๏ผฃ๏ฝ๏ฝŒ๏ฝ‰๏ฝ‡๏ฝ๏ฝ’๏ฝ‰(Complete)
By _GloriaMie_
21K 1.7K 175
You are the ๐™ก๐™–๐™ ๐™š, the ๐™จ๐™ฉ๐™–๐™ง๐™จ, the ๐™ข๐™ค๐™ค๐™ฃ? Ethereal music's soulful tune Princess of the glacial wat... More
Caligari
Odette or Odile
Lullaby
Dim Sin
Culprite
Hide amd Seek
Hide and Seek Arc II
Taste of Tear
Swan Emblem
Velvet Arc I
Velvet Arc II
Hidden:Masked Boy
The Gray:Melancholy
Bliss
Prince Siegfried
Villain
Swan Lake
Vandalism
Change The Ending(Final)
Last Dance
1.6K 174 9
By _GloriaMie_
Unicode
Last Dance
' နာကျင်မှု​ဆေးပုလင်းငယ်ကို အသုံးပြုလို့ အ​ကြောက်တရား​တွေကို သုတ်သင်ဖို့ ကြိုးပမ်းကြည့်တယ်။
​​ပျော်ရွှင်စရာ အဆုံးသတ်ဆိုတဲ့ မင်းရဲ့ အလိမ်အညာ စကားကို နုံအတဲ့ ငါ့ နှလုံး​သား​က ဆင်ခြင်တုံတရားမဲ့ ခဲ့သတဲ့။
တကယ်တော့ အချစ်ရဲ့အဆုံးသတ်ဟာသေဆုံးခြင်းဖြစ်တယ်။
ဆက်​​လျှောက်မိ​နေတဲ့ လမ်းအဆုံးမှာ Beethoven ရဲ့ Für Elise ​တေးသွား​လေးကို လွမ်းဆွတ်လိုက်တာ။
​ရေအိုင်နံ​​ဘေး လ​ရောင်​အောက်မှာ ရူးရူးနမ်းနမ်း က​​နေမယ့် ငါ့ကိုယ်ငါ ပြန်မြင်​ယောင်မိပါရဲ့။
စန္ဒယား ပညာရှင်တစ်​ယောက်ရဲ့ ​ပြေးလွှား​နေမယ့် လက်​ချောင်း​တွေလို en-point ဆင်မြန်းထားတဲ့ ငါ့​ခြေ​ထောက်​တွေဟာ ကျက်သ​ရေရှိရှိ သွက်လက်စွာ လှုပ်ခတ်​နေမယ်။
ဒီ​နေ့အတွက်​တော့ ငါက Odette ပဲ။
​နောက်ဆုံးထွက်သက်ကို ရှူရှိုက်လို့ ​ရေကန်အတွင်း ခုန်ချတိုးဝင်လိုက်တဲ့အခါ
သူမ ဝိဥာဥ်နဲ့ ချစ်ခြင်းတရား​တွေ လ​ရောင်​အောက် ပျံသန်းသွားသည် မြင်ရမှာပါ။'
~~~~~~~~~~~~~~~
​နေကျချိန်ဖြစ်​နေတာ​ကြောင့် တစ်​ဆင့်ချင်း နိမ့်သက်ဆင်းလာတဲ့ ​​ ​နေ​ရောင်ခြည်ရဲ့ မျက်နှာလိုက်မှုဟာ လိုက်ကာစတို့ကို ​ဖောက်ထွင်းလို့ ဆန့်ကျင်ဘက်နံရံ​ပေါ်တွင် ​ရွေ့လျား​နေသည့် လှုပ်ရှားမှုအချို့အား အရိပ်အဖြစ် အသက်သွင်းသည်။
မြင့်မားသည့် ဖိုင်အစုလိုက်အထပ်လိုက် နှစ်ခုကြားတွင် ​​မငြီးမ​ငွေ့ထိုင်​နေ​သော ထိုလူသားသည် တစ်စုံတစ်ရာအ​ပေါ် ရာနှုန်းပြည့်​သော အာရုံစူးစိုက်မှုတို့ကို ပို့​ဆောင်ထားပြီး တစ်ခါတ​စ်ရံ ​ထောက်ခံသ​ယောင် ​ခေါင်းငြိမ့်ပြတတ်သလို တစ်ခါတစ်​ရံမှာ ဆန့်ကျင်သ​ယောင် ​ခေါင်းကို ခါရမ်းပြ​နေတတ်သည်။
​နေရာအနှံ့ စာအုပ်​တွေနဲ့ ပြည့်နှက်​နေသည့် ထိုအခန်းငယ်၏ အသွင်အပြင်​ကြောင့် အနည်းငယ် ပွ​ယောင်​ယောင် ဖြစ်​နေ​ပေမယ့် သန့်ရှင်းသပ်ရပ်မှုရှိတာကို​​တော့ ဝန်ခံရ​ပေလိမ့်မည်။
'​ဒေါက် ​ဒေါက်'
ခွင့်ပြုချက် တစ်စုံတစ်ရာ မရလိုက်ခင်မှာ တံခါးချပ်​လေးဟာ ဖွင့်ဟ သွားခဲ့ပြီ။
​ခြေသံပြင်းပြင်နဲ့ အခန်းအတွင်းသို့ ခပ်သွက်သွက် ​​လျှောက်လှမ်းသွားခဲ့ပေမယ့် အခန်းပိုင်ရှင်ရဲ့ ​စောင်းငှဲ့ကြည့်လို့ အသိအမှတ် ပြုခြင်းကို​​တောင် မခံရ​သေး​ချေ။
အနီးဆုံးအဖြစ် စားပွဲနားထိ တိုးကပ်သွားလိုက်ချိန်မှာ ထိုလူဟာ ဖတ်လက်စ စာအုပ်အား ​နောက်တစ်မျက်နှာသို့ တိုက်ဆိုင်စွာ လှန်လိုက်သည်။
" ​ဝတ္ထုဖတ်​နေတာ!!။
​ကောင်း​​ရောကွာ။
ဒီ​လောက် လက်ခံထားတဲ့ အမှု​တွေ ပုံ​​နေတာ အမှုသည်​တွေ ပြဿနာ ရှာရင် ငါတို့ ဘာနဲ့ ဆက်စားကြမလဲ​ရှောင်းကျန့်"
နှုတ်ခမ်းတို့ လခြမ်းသဏ္ဍန်လို ​ကွေးညွတ်သွားသည်အထိ မျက်စိ​ရှေ့က လူသား ရယ်သွမ်း​သွေးလိုက်တာက စာအုပ်ထဲပါ အ​ကြောင်းအရာကပဲ နှစ်လို ဖွယ်​ကောင်းလွန်းတာမလို့ပဲလား ဒါမှမဟုတ် သူ့ပြက်လုံးကပဲ အရမ်း​ရယ်​နေရလို့ပဲလားမသိနိုင်။
"ရားးး​ရှောင်းကျန့်"
အာ​ခေါင်ကို ခြစ်လို့ အသံtone ကိုအမြင့်ဆုံးသို့ တင်ပြီး​နောက်မှာ ​အောင်မြင်သည်လို့ဆိုလို့ရမည်။
ကျိုးချန်ထံသို့ သူ၏အမြင်အာရုံအား ပို့​ဆောင်လို့ ​ရှောင်းကျန့်၏ အာရုံစိုက်မှုကို ရရှိခဲ့ပြီ။
"ကျိုးချန် အဲ့အမှု​တွေကို ငြင်းလိုက်​တော့။
ဘာလို့လဲ ဆို​တော့ ငါတို့ နိုင်မှာ မဟုတ်လို့ ။
ဘာလို့မနိုင်နိုင်တာလဲသိလား ။
ငါဘယ်​လောက် ကြိုးစားပြီး ​လျှောက်လဲချက်​ပေးလဲ သူတို့ လုပ်ရပ်​တွေက မမှန်ကန်ခဲ့တာမလို့ပဲ။"
​ရှောင်းကျန့် ရဲ့ ​အကျိုးအ​ကြောင်း သင့်​တော်ပြီး ရှည်လျားတဲ့ ဖြေရှင်း အဆုံးမှာ ကျိုးချန်က ပါးစပ်ကြီးကို ဖွင့်ဟလို့ ပြန်တုံ့ပြန်သည်။
မဲ​မှောင်ကာ ညိုမဲလာသည် မျက်နှာ​ပေါ်မှာ ဖြတ်သန်းသွားမည့် အရိပ်အ​​ယောင်တို့ကို ​ရှောင်း​ကျန့် တကူးတက မဖမ်းရင်​တောင် ဆုပ်ကိုင်မိနိုင်ပါသည်။
သူ့ဝမ်း​ရေးအတွက် စိုးရိမ်ပူပန်​နေမယ့် မျက်နှာထားမျိုးဖြင့် ​ရှောင်းကျန့်နဲ့ အလုပ်တွဲလုပ်မိလို့ သူ့အမှု​ဆောင်ကုမ္ပဏီ ​ဒေဝါလီခံရမည့် အ​ကြောင်းကို မကြာခင်မှာပင် ငြီးငြီးငြူငြူ ဆိုလာ​​ပေ​တော့မည်။
"​ရှောင်းကျန့်​ရေးးး ငါတို့ တကယ်ဘာနဲ့ စားကြမလဲ"
​ရှောင်းကျန့် မ​နေ့ညက ညလုံး​ပေါက် ထိုင်ဖတ်ထားသည့် အမှုဖိုင်တွဲလိုက်ကြီးကို အပြင်သို့ သယ်ထုတ်သွားရင်း ​ကျိုးချန်က ဝမ်း​ခေါင်းသံနဲ့ ဆိုသည်။
"ဂုဏ်သိက္ခာပင်ရဲ့ အသီးအပွင့်​တွေ စားရမှာ​ပေါ့ကွာ"
မျက်ဖြူလှန်ပြရင်း အခန်းအတွင်းမှ ပြန်ထွက်သွားသည့် ကျိုးချန်က ​ရှောင်းကျန့်နဲ့ ဆက်၍ ဖက်ပြိုင်​ပြောလိုစိတ်မရှိ​တော့စွာ။
အပြီးသတ်ပြီးသွားတဲ့ ဖိုင်​တွေကို ရှင်းထုတ်ပြီး​နောက်မှာ ​ရှောင်းကျန့် စားပွဲက အ​​​တော်ပင် သပ်ရပ်သွားခဲ့ပြီ။
လက်စသတ်ရန် ကျန်​သေးသည့် ဖိုင်အချို့ထဲက အ​ပေါ်ဆုံးတစ်ခုကို လွယ်လင့်တကူ ဆွဲယူလို့ ဖတ်ကြည့်ပြီး​နောက်မှာ ​ရှောင်းကျန့် မျက်​မှောင်များ ကျုံ့​ကွေးသွားသည်အထိစူးစိုက်လို့ ထပ်ခါထပ်ခါ ဖတ်​နေမိသည်။
နည်းနည်း​လေးမှ သမာရိုးမကျ​နေသည့် ဤအမှုဟာ တရားလိုလည်း ​တိတိကျကျမရှိသလို တရားခံရှိခဲ့သည်လို့လည်း မဆိုသာ​ပေ။
"အဆိပ်မိတာလား အဆိပ်သင့်တာလား?"
အမှုခင်းဆရာဝန်၏ ​ ဆေးစစ်ချက်အား ​ရေးသားထားပုံမှာ အစပိုင်းတွင် ​​အဆိပ်မိသည်ဟု ဆိုခဲ့ပြီးကာမှ ​နောက်အဆုံးပိုင်းတွင် အစာအဆိပ်သင့်ခြင်းဖြင့် အဖျားရှူးသည်။
​နောက်ကျိသွားရသည့် ​ ခေါင်း​ကြောင့် မျက်ခွံရိုးတို့ကို ခပ်နာနာဖိ​ထောက်ထားလို့ လက်သည်းခွံရှည်ရှည်တို့ကို စားပွဲ​ပေါ်သို့ တ​ဒေါက်​ဒေါက် ​ခေါက်​စေပြီး ဦး​နှောက်အား အလုပ်​ပေးရသည်။
သက်​သေပြစရာမရှိသည့် သည်အမှုတွင် ပိုဆိုသည်က အမှုကိစ္စ တရားဆိုင်ရခါနီးဆဲဆဲ ကာလအတွင်းမှာပင် ပိုင်ဆိုင်မှု ချန်လှစ်ထားမည့်သူဟာ ထပ်မံ​သေဆုံးရတာမလို့
​ရှောင်းကျန့်ရဲ့ သံသယတို့ဟာ ဖိုင်​ထိပ်တွင် ​နေရာယူထားသည့် 'ဝမ်ရိ​ပေါ်' ဆိုသည့် နာမ​လေးထံသို့ ကိန်း​အောင်းသည်။
မရိုးရှင်းတဲ့ သည်အမှုဟာ ပုံမှန်ထပ် ရှုပ်​​ထွေး​နေနိုင်မှန်းသိ​ပေမယ့် ​ရှောင်းကျန့် မိမိမစိတ်ကို မလွန်ဆန်နိုင်တဲ့အခါ အ​ဖြေရှာကြည့်ဖို့ ဆုံးဖြတ်သည်။
အရင်ဆုံး ဝမ်ရိ​ပေါ်ဆိုသည့် အဆိပ်ပြင်းသည့် ​ကောင်ငယ်​လေးနဲ့ ​တွေ့ကြည့်လို့ ဖြစ်စဥ်အား ​​ပြောပြလာ​အောင် သိမ်းသွင်းရမည်။
တစ်ခါမျှ မ​တွေ့မြင်ဖူး​ပေမယ့် တရုတ်နိုင်ငံ၏ ballet ​လောကတွင် ​ပေါက်​ရောက်စွာ ​ခြေဆန့်နိုင်​​နေသည့် Onsra ballet ကုမ္ပဏီ၏ တစ်ဦးတည်သော ဆက်ခံသူ ballerino Wang အ​ကြောင်းမကြားဘူးသည်အထိ​တော့ ​ရှောင်းကျန့်က ​​ခေတ်​ရေစီး​ကြောင်းနဲ့ အဆက်ပြတ်​နေတဲ့ သူမျိုးမဟုတ်။
စိတ်မြန်သည့် ဗီဇဟာ ကိုယ်တွင်းတစ်ရှုးများကို ပုန်းလျိုလို့ ငြိတွယ်​နေတာမလို့ အချိန်မဆွဲပဲ သွက်လက်စွာ အ​ပေါ်ကုတ်ကို လွှားခြုံလို့ အခန်းအတွင်းမှာ အလှမ်းကျယ်​သော ​ခြေလှမ်းတို့ဖြင့် ထွက်လာခဲ့လိုက်သည်။
"​ရှောင်းကျန့် ​ရှောင်းကျန့် ခ​န​လေး အမှုလိုက်စရာမရှိဘူးဆိုပြီး ဘယ်ကို သွား​လေလွင့်မလို့လဲ"
အာကျယ်တဲ့ ကျိုးချန်ဟာ သူ့ရုံးခန်းထဲက​နေ လှမ်း​အော်လို့ အူယားဖားယား ​ပြေးထွက်လာသည်။
"မင်းပဲ ငါနဲ့ အလုပ်တွဲလုပ်ရလို့ အရှုံး​ပေါ်​တော့မယ်ဆို။
အခုငါ မင်းကို ပိုက်ဆံသွားရှာ​ပေးမလို့"
​ရှောင်းကျန့် အ​ပြောကို ကျိုးချန်က ​နောက်တစ်ကြိမ် ပါးစပ်ကို ဖွင့်ဟ ပြလို့ တုန့်ပြန်သည်။
ဖွင့်ရပ်သား ပါးစပ်နဲ့ အ​တွေးလွန်​​နေသည့် ကျိုးချန်ဟာ ဒီတစ်​ခေါက်မှာ​တော့ ​ရှောင်းကျန်အား ​ သနားသလို ကြည့်လာသည်။
"ငကျန့်ရာ ပိုက်ဆံက အ​ရေးမကြီးပါဘူးကွာ။
မင်းကို လမ်းမှားတော့ မလိုက်​စေချင်ဘူး။
အ​လောင်းကစားဆိုတာ အစလုပ်မိလို့ မ​​ကောင်းဘူးကွ။
မင်း ​အောက်ထပ်မှာ ....."
စကားကို ဆက်မ​ပြောပဲ မျက်နှာနားသို့ တိုးကပ်လာသည့် ကျိုးချန်က ခိုး​ကြောင်ခိုးဝှက်ဖြင့် သူ၏ လက်တို့ကို ဖဲချပ်ကစားသည့် ပုံစံလုပ်ပြလာသည်။
ဇ​ဝေဇဝါဖြင့် နီးကပ်​နေသည့် မျက်နှာကို ​ရှောင်းကျန့် အကြည့်ပို့မိ​တော့ မျက်ခုံးအစုံကို ပင့်တင်ပြ​နေသည့် ပြီတီတီ မျက်နှာ​ပေးနဲ့ ကျိုးချန်​ဟာ ဒီ​နှစ်​တွေအတွင်း ဖွံ့ဖြိုးလာသည့်အထဲ ဦး​နှောက်ပါမလာခဲ့။
"​ပေါက်က​ရ​တွေ "
"​ဟားဟား ​ရှောင်းကျန့်ရာ အများကြီး ကိုယ့်ကိုယ်ကို အပင်ပန်းမခံပါနဲ့။
ခုနက ငါစ​​နေတယ် ဆိုတာလည်း သိရဲ့သားနဲ့။
အခု​တော့ တစ်ခု ကူညီ။.ငါ့ကို အမှုသည်က ထမင်းလိုက်​ကျွေးဖို့ ချိန်းထားတာ ငါ စီနီယာ့ ​ယောက္ခမရဲ့ စျာပနကို သွားနိုင်မှာ မဟုတ်​လောက်ဘူး။
မင်းငါ့ကိုယ်စား သွား​ပေး။
အပြန်တစ်ခါတည်း ရုံးဆင်းလိုက်​တော့။
ငါ့သူငယ်ချင်းကြီး ည​တွေ ဆက်တိုက်ပဲမလား"
ကျိုးချန်ရဲ့ ကမ်းလှမ်းချက်ကို ​သ​​ဘောတူလို့ ​ရှောင်းကျန့် စျာပန အခမ်းအနားကို အရင်သွားဖို့ ဆုံးဖြတ်လိုက်သည်။
အချိန်​တွေလို​သေးတာပဲ။
လမ်း​တစ်​လျှောက်လုံး ​ရှောင်းကျန့်ဟာ လျို့ဝှက်ခြင်းတံခါးချပ်ကို တွန်းဖွင့်လိုက်ဖို့ သိပ်ကို စိတ်လှုပ်ရှား​နေခဲ့သလို
အာဏာစက်ပြင်းမည့် ဝမ်ရိ​ပေါ်ဆိုသည့် ​ကောင်ငယ်လေး၏ အသွင်အပြင်ကိုလည်း တိတ်တဆိတ် စိတ်ကူးပုံ​ဖော်ကြည်​နေမိခဲ့သည်။
'သူဟာ ကျားရဲတစ်​ကောင်လို ချွန်မြမြ လက်သည်း​​တွေ ထုတ်လို့ ရန်လိုစွာပြုမူမည်လား။
​မြွေတစ်​ကောင်လို မျက်ဝန်းတွေကို ညှို့လို့ ရုပ်နာမ်ကို ပြို​စေမလား'
"ခင်များ အဲ့လိုမျိုး သနားသလို အကြည့်မျိုးနဲ့ ဆက်ကြည့်​နေမယ် ဆိုရင် ခင်များ မျက်လုံး​တွေကို ကျွန်​​​တော်ကိုယ်တိုင် ​ဖောက်ပစ်လိုက်မယ်။"
သြရှရှ အသံ​လေး နားစည်ကို ပုတ်ခတ်၍ ဦး​နှောက်အတွင်းရှိ အာရုံ​ကြောများဆီသို့ ဖြန့်ကျက်လာတဲ့အခါ ​ရှောင်းကျန့် ကိုယ့်အ​တွေးနဲ့ကိုယ် အူလှိုက်သည်းလှိုက်​ ရယ်​မောမိသည်။
​​လက်သည်းမရှိတဲ့ ​ကြောင်​ပေါက်​လေးတစ်​ကောင်က ရန်ဖက်ကို ကုတ်ခြစ်ပစ်ဖို့ တာဆူ​နေသကဲ့သို့ ​ရှောင်းကျန့်ရဲ့ ရယ်သံကြောင့်
​ကောင်ငယ်​လေး၏ မျက်နှာနုနယ်နယ်ဟာ ပိုလို့ ရဲဗ​လောင်းခတ်လာသည်။
​​​​ကား​ပေါ်က ဆင်းဆင်းချင်း ​ခြေလှမ်း​တွေဟာ စျာပန ကျင်းပါ့မယ့် အ​ဆောက်အအုံအတွင်းသို့ ဦးတည်​ပေမယ့် ဆည်းဆာ​ရောင်ခြည် ကို မျက်နှာမူလို့ ​ပြာလွင်လွင်တိမ်စိုင်​လေး ​မျောသလို ​ခမ်းနားသည့် အလှတရား​​လေးထံ အကြည့်​ရောက်​တော့
မိ​​တော့ ​ ​​ငေး​မောကြည့်ဖို့ ဝတ္တရား​လေး ကပ်ပါလာသည်။
နီးကပ်​လာ​လေ ​ကောင်ငယ်​လေးရဲ့ ရှိုက်သံနဲ့ မျက်ရည်​တွေဟာ ပိုပီပြင်လာ​လေလို့ ​ရှောင်းကျန့် ကရုဏာသက်စွာ ကူညီမိ​ကြောင်းမှန်​ပေမယ့် ​ကောင်းမွန်တဲ့ တုန့်ပြန်မှုမျိုးကို ​မျှော်လင့်ခဲ့သည်မှာလည်း အမှန်​​ပေ။
"သနားသလို အကြည့်မခံချင်ရင် ဘာအလုပ်ခံချင်လည်း ငန်းရိုင်း​လေးရဲ့ "
တစ်ခွန်းဆိုတစ်ခွန်း ပြန်​ပြောလိုက်ရမှ စိတ်သက်​သောင့်သက်သာ ရှိသည့် ​ရှေ့​နေဝသီ​ကြောင့်သာ ပြန်​ပြောလိုက်ရ​ပေမယ့် ​ရှောင်းကျန့် ကိုယ်တိုင်ပင် မိမိ စကား၏ အသွားအလာကို ​သေချာပြန်စဥ်းစားယူရသည်။
သို့ပေမယ့် ပိုလို့ ရှူးရှူးရှားရှားဖြစ်လာသည့် ပုံရိပ်​လေး​ကြောင့် ​ရှောင်းကျန့် မျက်နှာ​ပေါ်တွင်​တော့ အပြုံးမပျက်။
​​​နေခြည်​ဖျော့​ဖျော့ ​အောက်မှာ တဖျက်ဖျက်လတ်​အောင် က​နေရုံနဲ့ပဲ ဒီမျက်ရည်ဗလပွနဲ့က​လေးကို နတ်ဘုရားလိုဝမ်ရိ​ပေါ်ပါလို့ ဆိုမိရင် ​ရှောင်းကျန့် ရယ်သံ​တွေက ပိုမြိုင်​နေဦးမှာ။
"သခင်​​လေး!!
အဆင်​ပြေရဲ့လား ဘယ်နားထိခိုက်သွား​သေးလည်း"
ရိ​ပေါ်​ ​ရှိရာသို့ အ​ပြေး​ရောက်လာသည့် အိမ်​​တော်ထိန်းကြီးက ​သွေးစို့လို့​ပေပွ​နေ​သော ​ခြေ​ထောက်က ဒဏ်ရာကို ကြည့်ရင် ရင်တမမဖြင့် အ​မေးထုတ်သည်။
သက်ဆိုင်ရာ လူလည်း​ရောက်လာပြီမလို့ ဒီထက်ကူညီစရာမလို​တော့တဲ့အခါ ​ရှောင်းကျန့် အရယ်ရပ်ကာ အသာထလို့ မိမိ အလုပ်ဆက်လုပ်ရန်​အတွက်သာ ရှောင်ထွက်လာသည်။
"ဒီကလူ​လေး!!
​ကျေးဇူးပါကွယ်။
သခင်​လေးကို ကူညီ​ပေးလို့ "
​နောက်ပါးဆီမှ ထွက်​​ပေါ်လာသည့် ​ကျေးဇူးတင်စကား​ကြောင့် ​ကျောခိုင်းထားရာမှ ပြန်လှည်လို့ ​ရှောင်းကျန့် အဆင်​ပြေ​ကြောင်း ဆိုဖို့​ဟန် ပြင်​လိုက်​ပေမယ့် ​​အစ်ရှရှအသံက ကြားမှ ဖြတ်​တောက်လို့ ဆိုလာတာမလို့ အခွင့်မသာလိုက်။
"ဘာလို့ ​ကျေးဇူးတင်​နေရတာလည်း သူက ကျွန်​တော့်ကို ​နှောက်ယှက်​​နေတာ၊"
​​ခြေမတွင် စည်း​နှောင်ထားလက်စ လက်ကိုင်ပုဝါငယ်ကိုမှ အားမနာ အ​နှောက်အယှက်တစ်ခုလို့ ဆိုလာတဲ့အခါ ​ကောင်ငယ်လေးဟာ တွဲ​ခေါ်ထားသည့် ဦး​လေးကြီးက ​ရှောင်းကျန့်အား အားနာဟန်ဖြင့်ကြည့်လာသည်။
​ရှောင်းကျန့် ​ခြေလှမ်း​တွေကို အ​နောက်သို့ ပြန်ရစ်လို့ အ​ကြောင်းအရင်းမရှိ ရန်လို​နေ​​သော ထိုကောင်ငယ် အ​ပေါ်​သို့ တန်ပြန်မှုတစ်ချို့ သက်​ရောက်​စေလိုက်သည်။
"အ​နှောက်အယှက် ။
မင်းဘာကို ကြည့်ပြီး အဲ့လို ယူဆလိုက်တာလည်း မသိ​ပေမယ့် အမှန်တရားကို မင်းလိုသလို ​ပြောင်းလဲပစ်လို့မရဘူး။
ဘယ်လိုပဲ သူစိမ်း​ပြော​ပြော ကူညီခဲ့တာကို မင်းက လက်မခံနိုင်ရတာလည်း။
ကိုယ် ​ကျေးဇူးအတင်ခံချင်လို့ မဟုတ်ဘူး​​​​​နော်။
မင်းအ​တွေး​တွေမှား​နေမှာစိုးလို့"
​ရှောင်းကျန့်ဘက်က ​​လေသံ​ပြေ​ပြေဟာ အဆုံးသတ်သွားတဲ့အခါတစ်ဖက်​ကောင်ငယ်​လေးရဲ့ နှင်းဆီ​​သွေး​ရောင် နှုတ်ခမ်းဖူးဖူး​​လေးဟာ ပွင့်အံသွားရ​ပေမယ့် စကားလုံးတို့မထွက်ကျလာ​​သေး​ပေ။
စူးရဲလာတဲ မျက်သားကမ်းစပ်​တွေမှာ ​ ​ထွေပြားခြင်းတို့ ​သောင်တင်လာပြီး ​ အေးစက်တည်တင်းသွားတဲ့ မျက်နှာထားဟာ မညာစတမ်း ဝန်ခံရလျှင် ကြက်သီး​မွှေးညှင်းများ ထနိုင်စွမ်းပါသည်။
​​​​​​ဇဝိန်ချုပ်ပစ်ဖို့ ​သွေးဆူထက်သန်​နေတဲ့ ဓါးသွားတစ်လက်လိုအကြည့်တွေ​ကြောင့် မျက်နှာတွင်ဖတ်ရှုစရာ အရိပ်အကဲအားလုံးကို သိုသိပ်ပစ်လိုက်သည့်အခါ ​​နောင်တရစရာကိစ္စမျိုး မပြုလိုသည့် ​ရှောင်းကျန်ကပဲ တစ်ထစ်​လျှော့လို့ ​ခြေလှမ်း​တွေကို ပြန်​နောက်ဆုတ်လိုက်သည်။
အချိန်​တွေလည်း လင့်ကုန်ပြီ။
သူဆက်လုပ်ရမယ့် အလုပ်​တွေ အများကြီးရှိ​​သေးသည်ပဲ။
မထိသင့်တာကို သွားထိပြီး ​ရှောင်းကျန့် နစ်နစ်နာနာ​တွေ မဖြစ်လိုဘူး။
"ဘယ်သူက အကူအညီ​တောင်းလို့လဲ။
အဆုံးထိ​တောင့်ခံပြီး ပြန်ထမှာကို ဘယ်သူက ကူညီ​ပေးဖို့​တောင်းဆိုလို့လဲ။
ငါ့ဘာသာငါ လုပ်နိုင်​နေတဲ့ဟာကို"
အသံတို့ဟာ တုန်ရင်​နေသည်။
မာနတရားကို ပြည်ဖုံးကာချထား​ပေမယ့် ​​နောက်ခံကားချပ် ဝမ်းနည်းခြင်းတို့ဟာ မ​သေမသပ်စွာ ​ပေါ်လွင်လှစ်ဟ​နေသည်။
ညှိုးနွမ်း​သိမ်ငယ်ခြင်း​တွေကို အခွင့်​ကောင်းယူလို့ ဘဝ​တွေကို ချနင်းလိုက်မှာကို ဝမ်ရိ​​ပေါ်က သိပ်​ကြောက်ပါသည်။
တုန်ရင်​နေတဲ့ အသံငယ်​လေးက ရင်အုံကို အဆိပ်​တစ်စင်းလို ပြန့်နှံ့သွား​​ပေမယ့် ရှောင်းကျန့် ​နောက်ပြန်လှည်မကြည့်မိ​တော့ဘူး။
အလုပ်​တွေ​နောက်ကျ​နေပြီလို့ မိမိကိုယ်ကိုကိုယ် ဗန်းပြမိ​​လို့ စက္ကူ ဖြူဖြူတွင် မှင်စက်တို့ ​ ​မှောက်သွန် ချမိသလို ညစ်နွမ်းသွားရသည့် စိတ်အစုံကိုလည်း ဥ​ပက္ခာ ပြုရန် မစွမ်းသာပဲ။
'ရက်စက်​မှု​တွေ ​ရစ်သိုင်း​နေတဲ့ ​လောကကြီးမှာ   သနားကြင်နာ​တတ်ဖို့ မသင်ယူမိ​စေနဲ့။
​​​တစ်စစီ​ချေမွလိုက်မယ့် ဝတ္ထုဟာ မင်းရဲ့နှလုံးသား​ဖြစ်ပြီး နလံမထူနိုင်​​အောင် ပျက်သုဥ်းသွားရမှာ မင်းစိတ်ဝိဥာဥ်​တွေပဲ။'
~~~~~~~~~~~~~
ပြန်လာတဲ့လမ်းတစ်​​လျှောက်လုံးမှာ ပုံမှန်ထက်ပို တိတ်ဆိတ်​နေတဲ့ သခင်​လေး​ကြောင့် ​ကား​ခေါင်းခန်းက အိမ်​​​​တော်ထိန်းမင်ဟာ ​နောက်လှည့်တကြည့်ကြည့်။
သာမန်ဆို အိမ်​တော်ထိန်းကြီးနှင့် နှစ်​ယောက်ထဲရှိ​နေချိန်တွင် သခင်​လေးက သူ၏ ပြည့်ပြည့်ဝဝ မသန်မာ​သေး​သော တစ်ဖက်ခြမ်းကို ​​အတင်းအကျပ် ကွယ်ဖုံးထားတာမျိုးမလုပ်ပဲ ပင်ပန်းနွမ်းနယ်​နေရင်း ​မျက်လုံး​​လေး​တွေကို မှိတ်ချလို့ ​မှေးစက်တတ်သလို၊
စိတ်​မကြည်လင်တဲ့အခါ မုန့်​တွေ အများကြီးစားလို့ ​ဖြေရှင်းတတ်ပါသည်။
"သခင်​လေး ကြိုက်တဲ့ ​လက်​ခေါက်ဆွဲဆိုင်က အခုထိဖွင့်​နေ​သေးတာပဲ။
လမ်းလည်း သင့်​တာဆို​တော့ ကျွန်​​တော်တို့..."
"အိမ်တန်းပြန်မယ်!!"
လက်ယာဘက်သို့ အချက်ပြလက်စ မီးကို ပြန်ပိတ်လို့ တည့်တည့်မတ်မတ်​မောင်းလာသည့် ကား​လေးအတွင်း ဝမ်ရိ​​​ပေါ်၏ မသက်ရှူသံ​တွေဟာ ပိုပြင်းထန်လာသည်။
သတိ​ပေးချက်တစ်စုံတစ်ရာမရှိပဲ တလိပ်လိပ်တက်လာသည့် မီးခိုရင့်​ရောင် တိမ်စင်မိုးသားတို့​ကြောင့် အ​မှောင်ထုနှင့် ထိ​တွေ့လိုက်ရသည့် မြို့ငယ်​လေးဟာ ရုတ်ရုတ်သဲသဲဖြစ်လာကြသည်။
လမ်း​သွားလမ်းလာ​တွေဟာ ​ခြေလှမ်း​တွေကို သွက်သွက် လှမ်းလာကြသလို တချို့တွေဟာ မပြို​သေးတဲ့မိုးကို အကာအကွယ်တစ်ခု​အောက်တွင် ခိုနှင့်​နေပြီ။
အိမ်​တော်ထိန်းကြီးက အဲရားကွန်းကို ​လျှော့လို့ ​ရေဒီယိုမှ အ​ရေး​ပေါ် မိုး​လေဝသ ​ကြေညာချက်ကို အသံကျယ်လိုက်သည်။
"​တော်​​သေးတယ်။
ဥက္ကဠကြီးကို ​သေချာပို့ပြီးခဲ့ပြီးမှ မိုးရွာလို့ "
​ဘေးရှိ အရိုးပြာအိုကို လက်အိုအိုဖြင့် အသာပွတ်သပ်လို့ ခပ်​ဆွေးဆွေး ဆိုလာသည့် အိမ်​တော်ထိန်းကြီးစကား​ကြောင့် လှိုက်လို့တက်လာသည့် ဝမ်းနည်းပှု​ဆွေးမှုကို ခဲခဲယဥ်းယဥ်းမျိုးသိပ်ထားရတဲ့ ရိ​ပေါ်က မတက်နိုင်စွမ်းစွာ မျက်ရည်တို့ ပါးပြင်​ပေါ်သို့ ဖြတ်စီးခွင့်ပြုရသည်။
"ဒါကို ကျွန်​တော်တို့ ဥက္ကဠကြီး ​မွေးရပ်​မြေမှာပဲ ပြန်​မျောကြမလား"
"ပါးပါး အရိုး​ပြာတွေကို မ​မျောပဲ ကျွန်​တော့်ဆီမှာပဲ သိမ်းထားမှာပါ"
အပျက်ပျက်အယွင်းယွင်းမျက်နှာနဲ့ ရိ​ပေါ်အား အလန့်တကြားလှည့်ကြည့်လာတဲ့ အိမ်​တော်ထိန်းကြီးက ပါးစပ်မှလည်း ရိ​ပေါ်၏ အစီအစဥ်ကို ပြင်းထန်စွာ ကန့်ကွတ်သည်။
"အဲ့လို လုပ်လို့ မဖြစ်ပါဘူး။
ဥက္ကဠကြီးရဲ့ အရိုးပြာကို သခင်​လေး သိမ်းထားလို့မရဘူး။
သူ့ကို သခင်လေးက မလွတ်လပ်​စေချင်ဘူးလား"
အိမ်​တော်ထိန်းကြီးရဲ့ လွန်လွန်ကဲကဲ မူမမှန်တဲ့ တုံ့ပြန်မှုမှာ ရိ​​ပေါ်ဟာ စိတ်မတင်မကျမှု​ကြောင့် မျက်​မှောင်ကိုသာ ကျိုး​ကျေလှမတတ် ကျုံ့လိုက်မိသည်။
မျက်မှန်​အောက်က​ ​ကြီးရင့်လာသည့် အသက်အရွယ်​ကြောင့် တိမ်အချို့ ဖုံးလွှမ်း​နေသည့် မျက်ဝန်း​တွေကို ရိ​ပေါ် အရင်ကလို မဖတ်တတ်​တော့ဘူး။
"ကျွန်​တော့် အ​ဖေ ကိစ္စမလို့ ကျွန်​​တော့် ဘာသာ ဆုံးဖြတ်ပါ့မယ်။
အိမ်​တော်ထိန်းမင်ရဲ့တာဝန်က ကျွန်​​တော် ခိုင်းတာ လုပ်ဖို့ပဲ။"
မိုးသံ​တွေက ပိုကျယ်လာသည်။
​ရှေ့သို့ ပြန်လှည့်သွားသည့် အိမ်​တော်ထိန်းကြီးရဲ့ မျက်နှာရိပ်ကို ရိ​ပေါ် မမြင်ရ​တော့ဘူး။
​ခြေကျင်းဝတ်မှာ သံကြိုးနဲ့​နှောင်ခံရလို တင်းကျပ်စို့နစ်​နေတာ ပြတင်​ပေါက်ကို လာရိုက်ခတ်​နေတဲ့ မိုးစက်​တို့​ကြောင့်လား ဒါမှမဟုတ် သူ့သံသယ​တွေ​ကြောင့်လား။
ခြံတံခါးအား တွန်းဖွင့်လိုက်သည့် မြည်သံကို အကြားအာရုံက ကြားသိလိုက်ရ​ပေမယ့် ရိ​ပေါ် မျက်လုံး​တွေကို ​စေ့မှိတ်ထားဆဲ။
ခြံအတွင်းဝင်​ရောက် သွားခဲ့ရင်​တော့ အိမ်​​ရှေ့ စင်ဝင်​အောက်ကို ​ရောက်ဖို့ အ​တော်လှမ်း​သေးတာ​ကြောင့် ရိ​ပေါ် သိပ်အလောမကြီး။
"​ရောက်ပါပြီ သခင်​လေး "
ကားတံခါးဖွင့်ကာ ဆိုလာသည့် ​ရှေ့ကလူကို တိုက်ကာ တွန်းဖယ်လို အိမ်အတွင်းသို့ ဝင်လာခဲ့လိုက်သည်။
အိမ်​ထဲသို့ ဝင်လိုက်ပြီ ဆိုရုံပဲ ​မွှေးအီ​နေသည့် lily ပန်းရနံ့က ရိ​ပေါ်​ဒေါသကို ​လောင်စာဖြည့်လိုက်သလို။
"ပန်းအိုးကို ဘယ်သူ lily ပန်းထိုးထားတာလည်း ငါနဲ့မတည့်တာ မသိဘူးလား!!!"
တစ်အိမ်​လုံး ​နေရာ အနှံ့မှာ အလုပ်လုပ်​နေကြသည့် အလုပ်သမားများက ရိ​ပေါ် ​အော်သံ​ကြောင့် မျက်စိ​ရှေ့သို့တန်းစီလို့ ရပ်လာကြသည်။
"ငါက lily ပန်ရဲ့ ဝတ်မှုန်နဲ့ မတည့်မှန်း သိရဲ့သားနဲ့ ပန်းအိုးကို lily ပန်းထိုးထားတာ ငါ့ကို သပ်သပ် ဒုက္ခ​ပေးချင်လို့​တော့ မဟုတ်ဘူးမလား"
မြည်သံတစ်စုံတစ်ရာမှ မပြုရဲကြသည့် အလုပ်သမားတို့ဟာ ​​ခေါင်းကိုသာ ​မြေကြီးထဲ ဝင်မတတ်ငုံ့လျှိလို့ သက်ညှာ​သော ပြစ်ဒဏ် ဖြစ်ဖို့အတွက်သာ ဆု​တောင်းရသည်။
"ကျွန် ကျွန်မ လုပ်လိုက်တာပါ သခင်​လေး ။
ဒီ​​နေ့မှ အလုပ်စဝင်တာလို့ မသိပဲ လုပ်လိုက်တာပါ"
​အေးစက်​နေတဲ့ မျက်နှာထားနဲ့ သူမဆီသို့ ​ခြေလှမ်း​တွေ ဦးတာလာသည့် သခင်​လေး ဝမ်ရိ​ပေါ်​ကြောင့် သူမလက်ဖျား​​တွေဟာ ​အေးခဲလို့ ဒူး​တွေပါ တုန်ရင်​နေသည်။
"မင်းလုပ်တာလို့ ဝန်ခံတာလား?
သ​ဘောကျတယ်။
မင်းရဲ့ တာဝန်ယူရဲတဲ့ စိတ်ကို သ​ဘောကျတယ်။"
ပြန်လည် ​ပျော့​ပျောင်းလာတဲ့ သခင်​​လေး ဝမ်ရိ​ပေါ်၏ ​လေ​သံကြောင့် အားလုံးဟာ ​လည်ပင်းတွင် စွတ်ချည်ထား​သော ကြိုးကွင်းအား ဖြတ်​တောက်ခံလိုက်ရသလို အသက်ရှူ​ချောင်သွားရ​ပေမယ့် ​နောက်ဆက်တွဲ စကား​ကြောင့် ထို မိန်းမပျိုငယ်​လေးဟာ ထိုင်ရက်သား ပြုတ်ကျသွားသည်။
"ဒါ​ပေမယ် မင်းကို အလုပ်ထုတ်မှာ။
ငါက နည်းနည်း​လေး​တောက် တိမ်း​စောင်းတာ မကြိုက်လို့ပဲ"
' ​လေ​ပေါ်ကို ပင့်တင်လို့ ​မြှောက်လိုက်....
ဒီအထိအ​တွေ့မှာ သူသာယာလာတဲ့အခါ အားကုန်သုံးလို့ ရိုက်ချလိုက်ရင် အရှိန်ပြင်းပြင်း တစ်စစီ​ကြေမွလွယ်တယ်မလား။
နည်းနည်း​လေးမှ သူ့ကို စိတ်အ​နှောက်အယှက် မဖြစ်​စေနဲ့ ။
​​ နတ်ဘုရားလို အမျက်ကြီးရဲ့ ဝမ်ရိ​ပေါ်က မင်းကို ​နောင်ဘဝ​တွေအထိ သက်ညှာ​ပေးမှာမဟုတ်ဘူး'
"သူ့ကို အလုပ်ထုတ်လိုက်!!!"
ထမင်းစားခန်းထဲက​နေ ဟိန်း​နေ​အောင် ပျံ့နှံ့လာသည့် အသံ​ကြောင့် အိမ်​တော်ထိန်ကြီး ​လေးပင်စွာ ​ခေါင်းကိုသာ ခါရမ်း​နေမိသည်။
ငါးဟင်းထဲပါလာတဲ့ အရိုးတစ်​ချောင်း​​ကြောင့် အိမ်​တော်တွင် ၃ နှစ် အလုပ်သက်တမ်းရှိ​နေသည့် စားဖိုမှူးကြီးကို အလုပ်ထုတ်ရ​ပေ​တော့မယ်။
"သူ့ကို အလုပ်ထုတ်!!!"
ညနက်​နေသည်အထိ ​ပေါက်ကွဲပုံချစရာ အပြစ်ရှာ​နေသည့် သခင်​လေးရဲ့ ကြိမ်း​မောင်း​​အော် ဟစ်သံ​တွေက မိုး​သံ​တွေကို ထိုး​ဖောက်လို့ မရပ်တန့်နိုင်​​သေး။
"သခင်​​လေး...."
"သူ့ကို အလုပ်ထုတ်ဆို "
အိပ်ရာခင်း အ​ရောင်မှားတာ​ကြောင့် အလုပ်ထုတ်ခံရသည့် ​ကောင်မ​​လေးက တရှုံ့ရှုံ့ ငို​ကြွေးလို့နေသည်။
ဝမ်ရိ​ပေါ်၏ ​ဒေါသကို သိနှင့်​နေပြီးသား အိမ်​တော်ထိန်းကြီးကပဲ သုံးလစာကြို​ပေးလို့ အလုပ်သမားမ​လေးကို ​ဖျောင်းဖျကာထုတ်လိုက်ရသည်။
​ဒေါသကို ​ရှေ့တန်းတင်လို့ ထင်ရာဆိုင်း​​နေသည့် သခင်​လေး​ကြောင့် အားလုံဟာ စိတ်ပင်ပန်း​နေရ​​ပေမယ့် ဒီသန်မာချင်​ယောင်​​ဆောင်​နေသည့် က​​လေးငယ်လို​ကောင်​​လေး၏ ပြိုလဲ​နေမယ့် ဒဏ်ရာ​တွေကို သိ​နေတာမလို့ စိတ်မ​ကောင်းရုံသာ။
~~~~~~~~~~~~~~~~~
"သ သခင်​လေး "
ခြံ​စောင့်​ဦး​လေးကြီးက အိမ်တော်အတွင်းသို့ ဝရုန်းသုန်းကာ ဝင်လာပြီး​နောက်မှာ ​တစ်​ရေးနိုး ​ရေဆင်း​သောက်သည့် ရိ​ပေါ်နှင့် တည့်တည့်တိုးသည်။
ဆောက်တည်ရာမရသည့် ထိုဦး​လေးကြီး​​၏ အမူအရာ​ကြောင့် စိတ်မရှည်​တော့သည့် ရိ​ပေါ်ကို အသံကို မြှင့်လို မြန်မြန်​ပြောဖို့ တိုက်တွန်းရသည်။
"သခင်​လေး ခြံ​ရှေ့မှာ ကားတစ်စီး
တံခါး ဖွင့်​ပေးဖို့ အတင်း​ပြော​နေတယ်"
​မောဟိုက်​နေလို့ အနိမ့် အမြင့် အဖြတ်အ​တောက် မမှန်တဲ့ စကားသံ အဆုံးမှာ ရိ​ပေါ်ဟာ ​ထောင်းခနဲ ​ဒေါသထွက်သည်။
"ဒီအချိန်ကြီး ဘယ်က ကားလဲကွာ။
ဖွင့်မ​နေနဲ့ ထားလိုက်"
ခလုတ်တပ်ဆင်ထားတဲ့ ခြံတံခါးဟာ ဘယ်သူ့ ပ​ရောဂဖြင့် ပွင့်လှစ်သွားသဘ် မသိ​ပေမယ့် အိမ်​ရှေ့နားက ကြားလိုက်ရသည့် ကားသံ တဝီဝီနဲ့အတူ လူ​ခေါ်ဘဲလ် တစ်ခနချင်း ​အော်မြည်လာသည်။
"Mr. Wang yibo အထဲက​​နေ တံခါးဖွင့်​ပေးပါဗျ။
ကျွန်​တော်တို့က psychiatric hospital ကပါ။
အ​ကြောင်းကြားချက်တစ်ခု လက်ခံရရှိထားလို့ လာခဲ့တာပါ။"
ဦး​ခေါင်းဟာ ထုထည်ကြီးမားတဲ့ ​ကျောက်​ဆောင်တစ်ခုနှင့် တိုက်မိသွားသလို။
စိတ်နဲ့ ကိုယ် နှစ်ခြမ်းကွဲသွားတဲ့ စိတ်ဝိဥာဥ်​တွေကို မဖမ်းဆုပ်နိုင်ပြန်ဘူး။
သနားစရာလူတစ်​ယောက်လို ​မြေပြင်​ပေါ်ထိုင်ချလို့ ငို​ကြွေးခြင်မပြုမိ​စေဖို့ တင်းတင်းဆုပ်ထားတဲ့ လက်သည်းစ​တွေဟာ လက်ဖဝါးနုနုထဲ နစ်ဝင်သွားတဲ့အထိ။
"ဟား ဟား psychiatric hospital!! ။
ဒီလူ ဘာ​တွေ လာ​ပြော​နေတာလဲ မသိဘူး။
ခြံထဲက​နေ ဆွဲထုတ်သွားလိုက်စမ်း!!"
ရိ​ပေါ် အမိန့်​ကြောင့် ခြံ​စောင့် ဦး​လေးကြီးက အိမ်ပြင်သို့ ​ပြေးထွက်သည်။
"ကျွန်​တော် ​ခေါ်ထားတာပါ"
အခန်းထဲက ထွက်လာကာ တည်တည်ငြိမ်ငြိမ်ဆိုလာသည့် အိမ်​​တော်ထိန်းကြီး​ကြောင့် ရိ​ပေါ် နှလုံး​တွေ ရပ်လုမတတ်။
"အိမ်​တော်ထိန်းမင်"
"တရားရုံးက အမှုကို ဆိုင်းငံ့ထားဖို့ဆိုရင် သခင်​​လေးက အဲ့လို လုပ်မှ ဖြစ်မှာ မလို့ပါ"
"တရားရုံးက ဘယ်လို ဆိုင်းငံလိုက်ရတာမလို့ ငါ အရူး​ဆေးရုံကို သွားရမှာလဲ။
ဘာလို့လဲ!!!"
"စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနဲ့ပါ။
ကျွန်​တော်က အဲ့လို လုပ်ဖို့​တောင်းဆိုလိုက်တာ"
ဒီတစ်​ခေါက်မှာ​တော့ ရိ​ပေါ်ဟာ ကြမ်ပြင်​ပေါ်သို့ ပြိုလဲစွာထိုင်ချလိုက်မိပါသည်။
မှန်​နေတာပဲ။
ဘဲ​လေးအကကျင့်​နေတုန်းက သူမတို့​ပြောတာ မှန်းနေတာပဲ။
ရိ​ပေါ်ကသာ သူ့ကိုယ်သူ ဘယ်​လောက်ထိ အစိတ်စိတ်လဲကွဲ​နေပြီလဲ မသိခဲ့တာ။
​ကောက်စရာမရှိ​တော့တဲ့ သူ့အ​ခြေအ​နေကို သူတစ်​ယောက်ပဲ မသိခဲ့တာ။
"စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဟားဟားဟား"
​ခြောက်ကပ်စွာ ရယ်လာတဲ့ ရိ​ပေါ်​ကြောင့် အိမ်ထဲ​ရောက်နှင့်​နေပြီဖြစ်သည့် psychiatric hospital က လူ​တွေဟာ ရိ​ပေါ် အ​ခြေအ​နေကို အတည်ပြုလိုက်ပုံပင်။
အနားသို့ တိုးကပ်လာပြီး ရိ​ပေါ်လက်​မောင်း နှစ်ဖက်ကို ထိန်းချုပ်လာကြသည်။
"သူ့ကို ​​ခေါ်သွားလိုက်ပါ"
အိမ်​တော်ထိန်းကြီးရဲ့ စိတ်မချမ်း​မြေ့သလို တိုက်တွန်းသံမှာ ရိ​ပေါ်ရဲ့ ​ဒေါသတကြီးတွန်းကန်မှု​ကြောင့် ထိန်းချုပ်ထား​သော လူသားနှစ်​ယောက်မှာ ဟန်ချက်ပျက်သွားရသည်။
​ရိ​ပေါ်ရဲ့ ​ပျော့​ပျောင်း​နေသည့် ​ခြေတံ​တွေကို အားပြုလို့ နှစ်ဆင့် ကန်ချက်​တွေမှာ ထိုလူနှစ်​ယောက်ရဲ့ မျက်နှာ​တွေဟာ ​သွေဖြင့် ချင်းချင်းနီ​၏။
"ဘာလို့ ကျွန်​တော့်ကို လုပ်ရက်ရတာ?"
​ကော်လံစကို ဆွဲ​ဆောင့်ကို ​ကြေကွဲရိပ်သမ်းသည့် ရိ​ပေါ်ရဲ့အ​မေးကို အိမ်​တော်ထိန်းကြီးက မျက်ရည်​တွေဝဲရင်း ​အဖြေ​ပေးသည်။
"ကျွန်​တော် လုပ်​နေသမျှက သခင်​လေး အတွက်ပါ"
​ခေါင်းစဥ်လှလှ​လေး​အောက်​က မ​ကောင်းမှု​တွေဟာ အရက်စက်ဆုံး ရာဇဝတ်မှု ဖြစ်သလို
​တစ်ခါ ကျူးလွန်မိရင် ဒုတိယ​မြောက် အတွက် အခွင့်အ​ရေးပဲ။
~~~~~~~~~~~~~~~~~~
လျှပ်စစ်မီးရဲ့ အကူအညီကို တစ်စက်မှ မယူထားတဲ့ အခန်းငယ်အတွင်း အ​မှောင်ထုက အပြည့်အဝ ​နေရာယူသည်။
မှန်ချပ်မရှိတဲ့ ပြတင်း​ပေါက်ဟာ သံတိုင်တို့ဖြင့် ကာဆီးထားသည် ဆန္ဒရှိသလို ဖွင့်လှစ်လို့လည်းမရ ​စေ့ပိတ်လို့လည်းမရ။
အခန်း​ထောင့်က ကုတင်တစ်လုံးရယ် စာပွဲငယ်တစ်လုံးရဲ ရိ​ပေါ် ဝိုးတဝါး မြင်​နေရသည်က ပြတင်​ပေါက်သံတိုင်​တွေကြားမှ ဖြားကျ​လာ ​လရိပ်၏ ​ကျေးဇူး​တော် ​ကြောင့်ဖြစ်သည်။
တင်းခံစရာ အားအင်မရှိ​တော့သလို နံရံကို မှီချလို့ နွမ်းဖက်ဖက် အရိပ်ငယ်​လေးရဲ့ လ​ရောင်​အောက်က မျက်နှာမှာ မာ​ကြောခက်ထန်လှသည်။
​​ဖျော့​တော့စွာ ​ခွေ​​ခွေ​​​​​လေးထိုင်​နေ​ပေမယ့် မျက်နှာ​ပေါ်တွင်​တော့ ဒူး​ထေညက် ညွတ်တွားချင်စရာ အရှိန်အဝါတို့ကိုသာ ကိန်း​အောင်း​စေသည်။
အလွယ်တကူ မှတ်ချက်ပြုရရင်တော့ ဒီအ​ခြေအ​နေအထိ ​ရောက်ခဲ့တာ​တောင် မျက်နှာ​ကြောက တင်း​နေဆဲ။
လွန်ခဲ့​သော မိနစ်ပိုင်းအတွင်း သူအား ဒီအခန်း ထုတ်​ပေးဖို့ ​အော်ဟစ်​နေတဲ့ ထိုကောင်ငယ်​လေးဟာ ​တောင်းပန်တိုးလျှိုသည့် အသုံးအနှုန်းမျိုးကို ​ရှောင်ကွင်းလို့ ​​ကြိမ်းဝါး​ခြိမ်း​ခြောက်သော နည်းလမ်းကိုသာ အသုံးပြုခဲ့သည်။
"မင်း​တို့​တွေ မ​သေ​သေးချင်​ဘူးဆိုရင် ငါ့ကို ဒီက လွှတ်​ပေးစမ်း"
"လွှတ်စမ်း ။ ငါ အပြင်​ရောက်ရင် မင်းတို့ကို တစ်စစီ လုပ်ပစ်မယ်"
အာ​ခေါင်​တွေ ခြစ်​အော်လို့ ပင်ပန်လာရသည့် ရိ​ပေါ်က ​နောက်ဆုံးတွင် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်ဖို့ကိုသာ ​ရွေးချယ်စရာ ကျန်​တော့သည်။
တိုးသဲ့သဲ့ကြား​နေရသည့် ​ခြေသံတို့​ကြောင့် ရိ​ပေါ် နားစွင့်​နေမိသည်။
ရပ်တန့်သွားသည့် ​ခြေလှမ်း​တွေနဲ့အတူ တစ်စုံတစ်ယောက်ဟာ ရိ​ပေါ် အခန်း​ရှေ့တွင် ရှိ​​နေ​ကြောင်း ရိပ်မိတဲ့အခါ ရိ​ပေါ်ပါ အလိုလို မတ်တပ်ရပ်မိရက်သား။
လှစ်ဟသွားတဲ့ တံခါးချက်။
​​မျက်​စေ့ရှေ့​တွေ ရပ်​နေသည့် လူကို ​တွေ့မြင်လိုက်ရချိန်မှာ တွန်းတိုက်ပစ်လို့ လွတ်​မြောက်​အောင် ​​ပြေးလွှာလိုက်မယ် ဆိုတဲ့ ရိ​ပေါ် အကြံအစည်​တွေ ဘာ​ကြောင့် အ​ကောင်အထည် မ​ဖော်ဖြစ်တာပါလိမ့်။
"ဘာလို့ ခင်များလဲ?"
နှုတ်မှ ထွက်ကျလာမှန်း​တောင် မသိသာတဲ့ ရိ​ပေါ်ရဲ့ ​မေးခွန်းကို ထိုလူက လျစ်လျှူရှလို့ အပြာစင်းကျား ​ဆေးရုံဝတ်စုံ​ပေါ်သို့ သူ၏ ကုတ် အနက်အား လွှားတင်​ပေးလာသည်။
"အင်း ဘာလို့ထပ်ပြီး မင်းပဲလဲ။
ငါလက်လှမ်းဖို့ ရည်ရွယ်တိုင်းမှာ ပြိုလဲ​နေသူက ဘာလို့ မင်းပဲလဲ။"
Odette လို နာကျင်မှု​ဆေးပုလင်းငယ်ကို အသုံးပြုလို့ အ​ကြောက်တရား​တွေကို သုတ်သင်ဖို့ ကြိုးပမ်းကြည့်တယ်။
ဝမ်ရိ​ပေါ် ဘယ်​နေရာမှာပဲ ပုန်းပုန်း ကမ်းလက်တစ်စုံ လှမ်းလာတဲ့ ဒီလူ့ရှေ့ ဘာလို့ အရာအားလုံးကို အိတ်သွန်ဖာ​မှောက် ​ပျော့ညံလိုက်ချင်တာပါလိမ့်။
ဝမ်ရိ​ပေါ် မပီသာလိုက်တာ။
Last dace....
'ငါ ကိုယ့်ကိုယ်ကို မဆုံးရှုံးချင်ဘူးရယ်"
TBC ♡
Zawgyi
Last Dance
~~~~~~~~~~~~~~~
'​ဒေါက် ​ဒေါက်'
" ​ဝတ္ထုဖတ်​နေတာ!!။
ကောင်း​​ရောကွာ။
"ရားးး​ရှောင်းကျန့်"