ညအချိန် ပုစဉ်းရင်ကွဲသံတချို့ကဆူညံစွာထွက်ပေါ်နေလျက်ရှိသည်။ထိန်ထိန်သာနေသည့်လရောင်၏ဖြာကျမှုအောက်ဝယ်ရှိနေသောတဲလေးတစ်ခုတွင်တော့ ခပ်ထွားထွားကိုယ်နှင့် ခန့်ညားသည့်လူတစ်ယောက်ဟာ မျက်ဝန်းအစုံကိုဖိပိတ်လို့ငြိမ်းချမ်းစွာအိပ်စက်လို့နေသည်။
စိုစွတ်နေဆဲမျက်ထောင်ဖျားတွေနှင့် ရေကွက်လိုအကွက်လိုက်ကလေးဖြစ်နေသည့်ခေါင်းအုံကိုကြည့်ခြင်းဖြင့် ငိုနေရင်းအိပ်ပျော်သွားသည်မှာသိသာစွာ။
အိပ်စက်ခြင်းကသာ သူ့အတွက်နာကျင်မှုတွေမှ လွတ်မြောက်ရာဖြစ်ပုံပင်။
ငြိမ်သက်အိပ်စက်နေရင်းမှ ကော့ညွှတ်လာသည့်နှုတ်ခမ်းလေးတွေ...အိပ်မက်မက်နေခြင်းပေလား။
အဘယ်လောက်လှပသည့်အိပ်မက်ကိုမက်နေလို့ သင်ဟာဤမျှပြုံးနေရပါသလဲ အိပ်မက်ရှင်ရယ်....
.
.
"ကိုကို ဟိုအလုံးခူး ဟိုအလုံးပိုကြီးတယ်"
ရာဇရောက်ရှိနေသည့်နေရာထက်အနည်းငယ်မြင့်သည့်နေရာတွင်ရှိနေသည့် သရက်သီးကိုလက်ညှိုးထိုးရင်း မြေပြင်ပေါ်ကနေခုန်ဆွခုန်ဆွနှင့်ပြောနေသည့်ပိစိ။လက်ထဲမှာလည်း သရက်သီးဖမ်းဖို့ပုဆိုးစုတ်လေးကအဆင်သင့်။
"ဟုတ်ပြီ ခူးပေးမယ်"
ကလေးတစ်ယောက်ကိုအလိုလိုက်သလိုမျိုး ရာဇပြောပြီး သစ်ကိုင်းခွကြားမှာထိုင်နေရာမှအနည်းငယ်ကြွလိုက်သည်။ပိုမြင့်သည့်သစ်ကိုင်းဆီသူကူးပြောင်းရမည်မဟုတ်လား။
"ပိစိလေး မင်းရော သရက်သီးခူးတတ်အောင်လေ့ကျင့်ဖို့အစီအစဥ်မရှိဘူးလား"
"မရှိပါဘူး"
"ဘာလို့လဲ"
"ကိုကို့ကိုပဲခူးခိုင်းမလို့လေ"
ပိစိ၏စကားကြောင့် သစ်ပင်တတ်နေသည့်ရာဇ မြေပြင်ပေါ်ကကလေးပေါက်စကိုငုံ့ကြည့်မိသည်။မျက်ခုံးလေးပင့်ကာပင့်ကာလုပ်နေသည့်အမူအရာနှင့်မျက်နှာပေးလေးက ကိုယ့်ကိုအမြဲခိုင်းစားချင်နေသည့်ဟန်။
"ဟင် ကိုကိုကအမြဲခူးပေးမယ်မဟုတ်လား"
"ဒါပေါ့ ခူးပေးမှာပေါ့"
မဖြစ်နိုင်တဲ့ကတိကိုပေးခဲ့လို့များ လောကကြီးကအပြစ်ပေးလေသလား...
မင်းဟာ ငါရှာလို့မတွေ့နိုင်အောင် ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့တယ်။
အရာရာကိုကိုယ့်အားကိုယ်ကိုးလာသည့်စောလွန်းက ကိုကို့ကိုအမြဲသရက်သီးခူးပေးဖို့တောင်းဆိုမိတာဟာ မခူးနိုင်လို့ မခူးတတ်လို့မဟုတ်ရပါ။ကိုယ့်ကိုချစ်စဖွယ်ကြည့်လို့ ကြင်နာမှုအပြည့်ဖြင့်လိုက်လျောလာမည့် ကိုကို့မျက်ဝန်းနက်နက်တစ်စုံကိုသဘောကျမိလို့သာဖြစ်သည်။
လောကအလယ်အားကိုးရာမဲ့နေသည့်သိုးပေါက်ငယ်လေးဟာ မျက်ဝန်းနက်နက်နှင့်ကယ်တင်ရှင်ကိုတွေ့သည့်အခါမှာတော့ သူ့ကမ္ဘာဟာနွေးထွေးမှုဖြင့်လုံခြုံသွားသတဲ့။သို့သော်...မကြာပါ သူ့ကမ္ဘာငယ်လေးပြန်လည်အေးစက်သွားခဲ့လေသည်။
"အင့် ရပြီ နောက်ဆုံးတော့"
အားကြိုးမာန်တတ်မမှီ့တမှီလှမ်းခူးပြီးသည့်နောက်မှတော့ ခပ်ကြီးကြီးသရက်သီးတစ်လုံးဟာ ရာဇလက်ထဲဝယ်ဝင့်ဝင့်ကြွားကြွား။ကျေနပ်စွာပြုံးလိုက်ပြီး
"ပိစိ ဖမ်းလိုက်..."
"ဟင် ဘယ်ရောက်သွားတာလဲ"
ရာဇသရက်သီးပစ်ချပေးရန်ကြံလိုက်သော်လည်း မြေပြင်ပေါ်တွင်ရာဇကိုမော့ကြည့်နေရမည့်ကလေးငယ်ကတော့မရှိတော့ပေ။
စိုးရိမ်စိတ်ဖြင့်သစ်ပင်ပေါ်ကအမြန်ဆင်းလိုက်ပြီး အနီးနားပတ်ဝန်းကျင်ကိုဝေ့ဝဲရှာကြည့်သော်လည်း အရိပ်ကလေးတောင်မတွေ့ရ။
"ပိစိ ပိစိရေ ဘယ်မှာလဲ"
ရုတ်တရက်ကြီးပတ်ဝန်းကျင်တစ်ခွင် အပ်ကျသံပင်မကြားရလောက်တော့အောင်တိတ်ဆိတ်သွားသည်။နေ့ခင်းကြောင်တောင်ကြီးမြူတွေရစ်သိုင်းလာကာ မြင်ကွင်းတွေလည်းဝေဝါးကုန်သည်။
"ကျစ် ဒီမြူတွေကလည်း"
မှုန်ဝါးဝါးပတ်ဝန်းကျင်မှာပိစိချော်လဲမည်ကိုစိုးရိမ်စွာ ရစ်သိုင်းလာသမျှမြူတွေကိုစုတ်သတ်ရင်း အပြစ်တင်မိသည်။
"ကိုကို"
ရင်းနှီးသည့်စွာတေးလန်အသံလေးအစား နူးညံ့အေးချမ်းသည့်ခေါ်သံလေးဟာ ရာဇအကြားအာရုံထဲသို့ဝင်လာသည်နှင့်တပြိုင်နက် ရာဇလည်းခြေလှမ်းတို့ကိုရပ်တန့်ပစ်လိုက်တော့သည်။
"ပိစိလား"
"ကိုကို"
"ပိစိဘယ်မှာလဲ ဒီကလေး ကိုကို့ကိုနောက်မနေဘဲထွက်လာခဲ့တော့နော်"
လှိုဏ်ခေါင်းထဲကနေအော်သည့်အသံလို ပဲ့တင်ထပ်နေသည့်ကိုကိုဆိုသည့်ခေါ်သံသာ အထပ်ထပ်အခါခါကြားနေရသော်လည်း ပိစိ၏အရိပ်အယောင်ကတော့မြင်လွှာထဲမတိုးဝင်လာသေးပေ။
"ကိုကို"
ဟော တွေ့ပါပြီ။ရာဇကိုခပ်တွေတွေလေးငေးကြည့်လို့ လက်လေးကလည်းသူ့ကိုလာခေါ်ပေးရန်လှမ်းနေသည်။ရာဇနှင့်ပိစိ၏အကွာအဝေးက တော်တော်လေးလှမ်းနေသေးတာကြောင့် ရာဇတစ်ချက်ပြုံးလိုက်ပြီး ကြောက်နေဟန်တူသည့်ကလေးကူဆီပြေးသွားဖို့ခြေလှမ်းလိုက်သည်နှင့်တစ်ပြိုင်နက်
"ပိစိ!!!!"
တစ်စုံတစ်ခုကဆွဲခေါ်သွားသလိုမျိုး မြူတွေကြားထဲပျောက်ကွယ်သွားသည့်ပိစိကြောင့် ထိန့်လန့်ကြောက်ရွံ့စွာအော်လိုက်သံသည် အိပ်မက်ထဲတွင်သာမက လက်တွေ့ကမ္ဘာမှာပါကျယ်လောင်စွာထွက်ပေါ်သွားခဲ့သည်။
ဇောချွေးတွေပြန်ပြီး သူ့အသက်ရှုသံတွေကပြင်းနေခဲ့သည်။သူထိုကလေးကိုအိပ်မက်မမက်တာတောင်ကြာနေခဲ့ပြီမဟုတ်လား။အင်း...သက်လယ်ရာဇတို့ဆီရောက်လာပြီးတည်းကလို့ပြောရမလားပဲ။အခုမှရုတ်တရက်ကြီးဘာလို့ထမက်ရတာလဲ။
ပိစိလေး မင်းအန္တရာယ်မှကင်းရဲ့လား...
"အာ့!"
ခြေဖဝါးကဒဏ်ရာကိုမတော်တဆထိမိတော့ နာကျင်မှကစူးခနဲပင်။စိတ်လေလေနှင့်ဖြစ်ချင်ရာဖြစ်ဆိုပြီးပစ်ထားလိုက်တာ အနာကရောင်တောင်ရောင်နေပြီဖြစ်သည်။
ဟူးးး
ခါတိုင်းကိုယ့်အနီးနားမှာအိပ်ရာလိပ်လေးခင်းလို့ကွေးကွေးလေးအိပ်နေတတ်သည့်ကောင်လေးမရှိတော့ ရင်ဘတ်ထဲဟာတာတာနဲ့ရယ်။တစ်ရက်တောင်မပြည့်သေးဘူးမဟုတ်လား ဘာလို့ဒီလောက်လွမ်းနေရတာလဲ။
ယောင်္ကျားတန်မဲ့ကျဆင်းခဲ့တဲ့ခေါင်းအုံးပေါ်ကမျက်ရည်စက်တွေဟာ ကျုပ်ရဲ့အလွမ်းသေင်္ကတပါသက်လယ်...
<<<<<<
>>>>>>
"ဆရာ ဒီကောင်လေးကိုဘာလို့ဖမ်းထားရတာလဲဗျ"
တပည့်ဖြစ်သူက ဇရပ်တိုင်နားမှာကြိုးနှင့်အတုပ်ခံထားရသည့်ကောင်လေးကိုကြည့်ရင်းမေးလာတာကြောင့် သိုက်ခမ်းဝါးလက်စကွမ်းယာကို ပါးဆောင်ဘေးသို့ပို့လိုက်ပြီး
"မင့်နှယ် သိုက်ခမ်းတပည့်ဖြစ်ပြီးတုံးလိုက်ပါဘိ"
ခေါင်းကုပ်နေသည့်တပည့်သာမက ကျန်တပည့်တွေကလည်းနားမလည်သည့်ပုံပေါက်တာကြောင့် သိုက်ခမ်းသက်ပြင်းချလိုက်ပြီး
"ဒီကောင်လေးကရာဇရဲ့အားနည်းချက်ပဲ"
"ဘယ်လောက်ပဲအင်အားကြီးပြီးတော်လွန်းနေပါစေ အားနည်းချက်နဲ့ကိုင်လှုပ်ရင်တော့ ဒီကောင်ဒူးမထောက်ဘဲမနေပါဘူးကွာ ဟားဟား"
ထိုအခါမှ တပည့်တွေသဘောပေါက်သွားကြပုံပင် ခေါင်းတညိတ်ညိတ်လုပ်ကာ သိုက်ခမ်းကိုချီးကျုးလာကြသည်။
"တို့ဆရာကတော်ချက်ဟေ့"
ကိုယ့်ကိုကိုယ်အထင်ကြီးကာကျေနပ်ပြုံးပြုံးနေသည့်ဦးသိုက်ခမ်းနှင့်အတူ မြှောက်ထိုးပင့်ကော်လုပ်နေကြသည့်တပည့်တစ်သိုက်သည် ညအမှောင်ဇရပ်တစ်ခုအတွင်း ပွဲကျသွားတော့သည်။
"ကဲ နိုးပြီလား ဟိုကောင်လေး"
မျက်တောင်လေးတွေပုတ်ခတ်ပုတ်ခတ်နှင့်လှုပ်ရွလာသည့်ကောင်လေးကိုကြည့်ရင်း သိုက်ခမ်းမေးလိုက်သည်။
"ခင်..ခင်ဗျားတို့"
"အဟက် မကြောက်ပါနဲ့ မင်းကိုဘာမှမလုပ်ပါဘူး ရာဇဆိုတဲ့ကောင်ကိုမျှားချင်ရုံပဲ"
ယုန်သူငယ်လေးတစ်ကောင်လိုကြောက်ရွံ့တုန်လှုပ်နေသည့်ကောင်လေးကို သိုက်ခမ်းခပ်ပြုံးပြုံးလေးပြောလိုက်သည်။
"ဟင့်အင်း လွှတ်ပေး"
ဓားပြကြီးတို့ကိုမျှားချင်ရုံသက်သက်စောလွန်းကိုဖမ်းထားတာဆိုလျှင် သေချာပါသည် ဓားပြကြီးတို့လာသည့်အခါ ဒီလူတွေကဒီအတိုင်းအလွတ်ပေးမှာမဟုတ်ပေ။အရင်တစ်ခေါက်ထက် လူအင်အားများနေသည့်သူတို့ကို ဓားပြကြီးတို့လေးယောက်တည်းနိုင်ပါ့မလားဆိုတာကို စောလွန်းစိတ်ပူလှပါသည်။
လွှတ်ပေးဖို့တောင်းဆိုနေလည်းမထူးဘူးဆိုတာသိတာကြောင့် ရှိသမျှအားလေးနှင့်ရုန်းကြည့်သော်လည်း တင်းကြပ်စွာချည်နှောင်ခံထားရသောလက်တွေကြောင့် အသားတွေနာလာတာသာအဖက်တင်သည်။
စောလွန်း၏မျှော်လင့်ချက်လေးဟာတကယ်မဖြစ်လာခဲ့။ဖမ်းခေါ်လာသူတို့မှာကြင်နာတတ်သည့်ဓားပြကြီးတို့မဟုတ်ပါဘဲ ရက်စက်တတ်သူတချို့ဖြစ်နေခဲ့သည်မဟုတ်ပါလား။
"ဆရာ ကောင်လေးကိုဘာမှမလုပ်တာတကယ်ကြီးလား"
အနားမှာခပ်တိုးတိုးလေးလာမေးသည့်တပည့် ကျော်ကြီး...ဒီကောင်ဟိုကလေးကိုကြည့်သည့်အကြည့်တွေကိုသိုက်ခမ်းနားလည်ပါသည်။သားကောင်ကိုအမဲဖြတ်ချင်ပေမဲ့ မတတ်သာလို့အံကြိတ်နေရသောအကြည့်မျိုး။
"မင်းကဘာလုပ်ချင်လို့လဲ ကျော်ကြီး"
"ကောင်လေးကချစ်စရာလေးမို့ တပည့်အသုံးတော်ခံခိုင်းချင်ရုံပါ"
တဏှာမျက်ဝန်းတွေဖြင့်ကြိုးတုပ်ခံထားသည့်ကောင်လေးကိုကြည့်ရင်း ပြောလာတာကြောင့် သိုက်ခမ်းခေါင်းခါမိသည်။
"မဖြစ်ဘူးဟေ့ကောင် ရာဇဆိုတဲ့ကောင်ငါတို့လက်ထဲမရောက်မချင်း သူ့ကိုထိလို့မဖြစ်သေးဘူး မနက်ဖြန်စောစော ဒီကောင်တွေကိုသတင်းပို့လိုက်ချည်"
စိတ်ပျက်သွားသည့်ပုံစံကြောင့် ကျော်ကြီးကိုကြည့်ရင်း သူပြုံးလိုက်သည်။
"အိန်း ဟိုကောင်ငါ့လက်ထဲရောက်လာပြီးရင်တော့ ကျန်တာမင်းတို့စိတ်ကြိုက်ပဲ"
"တကယ်နော် ဆရာ"
"အေးပေါ့ကွာ ဟင်းဟင်းဟင်း"
မြေခွေးအိုတစ်သိုက်၏ဆိုးယုတ်သောအကြံအစည်တွေကိုမရိပ်မိစွာ သိုးပေါက်လေးမှာတော့ သူ၏ကယ်တင်ရှင်ကိုသာမျှော်နေလေရဲ့။
.
.
ဒေါက်!
"အမေ့!!"
လိုအပ်သည့်ထင်းအတွက် အသေးစားသစ်ပင်တစ်ခုကိုခုတ်နေတုန်း မျက်စိဘေးကနေဖြတ်ခနဲဖြစ်ကာ သစ်ပင်မှာသွားစိုက်သည့်ဓားမြောင်တစ်ချောင်းကြောင့် အာဂသတ္တိနှင့်ပြည့်စုံသူ အာဂတစ်ယောက်ဆုံးပါးသွားပြီဖြစ်သည့်မိခင်ကိုပါတမိတော့သည်။
"ဘာကြီးလဲကွ"
"မသိဘူး ယူကြည့်လိုက်"
မာနအပြောကြောင့် အာဂလည်းယူကြည့်လိုက်သည်။ဓားမြောင်နှင့်အတူပါလာသည့်စာတစ်စောင်ကိုဖတ်အပြီးမှာတော့ သူတို့နှစ်ကောင်လုံး ဆရာဆီအလင်းထက်မြန်သော အရှိန်ဖြင့်ပြေးကြရတော့၏။
.
.
"တောက်စ်!!!"
မင်းရဲ့အရေးပါသူတစ်ယောက်ငါ့လက်ထဲမယ်ရောက်နေတာဖြစ်တဲ့အတွက် အဖော်မခေါ်လာဘဲတစ်ယောက်တည်းထွက်လာပြီး လာပြန်ရွေးလှည့်ပါဦး။ရွေးရမဲ့တန်ကြေးကတော့မင်းရဲ့အသက်လည်းဖြစ်နိုင်တယ်နော့်။အေး သူ့ကိုမဆုံးရှုံးချင်ရင်တော့ အရင်နေရာဖြစ်တဲ့တောစပ်ကဇရပ်ကိုလာခဲ့။
ပုံ/သိုက်ခမ်း~
အာဂလာပြသည့်စာကိုဖတ်ပြီး ရာဇမေးကြောတွေထောင်ထလာသည်။စာရွက်ကိုလုံးချေလို့ တဲအနောက်ဘက်ကိုသွားလိုက်သည်။ထောင်ထားသည့်ပေါက်ထူးကိုဆွဲကိုင်ကာ မြေကြီးကိုတူး၍ အထဲမှရှိရှိသမျှသေနတ်တွေကိုထုတ်လိုက်သည်။ဟီရိုမာဆာဆိုသည့်ဂျပန်ကောင်တွေဆီကဓားပြတိုက်လာသော လက်နက်တွေက အခုလိုနေရာမျိုးတွေမှာအသုံးဝင်လို့တော်ရော့တာပေါ
"သော်က အာဂ မာန"
တစ်ယောက်ချင်းနာမည်ခေါ်လို့ နှစ်လုံးပြူးနှင့်ပစ္စတိုသေနတ်တချို့ကို တပည့်သုံးယောက်၏လက်ထဲလှမ်းပစ်ကာထည့်မေးလိုက်သည်။
လက်ကျန်ပစ္စတိုတစ်လက်ကိုတော့ ဝတ်ထားသည့်ပုဆိုးအောက်မှာကြိုးနဲ့ကပ်ချည်ပြီး မမြင်ရအောင်ပုဆိုးကိုခပ်ရှည်ရှည်ပြင်ဝတ်လိုက်သည်။
"ငါတစ်ယောက်တည်းသွားမယ်"
"ဗျာ ဆရာ မဖြစ်.."
"ပြောတာကိုဆုံးအောင်နားထောင်မာန ငါတစ်ယောက်တည်းအရင်သွားမယ် မင်းတို့ကနောက်ကနေတိတ်တဆိတ်လိုက်လာပြီး ချုံခိုတိုက်ကြ မထိသင့်တာကိုလာထိတဲ့ကောင်တွေကိုမှတ်လောက်သားလောက်ဆုံးမပစ်ရမယ်"
"နားလည်ပါပြီ ဆရာ"
သူတို့အားလုံးစတင်ထွက်ခွာဖို့ခြေလှမ်းပြင်လိုက်လျှင်...
"ခဏ ဆရာ့ခြေထောက်ကဒဏ်ရာကြီးနဲ့အဆင်ပြေပါ့မလား"
ရာဇ အာဂမျက်စိရှေ့တည့်တည့်တွင်ရပ်လိုက်သည်။
"ငါ့ခြေထောက်ကအရေးမကြီးဘူး အေး ဖြတ်ပစ်ရမယ်ဆိုရင်တောင်မှ မင်းတို့ခေါင်းထဲမှာတော့သက်လယ်ကိုကယ်ဖို့တစ်ခုတည်းထည့်ထားရမယ်"
"ကြားကြလား!"
"ဟုတ်"
"ဟုတ်"
"ဟုတ်"
စိတ်ပူလို့ပြောတာကို ဆရာဆိုသည်မှာလည်းသူ့ကိုဆိုဆူငေါက်ဖို့သာတတ်သည်ဟု အာဂစိတ်ထဲတွေးနေမိသည်။စိတ်ထဲကနေသာတွေးရဲတာပါ အပြင်မှာတော့ဟုတ်တစ်လုံးကလွဲ၍ထပ်မပြောရဲတော့။
အာဂစိတ်ထဲကနေတွေးလိုက်ပြီး ထွက်သွားနှင့်ပြီဖြစ်သည့် ဆရာနှင့်သူငယ်ချင်းတွေနောက်ကိုသုတ်ချေတင်ပြေးလိုက်ရတော့သည်။
<<<<<<
>>>>>>
တောစပ်ရှိဦးသိုက်ခမ်းတို့စားတဲချရာ ဇရပ်အနီးသို့ တစ်လှမ်းချင်းလျှောက်လှမ်းလာသည့်ရာဇ။မာထန်နေသည့်သူ့မျက်နှာ၊ တင်းတင်းစေ့ထားသောနှုတ်ခမ်း၊စူးရဲနေသည့်မျက်လုံးအကြည့်တို့ကြောင့် ဦးသိုက်ခမ်း၏တပည့်တွေတောင် ခြေလှမ်းနောက်ဆုတ်သွားကြသည်အထိ။
"ဟက်...ရောက်လာပြီလား"
သိုက်ခမ်းဆိုသော လူကြီးကိုရာဇအဖက်မလုပ် မျက်လုံးအစုံကချစ်ရသည့်သက်လယ်လေးကိုသာရှာဖွေနေမိသည်။
"ဓားပြကြီး"
ခေါ်သံလာရာကြည့်မိတော့ ဦးသိုက်ခမ်း၏တပည့်ဖြစ်ဟန်တူသည့်အကောင်တစ်ကောင်က သက်လယ်ကိုလက်မောင်းကဆုပ်ကိုင်လို့ထွက်ပြေးလို့မရအောင်ဖမ်းထားသည်။ဓားပြကြီးဟုခေါ်ကာ ရာဇဆီပြေးလာချင်နေသည့်သက်လယ်ကို ထိုကောင်ကလက်မောင်းအားတင်းတင်းဆုပ်ကိုင်လို့ဆွဲထားတာဖြစ်သည်။
"ကျုပ်လာပြီလေ သူ့ကိုလွှတ်ပေးလိုက်တော့"
"အဟက် မင့်ငယ်ပါသေးတယ်ကွာ ဒီမယ် ရာဇ ငါတို့ကမင်းကိုသူ့ရှေ့မှာတင်သတ်ပစ်မှာဆိုရင်ကော"
"ဟင့်အင်း မသတ်ပါနဲ့ တောင်းပန်ပါတယ်"
တွန်းထိုးရုန်းကန်ကာ ရာဇကိုမသတ်ဖို့တောင်းပန်နေရှာသည့်သိုးပေါက်လေးကို စိတ်အေးစေရန်ပြုံးပြပြီး
"မကြောက်နဲ့နော်သက်လယ် ကျုပ်ဘာမှမဖြစ်ဘူး"
ထိုသို့ပြောလိုက်မှ ပြန်လည်ငြိမ်သက်သွားကာ ရာဇကိုစိုးရိမ်သည့်မျက်ဝန်းလေးတွေနှင့်ငေးကြည့်လာသည်။ထိုအခါမှ ရာဇလည်းဦးသိုက်ခမ်းကိုစူးစိုက်ကြည့်လိုက်ပြီး
"အဟက် သေမှာမကြောက်လို့ပေတစ်ရာလျှောက်နေတဲ့ဗိုလ်ရာဇပါ ခင်ဗျားသတ်ချင်ရင်လည်းမတားပါဘူး နို့ နောက်မှ ကျုပ်လက်ထဲသေရရင်တော့ နောင်တမရကြေးပေါ့ဗျာ"
"အဟား ရာဇ..ရာဇ.. အခုလိုအခြေအနေမှာတောင်မာနကမိုးထိနေတုန်းနော်"
ဦးသိုက်ခမ်းလူယုတ်မာပြုံးပြုံးကာ တပည့်တစ်ယောက်ကိုမျက်စပစ်ပြလိုက်တော့ ထိုတပည့်ကသိုက်ခမ်းလက်ထဲသို့ရောက်အောင်ဓားတစ်ချောင်းအားပစ်ပေးလာခဲ့သည်။အမိအရလှမ်းဖမ်းရင်း ဓားအိမ်ထဲမှဓားကိုထုတ်လိုက်သည့်အခါ ရွှမ်းခနဲအသံတောင်ထွက်ပေါ်လာသည်အထိ။
ပိုင်နိုင်ပြီဆိုသောအထင်ဖြင့် ရာဇဆိုသည့်ကောင်၏လည်ပင်းဆီဓားကိုရွယ်လိုက်သော်လည်း မထင်မှတ်ထားစွာ ကိုယ်တိုင်လည်းသေနတ်နဲ့အချိန်ခံထားခဲ့ရသည်။
"ခင်ဗျားကိုယ်ခင်ဗျားလည်လှပြီအောက်မေ့နေတယ်ပေါ့ ဦးသိုက်ခမ်း ဟမ့်"
"မင်းသေနတ်ဘယ်ကနေရတာလဲ ခုနတုန်းကမင်းလက်ထဲမယ်မရှိပါဘူး"
"အဲတာကြောင့်ကျုပ်မပြောဘူးလား ဖားတုလို့ခရုခုန် အိုင်ပျက်ရုံပဲရှိမယ်လို့"
ထိုစကားတွေကိုအပြန်အလှန်ပြောနေခဲ့ကြသူဗိုလ်ရာဇနှင့်ဗိုလ်သိုက်ခမ်းတို့သည် အသက်ရှုဖို့မေ့သွားလောက်သည်အထိတုန်လှုပ်တောင့်ခဲနေသည့်ကောင်လေးတစ်ယောက်ကိုတော့ သတိမထားမိကြသေးပေ။
လေထဲမှာဝင့်ဝင့်ကြွားကြွားတောက်ပနေသည့်ငွေရောက်ဓားရှည်ကြီး...ဓားရိုးမှာမြွေတစ်ကောင်ရစ်ပတ်နေပုံမှာလည်း စောလွန်းအားခြောက်လှန့်နေသည့်ဟန်။ဒီတစ်သက်လုံးဝမမေ့နိုင်မဲ့ထိုငွေရောင်ဓားရှည်ကြီးသည် အတိတ်၏အဆိပ်တို့ဖြစ်ချေသည်။
ဒါ..ဒါဆို ဒီသိုက်ခမ်းဆိုတဲ့လူကြီးက အမိုးနဲ့ဖထီးတို့ကိုသတ်ခဲ့တဲ့ဓားပြပေါ့။
ထိတ်လန့်လွန်းလို့အသက်ရှုဖို့တောင်မေ့နေလောက်သည်အထိ မလှုပ်မရပ်နှင့်တောင့်ခဲနေမိတာ ဓားဦးချွန်ချွန်ကဦးတည်ထားသောပစ်မှတ်ကိုမြင်မှ သတိတို့အလုံးစုံဝင်လာခဲ့တာဖြစ်သည်။
ကိုကို....
ငယ်စဥ်ကခေါ်ခဲ့ဖူးသည့်နာမ်စားလေးကိုရေရွတ်လို့ ဓားကိုတစ်လှည့်ဓားပြကြီးကိုတစ်လှည့်ကြည့်နေမိသည်။ဟင့်အင်း မလုပ်လိုက်ပါနဲ့။အမိုးနဲ့ဖထီးကိုခေါ်သွားခဲ့ပြီးပြီမဟုတ်လား ဒီတစ်ယောက်ကိုတော့ မလုပ်လိုက်ပါနဲ့။ငွေရောင်တောက်တောက်မြွေဓားကြီးကိုရည်ညွှန်းလို့ စောလွန်းစိတ်ထဲကနေတောင်းပန်နေမိသည်။
စောလွန်းငြိမ်သက်သွားတော့ စောလွန်းကိုလက်မောင်းကိုဆွဲကိုင်ထားသူ၏လက်ကလည်း အနည်းငယ်ပြေလျော့သွားခဲ့သည်။ထိုအရာကို အခွင့်ကောင်းယူလို့ အားကုန်သုံးပြီးရုန်းထွက်ကာ...
"ဓားပြကြီး"
အခုချိန်စောလွန်းစိတ်ထဲဝယ်ကြောက်ရွံ့မှုတွေသာကြီးစိုးနေခဲ့သည်။အမိုးနှင့်ဖထီးတုန်းကလိုမျိုးပဲ ဓားပြကြီးရင်ဝကိုထိုးဖောက်သွားခဲ့လျှင်ဆိုသောအတွေးကစောလွန်းကိုအကြိမ်ကြိမ်သတ်နေသလိုပင်။ထို့ကြောင့် ထိုဓားကိုတားဆီးရမည်ဆိုသည့်စိတ်ဖြင့် ဓားပြကြီးဆီပြေးသွားမိ၏။
"သက်လယ် မလာနဲ့!"
ဟင့်အင်း မတားပါနဲ့ ကျွန်တော်ခင်ဗျားကိုတော့ထပ်ပြီးအဆုံးရှုံးမခံချင်တော့တာမို့...
စက္ကန့်ပိုင်းအကြာမှာတော့ထိုတောစပ်ကလေးတွင် အသံနှစ်သံဟာအကျဥ်းတန်စွာထွက်ပေါ်လာပါတော့သည်။
ရွှမ်းးး
ဒိုင်းးး
မထင်မှတ်ထားခဲ့ဘူး။စောလွန်းရဲ့လုပ်ရပ်ဟာ ပျက်စီးခြင်းလမ်းဆီဦးတည်နေခဲ့လိမ့်မယ်လို့။
<<<<<<
>>>>>>
Conversationဆိုတဲ့နေရာလေးမှာ post a messageဆိုပြီး ချီ့ကိုပြောချင်တာလေးတစ်ချို့လာပြောကြပါလားဟင် ချီ့ရဲ့message boardကြီးကအရမ်းကိုခြောက်ကပ်လွန်းနေလို့ပါ🥺
ပြီးတော့..အပိုင်း၂၃မှာထည့်ထားတဲ့တောင် တန်းနဲ့ကောင်းကင်အလှပုံကလေ မမမီ( RigelMiKha )တောင်ပေါ်ရောက်တုန်းရိုက်ပြီးပို့ထားတဲ့ပုံပါနော် ချီကယူသုံးထားတာရယ်။
ဆေးပန်းချီ🌸
၂၆.၁.၂၀၂၂💜
ညအချိန် ပုစဉ်းရင်ကွဲသံတစ်ချို့ကဆူညံစွာထွက်ပေါ်နေလျက်ရှိသည်။ထိန်ထိန်သာနေသည့်လရောင်၏ဖြာကျမှုအောက်ဝယ်ရှိနေသောတဲလေးတစ်ခုတွင်တော့ ခပ်ထွားထွားနဲ့ခန့်ညားတဲ့လူတစ်ယောက်ဟာ မျက်ဝန်းအစုံကိုဖိပိတ်လို့ငြိမ်းချမ်းစွာအိပ်စက်လို့နေသည်။
စိုစွတ်နေဆဲမျက်ထောင်ဖျားတွေနဲ့ ရေကွက်လိုအကွက်လိုက်ကလေးဖြစ်နေသည့်ခေါင်းအုံကိုကြည့်ခြင်းဖြင့် ငိုနေရင်းအိပ်ပျော်သွားသည်မှာသိသာစွာ။
.
.
"ဟုတ်ပြီ ခူးပေးမယ်"
"မရှိပါဘူး"
"ဘာလို့လဲ"
ပိစိရဲ့စကားကြောင့် သစ်ပင်တတ်နေသည့်ရာဇ မြေပြင်ပေါ်ကကလေးပေါက်စကိုငုံ့ကြည့်မိသည်။မျက်ခုံးလေးပင့်ကာပင့်ကာလုပ်နေသည့်အမူအရာနဲ့မျက်နှာပေးလေးက ကိုယ့်ကိုအမြဲခိုင်းစားချင်နေသည့်ဟန်။
"ဒါပေါ့ ခူးပေးမှာပေါ့"
အရာရာကိုကိုယ့်အားကိုယ်ကိုးလာတဲ့စောလွန်းက ကိုကို့ကိုအမြဲသရက်သီးခူးပေးဖို့တောင်းဆိုမိတာဟာ မခူးနိုင်လို့၊မခူးတတ်လို့မဟုတ်ရပါ။ကိုယ့်ကိုချစ်စဖွယ်ကြည့်လို့ ကြင်နာမှုအပြည့်နဲ့လိုက်လျောလာမယ့် ကိုကို့ရဲ့မျက်ဝန်းနက်နက်တစ်စုံကိုသဘောကျမိလို့သာဖြစ်သည်။
*လောကအလယ်အားကိုးရာမဲ့နေတဲ့သိုးပေါက်ငယ်လေးဟာ မျက်ဝန်းနက်နက်နဲ့ကယ်တင်ရှင်ကိုတွေ့သည့်အခါမှာတော့ သူ့ကမ္ဘာဟာနွေးထွေးမှုနဲ့လုံခြုံသွားသတဲ့...သို့သော်...မကြာပါ သူ့ကမ္ဘာငယ်လေးပြန်လည်အေးစက်သွားခဲ့လေသည်*
"ပိစိ ဖမ်းလိုက်..."
"ဟင် ဘယ်ရောက်သွားတာလဲ"
စိုးရိမ်စိတ်နဲ့သစ်ပင်ပေါ်ကအမြန်ဆင်းလိုက်ပြီး အနီးနားပတ်ဝန်းကျင်ကိုဝေ့ဝဲရှာကြည့်သော်လည်း အရိပ်ကလေးတောင်မတွေ့ရ။
"ပိစိ ပိစိရေ ဘယ်မှာလဲ"
"ကျစ် ဒီမြူတွေကလည်း"
"ကိုကို"
ရင်းနှီးတဲ့စွာတေးလန်အသံလေးအစား နူးညံ့အေးချမ်းတဲ့ခေါ်သံလေးဟာ ရာဇအကြားအာရုံထဲသို့ဝင်လာသည်နှင့်တစ်ပြိုင်နက် ရာဇလည်းခြေလှမ်းတို့ကိုရပ်တန့်ပစ်လိုက်တော့သည်။
"ပိစိလား"
"ကိုကို"
လှိုဏ်ခေါင်းထဲကနေအော်သည့်အသံလို ပဲ့တင်ထပ်နေသည့်ကိုကိုဆိုတဲ့ခေါ်သံသာအထပ်ထပ်အခါခါကြားနေရသော်လည်း ပိစိရဲ့အရိပ်အယောင်ကတော့မြင်လွှာထဲမတိုးဝင်လာသေးပေ။
"ကိုကို"
"ပိစိ!!!!"
"အာ့!"
ဟူးးး
ယောင်္ကျားတန်မဲ့ကျဆင်းခဲ့တဲ့ခေါင်းအုံးပေါ်ကမျက်ရည်စက်တွေဟာ ကျုပ်ရဲ့အလွမ်းသငျေ်ကတပါသကျလယျ...
<<<<<<
>>>>>>
တပည့်ဖြစ်သူက ဇရပ်တိုင်နားမှာကြိုးနဲ့အတုပ်ခံထားရသည့်ကောင်လေးကိုကြည့်ရင်းမေးလာတာကြောင့် သိုက်ခမ်းဝါးလက်စကွမ်းယာကိုပါးဆောင်ဘေးသို့ပို့လိုက်ပြီး
ခေါင်းကုပ်နေတဲ့တပည့်သာမက ကျန်တပည့်တွေကလည်းနားမလည်သည့်ပုံပေါက်တာကြောင့် သိုက်ခမ်းသက်ပြင်းချလိုက်ပြီး
"ဘယ်လောက်ပဲအင်အားကြီးပဲတော်လွန်းနေပါစေ အားနည်းချက်နဲ့ကိုင်လှုပ်ရင်တော့ ဒီကောင်ဒူးမထောက်ရပဲမနေပါဘူးကွာ ဟားဟား"
ထိုအခါမှ တပည့်တွေသဘောပေါက်သွားကြပုံပင် ခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး သိုက်ခမ်းကိုချီးကျုးလာကြသည်။
"တို့ဆရာကတော်ချက်ဟေ့"
ကိုယ့်ကိုကိုယ်အထင်ကြီးကာကျေနပ်ပြုံးပြုံးနေသည့်ဦးသိုက်ခမ်းနဲ့အတူ မြှောက်ထိုးပင့်ကော်လုပ်နေကြသည့်တပည့်တစ်သိုက်သည် ညအမှောင်ဇရပ်တစ်ခုအတွင်း ပွဲကျသွားတော့သည်။
မျက်တောင်လေးတွေပုတ်ခတ်ပုတ်ခတ်နဲ့လှုပ်ရွလာတဲ့ကောင်လေးကိုကြည့်ရင်း သိုက်ခမ်းမေးလိုက်သည်။
"ခင်..ခင်ဗျားတို့"
ယုန်သူငယ်လေးတစ်ကောင်လိုကြောက်ရွံ့တုန်လှုပ်နေတဲ့ကောင်လေးကို သိုက်ခမ်းခပ်ပြုံးပြုံးလေးပြောလိုက်သည်။
"ဟင့်အင်း လွှတ်ပေး"
ဓားပြကြီးတို့ကိုမျှားချင်ရုံသက်သက်စောလွန်းကိုဖမ်းထားတာဆိုရင် သေချာပါတယ် ဓားပြကြီးတို့လာတဲ့အခါ ဒီလူတွေကဒီအတိုင်းအလွတ်ပေးမှာမဟုတ်ပေ။အရင်တစ်ခေါက်ထက်လူအင်အားများနေတဲ့သူတို့ကို ဓားပြကြီးတို့လေးယောက်တည်းနိုင်ပါ့မလားဆိုတာကို စောလွန်းစိတ်ပူလှပါသည်။
လွှတ်ပေးဖို့တောင်းဆိုနေလည်းမထူးဘူးဆိုတာသိတာကြောင့် ရှိသမျှအားလေးနဲ့ရုန်းကြည့်သော်လည်း တင်းကြပ်စွာချည်နှောင်ခံထားရတဲ့လက်တွေကြောင့် အသားတွေနာလာတာသာအဖက်တင်သည်။ဟင်းခနဲသက်မောချပြီး လက်လျှော့လိုက်ရတော့သည်။
စောလွန်းရဲ့မျှော်လင့်ချက်လေးဟာတစ်ကယ်မဖြစ်လာခဲ့။ဖမ်းခေါ်လာသူတို့မှာကြင်နာတတ်တဲ့ဓားပြကြီးတို့မဟုတ်ပါဘဲ ရက်စက်တတ်သူတစ်ချို့ဖြစ်နေခဲ့သည်မဟုတ်ပါလား။
"ဆရာ အဲ့ကောင်လေးကိုဘာမှမလုပ်တာတစ်ကယ်ကြီးလား"
အနားမှာခပ်တိုးတိုးလေးလာမေးတဲ့တပည့် ကျော်ကြီး...ဒီကောင်ဟိုကလေးကိုကြည့်တဲ့အကြည့်တွေကိုသိုက်ခမ်းနားလည်ပါသည်။သားကောင်ကိုအမဲဖြတ်ချင်ပေမယ့် မတတ်သာလို့အံကြိတ်နေရတဲ့အကြည့်မျိုး။
တဏှာမျက်ဝန်းတွေနဲ့ကြိုးတုပ်ခံထားသည့်ကောင်လေးကိုကြည့်ရင်းပြောလာတာကြောင့် သိုက်ခမ်းခေါင်းခါမိသည်။
စိတ်ပျက်သွားတဲ့ပုံစံနဲ့ကျော်ကြီးကိုကကြည့်ရင်း သူပြုံးလိုက်သည်။
"တကယ်နော် ဆရာ"
မြေခွေးအိုတစ်သိုက်ရဲ့ဆိုးယုတ်တဲ့အကြံအစည်တွေကိုမရိပ်မိစွာ သိုးပေါက်လေးမှာတော့ သူ၏ကယ်တင်ရှင်ကိုသာမျှော်နေလေရဲ့...
.
.
ဒေါက်!
"အမေ့!!"
လိုအပ်တဲ့ထင်းအတွက် အသေးစားသစ်ပင်တစ်ခုကိုခုတ်နေတုန်း မျက်စိဘေးကနေဖြတ်ခနဲဖြစ်ကာ သစ်ပင်မှာသွားစိုက်သည့်ဓားမြောင်တစ်ချောင်းကြောင့် အာဂသတ္တိနဲ့ပြည့်စုံသူ အာဂတစ်ယောက်ဆုံးပါးသွားပြီဖြစ်တဲ့မိခင်ကိုပါပါတမိတော့သည်။
"ဘာကြီးလဲကွ"
"မသိဘူး ယူကြည့်လိုက်"
.
.
"တောက်စ်!!!"
ပုံ/သိုက်ခမ်း~
အာဂလာပြတဲ့စာကိုဖတ်ပြီး ရာဇမေးကြောတွေထောင်ထလာသည်။စာရွက်ကိုလုံးချေလို့တတ်ပြင်းပြင်းခေါက်ပြီး တဲအနောက်ဘက်ကိုသွားလိုက်သည်။ထောင်ထားတဲ့ပေါက်ထူးကိုဆွဲကိုင်ကာ မြေကြီးကိုတူးပြီးအထဲမှရှိရှိသမျှသေနတ်တွေကိုထုတ်လိုက်သည်။ဟီရိုမာဆာဆိုတဲ့ဂျပန်ကောင်တွေဆီကဓားပြတိုက်လာတဲ့လက်နက်တွေက အခုလိုနေရာမျိုးတွေမှာအသုံးဝင်လို့တော်ရော့တာပေါ့။
"သော်က အာဂ မာန"
တစ်ယောက်ချင်းနာမည်ခေါ်လို့ နှစ်လုံးပြူးနဲ့ပစ္စတိုသေနတ်တစ်ချို့ကိုတပည့်သုံးယောက်ရဲ့လက်ထဲလှမ်းပစ်ကာထည့်မေးလိုက်သည်။
လက်ကျန်ပစ္စတိုတစ်လက်ကိုတော့ ဝတ်ထားတဲ့ပုဆိုးအောက်မှာကြိုးနဲ့ကပ်ချည်ပြီး မမြင်ရအောင်ပုဆိုးကိုခပ်ရှည်ရှည်ပြင်ဝတ်လိုက်သည်။
"ဗျာ ဆရာ မဖြစ်.."
"နားလည်ပါပြီ ဆရာ"
"ကြားကြလား!!!!"
"ဟုတ်"
"ဟုတ်"
"ဟုတ်"
ဟိုအကိုကြီးသေးသေးလေးဟာလည်း ထွက်သွားပြီးတာတောင် ဒီကညီလေးတွေကိုအလုပ်ရှုပ်အောင်လုပ်ပြန်ပြီ။ကြည့်နေ နောက်တော့မှဆရာ့အလစ်မှာ ခပ်စပ်စပ်လေးရိုက်ပစ်ဦးမယ်။
အာဂစိတ်ထဲကနေတေးမှတ်လိုက်ပြီး ထွက်သွားနှင့်ပြီဖြစ်တဲ့ဆရာနဲ့သူငယ်ချင်းတွေနောက်ကိုသုတ်ချေတင်ပြေးလိုက်ရတော့သည်။
<<<<<<
>>>>>>
တောစပ်ရှိဦးသိုက်ခမ်းတို့စားတဲချရာ ဇရပ်အနီးသို့ တစ်လှမ်းချင်းလျှောက်လှမ်းလာတဲ့ရာဇ။မာထန်နေတဲ့သူ့မျက်နှာ၊တင်းတင်းစေ့ထားတဲ့နှုတ်ခမ်း၊စူးရဲနေတဲ့မျက်လုံးအကြည့်တို့ကြောင့် ဦးသိုက်ခမ်းရဲ့တပည့်တွေတောင်နောက်ဆုတ်သွားကြသည်အထိ။
"ဟက်...ရောက်လာပြီလား"
သိုက်ခမ်းဆိုတဲ့လူကြီးကိုရာဇအဖက်မလုပ် မျက်လုံးအစုံကချစ်ရတဲ့သက်လယ်လေးကိုသာရှာဖွေနေမိသည်။
"ဓားပြကြီး"
တွန်းထိုးရုန်းကာရာဇကိုမသတ်ဖို့တောင်းပန်နေရှာတဲ့သိုးပေါက်လေးကို စိတ်အေးစေရန်ပြုံးပြပြီး
ပိုင်နိုင်ပြီဆိုတဲ့အထင်နဲ့ရာဇဆိုတဲ့ကောင်ရဲ့လည်ပင်းဆီဓားကိုရွယ်လိုက်သော်လည်း မထင်မှတ်ထားစွာ ကိုယ်တိုင်လည်းသေနတ်နဲ့အချိန်ခံထားခဲ့ရသည်။
"အဲ့တာကြောင့်ကျုပ်မပြောဘူးလား ဖားတုလို့ခရုခုန် အိုင်ပျက်ရုံပဲရှိမယ်လို့"
လေထဲမှာဝင့်ဝင့်ကြွားကြွားတောက်ပနေသည့်ငွေရောက်ဓားရှည်ကြီး...ဓားရိုးမှာမြွေတစ်ကောင်ရစ်ပတ်နေပုံမှာလည်း နော်စောအားခြောက်လှန့်နေသည့်ဟန်။ဒီတစ်သက်လုံးဝမမေ့နိုင်မယ့်ထိုငွေရောင်ဓားရှည်ကြီးသည် အတိတ်၏အဆိပ်တို့ဖြစ်ချေသည်။
ထိတ်လန့်လွန်းလို့အသက်ရှုဖို့တောင်မေ့နေလောက်သည်အထိ မလှုပ်မရပ်နဲ့တောင့်ခဲနေမိတာ ဓားဦးချွန်ချွန်ရဲ့ဦးတည်ထားသောပစ်မှတ်ကိုမြင်မှ သတိတို့အလုံးစုံဝင်လာခဲ့တာဖြစ်သည်။
ကိုကို....
"ဓားပြကြီး"
"သက်လယ် မလာနဲ့!"
ရွှမ်းးး
ဒိုင်းးး
<<<<<<
>>>>>>
ဆေးပန်းချီ🌸
၂၆.၁.၂၀၂၂💜