Barmahti ( Ongoing )
Bởi Lotus_babe
1.1M 38.6K 2.8K
🚨 ဒီ Fic မှာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများရှောင်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨 🚨 ဒီ Fic... Xem Thêm
ဇာတ်ကောင်မိတ်ဆက်
Part - 1 Uni
Part - 1 Zawgyi
Part - 2 Zawgyi
Part - 3 Uni
Part - 3 Zawgyi
Part - 4 ( Uni )
Part - 4 ( Zawgyi )
Part - 5 Uni
Part - 5 Zawgyi
Part - 6 Uni
Part - 6 Zawgyi
Part-7 Uni
Part - 7 Zawgyi
Part-8 Uni
Part-8 Zawgyi
Part-9 Uni
Part-9 Zawgyi
Part - 10 Uni
Part - 10 Zawgyi
Part - 11 Uni
Part - 11 Zawgyi
Part-12 Uni
Part-12 Zawgyi
Part-13 Uni
Part-13 Zawgyi
Part - 14 Uni
Part - 14 Zawgyi
Part - 15 Uni
Part - 15 Zawgyi
Part - 16 Uni
Part - 16 Zawgyi
Part-17 Uni
Part - 17 Zawgyi
Part-18 Uni
Part - 18 Zawgyi
Part-19 Uni
Part- 19 Zawgyi
Part-20 Uni ( Edited )
Part-20 Zawgyi ( Edited )
Note ✍️
Part - 2 Uni
43.2K 2.1K 327
Bởi Lotus_babe
မနေ့က ကားသမားကို ပေါက်ကွဲရမ်းကားခဲ့မှုကြောင့် ဘာမထီ တစ်ယောက်ရဲစခန်းရောက်ခဲ့ရသည် ။ ဒါကလည်းကားသမားကြောင့်ထက် ဟိုလူစွမ်းကောင်းကြီးကြောင့် ။ သူအိမ်ပြန်ရောက်တော့ ည ၇ : ၀၀ ရှိပြီမို့ ဒယ်ဒီဆီကအဆူခံရတာနားပင်မီးထပွင့်မတတ် ။ ဒယ်ဒီဆူလိုက် လေးလေးဆူလိုက်နဲ့ ဒီကြားထဲ ဟိုလူပြန်ပါမလာတော့ ပိုဆိုးလေ၏ ။
" သားရပ်ဝန်းကိုသွားကြိုဖို့ခွင့်တောင်းတာ​ မင်းဒီလိုရမ်းကားဖို့လား ဘာမထီ "
" ဒယ်ဒီကသူပြောတာကိုယုံတယ်ပေါ့ "
" ယုံမယုံ ငါကိုယ်တိုင်စခန်းမှူးဆီဖုန်းဆက်ပြီး မင်းအတွက်အာမခံပေးရတာလေ ၊ ငါကွာ တောက် !! "
ဒယ်ဒီသူ့ကိုဆွဲထိုးပစ်ချင်သည်ထိ အရမ်းဒေါသထွက်နေသည်ထင် ။မျက်နှာပြင်တစ်ခုလုံးနီမြန်းနေကာ ခါးထောက်လျက်ပင် တောက်တစ်ခေါက်ခေါက် ။
" ဒီကိစ္စကကျွန်တော်နဲ့ကားသမားငြိတဲ့ပြဿနာ ၊ သူနဲ့မဆိုင်ဘဲလူစွမ်းကောင်းလုပ်လို့ ပြဿနာကြီးသွားတာ ဒယ်ဒီသိလား "
" သြော် မင်းကရပ်ဝန်းကိုဘာမှရန်မရှာခဲ့ဘူးကို "
ဒယ်ဒီသူ့ကိုရွဲ့ပြောနေမှန်း သူသိပါတယ် ။ ဒါမယ့်အမှန်ပဲမို့ ယုံယုံမယုံယုံ သူဂရုမစိုက် ...
" ကျွန်တော်အဲ့ကားသမားကို မကျေနပ်တာမှန်တယ် ၊ သူစီးလာတဲ့ကားမှန်းကျွန်တော်လုံးဝမသိတာ ၊ ပြီးတော့အထိုးခံရတဲ့ကောင်က ဒယ်ဒီသားဒီကောင် ။ အဖေလူကိုကျွန်တော်လက်ဖျားနဲ့တောင်ထိခဲ့တာမဟုတ်ဘူး "
" မင်းကမထိုးချင်အောင်လည်းနေခဲ့တာကို ၊ အေးပေါ့ မင်းပြောတော့မင်းစကားပေါ့ ၊ ဒီမှာ သား မင်းကငါ့သား !! "
" ဒယ်ဒီသားမှန်းသိသေးလို့တော်သေးတယ် "
သူ့စကားမဆုံးခင် ကြားဖြတ်ကာ ရွဲ့ပြောလိုက်တဲ့ သားကြောင့် ဦးဒီပါဒိတ်မျက်မှောင်ကြုတ်ကာ ...
" မင်းငါ့ကိုမရွဲ့နဲ့ ဘာမထီ ငါကမင်းအဖေ ၊ မင်းအကြောင်း က ကနေ အ အထိအစအဆုံးငါသိတယ် ၊ မင်း သားရပ်ဝန်းကိုဘာပြောလိုက်လို့ အိမ်ပြန်မလာတာလဲ ငါမသိဘူး "
" ဒယ်ဒီပဲကျွန်တော်အကြောင်းသိတယ်ဆို အဲ့ကိစ္စကျ ကျွန်တော်ဘာပြောလိုက်မလဲ ဘာလို့မသိတာလဲ ၊ တကယ်ပဲဒယ်ဒီမသိတာလား "
" ဟိတ်ကောင် !! "
" အဟွန့် ..."
နီမြန်းနေတဲ့ဒယ်ဒီမျက်နှာက ဒေါသကြောင့်လား ရှက်ရွံ့ခြင်းကြောင့်လား သူ မပြောတတ်ပေမယ့် သေချာတာတော့ ဒယ်ဒီ ဒေါသကိုသူအဆုံးစွန်ထိရောက်အောင် နှိုးဆွလိုက်တာပင် ။
" ငါ့သားဖြစ်နေတဲ့အတွက် ငါမင်းကိုနောက်ဆုံးအကြိမ်သတိပေးလိုက်မယ် ၊ ရပ်ဝန်းကိုထပ်ပြီးမနှောင့်ယှက်နဲ့ ၊ အေ မင်းကြောင့်ရပ်ဝန်းစိတ်အနှောင့်အယှက်ဖြစ်တယ်ထပ်ကြားရင် မင်းကို အမွေခွဲပေးပြီး သားအဖြစ်ကနေအပြီးကန်ချပစ်မယ် ကြားလား "​
ဒီစကားတွေက မနေ့က ဒယ်ဒီသူ့ကိုပြောခဲ့တဲ့စကားတွေဖြစ်သည် ။ သူ့ကိုဆိုပြောလိုက်ရင်အတုံးလိုက်အတစ်လိုက်နဲ့ တစ်ပြားသားမှရစရာမရှိ ။ နှောက်ယှက်ရင်အမွေခွဲပြီး သားအဖြစ်ကနေကန်ချပစ်မယ်တဲ့...။
ဘာမထီကို ဒီလိုခြိမ်းခြောက်လို့ ရရိုးလား ။ အထိမခံလေ သူပိုလုပ်ချင်လေမို့ အထိုးခံလိုက်ရ၍ပေါက်ပြဲသွားတဲ့ နှုတ်ခမ်းစကို လက်မနဲ့တို့ထိကြည့်ရင်း မဲ့ပြုံးပြုံးလိုက်သည် ။
သားအဖြစ်ကန်ချတော့လည်း ဘာဖြစ်လဲ ။
အဲ့လူကို ယူပြီး အဖေသမက်အနေနဲ့ပြန်တက်တာပေါ့ ။
ဘာများခက်နေမှာမို့လဲ ဟွန့် ! ။
~*~*~*~*~*~*~*~*~*~*~*~*~
" အိမ်မှုကိစ္စကိုလည်းမင်းဘာသာဒီလိုပဲလုပ်နေကျလား ရပ်ဝန်း "
" ကျွန်တော်ဘာသာမလုပ်တော့ဘယ်သူခိုင်းရမှာလဲ ကြီးကြီး "
" တခြားသူခိုင်းပေါ့ မင်းပင်ပန်းတာ ကြီးကြီးမှမမြင်ရက်တာ "
ကိုယ်တိုင်ချက်ပြုတ်နေတဲ့ ရပ်ဝန်းအား ဒေါ်ကြီးတင်ချစ်မျက်စောင်းထိုးလိုက်သည် ။ ရပ်ဝန်းကတော့ပြုံးလျက် ...
" ခါတိုင်းလည်းလုပ်နေကျပါကြီးကြီး ၊ ကျွန်တော်အတွက် ဒီအလုပ်လေးကအပန်းမကြီးပါဘူး နိုင်ငံခြားမှာနေတုန်းကလည်းကျွန်တော်တစ်ယောက်တည်းနေခဲ့တာပဲ "
" ဒါတော့ဒါပေါ့ကွယ် ၊ ဒါမယ့်မင်းလည်းအရွယ်ရောက်နေပြီလေ အသက် ၃၀ ဆိုတာမငယ်တော့ဘူးကွယ့် ၊ အိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်နေပြီ "
ကြီးကြီးဘာပြောမလဲဆိုတာ စောင့်နားထောင်စရာမလိုပဲ သူအတတ်သိနေပြီဖြစ်သည် ။
" သမီးနွေရိပ်လေပြေလေးကိုသားဘယ်လိုမြင်လဲ ၊ လှလည်းလှတယ် ယဥ်လည်းယဥ်တယ် ၊ မထီကြောင့်သာသားတို့ဝေးရတာမဟုတ်လား ၊ ကြီးကြီးကြားတာတော့ နွေရိပ်လေးလည်းအိမ်ထောင်မကျသေးဘူးတဲ့ "
" အိမ်ထောင်မကျသေးလဲ အရင်လိုပြန်အဆင်ပြေမှာမဟုတ်တော့ဘူးကြီးကြီး ၊ ဘာမထီကြောင့်ဆိုပေမယ့် ကျွန်တော်လေပြေကိုမျက်နှာပူတယ် "
" မင်းကရှက်တတ်လွန်းတာကို "
ထိုစကားကို အကြောင်းအရင်းများစွာနှင့် သူပြန်လည်ချေပချင်ပေမယ့် မချေပဖြစ်ပါ ။ ထို့နေ့ကကိစ္စအားလုံးကိုလူတိုင်းမေ့ပျောက်နိုင်လိမ့်မည် ။ သူကတော့လုံးဝမေ့ပျောက်နိုင်မှာမဟုတ်သလို မေ့ပျောက်နိုင်မည်လည်းမထင် ။ အဲ့နေ့က ဘာမထီ သူ့ကိုပက်ပက်စက်စက်အရှက်ခွဲသွားတာမေ့စရာလား ။
" မနေ့ကလည်း မင်းနဲ့မထီပြဿနာဖြစ်ခဲ့တယ်ဆို ဘာဖြစ်ကြတာလဲ "
" အရင်အတိုင်း ကျွန်တော်ကိုတမင်ပြဿနာရှာတာကလွဲ ဘာဖြစ်ဦးမလဲကြီးကြီး ၊ ဒါမယ့် ကြီးကြီးဘာမှမပူပါနဲ့ ကျွန်တော်ပြဿနာကျွန်တော်ရှင်းနိုင်ပါတယ် "
" ပြန်လာလာချင်းကို ပြဿနာရှာတယ်ဆိုတော့ နောက်လည်းရှာဦးမှာပဲ ၊ မထီအကြောင်း ကြီးကြီးသိပါတယ် ၊ မင်းတို့နှစ်ယောက်တွေ့တာနဲ့ ရန်မဖြစ်အောင် တစ်ယောက်ယောက်အိမ်ထောင်ကျမှကိုဖြစ်မယ် ၊ သူနဲ့လွှတ်ကင်းအောင်မင်းမိန်းမယူလိုက်တာအကောင်းဆုံးပဲ "
မဆီမဆိုင် မိန်းမယူဖို့ပဲအတင်းနားချနေတဲ့ ကြီးကြီးကြောင့် ရပ်ဝန်း စိတ်ပျက်လက်ပျက်နှင့် ဆံသားကို လက်ချောင်းများဖြင့် ထိုးဖွပစ်လိုက်သည် ။ တကယ်လို သူတို့နှစ်ယောက်ရန်ငြိုးက မိန်းမရမှပြီးမယ်ဆိုလည်း ဘာမထီသာမိန်းမယူသင့်တဲ့သူ ။  ရပ်ဝန်းမိန်းမ မရအောင်ဖျက်တာဒင်း ။ ပြီးတော့ သူ့ကို ဗလိုင်းကြီးပြဿနာလိုက်ရှာနေတာ ဘာမထီပဲမဟုတ်လား ။
" မိန်းမယူလို့ဘာမထီရန်ငြိမ်းမယ်ဆို ကျွန်တော် လေပြေနဲ့ညားလို့ ကလေးတောင်အလယ်တန်းရောက်နေပြီပေါ့ ကြီးကြီးရာ ၊ သူသာမဖျက်ရင်ကျွန်တော်ကိုယ့်အိမ်ထောင်နဲ့ကိုဖြစ်နေပြီ ၊ အဲ့တော့ တကယ်မိန်းမယူသင့်တာ အဲ့ကောင် "
" မထီကကလေးလိုပဲကွယ် "
" ကလေးမို့ကျွန်တော်ကို !! ကျွတ် "
အားရပါးရပြောဖို့ပြင်ပြီးမှ နောက်ဆက်တွဲစကားတွေကို မနည်းမြိုချလိုက်ရသည် ။ သူ့ထက်ငယ်လို့ ကလေးလိုဆက်ဆံတာ သူလက်ခံသည် ။ ဒါပေမယ့် ဘာမထီက အားလုံးထင်သလို ကလေးမဟုတ် ။ ရိုင်းလိုက်တာမှ အရိုင်းတုံးတောင် သူ့ကိုလက်မြောက်ထားရမယ့်အထိကိုရိုင်း၏ ။
" ကဲပါ ကြီးကြီးမပြောတော့ဘူး ၊ ညကျမိသားစုလိုက်ဒင်နာစားဖို့​ချိန်းထားသေးတယ်မဟုတ်လား ၊ မထီနဲ့တွေ့ရင်ရန်မဖြစ်နဲ့ဦးနော်သား ၊ ကိုယ်ကအကြီးမို့အလျော့ပေးလိုက်ပါကွယ် "
" ဟုတ်ကဲ့ "
စိတ်ချမ်းသာအောင်ခေါင်းညိတ်လိုက်ရပေမယ့် သူ့ကိုတော့ ရပ်ဝန်းလုံးဝမမြင်ချင်ပါ ။ သူမျက်နှာမြင်ရတာ ရပ်ဝန်းအတွက် အကုသိုလ်များသည် ။ အသက်တိုသည် ။ မသွားရင်လည်း ရပ်ဝန်းကျေးဇူးရှင် အန်ကယ်မျက်နှာရှိသေးတာမို့ ဘာမထီပါမလာပါစေနဲ့လို့သာ ကြိတ်ဆုတောင်းရတော့မည် ။
~*~*~*~*~*~*~*~*~*~*~*~*~
သူ့မျက်နှာကိုကြည့်ပြီးရယ်နေကြတဲ့ သူငယ်ချင်းတွေကြောင့် ဘာမထီမျက်မှောင်ကြုတ်လိုက်သည် ။ ငယ်ပေါင်းတွေဖြစ်တဲ့အလျှောက် သာရင်စံသည် ။ နာရင်အားလုံးဝိုင်းခံသည် ။ ခုလည်းသူခံလာရတဲ့ကိစ္စနဲ့ပက်သက်ပြီး တက်ညီလက်ညီသူ့ကိုဝိုင်းဟားနေကြသည် ။
" ဘာတွေများအဲ့လောက်ရယ်စရာကောင်းနေလို့လဲ မင်းကြီးတော်လင်နောက်လိုက်သွားလို့လား "
" ငါ့ကြီးတော်လင်နောက်လိုက်တာထက် မင်းအထိုးခံရတာကပိုစိတ်ဝင်စားဖို့ကောင်းနေလို့ဟေ့ ၊ မင်းက ကိုရပ်ဝန်းထိုးရင်ဒီလိုခံလာနေကြပဲလား "
" ပြောမနေနဲ့ သူကအဲ့လိုအမြဲခံလာနေကျ ၊ ပြောလိုက်ရင်မိုးလားကဲလားနဲ့ ပြီးရင်သူနာပြီးပြန်လာတာပဲ "
ခန့်ညားပြောရင်း ရယ်လိုက်သည် ။ ​တကယ်လည်းကိုရပ်ဝန်းဆိုဒီကောင်ငြိမ်ခံပြီးပြန်နေကြဖြစ်သည် ။ တွေ့လျှင်လည်း ဒီကောင်ကပင်စရန်ရှာသည် ။ လက်ပါရင်လည်း ဒီကောင်ကပင် အထိုးခံရ၏ ။ ပြန်ထိုးနိုင်လျက်နဲ့ ဘာကြောင့်ပြန်မထိုးတာလဲ သူတို့ဘယ်လိုမှနားမလည် ။ ပုံမှန်ဆိုကြီးကြီးငယ်ငယ် ဒီကောင်အလဲသိပ်ထိုးနေကြ ။ ကိုရပ်ဝန်းကိုလျှော့ပေးလာတာ တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်တာကြောင့် သူတို့အားလုံးအကြောင်းသိနေပြီဖြစ်သည် ။
" နေစမ်းပါဦး မင်းကပြန်မထိုးနိုင်ပဲနဲ့ ကိုရပ်ဝန်းကိုဘာလို့ရန်သွားစတာလဲ ၊ ဒီလိုအထိုးခံရတာကိုကြိုက်လို့လား "
" အဲ့တာထက် သူကပါးစပ်အရသာခံရတာကိုကြိုက်တာ သစ်ညိုရ "
" တော်တော် မင်းတို့ကောင်တွေပြောနေတာတွေရပ်လိုက်​တော့ "
သူဟန့်တားလိုက်လျှင် သူ့ကောင့်သားတွေက စပ်ဖြီးဖြီးမျက်နှာနှင့် ..
" မဟုတ်လို့လား !! "
" မဟုတ်ဘူး ! "
" ဒါဆို ဘာလို့ပြန်မထိုးတာလဲ ၊ အကြီးမို့ ကံကြီးထိုက်မှာတွေဘာတွေလာမပြောနဲ့နော် ငါတို့မယုံဘူး "
ခန့်ညားအပြောကို သစ်ညိုကလည်း ထောက်ခံသလို ခေါင်းညိတ်သည် ။ ဘာမထီကတော့ မဲ့ပြုံးပြုံးလျက် ...
" ​မင်းကရန်စစပြီး အထိုးခံပြန်လာရအောင် မင်းဦးနှောက်ကအမုန်းတွေကြီးစိုးလွန်းလို့ လွှတ်သွားတာလား ဘာမထီ "
" ငါအကောင်းကြီးရှိသေးတယ် "
" ခုကောင်းနေပေမယ့် နောက်ပိုင်းလွှတ်သွားမှာပဲ ၊ ဒီလောက်အထိုးခံထားရတာ ဆန်ပြုတ်ရောသောက်နိုင်ရဲ့လား "
" ခုကိုရပ်ဝန်းမြန်မာပြည်ပြန်လာပြီဆိုတော့ မင်းဘာဆက်လုပ်မယ်စိတ်ကူးထားလဲ "
တစ်ယောက်မေးခွန်းမဖြေရသေးခင် နောက်တစ်ယောက်ကဆက်မေးလာသည် ။ သူ့ကိုယ်တိုင်ကလည်း ခန့်ညားအမေးကိုဖြေဖို့ထက် သစ်ညိုအမေးကိုပိုစိတ်ဝင်စား၏ ။
" ဘာလုပ်မှာလဲ အရင်လိုတစ်ကောက်ကောက်လိုက်နှောင့်ယှက်မှာပေါ့ ဟုတ်တယ်မို့လား မထီ "
" မဟုတ်ဘူး ! "
" မဟုတ်ဘူး ! ဒါဆိုမင်းကဘာလုပ်ဖို့စိတ်ကူးထားတာလဲ "
သိချင်နေသည့် သူတို့နှစ်ယောက်အား ပြောပြရမလားဆိုတဲ့ မျက်ဝန်းနှင့်စိုက်ကြည့်ကာ ပြုံးပြနေပုံက တကယ်လူယုတ်မာစတိုင်မှ လူယုတ်မာစတိုင်အစစ် ။ ထိုအပြုံးကိုသူတို့သိသည် ။ ဒီလိုပြုံးတိုင်း ဘယ်သူမှကောင်းကောင်းနေရမှာမဟုတ် ။ ဒီကောင်ဘာကြံနေလဲဆိုတာ သူတို့သိအောင်လုပ်ရမည် ။
" မင်းဘာမဟုတ်တာကြံနေတာလဲ ငါတို့ကိုလည်းပြောစမ်းပါ "
" မင်းမှာညစ်ပတ်တဲ့အကြံတွေရှိနေတယ်မဟုတ်လား "
" မကြာခင်မင်းတို့သိရမှာပေါ့ "
" မဟုတ်မဟက်မလုပ်နဲ့နော် ဟိတ်ကောင် ၊ ကိုရပ်ဝန်းလက်သီးကလူရွေးတာမဟုတ်ဘူးကွ "
" နေစမ်းပါ သူထိုးလဲငါ့ကိုပဲထိုးမှာ "
" မင်းလဲအထိုးခံချင်နေတာမဟုတ်လား "
" မင်းအမုန်းကလည်းတယ်ဆန်းပြားခမ်းနားလှချေလား ကိုဘာမထီကြီးရဲ့ "
တစ်ယောက်တစ်ပေါက်ပြောဆိုနေပေမယ့် ဘာမထီကတော့ သူ့ပြောတာမဟုတ်တဲ့အတိုင်း ဆေးလိပ်မီးကိုဟန်ပါပါဖွာလျက် ခပ်တည်တည်ပင်ငြိမ်သက်နေခဲ့သည် ။
~*~*~*~*~*~*~*~*~*~*~*~*~
ဟိုတယ်၏အပေါ်ဆုံးအထပ်ရှိ စားသောက်ဆိုင်တွင် စုံတွဲများ မိသားစုများလုပ်ငန်းရှင်များ ကိုယ့်အာရုံနဲ့ကိုယ်ပြောဆိုဆွေးနွေး အလုပ်များနေကြသည် ။ အသံဗလံတွေက ဆူညံမနေပါ ။ သို့သော် အာရုံကိုယ်စီနှင့် သွားလာဝင်ထွက်နေကြသူတွေ စည်ကားလျက်ရှိ၏ ။
" ဒယ်ဒီသားကလာဦးမှာလား "
မျက်မှောင်ကြုတ်ကာမေးလာတဲ့ဘာမထီစကားကြောင့်ဦးဒီပါဒိတ်ပြုံးလိုက်သည် ။
" လာမှာပေါ့သားရယ် ၊ ဘာလို့လောနေတာလဲ သားသွားစရာရှိလို့လား "
ဒီလိုကျလည်းပြန်မဖြေပါ ။ ချစ်ရိပ်ရပ်ဝန်းနောက်ကျခြင်းကို ဦးဒီပါဒိတ်ကတော့မည်သို့မှမနေ ။ ဘာမထီ သာလျှင် လက်မှာပတ်ထားသော နာရီကိုတစ်ကြည့်ကြည့်နှင့် ယခု ဒင်နာစားဝိုင်းတွင်ရောက်လာမည့် ချစ်ရိပ်ရပ်ဝန်း ​ရောက်အလာကို စိတ်လောစွာ စောင့်မျှော်နေ၏ ။ ၇ နာရီကတည်းကချိန်းထားတာကို ခုထိရောက်မလာသေး ။ ဘယ်များသဝေထိုးနေလို့ဒီလောက်ကြာနေတာလဲ ။
" ချောလိုက်တာ "
တစ်ဖက်ဘေးဝိုင်းက မိန်းကလေးအသံကြောင့် အားလုံး၏အာရုံက ဝင်ပေါက်ကဖြတ်သန်းလာတဲ့ အမျိုးသားထံရောက်ရှိသွားသည် ။ သူများနဲ့မတူဘဲ ချောမောလွန်းတဲ့သူပုံစံက အားလုံးရဲ့အာရုံကိုသိမ်းပိုက်လိုက်သလိုပင် ။ သူ နိုင်ငံတကာကိုသွားလာဖူးသည် ။ ယောက်ျားမိန်းမ ပုံစံအမျိုးမျိုးတွေ့ဖူးသည် ။ သို့သော် ချစ်ရိပ်ရပ်ဝန်းလို လူမျိုးတော့မတွေ့ဖူးသေးပေ ။
မိန်းကလေးထက်ပင် ထိုလူကဆွဲဆောင်မှုအားပိုပြင်းသည် ။ ထိုလူသွားရာအရပ် မိန်းကလေးတင်မက ယောက်ျားလေးပါငေးခနဲ ငိုင်ခနဲ ။ ဒါတွေကြောင့်လည်း ဒီလူကိုသူကြည့်မရတာပင် ။ ခုလည်းကြည့် ဘာမှအထူးတလေပြင်ဆင်ထားတာမရှိဘဲ အားလုံးရဲ့မျက်ဝန်းတွေက ဒီလူဆီဆိုက်ဆိုက်မြိုက်မြိုက် ။
လည်ပင်းပေါက်အဝိုင်းပါတဲ့တီရှုပ်အဖြူကို နို့နှစ်ရောင်ဒဲ့ပွဘောင်းဘီထဲထည့်ဝတ်ထားကာ ပြာနုရောင်ရှပ်အင်္ကျီလက်ရှည်ကို လက်ခေါက်လျက် ကြယ်သီးမတပ်ပဲ လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသဖြင့် အလွန့်အလွန်ချောမောတင့်တယ်နေသည် ။ နိုင်ငံခြားမှာနှစ်ပေါင်းများစွာနေလာသော်လည်း ဘိုဆန်ခြင်းမရှိဘဲ အသားပိုဖြူရုံကလွဲ ကျန်တာအရင်အတိုင်းပင် ။ သူတို့ဆီ ခြေတစ်လှမ်းကုဋေတစ်သန်းစကားပုံအတိုင်းလျှောက်လာတဲ့ ထိုလူကို မျက်မှောင်ကြုတ်ကြည့်ရင်း စိတ်မရှည်ခြင်းများနှင့် တစ်ရွတ်တိုက်ဆွဲခေါ်ပစ်လိုက်ချင်စိတ်ကတစ်ဖွားဖွား ။
တောက် ပဲကိုအင်မတန်များလွန်းတယ် ။
" သူဌေး အကိုလေး လာပါပြီဗျ ၊ အကိုလေးဒီဘက်မှာပါ "
ဒယ်ဒီအတွင်းရေးမှူးဆိုသူကပြုံးကာပြောရင်း ထိုသူအားခရီးဦးကြိုပြုသည် ။
" ဒီမှာထိုင်ပါ အကိုလေး "
အတွင်းရေးမှူးပြင်ဆင်ပေးတဲ့နေရာက ဘာမထီနဲ့မျက်နှာချင်းဆိုင်နေရာဖြစ်သည် ။ ရှေ့မှာဝင်ထိုင်လိုက်တဲ့ ရပ်ဝန်းရဲ့အနီးကပ်ပုံစံ​ကိုကြည့်ပြီး ဘာမထီမျက်ခုံးတွေကပိုပြီးတွန့်ကြုတ်သွား၏ ။ မနေ့ကသေချာမကြည့်မိလို့လားမသိ ။ ဒီလူအရင်ကထက်ပိုချော မဟုတ်ဘူး ပိုလှလာသလိုပဲ ။ ထူတန်းတဲ့မျက်ခုံးအောက်မှာ မွေးရာပါမီးခိုရောင်မျက်လုံးတို့သည် မျက်တောင်ကော့ကော့များနှင့်ဝန်းရံနေကာ ညို့ယူအားအပြည့် ။ မေးရိုးသွယ်သည့်မျက်နှာနှင့် ထင်းနေတဲ့နှာတံ ပြေပြစ်သောနဖူးပေါ် ကပိုကယိုကျနေတဲ့ဆံပင်တွေက ဒီလူ ခန့်ညားခြင်းကိုပြသနေသည် ။ ဒါတင်မကသေးဘဲ ထောင့်ချိုးညီပြီ နီမြန်းထူပြည့်သည့် နှုတ်ခမ်းတွေက သူ့အားရေငတ်နေသလိုလို ရေဆာနေသလိုလိုဖြစ်စေ၏ ။
" ဘာလို့နောက်ကျနေတာလဲ "
" အန်ကယ်စောင့်ရတာကြာသွားပြီလားမသိဘူး "
သူ့အမေးကိုဂရုမစိုက်ဘဲ ဒယ်ဒီကိုသာလှမ်းမေးနေသည် ။ ရှေ့တည့်တည့်မှာထိုင်နေတဲ့ သူကိုတစ်ချက်ကလေးမှတောင် မကြည့်သဖြင့် ခံပြင်းသွားမိသည်။
" မကြာပါဘူး ၊ သား ကွန်ဒိုမှာနေရတာအဆင်ပြေရဲ့လား ၊ အဆင်မပြေရင် အိမ်မှာပဲလာနေနော် "
" ​ရပါတယ်အန်ကယ် ကျွန်တော်ကွန်ဒိုမှာနေရတာအဆင်ပြေပါတယ် "
" အေးအေးအဆင်မပြေတာရှိရင် အန်ကယ်ကို​အားမနာပဲပြောနော် ၊ အန်ကယ်လိုအပ်တာအကုန်လုပ်ပေးမယ် "
" ကျေးဇူးတင်ပါတယ်အန်ကယ် "
" ဟွန့် ! "
ထိုလူမြင်အောင် သေချာကို နှုတ်ခမ်းလေးမဲ့ပြလိုက်သည် ။ ဒယ်ဒီနဲ့ဆိုထိုသူဆက်ဆံရေးတွေကပျားသကာလိုချိုမြလို့နေ၏ ။ ထို့ပြင်သူ့ကိုအဖက်မလုပ်တာအသိသာကြီး ။ ဘာလဲ သူကဒယ်ဒီလောက်မချမ်းသာလို့ ဂရုမစိုက်တာလား ။ ဒီအပြုံးတွေကရော ဘာလဲ ဒယ်ဒီကိုချွိုင်ဖို့ကြိုးစားနေတာလား ။
ဘာမထီ အံ့တင်းတင်းကြိတ်လိုက်လျှင် ခရင်းကိုင်ထားတဲ့လက်ကလည်းတင်းခနဲ ။ ဘာမှမသိတဲ့ ရပ်ဝန်းကတော့ ဦးဒီပါဒိတ်တို့နှင့်ရယ်ရယ်မောမောစကားပြောနေလျက် ...
" တောက် ! "
" ဘာဖြစ်လို့လဲသား ၊ စားမကောင်းလို့လား "
" စားချင်စိတ်မရှိတော့လို့ ဒယ်ဒီ ၊ ကျွန်တော်သွားတော့မယ် "
ပေါင်ပေါ်ခင်းထားတဲ့လက်ကိုင်ပုဝါကိုစားပွဲပေါ်ပစ်တင်ရင်း ဘာမထီ ဒင်နာဝိုင်းမှ စိတ်ဆိုးမာန်ဆိုးထထွက်လာသည် ။ ကိုယ်ထွက်လာပေမယ့် သူတို့ကအပြုံးမပျက်ပါ ။ ထိုသူပြုံးလေ သူဒေါသထွက်လေပင် ။
~*~*~*~*~*~*~*~*~*~*~*~*~
" ခင်ဗျား ပုံစံက တော်တော်ပျော်နေတဲ့ပုံပဲ "
အရင်ပြန်သွားပြီဆိုပြီး ဘယ်ဂျောင်ကနေစောင့်နေသည်မသိ ။ သူ့ကိုမြင်တာနဲ့ပြောဆိုဖို့လျှောက်လာတဲ့ ဘာမထီ ကိုတစ်ချက်ငဲ့ကြည့်ပြီး ရှေ့ဆက်လျှောက်လာခဲ့သည် ။
" ခင်ဗျား ကျုပ်ဒယ်ဒီကို အဲ့လောက်ထိတောင် သဘောကျတာလား "
" ............... "
" ကျုပ်ဒယ်ဒီကလည်းခင်ဗျားကိုသားထက်ပိုသဘောကျပါတယ် ၊ ခင်ဗျားဘာတွေကျွေးထားလဲမှမသိတာ "
" မင်းဘာစကားပြောတာလဲ "
ပြဿနာမဖြစ်ချင်၍ ရှောင်ထွက်လာတာသည်ကို သူဂရုမစိုက်မခြင်း ရန်စနေတဲ့ ဘာမထီကြောင့် ရပ်ဝန်းဒေါသတကြီး ကြည့်လိုက်သည် ။ ဘာမထီကမဲ့ပြုံးပြုံးကာ ...
" မသိဘူးလေ ။ ခင်ဗျားကိုဒယ်ဒီကဒီလောက်ထိအလိုလိုက် ချစ်နေတာခင်ဗျားတစ်ခုခုပေးထားတာမဟုတ်လို့ဘာဖြစ်ရမှာလဲ "
" မင်းမမိုက်ရိုင်းနဲ့ "
" မှန်တာပြောလို့နာတာလား ၊ ခင်ဗျားကကျုပ်ထင်ထားတာထက်တောင် မြူဆွယ်ကောင်းသေးတာကို ၊ လုပ်ပါဦး ကျုပ်ကိုလည်းမြူဆွယ်ပါဦး "
" ဘာမထီ "
သည်းခံမှုကုန်ဆုံးနေပြီမို့ သူအင်္ကျီကော်လံစကို ရပ်ဝန်း ဒေါသတကြီးဆွဲကိုင်လိုက်သည် ။ သူကထိုးလေဆိုသောဟန်ဖြင့် ပါးစောင်းကိုလျှာနဲ့ထိုးကာ ရပ်ဝန်းအားမထင်မဲ့မြင်ကြည့်နေသေးသည် ။
" ငါကမင်းကိုစားသောက်ပြီးထွားကြိုင်းနေတယ်မှတ်တာ ၊ မင်းကမိုက်ရိုင်းပြီးထွားကြိုင်းနေတာကို "
" အဟွန့် ကျန်တာပါထွားကြိုင်းလာသေးတယ် ခင်ဗျားကြည့်ဦးမလား "
" မင်းသွားတွေ ပါးစပ်ထဲကခုန်မထွက်စေချင်ရင် မင်းပါးစပ်ကိုပိတ်ပြီးလစ်လိုက်တော့ ဘာမထီ ၊ ငါဆက်ပြီးသီးခံမှာမဟုတ်တော့ဘူးနော် "
" မပိတ်တော့ဘာလုပ်ချင်လဲ ၊ ထိုးမလို့လား ဒီတစ်ခါတော့မရဘူးနော် Update မြင့်ပြီး တစ်ခါထိုး တစ်ခါလိုးမှာ "
" ဖာခေါင်း ... "
29 . 1 . 2022 sat
Đọc tiếp
Bạn Cũng Sẽ Thích
805K 57K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် (22.11.2020)
320K 6.8K 72
''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိ...
288K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
1M 138K 41