Unicode
Caligari....
ဘယ်သူမှ မမြင်နိုင်တဲ့ ဒဏ်ရာတွေပေါ့။
ဘယ်သူမှ သိခွင့်မရှိဘူး။
ကျိန်စာသင့်နေတဲ့ ပဟေဋိတစ်ခုလို အဖြေကို ရှာဖွေဖို့ကြိုးစားမိရင်ကိုယ်တိုင်ပျောက်ဆုံးရမှာဖြစ်သကဲ့သို့
ဝမ်ရိပေါ်အပေါ် သနားကရုဏာသက်မိသူမှန်သမျှဟာ ဝမ်ရိပေါ် ကိုယ်တိုင် ဖျက်စီးခြင်းကို ခံရမှာ ဖြစ်သည်။
နတ်ဘုရားတစ်ယောက်လို အရှိန်အဝါ အပြည့်နဲ့ ဝမ်ရိပေါ်က သူ့ရဲ့ နာကျင်ပင်ပန်းမှုတွေကို တစ်လောကလုံးမှာ ဘယ်သူမှ သိခွင့်မရှိနိုင်အောင် တစ်သက်လုံး ဖုံးကွယ်သွားလိုသတဲ့။
.............................
ခြေထိပ်ဖျားလေးတွေက ကြမ်းခင်းနဲ့ အကြိမ်ဖန်ပေါင်းများစွာ ထိတွေ့ရပြီးနောက် ပွန်းပဲ့လွန်းလို့ သွေးစို့လာရသည်။
အချိန်ကြာမြင့်စွာ ထောက်ထားရတဲ့ ခြေဖျားဟာ တစစ်စစ် နာကျင်လာရပေးမယ့် သူရပ်တန့်လိုက်ဖို့ ဆန္ဒမရှိဘူး။
လေအဝှေ့မှာ ကမျောကပါးလွင့်ရတဲ့ မက်မွန် ပွင့်ချပ်လေးတစ်ချပ်လို ပျံဝဲမျောလွင့်နေသည့် မိမိကိုယ်ခန္ဓာကို မက်မောမိလွန်းလို့။
လေပြေပြေမခတ်ပေမယ့် လူးခါနေရသည့် ဆံနွယ်တို့ကသာ သူ၏ စိတ်ဝိဥာဥ် ခိုနာရာမလို့။
အတောင်ပံတစ်စုံလို စိတ်နှင်ရာအတိုင်း ယိမ်းနွဲ့နေတဲ့ လက်သွယ်သွယ်က ယူကြုံးမရခြင်းကို ဖော်ညွှန်းဖို့ ရင်အုံကို နွမ်းလျလျ ယှက်သွယ်လို့ထားသည်။
"Odette က သူမ သစ္စာဖောက်ခံရပြီး နန်းတော်ထဲက ပြန်ပြေးထွက်လာတဲ့အချိန်မှာ ရင်တွေကွဲမတတ်ထိ ခံစားရမှာ"
ရင်အုံကို ကျိုးကြေလုနီးနီး ဖိယှက်ထားရင်း swan lake ပုံပြင်ကို သရုပ်ဖော်ကပြနေသည့် ရိပေါ်က ငန်းမလေး Odette နေရာကို အစားထိုး ခံစားလို့ ဆို့ဆို့နစ်နစ်ဆိုသည်။
ဆောက်တည်ရာမရစွာ သည်းခြေပျက်သကဲ့သို့ ပြေးလွှာခုန်ပေါက်ကာ ပြင်းထန်သည့် ဝေဒနာကို ခံစားနေရကြောင်း ဖော်ညွှန်းကပြနေသည့် ရိပေါ် တစ်ခနချင်းမှပင် ညှင်သာသော ဝင်သက်ထွက်သက်တို့ဖြင့် ဆွေးမြေ့ကြွေကွဲကာ ယိုင်နဲ့ပျက်စီးတော့မည့် ကိုယ်ဟန်ပြောင်းလို့ အသွင်ယူသည်။
နောက်ဆုံး Odette ဟာ သေဆုံးဖို့ကို ရွေးချယ်သွားတဲ့ ကကွက်အထိ မုန်းတီးမှု၊ကြေကွဲဆို့နင့်မှု၊သနားကရုဏာသက်မှု ခံစားချက်အရောင်ပေါင်းစုံအောင်လွင်သည့် ဝမ်ရိပေါ်ရဲ့ ပြောင်မြောက်ရဲ့ အနုပညာမှာ အခန်းအတွင်းရှိ လူတို့ မေ့လျော့နေသည်က အသက်ရှူရန်သာ။
"ဟွား မင်းတစ်ခေါက်လောက် စမ်းကကြည့်"
တီးလုံးသံ အဆုံးသတ်သွားပြီ ဆိုရုံနဲ့ ၊
အမှောင်ချထားတဲ့ မီးတို့ ပြန်လက်လာပြီးဆိုရုံနဲ့ ဝမ်ရိပေါ် ဟာ ကျောက်သားလို တည်တင်းတဲ့မျက်နှာထားကို ဆင်မြန်းသည်။
ဖူးကြွသရောင်ရှိတဲ့ နှုတ်ခမ်းဖူးတွေကို ပြိုင်မျဥ်းတစ်ကြောင်း လို အမြဲ သွယ်တန်းစေလို့ ခပ်တင်းတင်း စေ့ပိတ်ထားတတ်သည်။
ဘာကိုမှ အလိုကျမလွယ်တာမလို့ စိမ်းညှို့ညှို့ မျက်ခုံးတို့ဟာလည်း အခါမလပ် တွန့်ချိုးခြင်းခံရရင်းသာ။
အကြည့်ဆုံမိရင်တောင် အသက်ကို နှုတ်ယူနိုင်စွမ်းတဲ့အထိ ရစ်မူးဖွယ်ရာ။
'နတ်ဘုရား ဝမ်ရိပေါ်ကို မစွဲလမ်းမိစေနဲ့ ။
ရူးသွားစေလောက်တဲ့အထိ အရှိန်အဝါမျိုးရှိတယ်။'
လို့တောင် ချဲ့ကားပြောဆိုတတ်တဲ့လူတွေ ရှိတယ်မလား။
ဝမ်ရိပေါ်ရဲ့ အမိန့်သံအဆုံးမှာ အရှေ့ဆုံးအတန်းရှိ မိန်းမပျိုလေးက သူမ၏ ဂါဝန်စ ဖြူဖြူတို့ လူးလွင်နေသည်အထိ ကကွက်တို့ကို စတင်သည်။
ကန်ရေပြင်ပေါ် ရှုပ်တိုက်ပြေးသွားသလို့ နူးညံ့တဲ့ ခြေလှမ်းလေးတွေရယ်။
တိမ်စိုင်ပြေပြေကို ဖမ်းဆုပ်မိသလို သိမ်မွေ့လှတဲ့ လက်အသိမ်းအယူရယ်။
သူမရဲ့ တင့်တယ်တဲ့ ကိုယ်ဟန်ပန်အသွင်အပြင်က လရောင်အောက်ရှိ တဖိတ်ဖိတ်လဲ့သော ကန်ရေပြင်ထက်က ငန်းဖြူမလေးကဲ့သို့ ။
ချောမောပြေပြစ်တဲ့ ရုပ်ရည်လေးကြောင့် သူမ၏ အလှတရားကို ပိုအားဖြည့်စေသည်။
အခန်းထဲရှိလူများအားလုံက ယိမ်းနွဲ့သော ဟန်ပင်အတိုင်း လိုက်ပါမျောလွင့်ကြသည်။
လှရက်လိုက်တာလို့ အများက မှတ်ချက်ပြုကြပေမယ့်
အခန်းထောင့်က ရပ်ကြည့်နေမိတဲ့ ရိပေါ်က စိတ်ပျက်ခြင်းပေါင်းများစွာဖြင့် မလိုမကျစွာ ' ကျစ်'တစ်ချက် သပ်မိသည်။
သူမ အနုပညာပေါ်ထားတဲ့ ခံယူချက်က စိတ်ပျက်စရာပဲ။
"နောက်တစ်ခေါက် ပြန်က!"
အကလေ့ကျင့်ခန်းထဲက ရိပေါ်ရဲ့အသံဟာ ကျယ်လောင်သည်မဟုတ်ပေမယ့် အားလုံးတိတ်ဆိတ်နေသည့် အချိန်မလို့ ပြတ်သားထင်ရှားစွာ ထွက်ပေါ်လာသည်။
Odette သေဆုံးသွားသည့် အခန်းမှာ ကြမ်းပြင်ပေါ်သို့ လဲချလိုက်သည့် အဖြူရောင် မိန်းမပျိုလေးက ရိပေါ်ရှိရာသို့ အလန့်တကြား ခေါင်းထောင်ကြည့်လာသည်။
ထိုင်နေကြည့်သည့် လူအချို့ကလည်း လှုပ်သဲ့လာ၍ စင်ပေါ်ရှိ ကောင်မလေးအစား မချိတင်ကဲ တိုးသဲ့စွာ ရေရွတ်သည်။
စလိုက်မီးရောင်အောက်က အဖြူရောင် သဏ္ဍန်ရဲ့ ကောင်မလေး၏ ချောမောသည့် မျက်နှာပေါ်တွင် ဝမ်းနည်းရှက်ရွံ့ခြင်းတို့ပေစွန်းသည်။
ရိပေါ် မနှစ်မြို့သည်မှ ထိုအရာ။
သူမဟာ ချောမောသည့် ရုပ်ရည်ရှိသည့် အလျှောက် သူမ၏ ရုပ်ရည်အား အထိမခံစွာ Odette ၏ ဝမ်းနည်း ပူဆွေးမှု၊
ကွဲကြေပြိုလဲမှု မျက်နှာထားတို့ကို တစ်ခုမှ မပြသခဲ့။
အစက အဆုံးထိ သူမ၏ မျက်နှာ လှလှပေါ်တွင် အပြုံတစ်ခသာ ခိုတွဲစေလို့ ကခဲ့သည်။
"နောက်တစ်ခေါက် ပြန်က"
နောက်တစ်ကြိမ် ကကွက်ကို အဆုံးသတ်ဖို့ အရှိန်ယူနေသည့် ဟွားရဲ့ လှုပ်ရှားမှုတို့ဟာ ရပ်တန့်သွားရသည်။
ဆတိုးကိန်းလို နှစ်ဆ မဲ့လာတဲ့ မျက်နှာထားမှာ ရိပေါ်က အာရုံစူးစိုက်လို့သာ စိတ်ဝင်စားစရာ ဂိမ်းအသစ်တစ်ခု တွေ့သွားသလို။
"အ့"
ဝေ့လှည့်ရလွန်းလို့ ခြေဖျားတွေက မခံမရပ်နိုင်လွန်းတဲ့အခါ သူမတစ်ခေါက် ကြမ်းပြင်ပေါ်ပြိုကျလာတိုင်း သူမ၏ အပေါင်းအပါများက ရိပေါ်ဘက်သို့ မကျေနပ်သလိုကြည့်သည်။
"အစက ပြန်က"
ရုတ်ရုတ်သဲသဲ ဖြစ်လာတဲ့ အခြေအနေကို ရိပေါ်ဂရုမစိုက်ဘူး။
သူလိုချင်တဲ့ အနေအထားမျိုး မရောက်မချင်း ဟွားကို ရပ်တန့်ခိုင်းလိုက်ဖို့ သူ့မှာ အစီအစဥ်ရှိမနေ။
တိုးတစ်ချီ ကျယ်တစ်လှည့် ကဲ့ရဲ့ သံတွေကို ဥပေက္ခာပြုလို့ အလုံးစုံသော အာရုံတို့ကို ဟွား၏ မျက်နှာ လှလှထံသို့သာ ပို့ဆောင်ထားသည်။
"အ့ မရတော့ဘူး ။
ကျွန်မ ခြေထောက်တွေ ကျိုးတော့မယ်"
ထပ်မံလဲကျသွားတဲ့ ဟွားက ဒီတစ်ခေါက်မှာတော့ ပြန်မထပဲ သူမ၏ ခြေထောက်ကိုသာ နှိပ်နယ်လို့နေသည်။
တစ်လှမ်းချင်း စင်ပေါ်သို့ တက်သွားသည့် ရိပေါ်ရဲ့ ခြေလှမ်းတို့နောက်မှာ မီးများ ပြန်ပွင့်လာသည်။
ကမ်းပေးလိုက်တဲ့ ရိပေါ်ရဲ့ လက်ဖဝါး ဖြူဖြူဟာ သူမ မျက်နှာရှေ့ရောက်နေသည်အထိ သူမက မယုံမကြည်နိုင်ခြင်းပေါင်းများစွာ ပျော်ဝင်နေသည့် အကြည့်တို့ပြန်ပေးသည်။
နောက်ဆုံးသော ထိုအချိန်။
စက္ကန့်ပိုင်သာရှိသော ထိုကာလအတွင်း။
တောက်ပစွာ ပြုံးရယ်ပြလို့ ရိပေါ် လက်အတွင်း သူမ၏ လက်သွယ်သွယ်အား တင်ယှက်မလိုက်ရသေးခင် ၊
အချိန်တိုအတွင်းမှာပင် ရိပေါ်ဟာ သူ၏ လက်ကို လျှင်မြန်စွာ ပြန်ရုတ်သိမ်းလိုက်သည်။
"ဟွား...
ငါသင်ထားတာမေ့နေတာလား ။
ဘဲလေးကချေသည်တစ်ယောက်က ကနေရင်း လဲကျသွားတဲ့အခါ ဘယ်တော့မှ သူများအကူအညီယူပြီး မထရဘူးဆိုတာ။
ပြီးတော့ မင်း မျက်နှာအလှကို ဂရုမစိုက်သင့်ဘူး။
ဘဲလေး ကချေသည်တစ်ယောက်အနေနဲ့ ဒါဇာတ်ကောင်အပေါ် မထီမဲ့မြင်ပြုတာပဲ။
ဇာတ်ကောင်က ဝမ်းနည်းနေရင် ကိုယ်ပါလိုက်ဝမ်းနည်းရမယ်။
ဇာတ်ကောင်က အချစ်မှာ နစ်မွန်းနေရင်း ကိုယ်ပါလိုက်နစ်မွန်းပြီး ဇာတ်ကောင်က ကြေကွဲရင် ကိုယ်ပါ တစ်စဆီကြေကွဲရမယ်ဆိုတာ မင်း မသိဘူးလား။
မင်းအလှကပြချင်ရင် ဘဲလေး ဆက်ကစရာမလိုတော့ဘူး"
ဟွားကမျက်ရည်တွေ ယိုဖိတ်ပြသည်။
ကျိတ်မနိုင်ခဲမရသလို၊
သူမမှန်ပြီး၊ရိပေါ် ပဲ အမှားလို ပုံစံမျိုးဖြင့် ။
သူမ ဘဲလေးမကသင့်ဘူး။
သရုပ်ဆောင်လုပ်သင့်တာ။
"Odette ရဲ့ ဝမ်းနည်းတဲ့စိတ်ကို ကျွန်မနားလည်ပါတယ် ။
ကျွန်မနည်း ကျွန်မဟန်နဲ့ ဖော်ပြခဲ့ရုံပါ "
နှုတ်ခမ်းတစ်ဖက်ရဲ့ အစွန်းဟာ မှော်ဆန်စွာ ကွေးညွတ်တတ်သည်။
တစ်ခါမှ လူတွေရှေ့ ရယ်မောခြင်းမပြုဖူးတဲ့ ရိပေါ်က ဒီကွေးညွတ်ရုံအပြုံးကို လူတွေ မခံချင်စိတ်ဖြစ်အောင် ထိုးဆွရာလက်နက် အဖြစ် သုံးသည်။
"ဟက် ဟုတ်လား။
ဒါဆို ရူးသွပ်ပူဆွေးခြင်းကိုရော မင်းနည်း မင်းဟန်နဲ့ မပြချင်ဘူးလား"
ကောင်မလေးက ရိပေါ်ကို မျက်လုံးလှန်လို့ကြည့်လာသည်။
သူမက ရိပေါ်စကားကို နာခံဖို့ထက် အာခံ ဖီဆန်လိုစိတ်အပြည့်နဲ့
"Odette က ဝမ်းနည်းခဲ့တာပါ။
သူမ ချစ်သူ မင်းသားလေးက သစ္စဖောက်ခဲ့တယ်လို့ ထင်ပြီး
ဝမ်နည်းရုံပဲ ။
အရမ်းကြီးကို ပုံပျက်လောက်တဲ့အထိ အရူးမီးဝိုင်းပြစရာ မလိုဘူးလို့ ကျွန််မထင်တယ်။"
အရမ်း ဥာဏ်နည်းလွန်းလို့ ရိပေါ် စကားဖက်ပြောဖို့တောင် စိတ်ကုန်သွားရသည်။
ဇာတ်လမ်းကိုတောင် သေချာမနစ်ဝင်နိုင်ပဲ သူမက Odetteရဲ့ ခံစားချက်တွေကို နားလည်နိုင်မတဲ့လဲ။
"အသက်စွန့် သွားခဲ့တာပါ။
သူမအသက်ကို စွန့်သွားလောက်တဲ့အထိ ဖြေဆည်မရအောင် ပူဆွေးခဲ့ရတာကို
မင်းက အရမ်း လုပ်ပြစရာ မလိုဘူးလို့ တွေးချင်သေးတာလား။
ဘယ်လောက် ထိခိုက်မှုဆိုမှ ရူးသွပ်သွားလို့ရမှာလည်း မင်းပြောကြည့်။"
တည်ငြိမ်ပြေပြစ်စွာ ထွက်ပေါ်လာသည့် အသံဟာ အနိမ့်အမြင့် မရှိ။
ဒေါသဘက်ကို ဦးတည်နေသည့် စကားအသုံးအနှုန်းတွေဆိုပေမယ့် ရိပေါ်ဟာ လေသံကို လွန်လွန်ကျူးကျူး မဖြစ်မိအောင် ထိန်းညှိသည်။
သူစိတ်ဒေါသတို့ဟာ ဘဲလေးအကနဲ့ စပ်လျဥ်းသမျှ အရာတိုင်းအပေါ် အထိမခံနိုင်စွာတည်ရှိသည်။
သိသိသာသာ ငြိမ်ကျသွားသည့် ဟွားက ရိပေါ်စကားကို လက်သင့်ခံလိုက်လို့မဟုတ်ပဲ တုံ့ပြန်စရာ စကားရှာနေခြင်းဖြစ်သည်။
လှဂုဏ်ရော အရည်အချင်းပါရှိသည့် ဟွားက ရိပေါ်လို ဘဲလေးအကအပေါ် ရူးသွပ်သည့် သူတစ်ယောက်နှင့် မတန်မရာ ခြေရာတိုင်းကြည့်ချင်ပုံရသည်။
"မင်းပြောတဲ့အတိုင်းဆို ဒီလိုလုပ်ကြည့်ပါလား ဟွား။
မင်းကို Onsra ကနေ ထုတ်ပယ်လိုက်ပြီမလို့ နောက်နေ့တွေမင်းလာစရာမလိုတော့ဘူး။
ဒါပေမယ့် အရမ်းကို အရူးမီးဝိုင်းပူဆွေး မနေပဲ မင်းနည်းမင်းဟန်နဲ့ပဲ ဝမ်းနည်းကြည့်ပေါ့ မင်းပြောတဲ့အတိုင်းလေ"
Onsra ballet company ရဲ့ အတော်ဆုံး ဘဲလေးအကမယ်ကို ရိပေါ်က ထုတ်ပယ်လိုက်တာကြောင့် အားလုံးဟာ ရုတ်ရုတ်သည်းသည်းဖြစ်လာသည်။
ထိုင်နေရက်သားဟွားက သူမ၏ မာန ထိခိုက်မှုကြောင့် တိတ်ဆိတ်စွာ မျက်ရည်တွေပြိုကျရင်း ငိုကြွေးလို့နေသည်။
တစ်စွန်းတစ်စသော လူအချို့ရဲ့ ရိပေါ် အပေါ် အပြစ်တင်လိုသံ၊
မကျေမချမ်း အသံများကို လျစ်လျှူရှုလို့ သူအကြောလျှော့နေကြ တန်းပေါ်ကိုသာ ခြေတစ်ချောင်းတင်လို့ အသာ အကြောတို့ဖြေလျော့နေလိုက်သည်။
မိန်းမလှလေး ဟွားက ဝုန်းဒိုင်းကျဲလို့ ငိုယိုကာ အပြင်ပြေးထွက်သွားသည့် အခါ ရွံမုန်းသလို အကြည့်တို့က ရိပေါ်ထံသို့သာ ဦးတည်သည်။
'သုံးစက္ကန့်ထက် ပို စိုက်မကြည့်လိုက်နဲ့
ပြာကျမယ့်သူဟာ သူမဟုတ်ပဲ မင်းအရိုးတွေ သူက လောင်မြှိက်လို့ အစဖျောက်လိုက်လိမ့်မယ်'
ဝမ်ရိပေါ်ကိုကြည့်မရပေမယ့် ကိုယ်တိုင်တော့ အသက်ရှည်ရှည်နေလိုကြသေးသည့် လူတို့က ဤသို့ အဆိုပြုသည်။
သွားငြိမိရင်တော့ နတ်ဘုရားလို ဝမ်ရိပေါ်က အသည်းမဲ့တယ်။
"ဆက်လေ့ကျင့်နေကြပါ။
ငါ သွားရမယ့် နေရာ တစ်ခုရှိသေးလို့။
Odette နေရာမှာ ခံစားလို့မရမချင်း မင်းတို့ လက်လျော့လိုက်ဖို့မစဥ်းစားနဲ့"
ရိပေါ်စကားအဆုံးမှာ ရှေ့က လူသားတို့၏ မျက်နှာက သိသိသာသာမှောင်ကိုသည်။
အင်တင်တင် မျက်နှာပေးတွေက ရိပေါ် ဒေါသကို ထိခလုတ်မထိခလုတ် ရိုက်ခတ်လာသည်မလို့ အသံကို အမြင့်ဆုံးထိတင်ရင်း
"အခု သွားမကျင့်ပဲ ဘာလုပ်နေကြတာလည်း!!!"
အလျှိုလျှိုပြန်ကွဲသွားသည့် လူအုပ်။
ဒေါသမထိန်းနိုင်တဲ့ရိပေါ်က ဒီကာလမှာ စိတ်ရောလူပါ ပင်ပန်းရသည်။
ပြန်ရမယ့် အချိန်ဟာ သိပ်နီးကပ်နေပြီဆိုပေမယ့် ပါးလျလျ အင်္ကျီဟာ ခန္ဓာကိုယ် အချိုးအစာနှင့် ကွတ်တိ ကျပ်နေတာမလို့ အရင်ဆုံး သက်သောင့်သက်သာရှိမည့် အဝတ်အစားလဲဖို့ရာ changing room ဖက်သို့ ဦးတည်သည်။
သို့ပေမယ့် လမ်းတဝက်အရောက်မှာ နားထဲသို့ တိုးသဲ့စွာ ဝင်လာသည့် ဝါကျတို့ကြောင့် ရိပေါ် ခြေလှမ်းတို့ကို ရှေ့ဆက်ဖို့ မေ့လျော့နေခဲ့သည်။
"တကယ် ထူးဆန်းတဲ့လူပဲ။
တော်တော် စိတ်ကုန်နေပြီ။
Onsra ရဲ့ပိုင်ရှင်ဆိုပြီး လုပ်ချင်ရာကို လုပ်နေတော့တာပဲ။"
"ရားး ထူးဆန်းတာကလေ တော်ရုံမဟုတ်ဘူး။
ဒီနေ့ ဥက္ကဠကြီးရဲ့ စျာပနနေ့ပဲ ။
သူ့အဖေဆုံးတာကို မတုန်မလှုပ်နဲ့ သူ ဒီကိုလာနိုင်တာ တော်ရုံ မလို့လား။"
ထိုအမျိုးသမီးနှစ်ဦးဟာ pointe shoes ကို ချည်နှောင်နေရင်း ရိပေါ်နဲ့ပဲ သက်ဆိုင်တဲ့ အရေးကိစ္စကို စိတ်ဝင်တစားပြောဆိုနေကြသည်။
"ဥက္ကဠကြီး ဆုံးတယ်!!!
ဟိုတလောကမှ မိထွေးဆုံးလို့ ဆိုပြီး ပွက်လောရိုက်နေတာမလား။
အခု သူ့အဖေကပါ ဘယ်လိုဖြစ်ပြီး။"
"ဥက္ကဠကြီး ဆုံးတဲ့ အကြောင်းကိုတော့ သေချာမသိဘူး။
မိထွေးဆုံးတဲ့ ကိစ္စကတော့ ဝမ်ရိပေါ်ကို သံသယရှိသူဆိုပြီး ထိန်းသိမ်းဖို့လုပ်သေးတယ်။
ငါတို့ရှေ့မှာလဲ သူတို့နှစ်ယောက် အမြဲ အမွေကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာတတ် နေကြမလား။
အဲ့တာ အိမ်မှာ နှစ်ယောက်တည်းရှိတဲ့အချိန် ဖြစ်တာဆိုတော့။
ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိတယ်ဆိုပြီး ခနလွတ်ငြိမ်းခွင့်ရတာ
နောက်ကျရင်တော့ တရားပြန်ရင်ဆိုင်ဖြစ်မယ်ထင်တယ်။"
"စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု!!
ရယ်ရတယ်။
အဲ့လိုလူက စောစောက ငါတို့ကို ဆူပူသွားတာတဲ့ ငါယုံတောင်မယုံနိုင်ဘူး"
ထိုအမျိုးသမီးနှစ်ယောက်ရဲ့ အသံတွေဟာ တိုးလာလိုက်၊ ကျယ်သွားလိုက်။
အရှိန်တင်လို့ ပြေးလွှားကြည့်တာဆိုပေမယ့် ထိပ်ဖျားတွင်သွေးဆို့နေဆဲ ဒဏ်ချက်ကြောင့် ခြေလှမ်းတို့ လျှောက်လှမ်းရာတွင် နှောင့်နှေးစေသည်။
ရေရေရာရာ မသိပဲ ထင်ရာဆိုင်းလို့ တစ်ဖက်စောင်းနင်း ပြောဆိုခြင်းတွေဟာအင်မတန် သွေးပျက်စရာကောင်းလှသည်။
ဟိုးအဆုံးထိ ဆွဲချသွားမှာဖြစ်သလို မီးမြှိုက်ခံရသလို ဝေဒနာတို့ နက်ရှိုင်းသည့် အသည်းစိုင်တို့ကို ဖောက်ထွင်းစေလို့ သေရာပါစေမည့် လက်နက်တွေပဲ။
အဆင်ပြေသယောင် မျက်နှာထားမျိုး ပြလိုတာ ဖြစ်ပေမယ့် ကိုယ်တွင်း ဒဏ်ရာကြေမွမှု သိပ်သည်းဆမှာ ပြင်းထန်လှတာမလို့ မာကြောသည့် သဏ္ဠန်၌သာ နေသားကျရသည်။
~~~~~~~~~~~~~~~~~~~~~~~
စင်ဝင်အောက်တွင် ရပ်ထားသည့် ကားဆီသို့ ရိပေါ် ရောက်သွားပြီ ဖြစ်ပေမယ့် ရိပေါ် ကားပေါ်သို့ တက်ခွင့်မရသေး။
လော့ဂ်ကျနေသည့် ကားနှင့်အတူ အိမ်တော်ထိန်းမင်ကို အစအနပင်ရှာမတွေ့သေးချေ။
"သခင်လေး သခင်လေး"
အမောတကော ပြေးလာသည့် အိမ်တော်ထိန်းကြီးပုံရိပ်ဟာ စိပေါ် မြင်ကွင်းထဲသို့ ဝင်လာပြီ ဆိုရုံနဲ့ ရိပေါ် မျက်နှာပေါ်က ဝမ်းနည်းရိပ်တို့ ဟာ မျက်နှာဖုံးတစ်ချက်လို ကွာကျအကုန်လွင့်ပြယ်သည်။
"ဘယ်တွေသွားနေတာလည်း "
တံခါးဖွင့်ပေးလာတဲ့ အိမ်တော်ထိန်းကြီးကို အောင့်အောင့်မမဆိုမိတော့ အိမ်တော်ထိန်းကြီးဟာ အရင်နှစ်တွေတုန်းကလို့ နှစ်မြို့ခြင်းပေါင်းများစွာ ပျော်ဝင်နေသည့် အကြည့်ဖြင့် ကြည့်လာသည်။
အရင်နှစ်တွေနဲ့မတူတာဆိုလို့ ဇရာဒဏ် ခံရရှာတဲ့ အိမ်တော်ထိန်းကြီးရဲ့ မျက်ဝန်းညိုတွေထဲ တိမ်အချို့ စွဲငြိနေသည်။
ရိပေါ် အနေနဲ့အတော့ အရင်တုန်းက မျက်ဝန်းကြည်ကြည်တွေကို ပိုနှစ်သက်ရတာပါ။
"သခင်လေးကြိက်တဲ့ toast သွားဝယ်ပေးနေတာပါ။
ဗိုက်ဆာနေမယ်ထင်လို့"
ကားရှေ့ခန်းကနေ ကမ်းပေးလာတဲ့ toast ကြောင့် ရိပေါ် တကယ် ဝမ်းသာသွားရပေမယ့် မျက်နှာထားကိုတော့ ပကတိ တည်ငြိမ်စေရင်း အသာလှမ်းယူလိုက်သည်။
"ဟင် အိမ်တော်ထိန်းမင် ၊
ရင်ထိုးရော"
ထိတ်လန့်သွားပုံရတဲ့ အိမ်တော်ထိန်းကြီးက သူ့ရင်ဘက်ကို ကပြာကရာ စမ်းကာရှာကြည့်နေရင်း တိမ်တွေကြောင့် မှုန်ပျပျဖြစ်နေသည့် မျက်စံနက်နက်တို့ကို ပါ ဟိုဟို ဒီဒီ ရွေ့လျားစေလို့။
"အာ ကမန်းကတန်းထွက်လာတော့ ကျွန်တော်မေ့သွားတာပါ"
"ကျွန်တော်တို့ အိမ်တော်မှာ အိမ်တော်ထိန်းမင်က ဝါအရင့်ဆုံးပဲ။
အခုလို ရင်ထိုးထိုးဖို့ မေ့ခဲ့တာမျိုး မဖြစ်သင့်ဘူး"
ရိပေါ်ရဲ့ ပူညံညံ အဆိုပြုချက်ကို အိမ်တော်ထိန်းကြီးက ကားမောင်းနေရင်း ပြုံးရယ်လို့ နာခံရှာသည်။
"အသက်ကြီးပြီလေ သခင်လေးရဲ့ အရင်လို မှတ်ဥာဏ်တွေမကောင်းတော့ဘူး"
ပြုံးရင်းပြန်ပြောလာတဲ့ တုန့်ပြန်စကားမှာ ရိပေါ်ပဲ နှုတ်ဆိတ်ရပြန်သည်။
အိမ်တော်ထိန်းကြီးနဲ့ အတူရှိခဲ့တဲ့ ကာလာတွေဟာ ဟိုးအရင်နှစ်တွေတုန်းက စလို့ အချိန်တွေ သိပ်ကို ကြာခဲ့ပြီမလား ။
"သခင်လေး ကျွန်တော် နေခဲ့လို့ အဆင်ပြေပါ့မလား"
ပါးပါး စျာပနချပွဲ ပြုလုပ်တဲ့ အဆောက်အအုံရှေ့မှာသာ ရိပေါ်က အိမ်တော်ထိန်းကြီးကို စောင့်ဆိုင်းစေခဲ့သည်။
"အင်း ကျွန်တော် သေချာနှုတ်ဆက်ပြီး ပြန်လာခဲ့မယ်နော်"
ခြေလှမ်းတွေဟာ အိမ်တော်ထိန်းကြီးနဲ့ ဝေးလံခဲ့ပြီဆိုပေမယ့် လေပင်စွာ ချလိုက်သော သက်ပင်းချသံတစ်ခုကိုတော့ ဖမ်းဆုပ်မိပါသည်။
Onsra ဥက္ကဠ၏ စျာပနပွဲသည် အနက်ရောင် စျေးကြီးသည့်ကုတ် ဝတ်ဆင်ထားကြသည့် လူများဖြင့် စည်းကားနေသည်။
မျက်စောင်းထိုးက တာဝန်ခံမိသားစုတစ်ယောက်ယောက်အတွက် ခင်းကျင်းထားသည့် ကွက်လပ်လေးဟာ ဝမ်းနည်းစရာကောင်းလောက်အောင် လှစ်ဟနေပြီး မျက်စေ့ရှေ့က အနက်ရောက် မှန်ဘောင်အတွင်းတွင်တော့ ခန့်ညားသည့် အမျိုးသားတစ်ဦးက နေရာယူသည်။
အပွင့်ကြီးပြီး လှပလွန်းတဲ့ အဖြူရောင် ဂန္ဓမာ ပန်းတွေက ရိပေါ်အလှည့်မတိုင်ခင် မြောက်မြားစွာ နေရာယူပြီးနေခဲ့ပြီဖြစ်ပေမယ့် ရိပေါ်ဟာ အလှဆုံး ပန်းတစ်ပွင့်ကို ယူလို့ ဓါတ်ပုံရှေ့အသာချသည်။
ဓါတ်ပုံထဲက လူသားဟာ ဒီနေ့ကျမှ ကြည့်ရတာ ဘာလို့ သိပ်ဝမ်းနည်းဖို့ကောင်းနေတာပါလိမ့်။
ဂါရဝပြုပြီးတဲ့နောက်မှာ ရိပေါ် သိချင်တဲ့ မေးခွန်းအချို့အား အဖြေပြန်မယ့်သူမရှိမှန်းသိပေမယ့် ရူးနမ်းစွာ မေးမိနေဆဲ။
"ပါပါး သားရောက်ပြီး။
ရုတ်တရက် ထွက်သွားတော့လေ အရမ်း ရူးမတတ်အထိ လန့်သွားရတာ။
ဘာလို့လဲ
နည်းနည်းလေး တိုင်ပင်မကြည့်ပဲ
မသိလိုက်ခင်မှာ ထွက်သွားရတာလည်း။
သူမကို အဲ့လောက်တောက် သဘောကျတာလား။
ဒီလောက် မြန်မြန်လိုက်သွားရလောက်တဲ့အထိလေ၊
ပါပါး အရမ်းသတိရတယ်။
လုံလုံလောက်လောက် မသန်မာသေးတော့ သတိရတိုင်း မျက်ရည်တွေပါကျမိတော့ ဒုက္ခပဲ sob*"
အရှိန်အဝါတွေအပြည့်နဲ့ မာကျောတဲ့ ပုံစံကိုသာ အမြဲမြင်တွေ့ခွင့်ရခဲ့တဲ့ Onsraရဲ့ ဆက်ခံသူဟာ အခု ရှိုက်သံသဲ့သဲ့လေး တစ်စွန်းတစ်စ ဖမ်းမိနေတဲ့အထိ ငိုကြွေးနေသတဲ့။
ကြမ်းခင်းပေါ် ပစ်စလက်ခတ်ပြိုကျလို့ ကျောပြင်ငယ်များ သိမ့်သိမ့်တုန်အောင် ငိုနေပေမယ့်
တစ်မနက်လုံးပျောက်နေခဲ့ပြီး အခုမှပေါ်လာတဲ့ ဝမ်ရိပေါ်ကို အားလုံးက ဟန်ဆောင်ကောင်းတဲ့ လူတစ်ယောက်လို ကြည့်ကြရင်း လူတို့က ပြစ်တင်ရှုံ့ချသည်။
'ကရုဏာ သက်သလို အကြည့်နဲ့ ဆိုင်ရင် အများကြီးခံသာသေးတယ်။
သနားပြစရာမလိုဘူး။
အမြင်ကတ်ဖို့ကောင်းရင် အမြင်ကတ်ကြောင်း သိသာအောင်ရမယ်။
တစ်ခုပဲ ကရုဏမဲ့တဲ့ ဝမ်ရိပေါ်ကိုတော့ ကြောက်ရွံ့ဖို့ မမေ့နဲ့'
လူအုပ်ကြီးကို ကျော်ဖြတ်လို့ ခန်းမအတွင်းက ပြန်န်ထွက်လာချိန်မှာ စင်ဝင်အောက်မှာ စောင့်နေသည် အိမ်တော်ထိန်ကြီးက ရိပေါ် နံဘေးနားသို့ အလျှင်အမြန်ရောက်လာပြီး ခြုံလွှာတစ်ထည်ဖြင့် ယိုင်နဲ့နဲ့ ကိုယ်လေးအား လွှမ်းခြံပေးစေသည်။
"ပါးပါးရဲ့ နောက်ဆုံးခရီးကို အိမ်တော်ထိန်း မင်ကပဲ သေချာပို့ပေးလိုက်ပါ"
"သခင်လေး ..."
"ကျွန်တော် စိတ်ချလို့ရမယ်မလား"
နွမ်းဖက်နေတဲ့ သခင်လေး မျက်နှာကြောင့် နောက်တစ်ခေါက် မလွန်ဆန်မိဖို့ကိုသာ ဆုံးဖြတ်သည်။
ရှေ့ဆက်ရဦးမယ့် ကိစ္စတွေအတွက် သခင်လေး တောင်ခံနိုင်မှ ဖြစ်မှာ။
မသက်မသာ မျက်နှာထားမျိုးနဲ့ ရိပေါ်ကို ကျောခိုင်းသွားသည့် အိမ်တော်ထိန်းကြီး၏ ကျောပြင် တရွေ့ရွေ့နှင့် အဝေးရောက်သွားပြီ ဆိုကာမှာ ရိပေါ် ပတ်ဝန်းကျင်ကို စောင်းငဲ့ ကြည့်မိသည်။
ခြောက်ကပ်နေသည့် လူသွားလူလာတို့ကြောင့် အသံတို့ဟာ တိတ်ဆိတ်နေသည်။
ဒီနေရာက လူစည်သင့်တဲ့ အရပ်မှလဲ မဟုတ်တာပဲ။
နေဝင်ခါနီး အချိန်ဖြစ်တာကြောင့် လိမ္မော်ရောင်လွှမ်းနေသည့် ကောင်းကင်ကြီးနဲ့အတူ တစ်လုံးတည်သော နေမင်းကြီးက အထီးကျန်စွာ လှလှပပ တောက်ဖြာနေသည်။
လွမ်းမောစရာ ဥတုအခြေအနေ၏ ထောက်ပံ့မှုဖြင့် ရိပေါ်ဟာ မျက်ရည်တို့ တစ်ဖန်ဝဲတက်လာရပြန်သည်။
"ပါးပါး သားလေးက ကနေရင် သိပ်ကို တောက်ပနေတာ။"
၆နှစ်အရွယ် ရိပေါ် ပထမဆုံး စင်ပေါ်မှာ ကပြရသည့် စုံညီပွဲတစ်ခုမှာ ပါးပါးက ဂုဏ်ယူရင်းဆိုခဲ့သည်။
" ဒီလို တိမ်တောက်တဲ့ အချိန်မှာ ကကြည့်ပါ့လား။
ပါပါးကြည့်ချင်လို့။
လှလွန်းလို့ နတ်ဘုရားတွေတောင် စွဲလမ်းသွားမယ်ထင်တယ်။"
အရွယ်ရောက်လာတဲ့ ရိပေါ်က ဘဲလေးအကကို ရူးသွပ်သလို ပါပါးကလည်း အကကနေရင်း ပန်းလေးတစ်ပွင့်လို့ လူးလွင့်နေသည့် ရိပေါ်ကို ရူးသွပ်သည်။
နေဝင်ချိန်တွေဟာ ရိပေါ်ရဲ့ ကိုယ်ပိုင် ဇာတ်ရုံလေးဖြစ်သလို့ ပါးပါးကတော့ သူ့ရဲ့ တစ်ဦးတည်သော ပရိတ်သတ်ပေါ့။
"လွမ်းလွန်းလို့ တွေ့လိုတွေ့ငြား လိုက်ခဲ့ချင်လိုက်တာ ပါပါးရယ်"
ခြေထိပ်ဖျားလေးတွေကို ဖိထောက်လို့ လှမ်းတဲ့တစ်လှမ်းစီတိုင်းမှာ လေနှင်တိုင်း ဖြတ်ဖြတ်လူးအောင်လွင့်ရသည့် ငှက်မွေးလေးတစ်မျှင်လို ခံစားရပြီ လေထုကို ဖီဆန်လို့ ကိုယ်ခန္ဓာကို ထပ်ခါထပ်ခါ ဝေ့လှည့်စေတိုင်းမှာ ပန်းခင်းတစ်ခုကို ပိုင်စားခွင့်ရသည့် လိပ်ပြာငယ်လေးတစ်ကောင်လို မြတ်နိုးမှု ကုဋေပေါင်းများစွာ။
တိမ်တောက်တဲ့အချိန်မှာ ကကြည့်မိတော့လည်း ရိပေါ်ဟာ တကယ့်ကို ပန်းချီတစ်ချပ်ထဲက ငန်းပျိုလေး တစ်ကောင်အလား။
နေရောင်တွေဟာ ဆန့်တန်းထားသည့် ရိပေါ်လက်သွယ်သွယ်ပေါ်သို့ နူးညံ့စွာ ဖြာကျသည်။
မှေးမှိန်နေတဲ့ အမှတ်တရတွေကို ရိပေါ်က ချနင်းရင်း အစွန်းဆုံသောအရပ်ထိ ပျံသန်းနေသည့် ရိပေါ်က မှော်ဆန်လှသည်။
နတ်ဘုရားလို ဝမ်ရိပေါ်က အလှတရားမှာလည်း တင်စားစရာမဲ့စွာ ဂန္တဝင်မြောက်ပြန်သည်။
ရင်တွေ ကြေမွနေသလိုပဲ။
အဝေးကို လွင့်စင်သွားသလို၊
နီးကပ်စွာ စုပ်ယူခံလိုက်ရသလို စုန်စုန်ပါအောင် မျောရတဲ့ခံစားချက်တို့အတိုင်း ရိပေါ်ကိုယ်ခန္ဓာကိုယ်ငယ်ဟာ ကောင်းကင်နဲ့ နီးကပ်စွာ လွှားလို့ ပျံသန်းသွားလိုက်၊
မြေပြင်နဲ့ ထိလုမတတ် နလံမထူစွာ ညွတ်တွားလိုက်တော့
"အ့"
အကြိမ်ဖန်ပေါင်းများစွာ ကြမ်းတမ်းလှသည့် မြေပြင်ကို အားပြုလို့ လှည့်နေရသည့် ခြေဖျားလေးဟာ မခံမရပ်နိုင်အောင် နာကျင်လာပြီး ဟန်ချက်မထိန်းနိုင်တော့သည့် ရိပေါ်က လဲပြိုကျသည်။
ရုတ်ချည်း မထနိုင်သည့်ရိပေါ်က အရှိန်ယူလို့ ခန္ဓာကိုယ် ပြန်တည့်မတ်ဖို့ ကြိုးစားနေတုန်းမှာ ဆွဲယူခံလိုက်ရသည့် ခြေတစ်ဖက်။
ရုတ်တရက်မလို့ အားကုန်သုံးလို့ ရုန်းပေမယ့် အားသန်လှသည့် တစ်ဖက်လူ၏ လက်ရဲဇက်ရဲနိုင်မှုမှာ မလူးမလွန့်နိုင်။
"လွတ်စမ်း။
ဘယ်သူမလို့ ငါ့ခြေထောက်ကို ထိရဲတာလည်း"
"ငြိမ်ငြိမ်လေးနေစမ်းပါ မင်းခြေထောက်ကို ကိုင်နေရတဲ့ ငါပါ။ ဘယ်လိုဖြစ်လို့ မင်းက အော်နေရတာလဲ"
တစ်ဖက်လူဟာ သွေးအချို့နဲ့ပေပွနေတဲ့ ရိပေါ် ခြေချောင်းတို့ကို သူ၏ လက်ကိုင်ပုဝါလေးဖြင့် ညှင်သာစွာ သုတ်ပေးနေသည်။
အရင်ဆုံးလက်ခံလိုက်ရတာဟာ ထပ်ရုန်းလို့မရတော့ကြောင်း နဲ့ နောက်မှလက်ခံလိုက်ရတာဟာ နေရောင်တို့သည် ကနေတဲ့ ရိပေါ် အပေါ်ကိုပဲ ဖြာကျနေတာမဟုတ်ပဲ ရိပေါ် မျက်နှာချင်းဆိုက် ထိုလူးအပေါ်လဲဖြာကျတယ်ဆိုတာပင်။
သွယ်လျတဲ့ လက်ချောင်းတွေဟာ ရိပေါ် ခြေဖမိုး နုနုပေါ် ရှပ်ပြေးနေတော့ အနုအရွလာဆန်နေသည့် ထိုလူ့အား ရိပေါ်က မျက်စောင်းထိုးသာ မပျေမနပ် တုန့်ပြန်မိသည်။
"မင်းရဲ့ခြေချောင်းတွေကို ဂရုစိုက်လေ။
မင်းဘဲလေးကရတာကို နှစ်မြို့ရင် မင်းခြေထောက်ကိုလည်း ဂရုစိုက်ရမယ်လေ"
ဘာမှသက်ဆိုင်မှုရှိမနေပဲ ဖြတ်သွားဖြတ်လာ ရေစက်မျိုးဖြင့် မျက်စေ့ရှေ့က ထိုလူသားက သြဝါဒကို သေချာခြွေလာတဲအခါ အထိမခံနိုင်တဲ့ မာနတရားတို့က ရိပေါ်မျက်နှာပေါ်သို ဒေါသရိပ်တို့ အဖြစ် ထင်ဟပ်သည်။
စကားဆုံးနေတာတောင် အကြည့်တွေက ရိပေါ်ရဲ့ မျက်ရည်တွေနဲ့ ပေပွလို့ ဒေါသ၏ အပူရှိန်ကြောင့် ရဲဆွေးနေမည့် ရိပေါ် မျက်နှာပေါ်မှာသာ သနားကရုဏာသက်စွာ မြဲမြံနေတာမလို့ ရိပေါ်ထံမှ ရင့်သီးသော စကားလုံးတို့ ထွက်ပေါ်လာရသည်။
"ခင်များ အဲ့လိုမျိုး သနားသလို အကြည့်မျိုးနဲ့ ဆက်ကြည့်နေမယ်ဆိုရင် ခင်များ မျက်လုံးတွေကို ကျွန်တော် ဖောက်ပစ်လိုက်မယ်"
ရိပေါ်က အတည်စိတ်ဆိုးပြီးဆိုတာမှန်ပေမယ့် ကဗျာလေးတစ်ပုဒ် ဆိုဖွဲ့မိသလို ထိုလူက နှစ်လိုအားရစွာ ရယ်မောလာတော့ ရိပေါ် မျက်မှောင် ကုတ်ကုတ်လေးဟာ ကျုံ့သထက်ကျုံ့လို။
အသံကျယ်တို့ လျှံထွက်ကျရအောင်အထိ သဘောတကျ ရယ်မောနေတဲ့အခါ ရိပေါ်ပြောတဲ့အထဲမှာ ဘယ်လို ဟာသမျိုးနှောမိပါလိမ့်လို့ နဝေတိမ်တောင် စဥ်းစားမိသွားပေမယ့်
ဟာဒရရွှင် ဆေး တိုက်ကျွေးမိသလို အရယ်မရပ်တဲ့ ထိုလူကြောင့် ရိပေါ်မျက်နှာနုနုဟာ ဒေါသကြောင့် ရဲသထက်ရဲလာသည်။
"သနားသလို အကြည့်မခံချင်ရင် ဘာအလုပ်ခံချင်လည်း ငန်းရိုင်းလေးရဲ့"
ပထမဆုံး ရိပေါ်ကို မရိုမသေ ထိကပါးရိကပါး ပြောဖူးသူဟာ တွေ့ဆံချိန် မိနစ်ပိုင်းတောင်မရှိသေးသည့် ယဥ်ကျေးမှုကင်းမဲ့သော လက်ရဲဇက်ရဲ ထိုလူသားဖြစ်သည်။
နာမတို့ဖြင့် မမိတ်ဆက်ရသေးခင်မှာ ရိပေါ်ဟာ ဒေါသတကြီး ရန်ထောင်မိခဲ့ပြီဖြစ်လို ထိုလူသားဟာလည်း အကျောမခံစွာ ရိပေါ်ကို ရိသဲ့သဲ့ ပြုမူပြီးပြီ ဖြစ်သည်။
မှည့်နဲ့သူတွေကို ကြည့်မရဘူး။
အထူးသဖြင့် နှုတ်ခမ်းအောက်ကမှဲ့နဲ့ထိုလူဟာ ရိပေါ် အမြဲ ဖုံးကွယ်ချင်ခဲ့တဲ့ အားငယ်ယိမ်းယိုင်မှုအပိုင်းအစတွေကို အလွယ်တကူ ဖောက်ထွင်းတွေ့မြင်နိုင်ခဲ့တဲ့သူမလို့ သိသိသာသာ ဘဝင်မကျစိတ်နဲ့အတူ ထူးခြားလို့ ဒီလူ့ကို ပိုကြည့်မရပေ။
လူ့ဘဝတစ်ခုမှ တစ်စုံတစ်ယောက်နဲ့ ဘယ်တော့မှ မျှဝေချင်မှာမဟုတ်တဲ့ အားနည်းချက်အစိတ်အပိုင်းတစ်ခုဟာ မလွဲဧကန်ရှိနေမှာပင်။
ဘယ်သူ့ကိုမှ အသိမခံနိုင်တဲ့ အမာရွတ်တွေ။
'ငါ နားလည်းပါတယ်'လို့ ဆိုလာတိုင်းမှာ လှောင်ရယ်လို့ မနေနိုင်တဲ့ စိတ်ဒဏ်ရာတွေ။
ရိပေါ်ဟာ ဘယ်သူမှ သိခွင့်မရှိတဲ့ ဒဏ်ရာတွေနဲ့ပဲ တစ်သက်လုံး လုံးပမ်းသွားမှာပါ။
Caligari
အို.... တစ်စုံတစ်ယောက်တောင် မသိနိုင်ပါလား။
TBC♡
Zawgyi
Caligari....
ဘယ္သူမွ မျမင္နိုင္တဲ့ ဒဏ္ရာေတြေပါ့။
ဘယ္သူမွ သိခြင့္မရွိဘူး။
က်ိန္စာသင့္ေနတဲ့ ပေဟဋိတစ္ခုလို အေျဖကို ရွာေဖြဖို႔ႀကိဳးစားမိရင္ကိုယ္တိုင္ေပ်ာက္ဆုံးရမွာျဖစ္သကဲ့သို႔
ဝမ္ရိေပၚအေပၚ သနားက႐ုဏာသက္မိသူမွန္သမွ်ဟာ ဝမ္ရိေပၚ ကိုယ္တိုင္ ဖ်က္စီးျခင္းကို ခံရမွာ ျဖစ္သည္။
နတ္ဘုရားတစ္ေယာက္လို အရွိန္အဝါ အျပည့္နဲ႕ ဝမ္ရိေပၚက သူ႕ရဲ႕ နာက်င္ပင္ပန္းမႈေတြကို တစ္ေလာကလုံးမွာ ဘယ္သူမွ သိခြင့္မရွိနိုင္ေအာင္ တစ္သက္လုံး ဖုံးကြယ္သြားလိုသတဲ့။
.............................
ေျခထိပ္ဖ်ားေလးေတြက ၾကမ္းခင္းနဲ႕ အႀကိမ္ဖန္ေပါင္းမ်ားစြာ ထိေတြ႕ရၿပီးေနာက္ ပြန္းပဲ့လြန္းလို႔ ေသြးစို႔လာရသည္။
အခ်ိန္ၾကာျမင့္စြာ ေထာက္ထားရတဲ့ ေျခဖ်ားဟာ တစစ္စစ္ နာက်င္လာရေပးမယ့္ သူရပ္တန့္လိုက္ဖို႔ ဆႏၵမရွိဘူး။
ေလအေဝွ႕မွာ ကေမ်ာကပါးလြင့္ရတဲ့ မက္မြန္ ပြင့္ခ်ပ္ေလးတစ္ခ်ပ္လို ပ်ံဝဲေမ်ာလြင့္ေနသည့္ မိမိကိုယ္ခႏၶာကို မက္ေမာမိလြန္းလို႔။
ေလေျပေျပမခတ္ေပမယ့္ လူးခါေနရသည့္ ဆံႏြယ္တို႔ကသာ သူ၏ စိတ္ဝိဥာဥ္ ခိုနာရာမလို႔။
အေတာင္ပံတစ္စုံလို စိတ္ႏွင္ရာအတိုင္း ယိမ္းႏြဲ႕ေနတဲ့ လက္သြယ္သြယ္က ယူႀကဳံးမရျခင္းကို ေဖာ္ၫႊန္းဖို႔ ရင္အုံကို ႏြမ္းလ်လ် ယွက္သြယ္လို႔ထားသည္။
"Odette က သူမ သစၥာေဖာက္ခံရၿပီး နန္းေတာ္ထဲက ျပန္ေျပးထြက္လာတဲ့အခ်ိန္မွာ ရင္ေတြကြဲမတတ္ထိ ခံစားရမွာ"
ရင္အုံကို က်ိဳးေၾကလုနီးနီး ဖိယွက္ထားရင္း swan lake ပုံျပင္ကို သ႐ုပ္ေဖာ္ကျပေနသည့္ ရိေပၚက ငန္းမေလး Odette ေနရာကို အစားထိုး ခံစားလို႔ ဆို႔ဆို႔နစ္နစ္ဆိုသည္။
ေဆာက္တည္ရာမရစြာ သည္းေျခပ်က္သကဲ့သို႔ ေျပးလႊာခုန္ေပါက္ကာ ျပင္းထန္သည့္ ေဝဒနာကို ခံစားေနရေၾကာင္း ေဖာ္ၫႊန္းကျပေနသည့္ ရိေပၚ တစ္ခနခ်င္းမွပင္ ညွင္သာေသာ ဝင္သက္ထြက္သက္တို႔ျဖင့္ ေဆြးေျမ့ေႂကြကြဲကာ ယိုင္နဲ႕ပ်က္စီးေတာ့မည့္ ကိုယ္ဟန္ေျပာင္းလို႔ အသြင္ယူသည္။
ေနာက္ဆုံး Odette ဟာ ေသဆုံးဖို႔ကို ေ႐ြးခ်ယ္သြားတဲ့ ကကြက္အထိ မုန္းတီးမႈ၊ေၾကကြဲဆို႔နင့္မႈ၊သနားက႐ုဏာသက္မႈ ခံစားခ်က္အေရာင္ေပါင္းစုံေအာင္လြင္သည့္ ဝမ္ရိေပၚရဲ႕ ေျပာင္ေျမာက္ရဲ႕ အႏုပညာမွာ အခန္းအတြင္းရွိ လူတို႔ ေမ့ေလ်ာ့ေနသည္က အသက္ရႉရန္သာ။
"ဟြား မင္းတစ္ေခါက္ေလာက္ စမ္းကၾကည့္"
တီးလုံးသံ အဆုံးသတ္သြားၿပီ ဆို႐ုံနဲ႕ ၊
အေမွာင္ခ်ထားတဲ့ မီးတို႔ ျပန္လက္လာၿပီးဆို႐ုံနဲ႕ ဝမ္ရိေပၚ ဟာ ေက်ာက္သားလို တည္တင္းတဲ့မ်က္ႏွာထားကို ဆင္ျမန္းသည္။
ဖူးႂကြသေရာင္ရွိတဲ့ ႏႈတ္ခမ္းဖူးေတြကို ၿပိဳင္မ်ဥ္းတစ္ေၾကာင္း လို အၿမဲ သြယ္တန္းေစလို႔ ခပ္တင္းတင္း ေစ့ပိတ္ထားတတ္သည္။
ဘာကိုမွ အလိုက်မလြယ္တာမလို႔ စိမ္းညွို႔ညွို႔ မ်က္ခုံးတို႔ဟာလည္း အခါမလပ္ တြန့္ခ်ိဳးျခင္းခံရရင္းသာ။
အၾကည့္ဆုံမိရင္ေတာင္ အသက္ကို ႏႈတ္ယူနိုင္စြမ္းတဲ့အထိ ရစ္မူးဖြယ္ရာ။
'နတ္ဘုရား ဝမ္ရိေပၚကို မစြဲလမ္းမိေစနဲ႕ ။
႐ူးသြားေစေလာက္တဲ့အထိ အရွိန္အဝါမ်ိဳးရွိတယ္။'
လို႔ေတာင္ ခ်ဲ့ကားေျပာဆိုတတ္တဲ့လူေတြ ရွိတယ္မလား။
ဝမ္ရိေပၚရဲ႕ အမိန့္သံအဆုံးမွာ အေရွ႕ဆုံးအတန္းရွိ မိန္းမပ်ိဳေလးက သူမ၏ ဂါဝန္စ ျဖဴျဖဴတို႔ လူးလြင္ေနသည္အထိ ကကြက္တို႔ကို စတင္သည္။
ကန္ေရျပင္ေပၚ ရႈပ္တိုက္ေျပးသြားသလို႔ ႏူးညံ့တဲ့ ေျခလွမ္းေလးေတြရယ္။
တိမ္စိုင္ေျပေျပကို ဖမ္းဆုပ္မိသလို သိမ္ေမြ႕လွတဲ့ လက္အသိမ္းအယူရယ္။
သူမရဲ႕ တင့္တယ္တဲ့ ကိုယ္ဟန္ပန္အသြင္အျပင္က လေရာင္ေအာက္ရွိ တဖိတ္ဖိတ္လဲ့ေသာ ကန္ေရျပင္ထက္က ငန္းျဖဴမေလးကဲ့သို႔ ။
ေခ်ာေမာေျပျပစ္တဲ့ ႐ုပ္ရည္ေလးေၾကာင့္ သူမ၏ အလွတရားကို ပိုအားျဖည့္ေစသည္။
အခန္းထဲရွိလူမ်ားအားလုံက ယိမ္းႏြဲ႕ေသာ ဟန္ပင္အတိုင္း လိုက္ပါေမ်ာလြင့္ၾကသည္။
လွရက္လိုက္တာလို႔ အမ်ားက မွတ္ခ်က္ျပဳၾကေပမယ့္
အခန္းေထာင့္က ရပ္ၾကည့္ေနမိတဲ့ ရိေပၚက စိတ္ပ်က္ျခင္းေပါင္းမ်ားစြာျဖင့္ မလိုမက်စြာ ' က်စ္'တစ္ခ်က္ သပ္မိသည္။
သူမ အႏုပညာေပၚထားတဲ့ ခံယူခ်က္က စိတ္ပ်က္စရာပဲ။
"ေနာက္တစ္ေခါက္ ျပန္က!"
အကေလ့က်င့္ခန္းထဲက ရိေပၚရဲ႕အသံဟာ က်ယ္ေလာင္သည္မဟုတ္ေပမယ့္ အားလုံးတိတ္ဆိတ္ေနသည့္ အခ်ိန္မလို႔ ျပတ္သားထင္ရွားစြာ ထြက္ေပၚလာသည္။
Odette ေသဆုံးသြားသည့္ အခန္းမွာ ၾကမ္းျပင္ေပၚသို႔ လဲခ်လိဳက္သည့္ အျဖဴေရာင္ မိန္းမပ်ိဳေလးက ရိေပၚရွိရာသို႔ အလန့္တၾကား ေခါင္းေထာင္ၾကည့္လာသည္။
ထိုင္ေနၾကည့္သည့္ လူအခ်ိဳ႕ကလည္း လႈပ္သဲ့လာ၍ စင္ေပၚရွိ ေကာင္မေလးအစား မခ်ိတင္ကဲ တိုးသဲ့စြာ ေရ႐ြတ္သည္။
စလိုက္မီးေရာင္ေအာက္က အျဖဴေရာင္ သ႑န္ရဲ႕ ေကာင္မေလး၏ ေခ်ာေမာသည့္ မ်က္ႏွာေပၚတြင္ ဝမ္းနည္းရွက္႐ြံ႕ျခင္းတို႔ေပစြန္းသည္။
ရိေပၚ မႏွစ္ၿမိဳ႕သည္မွ ထိုအရာ။
သူမဟာ ေခ်ာေမာသည့္ ႐ုပ္ရည္ရွိသည့္ အေလွ်ာက္ သူမ၏ ႐ုပ္ရည္အား အထိမခံစြာ Odette ၏ ဝမ္းနည္း ပူေဆြးမႈ၊
ကြဲေၾကၿပိဳလဲမႈ မ်က္ႏွာထားတို႔ကို တစ္ခုမွ မျပသခဲ့။
အစက အဆုံးထိ သူမ၏ မ်က္ႏွာ လွလွေပၚတြင္ အၿပဳံတစ္ခသာ ခိုတြဲေစလို႔ ကခဲ့သည္။
"ေနာက္တစ္ေခါက္ ျပန္က"
ေနာက္တစ္ႀကိမ္ ကကြက္ကို အဆုံးသတ္ဖို႔ အရွိန္ယူေနသည့္ ဟြားရဲ႕ လႈပ္ရွားမႈတို႔ဟာ ရပ္တန့္သြားရသည္။
ဆတိုးကိန္းလို ႏွစ္ဆ မဲ့လာတဲ့ မ်က္ႏွာထားမွာ ရိေပၚက အာ႐ုံစူးစိုက္လို႔သာ စိတ္ဝင္စားစရာ ဂိမ္းအသစ္တစ္ခု ေတြ႕သြားသလို။
"အ့"
ေဝ့လွည့္ရလြန္းလို႔ ေျခဖ်ားေတြက မခံမရပ္နိုင္လြန္းတဲ့အခါ သူမတစ္ေခါက္ ၾကမ္းျပင္ေပၚၿပိဳက်လာတိုင္း သူမ၏ အေပါင္းအပါမ်ားက ရိေပၚဘက္သို႔ မေက်နပ္သလိုၾကည့္သည္။
"အစက ျပန္က"
႐ုတ္႐ုတ္သဲသဲ ျဖစ္လာတဲ့ အေျခအေနကို ရိေပၚဂ႐ုမစိုက္ဘူး။
သူလိုခ်င္တဲ့ အေနအထားမ်ိဳး မေရာက္မခ်င္း ဟြားကို ရပ္တန့္ခိုင္းလိုက္ဖို႔ သူ႕မွာ အစီအစဥ္ရွိမေန။
တိုးတစ္ခ်ီ က်ယ္တစ္လွည့္ ကဲ့ရဲ႕ သံေတြကို ဥေပကၡာျပဳလို႔ အလုံးစုံေသာ အာ႐ုံတို႔ကို ဟြား၏ မ်က္ႏွာ လွလွထံသို႔သာ ပို႔ေဆာင္ထားသည္။
"အ့ မရေတာ့ဘူး ။
ကြၽန္မ ေျခေထာက္ေတြ က်ိဳးေတာ့မယ္"
ထပ္မံလဲက်သြားတဲ့ ဟြားက ဒီတစ္ေခါက္မွာေတာ့ ျပန္မထပဲ သူမ၏ ေျခေထာက္ကိုသာ ႏွိပ္နယ္လို႔ေနသည္။
တစ္လွမ္းခ်င္း စင္ေပၚသို႔ တက္သြားသည့္ ရိေပၚရဲ႕ ေျခလွမ္းတို႔ေနာက္မွာ မီးမ်ား ျပန္ပြင့္လာသည္။
ကမ္းေပးလိုက္တဲ့ ရိေပၚရဲ႕ လက္ဖဝါး ျဖဴျဖဴဟာ သူမ မ်က္ႏွာေရွ႕ေရာက္ေနသည္အထိ သူမက မယုံမၾကည္နိုင္ျခင္းေပါင္းမ်ားစြာ ေပ်ာ္ဝင္ေနသည့္ အၾကည့္တို႔ျပန္ေပးသည္။
ေနာက္ဆုံးေသာ ထိုအခ်ိန္။
စကၠန့္ပိုင္သာရွိေသာ ထိုကာလအတြင္း။
ေတာက္ပစြာ ၿပဳံးရယ္ျပလို႔ ရိေပၚ လက္အတြင္း သူမ၏ လက္သြယ္သြယ္အား တင္ယွက္မလိုက္ရေသးခင္ ၊
အခ်ိန္တိုအတြင္းမွာပင္ ရိေပၚဟာ သူ၏ လက္ကို လွ်င္ျမန္စြာ ျပန္႐ုတ္သိမ္းလိုက္သည္။
"ဟြား...
ငါသင္ထားတာေမ့ေနတာလား ။
ဘဲေလးကေခ်သည္တစ္ေယာက္က ကေနရင္း လဲက်သြားတဲ့အခါ ဘယ္ေတာ့မွ သူမ်ားအကူအညီယူၿပီး မထရဘူးဆိုတာ။
ၿပီးေတာ့ မင္း မ်က္ႏွာအလွကို ဂ႐ုမစိုက္သင့္ဘူး။
ဘဲေလး ကေခ်သည္တစ္ေယာက္အေနနဲ႕ ဒါဇာတ္ေကာင္အေပၚ မထီမဲ့ျမင္ျပဳတာပဲ။
ဇာတ္ေကာင္က ဝမ္းနည္းေနရင္ ကိုယ္ပါလိုက္ဝမ္းနည္းရမယ္။
ဇာတ္ေကာင္က အခ်စ္မွာ နစ္မြန္းေနရင္း ကိုယ္ပါလိုက္နစ္မြန္းၿပီး ဇာတ္ေကာင္က ေၾကကြဲရင္ ကိုယ္ပါ တစ္စဆီေၾကကြဲရမယ္ဆိုတာ မင္း မသိဘူးလား။
မင္းအလွကျပခ်င္ရင္ ဘဲေလး ဆက္ကစရာမလိုေတာ့ဘူး"
ဟြားကမ်က္ရည္ေတြ ယိုဖိတ္ျပသည္။
က်ိတ္မနိုင္ခဲမရသလို၊
သူမမွန္ၿပီး၊ရိေပၚ ပဲ အမွားလို ပုံစံမ်ိဳးျဖင့္ ။
သူမ ဘဲေလးမကသင့္ဘူး။
သ႐ုပ္ေဆာင္လုပ္သင့္တာ။
"Odette ရဲ႕ ဝမ္းနည္းတဲ့စိတ္ကို ကြၽန္မနားလည္ပါတယ္ ။
ကြၽန္မနည္း ကြၽန္မဟန္နဲ႕ ေဖာ္ျပခဲ့႐ုံပါ "
ႏႈတ္ခမ္းတစ္ဖက္ရဲ႕ အစြန္းဟာ ေမွာ္ဆန္စြာ ေကြးၫြတ္တတ္သည္။
တစ္ခါမွ လူေတြေရွ႕ ရယ္ေမာျခင္းမျပဳဖူးတဲ့ ရိေပၚက ဒီေကြးၫြတ္႐ုံအၿပဳံးကို လူေတြ မခံခ်င္စိတ္ျဖစ္ေအာင္ ထိုးဆြရာလက္နက္ အျဖစ္ သုံးသည္။
"ဟက္ ဟုတ္လား။
ဒါဆို ႐ူးသြပ္ပူေဆြးျခင္းကိုေရာ မင္းနည္း မင္းဟန္နဲ႕ မျပခ်င္ဘူးလား"
ေကာင္မေလးက ရိေပၚကို မ်က္လုံးလွန္လို႔ၾကည့္လာသည္။
သူမက ရိေပၚစကားကို နာခံဖို႔ထက္ အာခံ ဖီဆန္လိုစိတ္အျပည့္နဲ႕
"Odette က ဝမ္းနည္းခဲ့တာပါ။
သူမ ခ်စ္သူ မင္းသားေလးက သစၥေဖာက္ခဲ့တယ္လို႔ ထင္ၿပီး
ဝမ္နည္း႐ုံပဲ ။
အရမ္းႀကီးကို ပုံပ်က္ေလာက္တဲ့အထိ အ႐ူးမီးဝိုင္းျပစရာ မလိုဘူးလို႔ ကြၽန္္မထင္တယ္။"
အရမ္း ဥာဏ္နည္းလြန္းလို႔ ရိေပၚ စကားဖက္ေျပာဖိုလေတာင္ စိတ္ကုန္သြားရသည္။
ဇာတ္လမ္းကိုေတာင္ ေသခ်ာမနစ္ဝင္နိုင္ပဲ သူမက Odetteရဲ႕ ခံစားခ်က္ေတြကို နားလည္နိုင္မတဲ့လဲ။
"အသက္စြန့္ သြားခဲ့တာပါ။
သူမအသက္ကို စြန့္သြားေလာက္တဲ့အထိ ေျဖဆည္မရေအာင္ ပူေဆြးခဲ့ရတာကို
မင္းက အရမ္း လုပ္ျပစရာ မလိုဘူးလို႔ ေတြးခ်င္ေသးတာလား။
ဘယ္ေလာက္ ထိခိုက္မႈဆိုမွ ႐ူးသြပ္သြားလို႔ရမွာလည္း မင္းေျပာၾကည့္။"
တည္ၿငိမ္ေျပျပစ္စြာ ထြက္ေပၚလာသည့္ အသံဟာ အနိမ့္အျမင့္ မရွိ။
ေဒါသဘက္ကို ဦးတည္ေနသည့္ စကားအသုံးအႏႈန္းေတြဆိုေပမယ့္ ရိေပၚဟာ ေလသံကို လြန္လြန္က်ဴးက်ဴး မျဖစ္မိေအာင္ ထိန္းညွိသည္။
သူစိတ္ေဒါသတို႔ဟာ ဘဲေလးအကနဲ႕ စပ္လ်ဥ္းသမွ် အရာတိုင္းအေပၚ အထိမခံနိုင္စြာတည္ရွိသည္။
သိသိသာသာ ၿငိမ္က်သြားသည့္ ဟြားက ရိေပၚစကားကို လက္သင့္ခံလိုက္လို႔မဟုတ္ပဲ တုံ႕ျပန္စရာ စကားရွာေနျခင္းျဖစ္သည္။
လွဂုဏ္ေရာ အရည္အခ်င္းပါရွိသည့္ ဟြားက ရိေပၚလို ဘဲေလးအကအေပၚ ႐ူးသြပ္သည့္ သူတစ္ေယာက္ႏွင့္ မတန္မရာ ေျခရာတိုင္းၾကည့္ခ်င္ပုံရသည္။
"မင္းေျပာတဲ့အတိုင္းဆို ဒီလိုလုပ္ၾကည့္ပါလား ဟြား။
မင္းကို Onsra ကေန ထုတ္ပယ္လိုက္ၿပီမလို႔ ေနာက္ေန႕ေတြမင္းလာစရာမလိုေတာ့ဘူး။
ဒါေပမယ့္ အရမ္းကို အ႐ူးမီးဝိုင္းပူေဆြး မေနပဲ မင္းနည္းမင္းဟန္နဲ႕ပဲ ဝမ္းနည္းၾကည့္ေပါ့ မင္းေျပာတဲ့အတိုင္းေလ"
Onsra ballet company ရဲ႕ အေတာ္ဆုံး ဘဲေလးအကမယ္ကို ရိေပၚက ထုတ္ပယ္လိုက္တာေၾကာင့္ အားလုံးဟာ ႐ုတ္႐ုတ္သည္းသည္းျဖစ္လာသည္။
ထိုင္ေနရက္သားဟြားက သူမ၏ မာန ထိခိုက္မႈေၾကာင့္ တိတ္ဆိတ္စြာ မ်က္ရည္ေတြၿပိဳက်ရင္း ငိုေႂကြးလို႔ေနသည္။
တစ္စြန္းတစ္စေသာ လူအခ်ိဳ႕ရဲ႕ ရိေပၚ အေပၚ အျပစ္တင္လိုသံ၊
မေက်မခ်မ္း အသံမ်ားကို လ်စ္လ်ႉရႈလို႔ သူအေၾကာေလွ်ာ့ေနၾက တန္းေပၚကိုသာ ေျခတစ္ေခ်ာင္းတင္လို႔ အသာ အေၾကာတို႔ေျဖေလ်ာ့ေနလိုက္သည္။
မိန္းမလွေလး ဟြားက ဝုန္းဒိုင္းက်ဲလို႔ ငိုယိုကာ အျပင္ေျပးထြက္သြားသည့္ အခါ ႐ြံမုန္းသလို အၾကည့္တို႔က ရိေပၚထံသို႔သာ ဦးတည္သည္။
'သုံးစကၠန့္ထက္ ပို စိုက္မၾကည့္လိုက္နဲ႕
ျပာက်မယ့္သူဟာ သူမဟုတ္ပဲ မင္းအရိုးေတြ သူက ေလာင္ျမႇိက္လို႔ အစေဖ်ာက္လိုက္လိမ့္မယ္'
ဝမ္ရိေပၚကိုၾကည့္မရေပမယ့္ ကိုယ္တိုင္ေတာ့ အသက္ရွည္ရွည္ေနလိုၾကေသးသည့္ လူတို႔က ဤသို႔ အဆိုျပဳသည္။
သြားၿငိမိရင္ေတာ့ နတ္ဘုရားလို ဝမ္ရိေပၚက အသည္းမဲ့တယ္။
"ဆက္ေလ့က်င့္ေနၾကပါ။
ငါ သြားရမယ့္ ေနရာ တစ္ခုရွိေသးလို႔။
Odette ေနရာမွာ ခံစားလို႔မရမခ်င္း မင္းတို႔ လက္ေလ်ာ့လိုက္ဖို႔မစဥ္းစားနဲ႕"
ရိေပၚစကားအဆုံးမွာ ေရွ႕က လူသားတို႔၏ မ်က္ႏွာက သိသိသာသာေမွာင္ကိုသည္။
အင္တင္တင္ မ်က္ႏွာေပးေတြက ရိေပၚ ေဒါသကို ထိခလုတ္မထိခလုတ္ ရိုက္ခတ္လာသည္မလို႔ အသံကို အျမင့္ဆုံးထိတင္ရင္း
"အခု သြားမက်င့္ပဲ ဘာလုပ္ေနၾကတာလည္း!!!"
အလွ်ိုလွ်ိုျပန္ကြဲသြားသည့္ လူအုပ္။
ေဒါသမထိန္းနိုင္တဲ့ရိေပၚက ဒီကာလမွာ စိတ္ေရာလူပါ ပင္ပန္းရသည္။
ျပန္ရမယ့္ အခ်ိန္ဟာ သိပ္နီးကပ္ေနၿပီဆိုေပမယ့္ ပါးလ်လ် အကၤ်ီဟာ ခႏၶာကိုယ္ အခ်ိဳးအစာႏွင့္ ကြတ္တိ က်ပ္ေနတာမလို႔ အရင္ဆုံး သက္ေသာင့္သက္သာရွိမည့္ အဝတ္အစားလဲဖို႔ရာ changing room ဖက္သို႔ ဦးတည္သည္။
သို႔ေပမယ့္ လမ္းတဝက္အေရာက္မွာ နားထဲသို႔ တိုးသဲ့စြာ ဝင္လာသည့္ ဝါက်တိဳ႕ေၾကာင့္ ရိေပၚ ေျခလွမ္းတို႔ကို ေရွ႕ဆက္ဖို႔ ေမ့ေလ်ာ့ေနခဲ့သည္။
"တကယ္ ထူးဆန္းတဲ့လူပဲ။
ေတာ္ေတာ္ စိတ္ကုန္ေနၿပီ။
Onsra ရဲ႕ပိုင္ရွင္ဆိုၿပီး လုပ္ခ်င္ရာကို လုပ္ေနေတာ့တာပဲ။"
"ရားး ထူးဆန္းတာကေလ ေတာ္႐ုံမဟုတ္ဘူး။
ဒီေန႕ ဥကၠဠႀကီးရဲ႕ စ်ာပနေန႕ပဲ ။
သူ႕အေဖဆုံးတာကို မတုန္မလႈပ္နဲ႕ သူ ဒီကိုလာနိုင္တာ ေတာ္႐ုံ မလို႔လား။"
ထိုအမ်ိဳးသမီးႏွစ္ဦးဟာ pointe shoes ကို ခ်ည္ႏွောင္ေနရင္း ရိေပၚနဲ႕ပဲ သက္ဆိုင္တဲ့ အေရးကိစၥကို စိတ္ဝင္တစားေျပာဆိုေနၾကသည္။
"ဥကၠဠႀကီး ဆုံးတယ္!!!
ဟိုတေလာကမွ မိေထြးဆုံးလို႔ ဆိုၿပီး ပြက္ေလာရိုက္ေနတာမလား။
အခု သူ႕အေဖကပါ ဘယ္လိုျဖစ္ၿပီး။"
"ဥကၠဠႀကီး ဆုံးတဲ့ အေၾကာင္းကိုေတာ့ ေသခ်ာမသိဘူး။
မိေထြးဆုံးတဲ့ ကိစၥကေတာ့ ဝမ္ရိေပၚကို သံသယရွိသူဆိုၿပီး ထိန္းသိမ္းဖို႔လုပ္ေသးတယ္။
ငါတို႔ေရွ႕မွာလဲ သူတို႔ႏွစ္ေယာက္ အၿမဲ အေမြကိစၥနဲ႕ ပတ္သက္ၿပီး ျပႆနာတတ္ ေနၾကမလား။
အဲ့တာ အိမ္မွာ ႏွစ္ေယာက္တည္းရွိတဲ့အခ်ိန္ ျဖစ္တာဆိုေတာ့။
ဒါေပမယ့္ စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈရွိတယ္ဆိုၿပီး ခနလြတ္ၿငိမ္းခြင့္ရတာ
ေနာက္က်ရင္ေတာ့ တရားျပန္ရင္ဆိုင္ျဖစ္မယ္ထင္တယ္။"
"စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈ!!
ရယ္ရတယ္။
အဲ့လိုလူက ေစာေစာက ငါတို႔ကို ဆူပူသြားတာတဲ့ ငါယုံေတာင္မယုံနိုင္ဘူး"
ထိုအမ်ိဳးသမီးႏွစ္ေယာက္ရဲ႕ အသံေတြဟာ တိုးလာလိုက္၊ က်ယ္သြားလိုက္။
အရွိန္တင္လို႔ ေျပးလႊားၾကည့္တာဆိုေပမယ့္ ထိပ္ဖ်ားတြင္ေသြးဆို႔ေနဆဲ ဒဏ္ခ်က္ေၾကာင့္ ေျခလွမ္းတို႔ ေလွ်ာက္လွမ္းရာတြင္ ႏွောင့္ႏွေးေစသည္။
ေရေရရာရာ မသိပဲ ထင္ရာဆိုင္းလို႔ တစ္ဖက္ေစာင္းနင္း ေျပာဆိုျခင္းေတြဟာအင္မတန္ ေသြးပ်က္စရာေကာင္းလွသည္။
ဟိုးအဆုံးထိ ဆြဲခ်သြားမွာျဖစ္သလို မီးျမႇိုက္ခံရသလို ေဝဒနာတို႔ နက္ရွိုင္းသည့္ အသည္းစိုင္တို႔ကို ေဖာက္ထြင္းေစလို႔ ေသရာပါေစမည့္ လက္နက္ေတြပဲ။
အဆင္ေျပသေယာင္ မ်က္ႏွာထားမ်ိဳး ျပလိုတာ ျဖစ္ေပမယ့္ ကိုယ္တြင္း ဒဏ္ရာေၾကမြမႈ သိပ္သည္းဆမွာ ျပင္းထန္လွတာမလို႔ မာေၾကာသည့္ သဏ္ဠန္၌သာ ေနသားက်ရသည္။
~~~~~~~~~~~~~~~~~~~~~~~
စင္ဝင္ေအာက္တြင္ ရပ္ထားသည့္ ကားဆီသို႔ ရိေပၚ ေရာက္သြားၿပီ ျဖစ္ေပမယ့္ ရိေပၚ ကားေပၚသို႔ တက္ခြင့္မရေသး။
ေလာ့ဂ္က်ေနသည့္ ကားႏွင့္အတူ အိမ္ေတာ္ထိန္းမင္ကို အစအနပင္ရွာမေတြ႕ေသးေခ်။
"သခင္ေလး သခင္ေလး"
အေမာတေကာ ေျပးလာသည့္ အိမ္ေတာ္ထိန္းႀကီးပုံရိပ္ဟာ စိေပၚ ျမင္ကြင္းထဲသို႔ ဝင္လာၿပီ ဆို႐ုံနဲ႕ ရိေပၚ မ်က္ႏွာေပၚက ဝမ္းနည္းရိပ္တို႔ ဟာ မ်က္ႏွာဖုံးတစ္ခ်က္လို ကြာက်အကုန္လြင့္ျပယ္သည္။
"ဘယ္ေတြသြားေနတာလည္း "
တံခါးဖြင့္ေပးလာတဲ့ အိမ္ေတာ္ထိန္းႀကီးကို ေအာင့္ေအာင့္မမဆိုမိေတာ့ အိမ္ေတာ္ထိန္းႀကီးဟာ အရင္ႏွစ္ေတြတုန္းကလို႔ ႏွစ္ၿမိဳ႕ျခင္းေပါင္းမ်ားစြာ ေပ်ာ္ဝင္ေနသည့္ အၾကည့္ျဖင့္ ၾကည့္လာသည္။
အရင္ႏွစ္ေတြနဲ႕မတူတာဆိုလို႔ ဇရာဒဏ္ ခံရရွာတဲ့ အိမ္ေတာ္ထိန္းႀကီးရဲ႕ မ်က္ဝန္းညိုေတြထဲ တိမ္အခ်ိဳ႕ စြဲၿငိေနသည္။
ရိေပၚ အေနနဲ႕အေတာ့ အရင္တုန္းက မ်က္ဝန္းၾကည္ၾကည္ေတြကို ပိုႏွစ္သက္ရတာပါ။
"သခင္ေလးႀကိက္တဲ့ toast သြားဝယ္ေပးေနတာပါ။
ဗိုက္ဆာေနမယ္ထင္လို႔"
ကားေရွ႕ခန္းကေန ကမ္းေပးလာတဲ့ toast ေၾကာင့္ ရိေပၚ တကယ္ ဝမ္းသာသြားရေပမယ့္ မ်က္ႏွာထားကိုေတာ့ ပကတိ တည္ၿငိမ္ေစရင္း အသာလွမ္းယူလိုက္သည္။
"ဟင္ အိမ္ေတာ္ထိန္းမင္ ၊
ရင္ထိုးေရာ"
ထိတ္လန့္သြားပုံရတဲ့ အိမ္ေတာ္ထိန္းႀကီးက သူ႕ရင္ဘက္ကို ကျပာကရာ စမ္းကာရွာၾကည့္ေနရင္း တိမ္ေတြေၾကာင့္ မႈန္ပ်ပ်ျဖစ္ေနသည့္ မ်က္စံနက္နက္တို႔ကို ပါ ဟိုဟို ဒီဒီ ေ႐ြ႕လ်ားေစလို႔။
"အာ ကမန္းကတန္းထြက္လာေတာ့ ကြၽန္ေတာ္ေမ့သြားတာပါ"
"ကြၽန္ေတာ္တို႔ အိမ္ေတာ္မွာ အိမ္ေတာ္ထိန္းမင္က ဝါအရင့္ဆုံးပဲ။
အခုလို ရင္ထိုးထိုးဖို႔ ေမ့ခဲ့တာမ်ိဳး မျဖစ္သင့္ဘူး"
ရိေပၚရဲ႕ ပူညံညံ အဆိုျပဳခ်က္ကို အိမ္ေတာ္ထိန္းႀကီးက ကားေမာင္းေနရင္း ၿပဳံးရယ္လို႔ နာခံရွာသည္။
"အသက္ႀကီးၿပီေလ သခင္ေလးရဲ႕ အရင္လို မွတ္ဥာဏ္ေတြမေကာင္းေတာ့ဘူး"
ၿပဳံးရင္းျပန္ေျပာလာတဲ့ တုန့္ျပန္စကားမွာ ရိေပၚပဲ ႏႈတ္ဆိတ္ရျပန္သည္။
အိမ္ေတာ္ထိန္းႀကီးနဲ႕ အတူရွိခဲ့တဲ့ ကာလာေတြဟာ ဟိုးအရင္ႏွစ္ေတြတုန္းက စလို႔ အခ်ိန္ေတြ သိပ္ကို ၾကာခဲ့ၿပီမလား ။
"သခင္ေလး ကြၽန္ေတာ္ ေနခဲ့လို႔ အဆင္ေျပပါ့မလား"
ပါးပါး စ်ာပနခ်ပြဲ ျပဳလုပ္တဲ့ အေဆာက္အအုံေရွ႕မွာသာ ရိေပၚက အိမ္ေတာ္ထိန္းႀကီးကို ေစာင့္ဆိုင္းေစခဲ့သည္။
"အင္း ကြၽန္ေတာ္ ေသခ်ာႏႈတ္ဆက္ၿပီး ျပန္လာခဲ့မယ္ေနာ္"
ေျခလွမ္းေတြဟာ အိမ္ေတာ္ထိန္းႀကီးနဲ႕ ေဝးလံခဲ့ၿပီဆိုေပမယ့္ ေလပင္စြာ ခ်လိဳက္ေသာ သက္ပင္းခ်သံတစ္ခုကိုေတာ့ ဖမ္းဆုပ္မိပါသည္။
Onsra ဥကၠဠ၏ စ်ာပနပြဲသည္ အနက္ေရာင္ ေစ်းႀကီးသည့္ကုတ္ ဝတ္ဆင္ထားၾကသည့္ လူမ်ားျဖင့္ စည္းကားေနသည္။
မ်က္ေစာင္းထိုးက တာဝန္ခံမိသားစုတစ္ေယာက္ေယာက္အတြက္ ခင္းက်င္းထားသည့္ ကြက္လပ္ေလးဟာ ဝမ္းနည္းစရာေကာင္းေလာက္ေအာင္ လွစ္ဟေနၿပီး မ်က္ေစ့ေရွ႕က အနက္ေရာက္ မွန္ေဘာင္အတြင္းတြင္ေတာ့ ခန့္ညားသည့္ အမ်ိဳးသားတစ္ဦးက ေနရာယူသည္။
အပြင့္ႀကီးၿပီး လွပလြန္းတဲ့ အျဖဴေရာင္ ဂႏၶမာ ပန္းေတြက ရိေပၚအလွည့္မတိုင္ခင္ ေျမာက္ျမားစြာ ေနရာယူၿပီးေနခဲ့ၿပီျဖစ္ေပမယ့္ ရိေပၚဟာ အလွဆုံး ပန္းတစ္ပြင့္ကို ယူလို႔ ဓါတ္ပုံေရွ႕အသာခ်သည္။
ဓါတ္ပုံထဲက လူသားဟာ ဒီေန႕က်မွ ၾကည့္ရတာ ဘာလို႔ သိပ္ဝမ္းနည္းဖို႔ေကာင္းေနတာပါလိမ့္။
ဂါရဝျပဳၿပီးတဲ့ေနာက္မွာ ရိေပၚ သိခ်င္တဲ့ ေမးခြန္းအခ်ိဳ႕အား အေျဖျပန္မယ့္သူမရွိမွန္းသိေပမယ့္ ႐ူးနမ္းစြာ ေမးမိေနဆဲ။
"ပါပါး သားေရာက္ၿပီး။
႐ုတ္တရက္ ထြက္သြားေတာ့ေလ အရမ္း ႐ူးမတတ္အထိ လန့္သြားရတာ။
ဘာလို႔လဲ
နည္းနည္းေလး တိုင္ပင္မၾကည့္ပဲ
မသိလိုက္ခင္မွာ ထြက္သြားရတာလည္း။
သူမကို အဲ့ေလာက္ေတာက္ သေဘာက်တာလား။
ဒီေလာက္ ျမန္ျမန္လိုက္သြားရေလာက္တဲ့အထိေလ၊
ပါပါး အရမ္းသတိရတယ္။
လုံလုံေလာက္ေလာက္ မသန္မာေသးေတာ့ သတိရတိုင္း မ်က္ရည္ေတြပါက်မိေတာ့ ဒုကၡပဲ sob*"
အရွိန္အဝါေတြအျပည့္နဲ႕ မာေက်ာတဲ့ ပုံစံကိုသာ အၿမဲျမင္ေတြ႕ခြင့္ရခဲ့တဲ့ Onsraရဲ႕ ဆက္ခံသူဟာ အခု ရွိုက္သံသဲ့သဲ့ေလး တစ္စြန္းတစ္စ ဖမ္းမိေနတဲ့အထိ ငိုေႂကြးေနသတဲ့။
ၾကမ္းခင္းေပၚ ပစ္စလက္ခတ္ၿပိဳက်လိဳ႕ ေက်ာျပင္ငယ္မ်ား သိမ့္သိမ့္တုန္ေအာင္ ငိုေနေပမယ့္
တစ္မနက္လုံးေပ်ာက္ေနခဲ့ၿပီး အခုမွေပၚလာတဲ့ ဝမ္ရိေပၚကို အားလုံးက ဟန္ေဆာင္ေကာင္းတဲ့ လူတစ္ေယာက္လို ၾကည့္ၾကရင္း လူတို႔က ျပစ္တင္ရႈံ႕ခ်သည္။
'က႐ုဏာ သက္သလို အၾကည့္နဲ႕ ဆိုင္ရင္ အမ်ားႀကီးခံသာေသးတယ္။
သနားျပစရာမလိုဘူး။
အျမင္ကတ္ဖို႔ေကာင္းရင္ အျမင္ကတ္ေၾကာင္း သိသာေအာင္ရမယ္။
တစ္ခုပဲ က႐ုဏမဲ့တဲ့ ဝမ္ရိေပၚကိုေတာ့ ေၾကာက္႐ြံ႕ဖို႔ မေမ့နဲ႕'
လူအုပ္ႀကီးကို ေက်ာ္ျဖတ္လို႔ ခန္းမအတြင္းက ျပန္န္ထြက္လာခ်ိန္မွာ စင္ဝင္ေအာက္မွာ ေစာင့္ေနသည္ အိမ္ေတာ္ထိန္ႀကီးက ရိေပၚ နံေဘးနားသို႔ အလွ်င္အျမန္ေရာက္လာၿပီး ၿခဳံလႊာတစ္ထည္ျဖင့္ ယိုင္နဲ႕နဲ႕ ကိုယ္ေလးအား လႊမ္းၿခံေပးေစသည္။
"ပါးပါးရဲ႕ ေနာက္ဆုံးခရီးကို အိမ္ေတာ္ထိန္း မင္ကပဲ ေသခ်ာပို႔ေပးလိုက္ပါ"
"သခင္ေလး ..."
"ကြၽန္ေတာ္ စိတ္ခ်လိဳ႕ရမယ္မလား"
ႏြမ္းဖက္ေနတဲ့ သခင္ေလး မ်က္ႏွာေၾကာင့္ ေနာက္တစ္ေခါက္ မလြန္ဆန္မိဖို႔ကိုသာ ဆုံးျဖတ္သည္။
ေရွ႕ဆက္ရဦးမယ့္ ကိစၥေတြအတြက္ သခင္ေလး ေတာင္ခံနိုင္မွ ျဖစ္မွာ။
မသက္မသာ မ်က္ႏွာထားမ်ိဳးနဲ႕ ရိေပၚကို ေက်ာခိုင္းသြားသည့္ အိမ္ေတာ္ထိန္းႀကီး၏ ေက်ာျပင္ တေ႐ြ႕ေ႐ြ႕ႏွင့္ အေဝးေရာက္သြားၿပီ ဆိုကာမွာ ရိေပၚ ပတ္ဝန္းက်င္ကို ေစာင္းငဲ့ ၾကည့္မိသည္။
ေျခာက္ကပ္ေနသည့္ လူသြားလူလာတို႔ေၾကာင့္ အသံတို႔ဟာ တိတ္ဆိတ္ေနသည္။
ဒီေနရာက လူစည္သင့္တဲ့ အရပ္မွလဲ မဟုတ္တာပဲ။
ေနဝင္ခါနီး အခ်ိန္ျဖစ္တာေၾကာင့္ လိေမၼာ္ေရာင္လႊမ္းေနသည့္ ေကာင္းကင္ႀကီးနဲ႕အတူ တစ္လုံးတည္ေသာ ေနမင္းႀကီးက အထီးက်န္စြာ လွလွပပ ေတာက္ျဖာေနသည္။
လြမ္းေမာစရာ ဥတုအေျခအေန၏ ေထာက္ပံ့မႈျဖင့္ ရိေပၚဟာ မ်က္ရည္တို႔ တစ္ဖန္ဝဲတက္လာရျပန္သည္။
"ပါးပါး သားေလးက ကေနရင္ သိပ္ကို ေတာက္ပေနတာ။"
၆ႏွစ္အ႐ြယ္ ရိေပၚ ပထမဆုံး စင္ေပၚမွာ ကျပရသည့္ စုံညီပြဲတစ္ခုမွာ ပါးပါးက ဂုဏ္ယူရင္းဆိုခဲ့သည္။
" ဒီလို တိမ္ေတာက္တဲ့ အခ်ိန္မွာ ကၾကည့္ပါ့လား။
ပါပါးၾကည့္ခ်င္လို႔။
လွလြန္းလို႔ နတ္ဘုရားေတြေတာင္ စြဲလမ္းသြားမယ္ထင္တယ္။"
အ႐ြယ္ေရာက္လာတဲ့ ရိေပၚက ဘဲေလးအကကို ႐ူးသြပ္သလို ပါပါးကလည္း အကကေနရင္း ပန္းေလးတစ္ပြင့္လို႔ လူးလြင့္ေနသည့္ ရိေပၚကို ႐ူးသြပ္သည္။
ေနဝင္ခ်ိန္ေတြဟာ ရိေပၚရဲ႕ ကိုယ္ပိုင္ ဇာတ္႐ုံေလးျဖစ္သလို႔ ပါးပါးကေတာ့ သူ႕ရဲ႕ တစ္ဦးတည္ေသာ ပရိတ္သတ္ေပါ့။
"လြမ္းလြန္းလို႔ ေတြ႕လိုေတြ႕ျငား လိုက္ခဲ့ခ်င္လိုက္တာ ပါပါးရယ္"
ေျခထိပ္ဖ်ားေလးေတြကို ဖိေထာက္လို႔ လွမ္းတဲ့တစ္လွမ္းစီတိုင္းမွာ ေလႏွင္တိုင္း ျဖတ္ျဖတ္လူးေအာင္လြင့္ရသည့္ ငွက္ေမြးေလးတစ္မွ်င္လို ခံစားရၿပီ ေလထုကို ဖီဆန္လို႔ ကိုယ္ခႏၶာကို ထပ္ခါထပ္ခါ ေဝ့လွည့္ေစတိုင္းမွာ ပန္းခင္းတစ္ခုကို ပိုင္စားခြင့္ရသည့္ လိပ္ျပာငယ္ေလးတစ္ေကာင္လို ျမတ္နိုးမႈ ကုေဋေပါင္းမ်ားစြာ။
တိမ္ေတာက္တဲ့အခ်ိန္မွာ ကၾကည့္မိေတာ့လည္း ရိေပၚဟာ တကယ့္ကို ပန္းခ်ီတစ္ခ်ပ္ထဲက ငန္းပ်ိဳေလး တစ္ေကာင္အလား။
ေနေရာင္ေတြဟာ ဆန့္တန္းထားသည့္ ရိေပၚလက္သြယ္သြယ္ေပၚသို႔ ႏူးညံ့စြာ ျဖာက်သည္။
ေမွးမွိန္ေနတဲ့ အမွတ္တရေတြကို ရိေပၚက ခ်နင္းရင္း အစြန္းဆုံေသာအရပ္ထိ ပ်ံသန္းေနသည့္ ရိေပၚက ေမွာ္ဆန္လွသည္။
နတ္ဘုရားလို ဝမ္ရိေပၚက အလွတရားမွာလည္း တင္စားစရာမဲ့စြာ ဂႏၱဝင္ေျမာက္ျပန္သည္။
ရင္ေတြ ေၾကမြေနသလိုပဲ။
အေဝးကို လြင့္စင္သြားသလို၊
နီးကပ္စြာ စုပ္ယူခံလိုက္ရသလို စုန္စုန္ပါေအာင္ ေမ်ာရတဲ့ခံစားခ်က္တို႔အတိုင္း ရိေပၚကိုယ္ခႏၶာကိုယ္ငယ္ဟာ ေကာင္းကင္နဲ႕ နီးကပ္စြာ လႊားလို႔ ပ်ံသန္းသြားလိုက္၊
ေျမျပင္နဲ႕ ထိလုမတတ္ နလံမထူစြာ ၫြတ္တြားလိုက္ေတာ့
"အ့"
အႀကိမ္ဖန္ေပါင္းမ်ားစြာ ၾကမ္းတမ္းလွသည့္ ေျမျပင္ကို အားျပဳလို႔ လွည့္ေနရသည့္ ေျခဖ်ားေလးဟာ မခံမရပ္နိုင္ေအာင္ နာက်င္လာၿပီး ဟန္ခ်က္မထိန္းနိုင္ေတာ့သည့္ ရိေပၚက လဲၿပိဳက်သည္။
႐ုတ္ခ်ည္း မထနိုင္သည့္ရိေပၚက အရွိန္ယူလို႔ ခႏၶာကိုယ္ ျပန္တည့္မတ္ဖို႔ ႀကိဳးစားေနတုန္းမွာ ဆြဲယူခံလိုက္ရသည့္ ေျခတစ္ဖက္။
႐ုတ္တရက္မလို႔ အားကုန္သုံးလို႔ ႐ုန္းေပမယ့္ အားသန္လွသည့္ တစ္ဖက္လူ၏ လက္ရဲဇက္ရဲနိုင္မႈမွာ မလူးမလြန့္နိုင္။
"လြတ္စမ္း။
ဘယ္သူမလို႔ ငါ့ေျခေထာက္ကို ထိရဲတာလည္း"
"ၿငိမ္ၿငိမ္ေလးေနစမ္းပါ မင္းေျခေထာက္ကို ကိုင္ေနရတဲ့ ငါပါ။ ဘယ္လိုျဖစ္လို႔ မင္းက ေအာ္ေနရတာလဲ"
တစ္ဖက္လူဟာ ေသြးအခ်ိဳ႕နဲ႕ေပပြေနတဲ့ ရိေပၚ ေျခေခ်ာင္းတို႔ကို သူ၏ လက္ကိုင္ပုဝါေလးျဖင့္ ညွင္သာစြာ သုတ္ေပးေနသည္။
အရင္ဆုံးလက္ခံလိုက္ရတာဟာ ထပ္႐ုန္းလို႔မရေတာ့ေၾကာင္း နဲ႕ ေနာက္မွလက္ခံလိုက္ရတာဟာ ေနေရာင္တို႔သည္ ကေနတဲ့ ရိေပၚ အေပၚကိုပဲ ျဖာက်ေနတာမဟုတ္ပဲ ရိေပၚ မ်က္ႏွာခ်င္းဆိုက္ ထိုလူးအေပၚလဲျဖာက်တယ္ဆိုတာပင္။
သြယ္လ်တဲ့ လက္ေခ်ာင္းေတြဟာ ရိေပၚ ေျခဖမိုး ႏုႏုေပၚ ရွပ္ေျပးေနေတာ့ အႏုအ႐ြလာဆန္ေနသည့္ ထိုလူ႕အား ရိေပၚက မ်က္ေစာင္းထိုးသာ မေပ်မနပ္ တုန့္ျပန္မိသည္။
"မင္းရဲ႕ေျခေခ်ာင္းေတြကို ဂ႐ုစိုက္ေလ။
မင္းဘဲေလးကရတာကို ႏွစ္ၿမိဳ႕ရင္ မင္းေျခေထာက္ကိုလည္း ဂ႐ုစိုက္ရမယ္ေလ"
ဘာမွသက္ဆိုင္မႈရွိမေနပဲ ျဖတ္သြားျဖတ္လာ ေရစက္မ်ိဳးျဖင့္ မ်က္ေစ့ေရွ႕က ထိုလူသားက ၾသဝါဒကို ေသခ်ာေႁခြလာတဲအခါ အထိမခံနိုင္တဲ့ မာနတရားတို႔က ရိေပၚမ်က္ႏွာေပၚသို ေဒါသရိပ္တို႔ အျဖစ္ ထင္ဟပ္သည္။
စကားဆုံးေနတာေတာင္ အၾကည့္ေတြက ရိေပၚရဲ႕ မ်က္ရည္ေတြနဲ႕ ေပပြလို႔ ေဒါသ၏ အပူရွိန္ေၾကာင့္ ရဲေဆြးေနမည့္ ရိေပၚ မ်က္ႏွာေပၚမွာသာ သနားက႐ုဏာသက္စြာ ၿမဲၿမံေနတာမလို႔ ရိေပၚထံမွ ရင့္သီးေသာ စကားလုံးတို႔ ထြက္ေပၚလာရသည္။
"ခင္မ်ား အဲ့လိုမ်ိဳး သနားသလို အၾကည့္မ်ိဳးနဲ႕ ဆက္ၾကည့္ေနမယ္ဆိုရင္ ခင္မ်ား မ်က္လုံးေတြကို ကြၽန္ေတာ္ ေဖာက္ပစ္လိုက္မယ္"
ရိေပၚက အတည္စိတ္ဆိုးၿပီးဆိုတာမွန္ေပမယ့္ ကဗ်ာေလးတစ္ပုဒ္ ဆိုဖြဲ႕မိသလို ထိုလူက ႏွစ္လိုအားရစြာ ရယ္ေမာလာေတာ့ ရိေပၚ မ်က္ေမွာင္ ကုတ္ကုတ္ေလးဟာ က်ဳံ႕သထက္က်ဳံ႕လို။
အသံက်ယ္တို႔ လွ်ံထြက္က်ရေအာင္အထိ သေဘာတက် ရယ္ေမာေနတဲ့အခါ ရိေပၚေျပာတဲ့အထဲမွာ ဘယ္လို ဟာသမ်ိဳးႏွောမိပါလိမ့္လို႔ နေဝတိမ္ေတာင္ စဥ္းစားမိသြားေပမယ့္
ဟာဒရ႐ႊင္ ေဆး တိုက္ေကြၽးမိသလို အရယ္မရပ္တဲ့ ထိုလူေၾကာင့္ ရိေပၚမ်က္ႏွာႏုႏုဟာ ေဒါသေၾကာင့္ ရဲသထက္ရဲလာသည္။
"သနားသလို အၾကည့္မခံခ်င္ရင္ ဘာအလုပ္ခံခ်င္လည္း ငန္းရိုင္းေလးရဲ႕"
ပထမဆုံး ရိေပၚကို မရိုမေသ ထိကပါးရိကပါး ေျပာဖူးသူဟာ ေတြ႕ဆံခ်ိန္ မိနစ္ပိုင္းေတာင္မရွိေသးသည့္ ယဥ္ေက်းမႈကင္းမဲ့ေသာ လက္ရဲဇက္ရဲ ထိုလူသားျဖစ္သည္။
နာမတို႔ျဖင့္ မမိတ္ဆက္ရေသးခင္မွာ ရိေပၚဟာ ေဒါသတႀကီး ရန္ေထာင္မိခဲ့ၿပီျဖစ္လို ထိုလူသားဟာလည္း အေက်ာမခံစြာ ရိေပၚကို ရိသဲ့သဲ့ ျပဳမူၿပီးၿပီ ျဖစ္သည္။
မွည့္နဲ႕သူေတြကို ၾကည့္မရဘူး။
အထူးသျဖင့္ ႏႈတ္ခမ္းေအာက္ကမွဲ႕နဲ႕ထိုလူဟာ ရိေပၚ အၿမဲ ဖုံးကြယ္ခ်င္ခဲ့တဲ့ အားငယ္ယိမ္းယိုင္မႈအပိုင္းအစေတြကို အလြယ္တကူ ေဖာက္ထြင္းေတြ႕ျမင္နိုင္ခဲ့တဲ့သူမလို႔ သိသိသာသာ ဘဝင္မက်စိတ္နဲ႕အတူ ထူးျခားလို႔ ဒီလူ႕ကို ပိုၾကည့္မရေပ။
လူ႕ဘဝတစ္ခုမွ တစ္စုံတစ္ေယာက္နဲ႕ ဘယ္ေတာ့မွ မွ်ေဝခ်င္မွာမဟုတ္တဲ့ အားနည္းခ်က္အစိတ္အပိုင္းတစ္ခုဟာ မလြဲဧကန္ရွိေနမွာပင္။
ဘယ္သူ႕ကိုမွ အသိမခံနိုင္တဲ့ အမာ႐ြတ္ေတြ။
'ငါ နားလည္းပါတယ္'လို႔ ဆိုလာတိုင္းမွာ ေလွာင္ရယ္လို႔ မေနနိုင္တဲ့ စိတ္ဒဏ္ရာေတြ။
ရိေပၚဟာ ဘယ္သူမွ သိခြင့္မရွိတဲ့ ဒဏ္ရာေတြနဲ႕ပဲ တစ္သက္လုံး လုံးပမ္းသြားမွာပါ။
Caligari
အို.... တစ္စုံတစ္ေယာက္ေတာင္ မသိနိုင္ပါလား။
TBC♡