Te Amo Por Siempre (I Love Yo...
By flickstar1
55.1K 4.9K 167
တစ်ခြားသူတွေနဲ့ မတူညီတဲ့ချစ်ခြင်းမျိုးဆိုရင်တော့ မမကို ညီမက အပြည့်ထက်ကျော်လွန်တဲ့ ၁၀၁% ချစ်ခြင်းမျိုးနဲ့ ချစ်... More
Author Note
အပိုင်း - (၁)
အပိုင်း - (၂)
အပိုင်း - (၃)
အပိုင်း - (၄)
အပိုင်း - (၅)
အပိုင်း - (၆)
အပိုင်း - (၇)
အပိုင်း - (၈)
အပိုင်း - (၉)
အပိုင်း - (၁၀)
အပိုင်း - (၁၁)
အပိုင်း - (၁၂)
ဇာတ်သိမ်းပိုင်း
အပိုင်း - (၁၃)
2.5K 250 8
By flickstar1
(Zawgyi)
မမတစ်ယောက် ရင်သားကင်ဆာ အဆင့်(၂)ဟု သိလိုက်ရသော ခဏတာအချိန်ဟာ ခေတ် အတွက်တော့ ကမ္ဘာပြိုတော့မတတ် ခံစားချက်မျိုးဖြစ်ပေါ်ကာ ရူးမတတ်ခံစားခဲ့ရသည်။ စိုးရိမ်စရာမရှိဟု ​ပြောနေပေမဲ့လည်း ချစ်ရသောသူ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရခြင်းကို စိတ်မပူသောသူ ဘယ်မှာများရှိပါအံ့။
ခေတ်က မမအား အကောင်းဆုံးသမားတော်နှင့် ပြသပေးခဲ့ပြီး (၁၀)သိန်းကျော်ဝင်ငွေရှိသော အလုပ်မှလည်း မမအားအနားယူစေခဲ့သည်။ မမကတော့ ဒီလစာလေးနှင့် ခေတ်တို့နှစ်ယောက်အဆင်ပြေပြေ ​နေနိုင်နေတာကြောင့် မထွက်ချင်သေးပေမဲ့ ခေတ်ကတော့ ရောဂါအခြေအနေ ဆိုးလာမှာစိုးသောကြောင့် အလုပ်ကို အပြီးတိုင်ထွက်စေခဲ့သည်။
ငွေကြေးဆိုတာတွေထက် ခေတ် မမကို ဘာနှင့်မျှ မလဲနိုင်ခဲ့လို့လေ။
နောက်တော့ပြရသော ဆေးခန်းတွေ၊ သောက်ရသောဆေးတွေကြောင့် ခေတ်တို့တွင် စုဆောင်းထားသော ရွှေတိုရွှေစလေးတွေလည်း ရောင်းရလို့အကုန်ကုန်ခဲ့လေပြီ။ မြေဈေးတက်နေပေမဲ့ ဗိုက်နာဈေးဖြင့်ရောင်းလိုက်ရသော ခေတ်တို့ဝယ်ထားသည့်မြေကွက်လေးမှ ရသော ပိုက်ဆံထဲမှ (၁၀)သိန်းလောက်ကလည်း ဆေးဖိုးကြောင့်ကုန်သွားလေပြီ။ လက်ထဲကျန်သော ပိုက်ဆံ(၄၅)သိန်းကျော်ကျော်ထဲကနေ တစ်နှစ်စာချုပ်ချုပ်ထားသော ခေတ်တို့ငှါးထားသည့် တိုက်ခန်းလေးအား စာချုပ်ချုပ်ရမှာနှင့် တွက်လိုက်ရင် ခေတ်တို့လက်ထဲ ဘယ်လောက်မှ မကျန်တော့။
ညဘက်အိမ်ပြန်ရောက်ရင်တော့ ခေတ်ရဲ့ Handmade online shop orderလေးတွေအားပြုလုပ်သည်။ မမနှင့်တူတူလုပ်ထားသည့် trendအဝတ်အစား အသုံးအဆောင်ရောင်းတာလေးတွေကိုတော့ အရင်းအနှီးမထုတ်နိုင်တော့တာကြောင့် မမနေမကောင်းဖြစ်သည့်အချိန်ထဲက နားထားခဲ့ရသည်လေ။
မမရဲ့ စစ်စစ်စီစီ စားသောက်နေထိုင်မှုကြောင့်လည်း လက်ထဲကျန်သော ပိုက်ဆံလေးတွေအား သုံးစရာမလိုဘဲ ခေတ်ရှာသော ပိုက်ဆံလေးဖြင့်သာ နှစ်ယောက်သား နေနိုင်စားနိုင် နေတာဖြစ်၏။
ခေတ်က ယဲ့ယဲ့လေးဖြင့်အနားလာထိုင်သော မမအား ပြုံးကြည့်၍....
"မမောပါဘူးမမရဲ့...မမကိုမြင်လိုက်ရတော့ မောတာက ဘယ်နားနေမှန်းတောင် မသိတော့ဘူးရယ်...အော် ဒါနဲ့လေ...ခေတ် ဘာပါလာလဲ ကြည့်ပါအုံး"
"တာ့ဒါ မမအကြိုက် ကြေးအိုးဘုရင်က ကြေးအိုးဆီချက်...ကြက်သားဆန်ပြုတ်တွေချည်း စားနေရတာ မစားချင်တော့ဘူး မဟုတ်လား...အစားများများစားပြီး အားရှိမှ ခွဲစိတ်နိုင်မှာ မမရဲ့...ဒီနေ့ deliလေးလည်း orderရတာများတယ်လေ..."
"ဒီနေ့ ရတာများတယ်မမရဲ့...ကြေးအိုးဆီချက်ဝယ်လာပြီး ဒီလောက်ကျန်တယ်...မမရဲ့...အော် ဒါနဲ့ နေ့လယ်က ခေတ် မမအတွက် Ensureဖျော်ပေးရင်း ကြည့်လိုက်တာ ကုန်တော့မယ်...ဒီညနဲ့ မနက်စာပြီးရင် ကုန်ပြီလားမသိဘူး...ဒီနေ့ ခေတ် လမ်းထိပ်က ဆိုင်မှာ ဝင်ဝယ်သေးတယ်...မမကြိုက်တဲ့ စတော်ဘယ်ရီအရသာကမရှိလို့လေ...နောက်နေ့ကျမှ ခေတ် တစ်ခြားနေရာက ဝယ်လာမယ်နော်...ခေတ်က လမ်းထိပ်မှာ ရှိတယ်ထင်လို့လေ တစ်ခြားနေရာက မဝယ်လာခဲ့တော့တာ မမရဲ့"
"ရပါတယ် မမရယ်...နေလို့ရတာပေါ့...ခေတ်က တစ်နေကုန်လုံး ချွေးတွေနဲ့ဆိုတော့လေ နံနေလို့ပါ...မမနံနေမှာ စိုးလို့ပါ"
"ဘာလို့ငိုနေတာလဲဟင် မမ...ခေတ်ကိုပြော...မမ တစ်ခုခုနေမကောင်းဖြစ်လို့လား...တစ်ခုခုနာနေတာမျိုးရှိလို့လားဟင်...မနက်ဖြန်မှ ဆရာမကြီးနဲ့ချိန်းထားတာဆိုပေမဲ့ တစ်နေရာရာက မမနာတယ်ဆိုရင်လေ ခေတ်တို့ ဒီညနေပဲ ဆေးရုံးသွားပြကြရအောင်လေ မမနော်..."
"မမ မနာပါဘူး ခေတ်ရယ်..."
"ပင်ပန်းနေပြီလားဟင် မမ ကလေးလေး...မမကြောင့်လေ ခေတ် ပင်ပန်းနေတာကို မကြည့်ရက်ဘူး...ကင်ဆာက အဆင့်၂ပဲရှိသေးတော့ မခွဲတော့ဘဲ မြန်မာဆေးနဲ့ ကုကြည့်ရင်ရောဟင် ခေတ်...မြန်မာဆေးတွေလည်း အထင်သေးလို့မရဘူးခေတ်ရဲ့...ပြီးတော့"
"ဟင့်အင်း...တော်ပြီ ဆက်မပြောနဲ့တော့ မမ...ခေတ် ဘယ်အရာနဲ့မှ မမအသက်ကို လောင်းကြေးထပ်ပြီး စမ်းတဝါးဝါးမလုပ်နိုင်ဘူး...ဆရာမကြီးပြောမဲ့ ခွဲဖို့ရက်ချိန်းအတိုင်းပဲ ခေတ်တို့လုပ်ကြမယ်...အကုန်စိတ်ချရပြီဆိုမှ မြန်မာဆေးနဲ့ဆက်ကုချင်ရင် ဆက်ကု ခေတ် မမစိတ်ကြိုက်အကုန်လုပ်ပေးမယ်နော်"
"ခွဲဖို့ဆိုတာက ပိုက်ဆံလုံလုံလောက်လောက် ရှိမှလေခေတ်ရယ်...မမတို့ဆီမှာ အားလုံးပေါင်းမှ ၃၀ကျော်ကျော်လောက်ပဲ ကျန်တော့မှ မဟုတ်လား...အခုလိုတွေ ခေတ်ပင်ပန်းနေတာမြင်ရရင် မမ ဒီရောဂါကိုကုမဲ့အစား သေသာသေလိုက်ချင်တယ် သိလား"
"မမ..."
"နောက်တစ်ခါ အဲ့လိုစကားမျိုးမပြောနဲ့နော် မမ...ခေတ်က ခေတ်အသက်ရှင်နေသမျှ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ်မမကို ခေတ်ဘေးနားက မထွက်သွားစေရဘူး...မမကတော့ ခေတ်အနားမှာ ခေတ်အသက်တွေကြီးလာတဲ့အထိ ရှိပေးပါ့မယ်ဆိုတဲ့ ကတိလေးပဲပေး...အရာရာကို ခေတ်က ရင်ဆိုင်နိုင်တယ် သိလား"
"ခေတ်အတွက် အရေးကြီးဆုံးက ခေတ်အခုလို ပင်ပင်ပန်းပန်းလုပ်နေရတာတွေ မဟုတ်ဘူးသိလား မမ...ခေတ်အခုရှာနေတဲ့ ပိုက်ဆံတွေလည်း မဟုတ်ဘူး...ခေတ်အတွက် အရေးကြီးဆုံးက ခေတ် အားငယ်နေတဲ့အချိန်မှာ ခေတ်ဘေးနားရှိနေပေးတဲ့ မမ...ခေတ် ဝမ်းနည်းနေချိန်မှာ ခေတ် နဲ့နည်းတူ ဝမ်းနည်းမှုတွေ မျှဝေယူပေးခဲ့တဲ့ မမ...ခေတ် ကို ချစ်သူလိုတစ်မျိုး၊ အမေလိုတစ်မျိုး၊ အစ်မတစ်ယောက်လိုတစ်မျိုး၊ သူငယ်ချင်းလိုတစ်မျိုး ချစ်ခင်ပေးတဲ့ မမကသာ ခေတ် ဘဝရဲ့အရေးကြီးဆုံးဆိုတာ သိရဲ့လား...မမ မရှိရင် ခေတ် တစ်ယောက်တည်း ဘယ်လိုများရပ်တည်ရမလဲလို့ မမတွေးဖူးလား...ခေတ်ကတော့ ကြိမ်ဖန်များစွာ တွေးဖူးတယ်...တွေးလိုက်တိုင်းလည်း ခေတ် အနားမှာ မမ မရှိတော့မဲ့ ဘဝကို အရမ်းကြောက်တယ်..မမကြောင့် အသက်ရှင်နေတဲ့ ခေတ်ကို နောက်တစ်ခါ မမ သေချင်ပါတယ်ဆိုတဲ့ စကားမျိုး မပြောနဲ့နော် မမ...အဲ့စကားကလေ ခေတ် ပင်ပင်ပန်းပန်းလုပ်နေရတဲ့အလုပ်တွေထက် ခေတ်ကို အဆပေါင်းသိန်းသန်းများစွာပင်ပန်းစေလို့ပါ..."
"ခေတ် မမကိုကြည့်စမ်...ပြောတာနားထောင်...မငိုနဲ့တော့ တိတ်တော့နော်...မမတောင်းပန်ပါတယ် ကလေးရယ်...မမ ကလေးနဲ့မခွဲချင်လို့ပါ...မမလည်းကြောက်တယ် ခေတ်နဲ့ခွဲရမှာ သိပ်ကြောက်တယ်...ခွဲရမယ်ဆိုတဲ့ ကံကြမ္မာကိုလည်း သိပ်ကြောက်သလို ဒီရောဂါကြီးနဲ့ မမတစ်ခုခုဖြစ်ပြီး မမချစ်တဲ့ ခေတ်ကိုထားခဲ့ရမှာလည်းကြောက်တယ်...ဒါပေမဲ့ တစ်ခုကတိပေးတယ်...မမတို့နှစ်ယောက် နောက်ဆုံးထိ အလျော့မပေးကြဘဲ ဒီရောဂါကြီးကို ပျောက်အောင်ကုကြမယ်နော်...နောက်ဆို ခေတ် ဝမ်းနည်းစေမဲ့ စကားမျိုးတွေ မမ မပြောတော့ဘူးနော် ကလေး...တိတ်တော့ မမကိကိုက မကောင်းတာ မမရဲ့ ခေတ်လေး ပင်ပန်းလာတာကို ဝမ်းနည်းအောင်လုပ်မိတယ်...တကယ် မမက မကောင်းတဲ့သူ"
နှစ်ယောက်စလုံး ပါးပြင်ပေါ်မှာတော့ မျက်ရည်တွေက အညှိုးတကြီးရွာသော မိုးတွေလိုပင် မျက်ရည်တွေမတိတ်ခဲ့။ ခေတ်တို့ နှစ်ယောက်စလုံး ငိုနေတာကို သိပေမဲ့ အငိုတိတ်ဖို့မကြိုးစားဘဲ ဖက်ထားလျက်သားဖြင့်ပင် ငိုနေမိခဲ့ကြလေသည်။
------------
ဇွန်လ (၁)ရက်နေ့...
နှင်းဆီပန်းကိုမြင်တော့ မိုးသား မျက်နှာလေးပြုံးမိသွားကာ နှင်းဆီနပ်းလေးအား တယုတယလေးယူကာ နမ်းလိုက်မိသည်။ စာအိတ်လေးကို ဖင်ပြန်ခေါင်းပြန်လှန်ကြည့်ကာ အသေပိတ်ထားတာကြောင့် မျက်နှာသစ်ပြီးမှပင် ဖွင့်ကြည့်မည်ဟု ဆုံးဖြတ်လိုက်ပေမဲ့ ဘာလည်းဆိုတာသည်အား သိချင်စိတ်တို့ မထိန်းနိုင်တာကြောင့် လက်ရေးသွယ်သွယ်လေးများဖြင့် ရေးထားသော ခေတ်စာလေးအား မိုးသား ဖွင့်ဖတ်ကြည့်လိုက်တော့သည်။
ခေတ်ချစ်ရတဲ့ ခေတ်ရဲ့ မိန်းမလေး မမရေ...
လွန်ခဲ့တဲ့ (၃၆)နှစ် မပြည့်ခင် အခုလို (၁၉)ရက်အလိုမှာ ခေတ် သိပ်ချစ်ရတဲ့ မမက လူ့လောကထဲ ဝင်လာတော့မဲ့ ကလေးလေးတစ်ယောက်ပေါ့နော်။ အဲ့အချိန်မှာ ခေတ်ဆိုတဲ့ ကောင်မလေးက ဘယ်နားရှိနေလဲ သိလား...ခေတ်ဆိုတဲ့ ကောင်မလေးက မမကို တစ်​နေရာကနေ ​စောင့်ကြည့်နေမှာ အသေချာပေါ့။ နောက်နှစ်ပေါင်း (၃၄)နှစ်ကြာရင် ခေတ်နဲ့တွေ့ရဖို့ ကျန်းကျန်းမာမာနဲ့ ရှိနေပေးပါလို့ တစ်နေရာကနေ ဆုတောင်းရင်လည်း ဆုတောင်းနေမှာ သိလား မမ
မမရဲ့ အချစ်ကလေး
ခေတ်
စာလေးက တိုတိုလေးဆိုပေမဲ့ မိုးသားမျက်နှာလေးပေါ်မှာတော့ အပြုံးလေးတွေတွဲခိုနေလေပြီ။ မိုးသားချစ်ရသူလေးက တစ်ခါတစ်ခါ ကလေးဆန်တယ်ဆိုပေမဲ့ သိပ်ကိုချစ်ဖို့ကောင်းသည့် ကောင်မလေးပါ။
-------
ဇွန်လ (၂)ရက်နေ့...
ခေတ်ချစ်ရတဲ့ ခေတ်ရဲ့ မိန်းမလေး မမရေ...
မမရဲ့ အချစ်ကလေး ခေတ်။
-----------
ဇွန်လ (၃)ရက်နေ့...
မမရေ...
မမကို လွမ်းတဲ့ အလွမ်းတွေကို ခေတ်ဘယ်လိုများတိုက်ဖျက်ရလဲ သိလား မမ...။ ခေတ်အတွက်တော့ မမနဲ့တူတူရှိနေတဲ့အချိန်မှာ မမရဲ့ လှုပ်ရှားမှုတိုင်းကို ခေတ်နှလုံးသားထဲ မှတ်တမ်းတင်ထားတာပေါ့။ မမနဲ့ ခဏတာလေးဝေးရတဲ့ အခုလို ခေတ်အလုပ်ထဲရှိနေတဲ့အချိန်တွေဆို ခေတ်မျက်လုံးတွေကို ပိတ်ထားထား၊ ဖွင့်ဖွင့်ထားထား မမကိုပဲ မြင်နေရအောင်လေ။ ခဏတာလေး ဝေးရတဲ့ ခေတ်ရဲ့အလွမ်းတွေကို ခေတ်နှလုံးသားထဲ စွဲနေအောင်မှတ်ထားတဲ့ မမရဲ့ ပုံရိပ်လေးတွေက ကုစားပေးကြတယ်။ မမ ကခေတ်အတွက် အဲ့လောက်ထိကိုအရေးပါပါတယ်။ အဲ့အတွက် ခေတ် အနားမှာ အကြာကြီးနေရမယ်နော်။
မမရဲ့ အချစ်ကလေး ခေတ်။
------
ဇွန်လ (၄)ရက်နေ့...
မမရေ...
မမရဲ့ အချစ်ကလေး ခေတ်။
--------
ဇွန်လ (၅)ရက်နေ့...
မမရေ...
မမရဲ့ အချစ်ကလေး ခေတ်
---------
ဇွန်လ (၆)ရက်နေ့...
မမရေ...
ပျော်ရွှင်ခြင်းဆိုတာ ခေတ်အတွက် ဘယ်အချိန်ကဖြစ်ပေါ်တယ်ဆိုတာ သိရဲ့လား။ ခေတ်ရဲ့ ​ပျော်ရွှင်ခြင်းက Senorita accountလေးက စတင်တယ်လို့ပြောရင် မမယုံမှာလား။ ထူးဆန်းပါရဲ့နော် တစ်ခါမှ မြင်ဖူးတွေ့ဖူးခြင်း မရှိတဲ့မမကို Account တစ်ခုကနေ စကားပြောရာက ချစ်မိသွားလို့တဲ့လေ။ မလိမ်ဘဲ အမှန်တိုင်းပြောပါဆိုရင်တော့ မမ ဥပက္ခာပြု ချစ်ဟန်ဆောင်ခဲ့တဲ့ရက်တွေက ခေတ်အတွက် အရမ်းခက်ခဲခဲ့တဲ့ ရက်တွေပေါ့။ မမကို လက်လွှတ်ဖို့ အကြိမ်ကြိမ်ကြိုးစားကြည့်ပေမဲ့ နှလုံးသားက ခွင့်မပြုခဲ့ဘူး။ အဲ့တာလေးက ကံကောင်းတယ်လို့များ မထင်ဘူးလား။ အခုတော့ ခေတ်မှာ မမအချစ်ကို ရနေခဲ့ပြီလေ။ အခုလိုလေးပဲ နောက်ထပ်နှစ်တွေအများကြီးမှာ အချစ်တွေအများကြီးနဲ့ချစ်နေပေးပါနော်။
မမရဲ့ အချစ်ကလေး ခေတ်။
--------
ဇွန်လ (၇)ရက်နေ့...
မမရေ...
မမရဲ့ အချစ်ကလေး ခေတ်။
-------
ဇွန်လ (၈)ရက်နေ့...
မမရေ...
မမရဲ့ အချစ်ကလေး ခေတ်။
-------
ဇွန်လ (၉)ရက်နေ့...
မမရေ...
မမရဲ့ အချစ်ကလေး ခေတ်။
-------
ဇွန်လ (၁၀)ရက်နေ့...
မမရေ...
မမရဲ့ အချစ်ကလေး ခေတ်။
------
ဇွန်လ (၁၁)ရက်နေ့...
မမရေ...
တကယ်အသိမပေးချင်ပေမဲ့ မမအတွက် ကောင်းတာလုပ်တာမို့လို့ အသိပေးပါရစေ။ မနေ့က ခေတ် တို့ riderထဲက အစ်မတစ်ယောက်ရဲ့ သမီးလေး အရေးပေါ်သွေးလိုနေလို့ သွေးလှူပေးဖြစ်တယ်။ မမရဲ့ မွေးနေ့အတွက် ရည်စူးပြီးတော့ပေါ့လေ။ ငယ်ငယ်ထဲက သွေးအားနည်းရောဂါရှိလို့ သွေးလှူမရတဲ့ မမအစား ခေတ်လှူလိုက်တဲ့ သွေးအလှူက မမဆီမှာ ထပ်တူရပြီး မမေ မြန်မြန်နကောင်းပါစေနော်။ ခေတ်ရဲ့ သွေးအလှူကြောင့် မမ ကျန်းမာရေးရဲ့ တစ်တောင့်တစ်နေရာလေး အထောက်အကူပြုမယ်ဆိုရင် ခေတ်တစ်ကိုယ်လုံးမှာ ရှိတဲ့သွေးတွေတောင် ထုတ်လှူရဲပါတယ် မမရေေ။ မမကိုပြောရင် စိတ်ပူမှာစိုးလို့ ဒီစာလေးတွေထဲကနေပဲ ပြောပြရလို့ စိတ်မဆိုးပါနဲ့နော်။ သွေးအလှူဟာ မွန်မြတ်တာမို့လို့ ခေတ်ရဲ့ သွေးတစ်စက်ချင်းစီဟာ မမကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်ပါစေ။
မမရဲ့ အချစ်ကလေး ခေတ်။
-------
ဇွန်လ (၁၂)ရက်နေ့...
မမရေ...
ဒဏ်ရာဆိုတာ ရခဲ့ဖူးသူမှ ဘယ်လောက်ထိနာကျင်ရမှန်းသိကြတာတဲ့။ မမက ဒဏ်ရာတွေရခဲ့ဖူးသူမို့လို့ ခေတ်အပေါ်ကို ဖေးမခဲ့တာလားမသိပေမဲ့ မမ ဖေးမခဲ့တဲ့လက်တစ်စုံကြောင့် ခေတ်ရဲ့အနာတရတွေ သက်သာခဲ့ရပါတယ်။ အရင်က အခန်းကျဉ်းလေးထဲ ကျိတ်ငိုသူ ဖြစ်ခဲ့ဖူးရင်တောင် မမပေးတဲ့ ဖေးမကူညီမှုတွေကြောင့် အခန်းကျဉ်းလေးထဲ ပျော်ရွှင်မှုဆိုတာကို ဆုပ်ကိုင်နိုင်ခဲ့တယ်ဆိုတာ ယုံပါ။ မမက ခေတ်ရဲ့ ဖေးမတဲ့ လက်တစ်စုံဖြစ်တဲ့အတွက် ဒီနေ့လည်း ကျန်းမာရေးဂရုစိုက်ပါနော်။
မမရဲ့ အချစ်ကလေး ခေတ်။
-------
ဇွန်လ (၁၃)ရက်နေ့...
မမရေ...
မမရဲ့ အချစ်ကလေး ခေတ်။
--------
ဇွန်လ (၁၄)ရက်နေ့...
မမရေ...
အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အနားမှာရှိပေးတဲ့ လူတစ်စုကသာ ဘဝရဲ့ စစ်မှန်သော လူတွေပါတဲ့။ ခေတ်ရဲ့ ကျရှုံးမှုတွေနဲ့ နေထိုင်ခဲ့ရတဲ့ ရက်တွေမှာ ခေတ်အနားမှာ လူတစ်စုဆိုတာမျိုးမရှိခဲ့ပါဘူး။ ဒါပေမဲ့ ခေတ် ချစ်ရတဲ့မမက အနားမှာရှိပေးခဲ့တယ်။ အားပေးမှုတွေနဲ့ အရှုံးတွေကိုရင်ဆိုင်နိုင်အောင် ခွန်အားတွေပေးခဲ့တယ်။ နားလည်မှုတွေနဲ့ ကျရှုံးမှုတွေက ရုန်းထွက်နိုင်အောင် လက်ကမ်းပေးခဲ့တယ်။ ခေတ်က မမကို စချစ်ခဲ့တာဖြစ်ပြီး မမကတော့ အဆုံးထိခေတ်ကို နားလည်ပြီး ချစ်ပေးခဲ့လို့ ကျေးဇူးအများကြီးတင်ရပါတယ် ခေတ်ရဲ့အမျိုးသမီးလေးရေ။ နေ့ရက်တိုင်းက ကျရှုံးနေရင်တောင် မမပေးတဲ့ ခွန်အားတွေနဲ့ ရုန်းထွက်နိုင်အောင် လမ်းညွှန်ပြပေးတဲ့ အမျိုးသမီးလေးကို သိပ်ချစ်ရပါတယ်။
မမရဲ့ အချစ်ကလေး ခေတ်။
-------
ဇွန်လ (၁၅)ရက်နေ့...
မမရေ...
သုညလေး ခေတ်ကို ယုံကြည်ပြီး ဒီနေ့အထိ အနားမှာရှိနေပေးလို့ ပိုပြီးမြတ်နိုးရပါတယ်။ သုညလေးကစတဲ့ ဘဝမို့လို့ ဖြတ်သန်းလာတဲ့တစ်လျှောက် ဂဏန်းသေးသေးလေးတွေသာ ထပ်တိုးနိုင်ခဲ့ပေမဲ့ အပေါ်ယံအရေခွံ ပကာသန​တွေကို လိုချင်တပ်မက်စိတ်ကင်းကင်းနဲ့ ချစ်ခြင်းမေတ္တာတွေသာ အလိုရှိတဲ့ မမကြောင့် စိတ်မကောင်းလည်း ဖြစ်မိသလို ဝမ်းနည်းမိတာလည်း အမှန်ပါ။ လုံလောက်ပြည့်စုံတဲ့ ဘဝလေးရတဲ့တစ်နေ့တော့ မမကို အလုံးစုံဖြည့်ဆည်းပေးနိုင်သူဖြစ်ပါစေလို့ အမြဲဆုတောင်းပါတယ်။ ခေတ်ရဲ့ ဒီထက်ဒီ့ထက်သော အချစ်တွေနဲ့ အချစ်ခံရဖို့တွေရှိလို့ နေကောင်းကျန်းမာအောင်နေပါနော်။
မမရဲ့ အချစ်ကလေး ခေတ်။
-----
ဇွန်လ (၁၆)ရက်နေ့...
မမရေ....
မမရဲ့ အချစ်ကလေး ခေတ်။
------
ဇွန်လ (၁၇)ရက်နေ့...
မမရေ...
မမရဲ့ အချစ်ကလေး ခေတ်။
------
ဇွန်လ (၁၈)ရက်နေ့...
မမရေ...
လွန်ခဲ့တဲ့လ(၃၆)နှစ်ရဲ့ အခုလိုနေ့မှာ မမပိစိလေးက လောကကြီးထဲ ထွက်လာဖို့ မမမေမေရဲ့ ဗိုက်ထဲမှာ ကြိုးစားနေမှာပေါ့နော်။ ဖြစ်နိုင်မယ်ဆိုရင် ခေတ်က မမ ကလေးပိစိလေးဖြစ်တဲ့အချိန်ကစပြီး
မမရဲ့ အချစ်ကလေး ခေတ်။
------
ဇွန်လ (၁၉)ရက်...
မနက် (၅) နာရီခန့်...
ခေတ် ချစ်ရတဲ့ ခေတ်ရဲ့ မွေးနေ့ရှင်လေးရေ...
Happy Birthday ပါနော်။
ခေတ်ချစ်ရတဲ့ မမလေးတစ်ယောက် ဒီနှစ်မွေးနေ့ကစလို့ အဆိုးတွေအကုန် ပျောက်ကွယ်ပြီး ပျော်ရွှင်ကျန်းမာ လိုရာပြည့်တဲ့ ဘဝလေးကိုရရှိပါစေနော်။
Birthday girlလေးက ခေတ်ကိုလည်း အရင်နှစ်တွေကထက် တစ်နှစ်ပြီးတစ်နှစ် ပိုပိုချစ်ပြီး ခေတ်အနားမှာနေရ ပျော်ရွှင်မှုတွေနဲ့ အပြုံးချိုချိုလေးတွေိကိုသာ နေ့ရက်တိုင်း ပိုင်ဆိုင်ရပါစေလို့လည်း ဆုတောင်းပေးပါတယ်။
မွေးနေ့ရက်တွေ တစ်နှစ်ပြီးတစ်နှစ် ကျော်ဖြတ်ရင်း အဖွားကြီးတွေဖြစ်တဲ့အထိ တူတူနေသွားကြမယ်နော်။ စာတွေကဗျာတွေ ဖွဲ့နွဲ့ပြီး ပြောတတ်တဲ့သူမဟုတ်ပေမဲ့ အမှတ်တရလေး တစ်ခုဖြစ်ချင်တဲ့ စိတ်ကို ဖြည့်ဆည်းပေးပြီး (၁၉)ရက်စာရေးထားတဲ့ စာလေးတွေကို မြတ်မြတ်နိုးနိုး ဖတ်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။
မမရဲ့ (၃၆)နှစ်ပြည့်မွေးနေ့မှာ တစ်ခုလေးပဲ တောင်းဆိုပါရစေ။ ခေတ်ဆိုတဲ့ ကောင်မလေးက မမကိုသိပ်ချစ်တာမို့လို့ မမအနားမှာ ထာဝရရှိခွင့်ပြုပါနော်။
မမရဲ့ အချစ်ကလေး ခေတ်။
"စာလေးတွေ ယူလာအုံးလေ ခေတ်...မမ ခွဲခန်းက ထွက်ပြီးရင် ဖတ်မလို့...ရေးတဲ့သူက ရေးတော့ မမကလည်း အလွတ်ရအောင် အခေါက်ခေါက်အခါခါ ဖတ်ချင်တာပေါ့"
"ဘုရားမသွားဘဲ ဆေးရုံတန်းသွားလည်း ရပါတယ် ခေတ်ရယ်...အထုပ်တွေအပိုးတွေနဲ့ဆိုတော့ ခေတ်ပဲပိုပင်ပန်းတာကိုရယ်"
"မမရယ်...မနက်ဖြန်ခွဲခန်းဝင်ရမှာကို ဒီနေ့မမမွေးနေ့မို့လို့ ဘုရားသွားကုသိုလ်ယူရတာ ဘယ်လောက်ကောင်းလိုက်လဲ...မမ သွားနိုင်တယ် မဟုတ်လား"
ယဲ့ယဲ့လေးသာ ရှိသည့် မမက ခေါင်းလေးကိုဖွဖွလေးငြိမ့်ပြရင်း...
"သွားနိုင်တာက သွားနိုင်ပါတယ်...သွားလည်းသွားချင်ပါတယ်...ဘုရားမှာ ပဌာန်းလေးလည်းပူဇော်ချင်တယ်၊ ပရိတ်ကြီး(၁၁)သုတ်လေးရွတ်ချင်တယ်...တရားလေးလည်း ခဏထိုင်ချင်တယ်...ဒါပေမဲ့ မမကြောင့်နဲ့ ခေတ်ပင်ပန်းနေမှာစိုးလို့ပါ...ပြီးခဲ့တဲ့ ညတွေကလည်း တောက်လျှောက်က ကောင်းကောင်းမအိပ်ရဘူးမဟုတ်လား...ဒီကြားထဲ အလုပ်လည်းဆင်းရတော့...မမလေ ခေတ်ကို အရမ်းသနားတယ်...မမ ဒီလိုကြီးဖြစ်တာ ခေတ်ကိုလေ အချစ်ဆိုတာကြီးအကြောင်းပြပြီး မမဒုက္ခတွေပေးမိသလိုပဲ"
"မမရယ်...ဘာလို့ အဲ့လိုတွေးရတာလဲဟင်...ခေတ်တို့က သမီးရည်းစားအချိန်ကလို ချစ်သူတွေမဟုတ်တော့ဘူးလေ...ဘဝလမ်းခရီးတစ်ခုကို တူတူလျှောက်နေကြတဲ့သူတွေ...အခုလိုအချိန်မှာ အဲ့လိုတွေမပြောပါနဲ့ မမရဲ့...အကယ်၍ မမနေရာမှာ ခေတ်သာ အခုလိုဖြစ်မယ်ဆိုရင်လည်း မမ ခေတ်ပြုမူသလိုပဲ ပြုမူမယ်ဆိုတာ ခေတ်ယုံပြီးသား...အဲ့တာကြောင့် အဲ့လိုအတွေးတွေ မတွေးနဲ့နော်...နေပြန်ကောင်းရမယ် Operation အောင်မြင်ရမယ်လို့ပဲတွေးနော် မမ"
ခေတ်က မမ စိတ်သက်သာရာသက်သာငြားပြောလိုက်ပေမဲ့ မမစိတ်တွေ မပြေခဲ့ဘူးဆိုတာ မျက်နှာလေးငြှိုးနေသော မမကိုခေတ်ကြည့်လိုက်တာနဲ့သိတာပေါ့။
"ပြီးတော့လေ သိင်္ဂီ့အသိဆီကနေ လိုနေတဲ့ပိုက်ဆံက ယူလိုက်တာ ဘယ်လောက်တိုးနဲ့လဲဟင် ခေတ်"
"ခေတ် ဘယ်လောက်နဲ့ ယူခဲ့တာလဲလို့..."
"အော် ဘယ်လောက်မှ မဟုတ်ပါဘူး မမရဲ့...မသိင်္ဂီက ကြားထဲက အာမခံပေးတယ်လေ...ပြီးတော့ ခေတ်တို့ရဲ့လက်စွပ်လေးတွေက ရွှေလည်းကောင်းတယ်...ဝယ်ထဲက ၁၅သိန်းကျော်ကျော် ပေးဝယ်ရတဲ့ ဘောက်ချာလည်းပါတော့ ၅ကျပ်တိုးပဲ ယူလိုက်တယ် မမရဲ့...အဲ့အတွက်မပူနဲ့နော်...နောက်ပိုင်းကျရင် ခေတ် အဲ့တာလေးတွေကိုပြန်ရွေးပေးမယ်နော် မမ"
"ပစ္စည်းဆိုတာ ပြန်ဝယ်လို့ရပါတယ်ခေတ်ရယ်...အရမ်းကြီးမတတ်နိုင်ရင်...ရောင်းပြီး ယူထားတဲ့အကြွေးဆပ်ကြတာပေါ့...မမလည်း နေကောင်းပြီးသက်သာသွားရင် အလုပ်လေးပြန်လျှောက်မယ်လေ...အဲ့တာဆိုရင် ယူထားတဲ့အဲ့အကြွေးကမြန်မြန်ကြေသွားမှာပါ..."
"ဟုတ်ပါပြီ မမရယ်...အခုကတော့ အဲ့ကိစ္စတွေခေါင်းထဲက ခဏထုတ်ထားဟုတ်ပြီလား...မမက မနက်ဖြန်အတွက်ကို အားမွေးထား...မမအနားမှာ ခေတ် အမြဲတမ်းရှိနေတာမို့လို့...Operation အောင်မြင်ရမယ်ဆိုတဲ့ စိတ်နဲ့ပဲနေ...တစ်ခြားကိစ္စတွေမပူနဲ့ ခေတ်ပဲပူမယ်နော်...အော်ပြီးတော့ မသိင်္ဂီကတော့ ဒီနေ့ နေ့လယ်လောက် မန္တလေးကနေ ရောက်မယ်တဲ့...ဆေးရုံကိုပဲ တန်းလာမယ်ပြောတယ်...မသိင်္ဂီရှိနေတော့လည်း ခေတ် ဆေးတွေလိုက်ဝယ်ချိန် မမနား အဖော်လေးရှိတော့ ကောင်းတာပေါ့ မမရယ်...ခေတ်က ခေါ်မလို့ရည်ရွယ်ထားပေမဲ့ မသိင်္ဂီက သူဆေးရုံလာစောင့်ပေးပါ့မယ်ပြောတော့ အဆင်ပြေသွားတာပေါ့"
"အင်းပေါ့...သူရှိတော့ ခေတ်လည်း နည်းနည်းနားရတာပေါ့...သူကတော့ မမအတွက် တကယ့်ကိုသူငယ်ချင်းကောင်းပဲနော်"
"ဟုတ်ပါ့ မမရယ်...ခေတ်ကလည်း အဲ့တာကြောင့် မသိင်္ဂီကိုဆို ဘာကိစ္စဖြစ်ဖြစ်တိုင်ပင် အကူအညီတောင်းရတာပေါ့"
မိုးသား ဒီရောဂါစဖြစ်ကတည်းကစလို့ မိုးသားကြောင့်နဲ့သူ့မှာ အနေအစားဆင်းရဲပြီး ရှာသမျှငွေကို သူ့အတွက်မသုံး မိုးသားအတွက်သာ သုံးပြီးခြိုးခြံချွေတာပြီးနေတာကို မိုးသားသိတာပေါ့။ မိုးသားအတွက်တော့ ဆေးကအစ ဓာတ်ဆာအာဟာရအဆုံး လိုလေးသေးမရှိအောင် ဝယ်ခြမ်းထားပေးသလောက် ခေတ်က သူ့တစ်ဝမ်းဆာလေးကိုတောင် မသထာတဲ့သူဆိုတာလည်း မိုးသား ကောင်းကောင်းကြီးသိ၏။ ခေတ် အလုပ်သွားတယ် မိုးသားနေမကောင်းတာမို့လို့ ထမင်းထမချက်နိုင် ထမင်းချိုင့်ထည့်မပေးနိုင်သည့်နေ့တွေဆို...နေ့လည်စာ အပြင်မှာစားတယ်သာပြောတာ...အိမ်ပြန်ရောက်မှ ပေါင်းစားတယ်ဆိုတာလည်း မိုးသားသိပြီးသား။ အိမ်မှာ မိုးသားအတွက် စားကောင်းတာလေးတွေ ဝယ်ကျွေးရင်တောင် သူက တစ်ဆုပ်တစ်လုပ်အနည်းငယ်သာစားပြီး မိုးသားကိုချည်းအကုန်ကျွေး...ခေတ်ကတော့ မိုးသားအိပ်ပြီလို့ထင်တဲ့အချိန်မှ ကြက်ဥကြော်နဲ့ ငပိရည်နယ်စားနေတဲ့ ညတွေကို မိုးသား မသိချင်ယောင် ဘယ်လောက်ထိဆောင်ခဲ့ရလိုက်လဲ။
နေမကောင်းဖြစ်နေတာတောင် တစ်ရက်နားရင် တစ်ရက်ဝင်ငွေလျော့တယ်ပြောပြီး အလုပ်သွားခဲ့တဲ့ မိုးသားချစ်ရသူလေး...မိုးသား မမြင်အောင် ဆေးတွေခိုးသောက်ပြီး ရောဂါသက်သာအောင်နေခဲ့ရှာသူလေး...အဲ့လိုအနစ်နာခံတာလေးတွေကို မိုးသားသိနေပါလျက်နဲ့ မသိချင်ယောင်ဆောင်ရတာ ဘယ်လောက်ထိ နာကျင်စရာအတိကောင်းလိုက်သလဲ။
ငါ့ ချစ်သူလေးက ငါ့ကြောင့် အနေအစားဆင်းရဲပြီး နေရရှာတယ်လို့တွေးလိုက်မိတိုင်း ရင်ထဲမှာ ဓားတွေနဲ့မွှန်းသလို နာကျင်ရပါတယ်။ အဲ့တာကြောင့် ဒီရောဂါကြီးပျောက်ရမယ်ဆိုတဲ့ အတွေး၊ ခေတ်က မိုးသားနေကောင်းအောင် ဒီလိုတွေ အနစ်နာခံပေးနေတာကြောင့် မိုးသားက ပိုပြီးစိတ်ဓာတ်ကြံခိုင်ရမယ်၊ ဒီရောဂါပျောက်ရမယ်ဆိုတဲ့ စိတ်တွေနဲ့ အခုချိန်ထိ ရှင်သန်လာခဲ့တာ။ မိုးသား ဒီ​ရောဂါနဲ့ ​သေရမှာကြောက်လို့ဆိုတာထက် မိုးသားအတွက် အကောင်းဆုံးထက်ပိုအောင် ကြိုးစားပေးနေတဲ့ မိုးသားချစ်ရသူလေးကိုသနားလို့ ဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်။
သူ့အနားမှာ သူပြောသလို အသက်တွေကြီးတဲ့အထိ တူတူရှိနေနိုင်ဖို့ မိုးသားအသက်ရှင်ဖို့ကြိုးစားမှဖြစ်မယ်လေ။
မိုးသားသိပ်ချစ်ရတဲ့ ခေတ်ကြောင့် မိုးသား အချိန်တွေအကြာကြီး အသက်ရှင်ချင်ပါသေးတယ်။
×××××××××
Coming Soon 👉The End👈
❤ love you all❤
Flickstar
---------
(Unicode)
မမတစ်ယောက် ရင်သားကင်ဆာ အဆင့်(၂)ဟု သိလိုက်ရသော ခဏတာအချိန်ဟာ ခေတ် အတွက်တော့ ကမ္ဘာပြိုတော့မတတ် ခံစားချက်မျိုးဖြစ်ပေါ်ကာ ရူးမတတ်ခံစားခ့ဲရသည်။ စိုးရိမ်စရာမရှိဟု ပြောနေပေမ့ဲလည်း ချစ်ရသောသူ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရခြင်းကို စိတ်မပူသောသူ ဘယ်မှာများရှိပါအ့ံ။
ခေတ်က မမအား အကောင်းဆုံးသမားတော်နှင့် ပြသပေးခ့ဲပြီး (၁၀)သိန်းကျော်ဝင်ငွေရှိသော အလုပ်မှလည်း မမအားအနားယူစေခ့ဲသည်။ မမကေတာ့ ဒီလစာလေးနှင့် ခေတ်တို့နှစ်ယောက်အဆင်ပြေပြေ နေနိုင်နေတာကြောင့် မထွက်ချင်သေးပေမ့ဲ ခေတ်ကတော့ ရောဂါအခြေအနေ ဆိုးလာမှာစိုးသောကြောင့် အလုပ္ကို အပြီးတိုင်ထွက်စေခ့ဲသည်။
ငွေကြေးဆိုတာတွေထက် ခေတ် မမကို ဘာနှင့်မျှ မလဲနိုင်ခ့ဲလို့လေ။
နောက်တော့ပြရသော ဆေးခန်းတွေ၊ သောက်ရသောဆေးတွေကြောင့် ခေတ်တို့တွင် စုဆောင်းထားသော ရွှေတိုရွှေစလေးတွေလည်း ရောင်းရလို့အကုန်ကုန်ခ့ဲလေပြီ။ မြေဈေးတက်နေပေမ့ဲ ဗိုက်နာဈေးဖြင့်ရောင်းလိုက်ရသော ခေတ်တို့ဝယ်ထားသည့်မြေကွက်လေးမှ ရေသာ ပိုက္ဆံထဲမွ (၁၀)သိန်းလောက်ကလည်း ဆေးဖိုးကြောင့်ကုန်သွားလေပြီ။ လက်ထဲကျန်သော ပိုက္ဆံ(၄၅)သိန်းကျော်ကျော်ထဲကနေ တစ်နှစ်စာချုပ်ချုပ်ထားသော ခေတ်တို့ငှါးထားသည့် တိုက်ခန်းလေးအား စာချုပ်ချုပ်ရမှာနှင့် တွက်လိုက်ရင် ခေတ်တို့လက်ထဲ ဘယ်လောက်မှ မကျန်တော့။
ဆရာဝန်မကြီးက မမကို Operation လုပ်လိုက်ဖို့ ခေတ်အားလည်း အကြံပေးနေလေပြီ။ အသက်ကယ်ဖို့မှီတုန်းမှာ ခွဲစိတ်လိုက်ပြီး တစ္သက္လုံး စိတ်ချမ်းသာစွာဖြင့်နေရပါလိမ့်မည်ဟုပြောသော ဆရာဝန်မကြီးစကားတွေဟာလည်း ခေတ်နားထဲတွင် ရက္ဆက္ဆိုသလို ပ့ဲတင်ထပ်နေလေသည်။
ဒီကြားထဲ ခေတ်က ခေတ်တို့ စားဝတ်နေရေးအတွက်ရော တိုက်ခန်းထဲတွင် တစ်နေကုန် တစ်ယောက်တည်းနေရမည့် မမအားင့ဲကာပင် အလုပ်မှထွက်ကာ Delivery company၌ စက်ဘီးလေးဖြင့် food delivery လုပ်သည်။ Online shopလေးအချို့နှင့်လည်းချိတ်ထားပြီး အစားအသောက်ပို့ရင်း ပစ္စည်းလေးတွေပါ Deliလိုက်ပို့ဖြစ်သည်။
အားသည့်အချိန်ဆိုရင်တော့ ခေတ်တို့တိုက်ခန်းလေးသို့ပြန်ကာ မမအားပြုစုပေးသည်။ ပညာမတတ် ဘွ့ဲမရသေးသည့် ခေတ်မှာ အိမ်အတွက်လိုအပ်နေသော ငွေကြေးရဖို့အတွက် ဒီလောက်တော့အပင်ပန်းခံမှပင် ရလိမ့်မည်ဟု ခေတ်တွေးထားသောကြောင့်ပင်။
ညဘက်အိမ်ပြန်ရောက်ရင်တော့ ခေတ်ရ့ဲ Handmade online shop orderလေးတွေအားပြုလုပ်သည်။ မမနှင့်တူတူလုပ်ထားသည့် trendအဝတ်အစား အသုံးအဆောင်ရောင်းတာလေးတွေကိုတော့ အရင်းအနှီးမထုတ်နိုင်တော့တာကြောင့် မမနေမကောင်းဖြစ်သည့်အချိန်ထဲက နားထားခ့ဲရသည်လေ။
ခေတ် ဘယ်လောက်ပင် ပင်ပန်းနေပါစေ ခေတ်အတွက်တော့ မမ ခေတ်အနားမှာ ရှိနေဖို့ကအဓိကပါပဲ။
ပြီးခ့ဲသော နှစ်ပတ်စလုံး ကြက်သားဆန်ပြုတ်၊ ကြက်သားပြုတ်ကြော်နှင့်သာ စားနေရသော မမအား သနားလွန်းတာကြောင့် ခေတ်က ဒီနေ့တော့ မမအကြိုက် ကြေးအိုးဆီချက်လေးဝယ်လာခ့ဲလိုက်သည်။ မမက ခေတ်တို့ဆီမှာ ဆေးဖိုးတွေကြောင့် ပိုက်ဆံနည်းလာတာ သိလာတော့ အပြင်စာမဝယ်စားစေတော့ဘဲ အတတ်နိုင်ဆုံးနှင့်အာဟာရရှိဆုံးဖြစ်အောင် ဈေးဝယ်ခိုင်းကာ ချတ်ပြုတ်စားသောက်ဖို့သာ ပြောလေသည်။ မမ ကမလုပ်နိုင်ပေမ့ဲ အရာရာညွှန်ကြားပေးပြီး ခေတ်ကတော့ မမညွှန်ကြားသမျှလေးတွေလို်က်လုပ်ပေါ့လေ။
မမရ့ဲ စစ္စစ္စီစီ စားသောက်နေထိုင်မှုကြောင့်လည်း လက်ထဲကျန်သော ပိုက်ဆံလေးတွေအား သုံးစရာမလိုဘဲ ခေတ်ရှာသော ပိုက်ဆံလေးဖြင့်သာ နှစ်ယောက်သား နေနိုင်စားနိုင် နေတာဖြစ်၏။
"မောလာပြီလားဟင် ခေတ်" ဆိုသည့် အသံလေးကြားတော့ ခေတ်က တစောင်းလွယ်ထားသော လွယ်အိတ်လေးကို ချွတ်လိုက်ကာ အိမ်ရှေ့ခန်း ကြမ်းပြင်ပေါ်၌ ခြေလွတ်လက်လွတ်ထို်င်ချပစ်လိုက်သည်။ ဆောင်းထားသည့် ဦးထုတ်ချွတ်လိုက်တော့ တစ်နေကုန် ဦးထုပ်ဆောင်းထားသော အရှိန်ကြောင့် ပုံမကျသည့် စည်းနှောင်ထားသော ဆံပင်တွေဟာ ခပ်ပွပွပခုံးပေါ်သို့ ပုံကျလာသည်။
နေလောင်မှာစိုး၍ ဝတ်ထားသော ခပ်ကြပ်ကြပ်လက်အစွပ်ကို ဆြဲထုတ္လိုက္ကာ ခုနေလးက ချထားသော အိတ်အပေါ်သို့တင်လိုက်သည်။ ဘယ်လောက်ပင် လက်အစွပ်ဝတ်ဝတ် နေထိသော ဒဏ်ကြောင့် ခေတ်လက်နှစ်ဖက်စလုံးက အသားရေတွေဟာ နေလောင်ကာ ညိုမဲနေလေ၏။
ခေတ်က ယ့ဲယ့ဲလေးဖြင့်အနားလာထိုင်သော မမအား ပြုံးကြည့်၍....
"မမောပါဘူးမမရ့ဲ...မမကိုမြင်လိုက်ရတော့ မောတာက ဘယ်နားနေမှန်းတောင် မသိတော့ဘူးရယ်...အော် ဒါန့ဲလေ...ခေတ် ဘာပါလာလဲ ကြည့်ပါအုံး"
ခေတ်က ပြောလည်းပြော ဘေးနားချထားသော ကျွတ်ကျွတ်အိတ်ဖြင့်ထည့်ထားသည့် ဗူးလေးအားယူ၍ မမအားဆွဲကိုင်ပြကာ...
"တာ့ဒါ မမအကြိုက် ကြေးအိုးဘုရင်က ကြေးအိုးဆီချက်...ကြက်သားဆန်ပြုတ်တွေချည်း စားနေရတာ မစားချင်တော့ဘူး မဟုတ္လား...အစားများများစားပြီး အားရှိမှ ခွဲစိတ်နိုင်မှာ မမရ့ဲ...ဒီနေ့ deliလေးလည်း orderရတာများတယ်လေ..."
ခေတ်က ပြောလည်းပြောရင်း ကြေးအိုးဆီချက်ဗူးလေးကို ပြန်ချလိုက်ကာ...လွယ်အိတ်ထဲရှိ ပို်က်ဆံအိတ်လေးအား နှို်က်လိုက်သည်။ ထို့နောက် ဒီနေ့ရသမျှ ပိုက်ဆံ၃သောင်း ၄ထောင်အား မမဆီသို့လှမ်းပေးလိုက်ပြီး...
"ဒီနေ့ ရတာများတယ်မမရ့ဲ...ကြေးအိုးဆီချက်ဝယ်လာပြီး ဒီလောက်ကျန်တယ်...မမရ့ဲ...အော် ဒါန့ဲ နေ့လယ်က ခေတ် မမအတွက် Ensureဖျော်ပေးရင်း ကြည့်လိုက်တာ ကုန်တော့မယ်...ဒီညန့ဲ မနက်စာပြီးရင် ကုန်ပြီလားမသိဘူး...ဒီနေ့ ခေတ် လမ်းထိပ်က ဆိုင်မှာ ဝင်ဝယ်သေးတယ်...မမကြိုက်တ့ဲ စတော်ဘယ်ရီအရသာကမရှိလို့လေ...နောက်နေ့ကျမှ ခေတ် တစ်ခြားနေရာက ဝယ်လာမယ်နော်...ခေတ်က လမ်းထိပ်မှာ ရှိတယ်ထင်လို့လေ တစ်ခြားနေရာက မဝယ်လာခ့ဲတော့တာ မမရ့ဲ"
အခုချိန်ထိ ခေတ်ပြောသမျှတွေအား မမက တစ်ခွန်းမျှမပြောဘဲ ခေတ်ကိုသာ စိုက်ကြည့်နေကာ ခေတ်စကားဆုံးတော့ ခေတ်ရင်ခွင်ထဲဝင်၍ ခေတ်ကို တင်းတင်းဖက်ထားလေတော့သည်။ တစ်နေကုန် deliလိုက်ပို့ရပြီး လူကချွေးတွေနှင့် စီးကပ်ကာချွေးန့ံတွေနံနေတာကြောင့် ရင်ခွင်ထဲတိုးဝင်နေသော မမအား ပခုံးလေးမှကိုင်၍ လူချင်းခွာလိုက်သည်။ သို့ပေမ့ဲ ခေတ်လူချင်းခွာလိုက်လည်း မမက ခေတ်ရင်ခွင်ထဲသာ တိုးဝင်ကာ...
"ဒီလိုလေး ခဏနေလို့မရဘူးလား ဟင် ခေတ်"
တိုးညှင်းညှင်းအသံလေးကြောင့် ခေတ်က လူချင်းခွာဖို့ မကြိုးစားတော့ဘဲ ရင်ခွင်ထဲရောက်နေသော မမကိုသာ ပြန်ဖက်ထားကာ...
"ရပါတယ် မမရယ်...နေလို့ရတာပေါ့...ခေတ်က တစ်နေကုန်လုံး ချွေးတွေန့ဲဆိုတော့လေ နံနေလို့ပါ...မမနံနေမှာ စိုးလို့ပါ"
မမဆီမွ အတော်ကြာသည်အထိ မည်သည့်အသံမှမကြားရဘဲ ရင်ဘတ်တစ်လျှောက် စိုလာသည့် အထိအတွေ့ရမှ မမငိုနေတာသည်အား သိလိုက်ရသည်။ မမကငိုပြီဆိုရင် အ့ဲလိုလေး အသံမထွက်တိတ်တဆိတ် ငိုတတ်သည့်သူရယ်...မျက်ရည်တွေက ခေတ်အကျႌပေါ်စိုမှသာ ခေတ်မှာ မမငိုနေမှန်း သိရတော့တာဖြစ်၏။ အ့ဲတာဟာလည်း တစ်ခါမဟုတ်၊ နှစ်ခါမဟုတ်။ အခေါက်တိုင်းလိုလိုပင်ဖြစ်လေသည်။
"မမ ငိုနေပြန်ပြီ...ဟာ မမရယ် ဘာလို့ငိုတာလဲဟင်"
ခေတ်က ပြောလည်းပြော မမ ပခုံးလေးနှစ်ဖက်အား ဆွဲကိုင်၍ မျက်နှာလေးအား ကြည့်ဖို့ကြိုးစားပေမ့ဲ မမက အကြည့်မခံ ခေတ်ရင်ခွင်ထဲသာ အတင်းတိုးကပ်ငိုနေပြန်၏။ ဒါဟာလည်း မမ၏ အကျင့်လေးတစ်ခုလို့ပင်ပြောလို့ရသည်။ မမက သူငိုနေသည်ကို ခေတ်အား မည်သည့်အခါမှ မမြင်တွေ့စေချင်ခ့ဲပေ။
ခေတ်ကလည်း ဒီတစ်ခါတော့အလျော့ မေပး...လူချင်းခွာလိုက်ပြီး မမပခုံးလေးအား ဖွဖွလေးဆွဲကိုင်ကာ မျက်နှာလေးကိုကြည့်သည်။ နောက်ဆုံးကျတော့ ကျန်းမာရေးမကောင်းသည့် မမနှင့် နေကောင်းကျန်းမာသော ခေတ်တွင် ခေတ်ကသာ အနိုင်ရပြီး မျက်ရည်တွေနှင့် မမမျက်နှာလေးအား မြင်တွေ့ခွင့်ရလိုက်သည်။
မျက်ရည်တွေနှင့် စိုရွှဲနေသည့် ပါးပြင်အား လက်မလေးဖြင့် သုတ်ပေးလိုက်ပြီး ကျချင်နေသော မျက်ရည်တွေကိုတော့ ခေတ်က ထိန်းထားလိုက်သည်။ ထို့နောက် မမမျက်ဝန်းတွေအား စိုက်ကြည့်ကာ...
"ဘာလို့ငိုနေတာလဲဟင် မမ...ခေတ်ကိုပြော...မမ တစ်ခုခုနေမကောင်းဖြစ်လို့လား...တစ်ခုခုနာနေတာမျိုးရှိလို့လားဟင်...မနက်ဖြန်မှ ဆရာမကြီးန့ဲချိန်းထားတာဆိုပေမ့ဲ တစ်နေရာရာက မမနာတယ်ဆိုရင်လေ ခေတ်တို့ ဒီညေနပဲ ဆေးရုံးသွားပြကြရအောင်လေ မမနော်..."
စိုးရိမ်တကြီးဖြင့် တတွတ်တွတ်ပြောနေသော ခေတ်နှုတ်ခမ်းပါးလေးတွေကို မိုးသားက ငိုနေလျက်နှင့်ပင် ဖိကပ်နမ်းပစ်လိုက်မိသည်။ ခေတ်ရ့ဲ အနမ်းတွေဟာ မိုးသားရ့ဲ ဝမ်းနည်းစိတ်ကို အတန်ငယ်တော့ ပြေပျောက်စေ၏။ အတော်လေးကြာမှ မိုးသားက ခေတ်နှုတ်ခမ်းလေးတွေအား အပိုင်သိမ်းထားရမှ လွှတ်ပေးလိုက်ပြီး အနည်းငယ်စိုစွတ်နေသော မျက်ရည်များအား သုတ္ပစ္ကာ...
"မမ မနာပါဘူး ခေတ်ရယ်..."
မိုးသားက ခေတ်ကို ပြောနေသည်အား ခဏရပ်လိုက်သည်။ ထို့နောက် နေလောင်ထား၍ ညိုနေသော ခေတ်ရ့ဲ ပါးပြင်လေးတွေအား လက်လေးဖြင့် ဖြဖြေလး ပွတ်သပ်မိပြန်တော့ မျက်ရည်ကထပ်ကျချင်လာသည်။ ချွေးန့ံနှင့် နေပူထဲသွားရများလွန်းတာကြောင့် ထွက်လာသည့် ခေတ်ဆီမှ နေညှီန့ံအချို့ကြောင့်လည်း ခေတ်ကိုမနှစ်မြို့ဖို့နေနေသာသာ ပိုပြီးတော့တောင် စိတ်မကောင်းဖြစ်နေပြန်သေးသည်။
"ပင်ပန်းနေပြီလားဟင် မမ ကလေးလေး...မမကြောင့်လေ ခေတ် ပင်ပန်းနေတာကို မကြည့်ရက်ဘူး...ကင်ဆာက အဆင့်၂ပဲရှိသေးတော့ မခွဲတော့ဘဲ မြန်မာဆေးန့ဲ ကုကြည့်ရင်ရောဟင် ခေတ်...မြန်မာဆေးတွေလည်း အထင်သေးလို့မရဘူးခေတ်ရ့ဲ...ပြီးတော့"
"ဟင့်အင်း...တော်ပြီ ဆက်မပြောန့ဲတော့ မမ...ခေတ် ဘယ်အရာန့ဲမှ မမအသက္ကို လောင်းကြေးထပ်ပြီး စမ်းတဝါးဝါးမလုပ်နိုင်ဘူး...ဆရာမကြီးပြောမ့ဲ ခွဲဖို့ရက်ချိန်းအတိုင်းပဲ ခေတ်တို့လုပ်ကြမယ်...အကုန်စိတ်ချရပြီဆိုမှ မြန်မာဆေးန့ဲဆက်ကုချင်ရင် ဆက္ကု ခေတ် မမစိတ်ကြိုက်အကုန်လုပ်ပေးမယ်နော်"
"ခွဲဖို့ဆိုတာက ပိုက်ဆံလုံလုံလောက်လောက် ရှိမှလေခေတ်ရယ်...မမတို့ဆီမှာ အားလုံးပေါင်းမှ ၃၀ကျော်ကျော်လောက်ပဲ ကျန်တော့မှ မဟုတ္လား...အခုလိုတွေ ခေတ်ပင်ပန်းနေတာမြင်ရရင် မမ ဒီရောဂါကိုကုမ့ဲအစား သေသာသေလိုက်ချင်တယ် သိလား"
"မမ..."
ခေတ်က မမအား ခပ်ဆတ်ဆတ်လေးအော်ပစ်လိုက်သည်။ ခေတ်အော်လိုက်တော့ မမ မျက်နှာလေးညှိုးကျသွားတာ မြင်လိုက်မှ မမလက်လေးအား တယုတယလေးကိုင်လိုက်မိသည်။ သို့ပေမ့ဲ မမကအကိုင်မခံ ဆတ်ခနဲခါချပစ်၏။ မမ ဝမ်းနည်းသွားပြီဆိုတာ သိလိုက်တာကြောင့် အကိုင်မခံသော လက်လေးကိုပင် ရုန်းမရအောင် ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး...
"နောက်တစ်ခါ အ့ဲလိုစကားမျိုးမပြောန့ဲနော် မမ...ခေတ်က ခေတ်အသက်ရှင်နေသမျှ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ်မမကို ခေတ်ဘေးနားက မထွက်သွားစေရဘူး...မမကေတာ့ ခေတ်အနားမှာ ခေတ်အသက်တွေကြီးလာတ့ဲအထိ ရှိပေးပါ့မယ်ဆိုတ့ဲ ကတိလေးပဲပေး...အရာရာကို ခေတ်က ရင်ဆိုင်နိုင်တယ် သိလား"
မမ က မျက်နှာချင်းဆိုင် ထိုင်နေရာမှ ခေတ်ကို တစ်ခွန်းမှ မပြောဘဲ ကျောခိုင်းလိုက်လေသည်။ ခေတ်ကတော့ ခေတ်ကိုကျောခိုင်းထားသော မမအား သိုင်းဖက်၍ မမပခုံးလေးပေါ် မေးလေးတင်ကာ...
"ခေတ်အတွက် အရေးကြီးဆုံးက ခေတ်အခုလို ပင်ပင်ပန်းပန်းလုပ်နေရတာတွေ မဟုတ္ဘူးသိလား မမ...ခေတ်အခုရှာနေတ့ဲ ပိုက်ဆံတွေလည်း မဟုတ္ဘူး...ခေတ်အတွက် အရေးကြီးဆုံးက ခေတ် အားငယ်နေတ့ဲအချိန်မှာ ခေတ်ဘေးနားရှိနေပေးတ့ဲ မမ...ခေတ် ဝမ်းနည်းနေချိန်မှာ ခေတ် န့ဲနည်းတူ ဝမ်းနည်းမှုတွေ မျှဝေယူပေးခ့ဲတ့ဲ မမ...ခေတ် ကို ချစ်သူလိုတစ်မျိုး၊ အမေလိုတစ်မျိုး၊ အစ်မတစ်ယောက်လိုတစ်မျိုး၊ သူငယ်ချင်းလိုတစ်မျိုး ချစ်ခင်ပေးတ့ဲ မမကသာ ခေတ် ဘဝရ့ဲအရေးကြီးဆုံးဆိုတာ သိရ့ဲလား...မမ မရှိရင် ခေတ် တစ်ယောက်တည်း ဘယ်လိုများရပ်တည်ရမလဲလို့ မမေတြးဖူးလား...ခေတ်ကတော့ ကြိမ်ဖန်များစွာ တွေးဖူးတယ်...တွေးလိုက်တိုင်းလည်း ခေတ် အနားမွာ မမ မရှိတော့မ့ဲ ဘဝကို အရမ်းကြောက်တယ်..မမကြောင့် အသက်ရှင်နေတ့ဲ ခေတ်ကို နောက်တစ်ခါ မမ သေချင်ပါတယ်ဆိုတ့ဲ စကားမျိုး မပြောန့ဲနော် မမ...အ့ဲစကားကလေ ခေတ် ပင်ပင်ပန်းပန်းလုပ်နေရတ့ဲအလုပ်တွေထက် ခေတ်ကို အဆပေါင်းသိန်းသန်းများစွာပင်ပန်းစေလို့ပါ..."
မမမ်ား တစ်ခုခုဖြစ်သွားရင်ဆိုသည့် အတွေးဆိုးကြီးက ခေတ်ခေါင်းထဲဝင်လာတော့ မမကိုဖက်ထားလျက်ပင် ခေတ်က မျက်ရည်ပေါက်ကြီးငယ်ကျလာကာ ရှိုက်ကြီးတငင်ငိုမိတော့၏။ ခေတ်ငိုနေတာကြောင့် မမက ခေတ်ဘက်ကို လှည့်ကာ...
"ခေတ် မမကိုကြည့်စမ်...ပြောတာနားထောင်...မငိုန့ဲတော့ တိတ်တော့နော်...မမတောင်းပန်ပါတယ် ကလေးရယ်...မမ ကလေးန့ဲမခွဲချင်လို့ပါ...မမလည်းကြောက်တယ် ခေတ်န့ဲခွဲရမှာ သိပ်ကြောက်တယ်...ခွဲရမယ်ဆိုတ့ဲ ကံကြမ္မာကိုလည်း သိပ်ကြောက်သလို ဒီရောဂါကြီးန့ဲ မမတစ်ခုခုဖြစ်ပြီး မမချစ်တ့ဲ ခေတ်ကိုထားခ့ဲရမှာလည်းကြောက်တယ်...ဒါပေမ့ဲ တစ်ခုကတိပေးတယ်...မမတို့နှစ်ယောက် နောက်ဆုံးထိ အလျော့မပေးကြဘဲ ဒီရောဂါကြီးကို ပျောက်အောင်ကုကြမယ်နော်...နောက်ဆို ခေတ် ဝမ်းနည်းစေမ့ဲ စကားမျိုးတွေ မမ မပြောတော့ဘူးနော် ကေလး...တိတ်တော့ မမကိကိုက မကောင်းတာ မမရ့ဲ ခေတ်လေး ပင်ပန်းလာတာကို ဝမ်းနည်းအောင်လုပ်မိတယ်...တကယ် မမက မကောင်းတ့ဲသူ"
ခေတ်မျက်ရည်တွေအားဖွဖွလေး သုတ်ပေးနေသော မမလက်လေးတွေအား ခေတ်က ဆွဲကိုင်ကာ ဖွဖွလေးနမ်းလိုက်သည်။ ထို့နောက် မမအား ရင်ခွင်ထဲထည့်၍ တင်းတင်းလေးဖက်ထားမိလိုက်သည်။
နှစ်ယောက်စလုံး ပါးပြင်ပေါ်မှာတော့ မျက်ရည်တွေက အညှိုးတကြီးရွာသော မိုးတွေလိုပင် မျက်ရည်တွေမတိတ်ခ့ဲ။ ခေတ်တို့ နှစ်ယောက်စလုံး ငိုနေတာကို သိပေမ့ဲ အငိုတိတ်ဖို့မကြိုးစားဘဲ ဖက်ထားလျက်သားဖြင့်ပင် ငိုနေမိခ့ဲကြလေသည်။
ခေတ် အတွက် ကမ္ဘာပျက်ခြင်းဆိုသည်မှာ မမ၏ ဝင်သက်ထွက်သက်လေး ချုပ်ငြိမ်းသွားခြင်းကို ဆိုလို၏။
------------
ဇြန္လ (၁)ရက်နေ့...
မမ ရောဂါ ခွဲစိတ်ရန် ရက်(၂၀)အလို...
မိုးသား အိပ်ယာကနိုးတော့ မိုးသာဘေးမှာ ခေတ်မရှိတော့ပေ။ ခေတ်မှာ riderလုပ်သည့်အချိန်ထဲက မနက်ဆိုလျှင် orderများများရတတ်တာကြောင့် အစောကြီးထကာ Deliပို့ပေးရရှာသည်။ အနီးအနားရှိ လမ်းကြောင်းတိုလေးတွေက လမ်းကြောင်းလည်းတိုကာ ခေါက်ရေလည်းများသောကြောင့် မနက်Deliပို့ပေးရတာ ပိုရတယ်ဟု လည်း ခေတ်က ခဏခဏပြောတတ်သေးသည်။
(၇)နာရီခြဲသာ ရှိသေးပေမ့ဲ မိုးသားစားဖို့ အစောကြီးထဝယ်ပေးထားသည့် မုန့်ဟင်းခါးနှင့် ဖျော်ပြီးနှပ်ထားသည့် ကော်ဖီလေးက စားပွဲပေါ်တွင်အသင့်။ ထူးထူးခြားခြားတော့ စားပွဲပေါ်၌ နှင်းဆီပန်းအဖြူလေးတစ်ပွင့်ရှိနေကာ ထိုနှင်းဆီပန်းလေးအောက်မှာတော့ ပန်းရောင်စာအိတ်လေးတစ်အိတ်ရှိနေလေ၏။
နှင်းဆီပန်းကိုမြင်တော့ မိုးသား မျက်နှာလေးပြုံးမိသွားကာ နှင်းဆီနပ်းလေးအား တယုတယေလးယူကာ နမ်းလိုက်မိသည်။ စာအိတ်လေးကို ဖင်ပြန်ခေါင်းပြန်လှန်ကြည့်ကာ အသေပိတ်ထားတာကြောင့် မျက်နှာသစ်ပြီးမှပင် ဖွင့်ကြည့်မည်ဟု ဆုံးဖြတ်လိုက်ပေမ့ဲ ဘာလည်းဆိုတာသည်အား သိချင်စိတ်တို့ မထိန်းနိုင်တာကြောင့် လက်ရေးသွယ်သွယ်လေးများဖြင့် ရေးထားသော ခေတ်စာလေးအား မိုးသား ဖွင့်ဖတ်ကြည့်လိုက်တော့သည်။
ခေတ်ချစ်ရတ့ဲ ခေတ်ရ့ဲ မိန်းမလေး မမေရ...
လွန်ခ့ဲတ့ဲ (၃၆)နှစ် မပြည့်ခင် အခုလို (၁၉)ရက်အလိုမှာ ခေတ် သိပ်ချစ်ရတ့ဲ မမက လူ့လောကထဲ ဝင်လာတော့မ့ဲ ကလေးလေးတစ်ယောက်ပေါ့နော်။ အ့ဲအချိန်မှာ ခေတ်ဆိုတ့ဲ ကောင်မလေးက ဘယ်နားရှိနေလဲ သိလား...ခေတ်ဆိုတ့ဲ ကောင်မလေးက မမကို တစ်နေရာကနေ စောင့်ကြည့်နေမှာ အသေချာပေါ့။ နောက်နှစ်ပေါင်း (၃၄)နှစ်ကြာရင် ခေတ်န့ဲတွေ့ရဖို့ ကျန်းကျန်းမာမာန့ဲ ရှိနေပေးပါလို့ တစ်နေရာကနေ ဆုတောင်းရင်လည်း ဆုတောင်းနေမှာ သိလား မမ။
ခေတ်ရေးထားသော စာလေးကြောင့် မိုးသားက "ခေတ်ကတော့လေ"ဟု ပြောကာ ပြုံးမိပြန်သည်။ ထို့နောက် ခေတ်က စာကိုဆက်၍ ဖတ်လိုက်သည်။
မွေးနေ့မရောက်ခင် နှစ်တိုင်းနှစ်တိုင်းရ့ဲ အခုလို မွေးနေ့လအစ တစ်ရက်နေ့မှာ မမမ်ား ဘာတွေလုပ်နေမလဲဆိုတာ ခေတ်သိချင်လိုက်တာ။ အလုပ်တွေန့ဲရှုပ်နေခ့ဲမလား...သူငယ်ချင်းတွေန့ဲ ပျော်နေခ့ဲတာလား...အိမ်အလုပ်တွေများ လုပ်နေခ့ဲမလား...ဒါမှမဟုတ် စိတ်ညစ်စရာတွေကြောင့် စိတ်တွေပင်ပန်းနေခ့ဲမလား...။ အတိတ်မှာ ဖြစ်ပျက်ခ့ဲတ့ဲ မမရ့ဲတစ်ရက်ချင်းစီတိုင်းကို ခေတ်သိပ်ကိုသိချင်မိပါတယ် မမရယ်။ အတိတ္က မမဝမ်းနည်းနေတာလေးကို မျှဝပြီးခံစားချင်မိတယ်။ အတိတ်မှာ အလုပ်တွေလုပ်ရလို့ ပင်ပန်းနေတာလေးကိုလည်း မျှဝေပြီး ပင်ပန်းချင်မိတယ်။ အတိတ္က ပျော်ရွှင်နေတ့ဲ မမပုံလေးကို ငေးကြည့်ရင်း ခေတ်လည်း အပျော်တွေကူးဆက်ချင်မိတယ်။ ရူးတယ်လို့ ပြောရင်တော့ မမဆိုတ့ဲ စိတ်လေးန့ဲ ရူးခွင့်ရချင်တ့ဲ ကောင်မလေးမို့လို့ မမက ရူးနေတ့ဲကောင်မလေးအတွက် ဇြန္လ (၁)ရက်နေ့လေးမှာ ပျော်ရွှင်ပေးပါနော်။
မမရ့ဲ အခ်စ္ကေလး
ခေတ်
စာလေးက တိုတိုလေးဆိုပေမ့ဲ မိုးသားမျက်နှာလေးပေါ်မှာတော့ အပြုံးလေးတွေတွဲခိုနေလေပြီ။ မိုးသားချစ်ရသူလေးက တစ်ခါတစ်ခါ ကလေးဆန်တယ်ဆိုပေမ့ဲ သိပ်ကိုချစ်ဖို့ကောင်းသည့် ကောင်မလေးပါ။
ထိုနေ့တစ်နေ့လုံး မိုးသားထိုစာလေးကြောင့်ပင် ခံစားနေရသော ဝေဒနာတွေအား မေ့ကုန်လေ၏။ ခေတ်၏ စာလေးကို အခေါက်ခေါက်အခါခါ ဖတ်ရင်းဖြင့်ပင် မိုးသား၏ ဇြန္လ(၁)ရက်နေ့လေးကို အပျော်များဖြင့် အချိန်ကုန်ဆုံးစေခ့ဲလေသည်။
အိမ္ကို ခေတ်ပြန်လာတော့လည်း ထိုစာလေးအကြောင်းကို ခေတ်က ဘာမှမပြောဘဲ အရင်လို မိုးသားအား ဂရုစိုက်မပြတ် အချစ်မပြတ်ပေမ့ဲ စာကိစ္စကိုတော့ မသိချင်ယောင်ဆောင်၍သာနေနေတော့ မိုးသားကလည်း မပြောဖြစ်ခ့ဲ။ ရှက်တတ်သော မိုးသားချစ်ရသူလေးက ထိုစာရေးကာ မိုးသားကိုပေးခြင်းအား ရှက်နေမည်ဆိုတာကို မိုးသားကောင်းကောင်းသိနေလို့လေ။
-------
ဇြန္လ (၂)ရက်နေ့...
ခေတ်ချစ်ရတ့ဲ ခေတ်ရ့ဲ မိန်းမလေး မမေရ...
ကမ္ဘာဦးအစမှာ နှင်းဆီတွေ ဘာ့ကြောင့်ဖြစ်တည်လာလဲသိလား မမ...။ မိုးသားနှင်းဆီဆိုတ့ဲ ပန်းလေးတွေလိုလှတ့ဲ လူသားမိန်းကလေးတစ်ယောက် မွေးဖွားလာမှာမို့လို့ နှင်းဆီပန်းလေးတွေ ဖြစ်တည်လာရတာပါတ့ဲ။ ပိုမပြောဘူး ဆိုတာကို ယုံမယ်ဆိုရင် မမက ဒီကမ္ဘာပေါ်မှာရှိတ့ဲ ပန်းလေးတွေထက် ပိုလွတာကို ယုံလိုက်ပါ။ အပိုတွေလို့ အခုပဲပြောလိုက်တယ်မဟုတ်လား...။ ဟော ရယ်နေတာ ဘယ်လောက်များလှရက်လိုက်တ့ဲ ခေတ် ရ့ဲ အမျိုးသမီးလေးလဲ။ မမရ့ဲအပြုံးလေးတွေန့ဲတင် ခေတ်တော့ ကမ္ဘာတစ်ခြမ်းကို အပိုင်ရပြီးပါပြီ မမရယ်...။
မမရ့ဲ အခ်စ္ကေလး ခေတ်။
-----------
ဇြန္လ (၃)ရက်နေ့...
မမေရ...
မမကို လွမ်းတ့ဲ အလွမ်းတွေကို ခေတ်ဘယ်လိုများတိုက်ဖျက်ရလဲ သိလား မမ...။ ခေတ်အတွက်တော့ မမန့ဲတူတူရှိနေတ့ဲအချိန်မှာ မမရ့ဲ လှုပ်ရှားမှုတိုင်းကို ခေတ်နှလုံးသားထဲ မှတ်တမ်းတင်ထားတာပေါ့။ မမန့ဲ ခဏတာလေးဝေးရတ့ဲ အခုလို ခေတ်အလုပ်ထဲရှိနေတ့ဲအချိန်တွေဆို ခေတ်မျက်လုံးတွေကို ပိတ္ထားထား၊ ဖွင့်ဖွင့်ထားထား မမကိုပဲ မြင်နေရအောင်လေ။ ခဏတာလေး ဝေးရတ့ဲ ခေတ်ရ့ဲအလွမ်းတွေကို ခေတ်နှလုံးသားထဲ စွဲနေအောင်မှတ်ထားတ့ဲ မမရ့ဲ ပုံရိပ်လေးတွေက ကုစားပေးကြတယ်။ မမ ကခေတ်အတွက် အ့ဲလောက်ထိကိုအရေးပါပါတယ်။ အ့ဲအတွက် ခေတ် အနားမွာ အကြာကြီးနေရမယ်နော်။
မမရ့ဲ အခ်စ္ကေလး ခေတ်။
------
ဇြန္လ (၄)ရက်နေ့...
မမေရ...
လူတွေက ဘာလို့များ ကိုယ်ချစ်ရတ့ဲသူတွေကို ထားရစ်ပြီး သေဆုံးကြရတာလဲ။ ခေတ်တို့ဆီက တန်ဖိုးရှိတ့ဲအရာ တစ်ခုပေးပြီး တစ်ခုပြန်ယူတတ်တ့ဲ လောကကြီးကြောင့် ခေတ်ဆီက တန်ဖိုးရှိတ့ဲအရာကို ယူသြားမွာ ခေတ်သိပ်ကြောက်မိတယ်။ ဒါပေမ့ဲ စိတ်သာဆောင်ရင် ဘာမဆိုဖြစ်နိုင်တယ်တ့ဲ မမရ့ဲ။ ခေတ်ရ့ဲ ချစ်ခြင်းတရားတွေက ခေတ် တန်ဖိုးထားရတ့ဲ အရာလေးတွေကို ဘယ္လိုနိယာမကမွ ခေတ်ဆီက ယူသွားခွင့်မပြုရအောင် လုပ်နိုင်စွမ်းရှိတယ်ဆိုတာ ခေတ်ကိုယ်ခေတ်လည်း ယုံတယ်။ တစ်ခုလေးပဲ မမဘက္က လုပ်ပေးပါ။ တစ်ခြားမဟုတ်ပါဘူး ခေတ်က ခေတ်ကိုယ်ခေတ် ယုံသလို မမကလည်း ခေတ်ကိုယုံကြည်ပေးဖို့လေ။ အာ ခေတ် ဘာတွေရေးနေမိပါလိမ့်။ ခေတ်အတွက်န့ဲ အားအင်အပြည့်န့ဲ အရာရာကို ဖြတ်ကျော်ဖို့ကြိုးစားပေးပါနော် မမ။
မမရ့ဲ အခ်စ္ကေလး ခေတ်။
--------
ဇြန္လ (၅)ရက်နေ့...
မမေရ...
အချိန်တွေကိုသာ လှည့်စားလို့များရခ့ဲရင် ခေတ် က မမအချစ်ကိုစတင်ခံစားလို့တတ်ခ့ဲတ့ဲ ကာလေတြဆီကို ပြန်သွားချင်ပါတယ်။ မမရ့ဲ ပထမဦးဆုံးခ်စ္သူဟာ ခေတ်ဖြစ်ဖို့လေ။ ရယ်စရာတော့ကောင်းမှာနော် မမ။ ကလေးပိစိလေး ခေတ်န့ဲ ဆယ်ကျော်သက်အရွယ်လေး မမေပါ့။ သဝန်တိုတာလို့ပြောရင်တော့ ဝန်ခံရမှာဖြစ်ပြီး ဘာ့ကြောင့်လဲလို့မေးရင်တော့ မမဦးဆုံး ချစ်တ့ဲသူဟာ ခေတ်ဖြစ်ချင်လို့ပါ လို့ပြောပါရစေ။ မဖြစ်နိုင်ဘူးဆိုတာ သိပေမ့ဲ မမ ပထမဆုံး ခ်စ္မိသူဟာ ခေတ်ဖြစ်ချင်လို့လေ။ပြီးတော့ ဆယ်ကျော်သက်အရွယ်ကနေ အသက်တွေအိုမင်းတ့ဲအထိ မမရူးရူးမူးမူး ချစ်မိတ့ဲသူဟာ ခေတ်တစ်ယောက်တည်း ဖြစ်ချင်လို့ပေါ့။ အတ္တကြီးတယ်ဆိုရင်တောင် မမကို ချစ်မိတ့ဲအပြစ်တွေကြောင့် ဖြစ်တည်လာမိတ့ဲ အတ္တတွေပါ။
မမရ့ဲ အခ်စ္ကေလး ခေတ်။
---------
ဇြန္လ (၆)ရက်နေ့...
မမေရ...
ပျော်ရွှင်ခြင်းဆိုတာ ခေတ်အတွက် ဘယ်အချိန်ကဖြစ်ပေါ်တယ်ဆိုတာ သိရ့ဲလား။ ခေတ်ရ့ဲ ပျော်ရွှင်ခြင်းက Senorita accountလေးက စတင်တယ်လို့ပြောရင် မမယုံမွာလား။ ထူးဆန်းပါရ့ဲနော် တစ်ခါမှ မြင်ဖူးတွေ့ဖူးခြင်း မရှိတ့ဲမမကို Account တစ္ခုကေန စကားပြောရာက ချစ်မိသွားလို့တ့ဲလေ။ မလိမ်ဘဲ အမှန်တိုင်းပြောပါဆိုရင်တော့ မမ ဥပက္ခာပြု ချစ်ဟန်ဆောင်ခ့ဲတ့ဲရက်တွေက ခေတ်အတွက် အရမ်းခက်ခဲခ့ဲတ့ဲ ရက်တွေပေါ့။ မမကို လက်လွှတ်ဖို့ အကြိမ်ကြိမ်ကြိုးစားကြည့်ပေမ့ဲ နှလုံးသားက ခွင့်မပြုခ့ဲဘူး။ အ့ဲတာလေးက ကံကောင်းတယ်လို့များ မထင်ဘူးလား။ အခုတော့ ခေတ်မှာ မမအခ်စ္ကို ရနေခ့ဲပြီလေ။ အခုလိုလေးပဲ နောက်ထပ်နှစ်တွေအများကြီးမှာ အချစ်တွေအများကြီးန့ဲချစ်နေပေးပါနော်။
မမရ့ဲ အခ်စ္ကေလး ခေတ်။
--------
ဇြန္လ (၇)ရက်နေ့...
မမေရ...
လူတွေက ပြောကြတယ်။ မိန်းကလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ခ်စ္တာ မဖြစ်သင့်ဘူးတ့ဲ။ တူတူနေဖို့ဆိုတာတော့ ပိုလို့တောင်မဖြစ်သင့်ဘူးတ့ဲလေ မမ။ သူတို့တွေရ့ဲ အဆိုတွေမှားကြောင်းကို ခေတ်က သက်သေပြပေးမယ်။ မမကို ဒီထက်ပိုကောင်းတ့ဲ ဘဝမျိုးန့ဲ နေနိုင်အောင် ခေတ်ပိုကြိုးစားပြမယ်။ မိန်းကလေးတစ်ယောက်ဟာလည်း မိန်းကလေးတစ်ယောက်ကို ကာကွယ်စောင့်ရှောက်လို့ရကြောင်း ခေတ်က သက်သေပြပေးမယ်။ ခေတ် သက်သေပြပေးနို်င်ဖို့ မမဘက္ကေတာ့ ကျန်းမာအောင်ကြိုးစားပေးပါနော်။ ခေတ်ကို အမြဲယုံကြည်ပေးတ့ဲ မမကို သိပ္ခ်စ္တာပဲ။
မမရ့ဲ အခ်စ္ကေလး ခေတ်။
-------
ဇြန္လ (၈)ရက်နေ့...
မမေရ...
လူ့စိတ်ဆိုတာ သိပ်ကိုပြောရခက်တယ်တ့ဲ။ အ့ဲဒီပြောရခက်တ့ဲ လူ့စိတ်ကြောင့်ပဲ ကတိသစ္စာတွေ ချိုးဖောက်လာကြတယ်။ ယုံကြည်မှုတွေကိုအလွဲသုံးစား လုပ်လာကြတယ်ပေါ့။ အ့ဲပြောရခက်တ့ဲ လူ့စိတ်ကြောင့်ပဲ ချစ်ခြင်းမေတ္တဟာ တစ်ခါတစ်လေမှာ အရောင်မှေးမှိန်သွားတတ်သေးတယ်။ ခေတ်ကတော့ ပြောရခက်တ့ဲ လူစိတ္ဆိုတာကို မမကိုအမြဲချစ်သွားပါဆိုတ့ဲ အသိရိုက်သွင်းပြီး ရှင်သန်ခိုင်းမယ်။ ယုံကြည်မှုဆိုတာ အလွဲသုံးစားလုပ်စရာမဟုတ်ဘူးဆိုတ့ဲ အသိန့ဲရှင်သန်မယ်။ အကယ်၍များ ခေတ်တို့စကားများရန်ဖြစ်ခ့ဲရင်တောင် မမက ငါ့ကိုချစ်သေးရ့ဲလားလို့ တွေးမ့ဲအစား...မမက ငါ့ကိုဘယ်လိုလေးတွေ ချစ်ခ့ဲတာဆိုတာလေးန့ဲ ဖြေသိမ့်ပြီး မမကိုပိုချစ်ပေးမယ်။ မမဘက်ကလည်း အ့ဲလိုလေးလုပ်ပေးနိုင်မယ်မဟုတ်လားဟင်။ အ့ဲလိုလေး လုပ်ပေးနိုင်ဖို့ နေကောင်းအောင်ကြိုးစားပေးပါနော်။
မမရ့ဲ အခ်စ္ကေလး ခေတ်။
-------
ဇြန္လ (၉)ရက်နေ့...
မမေရ...
လူတစ်ယောက်က တားမရဆီးမရ ချစ်တယ်ဆိုတ့ဲအချိန်ဆိုတာ ရှိလားဟင်။ ခေတ်မှာလေ မမန့ဲစတွေ့ပြီးတ့ဲ အချိန်ထဲက မမကိုတားမရဆီးမရ ချစ်မိတ့ဲအချိန်တွေမှ အများကြီးရယ်။ မမကို ချစ်တ့ဲစိတ်တွေ ခေတ် ခန္ဓာကိုယ်ရ့ဲ နေရာမရွေးပြည့်နေတာမျိုး...မမကို အပိုင်ရထားတယ်ဆိုတ့ဲ စိတ်န့ဲ လူက မြောက်ကြွမြောက်ကြွဖြစ်နေတာမျိုး...အ့ဲဒီစိတ်ကိုပဲ ခေတ်ကကျေနပ်နေသလိုမျိုး...ဘဝမွာ ဒီလောက်ဒုက္ခရောက်နေတာတောင် မမကို အပိုင်ရထားပါလားဆိုတ့ဲ အသိန့ဲ ပျော်နေတာမျိုးလေ။ အရူးလေးတစ်ယောက်လို အမြဲရေရွတ်မိတာတော့ မမကို ခေတ်အရမ်းချစ်လိုက်ရတာဆိုပြီးတော့ပေါ့။ အ့ဲတာကြောင့် မမခေတ်ကိုသတိရတ့ဲအချိန်တွေဆို ခေတ်လည်း မမကို အမြဲသတိရနေမိလို့ မမကိုချစ်လိုက်တာဆိုပြီး ရေရွတ်နေတယ်ဆိုတာလေးကို သိထားပေးပါ။
မမရ့ဲ အခ်စ္ကေလး ခေတ်။
-------
ဇြန္လ (၁၀)ရက်နေ့...
မမေရ...
အမှန်တိုင်းဝန်ခံရရင် မမရ့ဲ အရင်ကချစ်သူကို မနာလိုဖြစ်မိတယ်။ သူက မမရ့ဲ ငယ်ရွယ်နုပျိုတ့ဲ အရွယ်ကနေ ရင့်ကျက်တ့ဲအသက်ရွယ်ရောက်တ့ဲအချိန်တစ်ခုထိ မမန့ဲ တူတူရှိနေခ့ဲလို့လေ။ တကယ်ဆိုရင် အခုချိန်မှာ မမက ခေတ်ကိုချစ်နေပြီဆိုတာ သိပေမ့ဲလည်း အခုချိန်ထိ သူ့ကိုမနာလိုဖြစ်နေမိတုန်း။ ခေတ်တစ်ယောက်တည်းကပဲ မမကိုပိုင်ဆိုင်ချင်တ့ဲအတ္တလို့ ပြောရမလား။ သဝန်တိုတတ်တ့ဲ ကောင်မလေးတစ်ယောက်ရ့ဲ သဝန်တိုစိတ်လို့ပဲ ပြောရမလား။ အ့ဲစိတ်လေးကို ဒီနေ့ဒီအချိန်ထိ နားလည်ပေးလို့ကျေးဇူးတင်ပါတယ် မမရယ်။ နောက်တစ်ခုက ဒီနေ့ဒီအချိန်ထိ ခေတ်စိတ်ထဲ မမကို ယုံကြည်မှုရအောင်ထိ သူ့ကို အဆက်အသွယ်မလုပ် လို့လည်း ကျေးဇူးတင်ရပါတယ်။ နောက်ထပ်လည်း ကျေးဇူးတင်စရာကိစ္စတွေ အများကြီးလုပ်ပေးနိုင်ဖို့ မမက နေကောင်းကျန်းမာအောင် နေပါနော်။
မမရ့ဲ အခ်စ္ကေလး ခေတ်။
------
ဇြန္လ (၁၁)ရက်နေ့...
မမေရ...
တကယ်အသိမပေးချင်ပေမ့ဲ မမအတွက် ကောင်းတာလုပ်တာမို့လို့ အသိပေးပါရစေ။ မနေ့က ခေတ် တို့ riderထဲက အစ်မတစ်ယောက်ရ့ဲ သမီးလေး အရေးပေါ်သွေးလိုနေလို့ သွေးလှူပေးဖြစ်တယ်။ မမရ့ဲ မွေးနေ့အတွက် ရည်စူးပြီးတော့ပေါ့လေ။ ငယ်ငယ်ထဲက သွေးအားနည်းရောဂါရှိလို့ သွေးလှူမရတ့ဲ မမအစား ခေတ်လှူလိုက်တ့ဲ သွေးအလှူက မမဆီမွာ ထပ်တူရပြီး မမေ မြန်မြန်နကောင်းပါစေနော်။ ခေတ်ရ့ဲ သွေးအလှူကြောင့် မမ ကျန်းမာရေးရ့ဲ တစ်တောင့်တစ်နေရာလေး အထောက်အကူပြုမယ်ဆိုရင် ခေတ်တစ်ကိုယ်လုံးမှာ ရှိတ့ဲသွေးတွေတောင် ထုတ်လှူရဲပါတယ် မမေရေ။ မမကိုပြောရင် စိတ်ပူမှာစိုးလို့ ဒီစာလေးတွေထဲကနေပဲ ပြောပြရလို့ စိတ်မဆိုးပါန့ဲနော်။ သွေးအလှူဟာ မွန်မြတ်တာမို့လို့ ခေတ်ရ့ဲ သွေးတစ်စက်ချင်းစီဟာ မမကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်ပါစေ။
မမရ့ဲ အခ်စ္ကေလး ခေတ်။
-------
ဇြန္လ (၁၂)ရက်နေ့...
မမေရ...
ဒဏ်ရာဆိုတာ ရခ့ဲဖူးသူမှ ဘယ်လောက်ထိနာကျင်ရမှန်းသိကြတာတ့ဲ။ မမက ဒဏ်ရာတွေရခ့ဲဖူးသူမို့လို့ ခေတ်အပေါ်ကို ဖေးမခ့ဲတာလားမသိပေမ့ဲ မမ ဖေးမခ့ဲတ့ဲလက်တစ်စုံကြောင့် ခေတ်ရ့ဲအနာတရတွေ သက်သာခ့ဲရပါတယ်။ အရင်က အခန်းကျဉ်းလေးထဲ ကျိတ်ငိုသူ ဖြစ်ခ့ဲဖူးရင်တောင် မမပေးတ့ဲ ဖေးမကူညီမှုတွေကြောင့် အခန်းကျဉ်းလေးထဲ ပျော်ရွှင်မှုဆိုတာကို ဆုပ်ကိုင်နို်င်ခ့ဲတယ်ဆိုတာ ယုံပါ။ မမက ခေတ်ရ့ဲ ဖေးမတ့ဲ လက်တစ်စုံဖြစ်တ့ဲအတွက် ဒီနေ့လည်း ကျန်းမာရေးဂရုစိုက်ပါနော်။
မမရ့ဲ အခ်စ္ကေလး ခေတ်။
-------
ဇြန္လ (၁၃)ရက်နေ့...
မမေရ...
တြယ္တာရာ မရှိတ့ဲခေတ်ဘဝထဲကို ပထမဆုံး ဝင်ရောက်လာတ့ဲ သံယောဇဉ်ကြိုးလေးဟာ မမပါ။ နှင်းဆီပန်းတွေကို မြတ်နိုးသလို မမကိုမြတ်နိုးတယ်။ အညိုရောင်တွေကို ချစ်ခင်ရသလို မမကို ချစ်ခင်ရတယ်။ သံစဉ်တွေထဲ မွေ့လျော်ရတာနှစ်သက်သလို မမရ့ဲ စကားသံလေးတွေထဲ နှစ်မြောရတာကိုနှစ်သက်မိတယ်။ ဂစ္တာတီး သင်ချင်သလို မမကြိုက်နှစ်သက်တ့ဲ သံစဉ်တွေကိုလည်း မမနားဆင်ဖို့ တီးပြချင်မိတယ်။ လူသားတွေအတွက် Maslow's hierarchy need မွာ physiological need ဟာ အရေးပါဆုံးသော လိုအပ်ချက်ပါဆိုရင် ခေတ်အတွက်တော့ မမက ခေတ်ဘဝရ့ဲ အေရးပါဆုံး လိုအပ်ချက်လေးတစ်ခုပါပဲကွယ်။ အ့ဲတာကြောင့် ခေတ်ရ့ဲ လိုအပ်ချက်လေးက နေကောင်းအောင်ဂရုစိုက်ပါနော်။
မမရ့ဲ အခ်စ္ကေလး ခေတ်။
--------
ဇြန္လ (၁၄)ရက်နေ့...
မမေရ...
အရှုံးတွေန့ဲ ရင်ဆိုင်ရတ့ဲအချိန်မှာ အနားမှာရှိပေးတ့ဲ လူတစ္စုကသာ ဘဝရ့ဲ စစ်မှန်သော လူတွေပါတ့ဲ။ ခေတ်ရ့ဲ ကျရှုံးမှုတွေန့ဲ နေထိုင်ခ့ဲရတ့ဲ ရက်တွေမှာ ခေတ်အနားမှာ လူတစ်စုဆိုတာမျိုးမရှိခ့ဲပါဘူး။ ဒါပေမ့ဲ ခေတ် ချစ်ရတ့ဲမမက အနားမှာရှိပေးခ့ဲတယ်။ အားပေးမှုတွေန့ဲ အရှုံးတွေကိုရင်ဆိုင်နိုင်အောင် ခွန်အားတွေပေးခ့ဲတယ်။ နားလည်မှုတွေန့ဲ ကျရှုံးမှုတွေက ရုန်းထွက်နိုင်အောင် လက်ကမ်းပေးခ့ဲတယ်။ ခေတ်က မမကို စချစ်ခ့ဲတာဖြစ်ပြီး မမကေတာ့ အဆုံးထိခေတ်ကို နားလည်ပြီး ချစ်ပေးခ့ဲလို့ ကျေးဇူးအများကြီးတင်ရပါတယ် ခေတ်ရ့ဲအမျိုးသမီးလေးရေ။ နေ့ရက်တိုင်းက ကျရှုံးနေရင်တောင် မမပေးတ့ဲ ခွန်အားတွေန့ဲ ရုန်းထွက်နိုင်အောင် လမ်းညွှန်ပြပေးတ့ဲ အမျိုးသမီးလေးကို သိပ်ချစ်ရပါတယ်။
မမရ့ဲ အခ်စ္ကေလး ခေတ်။
-------
ဇြန္လ (၁၅)ရက်နေ့...
မမေရ...
သုညေလး ခေတ်ကို ယုံကြည်ပြီး ဒီနေ့အထိ အနားမှာရှိနေပေးလို့ ပိုပြီးမြတ်နိုးရပါတယ်။ သုညလေးကစတ့ဲ ဘဝမို့လို့ ဖြတ်သန်းလာတ့ဲတစ်လျှောက် ဂဏန်းသေးသေးလေးတွေသာ ထပ်တိုးနို်င်ခ့ဲပေမ့ဲ အပေါ်ယံအရေခွံ ပကာသနတွေကို လိုချင်တပ်မက်စိတ်ကင်းကင်းန့ဲ ချစ်ခြင်းမေတ္တာတွေသာ အလိုရှိတ့ဲ မမကြောင့် စိတ်မကောင်းလည်း ဖြစ်မိသလို ဝမ်းနည်းမိတာလည်း အမှန်ပါ။ လုံလောက်ပြည့်စုံတ့ဲ ဘဝလေးရတ့ဲတစ်နေ့တော့ မမကို အလုံးစုံဖြည့်ဆည်းပေးနိုင်သူဖြစ်ပါစေလို့ အမြဲဆုတောင်းပါတယ်။ ခေတ်ရ့ဲ ဒီထက်ဒီ့ထက်သော အချစ်တွေန့ဲ အချစ်ခံရဖို့တွေရှိလို့ နေကောင်းကျန်းမာအောင်နေပါနော်။
မမရ့ဲ အခ်စ္ကေလး ခေတ်။
-----
ဇြန္လ (၁၆)ရက်နေ့...
မမေရ....
မမသိလား ခေတ်က မိုးရွာတာကိုချစ်တယ်။ အခုတော့ မိုးရာသီမွာ မွေးတ့ဲ မမကိုပိုချစ်တယ်။ မိုးတွေရွာတိုင်း မမကိုပိုလွမ်းမိတယ်။ အပိုတွေပြောတာ မဟုတ်ဘူးဆိုတာကိုတော့ ယုံပေးစေချင်ပါတယ်။ မမကို ချစ်မိလို့ မိုးရာသီကိုပိုချစ်လာမိတယ်ပေါ့လေ။ မမန့ဲ ပတ်သက်တ့ဲ မိုးရေထဲက အမွတ္တရေတြဟာ ခေတ် သေဆုံးတ့ဲအချိန်မှာတောင် ယူဆောင်သွားချင်တ့ဲ ပျော်ရွှင်ခြင်း အမှတ်တရလေးတွေပေါ့၊ နောက်ထပ် မိုးရာသီတိုင်းမှာ မမန့ဲတူတူသာ အမွတ္တရေတြ ဖန်တီးချင်တာမို့လို့ ခေတ်အနားမှာ အမြဲရှိပေးပါနော်။
မမရ့ဲ အခ်စ္ကေလး ခေတ်။
------
ဇြန္လ (၁၇)ရက်နေ့...
မမေရ...
ရွေးချယ်သူတွေ အများကြီးမှာမှ ခေတ်ကိုရွေးချယ်ပေးခ့ဲလို့ ကျေးဇူးတင်ပါတယ် မမရယ်။ တိတ်တဆိတ်မျှော်လင့်ခ့ဲရတ့ဲ မမရ့ဲ အချစ်တွေကို တစ်ရက်မှာရုတ်တရက်ကြီး ရလိုက်တော့ ခေတ် အခုချိန်ထိ မယုံရဲသေးဘူး။ ငါအိပ်မက်များမက်နေတာလား...ငါ စိတ်ကူးယဉ်ကမ္ဘာထဲများ ရောက်နေတာလားဆိုတ့ဲအတွေးတွေန့ဲပေါ့။ တကယ်ပါ ခေတ်အတွက် အရာရာဟာ မမဖြစ်တာမို့လို့ မမန့ဲ ဝေးလို့မဖြစ်ဘူးသိရ့ဲလား။ ဒါ့ကြောင့် ကျန်းမာရေးကို အထူးဂရုစိုက်ပေးပါနော်။ တစ်ချိန်ကျရင် ခေတ်တို့နှစ်ယောက်ရ့ဲ စိတ်ကူးအိပ်မက်လေးထဲနေဖို့ဆိုတာ ခေတ်တို့နှစ်ယောက်စလုံးနေကောင်းကျန်းမာနေဖို့လိုတယ်လေ။ ခေတ်ကလည်း ခေတ်ကိုယ်ကို ဂရုစိုက်သလို မမကလည်း ဂရုစိုက်ပါနော်။
မမရ့ဲ အခ်စ္ကေလး ခေတ်။
------
ဇြန္လ (၁၈)ရက်နေ့...
မမေရ...
လွန်ခ့ဲတ့ဲလ(၃၆)နှစ်ရ့ဲ အခုလိုနေ့မှာ မမပိစိလေးက လောကကြီးထဲ ထွက်လာဖို့ မမမေမေရ့ဲ ဗိုက်ထဲမှာ ကြိုးစားနေမှာပေါ့နော်။ ဖြစ်နိုင်မယ်ဆိုရင် ခေတ်က မမ ကလေးပိစိလေးဖြစ်တ့ဲအချိန်ကစပြီး
မမကို မြင်ဖူးချင်မိတာ။ ကလေးပိစိလေး မမကိုလည်းချစ်တယ်။ အခုအသက်အရွယ်မမကိုလည်း ချစ်တယ်ပေါ့လေ။ Prebirthday girlလေးရေ ဖြစ်နိုင်ရင် ဒီနေ့တော့ အနားမွာ ရှိနေချင်ပေမ့ဲ ဆေးရုံတက်ရမ့ဲရက်တွေ ခွင့်ယူပြီး အနားမှာရှိပေးမှာမို့လို့ ဒီနေ့လည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ပေးပါအုံးနော်။
မမရ့ဲ အခ်စ္ကေလး ခေတ်။
------
ဇြန္လ (၁၉)ရက်...
မနက် (၅) နာရီခန့်...
ခေတ် ချစ်ရတ့ဲ ခေတ်ရ့ဲ မွေးနေ့ရှင်လေးရေ...
Happy Birthday ပါနော်။
ခေတ်ချစ်ရတ့ဲ မမလေးတစ်ယောက် ဒီနှစ်မွေးနေ့ကစလို့ အဆိုးတွေအကုန် ပျောက်ကွွယ်ပြီး ပျော်ရွှင်ကျန်းမာ လိုရာပြည့်တ့ဲ ဘဝလေးကိုရရှိပါစေနော်။
Birthday girlလေးက ခေတ်ကိုလည်း အရင်နှစ်တွေကထက် တစ်နှစ်ပြီးတစ်နှစ် ပိုပိုချစ်ပြီး ခေတ်အနားမှာနေရင်း ပျော်ရွှင်မှုတွေန့ဲ အပြုံးချိုချိုလေးတွေိကိုသာ နေ့ရက်တိုင်း ပိုင်ဆိုင်ရပါစေလို့လည်း ဆုတောင်းပေးပါတယ်။
မွေးနေ့ရက်တွေ တစ်နှစ်ပြီးတစ်နှစ် ကျော်ဖြတ်ရင်း အဖွားကြီးတွေဖြစ်တ့ဲအထိ တူတူနေသွားကြမယ်နော်။ စာတွေကဗျာတွေ ဖွ့ဲနွဲ့ပြီး ပြောတတ်တ့ဲသူမဟုတ်ပေမ့ဲ အမွတ္တရေလး တစ်ခုဖြစ်ချင်တ့ဲ စိတ္ကို ဖြည့်ဆည်းပေးပြီး (၁၉)ရက်စာရေးထားတ့ဲ စာလေးတွေကို မြတ်မြတ်နိုးနိုး ဖတ်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။
မမရ့ဲ (၃၆)နှစ်ပြည့်မွေးနေ့မှာ တစ်ခုလေးပဲ တောင်းဆိုပါရစေ။ ခေတ်ဆိုတ့ဲ ကောင်မလေးက မမကိုသိပ်ချစ်တာမို့လို့ မမအနားမွာ ထာဝရရှိခွင့်ပြုပါနော်။
မမရ့ဲ အခ်စ္ကေလး ခေတ်။
မိုးသားက ပန်းရောင်စာရွက်လေးတွေအား စာအိတ်လေးထဲသို့ပြန်ထည့်လိုက်သည်။ မိုးသားမျက်နှာပေါ်တွင်တော့ အပြုံးတွေဝေဆာလျှက်...။
ကောင်းကင်တစ်ခွင်လုံးသည် မိုးတိမ်မည်းများဖြင့် ပြည့်နှက်နေလေ၏။ ခေတ်က မမ၏ ရင်ဖုံးအကျႌရှိ ထုပ်သီးလေးများကို ကူတပ်ပေးအပြီး မမတစ္ကို္ယ္လုံးအား လှည့်ပတ်ကြည့်လိုက်သည်။ အသားရည် ဖြူဝင်းသူဖြစ်တာကြောင့် ကျောက်စိမ်းရောင် မြန်မာဝမ်းဆက်လေးနှင့် မမဟာ သိပ္ကို ကျက်သရေရှိလွန်းလှ၏။ ခေတ်က "မမကသိပ်လှတာပဲ"ဟု ဆိုကာ မမပါးပြင်လေးအား ဖွဖွလေးနမ်းလိုက်မိသေးသည်။
မမ၏ ဝေယျာဝစ္စအားလုံးပြီးတော့ မမအား ဧည့်ခန်းခုံလေးတွင် ထိုင်စေလိုက်ပြီး ခေတ်ကတော့ ဓာတ္ဗူးမွ အစပြု၍ ရေနွေးခွက်၊ ထမင်းပန်းကန်၊ ဇွန်း၊ လက္သုတ္ပဝါ၊ တိုလီမိုလီလေးတွေအဆုံး ထည့်ထားသည့် ခြင်းတောင်းထဲသို့ မမသောက်နေသော ဆေးကဒ်တွေအားထည့်လိုက်သည်။ ထို့နောက် ခေတ်တို့ အိပ်ခန်းထဲမှ အရင်ရက်တွေကပင် မေ့မကျန်အောင်နည်းနည်းစီထည့်ထားသော ခရီးဆောင်အိတ်လေးအား ယူထုတ်လိုက်သည်။
အိပ်ခန်းထဲမှ ထွက်လာသော ခေတ်ကိုမြင်တော့ မမက...
"စာလေးတွေ ယူလာအုံးလေ ခေတ်...မမ ခွဲခန်းက ထွက်ပြီးရင် ဖတ်မလို့...ရေးတ့ဲသူက ရေးတော့ မမကလည်း အလွတ်ရအောင် အခေါက်ခေါက်အခါခါ ဖတ်ချင်တာပေါ့"
မမ စကားကြောင့် ခေတ်က ရှက်သွားကာ နားရွက်လေးကို ပွတ်လိုက်မိသည်။ နှုတ်မှလည်း "မမကလည်း" ဟု ပြောကာ ခေတ်ရေးထားသော စာအိတ်လေးတွေအား အခန်းထဲ ပြန်ယူ၏။
ဒုတိယအကြိမ် အခန်းထဲထွက်လာသော ခေတ်ကို မမက...
"ဘုရားမသြားဘဲ ဆေးရုံတန်းသွားလည်း ရပါတယ် ခေတ်ရယ်...အထုပ်တွေအပိုးတွေန့ဲဆိုတော့ ခေတ်ပဲပိုပင်ပန်းတာကိုရယ်"
"မမရယ်...မနက်ဖြန်ခွဲခန်းဝင်ရမှာကို ဒီနေ့မမမွေးနေ့မို့လို့ ဘုရားသွားကုသိုလ်ယူရတာ ဘယ်လောက်ကောင်းလိုက်လဲ...မမ သွားနိုင်တယ် မဟုတ္လား"
ယ့ဲယ့ဲလေးသာ ရှိသည့် မမက ခေါင်းလေးကိုဖွဖွလေးငြိမ့်ပြရင်း...
"သွားနိုင်တာက သွားနိုင်ပါတယ်...သွားလည်းသွားချင်ပါတယ်...ဘုရားမွာ ပဌာန်းလေးလည်းပူဇော်ချင်တယ်၊ ပရိတ်ကြီး(၁၁)သုတ်လေးရွတ်ချင်တယ်...တရားလေးလည်း ခဏထိုင်ချင်တယ်...ဒါပေမ့ဲ မမကြောင့်န့ဲ ခေတ်ပင်ပန်းနေမှာစိုးလို့ပါ...ပြီးခ့ဲတ့ဲ ညတွေကလည်း တောက်လျှောက်က ကောင်းကောင်းမအိပ်ရဘူးမဟုတ်လား...ဒီကြားထဲ အလုပ်လည်းဆင်းရတော့...မမေလ ခေတ်ကို အရမ်းသနားတယ်...မမ ဒီလိုကြီးဖြစ်တာ ခေတ်ကိုလေ အချစ်ဆိုတာကြီးအကြောင်းပြပြီး မမဒုက္ခတွေပေးမိသလိုပဲ"
"မမရယ်...ဘာလို့ အ့ဲလိုတွေးရတာလဲဟင်...ခေတ်တို့က သမီးရည်းစားအချိန်ကလို ချစ်သူတွေမဟုတ်တော့ဘူးလေ...ဘဝလမ်းခရီးတစ်ခုကို တူတူလျှောက်နေကြတ့ဲသူတွေ...အခုလိုအချိန်မှာ အ့ဲလိုတွေမပြောပါန့ဲ မမရ့ဲ...အကယ်၍ မမေနရာမွာ ခေတ်သာ အခုလိုဖြစ်မယ်ဆိုရင်လည်း မမ ခေတ်ပြုမူသလိုပဲ ပြုမူမယ်ဆိုတာ ခေတ်ယုံပြီးသား...အ့ဲတာကြောင့် အ့ဲလိုအတွေးတွေ မတွေးန့ဲနော်...နေပြန်ကောင်းရမယ် Operation အောင်မြင်ရမယ်လို့ပဲတွေးနော် မမ"
ခေတ်က မမ စိတ်သက်သာရာသက်သာငြားပြောလိုက်ပေမ့ဲ မမစိတ်တွေ မပြေခ့ဲဘူးဆိုတာ မျက်နှာလေးငြှိုးနေသော မမကိုခေတ်ကြည့်လိုက်တာန့ဲသိတာပေါ့။
"ပြီးတော့လေ သိင်္ဂီ့အသိဆီကနေ လိုနေတ့ဲပိုက်ဆံက ယူလိုက္တာ ဘယ်လောက်တိုးန့ဲလဲဟင် ခေတ်"
မမစကားကြောင့် အဆင်ပြေချိန်တုန်းက ဝယ်ထားသည့် နှစ်ယောက်ဆင်တူလက်စွပ်လေးအား ဟိုရက်ပိုင်းကမှ ၂၀တိုးဖြင့် သိန်း၃၀ချေးကာ မသိင်္ဂီပြောပေး၍ ပေါင်ထားသည်ကို ခေတ် သတိရတော့သည်။ ဒါတောင် အတိုးပေးသည့် အဒေါ်ကြီးက လက်စွပ်လေးနှစ်ကွင်းနှင့် သိန်း(၃၀)ပေးရမှာကို မပေးချင်။ တန်ဖိုးထားရသည့် လက်စွပ်လေးတွေ ဖြစ်တာကြောင့် ကျိန်းသေမဖြစ်ဖြစ်သောနည်းဖြင့် ပြန်ရွေးမှာပါ၊ ကျန်းမာရေးအခြေအနြေကောင့်မို့လို့ မယူမဖြစ်ယူရတာပါဟု တောင်းတောင်းပန်ပန်နှင့် ပြောတော့မှ ဆေးရုံတက်ဖို့ လိုအပ်နေသော ပိုက္ဆံအား ရခ့ဲခြင်းဖြစ်သည်။ ထို့အပြင် အတိုးများများနှင့် ချေးခ့ဲရသည်အား မမကိုမပြောရန်လည်း မသိင်္ဂီအား ထိုနေ့မှာပင် ခေတ်က တစ်ခါတည်းပြောထားခ့ဲသည်။ နေမကောင်းသော မမအား ခေတ် ထိုကိစ္စတွေကို အပူမပေးစေလိုပေ။
"ခေတ် ဘယ်လောက်န့ဲ ယူခ့ဲတာလဲလို့..."
"အော် ဘယ်လောက်မှ မဟုတ်ပါဘူး မမရ့ဲ...မသိင်္ဂီက ကြားထဲက အာမခံပေးတယ်လေ...ပြီးတော့ ခေတ်တို့ရ့ဲလက်စွပ်လေးတွေက ရွှေလည်းကောင်းတယ်...ဝယ်ထဲက ၁၅သိန်းကျော်ကျော် ပေးဝယ်ရတ့ဲ ဘောက်ချာလည်းပါတော့ ၅က်ပ္တိုးပဲ ယူလိုက်တယ် မမရ့ဲ...အ့ဲအတွက်မပူန့ဲနော်...နောက်ပိုင်းကျရင် ခေတ် အ့ဲတာလေးတွေကိုပြန်ရွေးပေးမယ်နော် မမ"
"ပစ္စည်းဆိုတာ ပြန်ဝယ်လို့ရပါတယ်ခေတ်ရယ်...အရမ်းကြီးမတတ်နိုင်ရင်...ရောင်းပြီး ယူထားတ့ဲအကြွေးဆပ်ကြတာပေါ့...မမလည်း နေကောင်းပြီးသက်သာသွားရင် အလုပ်လေးပြန်လျှောက်မယ်လေ...အ့ဲတာဆိုရင် ယူထားတ့ဲအ့ဲအကြွေးကမြန်မြန်ကြေသွားမှာပါ..."
"ဟုတ်ပါပြီ မမရယ်...အခုကေတာ့ အ့ဲကိစ္စတွေခေါင်းထဲက ခဏထုတ်ထားဟုတ်ပြီလား...မမက မနက်ဖြန်အတွက်ကို အားမွေးထား...မမအနားမွာ ခေတ် အမြဲတမ်းရှိနေတာမို့လို့...Operation အောင်မြင်ရမယ်ဆိုတ့ဲ စိတ်န့ဲပဲနေ...တစ်ခြားကိစ္စတွေမပူန့ဲ ခေတ်ပဲပူမယ်နော်...အော်ပြီးတော့ မသိင်္ဂီကတော့ ဒီနေ့ နေ့လယ်လောက် မန္တလေးကနေ ရောက်မယ်တ့ဲ...ဆေးရုံကိုပဲ တန်းလာမယ်ပြောတယ်...မသိင်္ဂီရှိနေတော့လည်း ခေတ် ဆေးတွေလိုက်ဝယ်ချိန် မမနား အဖော်လေးရှိတော့ ကောင်းတာပေါ့ မမရယ်...ခေတ်က ခေါ်မလို့ရည်ရွယ်ထားပေမ့ဲ မသိင်္ဂီက သူဆေးရုံလာစောင့်ပေးပါ့မယ်ပြောတော့ အဆင်ပြေသွားတာပေါ့"
"အင်းပေါ့...သူရှိတော့ ခေတ်လည်း နည်းနည်းနားရတာပေါ့...သူကေတာ့ မမအတွက် တကယ့်ကိုသူငယ်ချင်းကောင်းပဲနော်"
"ဟုတ်ပါ့ မမရယ်...ခေတ်ကလည်း အ့ဲတာကြောင့် မသိင်္ဂီကိုဆို ဘာကိစ္စဖြစ်ဖြစ်တိုင်ပင် အကူအညီတောင်းရတာပေါ့"
ခေတ်က လူကြီးလေးတစ်ယောက်လိုပြောပြီး မိုးသာလက်ဖမိုးလေးကို ဖွဖွလေးနမ်းလိုက်သည်။ မိုးသားက ခေတ်ခေါင်းလေးအား ပွတ်ပေးရင် မျက်ရည်များ မကျအောင်ထိန်းနေရ၏။
မိုးသား ဒီရောဂါစဖြစ်ကတည်းကစလို့ မိုးသားကြောင့်န့ဲသူ့မှာ အနေအစားဆင်းရဲပြီး ရှာသမျှငွေကို သူ့အတွက်မသုံး မိုးသားအတြက္သာ သုံးပြီးခြိုးခြံချွေတာပြီးနေတာကို မိုးသားသိတာပေါ့။ မိုးသားအတွက်တော့ ဆေးကအစ ဓာတ္ဆာအာဟာရအဆုံး လိုလေးသေးမရှိအောင် ဝယ်ခြမ်းထားပေးသလောက် ခေတ်က သူ့တစ်ဝမ်းဆာလေးကိုတောင် မသထာတ့ဲသူဆိုတာလည်း မိုးသား ကောင်းကောင်းကြီးသိ၏။ ခေတ် အလုပ်သွားတယ် မိုးသားနေမကောင်းတာမို့လို့ ထမင်းထမချက်နို်င် ထမင်းချိုင့်ထည့်မပေးနိုင်သည့်နေ့တွေဆို...နေ့လည်စာ အပြင်မှာစားတယ်သာပြောတာ...အိမ်ပြန်ရောက်မှ ပေါင်းစားတယ်ဆိုတာလည်း မိုးသားသိပြီးသား။ အိမ်မှာ မိုးသားအတွက် စားကောင်းတာလေးတွေ ဝယ်ကျွေးရင်တောင် သူက တစ်ဆုပ်တစ်လုပ်အနည်းငယ်သာစားပြီး မိုးသားကိုချည်းအကုန်ကျွေး...ခေတ်ကတော့ မိုးသားအိပ်ပြီလို့ထင်တ့ဲအချိန်မှ ကြက်ဥကြော်န့ဲ ငပိရည်နယ်စားနေတ့ဲ ညေတြကို မိုးသား မသိချင်ယောင် ဘယ်လောက်ထိဆောင်ခ့ဲရလိုက်လဲ။
နေမကောင်းဖြစ်နေတာတောင် တစ်ရက်နားရင် တစ်ရက်ဝင်ငွေလျော့တယ်ပြောပြီး အလုပ်သွားခ့ဲတ့ဲ မိုးသားချစ်ရသူလေး...မိုးသား မမြင်အောင် ဆေးတွေခိုးသောက်ပြီး ရောဂါသက်သာအောင်နေခ့ဲရှာသူလေး...အ့ဲလိုအနစ်နာခံတာလေးတွေကို မိုးသားသိနေပါလျက်န့ဲ မသိချင်ယောင်ဆောင်ရတာ ဘယ်လောက်ထိ နာကျင်စရာအတိကောင်းလိုက်သလဲ။
ငါ့ ချစ်သူလေးက ငါ့ကြောင့် အနေအစားဆင်းရဲပြီး နေရရှာတယ်လို့တွေးလိုက်မိတိုင်း ရင်ထဲမှာ ဓားတွေန့ဲမွှန်းသလို နာကျင်ရပါတယ်။ အ့ဲတာကြောင့် ဒီရောဂါကြီးပျောက်ရမယ်ဆိုတ့ဲ အေတြး၊ ခေတ်က မိုးသားနေကောင်းအောင် ဒီလိုတွေ အနစ်နာခံပေးနေတာကြောင့် မိုးသားက ပိုပြီးစိတ်ဓာတ်ကြံခိုင်ရမယ်၊ ဒီရောဂါပျောက်ရမယ်ဆိုတ့ဲ စိတ်တွေန့ဲ အခုချိန်ထိ ရှင်သန်လာခ့ဲတာ။ မိုးသား ဒီရောဂါန့ဲ သေရမှာကြောက်လို့ဆိုတာထက် မိုးသားအတွက် အကောင်းဆုံးထက်ပိုအောင် ကြိုးစားပေးနေတ့ဲ မိုးသားချစ်ရသူလေးကိုသနားလို့ ဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်။
သူ့အတွက် မိုးသားအသက်ရှင်မှ ဖြစ်မယ်လေ။
သူ့အနားမှာ သူပြောသလို အသက်တွေကြီးတ့ဲအထိ တူတူရှိနေနိုင်ဖို့ မိုးသားအသက်ရှင်ဖို့ကြိုးစားမှဖြစ်မယ်လေ။
မိုးသားသိပ်ချစ်ရတ့ဲ ခေတ်ကြောင့် မိုးသား အချိန်တွေအကြာကြီး အသက်ရှင်ချင်ပါသေးတယ်။
××××××××
Coming Soon The End
love you all
Flickstar
---------
Continue Reading
You'll Also Like
40.6K 2.4K 15
❤ကိုယ်နေထိုင်ရာ အနောက်တောင်အရပ်ကနေ ခင်ဗျားရှိရာ အရပ်ကို လွမ်းတဲ့အလွမ်း❤
75.6K 8.3K 17
"မင်းမှာ ယောက်ျားလေး မဟုတ်တဲ့ ချစ်သူရှိတာတော့ မဟုတ်ပါဘူးနော်" သူ့ မေးခွန်းကို နားလည်သွားချိန်တွင် ကျွန်မ မျက်နှာ ချက်ချင်း ပူနွေးသွား၏။ ရှက်ရွံ့မှုကြ...
29.3K 1.5K 18
သူမကို လက်လွှတ်ပေးဖို့ မတွေးနိုင်ခဲ့ဘူး တကယ်က အမြဲဆုပ်ကိုင်ထားပေးတဲ့ သူမရဲ့လက်ကို မလွှတ်စေချင်ခဲ့တာပါ ကျမက သူမရဲ့နွေးထွေးမှုမှာ အသားကျနေပြီးတဲ့ လူတယ...
252K 40.4K 103
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .