🔹Unicode🔹
'Hello သည်းငယ်'
'ဦး ဘာလို့နောက်ကျနေတာလဲ ကျွန်တော်စောင့်နေတာ15မိနစ်လောက်ရှိပြီ'
'ဦးက တစ်နေကုန်လျှောက်လည်မှာဆိုတော့ သည်းငယ်စားတတ်တာလေးတွေ လုပ်ခိုင်းနေလို့ပါ ခုသည်းငယ်တို့လမ်းရောက်တော့မယ်နော်'
'ဟုတ် ဒါဆိုကျွန်တော် ခြံပြင်ထွင်စောင့်နေမယ်နော် ဖြည်းဖြည်းမောင်းအုံး ဦး'
'ရတယ် သည်းငယ် အိမ်ထဲကပဲစောင့်'
ဦးက အိမ်ထဲကစောင့်ဖို့ပြောပေမယ့် ကြာနေမှာဆိုးလို့ ခြံပြင်သာထွက်စောင့်လိုက်သည်။10တန်းစာမေးပွဲကြီးဖြေပြီးကထဲက ဦးနဲ့အတော်လေးအပြင်သွားဖြစ်သည်။ဦးနဲ့3ခါလောက်အပြင်ရောက်မှဟို2ကောင်နဲ့ 1ခေါက်ရောက်တော့ ဆဲကြတာမှ ၀က်၀က်ကွဲပင်။ပြီးတော့ ဖုန်းလဲပြန်ရနေပြီမို့ အပြင်သွားတိုင်း ဦးကကျွန်တော့်ရဲ့ personal cameramanဖြစ်သည်။ပုံတင်ရင်လဲ Camera by ဘာညာဆိုပြီး သူ့ကိုmentionခေါ် ‘ဦး’ ပါထည့်မှ ကျေနပ်လေသည်။အဲ့အချိန်ဆို မြတ်မှူးနဲ့ဝေလျှံတို့က mentionခေါ်ပြီး ဆဲကြသည်။ကျွန်တော်ကလဲ ငြိမ်ခံတတ်တဲ့ကောင်မဟုတ်တော့ publishမရှောင် အချင်းချင်းဆဲတာ အကျင့်တောင်ဖြစ်နေပြီ။
"ဪ သည်းငယ် အိမ်ထဲကစောင့်ပါဆို "
"ကြာနေမယ်ဆိုးလို့ ဟီး"
"ဟုတ်ပါပြီ တက်"
ကားပေါ်ကဆင်းပြီး ကိုယ်တိုင်ကိုယ်ကျတံခါးလာဖွင့်ပေးသည့် ဦး။သူကကျွန်တော်နဲ့ပတ်သတ်ရင် အစအဆုံးလိုက်လုပ်ပေးချင်တဲ့လူမျိုးမဟုတ်လား။ကျွန်တော်ကလဲ ဦးကြောင့် ဘာမှမလုပ်ချင်တော့တာ အတော်လေးကိုအကျင့်ပါနေပြီဖြစ်သည်။
"ဦး ချိုင့်တွေခြင်းတွေက များလိုက်တာ ဘာတွေလဲ"
"နေ့လည်စာ ထမင်းနဲ့ဟင်း ပြီးတော့ သည်းငယ်စားဖို့ seafood pizzaကို Cheese များများနဲ့ ပြီးတော့ chocolate cake ပြီးတော့ အာလူးကိုအပြားလေးတွေ ဟိုဘက်ဒီဘက်ဖောက်မြင်လောက်တဲ့ထိပါးအောင်လုပ်ပြီး ကြွပ်ကြွပ်လေးကြော် ပြီးတော့ KFC style ကြက်ကြော်milk tea Colaနဲ့ ရေလဲအပူအအေးနှစ်ခုလုံးထည့်လာတယ်"
"ဝါး သရေစာတွေကအများကြီးပဲ နားထောင်ရင်းနဲ့ သရေတောင်ကျလာပြီ"
"ဒါပေါ့ ဦးကသည်းငယ်စားချင်လောက်မယ့်ဟာတွေကို မနက်အစောကထဲက ထလုပ်ခိုင်းထားတာ"
အလွယ်တကူ အချိန်မရွေး ထလုပ်ခိုင်းနိုင်တာကတော့ ဦးသက်ဘုန်းနိုင်က ကိုရီးယားကChefတစ်ယောက်ကို သည်းငယ်စားချင်တာလုပ်ပေးဖို့ အပြတ်ငှားထားခြင်းဖြစ်သည်။ထင့်အိမ်တွင် ပို့ထားလို့ရသော်လည်း သူကိုယ်တိုင်က သည်းငယ်စားချင်လောက်မယ့်ဟာကိုနှလုံးသားကနေ တစ်ဆင့်ခံစားရင်း စီစဉ်ပေးချင်သောကြောင့်လို့ အရင်ကထဲက ဖြေရှင်းချက်ပေးပြီးဖြစ်သည်။
"ဘာဟင်းတွေ ထည့်လာလဲ ဦး"
"သည်းငယ် ဟိုရက်ကစားချင်တယ်ပြောတဲ့ ငါးသံပုရာရယ် အမဲနှပ်ရယ် ကြက်ကချင်ချက် ၀က်ချိုချဉ် ဆိတ်သားကိုကြက်သွန်ဖြူနဲ့မွှေးမွှေးလေးကြော် ကင်းမွန်သုပ် vegetable saladရယ် ငရုပ်သီးထောင်းရယ် ကြက်စွန်ထန်ဟင်းချိုရယ်"
"အား ပါး ပါး ဦးပါရင် ရှယ်စားရမယ်ဆိုတာ သိလို့ကျွန်တော်အိမ်ကမနက်စာတောင် နည်းနည်းစားလာတာ
ဦးကဟင်းတွေရွတ်ပြနေတော့ ခုတောင် စားချင်နေပြီ"
"သည်းငယ်ခုစားချင်ရင် ဦး ကားရပ်ပေးမယ်လေ"
"ဟီး တော်ပါပြီ"
"ဟုတ်ပါပြီဗျာ ဒါဆို ခုမန်းလေးတောင်ကို အရင်သွားမယ်နော် ပြီးရင် ကုသိုလ်တော်သွားချင်လား တိရစ္ဆာန်ဥယျာဉ်သွားချင်လား"
"တိရစ္ဆာန်ဥယျာဉ်ပဲသွားရအောင်လေ ဦး ကျွန်တော့်ကို ဓာတ်ပုံလှလှလေးရိုက်ပေးအုံး"
"ရိုက်ပေးမှာပေါ့ သည်းငယ်ရဲ့"
မန်းလေးတောင်ပေါ်ရောက်တော့ နှစ်ယောက်အတူတူပန်းကပ် ဘုရာရှိခိုးကြသည်။ကျွန်တော့်ရဲ့တစ်ခုထဲသောဆုက သည်းငယ်ကို ကျွန်တော့်အပိုင်ဖြစ်လာပါစေပေါ့။
ပြီးတော့ အလှူမဏ္ဍိုတ်တွေမှာ လှူစရာရှိတာလှူ လျှောက်ပတ်ကြည့် ကလေးငယ်ကို ဓာတ်ပုံရိုက်ပေး။သည်းငယ် 10တန်းပြီးကထဲက ဓာတ်ပုံရိုက်တဲ့ပညာကို အနည်းငယ်လေ့လာထားသည်။အတွင်းကျကျတော့မဟုတ် ဘယ်အချိန် ဘယ်နေရာ ဘယ်ရာသီဥတု ဘယ်အရာကို ဦးစားပေးချင်ရင် ဘယ်လိုရိုက် အဲ့လောက်သာ။အများကြီးလဲ လေ့လာစရာမလိုပေ။ကျွန်တော့်သည်းငယ်က နဂိုကထဲက ချစ်စရာကောင်းပြီးသားမို့ snapရိုက်မိရင်တောင် ပုံလေးတေက အူယားစရာကောင်းနေတော့သည်။ချက်ချင်းပုံတင်သည့် ကလေးငယ်ကြောင့် ကိုယ့်မှာFirst love reactပေးရဖို့ အပြေးအလွှား လိုင်းတက်လိုက်ရသေးသည်။
တိရစ္ဆာန်ဥယျာဉ်ရောက်တော့ ၀င်၀င်ချင်း မိချောင်းတွေကို ကြည့်ပြီး နေ့လည်စာ စားချိန်လဲ နီးနေပြီမို့ ဖျာခင်းဖို့ အရိပ်ကောင်းကောင်းကိုသာ လိုက်ရှာလိုက်သည်။ကိုယ်က ဗိုက်မဆာသေးပေမယ့် သည်းငယ်က မနက်စာနည်းနည်းလေးပဲ စားလာသည်ဟု ပြောတယ်မလား။
"အရင်စားအုံးနော် သည်းငယ် ပြီးမှ ရှောက်ကြည့်ကြမယ်"
"ဟုတ် ဦး ကျွန်တော်လဲ ဗိုက်ဆာနေပြီ"
ထို့နောက် ထင့်အတွက် စားဖို့ဇွန်း ရေကအစ သေချာလုပ်ပေးပြီး မစားဘဲဗိုက်ပြည့်စေမည့် သည်းငယ်စားတာကို ထိုင်ကြည့်ခြင်းလုပ်ငန်းစတင်တော့သည်။
"ဦး စားနော် ကျွန်တော်က ဦးချတာ ဦးကအမြဲတမ်း ကျွနိတော်စားဖို့ပဲ ထည့်ပေးနေလို့"
ဆိုပြီး ၀က်ချိုချဉ်တစ်တုံး ဦးချသည့် ကလေးငယ်ကြောင့် ဦးသက်ဘုန်းနိုင် ကမ္ဘာတစ်ခြမ်း အပိုင်စားရသလို ပြုံးသွားသည်။
နေ့လည်စာ အာဟာရအတွက် မြိန်ရေယှက်ရေစားနေသော ကလေးငယ်ကို ကြည့်ရင်း သူ့ထည့်ပေးထားသော ၀က်ချိုချဉ်တစ်တုံးထဲနဲ့ လုံလောက်ပြီဖြစ်သည်။
"ဦး ထည့်လဲမစားဘူး အားမနာနဲ့နော် ရော့စား"
"ဟုတ်ပါပြီဗျ"
နောက်ထပ် ဟင်းတစ်မျိုးပြီးတစ်မျိုး ထပ်ထည့်ပေးသည့် ကလေးငယ်ကြောင့် တစ်သက်လုံး ကပ်စီးကုပ်ခဲ့သော အပြုံးချိုချိုတို့က ထိန်းမနိုင် သိမ်းမရအောင်အလျှံအပယ်ပင်ဖြစ်ပေါ်နေတော့သည်။။
*သည်းငယ်ကတော့ ရိုးရိုးဟင်းထည့်ပေးလိုက်တာ ဦးကတော့ ယူပြီးရင် အနပ်တိုင်းသည်းငယ်မျက်နှာလေးကြည့်စားနေမှာကို ကြိုတွေးနေမိပြီ*
"ဦး ဗိုက်လေးလို့လား မသိဘူး အိပ်ချင်လိုက်တာ"
"ဒါဆို အိပ်လေ သည်းငယ် အချိန်တွေအများကြီးရှိနေတာ လာ ဦးပေါင်ပေါ်ခေါင်းအုံး"
"ဟုတ် အားမနာတော့ဘူးနော် ဟီး"
သည်းငယ်က ခေါင်းအုံးအိပ်တော့ ငုံ့ကြည့်ရင်မြင်နေရတဲ့ သူ့မျက်နှာလေးကြောင့် ရင်ထဲကကောင်က တီကောင်ကိုဆားနဲ့ပတ်သလို ယွစိကိုထိုးလို့။အထူးသဖြင့် နီရဲရဲပါးလွှလွှ နှုတ်ခမ်းလေးကြောင့် အသက်ရှူတောင် မမှန်ချင်တော့ နှလုံးရောဂါ ရတော့မည်ထင်။နှလုံးရောဂါရလဲ သက်ဘုန်းနိုင်တို့က ဂရုမစိုက် ဒီလိုအခွင့်အရေးမျိုးက သူလေးကိုလိုက်လာသည့် 2နှစ်နီးပါးကာလပတ်အတွင်း ပထမဆုံးရသည့် ကြုံတောင့်ကြုံခဲ အခွင့်အရေးမဟုတ်လား။
အိပ်ရာထတော့ မျက်လုံးလေးတွေမို့ပြီး ဆံပင်လေးတွေ အနည်းငယ်ပွနေတဲ့ သည်းငယ်ရဲ့ပုံက တစ်မျိုးချစ်စရာကောင်းနေပြန်သည်။
"အာ ကျွန်တော်အိပ်နေတာကြာသွားလား ခြေထောက်တွေကျင်နေရောပေါ့ အသက်လဲကြီးပြီဆိုတော့လေ"
အိပ်ရေး၀ပြီး စိတ်ကြည်နေတဲ့ ကလေးငယ်က နိုးနိုးချင်းကိုယ့်ကို အသက်ကြီးပြီဆိုပြီးလာစနေသေးသည်။အသက်ကြီးပေမယ့် မပျက်စီးသေးဘူးဆိုတဲ့အကြောင်းကို ပြချင်ပေမယ့် ခုမှကလေးငယ်က 17ထဲရောက်ခါစရှိသေးသည်။
"ဟား ဟား သည်းငယ်ကတော့ကွာ
သည်းငယ်မသိလို့ပါ ကိုယ်ကတစ်နှစ်ပတ်လုံးသည်းငယ်ခန္ဓာကိုယ် သေးသေးလေးချီထားရင်တောင် အေးဆေးပဲ အဟက်"
"ဦးက ကျွန်တော့်ကိုပြန်စနေသေးတယ် သွားရအောင်လေ ဦး ဓာတ်ပုံရိုက်ပေးအုံးနော်"
"ဟုတ်ကဲ့ပါဗျ"
ထို့နောက် တိရစ္ဆာန်တွေကို အစာကျွေးလိုက် ဓာတ်ပုံရိုက်လိုက်နဲ့ ကျွန်တော်ချစ်မိတဲ့ ထင်ဆိုတဲ့ကောင်လေးက တကယ်အဖြူထည် ကလေးလေးပင်။ဒီလိုအဖြူထည် ကလေးလေးကို အရောင်ဆိုးချင်မိတာ မှားပြီလားလို့ တွေးမိရင် မဟုတ်ဘူး သည်းငယ်ကဦးအတွက်ပဲဖြစ်ရမယ်ဆိုတဲ့ အချစ်အတ္တစိတ်ကကြီးစိုးသွားသည်။
"မရဘူး ကျွန်တော်အရင်စီးမယ်"
"အမတို့ အရင်ခေါ်တာလေ"
အကြောင်းကတော့ ဆင်စီးဖို့ တစ်ဖက်ကလူတွေနဲ့ ပြိုင်ဖြစ်နေသည့် ထင်။
"ဟုတ်တယ်လေ ညီလေး ဒီအမတို့ပြီးရင် ညီလေးအလှည့် အခုခဏ ဆင်အစာကျွေးရင်း စောင့်ပါလား"
"မဟုတ်တာ ကျွန်တော်ကခုစီးချင်တာ"
"သည်းငယ်..."
"မရဘူးနော် ဦး လာမတားနဲ့ ကျွန်တော်ကရနိုင်တဲ့လူလား"
ကိုယ်ကလဲ တားမှာမဟုတ်ပါဘဲ ကိုယ့်ကို ပြန်စွာနေသည့် နှလုံးသားရဲ့ပဲ့ကိုင်ရှင်။
"ဒီမယ် ကျွန်တော်က အခုခင်ဗျားတို့တောင်းတဲ့ဈေးထက် 5ဆပိုပေးမယ်ဆိုရင်ရော"
အမ် အာ လုပ်ပြီး ထင်တို့ကိုသာ အရင်စီးခိုင်းတဲ့လူကြီး။ပိုက်ဆံကတော့ ဦးပါတယ်လေ ဦးပိုက်ဆံကိုသာယူရှင်းလိုက်သည်။
ဆင်ပေါ်ရောက်တော့
"တော်တယ်မလား ဦး"
"တော်ပါတယ် သည်းငယ်က ဘယ်လိုစိတ်ကူးတွေတောင် ရလိုက်လဲ"
"ဪ ဦးရယ် လောကမှာငွေသာအထုတ်လိုက်ရှိနေပါစေ မိုးကောင်ကင်ကို တောင်ခလုတ်တိုက်မိရင် ငွေနဲ့ပေါက်ပြီး ဖျောက်ပစ်လိုက်လို့ရတယ်"
ဟန်ပါပါသည့် ပြောနေသည့် ကလေးငယ်ကြောင့် အချစ်ပိုရပြန်သည်။
"ဟား ဟား သည်းငယ်ကတော့ကွာ တကယ့်အတတ်လေးပဲ"
"ရေပန်းစားတယ်လေ ဦးရဲ့"
××××××××××××××××××××××××××××
🔹Zawgyi🔹
'Hello သည္းငယ္'
'ဦး ဘာလို႔ေနာက္က်ေနတာလဲ ကြၽန္ေတာ္ေစာင့္ေနတာ15မိနစ္ေလာက္ရွိၿပီ'
'ဦးက တစ္ေနကုန္ေလွ်ာက္လည္မွာဆိုေတာ့ သည္းငယ္စားတတ္တာေလးေတြ လုပ္ခိုင္းေနလို႔ပါ ခုသည္းငယ္တို႔လမ္းေရာက္ေတာ့မယ္ေနာ္'
'ဟုတ္ ဒါဆိုကြၽန္ေတာ္ ၿခံျပင္ထြင္ေစာင့္ေနမယ္ေနာ္ ျဖည္းျဖည္းေမာင္းအုံး ဦး'
'ရတယ္ သည္းငယ္ အိမ္ထဲကပဲေစာင့္'
ဦးက အိမ္ထဲကေစာင့္ဖို႔ေျပာေပမယ့္ ၾကာေနမွာဆိုးလို႔ ၿခံျပင္သာထြက္ေစာင့္လိုက္သည္။10တန္းစာေမးပြဲႀကီးေျဖၿပီးကထဲက ဦးနဲ႕အေတာ္ေလးအျပင္သြားျဖစ္သည္။ဦးနဲ႕3ခါေလာက္အျပင္ေရာက္မွဟို2ေကာင္နဲ႕ 1ေခါက္ေရာက္ေတာ့ ဆဲၾကတာမွ ၀က်၀က်ကွဲပင်။ပြီးတော့ ဖုန္းလဲျပန္ရေနၿပီမို႔ အျပင္သြားတိုင္း ဦးကကြၽန္ေတာ့္ရဲ႕ personal cameramanျဖစ္သည္။ပုံတင္ရင္လဲ Camera by ဘာညာဆိုၿပီး သူ႕ကိုmentionေခၚ ဦး ပါထည့္မွ ေက်နပ္ေလသည္။အဲ့အခ်ိန္ဆို ျမတ္မႉးနဲ႕ေဝလွ်ံတို႔က mentionေခၚၿပီး ဆဲၾကသည္။ကြၽန္ေတာ္ကလဲ ၿငိမ္ခံတတ္တဲ့ေကာင္မဟုတ္ေတာ့ publishမေရွာင္ အခ်င္းခ်င္းဆဲတာ အက်င့္ေတာင္ျဖစ္ေနၿပီ။
"ဪ သည္းငယ္ အိမ္ထဲကေစာင့္ပါဆို "
"ၾကာေနမယ္ဆိုးလို႔ ဟီး"
"ဟုတ္ပါၿပီ တက္"
ကားေပၚကဆင္းၿပီး ကိုယ္တိုင္ကိုယ္က်တံခါးလာဖြင့္ေပးသည့္ ဦး။သူကကြၽန္ေတာ္နဲ႕ပတ္သတ္ရင္ အစအဆုံးလိုက္လုပ္ေပးခ်င္တဲ့လူမ်ိဳးမဟုတ္လား။ကြၽန္ေတာ္ကလဲ ဦးေၾကာင့္ ဘာမွမလုပ္ခ်င္ေတာ့တာ အေတာ္ေလးကိုအက်င့္ပါေနၿပီျဖစ္သည္။
"ဦး ခ်ိဳင့္ေတြျခင္းေတြက မ်ားလိုက္တာ ဘာေတြလဲ"
"ေန႕လည္စာ ထမင္းနဲ႕ဟင္း ၿပီးေတာ့ သည္းငယ္စားဖို႔ seafood pizzaကို Cheese မ်ားမ်ားနဲ႕ ၿပီးေတာ့ chocolate cake ၿပီးေတာ့ အာလူးကိုအျပားေလးေတြ ဟိုဘက္ဒီဘက္ေဖာက္ျမင္ေလာက္တဲ့ထိပါးေအာင္လုပ္ၿပီး ႂကြပ္ႂကြပ္ေလးေၾကာ္ ၿပီးေတာ့ KFC style ၾကက္ေၾကာ္milk tea Colaနဲ႕ ေရလဲအပူအေအးႏွစ္ခုလုံးထည့္လာတယ္"
"ဝါး သေရစာေတြကအမ်ားႀကီးပဲ နားေထာင္ရင္းနဲ႕ သေရေတာင္က်လာၿပီ"
"ဒါေပါ့ ဦးကသည္းငယ္စားခ်င္ေလာက္မယ့္ဟာေတြကို မနက္အေစာကထဲက ထလုပ္ခိုင္းထားတာ"
အလြယ္တကူ အခ်ိန္မေ႐ြး ထလုပ္ခိုင္းနိုင္တာကေတာ့ ဦးသက္ဘုန္းနိုင္က ကိုရီးယားကChefတစ္ေယာက္ကို သည္းငယ္စားခ်င္တာလုပ္ေပးဖို႔ အျပတ္ငွားထားျခင္းျဖစ္သည္။ထင့္အိမ္တြင္ ပို႔ထားလို႔ရေသာ္လည္း သူကိုယ္တိုင္က သည္းငယ္စားခ်င္ေလာက္မယ့္ဟာကိုႏွလုံးသားကေန တစ္ဆင့္ခံစားရင္း စီစဥ္ေပးခ်င္ေသာေၾကာင့္လို႔ အရင္ကထဲက ေျဖရွင္းခ်က္ေပးၿပီးျဖစ္သည္။
"ဘာဟင္းေတြ ထည့္လာလဲ ဦး"
"သည္းငယ္ ဟိုရက္ကစားခ်င္တယ္ေျပာတဲ့ ငါးသံပုရာရယ္ အမဲႏွပ္ရယ္ ၾကက္ကခ်င္ခ်က္ ၀က်ချိုချဉ် ဆိတ္သားကိုၾကက္သြန္ျဖဴနဲ႕ေမႊးေမႊးေလးေၾကာ္ ကင္းမြန္သုပ္ vegetable saladရယ္ င႐ုပ္သီးေထာင္းရယ္ ၾကက္စြန္ထန္ဟင္းခ်ိဳရယ္"
"အား ပါး ပါး ဦးပါရင္ ရွယ္စားရမယ္ဆိုတာ သိလို႔ကြၽန္ေတာ္အိမ္ကမနက္စာေတာင္ နည္းနည္းစားလာတာ
ဦးကဟင္းေတြ႐ြတ္ျပေနေတာ့ ခုေတာင္ စားခ်င္ေနၿပီ"
"သည္းငယ္ခုစားခ်င္ရင္ ဦး ကားရပ္ေပးမယ္ေလ"
"ဟီး ေတာ္ပါၿပီ"
"ဟုတ္ပါၿပီဗ်ာ ဒါဆို ခုမန္းေလးေတာင္ကို အရင္သြားမယ္ေနာ္ ၿပီးရင္ ကုသိုလ္ေတာ္သြားခ်င္လား တိရစ္ဆာန္ဥယ်ာဥ္သြားခ်င္လား"
"တိရစ္ဆာန္ဥယ်ာဥ္ပဲသြားရေအာင္ေလ ဦး ကြၽန္ေတာ့္ကို ဓာတ္ပုံလွလွေလးရိုက္ေပးအုံး"
"ရိုက္ေပးမွာေပါ့ သည္းငယ္ရဲ႕"
မန္းေလးေတာင္ေပၚေရာက္ေတာ့ ႏွစ္ေယာက္အတူတူပန္းကပ္ ဘုရာရွိခိုးၾကသည္။ကြၽန္ေတာ့္ရဲ႕တစ္ခုထဲေသာဆုက သည္းငယ္ကို ကြၽန္ေတာ့္အပိုင္ျဖစ္လာပါေစေပါ့။
ၿပီးေတာ့ အလႉမ႑ိုတ္ေတြမွာ လႉစရာရွိတာလႉ ေလွ်ာက္ပတ္ၾကည့္ ကေလးငယ္ကို ဓာတ္ပုံရိုက္ေပး။သည္းငယ္ 10တန္းၿပီးကထဲက ဓာတ္ပုံရိုက္တဲ့ပညာကို အနည္းငယ္ေလ့လာထားသည္။အတြင္းက်က်ေတာ့မဟုတ္ ဘယ္အခ်ိန္ ဘယ္ေနရာ ဘယ္ရာသီဥတု ဘယ္အရာကို ဦးစားေပးခ်င္ရင္ ဘယ္လိုရိုက္ အဲ့ေလာက္သာ။အမ်ားႀကီးလဲ ေလ့လာစရာမလိုေပ။ကြၽန္ေတာ့္သည္းငယ္က နဂိုကထဲက ခ်စ္စရာေကာင္းၿပီးသားမို႔ snapရိုက္မိရင္ေတာင္ ပုံေလးေတက အူယားစရာေကာင္းေနေတာ့သည္။ခ်က္ခ်င္းပုံတင္သည့္ ကေလးငယ္ေၾကာင့္ ကိုယ့္မွာFirst love reactေပးရဖို႔ အေျပးအလႊား လိုင္းတက္လိုက္ရေသးသည္။
တိရစ္ဆာန္ဥယ်ာဥ္ေရာက္ေတာ့ ၀င်၀င်ချင်း မိေခ်ာင္းေတြကို ၾကည့္ၿပီး ေန႕လည္စာ စားခ်ိန္လဲ နီးေနၿပီမို႔ ဖ်ာခင္းဖို႔ အရိပ္ေကာင္းေကာင္းကိုသာ လိုက္ရွာလိုက္သည္။ကိုယ္က ဗိုက္မဆာေသးေပမယ့္ သည္းငယ္က မနက္စာနည္းနည္းေလးပဲ စားလာသည္ဟု ေျပာတယ္မလား။
"အရင္စားအုံးေနာ္ သည္းငယ္ ၿပီးမွ ေရွာက္ၾကည့္ၾကမယ္"
"ဟုတ္ ဦး ကြၽန္ေတာ္လဲ ဗိုက္ဆာေနၿပီ"
ထို႔ေနာက္ ထင့္အတြက္ စားဖို႔ဇြန္း ေရကအစ ေသခ်ာလုပ္ေပးၿပီး မစားဘဲဗိုက္ျပည့္ေစမည့္ သည္းငယ္စားတာကို ထိုင္ၾကည့္ျခင္းလုပ္ငန္းစတင္ေတာ့သည္။
"ဦး စားေနာ္ ကြၽန္ေတာ္က ဦးခ်တာ ဦးကအၿမဲတမ္း ကြၽနိေတာ္စားဖို႔ပဲ ထည့္ေပးေနလို႔"
ဆိုၿပီး ၀က်ချိုချဉ်တစ်တုံး ဦးခ်သည့္ ကေလးငယ္ေၾကာင့္ ဦးသက္ဘုန္းနိုင္ ကမၻာတစ္ျခမ္း အပိုင္စားရသလို ၿပဳံးသြားသည္။
ေန႕လည္စာ အာဟာရအတြက္ ၿမိန္ေရယွက္ေရစားေနေသာ ကေလးငယ္ကို ၾကည့္ရင္း သူ႕ထည့္ေပးထားေသာ ၀က်ချိုချဉ်တစ်တုံးထဲနဲ့ လုံေလာက္ၿပီျဖစ္သည္။
"ဦး ထည့္လဲမစားဘူး အားမနာနဲ႕ေနာ္ ေရာ့စား"
"ဟုတ္ပါၿပီဗ်"
ေနာက္ထပ္ ဟင္းတစ္မ်ိဳးၿပီးတစ္မ်ိဳး ထပ္ထည့္ေပးသည့္ ကေလးငယ္ေၾကာင့္ တစ္သက္လုံး ကပ္စီးကုပ္ခဲ့ေသာ အၿပဳံးခ်ိဳခ်ိဳတို႔က ထိန္းမနိုင္ သိမ္းမရေအာင္အလွ်ံအပယ္ပင္ျဖစ္ေပၚေနေတာ့သည္။။
*သည္းငယ္ကေတာ့ ရိုးရိုးဟင္းထည့္ေပးလိုက္တာ ဦးကေတာ့ ယူၿပီးရင္ အနပ္တိုင္းသည္းငယ္မ်က္ႏွာေလးၾကည့္စားေနမွာကို ႀကိဳေတြးေနမိၿပီ*
"ဦး ဗိုက္ေလးလို႔လား မသိဘူး အိပ္ခ်င္လိုက္တာ"
"ဒါဆို အိပ္ေလ သည္းငယ္ အခ်ိန္ေတြအမ်ားႀကီးရွိေနတာ လာ ဦးေပါင္ေပၚေခါင္းအုံး"
"ဟုတ္ အားမနာေတာ့ဘူးေနာ္ ဟီး"
သည္းငယ္က ေခါင္းအုံးအိပ္ေတာ့ ငုံ႕ၾကည့္ရင္ျမင္ေနရတဲ့ သူ႕မ်က္ႏွာေလးေၾကာင့္ ရင္ထဲကေကာင္က တီေကာင္ကိုဆားနဲ႕ပတ္သလို ယြစိကိုထိုးလို႔။အထူးသျဖင့္ နီရဲရဲပါးလႊလႊ ႏႈတ္ခမ္းေလးေၾကာင့္ အသက္ရႉေတာင္ မမွန္ခ်င္ေတာ့ ႏွလုံးေရာဂါ ရေတာ့မည္ထင္။ႏွလုံးေရာဂါရလဲ သက္ဘုန္းနိုင္တို႔က ဂ႐ုမစိုက္ ဒီလိုအခြင့္အေရးမ်ိဳးက သူေလးကိုလိုက္လာသည့္ 2ႏွစ္နီးပါးကာလပတ္အတြင္း ပထမဆုံးရသည့္ ႀကဳံေတာင့္ႀကဳံခဲ အခြင့္အေရးမဟုတ္လား။
အိပ္ရာထေတာ့ မ်က္လုံးေလးေတြမို႔ၿပီး ဆံပင္ေလးေတြ အနည္းငယ္ပြေနတဲ့ သည္းငယ္ရဲ႕ပုံက တစ္မ်ိဳးခ်စ္စရာေကာင္းေနျပန္သည္။
"အာ ကြၽန္ေတာ္အိပ္ေနတာၾကာသြားလား ေျခေထာက္ေတြက်င္ေနေရာေပါ့ အသက္လဲႀကီးၿပီဆိုေတာ့ေလ"
အိပ္ေရး၀ၿပီး စိတ္ၾကည္ေနတဲ့ ကေလးငယ္က နိုးနိုးခ်င္းကိုယ့္ကို အသက္ႀကီးၿပီဆိုၿပီးလာစေနေသးသည္။အသက္ႀကီးေပမယ့္ မပ်က္စီးေသးဘူးဆိုတဲ့အေၾကာင္းကို ျပခ်င္ေပမယ့္ ခုမွကေလးငယ္က 17ထဲေရာက္ခါစရွိေသးသည္။
"ဟား ဟား သည္းငယ္ကေတာ့ကြာ
သည္းငယ္မသိလို႔ပါ ကိုယ္ကတစ္ႏွစ္ပတ္လုံးသည္းငယ္ခႏၶာကိုယ္ ေသးေသးေလးခ်ီထားရင္ေတာင္ ေအးေဆးပဲ အဟက္"
"ဦးက ကြၽန္ေတာ့္ကိုျပန္စေနေသးတယ္ သြားရေအာင္ေလ ဦး ဓာတ္ပုံရိုက္ေပးအုံးေနာ္"
"ဟုတ္ကဲ့ပါဗ်"
ထို႔ေနာက္ တိရစ္ဆာန္ေတြကို အစာေကြၽးလိုက္ ဓာတ္ပုံရိုက္လိုက္နဲ႕ ကြၽန္ေတာ္ခ်စ္မိတဲ့ ထင္ဆိုတဲ့ေကာင္ေလးက တကယ္အျဖဴထည္ ကေလးေလးပင္။ဒီလိုအျဖဴထည္ ကေလးေလးကို အေရာင္ဆိုးခ်င္မိတာ မွားၿပီလားလို႔ ေတြးမိရင္ မဟုတ္ဘူး သည္းငယ္ကဦးအတြက္ပဲျဖစ္ရမယ္ဆိုတဲ့ အခ်စ္အတၱစိတ္ကႀကီးစိုးသြားသည္။
"မရဘူး ကြၽန္ေတာ္အရင္စီးမယ္"
"အမတို႔ အရင္ေခၚတာေလ"
အေၾကာင္းကေတာ့ ဆင္စီးဖို႔ တစ္ဖက္ကလူေတြနဲ႕ ၿပိဳင္ျဖစ္ေနသည့္ ထင္။
"ဟုတ္တယ္ေလ ညီေလး ဒီအမတို႔ၿပီးရင္ ညီေလးအလွည့္ အခုခဏ ဆင္အစာေကြၽးရင္း ေစာင့္ပါလား"
"မဟုတ္တာ ကြၽန္ေတာ္ကခုစီးခ်င္တာ"
"သည္းငယ္..."
"မရဘူးေနာ္ ဦး လာမတားနဲ႕ ကြၽန္ေတာ္ကရနိုင္တဲ့လူလား"
ကိုယ္ကလဲ တားမွာမဟုတ္ပါဘဲ ကိုယ့္ကို ျပန္စြာေနသည့္ ႏွလုံးသားရဲ႕ပဲ့ကိုင္ရွင္။
"ဒီမယ္ ကြၽန္ေတာ္က အခုခင္ဗ်ားတို႔ေတာင္းတဲ့ေဈးထက္ 5ဆပိုေပးမယ္ဆိုရင္ေရာ"
အမ္ အာ လုပ္ၿပီး ထင္တို႔ကိုသာ အရင္စီးခိုင္းတဲ့လူႀကီး။ပိုက္ဆံကေတာ့ ဦးပါတယ္ေလ ဦးပိုက္ဆံကိုသာယူရွင္းလိုက္သည္။
ဆင္ေပၚေရာက္ေတာ့
"ေတာ္တယ္မလား ဦး"
"ေတာ္ပါတယ္ သည္းငယ္က ဘယ္လိုစိတ္ကူးေတြေတာင္ ရလိုက္လဲ"
"ဪ ဦးရယ္ ေလာကမွာေငြသာအထုတ္လိုက္ရွိေနပါေစ မိုးေကာင္ကင္ကို ေတာင္ခလုတ္တိုက္မိရင္ ေငြနဲ႕ေပါက္ၿပီး ေဖ်ာက္ပစ္လိုက္လို႔ရတယ္"
ဟန္ပါပါသည့္ ေျပာေနသည့္ ကေလးငယ္ေၾကာင့္ အခ်စ္ပိုရျပန္သည္။
"ဟား ဟား သည္းငယ္ကေတာ့ကြာ တကယ့္အတတ္ေလးပဲ"
"ေရပန္းစားတယ္ေလ ဦးရဲ႕"