ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(...

By Change_7

805K 67.1K 6.7K

မောင်က မင်းကမ္ဘာတစ်ခုထဲကိုပဲ ဦးခိုက်နေမယ့်ကောင်ပါ စဝ်မင်... More

Intro
အပိုင်း✨🍁(၁)
အပိုင်း✨🍁(၃)
Attention please❤️
အပိုင်း✨🍁(၄)
အပိုင်း✨🍁(၅)
အပိုင်း✨🍁(၆)
အပိုင်း✨🍁(၇)
အပိုင်း✨🍁(၈)
အပိုင်း✨🍁(၉)
အပိုင်း✨🍁(၁၀)
အပိုင်း✨🍁(၁၁)
အပိုင်း✨🍁(၁၂)
အပိုင်း✨🍁(၁၃)
အပိုင်း✨🍁(၁၄)
အပိုင်း✨🍁(၁၅)
အပိုင်း✨🍁(၁၆)
အပိုင်း✨🍁(၁၇)
အပိုင်း✨🍁(၁၈)
အပိုင်း✨🍁(၁၉)
အပိုင်း✨🍁(၂၀)
အပိုင်း✨🍁(၂၁)
အပိုင်း✨🍁(၂၂)
အပိုင်း✨🍁(၂၃)
အပိုင်း✨🍁(၂၄)
အပိုင်း✨🍁(၂၄)( Zawgyi)
အပိုင်း✨🍁(၂၅)
အပိုင်း✨🍁(၂၆)
အပိုင်း✨🍁(၂၇)
အပိုင်း✨🍁(၂၈)
အပိုင်း✨🍁(၂၉)
အပိုင်း✨🍁(၃၀)
အပိုင်း✨🍁(၃၁)
အပိုင်း✨🍁(၃၂)
အပိုင်း✨🍁(၃၃)
အပိုင်း✨🍁(၃၄)
အပိုင်း✨🍁(၃၅)
အပိုင်း✨🍁(၃၆)
အပိုင်း✨🍁(၃၇)
အပိုင်း✨🍁(၃၈)
အပိုင်း✨🍁(၃၉)
အပိုင်း✨🍁(၄၀)
အပိုင်း✨🍁(၄၁)
အပိုင်း✨🍁(၄၂)
အပိုင်း✨🍁(၄၃)
အပိုင်း✨🍁(၄၄)
အပိုင်း✨🍁(၄၅)
အပိုင်း✨🍁(၄၆)
အပိုင်း✨🍁(၄၇)
အပိုင်း✨🍁(၄၈)
အပိုင်း✨🍁(၄၉)
အပိုင်း✨🍁(၅၀)
အပိုင်း✨🍁(၅၁)
အပိုင်း✨🍁(၅၂)-(Final)
Extra✨🍁(1)
Extra✨🍁(2)
Extra✨🍁(3)
Special Extra (4)
Special Donate Extra 🍁✨

အပိုင်း✨🍁(၂)

22.3K 1.6K 94
By Change_7

စိတ်စုစည်းခြင်းအမှုပြုရာတွင်အရေးကြီးဆုံးမှာ ခန္ဓာကိုယ်၏ အနေအထားပင်ဖြစ်သည်။
ကမ္ဘာ အနေအထားမှန်မှန်ဖြင့် ခန္ဓာကိုယ်မှာရှိသည့်အကျောအချဉ်များကို လျှော့ချလိုက်ပြီး ချက္ကရမှတစ်ဆင့် တဖြည်းဖြည်းချင်း ဝင်လေထွက်လေကို မှတ်နေလိုက်သည်။

ဆရာသင်ပေးထားသည့် နာမ်ခွာစိတ်လွှတ်အတတ်ပညာဟာ ခက်ခဲမယောင်နှင့် ရိုးရှင်းသည်။စိတ်စွမ်းအင်ကို တိုးပွားအောင်လုပ်ပြီး ကိုယ်၏ပန်းတိုင်ကို အရင်ဆုံး တစ်သတ်မှတ်ထဲထားလိုက်သည်။
(ဥပမာ ကိုယ်က ဧဝရတ်တောင်ထိပ်ကိုသွားချင်တယ်ဆိုပါစို့ စိတ်က ထိုဧဝရတ်တောင်အား အာရုံစူးစိုက်ပြီး အမှူးပြုရမည်ပဲဖြစ်သည်။)

စဝ်မင်းကမ္ဘာဦးခိုက်၏ ပန်းတိုင်က အသက်၁၂နှစ်အရွယ်ကတည်းက ယခုအသက်၁၇နှစ်အရွယ်ထိ တစ်ခါမှပြောင်းလဲခြင်းမရှိခဲ့သည့် ထိုတစ်‌စုံတစ်ယောက်ပဲဖြစ်သည်။အကြိမ်ကြိမ်စိတ်လွှတ်ပြီး အနားသို့ရောက်အောင်လည်း သွားဖူးသည်ပဲဖြစ်သည်။

ဆရာသင်ပေးထားသည့်အတိုင်း စိတ်စွမ်းအင်ချဲ့ထွင်ခြင်း၏ ပထမအဆင့်အနေဖြင့် လိုအပ်သည်က အသက်ရှူသွင်းခြင်းနည်းပင်ဖြစ်သည်။အသက်ရှူသွင်းရာတွင် အာကာသစွမ်းအင်(အတက်နိုင်ဆုံးစိတ်ကိုလွှတ်ပေးပြီး သဘာဝတရားကြီးမှပေးသည့်စွမ်းအင်များကို စုပ်ယူခြင်း)ကို စိတ်ကရည်စူးပြီးရှူသွင်းကာ ထိုစွမ်းအင်များကို ခန္ဓာကိုယ်အတွင်းသာမက မနောစိတ်ထဲရောက်အောင်ပို့ပေးရမည်ဖြစ်သည်။
အဓိကအချက်မှာ စပြီးကျင့်စဉ်စသည့်အချိန်မှစ၍ ခန္ဓာကိုယ်အနေအထားဟာ တစ်သမတ်တည်းထားရပြီး ပြောင်းလဲလှုပ်ရှားခြင်းမပြုရပေ။

မင်းမဟာဟော်နန်းသည် အဘယ်ကြောင့် အသက်အရွယ်ငယ်ရွယ်သည့်အချိန်တွင် ဒီလိုခက်ခဲတဲ့ကျင့်စဉ်မျိုးကို ကျင့်ကြံရသလဲဆိုသည်မှာ လူများအားလုံးသည် ငယ်ရွယ်စဉ်ဘဝတွင် ခန္ဓာကိုယ်ထဲတွင်စွမ်းအင်အပြည့်ရှိသည်။မည်သည့်ရောဂါမျိုးမှ မရှိပဲ ကျန်းမာသန်စွမ်းကြသည်။
တဖြည်းဖြည်း လူလတ်ပိုင်းရောက်လာသည့်အချိန်တွင်တော့ ထိုစွမ်းအင်များက ယိုယွင်းလာသည်။အဘယ်ကြောင့်ဆိုသော် အစားအသောက်၊အနေအထိုင်များကြောင့်ပဲဖြစ်သည်။သို့သော် လူသားတွေက ထိုယိုယွင်းလာသည့်အကြောင်းအရာများကို မသိကျိုးကျွံပြုပြီးနေလိုက်ရာ အသက်အရွယ်ရလာသည့်အခါ၌ နာတာရှည်ရောဂါများကို စတင်ခံစားလာရသည်။ထိုအခါ ဇရာကြောင့်ဟူသော ခေါင်းစဉ်အောက်၌ လူတိုင်းဟာ မရဏတရား(သေခြင်းတရား)ကို မရှောင်လွဲနိုင်ဘူးဆို၍ ဖြေသိမ့်ကြသည်။

များသောအားဖြင့်အကျက်လွန်နေသည့်အစာ၊တူးခြစ်ကျွမ်းနေသည့်အစာ၊အသား၊အချို၊အရက်သေစာ၊ကော်ဖီနှင့်အချိုလွန်ကဲသောအစားအစာများက ခန္ဓာကိုယ်အတွင်း အက်ဆစ်ဓာတ်တွေထုတ်ပြီး လေးလံစေသည်။အသီး၊အညွန့်၊အ‌ညှောက်၊အရွက်စိမ်းစိမ်း၊လတ်ဆတ်သည့်ဖျော်ရည်များက အယ်လ်ကာလီကိုဖြစ်စေပြီး စွမ်းအင်ကိုထောက်ပံ့ပေးသည်။
အသား၊ငါးများက ရေရှည်မှာဆို ခန္ဓာကိုယ်ကိုယိုယွင်းပျက်ဆီးစေသည်အတွက် ကျင့်စဉ်ကျင့်ကြံသူအနေဖြင့် သက်သက်လွတ်စားသောက်ရသည်။
(ရောဂါဘယကိုတိတိကျကျ အဓိပ္ပာယ်ဖွှင့်ကြည့်မည်ဆိုပါက ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုခုဟာ ပတ်ဝန်းကျင်မှာရှိသည့် အဏုဇီဝပိုးမွှားတွေ၏ဝါးမြိုစားသောက်ခြင်းခံရသောကြောင့်  သေဆုံးပုတ်သိုးသွားခြင်းပင်ဖြစ်သည်။ထိုအခါမှ ဆေးဝါးအကူအညီဖြင့် ကုသရခြင်းဖြစ်သည်။)

ရိုးရိုးသာမန်သူများအတွက်တော့ ခန္ဓာကိုယ်ဟာ အသွေးအသားများဖြင့်ဖွဲ့စည်းထားသည်ဟု ရိုးရိုးရှင်းရှင်းပဲတွေးကြမည်ဖြစ်သည်။စိတ်စွမ်းအင်ကျင့်ကြံသူများအတွက်တော့ ခန္ဓာကိုယ်ဟာ စွမ်းအင်များဖြင့်ဖွဲ့စည်းထားသည့် အက်တမ်အဖွဲ့အစည်းတစ်ခုဖြစ်သည်။စွမ်းအင်အစုလေးများက ခန္ဓာကိုယ်အတွင်းက လုပ်ဆောင်မှုအဆင့်ဆင့် တုန်နှုန်းအသီးသီးကိုလုပ်ဆောင်နေပြီး စားသောက်လိုက်သည့်အစားစားဟာထိုလုပ်ဆောင်မှုအပေါ်တွင် သက်ရောက်မှုရှိသည်။

စိတ်စွမ်းအင်ကျင့်စဉ်တွင် မြင့်မြတ်တဲ့စွမ်းအင်စက်ကွင်းတွေကို ပျိုးထောင်နိုင်ဖို့ဆိုတာ အသားတွေစားနေသ၍ မဖြစ်နိုင်ပေ။
ဟော်နန်း၏ ဆက်ခံသူတစ်ယောက်အနေဖြင့် ရိုးရိုးစိတ်စွမ်းအင်ကျင့်စဉ်အတွင်း ရှောင်ကြင်ရကာ အောင်မြင်ပါက တစ်ပတ်လျှင် အသား၊ငါး(၂)ရက်ပဲ စားခွင့်ရှိသည်။

ကမ္ဘာကတော့ သက်သက်လွတ်စားပြီး ရိုးရိုးကျင့်စဉ်ထက် ပိုသာသည့်ကျင့်စဉ်အတွက် ၅နှစ်လောက် ပြင်ဆင်ခဲ့သည်။၅နှစ်တာကာလလုံး သူအသားရှောင်ကာ ကျင့်ခဲ့သည်ကို ဆရာနှင့်ဦးစောဖလုံမှလွဲ၍ တခြားသူများမသိခဲ့။ ဆရာက ထွက်ရပ်လမ်းစဉ်တွေကိုကျင့်ကြံနေသူဖြစ်သည့်အတွက် ကမ္ဘာ၏အတိတ်နှင့်ပတ်သတ်၍ ပြုလုပ်မည့်အပေါ်  တစ်ခွန်းတစ်လေမျှ မှတ်ချက်မပေးခဲ့။ ထိုသို့လုပ်ချင်လျှင် ပြုလုပ်ရမည်နည်းလမ်းကိုသာ လမ်းညွှန်ပေးခဲ့သည်။
ဆရာဆုံးမသည့်စကားလို “အကျိုးအကြောင်းဆိုသည့်စကားအတိုင်း
အကျိုးဆက်ကြောင့် အကြောင်းဖြစ်လာရသလို အကြောင်းတစ်ခုကြောင့် အကျိုးဆက်ဖြစ်လာတာတွေကိုက လောကကြီးရဲ့နိယာမတစ်ခုပဲ...”ဟု ဆိုသည်။

ကျင့်စဉ်တစ်လျှောက်လုံးတွင် မေတ္တာဓာတ်စက်ကွင်းကိုပိုင်နိုင်အောင် ပြုလုပ်စေသည် ။
ကမ္ဘာ ဝင်လေထွက်လေကို သေချာရှူမှတ်နေရင်း ဆရာပြောသည့်စကားများကို နားထဲကြားယောင်လာသည်။ဒီ၂ညဟာ သူ့အတွက်အရေးကြီးဆုံးညပင်မဟုတ်ပါလား။

စိတ်ရဲ့စက်ကွင်းစွမ်းအင်ကိုမြှင့်တင်သည့်အခါတွင် ခန္ဓာကိုယ်အတွင်းမှာရှိသည့် အကြောက်တရားများနှင့် အရင်ဆုံးပဋိပက္ခဖြစ်၍ တိုက်ခိုက်ရသည်။
ယခု ကမ္ဘာခန္ဓာကိုယ်ထဲတွင်ရှိနေသည့် အကြောက်တရားမှာ အအေးဓာတ်ပဲဖြစ်သည်။

ရိုးတွင်းခြင်စီအတွင်းမှ စိမ့်၍အေးနေသော ရေခဲတိုက်၏ အအေးဒဏ်ကား ‌နှိုင်းပြဖွယ်ရာတောင်မရှိပေ။
သို့သော် ကမ္ဘာ၏ စိတ်စွမ်းအင်အားကောင်းသောကြောင့် ထိုအအေးဓာတ်ကိုတိုက်ထုတ်နိုင်သည်။
ထို့နောက် ကမ္ဘာ စိတ်စွမ်းအင်တစ်ဖြစ်လည်းမေတ္တာစက်ကွင်းကို စကြာဝဠာအတွင်းသို့ထုတ်လွှတ်နေလိုက်သည်။

ခိုင်မာလာသော စိတ်စွမ်းအင်ဟာ စကြာဝဠာကြီးထဲမှ တစ်စုံတစ်ယောက်ဆီသို့ရောက်သွားလေသည်။

***************

ဧကလေး ရေမိုးချိုးပြီးနောက် ကားသော့ကိုဆွဲ၍ အောက်ထပ်သို့ဆင်းလာလိုက်သည်။
တစ်အိမ်လုံးတွင် သူတစ်ယောက်ထဲပဲရှိ၍ တိတ်ဆိတ်နေလေသည်။
ပါးပါးကလည်း ဒယ်ဒီနှင့်ကုမ္ပဏီလိုက်သွားပြီး ဖောင်းဖောင်းလေးကတော့ ပါးပါးတို့ မင်္ဂလာသက်တမ်း တစ်နှစ်ပြည့် ဒယ်ဒီလက်ဆောင်ပေးခဲ့သော ပါးပါး၏အဖေ ဧကလေးတို့၏ ဖိုးဖိုးဖြစ်သော ဖိုးဖိုးမာန်ဦးညို၏ မာန်ကုမ္ပဏီကို ဦးဆောင်နေခြင်းပင်ဖြစ်သည်။

ဖောင်းဖောင်းလေး၏ ဦးနှောက်ကို ဧက ဖြစ်နိုင်ရင် ခွဲစိတ်ကြည့်လိုက်ချင်သည်။
ကျောင်းစာတစ်ဖက်နှင့် ကုမ္ပဏီတစ်ခုလုံးကို ဘယ်လိုများ ဦးဆောင်နေသလဲဆိုတာ သူမတွေးနိုင်အောင်ပင်။
သူသာဆိုရင် ထိုနေရာမှာတင် ရူးကြောင်ကြောင်ဖြစ်ရင်ဖြစ်သွားနိုင်သည်။
ဉာဏ်ကောင်းပေမယ့် ပျင်းသည်ပဲဆိုဆို ဧကလေးအနေဖြင့် အကြောင်းအရာတစ်ခုအတွက် အများကြီးမစဉ်းစားချင်ပေ။

ထိုအခိုက် ခြံရှေ့မှကားဟွန်းသံကြောင့် ထူးခြားအောင် ရောက်နေပြီဆိုတာသိလိုက်၍ သူလည်း ကားပေါ်တက်၍ ခြံတံခါးက်ို Remoteဖြင့်လှမ်းဖွင့်၍ ထွက်လာလိုက်သည်။

“မင်းကလည်းကြာတာကွာ...”
ထူးခြား ဧကကားထွက်လာပြီး မှန်ချလိုက်သည်နှင့် တစ်ဖက်ကားပေါ်မှ လှမ်းပြောလိုက်သည်။

“အောင်မာ...ဘယ်မှာကြာလို့တုန်း...မင်းလည်းအခုမှရောက်တာပဲကို...ပြောရရင် မင်းကတောင်နောက်ကျနေတာမဟုတ်ဘူးလား...ပြောတော့ ၁နာရီဆို ခု၃နာရီတောင်ထိုးတော့မယ် ငါးဖယ်ကပြောင်းပြန်လာလှန်နေတယ် ...”

ဧကမကျေမနပ်ပြောလိုက်သည်။ထူးခြားအောင်ဆိုသည့်ကောင်ကအမြဲတမ်း ထိုကဲ့သို့ပင်။သူကလည်းနောက်ကျသေး အမြဲတမ်း ကိုယ့်ကိုအရင် စားမာန်ခုပ်တက်သည်။

“မင်းလို အပြင်ထွက်ဖို့ကို အချိန်ပေးပြင်ဆင်နေတဲ့ကောင်မဟုတ်ဘူးကွ...မပြင်လည်း ငါကချောပြီးသား...ရှင်းလား...”

“မင်းကလည်း..ငါကနောက်ကျတယ်လေးပဲပြောတာပါကွာ...မင်းပြောသွားလိုက်တာက ငါ့ကိုရစရာမရှိဘူး....”
ထူးခြား မျက်နှာငယ်လေးဖြင့်ပြောလိုက်သည်။ဘယ်တုန်းကမှ ဒီကောင့်ကိုနိုင်အောင်ပြောနိုင်တာလည်းမဟုတ်ပဲ သွားသွားအပြစ်တင်နေသည့် ကိုယ့်နှုတ်သီးကိုသာ ဖြတ်ရိုက်ချင်မိသည်။ပြီးရင်သူပဲ မရှူနိုင်မကယ်နိုင်အောင်ထိ အဖဲ့ခံရသည်ပဲဖြစ်သည်။

“မှန်တာပြောတာပဲလေ...ကြာတယ် သွားစို့....”

ဧကပြောရင်း ရှေ့မှအရင်မောင်းထွက်လာလိုက်သည်။ထူးခြားနှင့်သူက ၈တန်းနှစ်မှာစခင်ခဲ့သည်ဖြစ်ပြီး ထူးခြားက သူ့အတွက်တော့ ဒုတိယမိသားစုတစ်ခုလိုပဲဖြစ်သည်။
အင်း အဖေနှစ်ယောက် ရှင်းရှင်းလင်းလင်းပြောရလျှင် အမျိုးသားနှစ်ယောက်က မွေးထားသည့် သူ့ကို ငယ်ငယ်တုန်းက ကျောင်းမှာဆို လူထူးဆန်းတစ်ယောက်လိုပဲအကြည့်ခံရသည်။
သို့သော်လည်း ဒယ်ဒီ၏ အရှိန်အဝါကြောင့် တစ်ခွန်းတစ်လေမှတော့ သွားပုတ်လေလွင့်မပြောရဲကျပေ။ ဆရာမတွေကိုယ်တိုင်ကလည်း တစ်ခါတစ်လေကျ နားလည်ရခက်သည့်အပြုအမူများကိုလုပ်လေ့ရှိသည်။

ထူးခြားအောင်နှင့်သူက တွေ့ခါစတုန်းကတော့ လုံးဝမတည့်။အဘယ်ကြောင့်ဆိုသော် ထူးခြား ‌ကြိတ်ကြိုက်နေသည့်ကောင်မလေးက ဧကလေးကိုသဘောကျနေသောကြောင့်ဖြစ်ရာ ထူးခြားက ဧကလေးကိုမြင်သည်နှင့် ဂြိုလ်ပေးလျှက်ရှိသည်။
ဧကကတော့ ဘယ်သူကိုမှဂရုမစိုက်သလို ဘယ်သူ့မှလည်း စိတ်မဝင်စား နေတက်သလိုပဲနေသည်။

ထို့‌နေ့က စုံညီနေ့အခမ်းအနားတွင် ထူးခြားစတိတ်စင်ပေါ်ကပြုတ်ကျ၍ ခြေချင်းဝတ်လည်သွားသည့်အချိန် ဧကလေး အတန်းဖော်အချင်းချင်းမို့ တွဲကူ၍ ဆေးခန်းလိုက်ပို့ပေးခဲ့သည်။တခြားသူများအားလုံးက စုံညီကိုပဲအာရုံရောက်နေ၍ ဧကလေးပဲ အစအဆုံး အနားနေပေး၍ လုပ်ပေးခဲ့သည်။
ထိုနေ့နောက်ပိုင်းမှစ၍ ထူးခြားအောင်၏အမြင်တွင် သူကတစ်မျိုးပြောင်းသွားခဲ့ပုံရသည်။နောက်မှတကောက်ကောက်လိုက်ပြီး ကျေးဇူးရှင်လေးဟုခေါ်ကာ အတင်း‌ရောတော့သည်။
ဒီလိုနဲ့ပဲ ကိုယ်နှင့်ရင်ဘက်ချင်းအနီးဆုံးသူဖြစ်လာခဲ့သည်ပဲဖြစ်သည်။

တစ်ချို့သူများက သူတို့နှစ်ယောက်ကိုတွဲမြင်သည်နှင့် သမုတ်တက်သော်လည်း ဧကလေးကတော့ ဉာဏ်ရည်မမှီသည့်လူများနှင့်အပြိုင်တုဖက်ပြောမနေပဲ နေချင်သလိုနေသည်။သူတို့လည်းထင်ချင်သလိုထင် ကိုယ်လည်းနေချင်‌သလိုနေမည်ပင်။
အချစ်နဲ့ပတ်သတ်ရင်တော့ အင်း ကိုယ်နှင့်ခုချိန်ထိတော့မသက်ဆိုင်သေးဟုထင်‌သည်။ရင်ကိုကိုင်လှုပ်နိုင်သည့်တစ်စုံတစ်ယောက်ကိုလည်း သူ့အသက်၂၀အတွင်း တစ်ခါမှမတွေ့ခဲ့ဖူးဘူးဖြစ်၍ အချစ်နဲ့ပတ်သတ်ရင် အချိန်ပေးမတွေးဖြစ်တော့ပေ။

ကားလေးကို ချိန်းထားသည့်နေရာအရောက်တွင် ဧက ရပ်နေကြနေရာ၌သေချာရပ်လိုက်သည်။
ထို့နောက် ကားပေါ်မှဆင်းလိုက်ရာ တစ်ဖက်က ကိုယ်နှင့်ပြိုင်မည့်အဖွဲ့က ရောက်နေပြီးသားဖြစ်သည်။
ဧကလေး ကားbodyကိုမှီရင်း စတိုင်ကျကျ ခပ်မိုက်မိုက်ရပ်နေလိုက်သည်။
အိမ်မှာတွင်သာ သူ၏6'ရှိသည့်အရပ်က ပုသော်လည်း အပြင်တွင်တော့ အရပ်ရှည်ပြီး ချောသည်ပဲဖြစ်သည်။

လေတိုက်နေသဖြင့် တလွင့်လွင့်ဖြစ်နေသော အညိုရောင်ဆံနွယ်ခွေများနှင့် မျက်ဝန်းပြာလေးများက တစ်ဖက်မှ ကိုယ့်လိုလှောင်ချင်သလိုကြည့်နေသော သူများကို စိုက်ကြည့်ရင်း နှုတ်ခမ်းတစ်ဖက်တွန့်ပြုံးလိုက်သည်။
ထူးခြားအောင်ကောင်းမှူဖြင့် ဒီစိန်ခေါ်ပွဲကိုပြိုင်ရဦးမည်ပဲဖြစ်သည်။
ပါးပါးက ဆိုင်ကယ်ပြိုင်မောင်းသည်က အန္တရာယ်များလွန်း၍ မကြိုက်သဖြင့် မပြိုင်ခိုင်းပေ။ထို့ကြောင့် သူနားနေသည်မှာလည်း ၃နှစ်လောက်ရှိနေပြီပဲဖြစ်သည်။တစ်ခါတစ်လေ အပျော်မောင်းတာကလွဲရင် မပြိုင်ဖြစ်တာကလည်း အတော်လေးကြာနေပြီဖြစ်သည်။

“လုပ်ပါကွာ...မင်းဆိုသေချာပေါက်နိုင်မှာသိလား...အဲ့ကောင်တွေက သတ်သတ်ယုတ်မာလို့ ငါ‌ ကျေကိုမကျေနပ်ဘူး...ငါသာဆိုင်ကယ်မလဲရင်သေချာပေါက်နိုင်တယ်...သူတို့လမ်းကိုတစ်ခုခုလုပ်ထားတာသေချာတယ်...အဲ့ဒါကြောင့် ငါတခြားကွင်းမှာ သတ္တိရှိရင်‌ပြိုင်ရဲလားဆိုပြီး စိန်ခေါ်ခဲ့တာ.....”

“အဲ့ဒါဆိုမင်းပြိုင်ပါ့လား...ဘာလို့ငါ့လာပြိုင်ခိုင်းနေတာလဲ မင်းစိန်ခေါ်ခဲ့တာဆို...မင်းပြိုင်လေ...”
ဧက စိတ်အချဉ်ပေါက်စွာ ပြောလိုက်သည်။
သေဖော်သေဖက်ညှိသည့်နေရာတွင် ထူးခြားအောင်က တကယ်proပင်။

“ဧကလေးကလည်း...ငါပြိုင်ရင်နိုင်ချင်မှ နိုင်မှာလေ...မင်းကအရမ်းတော်တော့ မင်းဆို သေချာပေါက်နိုင်မှာ‌သိနေလို့...နော်နော်...ငါအဲ့ကောင်တွေကို ပြန်လက်စား‌ချေချင်လို့လို့ ...ပိလိ...ပိလိ...”
ထူးခြားအောင် မျက်နှာငယ်လေးဖြင့် မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ်လုပ်၍ ပြောလိုက်သည်။

“အဲ့လိုရုပ်ကြီးမလုပ်စမ်းပါနဲ့...ရင်အိုလွန်းလို့...”

“ဘာ..ဒီ....”
ထူးခြားထွက်လာတော့မည့်စကားများကို အတင်းမြိုချပစ်လိုက်ရသည်။ခုချိန်မှာ ဧကဘာပြောပြောခံနိုင်မှရမည်မဟုတ်လား။
ဧကသာ ပြိုင်မပေးလျှင် သူကအရှက်ထပ်ကွဲဦးမည်ပေ။

“ဧကလေးကလည်း ပြိုင်မယ်မလား....ပြိုင်လိုက်ပါနော်...တစ်ပတ်...တစ်ပတ်တိတိ မင်းစားချင်တာအကုန်ဝယ်ကြွေးမယ်ကွာ.. ဘယ်လိုလဲ....”

“သေချာတယ်နော်...”

“အင်း သေချာတယ်....ဂတိ..”

“ပြီးတာပဲလေ...ဒါက ငါ့အတွက်တော့ အပျော့...”

အစားအသောက်နှင့် မြူစွယ်တော့မှသာလက်ခံသည့် မင်းမြတ်ဧကဦးမာန်ပင်။

ဧက တစ်ဖက်လူ၏ ထောင့်မကျိုးသည့်အကြည့်များအား သဘောမကျသော်လည်း လက်ခံပြီးသားဖြစ်၍ မပြင်ချင်တော့။
ထူးခြားအောင် အတင်းတောင်းဆို၍သာ ပါးပါးမသိအောင်သူလာပြိုင်ခြင်းဖြစ်သည်။
ထို့ကြောင့် ပြဿနာမတက်အောင် အတက်နိုင်ဆုံး သည်းခံနေမှဖြစ်မည်ဖြစ်၍ ထိုအကြည့်များကို သဘောမကျသော်လည်း လျစ်လျူရှူထားလိုက်သည်။

ရန်ငြိမ်းထွဋ် ဆိုင်ကယ်ပေါ်မှ တစ်ဖက်က ကားbodyကိုမှီပြီး ထီမထင်ဟန်သူတို့ကိုကြည့်နေသော သူအားကြည့်ပြီး မဲ့ပြုံးပြုံးလိုက်သည်။
ဆိုင်ကယ်စတန်းပြိုင်ပွဲတွင် ခုချိန်ထိ သူ့ကိုနိုင်သည့်သူဟူ၍ မရှိခဲ့။ရှိလာလိမ့်မည်လည်းမဟုတ်။
သူ့လိုလူကိုမှ စိန်ခေါ်ရဲသည့် ထူးခြားအောင်ဆိုသည့်တစ်ယောက်၏ သတ္တိကိုတော့လေးစားပါသည်။ကြေးအနေနှင့်ကတော့ ကိုယ်စီးလာသည့်ဆိုင်ကယ်ပဲ ဖြစ်ရာ ရှုံးသူက သိက္ခာနှင့်အတူ ဆိုင်ကယ်ပါဆုံးမည်ဖြစ်သည်။

အစက ထူးခြား‌အောင် ကိုယ်တိုင်ပြိုင်မည်ဟု ထင်ထားသော်လည်း ပြိုင်မည့်သူက သူ့သူငယ်ချင်းဖြစ်သူဖြစ်နေသည်။
အသားအရေကဖွေးဥနေပြီး အညိုရောင်ဆံနွယ်ကောက်များက မျက်လုံးကိုဖုံးအုပ်နေသယောင်ထင်ရပေမယ့် မျက်ဝန်းပြာများကိုလည်း ထင်ထင်ရှားရှားမြင်နေရသေးသည်။
အရပ်ကတော့ သူနှင့်မတိမ်းမယိမ်းပဲဖြစ်လောက်မည်ဖြစ်ပြီး ယောင်္ကျားလေးတစ်ယောက်အတွက်တော့ သူ့ပုံစံကနုလွန်းသည်။ပြီးတော့ စိတ်ထဲတွင် လှသည်ဟုလည်း ခံစားနေရသည်။
ဒီလို အလှလေးက ဆိုင်ကယ်မောင်းဦးမည်မဟုတ်သေး သူနှင့်ပြိုင်ဦးမည်တဲ့လား။

“ဟက်!!”

ထူးခြား ဂိုထောင်ထဲမှ ဆိုင်ကယ်ကိုထုတ်လာပြီး ဧက ရှေ့ရပ်လိုက်သည်။

“ရော့ ဒီမှာသော့...ငါအကုန်စစ်ပြီးပြီ...အင်ဂျင်ကအစ အလတ်ကြီးပဲ...မစီးပဲထားတာ ကြာပြီမို့လို့ တစ်ခုခုများ ချွတ်ယွင်းနေမလားစိုးရိမ်နေတာ...ခုတော့ အေးဆေးပဲ....”
ထူးခြား ပြောရင်း ဆိုင်ကယ်ဦးထုပ်ရော သော့ပါ ဧက‌လက်ထဲ ထည့်ပေးလိုက်သည်။

ဧက ထူးခြားပေးသည့် သော့ကိုယူ၍ ဆိုင်ကယ်ကိုဖွင့်လိုက်ကာ ဆံပင်တွေကို နောက်သို့ခါလိုက်ပြီး ဆိုင်ကယ်ဦးထုပ်ကိုဆောင်းကာ မေးသိုင်းကြိုးကအစ သေချာတက်လိုက်သည်။

“ဧက...မင်း အိင်္ကျီအကာဝတ်ဦးမလား...”

“ရတယ် မလိုဘူး...ဒီအတိုင်းအဆင်ပြေတယ်...မင်းသာ အဲ့အကောင်တွေ ညစ်လားဆိုတာ သေချာစောင့်ကြည့်ထား..တစ်ခုခုဆို ကားနောက်ခန်းမှာ ဘေ့စ်ဘောတုတ်တွေ၅ချောင်းလောက်ပါတယ်...”

“အေးပါကွာ...မင်းသာ မလဲအောင်ဂရုစိုက်...”

“အေး...”
ထို့နောက် ဧက ဆိုင်ကယ်ပေါ်ခွတက်လိုက်ကာ သတ်မှတ်ထားသော မျဉ်းနားမောင်းသွားလိုက်သည်။

ရန်ငြိမ်းထွဋ် ခပ်ဟဟ ပြုံးလိုက်ရင်း ဆိုင်ကယ်ကို တစ်ဖက်ကအလှလေးနား ကပ်ရပ်လိုက်သည်။

“Hello...ကိုယ့်နာမည် ရန်ငြိမ်းထွဋ်ပါ...”

“........”

“ဟက်...”
ရန်ငြိမ်းထွဋ် ကိုယ့်ကိုအဖက်တစ်ချက်မလုပ်လှည့်ပင် မကြည့်‌သော ဧကလေး၏ပုံစံအား သဘောတကျရီလိုက်သည်။

ဧက ဘေးက စိတ်ရှုပ်စရာ‌လူကြောင့် ဒီပြိုင်ပွဲကို မြန်မြန်ပြိုင်ပြီးချင်နေပြီပဲဖြစ်သည်။ဆိုင်ကယ်ပြိုင်မောင်းဖို့ရာ အဓိကပဲကို နာမည်တွေ လာမိတ်ဆက်ပြီး အရစ်ရှည်နေသည့်လူကြောင့် စိတ်ကမကြည်ချင်ဖြစ်လာရသည်။

“အလှလေးက မာနကြီးလိုက်တာ...”

ဧက သူ့အားအလှလေးဟုခေါ်လိုက်သံကြားသောကြောင့် ဆတ်ကနဲဘေးကိုလှည့်ကြည့်လိုက်ရာ ကိုယ့်ကို‌လှောင်ချင်သလို အပြုံးမျိုးဖြင့် ကြည့်နေသော တစ်ဖက်က ပြိုင်ဘက်ကိုတွေ့လိုက်ရသည်။သို့သော် သေချာမကြားလိုက်ရသဖြင့် အစပျိူးနေသော ဒေါသများကို မနဲထိန်းချုပ်လိုက်သည်။စိတ်လိုက်မာန်ပါရန်ဖြစ်လို့မဖြစ်ပေ။
ပါးပါးကမကြိုက်သလို ဖောင်းဖောင်းလေးကပါစိတ်ဆိုးလိမ့်မည်။ဒယ်ဒီဆိုရင်တော့ ဆိုဖွယ်ရပင်မရှိ။

ရန်ငြိမ်းထွဋ် ဆက်ကနဲလှည့်ကြည့်လာသော မျက်ဝန်းပြာများကြောင့် ရင်ခုန်သွားရသည်။အတော်လေးကို လှသည့် မျက်ဝန်းပြာဝိုင်းဝိုင်းလေးများပင်။
ယောင်္ကျားလေးတစ်ယောက်အပေါ် ရင်ခုန်ဖူးတာက သူ့အတွက်ဒါကပထမဆုံးပင်။ထည်လည်တွဲခဲ့သော အမျိုးသမီးများတွင်တောင်ထိုကဲ့သို့ ရန်မခုန်ဖူးခဲ့။အိပ်ယာပေါ်ကကိစ္စတွေအထိ အကျွမ်းဝင်နေသော်လည်း ဒီလိုခံစားချက်မျိုးတော့ မခံစားဖူးခဲ့သည့်အတွက်လည်း ကိုယ့်ကိုကိုယ်အံ့ဩမိသည်။

ထိုအချိန်တွင် ပြိုင်ပွဲဝင်ဖို့ရာ အချိန်စမှတ်သည်ဖြစ်သောကြောင့် အဆင်သင့်ပြင်လိုက်ကာ Round ပြည့်သည်နှင့် စထွက်လိုက်တော့သည်။

ဟိုင်းဝေးလမ်းမကြီးပုံစံ လွင်ပြင်ကျယ်ကွင်းထဲတွင် အနက်ရောင် SUZUKI  HAYABUSA တစ်စီးနှင့် နက်ပြာ‌ ရောင်BMW S1000 RR တစ်စီးတို့ဟာ လေးညှို့မှ ခွင်းလိုက်သည့် မြှားများလို အရှိန်နှုန်းပြင်းစွာဖြင့်မောင်းနှင်နေကြသည်။

‌ဧက အမြင့်ဆုံးအရှိန်ထိ leverကိုတင်ထားတာ ကျွမ်းကျင်စွာမောင်းနှင်နေသည်။ဆိုင်ကယ်မမောင်းဖြစ်တာ ကြာပြီဖြစ်သောကြောင့် ခံစားချက်ကအလွန်မိုက်နေသည်။

ရန်ငြိမ်းထွဋ်ကိုယ့်ထက် ရှေ့ရောက်နေသည့်အပြင် အတော်လေးကို ကျွမ်းကျင်သောမောင်းနှင်မှုကြောင့် အထင်ကြီးသွားရသလို မခံချင်စိတ်လည်းဖြစ်လာ၍ leverကို အသားကုန်တင်ပစ်လိုက်သည်။

ထူးခြားတို့မှာ လှစ်ခနဲသာမြင်လိုက်ရသော ဆိုင်ကယ်နှစ်စီး‌ကို ရင်တထိတ်ထိတ်ကြည့်ရင်း မလဲပါစေနဲ့ဆုတောင်းနေမိသည်။
ဒီအရှိန်ဖြင့်သာလဲသွားပါက အကုန်ကျိုးကန်း စုတ်ပြတ်သတ်သွားမည်ပဲဖြစ်သည်။

အရှိန်တဖြည်းတဖြည်းကျလာသောဆိုင်ကယ်ကို ဧကလေးသတိမထားမိခင်
တဖြည်းဖြည်းမှီလာသော ရန်ငြိမ်းထွဋ်ဆိုင်ကယ်သည် အနားကို ကပ်ရှောင်လိုက်သဖြင့် ဟန်ချက်ပျက်ကာ ဆိုင်ကယ်ဘိမ်းချော်ကျသွားတော့သည်။

ကမ္ဘာ စိတ်စွမ်းအင်စက်ကွင်းလေ့ကျင့်နေရင်းမှ ဆက်ကနဲ ပယင်းရောင်မျက်လုံးတွေပွင့်သွားပြီး မျက်ဝန်းအတွင်းစိုးရိမ်မှုများဖြတ်ပြေးသွားသည်။

CHANGE 🍁
ပျင်းစရာကောင်းကြလားဟင်
‌ကိုယ်တို့ဖြေးဖြေးချင်းပဲသွားကြမယ်လေနော်....🥺❤️
ကျင့်စဉ်အကြောင်းအသေးစိတ်သိချင်ရင်
ရှမ်ဗဲလားသို့ ခရီးစဉ်ဆိုတဲ့ စာအုပ်ကိုရှာဖတ်ကြည့်ပါနော်....
ကိုယ်လည်း ငယ်ငယ်ကတည်းကဖတ်ခဲ့ဖူးတဲ့စာအုပ်တွေကို ပြန်ရှာရင်း ကိုယ်နားလည်သလို ပြန်ရေးပေးထားတာပါ...❤️

ပယင္းႀကိဳးသီခ်စ္ေသာေမာင့္‌ဆီ
အပိုင္း၂✨🍁

စိတ္စုစည္းျခင္းအမႈျပဳရာတြင္အေရးႀကီးဆုံးမွာ ခႏၶာကိုယ္၏ အေနအထားပင္ျဖစ္သည္။
ကမာၻ အေနအထားမွန္မွန္ျဖင့္ ခႏၶာကိုယ္မွာရွိသည့္အေက်ာအခ်ဥ္မ်ားကို ေလွ်ာ့ခ်လိုက္ၿပီး ခ်ကၠရမွတစ္ဆင့္ တျဖည္းျဖည္းခ်င္း ဝင္ေလထြက္ေလကို မွတ္ေနလိုက္သည္။

ဆရာသင္ေပးထားသည့္ နာမ္ခြာစိတ္လႊတ္အတတ္ပညာဟာ ခက္ခဲမေယာင္ႏွင့္ ႐ိုးရွင္းသည္။စိတ္စြမ္းအင္ကို တိုးပြားေအာင္လုပ္ၿပီး ကိုယ္၏ပန္းတိုင္ကို အရင္ဆုံး တစ္သတ္မွတ္ထဲထားလိုက္သည္။
(ဥပမာ ကိုယ္က ဧဝရတ္ေတာင္ထိပ္ကိုသြားခ်င္တယ္ဆိုပါစို႔ စိတ္က ထိုဧဝရတ္ေတာင္အား အာ႐ုံစူးစိုက္ၿပီး အမႉးျပဳရမည္ပဲျဖစ္သည္။)

စဝ္မင္းကမာၻဦးခိုက္၏ ပန္းတိုင္က အသက္၁၂ႏွစ္အ႐ြယ္ကတည္းက ယခုအသက္၁၇ႏွစ္အ႐ြယ္ထိ တစ္ခါမွေျပာင္းလဲျခင္းမရွိခဲ့သည့္ ထိုတစ္‌စုံတစ္ေယာက္ပဲျဖစ္သည္။အႀကိမ္ႀကိမ္စိတ္လႊတ္ၿပီး အနားသို႔ေရာက္ေအာင္လည္း သြားဖူးသည္ပဲျဖစ္သည္။

ဆရာသင္ေပးထားသည့္အတိုင္း စိတ္စြမ္းအင္ခ်ဲ႕ထြင္ျခင္း၏ ပထမအဆင့္အေနျဖင့္ လိုအပ္သည္က အသက္ရႉသြင္းျခင္းနည္းပင္ျဖစ္သည္။အသက္ရႉသြင္းရာတြင္ အာကာသစြမ္းအင္(အတက္ႏိုင္ဆုံးစိတ္ကိုလႊတ္ေပးၿပီး သဘာဝတရားႀကီးမွေပးသည့္စြမ္းအင္မ်ားကို စုပ္ယူျခင္း)ကို စိတ္ကရည္စူးၿပီးရႉသြင္းကာ ထိုစြမ္းအင္မ်ားကို ခႏၶာကိုယ္အတြင္းသာမက မေနာစိတ္ထဲေရာက္ေအာင္ပို႔ေပးရမည္ျဖစ္သည္။
အဓိကအခ်က္မွာ စၿပီးက်င့္စဥ္စသည့္အခ်ိန္မွစ၍ ခႏၶာကိုယ္အေနအထားဟာ တစ္သမတ္တည္းထားရၿပီး ေျပာင္းလဲလႈပ္ရွားျခင္းမျပဳရေပ။

မင္းမဟာေဟာ္နန္းသည္ အဘယ္ေၾကာင့္ အသက္အ႐ြယ္ငယ္႐ြယ္သည့္အခ်ိန္တြင္ ဒီလိုခက္ခဲတဲ့က်င့္စဥ္မ်ိဳးကို က်င့္ႀကံရသလဲဆိုသည္မွာ လူမ်ားအားလုံးသည္ ငယ္႐ြယ္စဥ္ဘဝတြင္ ခႏၶာကိုယ္ထဲတြင္စြမ္းအင္အျပည့္ရွိသည္။မည္သည့္ေရာဂါမ်ိဳးမွ မရွိပဲ က်န္းမာသန္စြမ္းၾကသည္။
တျဖည္းျဖည္း လူလတ္ပိုင္းေရာက္လာသည့္အခ်ိန္တြင္ေတာ့ ထိုစြမ္းအင္မ်ားက ယိုယြင္းလာသည္။အဘယ္ေၾကာင့္ဆိုေသာ္ အစားအေသာက္၊အေနအထိုင္မ်ားေၾကာင့္ပဲျဖစ္သည္။သို႔ေသာ္ လူသားေတြက ထိုယိုယြင္းလာသည့္အေၾကာင္းအရာမ်ားကို မသိက်ိဳးကြၽံျပဳၿပီးေနလိုက္ရာ အသက္အ႐ြယ္ရလာသည့္အခါ၌ နာတာရွည္ေရာဂါမ်ားကို စတင္ခံစားလာရသည္။ထိုအခါ ဇရာေၾကာင့္ဟူေသာ ေခါင္းစဥ္ေအာက္၌ လူတိုင္းဟာ မရဏတရား(ေသျခင္းတရား)ကို မေရွာင္လြဲႏိုင္ဘူးဆို၍ ေျဖသိမ့္ၾကသည္။

မ်ားေသာအားျဖင့္အက်က္လြန္ေနသည့္အစာ၊တူးျခစ္ကြၽမ္းေနသည့္အစာ၊အသား၊အခ်ိဳ၊အရက္ေသစာ၊ေကာ္ဖီႏွင့္အခ်ိဳလြန္ကဲေသာအစားအစာမ်ားက ခႏၶာကိုယ္အတြင္း အက္ဆစ္ဓာတ္ေတြထုတ္ၿပီး ေလးလံေစသည္။အသီး၊အၫြန႔္၊အ‌ေညႇာက္၊အ႐ြက္စိမ္းစိမ္း၊လတ္ဆတ္သည့္ေဖ်ာ္ရည္မ်ားက အယ္လ္ကာလီကိုျဖစ္ေစၿပီး စြမ္းအင္ကိုေထာက္ပံ့ေပးသည္။
အသား၊ငါးမ်ားက ေရရွည္မွာဆို ခႏၶာကိုယ္ကိုယိုယြင္းပ်က္ဆီးေစသည္အတြက္ က်င့္စဥ္က်င့္ႀကံသူအေနျဖင့္ သက္သက္လြတ္စားေသာက္ရသည္။
(ေရာဂါဘယကိုတိတိက်က် အဓိပၸာယ္ဖႊင့္ၾကည့္မည္ဆိုပါက ခႏၶာကိုယ္ရဲ႕အစိတ္အပိုင္းတစ္ခုခုဟာ ပတ္ဝန္းက်င္မွာရွိသည့္ အဏုဇီဝပိုးမႊားေတြ၏ဝါးၿမိဳစားေသာက္ျခင္းခံရေသာေၾကာင့္  ေသဆုံးပုတ္သိုးသြားျခင္းပင္ျဖစ္သည္။ထိုအခါမွ ေဆးဝါးအကူအညီျဖင့္ ကုသရျခင္းျဖစ္သည္။)

႐ိုး႐ိုးသာမန္သူမ်ားအတြက္ေတာ့ ခႏၶာကိုယ္ဟာ အေသြးအသားမ်ားျဖင့္ဖြဲ႕စည္းထားသည္ဟု ႐ိုး႐ိုးရွင္းရွင္းပဲေတြးၾကမည္ျဖစ္သည္။စိတ္စြမ္းအင္က်င့္ႀကံသူမ်ားအတြက္ေတာ့ ခႏၶာကိုယ္ဟာ စြမ္းအင္မ်ားျဖင့္ဖြဲ႕စည္းထားသည့္ အက္တမ္အဖြဲ႕အစည္းတစ္ခုျဖစ္သည္။စြမ္းအင္အစုေလးမ်ားက ခႏၶာကိုယ္အတြင္းက လုပ္ေဆာင္မႈအဆင့္ဆင့္ တုန္ႏႈန္းအသီးသီးကိုလုပ္ေဆာင္ေနၿပီး စားေသာက္လိုက္သည့္အစားစားဟာထိုလုပ္ေဆာင္မႈအေပၚတြင္ သက္ေရာက္မႈရွိသည္။

စိတ္စြမ္းအင္က်င့္စဥ္တြင္ ျမင့္ျမတ္တဲ့စြမ္းအင္စက္ကြင္းေတြကို ပ်ိဳးေထာင္ႏိုင္ဖို႔ဆိုတာ အသားေတြစားေနသ၍ မျဖစ္ႏိုင္ေပ။
ေဟာ္နန္း၏ ဆက္ခံသူတစ္ေယာက္အေနျဖင့္ ႐ိုး႐ိုးစိတ္စြမ္းအင္က်င့္စဥ္အတြင္း ေရွာင္ၾကင္ရကာ ေအာင္ျမင္ပါက တစ္ပတ္လွ်င္ အသား၊ငါး(၂)ရက္ပဲ စားခြင့္ရွိသည္။

ကမာၻကေတာ့ သက္သက္လြတ္စားၿပီး ႐ိုး႐ိုးက်င့္စဥ္ထက္ ပိုသာသည့္က်င့္စဥ္အတြက္ ၅ႏွစ္ေလာက္ ျပင္ဆင္ခဲ့သည္။၅ႏွစ္တာကာလလုံး သူအသားေရွာင္ကာ က်င့္ခဲ့သည္ကို ဆရာႏွင့္ဦးေစာဖလုံမွလြဲ၍ တျခားသူမ်ားမသိခဲ့။ ဆရာက ထြက္ရပ္လမ္းစဥ္ေတြကိုက်င့္ႀကံေနသူျဖစ္သည့္အတြက္ ကမာၻ၏အတိတ္ႏွင့္ပတ္သတ္၍ ျပဳလုပ္မည့္အေပၚ  တစ္ခြန္းတစ္ေလမွ် မွတ္ခ်က္မေပးခဲ့။ ထိုသို႔လုပ္ခ်င္လွ်င္ ျပဳလုပ္ရမည္နည္းလမ္းကိုသာ လမ္းၫႊန္ေပးခဲ့သည္။
ဆရာဆုံးမသည့္စကားလို “အက်ိဳးအေၾကာင္းဆိုသည့္စကားအတိုင္း
အက်ိဳးဆက္ေၾကာင့္ အေၾကာင္းျဖစ္လာရသလို အေၾကာင္းတစ္ခုေၾကာင့္ အက်ိဳးဆက္ျဖစ္လာတာေတြကိုက ေလာကႀကီးရဲ႕နိယာမတစ္ခုပဲ...”ဟု ဆိုသည္။

က်င့္စဥ္တစ္ေလွ်ာက္လုံးတြင္ ေမတၱာဓာတ္စက္ကြင္းကိုပိုင္ႏိုင္ေအာင္ ျပဳလုပ္ေစသည္ ။
ကမာၻ ဝင္ေလထြက္ေလကို ေသခ်ာရႉမွတ္ေနရင္း ဆရာေျပာသည့္စကားမ်ားကို နားထဲၾကားေယာင္လာသည္။ဒီ၂ညဟာ သူ႔အတြက္အေရးႀကီးဆုံးညပင္မဟုတ္ပါလား။

စိတ္ရဲ႕စက္ကြင္းစြမ္းအင္ကိုျမႇင့္တင္သည့္အခါတြင္ ခႏၶာကိုယ္အတြင္းမွာရွိသည့္ အေၾကာက္တရားမ်ားႏွင့္ အရင္ဆုံးပဋိပကၡျဖစ္၍ တိုက္ခိုက္ရသည္။
ယခု ကမာၻခႏၶာကိုယ္ထဲတြင္ရွိေနသည့္ အေၾကာက္တရားမွာ အေအးဓာတ္ပဲျဖစ္သည္။

႐ိုးတြင္းျခင္စီအတြင္းမွ စိမ့္၍ေအးေနေသာ ေရခဲတိုက္၏ အေအးဒဏ္ကား ‌ႏႈိင္းျပဖြယ္ရာေတာင္မရွိေပ။
သို႔ေသာ္ ကမာၻ၏ စိတ္စြမ္းအင္အားေကာင္းေသာေၾကာင့္ ထိုအေအးဓာတ္ကိုတိုက္ထုတ္ႏိုင္သည္။
ထို႔ေနာက္ ကမာၻ စိတ္စြမ္းအင္တစ္ျဖစ္လည္းေမတၱာစက္ကြင္းကို စၾကာဝဠာအတြင္းသို႔ထုတ္လႊတ္ေနလိုက္သည္။

ခိုင္မာလာေသာ စိတ္စြမ္းအင္ဟာ စၾကာဝဠာႀကီးထဲမွ တစ္စုံတစ္ေယာက္ဆီသို႔ေရာက္သြားေလသည္။

***************

ဧကေလး ေရမိုးခ်ိဳးၿပီးေနာက္ ကားေသာ့ကိုဆြဲ၍ ေအာက္ထပ္သို႔ဆင္းလာလိုက္သည္။
တစ္အိမ္လုံးတြင္ သူတစ္ေယာက္ထဲပဲရွိ၍ တိတ္ဆိတ္ေနေလသည္။
ပါးပါးကလည္း ဒယ္ဒီႏွင့္ကုမၸဏီလိုက္သြားၿပီး ေဖာင္းေဖာင္းေလးကေတာ့ ပါးပါးတို႔ မဂၤလာသက္တမ္း တစ္ႏွစ္ျပည့္ ဒယ္ဒီလက္ေဆာင္ေပးခဲ့ေသာ ပါးပါး၏အေဖ ဧကေလးတို႔၏ ဖိုးဖိုးျဖစ္ေသာ ဖိုးဖိုးမာန္ဦးညိဳ၏ မာန္ကုမၸဏီကို ဦးေဆာင္ေနျခင္းပင္ျဖစ္သည္။

ေဖာင္းေဖာင္းေလး၏ ဦးေႏွာက္ကို ဧက ျဖစ္ႏိုင္ရင္ ခြဲစိတ္ၾကည့္လိုက္ခ်င္သည္။
ေက်ာင္းစာတစ္ဖက္ႏွင့္ ကုမၸဏီတစ္ခုလုံးကို ဘယ္လိုမ်ား ဦးေဆာင္ေနသလဲဆိုတာ သူမေတြးႏိုင္ေအာင္ပင္။
သူသာဆိုရင္ ထိုေနရာမွာတင္ ႐ူးေၾကာင္ေၾကာင္ျဖစ္ရင္ျဖစ္သြားႏိုင္သည္။
ဉာဏ္ေကာင္းေပမယ့္ ပ်င္းသည္ပဲဆိုဆို ဧကေလးအေနျဖင့္ အေၾကာင္းအရာတစ္ခုအတြက္ အမ်ားႀကီးမစဥ္းစားခ်င္ေပ။

ထိုအခိုက္ ၿခံေရွ႕မွကားဟြန္းသံေၾကာင့္ ထူးျခားေအာင္ ေရာက္ေနၿပီဆိုတာသိလိုက္၍ သူလည္း ကားေပၚတက္၍ ၿခံတံခါးက္ို Remoteျဖင့္လွမ္းဖြင့္၍ ထြက္လာလိုက္သည္။

“မင္းကလည္းၾကာတာကြာ...”
ထူးျခား ဧကကားထြက္လာၿပီး မွန္ခ်လိုက္သည္ႏွင့္ တစ္ဖက္ကားေပၚမွ လွမ္းေျပာလိုက္သည္။

“ေအာင္မာ...ဘယ္မွာၾကာလို႔တုန္း...မင္းလည္းအခုမွေရာက္တာပဲကို...ေျပာရရင္ မင္းကေတာင္ေနာက္က်ေနတာမဟုတ္ဘူးလား...ေျပာေတာ့ ၁နာရီဆို ခု၃နာရီေတာင္ထိုးေတာ့မယ္ ငါးဖယ္ကေျပာင္းျပန္လာလွန္ေနတယ္ ...”

ဧကမေက်မနပ္ေျပာလိုက္သည္။ထူးျခားေအာင္ဆိုသည့္ေကာင္ကအၿမဲတမ္း ထိုကဲ့သို႔ပင္။သူကလည္းေနာက္က်ေသး အၿမဲတမ္း ကိုယ့္ကိုအရင္ စားမာန္ခုပ္တက္သည္။

“မင္းလို အျပင္ထြက္ဖို႔ကို အခ်ိန္ေပးျပင္ဆင္ေနတဲ့ေကာင္မဟုတ္ဘူးကြ...မျပင္လည္း ငါကေခ်ာၿပီးသား...ရွင္းလား...”

“မင္းကလည္း..ငါကေနာက္က်တယ္ေလးပဲေျပာတာပါကြာ...မင္းေျပာသြားလိုက္တာက ငါ့ကိုရစရာမရွိဘူး....”
ထူးျခား မ်က္ႏွာငယ္ေလးျဖင့္ေျပာလိုက္သည္။ဘယ္တုန္းကမွ ဒီေကာင့္ကိုႏိုင္ေအာင္ေျပာႏိုင္တာလည္းမဟုတ္ပဲ သြားသြားအျပစ္တင္ေနသည့္ ကိုယ့္ႏႈတ္သီးကိုသာ ျဖတ္႐ိုက္ခ်င္မိသည္။ၿပီးရင္သူပဲ မရႉႏိုင္မကယ္ႏိုင္ေအာင္ထိ အဖဲ့ခံရသည္ပဲျဖစ္သည္။

“မွန္တာေျပာတာပဲေလ...ၾကာတယ္ သြားစို႔....”

ဧကေျပာရင္း ေရွ႕မွအရင္ေမာင္းထြက္လာလိုက္သည္။ထူးျခားႏွင့္သူက ၈တန္းႏွစ္မွာစခင္ခဲ့သည္ျဖစ္ၿပီး ထူးျခားက သူ႔အတြက္ေတာ့ ဒုတိယမိသားစုတစ္ခုလိုပဲျဖစ္သည္။
အင္း အေဖႏွစ္ေယာက္ ရွင္းရွင္းလင္းလင္းေျပာရလွ်င္ အမ်ိဳးသားႏွစ္ေယာက္က ေမြးထားသည့္ သူ႔ကို ငယ္ငယ္တုန္းက ေက်ာင္းမွာဆို လူထူးဆန္းတစ္ေယာက္လိုပဲအၾကည့္ခံရသည္။
သို႔ေသာ္လည္း ဒယ္ဒီ၏ အရွိန္အဝါေၾကာင့္ တစ္ခြန္းတစ္ေလမွေတာ့ သြားပုတ္ေလလြင့္မေျပာရဲက်ေပ။ ဆရာမေတြကိုယ္တိုင္ကလည္း တစ္ခါတစ္ေလက် နားလည္ရခက္သည့္အျပဳအမူမ်ားကိုလုပ္ေလ့ရွိသည္။

ထူးျခားေအာင္ႏွင့္သူက ေတြ႕ခါစတုန္းကေတာ့ လုံးဝမတည့္။အဘယ္ေၾကာင့္ဆိုေသာ္ ထူးျခား ‌ႀကိတ္ႀကိဳက္ေနသည့္ေကာင္မေလးက ဧကေလးကိုသေဘာက်ေနေသာေၾကာင့္ျဖစ္ရာ ထူးျခားက ဧကေလးကိုျမင္သည္ႏွင့္ ၿဂိဳလ္ေပးလွ်က္ရွိသည္။
ဧကကေတာ့ ဘယ္သူကိုမွဂ႐ုမစိုက္သလို ဘယ္သူ႔မွလည္း စိတ္မဝင္စား ေနတက္သလိုပဲေနသည္။

ထို႔‌ေန႔က စုံညီေန႔အခမ္းအနားတြင္ ထူးျခားစတိတ္စင္ေပၚကျပဳတ္က်၍ ေျခခ်င္းဝတ္လည္သြားသည့္အခ်ိန္ ဧကေလး အတန္းေဖာ္အခ်င္းခ်င္းမို႔ တြဲကူ၍ ေဆးခန္းလိုက္ပို႔ေပးခဲ့သည္။တျခားသူမ်ားအားလုံးက စုံညီကိုပဲအာ႐ုံေရာက္ေန၍ ဧကေလးပဲ အစအဆုံး အနားေနေပး၍ လုပ္ေပးခဲ့သည္။
ထိုေန႔ေနာက္ပိုင္းမွစ၍ ထူးျခားေအာင္၏အျမင္တြင္ သူကတစ္မ်ိဳးေျပာင္းသြားခဲ့ပုံရသည္။ေနာက္မွတေကာက္ေကာက္လိုက္ၿပီး ေက်းဇူးရွင္ေလးဟုေခၚကာ အတင္း‌ေရာေတာ့သည္။
ဒီလိုနဲ႔ပဲ ကိုယ္ႏွင့္ရင္ဘက္ခ်င္းအနီးဆုံးသူျဖစ္လာခဲ့သည္ပဲျဖစ္သည္။

တစ္ခ်ိဳ႕သူမ်ားက သူတို႔ႏွစ္ေယာက္ကိုတြဲျမင္သည္ႏွင့္ သမုတ္တက္ေသာ္လည္း ဧကေလးကေတာ့ ဉာဏ္ရည္မမွီသည့္လူမ်ားႏွင့္အၿပိဳင္တုဖက္ေျပာမေနပဲ ေနခ်င္သလိုေနသည္။သူတို႔လည္းထင္ခ်င္သလိုထင္ ကိုယ္လည္းေနခ်င္‌သလိုေနမည္ပင္။
အခ်စ္နဲ႔ပတ္သတ္ရင္ေတာ့ အင္း ကိုယ္ႏွင့္ခုခ်ိန္ထိေတာ့မသက္ဆိုင္ေသးဟုထင္‌သည္။ရင္ကိုကိုင္လႈပ္ႏိုင္သည့္တစ္စုံတစ္ေယာက္ကိုလည္း သူ႔အသက္၂၀အတြင္း တစ္ခါမွမေတြ႕ခဲ့ဖူးဘူးျဖစ္၍ အခ်စ္နဲ႔ပတ္သတ္ရင္ အခ်ိန္ေပးမေတြးျဖစ္ေတာ့ေပ။

ကားေလးကို ခ်ိန္းထားသည့္ေနရာအေရာက္တြင္ ဧက ရပ္ေနၾကေနရာ၌ေသခ်ာရပ္လိုက္သည္။
ထို႔ေနာက္ ကားေပၚမွဆင္းလိုက္ရာ တစ္ဖက္က ကိုယ္ႏွင့္ၿပိဳင္မည့္အဖြဲ႕က ေရာက္ေနၿပီးသားျဖစ္သည္။
ဧကေလး ကားbodyကိုမွီရင္း စတိုင္က်က် ခပ္မိုက္မိုက္ရပ္ေနလိုက္သည္။
အိမ္မွာတြင္သာ သူ၏6'ရွိသည့္အရပ္က ပုေသာ္လည္း အျပင္တြင္ေတာ့ အရပ္ရွည္ၿပီး ေခ်ာသည္ပဲျဖစ္သည္။

ေလတိုက္ေနသျဖင့္ တလြင့္လြင့္ျဖစ္ေနေသာ အညိဳေရာင္ဆံႏြယ္ေခြမ်ားႏွင့္ မ်က္ဝန္းျပာေလးမ်ားက တစ္ဖက္မွ ကိုယ့္လိုေလွာင္ခ်င္သလိုၾကည့္ေနေသာ သူမ်ားကို စိုက္ၾကည့္ရင္း ႏႈတ္ခမ္းတစ္ဖက္တြန႔္ၿပဳံးလိုက္သည္။
ထူးျခားေအာင္ေကာင္းမႉျဖင့္ ဒီစိန္ေခၚပြဲကိုၿပိဳင္ရဦးမည္ပဲျဖစ္သည္။
ပါးပါးက ဆိုင္ကယ္ၿပိဳင္ေမာင္းသည္က အႏၲရာယ္မ်ားလြန္း၍ မႀကိဳက္သျဖင့္ မၿပိဳင္ခိုင္းေပ။ထို႔ေၾကာင့္ သူနားေနသည္မွာလည္း ၃ႏွစ္ေလာက္ရွိေနၿပီပဲျဖစ္သည္။တစ္ခါတစ္ေလ အေပ်ာ္ေမာင္းတာကလြဲရင္ မၿပိဳင္ျဖစ္တာကလည္း အေတာ္ေလးၾကာေနၿပီျဖစ္သည္။

“လုပ္ပါကြာ...မင္းဆိုေသခ်ာေပါက္ႏိုင္မွာသိလား...အဲ့ေကာင္ေတြက သတ္သတ္ယုတ္မာလို႔ ငါ‌ ေက်ကိုမေက်နပ္ဘူး...ငါသာဆိုင္ကယ္မလဲရင္ေသခ်ာေပါက္ႏိုင္တယ္...သူတို႔လမ္းကိုတစ္ခုခုလုပ္ထားတာေသခ်ာတယ္...အဲ့ဒါေၾကာင့္ ငါတျခားကြင္းမွာ သတၱိရွိရင္‌ၿပိဳင္ရဲလားဆိုၿပီး စိန္ေခၚခဲ့တာ.....”

“အဲ့ဒါဆိုမင္းၿပိဳင္ပါ့လား...ဘာလို႔ငါ့လာၿပိဳင္ခိုင္းေနတာလဲ မင္းစိန္ေခၚခဲ့တာဆို...မင္းၿပိဳင္ေလ...”
ဧက စိတ္အခ်ဥ္ေပါက္စြာ ေျပာလိုက္သည္။
ေသေဖာ္ေသဖက္ညႇိသည့္ေနရာတြင္ ထူးျခားေအာင္က တကယ္proပင္။

“ဧကေလးကလည္း...ငါၿပိဳင္ရင္ႏိုင္ခ်င္မွ ႏိုင္မွာေလ...မင္းကအရမ္းေတာ္ေတာ့ မင္းဆို ေသခ်ာေပါက္ႏိုင္မွာ‌သိေနလို႔...ေနာ္ေနာ္...ငါအဲ့ေကာင္ေတြကို ျပန္လက္စား‌ေခ်ခ်င္လို႔လို႔ ...ပိလိ...ပိလိ...”
ထူးျခားေအာင္ မ်က္ႏွာငယ္ေလးျဖင့္ မ်က္ေတာင္ေလးကို ပုတ္ခတ္ပုတ္ခတ္လုပ္၍ ေျပာလိုက္သည္။

“အဲ့လို႐ုပ္ႀကီးမလုပ္စမ္းပါနဲ႔...ရင္အိုလြန္းလို႔...”

“ဘာ..ဒီ....”
ထူးျခားထြက္လာေတာ့မည့္စကားမ်ားကို အတင္းၿမိဳခ်ပစ္လိုက္ရသည္။ခုခ်ိန္မွာ ဧကဘာေျပာေျပာခံႏိုင္မွရမည္မဟုတ္လား။
ဧကသာ ၿပိဳင္မေပးလွ်င္ သူကအရွက္ထပ္ကြဲဦးမည္ေပ။

“ဧကေလးကလည္း ၿပိဳင္မယ္မလား....ၿပိဳင္လိုက္ပါေနာ္...တစ္ပတ္...တစ္ပတ္တိတိ မင္းစားခ်င္တာအကုန္ဝယ္ေႂကြးမယ္ကြာ.. ဘယ္လိုလဲ....”

“ေသခ်ာတယ္ေနာ္...”

“အင္း ေသခ်ာတယ္....ဂတိ..”

“ၿပီးတာပဲေလ...ဒါက ငါ့အတြက္ေတာ့ အေပ်ာ့...”

အစားအေသာက္ႏွင့္ ျမဴစြယ္ေတာ့မွသာလက္ခံသည့္ မင္းျမတ္ဧကဦးမာန္ပင္။

ဧက တစ္ဖက္လူ၏ ေထာင့္မက်ိဳးသည့္အၾကည့္မ်ားအား သေဘာမက်ေသာ္လည္း လက္ခံၿပီးသားျဖစ္၍ မျပင္ခ်င္ေတာ့။
ထူးျခားေအာင္ အတင္းေတာင္းဆို၍သာ ပါးပါးမသိေအာင္သူလာၿပိဳင္ျခင္းျဖစ္သည္။
ထို႔ေၾကာင့္ ျပႆနာမတက္ေအာင္ အတက္ႏိုင္ဆုံး သည္းခံေနမွျဖစ္မည္ျဖစ္၍ ထိုအၾကည့္မ်ားကို သေဘာမက်ေသာ္လည္း လ်စ္လ်ဴရႉထားလိုက္သည္။

ရန္ၿငိမ္းထြဋ္ ဆိုင္ကယ္ေပၚမွ တစ္ဖက္က ကားbodyကိုမွီၿပီး ထီမထင္ဟန္သူတို႔ကိုၾကည့္ေနေသာ သူအားၾကည့္ၿပီး မဲ့ၿပဳံးၿပဳံးလိုက္သည္။
ဆိုင္ကယ္စတန္းၿပိဳင္ပြဲတြင္ ခုခ်ိန္ထိ သူ႔ကိုႏိုင္သည့္သူဟူ၍ မရွိခဲ့။ရွိလာလိမ့္မည္လည္းမဟုတ္။
သူ႔လိုလူကိုမွ စိန္ေခၚရဲသည့္ ထူးျခားေအာင္ဆိုသည့္တစ္ေယာက္၏ သတၱိကိုေတာ့ေလးစားပါသည္။ေၾကးအေနႏွင့္ကေတာ့ ကိုယ္စီးလာသည့္ဆိုင္ကယ္ပဲ ျဖစ္ရာ ရႈံးသူက သိကၡာႏွင့္အတူ ဆိုင္ကယ္ပါဆုံးမည္ျဖစ္သည္။

အစက ထူးျခား‌ေအာင္ ကိုယ္တိုင္ၿပိဳင္မည္ဟု ထင္ထားေသာ္လည္း ၿပိဳင္မည့္သူက သူ႔သူငယ္ခ်င္းျဖစ္သူျဖစ္ေနသည္။
အသားအေရကေဖြးဥေနၿပီး အညိဳေရာင္ဆံႏြယ္ေကာက္မ်ားက မ်က္လုံးကိုဖုံးအုပ္ေနသေယာင္ထင္ရေပမယ့္ မ်က္ဝန္းျပာမ်ားကိုလည္း ထင္ထင္ရွားရွားျမင္ေနရေသးသည္။
အရပ္ကေတာ့ သူႏွင့္မတိမ္းမယိမ္းပဲျဖစ္ေလာက္မည္ျဖစ္ၿပီး ေယာက်ၤားေလးတစ္ေယာက္အတြက္ေတာ့ သူ႔ပုံစံကႏုလြန္းသည္။ၿပီးေတာ့ စိတ္ထဲတြင္ လွသည္ဟုလည္း ခံစားေနရသည္။
ဒီလို အလွေလးက ဆိုင္ကယ္ေမာင္းဦးမည္မဟုတ္ေသး သူႏွင့္ၿပိဳင္ဦးမည္တဲ့လား။

“ဟက္!!”

ထူးျခား ဂိုေထာင္ထဲမွ ဆိုင္ကယ္ကိုထုတ္လာၿပီး ဧက ေရွ႕ရပ္လိုက္သည္။

“ေရာ့ ဒီမွာေသာ့...ငါအကုန္စစ္ၿပီးၿပီ...အင္ဂ်င္ကအစ အလတ္ႀကီးပဲ...မစီးပဲထားတာ ၾကာၿပီမို႔လို႔ တစ္ခုခုမ်ား ခြၽတ္ယြင္းေနမလားစိုးရိမ္ေနတာ...ခုေတာ့ ေအးေဆးပဲ....”
ထူးျခား ေျပာရင္း ဆိုင္ကယ္ဦးထုပ္ေရာ ေသာ့ပါ ဧက‌လက္ထဲ ထည့္ေပးလိုက္သည္။

ဧက ထူးျခားေပးသည့္ ေသာ့ကိုယူ၍ ဆိုင္ကယ္ကိုဖြင့္လိုက္ကာ ဆံပင္ေတြကို ေနာက္သို႔ခါလိုက္ၿပီး ဆိုင္ကယ္ဦးထုပ္ကိုေဆာင္းကာ ေမးသိုင္းႀကိဳးကအစ ေသခ်ာတက္လိုက္သည္။

“ဧက...မင္း အိက်ႌအကာဝတ္ဦးမလား...”

“ရတယ္ မလိုဘူး...ဒီအတိုင္းအဆင္ေျပတယ္...မင္းသာ အဲ့အေကာင္ေတြ ညစ္လားဆိုတာ ေသခ်ာေစာင့္ၾကည့္ထား..တစ္ခုခုဆို ကားေနာက္ခန္းမွာ ေဘ့စ္ေဘာတုတ္ေတြ၅ေခ်ာင္းေလာက္ပါတယ္...”

“ေအးပါကြာ...မင္းသာ မလဲေအာင္ဂ႐ုစိုက္...”

“ေအး...”
ထို႔ေနာက္ ဧက ဆိုင္ကယ္ေပၚခြတက္လိုက္ကာ သတ္မွတ္ထားေသာ မ်ဥ္းနားေမာင္းသြားလိုက္သည္။

ရန္ၿငိမ္းထြဋ္ ခပ္ဟဟ ၿပဳံးလိုက္ရင္း ဆိုင္ကယ္ကို တစ္ဖက္ကအလွေလးနား ကပ္ရပ္လိုက္သည္။

“Hello...ကိုယ့္နာမည္ ရန္ၿငိမ္းထြဋ္ပါ...”

“........”

“ဟက္...”
ရန္ၿငိမ္းထြဋ္ ကိုယ့္ကိုအဖက္တစ္ခ်က္မလုပ္လွည့္ပင္ မၾကည့္‌ေသာ ဧကေလး၏ပုံစံအား သေဘာတက်ရီလိုက္သည္။

ဧက ေဘးက စိတ္ရႈပ္စရာ‌လူေၾကာင့္ ဒီၿပိဳင္ပြဲကို ျမန္ျမန္ၿပိဳင္ၿပီးခ်င္ေနၿပီပဲျဖစ္သည္။ဆိုင္ကယ္ၿပိဳင္ေမာင္းဖို႔ရာ အဓိကပဲကို နာမည္ေတြ လာမိတ္ဆက္ၿပီး အရစ္ရွည္ေနသည့္လူေၾကာင့္ စိတ္ကမၾကည္ခ်င္ျဖစ္လာရသည္။

“အလွေလးက မာနႀကီးလိုက္တာ...”

ဧက သူ႔အားအလွေလးဟုေခၚလိုက္သံၾကားေသာေၾကာင့္ ဆတ္ကနဲေဘးကိုလွည့္ၾကည့္လိုက္ရာ ကိုယ့္ကို‌ေလွာင္ခ်င္သလို အၿပဳံးမ်ိဳးျဖင့္ ၾကည့္ေနေသာ တစ္ဖက္က ၿပိဳင္ဘက္ကိုေတြ႕လိုက္ရသည္။သို႔ေသာ္ ေသခ်ာမၾကားလိုက္ရသျဖင့္ အစပ်ိဴးေနေသာ ေဒါသမ်ားကို မနဲထိန္းခ်ဳပ္လိုက္သည္။စိတ္လိုက္မာန္ပါရန္ျဖစ္လို႔မျဖစ္ေပ။
ပါးပါးကမႀကိဳက္သလို ေဖာင္းေဖာင္းေလးကပါစိတ္ဆိုးလိမ့္မည္။ဒယ္ဒီဆိုရင္ေတာ့ ဆိုဖြယ္ရပင္မရွိ။

ရန္ၿငိမ္းထြဋ္ ဆက္ကနဲလွည့္ၾကည့္လာေသာ မ်က္ဝန္းျပာမ်ားေၾကာင့္ ရင္ခုန္သြားရသည္။အေတာ္ေလးကို လွသည့္ မ်က္ဝန္းျပာဝိုင္းဝိုင္းေလးမ်ားပင္။
ေယာက်ၤားေလးတစ္ေယာက္အေပၚ ရင္ခုန္ဖူးတာက သူ႔အတြက္ဒါကပထမဆုံးပင္။ထည္လည္တြဲခဲ့ေသာ အမ်ိဳးသမီးမ်ားတြင္ေတာင္ထိုကဲ့သို႔ ရန္မခုန္ဖူးခဲ့။အိပ္ယာေပၚကကိစၥေတြအထိ အကြၽမ္းဝင္ေနေသာ္လည္း ဒီလိုခံစားခ်က္မ်ိဳးေတာ့ မခံစားဖူးခဲ့သည့္အတြက္လည္း ကိုယ့္ကိုကိုယ္အံ့ဩမိသည္။

ထိုအခ်ိန္တြင္ ၿပိဳင္ပြဲဝင္ဖို႔ရာ အခ်ိန္စမွတ္သည္ျဖစ္ေသာေၾကာင့္ အဆင္သင့္ျပင္လိုက္ကာ Round ျပည့္သည္ႏွင့္ စထြက္လိုက္ေတာ့သည္။

ဟိုင္းေဝးလမ္းမႀကီးပုံစံ လြင္ျပင္က်ယ္ကြင္းထဲတြင္ အနက္ေရာင္ SUZUKI  HAYABUSA တစ္စီးႏွင့္ နက္ျပာ‌ ေရာင္BMW S1000 RR တစ္စီးတို႔ဟာ ေလးညႇိဳ႕မွ ခြင္းလိုက္သည့္ ျမႇားမ်ားလို အရွိန္ႏႈန္းျပင္းစြာျဖင့္ေမာင္းႏွင္ေနၾကသည္။

‌ဧက အျမင့္ဆုံးအရွိန္ထိ leverကိုတင္ထားတာ ကြၽမ္းက်င္စြာေမာင္းႏွင္ေနသည္။ဆိုင္ကယ္မေမာင္းျဖစ္တာ ၾကာၿပီျဖစ္ေသာေၾကာင့္ ခံစားခ်က္ကအလြန္မိုက္ေနသည္။

ရန္ၿငိမ္းထြဋ္ကိုယ့္ထက္ ေရွ႕ေရာက္ေနသည့္အျပင္ အေတာ္ေလးကို ကြၽမ္းက်င္ေသာေမာင္းႏွင္မႈေၾကာင့္ အထင္ႀကီးသြားရသလို မခံခ်င္စိတ္လည္းျဖစ္လာ၍ leverကို အသားကုန္တင္ပစ္လိုက္သည္။

ထူးျခားတို႔မွာ လွစ္ခနဲသာျမင္လိုက္ရေသာ ဆိုင္ကယ္ႏွစ္စီး‌ကို ရင္တထိတ္ထိတ္ၾကည့္ရင္း မလဲပါေစနဲ႔ဆုေတာင္းေနမိသည္။
ဒီအရွိန္ျဖင့္သာလဲသြားပါက အကုန္က်ိဳးကန္း စုတ္ျပတ္သတ္သြားမည္ပဲျဖစ္သည္။

အရွိန္တျဖည္းတျဖည္းက်လာေသာဆိုင္ကယ္ကို ဧကေလးသတိမထားမိခင္
တျဖည္းျဖည္းမွီလာေသာ ရန္ၿငိမ္းထြဋ္ဆိုင္ကယ္သည္ အနားကို ကပ္ေရွာင္လိုက္သျဖင့္ ဟန္ခ်က္ပ်က္ကာ ဆိုင္ကယ္ဘိမ္းေခ်ာ္က်သြားေတာ့သည္။

ကမာၻ စိတ္စြမ္းအင္စက္ကြင္းေလ့က်င့္ေနရင္းမွ ဆက္ကနဲ ပယင္းေရာင္မ်က္လုံးေတြပြင့္သြားၿပီး မ်က္ဝန္းအတြင္းစိုးရိမ္မႈမ်ားျဖတ္ေျပးသြားသည္။

CHANGE 🍁
ပ်င္းစရာေကာင္းၾကလားဟင္
‌ကိုယ္တို႔ေျဖးေျဖးခ်င္းပဲသြားၾကမယ္ေလေနာ္....🥺❤️
က်င့္စဥ္အေၾကာင္းအေသးစိတ္သိခ်င္ရင္
ရွမ္ဗဲလားသို႔ ခရီးစဥ္ဆိုတဲ့ စာအုပ္ကိုရွာဖတ္ၾကည့္ပါေနာ္....
ကိုယ္လည္း ငယ္ငယ္ကတည္းကဖတ္ခဲ့ဖူးတဲ့စာအုပ္ေတြကို ျပန္ရွာရင္း ကိုယ္နားလည္သလို ျပန္ေရးေပးထားတာပါ...❤️

Continue Reading

You'll Also Like

781K 72.4K 37
(zawgyi) ငါ့နာမည္က ခ်စ္စႏိုးညီညီ...။ မင္းတို႔ကို ႂကြားစရာရွိတယ္...။ ငါ့မွာ သိပ္ကို အရွိန္အဝါႀကီးလြန္းတဲ့ ဂိုဏ္းေခါင္းေဆာင္ႀကီးလို႔ အမ်ားကသိၾကတဲ့ သခင္...
329K 33.3K 131
ဘာသာပြန်သူ - စွဲညို့အသင်း
202K 12.1K 20
The third Mafia October 12 .... October 31,2021
202K 16.6K 200
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...