ချန်ပါးပါး ဒေါသတကြီးနဲ့ ခြေတစ်ချက်ဆောင့်လိုက်တယ်.... သားဖြစ်သူကို လက်ညိုးငေါက်ငေါက်ထိုးလိုက်ပြီး.....
"စိတ်ရှုပ်စရာပဲ...!!!!"
ချန်မားမား တားဖို့ကြိုးစားလိုက်သော်လည်း ချန်ဇီမင်းက လက်စမသတ်ရသေးတဲ့ အောင်သွယ်စာတွေကို လွှင့်ပစ်လိုက်တယ်....ငွေရောင်အလင်းတစ်ချက် လင်းလက်သွားပြီး တံခါးပေါ်မှာ ဓားတစ်လက် စိုက်ဝင်နေတယ်....လှုပ်ခတ်နေတဲ့ ဓားသွားထက်မှာ အောင်သွယ်စာပေါ်မှာ စာသားအချို့ကပ်ညှိနေတယ်......
"အကုန်ရှင်း သွားပြီ...."
စကားမဆုံးသေးခင်မှာ ချန်မားမားရဲ့ လက်ဝါးက ချန်ဇီမင်းရဲ့ ပါးပြင်ပေါ် အရှိန်ပြင်းစွာကျရောက်လာခဲ့တယ်....ငယ်စဉ်ကတည်းကနေ အခုချိန်ထိ သူ့အမေ အခုလောက် ဒေါသထွက်နေတာမျိုးကို တစ်ခါမှမမြင်ဖူးခဲ့ပေ...ချန်ဇီမင်း ခေါင်းငုံ့ထားတယ်....သူ့အမေကို ဒေါသထွက်အောင် လုပ်မိသူက သူကိုယ်တိုင်ပဲမဟုတ်လား....
ချန်ဇီမင်း အချိန်တစ်ခုကြာတဲ့အထိ ငြိမ်နေခဲ့ပြီး လှည့်ထွက်လာခဲ့တယ်.....
တစ်လအကြာမှာတော့ ယန်လျန်ရဲ့ စစ်တပ်က ကျူးကျော်သူတွေကို အနိုင်ရခဲ့တဲ့သတင်းကြောင့် အရှင်မင်းမြတ် ပျော်ကြီးပျော်နေခဲ့တယ်.....
လူကိုယ်တိုင် နေပြည်တော် ပြန်မရောက်သေးတဲ့အတွက် တရားဝင် ဆုလာဘ်တွေ မချီးမြှင့်ရသေးသည့်တိုင် စစ်သူကြီးယန်လျန်ရဲ့ ဂုဏ်သတင်းက မြို့တော်တစ်ခွင် ပျံံ့နှံ့နေလေပြီ....
ယန်လျန်ရဲ့ တပ်တွေက ရန်သူ့နောက်ကိုလိုက်ရင်း မြေမျက်နှာသွင်ပြီရှုပ်ထွေးတဲ့ ကျင်းဝေတောင် နယ်နိမိတ်ထဲရောက်နေကြောင်း ထိုနေ့မှာပဲ တိုက်ပွဲအခြေနေသတင်းပို့ချက်တစ်စောင်ရောက်လာပြန်တယ်...ဒါဟာ ယေဘူယျအားဖြင့် တိုက်ပွဲပြီးဆုံးကြောင်း သတင်းပို့ ဖြစ်ပြီး ကြီးကျယ်လှတဲ့ အောင်ပွဲတစ်ရပ်ဆိုလဲ မမှားနိုင်ပေ.....
အရှင်မင်းမြတ်က ဝမ်းသာအားရမေးတော်မူတယ်....
"အကယ်၍ အိုက်ချင်းသာဆို ဘာလုပ်မလဲ??"
သတင်းပို့ချက်ရောက်လာချိန်မှာ အရှင့်အနားမှာ ချန်ဇီမင်းတစ်ယောက်တည်းသာရှိနေတယ်...သူငယ်ချင်းဖြစ်သူရဲ့အောင်ပွဲသတင်းကြောင့် ချန်ဇီမင်းလဲ ဝမ်းသာမိပါတယ်...သို့ပေမယ့်လဲ ပထမဆုံးဒီသတင်း ကြားလိုက်မိချိန်မှာ အထီးကျန်တဲ့ခံစားချက်တွေ နှလုံးသားထဲမှာ တဝဲဝဲလည်နေခဲ့တယ်...နောက်ပိုင်းမှာတော့ ယျန်လန်ရဲ့ အောင်မြင်မှုတွေ တစ်စတစ်စကြီးမားလာသလို ချန်ဇီမင်းရဲ့ ခံစားချက်တွေကလဲ လျစ်လျူရှုထားလို့မရတော့လောက်အောင် သိသာထင်ရှားလာခဲ့ပါပြီ...
အရှင့်ရဲ့ မေးခွန်းကို ပြန်ဖြေဖို့အတွက် ချန်ဇီမင်း သေချာစဉ်းစားလိုက်တယ်.....
"ကျွန်တော်မျိုးသာသာ စစ်တပ်ကို ဉီးဆောင်ရမယ်ဆိုမြေပြင်အနေအထားကျွမ်းကျင်သူတစ်ယောက်ကို အရင်ရှာမှာပါ....ဒီအားသားချက်ကို ကောင်းကောင်းအသုံးချနိူင်မယ်ဆို အောင်ပွဲရမှာမလွဲဧကန်ပါပဲ"
ဒီစကားကြားတော့ အရှင့်ရဲ့ မျက်ဝန်းတွေ မသိမသာပြောင်းလဲ သွားတယ်...သူ့အဖြေကြောင့် အရှင် စိတ်ကျေနပ်ရဲ့လား ဒေါသထွက်နေလား ချန်ဇီမင်း အကဲခတ်၍မရနိုင်ခဲ့ပေ....
ခဏနေတော့ အရှင်က ပြုံးလိုက်ပြီး....
"ဆိုတော့ အိုက်ချင်းပြောချင်တဲ့သဘောက စစ်သူကြီးယန်ထက်ပိုတော်တယ်လို့ပြောချင်နေတာလား..??"
အခြေနေမဟန်မှန်း သဘောပေါက်လိုက်တာကြောင့် ချန်ဇီမင်းအတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းပြန်ဖြေလိုက်တယ်....
"ကျွန်တော်မျိုး မဝံ့ရဲကြောင်းပါ...လူတိုင်းမှာ အားသာချက်ကိုယ်စီရှိပါတယ်....ရဲရင့်သူတွေက ရှေ့တန်း တိုက်စစ်နဲ့ သင့်တော်သလို ဗျူဟာကျကျတွေးခေါ်တတ်သူတွေကျတော့ ဝိုင်းရံပိတ်ဆို့တဲ့ တိုက်ပွဲအနေအထားနဲ့ သင့်တော်ကျလို့ ကျွန်တော်မျိုး ယူဆပါတယ်....တပ်သားတွေကို အကောင်းဆုံးအနေအထားနဲ့ တိုက်ပွဲဝင်နိုင်အောင် စစ်သူကြီးယန်သေချာစဉ်းစားထားတယ်လို့ပဲ ကျွန်တော်မျိုးထင်ပါတယ်...."
အရှင်က အပြုံးတစ်ခုနဲ့ ခေါင်းညိတ်လိုက်ပြီး....
"စစ်သူကြီးချန်ကလဲ စစ်သူကြီးတစ်ယောက်မှန်းကိုယ်တော် မထင်ထားမိဘူး....စကားပြော ပွင့်လင်းသားပဲ..."
အရှင်ရဲ့ စိတ်အခြေနေက ဒီနေ့အတော်လေး အံ့သြစရာကောင်းနေသလားလို့....
အရှင့် အပြောတွေကြောင့် ချန်ဇီမင်း ရင်တွေတဒိုင်းဒိုင်းခုန်လာပြီး ဒူးထောက်ချလိုက်တယ်....
"တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ဖို့က စစ်သည်တိုင်းရဲ့တာဝန်ပါပဲ အရှင်...."
ခဏလောက်အံ့အားသင့်နေရင်းကနေ အရှင်က...
" အလျော့ပေးပါများလို့ ကန်းတက်နေတာလား ...."
ချန်ဇီမင်း အံ့သြနေပြီ...ဒီစကားအသုံးအနှုန်းက သာမာန်အရပ်သားတွေသုံးနှုန်းလေ့ရှိတဲ့ ပေါပေါပဲပဲစကားလုံးတွေပါ....တော်ဝင်မိသားစုနဲ့မအပ်တဲ့ ဒီ အသုံးနှုန်းကို အရှင်ဘယ်ကနေများ ကြားထားပါလိမ့်.....အရှင့်ပုံစံက သူပြောတာကို သဘောမတူချင်ပုံရတယ်...ချန်ဇီမင်း အလျော့မပေးဘဲ ဆက်ပြောချင်နေသေးတယ်....
"အရှင်....ဒီငယ်သားက...."
အရှင်က လက်ကိုဝှေ့ယမ်းလိုက်ပြီး....
"ထားလိုက်တော့..ဒီနေ့.ကိုယ်တော် စိတ်ကြည်နေလို့ မောင်မင်းကို အခက်တွေ့အောင်မလုပ်တော့ဘူး..."
ချမ်ဇီမင်း စိတ်ဓာတ်ကျနေပြီ.....အရှင်က နန်းဆောင်ကိုပြန်ဖို့ ပြင်နေရာကနေ ပြန်လှည့်လာပြီး ...
"မောင်မင်းမှာ အရည်အချင်းရှိသားပဲ...ဒါပေမယ့် လောကတစ်ခွင်မှာလုံးမှာလဲ အရည်အချင်းရှိသူတွေ မရေမတွက်နိုင်အောင် ရှိတယ်....မောင်မင်းထက် နိမ့်ကျတဲ့သူမရှိဘူး..."
ချန်ဇီမင်း ဒူးထောက်နေဆဲပင်....ပိုတွေးလေ ထိတ်လန့်မှုက ပိုကြီးမားလာလေပဲ....
အရှင်ရဲ့ စကားတွေက "မင်းမှာအရည်အချင်းတွေမှန်း ငါသိတယ်...ဒါပေမယ့် မင်းကို ငါမသုံးဘူး ကိုယ့်အကြောင်းကိုယ်သိပြီး ဆင်ဆင်ခြင်ခြင်နေ"...ဆိုတဲ့ အဓိပ္ပါယ်မျိုးပဲ မဟုတ်လား.....
သူ့(အရှင့် )လက်အောက်မှာ လူပေါင်းများစွာရှိတယ်....ဒါ့ကြောင့် ချန်ဇီမင်းရဲ့ အရည်အချင်းအစစ်အမှန်ကို ဂရုမစိုက်သလို လိုလဲ မလိုအပ်ကြာင်း သေချာရှင်းလင်းစွာပြောပြသွားခဲ့ခြင်း ဖြစ်လေတယ်.....
[TN:ငလူးဘုရင် ရည်ရွယ်ချက်ရှိရှိနဲ့ မျှင်းသတ်နေတာပဲ.....]
ကြည့်ရတာ အရှင့် သူ့ကို ရာထူးချီးမြှင့်ခဲ့တဲ့ အကြောင်းအရင်းအစစ်အမှန်က အိပ်ယာထဲဆွဲသွင်းဖို့တစ်ခုအပြင် မပိုခဲ့ဘူးပဲ....
ချန်ဇီမင်းရှေ့ကို တည့်တည့်ကြည့်နေရင်းကနေ ပင့်သက်ရှိုက်နေမိတော့တယ်.....
အပြန်လမ်းမှာ ရင်းရင်းနဲ့ ဆုံခဲ့တယ်...နည်းနည်း ရှက်မိပေမယ့်လဲ အပြင်လူတွေအမြင်မှာ သူတို့နှစ်ယောက်က မောင်နှမတွေပဲလေ...ဒါကိုမေ့ထားလို့မှမရတာ...ဒါ့ကြောင့် ချန်ဇီမင်း ရင်းရင်းကို နှုတ်ဆက်ဂါရဝပြုခဲ့ရတယ်....
ကြည့်ရတာ ရင်းရင်း သူ့ကို တစ်ခုခုပြောချင်နေပုံရတယ်...ခဏလောက် တွေဝေနေရင်းကနေ....
"နန်းတွင်းထဲမှာ မကောင်းတဲ့အတင်းအဖျဉ်းတွေ ပြန့်နေတယ်....နင် ဒီထက့်ပိုပြီး ဂရုစိုက်မှဖြစ်မယ်.....
ချန်ဇီမင်း နှလုံးခုန်ရပ်မတတ် လန့်ဖြန့်သွားတယ်.... ဘေးကနေ ဖြတ်လျှောက်သွားတဲ့ ရင်းရင်း ရဲ့ မျက်ဝန်းတွေထဲမှာ စိုးရိမ်နေတဲ့ အရိပ်အယောင်တွေရှိတယ်.. အရှင်နဲ့ သူ့ကြားက ဆက်ဆံရေးအကြောင်း သိချင်နေတာဆို ရင်းရင်းအခုလောက်ထိ တည်ငြိမ်နေမှာမဟုတ်ဘူး....ရင်းရင်းပြောတဲ့ အတင်းအဖျဉ်းဆိုတာ ဘာများပါလိမ့်???
ချန်ပါးပါး နေမကောင်းဖြစ်နေတာကြောင့် သမားတော်ပင့်ထားရတယ်...ချန်ပါးပါး နေထိုင်မကောင်းဖြစ်ရခြင်းအကြောင်းအရင်းကို သမားတော်တောင်မသိပေမယ့် ချန်ဇီမင်း ကတော့ သိနေတယ်...သူ့ကြောင့်ပဲမဟုတ်လား....အတင်းအဖျဉ်းတွေကလဲ အတော်လေး ပြန့်နှံ့နေပြီလေ.....
တစ်ညမှာတော့ ချန်ပါးပါးက လူနာစောင့်ပေးနေတဲ့ သားဖြစ်သူကို ....
"သားလေး...လက်ထပ်လိုက်ပါ....ဒါဆို အတင်းအဖျဉ်းတွေ အကုန်ရပ်သွားလိမ့်မယ်..."
ချန်ပါးပါး သားဖြစ်သူရဲ့ လက်ကို ဆုပ်ကိုင်ထားရင်းကနေ သက်ပြင်းချလိုက်မိတယ်....
ချန်ဇီမင်း မျက်ရာ်အဝဲသားနဲ့ ဒူးထောက်လိုက်ပြီး....
" ကျွန်တော်က သားသမီးဝတ္တရားမကျေပွန်နိူင်တဲ့သားမိုက်ပါ...."
ချန်ပါးပါး သားဖြစ်သူကို ကြည့်လိုက်ပြီး....
"အိမ်ထောင်တစ်ခုထူထောင်ပြီး သားသမီးတွေ မွေးပေးတာက သားသမီးဝတ္တာရားကို အကောင်းဆုံးကျေပွန်တာပဲ......"
ချန်ဇီမင်း ပြန်မဖြေတော့ဘဲ ဆေးခွက်ကို ယူပေးလိုက်ပြီးစကားလမ်းကြောင်းလွှဲလိုက်တယ်...
"အဖေ....ဆေးအရင် သောက်ပြီးမှ ဆက်ပြောကြတာပေါ့...နော်..."
ချန်ပါးပါး သူ့ကို ခဏလောက်စိုက်ကြည့်နေရင်းကနေ တွန်းထုတ်လိုက်ကာ တစ်ဖက်လှည့်သွားခဲ့ပြီး စကားတစ်ခွန်းမှ မပြောတော့ပေ....
ဖယောင်းတိုင်းမီးညွှန့်လေး ယိမ်းနွဲ့နေတယ်....တိတ်ဆိတ်နေမှုကတော့ သံမဏိများသဖွယ်.....
သားအဖနှစ်ယောက်ကြားမှာရှိတဲ့ သိက္ခါတရားတွေက အသက်ရှုကြပ်လောက်တဲ့အထိ လေးလံဖိစီးနေတယ်.... ကျောက်စိမ်းပန်းကန်လုံးထဲက အနက်ရောင်ဆေးရည်တွေကလဲ လေတစ်ချက်ဝှေ့လိုက်တိုင်း လှိုင်းထနေတယ်...ချန်ဇီမင်းရဲ့ စိတ်နှလုံးသားတစ်ခုလုံးလဲသည်လဲ ထိုအတိုင်းသာပင်....
ဟောက်သံကြားတော့မှပဲ ခုကလေးတင် စိတ်ဆိုးဒေါသထွက်နေတဲ့ သူ့အဖေ အိပ်ပျော်သွားမှန်း သိလိုက်ရတယ်.....
တံခါးကို ဖြည်းဖြည်းပိတ်ပြီး အပြင်ထွက်လာတဲ့ ချန်ဇီမင်းကို ချန်မားမားက အသင့်စောင်ကြိုနေတယ်....
"ဘယ်လိုနေသေးလဲ??? ဘာတွေပြော သေးလဲ??"
"ဘာမှ မပြောပါဘူး...အဖေအိပ်ပျော်နေပြီ...ဆေးကတော့ မသောက်ရသေးဘူး...စားပွဲပေါ်မှာ တင်ထားတယ်..."
ချန်ဇီမင်း တစ်ဖက်လှည့်ပြီး အမှောင်ရိပ်ထဲမှာ မျက်နှာဖွက်ထားလိုက်တယ်.....
နောက်တစ်လအကြာမှာ...ယန်လျန်က စစ်တပ်ကိုဉီးဆောင်ပြီး ပြည်တော်ပြန်လာခဲ့ပါပြီ.....
စစ်ပွဲက အလျင်အမြန်ပြီးဆုံးခဲ့လေပြီ...ဟန်လူမျိုးတွေရဲ့ အဓိကအင်အားစုကို အပြတ်အသတ်ရိုက်ချနိုင်ခဲ့ပြီး မင်းဆက်တစ်ခုလုံးရဲ့ ဂုဏ်သရေကို မြှင့်တင်ပေးနိင်ခဲ့တယ်...ဒါ့ကြောင့်လဲ ပြည်သူတစ်ရပ်လုံး တက်ကြွပျော်ရွှင်နေကြတယ်....အရှင်မင်းမြတ်ကိုယ်တိုင် အရာရှိတစ်ရာကျော်ကိုဉီးဆောင်ပြီး ယန်လျန့်ကို ကြိုဆိုနေတယ်.....
စစ်ဆင်ရေးအပြီးမှာ ယန်လျန့်ကို နန်းတွင်းတပ်မှူးအဖြစ်ရာထူးတိုးပေးခဲ့တာကြောင့် ယန်လျန်က နင်းယန်တပ်ရဲ့ တပ်မှူးဖြစ်လာခဲ့တယ်....နောက်ပိုင်းမှာတော့ "နန်းတွင်းတပ်မှုး ရုံးတော်"အဖြစ် လူသိများတဲ့ နန်းတော်ရှေ့ရုံးတော်မှာ တာဝန်ထမ်းဆောင်ခဲ့ရတယ်.....
အရှင်က ယန်လျန့်အတွက် တော်ဝင်စားသောက်ပွဲ ကျင်းပပေးခဲ့ပြီး ရာပေါင်းများစွာသော အရာရှိတွေကိုလဲ ဖိတ်ကြားခဲ့တယ်....
ဒါဟာ ဂုဏ်သရေရှိတဲ့ စစ်သူကြီးတစ်ယောက်ကို ချီးမြှောက်ပေးခြင်းထက်ကျော်လွန်နေတဲ့ ချီးမြှောက်မှုဖြစ်တာကြောင့် တပ်မှူးယန်လျန့်ကို အရှင်ဘယ်လောက်ထိ နှစ်သက်ကြောင်း လူတိုင်း နားလည်နေကြပြီ.....
ယန်လျန့်နားမှာ လူတွေ ဝိုင်းအုံနေတာကိုမြင်တော့ ချန်ဇီမင်း တုံ့ဆိုင်းနေမိတယ်....ထို့နောက် ထိုအနားကို တိတ်တဆိတ်လျှောက်လှမ်းသွားခဲ့တယ်..
အချိုပေါ်နှမ်းဖြူးရတာ လူတိုင်းကြိုက်ကြတယ်လေ.....လူများနေတာကြောင့် လူနည်းနည်းလောက်ကပဲ ချန်ဇီမင်းကို သတိထားမိလိုက်တာ ကံကောင်းတယ်လို့ပဲဆိုရမယ်...တစ်ချို့သော လုပ်ဖော်ကိုင်ဖက်တွေ စကားလာပြောတော့မှသာ ချန်ဇီမင်း ပြုံးပြလိုက်ပြီး ရေလိုက်ငါးလိုက် စကားပြန်ပြောဖြစ်တော့တယ်....
ဒီစားသောက်ပွဲက အစကနေအဆုံးထိ ဆူညံပွက်လောရိုက်နေပြီး လူကိုခေါင်းကိုက်စေတယ်....
သိပ်မကြာခင်မှာပဲ အရှင်က အဝေးတစ်နေရာကနေ ပေါ်လာခဲ့တယ်...သက်ဝင်လှုပ်ရှားနေတဲ့ စားသောက်ပွဲကြောင့် အရှင် စိတ်ကျေနပ်နေပုံရတယ်....
ချန်ဇီမင်းရှေ့က ဟင်းပွဲတွေ အရာမယွင်းသေးပေမယ့်လဲ အိုးထဲမှာတော့ သေရည်တစ်စက်မျှမကျန်တော့ပေ.....
ယန်လျန်ပြန်ရောက်လာပြီးကတည်းက အရှင် ရဲ့ ဆင့်ခေါ်မှုတွေ လျော့နည်းသွားခဲ့တယ်....ဒါဟာကောင်းတဲ့အရာဖြစ်တဲ့အတွက် ယန်လျန် ပေကျင်းမှာပဲတစ်သက်လုံးရှိနေဖို့ ချန်ဇီမင်း ဆုတောင်းနေမိတယ်.....
သို့ပေမယ့်လဲ ချန်ဇီမင်း ယန်လျန့်ကို မတွေ့ချင်သေးပေ....တပ်မှူးသုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ယန်လျန့်ကို မဖြစ်မနေ နှုတ်ဆက်စကားပြောဖို့ ဖခင်ဖြစ်သူက အသည်းအသန်တိုက်တွန်းနေတယ်...လက်ဆောင်ပစ္စည်းတွေအသင့်ပြင်ထားပေးသည့်တိုင် ချန်ဇီမင်းကတော့ ယန်လျန့်ဆီသွားဖို့ နေ့ရွှေ့ ညရွှေ့ လုပ်နေဆဲပါပဲ....
ချန်ပါးပါးတစ်ယောက် ဒေါသထွက်လွန်းလို့ တကိုယ်လုံးတုန်ရီနေပြီ....
"အရာရှိဖြစ်ပြီးကတည်းက ငါ့ကို စိတ်ပျက်အောင် တစ်ခုပြီးတစ်ခု လုပ်နေတော့တာပဲ!!"
ချန်ဇီမင်းတစ်ခွန်းမှပြန်မပြောဘဲ ချန်ပါးပါး ဆူပူကြိမ်းမောင်းသမျှ ငြိမ်ခံနေခဲ့တယ်...သည်းမခံနိုင်တော့တဲ့အခါမျိုးဆို အိမ်ကနေ ခိုးထွက်ပြီး တစ်နေကုန် အရက်သောက်နေလိုက်ပြီး ညဘက်မှသာ အိမ်ပြန်ခဲ့တယ်....
အရက်ဆိုင်ကလူတွေ ချန်ဇီမင်းကို အိမ်ပြန်ပို့တော့ကျတော့ ချန်ပါးပါးမျက်နှာတစ်ခုလုံး စိမ်းပြာနေတယ်...အရက်ဖိုး ရှင်းပေးပြီးတာနဲ့ ချန်ပါးပါး အိမ်ထဲဝင်ပြီး အရက်မူးနေတဲ့ သားဖြစ်သူကို မိသားစုအပြစ်ပေးနည်းအတိုင်း ရိုက်နှက်ပါလေရော...
ချန်းမားမားကတော့ ငိုယိုပြီး တားနေရှာတယ်....
နာကျင်မှုကြောင့် နိုးလာတဲ့ ချန်ဇီမင်းကို ချမ်မားမားက....
"သားလေး သွား..သွား...အခန်းထဲမှာ သွားအိပ်တော့..."
ချန်ဇီမင်း မျက်နှာပေါ်ကာသွေးတွေကို လက်ဖမိုးနဲ့ သုတ်လိုက်ပြီး....
"အဖေ ကျွန်တော့်ကို ရိုက်ချင်နေတယ်မလား...ရိုက်ပါစေ..."
ဒီစကားကြောင့် ချန်ပါးပါး မူးမေ့လဲမတတ်ဖြစ်သွားတယ်...လက်အောက်ငယ်သားတွေကတော့ ချန်ဇီမင်းကို ဂရုဏာသက်နေကြတယ်....
နောက်တစ်နေ့မှာတော့ ဒဏ်ရာတွေပြည့်နေတဲ့ ချန်ဇီမင်းကိုကြည့်ပြီး လူတိုင်း အံ့သြနေကြတယ်..နောက်ဆုံးမှာတော့ ဒီသတင်းက အရှင့်ရွှေနားတော်အထိပေါက်ကြားသွားခဲ့တယ်...အရှင်က ချန်ဇီမင်းကို ခဏခဏကြည့်နေပြီး မနေနိူင်တော့တာကြောင့် နှုတ်ကနေ ထုတ်မေးနေပြီ....
ချန်ဇီမင်းကလဲ မရှက်စတမ်းပြန်ဖြေတယ်....
"ကျွန်တော်မျိုးရဲ့ ဖခင် ရိုက်ထားတာ.."
အရက်သောက်ခြင်းကဲ့သို့သော ပြသာနယအသေးအဖွဲကြောင့် အရိုက်ခံရမှန်း သိသွားတော့ အရှင် ရယ်မောနေတယ်...
"မောင်မင်းရဲ့ အဖေက အသက်ကြီးနေပြီ...ဒါတောင် တစ်ချို့အရာတွေကိုအခုထိ ရှင်းရှင်းလင်းလင်းမသိသေးဘူးပဲ.. အရာရှိတစ်ယောက်က ဘယ်လိုဖြစ်ပြီး အရက်မသောက်ဘဲနေလို့ရမှာလဲ....နည်းနည်းလောက်သောက်တော့ရော သူ ဘာတတ်နိုင်ဉီးမလဲ...ဒါပေမယ့်လဲ ကလေးတစ်ယောက်ကို စည်းကမ်းတင်းကျပ်တာ ကောင်းတဲ့အရာပဲလေ......"
အရှင်က ခဏလောက်စဉ်းစားနေရင်းကနေ ချန်ဇီမင်းကို ငဲ့ကြည့်လိုက်ပြီး....
"ဒီလိုတာဝန်သိတဲ့ ဖခင်မျိုးကို မောင်မင်း တာဝန်ကျေတတ်ရမယ်..."
ပြီးတာနဲ့ အရှင်က ချန်ပါးပါးရဲ့ သားသမီးပေါ်ဆုံးမပဲ့ပြင်တတ်မှုကို ချီးမြှောက်တဲ့အနေနဲ့ ပိုးထည်တစ်ရာ..ဖဲထည်တစ်ရာ ဆုလာဘ်ပေးသနားလိုက်ကြောင်း အမိန့်ပေးခဲ့တယ်...
ချန်ဇီမင်း ထိတ်လန့်တုန်လှုပ်နေပြီး နားမလည်န်ိုင်တော့ပေ.....
ချန်ဇီမင်း ယန်လျန့်ဆီ သွားမတွေ့ရုံနဲ့ သူတို့နှစ်ယောက် မဆုံးနိုင်တော့တာတော့ ဘယ်ဟုတ်မလဲ...
ချန်ဇီမင်း အိမ်ပြန်ရောက်တော့ ချန်ပါပါးက တော်ဝင်ဧည့်သည်တစ်ယောက်နဲ့ ဧည့်ခန်းထဲမှာ ရေနွေးကြမ်းသောက်နေကြတယ်....ထိုသူကတော့ တပ်မှုးသုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ယန်လျန် သာပင်...
အိမ်ပြန်လာတဲ့ သားဖြစ်သူ မျက်နှာပေါ်က ဒဏ်ရာတွေကို မြင်တော့ ချန်ပါးပါး မနေ့ညကအကြောင်းစဉ်းသားမိလိုက်ပြီး စိတ်တွေလေးလံလာတယ်...မျက်နှာထား တင်းထားပေမယ့်လဲ နှာရှုံ့သံသဲ့သဲ့တော့ကြားနေရတယ်...
ယန်လျန် ကမတ်တပ်ထရပ်လိုက်ပြီး...
"ဉီးလေးချန်...အရှင်စိတ်ဆိုးနေတော့မှာပဲ..နောက်ဆို အရက်သောက်တဲ့ အသေးအမွှားပြသာနာလောက်နဲ့ ညီလေးချန်ကို မဆူပါနဲ့..မရိုက်ပါနဲ့...သူလဲ အရာရှိတစ်ယောက်ပဲလေ...အရှင်ပေးတဲ့လစာကိုယူထားတဲ့ အရာရှိတစ်ယောက်...အခုလိုပုံစံမျိုးနဲ့ အပြင်ထွက်တော့ အကုန်လုံးမျက်နှာပျက်စရာတွေဖြစ်ကုန်ပြီ..."
ချန်ပါးပါး ငြိမ်နေတာကိုမြင်တော့ ယန်လျန်က ပြုံးလိုက်ပြီး....
"စကားမစပ် ကျွန်တော်မှာ ကိစ္စလေးရှိသေးလို့ ညီလေးချန်ကို အပြင်ခဏလောက်ခေါ်သွားမယ်နော်..."
နှစ်ယောက်သား အိမ်အပြင်ရောက်တာနဲ့ ယန်လျန်က ချန်ဇီမင်းကို လမ်းတစ်ခုထဲ ဆွဲခေါ်သွားခဲ့တယ်....
ချန်ဇီမင်း မေးလိုက်တယ်...
"ဘယ်သွားမလို့လဲ??"
"အရင်လိုပဲ သွားသောက်ကြမယ်လေ..."
ZawGyi
ခ်န္ပါးပါး ေဒါသတႀကီးနဲ႔ ေျခတစ္ခ်က္ေဆာင့္လိုက္တယ္.... သားျဖစ္သူကို လက္ညိဳးေငါက္ေငါက္ထိုးလိုက္ၿပီး.....
"စိတ္႐ႈပ္စရာပဲ...!!!!"
ခ်န္မားမား တားဖို႔ႀကိဳးစားလိုက္ေသာ္လည္း ခ်န္ဇီမင္းက လက္စမသတ္ရေသးတဲ့ ေအာင္သြယ္စာေတြကို လႊင့္ပစ္လိုက္တယ္....ေငြေရာင္အလင္းတစ္ခ်က္ လင္းလက္သြားၿပီး တံခါးေပၚမွာ ဓားတစ္လက္ စိုက္ဝင္ေနတယ္....လႈပ္ခတ္ေနတဲ့ ဓားသြားထက္မွာ ေအာင္သြယ္စာေပၚမွာ စာသားအခ်ိဳ႕ကပ္ညႇိေနတယ္......
"အကုန္႐ွင္း သြားၿပီ...."
စကားမဆုံးေသးခင္မွာ ခ်န္မားမားရဲ႕ လက္ဝါးက ခ်န္ဇီမင္းရဲ႕ ပါးျပင္ေပၚ အ႐ွိန္ျပင္းစြာက်ေရာက္လာခဲ့တယ္....ငယ္စဥ္ကတည္းကေန အခုခ်ိန္ထိ သူ႕အေမ အခုေလာက္ ေဒါသထြက္ေနတာမ်ိဳးကို တစ္ခါမွမျမင္ဖူးခဲ့ေပ...ခ်န္ဇီမင္း ေခါင္းငုံ႔ထားတယ္....သူ႕အေမကို ေဒါသထြက္ေအာင္ လုပ္မိသူက သူကိုယ္တိုင္ပဲမဟုတ္လား....
ခ်န္ဇီမင္း အခ်ိန္တစ္ခုၾကာတဲ့အထိ ၿငိမ္ေနခဲ့ၿပီး လွည့္ထြက္လာခဲ့တယ္.....
တစ္လအၾကာမွာေတာ့ ယန္လ်န္ရဲ႕ စစ္တပ္က က်ဴးေက်ာ္သူေတြကို အႏိုင္ရခဲ့တဲ့သတင္းေၾကာင့္ အ႐ွင္မင္းျမတ္ ေပ်ာ္ႀကီးေပ်ာ္ေနခဲ့တယ္.....
လူကိုယ္တိုင္ ေနျပည္ေတာ္ ျပန္မေရာက္ေသးတဲ့အတြက္ တရားဝင္ ဆုလာဘ္ေတြ မခ်ီးျမႇင့္ရေသးသည့္တိုင္ စစ္သူႀကီးယန္လ်န္ရဲ႕ ဂုဏ္သတင္းက ၿမိဳ႕ေတာ္တစ္ခြင္ ပ်ံံ႕ႏွံ႔ေနေလၿပီ....
ယန္လ်န္ရဲ႕ တပ္ေတြက ရန္သူ႕ေနာက္ကိုလိုက္ရင္း ေျမမ်က္ႏွာသြင္ၿပီ႐ႈပ္ေထြးတဲ့ က်င္းေဝေတာင္ နယ္နိမိတ္ထဲေရာက္ေနေၾကာင္း ထိုေန႔မွာပဲ တိုက္ပြဲအေျခေနသတင္းပို႔ခ်က္တစ္ေစာင္ေရာက္လာျပန္တယ္...ဒါဟာ ေယဘူယ်အားျဖင့္ တိုက္ပြဲၿပီးဆုံးေၾကာင္း သတင္းပို႔ ျဖစ္ၿပီး ႀကီးက်ယ္လွတဲ့ ေအာင္ပြဲတစ္ရပ္ဆိုလဲ မမွားႏိုင္ေပ.....
အ႐ွင္မင္းျမတ္က ဝမ္းသာအားရေမးေတာ္မူတယ္....
"အကယ္၍ အိုက္ခ်င္းသာဆို ဘာလုပ္မလဲ??"
သတင္းပို႔ခ်က္ေရာက္လာခ်ိန္မွာ အ႐ွင့္အနားမွာ ခ်န္ဇီမင္းတစ္ေယာက္တည္းသာ႐ွိေနတယ္...သူငယ္ခ်င္းျဖစ္သူရဲ႕ေအာင္ပြဲသတင္းေၾကာင့္ ခ်န္ဇီမင္းလဲ ဝမ္းသာမိပါတယ္...သို႔ေပမယ့္လဲ ပထမဆုံးဒီသတင္း ၾကားလိုက္မိခ်ိန္မွာ အထီးက်န္တဲ့ခံစားခ်က္ေတြ ႏွလုံးသားထဲမွာ တဝဲဝဲလည္ေနခဲ့တယ္...ေနာက္ပိုင္းမွာေတာ့ ယ်န္လန္ရဲ႕ ေအာင္ျမင္မႈေတြ တစ္စတစ္စႀကီးမားလာသလို ခ်န္ဇီမင္းရဲ႕ ခံစားခ်က္ေတြကလဲ လ်စ္လ်ဴ႐ႈထားလို႔မရေတာ့ေလာက္ေအာင္ သိသာထင္႐ွားလာခဲ့ပါၿပီ...
အ႐ွင့္ရဲ႕ ေမးခြန္းကို ျပန္ေျဖဖို႔အတြက္ ခ်န္ဇီမင္း ေသခ်ာစဥ္းစားလိုက္တယ္.....
"ကြၽန္ေတာ္မ်ိဳးသာသာ စစ္တပ္ကို ဉီးေဆာင္ရမယ္ဆိုေျမျပင္အေနအထားကြၽမ္းက်င္သူတစ္ေယာက္ကို အရင္႐ွာမွာပါ....ဒီအားသားခ်က္ကို ေကာင္းေကာင္းအသုံးခ်ႏိူင္မယ္ဆို ေအာင္ပြဲရမွာမလြဲဧကန္ပါပဲ"
ဒီစကားၾကားေတာ့ အ႐ွင့္ရဲ႕ မ်က္ဝန္းေတြ မသိမသာေျပာင္းလဲ သြားတယ္...သူ႕အေျဖေၾကာင့္ အ႐ွင္ စိတ္ေက်နပ္ရဲ႕လား ေဒါသထြက္ေနလား ခ်န္ဇီမင္း အကဲခတ္၍မရႏိုင္ခဲ့ေပ....
ခဏေနေတာ့ အ႐ွင္က ျပဳံးလိုက္ၿပီး....
"ဆိုေတာ့ အိုက္ခ်င္းေျပာခ်င္တဲ့သေဘာက စစ္သူႀကီးယန္ထက္ပိုေတာ္တယ္လို႔ေျပာခ်င္ေနတာလား..??"
အေျခေနမဟန္မွန္း သေဘာေပါက္လိုက္တာေၾကာင့္ ခ်န္ဇီမင္းအတတ္ႏိုင္ဆုံး ထိန္းထိန္းသိမ္းသိမ္းျပန္ေျဖလိုက္တယ္....
"ကြၽန္ေတာ္မ်ိဳး မဝံ့ရဲေၾကာင္းပါ...လူတိုင္းမွာ အားသာခ်က္ကိုယ္စီ႐ွိပါတယ္....ရဲရင့္သူေတြက ေ႐ွ႕တန္း တိုက္စစ္နဲ႔ သင့္ေတာ္သလို ဗ်ဴဟာက်က်ေတြးေခၚတတ္သူေတြက်ေတာ့ ဝိုင္းရံပိတ္ဆို႔တဲ့ တိုက္ပြဲအေနအထားနဲ႔ သင့္ေတာ္က်လို႔ ကြၽန္ေတာ္မ်ိဳး ယူဆပါတယ္....တပ္သားေတြကို အေကာင္းဆုံးအေနအထားနဲ႔ တိုက္ပြဲဝင္ႏိုင္ေအာင္ စစ္သူႀကီးယန္ေသခ်ာစဥ္းစားထားတယ္လို႔ပဲ ကြၽန္ေတာ္မ်ိဳးထင္ပါတယ္...."
အ႐ွင္က အျပဳံးတစ္ခုနဲ႔ ေခါင္းညိတ္လိုက္ၿပီး....
"စစ္သူႀကီးခ်န္ကလဲ စစ္သူႀကီးတစ္ေယာက္မွန္းကိုယ္ေတာ္ မထင္ထားမိဘူး....စကားေျပာ ပြင့္လင္းသားပဲ..."
အ႐ွင္ရဲ႕ စိတ္အေျခေနက ဒီေန႔အေတာ္ေလး အံ့ၾသစရာေကာင္းေနသလားလို႔....
အ႐ွင့္ အေျပာေတြေၾကာင့္ ခ်န္ဇီမင္း ရင္ေတြတဒိုင္းဒိုင္းခုန္လာၿပီး ဒူးေထာက္ခ်လိုက္တယ္....
"တိုင္းျပည္ကို ကာကြယ္ေစာင့္ေ႐ွာက္ဖို႔က စစ္သည္တိုင္းရဲ႕တာဝန္ပါပဲ အ႐ွင္...."
ခဏေလာက္အံ့အားသင့္ေနရင္းကေန အ႐ွင္က...
" အေလ်ာ့ေပးပါမ်ားလို႔ ကန္းတက္ေနတာလား ...."
ခ်န္ဇီမင္း အံ့ၾသေနၿပီ...ဒီစကားအသုံးအႏႈန္းက သာမာန္အရပ္သားေတြသုံးႏႈန္းေလ့႐ွိတဲ့ ေပါေပါပဲပဲစကားလုံးေတြပါ....ေတာ္ဝင္မိသားစုနဲ႔မအပ္တဲ့ ဒီ အသုံးႏႈန္းကို အ႐ွင္ဘယ္ကေနမ်ား ၾကားထားပါလိမ့္.....အ႐ွင့္ပုံစံက သူေျပာတာကို သေဘာမတူခ်င္ပုံရတယ္...ခ်န္ဇီမင္း အေလ်ာ့မေပးဘဲ ဆက္ေျပာခ်င္ေနေသးတယ္....
"အ႐ွင္....ဒီငယ္သားက...."
အ႐ွင္က လက္ကိုေဝွ႔ယမ္းလိုက္ၿပီး....
"ထားလိုက္ေတာ့..ဒီေန႔.ကိုယ္ေတာ္ စိတ္ၾကည္ေနလို႔ ေမာင္မင္းကို အခက္ေတြ႕ေအာင္မလုပ္ေတာ့ဘူး..."
ခ်မ္ဇီမင္း စိတ္ဓာတ္က်ေနၿပီ.....အ႐ွင္က နန္းေဆာင္ကိုျပန္ဖို႔ ျပင္ေနရာကေန ျပန္လွည့္လာၿပီး ...
"ေမာင္မင္းမွာ အရည္အခ်င္း႐ွိသားပဲ...ဒါေပမယ့္ ေလာကတစ္ခြင္မွာလုံးမွာလဲ အရည္အခ်င္း႐ွိသူေတြ မေရမတြက္ႏိုင္ေအာင္ ႐ွိတယ္....ေမာင္မင္းထက္ နိမ့္က်တဲ့သူမ႐ွိဘူး..."
ခ်န္ဇီမင္း ဒူးေထာက္ေနဆဲပင္....ပိုေတြးေလ ထိတ္လန္႔မႈက ပိုႀကီးမားလာေလပဲ....
အ႐ွင္ရဲ႕ စကားေတြက "မင္းမွာအရည္အခ်င္းေတြမွန္း ငါသိတယ္...ဒါေပမယ့္ မင္းကို ငါမသုံးဘူး ကိုယ့္အေၾကာင္းကိုယ္သိၿပီး ဆင္ဆင္ျခင္ျခင္ေန"...ဆိုတဲ့ အဓိပၸါယ္မ်ိဳးပဲ မဟုတ္လား.....
သူ႕(အ႐ွင့္ )လက္ေအာက္မွာ လူေပါင္းမ်ားစြာ႐ွိတယ္....ဒါ့ေၾကာင့္ ခ်န္ဇီမင္းရဲ႕ အရည္အခ်င္းအစစ္အမွန္ကို ဂ႐ုမစိုက္သလို လိုလဲ မလိုအပ္ၾကာင္း ေသခ်ာ႐ွင္းလင္းစြာေျပာျပသြားခဲ့ျခင္း ျဖစ္ေလတယ္.....
[TN:ငလူးဘုရင္ ရည္႐ြယ္ခ်က္႐ွိ႐ွိနဲ႔ မွ်င္းသတ္ေနတာပဲ.....]
ၾကည့္ရတာ အ႐ွင့္ သူ႕ကို ရာထူးခ်ီးျမႇင့္ခဲ့တဲ့ အေၾကာင္းအရင္းအစစ္အမွန္က အိပ္ယာထဲဆြဲသြင္းဖို႔တစ္ခုအျပင္ မပိုခဲ့ဘူးပဲ....
ခ်န္ဇီမင္းေ႐ွ႕ကို တည့္တည့္ၾကည့္ေနရင္းကေန ပင့္သက္႐ိႈက္ေနမိေတာ့တယ္.....
အျပန္လမ္းမွာ ရင္းရင္းနဲ႔ ဆုံခဲ့တယ္...နည္းနည္း ႐ွက္မိေပမယ့္လဲ အျပင္လူေတြအျမင္မွာ သူတို႔ႏွစ္ေယာက္က ေမာင္ႏွမေတြပဲေလ...ဒါကိုေမ့ထားလို႔မွမရတာ...ဒါ့ေၾကာင့္ ခ်န္ဇီမင္း ရင္းရင္းကို ႏႈတ္ဆက္ဂါရဝျပဳခဲ့ရတယ္....
ၾကည့္ရတာ ရင္းရင္း သူ႕ကို တစ္ခုခုေျပာခ်င္ေနပုံရတယ္...ခဏေလာက္ ေတြေဝေနရင္းကေန....
"နန္းတြင္းထဲမွာ မေကာင္းတဲ့အတင္းအဖ်ဥ္းေတြ ျပန္႔ေနတယ္....နင္ ဒီထက့္ပိုၿပီး ဂ႐ုစိုက္မွျဖစ္မယ္.....
ခ်န္ဇီမင္း ႏွလုံးခုန္ရပ္မတတ္ လန္႔ျဖန္႔သြားတယ္.... ေဘးကေန ျဖတ္ေလွ်ာက္သြားတဲ့ ရင္းရင္း ရဲ႕ မ်က္ဝန္းေတြထဲမွာ စိုးရိမ္ေနတဲ့ အရိပ္အေယာင္ေတြ႐ွိတယ္.. အ႐ွင္နဲ႔ သူ႕ၾကားက ဆက္ဆံေရးအေၾကာင္း သိခ်င္ေနတာဆို ရင္းရင္းအခုေလာက္ထိ တည္ၿငိမ္ေနမွာမဟုတ္ဘူး....ရင္းရင္းေျပာတဲ့ အတင္းအဖ်ဥ္းဆိုတာ ဘာမ်ားပါလိမ့္???
ခ်န္ပါးပါး ေနမေကာင္းျဖစ္ေနတာေၾကာင့္ သမားေတာ္ပင့္ထားရတယ္...ခ်န္ပါးပါး ေနထိုင္မေကာင္းျဖစ္ရျခင္းအေၾကာင္းအရင္းကို သမားေတာ္ေတာင္မသိေပမယ့္ ခ်န္ဇီမင္း ကေတာ့ သိေနတယ္...သူ႕ေၾကာင့္ပဲမဟုတ္လား....အတင္းအဖ်ဥ္းေတြကလဲ အေတာ္ေလး ျပန္႔ႏွံ႔ေနၿပီေလ.....
တစ္ညမွာေတာ့ ခ်န္ပါးပါးက လူနာေစာင့္ေပးေနတဲ့ သားျဖစ္သူကို ....
"သားေလး...လက္ထပ္လိုက္ပါ....ဒါဆို အတင္းအဖ်ဥ္းေတြ အကုန္ရပ္သြားလိမ့္မယ္..."
ခ်န္ပါးပါး သားျဖစ္သူရဲ႕ လက္ကို ဆုပ္ကိုင္ထားရင္းကေန သက္ျပင္းခ်လိုက္မိတယ္....
ခ်န္ဇီမင္း မ်က္ရာ္အဝဲသားနဲ႔ ဒူးေထာက္လိုက္ၿပီး....
" ကြၽန္ေတာ္က သားသမီးဝတၱရားမေက်ပြန္ႏိူင္တဲ့သားမိုက္ပါ...."
ခ်န္ပါးပါး သားျဖစ္သူကို ၾကည့္လိုက္ၿပီး....
"အိမ္ေထာင္တစ္ခုထူေထာင္ၿပီး သားသမီးေတြ ေမြးေပးတာက သားသမီးဝတၱာရားကို အေကာင္းဆုံးေက်ပြန္တာပဲ......"
ခ်န္ဇီမင္း ျပန္မေျဖေတာ့ဘဲ ေဆးခြက္ကို ယူေပးလိုက္ၿပီးစကားလမ္းေၾကာင္းလႊဲလိုက္တယ္...
"အေဖ....ေဆးအရင္ ေသာက္ၿပီးမွ ဆက္ေျပာၾကတာေပါ့...ေနာ္..."
ခ်န္ပါးပါး သူ႕ကို ခဏေလာက္စိုက္ၾကည့္ေနရင္းကေန တြန္းထုတ္လိုက္ကာ တစ္ဖက္လွည့္သြားခဲ့ၿပီး စကားတစ္ခြန္းမွ မေျပာေတာ့ေပ....
ဖေယာင္းတိုင္းမီးၫႊန္႔ေလး ယိမ္းႏြဲ႕ေနတယ္....တိတ္ဆိတ္ေနမႈကေတာ့ သံမဏိမ်ားသဖြယ္.....
သားအဖႏွစ္ေယာက္ၾကားမွာ႐ွိတဲ့ သိကၡါတရားေတြက အသက္႐ႈၾကပ္ေလာက္တဲ့အထိ ေလးလံဖိစီးေနတယ္.... ေက်ာက္စိမ္းပန္းကန္လုံးထဲက အနက္ေရာင္ေဆးရည္ေတြကလဲ ေလတစ္ခ်က္ေဝွ႔လိုက္တိုင္း လိႈင္းထေနတယ္...ခ်န္ဇီမင္းရဲ႕ စိတ္ႏွလုံးသားတစ္ခုလုံးလဲသည္လဲ ထိုအတိုင္းသာပင္....
ေဟာက္သံၾကားေတာ့မွပဲ ခုကေလးတင္ စိတ္ဆိုးေဒါသထြက္ေနတဲ့ သူ႕အေဖ အိပ္ေပ်ာ္သြားမွန္း သိလိုက္ရတယ္.....
တံခါးကို ျဖည္းျဖည္းပိတ္ၿပီး အျပင္ထြက္လာတဲ့ ခ်န္ဇီမင္းကို ခ်န္မားမားက အသင့္ေစာင္ႀကိဳေနတယ္....
"ဘယ္လိုေနေသးလဲ??? ဘာေတြေျပာ ေသးလဲ??"
"ဘာမွ မေျပာပါဘူး...အေဖအိပ္ေပ်ာ္ေနၿပီ...ေဆးကေတာ့ မေသာက္ရေသးဘူး...စားပြဲေပၚမွာ တင္ထားတယ္..."
ခ်န္ဇီမင္း တစ္ဖက္လွည့္ၿပီး အေမွာင္ရိပ္ထဲမွာ မ်က္ႏွာဖြက္ထားလိုက္တယ္.....
ေနာက္တစ္လအၾကာမွာ...ယန္လ်န္က စစ္တပ္ကိုဉီးေဆာင္ၿပီး ျပည္ေတာ္ျပန္လာခဲ့ပါၿပီ.....
စစ္ပြဲက အလ်င္အျမန္ၿပီးဆုံးခဲ့ေလၿပီ...ဟန္လူမ်ိဳးေတြရဲ႕ အဓိကအင္အားစုကို အျပတ္အသတ္႐ိုက္ခ်ႏိုင္ခဲ့ၿပီး မင္းဆက္တစ္ခုလုံးရဲ႕ ဂုဏ္သေရကို ျမႇင့္တင္ေပးနိင္ခဲ့တယ္...ဒါ့ေၾကာင့္လဲ ျပည္သူတစ္ရပ္လုံး တက္ႂကြေပ်ာ္႐ႊင္ေနၾကတယ္....အ႐ွင္မင္းျမတ္ကိုယ္တိုင္ အရာ႐ွိတစ္ရာေက်ာ္ကိုဉီးေဆာင္ၿပီး ယန္လ်န္႔ကို ႀကိဳဆိုေနတယ္.....
စစ္ဆင္ေရးအၿပီးမွာ ယန္လ်န္႔ကို နန္းတြင္းတပ္မႉးအျဖစ္ရာထူးတိုးေပးခဲ့တာေၾကာင့္ ယန္လ်န္က နင္းယန္တပ္ရဲ႕ တပ္မႉးျဖစ္လာခဲ့တယ္....ေနာက္ပိုင္းမွာေတာ့ "နန္းတြင္းတပ္မႈး ႐ုံးေတာ္"အျဖစ္ လူသိမ်ားတဲ့ နန္းေတာ္ေ႐ွ႕႐ုံးေတာ္မွာ တာဝန္ထမ္းေဆာင္ခဲ့ရတယ္.....
အ႐ွင္က ယန္လ်န္႔အတြက္ ေတာ္ဝင္စားေသာက္ပြဲ က်င္းပေပးခဲ့ၿပီး ရာေပါင္းမ်ားစြာေသာ အရာ႐ွိေတြကိုလဲ ဖိတ္ၾကားခဲ့တယ္....
ဒါဟာ ဂုဏ္သေရ႐ွိတဲ့ စစ္သူႀကီးတစ္ေယာက္ကို ခ်ီးေျမႇာက္ေပးျခင္းထက္ေက်ာ္လြန္ေနတဲ့ ခ်ီးေျမႇာက္မႈျဖစ္တာေၾကာင့္ တပ္မႉးယန္လ်န္႔ကို အ႐ွင္ဘယ္ေလာက္ထိ ႏွစ္သက္ေၾကာင္း လူတိုင္း နားလည္ေနၾကၿပီ.....
ယန္လ်န္႔နားမွာ လူေတြ ဝိုင္းအုံေနတာကိုျမင္ေတာ့ ခ်န္ဇီမင္း တုံ႔ဆိုင္းေနမိတယ္....ထို႔ေနာက္ ထိုအနားကို တိတ္တဆိတ္ေလွ်ာက္လွမ္းသြားခဲ့တယ္..
အခ်ိဳေပၚႏွမ္းျဖဴးရတာ လူတိုင္းႀကိဳက္ၾကတယ္ေလ.....လူမ်ားေနတာေၾကာင့္ လူနည္းနည္းေလာက္ကပဲ ခ်န္ဇီမင္းကို သတိထားမိလိုက္တာ ကံေကာင္းတယ္လို႔ပဲဆိုရမယ္...တစ္ခ်ိဳ႕ေသာ လုပ္ေဖာ္ကိုင္ဖက္ေတြ စကားလာေျပာေတာ့မွသာ ခ်န္ဇီမင္း ျပဳံးျပလိုက္ၿပီး ေရလိုက္ငါးလိုက္ စကားျပန္ေျပာျဖစ္ေတာ့တယ္....
ဒီစားေသာက္ပြဲက အစကေနအဆုံးထိ ဆူညံပြက္ေလာ႐ိုက္ေနၿပီး လူကိုေခါင္းကိုက္ေစတယ္....
သိပ္မၾကာခင္မွာပဲ အ႐ွင္က အေဝးတစ္ေနရာကေန ေပၚလာခဲ့တယ္...သက္ဝင္လႈပ္႐ွားေနတဲ့ စားေသာက္ပြဲေၾကာင့္ အ႐ွင္ စိတ္ေက်နပ္ေနပုံရတယ္....
ခ်န္ဇီမင္းေ႐ွ႕က ဟင္းပြဲေတြ အရာမယြင္းေသးေပမယ့္လဲ အိုးထဲမွာေတာ့ ေသရည္တစ္စက္မွ်မက်န္ေတာ့ေပ.....
ယန္လ်န္ျပန္ေရာက္လာၿပီးကတည္းက အ႐ွင္ ရဲ႕ ဆင့္ေခၚမႈေတြ ေလ်ာ့နည္းသြားခဲ့တယ္....ဒါဟာေကာင္းတဲ့အရာျဖစ္တဲ့အတြက္ ယန္လ်န္ ေပက်င္းမွာပဲတစ္သက္လုံး႐ွိေနဖို႔ ခ်န္ဇီမင္း ဆုေတာင္းေနမိတယ္.....
သို႔ေပမယ့္လဲ ခ်န္ဇီမင္း ယန္လ်န္႔ကို မေတြ႕ခ်င္ေသးေပ....တပ္မႉးသုံးေယာက္ထဲက တစ္ေယာက္ျဖစ္တဲ့ ယန္လ်န္႔ကို မျဖစ္မေန ႏႈတ္ဆက္စကားေျပာဖို႔ ဖခင္ျဖစ္သူက အသည္းအသန္တိုက္တြန္းေနတယ္...လက္ေဆာင္ပစၥည္းေတြအသင့္ျပင္ထားေပးသည့္တိုင္ ခ်န္ဇီမင္းကေတာ့ ယန္လ်န္႔ဆီသြားဖို႔ ေန႔ေ႐ႊ႕ ညေ႐ႊ႕ လုပ္ေနဆဲပါပဲ....
ခ်န္ပါးပါးတစ္ေယာက္ ေဒါသထြက္လြန္းလို႔ တကိုယ္လုံးတုန္ရီေနၿပီ....
"အရာ႐ွိျဖစ္ၿပီးကတည္းက ငါ့ကို စိတ္ပ်က္ေအာင္ တစ္ခုၿပီးတစ္ခု လုပ္ေနေတာ့တာပဲ!!"
ခ်န္ဇီမင္းတစ္ခြန္းမွျပန္မေျပာဘဲ ခ်န္ပါးပါး ဆူပူႀကိမ္းေမာင္းသမွ် ၿငိမ္ခံေနခဲ့တယ္...သည္းမခံႏိုင္ေတာ့တဲ့အခါမ်ိဳးဆို အိမ္ကေန ခိုးထြက္ၿပီး တစ္ေနကုန္ အရက္ေသာက္ေနလိုက္ၿပီး ညဘက္မွသာ အိမ္ျပန္ခဲ့တယ္....
အရက္ဆိုင္ကလူေတြ ခ်န္ဇီမင္းကို အိမ္ျပန္ပို႔ေတာ့က်ေတာ့ ခ်န္ပါးပါးမ်က္ႏွာတစ္ခုလုံး စိမ္းျပာေနတယ္...အရက္ဖိုး ႐ွင္းေပးၿပီးတာနဲ႔ ခ်န္ပါးပါး အိမ္ထဲဝင္ၿပီး အရက္မူးေနတဲ့ သားျဖစ္သူကို မိသားစုအျပစ္ေပးနည္းအတိုင္း ႐ိုက္ႏွက္ပါေလေရာ...
ခ်န္းမားမားကေတာ့ ငိုယိုၿပီး တားေန႐ွာတယ္....
နာက်င္မႈေၾကာင့္ ႏိုးလာတဲ့ ခ်န္ဇီမင္းကို ခ်မ္မားမားက....
"သားေလး သြား..သြား...အခန္းထဲမွာ သြားအိပ္ေတာ့..."
ခ်န္ဇီမင္း မ်က္ႏွာေပၚကာေသြးေတြကို လက္ဖမိုးနဲ႔ သုတ္လိုက္ၿပီး....
"အေဖ ကြၽန္ေတာ္႕ကို ႐ိုက္ခ်င္ေနတယ္မလား...႐ိုက္ပါေစ..."
ဒီစကားေၾကာင့္ ခ်န္ပါးပါး မူးေမ့လဲမတတ္ျဖစ္သြားတယ္...လက္ေအာက္ငယ္သားေတြကေတာ့ ခ်န္ဇီမင္းကို ဂ႐ုဏာသက္ေနၾကတယ္....
ေနာက္တစ္ေန႔မွာေတာ့ ဒဏ္ရာေတြျပည့္ေနတဲ့ ခ်န္ဇီမင္းကိုၾကည့္ၿပီး လူတိုင္း အံ့ၾသေနၾကတယ္..ေနာက္ဆုံးမွာေတာ့ ဒီသတင္းက အ႐ွင့္ေ႐ႊနားေတာ္အထိေပါက္ၾကားသြားခဲ့တယ္...အ႐ွင္က ခ်န္ဇီမင္းကို ခဏခဏၾကည့္ေနၿပီး မေနႏိူင္ေတာ့တာေၾကာင့္ ႏႈတ္ကေန ထုတ္ေမးေနၿပီ....
ခ်န္ဇီမင္းကလဲ မ႐ွက္စတမ္းျပန္ေျဖတယ္....
"ကြၽန္ေတာ္မ်ိဳးရဲ႕ ဖခင္ ႐ိုက္ထားတာ.."
အရက္ေသာက္ျခင္းကဲ့သို႔ေသာ ျပသာနယအေသးအဖြဲေၾကာင့္ အ႐ိုက္ခံရမွန္း သိသြားေတာ့ အ႐ွင္ ရယ္ေမာေနတယ္...
"ေမာင္မင္းရဲ႕ အေဖက အသက္ႀကီးေနၿပီ...ဒါေတာင္ တစ္ခ်ိဳ႕အရာေတြကိုအခုထိ ႐ွင္း႐ွင္းလင္းလင္းမသိေသးဘူးပဲ.. အရာ႐ွိတစ္ေယာက္က ဘယ္လိုျဖစ္ၿပီး အရက္မေသာက္ဘဲေနလို႔ရမွာလဲ....နည္းနည္းေလာက္ေသာက္ေတာ့ေရာ သူ ဘာတတ္ႏိုင္ဉီးမလဲ...ဒါေပမယ့္လဲ ကေလးတစ္ေယာက္ကို စည္းကမ္းတင္းက်ပ္တာ ေကာင္းတဲ့အရာပဲေလ......"
အ႐ွင္က ခဏေလာက္စဥ္းစားေနရင္းကေန ခ်န္ဇီမင္းကို ငဲ့ၾကည့္လိုက္ၿပီး....
"ဒီလိုတာဝန္သိတဲ့ ဖခင္မ်ိဳးကို ေမာင္မင္း တာဝန္ေက်တတ္ရမယ္..."
ၿပီးတာနဲ႔ အ႐ွင္က ခ်န္ပါးပါးရဲ႕ သားသမီးေပၚဆုံးမပဲ့ျပင္တတ္မႈကို ခ်ီးေျမႇာက္တဲ့အေနနဲ႔ ပိုးထည္တစ္ရာ..ဖဲထည္တစ္ရာ ဆုလာဘ္ေပးသနားလိုက္ေၾကာင္း အမိန္႔ေပးခဲ့တယ္...
ခ်န္ဇီမင္း ထိတ္လန္႔တုန္လႈပ္ေနၿပီး နားမလည္န္ိဳင္ေတာ့ေပ.....
ခ်န္ဇီမင္း ယန္လ်န္႔ဆီ သြားမေတြ႕႐ုံနဲ႔ သူတို႔ႏွစ္ေယာက္ မဆုံးႏိုင္ေတာ့တာေတာ့ ဘယ္ဟုတ္မလဲ...
ခ်န္ဇီမင္း အိမ္ျပန္ေရာက္ေတာ့ ခ်န္ပါပါးက ေတာ္ဝင္ဧည့္သည္တစ္ေယာက္နဲ႔ ဧည့္ခန္းထဲမွာ ေရေႏြးၾကမ္းေသာက္ေနၾကတယ္....ထိုသူကေတာ့ တပ္မႈးသုံးေယာက္ထဲက တစ္ေယာက္ျဖစ္တဲ့ ယန္လ်န္ သာပင္...
အိမ္ျပန္လာတဲ့ သားျဖစ္သူ မ်က္ႏွာေပၚက ဒဏ္ရာေတြကို ျမင္ေတာ့ ခ်န္ပါးပါး မေန႔ညကအေၾကာင္းစဥ္းသားမိလိုက္ၿပီး စိတ္ေတြေလးလံလာတယ္...မ်က္ႏွာထား တင္းထားေပမယ့္လဲ ႏွာ႐ႈံ႕သံသဲ့သဲ့ေတာ့ၾကားေနရတယ္...
ယန္လ်န္ ကမတ္တပ္ထရပ္လိုက္ၿပီး...
"ဉီးေလးခ်န္...အ႐ွင္စိတ္ဆိုးေနေတာ့မွာပဲ..ေနာက္ဆို အရက္ေသာက္တဲ့ အေသးအမႊားျပသာနာေလာက္နဲ႔ ညီေလးခ်န္ကို မဆူပါနဲ႔..မ႐ိုက္ပါနဲ႔...သူလဲ အရာ႐ွိတစ္ေယာက္ပဲေလ...အ႐ွင္ေပးတဲ့လစာကိုယူထားတဲ့ အရာ႐ွိတစ္ေယာက္...အခုလိုပုံစံမ်ိဳးနဲ႔ အျပင္ထြက္ေတာ့ အကုန္လုံးမ်က္ႏွာပ်က္စရာေတြျဖစ္ကုန္ၿပီ..."
ခ်န္ပါးပါး ၿငိမ္ေနတာကိုျမင္ေတာ့ ယန္လ်န္က ျပဳံးလိုက္ၿပီး....
"စကားမစပ္ ကြၽန္ေတာ္မွာ ကိစၥေလး႐ွိေသးလို႔ ညီေလးခ်န္ကို အျပင္ခဏေလာက္ေခၚသြားမယ္ေနာ္..."
ႏွစ္ေယာက္သား အိမ္အျပင္ေရာက္တာနဲ႔ ယန္လ်န္က ခ်န္ဇီမင္းကို လမ္းတစ္ခုထဲ ဆြဲေခၚသြားခဲ့တယ္....
ခ်န္ဇီမင္း ေမးလိုက္တယ္...
"ဘယ္သြားမလို႔လဲ??"
"အရင္လိုပဲ သြားေသာက္ၾကမယ္ေလ..."