"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်"...
By Sayy-Pann-Chi
546K 52.3K 7.7K
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မ... More
မိတ်ဆက်
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
❗Plz Read🙏(for side couple)❗
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
♡︎🌸♡︎
အပိုင်း(၄၃)
အပိုင်း(၄၄)
ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ
❗အသိပေးချက်❗(ဖတ်ပေးပါ🙏)
❗Book Announcement❗
အပိုင်း(၂၇)
10.8K 1.1K 187
By Sayy-Pann-Chi
ညနေမစောင်းခင်သူတို့အားလုံးအိမ်ပြန်လာခဲ့ကြသည်။မပြန်လို့လည်းမရပါ ကလေးတွေချည်းပဲတောထဲမှာကျန်ခဲ့ရတာမဟုတ်လား။အ‌တော်အတန်အရွယ်ရောက်ပြီးသားကလေးတွေပါပေမဲ့လည်း ရာဇတို့စိတ်မချနိုင်ပါလေ။ထို့ကြောင့်ဒဏ်ရာမသက်သာသော်လည်း ကြိုးစားပြန်ဖို့ကိုသာဆိုင်းပြင်လိုက်ကြခြင်း။
ဒဏ်ရာကိုအကြောင်းပြပြီး သက်လယ်ကိုအသားယူဖို့ပါအကြံထုတ်ထားတာပေါ့။ထိုသို့အပိုင်တွက်ကာ ဘေးမှရပ်နေသည့် သက်လယ်ကိုကူတွဲပေးခိုင်းဖို့ကြံလိုက်သော်လည်း
"လာလာ ဆရာ တပည့်ကုန်းပိုးမယ်"
ကျစ် ဒီကောင်ကွာ...
"လာလေ ဆရာ အားနာနေတာလား ဒီလူနဲ့ဒီလူ"
မျက်နှာရိပ်မျက်နှာကဲပြနေသော်လည်း ဒူနေသည့်ငဒူအာဂကြောင့် ရာဇအချဥ်ပေါက်လာရသည်။
ငါလုပ်ရင်သေတော့မယ် အရိပ်သုံးပါးနားမလည်ဘူး...
ဆရာဖြစ်သူကမျက်လုံးပြူးမျက်စံပြူးနှင့် အရိပ်အကဲပြနေသလို တပည့်ဖြစ်သူကလည်း ရှေ့မှာကုန်းကုန်းကွကွနှင့်ကျောပေါ်တတ်ဖို့ပြောနေသည့်မြင်ကွင်းကို ကျန်သူတွေသာမကဆေးဆရာကြီးမနောတောင်  ကြောင်တောင်တောင်လေးကြည့်နေရသည့်အဖြစ်။
ဟင်းးး
သော်ကသက်ပြင်းချမိပြန်ပြီ။ဒီလိုနဲ့သူလည်းအသက်တိုတော့မှာတကယ်။
"လာခဲ့ အာဂ"
"အေး ဟုတ်တယ် လာခဲ့ ဆရာ့ကိုကတွဲပေးမဲ့သူရှိတယ်"
ကုန်းပိုးဖို့အသင့်အနေအထားလုပ်နေသည့်အာဂကို သော်ကနှင့်မာနကတစ်ယောက်တစ်ဖက်ဆီလက်မောင်းကဆွဲ၍ခေါ်သွားကြတော့သည်။
"ကဲ ဂရုစိုက်ပြန်ကြနော် မောင်ရာဇတို့"
"ဟုတ်ကဲ့ပါ အဘ"
ထို့နောက် အဘကနောက်ဖေးချောင်ထဲဝင်သွားတော့ နေရာမှာသက်လယ်နှင့်သူသာကျန်ရစ်ခဲ့တော့၏။
"သက်လယ် ကိုယ့်ကိုကူတွဲပေးပါဦး ခြေထောက်ကနာလာလို့"
အမူအယာပိုနေသည့်ရာဇကိုသက်လယ်ကမသင်္ကာသလို မျက်လုံးမှေးကျဥ်းရင်းကြည့်နေသေးသည်။
"ခုနကအကောင်းကြီးပါ"
"ဟုတ်တယ် အခုမှရုတ်တရကြီးကိုက်ခဲလာတာ အာ့ ရင်ဘတ်ကလည်းနာတယ်"
"အရမ်းနာနေတာလား"
"အင်း အရမ်းပဲ"
မျက်နှာငယ်လေးလုပ်ပြလိုက်မှ သနားပိုသွားသလိုမျိုး ကိုယ့်အနားတိုးကပ်ကာ ရင်ဘတ်ကိုခပ်ဖွဖွထိလာသည်။ရာဇတို့အခုမှတကယ်ဒုက္ခတရတာပဲ။အနာကဆေးစွမ်းကြောင့်သိပ်မနာတော့ပေမဲ့ နီးကပ်လွန်းစွာရှိနေသည့်သက်လယ်ကြောင့် ရင်ခုန်သံတွေကမူမမှန်တော့ပေ။
ကော့ညွှတ်နေသည့်မျက်တောင်ဖျားလေးတွေက အပေါ်စီးကနေကြည့်သည့်အခါ သိပ်ကိုကဗျာဆန်လွန်းနေသလို။သက်လယ်ကအပေါ်မျက်တောင်မွှေးလေးတွေသာမက  အောက်မျက်တောင်မွှေးလေးတွေပါရှည်နေတာကြောင့် မျက်ဝန်းကြည်တောက်တောက်လေးကိုဝန်းရံနေပုံမှာလည်းယပ်တောင်လေးသဖွယ်။
ချမ်းအေးသည့်ရာသီဖြစ်တာကြောင့် နီရဲနေသောနှုတ်ခမ်းရဲရဲလေးကမဲ့ကျနေသည်မှာ ရာဇနာကျင်နေတာကြောင့် သနားနေတာများလား။နှာခေါင်းလုံးလုံးလေးကလည်းတရှုံ့ရှုံ့နှင့်နီရဲနေပြီ။မျက်နှာတစ်ခုလုံးနီးပါး အနီရောင်လေးသန်းနေသူကိုကြည့်ရင်း ကိုက်စားမိတော့မည့်စိတ်ကိုအနိုင်နိုင်ထိန်းနေရတာကကိုယ်။
"အင့်!"
စိတ်မထိန်းနိုင်ဘဲနီးကပ်စွာရှိနေသူလေးကို ရင်ခွင်ထဲဆွဲသွင်းပစ်လိုက်တော့ အင့်ခနဲပါလာသည့်သိုးပေါက်လေး။
"အင်း နာတာတွေတောင်ပျောက်သွားပြီ"
နူးညံ့အိစက်နေသောကိုယ်လုံးသေးသေးလေးကို ရင်ခွင်ထဲထည့်ထားရသည့်ခံစားချက်က ဒီလောက်ကောင်းမှန်းရာဇအခုမှသိတော့သည်။အရင်ကသက်လယ်ကိုထိပါးဖို့နေနေသာသာ စိတ်နှင့်တောင်မပြစ်မှားရက်ခဲ့တာမဟုတ်လား။အခုတော့အခြေအနေကပြောင်းလဲသွားခဲ့ပြီ။
သူသက်လယ်ကိုလုံးဝလက်မလွှတ်တော့ဘူး။သက်လယ်ပြန်ချစ်လာအောင်နည်းလမ်းအမျိုးမျိုးဖြင့်ကြိုးစားရမည်။ထိုသို့ အနာဂတ်စီမံကိန်းတွေနှင့်အတူ ရင်ခွင်ထဲကသူလေးကိုပိုတိုးလို့ဖက်ထားလိုက်တော့သည်။
ရုတ်တရက်ကြီးရင်ခွင်ထဲဆွဲသွင်းလိုက်သည့်ဓားပြကြီးကြောင့်‌ စောလွန်းကြောင်အသွားပေမဲ့  နွေးထွေးလွန်းသည့်ရင်ခွင်ကိုတော့မတွန်းဖယ်မိပါ။အရင်တည်းက ဓားပြကြီးရင်ခွင်၏ရင်းနှီးမှုကိုသူသတိထားမိခဲ့တာမဟုတ်လား။
မထင်ခဲ့ဘူး ထိုရင်းနှီးနေတဲ့နွေးထွေးမှုလေးက ငယ်ငယ်တုန်းကခိုလှုံရာဖြစ်ခဲ့တဲ့ရင်ခွင်နန်းတော်လေးဖြစ်နေမယ်ဆိုတာကို။
ကိုကို....ထိုနာမ်စားလေးကိုစောလွန်းရဲရဲဝံ့ဝံ့မခေါ်ရဲသေးသလို စောလွန်းဟာကိုကို့ပိစိလေးဖြစ်ကြောင်းကိုလည်းပြောပြဖို့မဝံ့ပါ။သူ့အပေါ်အများကြီးလျစ်လျူရှုမုန်းတီးခဲ့ဖူးသည့်စောလွန်းက  သူငယ်ငယ်ကကာကွယ်ပေးခဲ့ဖူးသော ကလေးငယ်တစ်ယောက်ဆိုတာကို ဓားပြကြီးသိသွားခဲ့လျှင်...
*အကြောင်းအရာတွေအားလုံးကိုသိသွားတဲ့တစ်နေ့ ကိုကိုသက်လယ်ကိုခွင့်မလွှတ်ရင်တောင် မုန်းတော့မမုန်းဘူးမဟုတ်လား*
အချိန်လွန်မှနောင်တတွေရနေမိသည့်သူ့အတွက် မလုံမလဲစိတ်နှင့်အတူ ထိုလူ့ကိုပြန်လည်ထွေးဖက်ဖို့တောင်မရဲပါ။ပိုလို့တိုးဖက်လာသောရင်ခွင်ထဲ ငြိမ်သက်နေရုံသာတတ်နိုင်ခဲ့သည်။
"ခင်ဗျားဆက်ဖက်နေဦးမယ်ဆိုရင် ကျွန်တော်တို့မိုးချုပ်သွားလိမ့်မယ်နော်"
အသံသေးသေးလေးနှင့် သတိပေးသံလေးထွက်လာမှ ရာဇပြုံးပြီး သက်လယ်ကိုဖက်ထားရာမှလွှတ်ပေးလိုက်သည်။
ထွေးဖက်မှုကိုမငြင်းဆန်တဲ့အခါ ဒီကဓားပြကြီးကတစ်ကမ္ဘာလုံးကိုအပိုင်စားရထားသလိုပဲပေါ့ ကိုယ့်သက်လယ်ရယ်...
<<<<<<
>>>>>>
"နောက်ဆုံးတော့ဒီနေရာလေးကိုပြန်ရောက်လာခဲ့ပြီပဲ"
ကျောက်ဆောင်လေးပေါ်ခြေဆင်းထိုင်လို့သက်လယ်ကဆိုလာချိန် ရာဇကတော့အေးချမ်းသည်မျက်နှာလေးကိုသာဘေးတစ်စောင်းငေးကြည့်နေမိသည်။
"ဓားပြကြီး"
"ဗျာ"
"ဟီး လိမ္မာတာ"
သဘောတကျ သွားတွေပေါ်အောင်ပြုံးရင်း ရာဇ၏ပါးကိုပါဆွဲလာတာကြောင့် လူနှင့်အသိစိတ်ကကင်းလွတ်သွားသလိုပင်။
ဘာတဲ့ လိမ္မာတာဟုတ်လား။အခုသက်လယ်ကသူ့ကိုချီးကျူးလိုက်တာလား။ရိုးရိုးတန်းတန်းမဟုတ်ဘဲ ပါးလေးကိုဆွဲပြီးအသည်းယားတဲ့ပုံစံလေးနဲ့လေ။ရာဇလက်သီးကိုတင်းနေအောင်ဆုပ်လိုက်သည်။
"သက်လယ်ကဒီငနဲရဲ့သမာဓိကိုလာစမ်းနေတာပဲ"
"အရှက်ကိုသိက္ခာနဲ့ထိန်းရတယ် ဓားပြကြီးရဲ့"
ကိုယ့်ကိုစနောက်လိုက်ရလို့ကျေနပ်သွားသည့်မျက်နှာလေးနှင့် ဆုံးမလာသည့်အခါ ရာဇညစ်ကျယ်ကျယ်တစ်ချက်ပြုံးလိုက်သည်။ချစ်ရတဲ့သက်လယ်လေးကကစားချင်တယ်ပေါ့လေ။
တွေ့ကြသေးတာပေါ့ဗျာ။ရာဇခက်ထန်ဘာကောင်လဲဆိုတာ သက်လယ်ကိုပြမယ်။
"သိက္ခာဆိုတာသက်လယ်နဲ့ယှဥ်ရင်တော့ ဖွဲနဲ့စကွဲပါပဲဗျာ"
ပြောပြီး သက်လယ်၏လက်ကောက်ဝတ်ကိုပိုင်စိုးပိုင်နင်းကိုင်လိုက်သည်။ရုတ်တရက်မို့ကြောင်အနေသည့် သက်လယ်၏မျက်နှာနားသို့တိုးကပ်သွားတော့ အနောက်သို့လန်လန်သွားသော သိုးပေါက်လေး။
ခြေ‌ေင်္သ့လက်ထဲကထွက်ပြေးဖို့ကြံနေသည့်သိုးပေါက်ကလေးလို မျက်လုံးအိမ်ကဟိုရွေ့ဒီရွေ့။
"ကျုပ်ကိုကြည့်"
သြရှရှသူ့အသံနောက် အကြည့်ချင်းဆုံလာသည့်သက်လယ်။
"ကျုပ်နာမည်ရာဇခက်ထန် အလုပ်အကိုင်က...အဟမ်း ခေတ္တလက်မဲ့ ကျုပ်ကခင်ဗျားကိုချစ်တယ်  အဲဒီတော့...ကျုပ်ကိုပြန်ချစ်နိုင်မလားသက်လယ်"
ရုတ်တရက်ကြီးဖွင့်ပြောလာသည့်ဓားပြကြီးကြောင့်ရင်ပဲခုန်ရမလား နာမည်နှင့်အလုပ်အကိုင်ပါ တစ်ပါတည်းမိတ်ဆက်သွားတာကြောင့် အော်ပဲရယ်ရတော့မလား စောလွန်းလမ်းပျောက်လေပြီ။
"အင့် နောက်ဆုတ်ဦး"
ခန္ဓာကိုယ်ကနောက်လှန်နေတာကြောင့် စောလွန်းခါးကြောတွေညောင်းလှပြီ။ထို့ကြောင့်  နီးကပ်နေသူ၏ရင်ဘတ်ကို ခပ်ဖွဖွတွန်းလို့နောက်ဆုတ်ပေးဖို့ပြောရတော့၏။တကယ်မလွယ်ဘူး မနေ့ကမှဓားဒဏ်ရာရထားတယ်ဆိုတာယုံနိုင်ဖွယ်မရှိလောက်အောင်ပင်။
"ခင်ဗျားနော် ပစ္စည်းဥစ္စာတွေကိုပဲဓားပြတိုက်လို့ရမယ် နှလုံးသားကိုတော့မရဘူးဗျ"
ကိုယ့်လေသံအတိုင်းတစ်ထပ်တည်းပြန်တုန့်ပြန်လာသည့်သိုးပေါက်ကလေးကြောင့် ရာဇခိုးပြုံးလိုက်သည်။မရှိသည့်လက်သည်းကိုထုတ်ပြနေပြန်ပါပြီသက်လယ်ရယ်။
"ဆိုတော့ကာ သက်လယ်ကကျုပ်ကိုပြန်မချစ်နိုင်သေးဘူးပေါ့"
"လောကမှာလွယ်ကူတဲ့အရာဆိုတာရှိသလား ဓားပြကြီးရဲ့"
"ကောင်းပြီလေ သက်လယ်ရဲ့အချစ်ကိုမရမှတော့ သက်လယ်ကိုပဲအရယူရတော့မပေါ့"
ရာဇထိုင်နေရာမှမတ်တတ်ထရပ်ကာ ဝတ်ထားသည့်အင်္ကျီကိုချွတ်လိုက်သည့်အချိန်ထိ သက်လယ်ကကြောင်အလျက်ကြည့်နေတုန်းပင်။
"ဟာ ဟေ့လူကြီး ခင်ဗျားဘာလုပ်တာလဲဗျ"
ပုဆိုးကိုကွင်းလုံးချွတ်ချလိုက်သည့်ဓားပြကြီးကြောင့် စောလွန်းမျက်လုံးကိုလက်ဖြင့်အုပ်ကာအသံကုန်အော်လိုက်သည်။ဒီလူဘာလုပ်ဖို့ကြံနေတာလဲ။
"ဘာလဲ ကြောက်နေပြီလား"
ခနဲ့လာသူကိုလက်ချောင်းလေးတွေကြားထဲကချောင်းကြည့်လိုက်သည့်အခါ ခါးထောက်ကာကိုယ့်အဖြစ်ကိုသဘောတကျရယ်နေသူ။တော်သေးသည်က အောက်မှာဘောင်းဘီဝတ်ထားလို့သာပေါ့။ရင်ဘတ်မှာလည်းဒဏ်ရာကိုစီးနှောင်ထားသည့်အဝတ်စတစ်ခုရှိသေး၏။
"ခင်..ခင်ဗျားကမှဘာ..ဘာလုပ်ဖို့ကြံနေတာလဲ"
ဟုတ်တယ်လေ ထိုလူပြောသည့်စကားနှင့်အဝတ်အစားတွေချွတ်ချလိုက်သည့်ပုံကိုပဲကြည့်။စောလွန်းမှာ စကားသံတောင်မဖြောင့်တော့ဘဲ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေရပြီ။
"မကြောက်ပါနဲ့သက်လယ်ရယ် ဗိုလ်ရာဇပုဆိုးချွတ်တယ်ဆိုတာ ရေကူးမလို့ပါဗျ"
".................."
မကောင်းတဲ့လူကြီး...
ထိုသို့တွေးကာ မျက်နှာကိုလည်းစူပုတ်ထားလိုက်သည်။စောလွန်းကိုဆိုလျှင် အမြဲစနောက်နေတာကြောင့် ဓားပြကြီးကိုမကျေနပ်ပါ။
ဟင်!
မကျေမနပ်ဖြစ်လို့မပြီးသေး တကယ်ကြီးရေထဲဆင်းဖို့ပြင်နေသူကြောင့် စောလွန်းဟင်ခနဲဖြစ်သွားသည်။ဒီလူရူးနေတာတော့မဟုတ်ဘူးမလား။
"ဓားပြကြီး ရေထဲဆင်းပြီးဘာလုပ်မလို့လဲ ဆင်းလို့မရသေးဘူးလေ"
ဒဏ်ရာကအရှင်းမပျောက်သေးတာကို ဒီလူရေဝင်ပြီးသေချင်နေသလားမသိ။ကရုဏာဒေါသဖြင့် စောလွန်းစိတ်ထဲပယ်ပယ်နယ်နယ်ပြောချလိုက်သည်။
"သက်လယ်အတွက်ငါးဖမ်းပေးမလို့လေ"
ကဲ ကြည့်။ကိုယ့်အတွက်ဒီလိုလုပ်တာဆိုတော့ ကိုယ်ကဘယ်လိုအင်အားနဲ့အပြစ်ပြောရတော့မလဲ။သို့ပေမဲ့...လွှတ်ပေးလိုက်လို့လည်းမရ။
"ဒဏ်ရာကရေဝင်လို့မရဘူးလေ အဲတာကြောင့် ငါးကိုလည်းနောက်မှဖမ်း"
"သက်လယ်ကကျုပ်ကိုစိတ်ပူနေတာလား"
"စိတ်ပူတာ...အဟမ်း ကျွန်တော့်ကိုကယ်ရင်းဖြစ်တာမဟုတ်လား ဒါ့ကြောင့်ဂရုစိုက်ပေးရမှာပေါ့"
"ဟုတ်ပါပြီဗျာ"
နှုတ်ခမ်းကပဲလိမ်လို့ရမယ် မျက်လုံးတွေကတော့လိမ်လို့မရဘူးတဲ့သက်လယ်။သက်လယ်ရဲ့မျက်လုံးတွေထဲမှာကျုပ်အတွက်စိုးရိမ်ပူပန်မှုတွေပြည့်နှက်နေတာ ကိုယ့်ကိုကိုယ်တောင်သတိထားမိပါရဲ့လား။
ရေကြည်ချောင်းလေးအနီး ကြည်နူးဖွယ်စနောက်နေကြသည့်သူတို့နှစ်ယောက်ကို စွယ်တော်နှစ်လွှာတောင်ကအဝေးကနေလှမ်းငေးလို့ပေါ့။
<<<<<<
>>>>>>
"အို...နိုးပြီလား ကိုကိုချစ်"
အိပ်မှုန်စုတ်ဖွားနှင့်နိုးလာသည့်ကိုကိုချစ်ကို ခင်နှင်းအပြုံးလေးဖြင့်ပြောလိုက်သော်လည်း
"အင်း"
လျစ်လျူရှုခြင်းအတတ်ပညာကို ကိုကိုချစ်ကတစ်ဖက်ကမ်းခတ်ကျွမ်းကျင်လွန်းပါသည်။ထိုတစ်ခွန်းတည်းတုန့်ပြန်ကာ အကြည့်လေးတစ်ချက်တောင်မပို့ပါဘဲ စဥ့်အိုးနားတွင်မျက်နှာသွားသစ်နေတော့၏။
တစ်ခါတစ်လေတွေးမိတယ် ဒီလိုအခြေအနေနဲ့အသက်ရှင်နေရမဲ့အစား အစတည်းကသေသွားခဲ့သင့်တာလို့။
ခင်နှင်းကမိန်းမသားပါ။အသဲနုသလိုဝမ်းနည်းလွယ်တယ်။ရူးမိုက်စွာချစ်ခဲ့မိတဲ့တစ်ဦးတည်းသောသူကအခုလိုဆက်ဆံနေတဲ့အခါ ရှက်ရွံ့မိသလိုရင်လည်းနာရတယ်။
အဟက်!
ကိုယ့်ကိုကိုယ်လှောင်ပြောင်စွာတစ်ချက်ရယ်လိုက်သည်။သူ့လိုမိန်းမကရှက်ရွံ့ဖို့ထိုက်တန်ပါသေးရဲ့လားလေ။အရာအားလုံးကပြီးသွားခဲ့ပြီဆိုပေမဲ့ သူမစိတ်ဝိညာဥ်ကတော့အချိန်တိုင်းခြောက်လှန့်ခံနေပါသေးသည်။
အတိတ်ဆိုးတွေကိုပြန်တွေးမနေတော့ဘဲ လက်ရှိအိမ်ထောင့်တာဝန်ကိုထမ်းဆောင်ဖို့သာပြင်လိုက်သည်။ကိုကိုချစ်၏အနစ်နာခံပေးမှုကို အလဟဿမဖြစ်ရလေအောင်ခင်နှင်းအတတ်နိုင်ဆုံးကြိုးစားသွားမှာပါ။
လျစ်လျူရှုနိုင်သူကရှုနိုင်ပေမဲ့ သူမကတော့မျက်နှာလွှဲပြီးမသိချင်ယောင်မဆောင်နိုင်။မျက်နှာသစ်ပြီးကိုကိုချစ်အဆင်သင့်စားနိုင်အောင် မနက်ကအစောကြီးထဝယ်ထားသည့်ပဲပြုတ်နှင့်ထမင်းကြမ်းခဲလေးကို ဆီဆားနယ်ပေးလိုက်သည်။ငါးရံ့ခြောက်ဖုတ်လေးကိုအရံအဖြစ်ထားတာ ရေနွေးကြမ်းပူပူလေးကိုလည်းပန်းကန်လုံးထဲထည့်ကာ ခင်နှင်းကိုကိုချစ်ကိုစောင့်နေလိုက်၏။
ချစ်စေမောင်မျက်နှာသစ်ပြီးအိမ်ပေါ်ပြန်တတ်လာတော့ နောက်ဖေးချောင်ကထမင်းစားပွဲဝိုင်းမှာငုတ်တုတ်လေးထိုင်စောင့်နေသည့်ခင်နှင်း။စားပွဲပေါ်မှာလည်းမနက်ခင်းစာကိုပြည့်ပြည့်စုံစုံပြင်ဆင်ပေးထားသည်။
အစကတော့ဘာမှမစားဘဲ ယာထဲတန်းဆင်းမလို့ပင်။အခုလိုကျတော့လည်း လျစ်လျူရှုဖို့ခက်ခဲပြန်သည်။ဘာပဲဖြစ်ဖြစ် ခင်နှင်းကညီမလေးတစ်ယောက်လိုသံယောဇဥ်ရှိခဲ့ရသည့်ငယ်သူငယ်ချင်းမဟုတ်ပါလား။သူကိုယ်တိုင်လည်း စိတ်ဓာတ်မကောင်းသည့်ယောင်္ကျားတစ်ယောက်မဖြစ်ချင်ပါ။
ခင်နှင်းကိုတာဝန်ခံပေးဖို့ဒေါ်ငွေခင်ကြီးနှင့်သဘောတူခဲ့တာ ချစ်စေမောင်ကိုယ်တိုင်ပေမို့။
ခင်နှင်းမှာအပြစ်မရှိပေမဲ့ မယားတစ်ယောက်လိုသဘောမထားနိုင်သေးတာကတော့ ချစ်စေမောင်လည်းမတတ်နိုင်ပါ။
ချစ်ရသူအစောကလည်းအထင်လွဲသွားချေပြီ။အင်းပေါ့လေ အစောဘက်ကကြည့်ပြန်ရင်လည်း စိတ်နာစရာပဲ
။သို့သော်...အကျိုးအကြောင်းရှင်းပြတာလေးကိုတော့နားထောင်စေချင်ပါသေးသည်။ချစ်ရသူကကိုယ့်ကိုခွင့်မလွှတ်ရင်တောင် စိတ်နာမုန်းတီးနေတာမျိုးကိုချစ်စေမောင်မလိုချင်။
"သြော် လာလေ ကိုကိုချစ်"
ချစ်စေမောင်လည်းခေါင်းတစ်ချက်ညိတ်ပြကာ ဝင်ထိုင်လိုက်သည်။လက်ဆေးဇလုံထဲကရေနှင့်လက်ဆေးပြီး နယ်ဖတ်ထားပြီးသားပဲပြုတ်ထမင်းကိုစားလိုက် ငါးခြောက်ဖုတ်လေးစားလိုက်နှင့်အရသာရှိသော မနက်စာကသူ့ဗိုက်ထဲရောက်သွားသည်။တစ်ပန်းကန်လုံးစားပြီးသည့်နောက် အကြမ်းရည်သောက်နေသည့်အချိန်ထိ ခင်ကဘေးမှာငုတ်တုတ်ထိုင်နေတုန်းပင်။
"မင်းရောမစားသေးဘူးလား ခင်နှင်း"
ခင်နှင်းတဲ့လား...တစ်ချိန်ကခင်ဆိုပြီးခေါ်တတ်သည့် ကိုကိုချစ်ကအခုတော့ စိမ်းကားစွာခင်နှင်းလို့ခေါ်လာခဲ့ပြီ။လှိုက်ခနဲတတ်လာသော ဝမ်းနည်းစိတ်ကိုအပြုံးတုနှင့်ပြည်ဖုံးကားချလိုက်သည်။
"ခင်ကကိုကိုချစ်ပြီးမှပဲစားတော့မယ်"
ခေါင်းတညိတ်ညိတ်လုပ်ကာ ဘာမှမဖြေဘဲ လက်ဆေးကာနေရာမှထထွက်သွားသည်။ထို့နောက်တွင်တော့ တိတ်ဆိတ်သည့်အိမ်လေးထဲခင်နှင်းတစ်ယောက်သာကျန်ခဲ့တော့၏။
စိတ်ကူးယဥ်တတ်သည့်မိန်းမသားပီပီ ချစ်ရသည့်ကိုကိုချစ်နှင့်လက်ထပ်ဖြစ်ခဲ့လျှင်လို့ ခင်နှင်းမကြာခဏတွေးကြည့်ခဲ့ဖူးသည်။သို့သော ဤကဲ့သို့အခြေအနေမျိုးနှင့်တော့မဟုတ်ပါ။
မနက်ခင်းယာထဲသွားတော့မည့်ကိုကိုချစ်ကို  အိမ်ရှေ့ထိလိုက်ပို့လို့ ကိုယ်သွားပြီခင်ရေ...လို့နှုတ်ဆက်သွားမဲ့ကိုကိုချစ်ကို ဂရုစိုက်နော်လို့မှာကြားရင်းနှုတ်ဆက်မည့်သူ။
နေ့ခင်းထမင်းစားချိန်မှာ တောင်းထဲကိုဖွယ်ဖွယ်ရာရာချက်ထားသည့်ထမင်းဟင်းတွေထည့်လို့ ကိုကိုချစ်နောက်လိုက်သွားမသည့်သူ။ယာထဲကအရိပ်ရသစ်ပင်ကြီးတစ်ပင်၏အောက်ဝယ် ထမင်းတူတူစားနေကြမည့်သူတို့နှစ်ယောက်။
ထို့သို့သာယာသည့်အိမ်ထောင်ရေးလေးကို ချစ်စေမောင်ဆိုသောယောင်္ကျားနှင့်တည်ဆောင်ချင်ခဲ့ပေမဲ့ အခုတော့မဖြစ်နိုင်တော့ဘူးထင်ပါ၏။
အေးစက်မှု၊လျစ်လျူရှုမှုတွေနှင့်သာရှေ့ဆက်ရမည့်အိမ်ထောင်တစ်ခုကို ကိုကိုချစ်နှင့်အတူဆိုသည့်စိတ်ကလေးနဲ့တင် ခင်နှင်းကြိုးစားတည်ဆောက်သွားမှာပါ။
ချစ်မိတာကအပြစ်မရှိပေမဲ့ ကိုကိုချစ်၏ချစ်သူနှင့်ကွဲကွာအောင်လုပ်မိသည့်အတွက်တော့ ခင်စိတ်ထဲကအနူးအညွှတ်တောင်းပန်ပါရဲ့။ပြန်ချစ်လာဖို့ကတော့ ခင့်လိုမိန်းမကမျှော်လင့်ဖို့မထိုက်တန်တာမို့ တိတ်ဆိတ်စွာနဲ့ပဲတစ်ဖက်သတ်ဆက်ချစ်သွားပါ့မယ်။
လမင်းကိုမျှော်လင့်နေတဲ့ကလေးတစ်ယောက်လို ခင်ဟာလည်းရူးမိုက်စွာချစ်မိသူတစ်ယောက်ပါလားဆိုတာ ကိုယ့်ကိုကိုယ်သတိထားမိတဲ့အချိန်မှာတော့ အရာရာဟာနောက်ကျသွားခဲ့ပြီ။ဘာကြောင့်ဆို...
နှလုံးသားလေးကပြောလာခဲ့တယ်လေ...ငါဟာနင့်အပိုင်မဟုတ်ဘဲ ထိုလူသားရဲ့အပိုင်ဖြစ်သွားပြီတဲ့...
<<<<<<
>>>>>>
"အာ့ သက်လယ် ကျုပ်နာတယ် ဖြည်းဖြည်းလုပ်ပါ"
ကျစ် အသဲပြဲကြီးနှင့်ထအော်သည့်လူကြောင့်  စောလွန်းစိတ်မရှည်စွာကျစ်ခနဲစုတ်သတ်မိသည်။အာရုံစိုက်ပြီးထည့်နေရမည့်အချိန် သူကအဲလိုထအော်တော့ကိုယ့်ကဘယ်လိုဆက်ထည့်ရမလဲ။
"ဒီမယ် ခင်ဗျားအော်နေတာနဲ့ကျွန်တော်ကောင်းကောင်းထည့်လို့မရတော့ဘူး တိတ်တိတ်လေးနေပေးလို့မရဘူးလား"
လေသံမာမာနှင်ြငေါက်လိုက်တော့မှမျက်နှာငယ်လေးဖြစ်သွားကာ ပြန်ပြောလာသည်က...
'နာတာကို သက်လယ်ကလည်း'တဲ့လေ...
စောလွန်းသွေးတတ်ချင်သွားသည်။ဆေးမထည့်ချင်လို့ပတ်ပြေးနေသည့် ကလေးတစ်ယောက်ထက်ပိုဆိုးနေသူကြ ခန္ဓာကိုယ်ထွားထွားအရပ်ရှည်ရှည်နဲ့ဓားပြတောင်လုပ်စားဖူးတဲ့သူဆိုတာမည်သူမှယုံကြလိမ့်မည်မဟုတ်။
"နာလည်းကြိတ်ခံ"
ထိုတစ်ခွန်းတည်းပြောပြီး ရင်ဘတ်ရှိကန့်လန့်ဖြတ်ပြတ်ရှဒဏ်ရာကိုလေလေးမှုတ်ကာဆေးထည့်ပေးနေသည့်သက်လယ်ကိုရာဇမျက်တောင်မခတ်တမ်းငေးကြည့်နေမိသည်။ကြည့်လေကြည့်လေ ကြည့်ဝလေဖြစ်နေတာကြောင့် ဒီကောင်လေးဘာဆေးတွေစားထားလို့ဒီလောက်ချစ်ဖို့ကောင်းနေရတာလဲလို့တောင်တွေးမိသည်အထိ။
မျက်မှောင်လေးကြုတ်ကာအာရုံစိုက်ထားပုံက သူ့ကိုငေးနေသည့်ရာဇကိုတောင်သတိထားမိပုံမရပါ။ဒဏ်ရာကိုဆေးထည့်တာကမနာတာတော့မဟုတ် စပ်ဖြင်းဖြင်းနဲ့ကိုနာတာပါ။သို့ပေသိ...မျက်စိရှေ့ကအနှီကောင်လေးရဲ့ချစ်ဖို့ကောင်းမှုတွေကြောင့် နာကျင်မှုကိုတောင်စိတ်မရောက်တော့။
"သက်လယ်သိလား"
"မသိဘူး"
"မသိရင်ကျုပ်ပြောတာနားထောင်"
ကိုယ်ကအရွှဲ့တိုက်ကာသူ့ပါးစပ်ပိတ်သွားအောင်မသိဘူးပြောလိုက်သော်လည်း ဇွဲမလျှော့တမ်းစကားဆက်သည့်လူကြောင့် မျက်လုံးလှန်ကြည့်ကာ ပြောဆိုသည့်သဘောဖြင့်မေးငေါ့ပြလိုက်ရသည်။
"သက်လယ်ရဲ့အပြုံးလေးကကျုပ်အနာသက်သာစေမဲ့ဆေးတစ်ခွက်ဆိုတာ"
ကိုယ့်အပြုံးကဘယ်လောက်လှပြီးကြည့်ကောင်းလဲဆိုတာ စောလွန်းကိုယ်တိုင်တောင်မသိသော်လည်း ဓားပြကြီးကတော့အနာသက်သာစေမဲ့ဆေးတစ်ခွက်နဲ့တောင်တင်စားလို့နေပြီ။
"စကားကတော့သိပ်တတ်"
"တကယ်ပြောတာသက်လယ်ရဲ့ မယုံရင်ပြုံးပြကြည့်"
အပြုံးလှလှလေးတစ်ပွင့်ရဖို့အရေး ရာဇတို့ရှိသမျှအကြံဥာဏ်တွေထုတ်သုံးနေလေပြီ။ဒါပေမဲ့...ဆေးတစ်ခွက်နှင့်တင်စားတာကအပိုပြောနေတာတော့မဟုတ်ပါ။
ဘယ်လိုပြောရမလဲ...သက်လယ်ရဲ့အပြုံးလေးကိုသာမြင်လိုက်ရရင် ဘယ်လိုအခက်အခဲနာကျင်မှုဖြစ်ဖြစ်ကျော်ဖြတ်နိုင်တာမျိုး။
"ရုတ်တရက်ကြီးပြုံးဖို့ပြောတော့ ဘယ်သူကပြုံးတတ်မှာလဲ"
"ဒါဆိုကျုပ်ကသက်လယ်ကိုပြုံးအောင်လုပ်ရမှာပေါ့ အင်း ဟုတ်ပြီ"
သူ့ဘာသာပြောသူ့ဘာသာကောက်ချက်ချပြီး  ခေါင်းစောင်းကာတစ်စုံတစ်ခုကိုစဥ်းစားနေပုံရသည့်ဓားပြကြီးကိုကြည့်ပြီး စောလွန်းပြုံးချင်စိတ်ကိုထိန်းထားရသည်။ဆေးကောင်းတစ်လက်ကိုလွယ်လွယ်ကူကူပေးရိုးထုံးစံမရှိ။
ခဏကြာမှ စဥ်းစားလို့ရသွားပုံနှင့် စောလွန်းကိုစိုက်ကြည့်ကာပီပီပြင်ပြင်ပြုံးပြလာပြီး...
"မျက်ဝန်းမှေးကျဥ်း၊နှုတ်ကွေးညွှတ်ရင်း အကြင်နာကြီးမား သက်လယ်အပြုံးအား၊တစ်ခေါက်ကယ်မျှ ကြည်ကြည်နူးနူးကြည့်လိုက်ရရင်ဖြင့် ရာဇတစ်သက်လူဖြစ်ရကျိုးနပ်ပြီ"
ရေသည်ပြဇာတ်ကစာပိုဒ်အတိုင်းအတုယူကာ ရင်ထဲကလာသည့်စာသားတချို့ကိုပြောပြီး သက်လယ်ကိုဘယ်လိုလဲဟူသည့်ပုံစံဖြင့်မျက်ခုံးပင့်ပြလိုက်သည်။
"အဟင်း"
"ဟာ ပြုံးပြီ သက်လယ်ပြုံးပြီ"
ကိုယ့်ကိုပြုံးအောင်လုပ်နိုင်ပြီဟုဆိုကာ  လက်သီးလက်မောင်းတန်းနေသူသည် ကိုယ့်ဒဏ်ရာကိုယ်တောင်မေ့သွားဟန်။တကယ့်ကိုစောလွန်း၏အပြုံးကသူ့အတွက်အလုပ်ဖြစ်ပုံပင်။
"တွေ့လား ကျုပ်လုံးဝမနာတော့ဘူး"
တကယ်ကိုအတည်ပေါက်ကြီးပြောနေသူကြောင့် စောလွန်းအပြုံးတွေရပ်တန့်၍မရတော့။ဒါလည်းကောင်းပါတယ်လေ စောလွန်းများများပြုံးပြတော့ ထိုလူ့ဒဏ်ရာလည်းမြန်မြန်သက်သာတာပေါ့။
ဆေးထည့်တာကိုလက်စသတ်ပြီး ဒဏ်ရာကိုအဝတ်သန့်တစ်ခုနှင့်ဆေးလိုက်သည်။ခြေထောက်ကဒဏ်ရာကလည်းဖန်ရေဆေးရမှာကြောင့် ရေနွေးတည်ကာစောလွန်းကိုယ်တိုင်သာလုပ်ပေးလိုက်သည်။
ဒါတောင် သက်လယ် ကျုပ်ခြေထောက်ကိုတော့မကိုင်ပါနဲ့လို့ပြောလာသူကို မလုပ်ခိုင်းရင်းစိတ်ဆိုးမှာလို့ပိတ်ဟောက်လိုက်မှငြိမ်ကျသွားတာ။သူက ကိုယ်အများကြီးကျေးဇူးရှိခဲ့ဖူးသူ။ပြီးတော့...ကိုယ့်ထက်အသက်၅နှစ်ကြီးတဲ့သူတစ်ယောက်။ခြေထောက်လေးကိုင်လိုက်ရလို့ ဘာမှမနစ်နာသွားဘူးမဟုတ်လား။
"ပြီးသွားပြီ ခင်ဗျားနားတော့နော်"
"ခဏ"
လက်ကိုဆွဲကာတားဆီးလာသူကြောင့် စောလွန်းလည်းပြန်ထိုင်လိုက်သည်။အခုဓားပြကြီးကလဲလျောင်းလျက်အနေအထား။
"ကျုပ်အနားမှာနေပေးပါအုံးလား"
နေမကောင်းသည့်သူတစ်ယောက်က တောင်းဆိုလာတော့ စောလွန်းမှာငြင်းနိုင်စွမ်းမရှိပါ။အနာရှိန်နှင့်အဖျားတတ်ရင်လည်း အနီးကပ်ရှိနေတော့ပိုကောင်းတာပဲမဟုတ်လား။
"ဟုတ်ပြီ"
ပြုံးရွှင်သွားသည့်ဓားပြကြီး၏မျက်နှာသည်   စောလွန်းကသူ့အတွက်ဘယ်လောက်လိုအပ်ပါကြောင်းပြောပြလိုက်သလိုပင်။
ထိုနေ့က ဓားပြကြီးကိုအဖော်ပြုပေးရင်း ဓားပြကြီးဘေးနားမှာတင် စောလွန်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။
ထို့ပြင် မက်ခွင့်ရသည့်အိပ်မက်လေးကလည်းပြည့်စုံလှပလွန်းနေခဲ့သည်။
ကိုကိုနဲ့စောလွန်းလက်ပံပင်ကြီးအောက်မှာ ပျော်ရွှင်စွာဆော့ကစားနေသည်တဲ့လေ....
*ကိုကိုတစ်ဖြစ်လည်းဓားပြကြီးဟာ စောလွန်းအတွက်တော့ အရင်းနှီးဆုံး၊အနွေးထွေးဆုံး သူစိမ်းတစ်ယောက်ဖြစ်သည်*
ကယ်တင်ရှင်...ကျွန်ုပ်ဟာသင့်အတွက်ဆေးတစ်ခွက်ဆိုလျှင် သင်ကတော့ကျွန်ုပ်အတွက်အိပ်ဆေးတစ်လုံးဖြစ်ချေသည်။ကျွန်ုပ်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ အကူအညီပေးတဲ့နွေးထွေးမှုအိပ်ဆေးလုံးလေးပေါ့...
<<<<<<
>>>>>>
စာမူအပ်ပြီးသွားပြီ ဒီနေ့ကစပြီးရှည်ရှည်လေးupပေးတော့မှာ။
အဲ့တော့ ချစ်လား🙄
ဆေးပန်းချီ🌸
၃၀.၁.၂၀၂၂💜
ကျစ် ဒီကောင်ကွာ...
ဟင်းးး
"လာခဲ့ အာဂ"
"ဟုတ်ကဲ့ပါ အဘ"
"ခုနကအကောင်းကြီးပါ"
"အရမ်းနာနေတာလား"
"အင်း အရမ်းပဲ"
"အင့်!"
<<<<<<
>>>>>>
"ဓားပြကြီး"
"ဗျာ"
"ဟီး လိမ္မာတာ"
"ကျုပ်ကိုကြည့်"
"အင့် နောက်ဆုတ်ဦး"
"ဘာလဲ ကြောက်နေပြီလား"
".................."
မကောင်းတဲ့လူကြီး...
ဟင်!
"ဟုတ်ပါပြီဗျာ"
<<<<<<
>>>>>>
"အင်း"
အဟက်!
"သြော် လာလေ ကိုကိုချစ်"
<<<<<<
>>>>>>
လေသံမာမာနှင်ငြေါက်လိုက်တော့မှမျက်နှာငယ်လေးဖြစ်သွားကာ ပြန်ပြောလာသည်က...
"နာလည်းကြိတ်ခံ"
"သက်လယ်သိလား"
"မသိဘူး"
"စကားကတော့သိပ်တတ်"
"အဟင်း"
"ခဏ"
"ဟုတ်ပြီ"
<<<<<<
>>>>>>
စာမူအပ်ပြီးသွားပြီ ဒီနေ့ကစပြီးရှည်ရှည်လေuးpပေးတော့မှာ။
အဲ့တော့ ချစ်လား🙄
ဆေးပန်းချီ🌸
၃၀.၁.၂၀၂၂💜
Continue Reading
You'll Also Like
1.4M 59.4K 70
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
89.4K 4.1K 21
ရုပ်ဆိုးလေးကနေ ချောမောတဲ့ ကောင်လေးတစ်ယောက်အဖြစ် ပြောင်းလဲသွားတဲ့ သူ တစ်ချိန်က အနိုင်ကျင့်ခဲ့တဲ့ တိတ်တခိုးချစ်ရသူကို လက်စညးချေဖို့ ရောက်လာတဲ့အခါ။ Apr...
440K 23.1K 51