Unicode
ဒီအပိုင်းကစပြီး E tranမရှိတော့တဲ့အတွက် အိုင်က chinese ကနေယူပြန်ထားပါတယ်။လေ့လာဆဲမလို့ ၁၀၀ ရာခိုင်နှုန်း မမှန်ပေမဲ့ MTLက မပြန်ထားဘူးဆိုတာတော့ အာမခံပါတယ်။
စားသောက်ကြမည့်နေရာသည်က လုကျန့်ဖေး ခဏခဏဆိုသလိုကို သွားတတ်သည့် အနောက်တိုင်းစားသောက်ဆိုင်တစ်ဆိုင်ပင်ဖြစ်သည်။
ချန်ချန်းချင်းသည် ခုတလော စားချင်သောက်ချင်စိတ် အာသီသကသိပ်မရှိလှပေ။ထို့ကြောင့်ပင် ဘာစားရစားရ သူဂရုမစိုက်။ လုကျန့်ဖေးက စတိခ်စားဖို့အဆိုပြုလိုက်တော့လည်း သူသဘောသာတူပစ်လိုက်သည်။
တကယ်တမ်းကျ ညဘက်ကျင်းပသည့် ဤကဲ့သို့ပရိုက်ဗိတ်ပါတီမျိုးသည်က အများအားဖြင့် လူစုလူဝေးနှင့် ပျော်ပျော်ပါးပါးစားသောက်ကြရမှာမျိုးဖြစ်သည်။ သို့သော် လုကျန်းဖေးသည်က စိတ်ထဲမှာအခြားကိစ္စကို တွေးနေသည်မို့ အိမ်ရှင်ဖြစ်သူ၏ ဖိတ်ခေါ်ချက်ကို ငြင်းပယ်ကာ ချန်ချန်းချင်းနှင့် နှစ်ကိုယ်တည်းစားဖို့သာ ရွေးချယ်လိုက်သည်။ ကျိန်းသေပေါက် ရွှီရှောင်ရန်ကိုတော့ မဖြစ်မနေ ခေါ်လာခဲ့ရသည် ဖြစ်၏။
စားသောက်ဆိုင်ရောက်တော့ သုံးယောက်သားက စားသောက်ဖွယ်ရာတွေမှာလိုက်ကြသည်။
အမြည်းသဘောလောက်စားပြီးသည်နှင့် ချန်ချန်းချင်းက မတ်တပ်ထရပ်ကာ သန့်စင်ခန်းသွားလေသည်။ ယင်းအချိန်ကို အခွင့်ကောင်းယူကာ လုကျန်းဖေးက ရွှီရှောင်ရန်နှင့် အသေးစိတ်ကို အမြန်အဆန် ဆွေးနွေးလိုက်၏။
"မင်း ဆေးယူလာလား"
ရွှီရှောင်ရန်က စွတ်ပြုတ်သောက်နေချိန်မို့ ခေါင်းငုံ့ထားရင်းဖြင့်
"ယူလာတယ်"
လုကျန်းဖေးက ဆိုလိုက်သည်။
"မင်း အဲ့ဒါကို အချိန်မရွေး၊ နေရာမရွေး ဆောင်ထားတာလား။ ရွှီရှောင်ရန်....မင်းလိုလူ မြင်တောင်မမြင်ဖူးဘူး"
ရွှီရှောင်ရန်က ရယ်မောလိုက်ရင်း
"ဒါပေမဲ့ လုကျန့်ဖေး...ငါကဆေးယူလာတာဟုတ်ပေမဲ့ ခုချိန်မှာ ဆေးလိုအပ်နေတဲ့လူက မင်းပဲလေ"
လုကျန့်ဖေးက နှုတ်ခမ်းထောင့်စွန်းကို မဲ့ပြသည်။ ခဏမျှကြာမှ သူစကားဆိုလိုက်၏။
"ဆေးက ဘယ်မှာလဲ"
ရွှီရှောင်ရန်က ပြန်တုံ့ပြန်သည်။
"မင်း ဝိုင်ထဲမှာတော့ မထည့်နဲ့။ ကြိုက်တဲ့နေရာမှာထည့်။ဒါက စွတ်ပြုတ်မလား။ဒီထဲထည့်လိုက်"
ပြောပြီးသည်နှင့် သူက အိတ်ကပ်ထဲက အပြာရောင်ဆေးတောင့်သေးသေးလေးကို ဆွဲထုတ်သည်။ဆေးတောင့်အကာကို ဆွဲခွဲကာ အမှုန့်တို့ကို ချန်ချန်းချင်းမှာထားသည့် စွတ်ပြုတ်ပျစ်ပျစ်ထဲသို့ ဖြူးချလိုက်သည်။
"ငါတို့ ဘာလို့ ဝိုင်ထဲ မထည့်ရမှာလဲ"
လုကျန့်ဖေးက အမေးထုတ်သည်။
ရွှီရှောင်ရန်က လေသံကြားရရုံမျှ ပြန်ဖြေလိုက်၏။
"လုကျန့်ဖေး.....သိပ်မကြာသေးခင်က လျိုချန်ချင့်တစ်ယောက် တရားစွဲခံရလုနီးပါးဖြစ်သွားတာကို မင်းသိတယ်မလား
"သိတယ်လေ။ ဘာဖြစ်လို့လဲ"
လျိုချန်းချင့်နှင့် သူတို့ဟာ အသိုင်းအဝိုင်းတူပေမဲ့လည်း ထိုသူ၏ ဘဝကတော့ အလွန်အမင်း အကျင့်စာရိတ္တပျက်ပြားနေကာ မူးယစ်ဆေးလည်း စွဲနေသူဖြစ်သည်။ မိဘတွေကြောင့်သာမဟုတ်လျှင် ထိုသူဟာ မရေမတွက်နိုင်လောက်အောင် သေနတ်ပစ်ခံနေရပြီးပြီ ဖြစ်သည်။
"သူက ရွှီမိသားစုက အကြီးဆုံးမမလေး နဲ့ကစားချင်နေတာလေ။ အဲဒါကြောင့် လူသောက်မဲ့ဝိုင်နီတွေထဲကို အိပ်ဆေးတွေ ခပ်ပစ်တာ။အဲ့ဒီမှာ ဓာတ်ပြုမှုတွေဖြစ်ပြီးတော့ ရွှီမိသားစုက အကြီးဆုံးမမလေးခမျာ တန်းသေသွားပါရောလား"
ယင်းအဖြစ်အပျက်က နည်းနည်းတော့ ဟာသဆန်နေသည်မို့ လုကျန့်ဖေးမှာ မရိုးဖြောင့်စွာပင် ရယ်ချင်သွားရသည်။
ရွှီရှောင်ရန်က ပြောလိုက်ပြန်၏။
"လျိုချန်ချင့်ရဲ့ အဖိုးကသာ အဲ့ဒီကိစ္စကို ဖိနှိပ်ထားတာကြောင့်သာမဟုတ်ရင် ဒင်း ထောင်ထဲရောက်နေတာကြာလှပြီ"
"စွတ်ပြုတ်ထဲမှာ ထည့်ရင်ရော အဆင်ပြေတယ်လား"
"အဆင်ပြေတယ်။ ငါ ဒီဆေးရဲ့ဖော်မြူလာကို သိတယ်။ အကုန်လုံးက တရုတ်ဆေးဖက်ဝင်ဆေးဝါးတွေချည်းပဲ။ကျားဂုဏ်ရည် မာန်မကျမဲ့ဟာရယ်၊ ကျောက်ကပ်အားတိုးစေတဲ့ဟာရယ်ပဲ။ ဟိုလိုမျိုး မကောင်းမကန်းပစ္စည်းတွေနဲ့ တစ်ခုမှမတူဘူး"
ရွှီရှောင်ရန်၏ စကားတွေကြားမှ လုကျန့်ဖေး စိတ်သက်သာရာ ရသွားသည်။ သူသည် ချန်ချန်းချင်းကို စစ်မှန်စွာဖြင့်ပြုစုစေချင်တာဖြစ်သော်ငြား ဤအရာက ခန္ဓာကိုယ်အပေါ် မကောင်းလျှင်တော့ သူဘယ်တော့မှ အသုံးပြုလိမ့်မည်မဟုတ်ပေ။ သို့သော်ငြား လုကျန့်ဖေးသည် အနည်းငယ် စိုးရိမ်နေမိသေးသည်။
"ငါ့ကို နောက်တစ်တောင့်ပေးထားဦး"
"ဘာလို့လဲ။ဒီတစ်ခါ မအောင်မြင်ရင် နောက်တစ်ခါကို စဥ်းစားနေတာလား"
လုကျန့်ဖေးက ပြုံးသည်။ သို့သော်လည်း သူဟာ ဆေးကိုစစ်ဆေးကြည့်ဖို့ ယူသွားမှာ ဟူသည်ကိုတော့ ထုတ်မပြောလိုက်ပါချေ။
ရွှီရှောင်ရန်က ဟာသလုပ်နေပေမဲ့လည်း ဆေးကိုတော့ လုကျန့်ဖေးထံ ပေးလိုက်သည်။ သူက ဆိုလာ၏။
"တကယ်လို့ သူသာ ဆေးကိုတုံ့ပြန်ရင် ၈၀ရာခိုင်နှုန်းက စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်နေလို့ပဲ"
"ငါသိပြီ"
လုကျန့်ဖေးက ပြန်ဖြေသည်။
ရွှီရှောင်ရန်သည် ခဏတာမျှ တုံ့ဆိုင်းနေပြီးမှ မေးလိုက်လေသည်။
"လုကျန့်ဖေး....ချန်ချန်းချင်း မူမမှန်တာကို မင်းတွေ့ဖူးလား"
လုကျန့်ဖေးက ပြန်မေးသည်။
"တစ်ခုခုဖြစ်လို့လား။ ဘယ်လိုမူမမှန်တာမျိုးလဲ"
"ငါ ဒီနေ့သူ့ကို တွေ့လိုက်တော့ အရင်ကတွေ့ဖူးထားတဲ့လူနဲ့ လုံးဝကြီးကွာခြားနေသလို ခံစားလိုက်ရတယ်။သူ မူမမှန်ဖြစ်နေတာမျိုးကို မင်းတကယ်ပဲ သတိမထားမိဘူးလား"
လုကျန့်ဖေးက ခဏတာမျှ တိတ်ဆိတ်သွားပြီးမှ စကားဆိုလာသည်။
"သူက အရင်ကနဲ့စာရင် အများကြီးကွာခြားသွားတာ ငါသိတယ်။ဒါပေမဲ့....."
"ဒါပေမဲ့ မင်းက ဒီပြောင်းလဲမှုက မင်းကို လက်ခံပေးနေတာလို့ ခံစားမိနေစေတာမလား"
ရွှီရှောင်ရန်က သက်ပြင်းချလိုက်ရင်း
"လုကျန့်ဖေး.....မင်းက အရေးကြီးဆုံးအရာကို မေ့နေတာလား"
လုကျန့်ဖေးက ပဟေဋ္ဌိဖြစ်သွားသည့်ပမူအရာဖြစ်သွားသည်။
ရွှီရှောင်ရန်က ဆိုလိုက်၏။
"အတိတ်တုန်းကဆို သူက အနည်းဆုံးတော့ မင်းအပေါ်မှာ 'မာ'လာသေးတယ်လေ။ခုကျ သူ မင်းအပေါ်ဘယ်လောက်ပဲ နူးညံ့သိမ်မွေ့ပြပါစေ တုံ့ပြန်မှုမှမဖြစ်တော့ဘဲ။ လူသားတွေရဲ့အမူအရာက လိမ်လို့ရရင်ရမယ်။ ခန္ဓာကိုယ်တုံ့ပြန်မှုတွေကတော့ အရိုးသားဆုံးပဲကွ"
လုကျန့်ဖေးက စွတ်ပြုတ်ကိုသာ မွှေနေပြီး ဘာမျှ ပြန်မပြောချေ။
"မင်း သူ့ခြေထောက်ကို ချိုးပစ်လိုက်တဲ့ကိစ္စက....ငါ့အထင်တော့ သူပြောင်းလဲသွားရတဲ့ အကြီးမားဆုံး အကြောင်းရင်းဖြစ်နေလောက်တာက သေချာသလောက်ပဲ"
လုကျန့်ဖေးက တစ်စုံတစ်ရာ ပြောဖို့ပြင်လိုက်စဥ်မှာပင် ချန်ချန်းချင်းတစ်ယောက် သန့်စင်ခန်းကနေ ပြန်လာတာကို မြင်လိုက်ရသည်။ ထို့ကြောင့်ပင် သူ ပါးစပ်ပိတ်လိုက်ရတော့၏။
ချန်ချန်းချင့်က ပြန်လာပြီးသည့်နောက်မှာ လုကျန့်ဖေးဘေးနားမှာ ဝင်ထိုင်ရင်း ဇွန်းကိုကောက်မ,ကာ လုကျန့်ဖေးနှင့် ရွှီရှောင်ရန်တို့၏ မျက်စိအောက်မှာပင် စွတ်ပြုတ်ကိုတစ်ဇွန်းခပ်သောက်လိုက်သည်။
"စားကြလေ...ဘာလို့ ငါ့ကိုကြည့်နေကြတာလဲ"
ရွှီရှောင်ရန်က ပြုံးကာ ဆိုလိုက်၏။
"မင်းကိုကြည့်ရတာက လုကျန့်ဖေးကိုကြည့်ရတာထက် ပိုကောင်းလို့"
လုကျန့်ဖေး : "အိုင်း...သူ့အမြင်အာရုံက နိမ့်ပါးနေတာ အားနာမိပါရဲ့"
ချန်ချန်းချင်း : "......."
ချထားပေးသည့် စွတ်ပြုတ်ဟာ ပူနွေးနေဆဲဖြစ်သည်။ ချန်ချန်းချင်းသည် နှစ်ဇွန်းလောက်သောက်ပြီးနောက် မျက်မှောင်ကြုတ်လာသည်။
"စွတ်ပြုတ်အရသာက နည်းနည်းဆိုးတယ်လို့ မင်းတို့မထင်ကြဘူးလား"
လုကျန့်ဖေးက ဆိုလိုက်သည်။
"ဘာဖြစ်လို့လဲ။ ကိုယ်မြည်းကြည့်မယ်လေ"
ပြောပြီးသည်နှင့် သူက သူ့ဇွန်းနှင့်သူ အနည်းငယ်ခပ်ကာ ပါးစပ်ထဲထည့်လိုက်သည်။
"ကောင်းသားပဲ"
လုကျန့်ဖေးက အလွန်ရိုးသားဟန်ဖြင့်
"ကိုယ့်စွတ်ပြုတ်ကိုသောက်ကြည့်ပါလား"
သူက စွတ်ပြုတ်ပန်းကန်ကို ရှေ့တိုးပေးလိုက်သည်။
ချန်ချန်းချင်းက လုကျန့်ဖေးကို ရွံရှာဟန်ဖြင့် စိုက်ကြည့်လိုက်ရင်း
"နေပါစေ"
"မင်းက သောက်ရတာမကြိုက်ဘူးလား။ဒါဆို ကိုယ့်ကိုပေးလေ။ ကိုယ်ကြိုက်တယ်"
ချန်ချန်းချင်း၏ အမူအရာက ပျက်ယွင်းလာသည်။ သူက လုကျန့်ဖေး၏ တောင့်တနေသောမျက်ဝန်းတို့ကိုကြည့်လိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။
"ငါသောက်ရတာ ကြိုက်တယ်"
ပြောပြီးသည်နှင့် သူက ဇွန်းကိုယူကာ စွတ်ပြုတ်တစ်ဇွန်းကို ပါးစပ်ထဲထည့်ပြလိုက်၏။
ရွှီရှောင်ရန်သည် ဤမြင်ကွင်းကိုကြည့်ရင်း မိုက်တယ်ဟေ့ ဟုတောင် လုကျန့်ဖေးကို ဩဘာပေးချင်လာသည်။ချန်ချန်းချင်း၏ ပင်ကိုယ်စရိုက်အရ လုကျန့်ဖေး၏ စွတ်ပြုတ်ကို မည်သို့သောက်နိုင်ပါအံ့နည်း။
ချန်ချန်းချင်းပုံစံက လုကျန့်ဖေးနှင့် တံတွေးချင်းဖလှယ်လိုက်ရသည်ဟူသော စိတ်ကူးဖြင့်ပင် စားချင်သောက်ချင်စိတ်လျော့ပါးသွားသည့်ပုံပေါက်နေသည်။ထို့ကြောင့်ပင် လုကျန့်ဖေး၏ အဆိုပြုချက်ကို သဘောတူဖို့ဆိုတာမဖြစ်နိုင်တော့သလို လုကျန့်ဖေး၏ စကားလုံးတွေကလည်း ချန်ချန်းချင်း၏ သံသယတို့ကို အပြီးပိုင် လွင့်ပါးသွားစေလေသည်။
ထို့အပြင်လည်း ချန်ချန်းချင်းသည် လုကျန့်ဖေးကို သူ့စွတ်ပြုတ်မပေးချင်သည်ကြောင့် ထိုသူ၏ သူ့စွတ်ပြုတ်ကို လုသောက်ခြင်းမှ ကာကွယ်ရန် ချန်ချန်းချင်းမှာ စွတ်ပြုတ်ကိုသာ များများဖိသောက်နေရတော့သည်။
ချစ်ပွဲလေးနွှဲဖို့အရေး လုကျန့်ဖေးမှာ အတော်လေး ကြိုးစားအားထုတ်ရှာလေသည်။
ချန်ချန်းချင်းသည် စွတ်ပြုတ်အရသာက နည်းနည်းတော့မှားနေသည်ဟု ခံစားမိသည်။ သို့သော်လည်း သူ့စွတ်ပြုတ်ကို လုကျန့်ဖေးက လာထိမှာကိုလည်း မလိုချင်ပေ။ တစ်ဝက်ကျိုးလုနီးပါးသောက်ပြီးသည့်အခါမှာတော့ သူ့စိတ်ထဲမှာ ထူးဆန်းသည့် အတွေးတစ်ခုက ရုတ်ချည်းပေါ်လာတော့သည်။
ချန်ချန်းချင်းသည် လေသံကြားရရုံမျှ မေးလိုက်၏။
"လုကျန့်ဖေး.....မင်း ငါ့စွတ်ပြုတ်ထဲမှာ တစ်ခုခုထည့်ထားတာတော့ မဟုတ်လောက်ပါဘူးနော်"
လုကျန့်ဖေး : "......" အိုင်း....ခန့်မှန်းနိုင်တယ်တဲ့လား.......
ရွှီရှောင်ရန် : "......." လုကျန့်ဖေး သဘောကျတဲ့လူ ဖြစ်ထိုက်ပါပေတယ်ဟေ့.....
ချန်ချန်းချင်း : "........" ဖာ့ခ်.....စောက်ကျိုးနည်း တကယ်ကြီး ဖြစ်နေတာလား.....
ချန်ချန်းချင်းသည် သူ့နဖူးမှ အပြာရောင်သွေးကြောတို့ ပေါက်ထွက်မတက်ဖြစ်နေတာကိုသာ ခံစားမိတော့သည်။
"ရွှီရှောင်ရန်...ဒါ မင်းအကြံလား"
သူ့အနေဖြင့် လုကျန့်ဖေးကို ယုံကြည်တာတော့ မဟုတ်ပေမဲ့ လုကျန့်ဖေးအကြောင်းကို သူကောင်းကောင်းသိသည်။တစ်ယောက်ယောက်က တမင်တကာ မြှောက်ပေးခြင်းသာမရှိလျှင် လုကျန့်ဖေးဟာ ဤအရာမျိုးကို ဘယ်တော့မှ လုပ်လိမ့်မည်မဟုတ်ပေ။
ရွှီရှောင်ရန်က အားနည်းစွာပြုံးပြလိုက်ရင်း စကားဆိုလိုက်သည်။
"ချန်းချင်း......ငါတို့က မင်းကိုဂရုစိုက်ပေးကြရုံပါကွာ"
ချန်ချန်းချင်းက ဂရုပင်မစိုက်။
"ဘာဆေးလဲ။ နွေဦးဆေးလား။ စိတ်ကြွဆေးလား"
လုကျန့်ဖေးက ချန်ချန်းချင်းကို စိုးရိမ်ပူပန်စွာ စိုက်ကြည့်လိုက်ရင်း
"အကူညီဖြစ်စေတဲ့ ဆေးလေးပါကွာ"
ချန်ချန်းချင့်သည် သူ့လက်ထဲက ဇွန်းနှင့် လုကျန့်ဖေး၏ခေါင်းကို ထိုးစိုက်ပစ်ချင်လှသည်။ သူ ဇွန်းကိုချကာမတ်တပ်ထရပ်၍ သန့်စင်ခန်းဝင်ဖို့ ဟန်ပြင်လိုက်စဥ်မှာပင် လုကျန့်ဖေးက လှမ်းဆွဲလာ၏။ ထိုသူက ဆိုလာသည်။
"ဘယ်သွားမလို့လဲ"
"သွားအန်ပစ်မလို့"
"ချန်းချင်း မင်း ဒီလောက်ထိ သဘောမတူနိုင်ဖြစ်နေရလား"
ချန်ချန်းချင်းသည် သူ့ အသက်၄၀ ဝန်းကျင်အရွယ်မှာ ဒေါသကိုကောင်းကောင်းထိန်းထားနိုင်ပြီဟု တွေးထားမိခဲ့တာဖြစ်သည်။သို့သော်လည်း သူ၏ အသက်၂၀ အရွယ်အငယ်စားကို မြင်ရချိန်မှာတော့ ဒေါသတွေက မြင့်တက်လာသည်။ယင်းက စိတ်ရှုပ်စရာကောင်းသည့် မွေးစကလေးငယ်ကို ကြည့်နေရသည့်အတိုင်းပင်။သူဟာ အသက်ပြင်းပြင်းရှုရင်း သူ့ကိုယ်သူ စိတ်လျော့ဖို့ပြောနေပေမဲ့လည်း တကယ်တမ်းကျ မလျော့နိုင်သေး။ချွန်မြသည့်စကားလုံးတွေသာ သူ့နှုတ်က ထွက်လာတော့သည်။
"လုကျန့်ဖေး...မင်းဟာမင်း မစွမ်းနိုင်တာနဲ့ပဲ ငါ့ကို လာရှုပ်နေတယ်ပေါ့။ ငါ မင်းကိုပြောလိုက်မယ်။မင်းကလွဲရင် ဘယ်သူ့ကိုမဆို မြင်တာနဲ့ ငါမာနိုင်တယ်"
ရွှီရှောင်ရန် : "......."
အိုင်းယား.....အမှန်တရားကြီးရောက်လာတာ မြန်လိုက်တာ။ လေဆင်နှာမောင်းကြီးကျရော~
ချန်ချန်းချင်း၏ စကားတို့ကြောင့် လုကျန့်ဖေးမှာ ဖြူလျော်သွားလေသည်။
ချန်ချန်းချင်းက အေးစက်စွာ ဆိုလိုက်သည်။
"လုကျန့်ဖေး...ငါ့အပေါ်ကနေဖို့ စဥ်းတောင်မစဥ်းစားနဲ့! ကိုယ့်ဟာကိုယ်သာ အခန်းတစ်ခန်းသွားယူပစ်စမ်းပါ!"
ရွှီရှောင်ရန်က သူ့ဘေးနားကနေ တိုးတိုးလေး ဆိုလာ၏။
"စိတ်မတိုကြပါနဲ့ကွာ။ စိတ်တိုတယ်ဆိုတာ မကောင်း....."
"စောက်ပါးစပ်ကို ပိတ်ထားစမ်းပါ!"
လုကျန့်ဖေးနှင့် ချန်ချန်းချင်းမှာ ဤခဏမှာတော့ မပြောဘဲသိသည့်နားလည်မှုတို့ရှိသွားကြသည့်အလား။နှစ်ယောက်သားမှာ တစ်လေသံတည်းဖြင့်တောင် အော်ဟစ်လိုက်ကြသေးသည်။ ထို့နောက်တွင်မှ ချန်ချန်းချင်းက ဒေါသတကြီး ဆိုလိုက်သည်။
"ရွှီရှောင်ရန်...မင်းကများ ငါ့အပေါ် ဒီလိုအရှက်မဲ့တာတွေကို လုပ်ရဲတယ်ပေါ့။ စောင့်ကြည့်နေလိုက်စမ်း!"
ရွှီရှောင်ရန် : "......."
ဒီစကားက လုကျန့်ဖေးပြောလိုက်တဲ့ စကားလိုမျိုး သူက ဘာလို့ခံစားမိသွားပါလိမ့်.....
ချန်ချန်းချင်းက မတ်တပ်ထရပ်ကာ အပြင်ဘက်သို့ လျှောက်သွားတော့သည်။ လုကျန့်ဖေးမှာလည်း ချန်ချန်းချင်းအနောက်သို့ လိုက်သွားရလေတော့သည်။
ရွှီရှောင်ရန်သည် ထိုနေရာမှာ ခဏမျှထိုင်နေပြီးကာမှ အရေးကြီးသည့်ကိစ္စကို သတိရသွားသည်။ သူ ဆဲရေးလိုက်တော့၏။
"လုကျန့်ဖေး....ခွေးမသား...ပြောတော့ သူကျွေးမယ်ဆို။ မပြန်ခင် ဘေလ်လေးတော့ ရှင်းခဲ့ပါဦးလားကွ!"
ချန်ချန်းချင်း အမှန်တကယ်ကို ဒေါသထွက်သည်။ လုကျန့်ဖေးက ဆေးခပ်ခဲ့သည်ဆိုလျှင်တောင်မှ တစ်ချက်ကြည့်ရုံနှင့် အာနိသင်ကို သတိမထားမိသည့် သူက အလွန်ပေါ့လျော့နိုင်လွန်းခဲ့သည်။
လုကျန့်ဖေးက ချန်ချန်းချင်းအနောက်က လိုက်ပါလာကာ စကားဆိုလိုက်သည်။
"ချန်းချင်း....စိတ်မဆိုးပါနဲ့ကွာ။ ကိုယ်လည်း စိတ်ပူလို့ပါ"
ချန်ချန်းချင်းက ကိုယ့်လှည့်လိုက်ရင်း မေးလိုက်၏။
"ဘာကိုစိတ်ပူတာလဲ"
လုကျန့်ဖေးက တဲ့တိုးပင် ပြောချလိုက်သည်။
"မင်း မမာနိုင်တော့မှာကို စိတ်ပူတာ"
"လုကျန့်ဖေး....ငါပြောပြီးပြီ။ဒီကမ္ဘာပေါ်မှာမင်းမျက်နှာကြီးကလွဲလို့ ကျန်တဲ့ ဘယ်သူ့ရဲ့စောက်ကျိုးနည်းမျက်နှာနဲ့မဆို ငါ မာနိုင်တယ်"
"မင်းရဲ့မျက်နှာအပါအဝင်လား"
"ဟုတ်တယ်!!"
လုကျန့်ဖေး၏ လေသံက ခါးသီးလို့နေသည်။
"ချန်ချန်းချင်း...ကိုယ်မယုံဘူး"
ချန်ချန်းချင်း ကိုယ်ပြန်လှည့်ကာ ထွက်လာခဲ့လိုက်တော့သည်။လုကျန့်ဖေး ယုံတာ၊ မယုံတာ သူဂရုမစိုက်ပါချေ။ရလာဒ်အနေနှင့်ကတော့ ခြေလှမ်းနှစ်လှမ်းတောင်မလှမ်းရသေးခင်မှာပင် လုကျန့်ဖေးဘက်က ပြန်ဆွဲခေါ်တာကို ခံလိုက်ရသည်။လုကျန့်ဖေးက ဆိုလာ၏။
"မင်းကိုယ့်ကို သက်သေပြနိုင်မယ်ဆိုရင် ကိုယ် မင်းကို ယုံပေးမယ်"
"မင်း ယုံတာ မယုံတာ ငါ့စောက်ကိစ္စမဟုတ်ဘူးကွ!"
လုကျန့်ဖေးက ဆိုလိုက်၏။
"ကိုယ်မင်းကို ယုံကြည်ပြီးသွားရင် နောက်ဘယ်တော့မှ မင်းကိုထပ်မထိတော့ဘူး!"
ချန်ချန်းချင်းက ပြုံးလိုက်ရင်း
"လုကျန့်ဖေး...မင်းက စကားကို ချီးလိုတွေပြောနေပါ့လား. ...အမျိုးသားနေ့တုန်းကရော မင်းငါ့ကို ဘာကတိပေးခဲ့လဲ။ ဘယ်နှစ်ရက်ကြာအောင် ငါ့ကိုမထိပါဘူးလို့ပြောခဲ့လဲ။ခုကျတော့ရော...ဟမ်.."
ဤကိစ္စအကြောင်း ပြောလိုက်ချိန်မှာတော့ လုကျန့်ဖေးသည်လည်း အပြစ်ရှိစိတ်အနည်းငယ်ဖြစ်သွားလေသည်။သူက အတင်းအကြပ်ခုခံငြင်းဆိုပစ်လိုက်၏။
"ကိုယ်က...ကိုယ်က မင်းရဲ့ခန္ဓာကိုယ်ကို စိတ်ပူလို့လေကွာ"
ချန်ချန်းချင်းက သူ့ကို အေးစက်စွာပင် စိုက်ကြည့်ပေးလိုက်၏။
လုကျန့်ဖေးမှာ ချက်ချင်းတောင့်ခဲသွားရင်း ပါးစပ်ပိတ်သွားတော့သည်။
ရွှီရှောင်ရန်၏ ဆေးက အမှန်အစွမ်းထက်လှသည်။ ချန်ချန်းချင်းဟာ မူလကတော့ ကိုယ့်ဟာကိုယ်တက္ကစီငှားပြီးပြန်ဖို့ လုပ်ထားပေမဲ့လည်း ခြေလှမ်းနှစ်လှမ်းလောက်အလှမ်းမှာပင် တုံ့ပြန်မှုတွေဖြစ်လာတာကို တွေ့လိုက် သည်။သူက အရှေ့သို့လျှောက်နေပြီး လုကျန့်ဖေးက နောက်ကလိုက်ပါလာသည်။သို့သော်လည်း သူ့ခြေလှမ်းတွေက တဖြည်းနှင့်တဖြည်း နှေးကွေးလို့လာ၏။
လုကျန့်ဖေးက ချန်ချန်းချင်း မူမမှန်တော့တာကို ချက်ချင်းသတိထားမိသွားသည်။ သူက ရှက်ရဲရဲမျက်နှာဖြင့် ဆိုလိုက်၏။
"ချန်းချင်း...ဆေးက အစွမ်းပြလာပြီမဟုတ်လား။ဒီနားမှာ ဟိုတယ်တွေရှိတယ်.....ကိုယ် အိုင်ဒီကတ်လည်း ယူလာခဲ့တယ်"
ချန်ချန်းချင်း : "........."
လုကျန့်ဖေး :"...ချန်းချင်း"
ချန်ချန်းချင်း : "ပါးစပ်ပိတ်ထား!"
============================
Zawgyi
ဒီအပိုင္းကစၿပီး E tranမရွိေတာ့တဲ့အတြက္ အိုင္က chinese ကေနယူျပန္ထားပါတယ္။ေလ့လာဆဲမလို႔ ၁၀၀ ရာခိုင္ႏႈန္း မမွန္ေပမဲ့ MTLက မျပန္ထားဘူးဆိုတာေတာ့ အာမခံပါတယ္။
စားေသာက္ၾကမည့္ေနရာသည္က လုက်န္႔ေဖး ခဏခဏဆိုသလိုကို သြားတတ္သည့္ အေနာက္တိုင္းစားေသာက္ဆိုင္တစ္ဆိုင္ပင္ျဖစ္သည္။
ခ်န္ခ်န္းခ်င္းသည္ ခုတေလာ စားခ်င္ေသာက္ခ်င္စိတ္ အာသီသကသိပ္မရွိလွေပ။ထို႔ေၾကာင့္ပင္ ဘာစားရစားရ သူဂ႐ုမစိုက္။ လုက်န္႔ေဖးက စတိခ္စားဖို႔အဆိုျပဳလိုက္ေတာ့လည္း သူသေဘာသာတူပစ္လိုက္သည္။
တကယ္တမ္းက် ညဘက္က်င္းပသည့္ ဤကဲ့သို႔ပ႐ိုက္ဗိတ္ပါတီမ်ိဳးသည္က အမ်ားအားျဖင့္ လူစုလူေဝးႏွင့္ ေပ်ာ္ေပ်ာ္ပါးပါးစားေသာက္ၾကရမွာမ်ိဳးျဖစ္သည္။ သို႔ေသာ္ လုက်န္းေဖးသည္က စိတ္ထဲမွာအျခားကိစၥကို ေတြးေနသည္မို႔ အိမ္ရွင္ျဖစ္သူ၏ ဖိတ္ေခၚခ်က္ကို ျငင္းပယ္ကာ ခ်န္ခ်န္းခ်င္းႏွင့္ ႏွစ္ကိုယ္တည္းစားဖို႔သာ ေ႐ြးခ်ယ္လိုက္သည္။ က်ိန္းေသေပါက္ ႐ႊီေရွာင္ရန္ကိုေတာ့ မျဖစ္မေန ေခၚလာခဲ့ရသည္ ျဖစ္၏။
စားေသာက္ဆိုင္ေရာက္ေတာ့ သုံးေယာက္သားက စားေသာက္ဖြယ္ရာေတြမွာလိုက္ၾကသည္။
အျမည္းသေဘာေလာက္စားၿပီးသည္ႏွင့္ ခ်န္ခ်န္းခ်င္းက မတ္တပ္ထရပ္ကာ သန္႔စင္ခန္းသြားေလသည္။ ယင္းအခ်ိန္ကို အခြင့္ေကာင္းယူကာ လုက်န္းေဖးက ႐ႊီေရွာင္ရန္ႏွင့္ အေသးစိတ္ကို အျမန္အဆန္ ေဆြးေႏြးလိုက္၏။
"မင္း ေဆးယူလာလား"
႐ႊီေရွာင္ရန္က စြတ္ျပဳတ္ေသာက္ေနခ်ိန္မို႔ ေခါင္းငုံ႔ထားရင္းျဖင့္
"ယူလာတယ္"
လုက်န္းေဖးက ဆိုလိုက္သည္။
"မင္း အဲ့ဒါကို အခ်ိန္မေ႐ြး၊ ေနရာမေ႐ြး ေဆာင္ထားတာလား။ ႐ႊီေရွာင္ရန္....မင္းလိုလူ ျမင္ေတာင္မျမင္ဖူးဘူး"
႐ႊီေရွာင္ရန္က ရယ္ေမာလိုက္ရင္း
"ဒါေပမဲ့ လုက်န္႔ေဖး...ငါကေဆးယူလာတာဟုတ္ေပမဲ့ ခုခ်ိန္မွာ ေဆးလိုအပ္ေနတဲ့လူက မင္းပဲေလ"
လုက်န္႔ေဖးက ႏႈတ္ခမ္းေထာင့္စြန္းကို မဲ့ျပသည္။ ခဏမွ်ၾကာမွ သူစကားဆိုလိုက္၏။
"ေဆးက ဘယ္မွာလဲ"
႐ႊီေရွာင္ရန္က ျပန္တုံ႔ျပန္သည္။
"မင္း ဝိုင္ထဲမွာေတာ့ မထည့္နဲ႔။ ႀကိဳက္တဲ့ေနရာမွာထည့္။ဒါက စြတ္ျပဳတ္မလား။ဒီထဲထည့္လိုက္"
ေျပာၿပီးသည္ႏွင့္ သူက အိတ္ကပ္ထဲက အျပာေရာင္ေဆးေတာင့္ေသးေသးေလးကို ဆြဲထုတ္သည္။ေဆးေတာင့္အကာကို ဆြဲခြဲကာ အမႈန္႔တို႔ကို ခ်န္ခ်န္းခ်င္းမွာထားသည့္ စြတ္ျပဳတ္ပ်စ္ပ်စ္ထဲသို႔ ျဖဴးခ်လိုက္သည္။
"ငါတို႔ ဘာလို႔ ဝိုင္ထဲ မထည့္ရမွာလဲ"
လုက်န္႔ေဖးက အေမးထုတ္သည္။
႐ႊီေရွာင္ရန္က ေလသံၾကားရ႐ုံမွ် ျပန္ေျဖလိုက္၏။
"လုက်န္႔ေဖး.....သိပ္မၾကာေသးခင္က လ်ိဳခ်န္ခ်င့္တစ္ေယာက္ တရားစြဲခံရလုနီးပါးျဖစ္သြားတာကို မင္းသိတယ္မလား
"သိတယ္ေလ။ ဘာျဖစ္လို႔လဲ"
လ်ိဳခ်န္းခ်င့္ႏွင့္ သူတို႔ဟာ အသိုင္းအဝိုင္းတူေပမဲ့လည္း ထိုသူ၏ ဘဝကေတာ့ အလြန္အမင္း အက်င့္စာရိတၱပ်က္ျပားေနကာ မူးယစ္ေဆးလည္း စြဲေနသူျဖစ္သည္။ မိဘေတြေၾကာင့္သာမဟုတ္လွ်င္ ထိုသူဟာ မေရမတြက္ႏိုင္ေလာက္ေအာင္ ေသနတ္ပစ္ခံေနရၿပီးၿပီ ျဖစ္သည္။
"သူက ႐ႊီမိသားစုက အႀကီးဆုံးမမေလး နဲ႔ကစားခ်င္ေနတာေလ။ အဲဒါေၾကာင့္ လူေသာက္မဲ့ဝိုင္နီေတြထဲကို အိပ္ေဆးေတြ ခပ္ပစ္တာ။အဲ့ဒီမွာ ဓာတ္ျပဳမႈေတြျဖစ္ၿပီးေတာ့ ႐ႊီမိသားစုက အႀကီးဆုံးမမေလးခမ်ာ တန္းေသသြားပါေရာလား"
ယင္းအျဖစ္အပ်က္က နည္းနည္းေတာ့ ဟာသဆန္ေနသည္မို႔ လုက်န္႔ေဖးမွာ မ႐ိုးေျဖာင့္စြာပင္ ရယ္ခ်င္သြားရသည္။
႐ႊီေရွာင္ရန္က ေျပာလိုက္ျပန္၏။
"လ်ိဳခ်န္ခ်င့္ရဲ႕ အဖိုးကသာ အဲ့ဒီကိစၥကို ဖိႏွိပ္ထားတာေၾကာင့္သာမဟုတ္ရင္ ဒင္း ေထာင္ထဲေရာက္ေနတာၾကာလွၿပီ"
"စြတ္ျပဳတ္ထဲမွာ ထည့္ရင္ေရာ အဆင္ေျပတယ္လား"
"အဆင္ေျပတယ္။ ငါ ဒီေဆးရဲ႕ေဖာ္ျမဴလာကို သိတယ္။ အကုန္လုံးက တ႐ုတ္ေဆးဖက္ဝင္ေဆးဝါးေတြခ်ည္းပဲ။က်ားဂုဏ္ရည္ မာန္မက်မဲ့ဟာရယ္၊ ေက်ာက္ကပ္အားတိုးေစတဲ့ဟာရယ္ပဲ။ ဟိုလိုမ်ိဳး မေကာင္းမကန္းပစၥည္းေတြနဲ႔ တစ္ခုမွမတူဘူး"
႐ႊီေရွာင္ရန္၏ စကားေတြၾကားမွ လုက်န္႔ေဖး စိတ္သက္သာရာ ရသြားသည္။ သူသည္ ခ်န္ခ်န္းခ်င္းကို စစ္မွန္စြာျဖင့္ျပဳစုေစခ်င္တာျဖစ္ေသာ္ျငား ဤအရာက ခႏၶာကိုယ္အေပၚ မေကာင္းလွ်င္ေတာ့ သူဘယ္ေတာ့မွ အသုံးျပဳလိမ့္မည္မဟုတ္ေပ။ သို႔ေသာ္ျငား လုက်န္႔ေဖးသည္ အနည္းငယ္ စိုးရိမ္ေနမိေသးသည္။
"ငါ့ကို ေနာက္တစ္ေတာင့္ေပးထားဦး"
"ဘာလို႔လဲ။ဒီတစ္ခါ မေအာင္ျမင္ရင္ ေနာက္တစ္ခါကို စဥ္းစားေနတာလား"
လုက်န္႔ေဖးက ၿပဳံးသည္။ သို႔ေသာ္လည္း သူဟာ ေဆးကိုစစ္ေဆးၾကည့္ဖို႔ ယူသြားမွာ ဟူသည္ကိုေတာ့ ထုတ္မေျပာလိုက္ပါေခ်။
႐ႊီေရွာင္ရန္က ဟာသလုပ္ေနေပမဲ့လည္း ေဆးကိုေတာ့ လုက်န္႔ေဖးထံ ေပးလိုက္သည္။ သူက ဆိုလာ၏။
"တကယ္လို႔ သူသာ ေဆးကိုတုံ႔ျပန္ရင္ ၈၀ရာခိုင္ႏႈန္းက စိတ္ပိုင္းဆိုင္ရာ ျပႆနာျဖစ္ေနလို႔ပဲ"
"ငါသိၿပီ"
လုက်န္႔ေဖးက ျပန္ေျဖသည္။
႐ႊီေရွာင္ရန္သည္ ခဏတာမွ် တုံ႔ဆိုင္းေနၿပီးမွ ေမးလိုက္ေလသည္။
"လုက်န္႔ေဖး....ခ်န္ခ်န္းခ်င္း မူမမွန္တာကို မင္းေတြ႕ဖူးလား"
လုက်န္႔ေဖးက ျပန္ေမးသည္။
"တစ္ခုခုျဖစ္လို႔လား။ ဘယ္လိုမူမမွန္တာမ်ိဳးလဲ"
"ငါ ဒီေန႔သူ႔ကို ေတြ႕လိုက္ေတာ့ အရင္ကေတြ႕ဖူးထားတဲ့လူနဲ႔ လုံးဝႀကီးကြာျခားေနသလို ခံစားလိုက္ရတယ္။သူ မူမမွန္ျဖစ္ေနတာမ်ိဳးကို မင္းတကယ္ပဲ သတိမထားမိဘူးလား"
လုက်န္႔ေဖးက ခဏတာမွ် တိတ္ဆိတ္သြားၿပီးမွ စကားဆိုလာသည္။
"သူက အရင္ကနဲ႔စာရင္ အမ်ားႀကီးကြာျခားသြားတာ ငါသိတယ္။ဒါေပမဲ့....."
"ဒါေပမဲ့ မင္းက ဒီေျပာင္းလဲမႈက မင္းကို လက္ခံေပးေနတာလို႔ ခံစားမိေနေစတာမလား"
႐ႊီေရွာင္ရန္က သက္ျပင္းခ်လိုက္ရင္း
"လုက်န္႔ေဖး.....မင္းက အေရးႀကီးဆုံးအရာကို ေမ့ေနတာလား"
လုက်န္႔ေဖးက ပေဟ႒ိျဖစ္သြားသည့္ပမူအရာျဖစ္သြားသည္။
႐ႊီေရွာင္ရန္က ဆိုလိုက္၏။
"အတိတ္တုန္းကဆို သူက အနည္းဆုံးေတာ့ မင္းအေပၚမွာ 'မာ'လာေသးတယ္ေလ။ခုက် သူ မင္းအေပၚဘယ္ေလာက္ပဲ ႏူးညံ့သိမ္ေမြ႕ျပပါေစ တုံ႔ျပန္မႈမွမျဖစ္ေတာ့ဘဲ။ လူသားေတြရဲ႕အမူအရာက လိမ္လို႔ရရင္ရမယ္။ ခႏၶာကိုယ္တုံ႔ျပန္မႈေတြကေတာ့ အ႐ိုးသားဆုံးပဲကြ"
လုက်န္႔ေဖးက စြတ္ျပဳတ္ကိုသာ ေမႊေနၿပီး ဘာမွ် ျပန္မေျပာေခ်။
"မင္း သူ႔ေျခေထာက္ကို ခ်ိဳးပစ္လိုက္တဲ့ကိစၥက....ငါ့အထင္ေတာ့ သူေျပာင္းလဲသြားရတဲ့ အႀကီးမားဆုံး အေၾကာင္းရင္းျဖစ္ေနေလာက္တာက ေသခ်ာသေလာက္ပဲ"
လုက်န္႔ေဖးက တစ္စုံတစ္ရာ ေျပာဖို႔ျပင္လိုက္စဥ္မွာပင္ ခ်န္ခ်န္းခ်င္းတစ္ေယာက္ သန္႔စင္ခန္းကေန ျပန္လာတာကို ျမင္လိုက္ရသည္။ ထို႔ေၾကာင့္ပင္ သူ ပါးစပ္ပိတ္လိုက္ရေတာ့၏။
ခ်န္ခ်န္းခ်င့္က ျပန္လာၿပီးသည့္ေနာက္မွာ လုက်န္႔ေဖးေဘးနားမွာ ဝင္ထိုင္ရင္း ဇြန္းကိုေကာက္မ,ကာ လုက်န္႔ေဖးႏွင့္ ႐ႊီေရွာင္ရန္တို႔၏ မ်က္စိေအာက္မွာပင္ စြတ္ျပဳတ္ကိုတစ္ဇြန္းခပ္ေသာက္လိုက္သည္။
"စားၾကေလ...ဘာလို႔ ငါ့ကိုၾကည့္ေနၾကတာလဲ"
႐ႊီေရွာင္ရန္က ၿပဳံးကာ ဆိုလိုက္၏။
"မင္းကိုၾကည့္ရတာက လုက်န္႔ေဖးကိုၾကည့္ရတာထက္ ပိုေကာင္းလို႔"
လုက်န္႔ေဖး : "အိုင္း...သူ႔အျမင္အာ႐ုံက နိမ့္ပါးေနတာ အားနာမိပါရဲ႕"
ခ်န္ခ်န္းခ်င္း : "......."
ခ်ထားေပးသည့္ စြတ္ျပဳတ္ဟာ ပူေႏြးေနဆဲျဖစ္သည္။ ခ်န္ခ်န္းခ်င္းသည္ ႏွစ္ဇြန္းေလာက္ေသာက္ၿပီးေနာက္ မ်က္ေမွာင္ၾကဳတ္လာသည္။
"စြတ္ျပဳတ္အရသာက နည္းနည္းဆိုးတယ္လို႔ မင္းတို႔မထင္ၾကဘူးလား"
လုက်န္႔ေဖးက ဆိုလိုက္သည္။
"ဘာျဖစ္လို႔လဲ။ ကိုယ္ျမည္းၾကည့္မယ္ေလ"
ေျပာၿပီးသည္ႏွင့္ သူက သူ႔ဇြန္းႏွင့္သူ အနည္းငယ္ခပ္ကာ ပါးစပ္ထဲထည့္လိုက္သည္။
"ေကာင္းသားပဲ"
လုက်န္႔ေဖးက အလြန္႐ိုးသားဟန္ျဖင့္
"ကိုယ့္စြတ္ျပဳတ္ကိုေသာက္ၾကည့္ပါလား"
သူက စြတ္ျပဳတ္ပန္းကန္ကို ေရွ႕တိုးေပးလိုက္သည္။
ခ်န္ခ်န္းခ်င္းက လုက်န္႔ေဖးကို ႐ြံရွာဟန္ျဖင့္ စိုက္ၾကည့္လိုက္ရင္း
"ေနပါေစ"
"မင္းက ေသာက္ရတာမႀကိဳက္ဘူးလား။ဒါဆို ကိုယ့္ကိုေပးေလ။ ကိုယ္ႀကိဳက္တယ္"
ခ်န္ခ်န္းခ်င္း၏ အမူအရာက ပ်က္ယြင္းလာသည္။ သူက လုက်န္႔ေဖး၏ ေတာင့္တေနေသာမ်က္ဝန္းတို႔ကိုၾကည့္လိုက္ရင္း ေအးစက္စြာ ေျပာလိုက္သည္။
"ငါေသာက္ရတာ ႀကိဳက္တယ္"
ေျပာၿပီးသည္ႏွင့္ သူက ဇြန္းကိုယူကာ စြတ္ျပဳတ္တစ္ဇြန္းကို ပါးစပ္ထဲထည့္ျပလိုက္၏။
႐ႊီေရွာင္ရန္သည္ ဤျမင္ကြင္းကိုၾကည့္ရင္း မိုက္တယ္ေဟ့ ဟုေတာင္ လုက်န္႔ေဖးကို ဩဘာေပးခ်င္လာသည္။ခ်န္ခ်န္းခ်င္း၏ ပင္ကိုယ္စ႐ိုက္အရ လုက်န္႔ေဖး၏ စြတ္ျပဳတ္ကို မည္သို႔ေသာက္ႏိုင္ပါအံ့နည္း။
ခ်န္ခ်န္းခ်င္းပုံစံက လုက်န္႔ေဖးႏွင့္ တံေတြးခ်င္းဖလွယ္လိုက္ရသည္ဟူေသာ စိတ္ကူးျဖင့္ပင္ စားခ်င္ေသာက္ခ်င္စိတ္ေလ်ာ့ပါးသြားသည့္ပုံေပါက္ေနသည္။ထို႔ေၾကာင့္ပင္ လုက်န္႔ေဖး၏ အဆိုျပဳခ်က္ကို သေဘာတူဖို႔ဆိုတာမျဖစ္ႏိုင္ေတာ့သလို လုက်န္႔ေဖး၏ စကားလုံးေတြကလည္း ခ်န္ခ်န္းခ်င္း၏ သံသယတို႔ကို အၿပီးပိုင္ လြင့္ပါးသြားေစေလသည္။
ထို႔အျပင္လည္း ခ်န္ခ်န္းခ်င္းသည္ လုက်န္႔ေဖးကို သူ႔စြတ္ျပဳတ္မေပးခ်င္သည္ေၾကာင့္ ထိုသူ၏ သူ႔စြတ္ျပဳတ္ကို လုေသာက္ျခင္းမွ ကာကြယ္ရန္ ခ်န္ခ်န္းခ်င္းမွာ စြတ္ျပဳတ္ကိုသာ မ်ားမ်ားဖိေသာက္ေနရေတာ့သည္။
ခ်စ္ပြဲေလးႏႊဲဖို႔အေရး လုက်န္႔ေဖးမွာ အေတာ္ေလး ႀကိဳးစားအားထုတ္ရွာေလသည္။
ခ်န္ခ်န္းခ်င္းသည္ စြတ္ျပဳတ္အရသာက နည္းနည္းေတာ့မွားေနသည္ဟု ခံစားမိသည္။ သို႔ေသာ္လည္း သူ႔စြတ္ျပဳတ္ကို လုက်န္႔ေဖးက လာထိမွာကိုလည္း မလိုခ်င္ေပ။ တစ္ဝက္က်ိဳးလုနီးပါးေသာက္ၿပီးသည့္အခါမွာေတာ့ သူ႔စိတ္ထဲမွာ ထူးဆန္းသည့္ အေတြးတစ္ခုက ႐ုတ္ခ်ည္းေပၚလာေတာ့သည္။
ခ်န္ခ်န္းခ်င္းသည္ ေလသံၾကားရ႐ုံမွ် ေမးလိုက္၏။
"လုက်န္႔ေဖး.....မင္း ငါ့စြတ္ျပဳတ္ထဲမွာ တစ္ခုခုထည့္ထားတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္"
လုက်န္႔ေဖး : "......" အိုင္း....ခန္႔မွန္းႏိုင္တယ္တဲ့လား.......
႐ႊီေရွာင္ရန္ : "......." လုက်န္႔ေဖး သေဘာက်တဲ့လူ ျဖစ္ထိုက္ပါေပတယ္ေဟ့.....
ခ်န္ခ်န္းခ်င္း : "........" ဖာ့ခ္.....ေစာက္က်ိဳးနည္း တကယ္ႀကီး ျဖစ္ေနတာလား.....
ခ်န္ခ်န္းခ်င္းသည္ သူ႔နဖူးမွ အျပာေရာင္ေသြးေၾကာတို႔ ေပါက္ထြက္မတက္ျဖစ္ေနတာကိုသာ ခံစားမိေတာ့သည္။
"႐ႊီေရွာင္ရန္...ဒါ မင္းအႀကံလား"
သူ႔အေနျဖင့္ လုက်န္႔ေဖးကို ယုံၾကည္တာေတာ့ မဟုတ္ေပမဲ့ လုက်န္႔ေဖးအေၾကာင္းကို သူေကာင္းေကာင္းသိသည္။တစ္ေယာက္ေယာက္က တမင္တကာ ေျမႇာက္ေပးျခင္းသာမရွိလွ်င္ လုက်န္႔ေဖးဟာ ဤအရာမ်ိဳးကို ဘယ္ေတာ့မွ လုပ္လိမ့္မည္မဟုတ္ေပ။
႐ႊီေရွာင္ရန္က အားနည္းစြာၿပဳံးျပလိုက္ရင္း စကားဆိုလိုက္သည္။
"ခ်န္းခ်င္း......ငါတို႔က မင္းကိုဂ႐ုစိုက္ေပးၾက႐ုံပါကြာ"
ခ်န္ခ်န္းခ်င္းက ဂ႐ုပင္မစိုက္။
"ဘာေဆးလဲ။ ေႏြဦးေဆးလား။ စိတ္ႂကြေဆးလား"
လုက်န္႔ေဖးက ခ်န္ခ်န္းခ်င္းကို စိုးရိမ္ပူပန္စြာ စိုက္ၾကည့္လိုက္ရင္း
"အကူညီျဖစ္ေစတဲ့ ေဆးေလးပါကြာ"
ခ်န္ခ်န္းခ်င့္သည္ သူ႔လက္ထဲက ဇြန္းႏွင့္ လုက်န္႔ေဖး၏ေခါင္းကို ထိုးစိုက္ပစ္ခ်င္လွသည္။ သူ ဇြန္းကိုခ်ကာမတ္တပ္ထရပ္၍ သန္႔စင္ခန္းဝင္ဖို႔ ဟန္ျပင္လိုက္စဥ္မွာပင္ လုက်န္႔ေဖးက လွမ္းဆြဲလာ၏။ ထိုသူက ဆိုလာသည္။
"ဘယ္သြားမလို႔လဲ"
"သြားအန္ပစ္မလို႔"
"ခ်န္းခ်င္း မင္း ဒီေလာက္ထိ သေဘာမတူႏိုင္ျဖစ္ေနရလား"
ခ်န္ခ်န္းခ်င္းသည္ သူ႔ အသက္၄၀ ဝန္းက်င္အ႐ြယ္မွာ ေဒါသကိုေကာင္းေကာင္းထိန္းထားႏိုင္ၿပီဟု ေတြးထားမိခဲ့တာျဖစ္သည္။သို႔ေသာ္လည္း သူ၏ အသက္၂၀ အ႐ြယ္အငယ္စားကို ျမင္ရခ်ိန္မွာေတာ့ ေဒါသေတြက ျမင့္တက္လာသည္။ယင္းက စိတ္ရႈပ္စရာေကာင္းသည့္ ေမြးစကေလးငယ္ကို ၾကည့္ေနရသည့္အတိုင္းပင္။သူဟာ အသက္ျပင္းျပင္းရႈရင္း သူ႔ကိုယ္သူ စိတ္ေလ်ာ့ဖို႔ေျပာေနေပမဲ့လည္း တကယ္တမ္းက် မေလ်ာ့ႏိုင္ေသး။ခြၽန္ျမသည့္စကားလုံးေတြသာ သူ႔ႏႈတ္က ထြက္လာေတာ့သည္။
"လုက်န္႔ေဖး...မင္းဟာမင္း မစြမ္းႏိုင္တာနဲ႔ပဲ ငါ့ကို လာရႈပ္ေနတယ္ေပါ့။ ငါ မင္းကိုေျပာလိုက္မယ္။မင္းကလြဲရင္ ဘယ္သူ႔ကိုမဆို ျမင္တာနဲ႔ ငါမာႏိုင္တယ္"
႐ႊီေရွာင္ရန္ : "......."
အိုင္းယား.....အမွန္တရားႀကီးေရာက္လာတာ ျမန္လိုက္တာ။ ေလဆင္ႏွာေမာင္းႀကီးက်ေရာ~
ခ်န္ခ်န္းခ်င္း၏ စကားတို႔ေၾကာင့္ လုက်န္႔ေဖးမွာ ျဖဴေလ်ာ္သြားေလသည္။
ခ်န္ခ်န္းခ်င္းက ေအးစက္စြာ ဆိုလိုက္သည္။
"လုက်န္႔ေဖး...ငါ့အေပၚကေနဖို႔ စဥ္းေတာင္မစဥ္းစားနဲ႔! ကိုယ့္ဟာကိုယ္သာ အခန္းတစ္ခန္းသြားယူပစ္စမ္းပါ!"
႐ႊီေရွာင္ရန္က သူ႔ေဘးနားကေန တိုးတိုးေလး ဆိုလာ၏။
"စိတ္မတိုၾကပါနဲ႔ကြာ။ စိတ္တိုတယ္ဆိုတာ မေကာင္း....."
"ေစာက္ပါးစပ္ကို ပိတ္ထားစမ္းပါ!"
လုက်န္႔ေဖးႏွင့္ ခ်န္ခ်န္းခ်င္းမွာ ဤခဏမွာေတာ့ မေျပာဘဲသိသည့္နားလည္မႈတို႔ရွိသြားၾကသည့္အလား။ႏွစ္ေယာက္သားမွာ တစ္ေလသံတည္းျဖင့္ေတာင္ ေအာ္ဟစ္လိုက္ၾကေသးသည္။ ထို႔ေနာက္တြင္မွ ခ်န္ခ်န္းခ်င္းက ေဒါသတႀကီး ဆိုလိုက္သည္။
"႐ႊီေရွာင္ရန္...မင္းကမ်ား ငါ့အေပၚ ဒီလိုအရွက္မဲ့တာေတြကို လုပ္ရဲတယ္ေပါ့။ ေစာင့္ၾကည့္ေနလိုက္စမ္း!"
႐ႊီေရွာင္ရန္ : "......."
ဒီစကားက လုက်န္႔ေဖးေျပာလိုက္တဲ့ စကားလိုမ်ိဳး သူက ဘာလို႔ခံစားမိသြားပါလိမ့္.....
ခ်န္ခ်န္းခ်င္းက မတ္တပ္ထရပ္ကာ အျပင္ဘက္သို႔ ေလွ်ာက္သြားေတာ့သည္။ လုက်န္႔ေဖးမွာလည္း ခ်န္ခ်န္းခ်င္းအေနာက္သို႔ လိုက္သြားရေလေတာ့သည္။
႐ႊီေရွာင္ရန္သည္ ထိုေနရာမွာ ခဏမွ်ထိုင္ေနၿပီးကာမွ အေရးႀကီးသည့္ကိစၥကို သတိရသြားသည္။ သူ ဆဲေရးလိုက္ေတာ့၏။
"လုက်န္႔ေဖး....ေခြးမသား...ေျပာေတာ့ သူေကြၽးမယ္ဆို။ မျပန္ခင္ ေဘလ္ေလးေတာ့ ရွင္းခဲ့ပါဦးလားကြ!"
ခ်န္ခ်န္းခ်င္း အမွန္တကယ္ကို ေဒါသထြက္သည္။ လုက်န္႔ေဖးက ေဆးခပ္ခဲ့သည္ဆိုလွ်င္ေတာင္မွ တစ္ခ်က္ၾကည့္႐ုံႏွင့္ အာနိသင္ကို သတိမထားမိသည့္ သူက အလြန္ေပါ့ေလ်ာ့ႏိုင္လြန္းခဲ့သည္။
လုက်န္႔ေဖးက ခ်န္ခ်န္းခ်င္းအေနာက္က လိုက္ပါလာကာ စကားဆိုလိုက္သည္။
"ခ်န္းခ်င္း....စိတ္မဆိုးပါနဲ႔ကြာ။ ကိုယ္လည္း စိတ္ပူလို႔ပါ"
ခ်န္ခ်န္းခ်င္းက ကိုယ့္လွည့္လိုက္ရင္း ေမးလိုက္၏။
"ဘာကိုစိတ္ပူတာလဲ"
လုက်န္႔ေဖးက တဲ့တိုးပင္ ေျပာခ်လိုက္သည္။
"မင္း မမာႏိုင္ေတာ့မွာကို စိတ္ပူတာ"
"လုက်န္႔ေဖး....ငါေျပာၿပီးၿပီ။ဒီကမာၻေပၚမွာမင္းမ်က္ႏွာႀကီးကလြဲလို႔ က်န္တဲ့ ဘယ္သူ႔ရဲ႕ေစာက္က်ိဳးနည္းမ်က္ႏွာနဲ႔မဆို ငါ မာႏိုင္တယ္"
"မင္းရဲ႕မ်က္ႏွာအပါအဝင္လား"
"ဟုတ္တယ္!!"
လုက်န္႔ေဖး၏ ေလသံက ခါးသီးလို႔ေနသည္။
"ခ်န္ခ်န္းခ်င္း...ကိုယ္မယုံဘူး"
ခ်န္ခ်န္းခ်င္း ကိုယ္ျပန္လွည့္ကာ ထြက္လာခဲ့လိုက္ေတာ့သည္။လုက်န္႔ေဖး ယုံတာ၊ မယုံတာ သူဂ႐ုမစိုက္ပါေခ်။ရလာဒ္အေနႏွင့္ကေတာ့ ေျခလွမ္းႏွစ္လွမ္းေတာင္မလွမ္းရေသးခင္မွာပင္ လုက်န္႔ေဖးဘက္က ျပန္ဆြဲေခၚတာကို ခံလိုက္ရသည္။လုက်န္႔ေဖးက ဆိုလာ၏။
"မင္းကိုယ့္ကို သက္ေသျပႏိုင္မယ္ဆိုရင္ ကိုယ္ မင္းကို ယုံေပးမယ္"
"မင္း ယုံတာ မယုံတာ ငါ့ေစာက္ကိစၥမဟုတ္ဘူးကြ!"
လုက်န္႔ေဖးက ဆိုလိုက္၏။
"ကိုယ္မင္းကို ယုံၾကည္ၿပီးသြားရင္ ေနာက္ဘယ္ေတာ့မွ မင္းကိုထပ္မထိေတာ့ဘူး!"
ခ်န္ခ်န္းခ်င္းက ၿပဳံးလိုက္ရင္း
"လုက်န္႔ေဖး...မင္းက စကားကို ခ်ီးလိုေတြေျပာေနပါ့လား. ...အမ်ိဳးသားေန႔တုန္းကေရာ မင္းငါ့ကို ဘာကတိေပးခဲ့လဲ။ ဘယ္ႏွစ္ရက္ၾကာေအာင္ ငါ့ကိုမထိပါဘူးလို႔ေျပာခဲ့လဲ။ခုက်ေတာ့ေရာ...ဟမ္.."
ဤကိစၥအေၾကာင္း ေျပာလိုက္ခ်ိန္မွာေတာ့ လုက်န္႔ေဖးသည္လည္း အျပစ္ရွိစိတ္အနည္းငယ္ျဖစ္သြားေလသည္။သူက အတင္းအၾကပ္ခုခံျငင္းဆိုပစ္လိုက္၏။
"ကိုယ္က...ကိုယ္က မင္းရဲ႕ခႏၶာကိုယ္ကို စိတ္ပူလို႔ေလကြာ"
ခ်န္ခ်န္းခ်င္းက သူ႔ကို ေအးစက္စြာပင္ စိုက္ၾကည့္ေပးလိုက္၏။
လုက်န္႔ေဖးမွာ ခ်က္ခ်င္းေတာင့္ခဲသြားရင္း ပါးစပ္ပိတ္သြားေတာ့သည္။
႐ႊီေရွာင္ရန္၏ ေဆးက အမွန္အစြမ္းထက္လွသည္။ ခ်န္ခ်န္းခ်င္းဟာ မူလကေတာ့ ကိုယ့္ဟာကိုယ္တကၠစီငွားၿပီးျပန္ဖို႔ လုပ္ထားေပမဲ့လည္း ေျခလွမ္းႏွစ္လွမ္းေလာက္အလွမ္းမွာပင္ တုံ႔ျပန္မႈေတြျဖစ္လာတာကို ေတြ႕လိုက္ သည္။သူက အေရွ႕သို႔ေလွ်ာက္ေနၿပီး လုက်န္႔ေဖးက ေနာက္ကလိုက္ပါလာသည္။သို႔ေသာ္လည္း သူ႔ေျခလွမ္းေတြက တျဖည္းႏွင့္တျဖည္း ေႏွးေကြးလို႔လာ၏။
လုက်န္႔ေဖးက ခ်န္ခ်န္းခ်င္း မူမမွန္ေတာ့တာကို ခ်က္ခ်င္းသတိထားမိသြားသည္။ သူက ရွက္ရဲရဲမ်က္ႏွာျဖင့္ ဆိုလိုက္၏။
"ခ်န္းခ်င္း...ေဆးက အစြမ္းျပလာၿပီမဟုတ္လား။ဒီနားမွာ ဟိုတယ္ေတြရွိတယ္.....ကိုယ္ အိုင္ဒီကတ္လည္း ယူလာခဲ့တယ္"
ခ်န္ခ်န္းခ်င္း : "........."
လုက်န္႔ေဖး :"...ခ်န္းခ်င္း"
ခ်န္ခ်န္းခ်င္း : "ပါးစပ္ပိတ္ထား!"