ရည်းစားဟောင်းက ငါ့ကိုမျက်စိကျ...

By Kiyoiko__

2.1M 322K 20.9K

Title - 又被前男友盯上了(Be watched by my Ex again) Author - 橘猫哥哥(Ju Mao Gege) Status - 183 chapters + 36 extras I do... More

Please take a look!
Summary
All about Ju Mao Gege
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
💌
33
34
35
36
37
38
Special Episode I
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
🤍
57
58
59
60
61
62
63
64
65
66
67
68
69
70
Special Episode II
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
Hello

106

10.2K 1.6K 169
By Kiyoiko__

{Unicode}

"ခွေးတစ်ကောင်
စိတ်ဆိုးလို့ သေတော့မယ်"

ရန်ကျားလိတစ်ယောက် တစ်ညလုံး ကောင်းကောင်းမွန်မွန် အိပ်မပျော်နိုင်လုနီးပါး ဖြစ်နေခဲ့သည်။

မားကတ်တင်းအကောင့်မှ ပေါက်ကြားလာသော အတင်းအဖျင်း သတင်းများသည် သူ၏ တစ်ညတာ စိတ်အခြေအနေကို အနှောင့်အယှက် ပေးနေခဲ့သည်။

သူသည် ကုတင်ပေါ် လဲလျောင်းရင်း အိပ်သည်။ မျက်လုံးကြီးလည်း မှိတ်ထားသည်။ သို့သော် ထို Weibo သတင်းက သူ့ဦးနှောက်ထဲ တဝဲလည်လည် ဖြစ်နေသည်။

Weibo တွင် ရေးထားသော စာတိုနှင့် တင်ထားသည့် ဓာတ်ပုံနှစ်ပုံကလည်း ကြိုးဖုန်းနှင့် ရိုက်ယူထားသကဲ့သို့ ဝါးတူးနေလှသည်။ မည်သို့ပင်ဆိုစေကာမူ သူ့ဦးနှောက်ထဲ ကဂျိုးကဂျောင် ဖြစ်နေပြီး စိတ်အေးချမ်းသာမှုကို မပေးနိုင်ပေ။

ရန်ကျားလိသည် စိတ်တိုလွန်း၍ မျက်စိ ပြန်ဖွင့်လာပြီး ဖုန်းကိုယူကာ Weibo ကိုဖွင့်ပြီး  နောက်တစ်ခေါက် ထပ်ကြည့်သည်။

ဓာတ်ပုံထဲတွင် ယဲ့ထင်သည် ကားနံဘေးတွင် ရပ်နေပြီး ကားတံခါးကို ဖွင့်နေသည်။ အလင်းရောင်မှာ အတော်လေး မှိန်ဖျနေ၍ မျက်နှာထားကို သေချာ မတွေ့နိုင်ပေ။ ရှည်လျား ဖြောင့်စင်းသည့် ဆံနွယ်နှင့် မိန်းကလေးသည် ကားထဲမှ ထွက်လာဆဲဆဲဖြစ်သည်။ ပေါ်နေသည့် ခန္ဓာကိုယ် တစ်ဝက်ကို ကြည့်လိုက်လျှင် ကိုယ်ခန္ဓာ အချိုးအစားက မဆိုးလှဘဲ ဟန်အမူအရာသည်လည်း အလွန် ကျက်သရေရှိကာ "ဂုဏ်ထူးဂုဏ်ဒြပ် မြင့်မားသော မိသားစုမှ ကောင်းမွန်စွာ မွေးဖွားလာသော မိန်းမပျို" ဟူသော ဂုဏ်ပုဒ်နှင့် လိုက်လျောညီထွေ ရှိလှသည်။

Weibo အောက်တွင် တစ်လေသံတည်း ဖြစ်နေသော အင်တာနက် သုံးစွဲသူများ၏ မှတ်ချက်များသည် အတော်လေး တညီတညွတ်နှင့် ထိုနှစ်ယောက်သားအား လိုက်ဖက်ညီလှသော စံနမူနာပြ စုံတွဲအဖြစ် ခေါ်ဆိုသမုတ်နေကြသည်။ ထိုသို့မဟုတ်လျှင် နတ်ဘုရားမ ယီးကျယ်က နောက်ဆုံးတွင် ကောင်းကင်ဘုံမှ ချီးမြှင့်မြှောက်စားထားသည့် နတ်ဘုရားကို ရှာတွေ့သွားပြီဟူ၍ တအံ့တသြ ဖြစ်နေကြသည်။ ရံဖန်ရံခါ ထို Weibo သတင်းအား အစစ်အမှန် ဟုတ်မဟုတ် မေးခွန်းထုတ်နေသူများကတော့ ဟိုးအောက်ဆုံးသို့ ဖိချခံလိုက်ရသည်။

ရန်ကျားလိသည် ထိုသတင်းအား အစစ်အမှန် ဟုတ်မဟုတ် မေးမြန်းထားသည့် အကောင့်များကို ထိပ်ဆုံးသို့ ရောက်သွားအောင် တိတ်တိတ်ကလေး လိုက်ခ်ပေးလိုက်သည်။

ဖုန်းကို ချလိုက်ပြီးနောက် ရန်ကျားလိသည် နိုးလိုက်အိပ်လိုက်နှင့် တစ်ညလုံး လူးလိမ့်နေခဲ့သည်။

နောက်တစ်နေ့ နိုးလာချိန်တွင်တော့ မျက်လုံးထဲတွင် သွေးကြောနီများ စုရုံးနေတော့၏။

သူသည် မျက်စင်းဆေး နှစ်စက်ထည့်လိုက်ပြီး စိတ်ခံစားချက်များကို ပြန်လည်တည့်မတ်ကာ Ronghai အင်တာတိန်းမန့်သို့ ထွက်လာပြီး လတ်တလော အလုပ်ကိစ္စ အခြေအနေများကို အစီရင်ခံ တင်ပြရန် ကျောက်ရှန့်ဟိုင်ထံ သွားရောက်ခဲ့သည်။

ကျောက်ရှန့်ဟိုင်သည် အစည်းအဝေး ပြီးကာစဖြစ်ပြီး အစည်းအဝေးခန်းမှ ရုံးခန်းထဲ ပြန်လာချိန်တွင် စိတ်အခြေအနေမှာ လန်းဆန်း တက်ကြွနေသည်။

သူ့လက်ထဲတွင် ဖိုင်တွဲတစ်ခုကို ကိုင်ထားရင်း ရုံးစားပွဲ အနောက်သို့ လျှောက်သွားကာ တစ်ဖက်က ရန်ကျားလိအား မေးငေါ့ပြရင်း ကျီဆယ် စနောက်စွာနှင့် စကားဆိုသည်။

"ဒီတစ်ခေါက် အလုပ်အစီအရင်ခံလာတာ စောလှချည်လား။ မင်းနဲ့ကို မတူတော့ဘူး"

ရန်ကျားလိသည် မတ်တတ်ရပ်ကာ ခေါင်းကုတ်လိုက်ပြီး ဟီးဟီးဟု ရယ်ပြလိုက်သည်။

ကျောက်ရှန့်ဟိုင် ထိုင်ချလိုက်ပြီးနောက် လက်ယမ်းပြပြီး ရန်ကျားလိကိုလည်း ထိုင်ခိုင်းလိုက်ကာ အတွင်းရေးမှူးက သူ့အား ပေးထားသည့် စာရွက်စာတမ်းကို ဖွင့်ကြည့်သည်။

သူသည် စကားပြောချင်၍ ခေါင်းမော့လာသောအခါ စူးရှစွာနှင့် ရန်ကျားလိ မျက်လုံးထဲမှ သွေးကြောမျှင်များကို မြင်သွားကာ မျက်ခုံးပင့်လိုက်ပြီး

"မျက်လုံးထဲမှာ သွေးကြောတွေ ဒီလောက်တောင် များနေတာ၊ မနေ့ညက ကောင်းကောင်း မအိပ်ရဘူးလား"

ရန်ကျားလိသည် ကြောင်အမ်းသွားပြီး ကမန်းကတန်း နှစ်ချက်မျှ ပွတ်လိုက်သည်။

"မဟုတ်ပါဘူး။ လာတဲ့လမ်းမှာ လေတိုက်တော့ သဲတွေ ဝင်သွားလို့ပါ"

လက်ထောက်ဝမ် ကော်ဖီနှစ်ခွက် ယူလာပေးသောအခါ ကျောက်ရှန့်ဟိုင်သည် တစ်ခွက်ကို ယူလိုက်ပြီး ရှည်သွယ်သော ခြေထောက်နှစ်ချောင်းကို ထပ်ထိုင်လိုက်ရာ ချွန်ဖြောင့်နေသော သားရေဖိနပ်က အရှေ့ကို ညွှန်လျက် အနေအထား ဖြစ်သွားသည်။ တင်းမာနေသော အမူအရာသည်လည်း အနည်းငယ် ပေါ့ပါး အေးချမ်းလာသည်။ သူသည် ကော်ဖီတစ်ငုံ သောက်လိုက်ပြီး ကျီစားသလို ပြုံးလိုက်ကာ

"မနေ့ညက လွန်လွန်ကဲကဲ သတင်း​တွေကို သွားကြည့်လိုက်လို့တော့ မဟုတ်ဘူးမလား"

"မဟုတ်ဘူး၊ ကျွန်တော် မကြည့်ပါဘူး။ ကျွန်တော် ဖောလိုးတောင် မလုပ်ထားတော့ဘူး"

"ကိုယ်က ဘယ်သူ့ရဲ့ သတင်းလို့တောင် မပြောရသေးဘူးဟာ"

ကျောက်ရှန့်ဟိုင်၏ နှုတ်ခမ်းစွန်းက ကွေးတက်သွားသည်။

ရန်ကျားလိသည် ရှက်ရမ်းရမ်းသွားပြီး တစ်ခဏအတွင်း မျက်နှာကြီး နီရဲလာသည်။

သူသည် ပူလောင်နေသော နားရွက်ကို ဆွဲကိုင်လိုက်ပြီး အနည်းငယ် ပူပန်သောက ရောက်စွာနှင့်

"ဟိုင်ကော ခင်ဗျား....ကျွန်တော့်ကို မစပါနဲ့"

ကျောက်ရှန့်ဟိုင်သည် မထိန်းနိုင်တော့ဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကာ ခေါင်းယမ်းလိုက်ပြီး

"ထားပါတော့၊ မင်းကို လွှတ်ပေးလိုက်မယ်။ မင်းက ဒီနေ့ အလုပ်အကြောင်း အစီအရင်ခံဖို့ လာတာဆိုတော့၊ အဓိက အကြောင်းအရာကိုပဲ သွားကြတာပေါ့။ အခု လတ်တလော အခြေအနေနဲ့ လုပ်ငန်း အစီအစဥ်တွေ ကိုယ့်ကိုပြော"

ရန်ကျားလိသည် ကြိုတင် ပြင်ဆင်ထားသည့် စာဖိုင်ကို လက်နှစ်ဖက်နှင့် ကိုင်လိုက်ပြီး  ထူထူထပ်ထပ် စာလုံးများကို ကြည့်နေရင်း ရုတ်တရက် ဘယ်လိုမှ ဆက်ဖတ်လို့ မရတော့ပေ။

အတန်ကြာသော် ပခုံးနှစ်ဖက်က ရုတ်ခြည်း လျှောကျသွားပြီး မျက်လုံးနှစ်ဖက်မှာလည်း ညှိုးနွမ်း နုံးချိနေသည်။

သူသည် ကျောက်ရှန့်ဟိုင်၏ အပြုံးမျက်နှာကို ကြည့်လိုက်ရင်း လည်စလုပ်က လှုပ်ယမ်းသွားကာ သည်းမခံနိုင်တော့ဘဲ ဖိနှိပ်ထားသော လေသံနှင့် မေးသည်။

"....အဲ့ဒီ သတင်းက၊ တကယ်ပဲလား"

ကျောက်ရှန့်ဟိုင်က အပြုံးကို ချုပ်တည်းထားလိုက်ပြီး

"ဘာ သတင်းလဲ၊ ဘယ်သူ့ရဲ့ သတင်းလဲ။ မသိဘူးလေ၊ နားမလည်ဘူး'

ရန်ကျားလိသည် အနည်းငယ် စိုးရိမ် ပူပန်လာပြီး ကျောက်ရှန့်ဟိုင်၏ ရုံးခန်းတံခါးကို သွားပိတ်လိုက်သည်။ ပြီးနောက် ကျောက်ရှန့်ဟိုင်၏ သူဌေးထိုင်ခုံ အနောက်ကို လျှောက်သွားကာ ဟန်ဆောင်ပန်ဆောင်နှင့် ကျောက်ရှန့်ဟိုင်၏ ပခုံးကို နှိပ်ပေးလိုက်ပြီး စိတ်ဇောသန်စွာနှင့်

"ဟိုင်ကော၊ ဟိုင်​ကောဟိုင်ကောဟိုင်ကောဟိုင်ကော____"

"တော်ပါပြီ"

ကျောက်ရှန့်ဟိုင်သည် နာမည် အခေါ်ခံရ၍ မူးအီနေပြီး

"သိချင်ရင်၊ ကိုယ့်ဘာသာ သူ့ကို ဖုန်းဆက်မေးကြည့်ပေါ့။ သူကမင်းကို မပြောပြဘဲ နေနိုင်မှာမို့လို့လား"

"ကျွန်တော် မဆက်ဘူး။ သူနဲ့ ကျွန်တော်၊ ကျွန်တော်တို့....."

ကျောက်ရှန့်ဟိုင်သည် ခေါင်းယမ်းလိုက်ပြီး နောက်ဆုံးတွင်မှ ဖွင့်ဟ ပြောဆိုလာသည်။

"အမှန်အတိုင်း မင်းကိုပြောပြရရင် ကိုယ်လည်း မသိဘူး။ ဒီသတင်းက ထွက်လာတာ မြန်လွန်းလို့ ကိုယ်တောင် သတင်းအစအန ရခဲ့တာမဟုတ်ဘူး။ အခု ယဲ့ထင်နဲ့ ရှယီးကျယ်က လွဲရင် ကျန်တဲ့သူတွေ အားလုံးကတော့ အံ့အားသင့်နေကြမှာပဲ"

"ဒါပေမဲ့ သတိထားစရာ တစ်ခုတော့ ရှိတယ်"

ကျောက်ရှန့်ဟိုင်သည် ပြောနေရင်း လက်ချောင်းများက စတော့စျေးကွက် ကိုးကားချက်များကို ပြသနေသည့် တက်ဘလက်ကို ရန်ကျားလိဘက် လှည့်ပေးလိုက်ကာ

"အဲ့သတင်း ထွက်လာပြီးနောက်ပိုင်း စတော့စျေးကွက်ကို ဖွင့်လိုက်တာနဲ့ ထိုက်လိဇီဝ လက်အောက်က ကောင်းပေါင် ဆေးဝါးထုတ်လုပ်ရေး ရှယ်ယာတွေက တဟုန်ထိုး တက်လာတာ။ ဒါနဲ့ ကောင်းပေါင်ရဲ့ တရားဝင် ကိုယ်စားလှယ်က ရှယီးကျယ်လေ။ ကိုယ် မှတ်မိသလောက်တော့ ယဲ့ထင်ကလည်း ကောင်းပေါင်ရဲ့ အဓိက ရှယ်ယာရှင်တွေထဲက တစ်ယောက်ပဲ"

ရန်ကျားလိ၏ မျက်လုံးအိမ်က လှည့်ပတ်သွားပြီး ကြောင်အမ်းနေသည့်ကြားမှ တစ်စုံတစ်ခုကို ဖမ်းဆုပ်မိသွားသည့်အတိုင်း။

"ခင်ဗျား ပြောချင်တာ၊ ဒီသတင်းက....."

ကျောက်ရှန့်ဟိုင်က ပြုံးသွားပြီး ရွှေကွပ်မျက်မှန် အနောက်မှ စူးရှပြီး အမျှော်အမြင်ရှိသည့် မျက်ဝန်းတစ်စုံက အလင်းတောက်နေကာ

"စီးပွားရေး ပြိုင်ဆိုင်မှုတွေက အရှိန်အဟုန်နဲ့ ပြောင်းလဲနေတာ၊ ဒါပေမယ့် တချို့အရာတွေကိုတော့ အပေါ်ယံမှာ မြင်နေရသလောက် ရိုးရှင်းတယ်လို့ မထင်လိုက်နဲ့"

ရန်ကျားလိသည် အလုံးစုံ နားလည်သွားသည် မဟုတ်သော်လည်း ကိုယ်ကို မတ်လိုက်ကာ

"ကျေးဇူးပါ ဟိုင်ကော"

ကျောက်ရှန့်ဟိုင်က လက်ယမ်းပြလိုက်ပြီး ကော်ဖီ သောက်လိုက်ကာ

"အလုပ် အစီရင်ခံတော့၊ ကိုယ် ကိုးနာရီကျရင် အစည်းအဝေး ရှိသေးတယ်"

ရန်ကျားလိသည် လေးလံ နှေးဖင့် မနေတော့ဘဲ မြန်မြန်ဆန်ဆန် စာဖိုင်များကို ကောက်ကိုင်လိုက်သည်။

အစီရင်ခံခြင်းမှာ အဆုံးသတ်ခါနီး အချိန်တွင် ကျောက်ရှန့်ဟိုင် စားပွဲပေါ် ထားထားသည့် လက်ကိုင်ဖုန်းက တုန်ခါ မြည်တမ်းလာသည်။

ဖုန်းချသည်ကို နှိပ်လိုက်ရုံရှိသေး၊ မထင်မှတ်ဘဲ ဖုန်းက ပြန်လည် မြည်တမ်းလာပြီး လူကို စိတ်အနှောင့်အယှက် ဖြစ်စေလောက်အောင် တဘီးဘီးနှင့် တုန်ခါနေသည်။

ကျောက်ရှန့်ဟိုင်သည် နောက်တစ်ကြိမ် ဖုန်းချသည်ကို နှိပ်လိုက်ပြီး စက္ကန့်ပိုင်းပင် မကြာလိုက်ဘဲ ဖုန်းကဆက်လက် တုန်ခါလာသည်။ မကိုင်မချင်း ခေါင်းမာမာနှင့် ဆက်သွယ်နေဦးမည့်ပုံပင်။

ကျောက်ရှန့်ဟိုင်သည် မတတ်နိုင်တော့ဘဲ ရန်ကျားလိကို ခေါင်းညိတ်ပြလိုက်ကာ ဖုန်းကို လက်ခံလိုက်ရသည်။ လေသံမှာ အေးစက် တင်းမာနေပြီး

"ဘာဖြစ်ချင်နေတာလဲ"

ဖုန်းလိုင်းတစ်ဖက်မှ ရှောက်ယယ်သည် ကျောက်ရှန့်ဟိုင်၏ လေသံထဲမှ အေးစက် တည်ငြိမ်နေမှုကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။ ထို့ကြောင့် စကားပြောသောအခါ လေသံက သုန်မှုန်ပုံ ပေါက်နေသည်။

"ကျုပ်က ခင်ဗျားကို မေးချင်တာပါ။ ဒီည အလုပ်ဆင်းရင် အစီအစဥ် ရှိလားလို့၊ အစီအစဥ် မရှိရင် ကျုပ်တို့ အတူတူ ရုပ်ရှင်သွားကြည့်ကြမလား။ ကျုပ်တို့ ရုပ်ရှင် အတူတူ မကြည့်ကြတာ ကြာပြီနော်"

ကျောက်ရှန့်ဟိုင် : "မကြည့်ဘူး၊ မအားဘူး"

ရှောက်ယယ်သည် ဆွံ့အသွားပြီး အံကြိတ်လိုက်ကာ

"ဒါဆို ဒီပိတ်ရက် ကျုပ်တို့ ခရီးထွက်ကြရအောင်။ အရင်တစ်ခေါက်က ခင်ဗျား လဲ့လဲ့ကို ခေါ်ပြီး မိသားစုတွေ အတူတူ တောင်တက်ထွက်ချင်တယ်လို့ ကျုပ်ကို ပြောခဲ့တယ်လေ။ ကျုပ် တောင်တက်ဝတ်စုံနဲ့ တန်ဆာပလာတွေ ဝယ်ထားတယ်။ ခင်ဗျားအတွက်ရော၊ လဲ့လဲ့အတွက်ရော အကုန်ရှိတယ်။ ကျုပ်တို့ သွားလို့ရ....."

ကျောက်ရှန့်ဟိုင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး အနည်းငယ်သော အရှိန်အဟုန်နှင့်

"အရင်က မင်းကို ရုပ်ရှင်ကြည့်ဖို့ ချိန်းတော့ မင်းမလာဘဲ အနုပညာရှင်လေးကို သွားအဖော်ပြုပေးတယ်။ အရင်က မိသားစု ခရီးထွက်ဖို့ လိုက်ခိုင်းတုန်းကလည်း မင်းမအားဘူး။ အပြင်မှာ အပျော်အပါး လိုက်စားဖို့ ညစာစားပွဲ တစ်ပွဲပြီးတစ်ပွဲ တက်နေတယ်။ အခုငါတို့ လမ်းခွဲလိုက်ပြီ။ ကျေးဇူးပြုပြီး ငါ့ကို ထပ်လာခေါ်မနေနဲ့တော့။ ငါ အရမ်း အလုပ်များတယ်။ တော်တော်ကို အလုပ်များတယ်။ တခြား ကိစ္စ မရှိဘူးဆိုရင်၊ ချလိုက်တော့မယ်"

ရန်ကျားလိသည် ပါးစပ်ပိတ်ထားရင်း ထိန်းမထားနိုင်စွာနှင့် အသံထွက် ရယ်မိသည်။

ထိုရယ်သံအား တိုက်တိုက်ဆိုင်ဆိုင် ဖုန်းလိုင်း တစ်ဖက်မှ ရှောက်ယယ်တစ်ယောက် ကြားသွားလေ၏။

ရှောက်ယယ်၏ လေသံမှာ ချက်ချင်း ပြောင်းလဲသွားပြီး စိုးရိမ်နေသလို စိတ်မရှည်တော့သလိုနှင့်

"ခင်ဗျားရဲ့ ရုံးခန်းထဲမှာ တခြားလူ ရှိသေးတယ်? ဘယ်သူလဲ။ ခင်ဗျား ဘယ်အနုပညာရှင်လေးတွေနဲ့ တွေ့နေပြန်ပြီလဲ။ ခင်ဗျား တကယ်ပဲ___"

ရှောက်ယယ် စကားပြီးဆုံးအောင် ပြောသည်ကို မစောင့်ဘဲ ကျောက်ရှန့်ဟိုင်သည် ခံစားချက် ကင်းမဲ့စွာနှင့် ဖုန်းချသည်ကို နှိပ်လိုက်သည်။

ရှောက်ယယ်တစ်ယောက် ဖုန်းလိုင်းတစ်ဖက်တွင် အထိတ်တလန့် ဒေါသတကြီးနှင့် ဆောင့်ကြီးအောင့်ကြီး ဖြစ်နေမည့်ပုံကို ရန်ကျားလိသည်ပင် ပုံဖော်ကြည့်လို့ ရနိုင်နေသည်။

ကျောက်ရှန့်ဟိုင်သည် ဖုန်းကို တစ်ဖက်တွင် ချလိုက်ပြီး ရန်ကျားလိကို တစ်ချက် ကြည့်လိုက်ကာ

"ခုနက ဘာကို ရယ်နေတာလဲ။ မင်းရယ်လိုက်တာ ကိုယ်တောင် ထပ်အဟောင်ခံလိုက်ရတော့မလို့"

ရန်ကျားလိက ခေါင်းယမ်းလိုက်ပြီး ရယ်ချင်စိတ်ကို ထိန်းကာ

"ဘာမှ မဟုတ်ပါဘူး။ ကျွန်တော် မနေ့ညက ကြည့်ခဲ့တဲ့ ဗီဒီယိုကို ရုတ်တရက် စဥ်းစားမိသွားလို့ပါ။ ခင်ဗျားနဲ့ ဥက္ကဌရှောက်တို့နဲ့ တော်တော်လေး ဆင်တူတယ်လို့ တွေးမိသွားတာ"

ရန်ကျားလိသည် ဖုန်းကို ထုတ်လာပြီး ယမန်ညက ကြည့်ထားသော ဗီဒီယိုကို လှန်လှောရှာဖွေကာ ကျောက်ရှန့်ဟိုင်အား ပေးလိုက်သည်။

ကျောက်ရှန့်ဟိုင် ယူကြည့်လိုက်သောအခါ ဗီဒီယိုထဲတွင် ဗန်ကားတစ်စီးသည် အရှေ့တွင် မောင်းနှင်နေပြီး အနောက်တွင် ပြုတ်ကျကျန်ခဲ့သည့် ဟက်စကီးသည် အ​ပြေးလိုက်လာနေသည်။ ကားသည် အလွန်လျင်မြန်လွန်း၍ ဟက်စကီးသည် တစ်ဖက်တွင် အသည်းအသန် ပြေးလိုက်နေပြီး တစ်ဖက်တွင်လည်း ကားထဲမှလူ၏ သတိပြုမှုကို ရရှိအောင် စိတ်ပျက်လက်ပျက် ဝမ်းနည်းကြေကွဲစွာနှင့် ဝုတ်ဝုတ်ဟု အသံပြုနေသည်။

ကျောက်ရှန့်ဟိုင်သည် ဗီဒီယိုကို ကြည့်နေစဥ်အတွင်း မျက်နှာထားမှာ လေးနက်နေသည်။

ရန်ကျားလိထံ ဖုန်းပြန်ပေးပြီး တစ်ခဏလောက် တည်ကြည် လေးဆေးနေရာမှ ကျောက်ရှန့်ဟိုင်တစ်ယောက် ရုတ်တရက် သရော်ပြုံးပြုံးလိုက်ပြီး

"တော်တော်လေး တူတယ် ထင်တာပဲ"

ခဏတာ ရယ်​မောပြီးနောက် ကျောက်ရှန့်ဟိုင်၏ လေသံက ပြန်လည် ပေါ့ပါးလာသည်။ သူသည် နာရီကို ကြည့်လိုက်ပြီး ရုံးစားပွဲကို ညွှန်ပြကာ

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ မင်းနဲ့ မပြောတော့ဘူး။ မင်းရဲ့ အစီရင်ခံစာကို ကိုယ် နားထောင်ပြီးပြီ။ စာရွက်စာတမ်းတွေ ဒီမှာထားခဲ့၊ ခဏနေမှ ကိုယ်တစ်ခေါက် သေချာကြည့်လိုက်မယ်။ ကိုယ် အစည်းအဝေး သွားရတော့မှာမို့"

ရန်ကျားလိသည် အပြုံးမျက်နှာနှင့် စာရွက်စာတမ်းများကို ကျောက်ရှန့်ဟိုင်၏ ရုံးစားပွဲပေါ် တင်ပေးလိုက်ကာ

"ဒါဆိုကျွန်တော် အရင်သွားနှင့်တော့မယ်နော်"

လှည့်ထွက်ခါနီးတွင် ရန်ကျားလိသည် တစ်ချက် ရပ်သွားပြီး ပြန်လှည့်လာကာ မျက်လုံးထဲတွင် ဆိုးသွမ်းသော အရောင်အဝါများ စုဝေးနေပြီး လေသံတိုးနှင့် ပြောလာသည်။

"ဟိုင်ကော၊ ခင်ဗျားက ကျွန်တော့်ကို အများကြီး ကူညီပေးထားတာ။ ကျွန်တော်လည်း ခင်ဗျားကို ကိစ္စတစ်ခု ကူညီပေးမယ်၊ ဘယ်လိုလဲ"

ကျောက်ရှန့်ဟိုင်သည် မျက်မှန်ကို ပင့်တင့်လိုက်ပြီး

"ဘာကိစ္စလဲ"

ရန်ကျားလိသည် ဟီးဟီးဟု ရယ်လိုက်ကာ ကျောက်ရှန့်ဟိုင်အနား ထိုင်ချလိုက်ပြီး ကျောက်ရှန့်ဟိုင်၏ လက်ကိုင်ဖုန်းကို ယူကာ အရှေ့ကင်မရာ ဖွင့်လိုက်သည်။

ကျောက်ရှန့်ဟိုင်၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ သူသည် ရင်းရင်းနှီးနှီးနှင့် ကျောက်ရှန့်ဟိုင်၏ ခါးကို ဖက်လိုက်ကာ ဦးခေါင်းကို ကျောက်ရှန့်ဟိုင် ပခုံးထက် မှီဝဲလိုက်ပြီး ဖန်သားပြင်ကို ကြည့်ကာ

"လာ Say Cheese...."

ဓာတ်ပုံ ရိုက်ပြီးနောက် သူသည် ကျောက်ရှန့်ဟိုင်၏ Wechat ကို ဖွင့်လိုက်သည်။

ဓာတ်ပုံကို ရွေးပြီးနောက် Moments တွင် ကပ်ပရှင်ကို တည်းဖြတ်လိုက်သည်___အပျော်ရွှင်ရဆုံးက အပြန်အလှန် နားလည်မှုရှိပြီး ထက်မြက်တဲ့သူနဲ့ တွေ့နိုင်ခဲ့တာပါပဲ။ အလုပ်များတဲ့ နေ့ရက်တွေမှာ အထက်လူကြီးနဲ့ လက်အောက်ငယ်သား ဆက်ဆံရေးတွေကို ကျော်လွန်ပြီး စိတ်နှလုံးသားနဲ့ ပိုပြီး နီးစပ်စေတဲ့ ဆက်ဆံရေးက လူကို တကယ်ပဲ ကြည်နူး လန်းဆန်းစေတယ်။

အနောက်တွင် အီမိုဂျီနှစ်ခု ထပ်ဖြည့်ထားသည်။ နှင်းဆီပန်း တစ်ပွင့်နှင့် အသည်းပုံလေး တစ်ပုံ။

ကျောက်ရှန့်ဟိုင်သည် ဖုန်းကို ပြန်ယူလိုက်ပြီး ကြည့်လိုက်ရာ အရယ်တစ်ဝက် အဆူတစ်ဝက်နှင့်

"ကလေးကလားနဲ့!"

ရန်ကျားလိက အနားကပ်သွားပြီး လက်ချောင်းများက (စခရင်ပေါ်) ဆက်လက် နှိပ်နေကာ Share with နေရာတွင် Public အစား ရှောက်ယယ် တစ်ယောက်တည်း မြင်ရအောင် ပြုလုပ်လိုက်သည်။

သူသည် ကျောက်ရှန့်ဟိုင်၏ ပခုံးကို ပုတ်လိုက်ကာ

"စိတ်ချထားလိုက်ပါ။ ဒီလှည့်ကွက်က မြှားတစ်ချက်ထဲနဲ့ နှလုံးသားကို တိတိကျကျ ထိုးစိုက်သွားမှာ"

ကျောက်ရှန့်ဟိုင်သည် ရယ်ရယ်မောမောနှင့် ရန်ကျားလိအား ရုံးခန်းထဲမှ မောင်းထုတ်လိုက်တော့သည်။

ရုံးခန်းက ပြန်လည် ငြိမ်သက်သွားကာမှ လက်ကိုင်ဖုန်းကို ပြန်ထုတ်လိုက်သည်။

သူသည် စက္ကန့်ပိုင်းမျှ တွန့်ဆုတ်နေပြီးမှ ခန့်မှန်းမိရန် မလွယ်ကူသော အပြုံးမျိုး ချိတ်ဆွဲလိုက်ပြီး တိတ်တိတ်ကလေး ပို့စ်တင်သည်ကို နှိပ်လိုက်သည်။
.
.
.
.
.
စာရေးသူတွင် ပြောစရာရှိသည်။

ရှောက်ခွေး : စိတ်ဆိုးလို့ သေတော့မယ်!!!

ယဲ့ခွေး : ပေါင်ပေါင်း၊ မင်းကိုယ့်ကိုလည်း ရှင်းပြဦး။ အထက်လူကြီးနဲ့ လက်အောက်ငယ်သား ဆက်ဆံရေးကို ကျော်လွန်တယ်ဆိုတာ ဘာလဲ။ နှလုံးသားချင်း နီးစပ်တယ် ဆိုတာကရော ဘာလဲ။ စိတ်ကို လန်းဆန်း ကြည်နူးစေတယ် ဆိုတာကရော??? စိတ်ကို ကြည်နူး လန်းဆန်းစေတာ ဘာလဲဆိုတာ ကိုယ်ကိုယ်တိုင် မင်းကို သင်​ပြပေးရမလား???

3/2/2022(Thurs)

                           ×××

{Zawgyi}

"ေခြးတစ္ေကာင္
စိတ္ဆိုးလို႔ ေသေတာ့မယ္"

ရန္က်ားလိတစ္ေယာက္ တစ္ညလုံး ေကာင္းေကာင္းမြန္မြန္ အိပ္မေပ်ာ္ႏိုင္လုနီးပါး ျဖစ္ေနခဲ့သည္။

မားကတ္တင္းအေကာင့္မွ ေပါက္ၾကားလာေသာ အတင္းအဖ်င္း သတင္းမ်ားသည္ သူ၏ တစ္ညတာ စိတ္အေျခအေနကို အေႏွာင့္အယွက္ ေပးေနခဲ့သည္။

သူသည္ ကုတင္ေပၚ လဲေလ်ာင္းရင္း အိပ္သည္။ မ်က္လုံးႀကီးလည္း မွိတ္ထားသည္။ သို႔ေသာ္ ထို Weibo သတင္းက သူ႔ဦးေႏွာက္ထဲ တဝဲလည္လည္ ျဖစ္ေနသည္။

Weibo တြင္ ေရးထားေသာ စာတိုႏွင့္ တင္ထားသည့္ ဓာတ္ပုံႏွစ္ပုံကလည္း ႀကိဳးဖုန္းႏွင့္ ႐ိုက္ယူထားသကဲ့သို႔ ဝါးတူးေနလွသည္။ မည္သို႔ပင္ဆိုေစကာမူ သူ႔ဦးေႏွာက္ထဲ ကဂ်ိဳးကေဂ်ာင္ ျဖစ္ေနၿပီး စိတ္ေအးခ်မ္းသာမႈကို မေပးႏိုင္ေပ။

ရန္က်ားလိသည္ စိတ္တိုလြန္း၍ မ်က္စိ ျပန္ဖြင့္လာၿပီး ဖုန္းကိုယူကာ Weibo ကိုဖြင့္ၿပီး  ေနာက္တစ္ေခါက္ ထပ္ၾကည့္သည္။

ဓာတ္ပုံထဲတြင္ ယဲ့ထင္သည္ ကားနံေဘးတြင္ ရပ္ေနၿပီး ကားတံခါးကို ဖြင့္ေနသည္။ အလင္းေရာင္မွာ အေတာ္ေလး မွိန္ဖ်ေန၍ မ်က္ႏွာထားကို ေသခ်ာ မေတြ႕ႏိုင္ေပ။ ရွည္လ်ား ေျဖာင့္စင္းသည့္ ဆံႏြယ္ႏွင့္ မိန္းကေလးသည္ ကားထဲမွ ထြက္လာဆဲဆဲျဖစ္သည္။ ေပၚေနသည့္ ခႏၶာကိုယ္ တစ္ဝက္ကို ၾကည့္လိုက္လွ်င္ ကိုယ္ခႏၶာ အခ်ိဳးအစားက မဆိုးလွဘဲ ဟန္အမူအရာသည္လည္း အလြန္ က်က္သေရရွိကာ "ဂုဏ္ထူးဂုဏ္ျဒပ္ ျမင့္မားေသာ မိသားစုမွ ေကာင္းမြန္စြာ ေမြးဖြားလာေသာ မိန္းမပ်ိဳ" ဟူေသာ ဂုဏ္ပုဒ္ႏွင့္ လိုက္ေလ်ာညီေထြ ရွိလွသည္။

Weibo ေအာက္တြင္ တစ္ေလသံတည္း ျဖစ္ေနေသာ အင္တာနက္ သုံးစြဲသူမ်ား၏ မွတ္ခ်က္မ်ားသည္ အေတာ္ေလး တညီတၫြတ္ႏွင့္ ထိုႏွစ္ေယာက္သားအား လိုက္ဖက္ညီလွေသာ စံနမူနာျပ စုံတြဲအျဖစ္ ေခၚဆိုသမုတ္ေနၾကသည္။ ထိုသို႔မဟုတ္လွ်င္ နတ္ဘုရားမ ယီးက်ယ္က ေနာက္ဆုံးတြင္ ေကာင္းကင္ဘုံမွ ခ်ီးျမႇင့္ေျမႇာက္စားထားသည့္ နတ္ဘုရားကို ရွာေတြ႕သြားၿပီဟူ၍ တအံ့တၾသ ျဖစ္ေနၾကသည္။ ရံဖန္ရံခါ ထို Weibo သတင္းအား အစစ္အမွန္ ဟုတ္မဟုတ္ ေမးခြန္းထုတ္ေနသူမ်ားကေတာ့ ဟိုးေအာက္ဆုံးသို႔ ဖိခ်ခံလိုက္ရသည္။

ရန္က်ားလိသည္ ထိုသတင္းအား အစစ္အမွန္ ဟုတ္မဟုတ္ ေမးျမန္းထားသည့္ အေကာင့္မ်ားကို ထိပ္ဆုံးသို႔ ေရာက္သြားေအာင္ တိတ္တိတ္ကေလး လိုက္ခ္ေပးလိုက္သည္။

ဖုန္းကို ခ်လိုက္ၿပီးေနာက္ ရန္က်ားလိသည္ ႏိုးလိုက္အိပ္လိုက္ႏွင့္ တစ္ညလုံး လူးလိမ့္ေနခဲ့သည္။

ေနာက္တစ္ေန႔ ႏိုးလာခ်ိန္တြင္ေတာ့ မ်က္လုံးထဲတြင္ ေသြးေၾကာနီမ်ား စု႐ုံးေနေတာ့၏။

သူသည္ မ်က္စင္းေဆး ႏွစ္စက္ထည့္လိုက္ၿပီး စိတ္ခံစားခ်က္မ်ားကို ျပန္လည္တည့္မတ္ကာ Ronghai အင္တာတိန္းမန္႔သို႔ ထြက္လာၿပီး လတ္တေလာ အလုပ္ကိစၥ အေျခအေနမ်ားကို အစီရင္ခံ တင္ျပရန္ ေက်ာက္ရွန္႔ဟိုင္ထံ သြားေရာက္ခဲ့သည္။

ေက်ာက္ရွန႔္ဟိုင္သည္ အစည္းအေဝး ၿပီးကာစျဖစ္ၿပီး အစည္းအေဝးခန္းမွ ႐ုံးခန္းထဲ ျပန္လာခ်ိန္တြင္ စိတ္အေျခအေနမွာ လန္းဆန္း တက္ႂကြေနသည္။

သူ႔လက္ထဲတြင္ ဖိုင္တြဲတစ္ခုကို ကိုင္ထားရင္း ႐ုံးစားပြဲ အေနာက္သို႔ ေလွ်ာက္သြားကာ တစ္ဖက္က ရန္က်ားလိအား ေမးေငါ့ျပရင္း က်ီဆယ္ စေနာက္စြာႏွင့္ စကားဆိုသည္။

"ဒီတစ္ေခါက္ အလုပ္အစီအရင္ခံလာတာ ေစာလွခ်ည္လား။ မင္းနဲ႔ကို မတူေတာ့ဘူး"

ရန္က်ားလိသည္ မတ္တတ္ရပ္ကာ ေခါင္းကုတ္လိုက္ၿပီး ဟီးဟီးဟု ရယ္ျပလိုက္သည္။

ေက်ာက္ရွန္႔ဟိုင္ ထိုင္ခ်လိုက္ၿပီးေနာက္ လက္ယမ္းျပၿပီး ရန္က်ားလိကိုလည္း ထိုင္ခိုင္းလိုက္ကာ အတြင္းေရးမႉးက သူ႔အား ေပးထားသည့္ စာ႐ြက္စာတမ္းကို ဖြင့္ၾကည့္သည္။

သူသည္ စကားေျပာခ်င္၍ ေခါင္းေမာ့လာေသာအခါ စူးရွစြာႏွင့္ ရန္က်ားလိ မ်က္လုံးထဲမွ ေသြးေၾကာမွ်င္မ်ားကို ျမင္သြားကာ မ်က္ခုံးပင့္လိုက္ၿပီး

"မ်က္လုံးထဲမွာ ေသြးေၾကာေတြ ဒီေလာက္ေတာင္ မ်ားေနတာ၊ မေန႔ညက ေကာင္းေကာင္း မအိပ္ရဘူးလား"

ရန္က်ားလိသည္ ေၾကာင္အမ္းသြားၿပီး ကမန္းကတန္း ႏွစ္ခ်က္မွ် ပြတ္လိုက္သည္။

"မဟုတ္ပါဘူး။ လာတဲ့လမ္းမွာ ေလတိုက္ေတာ့ သဲေတြ ဝင္သြားလို႔ပါ"

လက္ေထာက္ဝမ္ ေကာ္ဖီႏွစ္ခြက္ ယူလာေပးေသာအခါ ေက်ာက္ရွန္႔ဟိုင္သည္ တစ္ခြက္ကို ယူလိုက္ၿပီး ရွည္သြယ္ေသာ ေျခေထာက္ႏွစ္ေခ်ာင္းကို ထပ္ထိုင္လိုက္ရာ ခြၽန္ေျဖာင့္ေနေသာ သားေရဖိနပ္က အေရွ႕ကို ၫႊန္လ်က္ အေနအထား ျဖစ္သြားသည္။ တင္းမာေနေသာ အမူအရာသည္လည္း အနည္းငယ္ ေပါ့ပါး ေအးခ်မ္းလာသည္။ သူသည္ ေကာ္ဖီတစ္ငုံ ေသာက္လိုက္ၿပီး က်ီစားသလို ၿပဳံးလိုက္ကာ

"မေန႔ညက လြန္လြန္ကဲကဲ သတင္း​ေတြကို သြားၾကည့္လိုက္လို႔ေတာ့ မဟုတ္ဘူးမလား"

"မဟုတ္ဘူး၊ ကြၽန္ေတာ္ မၾကည့္ပါဘူး။ ကြၽန္ေတာ္ ေဖာလိုးေတာင္ မလုပ္ထားေတာ့ဘူး"

"ကိုယ္က ဘယ္သူ႔ရဲ႕ သတင္းလို႔ေတာင္ မေျပာရေသးဘူးဟာ"

ေက်ာက္ရွန္႔ဟိုင္၏ ႏႈတ္ခမ္းစြန္းက ေကြးတက္သြားသည္။

ရန္က်ားလိသည္ ရွက္ရမ္းရမ္းသြားၿပီး တစ္ခဏအတြင္း မ်က္ႏွာႀကီး နီရဲလာသည္။

သူသည္ ပူေလာင္ေနေသာ နား႐ြက္ကို ဆြဲကိုင္လိုက္ၿပီး အနည္းငယ္ ပူပန္ေသာက ေရာက္စြာႏွင့္

"ဟိုင္ေကာ ခင္ဗ်ား....ကြၽန္ေတာ့္ကို မစပါနဲ႔"

ေက်ာက္ရွန္႔ဟိုင္သည္ မထိန္းႏိုင္ေတာ့ဘဲ ဟက္ဟက္ပက္ပက္ ရယ္ေမာလိုက္ကာ ေခါင္းယမ္းလိုက္ၿပီး

"ထားပါေတာ့၊ မင္းကို လႊတ္ေပးလိုက္မယ္။ မင္းက ဒီေန႔ အလုပ္အေၾကာင္း အစီအရင္ခံဖို႔ လာတာဆိုေတာ့၊ အဓိက အေၾကာင္းအရာကိုပဲ သြားၾကတာေပါ့။ အခု လတ္တေလာ အေျခအေနနဲ႔ လုပ္ငန္း အစီအစဥ္ေတြ ကိုယ့္ကိုေျပာ"

ရန္က်ားလိသည္ ႀကိဳတင္ ျပင္ဆင္ထားသည့္ စာဖိုင္ကို လက္ႏွစ္ဖက္ႏွင့္ ကိုင္လိုက္ၿပီး  ထူထူထပ္ထပ္ စာလုံးမ်ားကို ၾကည့္ေနရင္း ႐ုတ္တရက္ ဘယ္လိုမွ ဆက္ဖတ္လို႔ မရေတာ့ေပ။

အတန္ၾကာေသာ္ ပခုံးႏွစ္ဖက္က ႐ုတ္ျခည္း ေလွ်ာက်သြားၿပီး မ်က္လုံးႏွစ္ဖက္မွာလည္း ညႇိဳးႏြမ္း ႏုံးခ်ိေနသည္။

သူသည္ ေက်ာက္ရွန္႔ဟိုင္၏ အၿပဳံးမ်က္ႏွာကို ၾကည့္လိုက္ရင္း လည္စလုပ္က လႈပ္ယမ္းသြားကာ သည္းမခံႏိုင္ေတာ့ဘဲ ဖိႏွိပ္ထားေသာ ေလသံႏွင့္ ေမးသည္။

"....အဲ့ဒီ သတင္းက၊ တကယ္ပဲလား"

ေက်ာက္ရွန္႔ဟိုင္က အၿပဳံးကို ခ်ဳပ္တည္းထားလိုက္ၿပီး

"ဘာ သတင္းလဲ၊ ဘယ္သူ႔ရဲ႕ သတင္းလဲ။ မသိဘူးေလ၊ နားမလည္ဘူး'

ရန္က်ားလိသည္ အနည္းငယ္ စိုးရိမ္ ပူပန္လာၿပီး ေက်ာက္ရွန္႔ဟိုင္၏ ႐ုံးခန္းတံခါးကို သြားပိတ္လိုက္သည္။ ၿပီးေနာက္ ေက်ာက္ရွန္႔ဟိုင္၏ သူေဌးထိုင္ခုံ အေနာက္ကို ေလွ်ာက္သြားကာ ဟန္ေဆာင္ပန္ေဆာင္ႏွင့္ ေက်ာက္ရွန္႔ဟိုင္၏ ပခုံးကို ႏွိပ္ေပးလိုက္ၿပီး စိတ္ေဇာသန္စြာႏွင့္

"ဟိုင္ေကာ၊ ဟိုင္​ေကာဟိုင္ေကာဟိုင္ေကာဟိုင္ေကာ____"

"ေတာ္ပါၿပီ"

ေက်ာက္ရွန္႔ဟိုင္သည္ နာမည္ အေခၚခံရ၍ မူးအီေနၿပီး

"သိခ်င္ရင္၊ ကိုယ့္ဘာသာ သူ႔ကို ဖုန္းဆက္ေမးၾကည့္ေပါ့။ သူကမင္းကို မေျပာျပဘဲ ေနႏိုင္မွာမို႔လို႔လား"

"ကြၽန္ေတာ္ မဆက္ဘူး။ သူနဲ႔ ကြၽန္ေတာ္၊ ကြၽန္ေတာ္တို႔....."

ေက်ာက္ရွန္႔ဟိုင္သည္ ေခါင္းယမ္းလိုက္ၿပီး ေနာက္ဆုံးတြင္မွ ဖြင့္ဟ ေျပာဆိုလာသည္။

"အမွန္အတိုင္း မင္းကိုေျပာျပရရင္ ကိုယ္လည္း မသိဘူး။ ဒီသတင္းက ထြက္လာတာ ျမန္လြန္းလို႔ ကိုယ္ေတာင္ သတင္းအစအန ရခဲ့တာမဟုတ္ဘူး။ အခု ယဲ့ထင္နဲ႔ ရွယီးက်ယ္က လြဲရင္ က်န္တဲ့သူေတြ အားလုံးကေတာ့ အံ့အားသင့္ေနၾကမွာပဲ"

"ဒါေပမဲ့ သတိထားစရာ တစ္ခုေတာ့ ရွိတယ္"

ေက်ာက္ရွန္႔ဟိုင္သည္ ေျပာေနရင္း လက္ေခ်ာင္းမ်ားက စေတာ့ေစ်းကြက္ ကိုးကားခ်က္မ်ားကို ျပသေနသည့္ တက္ဘလက္ကို ရန္က်ားလိဘက္ လွည့္ေပးလိုက္ကာ

"အဲ့သတင္း ထြက္လာၿပီးေနာက္ပိုင္း စေတာ့ေစ်းကြက္ကို ဖြင့္လိုက္တာနဲ႔ ထိုက္လိဇီဝ လက္ေအာက္က ေကာင္းေပါင္ ေဆးဝါးထုတ္လုပ္ေရး ရွယ္ယာေတြက တဟုန္ထိုး တက္လာတာ။ ဒါနဲ႔ ေကာင္းေပါင္ရဲ႕ တရားဝင္ ကိုယ္စားလွယ္က ရွယီးက်ယ္ေလ။ ကိုယ္ မွတ္မိသေလာက္ေတာ့ ယဲ့ထင္ကလည္း ေကာင္းေပါင္ရဲ႕ အဓိက ရွယ္ယာရွင္ေတြထဲက တစ္ေယာက္ပဲ"

ရန္က်ားလိ၏ မ်က္လုံးအိမ္က လွည့္ပတ္သြားၿပီး ေၾကာင္အမ္းေနသည့္ၾကားမွ တစ္စုံတစ္ခုကို ဖမ္းဆုပ္မိသြားသည့္အတိုင္း။

"ခင္ဗ်ား ေျပာခ်င္တာ၊ ဒီသတင္းက....."

ေက်ာက္ရွန္႔ဟိုင္က ၿပဳံးသြားၿပီး ေ႐ႊကြပ္မ်က္မွန္ အေနာက္မွ စူးရွၿပီး အေမွ်ာ္အျမင္ရွိသည့္ မ်က္ဝန္းတစ္စုံက အလင္းေတာက္ေနကာ

"စီးပြားေရး ၿပိဳင္ဆိုင္မႈေတြက အရွိန္အဟုန္နဲ႔ ေျပာင္းလဲေနတာ၊ ဒါေပမယ့္ တခ်ိဳ႕အရာေတြကိုေတာ့ အေပၚယံမွာ ျမင္ေနရသေလာက္ ႐ိုးရွင္းတယ္လို႔ မထင္လိုက္နဲ႔"

ရန္က်ားလိသည္ အလုံးစုံ နားလည္သြားသည္ မဟုတ္ေသာ္လည္း ကိုယ္ကို မတ္လိုက္ကာ

"ေက်းဇူးပါ ဟိုင္ေကာ"

ေက်ာက္ရွန္႔ဟိုင္က လက္ယမ္းျပလိုက္ၿပီး ေကာ္ဖီ ေသာက္လိုက္ကာ

"အလုပ္ အစီရင္ခံေတာ့၊ ကိုယ္ ကိုးနာရီက်ရင္ အစည္းအေဝး ရွိေသးတယ္"

ရန္က်ားလိသည္ ေလးလံ ေႏွးဖင့္ မေနေတာ့ဘဲ ျမန္ျမန္ဆန္ဆန္ စာဖိုင္မ်ားကို ေကာက္ကိုင္လိုက္သည္။

အစီရင္ခံျခင္းမွာ အဆုံးသတ္ခါနီး အခ်ိန္တြင္ ေက်ာက္ရွန္႔ဟိုင္ စားပြဲေပၚ ထားထားသည့္ လက္ကိုင္ဖုန္းက တုန္ခါ ျမည္တမ္းလာသည္။

ဖုန္းခ်သည္ကို ႏွိပ္လိုက္႐ုံရွိေသး၊ မထင္မွတ္ဘဲ ဖုန္းက ျပန္လည္ ျမည္တမ္းလာၿပီး လူကို စိတ္အေႏွာင့္အယွက္ ျဖစ္ေစေလာက္ေအာင္ တဘီးဘီးႏွင့္ တုန္ခါေနသည္။

ေက်ာက္ရွန္႔ဟိုင္သည္ ေနာက္တစ္ႀကိမ္ ဖုန္းခ်သည္ကို ႏွိပ္လိုက္ၿပီး စကၠန္႔ပိုင္းပင္ မၾကာလိုက္ဘဲ ဖုန္းကဆက္လက္ တုန္ခါလာသည္။ မကိုင္မခ်င္း ေခါင္းမာမာႏွင့္ ဆက္သြယ္ေနဦးမည့္ပုံပင္။

ေက်ာက္ရွန္႔ဟိုင္သည္ မတတ္ႏိုင္ေတာ့ဘဲ ရန္က်ားလိကို ေခါင္းညိတ္ျပလိုက္ကာ ဖုန္းကို လက္ခံလိုက္ရသည္။ ေလသံမွာ ေအးစက္ တင္းမာေနၿပီး

"ဘာျဖစ္ခ်င္ေနတာလဲ"

ဖုန္းလိုင္းတစ္ဖက္မွ ေရွာက္ယယ္သည္ ေက်ာက္ရွန္႔ဟိုင္၏ ေလသံထဲမွ ေအးစက္ တည္ၿငိမ္ေနမႈေၾကာင့္ အနည္းငယ္ ထိတ္လန္႔သြားသည္။ ထို႔ေၾကာင့္ စကားေျပာေသာအခါ ေလသံက သုန္မႈန္ပုံ ေပါက္ေနသည္။

"က်ဳပ္က ခင္ဗ်ားကို ေမးခ်င္တာပါ။ ဒီည အလုပ္ဆင္းရင္ အစီအစဥ္ ရွိလားလို႔၊ အစီအစဥ္ မရွိရင္ က်ဳပ္တို႔ အတူတူ ႐ုပ္ရွင္သြားၾကည့္ၾကမလား။ က်ဳပ္တို႔ ႐ုပ္ရွင္ အတူတူ မၾကည့္ၾကတာ ၾကာၿပီေနာ္"

ေက်ာက္ရွန္႔ဟိုင္ : "မၾကည့္ဘူး၊ မအားဘူး"

ေရွာက္ယယ္သည္ ဆြံ႕အသြားၿပီး အံႀကိတ္လိုက္ကာ

"ဒါဆို ဒီပိတ္ရက္ က်ဳပ္တို႔ ခရီးထြက္ၾကရေအာင္။ အရင္တစ္ေခါက္က ခင္ဗ်ား လဲ့လဲ့ကို ေခၚၿပီး မိသားစုေတြ အတူတူ ေတာင္တက္ထြက္ခ်င္တယ္လို႔ က်ဳပ္ကို ေျပာခဲ့တယ္ေလ။ က်ဳပ္ ေတာင္တက္ဝတ္စုံနဲ႔ တန္ဆာပလာေတြ ဝယ္ထားတယ္။ ခင္ဗ်ားအတြက္ေရာ၊ လဲ့လဲ့အတြက္ေရာ အကုန္ရွိတယ္။ က်ဳပ္တို႔ သြားလို႔ရ....."

ေက်ာက္ရွန္႔ဟိုင္သည္ အသက္ျပင္းျပင္း ရႉလိုက္ၿပီး အနည္းငယ္ေသာ အရွိန္အဟုန္ႏွင့္

"အရင္က မင္းကို ႐ုပ္ရွင္ၾကည့္ဖို႔ ခ်ိန္းေတာ့ မင္းမလာဘဲ အႏုပညာရွင္ေလးကို သြားအေဖာ္ျပဳေပးတယ္။ အရင္က မိသားစု ခရီးထြက္ဖို႔ လိုက္ခိုင္းတုန္းကလည္း မင္းမအားဘူး။ အျပင္မွာ အေပ်ာ္အပါး လိုက္စားဖို႔ ညစာစားပြဲ တစ္ပြဲၿပီးတစ္ပြဲ တက္ေနတယ္။ အခုငါတို႔ လမ္းခြဲလိုက္ၿပီ။ ေက်းဇူးျပဳၿပီး ငါ့ကို ထပ္လာေခၚမေနနဲ႔ေတာ့။ ငါ အရမ္း အလုပ္မ်ားတယ္။ ေတာ္ေတာ္ကို အလုပ္မ်ားတယ္။ တျခား ကိစၥ မရွိဘူးဆိုရင္၊ ခ်လိုက္ေတာ့မယ္"

ရန္က်ားလိသည္ ပါးစပ္ပိတ္ထားရင္း ထိန္းမထားႏိုင္စြာႏွင့္ အသံထြက္ ရယ္မိသည္။

ထိုရယ္သံအား တိုက္တိုက္ဆိုင္ဆိုင္ ဖုန္းလိုင္း တစ္ဖက္မွ ေရွာက္ယယ္တစ္ေယာက္ ၾကားသြားေလ၏။

ေရွာက္ယယ္၏ ေလသံမွာ ခ်က္ခ်င္း ေျပာင္းလဲသြားၿပီး စိုးရိမ္ေနသလို စိတ္မရွည္ေတာ့သလိုႏွင့္

"ခင္ဗ်ားရဲ႕ ႐ုံးခန္းထဲမွာ တျခားလူ ရွိေသးတယ္? ဘယ္သူလဲ။ ခင္ဗ်ား ဘယ္အႏုပညာရွင္ေလးေတြနဲ႔ ေတြ႕ေနျပန္ၿပီလဲ။ ခင္ဗ်ား တကယ္ပဲ___"

ေရွာက္ယယ္ စကားၿပီးဆုံးေအာင္ ေျပာသည္ကို မေစာင့္ဘဲ ေက်ာက္ရွန္႔ဟိုင္သည္ ခံစားခ်က္ ကင္းမဲ့စြာႏွင့္ ဖုန္းခ်သည္ကို ႏွိပ္လိုက္သည္။

ေရွာက္ယယ္တစ္ေယာက္ ဖုန္းလိုင္းတစ္ဖက္တြင္ အထိတ္တလန္႔ ေဒါသတႀကီးႏွင့္ ေဆာင့္ႀကီးေအာင့္ႀကီး ျဖစ္ေနမည့္ပုံကို ရန္က်ားလိသည္ပင္ ပုံေဖာ္ၾကည့္လို႔ ရႏိုင္ေနသည္။

ေက်ာက္ရွန္႔ဟိုင္သည္ ဖုန္းကို တစ္ဖက္တြင္ ခ်လိုက္ၿပီး ရန္က်ားလိကို တစ္ခ်က္ ၾကည့္လိုက္ကာ

"ခုနက ဘာကို ရယ္ေနတာလဲ။ မင္းရယ္လိုက္တာ ကိုယ္ေတာင္ ထပ္အေဟာင္ခံလိုက္ရေတာ့မလို႔"

ရန္က်ားလိက ေခါင္းယမ္းလိုက္ၿပီး ရယ္ခ်င္စိတ္ကို ထိန္းကာ

"ဘာမွ မဟုတ္ပါဘူး။ ကြၽန္ေတာ္ မေန႔ညက ၾကည့္ခဲ့တဲ့ ဗီဒီယိုကို ႐ုတ္တရက္ စဥ္းစားမိသြားလို႔ပါ။ ခင္ဗ်ားနဲ႔ ဥကၠဌေရွာက္တို႔နဲ႔ ေတာ္ေတာ္ေလး ဆင္တူတယ္လို႔ ေတြးမိသြားတာ"

ရန္က်ားလိသည္ ဖုန္းကို ထုတ္လာၿပီး ယမန္ညက ၾကည့္ထားေသာ ဗီဒီယိုကို လွန္ေလွာရွာေဖြကာ ေက်ာက္ရွန္႔ဟိုင္အား ေပးလိုက္သည္။

ေက်ာက္ရွန္႔ဟိုင္ ယူၾကည့္လိုက္ေသာအခါ ဗီဒီယိုထဲတြင္ ဗန္ကားတစ္စီးသည္ အေရွ႕တြင္ ေမာင္းႏွင္ေနၿပီး အေနာက္တြင္ ျပဳတ္က်က်န္ခဲ့သည့္ ဟက္စကီးသည္ အ​ေျပးလိုက္လာေနသည္။ ကားသည္ အလြန္လ်င္ျမန္လြန္း၍ ဟက္စကီးသည္ တစ္ဖက္တြင္ အသည္းအသန္ ေျပးလိုက္ေနၿပီး တစ္ဖက္တြင္လည္း ကားထဲမွလူ၏ သတိျပဳမႈကို ရရွိေအာင္ စိတ္ပ်က္လက္ပ်က္ ဝမ္းနည္းေၾကကြဲစြာႏွင့္ ဝုတ္ဝုတ္ဟု အသံျပဳေနသည္။

ေက်ာက္ရွန္႔ဟိုင္သည္ ဗီဒီယိုကို ၾကည့္ေနစဥ္အတြင္း မ်က္ႏွာထားမွာ ေလးနက္ေနသည္။

ရန္က်ားလိထံ ဖုန္းျပန္ေပးၿပီး တစ္ခဏေလာက္ တည္ၾကည္ ေလးေဆးေနရာမွ ေက်ာက္ရွန္႔ဟိုင္တစ္ေယာက္ ႐ုတ္တရက္ သေရာ္ၿပဳံးၿပဳံးလိုက္ၿပီး

"ေတာ္ေတာ္ေလး တူတယ္ ထင္တာပဲ"

ခဏတာ ရယ္​ေမာၿပီးေနာက္ ေက်ာက္ရွန္႔ဟိုင္၏ ေလသံက ျပန္လည္ ေပါ့ပါးလာသည္။ သူသည္ နာရီကို ၾကည့္လိုက္ၿပီး ႐ုံးစားပြဲကို ၫႊန္ျပကာ

"ဟုတ္ပါၿပီ၊ ဟုတ္ပါၿပီ။ မင္းနဲ႔ မေျပာေတာ့ဘူး။ မင္းရဲ႕ အစီရင္ခံစာကို ကိုယ္ နားေထာင္ၿပီးၿပီ။ စာ႐ြက္စာတမ္းေတြ ဒီမွာထားခဲ့၊ ခဏေနမွ ကိုယ္တစ္ေခါက္ ေသခ်ာၾကည့္လိုက္မယ္။ ကိုယ္ အစည္းအေဝး သြားရေတာ့မွာမို႔"

ရန္က်ားလိသည္ အၿပဳံးမ်က္ႏွာႏွင့္ စာ႐ြက္စာတမ္းမ်ားကို ေက်ာက္ရွန္႔ဟိုင္၏ ႐ုံးစားပြဲေပၚ တင္ေပးလိုက္ကာ

"ဒါဆိုကြၽန္ေတာ္ အရင္သြားႏွင့္ေတာ့မယ္ေနာ္"

လွည့္ထြက္ခါနီးတြင္ ရန္က်ားလိသည္ တစ္ခ်က္ ရပ္သြားၿပီး ျပန္လွည့္လာကာ မ်က္လုံးထဲတြင္ ဆိုးသြမ္းေသာ အေရာင္အဝါမ်ား စုေဝးေနၿပီး ေလသံတိုးႏွင့္ ေျပာလာသည္။

"ဟိုင္ေကာ၊ ခင္ဗ်ားက ကြၽန္ေတာ့္ကို အမ်ားႀကီး ကူညီေပးထားတာ။ ကြၽန္ေတာ္လည္း ခင္ဗ်ားကို ကိစၥတစ္ခု ကူညီေပးမယ္၊ ဘယ္လိုလဲ"

ေက်ာက္ရွန္႔ဟိုင္သည္ မ်က္မွန္ကို ပင့္တင့္လိုက္ၿပီး

"ဘာကိစၥလဲ"

ရန္က်ားလိသည္ ဟီးဟီးဟု ရယ္လိုက္ကာ ေက်ာက္ရွန္႔ဟိုင္အနား ထိုင္ခ်လိုက္ၿပီး ေက်ာက္ရွန္႔ဟိုင္၏ လက္ကိုင္ဖုန္းကို ယူကာ အေရွ႕ကင္မရာ ဖြင့္လိုက္သည္။

ေက်ာက္ရွန္႔ဟိုင္၏ တုံ႔ျပန္မႈကို မေစာင့္ေတာ့ဘဲ သူသည္ ရင္းရင္းႏွီးႏွီးႏွင့္ ေက်ာက္ရွန္႔ဟိုင္၏ ခါးကို ဖက္လိုက္ကာ ဦးေခါင္းကို ေက်ာက္ရွန္႔ဟိုင္ ပခုံးထက္ မွီဝဲလိုက္ၿပီး ဖန္သားျပင္ကို ၾကည့္ကာ

"လာ Say Cheese...."

ဓာတ္ပုံ ႐ိုက္ၿပီးေနာက္ သူသည္ ေက်ာက္ရွန္႔ဟိုင္၏ Wechat ကို ဖြင့္လိုက္သည္။

ဓာတ္ပုံကို ေ႐ြးၿပီးေနာက္ Moments တြင္ ကပ္ပရွင္ကို တည္းျဖတ္လိုက္သည္___အေပ်ာ္႐ႊင္ရဆုံးက အျပန္အလွန္ နားလည္မႈရွိၿပီး ထက္ျမက္တဲ့သူနဲ႔ ေတြ႕ႏိုင္ခဲ့တာပါပဲ။ အလုပ္မ်ားတဲ့ ေန႔ရက္ေတြမွာ အထက္လူႀကီးနဲ႔ လက္ေအာက္ငယ္သား ဆက္ဆံေရးေတြကို ေက်ာ္လြန္ၿပီး စိတ္ႏွလုံးသားနဲ႔ ပိုၿပီး နီးစပ္ေစတဲ့ ဆက္ဆံေရးက လူကို တကယ္ပဲ ၾကည္ႏူး လန္းဆန္းေစတယ္။

အေနာက္တြင္ အီမိုဂ်ီႏွစ္ခု ထပ္ျဖည့္ထားသည္။ ႏွင္းဆီပန္း တစ္ပြင့္ႏွင့္ အသည္းပုံေလး တစ္ပုံ။

ေက်ာက္ရွန္႔ဟိုင္သည္ ဖုန္းကို ျပန္ယူလိုက္ၿပီး ၾကည့္လိုက္ရာ အရယ္တစ္ဝက္ အဆူတစ္ဝက္ႏွင့္

"ကေလးကလားနဲ႔!"

ရန္က်ားလိက အနားကပ္သြားၿပီး လက္ေခ်ာင္းမ်ားက (စခရင္ေပၚ) ဆက္လက္ ႏွိပ္ေနကာ Share with ေနရာတြင္ Public အစား ေရွာက္ယယ္ တစ္ေယာက္တည္း ျမင္ရေအာင္ ျပဳလုပ္လိုက္သည္။

သူသည္ ေက်ာက္ရွန္႔ဟိုင္၏ ပခုံးကို ပုတ္လိုက္ကာ

"စိတ္ခ်ထားလိုက္ပါ။ ဒီလွည့္ကြက္က ျမႇားတစ္ခ်က္ထဲနဲ႔ ႏွလုံးသားကို တိတိက်က် ထိုးစိုက္သြားမွာ"

ေက်ာက္ရွန္႔ဟိုင္သည္ ရယ္ရယ္ေမာေမာႏွင့္ ရန္က်ားလိအား ႐ုံးခန္းထဲမွ ေမာင္းထုတ္လိုက္ေတာ့သည္။

႐ုံးခန္းက ျပန္လည္ ၿငိမ္သက္သြားကာမွ လက္ကိုင္ဖုန္းကို ျပန္ထုတ္လိုက္သည္။

သူသည္ စကၠန္႔ပိုင္းမွ် တြန္႔ဆုတ္ေနၿပီးမွ ခန္႔မွန္းမိရန္ မလြယ္ကူေသာ အၿပဳံးမ်ိဳး ခ်ိတ္ဆြဲလိုက္ၿပီး တိတ္တိတ္ကေလး ပို႔စ္တင္သည္ကို ႏွိပ္လိုက္သည္။
.
.
.
.
.
စာေရးသူတြင္ ေျပာစရာရွိသည္။

ေရွာက္ေခြး : စိတ္ဆိုးလို႔ ေသေတာ့မယ္!!!

ယဲ့ေခြး : ေပါင္ေပါင္း၊ မင္းကိုယ့္ကိုလည္း ရွင္းျပဦး။ အထက္လူႀကီးနဲ႔ လက္ေအာက္ငယ္သား ဆက္ဆံေရးကို ေက်ာ္လြန္တယ္ဆိုတာ ဘာလဲ။ ႏွလုံးသားခ်င္း နီးစပ္တယ္ ဆိုတာကေရာ ဘာလဲ။ စိတ္ကို လန္းဆန္း ၾကည္ႏူးေစတယ္ ဆိုတာကေရာ??? စိတ္ကို ၾကည္ႏူး လန္းဆန္းေစတာ ဘာလဲဆိုတာ ကိုယ္ကိုယ္တိုင္ မင္းကို သင္​ျပေပးရမလား???

3/2/2022(Thurs)


                           ×××

Continue Reading

You'll Also Like

40K 4.2K 22
Story Title_ Me and My Suspicious Partner ဧကရာဇ်ပိုင်ဝူရှန့်သည် လုပ်ကြံခံရကာ ချီရုန်တို့ဓားပြစခန်းအနီးရှိရေကန်တွင် သတိလစ်လျက် ချီရုန်၏တပည့်များမှ ကယ်...
620K 81.1K 102
" ငါ အိမ်ပြန်လာတိုင်း နှင်းဆီပန်းတစ်ပွင့် အမြဲတမ်းယူခဲ့တယ်။ပြီးတော့ ငါ့ကို သူကြည့်ပေးမယ့် တစ်ခဏလေးမှာ ငါ့ရဲ့Alpha ကို ပြောမိမှာက ' ငါ သူ့ကို ချစ်တယ်၊...
1.5M 245K 163
ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က သူ့ကိုဟောင်နေပြီး အန္တရာယ်ပေးဖို့ရန်ကြိ...
1.1M 40.3K 60
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd