လက်နှစ်ဖက်နောက်ပစ်လို့ သဘာဝထက်လှပသည့်မြင်ကွင်းလေးကို ရာဇမျက်တောင်မခတ်တမ်းငေးကြည့်နေမိသည်။တကယ်ပါဗျာ...ကြိမ်လုံးလေးကိုင်လို့ကလေးတွေစာကုန်းရေးနေတာကိုလိုက်ကြည့်နေသည့် သက်လယ်ကကျက်သရေရှိလွန်းလှသည်။ကျောင်းဆရာလေးဆိုတာသိပေမဲ့ အခုလိုကျောင်းဆရာပုံစံလေးကိုမြင်ခွင့်ရတော့ ရင်ထဲအတိုင်းမသိကြည်နူးရတာပေါ့။
ကျုပ်ကံကလွှတ်ကောင်းလို့ပြောရမလား သက်လယ်သင်ပေးနေတဲ့ကလေးတွေကလည်းကိုယ်မွေးစားထားတဲ့ကလေးငယ်တွေ။
ဟိုးရက်က ကလေးတွေဆီကိုသက်လယ်ဘာကြောင့်လာသလဲမှတ်တယ် သူပူဆာချင်တာရှိနေလို့ပါတဲ့လေ။'ကျွန်တော်သူတို့လေးတွေကိုစာသင်ပေးချင်တယ်'ဆိုသည့်စကားပြောပြီးကိုယ့်ကိုခွင့်တောင်းသော မျက်လုံးရွှဲလေးတွေနှင့်ကြည့်နေရမည့်အစား ခပ်စူးစူးတစ်ချက်စိုက်ကြည့်ပုံအရ ခွင့်ပြုကိုပြုရမယ်ဟုရာဇသံပေးနေသည့်အလား။
'ဒေါင်းလုံရွာကကလေးတွေလည်းသူ့ကိုလိုအပ်မှာသိပေမဲ့ သူတို့ကအစားထိုးဆရာလာရင်အဆင်ပြေသွားမှာပါ ဒါပေမဲ့...ဒီကလေးတွေကတော့ တောထဲမယ်စာသင်ပေးမဲ့ဆရာမရှိဘူးလေ ကျွန်တော်သူတို့ရဲ့ဆရာလေးဖြစ်ချင်တယ်'ဆိုသော စကားရှည်ကြီးနောက်မှာ ရာဇ သက်လယ်၏မွန်မြတ်သောစိတ်ထားလေးကိုမလေးစားဘဲမနေနိုင်ခဲ့။
ကလေးတွေကလည်းစာသင်ရမယ်ဆိုတော့ပြုံးလို့ပျော်လို့ပေါ့။ထခုန်သူတွေတောင်ရှိသေး။အပြစ်ကင်းသည့်ကလေးလေးတွေ၏ပကာသနမပါသောပျော်ရွှင်ခြင်းကို ရာဇနှင့်သက်လယ်ပီတိတွေဖြာရင်းကြည့်ခဲ့ရပါသေးသည်။
ပကာသနမပါသောမေတ္တာတွေကြောင့် ပကာသနမပါသောပျော်ရွှင်မှုလေးတွေဖြစ်ပေါ်လာသည့်အခါ ဖြူစင်သည့်နှလုံးသားတို့သည်လည်းပေါက်ဖွားလာသည်တဲ့။ထိုဖြူစင်သည့်နှလုံးသားလေးတွေထဲ သူတို့နှစ်ယောက်အနည်းငယ်နေရာရရင်ကိုကျေနပ်ပါပြီလေ။
အတွေးတွေဖြင့်ဝိုင်းအရှေ့မှာ ပြုံးပြုံးကြီးကြည့်နေမိတာ သက်လယ်သတိထားမိကာ ကြိမ်လုံးရမ်းပြလာမှ အသိဝင်လာတော့သည်။ပြောချင်တာက သူစာသင်နေတာကိုမနှောက်ယှက်ပါနဲ့ဆိုတာမျိုး။ဟက်ခနဲတစ်ချက်ရယ်လိုက်ကာ ခေါင်းပြန်ညိတ်ပြလိုက်ရင်း သက်လယ်သဘောကျ ထိုနေရာမှလှည့်ထွက်ခဲ့လိုက်သည်။
စာသင်နေတဲ့သက်လယ်ရဲ့ပုံစံလေးကို အခုလိုမျိုလေးနေ့ရက်တိုင်းငေးခွင့်ရမယ်ဆိုရင် ကျုပ်ကတော့အကျေနပ်ကြီးကျေနပ်နေမိတော့မှာအမှန်ပဲ။
ကလေးတွေ၏စာအံသံနှင့်သက်လယ်၏သာယာသော ထိန်းကျောင်းသံလေးတွေကနောက်မှာကျန်ရစ်ခဲ့ပေမဲ့ ရာဇအတွေးတွေမှာတော့သက်လယ်နဲ့ချည်းပြည့်နှက်နေတော့သည်။
ယုံပါချစ်သက်လယ်...ကိုယ့်အတွေးတွေကိုမင်းလေးတစ်ယောက်သာစိုးမိုးထားကြောင်း။
ဓားပြကြီးထွက်သွားမှစောလွန်းကလေးတွေကိုအာရုံပြန်စိုက်လိုက်သည်။ဒီလူကြီးကတော့မလွယ်ချက်ပါပဲ စာသင်နေတာတောင်နေရခက်အောင်လာစိုက်ကြည့်နေရတယ်လို့။
"ကဲ ကလေးတွေ ဦးရေးခိုင်းတာလေးတွေပြီးပြီလား"
"ပြီးပါပြီ"
စာသင်လို့ရသည့်အရွယ်လေးတွေကိုသာအရင်သင်နေတာကြောင့် သုံးလေးနှစ်ကလေးတွေသည်ဘေးကမြေကြီးပေါ်လေးမှာဖျာခင်းကာစုထိုင်လို့ အကိုကြီးအမကြီးတွေကိုငေးကြည့်နေကြတာပေါ့။စာသင်လို့ရသည့်ငါးယောက်လောက်ကလည်း အခြေခံဗျည်း၊သရ၊အက္ခရာတွေသင်ပြီးပြီဆိုတော့ စောလွန်းကကဗျာလေးတွေနှင့်အတူ သူငယ်တန်းမြန်မာစာကိုစသင်ပေးနေခြင်းဖြစ်သည်။
"ပြီးပြီဆိုရင် အက္ခရာတွေမှတ်ရလွယ်တဲ့ကဗျာလေးရှေ့ကတိုင်ပေးမယ် လိုက်ဆိုနော်"
"ဟုတ်ကဲ့ပါ"
ကလေးတွေဆိုသည့်အတိုင်းဟုတ်ကဲ့ပါသုံးလုံးတည်းကိုတောင် သံရှည်ဆွဲနေတာကြောင့် စောလွန်းပြုံးလိုက်သည်။ထို့နောက် သူ့၏နှုတ်ဖျားထက်မှကဗျာရွတ်သံတချို့ကထွက်ပေါ်လာတော့၏။
"က ကလေးငယ် ချစ်စဖွယ်
ခ ခရေကုန်း မလေးပြုံး"
"က ကလေးငယ် ချစ်စဖွယ်
ခ ခရေကုန်း မလေးပြုံး"
စောလွန်းထက်နှေးကွေးသည့်သံရှည်ဆွဲလေးတွေဖြင့် ကလေးတွေညီညာစွာလိုက်ဆိုကြသည်။ယခင်ကတိတ်ဆိတ်နေတတ်သော တောကြီးမြိုင်ကြီးထဲ ဆရာလေးတစ်ယောက်နှင့်ကလေးငယ်တချို့၏စာဖတ်သံတွေကဆူညံသွားတော့၏။
"ဟ ဟားဟားဟား ရယ်လိုက်ရ"
"ဟ ဟားဟားဟား ရယ်လိုက်ရ"
နောက်ဆုံးပိတ်ထိုနေရာတွင်တော့ ပို၍တတ်ကြွစွာရယ်ရယ်မောမောလိုက်ဆိုကြတာကြောင့် စာသင်ရတာကပျင်းရိဖွယ်မကောင်းကြောင်းသူတို့လေးတွေနားလည်သွားလောက်ပါပြီရဲ့။
စာဆိုခြင်းပြီးဆုံးသွားတာတောင် သူတိို့အချင်းချင်းအကြည့်ချင်းဆုံပြီး တခွီခွီရယ်နေကြပြန်တော့ ချစ်စဖွယ်မြင်ကွင်းလေးကိုစောလွန်းပါပြုံးပြီးငေးကြည့်နေမိသည်။ခဏအကြာ စောလွန်းအနားသို့လှုပ်တုပ်လှုပ်တုပ်နှင့်ရောက်လာသည့်ကလေးတစ်ယောက်။
ခြေထောက်ကိုလက်နှစ်ဖက်လုံးဖြင့်တင်းတင်းကြပ်ကြပ်သိုင်းဖက်ထားပုံအရ နှစ်ခါတွေးစရာတောင်မလို နန်းကြာလေးမှန်းသိလိုက်သည်။နန်းကြာကငယ်သေးတာကြောင့် စာသင်သည့်ကလေးအုပ်စုထဲမှထလာခြင်းတော့မဟုတ်ပေ။
"ဦးဦး"
"ဗျာ့ နန်းကြာလေးဘာပြောမလို့လဲ"
ကလေးအရပ်နှင့်ညီအောင်စောလွန်းထိုင်ချလိုက်တော့ နန်းကြာလေးကစောလွန်း၏ပါးကိုသူ့လက်သေးသေးလေးတွေဖြင့် အုပ်ကိုင်လာသည်။ထို့နောက် မျက်လုံးရွှဲလေးတွေဖြင့်ကြည့်ကာ
"မပြန်တော့ဘူးမလားဟင် နန်းကြာတို့နဲ့ပဲအမြဲနေတော့မယ်မဟုတ်လား"
".........."
"ဟင်လို့ ဦးဦး"
စောလွန်းပြန်မဖြေတော့ ပါးနှစ်ဖက်ကိုဆွဲလာပြန်သည်။ကလေးအားနှင့်မလို့ စောလွန်းပါးတွေမနာပေမဲ့ နန်းကြာ၏ထိုအပြုအမူလေးကတော့သိပ်ချစ်ဖို့ကောင်းလွန်းတယ်ဟုထင်မိသည်။
"ဒါပေါ့ ဦးကနန်းကြာတို့နဲ့ပဲအမြဲနေတော့မှာ"
"ရေးးး ဒါဆိုဦးကြီးနဲ့ရောတူတူနေမှာပေါ့နော်"
သွားလေးတွေစိကာရယ်ပြီးမေးလာသော ထိုမေးခွန်းကိုတော့ စောလွန်းဘယ်လိုပြန်ဖြေရမလဲမသိတော့ပေ။ကလေးတွေနဲ့အမြဲအတူနေမယ်ဆိုတည်းက ကလေးတွေအဖေနဲ့တူတူနေရတော့မှာဆိုပေမဲ့ နန်းကြာကိုပေးဖို့သင့်တော်သည့်အဖြေကလည်းစဥ်းစားရခက်နေသည်။
ကျန်ကလေးတွေကသူတို့အာရုံနှင့်သူတို့ဆော့ကစားနေကြတာကြောင့် နန်းကြာနှင့်သူ၏စကားသံတွေကိုတော့ သတိမထားမိကြပါ။
"ဦးကြီးနဲ့မနေချင်ဘူးလားဟင် ဦးကြီးကသနားဖို့ကောင်းပါတယ် ဦးဦးပြန်သွားတုန်းကနန်းကြာကိုဖက်ပြီးငိုနေတာ"
နန်းကြာလေး၏စကားကြောင့် စောလွန်းဆွံ့အသွားရသည်။မျက်နှာလေးမဲ့ကျကာပြောနေသည့်ကလေးက စောလွန်းပါးပေါ်ကသူ့လက်လေးတွေကိုလည်းဖယ်ခွာသွားတော့သည်။သဘောကသူ့ဦးကြီးကိုမသနားလို့စိတ်ဆိုးသည်ပေါ့။
ဘယ်လိုပြောပြရပါ့ကလေးငယ်ရယ်။ အခြေအနေတွေကရှုပ်ထွေးတာကြောင့် စောလွန်းလည်းဘာပြောရမှန်းမသိတော့။သူ့လိုလူကဘယ်လောက်တောင်ပြိုလဲနေခဲ့လို့သုံးနှစ်ကျော်အရွယ်ကလေးတစ်ယောက်ကိုဖက်ပြီးငိုရတာတဲ့လဲ။မြင်ယောင်ကြည့်တော့ ရင်ဘတ်ထဲအောင့်သက်သက်နှင့်နောင်တတွေကလည်းတစ်သီတစ်တန်း။
ဒါပေမဲ့...စိတ်ချပါဓားပြကြီး။ခင်ဗျားကိုငိုဖို့ခွင့်ပြုတော့မှာမဟုတ်သလို ကျွန်တော်ကလည်းခင်ဗျားအနားကနေ ဘယ်တော့မှမထွက်သွားတော့ဘူး။
ထို့နောက် တိကျခိုင်မာသည့်အဖြေတစ်ခုအား မျက်စိရှေ့က ကလေးမလေးကိုပေးမိသည်။ဒီတစ်ခါတော့ ကလေးစိတ်ချမ်းသာအောင်ပြောတာမဟုတ်ဘဲ စောလွန်းနှလုံးသား၏အဖြေတစ်ခုပင်ဖြစ်သည်။
"ဦးကနားကြာရဲ့ဦးကြီးနဲ့ပဲ ထာဝရနေသွားတော့မှာ နန်းကြာရဲ့"
ထာဝရ...ခွဲခွာခြင်းမရှိစွာတွယ်ကပ်နေပါတော့မည်။
<<<<<<
>>>>>>
"ဒီလိုဆိုတော့လည်း ဟိုကောင်လေးကဘယ်ဆိုးလို့လဲနော်ဆရာ"
ကလေးတွေဝိုင်းဘက်မှပြန်လာသည့်ဆရာကို မာနပြောလိုက်တော့ကျေနပ်ပြုံးကြီးပြုံးနေပြန်သည့်ဆရာ။မသိလျှင်ကိုယ့်အိမ်သူကချီးကျူးခံလိုက်ရလို့ ပီတိဖြာနေသည့်အိမ်ထောင်ဦးစီး၏မျက်နှာထားမျိုး။ဒါပေမဲ့ ဆရာ့ကောင်လေးကအိမ်သူမှမဟုတ်တာလေ ယောင်္ကျားလေးမဟုတ်ပေလား။
"အင်း သူကအချိုးမပြေပေမဲ့...."
ဒိုင်းခနဲရောက်လာသည့်ဆရာ့၏မျက်စောင်းကြောင့် ဆက်ပြောမည့်စကားတွေကိုအာဂမျိုချလိုက်ရသည်။အစိမ်းလိုက်ဝါးစားတော့မလိုစိုက်ကြည့်နေတာများ ကြက်သီးပါထလာသည်။
ဆရာကဒီလောက်တောင်ပဲလား စကားအရာနဲ့တောင်အထိအပါးမခံနိုင်ဘူးဆိုတဲ့သဘောပေါ့လေ။
"စိတ်ထားလေးတော့ကောင်းပါတယ် နော်ဆရာ"
သွားစိကာမျက်နှာချိုသွေးပြီးကျေနပ်လောက်မည့်စကားနှင့်ပြန်ဖြေရတော့သည်။မဟုတ်လျှင်ဆရာ့လက်ချက်ကြောင့် အလောင်းတောင်ရှာမရဖြစ်မှာဧကန်။
"ဒါနဲ့ ဆရာ"
အာဂဘေးဘီကိုတစ်ချက်ကြည့်လိုက်ရင်း သော်ကမရှိဘူးဆိုမှ...
"ဦးသိုက်ခမ်းကိစ္စဘယ့်နှယ်လုပ်ကြမလဲ"
အာဂ၏မေးခွန်းကိုရာဇနားလည်ပါသည်။သူတို့ဆရာတပည့်တွေဓားပြလုပ်လာသည့်တစ်လျှောက် ဒါဟာပထမဆုံးလူသတ်မှုပင်။အမြဲစည်းဖြင့်နေခဲ့သည့်ရာဇကြောင့် တပည့်ဖြစ်သူတွေကလည်းကိုယ့်နည်းတူပင်။သို့ပေသိ သတ်ပြီးမှတော့ဘယ်တတ်နိုင်ပါ့မလဲ။သေတဲ့သူကသေသွားချေပြီ။မတရားသတ်တာမဟုတ်ရင်ပြီးတာပါပဲ။
"ဒီကိစ္စနဲ့ပတ်သတ်ပြီးမင်းတို့သော်ကကိုသွားမမေးကြနဲ့ ငါပဲဖြေရှင်းမယ်"
"ဟုတ်ကဲ့ပါဆရာ အခုရက်ပိုင်းသော်ကလည်းငြိမ်ကျသွားတယ်"
မာန၏အပြောကိုခေါင်းညိတ်ပြရုံသာတုန့်ပြန်လိုက်သည်။
တပည့်သုံးယောက်မှာသော်ကကအတည်ငြိမ်ဆုံးနှင့်အလိုက်အသိဆုံးဖြစ်သည့်အပြင် သဘောထားအကြီးဆုံးလို့လည်းပြောလို့ရသည်။လူသတ်ဖို့မဆိုလေနှင့် တိရစ္ဆာန်တွေတောင်သတ်ဖူးတာမဟုတ်။ရာဇကိုကာကွယ်ရင်းသတ်မိသွားတယ်ဆိုရင်တောင် သော်ကအရမ်းအေးဆေးနေသည်လို့ထင်မိသည်။ဒါမှမဟုတ်...ဒါကရာဇအထင်ပဲလား။ခံစားချက်တွေကိုဖုံးကွယ်ထားတတ်သည့် သော်က၏စိတ်ကိုရာဇတောင်မခန့်မှန်းနိုင်ပေ။
"ခနနေ နေ့လည်စာစားချိန်ရောက်ပြီ သက်လယ်အတွက်သေချာပြင်ဆင်ထားလိုက်ကြ"
"ဒါပေါ့ဒါပေါ့ ပြင်ဆင်ထားရမှာပေါ့ ဆရာကတော်ပဲဟာ"
အကဲပိုလွန်းသည့်ဆရာ့ကိုအာဂတမင်ရွှဲ့ပြောလိုက်တာဖြစ်သည်။အရင်လိုမကြည်ကြည့်ဖြက့်ကြည့်ခံရမည်ထင်ထားသော်လည်း မထင်မှတ်ထားစွာပြန်ရလိုက်သည့်တုန့်ပြန်မှုကအာဂသာမက မာနကိုပါဆွံ့အသွားစေသည်။
"ဆရာကတော်...အဟက် မင်းတော်တယ်အာဂ သူကငါ့ခင်ပွန်း မင်းတို့ရဲ့ဆရာကတော်ဖြစ်လာမှာ"
သွားတွေပေါ်သည်အထိပြုံးကာ ထိုစကားကိုပြောပြီး အာဂပုခုံးကိုလည်းပုတ်သွားသေးသည့်ဆရာ။ကျန်နေခဲ့သည့်တပည့်နှစ်ယောက်မှာတော့ပါးစပ်အဟောင်းသားပင်။
တကယ်ပါ...တစ်သက်နဲ့တစ်ကိုယ်ဆရာချီးကျူးတာကိုပထမဆုံးခံရဖူးတာပဲ။ကျောပြုတ်မတတ်ကုန်းပိုးခဲ့တုန်းကတောင်မပြောခဲ့ပေမဲ့ အခုတော့ဆရာကတော်မျက်နှာနဲ့တော်တယ်တဲ့လား။တော်တော်တရားကျပါပေ့ဆရာသမားရယ်။
ထို့နောက် သူတို့နှစ်ယောက်လုံးစိတ်ထဲမှာတော့ ဆရာ့အားလုံးဝဆေးမမှီတော့ဟုသာ သတ်မှတ်လိုက်ကြတော့သည်။
.
.
"ဓားပြကြီးရေ"
"ဗျာ ဗျ"
အပြင်ဘက်ကသက်လယ်၏အသံကြောင့်ရာဇတဲအတွင်းမှအသံလှမ်းပေးလိုက်သည်။ထို့နောက် တစ်ဆက်တည်းမှာပင် တဲပေါ်တတ်လာသည့်ခြေသံကြားရပြီး သက်ပြင်းချလိုက်သံလည်းကြားလိုက်ရသည်။
သောက်ရေအိုးထဲကရေတစ်ခွက်ခပ်လိုက်ကာ သက်လယ်ကိုပေးလိုက်တော့ ကျေးဇူးပါဟုဆိုကာ အပြုံးလေးနှင့်ယူလာသူ။
"အရမ်းမောနေလား သက်လယ်"
"စာသင်ရတာကမမောပါဘူး လမ်းလျှောက်ရတာပဲ"
"ညောင်းနေတာလား ကျုပ်နှိပ်ပေးရမလား"
"အဲ မလုပ်နဲ့ မလုပ်နဲ့"
ခြေထောက်ဆီလက်လှမ်းနေသူကိုစောလွန်းအမြန်တားလိုက်ရသည်။
"ခင်ဗျားကကျွန်တော့်ထက်အသက်ကြီးတယ်လေ ဒီလိုလုပ်ပေးလို့ဘယ်ဖြစ်မလဲ"
တကယ်တော့ စောလွန်းခြေထောက်တွေကိုက်ခဲနေတာအမှန်ပါ။မနက်ကအေးစိမ့်မှုကြောင့်ရော လမ်းလျှောက်လိုက်တာပါပေါင်းပြီးပိုကိုက်ခဲလာဟန်ရှိသည်။သို့သော်...ဓားပြကြီးနှိပ်ပေးဖို့တော့မသင့်တော်ဘူးမဟုတ်လား။
"သြော် သက်လယ်နှယ်...သင့်တော်၏မသင့်တော်၏ကကျုပ်ဆုံးဖြတ်မယ် ဒီမယ် ကျုပ်ပြောပြတာနားထောင်"
ဘယ်လိုစကားလုံးလှလှလေးတွေနှင့် ထပ်ပြီးချည်နှောင်ဦးမလဲစိတ်ဝင်စားတာကြောင့် စောလွန်းအာရုံစိုက်နားထောင်နေလိုက်သည်။
"ချစ်ရသူကိုသာဆိုရင်လေ ခြေထောက်ကိုင်တာမပြောနဲ့ ဒူးထောက်ခစားဖို့တောင်ကျုပ်ကဝန်မလေးဘူးဗျာ"
"အဲလောက်တောင်ပဲလား"
"အဲထက်တောင်ပိုချင်သေး သက်လယ်စိတ်ရှုပ်မှုစိုးလို့သာ"
"တော်ပါ ခင်ဗျားစကားတတ်တိုင်းလျှောက်လျှောက်ပြောမနေနဲ့"
"အလိုဗျာ...လျှောက်ပြောတယ်ပဲရှိရသေး မယုံရင်ကျုပ်ရင်ခွင်ထဲလာ"
မဆီမဆိုင်စကားကြောင့်စောလွန်းမျက်ခုံးပင့်သွားရသည်။ဒီလူကြီးဘာတွေကြံသည်နေသလဲဆိုသည့်အကြည့်နှင့်ကြည့်ပေးလိုက်ပြီး
"ဘာဆိုင်လို့တုန်း"
"သြော် ရင်ခုန်သံတွေနားထောင်ခိုင်းမလို့ပါဗျာ ဒုတ်ဒုတ်ဒုတ်မမြည်ဘဲ သက်လယ်သက်လယ်သက်လယ်လို့မြည်နေမှာ"
စကားတတ်လွန်းသည့်ဓားပြကြီးကိုနောက်ဆုံးတော့ကိုယ်ကအရှုံးပေးရတာပင်။သဘောတကျပြုံးလိုက်ပြီး လက်ထဲကသောက်ရေခွက်အလွတ်လေးကိုပြန်ပေးလိုက်ကာ
"ကျေးဇူးပါ ရေလေးကအေးနေတာပဲ"
"ကျုပ်မေတ္တာတွေကပိုအေးတာပါ သက်လယ်ရယ်"
"ဟုတ်ပါပြီတဲ့ဗျာ"
'အေးမြတဲ့မေတ္တာလေးအတွက်လည်းကျေးဇူးပါနော်'ဆိုသည့်စကားကိုတော့ စောလွန်းစိတ်ထဲကနေသာပြောလိုက်သည်။ပေးအပ်လာသမျှမေတ္တာတွေကိုအကုန်လက်ခံရရှိကြောင်း ပြန်ပြောပြနေဖို့မလိုအပ်ပါ။အလိုလိုခံစားတတ်ရင်ပြီးတာပဲမဟုတ်လား။
ထို့နောက်မှ ကျေနပ်သွားသလို ပြုံးပြုံးကြီးခေါင်းညိတ်ပြလာသည့်လူကြီး။
"သက်လယ် ဗိုက်ဆာနေပြီလား"
"ဟုတ် နည်းနည်း"
"ကျုပ်အကုန်စီစဥ်ခိုင်းထားပြီးပြီ လာ ထမင်းသွားစားစို့"
အမောလည်းပြေပြီဖြစ်တာကြောင့် နှစ်ဦးသားလုံးထမင်းစားမည့်နေရာဆီသို့....
.
.
"ဒါကဝက်သနီချက်လေး သက်လယ်"
အပြောနဲ့အတူစောလွန်းပန်းကန်ထဲသို့ရောက်လာသောသုံးထပ်သားတစ်တုံး။ဘေးကဓားပြကြီးတပည့်တွေကထမင်းစိလေးတွေကိုတစ်စိချင်းစားရင်း မျက်နှာငယ်လေးတွေနှင့်လှမ်းကြည့်နေကြသည်။သူတို့ပန်းကန်ထဲမှာ ဟင်းကနတ္တိမဟုတ်လား။
"ကျေးဇူး"
ဓားပြကြီးတော့မသိ စောလွန်းကတော့အတော်လေးကိုနေရခက်နေပါပြီ။သူ့တပည့်သုံးယောက်ရှေ့မှာဘယ်လိုမျက်နှာပြရမလဲတောင်မသိတော့သည်အထိပင်။သို့သော်လည်း မျှော်လင့်တကြီးကြည့်နေသူကြောင့် ထည့်ပေးထားသည့်ဝက်သားတုံးနှင့်ထမင်းတစ်လုတ်ကိုလွေးရတော့သည်။
"စားလို့ကောင်းသားပဲ"
တကယ်ကိုဝက်သားလေးကလည်းနူးညံ့ပြီး အရသာကလည်းကွက်တိပင်။ပဲငံပြာရည်ကလည်းအရမ်းမများတာကြောင့်တအားကြီးလည်းချိုမနေတာကြောင့် စောလွန်းအခုလိုမှတ်ချက်ပေးခြင်းဖြစ်သည်။
"ဒါပေါ့ သက်လယ်ကိုစားစေချင်လို့ကျုပ်စီစဥ်ခိုင်းထားတာ"
ထိုစကားအဆုံးမှာတော့ ပင်ပင်ပန်းပန်းဝက်ပေါ်ထားရသည့်အာဂနှင့် ထင်းမီးဖိုရှေ့မျက်နှာမဲတူးသည်အထိဟင်းချက်ထားရသည့်မာန မစားရသေးသည့်ထမင်းနင်မလိုတောင်ဖြစ်သွားရသည်။ထို့နောက် နှစ်ယောက်လုံး၏အကြည့်သည်ဗိုလ်ရာဇဆီသို့ဒိုင်းခနဲပင်။သူတို့ဆရာမျက်နှာကောင်းယူချက်ကတော့လက်ရောခြေပါလန်ပါသည်။
"သော်ကတို့လည်းထည့်စားလေ အာဂနဲ့မာနရော"
"အင်း ထည့်စားလေမင်းတို့ ဘာကိုစောင့်နေရသလဲ"
ဆရာရယ်...လို့ပဲသူတို့စိတ်ထဲကနေပြောနိုင်တော့တယ်။ဟင်းခွက်တွေအကုန်လုံးကိုသူ့ကောင်လေးရှေ့ချထားမှတော့ ကိုယ်တွေကဘယ်ဟင်းသွားနှိက်ရတော့မှာလဲ။မျက်နှာငယ်လေးနဲ့ထမင်းစိလေးတွေကိုက်နေရတဲ့တပည့်တွေကိုအာရုံထဲမရှိဘဲ သူ့ဟာလေးကိုဂရုစိုက်နေပြီးတော့များ။
"ရော့ ရော့ စား"
ကိုယ့်ရှေ့စုပုံပြီးရောက်နေသည့်ဟင်းပန်းကန်တွေကိုအလယ်ကိုပြန်ပို့လိုက်ပြီး သုံးယောက်လုံးကို စောလွန်းဟင်းထည့်ပေးလိုက်သည်။စောလွန်း၏ပုံစံမှာညီငယ်လေးတွေကိုဂရုစိုက်နေသည့်အကိုကြီးလိုပင်။
မိသားစုများမဟုတ်သည့်တိုင် မိသားစုထမင်းဝိုင်းလေးကဲ့သို့ နွေးထွေးကာစားမြိန်လှသည့်ထိုထမင်းတစ်နှပ်ကို ထိုနေ့ကဓားပြကြီးကျေးဇူးဖြင့်စောလွန်းစားခဲ့ရသည်။
<<<<<<
>>>>>>
"ဓားပြကြီးရေ"
"ဗျာ"
"ဒီမယ်လာကြည့်လှည့်ပါဦး"
တဲအရှေ့ရှိခရမ်းသီးစိုက်ခင်းနေရာနားကနေအော်နေသည့်သက်လယ်ကြောင့် ရာဇထရံကိုကပ်တွယ်ပေါက်ရောက်နေသည့်ချုံနွယ်တချို့ကိုရှင်းနေရာမှ အသံလာရာဆီအမြန်လာခဲ့ရတော့သည်။ချစ်ရသူကိုစောင့်ဆိုင်းရတာမျိုးမဖြစ်စေချင်ပါ။
"လာပါပြီ ဘာလို့တုန်းသက်လယ်"
"ကျွန်တော်တို့နှစ်ယောက်စိုက်ထားတဲ့ခရမ်းသီးပင်ကအပွင့်တွေပွင့်လာပြီဗျ"
ရာဇကြည့်လိုက်တော့တကယ်ပင်အဖြူရောင်ပန်းပွင့်လေးတွေကိုတွေ့လိုက်ရသည်။
"ဒါဆိုအသီးသီးတော့မှာလား"
"ဒါပေါ့ အဲအပွင့်ကြွေပြီးတာနဲ့အသီးသီးပြီ"
မတိုင်ပင်ပါဘဲ နှစ်ယောက်ပြိုင်တူပြုံးမိကြသည်။အပင်လေးကသုံးပင်တည်းဖြစ်သော်လည်း နှစ်ပင်သာအပွင့်ပွင့်တာဖြစ်ပြီးကျန်တစ်ပင်ကတော့မပွင့်သေးပေ။အပင်ပုပြီးမကြာခင်အသီးသီးတော့မှာဖြစ်ပေမဲ့ ဓာတုပစ္စည်းတွေတော့သုံးထားခြင်းလည်းမရှိ။
"ကျုပ်တော့ဖြင့်ပီတိတွေဝေလိုက်တာ သက်လယ်နဲ့နှစ်ယောက်တူတူစိုက်ခဲ့တဲ့အပင်ကအသီးအပွင့်တွေဝေဆာတော့မှာ"
တစ်ချိန်ကစောလွန်း ဖွားနန်းတို့အိမ်မှာခရမ်းသီးပင်စိုက်နေတုန်း ဓားပြကြီး..အင်း ကိုကိုလို့ဆိုရမလား။ကိုကိုလာခေါ်ပြီးလက်ပံပင်ကြီးအောက်မှာနှုတ်ဆက်စကားဆိုခဲ့တာကိုအမှတ်ရမိသည်။ထိုနေ့ကစောလွန်းအတွက်ဝမ်းနည်းဖွယ်အကောင်းဆုံးနေ့တွေထဲကတစ်နေ့ဖြစ်ခဲ့သည်မလား။သို့ပါသော်လည်း...အတိတ်မှာဘာဖြစ်ခဲ့ဖြစ်ခဲ့အရေးမကြီးတော့ပါလေ။
ပစ္စုပ္ပန်နဲ့အနာဂတ်မှာဓားပြကြီးတစ်ဖြစ်လည်းကိုကိုက စောလွန်းအနားအတူရှိနေဖို့သာအရေးကြီးပါသည်။
ထို့နောက် စောလွန်းတစ်စုံတစ်ခုကိုသတိရသွားကာ
"ဓားပြကြီး မာနကပြောတယ် ဒီတောနဲ့နီးတဲ့ရွာတစ်ရွာမှာ ဘုရားပွဲရှိတယ်တဲ့ အဲတာ.."
စကားကိုလမ်းတစ်ဝက်မှာတင်ရပ်ပြီးကိုယ့်ကိုမရဲတရဲကြည့်လာသည့်ကောင်လေးကြောင့်ရာဇပြုံးလိုက်သည်။လုပ်နေသည့်ပုံစံလေးကိုကဖျစ်ညစ်ပစ်ချင်စရာ။
"သက်လယ်သွားချင်လို့လား"
"ဟုတ်ဟုတ် လိုက်ပို့ပေးမယ်မဟုတ်လားဟင်"
"ဒါပေါ့ဗျာ သက်လယ်စိတ်ချမ်းသာရင်ပြီးရော"
"ဟီး ကျေးဇူးပါ"
လိုချင်တာရသွားတော့သွားလေးဖြဲပြီးအားရပါးရပြုံးပြလာသည့်သိုးပေါက်။မျက်လုံးလေးတွေပါမှိတ်ကျသည်အထိပြုံးရယ်နေတာကြောင့် ကလေးတစ်ယောက်လိုဖြူဖြူစင်စင်ကိုချစ်ဖို့ကောင်းနေတော့တာဖြစ်သည်။
ကမ္ဘာကြီးရပ်တန့်သွားသလို ရာဇ၏ကမ္ဘာမှာသက်လယ်တစ်ယောက်တည်းသာရှိတော့သလို မျက်တောင်ခတ်ဖို့တောင်မေ့လျော့သည်အထိ ထိုအပြုံးလေးကဆွဲဆောင်လွန်းလှသည်။
"သက်လယ် သိလား"
"ဟင် ဘာကို..."
"ဖြစ်နိုင်ရင်သက်လယ်ကိုပုဆိုးခါးပုံစထဲထည့်ဖွက်ထားလိုက်ချင်တယ်ဆိုတာ"
ဒီအလှတရားလေးကိုအခြားသူတွေမြင်မှာကိုစိုးရွံ့စွာဖွက်ထားလိုက်ချင်သည်။အာခံတွင်းထဲငုံဖို့တော့မတွေးဝံ့ပါ မတော်တဆမျိုချမိရင်ဘယ့်နှယ်လုပ်မတုန်း။အဲတော့ ထုတ်ကြည့်ရလွယ်ကူတဲ့ပုဆိုးခါးပုံစံထဲသာထည့်ဖွက်ထားချင်မိခြင်း။
"ဘာ...ဘာတွေပြောနေမှန်းလဲမသိဘူး ကျွန်တော်သွားပြီ"
ရုပ်တည်ကြီးနှင့်စိုက်ကြည့်ပြီးပြောလိုက်တာကြောင့် ရှက်သွားသည့်ကောင်လေးသည်မျက်နှာကြီးနီရဲကာ အထစ်ထစ်အငေါ့ငေါ့စကားတချို့ကိုလည်းပြောလာသည်။ထို့နောက် လက်မှာပေနေသည့်မြေကြီးတွေကို ခါချကာတဲထဲသို့ပြေးတတ်သွားတော့၏။
"ရှက်သွားတာလား"
"သက်လယ်! သက်လယ်!!"
လှမ်းအော်ကာစနောက်နေသော်လည်း တဲထဲကကောင်လေးကတော့တိတ်ဆိတ်မှုဖြင့်သာပြန်လည်တုန့်ပြန်သည်။
အဟက်! ရှက်သွားတာလေးကချစ်စရာလေး...
ဥယျာဉ်မှူးငယ်...ကျွန်ုပ်နှလုံးသားသည် သင်ကိုယ်တိုင်ရေလောင်းပေါင်းသင်မှသာရှင်သန်နိုင်မှာဖြစ်ကြောင်း သင့်ကိုသိစေချင်သည်။
<<<<<<
>>>>>>
ရေနံဆီသုတ်လိမ်းထားသည့်အိမ်ကြီးတစ်ခု၏ကုတင်ပေါ်တွင် ဟီရိုမာဆာတစ်ယောက်ကျေနပ်သည့်အပြုံးတစ်ခုဖြင့်အမောဖြေနေသည်။ခန္ဓာကိုယ်အပေါ်ပိုင်းမှာလည်းချွေးစတချို့ကပ်နေတာကြောင့် လွန်ခဲ့သည့်မိနစ်ပိုင်းကဘာဖြစ်ထားကြသလဲဆိုတာတွေးကြည့်ရုံနှင့်သိနိုင်ပါ၏။
"သွားတော့"
ဘေးမှာတရှုံ့ရှုံ့ငိုနေသည့်ကောင်မလေးသည် ထိုအခါမှာ မျက်ရည်တို့ကိုဖိသုတ်ရင်းပြေးထွက်သွားရှာသည်။အားနွှဲ့သည့်မိန်းမသားလေးဟာ သူ့အားတစ်ခွန်းပင်အပြစ်မတင်သွားခဲ့ပါ။ဘယ်တင်ပါ့မလဲလေ သူ့ကိုအာခံရဲသူကဒီရွာမှာနတ္တိမဟုတ်ပေလား။
ထိုမိန်းကလေးဘယ်သူမှန်းတောင်သူအတိအကျမသိပါ။အမှန်တိုင်းပြောရလျှင် ဒေါင်းလုံရွာကမိန်းကလေးဘယ်နှစ်ယောက်လောက် သူ့ကြောင့်အပျိုရည်ပျက်ပြီးပြီလဲဆိုတာတောင်မမှတ်မိတော့။
ခဏကြာတော့ အိပ်ခန်းထဲသို့ယုံကြည်ရသည့် လက်အောက်ငယ်သားတစ်ယောက်ဝင်လာသည်။လက်အောက်ငယ်သားဆိုသော်လည်း မြန်မာနိုင်ငံသားဂျပန်လက်ပါးစေတွေသာဖြစ်ပါသည်။ဦးနှောက်ချို့တဲ့သည့်ကောင်တွေက သူပေးသောမက်လုံးတို့ကြောင့် ကိုယ့်ရွာကိုယ်ပြန်သစ္စာဖောက်သည်တဲ့လေ။
"မာစတာ တောစပ်ကဇရပ်နားမှာအလောင်းတစ်လောင်းတွေ့ပါတယ်"
လက်အောက်ငယ်သား၏စကားကြောင့်ဟီရိုမာဆာစိတ်ညစ်စွာကျစ်ခနဲစုတ်သတ်မိသည်။ငါအလုပ်ပိုတွေလုပ်ရအောင် ဘယ်သူကလူမသိသူမသိသေနေရသလဲ။
"ဘယ်သူလဲ သေတဲ့သူက"
"ဓားပြသိုက်ခမ်းလို့ပြောပါတယ် ပြီးတော့..."
လက်အောက်ငယ်သားလေးက ဟီရို့နားအနားကပ်ကာတီးတိုးလာပြောသည်။စကားလုံးတချို့ကိုနားထောင်အပြီးမှာတော့ သူမျက်ခုံးပင့်သွားရသည်။ထို့နောက်...မဲ့ပြုံးတစ်ခုပြုံး၍
"သတင်းပေးကတိကျတာသေချာလား"
"သေချာပါတယ် မာစတာ"
"ကောင်းပြီ အဲလူကိုငါ့ဆီခေါ်ခဲ့"
"ဟုတ်"
အဟက်!အခန်းထဲမှာတစ်ယောက်တည်းကျန်ခဲ့သည့်အချိန်မှ ဟီရိုမာဆာကျေနပ်အားရစွာပြုံးလိုက်သည်။
<<<<<<
>>>>>>
A/N-တစ်ခုလောက်ပြောချင်ပါတယ်။ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်ကဘယ်1900s retro vibeနဲ့မှမတူအောင်ချီမနည်းကြိုးစားဖန်တီးထားတာပါ။ဒါပေမဲ့ plotတူတာမျိုး dialogueတွေသွားတူနေခဲ့တာမျိုးတွေ ရှိခဲ့ရင်အချိန်မရွေးလာပြောပေးပါနော်။
အဲ့လိုမတော်တဆသွားတူနေခဲ့တာမျိုးရှိရင်အချိန်မလွန်ခင်သတိပေးမှချီပြန်ပြင်ဆင်လို့ရမှာမို့ပါ><🌸
ဆေးပန်းချီ🌸
၄.၂.၂၀၂၂💜
လက္ႏွစ္ဖက္ေနာက္ပစ္လို႔ သဘာဝထက္လွပသည့္ျမင္ကြင္းေလးကို ရာဇမ်က္ေတာင္မခတ္တမ္းေငးၾကည့္ေနမိသည္။တကယ္ပါဗ်ာ...ႀကိမ္လုံးေလးကိုင္လို႔ကေလးေတြစာကုန္းေရးေနတာကိုလိုက္ၾကည့္ေနသည့္ သက္လယ္ကက်က္သေရရွိလြန္းလွသည္။ေက်ာင္းဆရာေလးဆိုတာသိေပမဲ့ အခုလိုေက်ာင္းဆရာပုံစံေလးကိုျမင္ခြင့္ရေတာ့ ရင္ထဲအတိုင္းမသိၾကည္ႏူးရတာေပါ့။
က်ဳပ္ကံကလႊတ္ေကာင္းလို႔ေျပာရမလား သက္လယ္သင္ေပးေနတဲ့ကေလးေတြကလည္းကိုယ္ေမြးစားထားတဲ့ကေလးငယ္ေတြ။
ဟိုးရက္က ကေလးေတြဆီကိုသက္လယ္ဘာေၾကာင့္လာသလဲမွတ္တယ္ သူပူဆာခ်င္တာရွိေနလို႔ပါတဲ့ေလ။'ကြၽန္ေတာ္သူတို႔ေလးေတြကိုစာသင္ေပးခ်င္တယ္'ဆိုသည့္စကားေျပာၿပီးကိုယ့္ကိုခြင့္ေတာင္းေသာ မ်က္လုံး႐ႊဲေလးေတြႏွင့္ၾကည့္ေနရမည့္အစား ခပ္စူးစူးတစ္ခ်က္စိုက္ၾကည့္ပုံအရ ခြင့္ျပဳကိုျပဳရမယ္ဟုရာဇသံေပးေနသည့္အလား။
'ေဒါင္းလုံ႐ြာကကေလးေတြလည္းသူ႕ကိုလိုအပ္မွာသိေပမဲ့ သူတို႔ကအစားထိုးဆရာလာရင္အဆင္ေျပသြားမွာပါ ဒါေပမဲ့...ဒီကေလးေတြကေတာ့ ေတာထဲမယ္စာသင္ေပးမဲ့ဆရာမရွိဘူးေလ ကြၽန္ေတာ္သူတို႔ရဲ႕ဆရာေလးျဖစ္ခ်င္တယ္'ဆိုေသာ စကားရွည္ႀကီးေနာက္မွာ ရာဇ သက္လယ္၏မြန္ျမတ္ေသာစိတ္ထားေလးကိုမေလးစားဘဲမေနနိုင္ခဲ့။
ကေလးေတြကလည္းစာသင္ရမယ္ဆိုေတာ့ၿပဳံးလို႔ေပ်ာ္လို႔ေပါ့။ထခုန္သူေတြေတာင္ရွိေသး။အျပစ္ကင္းသည့္ကေလးေလးေတြ၏ပကာသနမပါေသာေပ်ာ္႐ႊင္ျခင္းကို ရာဇႏွင့္သက္လယ္ပီတိေတြျဖာရင္းၾကည့္ခဲ့ရပါေသးသည္။
ပကာသနမပါေသာေမတၱာေတြေၾကာင့္ ပကာသနမပါေသာေပ်ာ္႐ႊင္မႈေလးေတြျဖစ္ေပၚလာသည့္အခါ ျဖဴစင္သည့္ႏွလုံးသားတို႔သည္လည္းေပါက္ဖြားလာသည္တဲ့။ထိုျဖဴစင္သည့္ႏွလုံးသားေလးေတြထဲ သူတို႔ႏွစ္ေယာက္အနည္းငယ္ေနရာရရင္ကိုေက်နပ္ပါၿပီေလ။
အေတြးေတြျဖင့္ဝိုင္းအေရွ႕မွာ ၿပဳံးၿပဳံးႀကီးၾကည့္ေနမိတာ သက္လယ္သတိထားမိကာ ႀကိမ္လုံးရမ္းျပလာမွ အသိဝင္လာေတာ့သည္။ေျပာခ်င္တာက သူစာသင္ေနတာကိုမႏွောက္ယွက္ပါနဲ႕ဆိုတာမ်ိဳး။ဟက္ခနဲတစ္ခ်က္ရယ္လိုက္ကာ ေခါင္းျပန္ညိတ္ျပလိုက္ရင္း သက္လယ္သေဘာက် ထိုေနရာမွလွည့္ထြက္ခဲ့လိုက္သည္။
စာသင္ေနတဲ့သက္လယ္ရဲ႕ပုံစံေလးကို အခုလိုမ်ိဳေလးေန႕ရက္တိုင္းေငးခြင့္ရမယ္ဆိုရင္ က်ဳပ္ကေတာ့အေက်နပ္ႀကီးေက်နပ္ေနမိေတာ့မွာအမွန္ပဲ။
ကေလးေတြ၏စာအံသံႏွင့္သက္လယ္၏သာယာေသာ ထိန္းေက်ာင္းသံေလးေတြကေနာက္မွာက်န္ရစ္ခဲ့ေပမဲ့ ရာဇအေတြးေတြမွာေတာ့သက္လယ္နဲ႕ခ်ည္းျပည့္ႏွက္ေနေတာ့သည္။
ယုံပါခ်စ္သက္လယ္...ကိုယ့္အေတြးေတြကိုမင္းေလးတစ္ေယာက္သာစိုးမိုးထားေၾကာင္း။
ဓားျပႀကီးထြက္သြားမွေစာလြန္းကေလးေတြကိုအာ႐ုံျပန္စိုက္လိုက္သည္။ဒီလူႀကီးကေတာ့မလြယ္ခ်က္ပါပဲ စာသင္ေနတာေတာင္ေနရခက္ေအာင္လာစိုက္ၾကည့္ေနရတယ္လို႔။
"ကဲ ကေလးေတြ ဦးေရးခိုင္းတာေလးေတြၿပီးၿပီလား"
"ၿပီးပါၿပီ"
စာသင္လို႔ရသည့္အ႐ြယ္ေလးေတြကိုသာအရင္သင္ေနတာေၾကာင့္ သုံးေလးႏွစ္ကေလးေတြသည္ေဘးကေျမႀကီးေပၚေလးမွာဖ်ာခင္းကာစုထိုင္လို႔ အကိုႀကီးအမႀကီးေတြကိုေငးၾကည့္ေနၾကတာေပါ့။စာသင္လို႔ရသည့္ငါးေယာက္ေလာက္ကလည္း အေျခခံဗ်ည္း၊သရ၊အကၡရာေတြသင္ၿပီးၿပီဆိုေတာ့ ေစာလြန္းကကဗ်ာေလးေတြႏွင့္အတူ သူငယ္တန္းျမန္မာစာကိုစသင္ေပးေနျခင္းျဖစ္သည္။
"ၿပီးၿပီဆိုရင္ အကၡရာေတြမွတ္ရလြယ္တဲ့ကဗ်ာေလးေရွ႕ကတိုင္ေပးမယ္ လိုက္ဆိုေနာ္"
"ဟုတ္ကဲ့ပါ"
ကေလးေတြဆိုသည့္အတိုင္းဟုတ္ကဲ့ပါသုံးလုံးတည္းကိုေတာင္ သံရွည္ဆြဲေနတာေၾကာင့္ ေစာလြန္းၿပဳံးလိုက္သည္။ထို႔ေနာက္ သူ႕၏ႏႈတ္ဖ်ားထက္မွကဗ်ာ႐ြတ္သံတခ်ိဳ႕ကထြက္ေပၚလာေတာ့၏။
"က ကေလးငယ္ ခ်စ္စဖြယ္
ခ ခေရကုန္း မေလးၿပဳံး"
"က ကေလးငယ္ ခ်စ္စဖြယ္
ခ ခေရကုန္း မေလးၿပဳံး"
ေစာလြန္းထက္ႏွေးေကြးသည့္သံရွည္ဆြဲေလးေတြျဖင့္ ကေလးေတြညီညာစြာလိုက္ဆိုၾကသည္။ယခင္ကတိတ္ဆိတ္ေနတတ္ေသာ ေတာႀကီးၿမိဳင္ႀကီးထဲ ဆရာေလးတစ္ေယာက္ႏွင့္ကေလးငယ္တခ်ိဳ႕၏စာဖတ္သံေတြကဆူညံသြားေတာ့၏။
"ဟ ဟားဟားဟား ရယ္လိုက္ရ"
"ဟ ဟားဟားဟား ရယ္လိုက္ရ"
ေနာက္ဆုံးပိတ္ထိုေနရာတြင္ေတာ့ ပို၍တတ္ႂကြစြာရယ္ရယ္ေမာေမာလိုက္ဆိုၾကတာေၾကာင့္ စာသင္ရတာကပ်င္းရိဖြယ္မေကာင္းေၾကာင္းသူတို႔ေလးေတြနားလည္သြားေလာက္ပါၿပီရဲ႕။
စာဆိုျခင္းၿပီးဆုံးသြားတာေတာင္ သူတိို႔အခ်င္းခ်င္းအၾကည့္ခ်င္းဆုံၿပီး တခြီခြီရယ္ေနၾကျပန္ေတာ့ ခ်စ္စဖြယ္ျမင္ကြင္းေလးကိုေစာလြန္းပါၿပဳံးၿပီးေငးၾကည့္ေနမိသည္။ခဏအၾကာ ေစာလြန္းအနားသို႔လႈပ္တုပ္လႈပ္တုပ္ႏွင့္ေရာက္လာသည့္ကေလးတစ္ေယာက္။
ေျခေထာက္ကိုလက္ႏွစ္ဖက္လုံးျဖင့္တင္းတင္းၾကပ္ၾကပ္သိုင္းဖက္ထားပုံအရ ႏွစ္ခါေတြးစရာေတာင္မလို နန္းၾကာေလးမွန္းသိလိုက္သည္။နန္းၾကာကငယ္ေသးတာေၾကာင့္ စာသင္သည့္ကေလးအုပ္စုထဲမွထလာျခင္းေတာ့မဟုတ္ေပ။
"ဦးဦး"
"ဗ်ာ့ နန္းၾကာေလးဘာေျပာမလို႔လဲ"
ကေလးအရပ္ႏွင့္ညီေအာင္ေစာလြန္းထိုင္ခ်လိဳက္ေတာ့ နန္းၾကာေလးကေစာလြန္း၏ပါးကိုသူ႕လက္ေသးေသးေလးေတြျဖင့္ အုပ္ကိုင္လာသည္။ထို႔ေနာက္ မ်က္လုံး႐ႊဲေလးေတြျဖင့္ၾကည့္ကာ
"မျပန္ေတာ့ဘူးမလားဟင္ နန္းၾကာတို႔နဲ႕ပဲအၿမဲေနေတာ့မယ္မဟုတ္လား"
".........."
"ဟင္လို႔ ဦးဦး"
ေစာလြန္းျပန္မေျဖေတာ့ ပါးႏွစ္ဖက္ကိုဆြဲလာျပန္သည္။ကေလးအားႏွင့္မလို႔ ေစာလြန္းပါးေတြမနာေပမဲ့ နန္းၾကာ၏ထိုအျပဳအမူေလးကေတာ့သိပ္ခ်စ္ဖို႔ေကာင္းလြန္းတယ္ဟုထင္မိသည္။
"ဒါေပါ့ ဦးကနန္းၾကာတို႔နဲ႕ပဲအၿမဲေနေတာ့မွာ"
"ေရးးး ဒါဆိုဦးႀကီးနဲ႕ေရာတူတူေနမွာေပါ့ေနာ္"
သြားေလးေတြစိကာရယ္ၿပီးေမးလာေသာ ထိုေမးခြန္းကိုေတာ့ ေစာလြန္းဘယ္လိုျပန္ေျဖရမလဲမသိေတာ့ေပ။ကေလးေတြနဲ႕အၿမဲအတူေနမယ္ဆိုတည္းက ကေလးေတြအေဖနဲ႕တူတူေနရေတာ့မွာဆိုေပမဲ့ နန္းၾကာကိုေပးဖို႔သင့္ေတာ္သည့္အေျဖကလည္းစဥ္းစားရခက္ေနသည္။
က်န္ကေလးေတြကသူတို႔အာ႐ုံႏွင့္သူတို႔ေဆာ့ကစားေနၾကတာေၾကာင့္ နန္းၾကာႏွင့္သူ၏စကားသံေတြကိုေတာ့ သတိမထားမိၾကပါ။
"ဦးႀကီးနဲ႕မေနခ်င္ဘူးလားဟင္ ဦးႀကီးကသနားဖို႔ေကာင္းပါတယ္ ဦးဦးျပန္သြားတုန္းကနန္းၾကာကိုဖက္ၿပီးငိုေနတာ"
နန္းၾကာေလး၏စကားေၾကာင့္ ေစာလြန္းဆြံ႕အသြားရသည္။မ်က္ႏွာေလးမဲ့က်ကာေျပာေနသည့္ကေလးက ေစာလြန္းပါးေပၚကသူ႕လက္ေလးေတြကိုလည္းဖယ္ခြာသြားေတာ့သည္။သေဘာကသူ႕ဦးႀကီးကိုမသနားလို႔စိတ္ဆိုးသည္ေပါ့။
ဘယ္လိုေျပာျပရပါ့ကေလးငယ္ရယ္။ အေျခအေနေတြကရႈပ္ေထြးတာေၾကာင့္ ေစာလြန္းလည္းဘာေျပာရမွန္းမသိေတာ့။သူ႕လိုလူကဘယ္ေလာက္ေတာင္ၿပိဳလဲေနခဲ့လို႔သုံးႏွစ္ေက်ာ္အ႐ြယ္ကေလးတစ္ေယာက္ကိုဖက္ၿပီးငိုရတာတဲ့လဲ။ျမင္ေယာင္ၾကည့္ေတာ့ ရင္ဘတ္ထဲေအာင့္သက္သက္ႏွင့္ေနာင္တေတြကလည္းတစ္သီတစ္တန္း။
ဒါေပမဲ့...စိတ္ခ်ပါဓားျပႀကီး။ခင္ဗ်ားကိုငိုဖို႔ခြင့္ျပဳေတာ့မွာမဟုတ္သလို ကြၽန္ေတာ္ကလည္းခင္ဗ်ားအနားကေန ဘယ္ေတာ့မွမထြက္သြားေတာ့ဘူး။
ထို႔ေနာက္ တိက်ခိဳင္မာသည့္အေျဖတစ္ခုအား မ်က္စိေရွ႕က ကေလးမေလးကိုေပးမိသည္။ဒီတစ္ခါေတာ့ ကေလးစိတ္ခ်မ္းသာေအာင္ေျပာတာမဟုတ္ဘဲ ေစာလြန္းႏွလုံးသား၏အေျဖတစ္ခုပင္ျဖစ္သည္။
"ဦးကနားၾကာရဲ႕ဦးႀကီးနဲ႕ပဲ ထာဝရေနသြားေတာ့မွာ နန္းၾကာရဲ႕"
ထာဝရ...ခြဲခြာျခင္းမရွိစြာတြယ္ကပ္ေနပါေတာ့မည္။
<<<<<<
>>>>>>
"ဒီလိုဆိုေတာ့လည္း ဟိုေကာင္ေလးကဘယ္ဆိုးလို႔လဲေနာ္ဆရာ"
ကေလးေတြဝိုင္းဘက္မွျပန္လာသည့္ဆရာကို မာနေျပာလိုက္ေတာ့ေက်နပ္ၿပဳံးႀကီးၿပဳံးေနျပန္သည့္ဆရာ။မသိလွ်င္ကိုယ့္အိမ္သူကခ်ီးက်ဴးခံလိုက္ရလို႔ ပီတိျဖာေနသည့္အိမ္ေထာင္ဦးစီး၏မ်က္ႏွာထားမ်ိဳး။ဒါေပမဲ့ ဆရာ့ေကာင္ေလးကအိမ္သူမွမဟုတ္တာေလ ေယာကၤ်ားေလးမဟုတ္ေပလား။
"အင္း သူကအခ်ိဳးမေျပေပမဲ့...."
ဒိုင္းခနဲေရာက္လာသည့္ဆရာ့၏မ်က္ေစာင္းေၾကာင့္ ဆက္ေျပာမည့္စကားေတြကိုအာဂမ်ိဳခ်လိဳက္ရသည္။အစိမ္းလိုက္ဝါးစားေတာ့မလိုစိုက္ၾကည့္ေနတာမ်ား ၾကက္သီးပါထလာသည္။
ဆရာကဒီေလာက္ေတာင္ပဲလား စကားအရာနဲ႕ေတာင္အထိအပါးမခံနိုင္ဘူးဆိုတဲ့သေဘာေပါ့ေလ။
"စိတ္ထားေလးေတာ့ေကာင္းပါတယ္ ေနာ္ဆရာ"
သြားစိကာမ်က္ႏွာခ်ိဳေသြးၿပီးေက်နပ္ေလာက္မည့္စကားႏွင့္ျပန္ေျဖရေတာ့သည္။မဟုတ္လွ်င္ဆရာ့လက္ခ်က္ေၾကာင့္ အေလာင္းေတာင္ရွာမရျဖစ္မွာဧကန္။
"ဒါနဲ႕ ဆရာ"
အာဂေဘးဘီကိုတစ္ခ်က္ၾကည့္လိုက္ရင္း ေသာ္ကမရွိဘူးဆိုမွ...
"ဦးသိုက္ခမ္းကိစၥဘယ့္ႏွယ္လုပ္ၾကမလဲ"
အာဂ၏ေမးခြန္းကိုရာဇနားလည္ပါသည္။သူတို႔ဆရာတပည့္ေတြဓားျပလုပ္လာသည့္တစ္ေလွ်ာက္ ဒါဟာပထမဆုံးလူသတ္မႈပင္။အၿမဲစည္းျဖင့္ေနခဲ့သည့္ရာဇေၾကာင့္ တပည့္ျဖစ္သူေတြကလည္းကိုယ့္နည္းတူပင္။သို႔ေပသိ သတ္ၿပီးမွေတာ့ဘယ္တတ္နိုင္ပါ့မလဲ။ေသတဲ့သူကေသသြားေခ်ၿပီ။မတရားသတ္တာမဟုတ္ရင္ၿပီးတာပါပဲ။
"ဒီကိစၥနဲ႕ပတ္သတ္ၿပီးမင္းတို႔ေသာ္ကကိုသြားမေမးၾကနဲ႕ ငါပဲေျဖရွင္းမယ္"
"ဟုတ္ကဲ့ပါဆရာ အခုရက္ပိုင္းေသာ္ကလည္းၿငိမ္က်သြားတယ္"
မာန၏အေျပာကိုေခါင္းညိတ္ျပ႐ုံသာတုန့္ျပန္လိုက္သည္။
တပည့္သုံးေယာက္မွာေသာ္ကကအတည္ၿငိမ္ဆုံးႏွင့္အလိုက္အသိဆုံးျဖစ္သည့္အျပင္ သေဘာထားအႀကီးဆုံးလို႔လည္းေျပာလို႔ရသည္။လူသတ္ဖို႔မဆိုေလႏွင့္ တိရစ္ဆာန္ေတြေတာင္သတ္ဖူးတာမဟုတ္။ရာဇကိုကာကြယ္ရင္းသတ္မိသြားတယ္ဆိုရင္ေတာင္ ေသာ္ကအရမ္းေအးေဆးေနသည္လို႔ထင္မိသည္။ဒါမွမဟုတ္...ဒါကရာဇအထင္ပဲလား။ခံစားခ်က္ေတြကိုဖုံးကြယ္ထားတတ္သည့္ ေသာ္က၏စိတ္ကိုရာဇေတာင္မခန့္မွန္းနိုင္ေပ။
"ခနေန ေန႕လည္စာစားခ်ိန္ေရာက္ၿပီ သက္လယ္အတြက္ေသခ်ာျပင္ဆင္ထားလိုက္ၾက"
"ဒါေပါ့ဒါေပါ့ ျပင္ဆင္ထားရမွာေပါ့ ဆရာကေတာ္ပဲဟာ"
အကဲပိုလြန္းသည့္ဆရာ့ကိုအာဂတမင္႐ႊဲ႕ေျပာလိုက္တာျဖစ္သည္။အရင္လိုမၾကည္ၾကည့္ျဖက့္ၾကည့္ခံရမည္ထင္ထားေသာ္လည္း မထင္မွတ္ထားစြာျပန္ရလိုက္သည့္တုန့္ျပန္မႈကအာဂသာမက မာနကိုပါဆြံ႕အသြားေစသည္။
"ဆရာကေတာ္...အဟက္ မင္းေတာ္တယ္အာဂ သူကငါ့ခင္ပြန္း မင္းတို႔ရဲ႕ဆရာကေတာ္ျဖစ္လာမွာ"
သြားေတြေပၚသည္အထိၿပဳံးကာ ထိုစကားကိုေျပာၿပီး အာဂပုခုံးကိုလည္းပုတ္သြားေသးသည့္ဆရာ။က်န္ေနခဲ့သည့္တပည့္ႏွစ္ေယာက္မွာေတာ့ပါးစပ္အေဟာင္းသားပင္။
တကယ္ပါ...တစ္သက္နဲ႕တစ္ကိုယ္ဆရာခ်ီးက်ဴးတာကိုပထမဆုံးခံရဖူးတာပဲ။ေက်ာျပဳတ္မတတ္ကုန္းပိုးခဲ့တုန္းကေတာင္မေျပာခဲ့ေပမဲ့ အခုေတာ့ဆရာကေတာ္မ်က္ႏွာနဲ႕ေတာ္တယ္တဲ့လား။ေတာ္ေတာ္တရားက်ပါေပ့ဆရာသမားရယ္။
ထို႔ေနာက္ သူတို႔ႏွစ္ေယာက္လုံးစိတ္ထဲမွာေတာ့ ဆရာ့အားလုံးဝေဆးမမွီေတာ့ဟုသာ သတ္မွတ္လိုက္ၾကေတာ့သည္။
.
.
"ဓားျပႀကီးေရ"
"ဗ်ာ ဗ်"
အျပင္ဘက္ကသက္လယ္၏အသံေၾကာင့္ရာဇတဲအတြင္းမွအသံလွမ္းေပးလိုက္သည္။ထို႔ေနာက္ တစ္ဆက္တည္းမွာပင္ တဲေပၚတတ္လာသည့္ေျခသံၾကားရၿပီး သက္ျပင္းခ်လိဳက္သံလည္းၾကားလိုက္ရသည္။
ေသာက္ေရအိုးထဲကေရတစ္ခြက္ခပ္လိုက္ကာ သက္လယ္ကိုေပးလိုက္ေတာ့ ေက်းဇူးပါဟုဆိုကာ အၿပဳံးေလးႏွင့္ယူလာသူ။
"အရမ္းေမာေနလား သက္လယ္"
"စာသင္ရတာကမေမာပါဘူး လမ္းေလွ်ာက္ရတာပဲ"
"ေညာင္းေနတာလား က်ဳပ္ႏွိပ္ေပးရမလား"
"အဲ မလုပ္နဲ႕ မလုပ္နဲ႕"
ေျခေထာက္ဆီလက္လွမ္းေနသူကိုေစာလြန္းအျမန္တားလိုက္ရသည္။
"ခင္ဗ်ားကကြၽန္ေတာ့္ထက္အသက္ႀကီးတယ္ေလ ဒီလိုလုပ္ေပးလို႔ဘယ္ျဖစ္မလဲ"
တကယ္ေတာ့ ေစာလြန္းေျခေထာက္ေတြကိုက္ခဲေနတာအမွန္ပါ။မနက္ကေအးစိမ့္မႈေၾကာင့္ေရာ လမ္းေလွ်ာက္လိုက္တာပါေပါင္းၿပီးပိုကိုက္ခဲလာဟန္ရွိသည္။သို႔ေသာ္...ဓားျပႀကီးႏွိပ္ေပးဖို႔ေတာ့မသင့္ေတာ္ဘူးမဟုတ္လား။
"ေၾသာ္ သက္လယ္ႏွယ္...သင့္ေတာ္၏မသင့္ေတာ္၏ကက်ဳပ္ဆုံးျဖတ္မယ္ ဒီမယ္ က်ဳပ္ေျပာျပတာနားေထာင္"
ဘယ္လိုစကားလုံးလွလွေလးေတြႏွင့္ ထပ္ၿပီးခ်ည္ႏွောင္ဦးမလဲစိတ္ဝင္စားတာေၾကာင့္ ေစာလြန္းအာ႐ုံစိုက္နားေထာင္ေနလိုက္သည္။
"ခ်စ္ရသူကိုသာဆိုရင္ေလ ေျခေထာက္ကိုင္တာမေျပာနဲ႕ ဒူးေထာက္ခစားဖို႔ေတာင္က်ဳပ္ကဝန္မေလးဘူးဗ်ာ"
"အဲေလာက္ေတာင္ပဲလား"
"အဲထက္ေတာင္ပိုခ်င္ေသး သက္လယ္စိတ္ရႈပ္မႈစိုးလို႔သာ"
"ေတာ္ပါ ခင္ဗ်ားစကားတတ္တိုင္းေလွ်ာက္ေလွ်ာက္ေျပာမေနနဲ႕"
"အလိုဗ်ာ...ေလွ်ာက္ေျပာတယ္ပဲရွိရေသး မယုံရင္က်ဳပ္ရင္ခြင္ထဲလာ"
မဆီမဆိုင္စကားေၾကာင့္ေစာလြန္းမ်က္ခုံးပင့္သြားရသည္။ဒီလူႀကီးဘာေတြႀကံသည္ေနသလဲဆိုသည့္အၾကည့္ႏွင့္ၾကည့္ေပးလိုက္ၿပီး
"ဘာဆိုင္လို႔တုန္း"
"ေၾသာ္ ရင္ခုန္သံေတြနားေထာင္ခိုင္းမလို႔ပါဗ်ာ ဒုတ္ဒုတ္ဒုတ္မျမည္ဘဲ သက္လယ္သက္လယ္သက္လယ္လို႔ျမည္ေနမွာ"
စကားတတ္လြန္းသည့္ဓားျပႀကီးကိုေနာက္ဆုံးေတာ့ကိုယ္ကအရႈံးေပးရတာပင္။သေဘာတက်ၿပဳံးလိုက္ၿပီး လက္ထဲကေသာက္ေရခြက္အလြတ္ေလးကိုျပန္ေပးလိုက္ကာ
"ေက်းဇူးပါ ေရေလးကေအးေနတာပဲ"
"က်ဳပ္ေမတၱာေတြကပိုေအးတာပါ သက္လယ္ရယ္"
"ဟုတ္ပါၿပီတဲ့ဗ်ာ"
'ေအးျမတဲ့ေမတၱာေလးအတြက္လည္းေက်းဇူးပါေနာ္'ဆိုသည့္စကားကိုေတာ့ ေစာလြန္းစိတ္ထဲကေနသာေျပာလိုက္သည္။ေပးအပ္လာသမွ်ေမတၱာေတြကိုအကုန္လက္ခံရရွိေၾကာင္း ျပန္ေျပာျပေနဖို႔မလိုအပ္ပါ။အလိုလိုခံစားတတ္ရင္ၿပီးတာပဲမဟုတ္လား။
ထို႔ေနာက္မွ ေက်နပ္သြားသလို ၿပဳံးၿပဳံးႀကီးေခါင္းညိတ္ျပလာသည့္လူႀကီး။
"သက္လယ္ ဗိုက္ဆာေနၿပီလား"
"ဟုတ္ နည္းနည္း"
"က်ဳပ္အကုန္စီစဥ္ခိုင္းထားၿပီးၿပီ လာ ထမင္းသြားစားစို႔"
အေမာလည္းေျပၿပီျဖစ္တာေၾကာင့္ ႏွစ္ဦးသားလုံးထမင္းစားမည့္ေနရာဆီသို႔....
.
.
"ဒါကဝက္သနီခ်က္ေလး သက္လယ္"
အေျပာနဲ႕အတူေစာလြန္းပန္းကန္ထဲသို႔ေရာက္လာေသာသုံးထပ္သားတစ္တုံး။ေဘးကဓားျပႀကီးတပည့္ေတြကထမင္းစိေလးေတြကိုတစ္စိခ်င္းစားရင္း မ်က္ႏွာငယ္ေလးေတြႏွင့္လွမ္းၾကည့္ေနၾကသည္။သူတို႔ပန္းကန္ထဲမွာ ဟင္းကနတၱိမဟုတ္လား။
"ေက်းဇူး"
ဓားျပႀကီးေတာ့မသိ ေစာလြန္းကေတာ့အေတာ္ေလးကိုေနရခက္ေနပါၿပီ။သူ႕တပည့္သုံးေယာက္ေရွ႕မွာဘယ္လိုမ်က္ႏွာျပရမလဲေတာင္မသိေတာ့သည္အထိပင္။သို႔ေသာ္လည္း ေမွ်ာ္လင့္တႀကီးၾကည့္ေနသူေၾကာင့္ ထည့္ေပးထားသည့္ဝက္သားတုံးႏွင့္ထမင္းတစ္လုတ္ကိုေလြးရေတာ့သည္။
"စားလို႔ေကာင္းသားပဲ"
တကယ္ကိုဝက္သားေလးကလည္းႏူးညံ့ၿပီး အရသာကလည္းကြက္တိပင္။ပဲငံျပာရည္ကလည္းအရမ္းမမ်ားတာေၾကာင့္တအားႀကီးလည္းခ်ိဳမေနတာေၾကာင့္ ေစာလြန္းအခုလိုမွတ္ခ်က္ေပးျခင္းျဖစ္သည္။
"ဒါေပါ့ သက္လယ္ကိုစားေစခ်င္လို႔က်ဳပ္စီစဥ္ခိုင္းထားတာ"
ထိုစကားအဆုံးမွာေတာ့ ပင္ပင္ပန္းပန္းဝက္ေပၚထားရသည့္အာဂႏွင့္ ထင္းမီးဖိုေရွ႕မ်က္ႏွာမဲတူးသည္အထိဟင္းခ်က္ထားရသည့္မာန မစားရေသးသည့္ထမင္းနင္မလိုေတာင္ျဖစ္သြားရသည္။ထို႔ေနာက္ ႏွစ္ေယာက္လုံး၏အၾကည့္သည္ဗိုလ္ရာဇဆီသို႔ဒိုင္းခနဲပင္။သူတို႔ဆရာမ်က္ႏွာေကာင္းယူခ်က္ကေတာ့လက္ေရာေျခပါလန္ပါသည္။
"ေသာ္ကတို႔လည္းထည့္စားေလ အာဂနဲ႕မာနေရာ"
"အင္း ထည့္စားေလမင္းတို႔ ဘာကိုေစာင့္ေနရသလဲ"
ဆရာရယ္...လို႔ပဲသူတို႔စိတ္ထဲကေနေျပာနိုင္ေတာ့တယ္။ဟင္းခြက္ေတြအကုန္လုံးကိုသူ႕ေကာင္ေလးေရွ႕ခ်ထားမွေတာ့ ကိုယ္ေတြကဘယ္ဟင္းသြားႏွိက္ရေတာ့မွာလဲ။မ်က္ႏွာငယ္ေလးနဲ႕ထမင္းစိေလးေတြကိုက္ေနရတဲ့တပည့္ေတြကိုအာ႐ုံထဲမရွိဘဲ သူ႕ဟာေလးကိုဂ႐ုစိုက္ေနၿပီးေတာ့မ်ား။
"ေရာ့ ေရာ့ စား"
ကိုယ့္ေရွ႕စုပုံၿပီးေရာက္ေနသည့္ဟင္းပန္းကန္ေတြကိုအလယ္ကိုျပန္ပို႔လိုက္ၿပီး သုံးေယာက္လုံးကို ေစာလြန္းဟင္းထည့္ေပးလိုက္သည္။ေစာလြန္း၏ပုံစံမွာညီငယ္ေလးေတြကိုဂ႐ုစိုက္ေနသည့္အကိုႀကီးလိုပင္။
မိသားစုမ်ားမဟုတ္သည့္တိုင္ မိသားစုထမင္းဝိုင္းေလးကဲ့သို႔ ႏြေးေထြးကာစားၿမိန္လွသည့္ထိုထမင္းတစ္ႏွပ္ကို ထိုေန႕ကဓားျပႀကီးေက်းဇူးျဖင့္ေစာလြန္းစားခဲ့ရသည္။
<<<<<<
>>>>>>
"ဓားျပႀကီးေရ"
"ဗ်ာ"
"ဒီမယ္လာၾကည့္လွည့္ပါဦး"
တဲအေရွ႕ရွိခရမ္းသီးစိုက္ခင္းေနရာနားကေနေအာ္ေနသည့္သက္လယ္ေၾကာင့္ ရာဇထရံကိုကပ္တြယ္ေပါက္ေရာက္ေနသည့္ခ်ဳံႏြယ္တခ်ိဳ႕ကိုရွင္းေနရာမွ အသံလာရာဆီအျမန္လာခဲ့ရေတာ့သည္။ခ်စ္ရသူကိုေစာင့္ဆိုင္းရတာမ်ိဳးမျဖစ္ေစခ်င္ပါ။
"လာပါၿပီ ဘာလို႔တုန္းသက္လယ္"
"ကြၽန္ေတာ္တို႔ႏွစ္ေယာက္စိုက္ထားတဲ့ခရမ္းသီးပင္ကအပြင့္ေတြပြင့္လာၿပီဗ်"
ရာဇၾကည့္လိုက္ေတာ့တကယ္ပင္အျဖဴေရာင္ပန္းပြင့္ေလးေတြကိုေတြ႕လိုက္ရသည္။
"ဒါဆိုအသီးသီးေတာ့မွာလား"
"ဒါေပါ့ အဲအပြင့္ေႂကြၿပီးတာနဲ႕အသီးသီးၿပီ"
မတိုင္ပင္ပါဘဲ ႏွစ္ေယာက္ၿပိဳင္တူၿပဳံးမိၾကသည္။အပင္ေလးကသုံးပင္တည္းျဖစ္ေသာ္လည္း ႏွစ္ပင္သာအပြင့္ပြင့္တာျဖစ္ၿပီးက်န္တစ္ပင္ကေတာ့မပြင့္ေသးေပ။အပင္ပုၿပီးမၾကာခင္အသီးသီးေတာ့မွာျဖစ္ေပမဲ့ ဓာတုပစၥည္းေတြေတာ့သုံးထားျခင္းလည္းမရွိ။
"က်ဳပ္ေတာ့ျဖင့္ပီတိေတြေဝလိုက္တာ သက္လယ္နဲ႕ႏွစ္ေယာက္တူတူစိုက္ခဲ့တဲ့အပင္ကအသီးအပြင့္ေတြေဝဆာေတာ့မွာ"
တစ္ခ်ိန္ကေစာလြန္း ဖြားနန္းတို႔အိမ္မွာခရမ္းသီးပင္စိုက္ေနတုန္း ဓားျပႀကီး..အင္း ကိုကိုလို႔ဆိုရမလား။ကိုကိုလာေခၚၿပီးလက္ပံပင္ႀကီးေအာက္မွာႏႈတ္ဆက္စကားဆိုခဲ့တာကိုအမွတ္ရမိသည္။ထိုေန႕ကေစာလြန္းအတြက္ဝမ္းနည္းဖြယ္အေကာင္းဆုံးေန႕ေတြထဲကတစ္ေန႕ျဖစ္ခဲ့သည္မလား။သို႔ပါေသာ္လည္း...အတိတ္မွာဘာျဖစ္ခဲ့ျဖစ္ခဲ့အေရးမႀကီးေတာ့ပါေလ။
ပစၥဳပၸန္နဲ႕အနာဂတ္မွာဓားျပႀကီးတစ္ျဖစ္လည္းကိုကိုက ေစာလြန္းအနားအတူရွိေနဖို႔သာအေရးႀကီးပါသည္။
ထို႔ေနာက္ ေစာလြန္းတစ္စုံတစ္ခုကိုသတိရသြားကာ
"ဓားျပႀကီး မာနကေျပာတယ္ ဒီေတာနဲ႕နီးတဲ့႐ြာတစ္႐ြာမွာ ဘုရားပြဲရွိတယ္တဲ့ အဲတာ.."
စကားကိုလမ္းတစ္ဝက္မွာတင္ရပ္ၿပီးကိုယ့္ကိုမရဲတရဲၾကည့္လာသည့္ေကာင္ေလးေၾကာင့္ရာဇၿပဳံးလိုက္သည္။လုပ္ေနသည့္ပုံစံေလးကိုကဖ်စ္ညစ္ပစ္ခ်င္စရာ။
"သက္လယ္သြားခ်င္လို႔လား"
"ဟုတ္ဟုတ္ လိုက္ပို႔ေပးမယ္မဟုတ္လားဟင္"
"ဒါေပါ့ဗ်ာ သက္လယ္စိတ္ခ်မ္းသာရင္ၿပီးေရာ"
"ဟီး ေက်းဇူးပါ"
လိုခ်င္တာရသြားေတာ့သြားေလးၿဖဲၿပီးအားရပါးရၿပဳံးျပလာသည့္သိုးေပါက္။မ်က္လုံးေလးေတြပါမွိတ္က်သည္အထိၿပဳံးရယ္ေနတာေၾကာင့္ ကေလးတစ္ေယာက္လိုျဖဴျဖဴစင္စင္ကိုခ်စ္ဖို႔ေကာင္းေနေတာ့တာျဖစ္သည္။
ကမၻာႀကီးရပ္တန့္သြားသလို ရာဇ၏ကမၻာမွာသက္လယ္တစ္ေယာက္တည္းသာရွိေတာ့သလို မ်က္ေတာင္ခတ္ဖို႔ေတာင္ေမ့ေလ်ာ့သည္အထိ ထိုအၿပဳံးေလးကဆြဲေဆာင္လြန္းလွသည္။
"သက္လယ္ သိလား"
"ဟင္ ဘာကို..."
"ျဖစ္နိုင္ရင္သက္လယ္ကိုပုဆိုးခါးပုံစထဲထည့္ဖြက္ထားလိုက္ခ်င္တယ္ဆိုတာ"
ဒီအလွတရားေလးကိုအျခားသူေတြျမင္မွာကိုစိုး႐ြံ႕စြာဖြက္ထားလိုက္ခ်င္သည္။အာခံတြင္းထဲငုံဖို႔ေတာ့မေတြးဝံ့ပါ မေတာ္တဆမ်ိဳခ်မိရင္ဘယ့္ႏွယ္လုပ္မတုန္း။အဲေတာ့ ထုတ္ၾကည့္ရလြယ္ကူတဲ့ပုဆိုးခါးပုံစံထဲသာထည့္ဖြက္ထားခ်င္မိျခင္း။
"ဘာ...ဘာေတြေျပာေနမွန္းလဲမသိဘူး ကြၽန္ေတာ္သြားၿပီ"
႐ုပ္တည္ႀကီးႏွင့္စိုက္ၾကည့္ၿပီးေျပာလိုက္တာေၾကာင့္ ရွက္သြားသည့္ေကာင္ေလးသည္မ်က္ႏွာႀကီးနီရဲကာ အထစ္ထစ္အေငါ့ေငါ့စကားတခ်ိဳ႕ကိုလည္းေျပာလာသည္။ထို႔ေနာက္ လက္မွာေပေနသည့္ေျမႀကီးေတြကို ခါခ်ကာတဲထဲသို႔ေျပးတတ္သြားေတာ့၏။
"ရွက္သြားတာလား"
"သက္လယ္! သက္လယ္!!"
လွမ္းေအာ္ကာစေနာက္ေနေသာ္လည္း တဲထဲကေကာင္ေလးကေတာ့တိတ္ဆိတ္မႈျဖင့္သာျပန္လည္တုန့္ျပန္သည္။
အဟက္! ရွက္သြားတာေလးကခ်စ္စရာေလး...
ဥယ်ာဥ္မႉးငယ္...ကျွန်ုပ်နှလုံးသားသည် သင္ကိုယ္တိုင္ေရေလာင္းေပါင္းသင္မွသာရွင္သန္နိုင္မွာျဖစ္ေၾကာင္း သင့္ကိုသိေစခ်င္သည္။
<<<<<<
>>>>>>
ေရနံဆီသုတ္လိမ္းထားသည့္အိမ္ႀကီးတစ္ခု၏ကုတင္ေပၚတြင္ ဟီရိုမာဆာတစ္ေယာက္ေက်နပ္သည့္အၿပဳံးတစ္ခုျဖင့္အေမာေျဖေနသည္။ခႏၶာကိုယ္အေပၚပိုင္းမွာလည္းေခြၽးစတခ်ိဳ႕ကပ္ေနတာေၾကာင့္ လြန္ခဲ့သည့္မိနစ္ပိုင္းကဘာျဖစ္ထားၾကသလဲဆိုတာေတြးၾကည့္႐ုံႏွင့္သိနိုင္ပါ၏။
"သြားေတာ့"
ေဘးမွာတရႈံ႕ရႈံ႕ငိုေနသည့္ေကာင္မေလးသည္ ထိုအခါမွာ မ်က္ရည္တို႔ကိုဖိသုတ္ရင္းေျပးထြက္သြားရွာသည္။အားႏႊဲ႕သည့္မိန္းမသားေလးဟာ သူ႕အားတစ္ခြန္းပင္အျပစ္မတင္သြားခဲ့ပါ။ဘယ္တင္ပါ့မလဲေလ သူ႕ကိုအာခံရဲသူကဒီ႐ြာမွာနတၱိမဟုတ္ေပလား။
ထိုမိန္းကေလးဘယ္သူမွန္းေတာင္သူအတိအက်မသိပါ။အမွန္တိုင္းေျပာရလွ်င္ ေဒါင္းလုံ႐ြာကမိန္းကေလးဘယ္ႏွစ္ေယာက္ေလာက္ သူ႕ေၾကာင့္အပ်ိဳရည္ပ်က္ၿပီးၿပီလဲဆိုတာေတာင္မမွတ္မိေတာ့။
ခဏၾကာေတာ့ အိပ္ခန္းထဲသို႔ယုံၾကည္ရသည့္ လက္ေအာက္ငယ္သားတစ္ေယာက္ဝင္လာသည္။လက္ေအာက္ငယ္သားဆိုေသာ္လည္း ျမန္မာနိုင္ငံသားဂ်ပန္လက္ပါးေစေတြသာျဖစ္ပါသည္။ဦးႏွောက္ခ်ိဳ႕တဲ့သည့္ေကာင္ေတြက သူေပးေသာမက္လုံးတို႔ေၾကာင့္ ကိုယ့္႐ြာကိုယ္ျပန္သစၥာေဖာက္သည္တဲ့ေလ။
"မာစတာ ေတာစပ္ကဇရပ္နားမွာအေလာင္းတစ္ေလာင္းေတြ႕ပါတယ္"
လက္ေအာက္ငယ္သား၏စကားေၾကာင့္ဟီရိုမာဆာစိတ္ညစ္စြာက်စ္ခနဲစုတ္သတ္မိသည္။ငါအလုပ္ပိုေတြလုပ္ရေအာင္ ဘယ္သူကလူမသိသူမသိေသေနရသလဲ။
"ဘယ္သူလဲ ေသတဲ့သူက"
"ဓားျပသိုက္ခမ္းလို႔ေျပာပါတယ္ ၿပီးေတာ့..."
လက္ေအာက္ငယ္သားေလးက ဟီရို႔နားအနားကပ္ကာတီးတိုးလာေျပာသည္။စကားလုံးတခ်ိဳ႕ကိုနားေထာင္အၿပီးမွာေတာ့ သူမ်က္ခုံးပင့္သြားရသည္။ထို႔ေနာက္...မဲ့ၿပဳံးတစ္ခုၿပဳံး၍
"သတင္းေပးကတိက်တာေသခ်ာလား"
"ေသခ်ာပါတယ္ မာစတာ"
"ေကာင္းၿပီ အဲလူကိုငါ့ဆီေခၚခဲ့"
"ဟုတ္"
အဟက္!အခန္းထဲမွာတစ္ေယာက္တည္းက်န္ခဲ့သည့္အခ်ိန္မွ ဟီရိုမာဆာေက်နပ္အားရစြာၿပဳံးလိုက္သည္။
<<<<<<
>>>>>>
A/N-တစ္ခုေလာက္ေျပာခ်င္ပါတယ္။ဗိုလ္ရာဇႏွင့္သူ၏ခ်စ္သက္လယ္ကဘယ္1900s retro vibeနဲ႕မွမတူေအာင္ခ်ီမနည္းႀကိဳးစားဖန္တီးထားတာပါ။ဒါေပမယ့္ plotတူတာမ်ိဳး dialogueေတြသြားတူေနခဲ့တာမ်ိဳးေတြ ရွိခဲ့ရင္အခ်ိန္မေ႐ြးလာေျပာေပးပါေနာ္။
အဲ့လိုမေတာ္တဆသြားတူေနခဲ့တာမ်ိဳးရွိရင္အခ်ိန္မလြန္ခင္သတိေပးမွခ်ီျပန္ျပင္ဆင္လို႔ရမွာမို႔ပါ><
ေဆးပန္းခ်ီ🌸
၄.၂.၂၀၂၂💜