𝖲𝗍𝖺𝗋-π–’π—‹π—ˆπ—Œπ—Œπ–Ύπ–½ π–«π—ˆοΏ½...

By --Alcohol--

11.6K 1.6K 191

β€’GyuJin = Vega and Altair β€’ More

β€’1β€’
β€’2β€’
β€’4β€’
β€’5β€’
β€’6β€’
β€’7β€’
β€’8β€’
β€’9β€’
β€’10β€’
β€’11β€’
β€’12β€’
β€’13β€’
β€’14β€’
β€’15β€’
β€’16β€’
β€’17β€’
β€’18β€’
β€’19β€’
β€’20β€’

β€’3β€’

540 70 12
By --Alcohol--


Crushနဲ့ အတူတူ အတန်းရှေ့ထွက်ပြီး စာပြိုင်တွက်ရတဲ့ ခံစားချက်မျိုး ဖြစ်ဖြစ်ဖူးကြလား။ အစိမ်းရောင် ရှိတဲ့ ကျောက်သင်ပုန်းမှာ ဘာတွေမှန်းမသိ ဆရာမေးတဲ့ သင်္ချာပုစ္ဆာကို ရေးခြစ်နေရတာ ဘာအဓိပ္ပာယ်မှမရှိနေဘူး။

သင်္ချာ်ဆို ဂယူဘင်းတို့က အလွတ်ပဲကျက်တာ။ ပုံသေနည်းကိုလဲ အလွတ်ကျက်တာပါပဲ..ဒါပေမဲ့ ပုစ္ဆာပေးရင် မတွက်တတ်တော့တာ အပြစ်လား..။

ဟိုကောင် ချွမ်ရွေ့တောင် သင်္ချာ်ဆို အလွတ်ကျက်တာ၊ သူဘယ်လိုမျိုးဖြေလိုက်လို့ စာမေးပွဲအောင်သွားပြီး သူပဲ ကျကျန်ခဲ့တာလဲ မသိ။

တွေးရင် ရင်ထဲ နာတယ်..။

ဒါပေမဲ့ အဆိုးထဲက အကောင်းလို့သတ်မှတ်ထားပါတယ်။

တစ်ဖက်ခြမ်းမှာ တွက်နေတဲ့ ယူဂျင်းကို ဂယူဘင်းက စောင်းငဲ့ကြည့်လိုက်တယ်။ ဘေးတိုက်မြင်နေရတဲ့ ယူဂျင်းရဲ့ မျက်နှာကြောင့် ဂယူဘင်းရဲ့ ရှိသမျှ သွားတွေက ထိန်းမနိုင် သိမ်းမနိုင်၊ ပြုံးဖြီးကာ တော်တော်ဖြစ်နေရှာတာ။

ဘေးတိုက်တွေ့ရတဲ့ ယူဂျင်းရဲ့ဖောင်းနေတဲ့ပါးတွေက မိုချီလုံးလေးတွေမျိုး..အဲ့မိုချီတွေကို ကိုင်တဲ့အခါ ပျော့စိပျော့စိ ကိုင်လို့ကောင်းပြီး နူးညံ့လိုက်တာဆိုတဲ့ ခံစားချက်မျိုးရမလား။

အဲ့ပါးနှစ်ဖက်ကိုသာ ဂယူဘင်းတို့ စိတ်ရှိတဲ့ အတိုင်းသား အားကနဲ အော်ကာ ဖြစ်ညှစ်လိုက်ရင် တစ်လုံးတစ်ခဲကြီးဖြစ်နေမှာ မြင်ယောင်နေပြီ။

ချစ်ဖို့ကောင်းလိုက်တာနော်.ဘယ်ဘဝက ကျေးဇူးကြောင့် ဒီလိုချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကို ဒီလို အနီးအနားကနေ ကြည့်နေရတာပါလိမ့်။

ပုစ္ဆာက ခက်လို့တယ်ထင်ပါရဲ့၊ မျက်မှောင်ကြုတ်ပြီး စာတွက်နေတဲ့ပုံကိုက အထင်ကြီးချင်စရာပဲ။

ဟောဒီက အစ်က်ိုကြီး ဂယူဘင်းကတော့ စာမှာ အထင်ကြီးစရာတစ်ကွက်မှာတော့မရှိဘူး..ညီလေးရယ်။ ဒါမဲ့..ချစ်တဲ့ နေရာမှာတော့ ဆရာကြီးနော် အထင်ကြီးလိုက်တော့~

အိုမို..

ပေါက်ကရတွေးနေတုန်း..ယူဂျင်းက ဂဏန်းတွေ ချရေးရင်း ချတွက်ရင်း ဂယူဘင်းရှိတဲ့ ကျောက်သင်ပုန်းအခြမ်းကို  စည်းကျော်တော့မယ့်အနေအထား။

ယူဂျင်းက ခက်ခဲတဲ့ သင်္ချာ်ပုစ္ဆာမှာပဲ အာရုံရှိနေတာကြောင့် ဘေးမှာ သူနဲ့အတူတူ သင်္ချာထွက်တွက်နေရတဲ့ ဂယူဘင်းဆိုတဲ့ နှစ်ကျ ကျောင်းသားနားကို တစ်ဖြေးဖြေးရောက်သွားမှန်း မသိပါ။

ပြတင်းပေါက်ကနေ ဝင်လာတဲ့ လေတွေရဲ့ အားကိုးကြောင့်ပဲလားနော်..ယူဂျင်းရဲ့ ဆံပင်ပေါ်က အမွှေးနံ့..ရှန်ပူအနံ့မွှေးမွှေးလေးက ဂယူဘင်းရဲ့ နှာထိပ်ဝမှာ လာကျီစယ်တယ်။

ဘာတံဆိပ်လဲ မသိပေမဲ့ ဂယူဘင်းရဲ့ ရင်ထဲ အေးချမ်းသွားတာပဲ...ပြီးတော့ အနားကပ်လာမှုကြောင့်လဲ ပိုပြီးတော့တောင် ရှန်ပူအနံ့လေးက သင်းနေတယ်။ ပြီးတော့ ကိုယ်သင်းနံ့လို့ပြောရမလား..baby mildအနံ့ကိုလဲ ရသေးတယ်။

အိုက်ဂူး..ဒါကလေးလေးမဟုတ်ဘူးလား။

ဒီလိုအနေအထားကြောင့် ဟိုသီချင်းကိုတောင် သတိရသွားသေးတယ်။ နာမည်ကြီးအဖွဲ့လေ..TXTရဲ့20cm

<ကိုယ်တို့ဘေးချင်းကပ်ရပ်လိုက်တဲ့အခါ
နှာဖျားထိပ်မှာလာကျီစယ်တဲ့ရှန်ပူအနံ့လေး
မင်းရဲ့ဆံနွယ်လေးတွေကို ပွတ်သပ်ပေးချင်လိုက်တာ
မေးဖျားလေးကို မော့ယူပြီး ကျီစယ်ချင်လိုက်တာ>

ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ထဲကလို လေတွေ တစ်ဟူးဟူးတိုက်လာတာကြောင့် ဂယူဘင်းရော ယူဂျင်းရောရဲ့ ဆံပင်တွေက လွှင့်နေမယ်။ ပြတင်းပေါက်လိုက်ကာကလဲ အငြိမ်မနေဖြစ်နေမယ်။ ဒီအခန်းထဲမှာ သူတ်ို့နှစ်ယောက်တည်းသာ ရှိနေမယ်။ TXT boy groupရဲ့ 20cmကတော့ ဇာတ်ဝင်တေးတစ်ပုဒ်ပေါ့။

<လှုပ်ခပ်နေတဲ့ မင်းရဲ့မျက်တောင်မွှေးအရေအတွက်ကိုလဲ..င်္သချာ်ပုံသေနည်းတွေလို အကုန်တစ်ခုချင်း တစ်ဆင့်ချင်းကို အလွတ်ကျက်ပစ်လိုက်ချင်တယ်>

*ဂွက်*

"အမလေးဗျ"

ခေါင်းကို ဂွက်ကနဲ အသံမြည်အောင် သင်္ချာ်ဆရာက ပေတံစာကျွေးလိုက်တာပဲ။

တော်သေးတာပေါ့ ရင်ဘတ်ကို မရိုက်လို့..မဟုတ်လို့ကတော့ ရင်ဘတ်ထဲမှာရှိတဲ့ သူ့ဟန်ယူဂျင်းလေးနာသွားမှဖြင့်။

"မင်းကို သင်္ချာ်တွက်ခိုင်းနေတာ ဟန်ယူဂျင်းကို ပေါက်ထွက် မတတ်ကြည့်ခိုင်းနေတာမဟုတ်ဘူး"

သင်္ချာဆရာက အော်လဲအော်၊ နောက်ထပ် ဂယူဘင်းရဲ့ လက်မောင်းက်ို ပေတံနဲ့ ထပ်ချဖို့လုပ်သည်။

ဆရာရဲ့ မင်းကို သင်္ချာ်တွက်ခိုင်းနေတာ ဟန်ယူဂျင်းကို ပေါက်ထွက် မတတ်ကြည့်ခိုင်းနေတာမဟုတ်ဘူး ဆိုတဲ့ စကား ကြောင့်ပဲ ယူဂျင်းရဲ့ အာရုံဟာ သင်္ချာပုစ္ဆာမှာမရှိတော့ပါ။

ဂယူဘင်းကို နောက်ပြန်လှည့်ကြည့်လိုက်တော့ အတန်းသားတွေရှေ့မှာရော၊crushပူတူးလေးရှေ့မှာပါ အဆော်ခံရလို့ မူပျက်နေတာမျိုးမရှိ..ပုံမှန်အတိုင်းပဲ..။

မျက်နှာထားကတော့ ပြောင်ချော်ချော်တောင်မဟုတ်နေပါ။

ယူဂျင်းရဲ့ နားရွက်ကလေးနှစ်ဖက်က ဝစ်ကနဲ ဆံပင်တွေကြားထဲသိမ်းထားလို့ရရင်သိပ်ကောင်းမှာ...အရမ်းနီရဲနေပြီလေ။


•Star-Crossed Lover•


"ဟယ်လို..အေး..ချွမ်ရွေ့ ဖုန်းခဏပြောလို့ရလား"

[ပြော ဘာလဲ]

"စိတ်မရှည်တဲ့လေသံနဲ့မပြောနဲ့ ဟျောင့်..အေးရတယ် ပြောလေ သူငယ်ချင်း အဲ့လိုပြော"

ဂယူဘင်းက ကုတင်ပေါ်မှာ ခြေရင်းနှင့် ခေါင်းရင်းကို ပြောင်းပြန်လှဲအိပ်ရင်း အမြင်ကတ်စရာကောင်းတဲ့ လေသံနဲ့ပြောလိုက်သည်။

[ကျစ်..ပြောမှာလား မပြောဘူးလား]

"ပြောမယ်ပြောမယ် သူ့စိတ်ချည်းပဲ.."

ချွမ်ရွေ့ ဒီကောင် ဘာကို စိတ်တိုလို့ သူ့လာမဲနေတာလဲမသိ။

"ငါ ကောင်လေးတစ်ယောက်က်ိုချစ်မိနေပြီထင်တယ်..ထင်တယ်မဟုတ်ဘူး ချစ်မိနေပြီ"

[အဲ့တော့..]

"အဲ့တော့ ဘာဖြစ်ရမှာလဲ..လိုက်ရမှာပေါ့..ဒါပေမဲ့ ငါက အဲ့လိုတွေ မကျွမ်းဘူးလေ ..ပြီးတော့ ယူဂျင်းပုံက လိုက်ရဖို့ ခက်ခဲမယ်ထင်တယ် ငါ့ကောင်ရေ၊ သူများတွေနဲ့ အရောလဲ မဝင်ဘူး"

[အဲ့ဒါဆို သူ့ဆီက attention ယူကွာ]

"ဘယ်လိုယူရမှာလဲ..ပြောပြပါဦး"

ဂယူဘင်းက ချွမ်ရွေ့ရဲ့ အဖြေကို မျှော်လင့်တစ်ကြီး စောင့်ဆိုင်းဖို့ လှဲနေရာကနေ ထထိုင်လိုက်သည်။ ပြီးတော့ နူတ်ခမ်းသားကိုလဲ သွားတွေနဲ့ တစ်တိတိကိုက်ဖဲ့ရင်း အလုပ်များနေတယ်။

[အနိုင်ကျင့်တာဖြစ်ဖြစ် စီနီယာအာဏာပြတာဖြစ်ဖြစ်]

"ဟာ ဟေ့ကောင်! ယူဂျင်းကို ငါက ပိုးလေးလို ဥထားမှာကွ"

[ငါဆက်ပြောရမှာလား မပြောရဘူးလား]

"ပြောပါအဖေရယ်...ကြောက်ရတယ် မင့်ကိုလဲ"

[မင်းက နှစ်ကျစီနီယာတစ်ယောက်ပဲ! မင်းမှာ သူ့ကို အာဏာပေးပိုင်ခွင့်ရှိတယ်..ငါ့ကို သင်္ချာ်သင်ပေး၊ ဟိုနားက ဟိုဟာဝယ်ပေး၊ဒီစာအုပ်ကို ဆရာနားနေခန်းထဲ ယူသွားပေးတို့ ဘာတို့]

"..အမ်..ပြီးတော့ရော"

[ပြီးတော့ တည်တည်တံ့တံ့နေစမ်း ကင်မ်ဂယူဘင်း၊ မဟုတ်ရင် သူမင်းကို အထင်သေးသွားလိမ့်မယ်..သူ့ဆီက ခဏခဏattention ယူတတ်အောင်လုပ်ထား၊ သူ့အတွေးထဲ မင်းအကြောင်း ခဏခဏရောက်အောင်လုပ်တတ်ဖို့က မင်းတာဝန်ဖြစ်သွားပြီနော် ဟေ့ကောင်]

"နေပါဦး အဲ့နည်းလမ်းအတိုင်းလုပ်ရင် ယူဂျင်းက ငါ့ပြန်ကြိုက်မှာလား"

[သူ့သွားမေးလေ...ငါသာ ဟန်ယူဂျင်းဆို မင့် မကြိုက်ဘူး]

"ဒီ..."

ဆဲသံတွေ ပလုံစီပြီးနောက် ဂယူဘင်းက ဖုန်းကို ချပစ်လိုက်သည်။

ဒီတစ်ခါမှာတော့ ကုတင်ပေါ်မှာ ပက်လက်ပြန်လှဲချလိုက်ပြီး နဖူးပေါ် လက်တင်ပြီး စဉ်းစားခန်းဖွင့်နေလိုက်တယ်။

ကုတင်ပေါ်မှာ မဆံ့ပဲ အောက်ခြေလွတ်နေတဲ့ ခြေထောက်တစ်ဖက်ကိုလဲ လှုပ်နေသေးတယ်။

အော..ဟုတ်သား..အခုမှ သတိရတယ်။

ဟန်ယူဂျင်းက သူ့ကိုမရယ်ပြပါလား..ဟိုနေ့က ကျိန်းသေမှာထားတာကို..အနောက်လှည့်ပြီး ရယ်ပြပါဆိုတာကို!

ယူဂျင်းလေးက ဆိုးလိုက်တာ..ပြောစကားလဲ နားမထောင်ပါလား။

သူ ဒီလိုနေနေလို့ မဖြစ်သေးပါဘူးလေ..
Contact ထဲမှာ မှတ်ထားတဲ့ ဖုန်းနံပါတ်ကို အမြန်ကောက်နှိပ်လိုက်တယ်။

တစ်တီတီ မြည်သံတွေနဲ့ အတူ ဂယူဘင်းရဲ့ လည်ချောင်းရှင်းသံကိုကြားရလိမ့်မယ်။

ယူဂျင်းက ဖုန်းပြန်ဖြေလို့..သူ့ဖုန်းနံပါတ်ကို ဘယ်ကရတာလဲ မေးရင် ဘယ်လိုဖြေရပါ့။ တကယ်က ဂယူဘင်းက အတန်းပိုင်ဆရာဆီက ဓားပြသွားတိုက်လာတာလေ။

[ဟယ်လို...]

အခုနေ ပြတင်းပေါက်မှာ ခေါင်းလေး ပြူထွက်ကာ ကြည့်မယ်ဆိုရင် ကြယ်က မြေပြင်ပေါ်ကိုကြွေကျသွားတယ် မြင်ရပါလိမ့်မယ်။ ကြယ် ဘာလို့ ကြွေသလဲဆိုတာ ဂယူဘင်း မသိပါ သိလဲမသိချင်ပါ။

ဟယ်လိုတဲ့ ပြန်ဖြေတဲ့ အသံမှာတော့ ဂယူဘင်းရဲ့ နှလုံးသားကတော့ လုံးလုံးကို ကြွေကျသွားပါတော့သည်။


#3.11.2023

Continue Reading

You'll Also Like

49.9K 1K 20
Izuku midoriya was born and raised by the league of villains (l.o.v.) with his boyfriend and best friends. This is the story of how everything happen...
9.1K 1.2K 31
λ„€κ°€ λ¨Όμ € λ‚˜λ₯Ό μ°Ύμ•„λ‚Έλ‹€λ©΄ λ‹€μ‹œ λ‚  μ•ˆμ•„μ€„ κ±°μ•Ό? If you find me first, will you hold me?? Shen Quanrui || Kim Taerae
15.5K 534 19
-Juuzou Suzuya X Reader- (Y/n) (L/n), a young ghoul investigator who graduated at the top of her class is assigned to be partners with Shinohara unti...
5.7K 110 9
Princess Alysanne "Anne" Targaryen is the youngest child of King Viserys I and Queen Alicent Hightower. Twin sister of Daeron Targaryen. Rider of Sil...