောင့် လွင့်ထွက်ကုန်သည်။ ယွီချီးစီက ပုလ္လင်ဘက်သို့ လွင့်သွားကာ နတ်ဘုရားချုပ်ကတော့ ဖျက်စီးနေသော တံခါးအပိုင်းအစတွေဘက်ကို ရောက်သွားသည်။

"နတ်ဘုရားချုပ်...."

တစ်စုံတစ်ယောက်၏ စိုးရိမ်သွားသော အသံက နတ်ဘုရားချုပ်ရဲ့ ကျောဘက်ဆီမှ ထွက်ပေါ်လာသည်။ ထိုသူကတော့ ကျုံးရန်းယီပင်။ နတ်ဘုရားချုပ် ခန်းမဆောင်နှင့် အနီးဆုံးက ကျုံးရန်းယီ၏ နန်းဆောင်ပင်။ ထို့ကြောင့် သူကပထမဆုံး ရောက်လာခြင်း ဖြစ်သည်။

"ချီးစီ!!! မင်းပဲလား"

သူက လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်၍ စွမ်းအင်တစ်ခု ​ပစ်သွင်းလိုက်လေသည်။ သို့သော် ။

'ဝုန်း!'

လက်ဝါးစွမ်းအင်က ယွီချီးစီထံကို မရောက်ခင်မှာပဲ ကြားထဲက အကာအကွယ်စည်း တစ်ခုကြောင့် သူကပဲ အနောက်ဆုတ်ပေးလိုက်ရ၏။ ကြည့်လိုက်သော် ယွီချီးစီက လက်တစ်ဖက်ထဲတွင် ကြာပွင့်ပုံစံ မိုးတိမ်မီးအိမ်ကို ကိုင်ဆောင်ထားတာကို တွေ့လိုက်ရလေသည်။

"မင်း!!!"

မိုးတိမ်မီးအိမ်ရဲ့ အစွမ်းက ခန်းမဆောင် တစ်ခုလုံးကို ပိတ်ဆို့ထားလိုက်ပြီ။ ယွီချီးစီက မဲ့ပြုံးဖြင့် ပြောလိုက်သည်။

"ငါနဲ့ တိုက်ခိုက်ချင်နေတာလား? ဖြည်းဖြည်းပေါ့.... သူ့ကိုအရင်ရှင်းလိုက်ဦးမယ်"

Until Death (OC) Complete Όπου ζουν οι ιστορίες. Ανακάλυψε τώρα