ရည်းစားဟောင်းက ငါ့ကိုမျက်စိကျ...

By Kiyoiko__

2.1M 322K 20.9K

Title - 又被前男友盯上了(Be watched by my Ex again) Author - 橘猫哥哥(Ju Mao Gege) Status - 183 chapters + 36 extras I do... More

Please take a look!
Summary
All about Ju Mao Gege
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
💌
33
34
35
36
37
38
Special Episode I
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
🤍
57
58
59
60
61
62
63
64
65
66
67
68
69
70
Special Episode II
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
Hello

102

10.1K 1.5K 107
By Kiyoiko__

{Unicode}

"ဟန်ဆောင်တာဆိုလည်း
အဆင်ပြေပါတယ်"

ယဲ့ထင်နှင့် ရန်ကျားလိသည် Las Vegas, Nevada သို့ ခရီးဆက်ခဲ့ကြသည်။

၎င်းမှာ ရက်သုံးဆယ်၏ နောက်ဆုံးသော မှတ်တိုင်ဖြစ်သည်။

သူတို့သည် ကြိုတင် ရေးဆွဲထားသည့် အစီအစဥ်အတိုင်း လာခဲ့ကြပြီး အဆင့်မြင့် ကြယ်ငါးလုံး ဟိုတယ်တွင် တည်းခိုကာ စည်ကား သိုက်မြိုက်နေသော လေးဖက်လေးတန် လမ်းများဆီသို့ လျှောက်ပတ်ခဲ့ကြသည်။ နာမည်ကြီးနေသော ရှိုးပွဲကိုလည်း ကြည့်ခဲ့ကြပြီး ကာစီနိုတွင်လည်း တစ်အောင့်လောက် ဆော့ကစားခဲ့ကြသည်။ Las Vegas, Nevada မြို့တော်ကြီး၏ သက်ဝင်မြူးကြွပြီး ယစ်မူး ပျော်ရွှင်စရာ ကောင်းလှသော မကုန်ခမ်းနိုင်သည့် ညတာရှည်ကို စံစားခဲ့ကြသည်။

ပိုက်ဆံများကို လက်လွတ်စပယ် ဖြုန်းတီးပစ်လိုက်ဖို့ရန် ဆန္ဒရှိသည့် ခရီးစဥ်တစ်ခုလည်း ဖြစ်လာခဲ့၏။

ရန်ကျားလိသည် တစ်ဖက်တွင် စိတ်လှုပ်ရှားနေကာ တစ်ဖက်တွင်တော့ နှလုံးသားထဲ၌ လေးလံမှောင်မိုက်နေသည့် တစ်စုံတစ်ခုက ဖိထားသလိုသာ ခံစားနေရပြီး အကြောင်းပြချက်မရှိ အသက်ရှူ မဝသလို ဖြစ်နေသည်။

သူသည် သုံးဆယ်ရက်တာ ကန့်သတ်ကာလကို တွေးမိလေတိုင်း နှလုံးသားထဲတွင် ဘယ်နှစ်ရက်လောက်ပဲ ကျန်တော့တာလဲဟု တိတ်တိတ်ကလေး ရေတွက်နေခဲ့မိ၏။

ယဲ့ထင်သည် ဟိုတယ်၏ ရေချိုးခန်းထဲမှ ထွက်လာပြီး ရေချိုးဝတ်ရုံ ဝတ်ဆင်ထားရင်း ဆံပင်များကို သုတ်နေသည်။

ရန်ကျားလိက ပြတင်းဘေးတွင် ငေးကြောင်စွာနှင့် Las Vegas, Nevada ၏ တောက်ပခံ့ညားသော ညတာရှူခင်းကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ယဲ့ထင်၏ ဆံပင်သုတ်နေသည့် အပြုအမူက ရပ်တန့်သွားပြီး တိတ်တဆိတ်နှင့် လျှောက်သွားရင်း သူ့အနား ထိုင်လိုက်ကာ လူကို ဖွဖွကလေး ရင်ခွင်ထဲ ဖက်ထားလိုက်ပြီး လေသံတိုးနှင့်

"လျှောက်လည်ရတာ မပျော်လို့လား"

ရန်ကျားလိက ခေါင်းယမ်းလိုက်ပြီး

"မဟုတ်ပါဘူး"

ယဲ့ထင်၏ လက်ချောင်းက ရန်ကျားလိ၏ နှုတ်ခမ်းပေါ် ပွတ်သပ်လိုက်ပြီး

"ဒါဆိုဘာလို့ မျက်နှာက မပျော်ရွှင်တဲ့ပုံကြီး ဖြစ်နေရတာလဲ"

ရန်ကျားလိက ခေါင်းလှည့်ပြီး သူ့ကို ကြည့်လာကာ ပါးစပ်ဟလိုက်သော်လည်း မည်သို့သော စကားမှ ပြောထွက်မလာဘဲ သက်ပြင်းရှည်ကြီးသာ ချလိုက်ကာ ယဲ့ထင်၏ လည်ပင်းကို ဖက်တွယ်ပြီး စကားဆိုသည်။

"ပင်ပန်းနေလို့၊ ငါအိပ်ချင်ပြီ"

ယဲ့ထင်က သူ့အား မ,ချီလိုက်ပြီး လူအား ဂရုတစိုက်နှင့် စောင်ပုံထဲ ထည့်ပေးလိုက်သည်။

သူသည် ရန်ကျားလိ၏ မျက်နှာကို မှုန်မှိတ်မသွေ ကြည့်နေရင်း ရန်ကျားလိ မျက်လုံး မှိတ်သွားကာမှ လေသံဖျော့ဖျော့နှင့် ပြောသည်။

"မနက်ဖြန် တခြား ခရီးစဥ်တော့ မရှိတော့ဘူး။ ကိုယ်မင်းကို တစ်နေရာ ခေါ်သွားပေးမယ်"

ရန်ကျားလိက အိပ်မှုံစုံမွှား ယောင်ယောင်ဝါးဝါးနှင့်

".....ဘယ်ကိုလဲ"

"ကိုယ့်မှာ လက်ထပ်တော့မယ့် သူငယ်ချင်းတစ်ယောက် ရှိတယ်။ မနက်ဖြန် မင်္ဂလာပွဲ ကျင်းပတော့မှာ၊ သိပ်လည်း မဝေးဘူး။ ကိုယ့်ကိုလည်း ဖိတ်ထားလို့"

ရန်ကျားလိက အိပ်တစ်ဝက် နိုးတစ်ဝက်နှင့် ခေါင်းညိတ်လိုက်ကာ လိလိမ္မာမ္မာနှင့် ပြောသည်။

"ဟုတ်ပြီ"

ယဲ့ထင်က ပြုံးသွားပြီး သူ့အစား စောင်ကို သေချာ ခြုံပေးလိုက်ကာ ခေါင်းငုံ့ပြီး သူ့နှုတ်ခမ်းထောင့်ကို တစ်ချက် နမ်းပြီးနောက် နူးညံ့သော လေသံနှင့်

"ပေါင်ပေါင်း၊ ဂွတ်နိုက်ခ်"

ရန်ကျားလိသည် မျက်ဝန်းများကို မှိတ်ချလိုက်ပြီး တစ်ညတာလုံး အိပ်မက်နတ္ထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

သူ မသိခဲ့သည်က သူ အိပ်ပျော်သွားပြီးနောက် ယဲ့ထင်က ကုတင်ပေါ်သို့ တက်မလာဘဲ ရေချိုးဝတ်ရုံ ဝတ်လျက်နှင့် လသာဆောင်သို့ ထွက်သွားခဲ့သည်ကိုပင်။

Las Vegas ၏ ညလေပြေကြောင့် ယဲ့ထင်၏ ဆံပင်များက ရှုပ်ပွနေသည်။ သူ၏ အချိုးအဆစ် ထင်ရှားသော လက်ချောင်းများက စီးကရက်ကို ညှပ်ကိုင်ထားပြီး စီးကရက်၏ အခိုးအငွေ့များကြား ခန္ဓာကိုယ်ထက်၌ ကျူးကျော်ဝင်ရောက်လာသော ယောက်ျားဟော်မုန်းများနှယ် ထကြွသောင်းကျန်းနေသော အရိုင်းဆန်မှုများက ပိုလို့ပင် ရုပ်လုံးကြွနေသည်။ သူ၏ နဂိုအရောင်အဝါကြား ထိုအရာများသည် အမှောင်ထောင့်ထဲ ပုန်းအောင်းနေသကဲ့သို့ပင်။ သွေးယိုနေသည့် သွားစွယ်များနှင့် ဝံပုလွေအလား အေးစက်ကြမ်းကြုတ်နေကာ လူတစ်ကိုယ်လုံးက ပို၍ပို၍ နက်နက်နဲနဲ အန္တရာယ် များလာလေသည်။

သူသည် လက်ထဲမှ စီးကရက်ဘူး သေးသေးလေးနှင့် ကစားနေပြီး တစ်ညလုံး ဆေးလိပ်သောက်နေခဲ့သည်။

မိုးကုပ်စက်ဝိုင်းက တစ်ဖန်ပြန်လည် လင်းလက်လာကာမှ သူသည် ကြမ်းပြင်အပြည့် ဖြစ်နေသော စီးကရက်တိုများကို ရှင်းလင်းပစ်လိုက်သည်။ ရိုးရိုးတန်းတန်း မျက်နှာသစ် ပလုတ်ကျင်းပြီးနောက် ရန်ကျားလိနံဘေး လှဲအိပ်လိုက်ပြီး ခဏလောက် အနားယူလိုက်သည်။

ရန်ကျားလိ နိုးလာသောအခါ လူတစ်ယောက်က လက်ချုပ် အနောက်တိုင်း ဝတ်စုံနှစ်စုံ လာပို့ပေးသည်။

တစ်ထည်မှာ အမည်းဗြောင်ဖြစ်ပြီး ကျန်တစ်ထည်မှာ ကြော့ရှင်းသော အဖြူရောင်ထည်ဖြစ်သည်။ ပုံစံ အနေအထားမှာလည်း အတော်လေး အတည်ပေါက်ကြီး ဖြစ်နေသည်။

ရန်ကျားလိသည် ထိုဝတ်စုံနှစ်စုံကို မြင်သည်နှင့် ရယ်နေပြီး ယဲ့ထင်၏ သန်မာသော ရင်အုပ်ကြွက်သားကို ထိုးလိုက်ကာ သရော်ကျီစယ်သည်။

"ကြည့်ဦး၊ ဖြူမည်းညီနောင်"

ယဲ့ထင်က ဆွံ့အသွားပြီး

".....သူများရဲ့ မင်္ဂလာဆောင် အခမ်းအနား၊ မင်္ဂလာ အရှိဆုံး နေ့ကို"

ရန်ကျားလိက မေးစေ့ကိုကိုင်ရင်း စဥ်းစားကြည့်တော့ ဒါလည်း ဟုတ်တာပဲဟု တွေးမိသွားပြီး စကားလုံးကို ကမန်းကတန်း လှည့်သုံးလိုက်သည်။

"ဒါဆိုလည်း နတ်သားနဲ့ မကောင်းဆိုးဝါးပေါ့"

ယဲ့ထင်က ကျေနပ်စွာနှင့် ခေါင်းညိတ်လိုက်ပြီး ရန်ကျားလိအား ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ် ဖက်ကာ အကြာကြီး နမ်းရှုပ်လိုက်ပြီး ပြုံးကာပြောသည်။

"အဲ့လိုမှ မှန်တာပေါ့။ ကိုယ်က မကောင်းဆိုးဝါးကြီး။ မင်းက နတ်ဆိုးရဲ့ နှလုံးသားထဲက နတ်သားလေး"

ရန်ကျားလိသည် ထိုစကားကို အမြင်ကပ်ပြီး ပုံကြီးချဲ့ကာ ဝေ့ါခနဲ အသံပြုသည်။ ထို့နောက် ကုတင်ပေါ်မှ ဆင်းပြီး အင်္ကျီ လဲလိုက်သည်။

အင်္ကျီလဲပြီး ထွက်လာသည့်အခါ ရန်ကျားလိသည် သူ့ဘောင်းဘီကို ဆွဲလိုက်ပြီး ကြည့်မှန်ထဲမှ မိမိကိုယ်ကိုယ် ကြည့်ကာ အနည်းငယ် ကသိကအောက်နှင့်

"ဘာလို့ဒီလောက် အတည်ပေါက်ကြီး ချုပ်ထားရတာလဲ။ မသိရင် လက်ထပ်မယ့်သူက ငါကျနေတာပဲ။ မင်္ဂလာဆောင်မယ့်သူရဲ့ ကာရိုက်တာကို လုယူထားသလိုတောင် ဖြစ်နေပြီ.....မဖြစ်ဘူး၊ မဖြစ်ဘူး။ ငါတို့ သာမန် ဝတ်စုံလေးပဲ လဲဝတ်ကြရအောင်"

ယဲ့ထင်က ပြုံးကာ ရန်ကျားလိအနား လျှောက်သွားလိုက်ပြီး လေးနက်စွာ ဆိုသည်။

"လဲစရာ မလိုပါဘူး။ ဒီပုံလေးက အကောင်းဆုံးပဲ"

ရန်ကျားလိက မျက်မှောင်ကြုတ်လိုက်ပြီး

"ဒါပေမဲ့...."

"စိတ်ချပါ"

ယဲ့ထင်က ရန်ကျားလိ၏ နားရွက်ပေါ် နမ်းရှုပ်လိုက်ပြီး

"ကိုယ့်သူငယ်ချင်းက ဒါတွေကို ဂရုမစိုက်ပါဘူး။ ဒီတစ်ခေါက်တော့ ကိုယ်ပြောတာ နားထောင်နော်"

ရန်ကျားလိသည် ဘယ်လိုပဲကြည့်ကြည့် အဆင်မပြေဘူးဟု ထင်နေသော်လည်း ယဲ့ထင်၏ မလျော့သော ဇွဲနှင့် ထွက်ခွာရမည့် အချိန်ကလည်း နီးကပ်လာသောကြောင့် ထိုအတိုင်းသာ ထားလိုက်ရတော့သည်။

နှစ်ယောက်သားသည် ကားစီးပြီး မင်္ဂလာ အခမ်းအနား ကျင်းပရာ နေရာသို့ သွားခဲ့ကြသည်။

ပွဲလာ ဧည့်ပရိသတ်များသည် ဧည့်သည်ထိုင်ခုံတွင် ငြိမ်သက်စွာ ထိုင်နေကြပြီး ကြင်စဦး ဇနီးမောင်နှံတို့သည် တစ်ယောက်ပြီး တစ်ယောက် လက်ဆွဲ နှုတ်ဆက်နေကြသည်။ သူတို့၏ မျက်လုံးထဲတွင် မခွဲခွာနိုင်သော အချစ်သင်္ကေတများဖြင့် ပြည့်လျှံနေသည်။ အသက်အရွယ် ရနေပြီဖြစ်သော သင်းအုပ်ဆရာသည် ကျမ်းကျိန်သစ္စာကို တည်ကြည်သော အသံဖြင့် လေးနက်စွာ မိန့်ဆိုသည်။ ထိုးဖောက်မြင်ရသော ဖန်သား ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်မှ တောက်ပသော အလင်းရောင်က ထိုးဖောက်ဝင်လာပြီး ဖန်သားပြင်ထက်တွင် ထင်ဟပ်နေသော Holy Bible ရုပ်ထုသည် ရှေးယခင်ဘဝများမှ ယခုအချိန်အထိ နွေးထွေးမှု၊ လေးနက်မှု၊ သိက္ခာရှိမှုနှင့် သန့်ရှင်းစင်ကြယ်မှုစသော အရာအားလုံးကို အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့သည်။

ရန်ကျားလိသည် ပတ်ပတ်လည်မှ လူများ၏ ဝတ်စားဆင်ယင်ပုံကို အကဲခတ်လိုက်ပြီး မိမိ၏ ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားကို ပြန်ကြည့်မိသောအခါ မျက်နှာက နီရဲသွားသည်။

အလွန် ကြွားလုံးထုတ်ထားသလို ဖြစ်နေပြီး အတော်ကြီးကို ကိုးရိုးကားရား နိုင်လှသည်။

သူသည် ယဲ့ထင်အား တစ်ချက်လောက် ကန်ပစ်လိုက်ချင်၍ လှည့်ကြည့်လိုက်သော်လည်း ယဲ့ထင်က တိတ်တိတ်ကလေး ထပြီး အပြင် ထွက်သွားသည်ကိုသာ တွေ့လိုက်ရသည်။

ရန်ကျားလိသည် မျက်မှောင်ကြုတ်လိုက်ပြီး မည်သူကမှ သတိမထားမိနေသည်ကို အခွင့်အကောင်းယူကာ ခါးကိုင်းလျက်နှင့် အခမ်းအနားထဲမှ ထွက်လာပြီး အပြင်ဘက်သို့ ရောက်လာသည်။

ယဲ့ထင်သည် တစ်ကိုယ်လုံးအပြည့် အနက်ရောင် ပွဲတက်ဝတ်စုံကို ဆင်မြန်းထားပြီး ချောမော ပြေပြစ်နေစမြဲဖြစ်သည်။

သူသည် လက်ရန်းကို မှီထားပြီး ခပ်လှမ်းလှမ်းမှ မြို့မြင်ကွင်းကို ကြည့်နေကာ တစ်စုံတစ်ခုကို တွေးနေသည့်အလား မျက်လုံးများက နက်နဲပွေလီနေသည်။

ရန်ကျားလိက သူ့ထံ လျှောက်သွားပြီး ပုတ်လိုက်ကာ

"သူများရဲ့ မင်္ဂလာပွဲက ပြီးတောင် မပြီးသေးဘူး။ မင်းကဘာလို့ ထွက်လာရတာလဲ"

ယဲ့ထင်က စကားမဆိုဘဲ ဖျော့တော့တော့နှင့် နှစ်ကြိမ်မျှသာ ပြုံးလိုက်သည်။

ခဏအကြာမှ ခေါင်းလှည့်လာပြီး ရန်ကျားလိကို ကြည့်ကာ ထောင်ပေါင်းများစွာသော စိတ်ခံစားမှုများ ရောနှောနေသကဲ့သို့ သူ့အသံမှာ ကြမ်းရှနေပြီး

"ပေါင်ပေါင်း၊ ဘာလို့ အဲ့လောက်တောင် မြန်ရတာလဲနော်။ ရက်သုံးဆယ်က ဘာလို့ မျက်စိတစ်မှိတ်လေးနဲ့တင် မြန်မြန်ပြီးသွားရတာလဲ"

ရန်ကျားလိသည်လည်း တောင့်တင်းသွားသည်။

ယဲ့ထင်သည် ရင်ဘတ်ထဲမှ အမည်းရောင် စာအုပ်ကို ယူထုတ်လာပြီး

"အပေါ်မှာ ရေးထားတာတွေတော့ အားလုံး ပြီးသလောက် နီးပါးဖြစ်နေပြီ။ နောက်ဆုံးတစ်ခုပဲ ကျန်တော့တယ်"

ရန်ကျားလိသည် သူ့လက်ထဲမှ စာအုပ်ကို ယူလိုက်ပြီး နောက်ဆုံးစာမျက်နှာကို ဖွဖွကလေး လှန်လိုက်သည်။

အပေါ်တွင် စာကြောင်းတစ်ကြောင်း ရေးထားသည်___ယခင်က မှုန့်လျန် ရှိလျှင်၊ ယခုအခါ ယဲ့ရန် ရှိပါသည်။ လက်ထပ် ထိမ်းမြှားလိုက်လျှင် ထာဝရ တည်တံ့ ခိုင်မြဲနေပေတော့မည်။

ရန်ကျားလိသည် ထိုစာတန်းကို ထိလိုက်ပြီး ပြုံးမိသွားသည်။ ထို့နောက် နှာခေါင်းကပါ ချဥ်စူးတက်လာကာ

"တခြားဟာတွေ အားလုံးက အကောင်အထည်ဖော်ဖို့ လွယ်ပေမယ့် ဒီတစ်ခုကတော့ အခွင့်အရေး မရှိတော့ဘူး ထင်ပါတယ်"

ယဲ့ထင်သည် ခေါင်းယမ်းလိုက်ပြီး မင်္ဂလာပွဲ ကျင်းပနေသေးသော အထဲကို ညွှန်ပြကာ  လေသံတိုးနှင့်

"မင်းကြည့်၊ နေရာ၊ ဧည့်သည်၊ သင်းအုပ်ဆရာ....ပြီးတော့ မင်း၊ အခုအားလုံး ဒီမှာ ရှိတယ်လေ။ ခဏနေ ကိုယ့်သူငယ်ချင်း မင်္ဂလာ ကျမ်းကျိန်ပြီးရင် ကိုယ်တို့ကိုလည်း တိုးတိုးတိတ်တိတ် မင်္ဂလာပွဲလေး ကျင်းပပေးဖို့ သင်းအုပ်ဆရာကို ပြောကြည့်မယ်လေ။ မင်းပြောကြည့်၊ ကောင်းလား မကောင်းဘူးလား"

ရန်ကျားလိက စာအုပ်ကို ယဲ့ထင်ဆီ ပြန်ပေးလိုက်ပြီး ခေါင်းယမ်းသည်။

"မလိုတော့ပါဘူး။ ဟန်ဆောင်တာကြီးကို"

"ကိစ္စ မရှိပါဘူး"

ယဲ့ထင်၏ လက်ချောင်းက ရန်ကျားလိ နှုတ်ခမ်းပေါ် ပွတ်သပ်လိုက်ပြီး လေးနက်စွာ ပြောသည်။

"ဟန်ဆောင်တာ ဆိုရင်တောင်၊ ဘယ်တော့မှ မရှိခဲ့တာထက်စာရင် ပိုကောင်းပါတယ်"
.
.
.
.
.
စာရေးသူတွင် ပြောစရာရှိသည်။

ဒါနဲ့၊ အဲ့ထဲက စာကြောင်းတစ်ကြောင်း၊ ယခင်က မှုန့်လျန် ရှိသည် ဆိုတာ၊ မူရင်းစာကြောင်းက ယခင်က လျန်မှုန့် ရှိသည် ဖြစ်သင့်တာ။ ဆိုလိုချင်တာက လျန်ဟုန်နဲ့ မှုန့်ကွမ် ဇနီးမောင်နှံ နှစ်ယောက်ရဲ့ အချစ်ကို ဖော်ကြူးချင်တာလေ။ "ယဲ့ရန်" ဆိုတဲ့အသံနဲ့ ကာရန်ကိုက်အောင်လို့ အနေအထား ချိန်းလိုက်ရတယ်~

သတိထားပါ။ ချိုမြိန်ခြင်းက လုံးဝကို စမလာသေးပါဘူး။ သကြားလုံးကြီးကို တကယ် ထိုးမိသွားတဲ့ အချိန်ကျရင် ငါမင်းတို့ကို ပြောပြပါ့မယ်~

Translator's Note >>>

ဖြူမည်းညီနောင် (Hei Bai Wu Chang) ဆိုတာ ဟန်လူမျိုးတွေရဲ့ ရိုးရာယဥ်ကျေးမှုတွေထဲက နတ်ဘုရားဖြစ်သလို အကျော်ကြားဆုံး တစ္ဆေတမန် နှစ်ပါးလည်း ဖြစ်ပါတယ်။ Bai Wu Chang နတ်ဘုရားက အမြဲတမ်း ပြုံးရွှင်နေပြီး အရည်ရှည်ရှည် ပိန်ပိန်ပါးပါးနဲ့ မျက်နှာက ဖြူဖျော့နေပြီး ပါးစပ်ကနေ လျှာအရှည်ကြီး တွဲလောင်းကျနေပါတယ်။ သူ့ရဲ့ဦးထုပ်ပေါ်မှာ "စည်းစိမ်ချမ်းသာကို မြင်လိုက်သည်နှင့်" ဆိုတဲ့ စကားလုံး ရေးထိုးထားပါတယ်။ အဲ့ဒီနတ်ဘုရားက ဘုရားသခင်ကို ရိုသေပူဇော်တဲ့ လူတွေကို ကံကောင်းခြင်းတွေ ဆောင်ကျဥ်းပေးတတ်ပါတယ်။

Hei Wu Chang ရဲ့ မျက်နှာထားကတော့ ကြမ်းကြုတ်နေပြီး ပွင့်လင်းမြင်သာတဲ့ စိတ်နေစိတ်ထားရှိပါတယ်။ မျက်နှာက မည်းတူးနေပြီး ဦးထုပ်ပေါ်မှာတော့ "ကမ္ဘာကြီးက ငြိမ်းချမ်းနေတယ်" ဆိုတဲ့ စာသားရေးထားပါတယ်။ ဥပဒေကို မလိုက်နာတဲ့ အပြစ်ရှိသူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမှာ မဟုတ်ဘူးလို့ ဆိုလိုပါတယ်။ အဲ့ဒီနတ်ဘုရား နှစ်ပါးရဲ့ ခြေချင်းဝတ်ကို သံကြိုးနဲ့ ချိတ်ထားပါတယ်။ သူတို့က လူတစ်ယောက်ရဲ့ ဝိညာဥ်ကို စုပ်ယူနိုင်တဲ့အထိ အင်အားကြီးတဲ့ သရဲတစ္ဆေလို့ ကြားဖူးပါတယ်။

28/1/2022(Fri)

                           ×××

{Zawgyi}

"ဟန္ေဆာင္တာဆိုလည္း
အဆင္ေျပပါတယ္"

ယဲ့ထင္ႏွင့္ ရန္က်ားလိသည္ Las Vegas, Nevada သို႔ ခရီးဆက္ခဲ့ၾကသည္။

၄မွာ ရက္သံုးဆယ္၏ ေနာက္ဆံုးေသာ မွတ္တိုင္ျဖစ္သည္။

သူတို႔သည္ ႀကိဳတင္ ေရးဆြဲထားသည့္ အစီအစဥ္အတိုင္း လာခဲ့ၾကၿပီး အဆင့္ျမင့္ ၾကယ္ငါးလံုး ဟိုတယ္တြင္ တည္းခိုကာ စည္ကား သိုက္ၿမိဳက္ေနေသာ ေလးဖက္ေလးတန္ လမ္းမ်ားဆီသို႔ ေလ်ွာက္ပတ္ခဲ့ၾကသည္။ နာမည္ႀကီးေနေသာ ရိႈးပြဲကိုလည္း ၾကည့္ခဲ့ၾကၿပီး ကာစီႏိုတြင္လည္း တစ္ေအာင့္ေလာက္ ေဆာ့ကစားခဲ့ၾကသည္။ Las Vegas, Nevada ၿမိဳ႔ေတာ္ႀကီး၏ သက္ဝင္ျမဴးႂကျြပီး ယစ္မူး ေပ်ာ္ရႊင္စရာ ေကာင္းလွေသာ မကုန္ခမ္းႏိုင္သည့္ ညတာရွည္ကို စံစားခဲ့ၾကသည္။

ပိုက္ဆံမ်ားကို လက္လြတ္စပယ္ ျဖဳန္းတီးပစ္လိုက္ဖို႔ရန္ ဆႏၵရိွသည့္ ခရီးစဥ္တစ္ခုလည္း ျဖစ္လာခဲ့၏။

ရန္က်ားလိသည္ တစ္ဖက္တြင္ စိတ္လႈပ္ရွားေနကာ တစ္ဖက္တြင္ေတာ့ ႏွလံုးသားထဲ၌ ေလးလံေမွာင္မိုက္ေနသည့္ တစ္စံုတစ္ခုက ဖိထားသလိုသာ ခံစားေနရၿပီး အေၾကာင္းျပခ်က္မရိွ အသက္ရႉ မဝသလို ျဖစ္ေနသည္။

သူသည္ သံုးဆယ္ရက္တာ ကန္႔သတ္ကာလကို ေတြးမိေလတိုင္း ႏွလံုးသားထဲတြင္ ဘယ္ႏွစ္ရက္ေလာက္ပဲ က်န္ေတာ့တာလဲဟု တိတ္တိတ္ကေလး ေရတြက္ေနခဲ့မိ၏။

ယဲ့ထင္သည္ ဟိုတယ္၏ ေရခ်ိဳးခန္းထဲမွ ထြက္လာၿပီး ေရခ်ိဳးဝတ္ရံု ဝတ္ဆင္ထားရင္း ဆံပင္မ်ားကို သုတ္ေနသည္။

ရန္က်ားလိက ျပတင္းေဘးတြင္ ေငးေၾကာင္စြာႏွင့္ Las Vegas, Nevada ၏ ေတာက္ပခံ့ညားေသာ ညတာရႉခင္းကို ၾကည့္ေနသည္ကို ေတြ့လိုက္ရသည္။ ယဲ့ထင္၏ ဆံပင္သုတ္ေနသည့္ အျပဳအမူက ရပ္တန္႔သြားၿပီး တိတ္တဆိတ္ႏွင့္ ေလ်ွာက္သြားရင္း သူ႔အနား ထိုင္လိုက္ကာ လူကို ဖြဖြကေလး ရင္ခြင္ထဲ ဖက္ထားလိုက္ၿပီး ေလသံတိုးႏွင့္

"ေလ်ွာက္လည္ရတာ မေပ်ာ္လို႔လား"

ရန္က်ားလိက ေခါင္းယမ္းလိုက္ၿပီး

"မဟုတ္ပါဘူး"

ယဲ့ထင္၏ လက္ေခ်ာင္းက ရန္က်ားလိ၏ ႏႈတ္ခမ္းေပၚ ပြတ္သပ္လိုက္ၿပီး

"ဒါဆိုဘာလို႔ မ်က္ႏွာက မေပ်ာ္ရႊင္တဲ့ပံုႀကီး ျဖစ္ေနရတာလဲ"

ရန္က်ားလိက ေခါင္းလွည့္ၿပီး သူ႔ကို ၾကည့္လာကာ ပါးစပ္ဟလိုက္ေသာ္လည္း မည္သို႔ေသာ စကားမွ ေျပာထြက္မလာဘဲ သက္ျပင္းရွည္ႀကီးသာ ခ်လိုက္ကာ ယဲ့ထင္၏ လည္ပင္းကို ဖက္တြယ္ၿပီး စကားဆိုသည္။

"ပင္ပန္းေနလို႔၊ ငါအိပ္ခ်င္ၿပီ"

ယဲ့ထင္က သူ႔အား မ,ခ်ီလိုက္ၿပီး လူအား ဂရုတစိုက္ႏွင့္ ေစာင္ပံုထဲ ထည့္ေပးလိုက္သည္။

သူသည္ ရန္က်ားလိ၏ မ်က္ႏွာကို မႈန္မိွတ္မေသြ ၾကည့္ေနရင္း ရန္က်ားလိ မ်က္လံုး မိွတ္သြားကာမွ ေလသံေဖ်ာ့ေဖ်ာ့ႏွင့္ ေျပာသည္။

"မနက္ျဖန္ တျခား ခရီးစဥ္ေတာ့ မရိွေတာ့ဘူး။ ကိုယ္မင္းကို တစ္ေနရာ ေခၚသြားေပးမယ္"

ရန္က်ားလိက အိပ္မႈံစံုမႊား ေယာင္ေယာင္ဝါးဝါးႏွင့္

".....ဘယ္ကိုလဲ"

"ကိုယ့္မွာ လက္ထပ္ေတာ့မယ့္ သူငယ္ခ်င္းတစ္ေယာက္ ရိွတယ္။ မနက္ျဖန္ မဂၤလာပြဲ က်င္းပေတာ့မွာ၊ သိပ္လည္း မေဝးဘူး။ ကိုယ့္ကိုလည္း ဖိတ္ထားလို႔"

ရန္က်ားလိက အိပ္တစ္ဝက္ ႏိုးတစ္ဝက္ႏွင့္ ေခါင္းညိတ္လိုက္ကာ လိလိမၼာမၼာႏွင့္ ေျပာသည္။

"ဟုတ္ၿပီ"

ယဲ့ထင္က ၿပံဳးသြားၿပီး သူ႔အစား ေစာင္ကို ေသခ်ာ ၿခံဳေပးလိုက္ကာ ေခါင္းငံု႔ၿပီး သူ႔ႏႈတ္ခမ္းေထာင့္ကို တစ္ခ်က္ နမ္းၿပီးေနာက္ ႏူးညံ့ေသာ ေလသံႏွင့္

"ေပါင္ေပါင္း၊ ဂြတ္ႏိုက္ခ္"

ရန္က်ားလိသည္ မ်က္ဝန္းမ်ားကို မိွတ္ခ်လိုက္ၿပီး တစ္ညတာလံုး အိပ္မက္နတၴိ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားေတာ့သည္။

သူ မသိခဲ့သည္က သူ အိပ္ေပ်ာ္သြားၿပီးေနာက္ ယဲ့ထင္က ကုတင္ေပၚသို႔ တက္မလာဘဲ ေရခ်ိဳးဝတ္ရံု ဝတ္လ်က္ႏွင့္ လသာေဆာင္သို႔ ထြက္သြားခဲ့သည္ကိုပင္။

Las Vegas ၏ ညေလေျပၾကောင့္ ယဲ့ထင္၏ ဆံပင္မ်ားက ရႈပ္ပြေနသည္။ သူ၏ အခ်ိဳးအဆစ္ ထင္ရွားေသာ လက္ေခ်ာင္းမ်ားက စီးကရက္ကို ၫွပ္ကိုင္ထားၿပီး စီးကရက္၏ အခိုးအေငြ့မ်ားၾကား ခႏၶာကိုယ္ထက္၌ က်ူးေက်ာ္ဝင္ေရာက္လာေသာ ေယာက္်ားေဟာ္မုန္းမ်ားႏွယ္ ထႂကြေသာင္းက်န္းေနေသာ အရိုင္းဆန္မႈမ်ားက ပိုလို႔ပင္ ရုပ္လံုးႂကြေနသည္။ သူ၏ နဂိုအေရာင္အဝါၾကား ထိုအရာမ်ားသည္ အေမွာင္ေထာင့္ထဲ ပုန္းေအာင္းေနသကဲ့သို႔ပင္။ ေသြးယိုေနသည့္ သြားစြယ္မ်ားႏွင့္ ဝံပုေလြအလား ေအးစက္ၾကမ္းၾကဳတ္ေနကာ လူတစ္ကိုယ္လံုးက ပို၍ပို၍ နက္နက္နဲနဲ အႏၲရာယ္ မ်ားလာေလသည္။

သူသည္ လက္ထဲမွ စီးကရက္ဘူး ေသးေသးေလးႏွင့္ ကစားေနၿပီး တစ္ညလံုး ေဆးလိပ္ေသာက္ေနခဲ့သည္။

မိုးကုပ္စက္ဝိုင္းက တစ္ဖန္ျပန္လည္ လင္းလက္လာကာမွ သူသည္ ၾကမ္းျပင္အျပည့္ ျဖစ္ေနေသာ စီးကရက္တိုမ်ားကို ရွင္းလင္းပစ္လိုက္သည္။ ရိုးရိုးတန္းတန္း မ်က္ႏွာသစ္ ပလုတ္က်င္းၿပီးေနာက္ ရန္က်ားလိနံေဘး လွဲအိပ္လိုက္ၿပီး ခဏေလာက္ အနားယူလိုက္သည္။

ရန္က်ားလိ ႏိုးလာေသာအခါ လူတစ္ေယာက္က လက္ခ်ဳပ္ အေနာက္တိုင္း ဝတ္စံုႏွစ္စံု လာပို႔ေပးသည္။

တစ္ထည္မွာ အမည္းေျဗာင္ျဖစ္ၿပီး က်န္တစ္ထည္မွာ ေၾကာ့ရွင္းေသာ အျဖဴေရာင္ထည္ျဖစ္သည္။ ပံုစံ အေနအထားမွာလည္း အေတာ္ေလး အတည္ေပါက္ႀကီး ျဖစ္ေနသည္။

ရန္က်ားလိသည္ ထိုဝတ္စံုႏွစ္စံုကို ျမင္သည္ႏွင့္ ရယ္ေနၿပီး ယဲ့ထင္၏ သန္မာေသာ ရင္အုပ္ႂကြက္သားကို ထိုးလိုက္ကာ သေရာ္က်ီစယ္သည္။

"ၾကည့္ဦး၊ ျဖဴမည္းညီေနာင္"

ယဲ့ထင္က ဆြံ႔အသြားၿပီး

".....သူမ်ားရဲ့ မဂၤလာေဆာင္ အခမ္းအနား၊ မဂၤလာ အရိွဆံုး ေန့ကို"

ရန္က်ားလိက ေမးေစ့ကိုကိုင္ရင္း စဥ္းစားၾကည့္ေတာ့ ဒါလည္း ဟုတ္တာပဲဟု ေတြးမိသြားၿပီး စကားလံုးကို ကမန္းကတန္း လွည့္သံုးလိုက္သည္။

"ဒါဆိုလည္း နတ္သားနဲ႔ မေကာင္းဆိုးဝါးေပါ့"

ယဲ့ထင္က ေက်နပ္စြာႏွင့္ ေခါင္းညိတ္လိုက္ၿပီး ရန္က်ားလိအား ရင္ခြင္ထဲ တင္းတင္းက်ပ္က်ပ္ ဖက္ကာ အၾကာႀကီး နမ္းရႈပ္လိုက္ၿပီး ၿပံဳးကာေျပာသည္။

"အဲ့လိုမွ မွန္တာေပါ့။ ကိုယ္က မေကာင္းဆိုးဝါးႀကီး။ မင္းက နတ္ဆိုးရဲ့ ႏွလံုးသားထဲက နတ္သားေလး"

ရန္က်ားလိသည္ ထိုစကားကို အျမင္ကပ္ၿပီး ပံုႀကီးခ်ဲ့ကာ ေဝ့ါခနဲ အသံျပဳသည္။ ထို႔ေနာက္ ကုတင္ေပၚမွ ဆင္းၿပီး အက်ႌ လဲလိုက္သည္။

အက်ႌလဲၿပီး ထြက္လာသည့္အခါ ရန္က်ားလိသည္ သူ႔ေဘာင္းဘီကို ဆြဲလိုက္ၿပီး ၾကည့္မွန္ထဲမွ မိမိကိုယ္ကိုယ္ ၾကည့္ကာ အနည္းငယ္ ကသိကေအာက္ႏွင့္

"ဘာလို႔ဒီေလာက္ အတည္ေပါက္ႀကီး ခ်ဳပ္ထားရတာလဲ။ မသိရင္ လက္ထပ္မယ့္သူက ငါက်ေနတာပဲ။ မဂၤလာေဆာင္မယ့္သူရဲ့ ကာရိုက္တာကို လုယူထားသလိုေတာင္ ျဖစ္ေနၿပီ.....မျဖစ္ဘူး၊ မျဖစ္ဘူး။ ငါတို႔ သာမန္ ဝတ္စံုေလးပဲ လဲဝတ္ၾကရေအာင္"

ယဲ့ထင္က ၿပံဳးကာ ရန္က်ားလိအနား ေလ်ွာက္သြားလိုက္ၿပီး ေလးနက္စြာ ဆိုသည္။

"လဲစရာ မလိုပါဘူး။ ဒီပံုေလးက အေကာင္းဆံုးပဲ"

ရန္က်ားလိက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး

"ဒါေပမဲ့...."

"စိတ္ခ်ပါ"

ယဲ့ထင္က ရန္က်ားလိ၏ နားရြက္ေပၚ နမ္းရႈပ္လိုက္ၿပီး

"ကိုယ့္သူငယ္ခ်င္းက ဒါေတြကို ဂရုမစိုက္ပါဘူး။ ဒီတစ္ေခါက္ေတာ့ ကိုယ္ေျပာတာ နားေထာင္ေနာ္"

ရန္က်ားလိသည္ ဘယ္လိုပဲၾကည့္ၾကည့္ အဆင္မေျပဘူးဟု ထင္ေနေသာ္လည္း ယဲ့ထင္၏ မေလ်ာ့ေသာ ဇြဲႏွင့္ ထြက္ခြာရမည့္ အခ်ိန္ကလည္း နီးကပ္လာေသာေၾကာင့္ ထိုအတိုင္းသာ ထားလိုက္ရေတာ့သည္။

ႏွစ္ေယာက္သားသည္ ကားစီးၿပီး မဂၤလာ အခမ္းအနား က်င္းပရာ ေနရာသို႔ သြားခဲ့ၾကသည္။

ပြဲလာ ဧည့္ပရိသတ္မ်ားသည္ ဧည့္သည္ထိုင္ခံုတြင္ ၿငိမ္သက္စြာ ထိုင္ေနၾကၿပီး ၾကင္စဦး ဇနီးေမာင္ႏွံတို႔သည္ တစ္ေယာက္ၿပီး တစ္ေယာက္ လက္ဆြဲ ႏႈတ္ဆက္ေနၾကသည္။ သူတို႔၏ မ်က္လံုးထဲတြင္ မခြဲခြာႏိုင္ေသာ အခ်စ္သေကၤတမ်ားျဖင့္ ျပည့္လ်ွံေနသည္။ အသက္အရြယ္ ရေနၿပီျဖစ္ေသာ သင္းအုပ္ဆရာသည္ က်မ္းက်ိန္သစၥာကို တည္ၾကည္ေသာ အသံျဖင့္ ေလးနက္စြာ မိန႔္ဆိုသည္။ ထိုးေဖာက္ျမင္ရေသာ ဖန္သား ျပတင္းေပါက္မွတစ္ဆင့္ အျပင္ဘက္မွ ေတာက္ပေသာ အလင္းေရာင္က ထိုးေဖာက္ဝင္လာၿပီး ဖန္သားျပင္ထက္တြင္ ထင္ဟပ္ေနေသာ Holy Bible ရုပ္ထုသည္ ေရွးယခင္ဘဝမ်ားမွ ယခုအခ်ိန္အထိ ေနြးေထြးမႈ၊ ေလးနက္မႈ၊ သိကၡာရိွမႈႏွင့္ သန္႔ရွင္းစင္ၾကယ္မႈစေသာ အရာအားလံုးကို အခ်ိန္အေတာ္ၾကာ ေစာင့္ၾကည့္ေနခဲ့သည္။

ရန္က်ားလိသည္ ပတ္ပတ္လည္မွ လူမ်ား၏ ဝတ္စားဆင္ယင္ပံုကို အကဲခတ္လိုက္ၿပီး မိမိ၏ ခႏၶာကိုယ္ေပၚမွ အဝတ္အစားကို ျပန္ၾကည့္မိေသာအခါ မ်က္ႏွာက နီရဲသြားသည္။

အလြန္ ႂကြားလံုးထုတ္ထားသလို ျဖစ္ေနၿပီး အေတာ္ႀကီးကို ကိုးရိုးကားရား ႏိုင္လွသည္။

သူသည္ ယဲ့ထင္အား တစ္ခ်က္ေလာက္ ကန္ပစ္လိုက္ခ်င္၍ လွည့္ၾကည့္လိုက္ေသာ္လည္း ယဲ့ထင္က တိတ္တိတ္ကေလး ထၿပီး အျပင္ ထြက္သြားသည္ကိုသာ ေတြ့လိုက္ရသည္။

ရန္က်ားလိသည္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး မည္သူကမွ သတိမထားမိေနသည္ကို အခြင့္အေကာင္းယူကာ ခါးကိုင္းလ်က္ႏွင့္ အခမ္းအနားထဲမွ ထြက္လာၿပီး အျပင္ဘက္သို႔ ေရာက္လာသည္။

ယဲ့ထင္သည္ တစ္ကိုယ္လံုးအျပည့္ အနက္ေရာင္ ပြဲတက္ဝတ္စံုကို ဆင္ျမန္းထားၿပီး ေခ်ာေမာ ေျပျပစ္ေနစၿမဲျဖစ္သည္။

သူသည္ လက္ရန္းကို မွီထားၿပီး ခပ္လွမ္းလွမ္းမွ ၿမိဳ႔ျမင္ကြင္းကို ၾကည့္ေနကာ တစ္စံုတစ္ခုကို ေတြးေနသည့္အလား မ်က္လံုးမ်ားက နက္နဲေပြလီေနသည္။

ရန္က်ားလိက သူ႔ထံ ေလ်ွာက္သြားၿပီး ပုတ္လိုက္ကာ

"သူမ်ားရဲ့ မဂၤလာပြဲက ၿပီးေတာင္ မၿပီးေသးဘူး။ မင္းကဘာလို႔ ထြက္လာရတာလဲ"

ယဲ့ထင္က စကားမဆိုဘဲ ေဖ်ာ့ေတာ့ေတာ့ႏွင့္ ႏွစ္ႀကိမ္မ်ွသာ ၿပံဳးလိုက္သည္။

ခဏအၾကာမွ ေခါင္းလွည့္လာၿပီး ရန္က်ားလိကို ၾကည့္ကာ ေထာင္ေပါင္းမ်ားစြာေသာ စိတ္ခံစားမႈမ်ား ေရာေနွာေနသကဲ့သို႔ သူ႔အသံမွာ ၾကမ္းရွေနၿပီး

"ေပါင္ေပါင္း၊ ဘာလို႔ အဲ့ေလာက္ေတာင္ ျမန္ရတာလဲေနာ္။ ရက္သံုးဆယ္က ဘာလို႔ မ်က္စိတစ္မိွတ္ေလးနဲ႔တင္ ျမန္ျမန္ၿပီးသြားရတာလဲ"

ရန္က်ားလိသည္လည္း ေတာင့္တင္းသြားသည္။

ယဲ့ထင္သည္ ရင္ဘတ္ထဲမွ အမည္းေရာင္ စာအုပ္ကို ယူထုတ္လာၿပီး

"အေပၚမွာ ေရးထားတာေတြေတာ့ အားလံုး ၿပီးသေလာက္ နီးပါးျဖစ္ေနၿပီ။ ေနာက္ဆံုးတစ္ခုပဲ က်န္ေတာ့တယ္"

ရန္က်ားလိသည္ သူ႔လက္ထဲမွ စာအုပ္ကို ယူလိုက္ၿပီး ေနာက္ဆံုးစာမ်က္ႏွာကို ဖြဖြကေလး လွန္လိုက္သည္။

အေပၚတြင္ စာေၾကာင္းတစ္ေၾကာင္း ေရးထားသည္___ယခင္က မႈန္႔လ်န္ ရိွလ်ွင္၊ ယခုအခါ ယဲ့ရန္ ရိွပါသည္။ လက္ထပ္ ထိမ္းျမႇားလိုက္လ်ွင္ ထာဝရ တည္တံ့ ခိုင္ၿမဲေနေပေတာ့မည္။

ရန္က်ားလိသည္ ထိုစာတန္းကို ထိလိုက္ၿပီး ၿပံဳးမိသြားသည္။ ထို႔ေနာက္ ႏွာေခါင္းကပါ ခ်ဥ္စူးတက္လာကာ

"တျခားဟာေတြ အားလံုးက အေကာင္အထည္ေဖာ္ဖို႔ လြယ္ေပမယ့္ ဒီတစ္ခုကေတာ့ အခြင့္အေရး မရိွေတာ့ဘူး ထင္ပါတယ္"

ယဲ့ထင္သည္ ေခါင္းယမ္းလိုက္ၿပီး မဂၤလာပြဲ က်င္းပေနေသးေသာ အထဲကို ၫႊန္ျပကာ  ေလသံတိုးႏွင့္

"မင္းၾကည့္၊ ေနရာ၊ ဧည့္သည္၊ သင္းအုပ္ဆရာ....ၿပီးေတာ့ မင္း၊ အခုအားလံုး ဒီမွာ ရိွတယ္ေလ။ ခဏေန ကိုယ့္သူငယ္ခ်င္း မဂၤလာ က်မ္းက်ိန္ၿပီးရင္ ကိုယ္တို႔ကိုလည္း တိုးတိုးတိတ္တိတ္ မဂၤလာပြဲေလး က်င္းပေပးဖို႔ သင္းအုပ္ဆရာကို ေျပာၾကည့္မယ္ေလ။ မင္းေျပာၾကည့္၊ ေကာင္းလား မေကာင္းဘူးလား"

ရန္က်ားလိက စာအုပ္ကို ယဲ့ထင္ဆီ ျပန္ေပးလိုက္ၿပီး ေခါင္းယမ္းသည္။

"မလိုေတာ့ပါဘူး။ ဟန္ေဆာင္တာႀကီးကို"

"ကိစၥ မရိွပါဘူး"

ယဲ့ထင္၏ လက္ေခ်ာင္းက ရန္က်ားလိ ႏႈတ္ခမ္းေပၚ ပြတ္သပ္လိုက္ၿပီး ေလးနက္စြာ ေျပာသည္။

"ဟန္ေဆာင္တာ ဆိုရင္ေတာင္၊ ဘယ္ေတာ့မွ မရိွခဲ့တာထက္စာရင္ ပိုေကာင္းပါတယ္"
.
.
.
.
.
စာေရးသူတြင္ ေျပာစရာရိွသည္။

ဒါနဲ႔၊ အဲ့ထဲက စာေၾကာင္းတစ္ေၾကာင္း၊ ယခင္က မႈန္႔လ်န္ ရိွသည္ ဆိုတာ၊ မူရင္းစာေၾကာင္းက ယခင္က လ်န္မႈန္႔ ရိွသည္ ျဖစ္သင့္တာ။ ဆိုလိုခ်င္တာက လ်န္ဟုန္နဲ႔ မႈန္႔ကြမ္ ဇနီးေမာင္ႏွံ ႏွစ္ေယာက္ရဲ့ အခ်စ္ကို ေဖာ္ၾကဴးခ်င္တာေလ။ "ယဲ့ရန္" ဆိုတဲ့အသံနဲ႔ ကာရန္ကိုက္ေအာင္လို႔ အေနအထား ခ်ိန္းလိုက္ရတယ္~

သတိထားပါ။ ခ်ိဳၿမိန္ျခင္းက လံုးဝကို စမလာေသးပါဘူး။ သၾကားလံုးႀကီးကို တကယ္ ထိုးမိသြားတဲ့ အခ်ိန္က်ရင္ ငါမင္းတို႔ကို ေျပာျပပါ့မယ္~

Translator's Note >>>

ျဖဴမည္းညီေနာင္ (Hei Bai Wu Chang) ဆိုတာ ဟန္လူမ်ိဳးေတြရဲ့ ရိုးရာယဥ္ေက်းမႈေတြထဲက နတ္ဘုရားျဖစ္သလို အေက်ာ္ၾကားဆံုး တစၧေတမန္ ႏွစ္ပါးလည္း ျဖစ္ပါတယ္။ Bai Wu Chang နတ္ဘုရားက အၿမဲတမ္း ၿပံဳးရႊင္ေနၿပီး အရည္ရွည္ရွည္ ပိန္ပိန္ပါးပါးနဲ႔ မ်က္ႏွာက ျဖဴေဖ်ာ့ေနၿပီး ပါးစပ္ကေန လ်ွာအရွည္ႀကီး တြဲေလာင္းက်ေနပါတယ္။ သူ႔ရဲ့ဦးထုပ္ေပၚမွာ "စည္းစိမ္ခ်မ္းသာကို ျမင္လိုက္သည္ႏွင့္" ဆိုတဲ့ စကားလံုး ေရးထိုးထားပါတယ္။ အဲ့ဒီနတ္ဘုရားက ဘုရားသခင္ကို ရိုေသပူေဇာ္တဲ့ လူေတြကို ကံေကာင္းျခင္းေတြ ေဆာင္က်ဥ္းေပးတတ္ပါတယ္။

Hei Wu Chang ရဲ့ မ်က္ႏွာထားကေတာ့ ၾကမ္းၾကဳတ္ေနၿပီး ပြင့္လင္းျမင္သာတဲ့ စိတ္ေနစိတ္ထားရိွပါတယ္။ မ်က္ႏွာက မည္းတူးေနၿပီး ဦးထုပ္ေပၚမွာေတာ့ "ကမ႓ာႀကီးက ၿငိမ္းခ်မ္းေနတယ္" ဆိုတဲ့ စာသားေရးထားပါတယ္။ ဥပေဒကို မလိုက္နာတဲ့ အျပစ္ရိွသူေတြကို လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးမွာ မဟုတ္ဘူးလို႔ ဆိုလိုပါတယ္။ အဲ့ဒီနတ္ဘုရား ႏွစ္ပါးရဲ့ ေျခခ်င္းဝတ္ကို သံႀကိဳးနဲ႔ ခ်ိတ္ထားပါတယ္။ သူတို႔က လူတစ္ေယာက္ရဲ့ ဝိညာဥ္ကို စုပ္ယူႏိုင္တဲ့အထိ အင္အားႀကီးတဲ့ သရဲတစၧေလို႔ ၾကားဖူးပါတယ္။





28/1/2022(Fri)

                           ×××

Continue Reading

You'll Also Like

1.1M 32.4K 48
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
11.3K 1.1K 8
Mini story. Novel Name: Scrooge's love! Author: YadanarMoe399 Category: BL / Romance / Psycho / Seke / Start&End Date: 22.9.21 ကပ်စေးနည်းယောကျာ်း...
1.5M 245K 163
ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က သူ့ကိုဟောင်နေပြီး အန္တရာယ်ပေးဖို့ရန်ကြိ...